နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သက်သတ်လွတ်. Show all posts
Showing posts with label သက်သတ်လွတ်. Show all posts

Wednesday, October 23, 2013

သက်သတ်လွတ် စားရာတွင် အာဟာရ ဓာတ် ပြည့်ဝ စေရန်




လူတိုင်း အတွက် မျှတတဲ့ အစား အသောက်ကို နေ့စဉ် စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်
သက်သတ်လွတ် အစားအသောက်တွေကို စားသောက်နေချိန်မှာ အာဟာရ ပြည့်ပြည့်ဝဝ ရရှိစေဖို့
လိုက်နာသင့်တဲ့ နည်းလမ်းတွေကို မျှဝေလိုက်ရပါတယ်။

အစိမ်းစားပါ

သက်သတ်လွတ် စားမယ်ဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အခွံမာတဲ့ အစေ့အဆန်နဲ့ ပဲအမျိုး
မျိုးတွေ ပါဝင်သင့်ပါတယ်။ ဒီအရာတွေ အားလုံးပါဝင်တဲ့ အစာကို စားပေးမှ အာဟာရဓာတ် အလုံအ
လောက် ရရှိမှာပါ။ ဒီတော့ ဟင်းသီးဟင်းရွက်ကို အစိမ်းလိုက် ရေစင်အောင် ဆေးကြောပြီး သုပ်စား
ပါ။ အပေါ်ကနေ အခွံမာတဲ့ အစေ့အဆန် ဒါမှမဟုတ် ပဲတစ်မျိုးမျိုးကို ဖြူးပြီး စားသင့်ပါတယ်။ အခွံမာ
သီးနဲ့ ပဲကို ထည့်စားတာကြောင့် ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။

အရောင်စုံစားပါ

ဟင်းသီးဟင်းရွက်မှာ ရှိတဲ့ အရောင်တိုင်း၊ အရောင်တိုင်းက သီးခြားအာဟာရတန်ဖိုးတွေ ရှိကြပါတယ်။
ဒါပေမဲ့ အာဟာရတန်ဖိုး အနည်းအများနဲ့ အထူးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ကွာခြားမှု ရှိပါ
လိမ့်မယ်။ ဒါကြောင့် သက်သတ်လွတ်စားချိန်မှာ အရောင်စုံ ဟင်းသီးဟင်းရွက်တွေကို စားပေးရင် အာ
ဟာရဓာတ် အစုံအလင် ရရှိစေပါတယ်။

စွပ်ပြုတ် လုပ်ပြီး သောက်ပါ

တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် စွပ်ပြုတ် သောက်သင့်ပါတယ်။ ပရိုတင်းဓာတ် ရရှိစေဖို့ ပဲ
စွပ်ပြုတ် လုပ်တဲ့အခါ ဟင်းသီးဟင်းရွက်တွေကို ထည့်ချက်ပါ။ ရိုးစင်းလွယ်ကူပေမယ့် အာဟာရဓာတ်
အပြည့်အဝ ရရှိစေပါတယ်။

အေးခဲသည့် နည်းဖြင့် စားပါ

တချို့ သစ်သီးဝလံတွေကို ရေခဲသေတ္တာထဲမှာ အေးခဲအောင် ထည့်ပြီးစားရင် ပိုအရသာ ရှိသလို အာ
ဟာရ ပိုရှိပါတယ်။

ဖျော်ရည် ဖျော်သောက်ပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည် ဖျော်သောက်တာက အလွယ်ဆုံးနဲ့ ကျန်းမာရေးနဲ့ အ
ညီညွတ်ဆုံး နည်းတစ်နည်းပါ။

ကြယ်စင်
BY GOOD HEALTH

ကျန်းမာရေးစာတိုများစုစည်းမှု

Read More »

Monday, July 08, 2013

အိန္ဒိယစတိုင် ပဲဟင်း



ဝါတွင်းနီးလာပြီမို့ သက်သတ်လွတ်ဟင်းများကို အဆင်ပြေသလိုတင်သွားပေးပါမယ်

သက်သတ်လွတ်ဟင်းများထဲမှာ မပါမဖြစ်ကတော့ အရသာရှိသော ပဲဟင်းပါ။ ဘာဟင်းမှ မရှိလဲ ပဲဟင်းနဲ့
ရွှေဘိုထောင်းလေးနဲ့ဆိုရင်တော့ စားလို့မြိန်တာပါပဲ။

