နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သဘာဝဆေးဝါးများ. Show all posts
Showing posts with label သဘာဝဆေးဝါးများ. Show all posts

Wednesday, May 03, 2017

နံနံစေ့ရဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး ရှစ်ရပ်




ဟင်းခတ် အမွှေး အကြိုင် တွေထဲမှာ နံနံစေ့ မပါရင် မပြီး ပါဘူး။ နံနံစေ့မှာ လတ်ဆတ်တဲ့ သံပရာ လိုမျိုး အရသာ ပါဝင် မှုက လူတွေကို အကြိုက် တွေ့စေတာ ဖြစ်ပါတယ်။

ရှေးခေတ်က  အသုံးပြု လာခဲ့တဲ့ နည်း လမ်းတွေ အရ နံနံစေ့က ကျန်းမာရေးကို ကောင်းမွန် စေနိုင်တယ်လို့ သိရှိ ရပါတယ်။ သည်အစွမ်း သတ္တိကို နံနံစေ့ မှာရော နံနံ စေ့ အမှုန့်မှာပါ တွေ့ရှိ ရပါတယ်။ နံနံစေ့ရဲ့ အဆီကလည်း ကျန်းမာရေး အတွက် အသုံးဝင် ပါတယ်။

နံနံစေ့ရဲ့ ကျန်းမာရေးအတွက်  အကျိုးပြုတဲ့ အချက် ရှစ်ချက်ကို ကြည့်လိုက် ကြပါစို့။

၁။ ကိုယ်အလေးချိန်ကျစေနိုင်

ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတိုး တက်စေပြီး အဆီကို လောင်ကျွမ်းစေနိုင်တဲ့အစားအစာတွေကို စားသုံးပေးမယ်ဆို ရင် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ရေစိမ်ထားတဲ့ နံနံစေ့လက် ဖက်ရည်ဇွန်း သုံးဇွန်းကို ရေတစ်ဖန်ခွက် စာနဲ့ သုံးနာရီကြာ အပူပေးပါ။ ရေဖန်ခွက် တစ်ဝက်စာပဲ ကျန်အောင် တည်ပါ။ အဲသည် အရည်ကိုစစ်ပြီး တစ်နေ့  နှစ်ကြိမ် သောက်သုံးပေးပါ။ သည်လိုသောက်သုံး ပေးတာက အစာချေ စနစ်ကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်ခံအားကို ကောင်းမွန်စေရုံ သာမက ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။

၂။ သွိုင်းရွိုက်တိုးတက် ကောင်းမွန်စေ

တကယ်လို့ သင့်မှာ သွိုင်းရွိုက်လျော့ နည်းခြင်းလိုမျိုး သွိုင်းရွိုက်ရောဂါအခံရှိ နေတယ်ဆိုပါက နံနံစေ့စားသုံးဖို့ စဉ်းစားပါ။ နံနံစေ့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ဟော် မုန်းတွေကို ထိန်းချုပ်ပေးတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

၃။ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေ

အစာမကြေတာမျိုးတွေ ခံစားနေရပါသလား။ နံနံစေ့ စားသုံးပေးပါ။ နံနံစေ့ရဲ့ အကောင်းဆုံးသော အကျိုးကျေးဇူးတွေထဲကတစ်ခုက ရောင်ရမ်းတာကို လျော့ ကျစေတာဖြစ်ပါတယ်။ သဘောကတော့ ဂတ်စ်တွေကို လျော့ပါးသက်သာစေနိုင်သလို လေပွတာနဲ့ အခြားအစာချေစနစ်ဆိုင်ရာ အခြားရောဂါလက္ခဏာ တွေကို သက်သာစေ တာပဲဖြစ်ပါတယ်။  အူတွေက အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါ တယ်။

နံနံစေ့ဖျော်ရည်လုပ်ဖို့အတွက် နံနံစေ့လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခဲ၊ အုန်းနို့နဲ့ သခွားသီး ဒါမှမဟုတ် ဖရဲသီးတို့နဲ့ရော စပ်ပြီး သောက်သုံးလို့ရပါတယ်။

၎။ အလာ့ဂျစ်ဖြစ်တာကို သက်သာစေ

နံနံစေ့ရဲ့အအေးဓာတ်ဂုဏ်သတ္တိကြောင့် အရေပြားမှာ ဓာတ်မတည့်တာ ကြောင့် အဖုအပိမ့်တွေထွက်တာကို သက် သာစေပါတယ်။ နံနံစေ့က အင်ပျဉ်၊ ယားနာနဲ့အရေပြားရောင်ကိုင်းတာတွေလိုမျိုး အရေပြားရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကို ရောပြီး အနှစ်လုပ် ကာ အရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ အရေပြားယားယံတဲ့နေ ရာမှာ ဖျော်စပ်ထားတဲ့ အနှစ်ကို လိမ်းပြီး ငါးမိနစ်ကနေ ၁၀ မိနစ်လောက်အထိထားပြီး ရေဆေးချလိုက်ပါ။

လည်ချောင်းနဲ့ပါးစပ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်ပေါ်နေရင်လည်း နံနံစေ့လက်ဖက်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။ နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး ဆူအောင်တည်ပေးပါ။ ခပ်နွေးနွေးအနေအထားမှာ ပျားရည်ရောစပ်ပြီး သောက်သုံး ပေးပါ။ နံနံစေ့ကို အအေးခံထားတဲ့သခွားသီး ဒါမှမဟုတ် တရုတ်နံနံဖျော်ရည်ထဲမှာ ထည့်ပြီး သောက်သုံးပေးလို့ ရပါတယ်။

၅။ အဆစ်အမျက်ရောင်တာ သက်သာစေ

နံနံစေ့ကို အဆစ်အမျက်ရောင်ရမ်းတာ သက်သာစေဖို့အတွက် အသုံးပြုနိုင် ပါတယ်။ နံနံစေ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် shea butter ၊ အုန်းဆီ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ အနံ့မရှိတဲ့အဆီတစ်မျိုးကို ရောစပ်ပြီး လိမ်းဆေးပြုလုပ်နိုင် ပါတယ်။

နံနံစေ့ရနံ့ဆီကလည်း အဆစ်အမျက် ရောင်ရမ်းမှုတွေအတွက် အကျိုးပြုပါတယ်။ နံနံစေ့ရနံ့ဆီ ငါးစက်ကို အုန်းဆီ၊ သံလွင်ဆီ ဒါမှမဟုတ် စပျစ်သီးအစေ့ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်အသုံးပြုနိုင်ပါတယ်။ သည်ရောစပ်ထားတဲ့ အဆီကို အဆစ်တွေအပေါ်မှာ လူးပေးနိုင်ပါတယ်။

၆။ ဓမ္မတာများတာကိုသက်သာစေ

ရာသီသွေးဆင်းများတဲ့အမျိုးသမီးတွေအနေနဲ့ နံနံစေ့ပြုတ်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ နံနံစေ့ပြုတ်ရည်က သွေးသွန်တာများတာကို ထိန်းချုပ်ပေးနိုင်သလို သွေးဆင်းမများတော့အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ နံနံစေ့မှာ သံ ဓာတ်များစွာပါဝင်မှုက သွေးအားပြန်လည်ဖြည့်တင်းရာမှာ အထောက်အကူပေးနိုင်သလို အားအင်ပြန်လည်ပြည့်လာစေပါတယ်။

၇။ ဆီးချိုကို ထိန်းညှိပေးခြင်း

နံနံစေ့က အင်ဆူလင်လုပ်ဆောင်မှုကို ထိန်းသိမ်းနိုင်သလို သွေးတွင်းသကြား ဓာတ်ပမာဏကိုလည်း လျော့ကျစေပါတယ်။ နံနံစေ့အမှုန့် ဒါမှမဟုတ် နံနံစေ့အစိမ်းကို ဟင်းတွေ၊ ဟင်းရည်တွေ၊ သနပ်တွေ၊ အချိုရည်တွေနဲ့ ဟင်းအနှစ်တွေထဲမှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ နံနံစေ့အမှုန့် ၁၀ ဂရမ်ကို ရေ ၁၀ ဆနဲ့ရောပြီး တစ်ညထားကာ သောက်သုံးပေးလို့လည်း ရပါတယ်။

