နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Saturday, April 22, 2017

ပခုက္ကူမှာ ပရဟိတအသင်း တာဝန်ခံ တစ်ဦး မုဒိန်းမှုနဲ့ အမှုဖွင့် ဖမ်းဆီး ခံရ




ရန်ကုန်။ဧပြီ ၂၂ – ပခုက္ကူမြို့ ရေလှူ ပရဟိတ တာဝန်ခံ ဆိုသူကို ပခုက္ကူမြို့မ ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြား ခံရပြီး ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီး ခံခဲ့ရ တယ်လို့သိရ ပါတယ်။

မုဒိန်းမှုနဲ့ အမှုဖွင့် ခံရသူမှာ ဦးမျိုးဇော်ထွေး ဆိုသူ ဖြစ်ပြီး တိုင်ကြားခဲ့ အမျိုးသမီးဟာ ဦးမျိုးဇော်ထွေး အိမ်မှာ ပိတ်ထား ခံရတယ် ဆိုပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့တာ ဖြစ်တယ်လို့ သိရ ပါတယ်။

တိုင်ကြား ခဲ့တဲ့ အမျိုး သမီးဟာ မင်္ဂလာဆောင် သွားဖို့ ဦးမျိုးဇော်ထွေး အိမ်မှာ တည်းခို ခဲ့ပြီးနောက် အခုလို ကျုးလွန်ခံ ခဲ့ရတာ ဖြစ်တယ်လို့ သိရ ပါတယ်။

“ခေါ်သွားတဲ့ နေ့မှာပဲ နှစ်ကြိမ် ကျုးလွန်တယ်။ မင်္ဂလာဆောင်ပြီးရင် ပြန်မယ် ဆိုပြီး ထွက်ဖို့ ကြိုးစားတာ ထွက်မရလို့ တို်င်ကြားတဲ့ သဘောပါ။ ကျန်တာတော့ စစ်ဆေး နေဆဲပါ” လို့ ပခုက္ကူ မြို့မ ရဲစခန်းမှ ဒုရဲအုပ် ဖြိုးဝင်းက ပြောပါတယ်။

အဲသည့် ဦးမျိုးဇော်ထွေး ဆိုသူက ပခုက္ကူ လူမှုကူညီရေး အသင်းမှာ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အရင် အိမ်ထောင် ရှိကာ အခု ကျုးလွန်ခံ ရတဲ့ အမျိုးသမီးနဲ့ သမီး ရည်းစား ဖြစ်တာ လေးလသာ ရှိသေးတာကို စစ်ဆေး တွေ့ရှိ ရတယ်လို့ ဒုရဲအုပ် ဖြိုးဝင်းက ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ဦးမျိုးဇော်ထွေး ဆိုသူက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် တစ်ဦး ဖြစ်ကြောင်း ဖေ့ဘွတ်ခ် လူမှု ကွန်ယက် စာမျက်နှာမှာ ပျံ့နှံ့နေပြီး ၄င်းဟာ NLD ပါတီဝင် တစ်ဦး မဟုတ်ဘူးလို့ ပခုက္ကူ အမှတ် (၁) ရပ်ကွက် ဥက္ကဌ ဒေါ်မြို့က ပြောပါတယ်။

“ကျွန်မတို့ ပါတီဝင် ဆိုတာ လုံးဝ မဟုတ်ပါဘူး၊ အခုလည်း အဲ့ဒီ ကိစ္စ အတွက် ဆွေးနွေးနေ ကြတာပါ။ ပါတီဝင် မဟုတ်ဘူး ဆိုတာ ဒီနေ့ ထုတ်ပြန် မှာပါ” လို့ သူက ပြောပါတယ်။



အဲသည့် ကိစ္စနဲ့ ပတ်သတ်ပြီး ကျုးလွန် တယ်လို့ ယူဆ ရသူ ဦးမျိုးဇော်ထွေးကို ပခုက္ကူမြို့မ ရဲစခန်းမှာ ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သိရ ပါတယ်။

Photo /KGM@Maung Mon Aung

From : ကုမုဒြာဂျာနယ် by ဝင်းနန္ဒာ

Originally published at - http://www.kumudranews.com

Read More »

Friday, April 14, 2017

မဟာသင်္ကြန်ပွဲတော်ကာလတွင် ရေကစားသူထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်သူ များအား ဖမ်းဆီး ရမိ




ရန်ကုန် မဟာ သင်္ကြန် ပွဲတော်တွင် ပျော်ရွှင်စွာ ရေကစား သူများထံမှ ပစ္စည်းများ ကို အလစ်သုတ် ခါးပိုက်နှိုက် မှုများ မဖြစ်စေရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စွန်ရဲ စီမံချက်ကို ၁.၃.၂၀၁၇ ရက်နေ့မှ စတင် ဆောင်ရွက်လျက် ရှိပါသည်။

သင်္ကြန် ပွဲတော် အကြိုနေ့ ဖြစ်သည့် ၁၃.၄.၂၀၁၇ ရက်နေ့ ၁၅၅၀ အချိန်တွင် ရေကစား မဏ္ဍပ် များ၌ ခါးပိုက်နှိုက် မှုများ မဖြစ် ပွားစေရေး အတွက် စွန်ရဲ စီမံချက် ဆောင်ရွက်ရန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင် များက အရပ် ၀တ်ဖြင့် ပြစ်မှု ကျူးလွန် သူများကို ဖမ်းဆီး ရမိ ရေး ဆောင်ရွက်လျက် ရှိစဉ် လသာ မြို့နယ်၊ (၄) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ “Sky Net ရေကစား မဏ္ဍပ်”ရှေ့တွင် ဒလမြို့နယ် နေသူများ ဖြစ်ကြသည့် သန်းနိုင် (ခ) ခေါလေးနှင့် ချစ်ကိုကို တို့နှစ်ဦးမှ ရေကစား နေသူ တစ်ဦးထံမှ ငွေကျပ်(၁၈၃၅၀) ထည့်ထားသော I dollor ပိုက်ဆံ အိတ်အား နှိုက်ယူ နေ စဉ် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးရာ ၎င်းတို့ထံမှ ခါးပိုက်နှိုက် ရာတွင် အသုံး ပြုသည့် ခေါက်ဓား တစ်ချောင်းအား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် လသာမြို့မ ရဲစခန်းတွင် အမှုရေးဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။



အလားတူ ၁၆၀၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှရဲတပ်ဖွဲ့ ၀င်များက လသာမြို့နယ်၊ (၄)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ (၁၉) လမ်းမိသားစုရေကစားမဏ္ဍပ်တွင် ခါးပိုက်နှိုက်ဖမ်းဆီး ရမိရေးဆောင်ရွက် နေစဉ် ဒလမြို့ နယ်နေ သက်ဖြိုးဦးက ရေကစားနေသူတစ်ဦးဝတ် ဆင်ထားသော ဘောင်ဘီအိတ်ကပ်အတွင်းမှ ကြွပ်ကြွပ်အိ တ်ဖြင့် ထည့်ထား သော ငွေကျပ် (၄၅၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ၎င်းထံမှ ခါးပိုက်နှိုက်ရာတွင် အသုံးပြု သည့် ဓားတစ်ချောင်းတို့ အားတွေ့ရှိ သိမ်းဆီးရမိခဲ့သဖြင့် လသာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက် လျက် ရှိပါသည်။



၁၈၀၀ အချိန်တွင် အဆိုပါရေကစားမဏ္ဍပ်၌ ဒလမြို့နယ်နေ ကျော်မင်းဦးက မဏ္ဍပ်ရှေ့တွင် ရေကစားနေသူတစ်ဦးထံမှ Huawei အမျိုးအစား လက်ကိုင်ဖုန်းနှင့် ငွေကျပ် (၄၄၀၀)နှိုက်ယူခဲ့ကြောင်း စစ်ဆေးသိရှိသဖြင့် ၎င်းအား လသာမြို့ မရဲ စခန်းတွင်လည်းကောင်း၊ ၁၆၀၀ အချိန်တွင် ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ရှေ့တွင် ဒေါပုံမြို့နယ်နေ နိုင်ထက်ဦးက ရေကစားနေသူ တစ်ဦးဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ ငွေကျပ် (၁၀ ၂၀၀)နှိုက်ယူခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် ကျောက်တံတားမြို့မရဲစခန်းတွင်လည်းကောင်း အမှုများအသီး သီးရေးဖွင့် ကာ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ မဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူများ ပျော်ရွှင်စွာရေကစား နေမှုကို အခွင့်ကောင်း ယူ၍ အလစ်သုတ် ခါးပိုက်နှိုက်သူများအား ရဲတပ်ဖွဲ့ ၀င်များက စွန်ရဲစီမံချက်ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့်ရေကစား သူ အများပြည်သူများအနေဖြင့်လည်း ခါးပိုက်နှိုက်မှုများနှင့် အခြားပြစ်မှုများကျူးလွန်သူများ၏ သတင်းကိုရရှိပါက နီးစပ် ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးရှိ199 Call Centre သို့လ ည်းကောင်း သတင်းပေးပို့နိုင်ပါ ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

