နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သတိပေးချက်. Show all posts
Showing posts with label သတိပေးချက်. Show all posts

Saturday, January 07, 2017

ယာဉ်မောင်းသူကော စီးသူပါ ခါးပတ် ပတ်ကြဖို့ ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး ပြော




ကားမောင်း သူတွေရော ကားစီး သူတွေပါ ထိုင်ခုံ ခါးပတ် ပတ်ကြဖို့ ရန်ကုန်တိုင်း အစိုးရက ထုတ်ပြန် ထားပြီး အရေး ယူမှုတွေ လုပ်ဆောင် နေပါတယ်။ ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး ကလည်း ကားစီးသူ မှန်သမျှ ဘယ်သူ ဖြစ်ဖြစ် ထိုင်ခုံ ခါးပတ် ပတ်ထားကြဖို့ တိုက်တွန်း ထားပါတယ်။

ရုပ်ရှင်ကားတွေ ထဲမှာတော့ အန္တရယ်ရှိ ကားမောင်တဲ့ အခြေ အနေတွေ ကနေ မဲရှလ်ယိုး လွတ်မြောက် ခဲ့တာချည်း ဖြစ်တယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ ဒီလို မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် ကားမောင်သူတွေ၊ ကားစီးသူတွေ ခါးပတ် ပတ်ထား သင့်ကြောင်း သူက တိုက်တွန်း ထားတာပါ။ ခါးပတ် ပတ်တာဟာ အသက်ကယ်နည်း တစ်မျိုးပဲလို့လည်း သူက ဆိုပါတယ်။

“ခါးပတ် မပတ် ထားတဲ့ ခရီးသည်တွေ ဆိုရင် သူတို့ ကိုယ်တိုင်နဲ့ တခြားသူတွေ ကိုလည်း အန္တရယ် ဖြစ်စေ ပါတယ်။ ကားမှောက် ကားတိုက်တာ တစ်ခုခုဖြစ်ရင် ခါးပတ် မပတ် ထားသူဟာ လွင့်ထွက် သွားနိုင်ပြီး အပြင်းအထန် ဒဏ်ရာ ရနိုင်ပါတယ်။” လို့ သူက ဆိုပါတယ်။



ကလေးငယ်တွေ အတွက်တော့ ကလေးတွေရဲ့ အရွယ်၊ အလေးချိန်နဲ့ ကိုက်ညီတဲ့ ကားထိုင်ခုံထဲမှာ ထိုင်ခိုင်းပြီး ခါးပတ် ပတ်ထား ပေးဖို့လည်း သူက တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို ရှေ့ခန်း ထိုင်ခံမှာ မထိုင်ခိုင်းဖို့လည်း မဲရှလ်ယိုးက သတိပေးထားပါတယ်။



“ယာဉ် အန္တရယ် ကင်းရှင်းဖို့အတွက် ကျမတို့အားလုံး တစ်ထောင့် တစ်နေရာက ပါဝင်ကြဖို့ တာဝန် ရှိပါတယ်။ ကိုယ့်တာဝန် ကိုယ်ကျေကြပါ” လို့လည်း မီရှဲလ်ယိုးက တိုက်တွန်း ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ညကပဲ ရန်ကုန်-ပုသိမ် လမ်းမကြီးမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် စီးနင်း လာတဲ့ ကားဟာ ယာဉ်မတော် တဆမှု ဖြစ်ခဲ့ ပါသေးတယ်။

ကားမောင်းသူနဲ့ ကားရှေ့ခန်းမှာ ထိုင်လာသူ နှစ်ဦးကတော့ ခါးပတ် ပတ်ထားတဲ့ အတွက် ကားအတွင်းက လေအိတ်တွေ ပွင့်ထွက် လာခဲ့ပြီး အန္တရယ်ရှိတဲ့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ကားနောက်ခန်းမှာ ထိုင်လိုက် လာတဲ့ ဝန်ကြီးချုပ် မန်းဂျော်နီကတော့ ထိခိုက် ဒဏ်ရာ ရခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေ ရပါတယ်။

