နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Monday, December 15, 2014

ရိုးမြေကျ သီအိုရီ - မိုးစက်ဝိုင်



  • စာအုပ်အမည် : ရိုးမြေကျ သီအိုရီ
  • ရေးသားသူ : မိုးစက်ဝိုင်
  • ဖြန့်ချီရေး : ခုနှစ်စဉ်ကြယ် စာပေ
  • တန်ဘို : ၁၀၀ ကျပ်

▼ mediafire ▼

From : ဦးအာကာ(acme mobile)
www.ooarkar.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, December 14, 2014

မြန်မာစာအုပ်များ စုစည်းမှု




တောင်းဆိုထားတဲ့ အတိုင်း စာအုပ်များကို အမျိုးအစား အလိုက် စုစည်းပေး ထားတာပါ ၊ ယခု စုစည်းမှုကို
မိမိတို့ရဲ့ Blog / Website တွေမှာလည်း ပြန်ကူး တင်နိုင် ပါတယ်ခင်ဗျာ ၊ မိမိတို့ရဲ့ FB Page / Wall တွေမှာ
လည်း Share လုပ်နိုင်ပါတယ် ၊

မနေ.ကတင်ပေးသော လင့်ထက် ပို အဆင်ပြေ လွယ်ကူတဲ့ လင့်မှာ ပြောင်းတင်ပေး ထားပါတယ် အားလုံး
ပဲအဆင်ပြေကြပါစေဗျာ။

ကဗျာ စာအုပ် (၇၃)အုပ်
ကာတွန်း စာအုပ် (၁၂၇)အုပ်
ကျန်းမာရေး စာအုပ် (၃၆) အုပ်
ခရီးသွား စာအုပ် (၉) အုပ်
ဂီတဆိုင်ရာ စာအုပ် (၈) အုပ်
စကားပုံ စာအုပ် (၄) အုပ်
စာတမ်း (၁၃) အုပ်
စာပေဆိုင်ရာစာအုပ် (၄၅)
စီးပွားရေးဆိုင်ရာ စာအုပ် (၁၈)
စွယ်စုံကျမ်း (၁၉) အုပ်
ဒသနဆိုင်ရာ စာအုပ် (၁၂) အုပ်
နည်းပညာဆိုင်ရာ စာအုပ် (၂၃)အုပ်
နိုင်ငံရေး စာအုပ် (၁၄) အုပ်
ပညာရေး စာအုပ် (၁၀) အုပ်
ပန်းချီ ဆိုင်ရာစာအုပ် (၅) အုပ်
ပုံပြင် စာအုပ် (၁၄) အုပ်
ဗဟုသုတ ရဖွယ် စာအုပ် (၉၂) အုပ်
ဘာသာစကား ဆိုင်ရာ စာအုပ်(၂၄) အုပ်
ဘာသာရေး စာအုပ် (၁၄၉) အုပ်
ဘာသာပြန် စာအုပ်(၂၂၈) အုပ်
မှတ်တမ်း စာအုပ် (၃၁) အုပ်
ရုပ်ပြစာအုပ် (၅၅)အုပ်
သမိုင်း စာအုပ် (၁၀၄) အုပ်
သိုင်း စာအုပ် (၉၄)အုပ်
သုတေသန စာအုပ် (၁၉) အုပ်
သရော်စာ (၇) အုပ်
ဟာသ စာအုပ် (၅၆)အုပ်
အက်ဆေး စာအုပ် (၁၀၉) အုပ်
အထ္ထုပ္ပတ္တိ စာအုပ် (၁၀၁) အုပ်
အားကစား စာအုပ် (၅) အုပ်
ဥပဒေ စာအုပ် (၂၀) အုပ်
ဆောင်းပါး စာအုပ် (၂၀၉) အုပ်
ဗေဒင် စာအုပ် (၁၃) အုပ်
ပြဇာတ် (၉) အုပ်
ဝတ္တုတို စာအုပ် (၂၄၆) အုပ်
ဝတ္တုရှည် စာအုပ် (၁၀၉၂) အုပ်
ဝတ္တုလတ် (၃၄) အုပ်
နိုင်ငံရေး စာအုပ် (၃၉) အုပ်

Credit to ==> Myanmar E-books


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, October 14, 2014

ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ


ဆရာမ နာမည်က ' ဒေါ်သီတာဆွေ 'တပည့်လေး နာမည်က 'တက်တူ '

ကျောင်းစ ဖွင့်ဖွင့်ချင်းနေ့ မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှာ ရပ်ရင်း
အတန်းပိုင် ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသား
တစ်ခွန်းနဲ့ အစချီ လိုက်ပါတယ်။

တခြား ဆရာမတွေ လိုပါပဲ။

ဒေါ်သီတာဆွေ ဟာလည်း သူ့တပည့်လေး တွေကို စေ့စေ့ ကြည့်ရင်း
သူဟာ တပည့် တိုင်းကို အယုတ် အလတ် အမြတ် မရွေး ချစ်ခင် ပါ
တယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ဒေါ်သီတာဆွေ အနေနဲ့ တ
ပည့်တိုင်းကို အယုတ်အလတ် အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်
လှပါဘူး။

အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေး ထိုင်နေတဲ့ 'တက်တူ' ဆိုတဲ့ ကျောင်း
သားလေး တစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ် ကတည်းက တက်တူကို သတိထားမိ ခဲ့တယ်။ သည်ကလေးက အခြား ကလေး
တွေနဲ့ ရင်းရင်းနှီးနှီး ဆော့ ကစားလေ့ မရှိဘူး။ အဝတ်အစားတွေ ကလည်း ဖိုသီဖတ်သီ။ ရေလည်း ချိုးမှ ချိုးရဲ့
လား မသိ။ တက်တူကို ကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့ အခန်းထဲကို တက်တူ ရောက်လာတဲ့ အခါမှာတော့ ဒေါ်သီတာဆွေ အတော် စိတ်ပျက် နေတယ်။ အ
ဆင်ပြေ ချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်း စာအုပ်တွေကို စစ်ရတဲ့ အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက
အစိုင်အခဲကို ချေဖျက်ခွင့် ရသွားတယ်။ မင်နီ ထူထူကြီးနဲ့ ကြက်ခြေခတ် အကြီးကြီးတွေကို ထင်းထင်းကြီး ခြစ်
လို့ ရသွားတယ်လေ။ တက်တူရဲ့ လပတ်စာမေးပွဲ အဖြေလွှာမှာ ' ရှုံး ' ဆိုတဲ့ စာလုံးကြီးကို ရေးချလိုက်တာများ
အင်မတန် အားရကျေနပ်တဲ့ အမူ အရာနဲ့။


ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ ကျောင်းမှာ ကကလေးတွေရဲ့ နောက်ကြောင်း မှတ်တမ်းတွေကို ဆရာတွေက
မဖြစ်မနေ သုံးသပ် ကြရတယ်။ အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့ အခါ ဒေါ်သီတာဆွေဟာ
တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှ စစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှ စစ်တဲ့ တက်တူရဲ့နောက်ကြောင်း
ကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ် အဟောင်းသား ဖြစ်သွား ပါတော့တယ်။

တက်တူရဲ့ ပထမတန်း ဆရာမက ဒီလိုရေး ထားတယ်။

" မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ဖြစ်သည်။ ကျောင်းစာများကို သန့်ရှင်း
သပ်ရပ်စွာ ရေးမှတ်ဖြေဆို တတ်ပြီး ယဉ်ကျေးတဲ့ သူလည်း ဖြစ်သည်။ သူကား တစ်တန်းလုံးနှင့်လည်း သင့်
မြတ်သူ ဖြစ်သည် "

ဒုတိယတန်း ဆရာမ ကျပြန်တော့

" တက်တူသည် အလွန် ထူးချွန်သော ကျောင်းသား တစ်ယောက်ဖြစ်သည်။ သူ့ အတန်းဖော်များကလည်းသူ့ကို
အလွန် ချစ်ခင်ကြသည်။ သို့ရာတွင် သူ့ မိခင်မှာ နာတာရှည် ရောဂါကို သေလု မျောပါး ခံစားနေ ရသည် ဖြစ်ရာ
တက်တူမှာ စိတ်ထိခိုက်နေပုံရသည်။ တက်တူ အဖို့ အိမ်တွင်နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေ
လောက်ပေသည် "

တတိယတန်း ဆရာမကလည်း

" မိခင် တိမ်းပါး သွားခြင်းက တတ်တူ အတွက် ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါ လိမ့်မည်။သူက အရွယ်နှင့် မမျှ
အောင် သူ့ စိတ် သူထိန်းကာ ကျောင်းစာမှာရော၊ ပတ်ဝန်းကျင်နှင့်ပါ အဆင်ပြေအောင် အတက် နိုင်ဆုံးကြိုး
စားအားထုတ် ရှာသည်။ သူ့ဖခင် ကမူ သူ့ အပေါ်အလေးထားပုံ မရလှချေ။သူ့အတွက် ကျောင်းကတစ်ခုခု ပံ့
ပိုး မပေးနိုင်လျှင် တက်တူ၏ အနာဂတ် ထိခိုက်လာမည့် အလားအလာများ ရှိပေသည် "

စတုတ္ထတန်း ဆရာမ ကျပြန်တော့လည်း

" တက်တူကား တစ်ယောက်တည်း ငေးတိငေးငိုင်သာ နေတတ်လေသည်။ကျောင်းစာ ကိုလည်း စိတ်ဝင်စား
ပုံ မရပါ။ သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။ တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်အိပ်
ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့ အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာ တွေကို သဘောပေါက် သွားသ
လို သူ့ကိုယ် သူလည်း အတော် အရှက်ရ သွားတယ်။ ပိုဆိုးသွားတာက သီတင်းကျွတ် ကာလမှာ သူ့တပည့်
တွေ က လာ ကန်တော့ ကြတဲ့ အချိန်မှာပါ။ တပည့်လေးတွေဟာ စက္ကူ အရောင် လွင်လွင်လေးတွေ၊ ဖဲကြိုး
အရောင် လှလှလေးတွေ ထုပ်ပိုးချည်နှောင် ထားတဲ့ အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြ
တယ်။

တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။

ထုပ်ပိုး လာတာကိုက ဖရိုဖရဲနဲ့၊ ကုန်စုံဆိုင်မှာ ဆေးဝယ်ရင် ဆိုင်က ထုပ်ပေး တတ်မြဲ စက္ကူ အညို နဲ့ ထုပ်လာ
တာ။ အဟောင်းကို ပြန်သုံး ထားတော့ စက္ကူ ကလည်း တွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြား လက်ဆောင် လှလှလေးတွေ ကြားက တက်တူရဲ့ အထုပ် ကလေးကို ရင်နင့်နင့်
နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့် လိုက်ပါတယ်။ ဖွင့်လိုက်တဲ့ အခါ ဥဿဖရား လက်ကောက် လေးတစ်ခုနဲ့
ရေမွှေးပုလင်း အဟောင်းလေး တစ်လုံး ထွက်လာတာမို့ ကျောင်းသား တစ်ချို့ ရယ်လိုက်ကြတယ်။

ရယ်ဆို ဥဿဖရား လက်ကောက်လေးမှာက ဥဿဖရား အပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ အချို့နေရာ တွေမှာ
ကွက်တိ ကွက်ကျား ဖြစ်နေသလို ရေမွှေး ပုလင်း ထဲမှာလည်း ရေမွှေးက ဖင်ကပ်သာသာ လေးပုံ တစ်ပုံ
လောက်ပဲ ကျန်တော့ တာကိုး။

ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်လေးက လှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ်လိုက်ပြီး လက်
မှာချက်ချင်း ကောက်ဝတ် လိုက်တာမို့ ရယ်နေ သူတွေလည်း အရှိန်သပ် သွားတယ်။ လက်ကောက်လေးကို
ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့ ရေမွှေးလေး ကိုလည်း သူ့ လက်ကောက်ဝတ်မှာ ဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာ ခါတိုင်းလို အတန်းထဲက ချက်ချင်း မပြန်သေးဘဲ ခဏစောင့်နေ
တယ်။ လူရှင်းတော့ ဒေါ်သီတာဆွေ့ အနားကိုရောက်လာပြီး " ဆရာမရယ်...ဒီနေ့ ဆရာမဆီက ရတဲ့အနံ့က
သားမေမေရဲ့ ကိုယ်နံ့ အတိုင်းပါပဲဗျာ "လို့ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကို ပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။

ကျန်ရစ်သူ ဒေါ်သီတာဆွေ မှာတော့ မျက်ရည်တွေတွေ ကျလာရတဲ့ အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့ အထိပါပဲ။
အဲဒီနေ့ ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊ အဖတ်၊ အတွက်တွေ သင်ကြား ပို့ချနေတာများကို လုံးလုံး စွန့်
လွှတ် လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့ အလုပ်ကို စလုပ် ပါတော့တယ်။

ထို့အပြင် မောင်တက်တူ ကိုလည်း သေသေ ချာချာ ဂရုတစိုက် သင်ကြားပေး ပါတယ်။သင်ရင်းနဲ့ မောင်တက်
တူရဲ့ ဦးနှောက် ဟာလည်း သိသိ သာသာနိုးကြား လာတာကို ဒေါ်သီတာဆွေ တွေ့လာ ရတယ်။ ဆရာမ က
အားပေးလေ ၊တက်တူရဲ့ ဦးနှောက်က သွက်လတ်ထက်မြတ် လာလေပါပဲ။ စာသင်နှစ် ကုန်ဆုံးချိန် မှာတော့
တက်တူဟာ ဒေါ်သီတာဆွေ အတန်းရဲ့ အတော်ဆုံး ကလေးတွေထဲက တစ်ယောက်ဖြစ် လာပါတော့တယ်။

တပည့်တိုင်းကို အယုတ် အလတ် အမြတ်မရွေး ချစ်ခင် ပါတယ် ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသားဟာ ယခုဆို မု
သားမှန်း ပိုလို့တောင်သေချာလို့ သွားပါတယ်။ သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့ အချစ်ဆုံး တ
ပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက် တစ်နှစ် အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်း တံခါးအောက်ခြေမှာ တက်တူရဲ့ စာတိုလေး တစ်
စောင် ရောက်နေ တယ်။ စာတိုလေးထဲမှာတော့ ဆရာမဟာ သူ့ဘဝမှာ ကြုံခဲ့ဖူး သမျှ ဆရာ၊ ဆရာမတွေအား
လုံးအနက်မှာ အမြတ်ဆုံး ဆရာပါပဲ လို့ရေးထားပါတယ်။

နောက်ထပ် ခြောက်နှစ် အကြာ မှာလည်း ဒေါ်သီတာဆွေဟာ တက်တူဆီက စာလေး တစ်စောင် ရပြန်တယ်။
စာထဲမှာ သူဟာ အထက်တန်းကျောင်းပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့ကြောင်းနဲ့ သူ့ဘဝမှာ
ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာအမြတ်ဆုံးဆရာ ပါပဲ လို့ရေးထား
ပါတယ်။

နောက်ထပ်လေးနှစ် အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။ စာထဲမှာ ဘွဲ့ရတော့
မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာ စာတစ်စောင် ထပ်ရောက်လာပြန်တယ်။ သည်တစ်ကြိမ်မှာတော့
ပထမဘွဲ့ ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့ အကြောင်း ရေးထားတယ်။ ဒါ့အပြင် ဆရာမဒေါ်သီတာဆွေဟာ
သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံး ဆရာဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။

သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာ ထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။ "သက်ထွန်းဆက်"
MD တဲ့။ ( MD ဆိုတာ ဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။ တက်တူဆိုတာ သူ့ငယ်နာမည်ပဲဟာ။ ကျောင်းနာမည်က
သက်ထွန်းဆက် ပဲ။

ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင် ထပ်ရောက် လာပြန်တယ်။ တက်တူ ဆီကပါပဲ။ မိန်းကလေး
တစ်ယောက်နဲ့ လက်ထပ်တော့မယ့် အကြောင်းရေး ထားတာပါ။ သူ့ ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်
သွား ပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့ မိခင်အဖြစ် သူတို့ မင်္ဂလာဆောင်ကို ကြွရောက်ချီးမြှင့်ပေးမယ်
ဆိုရင် သိပ်ကောင်းမှာပဲတဲ့။ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့....တက်တူ ခေါ် ဒေါက်တာ သက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့် ခဲ့တာ အသေ အချာ
ပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ......ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက် ကျားဖြစ်နေတဲ့
လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ ဒါတင် ဘယ်ကမလဲ၊ တက်တူရင် ထဲမှာ တသသနဲ့ အမှတ် ရ
နေဆဲ သူ့ မိခင်ဆွတ်နေကျ ရေမွှေး အမျိုးအစား ကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့ အခါမှာတော့ ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမ ဒေါ်သီတာဆွေတို့ဟာ
တကယ့် သားအမိလို တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထား မိလိုက်ကြတယ်။

ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်း ဆရာမကို ခပ်တိုးတိုး ပြောတယ်။

" ကျေးဇူးကြီးလှပါတယ် ဆရာမရယ်......ကျွန်တော့်ကို ဆရာမ ယုံယုံ ကြည်ကြည် ရှိခဲ့တဲ့အတွက် ဆရာမကို
ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်....ကျွန်တော့်မှာ အစွမ်းအစ ရှိတယ်၊ ကြိုးစားရင် ဖြစ်နိုင်တယ်လို့ ခံစား
လာရအောင် လုပ်ပေးခဲ့တဲ့ အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ် ဆရာမရယ် "

မျက်ရည်တွေ ဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြော လိုက်ပါတယ်။

" မောင်တက်တူးရယ်...သားမှားနေပြီ.....ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူးကွယ်... သားက
သာ ဆရာမကို သင်ပေးခဲ့တာပါ...သာကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့ သင်ပေးခဲ့တာပါ
ကွယ်....

သားနဲ့ မဆုံရခင် တုန်းက ဆရာမ စာမသင် တတ်ခဲ့ဘူး သားရဲ့.........."