From : Yangon Police

Originally published at - https://www.facebook.com/yangonpolice/?hc_ref=SEARCH

Read More »

ညအချိန် နေအိမ်ကျော်တက် ဓားထိုးမှုဖြစ်




ဧပြီလ ၁၃ ရက် ည ၁၀ နာရီ အချိန်က ကလေးမြို့ အောင်သစ္စာ ရပ်ကွက် နေအိမ် တအိမ်မှာ အိမ်ကျော်တက် ဓားထိုးမှု ဖြစ်ပွား ခဲ့တယ်လို့ ကလေးမြို့ မြို့မ ရဲစခန်းက သိရပါတယ်။

“ဓားထိုးခံ ရတာက မိန်းကလေးပါ။ ညခင်း ဓားထိုးခံ ရသူက မောင်ဖြစ်သူရယ် သမီးဖြစ်သူရယ် တူတူ ရှိနေတုန်း သမီး ငယ်လေးက ငိုနေတာ ကြားတာနဲ့ အိပ်ယာက ထကြည့်တော့ လူစိမ်းတွေ့ တာနဲ့ အော်လိုက်တာ။ အဲဒီမှာ လူစိမ်းက ဓားနဲ့ ထိုးပြီး ပြတင်းပေါက် ကနေ ဆင်းပြေး သွားတယ်” လို့ ကလေးမြို့မ ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုတိယ ရဲအုပ် ဗိုလ်ဗိုလ် ဝင်းထွဋ် ပြောပါတယ်။

ဓားထိုးခံရတဲ့ အမျိုးသမီးဟာ ယာဘက် ပခုံးနဲ့ လည်ပင်းအကြား ဒဏ်ရာ ၅ ချက် လက်ယာဘက် လက်ပြင် ထိုးသွင်းဒဏ်ရာ ၂ ချက် ယာဘက်ကျော ၁ ချက် လက်မောင်း ၁ ချက် ဒဏ်ရာ ရရှိခဲ့ပြီး ကလေးမြို့ဆေးရုံမှာ ဆေးကုသခံနေပါတယ်။

ဒဏ်ရာတွေ များပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့လည်း သိရပါတယ်။



ဓားထိုးမှာ ကျူးလွန်သူနဲ့ သက်သေခံ ပစ္စည်းပါ အတူ ဖမ်းဆီး ရမိထားပြီး အောင်သစ္စာ ရပ်ကွက်နေ ဝင်းသန်းဦး ဆိုသူဖြစ်ပြီး ဝင်းသန်းဦးကို ရာဇသတ်ကြီး ပုဒ်မ-၄၅၉ နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။

မင်းရဲစစ်နိုင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201162

Read More »

သင်္ကြန် အကြိုနေ့ ညနေပိုင်း ကလေးမြို့ ဗဟို မဏ္ဍပ်ရှေ့ ဓားထိုးမှု ဖြစ်ပွား




မဟာ သင်္ကြန် အကြိုနေ့ ညနေပိုင်း ၄ နာရီ ခွဲ လောက်က ကလေးမြို့ စည်ပင် သာရေး ကော်မတီ ရုံးရှေ့က ဗဟို မဏ္ဍပ်မှာ ဓားထိုးမှု ဖြစ်ပွား ခဲ့ပါတယ်။

ဓားထိုး မှုမှာ ထိုးခံ ရတဲ့ သူနဲ့ ထိုးတဲ့ သူဟာ တရပ်ကွက် တည်းနေ သူငယ်ချင်းတွေ ဖြစ်ပြီး သင်္ကြန် တူတူ ကခုန်ရင်း ဓားထိုးမှု ဖြစ်ပွား ခဲ့တာပါ။

ဓားထိုးမှု ဖြစ်ပွား ပြီးပြီးခြင်း အထိုးခံ ရသူ လဲကျ သွားချိန်မှာ ဓားနဲ့ ကပ်ထိုး သွားတဲ့ လူကိုလည်း လုံခြုံရေး ရဲတပ်ဖွဲ့က ချက်ခြင်း ဖမ်းဆီးနိုင် ခဲ့ပြီး ဓားထိုး ခံရတဲ့ လူငယ် ကိုလည်း ကလေးမြို့ ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့ပါတယ်။

ဓားထိုးမှုမှာ ကျူးလွန် သူက ကလေးမြို့ ညောင်ပင် ရပ်ကွက် နယ်မြေ (၄) မှာ နေထိုင်တဲ့ ကျော်လင်းခိုင် (ခ) ကျော်ကြီး ဆိုသူဖြစ်ပြီး တရပ်ကွက် တည်းနေ မောင်အေးမင်းထွန်း (ခ) ၀ဲဘိုကို ရေကစား ကခုန်ရင်း ရင်ဝကို တစ်ချက် ထိုးသွင်း ခဲ့တာ ဖြစ်ပါတယ်။

ဓားထိုးခံ ခဲ့ရသူ မောင်အေးမင်းထွန်းကို ချက်ခြင်း ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အတွင်း လူနာ အဖြစ် ကုသမှု ခံယူနေပြီး စိုးရိမ်ရတဲ့ အနေ အထား ရှိတယ်လို့ သိရပါတယ်။

ကလေးမြို့မ ရဲစခန်းက ကျော်လင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၂၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201159

Read More »

Tuesday, April 11, 2017

အိမ်ဂရံ မရ၍ နေအိမ်ကို မီးရှို့




မြစ်ကြီးနား၊ ဧပြီ ၁၀

မြစ်ကြီးနားမြို့ ဧရာ ၄ ရပ်ကွက်တွင် နေအိမ်ကို ပေါင်နှံ သုံးစွဲရန် အိမ်ဂရံ တောင်း၍ မရသဖြင့် တစ်အိမ် တည်းနေ မောင် အရင်းက နေအိမ်ကို မီးရှို့ခဲ့ကြောင်း ပြည်နယ် မီးသတ် ဦးစီးမှူး ရုံးထံမှ သိရသည်။

ဒေါ်ခင်မမနှင့် မောင်ဖြစ်သူ ကိုမြတ်ထန် (ခ) အငယ်လေးတို့ အတူ တကွ နေထိုင်လျက် ရှိသော နေအိမ်တွင် ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၂ နာရီကျော်ခန့်၌ ကိုမြတ်ထန်သည် နေအိမ်ကို ပေါင်နှံ သုံးစွဲရန် အိမ်ဂရံ တောင်းရာ မပေးသဖြင့် နေအိမ် အတွင်းရှိ စောင်၊ ခြင်ထောင် များကို မီးရှို့ရာမှ တစ်ဆင့် မီးလောင်ကျွမ်း ခဲ့ရခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဒေါ်ခင်မမပိုင် သွပ်မိုး၊ ပျဉ်ကာ၊ အင်္ဂတေခင်း၊ နှစ်ထပ်နေအိမ်တစ်လုံး အပါအဝင် အိမ်နီးချင်း ဖြစ်သော ဦးအောင်ကြီး ပိုင်ဆိုင်သည့် ဆိုင်ကယ်အပိုပစ္စည်း ဂိုထောင် အပေါ်ထပ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးထံမှ သိရှိရသည်။

မီးလောင်မှု ဖြစ်စဉ်ကြောင့် ကိုမြတ်ထန် (ခ)အငယ်လေးကို မြစ်ကြီးနား မြို့မရဲစခန်းက (ပ)၇၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/news/7699-dpt

Read More »

မန္တလေး - ကသာ ပြေးဆွဲသည့် ကားတစ်စီး ဓားပြ တိုက်ခံရ




သပိတ်ကျင်း၊ ဧပြီ ၁၁

ခရီးသည်များ တင်ဆောင် လာသော မန်းရွှေစင် ယာဉ်လိုင်းမှ မော်တော်ယာဉ် တစ်စီး မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် ချောင်းကြီး ကျေးရွာ ဝါးစခန်း အနီးနှင့် စဥ့်ကူး မြို့နယ် ကျည်တောက်ပေါက် ကြားတွင် ဓားပြတိုက် ခံခဲ့ရကြောင်း မန္တလေးမြို့ မန်းရွှေစင်ဂိတ် တာဝန်ခံ ဦးဖိုးသားက ပြောကြားသည်။

မန္တလေးမှ ကသာမြို့သို့ ခရီးသည် ၃၉ ဦး တင်ဆောင် သွားသော ယာဉ်အမှတ် MDY 2H – 2081 မန်းရွှေစင် မော်တော်ယာဉ်မှာ ယင်းနေရာ အနီး ကားပျက်နေချိန် ယင်းသို့ အနုကြမ်း စီးခံခဲ့ ရခြင်းဖြစ်ကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့သူ ၎င်းက ပြောဆိုသည်။

ဧပြီလ ၁၀ ရက် ည ၁၁ နာရီခွဲခန့်က ခရီးသည်များ တင်ဆောင်ပြီး မောင်းနှင်လာရာ မော်တော်ယာဉ် စက်ချို့ယွင်းသဖြင့် ပြုပြင်နေစဉ် ဆိုင်ကယ် စီးလာသော အမည်မသိ လူနှစ်ဦး ဓါးများ ကိုင်ဆောင် ရောက်လာ ခဲ့သည်ဟု ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုးက ပြောကြားသည်။