From : မဇ္ဈိမ မီဒီယာ by

Originally published at - http://mizzimaburmese.com/article/22034

Read More »

Wednesday, August 31, 2016

အာနန်ကော်မရှင်၊ အကျိုးအကြောင်း၊ အကောင်းအဆိုး မျှော်လင့်ချက်များ




အာနန် ကော်မရှင်မှာ ပါတဲ့ နိုင်ငံခြား သားတွေ အနေနဲ့ ရှေ့ပိုင်းမှာ ရေးခဲ့တဲ့ အစွဲတွေ၊ လွှမ်းမိုး မှုတွေ ရှိနေနိုင် ပေမယ့် ရခိုင် ပြည်နယ်နဲ့ ပတ်သက်တဲ့ ပကတိ အခြေ အနေ မှန်ကို ထင်ဟပ်တဲ့ အကြံပြု ချက်တွေ ပေါ်ထွက် လာနိုင်မယ့် မျှော်လင့်ချက် တွေလည်း ရှိတယ်။

ပထမ မျှော်လင့်ချက် ကတော့ ဒေါ်အောင်ဆန်း စုကြည်ပေါ့။ ကိုဖီအာနန်ရဲ့ နိုင်ငံ တကာမှာ ထင်ပေါ် ကျော်ကြားမှုကို ကျော်နိုင်တာ ဒေါ်အောင်ဆန်း စုကြည်ပဲ ရှိပါတယ်။
ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ကော်မရှင်ရဲ့ ဘက်မလိုက်မှု၊ သမာ သမတ်ကျမှု ကို ရအောင် လုပ်နိုင်သလို ကော်မရှင်ရဲ့ အကြံပြုချက် တွေထဲမှာ နိုင်ငံ ရဲ့ အခြေ အနေအရ လက်တွေ့ အကောင် အထည် မဖော်နိုင်တာ ရှိရင်လည်း ဘာ့ ကြောင့် မလုပ်နိုင်ဘူးဆိုတာကို နိုင်ငံတကာကို ပြောပြ နိုင်စွမ်း ရှိပါတယ်။

အဲဒီလိုပဲ လုပ် ဆောင်သင့်တယ်၊ အကောင် အထည် ဖော်သင့်တယ် ထင်ရင်လည်း ပြည်သူတွေ လက်ခံ လာအောင် သူပဲ ရှင်းပြ နိုင်စွမ်း ရှိမှာဖြစ် ပါတယ်။

နောက်ပြီး ကော်မရှင်ရဲ့ ဖွဲ့စည်းမှု ကလည်း သမ္မတရဲ့ အမိန့်နဲ့ ဖွဲ့စည်းတာ မဟုတ်ပဲ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဌာနနဲ့ နားလည်မှု စာချွန်လွှာ လက် မှတ်ရေးထိုး လုပ် ဆောင်မှာ ဖြစ်တဲ့ အတွက် တစ်ဆင့်နိမ့်တဲ့ သဘော ရှိပါတယ်။ ဒါကလည်း တိုးသာ ဆုတ်သာ ပိုရှိမယ့် အနေ အထားလို့ ယူဆလို့ ရပါတယ်။

ဒုတိယ မျှော်လင့်ချက် ကတော့နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေပေါ့။ ဦးကျော်တင့်ဆွေက န၀တ အစိုးရ လက်ထက်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် အဖြစ်နဲ့ တာဝန် ထမ်းဆောင် ခဲ့တာပါ။

ကျွန်တော့် လေ့လာ မှတ်သား မိသလောက်ဆိုရင် ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ အထိ ဆယ်နှစ် တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က ဘင်္ဂလီ ကိစ္စ အပါအ၀င် မြန်မာနိုင်ငံ အပေါ် ဖိအားပေးမှု အမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းတဲ့ အတွေ့ အကြုံ ရှိသူဖြစ်တဲ့ အပြင် ကိုဖီအာနန်နဲ့လည်း ထိတွေ့ ဆက်ဆံ ခဲ့ဖူးသူ ဖြစ်ပါတယ်။

