နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label လူပျောက်. Show all posts
Showing posts with label လူပျောက်. Show all posts

Saturday, January 23, 2016

ကျေးဇူးပြု၍ တွေ့လျှင် အကြောင်းကြားပေးပါ




ပျောက်ဆုံး နေသူအား တွေ့ရှိပါက သတင်းပေး ကူညီနိုင် ပါရန် ဖော်ပြခြင်း

ရန်ကုန်၊ ဇန်န၀ါရီ ၂၂

သင်္ဃန်းကျွန်းမြို့နယ်နေ ကိုလွင်ဖြိုးမှ ၎င်း၏ အစ်မဖြစ်သူ မဇင်နှင်းလွင်၊ (၂၈)နှစ်သည် ၁၇.၁.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် နေအိမ်မှ အောင်မင်္ဂလာ အဝေးပြေး ၀င်းသို့ ဧည့်သည် လိုက်ပို့ရာမှ ပြန်မလာ ပျောက်ဆုံး နေသဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ လူပျောက်ရေးဖွင့် တိုင်တန်း လာခဲ့ ပါသည်။



ထိုသို့ တိုင်တန်းချက် အရ သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ လူပျောက် အမှတ်စဉ် (၃/၂၀၁၆) ဖြင့် ရေးဖွင့်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ ရဲစခန်း များသို့ ပျောက်ဆုံး
သူ၏ မှတ်တမ်း ဓာတ်ပုံများ ပေးပို့ စုံစမ်း ဆောင်ရွက်လျက် ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေ သူမှာ ဓာတ်ပုံတွင် ဖော်ပြ ထားသူဖြစ်ကြောင်း သိရှိရပြီး ၎င်းပျောက်ဆုံး မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်း ရှာဖွေလျက်
ရှိရာတွင် အမြန်ဆုံး တွေ့ရှိနိုင်ရေး အတွက် ပြည်သူများမှ လည်း ၎င်းနှင့် ပတ်သက်သည့် သတင်း တစ်စုံတစ်ရာ ရရှိပါက အောက်ပါ ဖုန်းနံပါတ်များ
သို့ သတင်းပေး ဆက်သွယ် ကူညီနိုင်ပါရန် ဖော်ပြ အပ်ပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
  • အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး- ၀၁ ၈၆၁၀၆၈၂
  • သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၆၂၄၃၆
  • သင်္ဃန်းကျွန်းမြို့မရဲစခန်း - ၀၁ ၅၆၂၅၄၄

Yangon Police

Yangon Media Group

Originally published at - https://www.facebook.com/YangonMediaGroup/


Read More »

Wednesday, September 23, 2015

ကလေး ပျောက်ကြသလား ?




ကျေးဇူးပြု၍ Share ပေးပါ...

မိဘ အမှန်များဆီ အမြန်ဆုံး ပြန်ရောက် စေချင်ပါသည်..။

ပုံမှာပါတဲ့ ကလေးလေးကို.. အမျိုးသမီး တစ်ဦးက ရိုက်နှက် ခေါ်ဆောင်နေရာမှ.. ရပ်ကွက်သူ ရပ်ကွက်သား များက မေးမြန်း ရာမှ... ကလေးရဲ့ အမေ မဟုတ်မှန်း သိရပါတယ်...

ခေါ်ဆောင် လာတဲ့ အမျိုးသမီး ရဲ့ စကားများ ဟာလဲ ရှေ့နောက် မညီ ပြောနေ ပါတယ်..။

ကလေးက ယောက်ျားလေးပါ.. ခေါ်ဆောင်လာသူ အမျိုးသမီးကို သူ့ အမေ မဟုတ် ဘူးတော့ ကလေး ကပြောနိုင်ပါတယ်။

သားသားက ဘယ်မှာနေလဲမေးတော့ ရန်ကုန်မှာ လို့တော့ ပြောတတ်ပါတယ်...။ ခုရပ်ကွက် ရုံးမှာ မေးမြန်း နေပါတယ်...။

သင်္ကန်ကျွန်း စံပြဈေး နားမှာပါ...။

Original link - https://www.facebook.com/kkyaw.thiha?fref=photo

Read More »

Saturday, May 23, 2015

ကလေး ပျောက်နေ၍ ပြန်တွေ့ဖို့ အတွက် ဝိုင်းရှဲယ် ပေးကြပါ




မေမြို့ အောင်သုခ ရပ်ကွက် အ.မ.က (၉) မှ ပညာ သင်ကြား နေတဲ့ ၃ တန်း ကျောင်းသူလေး အသက် ၉ နှစ် အရွယ် မဝင်းအိမော် ဟာ ထမင်းစား ကျောင်းဆင်းချိန် နေ့လည် ၁၁ နာရီမှ ယခု အချိန်ထိ ပျောက်ဆုံးလျှက် ရှိကြောင်းပါ။