“လာတာက CZI ဆိုင်ကယ်နဲ့ လူနှစ်ယောက် စလုံးကတော့ ကတုံးကေနဲ့ မျက်နှာကို အဝတ်တွေ စည်းထားပြီး လာတာ ဆိုတော့ သဲသဲ ကွဲကွဲတော့ သိပ်မမြင် လိုက်ရဘူး။ စပယ်ယာကို ပြောဆို ထိုးကြိတ်ပြီးမှ ခရီးသည်တွေ ဆီက ပိုက်ဆံတောင်း ဖုန်းယူ ဓားကိုင် ခြိမ်းခြောက် အနုကြမ်း စီးပြီး ပြန်သွားတာ”ဟု ဦးအောင်ကျော်စိုးက ပြောကြားသည်။

မန်းရွှေစင် ယာဉ်မောင်းနှင့် ယာဉ်လိုက်များထံ ဓားကိုင်၍ ငွေအတင်း တောင်းခံ ခဲ့သော်လည်း ပိုက်ဆံ ထည့်မထားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည် အချို့ထံမှ ဖုန်း ၁ လုံးနှင့် ငွေ ၁ သိန်းကျပ်ခန့်ကို တောင်းယူ သွားခဲ့သည်ဟု မန်းရွှေစင် ယာဉ်နောက်လိုက် ကိုဆန်းမောင်ဦးက ပြောဆိုသည်။

“ကားက ပျက်နေလို့ ပြင်နေတဲ့အချိန် ကားဆရာ ဘယ်မှာလဲ ကားပိုင်ရှင် ဘယ်မှားလဲဆိုပြီး ဓားကိုင်ပြီး အတင်း ဝင်လာပြီး ပိုက်ဆံ ၃ သိန်း တောင်းတယ်။ ဒါနဲ့ ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ကားပိုင်ရှင်လည်း မပါဘူး။ ကားဆရာ ပစ္စည်းသွားဝယ်တယ်ဆိုတော့ ဓားနဲ့ ထိုးတာ ဓားထိပ်က တုံးနေလို့ ကံကောင်းလို့ မသေတာ”ဟု ၎င်းက ရှင်းပြသည်။

မန်းရွှေစင် ခရီးသည်တင် မှန်လုံယာဉ် မော်တော်ယာဉ်လိုင်းသည် နှစ်နှစ်ကျော် သုံးနှစ်ရှိပြီ ဖြစ်သော်လည်း ယင်းသို့ တစ်ခါမျှ မဖြစ်ဘူးကြောင်း ယင်းမြို့နယ် နှစ်မြို့ကြားသည် မူးယစ်ဆေးဝါးနှင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများ အများအပြားရှိနေပြီး ငွေ ပြတ်လပ်သည့် လူငယ်လူရွယ်များမှ ပြုလုပ်နိုင်သည်ဟု မန္တလေးဂိတ်တာဝန်ခံ ဦးဖိုးသားက ခန့်မှန်းပြောဆိုသည်။

မန်းရွှေစင် မော်တော်ယာဉ်လိုင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းနေ့ ည ၁၂ နာရီ ၃၀ အချိန်ခန့်က ချောင်းကြီးနယ် မြေခံရဲကင်းမှ သွားရောက် လုံခြုံရေး ဆောင်ရွက်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများ မတွေ့ရှိရကြောင်း ငွေနှင့်ပစ္စည်း တောင်းယူခံရသူများမှလည်း အမှုတိုင်တန်းခြင်း မရှိကြောင်း သပိတ်ကျင်းမြို့မရဲစခန်း ရဲအုပ် ဇမ်ခန့်ထွောင်က ပြောကြားသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/news/7699-dpt


Read More »

Sunday, April 09, 2017

တရားမဝင်သစ် တင်ဆောင်လာသည့်ကား ခရီးသည်များထား၍ ထွက်ပြေး




ရန်ကုန်၊ ဧပြီလ ၈ ။ ။ မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးရှိ ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်း အနီးရှိ ၁၉၇ မိုင်၊ စံလောင်း ရွာတွင် ခရီးသည်များ တင်ဆောင် လာသည့် ကားပေါ်မှ တရားမဝင် ပိတောက်သစ်များ ယနေ့(ဧပြီလ ၈ ရက်) မနက် ၂ နာရီအချိန်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ ပူးပေါင်း စစ်ဆေးရေး အဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီး ဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

ယနေ့(ဧပြီလ ၈ ရက်) မနက် ၂ နာရီအချိန်တွင် ခရီးသည်များတင်ဆောင်လာသည့် HiAce ကားမှာ ရေပူစစ်ဆေးရေးစခန်းဂိတ်အတွင်း အစစ်ဆေးမခံဘဲ ပြန်လှည့်ပြေး ခဲ့ခြင်းကြောင့် လိုက်လံ ဖမ်းဆီးရာ ၁၉၇ မိုင်ရှိ စံလောင်းရွာအနီးတွင် ကားပိုင်ရှင်မှာ ကားနှင့် ခရီးသည် ၁၀ ဦးကို ထားခဲ့ပြီး ထွက်ပြေး သွားခဲ့သည်။

ခရီးသည်များမှာ သစ်များပေါ် ထိုင်လိုက်လာပြီး ထွက်ပြေးသူနှင့် မိသားစုများဖြစ်နိုင်ကြောင်း စစ်ဆေးရေးအဖွဲ့ဘက်က ဆိုသည်။

“ စံလောင်းရွာနားမှာ သော့တန်းလန်းနဲ့ ထားပြီး ကားသမားက ထွက်ပြေးသွားတယ်။ သူက ထောင်ကျမယ် ဆိုတာ သိတာကိုး။ ကားရယ်၊ သစ်တွေရယ်၊ ခရီးသည်တွေ ကျန်ခဲ့တာပေါ့။ ခရီးသည်တွေက သစ်တွေပေါ်မှာ ထိုင်လိုက်ကြတာ။ သိပ်တော့မသင်္ကာဘူး။ သူတို့က မိသားစုပုံစံတွေ။ ကလေးတွေလည်း ပါတယ်။ အခုခရီး သည်တွေ ကိုတော့ မူဆယ်ကားတွေနဲ့ တင်ပေးလိုက်တယ် ”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ဖမ်းဆီးရမိထားသည့် တရားမဝင်ပိတောက်သစ်များကိုနှင့် ကားကို တန်ဖိုးနှင့် တန်ချိန်သိရှိနိုင် ရန်အတွက် လားရှိုးမြို့နယ်သစ်တောရုံးသို့ လွှဲပြောင်းပေးနေ ပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးလုပ်ငန်း အဖြစ် မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းဂိတ်မှနေ့စဉ် စစ်ဆေးနေခြင်းဖြစ်ပြီး တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဓာတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေး စခန်း

From : မဇ္ဈိမ မီဒီယာ by ရဲနိုင်(လောက်ကိုင်)

Originally published at - http://mizzimaburmese.com/article/25824

Read More »

Thursday, April 06, 2017

ထန်းတပင်မြို့တွင် ဆိုင်ကယ် အစီး ၃၀ ကျော် ခိုးယူသူ များကို ဖမ်းဆီး




ပဲခူးတိုင်း ထန်းတပင် မြို့မ စခန်းမှာ မသင်္ကာသူ တစ်ဦးကို ဖမ်းဆီး စစ်ဆေးရာမှာ ခိုးယူ ထားတဲ့ ဆိုင်ကယ် ၃၂ စီး ပေါ်ပေါက် ခဲ့ပြီး ဆိုင်ကယ် ၂၂ စီးကို သိမ်းဆည်း ရမိခဲ့ တယ်လို့ ထန်းတပင် မြို့မစခန်းက ပြောပါတယ်။

“ကျနော်တို့ဆီမှာ အခိုးခံ ရတယ်လို့ တိုင်ထားတဲ့ အမှုတွေ ရှိတယ်ဗျ။ အဲဒါကြောင့် ကင်းလှည့် ဆောင်ရွက် ချိန်မှာ မသင်္ကာသူကို ခေါ်စစ်တာ။ အဲဒီကနေ ကွင်းဆက် တရားခံတွေနဲ့ ဆိုင်ကယ်တွေ သိမ်းဆည်းနိုင် တာပါ” လို့ ထန်းတပင်မြို့မစခန်းမှူး ဒုရဲမှုးခင်စိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နံနက် ၄ နာရီလောက်က ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာနေ ကိုစိုးထွန်းက အတွင်းဇက်သော့ ခတ်ထားတဲ့ ဆိုင်ကယ် အခိုးခံခဲ့ရတယ်လို့ ထန်းတပင်မြို့မရဲစခန်းမှာ လာရောက်အမှုဖွင့် တိုင်းကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားမှုကြောင့် ထန်းတပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်စိုးလွင်နဲ့ ပူးပေါင်းအဖွဲ့တို့ စုံစမ်းစစ်ဆေးခဲ့ရာ မသင်္ကာဖွယ် အမျိုးသားဖြစ်သူနဲ့ စံမင်းထွန်းတို့ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ပါတယ်။