အဲဒီလို သံတမန်ဆိုင်ရာ အတွေ့အကြုံများ၊ကုလသမဂ္ဂ ဆိုင်ရာ အတွေ့အကြုံ များကြောင့် ကိုဖီအာနန် ကော်မရှင်နဲ့ ဆက်ဆံရာမှာ အများကြီးအထောက် အကူဖြစ်မှာပါ။

တတိယမျှော်လင့်ချက် ကတော့ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းမြပါ။

ဦးဝင်းမြကလည်း ကုလသမဂ္ဂ ဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ၁၉ ၉ ၄ ခုနှစ်က နေ ၂၀၀၁ ခုနှစ် အထိ တာဝန်ထမ်းဆောင် ခဲ့တဲ့ အတွက် နိုင်ငံတကာ
ရေးရာတွေမှာ အတွေ့ အကြုံ အများကြီး ရှိခဲ့သူ ဖြစ်သလို ရခိုင် တိုင်းရင်းသားတွေ ထဲမှာ လည်း လေးစား ခံရသူ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ လူ့အခွင့် အရေး ကော်မရှင်မှာ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် နေဆဲဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အခြေအနေကိုလည်း ထဲထဲ ၀င်ဝင် သိရှိသူ ဖြစ် ပါတယ်။

ဒါ့ကြောင့် ကိုဖီ အာနန် ကော်မရှင် အတွင်းမှာ ဆွေးနွေးတဲ့ အခါ လူ့အခွင့်အရေး အခြေအနေများနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ရပ်တည် ပြောဆိုနိုင်မယ့် အခြေအနေ ရှိပါတယ်။

တကယ်တော့ ကိုဖီအာနန်ရဲ့ ရခိုင်ကော်မရှင်ဟာ အသွားနှစ်ဘက်နဲ့ ဓားပါ။ ကိုယ့် အတွက် အခွင့်အရေး ရှိသလို စိန်ခေါ်မှုလည်း ရှိတယ်။ ဒီတော့ ဘာလုပ် ကြမလဲ။

အကြံပြုချက်

အစိုးရ အတွက် အကြံပြုချက် ကတော့ တစ်ခုပဲ ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန နှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ အကြား နားလည်မှု စာချွန်လွှာ ထိုးပြီး ရင်တော့ အဲဒီ စာချွန်လွှာပါ အချက်တွေကို ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း အသိပေး ဖို့ပါပဲ။

မပေးပဲ နေ လို့တော့ ရပါတယ်။ ဒါပေမယ့် သတင်း အချက်အလက်မှန် မရရင် အဲဒီနေရာမှာ ကောလာ ဟလတွေ၊ သတင်းမှား တွေက ၀င်ပြီး နေရာယူမှာပဲ။ အဲဒီအခါကျမှ ရှင်းရ ပိုခက်သွားမှာ ဖြစ် ပါတယ်။

ရခိုင် တိုင်းရင်းသားများ အတွက်နဲ့ ရခိုင်ပြည်နယ် အရေးကို စိတ်ပူပင် နေသူများကို အကြံပြု တင်ပြချင်တာ ကတော့

၁။ ကော်မရှင် လုပ်ငန်းစတဲ့ အချိန်မှာ ပူးပေါင်း ဆောင်ရွက်ပါ။ အခုအဆင့်က ကော်မရှင် ဖွဲ့သင့် မသင့် အကြံတောင်းတဲ့ အဆင့် မဟုတ်တော့ဘူး။ ဖွဲ့သင့်တယ် ထင်လို့ ဖွဲ့ပြီးပြီ။ တိုင်းရင်းသားများ ဘက်က ကော်မရှင်နဲ့ မတွေ့ဘူး၊စကား မပြောဘူး ဆိုရင်လည်း ကော်မရှင် ကတော့ အကြံပြုချက် ရေးမှာပဲ။ ကိုယ်မပြောဘူး ဆိုရင် ကိုယ့် အယူ အဆတွေ၊ ထင်မြင်ချက် တွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ မပါတာပဲ ရှိတယ်။ ရခိုင် တိုင်းရင်းသားများ ဘက်က ကော်မရှင်ကို သပိတ်မှောက်မယ် ဆိုရင် အပျော်ဆုံး ဖြစ်မှာ ကတော့ တစ်ဘက် အဖွဲ့ အစည်း တွေပဲ ဆိုတာ သတိပြု စေချင်ပါတယ်။