မိဘများ ဆရာမများ စိတ်ပူနေ ရပါသည်" တွေ့ရှိ သူများ အောက်ပါ ဖုန်းနံပါတ် များကို အကြောင်း ကြားပေး ကြပါရန် အကူအညီ တောင်းခံ အပ်ပါသည်။


ဖခင်ဦးစံရွှေ - ၀၉ ၂၅၈ ၄၀၅ ၇၉၃
ဆရာများ- ၀၉ ၇၉၈ ၈၇၄ ၈၅၃
- ၀၉ ၄၀၂ ၇၀၂ ၆၉၀
သို့ ဆက်သွယ်ပေး ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

Original link - http://newsyannaing.blogspot.com.au/2015/01/blog-post_21.html

Read More »

Sunday, March 15, 2015

လူပျောက် ကြော်ငြာ




ဤကလေး ပျောက်ဆုံးနေပါသဖြင့် ကူညီ၍ ရှာပေးကြပါရန် လေးစားစွာဖြင့် အကူ အညီ တောင်းခံ အပ်ပါသည်။

တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံ ပါသည်။

  • ၀၉၂၅ ၄၅၄ ၃၅၉၉
  • ၀၉၂၅ ၄၅၁ ၁၂၁၃
  • ၀၉၄၂ ၁၁၂ ၆၀၃၅

Read More »

Tuesday, November 18, 2014

လားရှိုးမြို့တွင် ၁၄ နှစ် အရွယ် (၈) တန်း ကျောင်းသူ ပျောက်ဆုံး



လားရှိုး ၊နိုဝင်ဘာ ၁၂။

လားရှိုးမြို့တွင် နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၅) နာရီ အချိန်ခန့်က အသက် (၁၄) နှစ် အရွယ် (၈) တန်းကျောင်း
သူ လေး တစ်ဦး တစ်ရပ်ကွက် အတွင်းရှိ ကျူရှင်ကျောင်း သွားတက် ရာမှ အိမ် ပြန်ရောက် မလာပဲ ပျောက်ဆုံး နေ
ကြောင်း ကာယကံ ရှင်မိဘဖြစ်သူကပြောကြားခဲ့သည်။

“စပြီးပျောက်တဲ့နေ့က တစ်ရပ်ထဲမှာရှိတဲ့ “စွမ်းအား”ဘော်ဒါဆောင်ကျူရှင်ကို သူ့အမေကိုယ်တိုင် လိုက်ပို့ပါတယ်၊
ကျူရှင်ဆင်းချိန် ကျော်လို့ ၅ နာရီ လောက် ထိ ပြန်မလာတာနဲ့ ဘော်ဒါဆောင် လိုက်မေးတော့ ဒီနေ့ ကျူရှင်မရှိလို့
အစောကြီး ပြန်လွှတ် လိုက်တယ်လို့ ဆရာမကြီးက ပြောပါတယ်၊ စိတ်ပူပြီး သူ့သူငယ်ချင်းတွေ၊ ရပ်ဝေးက ဆွေမျိုး
သားချင်းတွေဆီ ဆက်သွယ် မေးမြန်းတော့လည်း မလာဘူး လို့ပြောတယ်၊

အနီးနားပတ်ဝန်းကျင်ကို စုံစမ်းသိရတာက အိမ်ကိုပြန်တဲ့လမ်းမဟုတ်တဲ့ လားရှိုးဂေါက်ကွင်းသွားတဲ့ လမ်းကြားမှာ
တွေ့တဲ့ သူတစ်ယောက်က ပြောလို့ လိုက်ရှာတာလဲ မတွေ့ပါဘူး၊ ဘယ်မှ စုံစမ်းလို့ မရတော့ သက်ဆိုင်ရာ ရဲစခန်း၊
SB၊ လားရှိုးလူကုန်ကူးမှု တားဆီးရေးရုံးတွေကို ဓါတ်ပုံနဲ့ အတူအကြောင်းကြားထားပါတယ်၊

ကျွန်တော်တို့ မိသားစု စိုးရိမ်တာက တစ်ဘက်နိုင်ငံကို ရောင်းစား ခံရမှာ အရမ်းစိုးရိမ် သောက ဖြစ်နေတာပါ”ဟု
ပျောက်ဆုံးနေသူ မချစ်ဆုလွင်၏ ဖခင် ဦးကိုလေးက ပြောသည်။