၈။ မျက်စိကျန်းမာရေးကောင်းမွန်စေ

နံနံစေ့မှာ  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါရှိမှုက မျက်စိယားယံတာ၊ မျက်စိနီတာနဲ့ မျက်တွင်းသားရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ မျက်စိရောဂါတွေ သက်သာစေဖို့အတွက် နေ့စဉ် မနက်စောစော အစားမစားခင်မှာ နံနံစေ့ ဖျော်ရည်ကို သောက်သုံးပေးရမှာဖြစ်ပါ တယ်။

[ref: curejoy, Apr 30, 2017]

From : ကုမုဒြာဂျာနယ် by မအေးသီမွန်

Originally published at - http://www.kumudranews.com

Read More »

Tuesday, April 04, 2017

ပဲတီစိမ်း စားသူများ ဆီးချို အန္တရာယ် လျော့ကျနိုင်




အမျိုးအစား-၂ ဆီးချို ရောဂါသည် ကမ္ဘာ တစ်ဝန်း ကြုံတွေ့ နေရသည့် ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပြီး ပဲတီစိမ်း ပမာဏ မြင့်မားစွာ စားသုံး ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ ကို သိသိ သာသာ လျော့ကျ စေနိုင်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။

ပဲတီစိမ်း အုပ်စုဝင် ပဲစေ့ အမျိုးမျိုးသည် အာဟာရ ဓာတ်များနှင့် ပြည့်စုံပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်း နိုင်သည်။ ပဲတီ စိမ်း၏ ကျန်းမာရေး အကျိုးကျေးဇူး များ အနက် တစ်ခုသည် ဗီတာမင် ဘီ ပမာဏ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် အတွက် စွမ်းအင် ဖြစ်စေပြီး ဇီဝ ဖြစ်ပျက်မှုကို ထိန်းညှိပေးသည်။

အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့ကဲ့သို့ သတ္တုဓာတ် များလည်း ပါဝင်သဖြင့် ခန္ဓာ ကိုယ်၏ ဇီဝဖြစ်စဉ်ကို အားကောင်းစေကာ နှလုံးရောဂါနှင့် ဆီးချို ရောဂါတို့ကို ကာကွယ်ရန် စားသုံးသင့်သည်။

ထို့အပြင် ပဲတီစိမ်း စားပြီးပါက သွေးထဲတွင် ပါဝင်သည့် သကြားဓာတ် ပမာဏမြင့်တက်မှုကို နှေးကွေးစေသည်။

ယင်းကဲ့သို့ ပဲတီစိမ်းတွင် ကျန်းမာရေး အကျိုးကျေးဇူး အများအပြား ပါဝင်သောကြောင့် အမျိုး အစား-၂ ဆီးချို ရောဂါကို ကာကွယ်ရေး စားသုံးရန် မကြာခဏ လမ်းညွှန် ခံရသော အစား အစာ ဖြစ်သည်။

အမျိုးအစား-၂ ဆီးချို ရောဂါ ဖြစ်ပွားနေသူ အရေ အတွက် သည် အမေရိကန်တွင် ၂၉ သန်းခန့်ရှိပြီး ကမ္ဘာ တစ်ဝန်း အရွယ်ရောက်ပြီးသူ သန်း ၄၀၀ ကျော်ရှိသည်။

ဆီးချိုရောဂါ ကာကွယ်ရန် ပဲတီစိမ်းများ၊ ပရိုတိန်းနှင့် ကာဗို ဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်သော အခြား အစားအစာ များကို စား ပေးသင့်ကြောင်း သုတေသီ များကပြောသည်။

ယခုလေ့လာမှု အရ ပဲတီစိမ်း ပမာဏမြင့်မားစွာ စားသုံး သူများ သည် အနည်းငယ်သာ စားသုံးသူ များထက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။

ယင်းကဲ့သို့သော ပဲအမျိုးမျိုးကို ပမာဏမြင့်မားစွာ ပုံမှန်စား သောက်ပေးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းပါးသည်။

ယင်းပဲများကို စားသောက်ခြင်းသည် ပေါင်မုန့်၊ ကြက်ဥထမင်း နှင့် အာလူးတို့ စားသုံးခြင်းမှ ရသော အာဟာရ ဓာတ်များနှင့် တူညီ သော အာဟာရဓာတ်ကို ရရှိ စေနိုင်သည်။

—Ref: MNT

From : 7 Day daily News

Originally published at - http://www.7daydaily.com/story/93285

Read More »

Wednesday, October 28, 2015

ဆေးဘက်ဝင်ရေနွေးကြမ်း သောက်ခြင်းက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိုပေးနိုင်




ကာမိုမိုင် (Camomile) ရေနွေးကြမ်းကို တစ်နေ့ သုံးခွက် သောက်ပေးခြင်းဟာ သွေးချိုရှိတဲ့ သူတွေရဲ့ သကြားဓာတ်ကို ထိန်းညှိုပေးနိုင် တယ်လို့ လေ့လာမှုသစ် တစ်ရပ်အရ သိရပါတယ်။

သုတေသီတွေဟာ သွေးချိုရောဂါရှိသူ ၆၄ယောက်ကို ခွဲပြီး အစာစားပြီးတိုင်း ကာမိုမိုင် ရေနွေးကြမ်း ဒါမှမဟုတ် ရေကို တိုက်ပြီး နှစ်လတာ စမ်းစစ်ခဲ့တာပါ။

ပါဝင်သူတွေရဲ့ သွေးကိုလည်း ပုံမှန် စစ်ဆေးခဲ့ ပြီး ရလဒ်ကို Nutrition ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ ကာမိုမိုင် ရေနွေးကြမ်းကို ပုံမှန်သောက် သူတွေဟာ ရေသောက် သူတွေထက် သွေးတွင်း သကြားဓာတ် ပိုလျော့ကျပြီး ဓာတ်တိုး ဆန့်ကျင် ပမာဏ ပိုမြင့်လာ တာကို တွေ့ရပါတယ်။

သွေးချိုရောဂါကို အဓိကဖြစ်ပေါ်စေတဲ့ အင်န်ဇိုင်းကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ ကာမိုမိုင်က သက်ရောက်မှု ရှိတယ်လို့ အီရန်က Tabriz ဆေးသိပ္ပံတက္ကသိုလ် သုတေသီတွေက အကြံပြုခဲ့ပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_36.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, September 03, 2015

လူတွေ မသိသေးတဲ့ ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး




ဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာ များတွင်လည်း ဆေးဖက် ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။

(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။

(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။

(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။

(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။

(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။

(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။

(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

(ရိုးရာလေး)

Original link - http://www.yoyarlay.com/

Read More »

Thursday, August 20, 2015

ဆီးချို ပျောက်တဲ့နည်းတဲ့




မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူ ရှိခဲ့ရင် ကူညီပြီး ပြောပေးကြပါ။

အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ အကျိုးရှိသော စကားသည် မှတ်သား သူများ အဖို့ အဖိုး ထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက် တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက် ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ
အထူး လေးစားရသည် ဆရာကြီး ဖြစ်ပါသည်။

ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာ ဆေးပညာကို ကျွမ်းကျင် ပါတယ်။

ကျွန်တော့်ကို ပေးတဲ့ နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ် အရွယ် တစ်တောင် လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက် တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့ တစ်ည စိမ်ပြီး နေ့စဉ် အချို ပန်းကန် တစ်လုံး သောက်ရ ပါသည်။ခါးတာ ကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။

သကြားပါသည့် အချိုများ မစားရပါ။

ဆရာဝန်ကြီး ပေးတဲ့ နည်းနဲ့ တစ်လလောက် စွဲသောက် ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။

အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့ စမ်းကြည့် ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ် စီမံပြီး သောက်စေ ခဲ့တယ်။ (၁၀) ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။

စီမံတဲ့အခါ တစ်ခု သတိပြု ရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။

ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။
တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။

ရှင်းရှင်း ပျောက်တဲ့ အထိ ဆက်လက် သုံးစွဲရန် လိုပါသည်။ ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများ ကိုယ်တိုင် ခံစားနေ ရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာ ရသလို တူသော အကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