၂။ ကိုယ့်ဘက်က ရပ်တည်ချက် တွေကို ကြိုတင် စဉ်းစား ပြင်ဆင် ထားသင့်ပါပြီ။ အထောက် အထားတွေ၊ ကိုယ်စားပြု ဆွေးနွေးမယ့် သူတွေကို ကြိုတင် ရွေးချယ် ထားသင့် ပါတယ်။ ကော် မရှင် မလာခင် ကြားကာလ အချိန်တွေကို ကန့်ကွက် တာနဲ့ပဲ အချိန် မကုန်သင့် တော့ပါဘူး။

၃။ ပြည်တွင်း ဥပဒေတွေ၊နိုင်ငံတကာ ဥပဒေတွေကို ကြိုတင် လေ့လာ ထားသင့် ပါတယ်။ ရခိုင် ပြည်နယ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများရဲ့ အစီရင် ခံစာများ ကိုလည်း ကြိုတင် လေ့လာ ထားဖို့ လိုပါ့မယ်။

၎။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို အသေ အချာ ပြန်လည် လေ့လာ အသုံးချ သင့်ပါတယ်။ အဲဒီ ကော်မရှင်ရဲ့ အစီရင် ခံစာကို နိုင်ငံတကာ ကလည်း လက်ခံ ပါတယ်။ အစီရင် ခံစာရဲ့ အကြံ ပြုချက်တွေ ထဲက ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန် ကျန်များကို အခြေခံပြီး ဆွေးနွေးဖို့ လိုသလို ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ ထဲက အသုံးတည့်မယ့် အချက်တွေ ကိုလည်း ရွေးချယ် ထားဖို့လိုပါတယ်။

၅။ ဆွေးနွေးဖို့ အတွက် ပြင်ဆင်သလို ပြည်တွင်း၊ ပြည်ပ မီဒီယာ ဆက်ဆံရေးများ အတွက် လည်း ကြိုတင် ပြင်ဆင်ဖို့ လိုပါပြီ။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် တစ်ဘက် အုပ်စုဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် နိုင်ငံတကာ မီဒီယာ စာမျက်နှာမှာ လက်ဦးမှု ရနေတယ် ဆိုတာ သတိ ပြု ဖို့ လိုပါတယ်။

၆။ ရခိုင် တိုင်းရင်းသား များရဲ့ ပုံရိပ် ကောင်းဖို့ လိုပါတယ်။ တစ်ချို့ နိုင်ငံခြားသားတွေ၊ အဖွဲ့ အစည်းတွေက ရခိုင် တိုင်းရင်းသား တွေကို ခေါင်းမာတယ်၊ အစွန်း ရောက်တယ်၊ တစ်ယူ သန် တယ်လို့ မြင်နေတာကို ဖယ်ရှား နိုင်ဖို့ လိုပါတယ်။

၇။ ဘင်္ဂလီ ပြသနာကို အစ္စလမ် ဘာသာ ဆန့်ကျင်ရေး အဖြစ် တစ်ဖက်က ပုံဖော် မခံ ရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။