စံမင်းထွန်းကို စစ်ဆေးရာ အမှုနဲ့ဆက်စပ်တရားခံတွေဖြစ်တဲ့ လီလီ(ခ)မျိုးအာကာနိုင်(ခ)ဗွေလန်၊ ဆန်းမြင့်တို့ကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ သုံးဦးကို ဆက်လက်စစ်ဆေးခဲ့ရာ ဘွတ်ကြီး(ခ)ကျော်ရဲအောင် နဲ့ အကြီးကောင် (ခ)ဇင်မောင်မောင်ဟိန်း တို့ကို ဧပြီ ၃ ရက်နေ့က ဖြူးမြို့မှာ ထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ၅ ဦး ဖမ်းဆီးရမိခဲ့တာပါ။

ဆိုင်ကယ်ခိုးသူ ၅ ဦးရဲ့ ထွက်ဆိုချက်အရ သူတို့ ၅ ဦးဟာ တောင်ငူခရိုင်အတွင်း မြို့နယ်တွေက ဆိုင်ကယ် ၃၂ စီး ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သူတို့ထံမှ ဆိုင်ကယ် ၂၂ စီး သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများနဲ့ ချိတ်ဆက်ပြီး ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ စီစဉ်ထားပါတယ်။

ဆိုင်ကယ်ခိုးသူ ၅ ဦးကို ထန်းတပင်မြို့မရဲစခန်းက (ပ)၄၆/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၈၀(ဆိုင်ကယ်) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း- ကျော်အာင်(ကညွတ်ကွင်း)

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199748

Read More »

မယားကြီးက မယားငယ်ကို သတ်ပြီး အလောင်းဖျောက်ရန် ကြံစည်စဉ် ဖမ်းမိ




ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရားကြီး ဆည်မြောင်းဝင်းထဲမှာ မယားကြီးဖြစ်သူက မယားငယ်ကိုသတ်ပြီး အလောင်းဖျောက်ဖျက်ဖို့ ကြံစည်စဉ် ဖမ်းဆီးမိခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဆည်မြောင်းဝင်းထဲမှာ နေထိုင်တဲ့ နည်းပညာတက္ကသိုလ် IT ဌာနက အသက် ၄၂ နှစ်အရွယ် ဆရာမတဦးကို ပဲခူးမြို့မှာနေထိုင်တဲ့ သူ့အမျိုးသားရဲ့ ပထမ မယားကြီးက လာပြီးသတ်လိုက်တာပါ။

မေ ၅ ရက် ၁၁ နာရီခွဲလောက်က ပြည်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ မြို့မရဲစခန်းက ပတ်ကင်းကားလှည့်စဉ် ကားသမားတဦးရဲ့ သတင်းပေးတိုင်ကြားချက်အရ ကားပေါ်မှာ မသင်္ကာစရာ အထုပ်တထုပ်ကို ဖြေကြည့်ရာမှ အမျိုးသမီး အလောင်းတလောင်းကို ရေမြှုပ်မွေ့ရာ၊ စောင်နဲ့ထုပ်ပြီး တိတ်နဲ့ပတ် ဆာလာအိတ်ထဲထည့်ထားတာ တွေ့ရ တာကြောင့် ကားငှားတဲ့ ပဲခူးမြို့မှာ နေထိုင်သူ ဒေါ်နေဝါစိုး (ခ) ဒေါ်ဖြူခိုင်ကို တာဝန်ရှိသူတွေက မေးမြန်း စစ်ဆေး ကြည့်ရာကနေ အမှုကို ဖော်ထုတ်နိုင် ခဲ့တာလို့ မြို့မ စခန်းမှူး ဒု-ရဲမှူး တင်ကိုက ပြောပါတယ်။

ကားအငှားလိုက်ပို့တဲ့ ကားစပယ်ယာ ကိုသန့်ဇင်ထွန်းက “ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ ဆည်မြောင်းဝန်ထမ်း လိုင်းခန်းကနေ ရန်ကုန် မယ်လမု ဘုရားကို ၁၄၀၀၀၀ နဲ့ လိုက်ပို့ခိုင်းလို့ လိုက်ပို့တာ။ လမ်းမှာ ကျနော့်ကို ရှေ့ခန်းမှာ အတင်း လာထိုင် ခိုင်းနေတာ၊ ကျနော်ကလည်း မထိုင်ဘူးလို့ အတင်းပြော လိုက်တော့ သူက နောက်ကိုပဲ ကြည့်ကြည့်နေလို့ ကျနော်လည်း သိပ်မသင်္ကာဘူး။

နောက် ဒီမွေ့ရာကြီးကို စမ်းကြည့်တော့ အထဲမှာ တခုခုကို စမ်းမိသလိုရှိတာနဲ့ အထဲကို လက်နဲ့နှိုက်ကြည့်လိုက်တော့မှ အထဲမှာ အေးစက်စက်နဲ့ အသားတခုခုကို ကိုင်မိသလို ခံစားရတော့ ရှေ့က ကားဆရာကို ခဏ လမ်းဘေးမှာရပ်ခိုင်းပြီး အထဲမှာ ဘာတွေလဲအမ၊ ကျနော်တို့ကို ဖြေပြပါ။ မဖြေရင် ကျနော်တို့ မလိုက်တော့ဘူးလို့ ပြောတော့ သူက ဆည်မြောင်းကို ပြန်ပို့ပေး၊ ကားမငှားတော့ဘူးလို့ ပြောတော့ ကျနော်က လိုက်မပို့တော့ဘူး။ လမ်းဘေးမှာပဲ ကားရပ်ပေးမယ်။ ဆင်းပြီး တခြားကား ငှားသွားလို့ ပြောတော့ သူ သုံးဘီးဆိုင်ကယ် ငှားသေးတယ်။ အဲဒီအချိန်မှာ လှည့်ကင်းကား လာတာကို တွေ့လို့ ကျနော် သတင်းပေးလိုက်လို့ အခုလို မိသွားတာ” လို့ ပြောပါတယ်။

အခု အသတ်ခံရသူဟာ ဆည်မြောင်းဦးစီးဌာနက ဦးစီးအရာရှိတယောက်ရဲ့ ဒုတိယ အိမ်ထောင်ဖြစ်ပြီး ပထမ အိမ်ထောင်က သတ်ခဲ့တာ ဖြစ်ပါတယ်။

ပထမအိမ်ထောင်နဲ့ သမီး တယောက်၊ သား နှစ်ယောက်ရှိပြီး သားနှစ်ယောက်က သေဆုံးသူ လင်မယားနဲ့ အတူနေပြီး သားတွေကို နှိပ်စက် တာကြောင့် လာပြီး စကားပြော ဖြေရှင်းရင်း ကနေ စကားများ လက်လွန်ကာ အနားက တူနဲ့ထုမိပြီး သေဆုံး သွားတာလို့ ရဲစစ်ချက်မှာ ဖြေကြား ထားကြောင်း စခန်းမှူးထံက သိရပါတယ်။

အမှုကို မြို့မရဲစခန်းက (ပ)၈၃၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ တွေနဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

သတင်း – မင်းညို

From : ဒီဗွီဘီ by မင်းညို

Originally published at - http://burmese.dvb.no/archives/199814

မှတ်ချက်။။။သတင်းတစ်ခုတည်းကို မီဒီယာ နှစ်ခုက ရေးထားတာကို ယှဉ်ပြီးဖတ်နိုင်ဖို့ အထက်အောက် တစ်ဆက်တည်း တင်ပေးလိုက်ပါတယ်။ ယခုသတင်းကတော့ DVB မှ ဖြစ်ပြီး အောက်မှာပေးထားတဲ့ လင့်ကတော့ 7 Day daily က ဖြစ်ပါတယ်။

ပြည် နည်းပညာ တက္ကသိုလ် ဆရာမကို သတ်ပြီး အလောင်းဖျောက်ရန် ကြိုးစားသူကို ဖမ်း

Read More »

Sunday, April 02, 2017

လူသတ် တရားခံပြေးက ဓားဖြင့်ပြန်လည်ခုခံလို့ သေနတ်ဖြင့် ပစ်ဖမ်း




တာမွေ မြို့နယ်မှာ လူသတ်မှု တရားခံပြေးအား သွားရောက် ဖမ်းဆီးစဉ် ဓားဦးချွန်နဲ့ ပြန်လည် ခုခံ ရန်ပြုလို့ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီး ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ပါယတ်။

ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ် (၈) မြေညီ ထပ်မှာ လူသတ် တရားခံပြေး ဖြစ်သူ တစ်ဦး ရောက်ရှိ နေကြောင်း သတင်း အရ ဧပြီ ၁ ရက်နေ့ ည ၁၂ နာရီ လောက်မှာ တာမွေမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တွေ သွားရောက် ဖမ်းဆီး ခဲ့ကြတယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