အဆိုပါ ပျောက်ဆုံးလျှက် ရှိသော မချစ်ဆုလွင်သည် ညီကိုမောင်နှမ(၃)ဦးတွင် အငယ်ဆုံးသမီးဖြစ်ပြီး၊ လားရှိုးမြို့
ရပ်ကွက် (၁၀) နယ်မြေ (၄) ၌ နေထိုင်ကာ တစ်ရပ်ကွက် တည်းရှိ အမှတ် (၄) အထက်တန်း ကျောင်းမှ (၈) တန်း
ကျောင်းသူ တစ်ဦး ဖြစ်သည်။

“ကျွန်တော့ သမီးမှာ သူငယ်ချင်းလဲ သိပ်အများကြီး မရှိဘူး၊ ချစ်သူ ရည်းစားရှိတယ်လို့လဲ မကြားဘူး၊ အရပ်ထဲမှာ
လည်း အခုလိုလူပျောက်တဲ့ သတင်းတွေ မကြာခဏ ကြားနေရတော့ မသမာတဲ့ သူနဲ့ တွေ့ပြီးလိုက်သွားမှာ စိုးရိမ်
တယ်၊ သက်ဆိုင်ရာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ကူညီဆောင်ရွက်မှု ကိုလည်း များစွာ မျှော်လင့်ပါတယ်”ဟု ဖခင် ဖြစ်သူ
က ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်းရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့များအား အကြောင်းကြားထားပြီး ပူးပေါင်းဆောင်
ရွက်နေကြောင်း လားရှိုးလူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မနုဿ ဇေယျာ (လားရှိုး)
The Myanma Age News Agency by Htet Naung Naung
http://www.mmanewsagency.com/?p=9438

Read More »

Sunday, August 31, 2014

ကျေးဇူးပြု၍ Share ပေးပါ



မောင်နေလင်းအောင်

ကျေးဇူးပြု၍ Share ပေးပါ


တာမွေမြို့နယ် အမှတ် ၅၁ - ၆လွှာ - ၁၅၆ လမ်း နေ မောင်နေလင်းအောင် အဘ ဦးခင်မောင်ဦး သည် ဒီနေ့ နေ့လယ်
11:00am က အိမ်မှ ကျူ ရှင် သွားမယ်ဟု ထွက်သွားရာ မှ ပျောက်သွား ပါသဖြင့် တွေ့ရှိ သူများ အကြောင်းကြားပေး
ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။


ဆက်သွယ်ရန် ဖုန်းနံပါတ်
  • 0943057614
  • 09450011534

Read More »

Saturday, February 22, 2014

ကလေးတစ်ယောက် ကောက်ရ ထားသည်



၂ - ၂ - ၂၀၁၄ ( တနင်္ဂနွေနေ့) တွင် ဘားအံ - မော်လမြိုင် နံနက် ၁၀ နာရီအခေါက် ဆွဲသော
ကားပေါ်တွင် (၅ လ - ၆ လ) အရွယ်ရှိသော သားငယ်လေး တစ်ယောက် ကောက်ရထားပါ
သည်။

သားလေးက အဖေနဲ့ ပါလာပြီး အဖေဖြစ်သူက အမူးလွန်၍ ကားဆရာ များက ကလေးပါမှန်း
မသိဘဲ ကလေးအဖေအား သံလွင် တံတားလမ်းဆုံမှာ ချလိုက်ပြီး ကလေးက ကားပေါ်မှာ
ကျန်ခဲ့၍ ဦးစန်းဦးက ကောက်ယူခဲ့ပါသည်။


ကလေးစုံစမ်းရန်

ပြည်ထောင်စု တောင်ပြလမ်း သီရိဈေးရှေ့ (၂၀၁) ဂိတ်ထဲ ဘားအံမြို့

ကလေးအား စောင်ရှောက်ထားသော မိသားစုမှာ ဦးစန်ဦး + ဒေါ်မိမိ - မိသားစု

ကျေးဇူးပြု၍ Share ပေးကြပါခင်ဗျာ
Read More »

Friday, July 05, 2013

ကလေးနှစ်ဦးအား သွေးဆောင်ဖြားယောင်သွားခြင်း



4.7.2013 နေ့ ညနေ ၃:၃၀ နာရီခန့်တွင် မုံရွာမြို့နယ် ထန်းတော၊နန္ဒ၀န်ကျွန်းဆွယ် တွင်နေထိုင်သော
မမိုးမိုးထွေး အသက် (၁၄) နှစ် နှင့် မသန္တာအောင် အသက်(၁၅) နှစ် တို့အား အသက် (၂၁) ခန့် ရှိသော မစိုးစိုးမှ မိဘခွင့်ပြုချက်မရဘဲ သွေးဆောင် ဖျားယောင်း ခေါ်ဆောင်သွား ပါသဖြင့် ကလေးနှစ်ယောက်
၏ မိဘများမှ လူကုန်ကူးမှု အသွင်ဆောင်ပါသဖြင့် နန္ဒ၀န် ရပ်ကွပ်အမှတ် (၂) ရဲစခန်းတွင် တိုင်ကြားကာ
လိုက်လံ ရှာဖွေနေပါသည်။

