နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label လမ်းညွှန်. Show all posts
Showing posts with label လမ်းညွှန်. Show all posts

Saturday, January 28, 2017

အွန်လိုင်း ကနေ အခမဲ့ သင်ယူနိုင်မယ့် ပညာရေး ၀က်ဘ်ဆိုက်




ရန်ကုန်၊ ဇန်န၀ါရီ ၂၈ – အွန်လိုင်းကနေ မိမိ သင်ယူ လိုတဲ့ သင်ခန်းစာ၊ ဘာသာ ရပ်တွေကို မြန်မာ ဘာသာနဲ့ အခမဲ့ သင်ယူ ကြည့်ရှုနိုင်မယ့် ပညာရေး ၀က်ဆိုက် ကို ဖော်ပြ လိုက်ပါတယ်။

နည်းပညာနဲ့ ဆိုင်တဲ့programming သင်တန်းတွေ ၊ အောတိုကတ် ၊photoshop၊ ဒီဇိုင်း သင်တန်းတွေ ၊web builder၊ အချက် အပြုတ်နဲ့ မုန့်ဖုတ် သင်တန်းတွေ ၊ အတီး အမှုတ် ၊ အနုပညာနဲ့ ၊ ပန်းချီ ပုံဆွဲသင်တန်းတွေ ၊ ဓါတ်ပုံ ပညာ သင်တန်းတွေ အစရှိတဲ့ သင်တန်းတွေ နဲ့ workshop တွေ ၊ event တွေ ကိုပါ အခမဲ့ စာရင်း တင်သွင်းလို့ ရပါတယ်။

ပြည်ပက သင်တန်း ကျောင်းမှာ တက်ရောက် သင်ကြားဖို့ အစီအစဉ် ရှိတယ်ဆိုရင်လည်း BurmeseHearts က ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မိမိ အနေနဲ့ သင်ကြား လိုသူ ဖြစ်မယ် ဆိုရင်လည်း သည်ဝက်ဆိုက် ကနေ စာရင်းပေးပြီး သင်ကြား ပို့ချနိုင်မှာ ဖြစ်ပါတယ်။

သည် Burmesehearts.com ဝက်ဘ်ဆိုဒ်ဟာ လက်ရှိမှာ သင်ခန်းစာပေါင်း ၉၀၀ ကျော်ကို သင်ယူနေတဲ့ သင်ယူ သူပေါင်း ၂၈၀၀၀ ကျော်ကို ပညာပေးနေတဲ့ အွန်လိုင်း ပညာရေး ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်ကြောင်း သိရပါတယ်။

ကိုယ်တိုင်က ကျောင်းသား / ကျောင်းသူ ဆိုရင်တော့ အခပေး သင်တန်းများခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင်အောက်မှာ မိမိ သင်ယူလိုတဲ့ သင်ခန်းစာ ၊သင်တန်းတွေကို ရှာဖွေကြည့်ရှု သင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာရဲ့ ၉၉ရာခိုင်နှုန်းဟာ အခမဲ့ သင်ခန်းစာတွေဖြစ်လို့ ကြိုးစား သင်ယူ ချင်သူတွေ အနေနဲ့ ငွေကြေး မရှိလို့ ဖြစ်စေ အချိန် မကိုက်လို့ ဖြစ်စေ သင်ယူခွင့် မရတာမျိုး မဖြစ်ရအောင် မိမိ အဆင်ပြေတဲ့ အချိန်တိုင်းမှာ အခမဲ့ သင်ယူခွင့် ရှိအောင် စီစဉ်ပေး ထားတာဖြစ်ကြောင်း ၀က်ဘ်ဆိုက် တည်ထောင် သူက ဆိုပါတယ်။

နောက်ပြီး မိမိသင်တန်း ကျောင်းတွေကို BurmeseHearts မှာ တင်သွင်း လိုတဲ့ သင်တန်း ကျောင်း အုပ်ချုပ် သူတွေ အနေနဲ့ အခမဲ့ စာရင်း တင်သွင်းလို့ ရပါတယ်။

ဒီသင်တန်းကျောင်းမှာ BurmeseHearts ဝက်ဘ်ဆိုဒ်ကတဆင့် ဆက်သွယ်တက်ရောက်တဲ့ သင်တန်းသားတွေကိုသာ ဝန်ဆောင်ခ ကော်မရှင် ရာခိုင်နှုန်း သတ်မှတ်ယူသွားမှာဖြစ်တဲ့ အတွက် သင်တန်းကျောင်းတွေ အနေနဲ့ ဘာငွေမှကြိုတင်ပေးဆောင် ထားရ တာမျိုး မရှိပါဘူး။

သင်ကြားပြသသူအဖြစ် စာရင်းဝင်မယ်ဆိုရင် ၀က်ဘ်ဆိုက်ရဲ့မူလစာမျက်နှာ လိုင်းမှာရှိတဲ့ ‘အခပေး သင်တန်းများ’ဆိုတဲ့ ခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင် သင်ကြားပြသသူ လေးက ကလစ်နှိပ်ရန်ကို နှိပ်ပြီး စာရင်းသွင်းနိုင် ပါတယ်။

မိမိက ဆရာ တစ်ဦးဖြစ်ရင် အပိုဝင်ငွေကြောင့် ဖြစ်စေ၊ အခမဲ့ သင်ပေး လိုတဲ့ စိတ်ဆန္ဒဖြစ်စေ သည်ဝက်ဘ်ဆိုက်မှာ အီးမေးလ်နဲ့ အကောင့် ဖွင့်ပြီး စာရင်းပေး သင်ကြား နိုင်ပါတယ်။

မိမိအချိန် မပေးနိုင် တာကြောင့် အွန်လိုင်း ကနေ သင်ယူမယ် ဆိုရင်လည်း မိမိ သင်ယူချင်တဲ့ဘာသာရပ်၊ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ကိုလည်း အခကြေးငွေနွှဲ ဖြစ်စေ အဲ့သည် ၀က်ဆိုက်မှာ စာရင်းပေးသွင်းပြီး တက်နိုင် ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Friday, July 01, 2016

နိုင်ငံတော်သမ္မတရုံး Viber နှင့် ချိတ်ဆက်နည်း


“Myanmar President Office” နာမည်နဲ့ Viber မှာ Public Chat ဖွင့်လှစ် လိုက်ပါပြီ။

Public Chat မှာ နိုင်ငံတော် သမ္မတရုံးရဲ့ သတင်းများကို အချိန်နဲ့ တပြေးညီ တင်ပေးနေပြီ ဖြစ်ပါတယ်။

သတင်းများကို မိတ်ဆွေ တို့ရဲ့ Viber မှာ ဖတ်ရှုနိုင်ဖို့ အတွက် Follow လုပ်ထား ရမှာ ဖြစ်ပါတယ်။

Public Chat Follow လုပ်နည်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။









နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုဒ်မှ ကူးယူ မျှဝေပါသည်။

Originally published at - နိုင်ငံတော် သမ္မတရုံး

Read More »

Monday, January 18, 2016

လည်ပတ်စရာတွေ ပြည့်နေတဲ့ တောင်ပေါ်မြို့လေး




မြန်မာနိုင်ငံ အင်္ဂလိပ် ကိုလိုနီ လက်အောက် ကျချိန် အတွင်းမှာ အင်္ဂလိပ်တွေ ကိုယ်တိုင် တည်ခဲ့ပြီး ကိုလိုနီ လက်ရာ အဆောက် အဦးဟောင်းတွေ မပျောက် မပျက် ရှိနေသေးတဲ့ တောင်ပေါ်မြို့လေး တစ်မြို့နဲ့ ဒီတပတ်မှာ စာဖတ် သူတွေကို မိတ်ဆက်ပေး လိုက်ပါတယ်။

ကိုလိုနီခေတ်လက်ရာတွေနဲ့ တောင်ပေါ်မြို့လေးလိုဆိုလိုက်တာကြောင့် မိတ်ဆွေတွေမျက်စိထဲမှာ နာမည်ကျော်မေမြို့ (ပြင်ဦးလွင်မြို့)ကို ပြေးမြင်ကြမှာပါ။ တကယ်ကတော့ မဟုတ်ပါဘူး။

ရှမ်းပြည်နယ်အစပ်နားက တောင်တွေပတ်လည်ဝိုင်းထားလို့ ယောက်ချိုခွက်လေးလိုဖြစ်နေတဲ့ နေရာအခင်းအကျင်းမှာတည်ထားတဲ့ ကလောမြို့လေးအကြောင်းပဲဖြစ်ပါတယ်။

ကလောမြို့ဟာ အင်္ဂလိပ်တွေအချိန်အကြာဆုံးနေထိုင်သွားကြတဲ့မြို့ ဖြစ်တယ်လို့ မြို့ခံတွေက သိထားကြတယ်။ နောက်ဆုံးမြန်မာနိုင်ငံလွတ်လပ်ရေးရသွားချိန်မှာတောင် အင်္ဂလိပ်တွေဟာ ဒီမြို့လေးကနေ ထွက်မပေးသေးတာကြောင့် အနီးနားကတိုင်းရင်းသားတွေကိုယ်တိုင် ၀ိုင်းဝန်း နှင်ထုတ်ခဲ့ကြရတယ်လို့ ဆိုကြတယ်။

သူတို့မစွန့်နိုင်ဖြစ်ရလောက်အောင်လည်း ကလောမြို့လေး ရဲ့ ရာသီဥတုရော၊ ဒေသပတ်ဝန်းကျင်ရော၊ ရေခံမြေခံတွေကပါ အလွန်ကောင်းလွန်းလှတယ်။ အခုလိုအေးတဲ့အချိန်တွေဆိုရင် ချယ်ရီပန်းတွေဖောဖောသီသီနဲ့ ပွင့်နေပါပြီ။

ကလောမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၂၀မီတာ (၄၃၃၀ပေ) အမြင့်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကနေ အောင်ပန်း၊ ပင်းတယ၊ တောင်ကြီးမြို့တွေဆီ အလည်သွားရင် ဖြတ်ရမယ့် လမ်းခုလတ်မြို့လေးဖြစ်ပါတယ်။

ကလောမြို့ကိုသွားမယ်ဆိုရင် ကား၊ ရထား၊ လေယာဉ်ပျံအစရှိသဖြင့်သွားနိုင်ပါတယ်။ ကားနဲ့ ဆိုရင်တော့ ကလောကို တိုက်ရိုက်ကားမရှိပါဘူး။ တောင်ကြီးကားတွေနဲ့လိုက်ပြီး ကလောမြို့မှာ ဆင်းနေရမှာပါ။

ရထားနဲ့ဆိုရင်တော့ ရန်ကုန်-ရွှေညောင် ရထားနဲ့လိုက်စီးခဲ့ရမှာပါ။ မန္တလေး ဘက်ကနေတော့ ရထားသီးသန့်မရှိပါဘူး။ သာစည်ဘူတာကနေ တဆင့်သွားစီးကြရဦးမှာပါ။ လေယာဉ်နဲ့ဆိုရင်တော့ ဟဲဟိုးလေဆိပ်ကနေတဆင့် ကလောမြို့ကို ကားနဲ့ ထပ်လာကြရမှာပဲ ဖြစ်ပါတယ်။

ပြည်တွင်းခရီးသွားတချို့ကတော့ ဖြတ်သွားဖြတ်လာမြို့အဖြစ်လောက်သာ ကလောမြို့ကို စိတ်ဝင် စားကြပါတယ်။ တကယ် ကလောမြို့တွင်းကို နှံ့နှံ့စပ်စပ် လေ့လာ လည်ပတ် သူတွေ ကတော့ နိုင်ငံခြားသားတွေပါ။

ကလောမြို့နဲ့အနီး တ၀ိုက်က ပင်းတယ၊ ရွာငံ၊ အင်းလေး အစရှိတဲ့ aနရာတွေကို တောကြမ်း လမ်းလျှောက်ဖိုY အခွင့်အရေးတွေ အများကြီး ရှိတာကလည်း နိုင်ငံခြားသားတွေကို စွဲဆောင် ထားသလို ဖြစ်နေတယ်လေ။

ကလောမြို့လို့ ဆိုလိုက်တာနဲ့ နိုင်ငံခြားသားခရီးသည်တွေဟာ တောကြမ်းခရီးသွားတာတွေကိုပဲ အဓိကတွဲမြင်လေ့လရှိကြတယ်။ ကလောမြို့ကနေ တစ်ညအိပ် ၂ ရက်၊ ၂ ညအိပ် သုံးရက်နဲ့ နေ့ချင်းပြန် ဆိုပြီး တောလမ်း ခရီးစဉ်လမ်းကြောင်း အမျိုးမျိုးရှိတယ်။

ကလောကိုအခြေခံပြီး ခရီးအကွာအဝေးမိုင် ရေတွက်မယ်ဆိုရင် အင်းလေးအထိ ၄၂ မိုင်၊ ပင်းတယအထိ ၄၁ မိုင်၊ ရွာငံအထိ- ၃၄မိုင် အသီးသီးရှိပါတယ်။ လမ်းတလျှောက်က ပအိုဝ်း၊ ပလောင်၊ တောင်ရိုးဓနု စတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့ရွာတွေနဲ့ သူတို့အဓိကစိုက်ပျိုးနေကြတဲ့ မက်မန်းခြံတွေ၊ လိမ္မောခြံတွေ၊ လက်ဖက်ခြံတွေကို လေ့လာကြရတာကို နိုင်ငံခြားသားတွေက မက်မောကြတယ်။

ကလောမြို့ဧရိယာထဲမှာတော့ နိုင်ငံခြားသားတွေ အများဆုံးလေ့လာကြတာက ကလောဘူတာရုံ ပါ။ အင်္ဂလိပ်တွေတည်ခဲ့တဲ့ ကလောဘူတာရုံမှာ ၁၉၁၆ ခုနှစ်ကစပြီး ရထားပြေးဆွဲ ခဲ့တာကြောင့် အခု၂၀၁၆ ခုနှစ်မှာဆိုရင် ဒီဘူတာဟာနှစ်တစ်ရာပြည့်ပါပြီ။ ကလောဘူတာကိုတော့ နိုင်ငံခြားသား တွေရော၊ ပြည်တွင်းက စိတ်ပ်ဝင်စားသူတွေပါ မကြာမကြာ လာပြီး လေ့လာ ကြတယ်။ ဓာတ်ပုံရိုက် ကြတယ်။ ကလောဘူတာဟာ ကလောမြို့မဈေးရဲ့ အရှေ့တောင်ဘက်ကျကျလောက်မှာပါ။

ကလောဘူတာလိုပဲ သက်တမ်းရင့်အဆောက်အဦတွေ ကလောမြို့ထဲမှာ အများကြီး ရှိနေသေး တယ်။

အရေအတွက်အတိအကျသိချင်လို့ ဒေသခံတချို့ကို မေးမြန်းကြည့်တယ်။ သေချာရေတွက် ကြည့်မယ်ဆိုရင် အဆောက်အဦးတွေ အရေအတွက်တစ်ရာလောက်ရှိမယ်လို့ ဆိုကြတယ်။

ကိုလိုနီလက်ရာအထင်အရှားကျန်တဲ့ အဆောက်အဦတွေကတော့ လက်ရှိကလောဟိုတယ်ပါ။ ဒီကလောဟိုတယ်ကို ၁၉၀၆မှာ တည်ဆောက်ခဲ့တာပါတဲ့။ ပြီးရင် Amara resort၊ Kalaw Hill Lodge villa တို့ဟာ ရှေးတုန်းကအဆောက်အဦးတွေကို ပြန်ပြုပြင်ထားတာတွေပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်ကလက်ကျန် ဆေးရုံဟာလည်း ကလောမြို့မှာ ဒီနေ့အထိ ရှိနေသးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ စစ်ဆေးရုံလုပ်ထားပါတယ်။ ကနောင်ဆောင်ဆိုတဲ့ အမည်နဲ့ပါ။

ကျန်တဲ့မထင်မရှားအဆောက်အဦးတွေကတော့ လူနေရပ်ကွက်တွေထဲမှာ မြုပ်နေတယ်။ ကလောဒေသခံတွေဟာ သူတို့ရဲ့ဘိုးဘွားဘီဘင်ကအဆောက်အဦးတွေကို ထိခိုက်လိုစိတ် မရှိကြပါဘူး။ မူရင်းအဆောက်အဦးကို မူရင်းအတိုင်းပဲ ထားကြတယ်။ သူတို့ ကိုယ်တိုင်ကတော့ ခြံလုပ်ငန်းလုပ်ကိုင်စားသောက်ပြီး တဲနဲ့သာ နေရင်နေမယ်။ သူတို့ပိုင်တဲ့ အဆောင်အဦကြီးတွေ ကိုတော့ ပြန်လည်ရောင်းချတာမျိုး၊ ငှားတာမျိုးဆိုတာ မလုပ်ကြပါဘူး။

ကလောမြို့ဟာ ရှုခင်းကြည့်စရာ အင်မတန်ကောင်းလွန်းလှတဲ့မြို့လည်း ဖြစ်တယ်။ တချို့အလွမ်းဓာတ်ခံ ရှိသူတွေဆိုရင်တော့ လွမ်းစရာကောင်းတဲ့မြို့လေးအဖြစ်လည်း ခံစားနိုင်မှာပါ။

ကလောမြို့လေးကို မြေပြင်အနိမ့်အမြင့်အတက်အကျတွေပေါ်မှာတည်ထားတာဖြစ်လို့ ဖြတ်သွားဖြတ်လာ ကြည့်လိုက်မိရင် တချို့အိမ်တွေက လမ်းရဲ့အောက်မှာရောက်နေပြီး တချို့အိမ်တွေက တောင်ပေါ်မှာရောက်နေသလို ဖြစ်နေတယ်။

တချို့အိမ်တွေကတော့ တောင်ကမ်းပါးယံလေးမှာ တည်းတည်းလေးဆောက်ထားသလိုမျိုး၊ ဒီအိမ်တွေကိုသွားဖို့အတွက် တောင်ကမ်းပါးမှာ လှေကားထစ်လေးတွေဖော်ထားသေးတယ်။ ဒါကိုက ကလောမြို့ရဲ့ အမှတ်သင်္ကေတလေး တစ်ခုလိုဖြစ်နေတယ်။

ကလောမြို့နဲ့အနီးနားမှာ ပြည်တွင်းခရီးသွားတွေ လည်စရာနေရာတွေလည်း အများကြီးပါ။ ရွှေဥမင်ဂူဘုရား၊ နှီးဘုရား၊ သိမ်တောင်ဘုရား၊ အောင်ချမ်းသာဘုရား၊ ဆုတောင်းပြည့်ဘုရားတွေ ရှိတယ်။ သိမ်တောင်ကျောင်းပေါ်ကနေကြည့်ရင် ရှုခင်းတွေအရမ်းလှတယ်လို့ဆိုကြတယ်။ ပြည်တွင်းက အဖွဲ့လိုက်ခရီးသွားကြတဲ့ ခရီးသည်တွေအနေနဲ့ နှီးဘုရားမှာ အခမဲ့တည်းခိုနိုင်တယ်။