တရားခံပြေး တင်စိုး ၅၄ နှစ်ဟာ နေအိမ် ထပ်ခိုးပေါ်မှာရှိနေပြီး ရဲတပ်ဖွဲ့က အသာတကြည်အဖမ်းခံဖို့ ပြောဆိုခဲ့ပေမယ့် လိုက်နာခြင်းမရှိဘဲ ဓားဦးချွန်နဲ့ ပြန်လည်ခုခံရန်ပြုလို့ ရဲတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်နဲ့ တချက် အမိုးပေါ် ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရားခံပြေးဖြစ်သူဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ရန်ပြုနေလို့ Pump Action ပြောင်းချောသေနတ်နဲ့ ၁ ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဘက်ပေါင်ထိမှန်ကာ ဒဏ်ရာတွေရရှိခဲ့ပြီး ရဲဆေးစာနဲ့အတူ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။

တရားခံပြေးဖြစ်သူ တင်စိုးဟာ တာမွေမြို့မရဲစခန်း (ပ)၈၈၆/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆ အမှုမှ ၃၀၂ အမှုသို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည့်အမှုမှ တရားခံပြေး တစ်ဦး ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၁.၁.၂၀၁၅ ရက်နေ့မှာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားခံပြေးအဖြစ် တရားစွဲဆိုထားသူဖြစ်တယ်လို့ ဆိုပါတယ်။

တရားခံပြေး တင်စိုးအား ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198988

Read More »

အိမ်အကူ အမျိုးသမီးကို ရိုက်နှက်မှု မဖွယ်မရာ ပြုလုပ်မှုဖြင့် ထပ်မံ တရားစွဲ




မန္တလေး၊ ဧပြီ ၁

အမရပူရ မြို့နယ် အတွင်းရှိ စက်ချုပ်ဆိုင် တစ်ခုတွင် အိမ်အကူ လုပ်ကိုင် aနသည့် ပအိုဝ်း အမျိုးသမီး ငယ်ကို ရိုက်နှက် ခဲ့သည်ဟု တရား စွဲဆို ခံရသော အိမ်ရှင် လင်မယားကို မဖွယ် မရာပြုမှု ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့် မတ်လ ၃၀ ရက်နေ့က ထပ်မံ တရား စွဲထားကြောင်း ယင်းမြို့နယ် ရဲစခန်း ထံမှ သိရသည်။

“အရင်စွဲဆို ထားတဲ့ အမှုတွေ အပြင် ဥပဒေ အကြံပေး တင်လိုက်တဲ့ အခါ အင်္ကျီ ချွတ်ပြ ခိုင်းတာတွေ လုပ်တဲ့ အတွက် မဖွယ်မရာ ပြုလုပ်မှု ထပ်တိုးပြီး တရား စွဲတင် ပါတယ်”ဟု ယင်းရဲစခန်းမှ တာဝန်ကျ အရာရှိ တစ်ဦးက ပြောကြားသည်။

အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို ရိုက်နှက် နှိပ်စက်ခဲ့သော ထန်းတောကျေးရွာမှ ဟိန်းအာကာ အပ်ချုပ်ဆိုင် ပိုင်ရှင်များ ဖြစ်သည့် ဦးနိုင်အောင်နှင့် ဒေါ်ဆောင်းနှစ်သစ်ဦး တို့ကို မြို့နယ် ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅၊ ၃၂၆၊ ကလေး သူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆၆ တို့ဖြင့် အမှုဖွင့် ထားသည့် အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၄ ဖြင့် ထပ်မံ အမှုဖွင့်ကာ တရားရုံး တင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင်လင်မယားက ဝါယာကြိုးနှင့် ဖိနပ်တို့ဖြင့် ရိုက်နှက်ခြင်း၊ ရေကန်အတွင်း နှစ်ခြင်း၊ ခေါင်းကို နံရံဖြင့် တိုက်ခြင်း၊ ဒူးများနှင့် လက်များကို အပ်ဖြင့် ထိုးခြင်းတို့ အပြင် ခန္ဓာကိုယ် အပေါ်ပိုင်းကို ချွတ်စေကာ အိမ်ရှင် အမျိုးသားအား ပြသစေခြင်းတို့ ပြုလုပ် ခဲ့ကြောင်း နှိပ်စက် ခံရသည့် အမျိုးသမီးက ပြောဆို ထားသည်။

နှိပ်စက်ခံရသည့် ကလေးငယ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ထန်းတော ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဒေသခံ အမျိုးသမီး များက စောင့်ရှောက် ပေးခဲ့ပြီး မတ်လ ၃ ရက်နေ့ ညနေပိုင်းမှ လက်ရှိ အချိန်အထိ လူမှုဝန်ထမ်း ဦးစီးဌာနက စောင့်ရှောက် ပေးထားသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/latest-news/7468-wrt


Read More »

အလုပ်သမ မိန်းကလေးငယ်အား အလုပ်ရှင်က နှိပ်စက်မှုဖြစ်ပွား




ရန်ကုန်၊ ဧပြီ ၁ ။ ။ အသက် ၁၃ နှစ် အရွယ် အလုပ်သမ မိန်းကလေး ငယ်အား ဒဏ်ရာ အများ အပြား ရရှိအောင် အလုပ်ရှင်က နှိပ်စက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ယနေ့ ဧပြီလ ၁ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ဒေါ်-----သည် နေအိမ်၌ရှိနေစဉ် ဒေါပုံမြို့နယ်နေဒေါ်-----မှ ၎င်း၏မြေးတော်စပ်သူ မ------၊ အသက်(၁၃)နှစ်မှာ ၎င်း၏နေအိမ်သို့ရောက်ရှိနေကြောင်းနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအမာရွတ်များ ရရှိထားကြောင်း ပြောပြခဲ့သည်။

အဘွားဖြစ်သူက အဆိုပါ နေအိမ်သို့ ရောက်ရှိပြီး မြေးဖြစ်သူအားမေးမြန်းရာ ၎င်း၏အလုပ်ရှင်ဖြစ်သူ ဦးခင်မောင်အေးက ၀ါးလုံးတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သံပိုက်ဖြင့် ရိုက်နှက်ခြင်း၊ ကော်ပိုက်ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ယာဘက်နားအား သွားပွတ်တံဖြင့် ထိုးခြင်း၊ မိန်းမကိုယ်အား ဖယောင်းတိုင်မီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မိန်းကလေးငယ်၌ ယာမျက်ခုံးအမာရွတ် ၁ ခု၊ နှာခေါင်းရိုး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ အပေါ်နှုတ်ခမ်းအမာရွတ် ၁ ခု၊ ၀ဲဘက်နားဖူးရောင်၊ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရင်သားနှစ်ဖက်တွင် ဆွဲစိတ်ထားသော အမာရွတ်များ၊ ယာဒူးခေါင်းအမာရွတ် ၁ခု၊ လွန်ခဲ့သော ၂ရက် ၃ ရက်ခန့်က ယာပါးအား လက်ဖြင့် ရိုက်ခဲ့သဖြင့် ဖူးရောင် နာကျင် ဒဏ်ရာ၊ ယာခြေဖမိုးအားဝါးလုံးတုတ်ဖြင့် ရိုက်သဖြင့် ခြေဖမိုးနာကျင်ဒဏ်ရာ၊ ယာနားမကြား၊ မိန်းမကိုယ်ဖူးရောင်ဒဏ်ရာနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

မြေးဖြစ်သူအား ဒဏ်ရာများရရှိအောင် နှိပ်စက်သူ ခင်မောင်အေးအား အရေးယူပေးရန် တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၂၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ-Yangon Police

From : မဇ္ဈိမ မီဒီယာ by ဖနိဒါ

Originally published at - http://mizzimaburmese.com/article/25529


Read More »

Wednesday, March 29, 2017

ကျောက်ဖြူတွင် ၁၃ နှစ်အရွယ် သမီးကို ပထွေးက အကြိမ်ကြိမ် အဓမ္မပြုကျင့်




ကျောက်ဖြူ မြို့နယ်၊ ဇင်ကျွန်း ကျေးရွာတွင် ပထွေးဖြစ်သူက ၁၃ နှစ် အရွယ် သမီး ဖြစ်သူကို အကြိမ်ကြိမ် အဓမ္မ ပြုကျင့်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

ပထွေးဖြစ်သူ လှမောင်သိန်း အသက် ၄၉ နှစ်က အသက် ၁၃ နှစ်သမီး မဝင်းဝင်းရွှေကို မုဒိမ်းမှု ကျူးလွန်ကြောင်း တိုင်တန်းလို့ မတ်လ ၂၈ ရက်နေ့က ဖမ်းဆီး ခဲ့ကြောင်း ကျောက်ဖြူ မြို့မ ရဲစခန်းက သိရပါတယ်။