အတ္တကျော်

From : ဝင်းကမ္ဘာကျော် {Full Version & Free Download} by SaiKoThu

Read More »

Thursday, February 06, 2014

လူယုတ်မာ လက်ထဲမှ မိန်းကလေးကို ကယ်လိုက်တဲ့ လူလိမ်



ရုံးရှေ့ လ္ဘက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်နေစဉ် ကိုလင်းဇော်က ကောင်မလေး တစ်ယောက်နှင့်
မိတ်ဆက်ပေးသည်။

မောင်သက်ညီလေး သူ့ကိုမှတ်ထား ချောရတနာတဲ့။ အကို့ကောင်မလေးပဲ။ ချော သူကတော့
ကိုယ့်ညီလေးလို ခင်တဲ့ မောင်သက် မှတ်ထား နော်။ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အကို။

ကျွန်တော်ကပြုံးပြီး ခေါင်းညိတ်ပြ လိုက်ပါတယ်။ ကျွန်တော်က ကိုလင်းဇော်ကို မျက်လုံးပြူးကြည့်
လိုက်တော့ သူကမျက်စိတစ်ဖက်မှိတ်ပြပါတယ်။ ညနေရုံးဆင်းချိန်ရောက်တော့။ ကိုလင်း ခင်ဗျား
မှာ မိန်းမ ရှိရက်နဲ့  အဲဒါဘာလုပ်တာလဲ။

အဲဒါ မင်းပြောမှ သူသိမှာလေကွာ ညီလေးကလဲ။။

သူ့ ကို မပြောမိ စေနဲ့နော်။

ကျွန်တော် ဘာမှမပြောတော့။

ဒီလိုနဲ့ ၂ လလောက်အကြာ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး။

ကိုသက် ညီမကိုမှတ်မိလား။

သြော် မှတ်မိပါတယ် ထိုင်လေ။ ဘာသောက်မလဲ ။

ရပါတယ် တခုခုပေါ့။

ကျွန်တော်က အအေးတစ်ပုလင်း မှာပေး လိုက်ပါတယ်။

အကို့ကို ချောမေးစရာရှိလို့။

အင်းမေးလေ ဘာသိချင်လို့လဲ။

ဟိုလေ ကိုလင်း မှာ ချောအပြင် တစ်ခြား ကောင်မလေးတွေ ရှိလားဟင်။ ချောက ကိုလင်း ချစ်
သူဆိုပေမဲ့။ ကိုလင်းအကြောင်းကို ဘာမှသိပ် သိတာမဟုတ်ဘူး အကို။

မရှိပါဘူး ချောရဲ့ ဘာမှမစိုးရိမ်ပါနဲ့။ ချောက ကိုလင်းကို တကယ်ချစ်တာလား။

ဟုတ်ကဲ့လက်ထပ် ဖို့အထိရည်ရွယ် ထားပါတယ်။ ဘာဖြစ်လို့လဲအကို။

ဟာ ဘာမှမဖြစ်ပါဘူး ကောင်းပါတယ်။

ကျွန်တော်က ကိုလင်း စကားကြောင့် ချောကို လိမ်လိုက် ရပေမဲ့ လိပ်ပြာကတော့ မသန့်ချင်။
ခဏအကြာ ကိုလင်းရောက်လာပြီး။ ဘာတွေပြောနေကြတာလဲ။

ဘာမှမပြောပါဘူးဗျာ။

လာချောသွားကြမယ်။

ကိုလင်း ချော ကိုခေါ်ပြီးထွက်သွား ပါတော့တယ်။ နောက်တစ်ရက်မှာ ကျွန်တော်က။ ကိုလင်း
ကောင်မလေး ကို အပျော်တွဲနေတာလား။

ဘာလုပ်မှာလဲ။ ငါအခု အိမ်ခန်းရှာနေတယ်။ ပြီးရင် နီးရာတရားရုံး တစ်ခုခုမှာ လက်ထပ်မယ်။

ဟာဗျာခင်ဗျား ကတော့ မဟုတ်တာ လုပ်တော့မယ်။

ကျွန်တော် ကိုလင်းထွက်သွားတော့ စဉ်းစားနေလိုက်တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ကိုလင်းက။

မောင် သက်ညီလေး အကို့ မိန်းမနေမကောင်းလို့တဲ့ ဖုန်းလာတယ် ။နယ်ကို ခဏပြန်ရမယ်။
ချောလာရင်ကြည့်ပြောထား လိုက်ကွာ။ အကို ခွင့်တစ်ပတ် ယူသွားတယ်။

ဟုတ်ကဲ့အကို စိတ်ချပါ။

နောက် ၂ ရက်လောက်မှာ ချောရောက် လာပါတယ် ။

ထင်သားပဲ ကိုသက်ဒီမှာရှိမယ် ဆိုတာ။

အင်း ကျွန်တော်က ဒီဆိုင်မှာပဲ ထိုင်တယ်လေ။

ကျွန်တော်က ချောအတွက် အအေး တစ်ပုလင်းမှာပေး လိုက်ပြီး။

ချောကို ကျွန်တော်ပြောစရာရှိတယ် ကိုလင်းနဲ့ ပတ်သက်တယ်။

အင်းပြောလေ အကို။ ကိုလင်းခွင့်ယူ သွားတယ်။ သူ့ မိန်းမ ကလေးမွေးလို့။

ဟင် တကယ် သေချာလား ကိုသက ။

ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ချောမျက်ရည်ဝိုင်းလာပြီး မျက်ရည်ပေါက်တွေ ကျလာသည်။
ကျွန်တော်မျက်နှာလွှဲ နေလိုက်ပါတယ် ။ခဏနေမှ။ ဒါဆိုရင် ချော မနက်ဖြန် ဒီကိုလာ ကျွန်တော်
ခေါ်သွားမယ် ။ဒါပေမဲ့ ဟိုရောက်ရင် ဘာမှမပြောပါဘူးလို့ ဂတိပေးရမယ်။ ဘယ်လိုလဲ။

ချောကမျက်ရည်သုတ်လိုက်ပြီး။ ကောင်းပြီလေ ကိုသက် ချော သေချာအောင်လိုက်ကြည့်ချင်တယ်။

တော်ဝင် အထူကုဆေးခန်း သားဖွားမီးယပ်နှင့် အထွေထွေရောဂါကု ဆေးခန်းဆိုင်း ဘုတ်ကိုမြင်
တော့ ချောခြေလှမ်းတုံ့သွားသည်။

လာလေ ချော။ ကျွန်တော်က ခေါ်လိုက်သည်။ မွေးကင်းစကလေး တစ်ယောက်နှင့် အတူတူ
အိပ်နေသော အမျိုးသမီး တစ်ယောက်၏ ကုတင်ဘေးတွင် ရပ်လိုက်ပြီး ကျွန်တော်က နှုတ်
ဆက်လိုက်သည်။

အစ်မနေကောင်းလား။ ကလေးကဘာလေးလဲအစ်မ။

ကျွန်တော် စကားသံကြောင့်အစ်မက ထထိုင်ပြီး။

သြော်မောင်သက်ပါလား။ယောင်္ကျားလေးလေ။

ဒါနဲ့ ကိုလင်းကိုလဲ မမြင်ပါလား။ အမလေး မင်းအကို ကို တော့ ပြောမနေပါနဲ့။ မနက်ကတည်း
က ကလေး ပစ္စည်းလေးတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားလိုက်တာ မလာတော့ဘူး။ ညနေ
ထမင်းပို့ချိန် မှပဲလာတော့မယ် ထင်တယ်။ သူကဘယ်သူလေးလဲ မောင်သက် မင်းကောင်မ
လေးလား။

အစ်မစကားကြောင့် ချော မျက်နှာရဲသွားသည်။ ကျွန်တော် က ပျာပျာ သလဲ။ ဟာမဟုတ်ပါဘူး
အစ်မကလဲ ကျွန်တော့် သူငယ်ချင်းပါ။

အိုး ဆောရီးနော် ညီမလေး အမ မသိလို့ပါ။ အစ်မကတောင်းပန် စကားပြောတော့။

ချောကလည်း ရပါတယ် အစ်မရယ် မသိလို့ ပြောတာပဲ ။

ခဏကြာတော့ အစ်မကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်ထွက် လာပါတော့တယ်။ ချောကတော့
ကတ္တာလမ်းကို ငုံ့ကြည့်ယင်း တလှမ်းချင်းလှမ်းလျှက်။

ကိုသက် ကိုလင်းကို ပြောလိုက်ပါ။ ချောကိုလဲ လာမတွေ့ပါနဲ့ ချောအလုပ်ထဲ ကိုလဲ လုံးဝမလာ
ပါနဲ့။ ဒီလို လူယုတ်မာမျိုးကိုလဲ ချောက အရမ်းမုန်းတယ်လို့ ပြောပေးပါ။ ချောသွားတော့မယ်။

ချောမျက်နှာကို ကြည့်လိုက်တော့ မျက်ရည်နဲ့အတူ ဒေါသကြောင့် မျက်နှာက တင်းနေသည်။
ကျွန်တော် ခေါင်းညိတ်ပြ လိုက်ပါတယ်။ ချောကပြောပြီးတာနဲ့ ထွက်သွား ပါတော့တယ်။

ကျွန်တော် ကိုလင်း လက်ထဲကို စာတစ်စောင်ထည့် လိုက်ပါတယ်။

ဘာလဲကွမောင်သက်။

ဖတ်ကြည့်လေ ။ ကိုလင်းဇော် ကျွန်မ မိဘ သဘောတူတဲ့ သူနဲ့ လက်ထပ်တော့မယ် ကျွန်မကို
မေ့ လိုက်ပါတော့။ နှုတ်ဆက်ခဲ့ပါတယ်။

ချော ဘယ်လိုဖြစ်သွားတာလဲကွာ မင်းကိုရော ဘာပြောသွားသေးလဲ။

ဘာမှပြောမသွားဘူး သူ့နောက်မှာလဲ လူတစ်ယောက်ပါတယ် စာပေးပြီး ထွက်သွားတော့တာပဲ။

ဟား ဒီလောက်တောင်မြန် ရသလားကွာ။ အေးလေ ပြီးတော့လဲ ပြီးသွားတာပဲပေါ့။

ကိုလင်းဇော်က ပြောလဲပြော စာကိုဆုတ်ဖြဲပြီး ထွက်သွားပါတော့တယ်။ ကိုလင်းထွက်သွားတော့
ကျွန်တော် ကျေနပ်စွာပြုံးလိုက်ပါတယ် ။

ဒီစာကို ချောရေးတာမဟုတ်ပဲ ကျွန်တော်ရေးမှန်း ကိုလင်းသိလျှင် ကျွန်တော့်ကို လူလိမ်ဟုပြော
မှာ အသေအချာပင်။ ချော သွားတွေ့ သော ကလေး အမေသည်လည်း ကိုလင်း မိန်းမမဟုတ်ပဲ
ကျွန်တော့် အစ်မ ၀မ်းကွဲမှန်း ချောသိခဲ့လျှင်။ ကျွန်တော့်ကို လူလိမ်ဟု ပြောမှာ အသေအချာပင်။

ကျွန်တော်ကြိုတင် အကျိုး အကြောင်း ပြောပြပြီး အကူအညီတောင်းထား သောကြာင့်။ အစ်မက
လဲ မိန်းမချင်း ကိုယ်ချင်းစာသဖြင့် ကူညီခဲ့ခြင်းဖြစ်သည်။

မည်သို့ ပင်ဖြစ်စေ ကိုလင်းကဲ့သို လူယုတ်မာတစ်ယောက်၏ လက်မှ ရိုးသားသော။ မိန်းကလေး
တစ်ယောက် ရဲ့ဘ၀ကို ကယ်တင်ခွင့် ရလိုက် ခြင်းကိုပင် ကျွန်တော် ကျေနပ်မိပါသည်။

ထို့ကြောင့် ကျွန်တော့်အား လူလိမ်ဟု ထင်လျှင် ထင်ကြပါစေတော့။

From: ရိုးရာလေး
Read More »

Monday, June 03, 2013

ရှို့မီး ကမ္ဘာ့ အနိမ့်ပိုင်းသို့ လောင်ကျွမ်းသည်




၁။
ဦးတင်ထွန်းက အံဆွဲကို အသံမမြည်အောင် အသာဆွဲဖွင့် လိုက်ပြီးတော့ ထောင်တန်တွေ၊ ငါးရာတန် တွေ ကြားထဲက ထောင်တန်အသစ် စက်စက်တစ်အုပ်ကို ယူပြီး အင်္ကျီရင်ဘတ်ထဲ ထိုးထည့်လိုက်တယ်။
“သိများသွား လေမလား”ဆိုတဲ့အတွေးနဲ့ ထမင်းစားခန်းထဲကို ကြည့်လိုက်တော့ သူ့မိန်းမနဲ့ မယားပါသမီး အငယ်မက ထမင်းစားလို့။
“တော်သေးတာပေါ့” လို့ တွေးပြီး နေ့စဉ်ထုတ် သတင်းစာကို ကောက်ကိုင် လိုက်တယ်။ တကယ်တော့ သတင်းစာကိုသာ ဖတ်နေရတာ သူ့စိတ်က သတင်းစာ ထဲမှာ မရှိဘူး။ လုပ်လို့ကိုင်လို့ အစစ အရာရာ အဆင်မပြေ ဖြစ်နေတဲ့ သူ့ပွဲရုံ လုပ်ငန်း အကြောင်းကိုသာ တွေးနေမိတယ်။

ဒီနှစ်ကျမှပဲ စီးပွားရေး ကပ်ဆိုးကြီးက ဗြုန်းစားကြီး ကျလာတော့တယ်။ ခါတိုင်းနှစ်တွေ နှမ်းလှောင်လှောင်၊ ပဲလှောင်လှောင် တစ်တင်းကို နှစ်သောင်းရင်း နှစ်သောင်းမြတ် ပြီးသားပဲ။ ဒီနှစ်ကတော့ လှောင်နိုင်ရင် မြတ်တယ်ဆိုတဲ့ သူတို့လိုပွဲစားကြီးတွေ လှောင်နိုင်လေ ရှုံးလေဖြစ်ရတဲ့နှစ်ပဲ။
စီးပွားရေးက အဆင်မပြေပါဘူး ဆိုမှ အစ်မကလည်း နေမကောင်း ဖြစ်လာတယ်။ အစ်မကြီး အမိအရာ ဆိုတာတော့ သူ လက်ခံတယ်။
မိဘတွေ မရှိတော့ တဲ့နောက် ပိုင်း ဒီအစ်မသာ အမေ၊ ဒီအစ်မသာ အဖေ မဟုတ်လား။ သူ ငယ်ငယ် ကတည်းက ဒီအစ်မကပဲ ချေး၊ သေး သုတ်သင်ပြီး ထိန်းကျောင်း ချီပိုး ခဲ့တာ။ ဒီလို သူ့အပေါ် ပြုစု ယုယခဲ့တဲ့ အစ်မကိုမှ တစ်လှည့်ပြန်ပြီး မပေးကမ်း မစောင့်ရှောက်ရင် ဘယ်တရားပါ့မလဲလို့ သူ တွေးမိတယ်။

မိန်းမလုပ်တဲ့ သူကလည်း သူ့အမျိုးတွေဆို တိုက်ရှေ့က ဖြတ်သွားတာတောင် မကြိုက်ချင်ဘူး။ ပေးနိုးနိုး၊ ကမ်းနိုးနိုး ထင်နေတာ။
အဲဒီတော့ သူ့ခမျာ လုပ်ငန်း လည်ပတ်နေတဲ့ ငွေတွေထဲက စာရင်း ဖျောက်သင့် တာဖျောက်၊ ဈေးနှုန်း လျှော့သင့် တာလျှော့၊ ဈေးနှုန်း ပိုရေးသင့် တာရေးပြီး တစ်လကို တစ်သိန်း သူ့အစ်မကို ကြည့်ရှု စောင်မခဲ့တာ တစ်နှစ်နီး ပါးရှိပေါ့။

ပွဲရုံလုပ်ငန်းနဲ့ ပတ်သက် တဲ့ စာရင်း ဇယားကို လွယ်လွယ်ကူကူ တွက်ချက် လို့ရ ပေမဲ့ သူ့အစ်မပေးရမဲ့ ပိုက်ဆံ အတွက်ကျတော့ လကုန်ခါနီးလေ ဦးနှောက်စား လေပဲ။
ဒီလိုအလုပ် ဆိုတာက ပိုင်အောင်လုပ်မှ ခြေရာခံလို့မရမှာ မဟုတ်လား။ သိသွားပါမှဖြင့် သူ့မိန်းမနဲ့ မယားပါ သမီးတွေရဲ့ တံတွေး ကွက်မှာ ပက် လက်မျော ရချေရဲ့။

ရင်ဘတ်ထဲ ထည့်ထားတဲ့ ငွေတစ်သိန်းကို အသာ စမ်းကြည့်ပြီး ထမင်းဝိုင်းက ထလာတဲ့ သူ့မိန်းမကို “မိန်းမရေ ကိုကြီး ဈေးကွက်ကလေး ဘာလေး သိရအောင် ဈေး ကွက်ဖြန့် ချိရေးဘက် သွားလိုက်ဦးမယ်” လို့ ပြောပြီး သူ့အစ်မ အိမ်ဘက် ထွက်လာခဲ့တယ်။

၂။
မယဉ်မြ တစ်ယောက် အခုမှပဲ ဆုတောင်း ပြည့်တော့တယ်။
ဒီဟာကြီး အပြင်ကို တစ်နည်းနည်းနဲ့ ထွက်ပါစေ လို့ ဆုတောင်း နေရတာ။ အခုမှပဲ ဆုတောင်း ပြည့်တော့တယ်။ ဈေးကွက် စနည်းနာတာဆိုတော့ ကြာတော့ကြာမှာပဲ။ ကြာလေ ကောင်းလေပဲ။ အဲဒါမှ သူလိုနေတဲ့ငွေက ရမှာ။
သူလိုနေတဲ့ ငွေဆိုလို့ တကယ်တမ်း လိုတာက သူမဟုတ်ဘူး။ သူ့သမီး အကြီးမက လိုတာ။

မနေ့ ညနေက ပွဲရုံပိတ် ခါနီးတော့ အကြီးမ လာတယ်။
“အမေရယ် အလုပ်အကိုင် ကလည်း မဖြစ်ဘူး။ သမီး ယောက်ျားကလည်း အစွမ်းအစမရှိဘူး။ ပွဲရုံလေးကလည်း ဒီနေ့ဝယ်၊ ဒီနေ့ ရောင်းတာကိုပဲ ရှုံးရှုံးနေတော့ ရပ်ထားရတယ်။ လောလောဆယ် စားဖို့သောက်ဖို့နဲ့ ဆိုင်ခန်းငှားခပေးဖို့ တစ်သိန်းလောက် ပေးပါဦး” ဆိုပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ ပြန်သွားတာ။