Credit to: ဦးစန်းမောင် (မန်း)

Myanmar Forward

Original link - https://www.facebook.com/BurmaseTreasure

Read More »

Friday, August 07, 2015

မြန်မာ့ ဆေးဖက်ဝင် ကြံဟင်းပင်




Item Name --------- Indian Jalap;Turpeth Root (ကြံဟင်း)
Category ------------ Raw Material
Botany Term ------- Ipomaea Bona-nox Linn
Species Family ----- Convolvulaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။


♥ အပင်


နှစ်ကြာခံမြေတွင် ဖြန့်သွား၍ ပေါက်သော နွယ်ပင်ရှည်မျိုးဖြစ်သည်။ ပင်စည် ခရမ်းညိုရောင် ရှိ၍ သုံးထောင့်ပုံ ဖြစ်ပြီး လိမ်နေသည်။ ထောင့်များ ပေါ်တွင် အတောင် ပါရှိ၏ ။အခက် အလက် များစွာရှိ၍ အပင်ငယ်တွင် အမွေးနုကလေးများဖြင့် ဖုံးအုပ်နေသည်။

♥ အရွက်

ပင်စည်၏ တစ်ဖက်တည်းမှ လိမ်ထွက်သည်။ ရွက်ပြားကြီး၍ နှလုံးပုံရှိသည်။ ရွက်ရင်းတွင် ညီညာသော အ၀ိုက်ကြီးများ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက်ကြောထင်ရှား၍ ရွက်နား လှိုင်း အနည်းငယ် တွန့်သည်။ ရွက်ပြားချောသည်။ ရွက်ညှာအလွန်ရှည်၍ အလယ်တွင် မြောင်းတိမ် ကလေးပါရှိ၏ ။


♥ အပွင့်

ပွင့်ညှာတံ တစ်ခုတွင် အပွင့် ၁ ပွင့် မှ ၇ ပွင့် ထိ ပါရှိ၏ ။ အဖြူရောင် ခေါင်းလောင်း ပုံသဏ္ဍာန် ဖြစ်သည်။ ပွင့်ချပ်သည် အစိမ်းရောင်ရှိ၍ ရှည်မျောမျော ဘဲဥပုံဖြစ်သည် ။ အတွင်း ၃ ဖတ် ၊ အပြင် ၂ ဖတ်ရှိသည်။

♥ အသီး

ကြီး၍ လုံးဝိုင်းသည် ။ အစေ့ ၄ စေ့ပါသည်။ ပြောင်ချောသည်။

► အသုံးဝင်ပုံ

အပင် နှင့် အမြစ်။

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ချို၏ ၊ ခါး၏ ။ ဖန်၏ ၊ ပူသောသတ္တိရှိ၏ ။ လေကို ထုတ်စေတတ်၏ ။လေနာ ၊ နူနာတို့ကို ပျောက်စေ၏ ။

► အပင်အသုံးပြုပုံ

၁ ။ အညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချို ချက်သောက် ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်၏ ။ အေးအောင် ပြုသော ဆေးဘက်တွင် အကောင်းဆုံး ဖြစ်သည်။
၂ ။ ကျောက်တည် ရောဂါ အတွက် ယင်းကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။
၃ ။ မျက်စိရောဂါနှင့် လေနာ ၊ ရင်ဘတ်နာရောဂါအတွက် လည်း ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။

► အမြစ်အသုံးပြုပုံ

၁ ။ ၀မ်းသက်ဆေးအဖြစ် အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
၂ ။ နူနာ ၊ ဖျဉ်းစွဲနာ ၊ ဒူလာရောဂါများအတွက် ချင်း ၊ ငရုတ်ကောင်း တို့နှင့်ဆေးဖော်စပ်၍ စားသုံးရ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

photo by google search

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။

Read More »

Monday, July 27, 2015

ပွဲတွေ့ သွေးတိုးကျ ဆေးနည်း




ဒီဆေးနည်း တိုလေးက ကျွန်တော့ သင်္ဘောပေါ်က ပါကစ္စတန် သူကြီးရဲ့ မြောက်ပိုင်း ကုလား ရိုးရာ ဆေးနည်းပါ။

ရှင်းလွန်း လွယ်လွန်းလို့ ကျွန်တော်တောင် အထင်သေး မိသေးတယ်။

သူ့ အညွန်း အတိုင်း သောက်လိုက်တာ တစ်လ တိတိနေတော့ ဘယ်အချိန် တိုင်းတိုင်း ၁၃၅ ၈၅ ကနေ ၁၁၅ ၈၀ ကို ကျသွား ပါတယ်။ ကိုယ်တွေ့ပါ။

ဆေးနည်းတိုက လွယ်လွယ် ရှင်းရှင်လေးပါ။

၁။ သစ်ဂျပိုးခေါက် အမှုန့် -------> လ္ဘက်ရည်ဇွန်း တစ်စိပ်လောက်
၂။ ပျားရည် ---------> လ္ဘက်ရည်ဇွန်း တစ်ဇွန်း
၃။ သံပုရာရည်------> လ္ဘက်ရည်ဇွန်း တစ်ဇွန်း
၎။ ရေနွေး ----------> လ္ဘက်ရည်ခွက် သုံးပုံနှစ်ပုံ

အဲဒီ ပထမ သုံးမျိုးကို ရေနွေး ပူပူထဲကို ထည့်ဖျော်ပြီး ၅ မိနစ်လောက် နေရင်သောက် လိုက်ပါ။
မနက် မိုးလင်း မျက်နှာ သစ်ပြီး တာနဲ့ သောက်လိုက်တာ အကောင်းဆုံး ပါဘဲ။

နေ့တိုင်း မပျက် မကွက် သောက်ပြီး တစ်လ ကြာရင် သွေးပြန်ချိန်ကြည့်ပါ။ အံ့ဩ ဘို့ ကောင်းလောက်အောင် သွေးဖိအား ကျသွားတာ တွေ့ရ ပါလိမ့်မယ်။
သွေးတိုး ကျတဲ့ ဆေးတွေ စားလက်စ ဆိုရင်လဲ တွဲလို့ ရပါတယ်။ ကျွန်တော်ဆို သွေးကျဆေး စားရက်နဲ့ ဒီဆေးနည်းတိုကို သောက်တာပါ။
ခုသွေးကျဆေး မစားလဲ သွေးပေါင်ပြန် မတက်တော့ပါ။

အသေးစိတ် အတွေ့ အကြုံ မေးချင် ရင်တော့ ဒီနေရာ မက်ဆေ့ဘောက်မှာ မေးပါ မိတ်ဆွေ

Original link - https://www.facebook.com/myint.thein.351

Read More »

Sunday, July 19, 2015

မာလကာသီး အကြောင်း သိကောင်းစရာ




Psidium Guajava ဟု သိပ္ပံ အမည်ရသော မာလကာပင်တို့ ကို မြန်မာပြည်တွင် နေရာ့ အနှံ့ အပြား ဆိုသ လို ပေါပေါ များများ တွေ့  မြင်ကြရပြီး၊ မာလကာသီးကို မစားဖူးသေးတဲ့ သူတော့၊ မရှိလောက်ဘူး ဟု ထင်ပါသည်။ အမျိုး အစားပေါ် မူတည်၍ မာလကာသီး၏ အတွင်း ပိုင်း အသားသည် အဖြူရောင် (အူဖြူသီး) နှင့် ပန်းရင့်ရောင် (၀ါ) ကြက်သွေးပျော့ ရောင် (အူနီသီး) ဟူ၍ ၂ မျိုး ရှိပါတယ်။

လတ် ဆတ်ေ သာ အသီး၏ အသားမှာ ချို၍ ကျွတ်ဆတ်ကာ ရနံ့ လဲ မွှေးပါတယ်။ အသီးမှည့် သွားသော အခါ၊ အတွင်း ထဲရှိ အသားမှာ ပျော့အိကာ ပိုချိုပြီး၊ ပိုလဲမွှေး လာပါသည်။ အသီးထဲတွင် အလွန်မာသော အစေ့လေး များ စွာ ပါရှိပြီး၊ ကျေညက် အောင်ဝါးစား ပေးရပါသည်။ အပေါ်ယံ အခွံသည် အစိမ်းဖျော့ / ရင့် ရောင် နှင့် စိမ်းဝါရောင် တို့ ဖြစ်ခါ၊ ထိုအခွံကိုလဲ စားလို့ ရပါ သည်။