၈။ ကိုယ့်ဘက် ကလည်း ပကတိ အရှိတရားကို လက်ခံပြီး ဆွေးနွေးနိုင်ဖို့ လိုပါ လိမ့်မယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘင်္ဂလီတွေ ထဲမှာ အင်္ဂလိပ် လက်ထက်က စပြီး အခြေချ နေထိုင်သူတွေ ကနေ ပေါက်ဖွား လာတဲ့၊ ၁၉ ၈၂ ဥပဒေအရ စိစစ်ရင် နိုင်ငံသား ဖြစ် နိုင်တဲ့ သူတွေအများကြီး ရှိနိုင်တယ် ဆိုတာမျိုးကို လက်ခံနိုင် ရပါ့မယ်။ လူတစ်သန်းကျော် ကို ပင်လယ်ထဲ မောင်းချမယ် ဆိုတာမျိုးနဲ့တော့ အလုပ် မဖြစ်နိုင် ပါဘူး။ လူမျိုး၊ နိုင်ငံသား၊ တိုင်းရင်းသား စတဲ့ ဝေါဟာရ တစ်ခုချင်း အပေါ် အသေအချာ နားလည်ပြီး ရွေးချယ် စရာ နည်းလမ်းတွေကို အဆိုပြု နိုင်ရပါမယ်။

၉ ။ ကော်မရှင် မလာခင် ကြားကာလ ရခိုင်ပြည်နယ် အခြေအနေကို တည်ငြိမ်အောင် ၀ိုင်းဝန်း ထိန်းသိမ်း ကြပါ။ ပဋိပက္ခဖြစ်ရင် ကော်မရှင်ရှေ့မှာ လိုသလို ပုံဖော်ချင်တဲ့ အုပ်စုတွေ အတွက် အခွင့်ကောင်း ရသွား ပါလိမ့်မယ်။

၁၀။ ရခိုင်ပြည်နယ် အရေးဖြစ်လို့ ရခိုင် တိုင်းရင်းသား များကို ခေါင်းစဉ် တင်ပြော နေပေမယ့် ဒါဟာ အမျိုးသားရေး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေရှည် တည်တံ့တဲ့
ငြိမ်းချမ်းမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် ပေးနိုင်မယ့် မှန်ကန်တဲ့ ဖြေရှင်းမှုရအောင် တိုင်းရင်းသား အားလုံးက ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးဒေါ်အောင်ဆန်း စုကြည် ကိုင်တွယ် နေပါတယ် ဆိုပြီး သွေးအေး နေလို့ မရသလို ဘာလာလာ လက်မခံဘူး ဆိုပြီး သွေးဆူနေ လို့လည်း မရပါဘူး။ ခေါင်းအေးအေးနဲ့ စဉ်းစား ဆုံးဖြတ် ဆောင်ရွက်ဖို့ လိုပါတယ်။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသွားနှစ်ဘက်နဲ့ ဓားကတော့ လက်ထဲ ရောက် လာပါပြီ။ ကိုယ့်လက်ကို ဓားမရှအောင် ညီညီ ညွတ်ညွတ်နဲ့ ကြိုးစားကြပါစို့။

From : U Ye Htut

Originally published at - https://www.facebook.com/ye.htut.988

Read More »

Friday, August 26, 2016

နောက်ဆက်တွဲငလျင်များ သတိထားဖို့ ဦးထွန်းလွင် သတိပေး




ငလျင်ကြီး တခု လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျှင်တွေ ထပ်လှုပ် လာနိုင် တာကြောင့် ငလျင်ကြောပေါ်မှာ နေထိုင်တဲ့ သူတွေ အနေနဲ့ သတိထားပြီး နေကြဖို့ လိုတယ်လို့ ထင်ရှားတဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် တစ်ဦးက သတိပေး လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ငလျင်လှုပ်ခတ်မှု ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့လည်း သုံးသပ်ပြောဆိုထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်
မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံ နေရာအတော်များများမှာ ခံစားခဲ့ရတဲ့ ၆. ၈ ပြင်းအားရှိတဲ့ ငလျှင်လှုပ်အပြီး နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်လာနိုင်တဲ့အတွက် သတိထားပြီးနေ ကြဖို
့ မြန်မာ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် က သတိပေးလိုက်တာပါ။ နောက်ဆက်တွဲလှုပ်လာနိုင်တဲ့ ငလျင်တွေဟာ လက်ရှိလှုပ်ခတ်သွားတဲ့ ငလျင်လောက် သိပ်ပြီး မပြင်းထန်နိုင်တော့ပေမယ့်လည်း သတိထားရမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဒါငလျင်ကြီး၁ခုလှုပ်ပြီးရင်တော့ ဒါနောက်ထပ်ငလျင်တွေက နောက်ဆက်တွဲငလျင်ဆိုတာ လှုပ်နေကျပါပဲ။ အနည်းဆုံးတော့ ၁ ပတ်လောက်ပေါ့နော်။ တခါတလေလည်း ၁ လလောက်ကြာပါတယ်။