ပြည်တွင်းက ဧည့်သည်တွေ ကလောမြို့ရောက်ပြီဆိုရင် မလုပ်မဖြစ်လုပ်ကြတာကတော့ ရှော့ပင်း(ဈေးဝယ်)ထွက်တာပဲ။ ကလောမြို့မဈေးထဲမှာ ဒေသထွက်ပစ္စည်းတွေ၊ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်နဲ့ ၀ယ်ကြတယ်။ တချို့ကကျတော့ ကလောမြို့ကိုရောက်ပြီဆိုရင် မြို့မဈေးထဲက စားသောက်တန်းကိုမဖြစ်မနေသွားပြီး ဟင်းထုပ်တို့၊ ငါးထမင်းနယ်၊ ၀က်သားချဉ်၊ တို့ဟူးကြော်၊ တို့ဟူးနွေး စတဲ့ ဒေသစာတွေ စားကိုစားလိုက်ရမှ။

မြို့မဈေးရဲ့အရှေ့ဘက်မှာ ငါးရက်ကို တစ်ကြိမ်ကျင်းပတဲ့ ကလောဈေးနေ့နဲ့ဆုံရင်တော့ တိုင်းရင်းသားတွေကိုယ်တိုင် လာရောက်ရောင်းချတဲ့ လတ်ဆတ်ကော့ပျံနေတဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ ကြုံကြရမယ်။ သူတို့တွေကို မ၀ယ်ဝယ်အောင်ကို ဟင်းသီးဟင်းရွက်တွေက အပြိုင်အဆိုင်စွဲဆောင်နေလိုက်ကြတာ ဈေးနေ့နဲ့ကြုံဖူးဆုံဖူးသူတွေသာ သိနိုင်မှာပါ။

ကလောမြို့ကလေးဟာ ပြည်တွင်းပြည်ပကလာရောက်ကြတဲ့ ဧည့်သည်တွေအတွက် ခဏတဖြုတ်လာရောက် အပန်းဖြေစရာ မြို့ကလေးဖြစ်တာကြောင့် ခရီးသွား ရာသီတွေ မှာတော့ နိုင်ငံခြာသားတွေရော၊ ပြည်တွင်းက ခရီးသွားအဖွဲ့တွေ နဲ့ပါပြည့်ပြီး စည်ကားနေ တတ်တယ်။ ကျန်တဲ့ကာလတွေမှာတော့ ခရီးသွားတွေ တဖြောက်ဖြောက်သာရှိတယ်။

ခရီးသွားရာသီမဟုတ်တဲ့ အချိန်တွေမှာတော့ ပုံမှန်စိုက်ပျိုးရေးလုပ်ငန်းတွေလောက်သာ အလုပ်ဖြစ်ကြတယ်။ စိုက်ပျိုးရေးအဓိကလုပ်တဲ့ ကလောမြို့ကနေ ဟင်းသီးဟင်းရွက်တွေ အများဆုံးထွက်တယ်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေပြီးရင် နောက်တခု ကလောမြို့ကနေ အထွက်အများဆုံး ကတော့ ဗိုလ်ချုပ်တွေပါပဲ။ ဟုတ်ပါတယ်။ ကလောမြို့မှာ စစ်ဦးစီးတက္ကသိုလ်ရှိလို့ ကလောမြို့ပေါ်မှာ စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ စစ်ကားတွေကို မကြာခဏတွေ့ရတတ်ပါတယ်။

နောက်ထပ်အပေါဆုံးအရာတွေကတော့ အမျိုးစုံလင်လွန်းလှတဲ့ တည်းခိုစရာနေရာတွေပါ။ အင်း၊မိုတယ်တွေကအစ ဟိုတယ်တွေ၊ resort တွေ အရောင်အသွေးမျိုးစုံပဲ။ ပြီးတော့ စားသောက်ဆိုင်တွေ အများမှ အများ ကြီးပါပဲ။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့လည်း သိပ်မဝေးလွန်းမနီးလွန်း၊ နေရထိုင်ရတာကလည်း သက်တောင့်သက်သာဖြစ်၊ ရှုခင်းရှုကွက်တွေလည်းလည်းအရမ်းကောင်း၊ ရာသီဥတုကလည်း သာယာလွန်း…စတဲ့ ဂုဏ်ပုဒ်များစွာနဲ့ပြည့်စုံနေတဲ့ ကလောမြို့လေးဟာ မြန်မာပြည်ထဲက တကယ့်အဖိုးထိုက်တန်တဲ့ရတနာလေး တပါးလိုကို ဖြစ်နေပါရဲ့….။

အေးမွန်ရာပြည့်

Originally published at - http://burmese.dvb.no/archives/131269


Read More »

Tuesday, October 13, 2015

မဲပေးဖို့ အရေး… ဒါဖတ်ပါ…




လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ဖန်တီးနိုင်မယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမယ့် နေ့ပါ။

ဒီမိုကရေစီ နိုင်ငံတော်ကို အရောက် လှမ်းဖို့ ပြည်သူ တွေကို ကိုယ်စားပြုတဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေကို ကိုယ်တိုင် ခေါင်းခေါက် ရွေးချယ်နိုင်ဖို့ ပြည်သူ တွေမှာ လုပ်ပိုင်ခွင့် အပြည့်အ၀ အရှိဆုံး နေ့လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ နိုင်ငံရေးမှာ အများပြည်သူကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်တာကိုခေါ်တာပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံတနိုင်ငံလုံးက ပြည်သူတွေဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို သူတို့ကိုယ်စား ပြောပေးနိုင်မယ့် ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်ကြရတယ်။

အဲ့ဒီလိုရွေးချယ်တဲ့ပွဲကို အထွေထွေရွေးကောက်ပွဲလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၅ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတယ်။ မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာဆိုရင် ၂၀၁၀ နောက်ပိုင်းမှာ ဒုတိယအကြိမ်မြောက်ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ မိမိတို့ ဖြစ်စေချင်တဲ့ အစိုးရနဲ့ လွှတ်တော်တွေ ဖြစ်ဖို့ အမှန်တကယ်လိုလားရင် ကိုယ်တိုင်ပါဝင်မဲထည့်ကြရမှာဖြစ်ပါတယ်။

မိမိတဦးတည်းရဲ့ မဲတပြားကြောင့် ဘယ်လိုအပြောင်းအလဲမှ ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူးလို့ ထင်ရင် အမှားကြီးမှားပါလိမ့်မယ်။ တဦးထဲကြောင့် ဘာမှမဖြစ်ပေမယ့် အဲ့ဒီလိုတဦးချင်းစီမဲတွေ ပေါင်းစပ်လိုက်ရင်ဖြင့် အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ အင်အားကြီးလာနိုင်မှာပဲဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်လိုက်တဲ့လူတွေဟာ လွှတ်တော်တွေထဲကို ရောက်ရှိသွားမှာဖြစ်ပြီး ပြည်သူတွေ ဖြစ်စေချင်တဲ့၊ သင့်တော်တဲ့ဥပဒေတွေကို လွှတ်တော်အတွင်းမှာ ရေးဆွဲကြမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို စောင့်ကြည့်ပြီး တည့်မတ်တာတွေ လုပ်ပေးကြမှာပါ။ အဲဒီလိုပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေ လွှတ်တော်တွေအတွင်း ရောက်ရှိသွားနိုင်ဖို့ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိနေပါတယ်။

မဲပေးတဲ့အခါမှာ ပထမဆုံးအနေနဲ့ ကိုယ်တိုင်ဟာမဲပေးခွင့်ရှိသူလားဆိုတာ သေချာသိထားဖို့က အရေးကြီးလှပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်မယ်။ မဲပေးရမယ့်မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်အမည်ပါမယ်။ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ မဲပေးခွင့်ရှိနေပြီလို့ ကိုယ့်ကိုယ်ကို ယူဆထားပြီး မဲရုံကို မဲသွားပေးဖို့သာ ကြိုတင်ပြင်ဆင်ထားပါတော့။

တကယ်လို့ ဆန္ဒမဲပေးရမယ့်သူဟာ မဲမေးရမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ မဲဆန္ဒနယ်ရဲ့ ပြင်ပကိုရောက်နေမယ်၊ အချုပ်ခန်းမှာ အချုပ်ကျနေမယ်၊ ဆေးရုံတက်ဆေးကုသမှုခံနေရမယ်၊ နိုင်ငံရဲ့ပြင်ပကို တရားဝင်ရောက်ရှိနေမယ် ဆိုရင်တော့ ကြိုတင်မဲပေးခွင့်ရကြမှာပါ။

တခြားဘာအကြောင်းတစုံတရာမှ မရှိဘူးဆိုရင်တော့ ပုံမှန်အတိုင်းမဲပေးကြရမှာပဲ ဖြစ်ပါတယ်။

ပြည်သူတွေ မဲထည့်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ သိပ်မခက်လောက်ပါဘူး။ မဲပေးမယ့်သူတွေအတွက် ရွေးကောက်ပွဲမတိုင်ခင်ရက်ပိုင်းမှာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ကို ကော်မရှင်က ထုတ်ပေးပါလိမ့်မယ်။

ရွေးကောက်ပွဲလုပ်မယ့်နေ့မှာကတော့ မဲရုံကို မဖြစ်မနေသွားဖြစ်ဖို့သာ အဓိကပါပဲ။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ မဲရုံတွေဟာ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်ထားမှာဖြစ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ သွားရောက် မဲပေးကြရမှာပါ။ မဲပေးမယ့်သူတွေအနေနဲ့ မဲရုံကိုရောက်ရင် ပထမဆုံးလုပ်ရမှာက မဲဆန္ဒရှင် သက်သေခံလက်မှတ်ကိုပြပြီး မဲစာရင်းစာရွက်မှာ မိမိလာရောက်မဲပေးတဲ့အကြောင်း လက်မှတ်ထိုး ရမှာပဲ ဖြစ်ပါတယ်။