သမီးတို့ မှာလည်း ညည်းမယ်ဆို ညည်းစရာ ပေါ့။ ပွဲရုံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံမှ မရှိတာရယ်။ မဖြစ် မနေမို့သာ ဖွင့်ပေးထားရတာ။ ဘာမှကို မသိဘူး။ အဲဒီလို မလုပ်လို့ကလည်း မရဘူးလေ။
သူနဲ့ အခုပေါင်းနေ တဲ့ ဦးတင်ထွန်းက ဒုတိယအိမ်ထောင် ဆိုတော့ သမီးတို့ရဲ့ ပထွေးပေါ့။ သမီးအပျိုကလေးတွေနဲ့ ပထွေးနဲ့ ဘယ်လိုမှ မသင့်တော်လို့ အကြီးမကို မြန်မြန် ယောက်ျားပေးစားပြီး ပွဲရုံကလေး ထလုပ်ပေးလိုက်တာ။
တကယ်တော့ ပွဲရုံကလေးက ဟန်ပြ သက်သက်ပါ။
ဒီလိုပဲ လကုန် ခါနီးပြီဆို အကြီးမက သူ့လုပ်ငန်း မကောင်းကြောင်း၊ သူ့ ယောက်ျား မကောင်းကြောင်းတွေပြောပြီး ငွေတစ်သိန်းပေးဖို့ လာလာပြီး သတိပေးသလို လုပ်တတ်တာ ခု သူတို့တောင် သမီးဦးလေး ရနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့တော့ ကိုယ့်သမီးကို ပေးရမှာပဲလေ။
အရေးကြီးတာက ဟိုပထွေးလုပ်တဲ့ ဦးတင်ထွန်းကြီး မသိဖို့ဘဲ မဟုတ်လား။

ဦးတင်ထွန်းထားခဲ့တဲ့ ကောင်တာ စားပွဲပေါ်က သော့တွဲလေးကို ကောက်ကိုင်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်။ လက်ကား စာရင်းထဲက တစ်ထောင်တန် အသစ်တွေချည်း သပ်သပ် စည်းထားတဲ့ တစ်သိန်းထုပ်ကလေးကို အပေါ်အင်္ကျီ ဘေးကပ်ထဲ ထည့်လိုက်တယ်။
အံဆွဲသော့ ကလေးကို စားပွဲပေါ် ပြန်တင်ထားတုန်းပဲ ရှိသေးတယ်။ ဗြုန်းဆို အပြင်က ပြန်လာတဲ့ ဦးတင်ထွန်းရဲ့ မော်တော်ဆိုင်ကယ်သံကြောင့် လန့်သွားရတယ်။
“ကံသီပေလို့ တာပေါ့” လို့ တွေးရင်း ကောင်တာ စားပွဲနားကနေခွာပြီး အိမ်အပေါ်ထပ် တက်ခဲ့လိုက်တယ်။

၃။
“ကျွိ... ၀ုန်း” ဆိုတဲ့ တံခါးကို ဆွဲဖွင့်လိုက်တဲ့ အသံကြားတော့ မြမြသက်ဖြင့် လန့်သွားတာပဲ။ မေမေများ သိသွားပြီ လားလို့။ ခပ်တည်တည်နဲ့ မီးခံသေတ္တာနားကခွာပြီး စာကြည့်စားပွဲမှာ ပြန်ထိုင်နေလိုက်တယ်။

မေမေက လှေကားက တက်လာပြီး သူတို့အခန်းထဲ တန်းဝင် သွားတာပဲ။ အဲဒီတော့မှ မီးခံသေတ္တာ သော့လေးကို နေသားတကျပြန်ထားလိုက်ရတယ်။ အခုရက်ထဲ အမေ့ကိုကြည့်ရတာ ဘာကို အလိုမကျ ဖြစ်နေမှန်းကို မသိဘူး။

မနေ့ညနေ မမပြန်သွား ကတည်းက မျက်နှာ မကောင်းဖြစ်ပြီးတော့ အခန်း အောင်းနေတာ။ မေမေရယ် မေမေ့ ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေ ပူပန်နေရ တယ်ဆိုတာ သမီးမေးချင် ကူညီချင်ပေမဲ့ သမီး ရင်ထဲမှာ မေမေ့ထက်မနည်းတဲ့ ဝေဒနာတွေ ခံစားနေရတယ် မေမေ။

သမီးကို မောင်က သိပ်ချစ်တာ။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ကျူရှင်မှာပဲဖြစ်ဖြစ် မြလေး၊ မြလေးနဲ့ တစ်မြလေးတည်း မြလေးနေတာ။ ခဲတံချွန်တာကအစ အချဉ်ထုပ် ၀ယ်ပေးတာ အဆုံး အကုန်လုံး မောင်က တာဝန်ယူပေးတာ။

ဟိုနေ့ကတော့ ကျူရှင် မှာ မောင့်မျက်နှာမကောင်း ဘူး မေမေ။ သမီးလည်း မောင့်မျက်နှာ မရွှင်ရင် ဘယ်လိုမှနေလို့ထိုင်လို့မရဘူး။
မောင့်ဆီက သမီးသိချင်တာ သိလိုက်ရတော့ မောင့်ကို အရမ်းသနားသွားတယ် မေမေ။
လာမဲ့ စနေနေ့ မောင့်မွေးနေ့တဲ့ မေမေ။
အဲဒါမောင့်မှာ လှလှပပ ၀တ်စရာ အ၀တ်အစား တစ်စုံဖိုးလောက် အသည်းအသန် လိုနေတာ တဲ့။ အ၀တ်အစားတစ်စုံ ဘယ်လောက်ရှိမှာလဲ မေမေရယ်။ အလွန်ဆုံး တစ်သိန်းဆို လှလှပပရှိမှာပေါ့။ သမီးမောင့်ကို ကတိပေးလိုက်တယ်။

“မောင်ရယ် အဲဒီငွေကလေးလောက်ကတော့ မြလေး တာဝန်ထားပါ” လို့။ မောင့်မျက်နှာလေး ၀င်း ထိန်သွားလိုက်ပုံများ မေမေ့ကို ပြချင်တယ်။ မေမေ့ ယောက်ျားကြီး မျက်နှာနဲ့များ ကွာပါ့။
ဟော ဒီကတွေးလို့ ကောင်းတုန်း အိမ်က အလုပ်သမားက အပေါ်တက်လာပြန်ပြီ။

ခြေသံက ပြင်းပြင်း၊ လူပုံက မည်းမည်း တုတ်တုတ် နဲ့ တကယ့်ကူလီသမားပုံပေါက်ပါ့။ သူ့မျက်နှာမြင်ရတာ ကျက်သရေမရှိဘူး။
ပိုက်ဆံထုပ်ကလေး လွယ်အိတ်ထဲထည့်ပြီး အပြင်ထွက်လာခဲ့တယ်။ ဒီအချိန်လောက်ဆို မောင် မျှော်နေရောပေါ့။

၎။
အောင်နိုင်တစ်ယောက် တော်တော်ကို မောဟိုက်နေပြီ။ တဒီးဒီးကျနေတဲ့ နဖူးက ချွေးတွေက ကြမ်းပေါ် တစ်စက်စက်။
ဘယ်လိုမှ ကျင့်သား မရသေးတဲ့ ပခုံးထမ်း ခေါင်းရွက်အလုပ်ကို လုပ်ရတာ ရွာမှာ တောင်သူ လုပ်ရတာထက် ပင်ပန်းတယ်။
ပင်ပန်းတယ်ဆိုပြီးတော့လည်း မနားရဲဘူး။ အလုပ်က ဒီနေ့မှ စဆင်းတာ ဆိုတော့ လက်ကြောမတင်းဘူး ထင်သွားရင်ဒုက္ခ။

အောက်ထပ်ကနေ အပေါ်ရောက်အောင် တက်လိုက်ရတဲ့ လှေကားထစ်ကချည်း ဆယ့်ကိုးထစ်ကြီးများတောင်ရှိတယ်။
အောင်နိုင် ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲကလို မတ်တတ်ရပ်ပြီး လိုက်လို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆန်အိတ်ကလေးထမ်းပြီး မတ်တတ် ရပ်လိုက်နေရုံပေါ့။
အခုတော့ ဆန်အိတ်က လေးပါတယ်ဆိုမှ ဒူးကပါ မခိုင်ချင်တော့ဘူး။ ထမ်းတက်လိုက် ရတာ ဖတ်ဖတ် ကို မောလို့။ ဒါကြောင့်လည်း အရင် အလုပ်သမားတွေ မမြဲတာ ဖြစ်ရမယ်။
ထမင်းစားတာ တောင် ဆယ်မိနစ်နဲ့ အပြီးစား တဲ့။ ဘာတတ်နိုင်မှာလဲ သူ့ ဆန်စား ရဲရတော့မှာပေါ့။
ရွာမှာထက်စာရင် ဒီမှာက မြွေ မကြောက်ရဘူး မဟုတ်လား။ ပခုံးပေါ်က ဆန်အိတ်ကို ချပြီး အောင်နိုင် အောက်ပြန်ဆင်းလာခဲ့တယ်။

ပွဲရုံ ပိုင်ရှင် ဦးတင်ထွန်းကြီးက ပိုက်ဆံထည့်တဲ့ ဆာလာအိတ် ကြီးမပြီး အပေါ်ထပ်တက် သွားလေရဲ့။
သူတို့များ ချမ်းသာလိုက်သမှ ပိုက်ဆံကို ဆာလာအိတ် နဲ့တောင် ထည့်ယူရ တယ်။

အောင်နိုင်တစ်ယောက် အောက်ထပ်ရောက်လို့ ရေတစ်ခွက်သောက်ပြီး ချွေး တိတ်အောင် ထိုင်နေတုန်းပဲရှိ သေးတယ်။ အိမ်အပေါ်ထပ်ကနေ လှေကားအတိုင်း ပြေးဆင်းလာတဲ့ ခြေသံကြားရတယ်။
“မယဉ်မြ၊ မယဉ်မြ၊ မယဉ်မြရောဟေ့”
ဦးတင်ထွန်းရဲ့ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့ အသံကြီးက ပွဲရုံတစ်ခုလုံးကို ခါယမ်း ပစ်လိုက်သလိုပဲ။ အောင်နိုင့်ရင်ထဲ အထိတ်ထိတ်အလန့်လန့်နဲ့ ဖြေမိဖြေရာ ဖြေချပစ်လိုက်တယ်။
“ကျွန်တော် မတွေ့မိဘူးဗျ”
အောင်နိုင့်ရဲ့ ဖြေသံနောက်က မယဉ်မြရဲ့ အိပ်ချင်မူးတူးအသံကြီးက ကပ်ပါလာတယ်။

“ဘာဖြစ်တာတုံး ကိုကြီးရဲ့”
“ဘာဖြစ်ရမလဲဟ မီးခံသေတ္တာထဲမှာ ငွေနှစ်သိန်း ကွာနေတယ်”

မယဉ်မြက ကွက်ခနဲ ပျက်သွားတဲ့မျက်နှာကို အချိန်မီပြင်လိုက်ရင်း-
“တော့ အောက်အံဆွဲထဲက ပိုက်ဆံတွေရော အကုန်ပါလို့လား”
“ပါတာပေါ့ဟ၊ အောက်ကငွေရော အပေါ်ကငွေရော ပေါင်းတဲ့အထဲကမှ နှစ်သိန်းအတိ လျော့နေတာ”

ဦးတင်ထွန်းရဲ့စကားလည်းဆုံးရော မယဉ်မြက ပွနေတဲ့ဆံပင်ကို လက်နဲ့သပ်သပ်ချရင်း အပြင်က ပြန်ရောက်လာတဲ့ သူ့သမီး အငယ်မကို ဖြစ်ကြောင်း ကုန်စင်ရှင်းပြနေတယ်။ သမီးအငယ်မက ကြွက်ပုပ်နံ့ရတဲ့ မျက်နှာမျိုးနဲ့ ရှုံ့မဲ့ပြီး နားထောင်နေတယ်။
“ဒီမှာလည်း ဒီလူတွေပဲရှိတာ၊ တော်ရော ဘာသုံးသေးလဲ”
မယဉ်မြက ရန်သူ့စခန်း ကို အပိုင်စီးမိ ထားသလို လေသံမျိုးနဲ့ ဦးတင်ထွန်းကိုမေးတယ်။

“ဟ ငါက စာရင်းဇယားနဲ့ လုပ်တဲ့ကောင်ဟ၊ သုံးရင်လည်း လုပ်ငန်းအတွက် သုံးတာပဲရှိတယ်”
ဦးတင်ထွန်းက ပြောပြောဆိုဆို ကောင်တာစားပွဲမှာ ၀င်ထိုင်လိုက်တယ်။

“သမီးကလည်း ကျောင်းစာတစ်ဖက်နဲ့ဆိုတော့ မေမေတို့ကို မကူညီနိုင်ဘူး။ သမီး မကူညီနိုင်လို့ ဒီလိုဖြစ်ရတာ”
မြမြသက်က အကယ်ဒမီမှန်းထားတဲ့ မင်းသမီး တစ်ယောက်ရဲ့ အမူအရာနဲ့ သူ့အမေကို လေချိုသွေးတယ်။
အောင်နိုင်ကတော့ အကောင်းနဲ့ အညံ့ရောထားတဲ့ နှမ်းပုံကြီးပေါ်မှာ တွေတွေကြီးရပ်လို့။

ဦးတင်ထွန်း စဉ်းစားမိတယ်။ တကယ်တမ်း ကွာတာက သုံးသိန်း။ သူ့အစ်မကို ပေးတဲ့ တစ်သိန်းအပြင် နှစ်သိန်းအလို ပြနေသေးတယ်။ ဒါ ဘယ်သူ့လက်ချက်လဲ။ အလုပ်အကိုင်က မကောင်းရတဲ့အထဲ။
ဦးတင်ထွန်း သူ့အတွေးနဲ့သူ သက်ပြင်းကြီးချလိုက်ရင်း မယဉ်မြနဲ့ မြမြသက်ကို ကောင်တာဆီ လာဖို့ လက်ဟန် ခြေဟန်နဲ့ ခေါ်လိုက်တယ်။
ပြီးတော့ ဦးတင်ထွန်းက မေးခွန်းထုတ်လိုက်၊ မယဉ်မြတို့ သားအမိက ဖြေလိုက်နဲ့ ဆွေးနွေးပွဲက နာရီဝက်လောက်ကြာသွားတယ်။

နောက်ဆုံး ဦးတင်ထွန်းက ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်သလိုမျိုးနဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
မယဉ်မြနဲ့ မြမြသက်ကတော့ ကျောက်ချထားတဲ့သင်္ဘောနှစ်စင်းလို ကောင်တာစားပွဲ ဘေးမှာ တွေတွေဝေေ၀ ရပ်နေကြလို့။

သိပ်မကြာလိုက်တဲ့ အချိန်ကလေး အတွင်းမှာပဲ ပွဲရုံရှေ့ကို ယူနီဖောင်းဝတ်နဲ့ လူတချို့ ရောက်လာကြတယ်။

ဦးတင်ထွန်းက ထိုင်နေရာကနေ ပျာပျာသလဲ ထလိုက်ပြီး နှမ်းပုံကြီးပေါ်ကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

“အောင်နိုင်ဆိုတာ သူပဲ”

(၂၀၁၃ ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း http://www.shweamyutay.com မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ဖြစ်ပါတယ်)

from The Irrawaddy's Blog by zarny win
Read More »

Monday, May 20, 2013

သော့ခတ်ထားသော သစ်ပင်



အစ
ညနေ ငါးနာရီခန့် ရှိပြီ။ ရုံးခွဲ တစ်ခုကို စစ်ဆေးပြီး အပြန် တစ်ယောက်တည်း ကားမောင်းပြီး ပြန်လာစဉ် သူ့ကို စတွေ့ခဲ့သည်။

မြို့ပြင် ဖြစ်သဖြင့် ကားကို အရှိန်ဖြင့် မောင်းလာခဲ့ရာ ရှေ့က ကားက ဗြုန်းခနဲ ရပ်လိုက်သောကြောင့် ကျွန်တော့် ကားကိုလည်း ကမန်းကတန်း ရပ်လိုက်ရသည်။ စိတ်ဆိုးမာန် ဆိုးဖြင့် ကားတံခါး ဖွင့်ပြီး ဆင်းလိုက်တော့မည် အလုပ် ရှေ့ကား ရှေ့ခန်းမှ အမျိုးသမီး တစ်ယောက် ကားတံခါး ဖွင့်ဆင်းလာသည်ကို မြင်လိုက် ရသည်။ ဆက်မဆင်း တော့ဘဲ ကားပေါ်မှာ ဆက်ထိုင်ပြီး ဘာဖြစ်လာမလဲဟု စောင့်ကြည့် နေလိုက်သည်။

အမျိုးသမီးကဒေါနှင့် မောနှင့် ကားပေါ်က လူကို ပြောနေသည်။ ဘာပြော နေမှန်းတော့ မသိ။ အတော် စိတ်ဆိုး နေသည်ကိုတော့ မှန်းလို့ ရသည်။ ထိုစဉ်နောက်ခန်း တံခါးပွင့်လာပြီး လူငယ်တစ်ယောက် ဆင်းလာသည်။ အမျိုးသမီး လက်ကို ဆွဲတော့မလို လုပ်တော့ အမျိုးသမီးက လက်ဆွဲအိတ်နှင့် ပြန်ရိုက် မည့် ဟန်ပြင်သည်။
အာဂ သတ္တိပဲ။ ရှေ့ခန်းက ကောင်လေးတစ်ယောက် ထပ်ဆင်းလာပြန်သည်။ ပွဲက ကြည့်ကောင်းမည် မဟုတ်တော့။ ကားကို ဟွန်း အဆက်မပြတ် တီးလိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။