မာလာကာသီးများကို သူ့ ချည်းဘဲ သက်သက် အဆာပြေ၊ အချိုပွဲ အဖြစ် စားလေ့ရှိပြီး၊ အခွံနွှာ ရေခဲစိမ်ကာ၊ ဆား၊ နွယ်ချို မှုန့် တို့ ဖြင့် လူးနယ် စားကြ ပါသည်။ မြန်မာပြည်တွင် “မာလကာ” ဟူသော နာမ် အတိတ်ကို အဓိပ္ပါယ် ယူကာ ကျန်းမာရေး ကောင်း မွန်စေရန် အတွက် မာလကာပင် အညွန့် လေးများကို ဘုရား ပန်းအိုးတင်၍ အဆောင် လက်ဖွဲ့ သိမ်း ထားကြ သလို၊ မာလကာသီးဖြင့် ဘုရား၊ သံဃာတော် များကို သစ်သီး ဆွမ်းကပ် လှူ လေ့ ရှိကြပါသည်။

မာလကာသီး နှင့် မာလကာရွက်တို့ ၏ကျန်းမာရေး
မာလကာသီးသည် လူသားတို့ ကျန်းမာရေးကို အထောက် အကူပြု စေသော အာဟာရဓာတ် များဖြင့် ပြည့်နှက်နေ သည်ကို သင် သိပါသလား? ဥရောပ နှင့် အာရှတိုက် များတွင် “ မာလကာသီးကို တစ်ကြိမ်သာ ဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံး ရှောင်ရှား” ဟု ဆိုရိုး စကား ရှိကြပါသည်။ အသီးသာ မက၊ အရွက်၊ အစေ့နှင့် အခွံတို့ ကလဲ အလွန်ဆေးဘက် ၀င်ပါသည်။

မာလကာသီးထဲတွင် ဘေးဥပါ သ်ဖြစ်ေ စသော ကိုလက်စထရော နှင့် ဆိုဒီယမ် တို့ လုံးဝ မပါရှိသည့် အပြင်၊ ကယ်လိုရီနှင့် အဆီ ဓာတ် အနဲငယ်သာ ပါရှိပြီး၊ အမျှင်ဓာတ်လည်း ကြွယ်ဝသောကြောင့် ကျန်းမာရေးကို များစွာ အထောက် အကူ ဖြစ်စေပါသည်။ လိမ္မော် သီးထဲတွင် ပါရှိသော ဗီတာမင်စီ် ထက် ၅-ဆ ပိုမို ပါဝင်သောကြောင့် မာလာကာသီး သည် ဗီတာမင်စီတို့ စုဝေးရာ အရင်း အမြစ် ဖြစ်ပါသည်။

၁၀၀-ဂရမ် အလေးချိန်ရှိသော မာလာကာသီး ထဲတွင် ဗီတာမင်အေ ၂၅၀ I.U၊ ဗီတာမင်ဘီ (ခေါ်) သီအာမင် ၀.၇ မီလီဂရမ်၊ နီအာစင် ၁.၂ မီလီဂရမ်၊ ဗီတာမင်စီ ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရက် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇.၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ် နှင့် ကယ်လိုရီ ၇၀ ခန့်  ပါရှိပါသည်။

(၁) ဆီးချိုရောဂါ။ မာလကာသီးကို အိန္ဒိယနိုင်ငံ ရှိ The University of Allahabad တွင် ဆေး သုတေသနပြု စမ်းသပ်ခဲ့ရာ၊ မာလကာသီး ၏ အခွံသည် သွေးထဲရှိ သကြား ပမာဏကို မြင့်တက်စေနိုင်သော်လဲ၊ အသီး အတွင်းထဲရှိ အသားနှင့် အစေ့တို့ က သွေးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးနိုင်စွမ်းရှိ သည်ဟု ဆိုပါသည်။

ထို့ ကြောင့် ဆီးချိုရောဂါ ဝေဒနာသည် များသည် မာလကာ သီးကို အခွံဖယ် စားပေးခြင်းဖြင့် ကောင်းကျိုးပြု စေပါသည်။ ၂၀၁၀ ခုနှစ်တွင် မာလကာရွက်ကို တိုကျိုမြို့ ရှိ The Yakult Central Institute for Microbiological Research တွင် ဆေး သုသေသန ပြုလုပ်ခဲ့ရာ၊ မာလကာ ရွက် ကို ရေနွေးကြမ်းဖြင့် လက်ဖက် ခြောက်လို ခတ်သောက် ပေးခြင်းဖြင့် အင်ဆူလင် ပမာဏ ပြောင်း လဲခြင်း မရှိဘဲ၊ သွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကို ထိထိ ရောက်ရောက် ဟန် တားပေး သောကြောင့် ဆီးချိုရောဂါ ဝေဒနာသည်များ ယုံကြည် စိတ်ချစွာ သောက် သုံး သင့်ကြောင်း အကြံပြု ထားပါသည်။

(၂) ၀မ်းလျော / ၀မ်းကိုက်ခြင်း။ မာလာကာသီး ထဲတွင် အစာချေ စံနစ်ကို တိုးတက် ကောင်းမွန် စေသော ဗိုက်တာမင်စီ၊ ကယ်ရို တီနွိုက်စ် နှင့် ပိုတက်စီယမ်တို့  ပါရှိသည့်ပြင်၊ အူကလီစာ တစ်ရှုးများကို ကောင်း ကျိုးပြုသည့် astringents ဓာတ်ပေါင်းစုတို့ အ မြောက်အများ ပါရှိ ခြင်းကြောင့်၊ အူထဲရှိ မကောင်းသော ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း၊ အလွန် သေးငယ်သော ရောဂါ ပိုးမွှားများကြီးထွား လာမှု ကို တားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသော အချွဲအကျိများကို ဖယ်ရှားသန့် စင်ပေးနိုင်ခြင်း စသည့် အစွမ်း သတ္တိ များကြောင့် ၀မ်းလျော ၀မ်းပျက် ရောဂါ၊ ၀မ်းကိုက် ရောဂါ၊ အစာအိမ်နှင့် အူယောင်တင်းခြင်း တို့ ကို ကောင်း စွာ ကုသပေးနိုင် ပါသည်။ မာလကာရွက်ကို ရေနွေးကြမ်း ခတ်သောက် ပေးခြင်းဖြင့်၊ အူကို အဆိပ်အတောက် ဖြစ်စေသည့် ပိုးမွှား များကို ဟန်တား ကာကွယ် ပေးသောကြောင့် ကာလ၀မ်းရောဂါ မဖြစ်စေပါ။ အော်ဂလီဆန် ပျို့ အန် ခြင်းများ ကိုလဲ သက်သာ စေပါသည်။

(၃) ရောင်ရမ်းနာများ။ မာလကာပင်ထဲတွင် ရောင်ရမ်းနာအမျိုးမျိုးတို့ ကို ကုသပေးနိုင်သော ဓာတု ဓာတ်ပေါင်းစုတို့  မြင့်မား စွာပါရှိခြင်းကြောင့် မာလကာရွက်ပြုတ်ရည်ကို သောက်၍ပျောက် ကင်းနိုင် သလို၊ ခြေလက်ရောင်ရမ်းကိုက်ခဲခြင်းများ အတွက်လဲ အရွက် ကိုထောင်း၍ အုံပေးနိုင်ပါသည်။ အ ဆစ် အမြစ်ရောင်ကိုင်းနာကျင်သောအခါ မာလကာရွက်ကိုထောင်းထု၍ ခပ်ထူထူအုံပြီး ဆေးစည်း ထားခြင်းဖြင့် ချမ်းသာရာ ရနိုင်ပါသည်။