အိန္ဒိယစတိုင် ပဲဟင်းချက်နည်းလေး ကိုမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကုလားပဲ - တစ်ခွက်
  2. ပဲနီလေး -ခွက်တစ်ဝက်
  3. ကြက်သွန်နီ တစ်ဥ -သေးသေးစိတ်ထား
  4. ခရမ်းချဉ်သီးတစ်လုံး -သေးသေးစိတ်ထား
  5. ချင်းလက်တစ်ဆစ်- ပါးပါးလှီးထား
  6. ဆား- စားပွဲဇွန်း ၁ ဇွန်း
  7. ဆနွင်း လက်ဖက်ရည် ဇွန်းတစ်ဝက်
  8. မာဆလာ အနည်းငယ်


ချက်နည်း
ပဲများကိုရေဆေးပြီး ဆနွင်း၊ ခရမ်းချဉ်၊ မာဆလာ၊ ကြက်သွန်၊ချင်း ထည်ပြီး ရေမြုပ်ရုံထည့်ကာ pressure cooker မှာ ၂၀ မိနစ်ခန့်တည်ပေးပါ။

ပဲများနူးအိလာလျှင် ဇွန်းနှင့်ခြေပေးပြီး ရေထပ်ထည့်ပေးပါ။ (မိမိစိတ်ကြိုက်အပျစ်အကျဲချိန်ပါ) နောက်မီး
ပေါ်တွင် ပြန်တင်ပြီး ဆားထည့်ကာ ဆူအောင်တည်ပါ

ပဲဟင်းနှင့်တွဲဖက်သုံဆောင်ရန်ငရုပ်သီးကြက်သွန်ဖြူကို ဆီချက်
ကြက်သွန်ဖြူ၊ ချင်း - ပါပါးလှီထားပြီးသား စားပွဲတင်ဇွန်းတစ်ဇွန်း
ငရုပ်သီးခြောက် ၃ တောင့်
စမုန်စပါးအနည်းငယ်
မာဆလာအနည်းငယ်
ဆီ စားပွဲဇွန်း ၁ ဇွန်းခွဲခန့် ကို အပူပေးပြီး စမုန်စပါး ထည့်ပေးပါ။

တဆက်ထည်းမှာ ကြက်သွန်ဖြူ နှင့် ချင်းများကို ထည့်ပေးပြီး ကြက်သွန်ဖြူများ ကြွပ်စပြုလာလျှင် ငရုပ်သီးများကို ထည့်ကြော်ပါ။


ထို့နောက် မာဆလာ အနည်းငယ်ဖြူးကာ မီးပိတ်လိုက်ပါ
စားကာနီးမှ ပဲဟင်းပေါ်မှာ ဖြူးကာ သုံးဆောင်ပါ။


EVY's Kitchen မှကူးယူမျှဝေသည်။
Read More »

ပါစတာ နှင့် Baked bean



ပါစတာ ကြိုက်သူတွေအတွက် ပါစတာ နှင့် Baked bean လုပ်နည်းလေးပါ။

သက်သက်လွတ်လည်းဖြင့်၊ အရသာရှိတဲ့ ပါစတာ လုပ်နည်းသစ် တမျိုးပါ။ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  1. ပါစတာ – ၁ရ၀ ဂရမ်
  2. Baked Bean – စည်သွပ်၁ဗူး
  3. သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  4. ကြက်သွန်ဖြူ – ၂မွှာ (နှတ်နှုတ်ဆင်းပါ)
  5. တရုတ်နံနံ – စားပွဲတင်ဇွန်း ၁ဇွန်းစာ
  6. ပင်စိမ်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  7. Oreganoရွက်(သို့) Oregano မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  8. ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  9. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  10. ချိစ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ခြစ်တံဖြင့်ခြစ်ထားပါ)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီ ဆူလာလျှင် ဆား(အနည်းငယ်)၊ ပါစတာများကို ကျက်သည်အထိ တည်ထားပေးပါ။

၂။ ပါစတာ ကျက်သွားလျှင် ပြန်ဆယ် ရေအေးစိမ်ပြီ ဇကာဖြင့် စစ်ထားပါ။


၃။ ပြီလျှင် ဒယ်ထဲ သံလွင်ဆီ ထည့်ကာ ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ပြီနောက် Baked bean စည်သွပ်များကို ဒယ်ထဲ လောင်းထည့်လိုက်ပြီ တရုတ်နံနံ၊ ပင်စိမ်း၊ oregano၊ တို့ဖြင့် ရောမွှေကာ ၂မိနစ်ခန့် တည်ထားပါ။