အဓမ္မပြုကျင့် ခံရလို့ မဝင်းဝင်းရွှေမှာ မိသားစုတွေနဲ့ မနေ ရဲတော့ဘဲ ဦးလေး တော်စပ်သူ ဦးဘနုချေ ဆီမှာ လာရောက် နေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က နေအိမ်မှာ လာရောက် နေထိုင်တဲ့ တူမတော်စပ်သူ မဝင်းဝင်းရွှေကို ပထွေးဖြစ်သူ လှမောင်သိန်းနဲ့ မိခင်ဖြစ်သူ ဒေါ်မခြောက်ချီးတို့ ရောက်ရှိ လာပြီး ပြန်ခေါ်ရာ မလိုက် ချင်ကြောင်း ငြင်းဆန် ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် မိုးတွင်း ကာလက ယာကျွန်း ပင်လယ် ကမ်းစပ်တောက တဲမှာ မိသားစုနဲ့ အိပ်နေချိန် ဓားကိုင် ခြိမ်းခြောက်ပြီး သားမယား အဖြစ် ၁ ကြိမ်၊ ဇူလိုင်လလောက်က သရက်ကျိန် ကျွန်းမှာ ငါးဖမ်း သွားချိန် တဲမှာ ၂ ကြိမ်၊ ဒီဇင်ဘာလက ဇင်ကျွန်း ကျေးရွာကို ပြောင်းရွှေ့နေထိုင်ချိန် နေအိမ်မှာ ၃ ကြိမ် ပြုကျင့်ခဲ့ တယ်လို့ မဝင်းဝင်းရွှေက ပြောပါတယ်။

အလိုမတူဘဲ အနိုင် အထက်ပြု သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့တဲ့ လှမောင်သိန်းကို ကျောက်ဖြူမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

ထွန်းထွန်းနိုင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198215


Read More »

Sunday, March 26, 2017

ကျောက်မဲတွင် နေအိမ်နှင့် ကားများအား ကျောက်ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးသည့် လူငယ် ၈ ဦးကို ဖမ်းဆီး




ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ခရိုင် ကျောက်မဲ မြို့ပေါ်မှာ နေအိမ်နဲ့ ကားမှန် တွေကို အကြောင်းမဲ့ လိုက်လံ ပစ်ပေါက် ဖျက်ဆီး နေတဲ့ လူငယ် ၈ ဦးကို ဖမ်းဆီး အရေးယူ ထားတယ်လို့ ကျောက်မဲမြို့မ ရဲစခန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက် ၂ နာရီကျော်က ကျောက်မဲမြို့ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ ရှိ နေအိမ်တချို့ ကျောက်ခဲနဲ့ ပစ်ပေါက်ခံရပြီး အိမ်တံခါးမှန် နဲ့ အလှဆင်မီးတွေ ပျက်စီးကြောင်း၊ ပြည်သူတွေက တိုင်ကြားလာတဲ့အတွက် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက လှည့်လည်စစ်ဆေးစဉ် မနက် ၃ နာရီလောက်မှာ လူငယ် ၃ ဦးကို အရင်ဆုံး ဖမ်းမိခဲ့တာလို့ ကျောက်မဲမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် ဇင်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၃ နာရီလောက်မှာ လှည့်ကင်းအဖွဲ့က လက်ထဲမှာ ကျောက်ခဲတွေကိုင်ထားတဲ့ မသင်္ကာ ဘွယ်လူငယ် ၃ ယောက်ကို အရင်ဖမ်းမိတယ်၊ အဲဒါစစ်မေးတော့ နေအိမ်တွေ ကားတွေကို လိုက်ပြီး ကျောက်ခဲတွေနဲ့ လိုက်ပေါက်နေတဲ့အဖွဲ့ကဖြစ်နေတာ။ ဆက်ပြီးစစ်ဆေးတော့ သူတို့အဖွဲ့က ၈ ယောက်ရှိတယ်ပြောလို့ ကျန်တဲ့လူတွေပါ လိုက်ဖမ်းတယ်။ နောက် မနက် ၆ နာရီ ၇ နာရီလောက်ကျတော့ နောက်ထပ် ၅ ယောက်ဖမ်းမိတယ်။ ကျေက်မဲ နဲ့ နောင်ချိုကြား ဂုတ်ထိပ်အ ဆင်းမှာ ဆိုင်ကယ်နဲ့ ထွက်ပြေးနေတာ၊ ဘာဖြစ်လို့ အဲလို လုပ်ရတာလဲမေးတော့ သူတို့လဲ ဘာလုပ်မိ မှန်းမသိဘူးတဲ့၊ ရှင်လောင်းပွဲက ပြန်လာတော့ ပွဲထဲမှာ သောက်စားထားတာလဲရှိတော့ အပျော်လွန်တဲ့ သဘောပေါ့။”

အဖမ်းခံရတဲ့ လူငယ်တွေမှာ အသက် ၁၆ နှစ် နဲ့ ၁၈ နှစ်ကြားရှိပြီး ၉ တန်း၊ ၁၀ တန်းကျောင်းသား၊ ပထမနှစ်ကျောင်းသားနဲ့ ကျေင်းထွက်ထားတဲ့ လူငယ်က ၂ ဦးပါရှိကြောင်း၊ သူတို့ကို ကျောက်မဲရဲစခန်းက ပ – ၃၆ /၃၇ ခဲပေါက်မှု ၊ ပုဒ်မ ၄၁၇ ၊ ၁၁၄ ပူးပေါင်းကြံစည်ဖျက်ဆီးမှုတွေနဲ့ အမှုဖွင့် အရေးယူထားကာ လူငယ်တွေဖြစ်တာကြောင့် မိဘအုပ်ထိန်းသူ၊ ရပ်မိရပ်ဖများရဲ့ အာမခံချက်နဲ့ မနေ့ ညနေကဘဲ ပြန်လွှတ်ပေးထားတယ်လို့ ဆိုပါတယ်။

လူငယ်တွေက ခဲနဲ့ပစ်ပေါက်ခံရတဲ့အထဲမှာ အခြားနေအိမ် ၄- ၅ လုံး၊ အောင် ကိုယ်ပိုင်အ ထက်တန်းကျောင်းမှ ဆရာဆရာမများအဆောင်၊ ခရီးသည်တင်အဝေးပြေးကားတွေပါ ပါဝင်ကြောင်း၊ လာရောက်အမှုဖွင့်သူကတော့ ၂ ဦးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ကျောက်မဲ ရပ်မိရပ်ဖလည်းဖြစ်၊ စည်ပင်သာယာရေးကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဦးစိုင်းကျော်လင်းကတော့ ကျောက်ခဲနဲ့ပစ်ပေါက်ခံရတဲ့အထဲမှာ မြောက်ကုန်းရပ်၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂ ထဲက နေအိမ် ၈ လုံး၊ လမ်းဘေးမှာ ရပ်ထားတဲ့ ကားရော၊ သွားနေတဲ့ကားပါ စုစုပေါင်း ကားငယ် ၄ စီး ကားကြီး ၂ စီးပါဝင်ကြောင်း၊ လူငယ်တွေက ဆိုင်ကယ်စီးရင်း ပြစ်ပေါက်သွားတာဖြစ်ကြောင်း၊ ကျောက်မဲမှာ အခုလိုဖြစ်ရပ်မျိုး ယခင်က တခါမှမဖြစ်ဖူးဘဲ အခုမှဖြ စ်တာဟာ ဒေသတွင်း မူးယစ်ဆေးဝါးတွေ ပေါများလာခြင်းရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောက်မဲရဲစခန်းက အာမခံနဲ့ လွှတ်လိုက်တဲ့လူငယ်တွေကို လာမယ့် ၂ ပတ်အတွင်း အမှုစစ်ဆေးပြီး ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ ဒုရဲ အုပ်က ပြောသွားပါတယ်။

From : ဒီဗွီဘီ by နန်းမြနဒီ

Originally published at - http://burmese.dvb.no/archives/197577

Read More »

ထီးချိုင့်မှာ ငွေစက္ကူ အတုလုပ်သူတွေ ဖမ်းမိ




စစ်ကိုင်းတိုင်း ကသာ ခရိုင်၊ ထီးချိုင့် မြို့နယ်၊ တုံငယ် ကျေးရွာမှာ ငွေစက္ကူ တစ်သောင်းတန်နဲ့ ငါးထောင်တန် အတု လုပ်သူ တွေကို ဖမ်းမိ ခဲ့ပါတယ်။

ကသာ ခရိုင်ရဲမှူး ဒု ရဲမှူးကြီး စိန်ဝင်းနဲ့ အဖွဲ့က မတ်လ ၂၄ ရက်မှာ သတင်း အရ သွားရောက် ဖမ်းဆီး ရာမှာ တုံငယ် ကျေးရွာနေ မောင်ငယ်၊ ကံချွန်၊ ပိုစန်း၊ သူ့ဇနီး မမြင့်နိုင်တို့ကို ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။

တသောင်းတန်၊ ငါးထောင်တန် အရွက် တုတွေနဲ့ ငွေစက္ကူ အတု လုပ်ရာမှာ သုံးတဲ့ ကျွန်ပျူတာ၊ ငွေကြိုး လှည့်စက်၊ ပရင်တာ ဆေးဘူးတွေ သိမ်းဆည်း ရမိပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

Read More »