ကောင်လေးတွေ ကျွန်တော့်ကို ခေတ္တ အကဲ ခတ်ပြီး ကားပေါ် ပြန်တက် သွားသည်။ ချက်ချင်းပင် ကားကို မောင်းထွက်သွားကြ သည်။ အမျိုးသမီးက ဒေါသဖြင့် ပြောဆို ကျန်ရစ်သည်။ ကျွန်တော် သူ့အနားသို့ ဆက်သွားလိုက်သည်။ အနီးရောက်တော့မှ သူတော်တော် ချောသည်ကို သိလိုက်သည်။ ငယ်လည်းငယ်သေး သည်။ ဂျင်းဘောင်းဘီ အပြာ နှင့် တီရှပ်အဖြူကို ၀တ်ထား သဖြင့် လှပသော ရုပ်ရည်နှင့် လိုက်ဖက်သော ကိုယ်လုံး အလှကိုပါ သတိထားမိသည်။

“ဘာဖြစ်တာလဲ ဘယ် သူတွေလဲလို့ မမေးတော့ဘူး။ အစ်ကို ဘာအကူအညီ ပေး ရမလဲ”
သူဘာမျှပြန်မပြော။ ကျွန်တော့်ကို ပြန်ကြည့်သည်။

“ဒီနေရာက မှောင်သွားရင် မကောင်းဘူး။ တက္ကစီ လည်း အလာကျဲမယ် ထင်တယ်”
ကောင်မလေး ဘာမျှ ပြန်မပြောပါ။ ကျွန်တော့်ကို တော်တော်ကြာကြာ ကြည့် ပြီးမှ-
“ဟုတ်တယ်”

တစ်ခွန်းပဲပြောပြီး လမ်းပေါ်ကို ငေးကြည့်နေသည်။ ပြီးတော့ စိတ်ရှုပ် ဟန်ဖြင့် သက်ပြင်းမှုတ်ထုတ် သည်။ ပြီးတော့ “ကောင်စုတ်တွေ” ဟု ရေရွတ်လိုက် ပြန်သည်။ သူ့ကိုကြည့်ပြီး ရယ်ချင်နေသည်။
“ညီမ ယုံကြည်မယ် ဆိုရင် အစ်ကို့ကားနဲ့ လိုက်ပို့ ပေးပါမယ်”

သူ ကျွန်တော့ကို နောက်တစ်ကြိမ် အကဲခတ် သလိုကြည့်ပြန်သည်။ ပြီးတော့ ခေါင်းညိတ်ပြီး-
“ဒါဆိုလည်း ပို့ပေးလေ”

သို့ဖြင့် ကျွန်တော်တို့ စတင် သိကျွမ်းသွားကြ သည်။ သူ့နာမည်က မိုးပွင့်၊ English Major ဖြင့် ကျောင်း တက်နေဆဲ။ တစ်ဦးတည်းသော သမီး။ အဲသည်နေ့က ကျွန်တော်က ကော်လာလည် ခေါင်းတုံး၊ ယောလုံချည် အနက် ရုံးတက် ၀တ်စုံနှင့် ဖြစ်သဖြင့် ယုံကြည်ရမည့်သူဟု ထင်ကြောင်း၊ ထို့ကြောင့် လိုက်ပို့ခိုင်းခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် ပြောပါသည်။

ထိုနေ့က သူအိမ်ကို တန်းမပြန်ဘဲ ကျွန်တော် ဒကာခံသဖြင့် Coffee Circle တွင် ခဏ ၀င်ထိုင်ကြပြီး စကား ပြောဖြစ်ခဲ့ပါသည်။ သူ့ အကြောင်း ကိုယ့်အကြောင်း မိတ်ဆက် ပြောကြသည်ပဲပေါ။ Hand Phoneနံပါတ် တွေလည်း အပြန်အလှန်ပေး ဖြစ်ခဲ့ပါသည်။

အဲသည် ညက အိမ်ပြန် ရောက်ပြီးနောက် ရက်ပေါင်း များစွာ သူ့မျက်နှာကလေးက ကျွန်တော့် မျက်စိထဲမှ မထွက်။ ရင်ဘတ်ထဲ အထိ မရောက်ပါစေနှင့်ဟု ကျိတ်ဆုတောင်းမိပါသည်။ ၀င်းဝါ နုညက်နေသည့် အသား အရေ၊ ကြည်လင်သော မျက်ဝန်းများ၊ ဖူးဖူးပြည့်ပြည့် နှုတ်ခမ်း၊ ချစ်မက်စဖွယ် လှုပ်ရှား မှုများ၊ အားလုံးကို ကျွန်တော် အချိန်တိုင်းလိုလို သတိတရ ဖြစ်နေရသည်။ သူ့ကိုထပ်ပြီး တွေ့ချင်နေသည်။ ဒါသည် အချစ်များလား။ မဖြစ်ပါစေ နှင့်။ ပူလောင်လွန်းသော ခံစားချက်များကို ကျွန်တော် မခံစားလိုပါ။ သို့သော် သူ့ကို တွေ့ချင်စိတ်က တားမရ။ သည်တော့...
“မိုးပွင့်။ ကိုယ်ပါ စိုးအောင်ပါ။ ခုဘာလုပ်နေလဲ၊ အားနေလား”

“ဟယ်- အစ်ကို ထင်တောင် မထင်ဘူး။ ထူးထူး ဆန်းဆန်း”

“ဟုတ်တယ် အစ်ကိုလည်း မိုးပွင့်ကို သတိရနေလို့ ဆက်လိုက်တာ”

“တကယ်”
“ဟုတ်တယ် တကယ်၊ အားရင် အပြင်ထွက် တစ်ခုခု သွားစားရအောင်”

“တကယ်”
“တကယ် ၊ တကယ် လုပ်မနေနဲ့။ အစ်ကို အခု ထွက်လာခဲ့မယ်။ အရင်တစ် ခါ မိုးပွင့် ဆင်းတဲ့နေရာက စောင့်နေ”

“ဟုတ်”
အဲသည်ညက ကျွန်တော်တို့ အချိန်ကြာကြာ စကား ပြောဖြစ်ကြသည်။ KOSY ကို ရောက်လို့ ကားပေါ်မှဆင်း လိုက်တော့ သူက-
“ဟယ် ဒီလိုဆိုတော့ အစ်ကိုက အလန်းစားပဲ။ ဟို တစ်ခါတုန်းကတော့ တကယ့် လူကြီးမင်း ပုံစံ”

“ရုံးအားရက်တွေမှာတော့ ဒီလိုပဲ ပေါ့ပေါ့ပါးပါး ၀တ်ပါတယ်။ ရုံးမှာကျတော့ လူကြီးတွေနဲ့ တွေ့နေရတာ ဆိုတော့ လည်ခေါင်းတုံးနဲ့ ပေါ့”

စားရင်းသောက်ရင်း စကားပြောကြရင်းနှင့် သူ့နှင် ပို၍ ရင်းနှီးလာသလို ခံစား မိသည်။ သူ့မိသားစုအကြောင်း၊ ကျောင်းမှာ တစ်နေ့တာ ဖြစ်ခဲ့သည်များ၊ စသည်၊ စသည်ဖြင့် ဟို ရောက်ဒီရောက် ပြောရင်းမှာပင်၊ သူ့မျက်နှာကို တမ်းတမ်းတတ ကြည့်နေမိသည် ထင် ပါရဲ့။ သူက-
“အစ်ကိုကလည်း ကြည့်လိုက်တာ။ နေတောင် မနေတတ်တော့ဘူး”

“Sorry Sorry.. လှလွန်းလို့။ စကားပြောနေတာ ကြည့်ကောင်းလွန်းလို့”
“တကယ်ကြည့် ကောင်းလို့လား။ အပိုတွေ ပြောနေပြန်ပြီ”

“ရင်ထဲကစကားပါ။ အမှန်ပြောရရင် တွေ့စကတည်းက သဘောကျမိတာ”

“ဟင် ”
“ဟုတ်တယ်။ အစ်ကိုလေ မိုးပွင့်ကို နေ့တိုင်း လောက်ကို သတိရနေတာ”

သူဘာမှပြန်မပြော၊ ငြိမ် နားထောင်နေသည်။
“အဲဒါ အချစ်ပဲလား မသိဘူး။ မိုးပွင့်နဲ့ ပတ်သက်တာ မှန်သမျှ အားလုံးကို သဘော ကျနေတာ။ ချစ်တယ်ဆိုတာ သဘောကျတာကအစပြုတာ လား။ ချစ်လို့သဘောကျ တာလား။ အဲဒီ ၂ခုက အချင်းချင်း ဆက်နေတယ်”

နှစ်ယောက်စလုံး စကားဆက်မပြောမိကြဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။ ကျွန်တော့်မျက်လုံးတွင်သူ အဖြေရှာနေသလားမသိ။ ကျွန်တော်ကတော့ သူ့ အကြည့်မှ လွှဲဖယ်မရနိုင် အောင် ငြိတွယ်မိနေပြီ။
တိုတိုပဲ ပြောလိုက်ပါ သည်။
“အစ်ကို မိုးပွင့်ကို ချစ်တယ်”

သူ့မျက်နှာဝင်းလက် သွားသည်ဟု ထင်ပါသည်။
“တကယ်ပြောနေတာလား။ နေဦး။ မိုးပွင့်အရင်က အကြောင်းတွေကို အစ်ကို မမေးတော့ဘူးလား”

“မမေးတော့ဘူး။ အရင် က အကြောင်းတွေက ပြီးပြီး သားတွေလို့ မှတ်ထားလိုက် တယ်”

“ဒါဆိုလည်း တွဲမယ်လေ။ အစ်ကို့ကိုလည်း မိုးပွင့် လေ့လာ ရဦးမှာနော်။ အသေ တော့ မမှတ်လိုက်နဲ့ဦး ဆရာကြီး”

ကျွန်တော်တို့ ၄၊ ၅ လ ခန့် အတူသွား အတူလာ။ ချစ်သူတွေ မဟုတ်သေးသော် လည်း ချစ်သူတွေလို နေ့တိုင်း တွေ့ကြသည်။ ရှိုးပွဲတွေ၊ စားသောက်ဆိုင်တွေ၊ အနှံ့ရောက် ခဲ့ကြသည်။ ချစ်သူများကဲ့သို့ ကာရာအိုကေ ခန်းမများမှာ သီချင်းတွေ ဆိုကြသည်။ ကျွန်တော် သီချင်းဆိုနေစဉ် ကွန်တော့် ပခုံးကိုမှီ မျက်စိကို မှိတ်လျက် သက်ဝင် ခံစားနားထောင် နေသည်များကလည်း မေ့နိုင်စရာ မရှိ။ သူသီချင်း ဆိုနေစဉ်တွင် ကျွန်တော်က သူ့ပခုံးကို အားပေးသလို ဖက်လိုက်သည့် အခါများတွင်လည်း ငြင်းပယ်ခြင်း မရှိ။ ကျွန်တော်၏ လက်မောင်း ရင်းကို မှီတွယ်ခဲ့ပုံများက လည်း ကျွန်တော်၏ နှလုံးအိမ်တွင် နက်နက်ရှိုင်းရှိုင်း ၀င်နေခဲ့ပြီ။ အပြာရောင် မီးမှိန်မှိန် တွင် ဖြူဝင်းသော အသားအရေကြောင့် လှချင်တိုင်းလှ နေသည့် သူ့ကိုအမှန်ပင် မြတ်နိုးတွယ်တာ မိပါသည်။ သူ့အပြင် အခြားတစ်ယောက် ဟူ၍ ကျွန်တော့်ဘ၀တွင် ရှိလာ နိုင်တော့မည် မဟုတ်ပါ။

တစ်ည ဆရာစံလမ်း ပေါ်မှ ကာရာအိုကေခန်းမတွင် ၀ိုင်သောက်ရင်း သီချင်း များဆိုကြရင်း-
“အစ်ကို မိုးပွင့် ဘာလုပ်လုပ် သီချင်းဆိုတာ မပျက် စေနဲ့နော်”

“မိုးပွင့်က ဘာလုပ်မှာ တုံး”

“ဘာလုပ်လုပ်ပေါ့။ မိုးပွင့်ပြောသလိုလုပ်၊ လှည့် မကြည့်နဲ့”

သူပြောသလို သီချင်း ကိုဆက်ဆို နေလိုက်ပါသည်။
“ရွှတ်” ရုတ်တရက် သိုင်းဖက်ပြီး ကျွန်တော့် ပါးကို သူနမ်းလိုက်ခြင်းဖြစ်ပါ သည်။
“ဟာ ဘယ်လိုဖြစ်တာလဲ”

“နမ်းတာ၊ ချစ်လို့ နမ်း လိုက်တာ”

“ရုတ်တရက်ကြီး”

“ဟုတ်တယ်။ ရုတ်တရက်ကြီး ချစ်သွားလို့”

“ဒါဆို”

“တကယ့် ချစ်သူတွေ ဖြစ်သွားပြီလို့ ပြောချင်တာ လား”
“အင်း၊ ဖြစ်သွားပြီလား”

“ဖြစ်သွားပြီ၊ မိုးပွင့်နဲ့ အစ်ကိုနဲ့ ချစ်သူစစ်စစ် ဖြစ်သွားပြီ” ပျော်လိုက်သည့် ဖြစ် ခြင်း။ ကျွန်တော် အလိုချင်ဆုံး၊ အမျှော်မှန်းဆုံး ဆုတစ်ခု ကိုရလိုက်သောည။ အဲသည် ညက သူမောသွားအောင် နမ်း ဖြစ်ခဲ့သည်။ ချစ်သူဘ၀ ပထမဆုံး အနမ်းများ ဖြစ်ပါသည်။

ပြီးတော့ အသစ်စက်စက် ချစ်သူဘ၀၏ ပထမဦးဆုံး နံနက်ခင်းကို စိမ်းစိုတွင် ကျင်းပရန် ချိန်းဆိုခဲ့ကြသည်။ သော့ခလောက် အသစ်စက် စက်တစ်လုံး၊ သော့ပါယူခဲ့ ရန်မှာလိုက်သည်။ သူနားမလည်သလို ပြန်ကြည့်ပြီး ခေါင်းညိတ်သည်။ နောက်တစ်နေ့မနက်စောစော စိမ်းစိုရှိ ကော်ဖီဆိုင်ကိုသွားပြီး လိုအပ်သည်များကို တိုင်းတာစစ်ဆေး၊ သော့ ခလောက် အသစ်တစ်လုံး နှင့် လိုအပ်သည်များကို ၀ယ်သည်။ ထို့နောက် အိမ်ပြန် ရေချိုးပြီး မနက် ၈နာရီတွင် မိုးပွင့်ကို သွားခေါ်သည်။ သူကလည်း အဆင်သင့်ဖြစ် နေပြီ။

မနေ့ကထက်ပင် ပိုလှနေသော ကျွန်တော့်ချစ်သူ။ မနေ့ကထက်ပင်ပို၍ ချစ်စ ရာကောင်းနေသော ကျွန်တော် ၏မိန်းကလေး။ သော့ပါခဲ့လားဟု မေး တော့ ပါပါတယ်။ ဆရာကြီး မှာတာတွေ မမေ့ပါဘူးဟု ပြောသည်။ ကားပေါ်ကို သူ တက်လိုက်သည်နှင့် ကား တစ်စီးလုံး မွှေးသွားသည်။ Breakfast အနမ်းလေးများ ဖလှယ်ပြီးအပျော်စိတ်များဖြင့် စိမ်းစိုသို့ထွက်ခဲ့ကြသည်။ကော်ဖီဆိုင်ရောက်တော့ သူ ကြိုက်တာတွေ မှာပြီးစား လိုက်ကြသည်။ ပြီးတော့မှ ကော်ဖီပူပူကို အေးအေးဆေး ဆေးသောက်ပြီး သူ့ကို ပန်း ရောင်ကတ်္တီပါသားဖြင့် ဖုံးအုပ်ထားသော သေတ္တာကလေးကို ဖွင့်ကြည့်ပါဟု ပြောပြီး ပေးလိုက်သည်။ အထဲတွင် အဖြူI Phone 4, သူဖွင့် ကြည့်ပြီး မျက်နှာဝင်းလက် သွားသည်။
“ဘယ်တုန်းက စီစဉ် ထားတာလဲ”

“စင်ကာပူ သွားတုန်း က ၀ယ်လာတာ။ မိုးပွင့်ဆီက အဖြေရတဲ့နေ့ ပေးဖို့”

“အဖြေ မရရင် မပေး ဘူးပေါ့”

“မဟုတ်ဘူး။ ရမှာ သေချာလို့”

“မိုးပွင့်က ဒီလောက် တောင် အကဲခတ်ရလွယ်နေ တယ်ပေါ့”

“မိုးပွင့် အစ်ကို့ကို ချစ်လာမယ်လို့ ယုံကြည်ထားလို့၊ တစ်နေ့မဟုတ် တစ်နေ့ချစ် လာမှာဆိုတာ သိနေသလိုပဲ။ ကြိုပေးထားရင် ဆွဲဆောင် သလိုဖြစ်မှာလည်း စိုးတယ်”

“ဒါဆိုလည်းပြီးရော”

“နေဦး။ ပြောစရာရှိ သေးတယ်”

“ပြောလေ။ မိုးပွင့်တို့ ပြန်မှ မပြန်သေးတာ”

“ဒီလို၊ အစ်ကိုဖတ်ဖူး ထားတာကို ပြောချင်လို့။ ဂျာမနီက ရိုင်းမြစ်ဆိုတာ သိလား”

သူခေါင်းခါသည်။
“အဲဒီရိုင်းမြစ်ဘေးမှာ မြို့ကလေး တစ်မြို့ရှိတယ်။ အဲဒီ ကော်ဖီဆိုင်ကလေးက လည်း ရိုင်းမြစ်ဘေးမှာပဲ ဖွင့်ထားတာ။ ကော်ဖီဆိုင် ရှေ့မှာ သစ်ပင်တစ်ပင် ရှိတယ်။ ထူးဆန်းတာက ဘာလဲ မိုးပွင့် သိလား”
သူထပ်ခေါင်းခါသည်။
“ထူးဆန်းတာကအဲဒီ သစ်ပင်ရဲ့ ပင်စည်ကို သံကြိုးတွေ အချောင်းပေါင်းများစွာ ပတ်ထားတာပဲ။ နောက်ပြီး သံကြိုးတိုင်းကို သော့ခ လောက်တွေနဲ့ ခတ်ထားတယ်”

“ဘာလို့သော့ခတ် ထားတာလဲ”