၅။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပြီ မီးပိတ်လိုက်ပါ။


၆။ ပဲ ခရမ်းချဉ်သီးဆော့ရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ ပါစတာ ခင်းကျင်းပြီ အပေါ်မှ ပဲ၊ ခရမ်းချဉ်သီးဆော့ရည်များကို လောင်းချလိုက်ပါ။


၇။ ပြီလျှင် အပေါ်မှ ချိစ်လေးများ ဖြူးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Wutyee Food House မှကူးယူမျှဝေသည်။
Read More »

Saturday, July 06, 2013

အာလူး ဒိန်ချဉ်ဟင်းလျာ (Dum Aloo)



မြောက်ပိုင်း အိန္ဒိယစတိုင် နံမည်ကြီး အာလူး ဒိန်ချဉ်ဟင်းလျာပါ။

အာလူးကို အရင်ကြော်ပြီမှ ဒိန်ချဉ်နဲ့နုပ်ပြီ ပြန်ချက်ထားတဲ့အပြင် သီဟိုဌ်စေ့ထောင်းပါ ထည့်တာမို့ အရသာ
က စိမ့်ပြီ စားလို့ ကောင်းပါတယ်။

သတ်သတ်လွတ် စားမယ့်သူများအတွက် အထူးကောင်းမွန်တဲ့ ဟင်းတစ်ခွက်ပါ။ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  1. အာလူး(လုံးသေး) – ၈၀၀ ဂရမ်
  2. ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  3. ငရုတ်သီး(အရောင်တင်မှုန့်) – လက်ရည်ဇွန်း ၃ဇွန်း
  4. ဒိန်ချဉ်(အချို) – ၁ခွက်
  5. ဂျင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  6. လေညှင်း – ၄ပွင့်
  7. မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  8. ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  9. သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  10. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  11. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  12. နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  13. ဟင်းရွက်ဆီ (သို့) mustard ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
  14. သီဟိုဌ်စေ့ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းပါ)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး အာလူး အခွံနွှာပြီ ရေထဲ ၁၅မိနစ်ခန့် စိမ်ထားပါ။

၂။ ပြီနောက် အာလူးများကို ရေပြန်စစ်ပြီ ဆီများများ ထည့်ထားသော ဒယ်ထဲတွင် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။


၃။ ထို့နောက် ဇလုံတစ်ခုထဲတွင် (ဒိန်ချဉ်၊ အားလူး၊ ငရုတ်သီးမှုန့်၊ ဂျင်းမှုန့်၊ သစ်ဂျပိုးမှုန့်၊ ဖာလာမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။


၎။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ဆီပူလျှင် လေညှင်း၊ ကလဝေရွက်၊ ရေ(ခွက်ဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၅။ ပြီလျှင် အာလူးနဲ့ဒိန်ချဉ် ရောနုယ်ထားသည်ကို ထည့်ပြီ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့် တည်ထားပေးပါ။

၆။ အာလူးဟင်းဆီပြန်လာလျှင် မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဇီယာမှုန့်၊ သီဟိုဌ်စေ့များ ဖြူးပေးပါ။


၇။ နောက်ဆုံးမှ မီးပိတ်ကာ နံနံပင် အုပ်ပေးပြီ အရသာရှိသော အာလူး ဒိန်ချဉ်ဟင်းလျာကို သုံးဆောင်လို့ရပါပြီ…


Wutyee Food House မှကူးယူမျှဝေသည်။
Read More »

အသားတုနှင့် ဟင်းရွက်စုံကြော်



တရုတ်စတိုင် အသားတုနှင့် ဟင်းရွက်စုံကြော်ပါ။ အသားတို၊ မှိုခြောက်၊ မှိုနားရွက်၊ ဂေါ်ဖီ၊ ပဲလိပ်၊ ပဲကြာဇံတို့ဖြင့် အရသာ ချိုစိမ့်တဲ့ အသားတု၊ ဟင်းရွက်စုံကြော်ပါ။