Thursday, March 23, 2017

မိုးညှင်း ဘုရား အလှူခံပုံး ငွေဖောက်ခိုးသူကို ၁ ပတ်အကြာတွင် ဖမ်းမိ




စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ မြေနဲ့ကျေးရွာ၊ မိုးညှင်း သမ္ဗုဒ္ဓေဘုရား အလှူခံပုံးမှာ မတ်လ ၁၄ ရက်နေ့က ငွေဖောက်ထွင်း ခိုးယူခဲ့သူကို ၁ ပတ်ကျော် အကြာ မတ်လ ၂၃ ရက်နေ့ မနက် ပိုင်းမှာ မုံရွာမြို့မ ရဲစခန်းက ဖမ်းဆီး ရမိခဲ့ ပါတယ်။

ရဲစခန်းရဲ့ စစ်ဆေးချက်တွေ အရ အလှူခံပုံး ဖောက်ထွင်းခိုးယူသူမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသိုမြို့၊ အမှတ် ၁ ရပ်ကွက်မြို့သစ်မှာ နေထိုင်သူ ကျပန်း လုပ်ကိုင်တဲ့ အသက် ၃၂ နှစ် အရွယ် မျိုးအောင်ထက် (ခေါ်) ပြဲပြဲ ဆိုသူဖြစ်ပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ တပတ်ကျော်ကြာ အချိန်က ငွေခိုးယူ သွားသူလို့ သံသယရှိသူနဲ့ ပုံစံတူ လူတဦးကို မြေနဲ့ရွာမှာ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုမျိုးတင့်က တွေ့ရှိလို့ ရဲစခန်းကို ဆက်သွယ် အကြောင်းကြားရာ မုံရွာ-ရွှေဘိုပြေးဆွဲ နေတဲ့ ကံရာမင်း ကားပေါ်မှာ မသင်္ကာဖွယ် လူတဦးကို ငွေစက္ကူရောရာ ၇ သိန်း ၆ သောင်းကျော်နဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့ပြီး စခန်းကို ခေါ်ယူ စစ်ဆေးရာမှ ဖော်ထုတ်နိုင် ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၂၇၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

ဓာတ်ပုံ – MOI

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196904

Read More »

Saturday, March 18, 2017

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးကို ဖမ်းဆီး




မြိတ်မြို့၊ မြိတ်တောင် ကျေးရွာ၊ အင်းလေး ကမ်းရပ်မှာ အသက် မပြည့်သေးတဲ့ မိန်းကလေးငယ် တဦးအား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့တဲ့ အမျိုးသား ၃ ဦးကို မြိတ် ရဲစခန်းက ဖမ်းဆီး လိုက်ပါတယ်။

အင်းလေးကမ်း ရပ်မှာ နေထိုင်တဲ့ မထွေးငယ် အသက် ၁၄ နှစ်ဟာ မတ်လ ၁၄ ရက်နေ့က နေအိမ်မှ နောက်လယ်ရပ်ရှိ စံရိပ်နွယ် အလှပြင်ဆိုင်ကို အလုပ်သွား ခဲ့တယ်လို့ ဆိုပါတယ်။

၃ ရက်အကြာမှာ အလှပြင်ဆိုင်က မထွေးငယ်အား အလုပ်လွှတ်ပေးဖို့ အလုပ်မလာတာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖုန်းနဲ့ အကြောင်းကြားခဲ့မှ သမီးဖြစ်သူ ပျောက်ဆုံး နေကြောင်း သိရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရလို့ ရပ်ကွက်အတွင်း လိုက်လံရှာဖွေပေမယ့် မတွေ့ရှိခဲ့ဘဲ မတ်လ ၁၆ ရက်မှ မထွေးငယ်ဟာ နေအိမ်ကို ပြန်လည်ရောက်ရှိ လာခဲ့တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူအား မေးမြန်းချက်အရ အလုပ်ထွက်လာစဉ် ထူးထူးတိုးရေခဲစက်အနီးအရောက်မှာ အလုပ်နောက်ကျနေလို့ အသိဖြစ်သူ မျိုးငယ်ကို ဖုန်းဆက်ပြီး အကူညီတောင်းကြောင်း၊ မျိုးငယ်က လိုက်ပို့ပေးမယ့်အကြောင်းနဲ့ အလုပ်ကိုခဏလိုက်ခဲ့ဖို့ ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ မျိုးငယ်ရဲ့ ဆောက်လက်စလက်ဖက်ရည်ဆိုင်ကို လိုက်သွားခဲ့ရာမှ အိပ်ခန်းအတွင်း ခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခံခဲ့ရကြောင်း၊ ဒီနောက်မှာတော့ ဇော်ငယ်နဲ့ ကြည်လွင်တို့ကလည်း သားမယားမအဖြစ်ပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက ပြန်လည်ပြောပြကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မထွေးငယ်ရဲ့ အမေဖြစ်သူက ရဲစခန်းမှာ တရားလိုအဖြစ် တိုင်ကြားခဲ့လို့ မျိုးငယ် ပါ ၃ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၄၃ အရ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားကြောင်း မြိတ်ရဲစခန်းက ပြောပါတယ်။

မြတ်ထွဋ် (မြိတ်)

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195887

Read More »

မုံရွာတက္ကသိုလ် အပင်နှင့် ရေပိုက်များအား ရိုက်ချိုး ဖျက်ဆီးသည့် လူငယ်များကို ဖမ်းဆီး




မုံရွာတက္ကသိုလ် တွင်းမှာ အလှ စိုက်ပျိုး ထားတဲ့ အပင်တွေနဲ့ ကျောင်းတွင်းမှာ အသုံးပြုနေတဲ့ ရေပိုက်ခေါင်း တွေအား ရိုက်ချိုး ဖျက်ဆီးတဲ့ လူငယ် ၃ ဦးကို မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

ရိုက်ချိုး ဖျက်ဆီး မှုကြောင့် ကျူးဘားဘော အလှသစ်ပင် ၁ ပင်၊ ဖောစတေး အလှသစ်ပင် ၁ ပင်နဲ့ ရေပိုက်ခေါင်းတွေ ပျက်စီး သွားခဲ့ ပါတယ်။

“သူတို့က ဒါတွေ ရိုက်ချိုးပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ ကျောင်းထဲမှာ တက္ကသိုလ် စာစစ်ဌာနမှာ လုံခြုံရေး ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ဆရာတွေက ပူးပေါင်းပြီး နောက်က လိုက်တာ ကျောင်း အနောက်တောင် ဘက်ထောင့် လမ်းဆုံရောက်တော့ ဖမ်းဆီး မိတယ်။

ကျူးလွန်သူတွေက ကျောင်းသားတွေမဟုတ်ကြပါဘူး။ အပြင် အရပ်သားတွေပါ” လို့ မုံရွာမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအောင်က ပြောပါတယ်။

ကျူးလွန်သူတွေဟာ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ကြပြီး အာကာထက်၊ နေထက်လင်းနဲ့ မင်းမင်းဦး တို့ဖြစ်ကြောင်း သိရပါတယ်။

တက္ကသိုလ်ကျောင်းအတွင်းရှိ အပင်တွေနဲ့ ရေပိုက်ခေါင်းတွေအား ရိုက်ချိုးဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို မုံရွာမြို့ နယ်မြေရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

From : ဒီဗွီဘီ by ရန်နိုင်စိုး

Originally published at - http://burmese.dvb.no/archives/195840

Read More »

Friday, March 17, 2017

နှိပ်စက်ခံ ကလေးနှစ်ဦးဟာ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခံရ ဟုဆို




ရန်ကုန်၊ မတ် ၁၅ – အောင်မင်္ဂလာ အဝေးပြေး ကားဝင်း ဆွေညီနောင် စတိုးက နှိပ်စက်ခံရတဲ့ ကလေးတွေကို မိဘတွေရဲ့ လိုအပ်ချက် အပေါ် အခွင့်ကောင်း ယူပြီး ဆိုင်ပိုင် ရှင် အမျိုးသမီး က ကြိမ်ဖန် များစွာ ခြိမ်းခြောက် ခဲ့တယ်လို့ သိရပါတယ်။

နှိပ်စက်ခံရတဲ့  ၁၂ နှစ် အရွယ် မထက်ထက်ဇော်က  “ဟဲ့ နင်တို့ တွေကို သတ်ပစ် လိုက်မယ်၊ နင်တို့ အမေတွေက ပိုက်ဆံပဲ လိုတာ ပိုက်ဆံပေး လိုက်ရင် ရတယ်၊ အဲဒီ စကားကတော့  အမြဲပြောတယ်၊ ပြီးတော့ ကျိုးထားတဲ့ လက်ကိုလဲ သံခုံနဲ့ တိုက်မိ တယ်လို့ ပြောခိုင်းတယ်”လို့ ဆိုပါတယ်။

ဆရာဝန်ရဲ့ ပြောကြားချက်အရ ကျိုးထားတဲ့ ဘယ်လက်က ဒဏ်ရာဟာ လွန်ခဲ့တဲ့ သုံးလက  ဖြစ်ခဲ့ တာလို့ သိရပါတယ်။  ကျိုးထားတဲ့ ဒဏ်ရာက ပြန်ဆက်နေပေမဲ့ သေချာဂရုတစိုက် မဆောင်ရွက်တဲ့ အတွက် လက်က ရောင်းကိုင်းနေတာ တွေ့ရပါတယ်။ မထက်ထက်ဇော်ရဲ့ ဘယ်ဘက် ခါးမှာလည်း ခဏခဏ အကန်ခံရတဲ့ ဒဏ်ကြောင့် အခုထိ နာကျင်နေ တယ်လို့ ဆိုပါ တယ်။