(၄) အအေးမိချောင်းဆိုးခြင်း။ မာလကာသီး၊ ဖျော်ရည် နှင့် မာလကာရွက်ပြုတ်ရည်တို့ တွင်ပါရှိသော ဗီတာမင်စီနှင့် သဘာဝ အဖန် ဓာတ်တို့ က အအေးမိ၍ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း၊ ချွဲပါခြင်း၊ အ ဆုတ် ထဲပိုးဝင်ခြင်း၊ လည်ချောင်း/အဆုတ်စသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပိတ်ဆို့ မှု ဝေဒနာ အမျိုးမျိုးတို့ ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံတွင် အဆိုပါ ရော ဂါများ အတွက် ရိုးရာကုထုံးအဖြစ် တွင်ကျယ်စွာ ကုသပျောက်ကင်းလျှက်ရှိပါသည်။

(၅) ၀မ်းချုပ်ခြင်း။ မာလကာသီးထဲတွင် အမျှင်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ၀မ်းချုပ်ခြင်းမှကာ ကွယ်ေ ပးနိုင်ပါသည်။ လူတစ် ယောက်၏ တနေ့ တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီးအ လတ် စားတစ်လုံးထဲမှ ၃၆% ရရှိနိုင်ပါသည်။ မာလကာစေ့ကလဲ အူထဲရှိအရည်ဓာတ်ကို ထိန်းသိမ်းေ ပးကာ၊ ၀မ်းပျော့စေနိုင်ပါသည်။

(၆) သွေးတိုးရောဂါ။ မာလကာသီးသည် သွေးထဲရှိကိုလက်စထရောကိုချကာ၊ သွေးခဲခြင်းမှလည်း ကာကွယ်ပေးသည့်အတွက်၊ သွေးမတိုး စေနိုင်ပါ။ ထို့ ပြင် အမျှင်နှင့် သဘာဝ hypoglycemic တို့ ကြွယ်ဝစွာ ပါရှိခြင်းကြောင့်လည်း သွေးဖိအားကို ကျစေနိုင်ပါသည်။ ပိုတက်စီယမ်ကသွေးကျေ စရန်အထောက်အကူပေးပါသည်။ လူတစ်ယောက်၏ တနေ့ တာ ပိုတက်စီယမ် လိုအပ်ချက် ၂၀%ကို မာလာ ကာသီးကြီးကြီး တစ်လုံးမှရရှိနိုင်ပါသည်။ ထို့ ကြောင့် မာလကာသီင်္း စားပေးခြင်းဖြင့် သွေး တိုးေ ရာဂါ ကိုသက်သာစေနိုင်သလို၊ သွေးတိုးနဲ့  ဆက်စပ်သော နှလုံးသွေးကြောရောဂါများနှင့်ေ လဖြတ်ခြင်းတို့ ကိုလဲ မဖြစ်လာစေနိုင်ပါ။

(၇) ကင်ဆာရောဂါအမျိုးမျိုး။ မာလကာသီး၏ အသားထက် အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းများက ပိုမိုဆေး စွမ်းထက်မြက်သည်ဟု ဆိုပါသည်။ အထူးသဖြင့် မာလကာသီး(အူနီသီး) အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် တစ်မျိုးဖြစ်သည့် lycopene သည် ခန္ဓာ ကိုယ်ထဲရှိ မလိုလား အပ်သော “free radicals” များကို တိုက်ထုတ်ပေးပြီး၊ အမျိုးသားများ ဆီးကျိတ် ကင်ဆာ နှင့် အမျိုးသ မီး များ ရင်သားကင်ဆာအကျိတ်ကြီးထွားလာမှုတို့ ကို တားမြစ်ပေးပါသည်။ ထို lycopene သည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို ၅၀%ထိလျော့နိုင်ကြောင်း အရီဇိုးနားတက္ကသိုလ် မှ သုတေသီများ က အကြံပြုထားကြပါသည်။ ထို့ ပြင် မာလကာရွက်ထဲတွင် ဓာတ်တိုးဆန့် ကျင် ပစ္စည်း များ မြင့်မာစွာပါရှိခြင်းကြောင့် လက်ဘက်ရည်ကြမ်း သောက်ပေးခြင်း ဖြင့် အမျိုးသားများ သုက်ရည်ထွက်ရှိမှုအားကောင်းပြီး၊မျိုးအောင်စေနိုင်ပါသည်။

(၈) သွားနှင့်ခံတွင်းရောဂါအမျိုးမျိုး။ မာလကာရွက်ထဲတွင် ပါရှိသော Guaijaverin (ခေါ်) flavanoid ဓာတ်ပေါင်းက သွားပိုး ရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားများကြီးထွားခြင်းကို ဟန့် တားကာ ကွယ်ေ ပးနိုင်ပါသည်။ လည်ချောင်းနာခြင်း၊ လည်မျို နှင့် အာသီးရောင် ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံး နာခြင်း စသည့်ခံတွင်းရောဂါအမျိုးအမျိုးတို့ အတွက် မာလကာရွက်ပြုတ်ရည် နွေးနွေးဖြင့် အာလုပ် ကျင်း ပေးနိုင် ပါသည်။ ထို့ ပြင် astringents (ခေါ်) တစ်ရှုးများကိုကျုံ့ ကာသွေးတိတ်စေေ သာ ဆေးစွ မ်း သတ္တိ ပါရှိသည့်အတွက် ဗီတာမင်စီချို့  တဲ့ခြင်းကြောင့် ဖြစ်တတ်သော သွားဖုံးရောင်ကိုင်း၍သွေးယို စီခြင်းကို လဲ ကောင်းစွာကု သပေးနိုင်စွမ်းရှိပါသည်။

(၉) ကိုယ်အလေးချိန်။ အမျှင်ဓာတ်ပေါများကာ၊ ကိုလက်စထရောလုံးဝမပါဘဲ၊ ၀မ်းမှန်စေသည့် အစာ ကြမ်းတစ်မျိုးဖြစ်သော မာလကာသီး က ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအတွက် အားကိုးေ လာက်ပါပေ၏။ မွှေး၍ချိုဖန်အရသာက အဆာပြေစေပြီး၊ နောက်ထပ် အစာစား ချင်စိတ်ကိုလဲ ချိုးနှိမ်ေ ပးပါသည်။

(၁၀) အရေပြားပြသနာများ။ နိုင်ဂျီးရီးယား ရှိ Federal University of Technology တွင် လေ့လာစမ်း သပ်ချက်များအရ၊ မာလကာ ရွက်တွင် ဗက်တီးရီး ယား ပိုးမွှားများကိုသေစေနိုင်သည့် အစွမ်းသတ္တိပါ ရှိနေခြင်းကြောင့်၊ (က) ခွဲစိပ်ထားသောဒဏ် ရာများကို ပိုးမ၀င်စေ ရန်၊ (ခ) အရေပြားပေါ်ရှိ ကူးစက် ယား နာများကိုပိုးသေစေရန်နှင့် (ဂ) အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိ ခိုက်မှုဖြစ်ပွားပါက သွေး တိတ် ပြီး အနာမြန်မြန်ကျက်စေရန်...စသည်တို့ အတွက်၊ မာလကာရွက်ကို ရေစင်စင်ဆေးကာ ကျိတ်ေ ချပြီးအုံပေးနိုင်ပါသည်။

ထို့  ပြင် သွေးဆိပ်တက်၍ခန္ဓာကိုယ်ယားယံခြင်းအတွက် မာလကာ ရွက်ကိုရေစိမ်ပြီး ချိုးပေးရပါသည်။ ဦးရေပြားပေါ်တွင် ဒက် ပေါက်ခြင်းနှင့် ဆံပင်သား များခြော က်သွေ့ ခြင်းတို့ အတွက် မာလကာရွက် သတ္တုရည်ဖြင့် လိမ်းကျံပေးနိုင်ပါသည်။ မာလကာ ရွက်ထဲ တွင် ဗီတာမင်အေ ပါရှိခြင်းကြောင့်လည်း ဆံသားရင်းမြစ်များကို သန်မာအောင် စွမ်းဆောင်ပေးနို င်ပါသည်။ ကျန်းမာ သန့် ရှင်းသော ခန္ဓာကိုယ် အသား အရေကို ပိုင်ဆိုင်လိုပါသလား။ လွယ်လွယ်ေ လးပါ။ မာလကာရွက်နုများနှင့် အမှည့်မလွန် လတ်ဆတ်သောမလာကာသီးတို့ ကို ရြော ပုတ် ၍၊ နေ့ စဉ်ရေချိုးပေးခြင်းဖြင့် သင့်အသားအရေပေါ်ရှိ အဆိပ်အတောက် များကို ဖယ်ရှားပေးပြီး၊ စိုပြည်လှပလာပါလိမ့်မည်။