တွေ့ရှိပါက အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ09-33222829
09-33221176

Myanmar News Now
Read More »

Tuesday, June 18, 2013

ကိုရင်ပျောက်နေပါတယ်တဲ့



ကိုရင်ပျောက်နေပါတယ်တဲ့.....SHAREပေးကြပါဦး

(ကိုယ်ချင်းစာတဲ့ အနေနဲ့ သူငယ်ချင်းတို့ ၀ိုင်းကူ ရှာပေးပါလို့ မေတ္တာရပ်ခံပါတယ်)

ပျောက်သွားတာ တစ်လလောက် ရှိတော့မယ်တဲ့... ယနေ့ အချိန်ထိ မည်သည့်အဆက်သွယ် သတင်းအစနမှမရရှိပါတဲ့။။

ဘွဲ့နာမည် = အရှင်က္ကန္ဒြာစရိယ
ခမည်းတော် = ဦးမောင်ဆိုင်(ခ) ဦးချစ်ငွေ
မယ်တော် = ဒေါ်ညွန့်မေ
နေရပ် = တာလောကြီး မြစ်ကြီးနား ကချင်ပြည်နယ်
စာသင်တိုက် = ကောလင်း ၀န်းသို စစ်ကိုင်းတိုင်း
ဒီကိုရင်လေးကိုတွေ့ရှိပါက ကျေးဇူးပြု၍ အမြန်ဆုံးအကြောင်းကြားပေးကြပါ ရန်လေစားစွာမေတ္တာ
ရပ်ခံပါသည်။

  • 074 -21841 (ဆုလေးနွယ်)
  • 075 50287 (ကောလင်းစာသင်တိုက်)
  • 0947604123 (ဒေါ်အေးမူ)
  • 0804396221 (လွမ်းဆောင်း)
  • 01646933 (လွမ်းလေး)

https://www.facebook.com/ZinYawNews

Credit to:လူထု မောင်ကာဠု
Read More »

Tuesday, April 23, 2013

လူပျောက်သတင်း ကူညီပေးကြပါ



ကူညီပေးကြပါ
ဓါတ်ပုံ ရှင်မိန်းကလေးသည်၁၈.၄.၂၀ ၁၃ ရက်နေ့တွင် ရန်ကုန်မှမှော်ဘီအပြန်တွင် ပျောက်ဆုံးနေ
ပါသည်။

ထို့ ကြောင့်တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

၎င်းမိန်းကလေးသည် ရန်ကုန် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်တွင်တက်ရောက်
နေသော ကျောင်းသူဖြစ်ပါသည် သူမ၏အမည်မှာ နော်မေသူသူဇော် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ရဲစခန်း၌သာလူပျောက်အမှုဖွင့်ထားနိုင်ပါသည် မည်သို့ဆောင်ရွက်ရမည်ကိုသိရှိပါ
က comment ရေး၍ အကြံပြုပေးကြပါ share ၍လည်းမိမိပတ်ဝန်းကျင်သိအောင်ကူညီပေးကြပါ။

၎င်းနှင့်အတူပါသွားသောဖုန်း 09421127018 မှာလည်းဆက်သွယ်၍ မရပါ။

သူမ၏ဖခင်မှာလည်းကျန်းမာရေးအခြေအနေမကောင်းပါသဖြင့်ဝင်ရောက်အကူအညီပေးကြပါ။

ဆက်သွယ်ရန် 09450041281 ရတာရှည်ကျေးရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

from We Fight We Win by Moethee Zun
Read More »

Sunday, January 06, 2013

လူပျောက်ကြော်ငြာ




Read More »

Wednesday, December 19, 2012

လူပျောက်ကြော်ငြာ




ပဲခူးတိုင်း ဝေါး မြို့နယ်နေ အဖ ဦးနေဝင်း အမိ ဒေါ်ခင်စန်းဝင်း တို၏ သမီးဖြစ်သူ မစုစုလှိုင် သည် မဲဆောက့်မှ ဘန်ကောက်သို့တက်သွားပြီး မိ များနှင့်အဆက်အသွယ်ပြတ်သွားပါသည်။

Read More »

Saturday, December 15, 2012

ကသာမြို့နယ်အတွင်း မိန်းမပျိုများအကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ




Read More »

Wednesday, July 25, 2012

ပျောက်ဆုံးနေသောမိန်းကလေး တွေ့ ရင် မိဘများထံ သတင်းပို့ ပါ




Read More »