အဲဒီလိုထိုးပြီးတဲ့အခါမှာတော့ ဆန္ဒမဲလက်မှတ် ထုတ်ပေးတဲ့သူထံ သွားပြီး မဲတွေသွားထုတ်ရမယ်။ ထုတ်လာတဲ့မဲလက်မှတ်တွေမှာ မဲရုံမှူးလက်မှတ်ပါ၊ မပါကိုလည်း ဂရုစိုက်ခဲ့ပါကြပါဦး။ မဲရုံမှူးလက်မှတ်မပါရင် ပယ်မဲ ဖြစ်သွားနိုင်လို့ပါ။

ဆန္ဒမဲလက်မှတ်တွေကိုယ့်ရဲ့ လက်တွင်းရောက်ပြီဆိုရင်တော့ လျှို့ဝှက်မဲပေးခန်းတွေထဲကို ၀င်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်ကို မဲပေးလို့ ရပါပြီ။ မဲပေးတဲ့အခါမှာ မိမိ မဲပေးလိုသူရဲ့ နံဘေးက အကွက်လေးထဲမှာ တံဆိပ်တုံး ထုခဲ့ရမှာပါ။ ရိုက်လိုက်လို့ တံဆိပ်တုံးက ပြောင်းပြန်ဖြစ်သွားပါစေ…ပယ်မဲမဖြစ်ပါဘူး။ တံဆိပ်တုံးဟာ ကိုယ်ပေးမယ့် ကိုယ်စားလှယ်ရဲ့ အကွက်ကို ကျော်ပြီး တဖက်ကိုယ်စားလှယ်အကွက်ထဲ နည်းနည်းစွန်းသွားရင်တောင် ပဲမယ်မဖြစ်သေးပါဘူး။

အကွက်အများဆုံး အကျော်ခံရတဲ့ ကိုယ်စားလှယ်ဘက်ကနေ မဲရေတွက်သွားမှာ ဖြစ်လို့ပါ။ ဆန္ဒပြုတဲ့ တံဆိပ်တုံးထုတာကိုတော့ ဂရုတစိုက်ထုဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာရော ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာပါ အခုလို တံဆိပ်တုံးနဲ့ မဲဆန္ဒပေးရတာမျိုး မကြုံတွေ့ခဲ့ဖူးတာကြောင့် မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေနယ်တွေမှာ တံဆိပ်တုံးနဲ့ စိမ်းတဲ့အခြေအနေတွေ ဒီနေ့အချိန်ထိ ရှိနေပါသေးတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲပညာပေး လုပ်နေတဲ့ အဖွဲ့တွေကတော့ တံဆိပ်တုံးထုတတ်ဖို့ကို အဓိကထား လုပ်ဆောင်နေကြပါတယ်။ ကော်မရှင်အနေနဲ့ ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးနဲ့ မဲပေးတာရော၊ ဘောပင်နဲ့မဲပေးတာရော နှစ်မျိုးစလုံးကို ခွင့်ပြုပေးဖို့ ပြန်လည်စိစစ်သင့်ပါတယ်။

မဲပေးတဲ့အခါမှာ ပြည်သူ့လွှတ်တော်အတွက် တစောင်၊ အမျိုးသားလွှတ်တော် အတွက် တစောင်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက်တစောင် စုစုပေါင်း ၃ စောင်မဲပေးကြ ရမှာပါ။ တကယ်လို့ မဲပေးသူဟာ မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသားလူမျိုးစုတခုခုမှာ ပါဝင်နေရင်တော့ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးတွေရအောင် လုပ်ဆောင်ပေးဖို့ တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်အတွက် မဲတစောင်ထပ်ပေးကြရမှာပါ။ ဒါကြောင့် မဲရုံကိုလာပြီး မဲပေးသူတစ်ဦးဟာ အနည်းဆုံးမဲလက်မှတ် ၃ စောင်ကို ဆန္ဒပြုကြရမှာပဲ ဖြစ်ပါတယ်။

မိမိရဲ့ဆန္ဒမဲကို ပယ်မဲဖြစ် မသွားစေဖို့ ဂရုစိုက်ရဦးမယ့်အချက်တွေလည်း ရှိနေပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ အမှတ်အသားမပါတဲ့ မဲလက်မှတ်၊ မဲရုံမှူးလက်မှတ် မပါတဲ့ဆန္ဒမဲ၊ တာဝန်ခံထုတ်ပေးသူရဲ့ အမည်နဲ့ လက်မှတ်မပါတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်၊ ကိုယ်စားလှယ်လောင်းတဦး ထက်ပိုပြီး ဆန္ဒပြုထားတဲ့ မဲလက်မှတ်၊ ကိုယ်စားလှယ်တဦးတယောက်ကိုမှ ဆန္ဒပြုထားခြင်းမရှိတဲ့ မဲလက်မှတ်၊ တံဆိပ်တုံးနှိပ်ပြီး ဆန္ဒပြုမှုမသေချာမထင်ရှားတဲ့မဲဆန္ဒလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်တယ်လို့ မဲရုံမှူးက ဆုံးဖြတ်တဲ့ ဆန္ဒမဲလက်မှတ်၊ မဲပေးသူကို သိရှိနိုင်အောင် အမှတ်အသားပြုလုပ်ထားတဲ့ မဲလက်မှတ်၊ ဆုတ်ဖြဲထားတဲ့ မဲလက်မှတ်၊ ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ထုတ်ပြန်ထားတဲ့ မဲလက်မှတ် အစရှိတဲ့မဲလက်မှတ်ပုံစံတွေဟာ ပယ်မဲတွေပါ။

မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့မဲပေးမယ့်ကိုယ်စားလှယ်ကို ရွေးချယ်တဲ့အခါမှာ အမျိုးသား၊အမျိုးသမီး၊ အသက်ကြီးငယ်ခွဲခြားခြင်း မရှိဘဲ ကိုယ်စားလှယ်ရဲ့အရည်အချင်း၊ အတွေ့အကြုံရှိမှုတွေပေါ်အခြေခံပြီး ရွေးချယ်ကြဖို့ လိုအပ်ပါတယ်။

ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ဟာ ကိုယ့်အတွက်၊ ကိုယ့်ရပ်ရွာအတွက် ဘယ်လို အကျိုးပြုမလဲ၊ ပြီးတော့ သူကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီအခြေအနေ အစရှိတဲ့ အခြေအနေတွေအားလုံးကို အသေးစိတ်ခြုံငုံလေ့လာပြီးမှ ရွေးချယ်ဖို့ လိုအပ်လှပါတယ်။ မဲဆွယ်စဉ် ကာလတိုကလေးအတွင်း ရေတိုထောက်ပံ့ပေးတာလေးတွေနဲ့တင် ကျေနပ်ပြီး ကိုယ်စားလှယ် ရွေးချယ်တာမျိုး မဖြစ်ဖို့က အရမ်းအရေးကြီးလှပါတယ်။

မဲပေးရွေးချယ်တဲ့အခါမှာ တဒင်္ဂစိတ်ခံစားမှုနဲ့ မဲပေးမှုမျိုး မဖြစ်စေဖို့ မဲဆန္ဒရှင်ပြည်သူတွေ ရင့်ကျက်နေဖို့လည်း လိုအပ်ပါသေးတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မဲဆန္ဒရှင်ပြည်သူ အများစုဟာ စိတ်ဆန္ဒတခုတည်းပေါ်မှာ အခြေခံပြီး မဲပေးတတ်ကြပါတယ်။

စိတ်ခံစားမှုဆိုတဲ့ နေရာမှာ ဒေါသ (အမြင်မကြည်လင်ခြင်း)၊ အကြောက်တရား၊ စိတ်လှုပ်ရှားမှု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ ဆက်စပ်တဲ့ စိတ်ခံစားမှုနဲ့ အထင်ကြီးလေးစားစိတ်တွေ ပါဝင်ပါတယ်။ ဥပမာ အနေနဲ့ အထင်ကြီးလေးစားစိတ်ကိုပြောရမယ်ဆိုရင် ပါတီတခုဟာ ကိုယ်နေတဲ့ရပ်ကွက်ကို မဲဆွယ်စဉ်ကာလအတွင်းမှာ လမ်းခင်းတာ၊ မီးလင်းအောင်လုပ်ပေးတာ အစရှိတာတွေ လုပ်ပေးလို့ အထင်ကြီးပြီး မဲထည့်တာမျိုးကို ဆိုလိုတာပါ။

မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာက ဒီလို မဲဆွယ်စည်းရုံးမှုတွေကတော့ ရှိနေမှာပါပဲ။ ဒီလို စည်းရုံးမှုတွေကြောင့် ပြည်သူတွေ အရွေးမှားခဲ့တဲ့ ဥပမာတွေကလည်း ရှေ့မှာများလှပါပြီ။

ပြည်သူတွေ မဲပေးပေမယ့်လည်း အရွေးမှားခဲ့ရင်တော့ဖြစ် ဘာမှ ထူးထူးခြားခြားေုပာင်းလဲလာမှာ မဟုတ်လို့ ဒီရွေးကောက်ပွဲကာလမှာတော့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သတိကြီးကြီးလက်ကိုင်ထားပြီး ရွေးချယ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

အမှန်တကယ် အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ ဆန္ဒမဲပေးပြီးရင်တော့ နိုင်ငံသား တာဝန်တစိတ်တပိုင်းကျေသွားပါပြီ။ နိုင်ငံသားတာဝန် အပြည့်အ၀ကျေချင်ရင်တော့ ကိုယ်ပေးလိုက်တဲ့မဲတွေ မှန်မှန်ကန်ကန် ရေတွက်ခံရရဲ့လားဆိုတာကို သေချာစောင့်ကြည့်ပေးဖို့ လိုအပ်ပါသေးတယ်။ မဲဆန္ဒရှင်တိုင်းဟာ ဆန္ဒမဲတွေရေတွက်မှုကို စောင့်ကြည့်ဖို့ တရားဝင် အခွင့်အရေးရှိပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပေးတဲ့အပြင် ဒီလို မဲရေတွက်တာကိုလည်း စောင့်ကြည့်မယ်ဆိုရင်ဖြင့် အမှန်တကယ်ကို နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်ပြီလို့ မိမိကိုယ်ကို သတ်မှတ်လိုက်ပါတော့။