(၁၁) အထွေထွေရောဂါများ။ အိပ်မပျော်၍ ခေါင်းမကြည်လင်ခြင်းနှင့် ခေါင်း မူး၊ ခေါင်းကိုက်ခြင်း ဝေဒ နာများအတွက် မာလာကာရွက်ကို ရေဆေးပြီး လက် ဖြင့်ပွတ်ချေကာ နမ်းရှိုက်ပေးရုံမျှဖြင့် ဝေဒနာများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝသည့် အတွက် မာလကာသီးကို မှန်မှ န်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစံနစ်ကို မြှင့်တင်ပေးပါသည်။ တိုင်းရင်း ဆေးဝါးကုထုံးများတွင် ၀က်ရူးပြန်ဝေဒနာရှင်များကို မာလကာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေပါသည်။ နှာစေးချောင်းဆိုး၊ ပန်း နာရင်ကျပ် နှင့် အဆုတ် ရောဂါဝေဒနာရှင်များသည် မာလာကာရွက်ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် သက်သာ လာစေနိုင်ပါသည်။

မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း
မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီ များက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများမရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည် ပိုင်ရှင်များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။ အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ေ သာ အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါသည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့်အာနိသင်ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကြူ ပုလုပ်နိုင်ပါသည်။

အဆင့်(၁)။ ရှေးဦးစွာ မာလကာ သီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့ များကျေသွားသည် အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။

အဆင့်(၂)။ အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လော က် အပူပေးပါ။

အဆင့်(၃)။ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။

အဆင့်(၄) ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များအားလုံးလောင်း ထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။

အဆင့်(၅)။၎င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူး ထဲ့ သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ်ထားရပါ မည်။

အဆင့်(၆)။ အေးသွားသောအခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထား ပါ။ ယခုပြု လုပ်ေ သာ Lotion ထဲတွင် တာ ရှည် အထားခံရန်ဖြည့်စွက်ဓာတုပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်း အပူချိန်မှာ ထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကိုမ သုံးသင့်ပါ။

သတိပြုရန်။
(က) မာလကာသီးသည် သွေးချုပ်စေတတ်သောကြောင့်၊ ရာသီသွေးအဆင်းလွန်သူများ မှန်မှန်မှီဝဲ စားသုံးပေးသင့်ပါသည်။ သို့ သော် ပုံမှန်ဓမ္မတာလာသူများ နှင့် ဓမ္မတာမမှန်သူများအဖို့  ရာသီလာစဉ် မာလကာသီးလုံးဝမစားသင့်ပါ။

(ခ) မာလကာ သီးအခွံ သည် အနည်းငယ်ဖန်၍၊ အ ခွံနွှာ စားကြပါသည်။ လူအချို့ ကလည်း အစေ့ကအူအတက်ပေါက် စေနိုင်သည် ဟု ထင်မှတ်မှားနေကြ ပါသည်။ တကယ်တော့ မာလကာသီး၏ အသားထက်၊ အခွံနှင့် အစေ့တို့ က ကျန်းမာရေးကို ပိုမို အကျိုးပြုစေသော အစိပ်အပိုင်းများ ဖြစ်ကြပါသည်။ ထို့ ကြောင့် အခွံနှင့်စေ့တို့ ကိုပါ ညက်ညက်ဝါး၍ စားပေးသင့်ပါသည်။

မှတ်ချက်။
(က) မာလကာသီးသေးသေးကျစ်ကျစ်တို့ သည် အဖန်ဓာတ်အလွန်များပြီး၊ ချောင်းဆိုးသ လိပ် ပွစေတတ်သဖြင့် ထို အသီး မျိုးကို ရှောင်ကြဉ်ပါ။

(ခ) အပေါ်ယံအခွံပြောင်တင်းပြီး၊ အပြစ်အ နာဆာကင်းသော အသီးတို့ ကိုသာ ရွေးချယ်ဝယ်ယူပါ။ (ဂ) မာလ ကာသီးတို့ သည် ခူးဆွတ်ပြီး သည့်ေ နာက် တဖြည့်းဖြည်းမှည့်လာတတ်သည့်သဘောရှိသည့်အတွက်၊ အခန်းအပူချိန်မှာ ထားပေး သင့်ပါသည်။ ၄င်းတို့ သည် အပူဓာတ်စာ အသီးဖြစ်လို့ ၊ ရေခဲသေတ္တာထဲတွင် သိမ်းဆည်း မထား သင့်ပါ။

သင်ကံကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတရားကြီးက၊ ဟင်းသီးဟင်းရွက် သစ်သီး ၀လံရောင်စုံတို့  ဖြင့် လူသား တို့  ကျန်းမာရေးကို တစ်ဘက်တစ်လမ်းမှ အထောက် အကူပေးထားပါ သည်။ ကိုယ်တွင်းကိုယ်ပ ၂-ဌာန အတွက် သဘာဝဆေးစွမ်းတို့  စုဝေးရာ၊ စိမ်းရောင်ခြယ်မာလ ကာ သီး ၏အစွမ်းကို အထက်ပါအတိုင်းတွေ့ မြင်ကြ ရပါပြီ။ ဈေးနှုန်း ချိုသာပြီး၊ ပေါပေါများများ ရရှိနိုင်သော မာလကာသီးကို လက်လွတ် မခံသင့်ပါကြောင်း လက်တို့ ၍ ပြောလိုက် ရပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

Original link - https://www.facebook.com/lugyan.gyi.12

Read More »

Tuesday, July 14, 2015

မျှစ်၏အကျိုးကျေးဇူးများ




(၁) မျှစ်သည် အစာအိမ်၏ အစာချေဖျက်သည့် လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စေသည်။ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါကိုလည်း သက်သာစေသည်။

(၂) မျှစ်တွင် ဖီနောလစ်အက်စစ် များစွာပါဝင်မှုကြောင့် ရောင်ရမ်းမှုလျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိသည်။ ထို့ကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါများကို လျော့ကျစေသည်။ မျှစ်တွင် ပါဝင်သည့် ပိုတက်စီယမ် မှာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။

(၃) မျှစ်တွင် ဖိုင်ကိုကမ်မီကယ် များစွာပါဝင်သည့်အတွက် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်သည့် အာနိသင်နှင့် ကင်ဆာတား အာနိသင်တို့ ရှိသည်။

(၄)မျှစ်တွင် ပိုက်တက်စီယမ် ပါဝင်လည်း များသည့်အတွက် သွေးတိုးကို ကျစေ သည်။ မျှစ်တစ်ခွက်တွင် တစ်နေ့တာ လိုအပ်သည့် ပိုတက်စီယမ် ပမာဏ ၏ ငါးပုံတစ်ပုံ ပါဝင်နေသည်ဟု သိရသည်။

(၅) မျှစ်သည် မကောင်းသည့် ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေ ပြီး ကယ်လိုရီပါဝင်မှု လျော့နည်းခြင်းကြောင့် အဝလွန်သူများနှင့် သင့်တော် သည့်အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းနိုင် သည့်အတွက် ကိုယ်အလေးချိန် ထိန်းနေသူများ စားသုံးရန် အထူးသင့်တော် သည်။

(၆) မျှစ်ရည်သည် အူလမ်းကြောင်းရှိ သန်ကောင်များကို လျော့ကျစေသည်။

(၇) မျှစ်တွင် အမျှင်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် အူလှုပ်ရှားမှု ကောင်း မွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်သည့် အမျှင်ဓာတ် ပမာဏကို ရရှိစေသည်။

(၈)မျှစ်စားသုံးခြင်းဖြင့် ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေသည်။