ဒါပေမယ့် ကျနော်ကတော့ ၁ ပတ်လောက်အတွင်းမှာတော့ နောက်ဆက်တွဲငလျင်ကို နည်းနည်းလေး သတိထားဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့် ကျနော့်အတွေ့အကြုံ
အရတော့ နောက်ဆက်တွဲငလျင်ကတော့ များသောအားဖြင့် ပင်မ ငလျင် ၆.၈ မနေ့ကလှုပ်တဲ့ ငလျင်ထက်တော့ ပိုပြင်းထန်တဲ့ငလျင်က များသောအားဖြင့် လှုပ်လေ့
မရှိပါဘူး။နောက်ဆက်တွဲငလျင်က သို့သော်လည်း ချွင်းချက်အနေနဲ့တော့ရှိတာပေါ့နော် တခါတလေကျတော့လည်း ပိုပြီးအားကောင်းတာ လှုပ်တက်ပါတယ်။

ဒါပေမယ့် ဒါက အလွန်နည်းပါတယ် ပြောရရင်တော့ နောက်ထပ်တပတ်လောက်အတွင်းမှာ ဒီလောက်အင်အားမကြီးပေမယ့် ငလျင်ငယ်လေးတွေ ၆ ကျော်ကျော်လေးတွေ၊ သို့မဟုတ် ၆ အောက်တွေ တပတ်လောက်အတွင်းတော့ သတိထားနေဖို့လိုတယ်လို့ ကျနော်တွက်စပါတယ်။ ”

မြန်မာနိုင်ငံမှာ ငလျင်ကြော ၅ ခုထက်မနည်း ရှိတာကြောင့် မြန်မာနိုင်ငံမှာလှုပ်တဲ့ ငလျင်တွေကို လျှော့တွက်လို့မရကြောင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်လေ့ထားဖို့လိုသလို ငလျင်ဒဏ်ပိုမိုကာကွယ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာတွေလည်း လိုအပ်တယ်လို့ ဦးထွန်းလွင်ကပြောပါတယ်။

“အဲဒီတော့ ငလျင်ဆိုတာက လှုပ်လို့ရှိရင် ငလျင်ကြောင့် သေတာ နည်းပါတယ်။ ငလျင်လှုပ်လို့ အဆောက်အဦး ပြိုကျလို့ သေတာ များတယ်ပေါ့နော်။ အဲဒီတော့ အသေအပျောက် များခြင်း၊နည်းခြင်းဟာ အဆောက်အဦးအပေါ်မှာ မူတည်တယ်။

အဆောက်အဦးသက်တမ်း ၊ အဆောက်အဦးအထက်အမြင့် ၊ အဆောက်အဦးဆောက်ထားတဲ့နည်းပညာပေါ့ ဥပမာ-Earthquake Engineering ဆိုတာမျိုးပေါ့
မြန်မာနိုင်ငံမှာ ကျနော်သိသလောက် သုံးပြီးဆောက်ထားတာ မရှိသလောက်ပါပဲ။

ဆိုတော့ ကျနော်တို့အတွက်ကတော့ reliability ကို မြင့်အောင်လုပ်တာပေါ့ ဒါကြောင့်အဆောက်အဦးတွေကို စီစစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ငလျင်လှုပ်ရင် ဘာတွေလုပ်ရမလဲဆိုတာတွေကို ကျနော်တို့အစိုးရကော NGO တွေရော ဒါတွေကို ဝေနေတော့ ဒါလေးတွေလည်း သိထားသင့်ပါတယ်။