အေးမွန်ရာပြည့်

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116255


Read More »

Sunday, September 27, 2015

Windows 10 USB Installer ကိုဖန်တီးခြင်း




Windows 10 ကို အသုံးပြုချင် သူများ အတွက် Windows 10 USB Installer ဖိုင်ကို ဖန်တီး ပြုလုပ် ချင်တယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ အတွက် ကွန်နက်ရှင်တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Windows 10 USB Installer ဖိုင်ပြုလုပ်မယ် ဆိုရင် USB Storage အနည်းဆုံး 3GB အထက်ရှိရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Windows 10 ကိုလက်ရှိ အသုံးပြုနေတဲ့ Windows 7 သို့မဟုတ် Windows 8 နှင့် 8.1 version တို့ပေါ်ကနေ Upgrade ပြုလုပ် ချင်သူများ အတွက် Microsoft ကထုတ်လုပ် ဖြန့်ချိပေးတဲ့ Media Creation tool ဆိုတာနဲ့ Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Windows 10 USB Installer ကိုလည်း Media Creation Tool ကို အသုံးပြုပြီး ပြုလုပ် ဖန်တီးပေး ရပါမယ်။

Media Creation Tool ကိုရယူဖို့ အတွက် https://goo.gl/dtbQwX ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ရောက်ရင် ကိုယ်လက်ရှိ တင်ထားတဲ့ Windows ဟာ Windows 32 bit လား 64 bit လားဆိုတာကို ခွဲခြားပြီး ကိုယ့်ရဲ့ Windows နဲ့ ကိုက်ညီမယ့် Media Creation Tool ကို Download လုပ်ယူ ရပါမယ်။

Download ပြုလုပ်ပြီးပြီ ဆိုရင် အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Upgrade This PC Now ရယ် Create installation media for another PC ဆိုတာရယ်ကို တွေ့ရင် Create installation media for another PC ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ နောက်တစ်ဆင့် ရောက်ရင် Language ကို English ရွေးပေး ထားပြီး Edition မှာ ကိုယ်နှစ်သက်တဲ့ Edition ကို ရွေးချယ် ပေးရ ပါမယ်။

ပြီးသွားရင်တော့ USB Device နဲ့ အသုံးပြုမှာ ဖြစ်တဲ့ အတွက် USB flash drive ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ Next ကို နှိပ်ပြီးရင် USB drive ကို ကိုယ် အသုံးပြုမယ့် USB drive ကို ရွေးချယ် လိုက်ပါ။ Next button ကို ထပ်နှိပ် လိုက်ရင် Windows 10 အတွက် လိုအပ်တဲ့ ဖိုင်တွေကို စတင် download ပြုလုပ်ပြီး အဆိုပါ Stick ထဲကို ထည့်သွင်း ပေးသွား ပါလိမ့်မယ်။

Download ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ ညွှန်ပြထားတဲ့ လုပ်ငန်းများ အတိုင်း ထပ်မံပြုလုပ် ပေးသွား လိုက်လျှင် Windows 10 USB Installer ကို ဖန်တီးတဲ့ လုပ်ငန်း အဆင့် ပြီးဆုံး သွားပြီဖြစ် ပါတယ်။

အဆိုပါ USB Stick နဲ့ အခြားသော ကွန်ပျူတာတွေ ပေါ်မှာ တပ်ဆင်ပြီး Windows 10 ကို Upgrade အလွယ် တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Internetjournal

Original link - http://www.internetjournal.media/how-to/4195

Read More »

Monday, September 21, 2015

ချစ်စိတ်ကို ပျက်ပြားစေတဲ့ အချက် ၇ ချက်




ချစ်သူနဲ့ အချိန် အကြာကြီး တွဲလာတဲ့ အခါ ချစ်စိတ် ပျက်ပြားစေတဲ့ အချက်တွေကို သိဖို့ လိုပါတယ်။ စိတ်မကောင်း စရာက ချစ်သူ စုံတွဲ အများစုဟာ မရည်ရွယ်ဘဲ အဲဒီ အမှားတွေကို ကျူးလွန် မိပါတယ်။ ကိုယ်နဲ့ ချစ်သူကြား ချစ်စိတ် တဖြည်းဖြည်း လျော့နည်း လာတာကို ခံစားရရင် သည် အချက်တွေကို ကြိုးစား ရှောင်ရှား သင့်ပါတယ်။

အမှား ၁ - ရည်းစားဟောင်းအကြောင်းပြောခြင်း

ရည်းစားဟောင်း အကြောင်း ပြောတာဟာ ချစ်စိတ်ကို ပျက်ပြားစေတဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကိုယ့်ချစ်သူက သူ့ အဆက်ဟောင်း အကြောင်း ပြောပြတာကို ကိုယ်ကြိုက် လို့လား။ ကြိုက်မှာ မဟုတ်ပါဘူး။ သည်တော့ ချစ်သူက မင်းအဆက်ဟောင်း အကြောင်းပြောပြ စမ်းပါ ဆိုရင်တောင် မပြောဘဲ စကားလွှဲဖို့ ကြိုးစားပါ။

အမှား ၂ - ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငြူခြင်း

ချစ်သူ ကောင်မလေးက သူ့ကိုယ်သူ ငြီးတွား ငြူစူ နေတာကို ဘယ်ယောကျာ်းမှ ကြားချင်မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ မြင်မြင် ချစ်သူ ကောင်လေးက ကိုယ့်ကို သဘောကျတဲ့ အကြောင်းရင်း တစ်ခုတော့ ရှိပါတယ်။ သူက ကိုယ့်ကို ချစ်ပြီး ကိုယ်ဟာ လှတယ်၊ ဆွဲဆောင်မှု ရှိတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို မချစ်ရင် ချစ်သူ ကလည်း ကိုယ့်ကို ချစ်ဖို့ ခက်ခဲ ပါလိမ့်မယ်။

အမှား ၃ - ကိုယ့် သူငယ်ချင်း အဖွဲ့ထဲက ဇာတ်လမ်းစုံကို ခင်းပြခြင်း

ကိုယ့်သူငယ်ချင်း အဖွဲ့ထဲက ဇာတ်စုံကို အမြဲခင်းပြီး ငြီးတွား နေမယ်ဆိုရင် အခု ရပ် လိုက်ပါတော့။ ချစ်သူက ဒါကို အရေး စိုက်မှာ မဟုတ်ပါဘုး။ ဒါကြောင့် ဒီအကြောင်းနဲ့ သူ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့။ ဒီအကြောင်း တွေကိုချည်း နှစ်ယောက်သား ပြောနေမယ်ဆိုရင် ကိုယ့် အကြောင်း ကိုယ်ပြောဖို့ အချိန် ဘယ်ရှိ တော့မှာလဲ။

အမှား ၄ - တယောက်တကွဲ စိတ်ကြိုက်နေခြင်း

စုံတွဲ အများစုဟာ အချိန်ကြာ လာတာနဲ့ အမျှ တယောက် တကွဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြ ပါတော့တယ်။ သည် အချက်ကြောင့်ပဲ တယောက်နဲ့ တယောက် သံယောဇဉ် လျော့ပါး လာပါတယ်။ တကယ်လို့ နှစ်ယောက်လုံး ကြိုက်တာ တစ်ခုခု ရှိမယ်ဆိုရင် အဲဒီ အလုပ်ကို မပြတ်စေဘဲ ဆက်လုပ် သင့်ပါတယ်။

အမှား ၅ - ဖရိုဖရဲကပိုကရို ၀တ်ဆင်ခြင်း

မိန်းကလေးတွေ အတွက် ဒါက အရေးကြီးပါတယ်။ ချစ်သူနဲ့ ကိုယ် ချစ်သက်တမ်း ဘယ်လောက် ကြာကြာ ချစ်သူက တစ်ခုခု ကိုတော့ မြင်ချင် မှာပါပဲ။ ဖရိုဖရဲ မသပ်မရပ် ပုံစံက တခါတလေ ဆွဲဆောင်မှု ရှိပေမယ့် အမြဲတမ်း ဆိုရင် စိတ်ပျက်စရာ ဖြစ်လာ ပါလိမ့်မယ်။

အမှား ၆ - ဖုန်းကိုင်ခြင်း

ချစ်သူနဲ့ ချစ်စိတ် မြင့်တက် နေချိန်မှာ ရုတ်တရက် ဖုန်းမြည် လာတယ် ဆိုပါစို့။ ဖုန်းကို ကောက် မကိုင်ပါနဲ့။ ချစ်သူရဲ့ ခံစားချက်ကို အရင် တွေးကြည့်ပါ။ ဖုန်းကိုင်လိုက်တဲ့ အတွက် ဒီဖုန်းဟာ သု့ထက် အရေးကြီးတယ်လို့ ချစ်သူက ယူဆပြီး နှစ်ယောက်တွဲ လာတာ ဘယ်လောက် ကြာကြာ ချစ်စိတ်ကို အဖုအထစ် ဖြစ်စေပါတယ်။

အမှား ၇ - ပျင်းရိခြင်း

သူငယ်ချင်းတွေနဲ့ စကားပြော နေလို့ အိမ်ကို ချစ်သူ ရောက်လာ တာတောင် မသိဘူး။ တီဗီ ကြည့်နေလို့ ညစာတောင် မချက်ဖြစ်ဘူး။ ဒီလို ပျင်းရိပုံ မျိုးဟာ ချစ်စိတ်ကို လျော့ပါးစေလို့ သေချာပေါက် ရှောင်သင့်ပါတယ်။