“ပြောမယ်။ အဓိပ္ပာယ် ရှိတယ်။ အဲဒီဆိုင်ကို ချစ်သူစုံ တွဲတွေ လာကြတယ်။ ထာဝ ရမခွဲမခွာ သစ္စာရှိကြဖို့ ကတိ ပြုကြပြီး သံကြိုးနဲ့ရစ်ပတ် ချည်နှောင်ကြတယ်တဲ့။ ပြီးတော့ သံကြိုးနှစ်စကို သူတို့ ယူလာတဲ့ သော့ခလောက်၂ လုံးနဲ့ ခတ်လိုက်ပြီး သော့တွေကို ရိုင်းမြစ်ထဲကို လွှင့်ပစ် လိုက်ကြတယ်တဲ့။ နောက် ထပ် အချစ်သစ်တွေ ၀င်မလာ ရအောင် သူတို့ရဲ့ အသည်း နှလုံးကို သော့ခတ်လိုက်တဲ့ သဘောပေါ့။ ဖွင့်နိုင်တဲ့သော့ တွေကိုလည်း ရိုင်းမြစ်ထဲ ပစ်ချလိုက်တော့ ထာဝရသစ္စာ ရှိကြေး သင်္ကေတပေါ့”

“ကောင်းလိုက်တာ။ မိုးပွင့် အရမ်းကြိုက်သွားပြီ။ မိုးပွင့်တို့လည်း အဲဒီလိုလုပ်ရ အောင်နော် အစ်ကို”

“ဟုတ်တယ်ဆရာ ကျွန်တော်လည်း ထောက်ခံတယ်”

အနားတွင် ဘယ်အချိန်က ရောက်နေမှန်း မသိလိုက်သော စားပွဲထိုး လူငယ်က ၀င်ပြောလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်က လှည်ကြည့်ပြီး ပြုံးရင်း-
“မင်းက ဘယ်တုန်းက နားထောင်နေတာလဲကွ”

“ကြာပြီဆရာ၊ စိတ်ဝင် စားဖို့ကောင်းလို့ ဆက်နား ထောင်နေတာ။ ဆရာပြောတဲ့ ဆိုင်ကလေးက ကျွန်တော်တို့ ဆိုင်နဲ့ ဆင်တယ်ဆရာ။ ဟို ရှေ့က သစ်ပင်ဆိုရင် ဆရာ ပြောသလို လုပ်လို့ရမယ် ထင် တယ်”

“ဟုတ်တယ်ကွ။ ဒါ ကြောင့်ငါ မင်းတို့ဆိုင်ကို လာခဲ့တာ။ မနက်က တစ်ခေါက် လာကြည့်ပြီးပြီ။

“ဟာ မှတ်မိပြီ။ မနက် က သစ်ပင်ကို လာကြည့်တာ အစ်ကိုပဲ” လူငယ်က ကျွန်တော့်ကို မှတ်မိသွားသည်။
“မိုးပွင့် အစ်ကိုမှာတာ တွေပါတယ်နော်”

“ပါတယ်အစ်ကို။ သံကြိုးတော့ မပါဘူးနော်။ အစ်ကိုမှ မမှာတာ”

“အစ်ကို စီစဉ်ထားပြီး ပါပြီ။ ညီလေး ဟိုနားက အစ်ကို့ ကားနောက်ဖုံးထဲမှာ သံကြိုးရှိတယ်။ ယူပေးပါလား။ အဖုံးဖွင့်တတ်တယ် နော်”

ကောင်လေး သွားယူ နေတုန်း မိုးပွင့်ကို ထပ်ရှင်းပြသည်။
“မနေ့ညက မိုးပွင့်က အစ်ကို့ကို ချစ်တယ်လည်း ဆိုရော အစ်ကိုဒီလို လုပ်မယ် လို့အကြံရလိုက်တယ်။ ဟိုရှေ့ ကမ်းစပ်က သစ်ပင်ကို မြင် လား။ မြေကြီးက ထွက်လာ တဲ့ပင်စည်က အပေါ်လည်း ရောက်ရော ပင်စည်သုံးချောင်း ဖြာထွက်သွားတယ်နော်။တွေ့လား။ အဲဒီပင်စည်သုံး ချောင်းစလုံးကို အစ်ကိုယူလာ တဲ့ သံကြိုးနဲ့ ပတ်ချည်မယ်။ ပြီးတော့ မိုးပွင့်သော့ခလောက် နဲ့အစ်ကိုသော့ခလောက် နဲ့တွဲပြီး ခတ်လိုက်မယ်။ပြီးတော့ အဲဒီသော့တွေကို ဖွင့်လို့ရတဲ့ သော့ချောင်းတွေ အားလုံးကို ဒီအင်းလျားကန် ထဲ ပစ်ချလိုက်တော့မယ်”

မိုးပွင့်က ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြီး ကြည့်ပြီး ခေါင်းညိတ်သည်။
ကောင်လေးပြန် ရောက်လာတော့ သူနှင့်အတူကမ်း စပ်က သစ်ပင်၏ပင်စည်သုံး ချောင်းကို သံကြိုးဖြင့်ပတ်ချီ ပြီးကျွန်တော့် သော့ခလောက်၊ မိုးပွင့်သော့ခလောက်တို့ဖြင့် တွဲပြီး သော့ခတ်လိုက်သည်။ သော့ချောင်းတွေတောင်းလိုက် တော့ မိုးပွင့် ဆင်းလာပြီး သူ့သော့နှစ်ချောင်းကို ပေးသည်။ ကျွန်တော်ကလည်း ကျွန်တော့်သော့နှစ်ချောင်းကို မိုးပွင့်ကိုပေးလိုက်သည်။ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သော့ချောင်းများ ကို ပြိုင်တူ အင်းလျားကန် ထဲသို့ ပစ်ချလိုက်ကြသည်။

ထို့နောက် ပြုံးပြီး တစ်ယောက်ကို တစ်ယောက် ရွှန်း ရွှန်းစားစားကြည့်ရင်း၊ ထာဝ ရနော်၊ ထာဝရဟု တိုးတိုး ကလေး ပြောခဲ့ကြသည်။
ကော်ဖီဆိုင်ထဲက စားပွဲ ထိုးလူငယ်များက လက်ခုပ် လက်ဝါးတီးပြီး ချီးမြှောက်ခဲ့ ကြပါသည်။

အဆုံး

ကြာတော့ အတော်ကြာ သွားပါပြီ။ ရာဇ၀င်ဟုပင် ပြောရတော့ မလားမသိ။ အခု တော့ စိမ်းစိုက ကော်ဖီဆိုင် ကလေးတွင် ကျွန်တော် တစ်ယောက်တည်း။ ပျော်စရာ နေ့ရက်များသည် ခဏက လေးနှင့် ကုန်ဆုံးသွားခဲ့သည်။ ကျွန်တော်ကို မိုးပွင့်ပစ်ခွာ သွားခဲ့သည်မှာလည်း ကြာခဲ့ပါပြီ။ သို့သော်ကျွန်တော့် ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်နေသော သူ့ပုံရိပ် များသည် ယခုထိမပြယ် နိုင်သေး။ ပြုစားနေဆဲ။ အိပ် ပျက်ညများကို ဖန်တီးပေး နေဆဲ။

ဖုန်းဆက်လို့မရ။ လူ ချင်းတွေ့ရန် အခွင့်အလမ်းများလည်း ပိတ်နေပြီ။ သည်တော့၊ ကျွန်တော် ဘာဆက်လုပ်ရ မည်မသိ။ သူ့ကိုသွားခေါ်နေ ကျနေရာကလေးမှာ တရစ် ၀ဲဝဲစောင့်နေမိပြန်တော့လည်း အရိပ်အယောင်ပင် မတွေ့ရ တော့။

ကြာတော့လည်း စိတ်ပင်ပန်း၊ လူပင်ပန်း မခံနိုင် တော့။ အိမ်နှင့်အလုပ် အလုပ် နှင့်အိမ်၊ ဒါကိုပင်စိတ်နှစ် ထားရန် ကြိုးစားရသည်။ယခု လည်း သူနှင့်အတူအကြိမ် ကြိမ် ထိုင်ခဲ့ဖူးသော စိမ်းစိုရှိ ကော်ဖီဆိုင်ကလေးသို့ ရောက်ခဲ့ပြန်ပြီ။ ကျွန်တော်တို့သံကြိုး ချည်နှောင်ထားခဲ့သော သစ်ပင်ကလေးတွင် နောက်ထပ် သံကြိုးများစွာ ရစ်ပတ်ချည် နှောင်ပြီး သော့ပေါင်းများစွာ ဖြင့်ခတ်ထားသည်ကို တွေ့ရ တိုင်း ကျွန်တော့်ကို လက်တို့ ပြတတ်သော သူ့ကိုသတိရရင်း၊ ပြုံးမိပါသည်။ ကျွန်တော်နှင့် မိုးပွင့် ချည်နှောင်ခဲ့သော သံကြိုးက အောက်ဆုံးမှာ။

စားပွဲထိုး ကောင်လေး၏ လက်ချက်ပင်ဖြစ်မည်။ သူက တစ်ဆင့်ပြော စကားဖြင့် ကျွန်တော်ကဲ့သို့ အချစ်တွင် ရူးသွပ်တတ်သူတွေ၊ ကျွန်တော် ကဲ့သို့ အချစ်ကို ကိုးကွယ် တတ်သူတွေတော်တော်များ နေပြီပဲ။
ကျွန်တော်ကဲ့သို့ မခံစား ရပါစေနှင့်ဟုလည်းဆုတောင်း မိပါသည်။
ကျွန်တော်ကတော့ လွမ်းလို့ ကောင်းနေဆဲ။ ဆွေး လို့ ကောင်းနေဆဲ၊ မိုးပွင့်က တော့ ကျွန်တော်နှင့်ဝေးသော သို့မဟုတ် ကျွန်တော် မသိ နိုင်သည့် မနီးမဝေး တစ်နေ ရာရာတွင်လက်တွဲဖော်အသစ် နှင့် ပျော်နေပေလိမ့်မည်။

ကျွန်တော့်မှာသာ တစ်ဖက်သတ်၊ ဘာကြောင့် ကမ္ဘာကြီး ပျက်တော့မလို ဖြစ်နေရသလဲ။ ဒီအခြေအနေကိုဘာကြောင့် ကျွန်တော် ကျေနပ်နေရမှာလဲ။ အိပ်ပျက် ညတွေကို ကျွန်တော်ဘာ ကြောင့် ခုံမင်နေရမှာလဲ။ ခုလို သနားစရာကောင်လေး တစ် ယောက်လို နေလို့ရော မိုးပွင့် က ကျွန်တော့်ထံ ပြန်လာမှာ တဲ့လား။ အဓိပ္ပာယ်မရှိ ရည် မှန်းချက် ပျောက်နေသော ဘ၀နှင့် လေလွင့်နေသော လူတစ်ယောက်က ကျွန်တော်လား။

အတွေးများတွင် လွင့် မျောနေမိရင်း စိမ်းစို၏ ပတ် ၀န်းကျင်မှ ကျွန်တော် ဝေး ကွာ သွားသည်မှာ မည်မျှ ကြာသွားသည်မသိ။ စားပွဲ ထိုး ကောင်လေးက ဆရာ ဘာထပ်မှာဦးမလဲဟု မေး လာမှ လက်ရှိကမ္ဘာကိုပြန် ရောက်ခဲ့သည်။ ကျွန်တော်တို့ ရူးသွပ်စွာ ချည်နှောင်ခဲ့သော သံ ကြိုးများကြောင့် သစ်ပင် ကလေးလည်း လေးလံလွန်း လှပေတော့မည်။

ကျွန်တော် ထိုင်နေရာ မှထရပ်လိုက်သည်။ ဘောင်း ဘီအိတ်ထဲမှ ပိုက်ဆံအိတ် ကိုဆွဲထုတ်လိုက်သည်။
ထို့နောက် အိတ်ကိုဖွင့် ပြီးအထဲတွင် ရက်ပေါင်း၊ လ ပေါင်းများစွာ အသေအချာ သိမ်းထားခဲ့သည့် သော့ချောင်း ကလေးကို ထုတ်ယူလိုက်ပါသည်။ သော့ခလောက် ၀ယ်စဉ်က သော့သုံးချောင်းပါလာ ခဲ့သော်လည်း၊ အင်းလျားကန်ထဲသို့ ၂ချောင်းကိုသာပစ် ထည့်ခဲ့ပြီး ကျန်တစ်ချောင်း ကိုတော့ လိုရမည်ရ ချန်ထား ခဲ့သည်။ ယခုတော့ ထိုသော့ ကလေး အသုံးဝင်ပါပြီ။ ကန်စပ်သို့ ကျွန်တော် ဆင်းသွား တော့ စားပွဲထိုးကလေးက စောင့်ကြည့်နေသည်။ သစ်ပင်ကလေး အနားရောက်တော့ အောက်ဆုံးက သံကြိုးတွင် ခတ်ထားသောသော့ခလောက် ၂လုံး အနက်၊ ကျွန်တော့်သော့ ခလောက်တွင် သော့ကို ထည့်လိုက်သည်။ ညာဘက် လှည့် လိုက်တော့ ထောက်ခနဲ အသံ မြည်ပြီး သော့ပွင့်သွားသည်။ ကျွန်တော့်သော့ကို တွဲထား သော မိုးပွင့်၏ သော့အတွင်းမှ ဖြုတ်ယူလိုက်သည်။

သစ်ပင်ကို ရစ်ပတ် ထားသော သံကြိုးက သူ့ အလိုလိုပြေလျော့ပြီး မြေပေါ် သို့ကျလာသည်။ သံကြိုးနှင့် အတူ မိုးပွင့်၏ သော့ကိုပါ ကောက်ယူလိုက်ပြီး ခပ်ဝေး ဝေးရေပြင်ဆီသို့လွှဲပစ်လိုက် သည်။ သံကြိုးနှင့်သော့ ခလောက်အတွဲလိုက်သည် အင်းလျားကန်ထဲသို့ ချက်ချင်းပင် မြုပ်သွားသည်။

ရေပွက်ကလေးများ ထ လျက်ကျန်ရစ်သေးသည်။ ရေပွက်ကလေးများ ငြိမ်သက် သွားသည်အထိ စောင့်ကြည့် ပြီး ထိုင်ခဲ့သောစားပွဲသို့ပြန် လာခဲ့သည်။ ထို့နောက်ငွေရှင်း ကာ ကားကိုမောင်းထွက်ခဲ့သည်။

ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းက ပြောခဲ့ပါ သည်။ “ဘယ်ဟာမှအကြာကြီး မဟုတ်ဘူး”တဲ့။
ဗုဒ္ဓဘုရားရှင် ကိုယ် တော်မြတ်ကလည်း ဟောခဲ့ ပါသည်။
“ဘယ်ဟာမှမမြဲဘူး။ အားလုံးဟာ သင်္ခါရပဲတဲ့။ ဘယ်ဟာကိုမှလည်း အစိုးမရဘူး တဲ့”

အချစ်ကကော ဘာမို့လို့လဲကွယ်။

(မူရင်း - ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ်လ ၂၀၁၂) www.shweamyutay.com

from The Irrawaddy's Blog by zarny win
Read More »

Thursday, December 20, 2012

မီးပူကျ အရိပ် အာဝါသ




Read More »

Sunday, December 16, 2012

မိကျောင်းတစ်ကောင်ရဲ့မျက်ရည်




Read More »

Wednesday, December 12, 2012

ညရဲ့မြို့




ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

Read More »

Saturday, November 03, 2012

ဘ၀နဲ့ တူတဲ့ ချားရဟတ်



| ကလောင်သစ်ဝတ္ထုတို |



Read More »

Sunday, September 09, 2012

ထောင်ကျောက်




“ဒီတစ်ခါတော့ မင်း ဘ၀ ပြောင်းသွားပြီ။ ဒီတစ်ခါတော့ မင်း သူဌေးဖြစ်ပြီ။ ရေမဆေး ဘ၀က လွတ်ပြီ ကျွတ်ပြီ၊ သိလား ဖိုးချင်း။ ဒီတစ်ခါ ရတဲ့ ကျောက်က ထောင်ကျောက်ကွ အနည်းဆုံး သိန်းတစ်ထောင်လောက်တော့ ရမှာကွ။

သေချာတယ်။ သိရဲ့လား” ဥရုချောင်းကို ဖြတ်ကူးရန် ယာယီ ဆောက်လုပ်ထားသော တံတားထိပ်ပေါ် စရောက်တော့ ရခိုင်ကြီး ပြောလိုက်သည့် စကားကြောင့် ဖိုးချင်း အူကိုလေပင့်သလို ရွှင်မြူး ၀မ်းသာနေမိသည်။

“ဘ၀ပြောင်းသွားပြီ တဲ့။ သူဌေးဖြစ်ပြီ တဲ့။ သိန်းတစ်ထောင် ရတော့မယ် တဲ့။ ထောင်ကျောက် တဲ့။မင်း ပြောသလို တကယ်ကော ဖြစ်လာလိမ့်မလား ရခိုင်ကြီးရယ်”

ဖိုးချင်း စိတ်ထဲမှာ ပြောနေမိသည်။ ရခိုင်ကြီး ပြောသကဲ့သို့ ဖိုးချင်းလည်း ရေမဆေးကျောက်ရှာရသော ဘ၀က လွတ်မြောက်ချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သိန်းကျောက်ကလေးပွင့်လျှင် ဇာတိချက်ကြွေချင်းတောင်မြေကို ပြန်ပြီး မိဘ၊ ဇနီးမယား သားသမီးများနှင့်အတူ နေထိုင်ချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ချင်းတောင်က ထွက်ခဲ့ပြီး သုံးနှစ်ကျော်၍ လေးနှစ်ထဲ ရောက်ခဲ့ပြီ။ နိစ္စဓူဝ ရေမဆေးကျောက် ရှာခဲ့သော်လည်း ထမင်းစားကျောက်လောက်သာ ရခဲ့သည်။ အလွန်ဆုံး သောင်းကျောက်သာ ရခဲ့ဖူးသည်။ ရခိုင်ကြီးလည်း အလွန်ဆုံး သောင်းကျောက်သာ ရခဲ့ဖူးသည်။ ဖိုးချင်းနှင့် ရခိုင်ကြီးမှာ စိုင်းလှကျော် အိမ်မှာပင် အတူနေကြသည်။ စိုင်းလှကျော်တို့ လင်မယားက နေ့စဉ် ထမင်းကျွေးထားပြီး သူတို့၏ သွပ်မိုး ထရံကာ အိမ်၏ အဖီလေးကို အိပ်ခန်းလေး လုပ်ပေးထားသည်။ ကျောက်ရလျှင် နည်းနည်း များများ ရောင်းရငွေ တစ်ဝက်ကို အိမ်ရှင်စိုင်းလှကျော်ထံ ထမင်းဖိုး အပ်နှံကြရလေသည်။