(၉)မျှစ်ကို သည်းခြေအိတ်ဝေဒနာများ လျော့ကျစေရန် အိမ်သုံးဆေး တစ်လက် အနေဖြင့် ယခင်က အသိပြု ခဲ့ကြပါတယ်။

(၁၀)မျှစ်ရည်ဟာ ဒဏ်ရာငယ်များကို သန့်စင်စေသည်။ သန့်ရှင်းသည့် မျှစ်ရည် အား ဒဏ်ရာအပေါ် လိမ်းပေးပါက အနာကျက်မြန်စေသည်ဟု တချို့က ယုံကြည်ကြသည်။

(၁၁)လိပ်ခေါင်းက သွေးထွက်နေခြင်း၊ ဂနိုဆီးပူညောင်းကျရောဂါဖြစ်ခြင်းများ အတွက် မျှစ်ကို စားပေးပါက သက်သာစေသည်ဟု တချို့က ဆိုသည်။

Original link - https://www.facebook.com/

Read More »

Saturday, July 11, 2015

ဆေးဖက်ဝင် မြန်မာ့ သနပ်ခါး အကြောင်း သိကောင်းစရာ




နံ့သာ ဆယ်ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်တဲ့ သနပ်ခါး ပင်ဟာ ရှောက်မျိုးရင်း ဖြစ်ပြီး၊ ရုက္ခဗေဒ အမည်မှာ Limonia acidissima Linn ဖြစ်ပါတယ်။

သနပ်ခါးကို အင်္ဂလိပ်လို Chinese Box-Tree ၊ ကချင်လို San-Phak၊ မွန်လို Sanut-Khar ၊ ရှမ်းလို Sanak-Khar လို့ ခေါ်ပါတယ်။ သနပ်ခါး ပင်များကို ပခုက္ကူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြိုင်၊ နွား ထိုးကြီး၊ တောင်သာ စတဲ့ အပူပိုင်း ဒေသတွေမှာ အများဆုံး တွေ့ရှိ ရပါတယ်။ အချို့သော မြန်မာပြည် ၏ အထက်ဖက်ပိုင်းရှိ ရွက်ပြတ်တောခြောက် များမှာ လည်း သနပ် ခါး ပင်တွေကို တွေ့ရ တတ်ပါတယ်။ သနပ်ခါးကို အမျိုးသား များသာမက၊ ကလေးငယ်များ ပါမကျန် သုံးစွဲ ကြပါတယ်။ သို့သော် သနပ်ခါး အပင်ကို လူတိုင်း မမြင်ဖူး ကြတာမို့  အပင် အကြောင်း ကို အောက်ပါ အတိုင်း သရုပ်ဖော်ပြချင်ပါတယ်။

(အပင် ပုံသဏ္ဍာန်) အမြင့် ၂၀-၃၀ ပေထိမြင့်တဲ့ ပင်လတ်မျိုး ဖြစ်ပါတယ်။ ပင်စည်ရဲ့ အကိုင်း အခက် တွေမှာ ၁/၂ လက်မ မှ ၁ လက်မ အထိ ရှည်သော ချွန်ထက် မာကျောတဲ့ ဆူးများ ရှိကြ ပါတယ်။ အပင်နုစဉ်မှာ အပွေးမဲ့ပြီး အပင်ရင့် လာတဲ့ အခါ အပွေးထူလာ ပါတယ်။

(အရွက် ပုံသဏ္ဍာန်) ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်ပါတယ်။ အလျား ၃ လက်မ မှ ၅ လက်မထိ ရှည်ပြီး ရွက်ညှာမှာ အတောင်ပါ ရှိပါတယ်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံထိ ရှိပြီး ထိပ်ရွက် တစ်ရွက်ပါ ပါတယ်။ ရွက်ပြား ပြောင်ချောပြီး တောင့်တင်း မာကျော၍ အစိမ်း ရင့် ရောင် ရှိပါတယ်။

(အပွင့် ပုံသဏ္ဍာန်) ရနံ့ သင်းပြီး သေးငယ်၍ အ၀ါနုရောင် ရှိပါတယ်။ တန်ခူး နဲ့ ကဆုန်လများမှာ အဆုပ် လိုက်ပွင့်ပါတယ်။

(အသီး ပုံသဏ္ဍာန်) ချဉ်သော အရသာရှိ၍ အပြွတ်လိုက် သီး ပါတယ်။ အ၀ါနုရောင် ဖျော့ဖျော့ အစေ့ဖြစ်ကာ အရွယ်အစားမှာ ငရုပ် ကောင်းစေ့ခန့် ဖြစ်ပါတယ်။ ၀ါခေါင် နဲ့ တော်သလင်း လတွေမှာ အသီးမှည့် ပါတယ်။

(အမြစ် ပုံသဏ္ဍာန်) အလွန် ရှည်လျားသော ရေသောက်မြစ် ဖြစ်ပါတယ်။ ဘေးမြစ်များ မှာလည်း ရှည်လျားပြီး ဖြန့်ထွက်နေ ကြပါ တယ်။ အပွေး အခေါက်များ ပါရှိကာ၊ ပင်စည်ထက် အရောင်ပို၍ ၀ါပါတယ်။


သနပ်ခါး၏ ဆေးဖက်ဝင် အသုံးပြုပုံများ။


မြန်မာ့ ဆေးကျမ်း အရ သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ ပူခါးချုပ်ပွင့် ဖြစ်၏ ၊ ငန်းမန်းကို နိုင်စေ၏ ၊ အပူနာ အအေးနာ နှစ်မျိုး လုံးတွင် သုံးနိုင်၏ ၊ အပင်၏ အရွက် အသီး ပင်စည် အမြစ် အားလုံးကို အသုံးပြုနိုင် ၏လို့ ဖော်ပြ ထားပါတယ်။

အရွက်၏ ဆေးဖက်ဝင်ပုံ။

(၁) ၀က်ရူးပြန် ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြု နိုင်ပါတယ်။

(၂) အနာကြီး ရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ပေးပါ။

(၃) အရွက်ပြုတ် ရည်ကို ဆားများများ ခတ်၍ သောက်ပါက ဌက်ဖျား ရောဂါ ပျောက်စေ ပါတယ်။

(၄) မြုံ နေသော အနာများ အတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ပေးပါ။

(၅) အရွက် အခြောက်ကို နေလှန်း အမှုန့် ပြုပြီး ကွမ်းသီး လုံးခန့် ပမာဏ အမှုန့် တို့ ကို ရေနှင့် သောက်ပါက အဖေါ အရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ ဟူသမျှ ကင်းရှင်းပ ပျောက်စေ ပါတယ်။

အသီး၏ ဆေးဖက်ဝင်ပုံ။

(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါ များအတွက် ဖေါ်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။

ပင်စည်၏ ဆေးဖက်ဝင်ပုံ။

(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

(၂) ၀က်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပုရာရည် အနည်းငယ်ထဲ့၍ လိမ်း ပေးပါ။

(၃) ၀က်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ ည လိမ်းပေးပါ။

(၄) သနပ်ခါးတုံးသွေး၍ ဆားအနည်း ငယ်ရောထဲ့ လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင် တို့ ယားယံခြင်းမှ သက်သာစေပါတယ်။

(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများ အတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်ရရှိစေပါတယ်။

(၆) အရေပြားပါးလွှာပြီး၊ ယားနာဖုတွေ မကြာခဏ ထွက်လေ့ ရှိသူများ အဖို့  ကာဘော်လိပ် (သို့ ) ဒတ်တောလ် ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့် စင်ပြီးနောက် သနပ်ခါး ထူထူ လိမ်းပါ။