စာဖတ်သူတို့ ဘ၀မှာရော ချစ်ပျက်ပြားစေတဲ့ ဘယ်လို အချက်တွေနဲ့ ကြုံဖူးသလဲ။ ကွန်မန့် ပေးခဲ့ပါဦး။

Credit: စုပြည့်စုံ

Original link - https://www.facebook.com/yummystories

Read More »

Saturday, September 12, 2015

Computer ကို ဦးနှောက် အပို သုံးနည်း




Computer တစ်လုံးကို ဦးနှောက် များများနဲ့ အလုပ် လုပ်ခိုင်း ချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေး လိုက်ပါဗျာ Computer ဟာ ဦးနှောက် များများနဲ့ အလုပ် လုပ်ရတဲ့ အတွက် System ရဲ့ လုပ်ဆောင် ချက် ကို ပိုမို မြန်ဆန် စေပါတယ်

တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက် လေးလုံး ပါကြ ပေမယ့် တချို့စက် တွေမှာတော့ ဦးနှောက် တစ်လုံးပဲ ပါ ပါတယ် မိမိ Computer မှာ ရှိသလောက် ကိုပဲ ယူလို့ ရမှာ ဖြစ်ပါတယ် နောက်ထပ် အပို ထည့်ချင် လို့တော့ မဖြစ်နိုင်ပါဘူး။

လုပ်နည်း လေးကတော့ အောက်က ပုံလေးတွေ အတိုင်းပါပဲ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ် msconfig စာသားကို ရိုက်ထည့်ပါ။


ပြီးရင် OK နှိပ်ပါ ဒါမှမဟုတ် Enter ခေါက်ပါ။

ပေါ်လာမယ့် ဘောက်စ် ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ။



ပြီးရင် အောက်က ပုံလေးပေါ်လာရင် နံပါစဉ် အတိုင်း ဆက်သွားပါ။


အောက်ကပုံအတိုင်းဆက်သွားပါ။



အပေါ်ပုံလေးတွေ အတိုင်းပြောင်းပြီး သွားရင်တော့ မိတ်ဆွေ တို့ Computer ဟာ ဦးနှောက် အပိုများနဲ့ အလုပ် လုပ်နေ ပါပြီးဗျာ။

ShweEainThuLay ရဲ့ ပို့စ်ကို မှီငြမ်းထားပါသည်။

Original link - http://mawlamyineinformation.blogspot.com.au/2015/09/computer.html

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, August 21, 2015

Website Version ထွက်လာတဲ့ Google Hangout




မကြာသေးခင်ကမှ Version အသစ်ထုတ်ပြီး အသုံးပြု သူတွေကို ဝန်ဆောင်မှု အသစ်တွေ aပးခဲ့တဲ့ Google Hangout ဟာ အခု ဆိုရင် Website မှာပါ ဆက်သွယ် စကားပြော ဆိုနိုင်ပါပြီ။ Google Hangout ဟာ Mobile Application တွေမှာ ပါဝင်တဲ့ Feature တွေ အတိုင်းပဲ Website မှာလည်း ထည့်သွင်းပေး ထားပါတယ်။ ဒါပေမဲ့ မိမိရဲ့ Friend List ကို Website Interface ရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးမှာ ဖြစ်ပြီး ဗီဒီယို Chat ခြင်း ၊ အသံဖြင့် Chat ခြင်းနဲ့ မက်ဆေ့စ် စာသားများ ပို့ခြင်း တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Hangout Website ရဲ့ ထူးခြားချက် ဖြစ်တဲ့ နောက်ခံ Background ပုံများ သူ့အလို အလျောက် ပြောင်းလဲခြင်းနဲ့ User တွေကို ဆွဲဆောင် ထားပါတယ်။ Website ရှိလာတဲ့ အတွက်ကြောင့် ကြည်လင်စွာ စကားပြော ဆိုနိုင်ခြင်း ၊ မက်ဆေ့ခ်ျ ပို့ခြင်းတို့ကို လျင်မြန် တွင်ကျယ်စွာ ပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင် ပါတယ်။ ဒါ့အပြင် Google Hangout ကို Chrome Extension နဲ့ Chrome Desktop Application တွေမှာ လည်း အသုံးပြုနိုင် ပါတယ်။

Google Hangout ကို Website ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘာ account မှ Create ထပ်လုပ်စရာ မလိုပဲ မိမိရဲ့ Gmail သို့မဟုတ် Google + တို့နဲ့ပဲ အသုံးပြုနိုင် ပါတယ်။ Google Hangout Website ကို အသုံးပြု လိုပါက အောက်က link ကနေ သွားရောက် အသုံးပြုနိုင် ပါတယ်။

https://hangouts.google.com/

Ref : Google+

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Wednesday, August 19, 2015

Android ဖုန်းရဲ့ Memory Space အတွက် ဆောင်သင့်တဲ့ အချက်များ




ကျွန်တော်တို့ Smart Phone အသုံးပြုနေ ကြတဲ့ လူတွေ ထဲမှာ ရံဖန်ရံခါ Memory Space မလုံလောက်တဲ့ ပြဿနာ နဲ့ ရင်ဆိုင်ကြ ရပါတယ်။ ဖုန်းရဲ့ Built in Memory Space ကလည်း အတော် အသင့်အသုံးပြု နိုင်တယ်။ ဒ့ါအပြင် ဖုန်းမှာ Memory အသုံးပြုမှု များစေမဲ့ Application နဲ့ Data တွေကို အသုံးပြု မထားဘူး။ ဒါပေမဲ့ Memory Space က မလောက်တော့ပဲ Space လိုနေတယ်ပဲ ပြနေတယ် ဆိုရင် သင့်အတွက် စိတ်ညစ် စရာတွေဖြစ် လာပါတယ်။

အလွယ်တကူ Memory SD Card ကို ထပ်တိုး လိုက်မယ် ဆိုရင်တော့ အဆင်ပြေပေမဲ့ အချို့ အကြောင်း အမျိုးမျိုးကြောင့် Memory SD Card ထပ်တိုးရန် အခက်အခဲ ဖြစ်နေကြတဲ့ လူတွေ အတွက် နည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ကိုယ် install လုပ်ထားတဲ့ Application တွေကို အသုံးမပြုဖြစ်ဘူး ဆိုပေမဲ့လည်း Application ရဲ့ Cache တွေက ဖုန်းရဲ့ Memory Space ကို နေရာ ယူထား ပါတယ်။ ဒါတွေကို စစ်ဖို့ အတွက် Android ရဲ့ Setting ထဲမှာ ပါဝင်တဲ့ Storage ထဲမှာ အကြမ်းဖျဉ်း သွားရောက် စစ်ဆေးနိုင်ပါတယ်။

ဒါ့အပြင် Disk Usage (https://play.google.com/store/apps/details?id=com.google.android.diskusage) လို့ခေါ်တဲ့ Application နဲ့လည်း စစ်ဆေးနိုင် ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ရလာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ဘယ်အရာက Memory ပိုစားနေလဲ ဆိုတာကို ကြည့်ရှုပြီး ဖြတ်သင့် ပါတယ်။ မိမိ Install လုပ်ထားတဲ့ Application တွေက Memory Space အတွက် နေရာယူမှု များနေတယ် ဆိုရင် တော့ Application ရဲ့ Cache ကို ရှင်းလင်း သင့်ပါတယ်။ Application ရဲ့ Cache ကို ရှင်းလင်းဖို့ အတွက်တော့ Setting ထဲက Application Manager ထဲမှာ သွားရောက် ရှင်းလင်းနိုင် ပါတယ်။

နောက်တစ်ခုကတော့ ဓါတ်ပုံ ၊ ဗီဒီယိုနဲ့ အချို့ Data တွေကို cloud storage ကိုအသုံးပြု သိမ်းထားပါ။ အခုနောက်ပိုင်းမှာ Cloud Storage တွေ အလကားပေးထားတဲ့ IT Company တွေ အများကြီး ရှိပါတယ်။ ဓါတ်ပုံတွေကို Cloud ပေါ်တင်ဖို့ အတွက် မကြာသေးမှီ ကမှ ကြေငြာခဲ့တဲ့ Google Photo နဲ့ အခြား Data တွေကို Cloud ပေါ် တင်ထားနိုင်တဲ့ Dropbox, OneDrive နဲ့ Google Drive စတဲ့ Application တို့ကို အသုံးပြုနိုင် ပါတယ်။ မိမိဖုန်းရဲ့ Memory Space ကို ဂရုစိုက် တတ်တဲ့ မိတ်ဆွေတို့ အနေနဲ့ အထက်ဖော်ပြပါ အချက်များဖြင့် ဖုန်းရဲ့ Memory space ပြဿ နာကို ဖြေရှင်းနိုင် ပါတယ်။

Ref : Geek

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com

Read More »

Monday, August 10, 2015

Step by Step ROOT For Huawei P8




Huawei P8 ကိုင်ဆောင်သူတွေအတွက် Root လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Root လုပ်နိုင်ရန် ဖုန်းကို Bootloader unlock လုပ်ပေး ရပါမယ်။

အရင်ဆုံး Bootloader unlock code တောင်းလိုက်ပါ။ Bootloader unlock code တောင်းဆိုရန် ဖုန်းရဲ့ IMEI / SN / Product ID တို့ကို Huawei company သို့ Mail ကနေ တစ်ဆင့် ပို့ပေးရ ပါမယ်။

အောက်ကစာလေးတွေ အတိုင်း mobile@huawei.com ကို Mail ပို့ ပေးလိုက်ပါ။

Hello,
I’d like to request a bootloader unlock code for my Huawei device.

Information:
  • Product: HUAWEI model name
  • SN: XXX
  • IMEI: XXX
  • Product ID: XXX
Thank you!