“အရင်တုန်းက သူ့သမီးထားဖူးတယ် အဲဒီတုန်းကလဲအဲဒီလို တွေ လုပ်တယ်ပေါ့၊ အဲဒါ သူ နဲ့ ပြဿနာဖြစ်ပြီး ဆိုင်ရှင်က နောက်လူတွေကို အဲဒီလိုတွေ မလုပ်ရဲတော့ ဘူးလို့  ကလေးပို့ပေးတဲ့  အစ်မက ပြောတယ်၊  အဲဒီချိန် အစ်မတို့ဘက်ကလဲ အခက်အခဲ ဖြစ်ချိန်ဆိုင်ကလဲ လူလိုတယ်ဆိုတာနဲ့ ပို့ဖြစ်သွားတာပါ”လို့  မထက် ထက် ဇော်ရဲ့ မိခင်က ပြောပါတယ်။

စပြီး အလုပ်လုပ်ချိန် မှာ တစ် လ ကျပ် ၃၀,ဝ၀ဝ နဲ့ ပို့ခဲ့တာဖြစ်ပြီး သုံးလကျော်မှာတော့ ကျပ် ၅၀ဝ၀ တိုးပေး ခဲ့တယ်လို့ သိရပါတယ်။ မထက်ထက်ဇော်ရဲ့မိခင်က တောင်တွင်းကြီးဘက်မှာ နေထိုင် ပြီး ဟင်းသီးဟင်းရွက်ရောင်းချပါတယ်။ မိသားစုဝင် ရှစ်ယောက် ရှိ ပြီး ၁၂ နှစ်အရွယ် မထက်ထက် ဇော်က မောင်နှမတွေ အားလုံးထဲမှာ  အကြီးဆုံးဖြစ်ပါတယ်။

မီးခဲနဲ့ ထိုးသလို

မမေသဇင်ရဲ့ဖခင်ကိုဇော်မင်း နိုင်က ခံစားရတာတော့ မီးကျီ  ခဲနဲ့ ထိုးထား သလိုပဲ၊ သမီးက နယ်မှာ ကျောင်းတက်တယ်၊ ကျောင်းပိတ်တုန်း သမီးကြီးနဲ့ အတူတူ အလုပ် လုပ်မယ်ဆိုလို့ ပို့ပေး လိုက်တာပါ” လို့ ပြောပါတယ်။

မမေသဇင်က ဒုတိယတန်း ဖြေဆို ထားတာပါ။ နွေရာသီ ကျောင်းပိတ်ရက်မှာ အစ်မဖြစ်သူနဲ့ တွေ့ချင်လို့ အလုပ် လာလုပ်ရာ က ဆိုင်ကွဲပြီး ဆွေညီနောင် စတိုးဆိုင်ကို ရောက် ခဲ့ပါတယ်။ နှိပ်စက်ခံခဲ့ရတဲ့ ကလေးနှစ်ယောက်လုံးရဲ့ မိသားစုတွေ ကတော့ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုကို လိုက်နာမယ်လို့ ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေး ကားဝင်းက ဆွေညီနောင်စတိုး ဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထွန်း(ခ) မငယ်ဟာ ကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက် တာတွေ ရှိနေတယ်လို့  တိုင်ကြား သူတွေ ရှိခဲ့တာကြောင့် မတ်လ ၁၃ ရက်နေ့ ည ၁၁းဝ၀ နာရီ မှာ သွားရောက်စစ်ဆေးရာက ကလေးငယ်နှစ်ဦးကို ဒဏ်ရာတွေနဲ့ ရှာဖွေ တွေ့ရှိပါတယ်။

ကလေး ငယ်နှစ်ဦးမှာ မထက်ထက်ဇော်နဲ့ မမေသဇင်တို့ ဖြစ်ပါတယ်။ တောင်တွင်းကြီးမြို့နယ်နဲ့ ကျိုက်လတ်မြို့ နယ်တို့က လာရောက်အလုပ်လုပ်ကိုင်ကြတာပါ။

လက်ရှိအချိန်မှာ ကလေးငယ် နှစ်ဦးဟာ အင်းစိန်ဆေးရုံ အမျိုးသမီးခွဲစိတ်ဆောင်မှာ ဆေးကုသမှုခံယူနေပါတယ်။  ကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့  ဒေါ်ဖြူဖြူ ထွန်း(ခ) မငယ်ကို မင်္ဂလာဒုံ မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားသလို လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနကလည်း ကလေးသူငယ် ဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်လေး

Originally published at - http://www.kumudranews.com

Read More »

Monday, March 13, 2017

မင်္ဂလာဒုံက စတိုးဆိုင် တစ်ဆိုင်မှာ အိမ်အကူ မိန်းကလေးနှစ်ဦးကို နှိပ်စက်မှု ဖြစ်ပွား




ရန်ကုန်၊မတ်လ ၁၃။ မင်္ဂလာဒုံမြို့နယ်က စတိုးဆိုင် တစ်ဆိုင်မှာ ဆိုင်ရှင် ဖြစ်သူက အိမ်အကူ မိန်းကလေး တွေကို နှိပ်စက်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ည ၁၀ နာရီလောက်မှာ သတင်း ၀င်လာတယ်။ အဲ့ဒါနဲ့ အဲ့ဆိုင်ကို ကိုယ့်ဆီက လူလွှတ်ပြီး ကြည့်ခိုင်းတယ် ကြည့်ခိုင်းတော့ ကလေးက တစ်ယောက်ပဲ
တွေ့တယ်။ ကြည့်လို့ မရဘူး ကြည့်ရင် ကာတယ်။ ဓာတ်ပုံ ရိုက်လို့ မရဘူး” လို့ လိုက်ပါ ကူညီသူ အမျိုးသားရေး ညွှန့်ပေါင်း အဖွဲ့မှ ကိုတင့်လွင်က ပြောပါတယ်။

” ည ၁၁ နာရီ ကတည်းက တံခါးဖွင့် ခိုင်းတယ်။ မဖွင့်ပေးဘူး ည ၂နာရီထိုးမှ ဘေးက ဆိုင်က အမျိုးသမီး တစ်ယောက် သူ့ဆီ ဖုန်းဆက်ပြီး အမ ဧည့်စာရင်း စစ်ဖို့လို့ ဖုန်းဆက်ပြောမှ ဖွင့်ပေးမယ်။

ဖွင့်ပေးတော့ ကလေးတွေကို သနပ်ခါး ပါးကွက် အကြီးကြီးတွေ လိမ်းပေး ထားတယ်။ ဒါပေမယ့် မျက်နှာက ဒဏ်ရာက ကြီးတော့ ဖုံးမရခဲ့ဘူး” ကိုတင့်လွင်က ဆက် ပြောပါတယ်။

အနှိပ်စက် ခံရတဲ့ မိန်းကလေးတွေက မထက်ထက်ဇော် ၁၂နှစ်နဲ့ မမေသဇင် ၁၀နှစ်တို့ဖြစ်ကာ တောင်တွင်းကြီးနဲ့ ကျိုက်လတ်မြို့နယ်တို့မှ လာရောက် အလုပ် လုပ်ကိုင် ကြတာဖြစ်ပါတယ်။

မိန်းကလေးနှစ်ယောက်လုံးရဲ့ မျက်နှာ ၊နဖူးဖူးရောင်၊ ခန္ဓာကိုယ်မှာလည်း တုတ်နဲ့ရိုက်ကာ သံချောင်းမီးဖုတ်ထိုး ဒဏ်ရာများနဲ့ တွေ့ရှိတယ်လို့ သိရပါတယ်။



ကလေးတွေရဲ့ မိဘတွေကို အကြောင်းကြား ထားပြီး ဖြစ်ပြီး ကလေးနှစ်ယောက်ကို အင်းစိန်ဆေးရုံမှာ ဆေးစစ်ချက် သွားယူပြီးနောက်မှာ ဆေးရုံတင်ပြီး ကုသဖို့ လိုအပ် တယ်လို့ သိရ ပါတယ်။

လောလောဆယ်မှာတော့ ကလေးနှစ်ယောက်ကို အခင်းဖြစ်ရာဆိုင်ရဲ့ ဘေးပတ်ဝန်းကျင်က လူတွေက ခေတ္တစောင့်ရှောက်ထားကာ ဆေးရုံတင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မုံရွာလမ်း မင်္ဂလာဒုံမြို့နယ်နေ ဆိုင်ပိုင်ရှင် မဖြူဖြူထွန်း(ခ) မငယ်ကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ ပုဒ်မ ၃၂၆နဲ့ ဒုရဲအုပ်ဟန်ကိုဦးက တရားလိုပြု အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်လေး

Originally published at - http://www.kumudranews.com



Read More »