“ထောင်ကျောက် ဖြစ်လိမ့်မလား ရခိုင်ကြီးရဲ့”
ဖိုးချင်းက မယုံမရဲဖြင့် မေးလိုက်ခြင်းဖြစ်သည်။ စိန်တူတွေ စုစည်းပြီး ပခုံးပေါ် ထမ်းလာခဲ့သော ရခိုင်ကြီးက ဖိုးချင်းကို နောက်ပြန်လှည့် ကြည့်လိုက်သည်။

“ဒီမယ် ဖိုးချင်း၊ မင်းရတဲ့ကျောက်ကို ငါ စိန်တူနဲ့ အကြိမ်ကြိမ် ထုကြည့်ပြီးပြီ။ ကျောက်ရဲ့ အထိုင်လည်း လှတယ်။ ချော်ကလည်း ကျောက်စိမ်းတုံးတွေမှာ တွေ့ရလေ့ရှိတဲ့ ချော်သား။ မနှစ်က ဒီမြေစာပုံကနေ ရသွားတဲ့ ယောကြီးရဲ့ကျောက်အတိုင်းပဲ။ သူရတဲ့ကျောက်က မင်းကျောက် အလေးချိန်လောက်ပဲ ရှိမယ်။ ဘယ်လောက် ရသွားတယ်ထင်လဲ။ သိန်းထောင့်တစ်ရာ။ ကျောက်သားလည်း ကောင်းတယ်။ အရည်လည်း ကြည်တယ်။ စိမ်းရင့်ဝါရောင် သန်းနေတယ်။ အဲလို ကျောက်မျိုးက ပထမတန်းစား ကျောက်ကွ။ သူလည်း ဒီ မှော်ထဲကရတာ။ အခု မင်းရခဲ့တဲ့ မှော်ထဲက ရတာ။ မင်းကျောက်က ထောင်ကျောက်ပဲ။ မှော်ထဲ မင်းအရင် ရောက်လာတဲ့ ငါ့လိုကောင်က ဒီလောက်တော့ ကျောက်ကောင်း ဟုတ်၊ မဟုတ် ခွဲခြားနိုင်ပါတယ်ကွ။ ငါ့ကို အထင်သေးတဲ့ လေသံနဲ့ မမေးပါနဲ့။ အဲ- အရောင်းအ၀ယ် ပြီးသွားရင်တော့ အကဲဖြတ်ပေးတဲ့ ငါ့လည်း မမေ့နဲ့ပေါ့ကွာ။ မစို့မပို့တော့ မလုပ်နဲ့။ စို့စို့ပို့ပို့လေးတော့ပေး။ ဟုတ်လား”

ရခိုင်ကြီး စကားအဆုံး၌ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဖိုးချင်း ရခဲ့သော ရေမဆေးကျောက်စိမ်းတုံးကြီးကို ဂျော်ကီတွေ ဥရုချောင်း တံတား အလွန်ပေါ်မှာ မနိုင်မနင်း ထမ်းသွားသည်ကို မြင်နေရသည်။ နိုင်လွန်ကြိုးဖြင့် သေချာချည်ပြီး ၀ါးလုံးဖြင့် လျှိုထားသော ကျောက်စိမ်းတုံးကြီးကို ရှေ့တစ်ယောက် နောက်တစ်ယောက် မနည်း ထမ်းသွားနေရသည်။ ကျောက်စိမ်းတုံးက ကြီးလွန်းသဖြင့် ဂျော်ကီတွေ တစ်ယောက်တစ်လှည့် ပြောင်း၍ ထမ်းနေကြလေသည်။

ယခုမူ ရေမဆေး ရှာသူတွေလည်း ဖိုးချင်းကျောက်စိမ်းတုံးကြီးနောက်တွင် ဂျော်ကီ အဖြစ်နှင့် လိုက်ပါလာခဲ့ကြပြီ။ နည်းနည်းနောနော လူတွေမဟုတ်။ အနည်းဆုံး လေးငါးဆယ်လောက် ရှိမည်ထင်သည်။ မှော်ထဲတွင် ဤသို့ပင် ရေမဆေး အချင်းချင်းထဲမှ ကျောက်ကြီး ရသွားလျှင် ရေမဆေးရှာ ဘ၀ကနေ ကျောက်ထမ်းသည့် ဂျော်ကီ ဘ၀သို့ တစ်မဟုတ်ချင်း ပြောင်းသွားလေသည်။ ရေမဆေးကျောက်က တစ်နေ့လုံး ရှာ၍ တွေ့ရန် မသေချာ။ ကျောက်ရသူ၏ ကျောက်ကို လိုက်ထမ်းသည်က ပို၍သေချာသည် မဟုတ်လော။ ဈေးကောင်းရလျှင် ရသကဲ့သို့ ကျောက်ထမ်းခလည်း မြိုး မြိုးမြက်မြက် ရတတ်သည့် အစဉ်အလာများ ရှိခဲ့ကြသည်။

“ဘယ်ကို သွားရမလဲ”
ဥရုချောင်းတံတား လွန်သောအခါ “မမုံ” ရွာလေးထဲသို့ဝင်သည့် အတက်လမ်း သွယ်လေးများ ရှိနေသဖြင့် ဂျော်ကီများက သွားရမည့်လမ်းကို အော်မေးလျက် ရပ်စောင့်နေကြသည်။
“ကဲ... ရခိုင်ကြီး၊ လမ်းပြလိုက်ကွာ”

ဖိုးချင်းနှင့် ဘေးချင်း ယှဉ်လျက် လျှောက်နေသော ရခိုင်ကြီးလည်း ဂျော်ကီတို့နားရောက်အောင် ပြေးသွားကာ လှမ်းအော်နေသည်။
“မမုံဘုန်းကြီးကျောင်းနားလမ်းက တက်မယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းဘေးကလမ်းအတိုင်း သွား”

ကျောက်စိမ်းတုံးကို အလှည့်ကျ ထမ်းမည့် ရေမဆေးများ။ ရွာထဲက ထွက်ကြည့်သည့် လူများ။ တချို့ကလည်း ကျောက်ထမ်းသည့် လူများနောက် လိုက်ကြည့်သည့်လူများ။ မမုံဘုန်းကြီး ကျောင်းအ၀င် ဘေးလမ်းပေါ်၌ လူတန်းရှည်ကြီး။ ဘုရားပွဲ လှည့်လာသလား အောက်မေ့ရသည်။ တချို့ ရေမဆေးများက တကယ် ၀င်ထမ်းကြပြီး တချို့ကလည်း မသိမသာ နေသူများလည်း ပါသည်။

လူတန်းရှည်ကြီးကို တိုးဝှေ့ဖြတ်ကာ လမ်းပြရန် ပြေးသွားသော ရခိုင်ကြီးကို ဖိုးချင်းက လူတန်းရှည်ကြီးကိုကျော်ကာ လှမ်းကြည့်နေမိသည်။ သည်မနက် ရေမဆေး အရှာထွက်ချိန်တွင် ရခိုင်ကြီး က “မက်လင်ချောင်”ဘက် သွားရှာမည်ဟု ပြော၏။ မက်လင်ချောင်မှာ မမုံရွာလေး၏ အနောက်ဘက်မှာ ရှိသည်။ ဖိုးချင်းက ဥရုချောင်းဟိုဘက်က မြန်မာ့ထွဋ်ခေါင် ကုမ္ပဏီမှ စွန့်ပစ်ထားသည့် မြေစာပုံမှာ သွားရှာမည်ဟု ပြော၏။ အိမ်နဲ့လည်း နီးသည်။ ဥရုချောင်း ကျော်လိုက်တာနှင့် မြေစာပုံဆီ တန်းရောက်သည်။

“လာပါကွာ၊ မက်လင်ချောင်ဘက် သွားရှာရအောင်၊ မင်းမြေစာပုံက ခြေရာတွေ ထပ်နေပြီ။ ဘာကျောက်မှ ရမှာ မဟုတ်ဘူး”

ရခိုင်ကြီးက ထပ်ပြီး စည်းရုံးနေသည်။
“မနက်ဖြန်မှ မက်လင်ချောင်ဘက် သွားရအောင်ကွာ။ ဒီကနေ့တော့ နီးနီးနားနား မြန်မာ့ထွဋ်ခေါင် စွန့်ပစ်တဲ့ မြေစာပုံမှာ ရှာကြတာပေါ့။ ရလည်းရပေါ့။ မရလည်း ကံပေါ့”

ဖိုးချင်း ပြောလိုက်သဖြင့် ရခိုင်ကြီးလည်း မက်လင်ချောင်ဘက် မသွားတော့ပေ။ ဖိုးချင်းနှင့် အတူ ဥရုချောင်း ဟိုဘက်ကမ်း ပါလာခဲ့သည်။ ရေမဆေးတွေကတော့ ပါမသွားပါ။ ခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိသည်ပင်။ မြေစာပုံ အခြေမှ မော့ကြည့်လျှင် မြေစာပုံကြီးက တောင်ကြီး တစ်တောင်ကဲ့သို့ မြင့်မြင့်မားမား။ အပြာရောင် ကောင်းကင်နှင့် ထိလုနီးပါး။ ရခိုင်ကြီးလည်း မြေစာတောင်၏ အထက်ပိုင်းမှာ ရှာနေ၏။ ဖိုးချင်းက မြေစာပုံ အလယ်တစ်ဝိုက်မှာပင် ရှာဖွေနေ၏။ ၁၂ နာရီထိုး ပြီးချိန်အထိ လက်သီးဆုပ်လောက်ကျောက်ပင် မရ သေး။ ထမင်းစားကျောက်လောက်ပင် မရသေး။ သည်ပုံအတိုင်းဆိုလျှင် အိမ်ပြန် မျက်နှာပန်းလှမည် မဟုတ်ချေ။

ဖိုးချင်းလည်း ဥရုချောင်းထဲ ဆင်း၍ မျက်နှာသစ်ပြီး ပြန်တက်လာခဲ့ကာ မြေစာပုံခြေရင်းရှိ ကျောက်တုံးတစ်တုံးပေါ် စိတ်ပျက်စွာ ထိုင်နေမိလျက် စိန်တူဖြင့် ကျောက်တုံးကို ထုနေမိသည်။ ကျောက်တုံး၏ သုံးပုံနှစ်ပုံမှာ မြေစာပုံထဲ မြုပ်နေလျက်။ ထုနေရင်း၊ ထုနေရင်း ကျောက်တုံးမှ ယမ်းမှုန့်လေးများ ထွက်လာသဖြင့် ကျောက်စိမ်းတုံးများ ဖြစ်နေမလား ဆိုကာ အသေအချာ ကြည့်လိုက်သော အခါ ကျောက်စိမ်းတုံးကြီး ဖြစ်နေသည်။ နည်းနည်းနောနော ကျောက်စိမ်းတုံးကြီး မဟုတ်။ ပိဿာတစ်ရာ (ကီလို ၁၆၀) ခန့်ရှိမည် ထင်ရ၏။ မိမိကိုယ်ကို မယုံရဲသဖြင့် ကိုယ့်ထက် နားလည်သော ရခိုင်ကြီး ခေါ်ပြလိုက်သောအခါ ရခိုင်ကြီးက အာခေါင်သံကြီးဖြင့် “ဟေ့ကောင် ဖိုးချင်း၊ ကျောက် ဟုတ်တယ်ကွ၊ မင်းတော့ ပွပြီ” ဟူ၍ အော်ဟစ်လေသည်။

ရခိုင်ကြီး၏ အော်ဟစ်သံကား ဥရုချောင်းရိုးတစ်လျှောက်အပေါ်၊ မြေစာပုံပေါ်မှာ ကျောက်ရှာနေသော ရေမဆေးသမားတွေ အပေါ်၊ မြေစာတောင်ပေါ်မှ မြန်မာ့ထွဋ်ခေါင် ကုမ္ပဏီ အဆောက်အဦတွေ အပေါ် လွှမ်းသွားသည် ထင်ပါသည်။

“ကဲ၊ ကဲ ဒီနားချ”

ဖိုးချင်းက အိမ်၏ဘေးတွင် ကျောက်စိမ်းတုံးကို ချခိုင်းလိုက်သည်။ စိုင်းလှကျော်၏ အိမ်ဝိုင်းကျဉ်းကျဉ်းလေးထဲ၌ ဂျော်ကီ တစ်ဖြစ်လဲ ရေမဆေး ရှာဖွေသူတွေနှင့် ပြည့်သွားသည်။ ကျောက်ကြီးကြီး ရလာသည်ကို မြင်သောကြောင့် စိုင်းလှကျော်တို့ လင်မယား မျက်နှာကလည်း မှိုရသည့် မျက်နှာကဲ့သို့ ပြုံး ရွှင်နေသည်။

“ဖိုးချင်း၊ ဂျော်ကီတွေထဲမှာ ငါတို့ နှစ်ယောက်က အပင်ပန်းဆုံး။ ရွာထဲပြန်ပြီး ထမ်းပိုးနဲ့ နိုင်လွန်ကြိုး ငှားရသေးတယ်။ အဲ..အဲဒါ ငှားခ အတွက်လည်း ပေးရဦးမယ်နော်။ ကျန်တဲ့ ဂျော်ကီတွေနဲ့ တစ်တန်းတည်း မပေးနဲ့နော်။ တို့နှစ်ယောက်ကို ပိုပေးနော်။ တချို့ကောင်တွေက ဟုတ်တိပတ်တိ ထမ်းတာ မဟုတ်ဘူး”

ဂျော်ကီထဲမှ အမှန်တကယ် ဦးဆောင်ထမ်းသူ မောင်အေးနှင့် ပေါက်စက ပြောနေသည်။ ကျောက်ရလာသဖြင့် ဘေးကအိမ်တွေ၊ ရွာထဲက လူတွေလည်း လာကြည့်ကြရာ စိုင်းလှကျော်၏ အိမ်ရှေ့လမ်းပေါ်မှာ ပွဲတော်လေးတမျှ စည်ကား နေလေသည်။

“ဖိုးချင်း၊ တိပ်ယူခဲ့၊ မိုးကာလည်း ယူခဲ့”

ရခိုင်ကြီးက ဖိုးချင်းယူ လာသော မိုးကာစ အပြာဖြင့် ကျောက်စိမ်းတုံးကို အုပ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား တိပ်ဝါ၀ါ ဖြင့် ဆွဲ၍ ပတ်လိုက်သည်။ တစ်ထပ်တည်း မဟုတ်။ နှစ်ထပ်၊ သုံးထပ် ပတ်လိုက်သည်။ ကျောက်ဝယ်သည့် လူတွေ လာကြည့်လျှင် ရေမဆေးရသေးသော ကျောက်မှန်း သိသာ ထင်ရှားစေလိုရင်း ဖြစ်ပါသည်။ ကျောက်ကို ရေဆေးလိုက်လျှင်၊ ရေဆေးထားသည့် လက္ခဏာ ပေါ်နေလျှင် ကျောက်ဝယ်သူက သိပ်အာရုံ မရှိချေ။ ဈေး သိပ်မပေးချင်ပေ။ ပကတိ ရေမဆေးရသေးသည့် မူလ ကျောက်စိမ်းတုံးကို ကြည့်ပြီး အကဲဖြတ်ကာ ၀ယ်ယူလိုကြသည်ပင်။

အကယ်၍ ယခု ရလာသည့် ကျောက်စိမ်းတုံးကို ရခိုင်ကြီး ပြောသလို သိန်းတစ်ထောင်သာ ရခဲ့မည်ဆိုလျှင် ဂျော်ကီတွေ အတွက် ကျောက်ရောင်းရငွေ၏ လေးပုံတစ်ပုံ ပေးရမည်လား၊ သုံးပုံ တစ်ပုံပေးရမည်လား၊ မှော် ထုံးစံအတိုင်း ပေးရလိမ့်မည်။ အနည်းဆုံး သိန်းသုံးရာမျှ ပေးရပေမည်။ သူတို့ခမျာလည်း မှော်ထဲကမှ အိမ်အရောက် အားကြိုးမာန်တက် ထမ်းခဲ့ကြသည် မဟုတ်လော။ မိမိ ခွဲဝေပေးလိုက်သည့် အချိုးထဲမှ လူလေးငါးဆယ် ထပ်ခွဲကြပေဦး။ ထမ်းခလေးများ အသီးသီး စို့စို့ပို့ပို့ ရရှိကြပေလိမ့်မည်။

ကျန်သည့် သိန်းခုနစ်ရာထဲမှ စိုင်းလှကျော်တို့ လင်မယားကို သိန်းသုံးရာ့ ငါးဆယ် ပေးလိုက်မည်။ သူတို့ခမျာ သုံးနှစ်ကျော်လုံးလုံး ကျွေးထားရသော စရိတ်က နည်းမှာမဟုတ်။ ရခိုင်ကြီးကို ဘော်ဒါကြေး၊ အားကိုးကြေးအနေဖြင့် ဆယ်သိန်း ပေးလိုက်မည်။ သူ့ခမျာ မိမိအပေါ် အနွံတာ ခံခဲ့ရသည်မှာ များလှ၊ ကူညီပေးခဲ့ဖူးသည်မှာ များလှသည် မဟုတ်လော။ လူပျိုကြီး ရခိုင်ကြီး အနေဖြင့် ဤပိုက်ဆံကို သူ့မိဘတွေထံ ပြန်ပို့ချင်ပို့၊ သူ့သဘော၊ သူ့ဆန္ဒ။