Huawei ကနေ တစ်ဆင့် unlock code လေး ကိုယ့် Mail ထဲကို ပို့လာပြီ ဆိုရင်တော့ Adb command လေးနဲ Bootloader unlock လုပ်ကြတာပေါ့ :)

ADB Folder လေးကို ဖွင့်လိုက်ပြီး Shift + Right Click လေး နှိပ်လိုက်ပါ။
ပြီးရင်တော့ Open Command window here ပေါ့…….
ပြီးရင်တော့ ဖုန်းကို Fastboot mode လေး ခေါ်လိုက်ပါ။ Fastboot mode ခေါ်ရန် အောက်က key လေးတွေ အတိုင်း ဖုန်းမှာ နှိပ်ပေးလိုက်ပါ။

Fastboot mode >>> Volume down + Volume up + Power

ပြီးရင်တော့ ဖုန်းနဲ့ computer ကို ချိတ်ဆက် ပေးလိုက်ပါ။ computer ကနေ ဖုန်းကို usb သိတယ် ဆိုရင်တော့ ADB command လေးကို သွားလိုက်ပါ။
Command box လေးမှာ အရင်ဆုံး adb devices ဆိုတာလေး ရိုက်ပြီး enter နှိပ်လိုက်ပါ။

* daemon started successfully *
List of devices attached

အပေါ်က စာတန်းလေး အတိုင်းပြတယ် ဆိုရင် adb ကနေ ဖုန်းကို သိရှိပြီ jဖစ်တာကြောင့် ဆက်ပြီး လုပ်ဆောင် နိုင်ပါတယ်။
နောက် တစ်ဆင့် မှာတော့ အောက်က စာတန်းလေး အတိုင်း ရိုက်ရ ပါမယ်။

- fastboot oem unlock 123456xxxxxxx

unlock ရဲ့အနောက် ကတော့ ကိုယ့် Mail ထဲကို ပို့ထားတဲ့ Bootloader unlock code ကို ထည့်ရမှာပါ။
ပြီးရင်တော့ enter လေးနှိပ်လိုက်ပါ။
Command box မှာ အလုပ် ဆက်လုပ် ပေးပါမယ်။ Finish ပြပြီ ဆိုရင်တော့ Bootloader unlock လုပ်ခြင်း ပြီးဆုံးပါပြီ။
Command box မှာ fastboot reboot လို့ရိုက်ပြီး ဖုန်းကို reboot ချလိုက်ပါ။
နောက်တစ်ဆင့် အနေနဲ့ကတော့ ဖုန်းကို Custom recovery သွင်းပေး ရမှာပါ။
လိုအပ်တဲ့ data လေးကို အောက်ကလင့်မှာ အရင် Download ရယူလိုက်ပါ။

P8 Clockwork mod Revocery ကို ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Down လို့ ရလာတဲ့ cwm-p8-nogui.img လေးကို ADB Folder ထဲ ထည့်လိုက်ပါ။
ပြီးရင် Shift + Right Click နှိပ် Open command window here ကိုရွေးပြီး command box ကို ပြန်ခေါ်လိုက်ပါ။ ဖုန်းကို Fastboot mode ပြန်သွင်း လိုက်ပါ။
adb devices လို့ရိုက် enter ခေါက်ပြီး command box ကနေ ဖုန်းကို သိ မသိ ပြန်စစ် လိုက်ပါ။ ဖုန်းကို သိတယ် ဆိုရင်တော့ အောက်က command လေးကို ထပ်ရိုက်ပါ။

– fastboot flash recovery cwm-p8-nogui.img

command ရိုက်ပြီး ရင်တော့ enter လေး ခေါက်လိုက်ပါ။ Command box မှာ အလုပ်လုပ်ပြီး Finish ပြပါ လိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းကို custom recovery သွင်း
ခြင်း အောင်မြင်ပါပြီ။

ပြီးရင်တော့ fastboot reboot လေးရိုက်လိုက်ပြီး ဖုန်းကို reboot ချပေး လိုက်ပါ။

ဖုန်းမှာ power ပြန်တက် လာရင်တော့ USB Debugging တို့ Unknow source တို့ကို on ပေးပြီး iRoot (သို့မဟုတ်) Root Tool တစ်ခုခုနဲ့ Root ဖောက် ပေးလိုက်ပါ။

အဆင်ပြေပါစေ။

Original link - http://www.myanmarmobileapp.com/2015/08/10/step-by-step-root-for-huawei-p8/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, July 30, 2015

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု




Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက် ပိုပြီး စွမ်းဆောင် ချက်တွေ စုံလင် လှပါတယ်။ စွမ်းဆောင် ချက်တွေ များပြားတဲ့ အတွက် လူတစ်ယောက် ချင်းစီ အပေါ် မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ် အနှောင့် အယှက် ဖြစ်စရာ တွေလည်း ရှိပါတယ်။ ဒီတစ်ပတ် မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ချက်များကို အသုံးပြုနည်းနှင့် တကွ စိတ် အနှောင့် အယှက် ဖြစ်စရာ တွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်း များကို ရေးသားပေး လိုက်ပါတယ်။

Conversation တစ်ခု အတွက် Notifications များကို ပိတ်နည်း

ဈေးရောင်းသူ တစ်ယောက်က Messenger မှာ Group တစ်ခု ပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်း များစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက် မပြတ် ပေးပို့နေ ရင်တော့ စိတ်ပျက် စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထား မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့် မချင်း ပိတ်ထား ချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။



Conversation အားလုံးအတွက် Notification များကို ပိတ်နည်း

Messenger ကိုဖွင့်ပြီး ညာဘက် အပေါ် ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက် အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက် အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထား နိုင်ပါတယ်။



တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း

သင့်ရဲ့ တည်နေရာကို သူငယ်ချင်း တစ်ယောက်ထံ ပေးပို့ ချင်ရင် Messenger ကိုပဲ အသုံးပြု နိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်း များက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကို ဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင် ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက် နှိပ်ရင် အောက်မှာ မြေပုံနဲ့ တကွ ပြသပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင် ရင်တော့ Settings ထဲမှာ ပိတ်ထား နိုင်ပါတယ်။



Big Thumbs Up တစ်ခု ပေးပို့နည်း

Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက် အောက်ခြေမှာ ပြသပေး ထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေး ထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ် ပါတယ်။ လက်မ အကြီးကြီး ပေးပို့ ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေ အထား ရောက်မှ လွှတ်လိုက်ပါ။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3831

Read More »

Google Calendar ( Android ) အတွက် Tips and Tricks များ




Google Calendar ကို မိတ်ဆက် ခဲ့တာ ဆယ်နှစ် ကြာပြီ ဖြစ်ပြီး အခု ဆိုရင် Google ရဲ့ လူကြိုက် များတဲ့ ၀န်ဆောင် မှုတွေ ထဲက တစ်ခု ဖြစ်နေ ပါပြီ။ Google Calendar မှာ အစည်း အဝေးပွဲ ပြုလုပ်ခြင်း၊ သင်တန်း တက်ခြင်း ၊ မွေးနေ့ပွဲများ သတ်မှတ်ခြင်း စတာတွေ အတွက် နေ့ရက်နဲ့ အချိန်တို့ကို Event များအဖြစ် သတ်မှတ် နိုင်ပြီး မှတ်သား ထားနိုင် ပါတယ်။

Google Calendar က သင့်ရဲ့ Event များ အတွက် Notification များဖြင့် အသိပေး နိုင်ပါတယ်။ ဒါ့အပြင် Google Calendar ဟာ Maps , Gmail , Google Now တို့လို Google ထုတ်ကုန် တွေနဲ့ တွဲဖက် အသုံးပြု နိုင်ပါတယ်။

Event Locations များကို ထည့်သွင်းပါ။

Google Calendar ရဲ့ Events များမှာ Location တစ်နည်း အားဖြင့် Events Location များကို ထည့်သွင်း နိုင်ပါတယ်။ သင်ဟာ Event ရဲ့ တည်နေရာကို သိနေတယ် ဆိုရင်တောင် ထည့်သွင်း ထားသင့် ပါတယ်။ အကြောင်းရင်း ကတော့ တည်နေရာ ထည့်သွင်း ထားရင် Google Now ကိုယ်ရေး လက်ထောက်က Event အတွက် အိမ်မှ ထွက်ခွာ ရမယ့် အချိန်ကို သင့်ကို အသိပေး နိုင်တဲ့ အတွက် ဖြစ်ပါတယ်။




Gmail မှ Events များထည့်သွင်းပါ။


Android ရဲ့ Google Calendar နောက်ဆုံး ဗားရှင်းမှာ သင့် Gmail ရဲ့ Inbox ထဲ ၀င်လာတဲ့ အီးမေးများမှ Event များကို အလို အလျှောက် ရှာဖွေ သိရှိနိုင်ပြီး Calendar မှာ ထည့်သွင်း ပေးတဲ့ စွမ်းဆောင်ချက် ပါရှိလာ ပါတယ်။ ဒါကို အသုံးချဖို့ အတွက် Menu ကနေ Settings ထဲသွားပြီး Choose Events from Gmail ကို ရွေးချယ်ပါ။ Add Events form Gmail မှ ခလုတ်ကို On ပြောင်း ပေးပါ။



Quick Responses များကို ပြောင်းလဲပါ။

ချိန်းဆိုထားမှု တစ်ခု အတွက် နောက်ကျနေ တယ်ဆိုရင် Google Calendar ကနေ တစ်ဆင့် ချိန်းဆို ထားသူ များကို အသိပေး တုန့်ပြန် နိုင်ပါတယ်။ သင်ဟာ အချိန်လု နေရတဲ့ အတွက် Google က သင့်အတွက် Quick Responses များကို ပြင်ဆင်ပေး ထားပါတယ်။ နှစ်သက်ရာ စာသားကို ပြောင်းဖို့ အတွက် Settings> General ထဲသွားပါ။