ပါဝင်ပစ္စည်းများ
  1. အသားတု – အလုံး ၂၀ (ရေစိမ်ထားပါ)
  2. ပဲကြာဇံ – ၁၀၀ ဂရမ် (ရေစိမ်ထားပါ)
  3. မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့်ပြုတ်ပြီ အရှည်ပါးပါးလှီးထားပါ)
  4. ပဲလိပ် – ၁ခွက်စာ (ရေစိမ်ထားပါ)
  5. မှိုနားရွက် – ခွက်ဝက် (ရေစိမ်ထားပါ)
  6. ဂေါ်ဖီ – ၁စိတ် (၁လက်မအရွယ် လှီးထားပါ)
  7. ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  8. ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း (သက်သက်လွတ်စားသူများအတွက် Oyster mushroom (သို့) vegetarian oyster ဆော့ကို သုံးပါ)
  9. ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  10. သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  11. နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  12. ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ရေဖြင့် ရောဖျော်ထားပါ)
  13. တရုတ်ဟင်းခတ်အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တ၀က် (Chinese Five Spices)


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပါ။

၂။ ပြီနောက် မှိုများကို ထည့်ကြော်ပေးပါ။

၃။ ထို့နောက် အသားတု၊ ပဲလိပ်၊ ဂေါ်ဖီ၊ ကြာဇံ တို့ကို ထည့်ပြီ ရေ(ခွက်ဝက်)ထည့်ကာ တည်ထားပေးပါ။

၎။ အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။

၅။ ရေအနည်းငယ်ကျန်လျှင် ကြက်သွန်မြိတ်၊ နှမ်းဆီ၊ တရုတ်ဟင်းခတ် အမွှေးအကြိုင်၊ တို့ကို အပေါ်မှ ဖြူးပေးပါ။

၆။ ပြီနောက် အပေါ်မှ ကော်ရည်လောင်းချလိုက်ပြီ မီးပိတ်လိုက်ပါ။


၇။ အရသာရှိသော အသားတု နှင့် ဟင်းရွက်စုံကြော်ကို သုံးဆောင်နိုင်ပါပြီ…

Wutyee Food House မှကူးယူမျှဝေသည်။
Read More »

သက်သက်လွတ် ထမင်းပေါင်း



ဝါတွင်းနီလာပြီမို့ သက်သက်လွတ် ဟင်းချက်နည်းတွေ တင်ပေးသွားပါ့မယ်။

ဒါကတော့ တရုတ်စတိုင် မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်းပါ။

တို့ဟူး၊ မှို၊ ငရုတ်သီးပွ၊ ဘိုစားပဲ တို့ကို မီဆိုအနှစ်နဲ့ ရောချက်ထားတာပါ။

ပါဝင်ပစ္စည်းများ
  1. ဂျပန် တို့ဟူး – ၂၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  2. မှိုပွင့်ခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီ အညှာဖြတ်ကာ ပါးပါးလှီးထားပါ)
  3. ဘိုစားပဲ – ၆ခု (အတုံးသေးများ တုံးပါ)
  4. ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  5. ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  6. တရုတ်နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  7. ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  8. ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  9. မီဆိုအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း (City Mart တွင် ၀ယ်ယူနိုင်သည်)
  10. ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  11. သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  12. ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  13. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  14. နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  15. ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပါ)
  16. ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း


ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ထည့်ပြီ အရောင်လှအောင် ၁မိနစ်ခန့် ရောမွှေပေးပါ။

၂။ ထို့နောက် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ပန်းကန်ထဲ ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ ဆီထပ်ထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ပြီလျှင် ရေ(၁ခွက်)၊ မီဆိုအနှစ်၊ ပဲငံပြာရည်၊ သကြား၊ ဆား တို့ကို ထည့်ပေးပါ။

၅။ ပွက်ပွက်ဆူလာမှ တို့ဟူး၊ ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း၊ မှို တို့ကို ထည့်ပြီ အသာလေး ၁မိနစ်ခန့် ရောမွှေပေးပါ။ (အရမ်းမမွှေပါနှင့် တို့ဟူးများ ပြဲသွားလိမ့်မည်)


၆။ ထို့နောက် ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့် ဖြူးပြီ ကော်ရည်ကို လောင်းချကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။

၇။ ထမင်းထည့်ထားသော ပန်းကန်ပေါ်သို့ တို့ဟူး၊ ဟင်းရွက် ကော်ရည်များကို ဆမ်းလိုက်ပါ။


၈။ အရသာရှိသော မီဆိုအနှစ်နှင့် သက်သက်လွတ် ထမင်းပေါင်းကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Wutyee Food House မှကူးယူမျှဝေသည်။
Read More »