ငလျင်လှုပ်ရင် တက်နိုင်သမျှ အဆောက်အဦးအတွင်းမှာ မနေဖို့ပေါ့။ တကယ်လို့ အဆောက်အဦးအတွင်းမှာ ဖြစ်နေရင်လည်း မိမိတို့ခေါင်းကို အထူးသဖြင့် ဦးစားပေး
ကာကွယ်ဖို့ပေါ့။ ဆိုလိုတာကတော့ ကုတင်အောက် ၊ စားပွဲအောက်၊ မွေ့ရာတို့နဲ့ ၀ပ်ပြီးနေရင်တော့ သာမန်အားဖြင့် အသက်အန္တရာယ်ကင်းပါတယ်ပေါ့။

ငလျင် လှုပ်ရင် မီးလောင်တတ်တယ်ဆိုတာ သိဖို့လိုတယ်။ ဓါတ်လိုက်တတ်တယ် သိဖို့လိုတယ်။အိမ်ပြင်ကို ထွက်ပြေးဖို့အတွက် လမ်းတွေရှင်းထားဖို့ လိုတယ်ပေါ့နော်။

နောက်ပြီးတော့ ငလျင်လှုပ်တဲ့အခါမှာ မိမိနဲ့ တပါတည်းယူသွားနိုင်တဲ့ အရေးကြီးတဲ့ပစ္စည်းတွေ အဲဒါလေးတွေက များသောအားဖြင့် ပြည်သူ အများ သိသင့်တဲ့ဟာတွေပါပဲ။”

ဒါ့အပြင် ငလျင်ရဲ့ ပြင်းအားပေါ်အခြေခံပြီး လှုပ်လေ့လှုပ်ထရှိတဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီးတော့လည်း ဦးထွန်းလွင်က အခုလို ရှင်းပြပါတယ်။

“ငလျင်ကတော့ Intensity ပေါ်မှာတည်တာပေါ့နော်။ ဥပမာအားဖြင့် intensity ၆ တို့ ဘာတို့ အင်အားပြင်းတဲ့အဆင့်တို့ရှိတာပေါ့ အဲဒါဆိုရင်တော့ နှစ် ပေါင်း ၃၅-၄၀ ပေါ့ဗျာ ။

တကယ်လို့ intensity ၈ လောက်ဆိုရင်တော့ နှစ် ၆၀-၇၀ ပေါ့နော်။ ၉ လောက်ဆိုရင်တော့ နှစ် ၁၀၀ လောက်ပေါ့နော်။ ဒါကတော့ ငလျင်ပညာရှင်တွေ တွက်တဲ့နည်းအရ အဲဒီလိုသွားပါတယ်ခင်ဗျ။ အနည်းဆုံးကတော့ နှစ်ပေါင်း ၃၀-၄၀ ကတော့ return period လေးတွေရှိပါတယ်။”

ပညာရှင်တွေရဲ့ ခန့်မှန်း တိုင်းထွာချက်တွေအရ အထူးသဖြင့် စကိုင်းငလျင်ကြောပေါ်မှာ လှုပ်ခဲ့တဲ့ ငလျင်တွေဟာ နောက်တကြိမ်ပြန်လှုပ်မယ့် အချိန်တန်ပြီး
ဖြစ်သလို အ တော်များများ ဟာလည်း ပြန်လှုပ်ရမယ့် အချိန်ထက်ကျော်လွန်နေပြီးလို့ဆိုပါတယ်။

ငလျင်ပြန်လှုပ်မယ့်ရက်အထိအကျကို မပြောနိုင်ပေမယ့် ငလျင်ပြန်လှုပ်တော့မယ့်အနေအထားနဲ့ သတိထားရမယ့်အချိန်ရောက်နေပြီး ဆိုတာကိုတော့ ပညာရှင်တွေက ခန့်မှန်းသိရှိထားတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