Sensitive Content များကို ဖွက်ပါ။

နောက်ဆုံး Google Calendar Version ကို Android Lollipop မှာ အသုံးပြု သူများ အတွက် Lock Screen မှာ Google Calendar မှ သတင်းအချက် အလက်များကို ပြသပေး နေမှာ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက် အလက် များကို အခြားသူများ မမြင်စေ ချင်ရင် Android Settings မှ Sound & Notification ကို ရွေးချယ်ပါ။ App Notifications ထဲသွားပြီး Calendar ထဲသွားပါ။ Sensitive မှာ On ပေးပါ။



Event Notifications များကို Customize လုပ်ပါ။

Google Calendar ထဲမှာပဲ Home, Work, Kids စသဖြင့် ကလင်ဒါ များစွာ ပြုလုပ်နိုင် ပါတယ်။ ကလင်ဒါ တစ်ခု ချင်းစီ အတွက် ကွဲပြားတဲ့ Notification အခြေ အနေများကို သတ်မှတ် နိုင်ပါတယ်။ Settings ထဲသွားပြီး ကလင်ဒါ တစ်ခုစီ အတွက် အရောင်ကို ပြောင်းလဲနိုင်ပြီး သက်ဆိုင်ရာ ကလင်ဒါ အလိုက် Event တစ်ခု မတိုင်မီမှာ ကြိုတင် အသိပေးဖို့ အချိန်ကာလကို သတ်မှတ် နိုင်ပါတယ်။



ခရီးသွားလျှင် Time Zone ကို အလိုအလျှောက် ပြောင်းလဲခိုင်းပါ။

Google Calendar Settings အောက်မှ General မှာ Use device’s time zone ကို On ပေးထားရင် သင်ခရီးသွားတဲ့ အခါမှာ ကလင်ဒါမှ အချိန်များက တည်နေရာပေါ် မူတည်ပြီး အလို အလျှောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3976

Read More »

Monday, July 27, 2015

ပွဲတွေ့ သွေးတိုးကျ ဆေးနည်း




ဒီဆေးနည်း တိုလေးက ကျွန်တော့ သင်္ဘောပေါ်က ပါကစ္စတန် သူကြီးရဲ့ မြောက်ပိုင်း ကုလား ရိုးရာ ဆေးနည်းပါ။

ရှင်းလွန်း လွယ်လွန်းလို့ ကျွန်တော်တောင် အထင်သေး မိသေးတယ်။

သူ့ အညွန်း အတိုင်း သောက်လိုက်တာ တစ်လ တိတိနေတော့ ဘယ်အချိန် တိုင်းတိုင်း ၁၃၅ ၈၅ ကနေ ၁၁၅ ၈၀ ကို ကျသွား ပါတယ်။ ကိုယ်တွေ့ပါ။

ဆေးနည်းတိုက လွယ်လွယ် ရှင်းရှင်လေးပါ။

၁။ သစ်ဂျပိုးခေါက် အမှုန့် -------> လ္ဘက်ရည်ဇွန်း တစ်စိပ်လောက်
၂။ ပျားရည် ---------> လ္ဘက်ရည်ဇွန်း တစ်ဇွန်း
၃။ သံပုရာရည်------> လ္ဘက်ရည်ဇွန်း တစ်ဇွန်း
၎။ ရေနွေး ----------> လ္ဘက်ရည်ခွက် သုံးပုံနှစ်ပုံ

အဲဒီ ပထမ သုံးမျိုးကို ရေနွေး ပူပူထဲကို ထည့်ဖျော်ပြီး ၅ မိနစ်လောက် နေရင်သောက် လိုက်ပါ။
မနက် မိုးလင်း မျက်နှာ သစ်ပြီး တာနဲ့ သောက်လိုက်တာ အကောင်းဆုံး ပါဘဲ။

နေ့တိုင်း မပျက် မကွက် သောက်ပြီး တစ်လ ကြာရင် သွေးပြန်ချိန်ကြည့်ပါ။ အံ့ဩ ဘို့ ကောင်းလောက်အောင် သွေးဖိအား ကျသွားတာ တွေ့ရ ပါလိမ့်မယ်။
သွေးတိုး ကျတဲ့ ဆေးတွေ စားလက်စ ဆိုရင်လဲ တွဲလို့ ရပါတယ်။ ကျွန်တော်ဆို သွေးကျဆေး စားရက်နဲ့ ဒီဆေးနည်းတိုကို သောက်တာပါ။
ခုသွေးကျဆေး မစားလဲ သွေးပေါင်ပြန် မတက်တော့ပါ။

အသေးစိတ် အတွေ့ အကြုံ မေးချင် ရင်တော့ ဒီနေရာ မက်ဆေ့ဘောက်မှာ မေးပါ မိတ်ဆွေ

Original link - https://www.facebook.com/myint.thein.351

Read More »

Wednesday, May 27, 2015

ကော်မရှင်မှ ထုတ်ပြန်သည့် မဲစာရင်းမှာ ကိုယ့်နာမည် ပါမပါ အွန်လိုင်းက စစ်မယ်




သင်၏ မြို့နယ် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်ပြီလား စစ်ဆေးပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင် စာရင်း ရရှိရန် ကြိုးပမ်း လျက် ရှိပါသည်။ သို့ရာတွင် ကွန်ပျူတာ စာရင်းသွင်း၍ မပြီး သေးသော မြို့နယ် များ၏ မဲဆန္ဒရှင် စာရင်းများကို ဤ အွန်လိုင်း စနစ်မှ ရှာဖွေ၍ မရနိုင် သေးပါ။ ထို့ကြောင့် ပထမ ဦးစွာ သင်၏ မြို့နယ်သည် စာရင်းတွင် ပါဝင်မှု ရှိ / မရှိ စစ်ဆေးပါ။

မပါဝင်သေး ပါက နောင် တစ်ချိန်တွင် ပြန်လည် စစ်ဆေးနိုင် ပါသည်။ မိမိမြို့နယ် မည်သည့် အချိန်တွင် ပါဝင်မည်ကို သိရှိ လိုပါက သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ ခွဲသို့ တိုက်ရိုက် ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

စစ်ဆေးလိုသူများ ဒီလင့်ကို https://checkvoterlist.uecmyanmar.org/ နှိပ်၍ သွားရောက်စစ်ဆေး နိုင်ပါသည်။



Original link - https://checkvoterlist.uecmyanmar.org/

Read More »

Facebook Messenger ကို Desktop တွင် အသုံးပြုနည်း နှစ်နည်း




Facebook က ပြီးခဲ့ တဲ့နှစ်မှာ Facebook Mobile App ကနေ Messenger ကို ခွဲထုတ် လိုက်ပါတယ်။ အခုလည်း Messenger.com ၀က်ဆိုက်ကို ပြုလုပ် aပးခြင်းဖြင့် Laptop နဲ့ Desktop Computer များမှာ Messenger ကို သီးခြား အသုံးပြု နိုင်အောင် ပြုလုပ်ပေး လိုက်ပါတယ်။ အခု ဆိုရင် Message ပေးပို့ ရယူဖို့ အတွက်ပဲ ဆိုရင်တော့ News Feed နဲ့ အခြား Facebook မှ အနှောင့် အယှက်များကို မြင်တွေ့ စရာ မလိုတော့ ပါဘူး။

www.messenger.com ကို သွားပြီး သင့် Facebook အကောင့်နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ရဲ့ ဒီဇိုင်းဟာ Messenger Mobile App နဲ့ ဆင်တူအောင် ပြုလုပ်ပေး ထားတဲ့ အတွက် အကျွမ်း တ၀င်ရှိနေ မှာပါ။ ဒါပေမယ့် ၀က်ဆိုက်မှာ ကော်လံ သုံးခု ပါတဲ့ Layout ကို အသုံးပြု ထားပါတယ်။ ဘယ်ဘက် မှာတော့ Settings Button , Message အသစ် တစ်ခုရေး သားဖို့ ခလုတ် တစ်ခုနဲ့ အတူ Conversations များကို ပြသပေး ထားပါတယ်။

အလယ်ကော်လံမှာ လက်ရှိ ဒါမှ မဟုတ် ရွေးချယ် ထားတဲ့ Conversation ကို ပြသပေး ထားပါတယ်။ Conversation မှာ သင်နဲ့ စကားပြော နေသူကို ညာဘက်မှာ ပြသပေး ထားပြီး အဲဒီ Conversation အတွက် Notifications တွေကို Mute လုပ်ဖို့ Check Box တစ်ခု ပါရှိပါတယ်။ Settings ထဲမှာ Notifications နဲ့ အသံ အားလုံးကို Disable လုပ်နိုင်ပါတယ်။ Message တစ်ခုကို ရေးသားရင် Mobile App မှာလိုပဲ Emoji, Stickers, Photos , Thumbs-Up တို့ကို ထည့်သွင်း နိုင်ပါတယ်။



Messenger အတွက် Browser Tab တစ်ခု မဖွင့်ချင်တဲ့ Mac User များအတွက် Messenger for Mac App ရှိပါတယ်။ အဲဒီ App ကို Facebook က ပြုလုပ်ပေး ထားတာ မဟုတ်ပါဘူး။ Open Source Project အနေနဲ့ Messenger ပရိသတ် တစ်ယောက်က ပြုလုပ်ပေး ထားတာပါ။ အဲဒီ App ကိုလည်း Facebook ရဲ့ Messenger Mobile App နဲ့ ဒီဇိုင်း ဆင်တူအောင် ပြုလုပ်ပေး ထားပါတယ်။

App ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်က Menu Bar ကနေ အသုံးပြုနိုင်တာပါ။ လိုအပ်ချက်နှစ်ခုက Notification နဲ့ Badges မပါရှိသေးတာပါ။ Developer ကတော့ မကြာမီ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Messenger for Mac App ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။

Messenger for Mac

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »