နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ရှာဖွေတွေ့ရှိမှု. Show all posts
Showing posts with label ရှာဖွေတွေ့ရှိမှု. Show all posts

Saturday, June 03, 2017

ဩစတြေးလျ ပင်လယ်နက်ထဲ တွေ့ရတဲ့ မျက်နှာမရှိတဲ့ ငါး




မေ ၃၁ – အရင် ကတစ်ခါ မှမစူးစမ်း ဖူးတဲ့ သမုဒ္ဒရာရဲ့အပိုင်း တွေကို လေ့လာတဲ့ ဩစတြေးလျ ရေနက်ပိုင်း စူးစမ်း လေ့လာရေး အဖွဲ့ဟာ မျက်နှာ မပါတဲ့ ငါးနဲ့ တခြား ထူးဆန်းတဲ့ ရေနေ သတ္တဝါတွေ၊ မျိုးစိတ် သစ်တွေကို တွေ့ရှိခဲ့ ပါတယ်။

နိုင်ငံ့ အရှေ့ပိုင်း ရေနက်ပိုင်း ထဲကို တစ်လကြာ ရှာဖွေမှုမှာ မျက် နှာပြင်အောက် လေးကီလို မီတာနက်တဲ့ မည်းမှောင် အေးစက်တဲ့ အသူတရာ နက် ချောက် ထဲ ကို ပိုက်ကွန်၊ ဆိုနာနဲ့ ပင်လယ်နက်ပိုင်း ကင်မရာတွေကို သုံးပြီး လေ့လာ ခဲ့ပါတယ်။

The  Investigator သင်္ဘောပေါ် သိပ္ဗံပညာရှင်ချုပ် တင်အိုဟာရာက အခုရှာဖွေတဲ့ နေရာဟာ ကမ္ဘာမှာ လုံးဝမရှာဖွေ ရသေးတဲ့ ပတ်ဝန်းကျင် တည်ရှိ တယ်လို့ ဆိုပါတယ်။

အနီတောက်တောက် ကျောက်ကဏန်းတွေ၊ ဖောသွပ်သွပ် ခေါင်းတလားငါး၊ မျက်ကန်းပင်လယ်ပင့်ကူတွေနဲ့ ပင်လယ်ရေ နက်ပိုင်းငါးရှဥ့်တွေဟာ မေ ၁၅ က စတင်တဲ့ စူးစမ်းလေ့လာမှုမှာ  တွေ့ရှိခဲ့တာတွေဖြစ်ပါတယ်

သူတို့ဟာထူးခြားတဲ့ မျက်နှာမဲ့ ငါးတစ်မျိုးကိုလည်းတွေ့ရှိခဲ့ပြီး ဒီငါးကို ၁၈၇၃ ခုနှစ်က ပါပူဝါနယူးဂီနီမှာတစ်ကြိမ်သာတွေ့ရှိခဲ့ဖူးပါတယ်။ ဒီငါးမှာ မျက်လုံးနဲ့ နှာခေါင်းမပါဘူး၊ ပါးစပ်ကအောက်ဘက် မှာရှိတယ်လို့ အိုဟာရာက သင်္ဘောပေါ်ကပြောပါတယ်။

အဲသည်လောက်ရေနက်တဲ့နေရာမှ မှောင်လွန်းတဲ့အတွက် သတ္တဝါတွေဟာ မျက်လုံးမပါတာ၊ ဒါမှမဟုတ် ကိုယ်ပိုင်အလင်းရောင် ဖြာထွက်တာတွေ ရှိကြ တယ်လို့ သူကဆက်ပြောပါတယ်။

[ref: AFP, May 31, 2017.]

From : ကုမုဒြာဂျာနယ် by စုပြည့်စုံ

Originally published at - http://www.kumudranews.com

Read More »

Saturday, March 25, 2017

အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ




လူသား တွေရဲ့အိုမင်းမှု ဖြစ်စဉ် ဖြစ်တဲ့ ဇရာကို ပြောင်းပြန် လှန်မယ့် ထူးထူး ခြားခြား ဆေး ဖော်မြူလာကို ဖြစ်စေနိုင်တဲ့ တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဆိုပါ ဆေးဝါးက ဒီအန်အေကို အံ့သြစရာ ကောင်း လောက်အောင် ပြန်ပြုပြင် ပေးနိုင်ပြီး မားစ် ဂြိုလ်ပေါ်က နာဆာ အာကာသ ယာဉ်မှူးတွေ ကိုတောင် ဆိုရာ ရောင်ခြည် ဖြာထွက်မှု ကနေ ကာကွယ် ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရ ပါတယ်။

ဆဲလ် အိုမင်းမှု ဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှု ဖြစ်စဉ်တွေရဲ့ အဓိက အချက်ပြ ဖြစ်စဉ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါ ဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက် ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

“ ရက်သတ္တပတ် တပတ် အကြာ ဒီဆေးနဲ့ ကုသပေး ပြီးနောက်မှာ အိုမင်းနေတဲ့ ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်က ရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင် တော့ပါဘူး” လို့ အဆိုပါ သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်း ကရဲယာ က ပြောဆို ခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လ အတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင် ခဲ့မယ် ဆိုရင်တော့ လူသားတွေ အသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ် ကင်းတာ သေချာအောင် သုံးနှစ် ကနေ ငါးနှစ် အထိ ထပ်ပြီး လေ့လာ စမ်းသပ် ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခ ဒေးဗစ်ဆင် ကရဲယာက ဆက်လက် ပြောဆို ခဲ့ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

Read More »