နောက်ဆက်တွဲငလျင်များ သတိထားဖို့ ဦးထွန်းလွင် သတိပေး

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (ရှားဖောင်)

Originally published at - http://burmese.voanews.com

Read More »

Friday, April 01, 2016

အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုး/ဇလ သတိပေးချက် ထုတ်ပြန်



ဓာတ်ပုံ - မိုး/ဇလ ဖေ့စ်ဘွတ်ခ်။

၂၀၁၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လ တို့မှာ အယ်လ်နီညိုကြောင့် မြစ်ဝ ကျွန်းပေါ်နဲ့ တောင်ပိုင်း ဒေသတွေမှာ အခြား ဒေသတွေထက် ပူပြင်း‌ ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း တို့ကို ပိုမို ကြုံတွေ့နိုင် တယ်လို့ မိုးလေ၀သ ဌာနက သတိပေး လိုက်ပါတယ်။

၂၀၁၆ ခုနှစ် အယ်နီညိုအ‌ခြေအနေနဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ မြန်မာနိုင်ငံ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအ‌ခြေအနေ သတင်းထုတ်ပြန်ရာမှာ မိုးလေ၀သဌာနက အခုလို သတိပေး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီသတင်းထဲမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ အယ်နီညိုဖြစ်စဉ်ဟာ အားကောင်းတဲ့ အ‌ခြေအနေမှ ၂၀၁၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှစလို့ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက်အားလျော့နေတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လကုန်ခန့်မှစပြီး အယ်နီညိုအ‌ခြေအနေဟာ ပုံမှန် (ကြားနေ) အ‌ခြေအနေကို ပြောင်းလဲသွားနိုင်တယ်၊ ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပေါ် အယ်နီညိုရဲ့ အကျိုးသက်ရောက်မှု ဆက်လက်ရှိနေနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာဖူလုံရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ သက်ရောက်မှုများ ရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြပါလို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142528


Read More »

အယ်လ်နီညိုကြောင့် ဧရာဝတီနှင့် တောင်ပိုင်း ဒေသများ ပူပြင်းပြီး ရေရှားမည်




၂၀၁၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လတို့မှာ အယ်လ်နီညိုကြောင့် မြစ်ဝ ကျွန်းပေါ်နဲ့ တောင်ပိုင်း ဒေသများ မှာ အခြား ဒေသ များထက် ပူပြင်း‌ ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း တို့ကို ပိုမို ကြုံတွေ့ နိုင်တယ်လို့ မိုးလေ၀သ ဌာနက သတိပေး လိုက်ပါတယ်။

၂၀၁၆ ခုနှစ်၊ အယ်နီညိုအ‌ခြေအနေနဲ့ ၂၀၁၆ ခုနှစ်၊ဧပြီ၊-မေနဲ့ ဇွန်လတို့မှာ မြန်မာနိုင်ငံ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအ‌ခြေအနေသတင်းထုတ်ပြန်ရာမှာ မိုးလေ၀သဌာနက အခုလို သတိပေးဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီသတင်းထဲမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ အယ်နီညို ဖြစ်စဉ်ဟာ အားကောင်းတဲ့ အ‌ခြေအနေမှ ၂၀၁၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှစလို့ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက်အားလျော့နေတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လ ကုန်ခန့်မှ စပြီး အယ်နီညိုအ‌ခြေအနေဟာ ပုံမှန်(ကြားနေ) အ‌ခြေအနေသို့ ပြောင်းလဲ သွားနိုင်တယ်။ ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပေါ် အယ်နီညိုရဲ့ အကျိုးသက်ရောက်မှု ဆက်လက်ရှိနေနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာဖူလုံရေး၊ စိုက်ပျိုးရေ ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်း သွားလာရေး၊ ခရီးသွားလုပ်ငန်းစတဲ့ ကဏ္ဍများမှာ သက်ရောက်မှုများ ရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြပါလို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142513


Read More »