အင်း- မိမိကမူ သိန်းသုံးရာကျော်ကျော်ရသည်နှင့် တစ်ပြိုင်နက် ညမအိပ်တမ်း ငွေထုပ်ပိုက်ပြီး ချင်းတောင်သို့ အပြေးပြန်သွားမည်။ ချင်းတောင်ပေါ်မှာ ပင်ပင်ပန်းပန်း တောင်ယာ လုပ်စားနေရသော ဟိုဘက် သည်ဘက် မိဘနှစ်ပါး၊ သမီးနှင့် သားရယ်၊ ပြီးတော့ မိန်းမ။ တောင်ယာ တောခင်းထဲမှ ဆင်းလာကြပြီး ဟားခါးမြို့ပေါ်မှာ အိမ်တစ်ဆောင် မီးတပြောင်နှင့် နေထိုင်ကြမည်။ ချင်းတောင်ပေါ်မှ ထွက်သည့် ဒေသထွက် သီးနှံလေးတွေ ၀ယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချလျက် မိသားစုတစ်တွေ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ကြမည်။ ကျောက်ရောင်းရမည့် သိန်းသုံးရာခန့်သည် ဖိုးချင်းဘ၀အတွက်၊ ဖိုးချင်း မိသားစု အတွက် ပြောင်ပြောင်ရောင်ရောင် ဖြစ်လာစေမည့် အရင်းအနှီးပင် မဟုတ်လော။

“ဟေ့- လောပန်း လိုက်လာပြီဟေ့၊ ကျောက်ဝယ်မယ့် လောပန်း ရောက်လာပြီဟေ့”

စိုင်းလှကျော် အိမ်ရှေ့ လူအုပ်ထဲမှ တစ်ယောက်က ၀မ်းသာအားရ အော်ပြောလိုက်သဖြင့် ဖိုးချင်း ထွက်ကြည့် လိုက်သောအခါ ရှော့ပင် အနက်၊ စပို့ရှပ်အင်္ကျီ အဖြူစင်းကျား ၀တ်ဆင်ထားသော အသားဖြူဖြူ ခံ့ခံ့ထည်ထည် လောပန်း ကြက်သွေးရင့်ရောင် ဖိုးဝှီးကားပေါ်မှ ဆင်းလာသည်။

“ဖိုးချင်း၊ မင်းကတော့ လပ်ကီးပဲ။ ခုပဲ ကျောက်အိမ်ထဲရောက်၊ ခုပဲ ကျောက်ဝယ်မယ့်လူ တိုက်ရိုက်ရောက်။ ဒီနေ့တော့ မင်း လပ်ကီးဒေး ပဲ။ အဲ- ဒါပေမဲ့ လောပန်းကို တစ်ထောင်လို့ မပြောနဲ့။ ထောင့်နှစ်ရာနဲ့ စပြော”

လောပန်းအိမ်ဝိုင်းထဲ ၀င်လာလာချင်း ရခိုင်ကြီးက ဖိုးချင်းနားကပ်၍ ပြောလိုက်သည်။
“အင်း- ငါသိပါတယ်”

ဖိုးချင်း ပြန်ပြောနေစဉ် ဂျော်ကီတွေ လမ်းဖယ်ပေးသည့်အတိုင်း လောပန်းက ဖြည်းဖြည်းချင်း ၀င်လာသည်။ သူ့နောက်မှာ ဆိုင်ကယ်ပေါ်မှ ဆင်းလာသော အရပ်ထောင် ထောင်မောင်း၊ ဆီးရောင် ဘောင်းဘီရှည်၊ စပို့ရှပ် အပြာရောင်၊ နေကာမျက်မှန်တပ်ထားသောလူလည်း ကပ်လျက် ပါလာသည်။

“ကျောက်ဝယ်မယ့် လောပန်း လာပြီ။ လမ်းဖယ်ပေး၊ လမ်းဖယ်ပေး”
ရေမဆေးဂျော်ကီ တစ်ယောက်က ပြောလိုက်သဖြင့် အခြားဂျော်ကီတွေက ခပ်ဝေးဝေးဖယ်ပေးလိုက်ကြသည်။

“ကျောက်ပိုင်ရှင်၊ ကျောက်ပိုင်ရှင် ဘယ်သူလဲ”
လောပန်းက မေးနေ၍ အိမ်ရှေ့မှာရပ်နေသော ရခိုင်ကြီးက ဖိုးချင်းကို လက်ညှိုး ထိုးလျက်....
“ဒီမှာ ခင်ဗျ၊ သူပဲ ကျောက်ပိုင်ရှင်၊ ရေမဆေး ကျောက်ပိုင်ရှင်..”

လောပန်းနှင့် နေကာ မျက်မှန်နှင့်လူက ဖိုးချင်းကို အသေအချာကြည့်ပြီး...
“ကျောက်ရလာတယ်ဆို၊ ကြည့်ရအောင်”

လောပန်းက ပြောသဖြင့် ဖိုးချင်းက အိမ်တောင်ဘက်အဖီအောက်မှာ သိမ်းထားသော ကျောက်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ရခိုင်ကြီးနှင့် စိုင်းလှကျော်လည်း ကပ်လျက် ပါလာသည်။ သူတို့နောက်မှာ ရေမဆေးဂျော်ကီတွေ တစ်အုပ်ကြီး လိုက်လာသည်။
“ဒီမှာ၊ လောပန်း ”

ဖိုးချင်းနှင့် ရခိုင်ကြီးက စောစောက တိပ်ဖြင့်ကပ်ထားသော မိုးကာစကို ဆွဲခွာ၍ပြလိုက်သည်။ လောပန်း နှင့် နေကာမျက်မှန်နှင့်လူက သေချာစွာ ကိုင်ကြည့်ပြီး-
“ဒီကျောက် ဘယ်မှော်က ရလဲ”လောပန်းက ကျောက်ကို လက်နှင့် ကိုင်ကြည့်ရုံ မဟုတ်၊ ခါး၌ချိတ်ထားသော လေဆာဓာတ်မီးဖြင့် ကျောက်ကို အသေအချာ ထိုးကြည့်ရင်း မေးနေသည်။

“ဟို၊ ဥရုချောင်း ဟိုဘက်ကမ်း၊ အဲ- မြန်မာ့ထွဋ်ခေါင်ကုမ္ပဏီ မြေစာစွန့်ပစ်တဲ့ အောက်ခြေက ရတာပါ။ ကျောက်က အသားလည်းကောင်းတယ်။ အရည်လည်း ကြည်လင်သန့်ရှင်းပြီး အစိမ်းရင့်ဝါရောင်တောင် သန်းတယ်။ အထိုင်လည်း လှတယ်။ လောပန်း ကြိုက်သလိုကြည့်ပါ။ ကျောက်ကတော့ ထောင်တန်ကျောက်ပဲ။ လောပန်း ဘယ်ဈေးပေးမလဲ။ လောပန်းနဲ့ ညှိလို့ရရင် လောပန်းကိုပဲ ရောင်းမယ်။ ဈေးမကိုက်ရင်တော့ ဖားကန့်ကအသိ လောပန်းတွေ ခေါ်ပြမယ်”

ဖိုးချင်းစကားသံကြောင့် စိုင်းလှကျော် အိမ်ဝိုင်းထဲမှ တိုးတိုးတိတ်တိတ် ပြောနေသော ဂျော်ကီတွေ ငြိမ်ကျသွားစေတော့သည်။ အိမ်ရှေ့လမ်းပေါ်မှ ရွာထဲက လူတွေကလည်း ဘယ်ဈေးနဲ့ တည့်သွားမလဲ ဆိုပြီး ငြိမ်၍ နားစွင့်နေကြလေသည်။

ဖိုးချင်း စကားသံဆုံး သွားသောအခါ စကားသံ ၀ဲဝဲဖြင့် လောပန်းအသံ ထွက်လာသည်။
“ဒီကျောက်ပိုင်ရှင် ခင်ဗျားဆိုရင် ခင်ဗျားကို အရေး ယူရလိမ့်မယ်။ ဒီ ကျောက်ဟာ ကျုပ်တို့ ကုမ္ပဏီက ပိုင်တဲ့ကျောက်။ ကျုပ်တို့ မြန်မာ့ထွဋ်ခေါင်မြေစာပုံထဲက ရတဲ့ကျောက်ဟာ ကျုပ်တို့ကျောက်ပဲ။ ကျုပ်တို့ မြေစာပုံထဲက ကျောက်ရသွားတဲ့ သတင်းရလို့ ကျုပ်တို့ လိုက်လာတာ။ အဲဒါ ကျုပ်တို့ကျောက်ပြန်ယူရလိမ့်မယ်။ ကျောက်ကို ပြန်ယူခွင့် မပေးရင်တော့ ခင်ဗျားကို အရေး ယူရလိမ့်မယ်”
“ဗျာ”

မထင်မှတ်သော စကားကို ကြားလိုက်ရသဖြင့် ဖိုးချင်း အအံ့သြကြီး အံ့သြသွားသည်။ မျက်လုံးများပြာဝေသွားသည်။ ရင်ထဲလည်း ယောက်ယက်ခတ်သွားသည်။ ရခိုင်ကြီးနှင့် စိုင်းလှကျော်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ကျောက်ကို ပင်ပန်းတကြီး ထမ်းလာခဲ့ရသော ရေမဆေး ဂျော်ကီတွေလည်း မျက်စိ မျက်နှာ ပျက်ကုန်ကြတော့သည်။

“ဒီမယ် လောပန်း၊ ကျွန်တော်က လောပန်းကျောက်ကို ခိုးလာတာ မဟုတ်ဘူး။ လောပန်းတို့ကုမ္ပဏီက ၀န်ထမ်းတွေ အားရအောင် ရှာဖွေပြီးလို့ စွန့်ပစ်လိုက်တဲ့ မြေစာပုံထဲကနေ ရလာတဲ့ ကျောက်ပါ။ နှစ်နဲ့ ချီပြီး ရေမဆေးရှာခဲ့တဲ့ ကျွန်တော့်ကံလေး ကောင်းလို့ ရတဲ့ ကျောက်ပါ။ ကျွန်တော့်ကို အရေးယူလို့ မရပါဘူး။ လောပန်း ဒီလိုတော့ မတရား မလုပ်ပါနဲ့”
ဖိုးချင်း ပြောလိုက်သော စကားကြောင့် အနီးရှိ ရခိုင်ကြီးတို့၊ စိုင်းလှကျော်တို့ သဘောကျသွားရုံသာ မဟုတ် ရေမဆေးဂျော်ကီ လူအုပ်ကြီး ကလည်း...“မှန်တယ်”၊ “ဟုတ်တယ်”၊“စွန့်ပစ်ခံထားရ တဲ့ကျောက်”၊ “ဖိုးချင်း ပြောတာ သဘာဝကျတယ်” ဆို သော ထောက်ခံသံတွေ ဆူညံလာပြန်သည်။

“ဒီမှာ ကျုပ် စကားကုန် ပြောမယ်။ ဒီကျောက် ပြန်ပေးမှာလား၊ မပေးဘူးလား။ ပြန်မပေးရင် ခင်ဗျားကို အရေးယူမယ်။ ဖမ်းမယ်။ အခုန ၀ိုင်းပြီး ထောက်ခံခဲ့တဲ့ လူတွေလည်း အလိုတူ အလို ပါတွေဆိုပြီး နောက်ဆက်တွဲ ဖမ်းရလိမ့်မယ်။ ဒီမယ်၊ ခင်ဗျားတို့ မသိသေးရင် ထပ်ပြောမယ်။ ကျုပ်တို့ ကုမ္ပဏီနဲ့ နိုင်ငံတော်နဲ့ အကျိုးတူ ကျောက်စိမ်း တူးဖော်ရေး လုပ်နေကြတာ။ ကျုပ်တို့ ကုမ္ပဏီက ရတဲ့ ကျောက်က နိုင်ငံတော်ပိုင် ဖြစ်လို့ နိုင်ငံတော်ကို အပ်ရတာ။ အပ်ပြီးလို့ ကျောက်ရောင်းပွဲပြီးမှ ကုမ္ပဏီနဲ့နိုင်ငံတော် အကျိုးတူ ခွဲဝေ ယူကြရတာ။ ဒါကြောင့် ဟောဒီ ဖားကန့် ကျောက်စိမ်းမြေက ထွက်တဲ့ ကျောက်မှန်သမျှဟာ နိုင်ငံတော်ပိုင်ကျောက်။ ဒီကျောက်ကို ဘယ်သူမှ တရားမ၀င် သယ်ခွင့်မရှိဘူး။ ရောင်းခွင့် မရှိဘူး။ ရေမဆေးတွေလည်း သယ်ခွင့်၊ ရောင်းခွင့် မရှိဘူး”

လောပန်းစကားက ချည်ပြီး တုပ်ပြီး ဖြစ်နေသည်။ လူအားလုံး ငြိမ်တိတ်နေတော့သည်။
“အကျိုးတူ ကုမ္ပဏီကရတဲ့ ကျောက်တွေ အပျောက်အရှ မရှိအောင်၊ နိုင်ငံတော်ထံ အပြည့်အ၀ အပ်နှံနိုင်အောင် သတ္တုတွင်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လာပြီး စောင့်ကြပ်နေပါတယ်။ ဟောဒါ တာဝန်ရှိတဲ့ပုဂ္ဂိုလ်ပါ”

လောပန်းက သူ့စကား ပိုမိုခိုင်မာစေရန် သူ့အနီး၌ ရပ်နေသော နေကာမျက်မှန်နှင့်လူကို ညွှန်ပြလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်က သတ္တုတွင်းက တာဝန်ရှိသူပါ။ ဖားကန့် ကျောက်စိမ်းဒေသမှာ ရှိတဲ့ အကျိုးတူကုမ္ပဏီတွေက ထွက်တဲ့ကျောက်တွေ အလေအလွင့် မရှိဘဲ နိုင်ငံတော်ဆီ အပ်နိုင်ဖို့ ကြီးကြပ်ရတဲ့နယ်မြေမှူးပါ။ ဒါကြောင့် ဒီ ကျောက်ကို နိုင်ငံတော်ပိုင်ကျောက်အဖြစ်နဲ့ ပြန်သိမ်းရပါလိမ့်မယ်။ ပြီးတော့ ကျောက်ပိုင်ရှင်ရော၊ ၀ိုင်းသယ်လာတဲ့ လူတွေရော၊ အိမ်ရှင်ရော အရေးယူရပါလိမ့်မယ်”

နယ်မြေမှူး စကားဆုံး သွားသောအခါ အားလုံးလှုပ် လှုပ်ရွရွ ဖြစ်သွားသည်။ တီးတိုး စကားတွေ ပြောနေကြပြီ။ ဖိုးချင်းနှင့် ရခိုင်ကြီးလည်း သိသိသာသာ မျက်စိ မျက်နှာပျက်နေပြီ။ ဒီလူအုပ်ကြီးကို အရေးယူဖို့ ဖမ်းဆီး ခေါ်ဆောင်သွားမည် ဆိုလျှင် ဖားကန့် ရဲစခန်း ဆံ့တော့မည်မဟုတ်။

“အဲလိုတော့ အရေးမယူပါနဲ့ဗျာ။ ကျွန်တော်တို့ တစ်တွေဟာ ရေမဆေးတွေပါ။ တစ်နေ့ရှာမှ တစ်နေ့ ဆန်ဖိုး၊ ဆီဖိုး ရတာပါ။ စီးပွားဖြစ်လည်း မရကြပါဘူး။ အဲလိုတော့ မလုပ်ပါနဲ့ဗျာ။ နော် လောပန်းကြီးနဲ့ နယ်မြေမှူးကြီးရယ်”

“ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့က မရှိဆင်းရဲသား ရေမဆေး ရှာသူတွေပါ။ အရေး မယူပါနဲ့ဗျာ”

ရေမဆေးဂျော်ကီတွေ တစ်ယောက်တစ်ပေါက် ၀ိုင်း၍ တောင်းပန် တိုးလျှိုးနေကြသည်။
စိုင်းလှကျော်၊ ဖိုးချင်း၊ ရခိုင်ကြီးနှင့် ရေမဆေးဂျော်ကီတွေ အားလုံး စိုးရိမ်တုန်လှုပ်နေတော့သည်။ အိမ်ရှေ့မှ လူတွေကလည်း မည်ကဲ့သို့ အရေးယူလေမလဲဆိုသည့် အတွေးများနှင့် တီးတိုးတီးတိုး သဖန်းပိုးထိုးနေကြပြီ။ လောပန်းနှင့် တာဝန်ရှိ ပုဂ္ဂိုလ်တို့က ကျောက်တုံးမှ တိပ်တွေ၊ မိုးကာစတွေ ခွာချနေပြီ။ ပြန်သယ်တော့မည့် အရိပ်လက္ခဏာ။
ထိုစဉ်၊ ဂျော်ကီတွေ ကြားထဲသို့ အသားညိုညို၊ တောင့်တောင့်ဖြောင့်ဖြောင့် လူတစ်ယောက် ၀င်လာသည်။ လေးဆယ်ဝန်းကျင်ခန့်တော့ ရှိမည်။ သူရောက်လာသဖြင့် ရေမဆေးဂျော်ကီတွေ အားတက်သွားကြသည်။ သူကား တခြား လူမဟုတ်။ ရွာထဲက ကိုခန့်မောင်။ ပွဲစား၊ ကြား ပွဲစား၊ အထူးသဖြင့် ကျောက် အရောင်းအ၀ယ်ပွဲစား။

“ကျွန်တော် တစ်ခုပြောပါရစေ။ လောပန်းကြီး ပြောတာလည်း မှန်ပါတယ်။ နယ်မြေမှူးကြီး ပြောတာလည်း မှန်ပါတယ်။ ဟောဒီက ရေမဆေးသမားတွေ ဆိုတာလည်း တစ်နေ့လုပ်မှ တစ်နေ့ စားကြရတာပါ။ အိမ်မှာ ဆန်တစ်ပြည်ဖိုး ရရ၊ ဆီတစ်ဆယ်သားဖိုးရရဆိုပြီး ရေမဆေးရှာနေတဲ့ မရှိဆင်းရဲသားတွေပါ။ ဒီကျောက်ကို ခိုးလာတာလည်း မဟုတ်ပါဘူး။ စွန့်ပစ်ထားတဲ့ မြေစာပုံထဲက ကောက်လာတာပါ။ ဒီတော့ နိုင်ငံတော်ပိုင် ကျောက်မို့ ပြန်သယ်မယ်ဆိုလည်း ပြန်သယ်သွားပါ။ ကျွန်တော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ တစ်ခုတော့ တောင်း ပန်ချင်ပါတယ်။ ဒီကျောက်စိမ်းတုံးကြီးကို ရအောင်ရှာခဲ့ရသူနဲ့ ဥရုချောင်း ဟိုဘက် ကမ်းကနေ အိမ်အထိ တစ်ယောက်တစ်လှည့် ထမ်းလာ ခဲ့ရတဲ့လူတွေကိုတော့ ကရုဏာ ထားစေ့ချင်ပါတယ်။ သနားစေချင်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အတွက် ဈေးစကား ပြောတာရယ်လို့ မသတ်မှတ်စေချင်ဘဲ၊ မုန့်ဖိုးအနေနဲ့တော့ မစဖို့ သူတို့ ကိုယ်စား ကျွန်တော် ပြောချင်ပါတယ်။ ဒါကြောင့် လောပန်းကြီးရယ် ရေမဆေးတွေ အတွက် မုန့်ဖိုးလေးဖြစ်ဖြစ် ပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ် ဗျာ”

“မှန်တယ်”

“ဟုတ်တယ်”

“ပွဲစားကြီး ပြောတာ သဘာဝကျတယ်”

“ရေမဆေးရှာသူတွေရဲ့ဘ၀ ကိုယ်ချင်းစာတတ်ပါစေ”

“လောပန်းကြီး ဒီထက် ချမ်းသာပါစေ။ ဒီထက် ကျောက်ကောင်းတွေ ပွင့်ပါစေ”

စိုင်းလှကျော် အိမ်ဝိုင်း ထဲမှာ ဆူညံပွက်လောရိုက်သွားသည်။ ပွဲစားကိုခန့်မောင် စကားကို နားထောင်အပြီး လောပန်း တွေဝေသွားဟန် တူ၏။ သူ တစ်ဦးတည်း မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသဖြင့် နယ်မြေမှူးနှင့် တီးတိုးတိုင်ပင်ပြန်သည်။

“မုန့်ဖိုးလေးတော့ ပေးလိုက်ပါဗျာ။ ကျောက်လည်း ပြန်ရနေပြီပဲ ဥစ္စာ”

နယ်မြေမှူးအသံ တစ်စွန်းတစ်စ ကြားသွားသော လူအုပ်ကြီးက “ဟေး”ခနဲ ၀ိုင်း၍ အော်ကြပြန်သည်။
“ကဲကဲ ခင်ဗျားတို့ကို ကျုပ်က မုန့်ဖိုးဘယ်လောက် ပေးရမှာလဲ ပြော”

လောပန်းစကားသံ ဆုံးဆုံးချင်း ကျောက်ရသော ဖိုးချင်းက မပြောရ။ ရေမဆေးဂျော်ကီအသံတွေ ဆူညံ သွားပြန်၏။
“ဆယ့်ငါးပုံး”

“ဆယ်ပုံး”

“ခုနစ်ပုံး”

“ငါးပုံး”

ကိုယ် လိုချင်သလောက် အော်ဟစ်နေသော လူအုပ်ကြီးကို လောပန်း အသံကြီးက အုပ်လိုက်တော့၏။
“များလွန်းတယ်။ ဆယ့်ငါးပုံးဆို များတယ်။ ဒါဆို တစ်ပြားမှ မပေးဘူး။ ကျောက်ယူပြီး ပြန်မယ်”

လောပန်း စိတ်ဆိုးသွားမှန်း သိသဖြင့် ပွဲစားကိုခန့်မောင်က လူအုပ်ကို “ငြိမ် ငြိမ်”ဟု လက်အမူအရာ ပြလိုက်သဖြင့် တိတ်သွားပြန်သည်။
“ကဲ- ကျွန်တော်ပဲ အဆင်ပြေအောင် ညှိပေးပါ့မယ်။ ခင်ဗျားတို့ တောင်းတဲ့ မုန့်ဖိုးဆယ့်ငါးပုံးက များနေတယ်။ လောပန်း အနေနဲ့လည်း လိုက်လျောနိုင်အောင်၊ ခင်ဗျားတို့လည်း စိတ်ကျေနပ်အောင် မုန့်ဖိုးကို ကျွန်တော်ပဲ ကြားကနေ သတ်မှတ်ပေးမယ်။ နည်းတယ်များတယ် မအောက်မေ့နဲ့။ မုန့်ဖိုး ငါးပုံး”

ပွဲစား ကိုခန့်မောင် စကားဆုံးသွားသောအခါ “ဟေး” ဆိုသော အသံကြီး ထွက်လာပြန်သည်။ ရေမဆေးဂျော်ကီတွေက ကျေနပ်၍ ထွက်လာသံ။ သို့သော် လောပန်းက မကျေနပ်။

“ငါးပုံ များတယ်ဗျာ။ ပွဲစား စဉ်းစားကြည့်။ ဒီငွေက ကျုပ် တစ်ပြားမှ မပေးလည်း ရတယ်နော်။ ကျုပ် တစ်ပုံးပဲ ပေးမယ်ဗျာ။ ကြိုက်လည်း ယူ။ မကြိုက်လည်း မယူနဲ့”

“လောပန်းကြီးရယ်၊ ကျွန်တော်က ကြားက စေ့စပ် ပေးနေတာပါ။ တစ်ပုံးကတော့ ကလေးကလား ဆန်ပါတယ်။ ဒီငွေလောက်ကတော့ လောပန်းတို့အနေနဲ့ ဘီယာဆိုင် တစ်ခါထိုင်ပဲ ရှိပါတယ်။ ဟောဒီက ရေမဆေးတွေ အဖို့ လောပန်းပေးတဲ့ ငွေကို ဒီလူ လေးငါးဆယ် ခွဲယူရင် မနက်စာအတွက် ဆန်ဖိုးလောက်ပဲ ရမှာပါ။ ညနေစာ အတွက်တောင် မရပါဘူး။ အခု ဒီကျောက်ကြီး ထမ်းလာရတဲ့ ထမ်းခတောင် မရှိပါဘူး။ ဖြစ်နိုင်ရင် သူတို့အတွက် နှစ်ပုံးတော့ မုန့်ဖိုး ပေးလိုက်ပါနော်”

လောပန်း၊ နယ်မြေမှူး နှင့် ပွဲစားတို့ ညှိနှိုင်းအပြီး နောက်ဆုံး တစ်ပုံးခွဲနှင့် ဈေးတည့်သွားသည်။ ရေမဆေးတွေလည်း နည်းသည် များသည် မတွက်တော့ဘဲ တစ်ပြားရရ၊ နှစ်ပြားရရ အမြတ်ဟု သဘောထားကာ ကျောက်ကို လောပန်း၏ ဖိုးဝှီးကားပေါ် ၀ိုင်း၍ တင်ပေးလိုက်ကြလေသည်။

မြန်မာ့ထွဋ်ခေါင်ကုမ္ပဏီသို့ ဖိုးချင်းနှင့် ရခိုင်ကြီး မုန့်ဖိုး လိုက်ယူကြလေသည်။ ရေမဆေးဂျော်ကီတွေကတော့ မုန့်ဖိုးခွဲတမ်း ရဖို့ စိုင်းလှကျော် အိမ်ဝိုင်းထဲမှာ တရုန်းရုန်းဖြင့် ကျန်ရစ်ခဲ့တော့သည်။ ဖိုးချင်းနှင့် ရခိုင်ကြီးတို့ ပြန်ရောက်လာသောအခါ ရခိုင်ကြီးက ရေမဆေး ဂျော်ကီတွေကို တန်းစီခိုင်းနေသည်။ စိန်တူတွေက ရခိုင်ကြီး လက်ထဲမှာ။ စိန်တူ အပ်ထားသည့် လူကိုလည်း မုန့်ဖိုး ပေးရမှာ ဖြစ်သည်။

ဖိုးချင်းလည်း လောပန်းဆီမှ ရလာသော မုန့်ဖိုးကို လက်ထဲ တင်းတင်းဆုပ်ရင်း စိုင်းလှကျော်အိမ်ပေါ် တက်သွားသည်။ ဖိုးချင်း အနေဖြင့် မိမိအတွက် မကျန်ချင်နေ၊ အဓိက ကျသူများကို စိတ်ကျေနပ်အောင် ခွဲဝေပေးဖို့ စဉ်းစား ဆုံးဖြတ်လိုက်သည်။ အိမ်ပေါ်မှာ စိုင်းလှကျော် လင်မယား၊ ပွဲစားကိုခန့်မောင်၊ နိုင်လွန်ကြိုးနှင့် ထမ်းပိုး ငှားလာသော ဂျော်ကီခေါင်းဆောင် မောင်အေးနှင့် ပေါက်စ။
“ကဲ- ကိုစိုင်းတို့ လင်မယား အတွက် ခုနစ်သောင်းခွဲ၊ ရော့။ ကျောက်ရရင် တစ်ဝက် ကြေးပေးရမယ် ဆိုတဲ့ ကတိ တည်ပြီနော်”

ဖိုးချင်းက စိုင်းလှကျော် လက်ထဲ ထည့်လိုက်သည်။ စိုင်းလှကျော်က ပြုံးရွှင်စွာဖြင့် လက်ခံယူလိုက်သည်။

“ကဲ- ပွဲစားကြီး အတွက် မုန့်ဖိုး ဘယ်လောက် ပေးရမလဲ”

“ရပါတယ်ကွာ၊ မင်းသင့်မယ် ထင်သလောက်ပဲ ပေးပါ။ မပေးလည်း ကိစ္စမရှိ ပါဘူး”

“ကဲ- ဖိုးချင်း၊ ပွဲစားကြီးအတွက် ပွဲတိုက်ခ တစ်သောင်းပေးလိုက်။ နည်းတယ်လို့တော့ မအောက်မေ့နဲ့ပေါ့ဗျာ။ သူ့မှာ ဂျော်ကီတွေလည်း ပေးဖို့ ရှိသေးတယ်”

စိုင်းလှကျော်က ၀င်ဖြတ်ပေးသည်။
“ရပါတယ် ညီလေးရာ၊ လောပန်းကို ကိုယ်မနည်းပြောရတာ မင်းတို့ အသိပဲ။ ညီလေးတို့ကို ကိုယ် သနားလို့ မရမက ၀င်ပြောရတာပါ”

ပွဲစား ကိုခန့်မောင် လက်ထဲသို့ တစ်သောင်း ထည့်လိုက်သည်။
“ပေါက်စနဲ့ မောင်အေး၊ မင်းတို့ကို ဘယ်လောက် ပေးရမလဲ”

ဖိုးချင်း စကားဆုံးဆုံးချင်း ပေါက်စက မဆိုင်းမတွ။
“ထမ်းပိုးနဲ့ ကြိုးငှားခ ငါးထောင်ကျတယ်။ ငါနဲ့ မောင်အေးအတွက် တစ်ယောက် ငါးထောင်စီ။ စုစုပေါင်း တစ်သောင်းခွဲတော့ ပေးပါ”

ဖိုးချင်းက ကျေကျေနပ်နပ် ပေးလိုက်သည်။ ထို့ နောက် အိမ်ပေါက်ဝမှာ တန်းစီနေသော ရေမဆေး ဂျော်ကီတွေဆီ မုန့်ဖိုးပေးရန် ဆင်းလာတော့ ဖိုးချင်း လက်ထဲမှာ ငါးသောင်းပဲ ကျန် တော့သည်။
“အင်း- လူကုန်အောင်မှ ပေးနိုင်ပါ့မလား”

ဖိုးချင်း သက်ပြင်းရှည် “ဖူး”ခနဲ မှုတ်ထုတ်လိုက် သည်။ ဖိုးချင်း ဆင်းလာတော့ လူတန်းရှည်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်သည်။
“ရခိုင်ကြီး၊ မင်းက စိန်တူပေး။ ငါက ပိုက်ဆံပေးမယ်”

တံခါးအထွက်မှာ ရခိုင်ကြီးက စိန်တူတစ်လက်ပေးလျှင် ဖိုးချင်းက ငွေတစ်ထောင်ပေး။ ဒီလိုနှင့် လူ ပေါင်း ၄၈ ယောက်ပေး လိုက်သောအခါ ရေမဆေးတွေလည်း ကုန်သွားပြီ။ သို့သော် ဖိုးချင်းလက်ထဲမှာ ထောင်တန်နှစ်ရွက်ပဲ ကျန်တော့သည်။

“ဖိုးချင်း၊ ငါတို့ အတွက်ကော ကျန်သေးလားကွ”

ဖိုးချင်းက အစိမ်းရောင် ခြင်္သေ့နှစ်ကောင်ကို ရခိုင်ကြီးအား ထောင်ပြလိုက်သည်။

“ရော့ မင်း တစ်ကောင်၊ ငါ တစ်ကောင်”

ရခိုင်ကြီးကို တစ်ထောင်တန် တစ်ရွက် ပေးလိုက်ပြီး သူ့လက်ထဲက ထောင်တန်တစ်ရွက်ကို ရခိုင်ကြီးအား မြှောက်ပြလိုက်၏။ ထို့နောက် ဖိုးချင်းက မချိမဆံ့ မျက်နှာသေလေးဖြင့် ရခိုင်ကြီးကို ပြောလိုက်သည်။

“မင်းပြောတဲ့ စကား သိပ်မှန်တယ် ရခိုင်ကြီး။ မင်းပြောတဲ့ ထောင်ကျောက်တော့ ထောင်ကျောက်ပဲ။ ဒါပေမဲ့ သိန်းတစ်ထောင် တန်တဲ့ကျောက် မဟုတ်ဘူး။ ကျပ်တစ်ထောင်တန်တဲ့ ကျောက်။ ထောင်ကျောက် တဲ့ ဟား ဟား..ဟား၊ ဘ၀ ပြောင်းသွားပြီတဲ့ ဟား... ဟား... ဟား...ဟား”

မမုံရွာလေး ထိတ်လန့်သွားအောင် ဖိုးချင်း၏ဟား တိုက်ရယ်မောသံကား ဥရုချောင်း တစ်ဖက်ကမ်းကို ကျော်သွားကာ “စပေါ့” ဘုရားတောင်ကြီးထိ ပဲ့တင် ရိုက်ခတ်သွားသည် ထင်သည်။

“ဒီကောင် ရူးများသွားပလား” ဆိုပြီး စိတ်မကောင်းသော အမူအရာဖြင့် ရခိုင်ကြီးက ဖိုးချင်းကို ငေးမော ကြည့်နေမိသည်။

၂၀၁၁ စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတိုဖြစ်သည်။

ဆင်တဲဝ-မြတ်မင်း

from The Irrawaddy's Blog by Sithu Linn
Read More »

Saturday, September 08, 2012

လမ်းမပေါ်မှ အတွေးများ



"ကားဂိတ်မှာ ဆို လာဘ်လာဘတိတ်တယ်လို့များ တစ်ညီတစ်ညွတ် အယူရှိရော့သလားမသိ။ ဘယ်ကားမှ ကားဂိတ်မှာ ရပ်ရိုး ထုံးစံက မရှိ"


Read More »

ပွဲပြီးတဲ့နေ့




Read More »

Saturday, August 11, 2012

သာဓု ခေါ်နိုင်ကြပါစေသတည်း



သားရယ်၊ အဘမှာ ပိုက်ဆံ တစ်ရာပဲပါလို့ ကားခကို ဒါလေးပဲ ယူပါနော်”

“ဟာ ရတယ် ဘကြီး။ တစ်ရာလည်း မပေးနဲ့တော့”

နွမ်းပါးဟန် ရှိသော အဘိုးအိုနှင့် စိတ်သဘော ထားကောင်းသော အထူးကား စပယ်ယာလေးတို့ ကြားမှာ အလှူလေး တစ်ခု ဖြစ်သွားသည်။
 ကြီးကျယ် မြင့်မြတ်သော အလှူကြီးတော့ မဟုတ်။ လက်ကောက်သံ တချွင်ချွင် မကြားရ။ ဟန်းဖုန်းသံ တညံညံ မမြည်။ သတင်းစာထဲ ကျေးဇူးတင်လွှာ မပါဘဲနှင့် လှူဖြစ်သွားသည်။ ဘေးနားရှိ ခရီးသည် အားလုံးလိုလိုမှာ စပယ်ယာလေးအား ချစ်ခင်စွာ ကြည့်နေကြသည်။ အဘိုးအိုကမူ တတွတ်တွတ်နှင့် ဆုပေးနေရှာ၏။

“အစ်မ၊ ဒီနားမှာ ငါးဆယ်တန်လေး တစ်ရွက် ပြုတ်ကျတာ တွေ့မိလား ဟင်”

“မတွေ့မိပါဘူး ကလေးရယ်။ ဘာဖြစ်လို့လဲ”

Read More »

ရောင်စုံမီးတွေကြားက ဘဝတက္ကသိုလ်




Read More »

Wednesday, August 08, 2012

လင်းရောင်နေခြည်မျှော်မိသည်မို့



House in Myanmar. (Oil on board, 20 x 30 cm, 2009) http://www.marcdalessio.com

Read More »

Sunday, July 22, 2012

တံမြက်စည်း



မိုးမြင့်မောင် အိပ်မက် မက်သည်။ အိပ်မက်ထဲမှာ တံမြက်စည်း စက်ရုံ မီးလောင် သွားသတဲ့။

မိုးမြင့်မောင် ထကသည်။ ပထမတော့ အိပ်မက်ထဲမှာ ကသည်။ နောက်တော့ အပြင်မှာ တကယ် ကနေမိသည်။ သူ အိပ်တာက ဘုရားခန်းမှာ။ ဘုရားစင်လေး ရှေ့မှာ သူ ကနေသည်။ မိန်းမနှင့် သမီးက အခြား အခန်းမှာ အတူတူ အိပ်ကြသည်။ သူ မိန်းမနှင့် အတူတူ မအိပ်တာ ဘယ်လောက် ကြာသွားပြီလဲ။ သူ ဒါကို မတွေးချင်ပါ။ မိန်းမနှင့် အတူတူ အိပ်စက်ခဲ့သော ကာ လများကို သူ မတွေးချင်ပါ။ အတူတူ မအိပ်တာလည်း မတွေးချင်ပါ။

သူ တွေးမိသည်က တံမြက်စည်း။ တံမြက်စည်းသည် သန့်ရှင်းရေး အလုပ်ကို လုပ်ရ၏။ ထိုတံမြက်စည်းများက သူ့တင်ပါးပေါ်သို့ ဘာကြောင့် ကျရောက်၊ ကျရောက်လာသလဲ။ တံမြက် စည်းဆိုင်းချက်ကြောင့် သူ့ အက ရုတ်တရက် ရပ်တန့် သွား၏။

Read More »