(၇) ငှက်ဖျား၊ ၀က်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။

(၈) သနပ်ခါးတုံး အနှစ်သားကို သွေး၍ လိမ်းပေး ခြင်းဖြင့် အသားအရေ ချောမွေ့ အေးမြ စေပါတယ် (ခြွင်းချက် အနေဖြင့် သနပ်ခါးလိမ်းတဲ့ အခါ နုနယ်တဲ့ မျက်ဝန်း တ၀ိုက်ကို ရှောင် လိမ်းသင့် ပါတယ်။ အဘယ် ကြောင့် ဆိုသော် သနပ်ခါး ပျစ်ပျစ် ထူထူကို လိမ်း၍ ခြောက်သွားတဲ့ အခါ အရေပြားကို တင်းဆွဲနေ သလို ခံစား ရပါ လိမ့်မယ်။ ဒါ့ပြင် မျက်ဝန်း တ၀ိုက် အရေပြားကို ဆွဲ-ဆန့်-ကျုံ့တွန်းအားဖြစ် စေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားများကို တွန့်စေ နိုင်ပါတယ်)

အမြစ်၏ဆေးဖက်ဝင်ပုံ။

(၁) ၀မ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ ဖော်စပ်ရာမှာ ထည့်သုံးလေ့ ရှိပါတယ်။

(၂) အမြစ်ကို နနွင်းမှုန့် နှင့်သွေး၍ လိမ်းပေးပါက မီး ယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။

(၃) ဆားနှင့်သွေးလိမ်းပါက အညောင်း အညာပျောက်စေပါတယ်။

(၄) ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေး၍ ကွမ်းရွက် စိမ်းရေနှင့် ဆတူ တိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။

(၅) သနပ်ခါးမြစ် ငါးပဲသားကို ပျားရည် ခြောက်ပဲ စားနှင့်ရော ၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်း စေပါတယ် (သို့ ) သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့ နှင့်ရော၍ လျှက်ပေးပါက အစာအိမ်ရှိအဆိပ်ကို ပြေစေပါတယ်။

(၆) အမြစ်ကိုသွေး၍ နေ့ စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေနုချော ၀င်းမွတ်စေပါတယ်။

သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့ က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။

တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့ တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ၀ါဝါ ၀င်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။

ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့  အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။

ယနေ့ အလှကုန်ဈေးကွက်ထဲမှာ သဘာဝ သနပ်ခါး အတုံး စစ်စစ်များ ရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင် ဖို့ အတွက် ကြိတ် ပြီးသား အသင့်သုံး သနပ်ခါးတွေကို တာရှည် ခံအောင်ပြုလုပ်၍ သနပ်ခါး အရည်၊ အနှစ် စသဖြင့် ဗူးတွေ ပုလင်းတွေဖြင့် အလွယ် တကူ ၀ယ်ယူ ရရှိနိုင် ပါတယ်။ ၄င်းအသင့် သုံး သနပ်ခါး ဗူးနှင့် ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့ နဲ့ တခြား အမွှေး အနံ့ ပစ္စည်းတွေ ပါဝင်နေ တာမို့  လူတချို့ မှာ ဓာတ်မတည့် မှုတွေဖြစ်စေ နိုင်ပါတယ်။ သို့ သော် ဈေးကွက်ထဲမှာ စံချိန် စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဗူး၊ ပုလင်းတွေ ရှိကြရာ မိမိ အသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်း သနပ်ခါးဗူးတွေကို ရွေးချယ် အသုံးပြုတတ်ပါ စေ။ သနပ်ခါး ပါးကွက်ကြားလေးဟာ မြန်မာ မိန်းကလေးတွေရဲ့ မူပိုင်လေး ပါ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း သနပ်ခါး ဆိုတာ Myanmar Traditional Make-Up အဖြစ် လက်ခံ ထားကြ တာကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယ ဖြစ်ဖွယ် မရှိနိုင်ပေ။

သနပ်ခါးတုံး ကောင်းကောင်းရွေးချယ်နည်း။

သနပ်ခါးပင်၏ တန်ဖိုးဟာ သူ၏ အခေါက်၊ အပွေးဖြစ်ပါတယ်။ ဒါကြောင့်လည်း “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိပါတယ်။ အပင်အရပ်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့ မမွှေးတတ်သလို တာရှည်လည်းအသွေးမခံတော့ပေ။ သနပ် ခါးချစ်သူများအတွက် ကောင်းမွန်တဲ့ သနပ်ခါးတုံးရွေးချယ်နည်း များကို အောက်ပါအတိုင်း မျှဝေလိုက်ပါရစေ။

(က) ရေစကြိုမြို့နယ်က ရှင်မတောင် သနပ်ခါးဟာ ဒေသရှိ ရေမြေသဘာဝက ပေးထားသော ထူးခြားချက် များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြု ရလောက်အောင် အပွေးညို၍ အမွှေး ပိုလေ့ ရှိပါတယ်။

(ခ) အပင်တုတ် မတုတ်ထက်၊ အပွေးအရောင် အသွေးနှင့် သူ၏ အထူကို ကြည့်လိုက်ပါ။ အပွေး အခေါက်ပါပြီး အညိုရောင်အ ခေါက်ကြီးများ အချောင်းချောင်း ကပ်နေမည်။ ယင်းတို့ အကြား (အမြောင်းကြား) တွင် အခေါက်သားမှာ အက်ကွဲရာ ကလေးများ ကဖြူနေပြီး သူ့ဘေးက အခေါက်သားတွင် ပုဇွန်ဆီသွေးရောင် ကလေး ထင်နေမည် ဆိုပါက သင့်သနပ်ခါး တုံးသည် မွှေးမည်ဟု ဆိုနိုင်ပါပြီ။

(ဂ) လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင် သွားပါက အခေါက်သားနုတာမို့  မ၀ယ်ပါနှင့်။

(ဃ) လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချ ထားလိုက်ပါ။ ယင်းအတုံးဟာ အသားကျစ် မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ် ခန်းသွားပြီမို့ အလေးချိန် ပေါ့နေခြင်း ဖြစ်ပါတယ်။ သက်တမ်း ရင့်ရင့် အပင်ဟာ အသားကျစ် သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေး ကာ အခြားအပင်များ ထက် ပိုမိုလေးတစ် နေပါတယ်။

(င) ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသား ကလေးမှာ စွဲမက်စရာ ချိုသင်းသော အနံ့ကလေးဖြစ် ပါတယ်၊ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ ရနေလျှင် မှိုစွဲနေပြီဟု မှတ်ပါ။ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က အသားနေ ရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ် လာခဲ့ခြင်းမို့ ကိုင်ကြည့် လိုက်ရုံဖြင့် ပေါ့ရွှတ်နေ ပါလိမ့်မယ်။ ထိုအပင်မျိုး၊ အတုံးမျိုးကို မည်မျှပင် ဈေးချိုချိုနှင့် ပေးသော်လည်း မ၀ယ် ပါနှင့်။ သွေးလျှင်လည်း မွှေးမည် မဟုတ်ပါ။

ယခုအခါ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ သနပ်ခါးပင် စိုက်ပျိုးဧက ၃၅၀၀၀ မှ ၄၀၀၀၀ ခန့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါတယ်။ အဆိုပါမြို့နယ်ရှိ သနပ်ခါး စိုက်ပျိုး တင်ပို့ ရောင်းချ သူများ အသင်းမှ သနပ်ခါးကို ဓာတု ပစ္စည်းတွေ မပါတဲ့ ကုန်ချော ထုတ်လုပ်နိုင်အောင် စီစဉ်နေပြီး၊ ဓာတု ကင်းစင်တဲ့ ကုန်ချောရရင် မြန်မာ့ သနပ်ခါး စစ်စစ် အဖြစ် ပြည်ပနိုင်ငံ တွေကို ထိုးဖောက် မည်ဖြစ်ရာ အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံတို့လို မြန်မာ လူမျိုးတွေ အများဆုံးနေထိုင် လျက်ရှိသော နိုင်ငံများသို့ ဦးစွာတင်ပို့ ၍ဈေးကွက် ရှာမည် ဖြစ်ကြောင်း သိရပါတယ်။ သို့ပါ၍ မဝေးသော ကာလ မှာ မြန်မာ့ သနပ်ခါးကို Myanmar Traditional Make-Up အဖြစ် ကမ္ဘာ့အလှ ကုန်ဈေးကွက် တွင် မြင်တွေ့ နိုင်တော့ မည် ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသား မျှဝေသည်)

Original link - https://www.facebook.com/lugyan.gyi.12

Read More »

ကိုလက်စထရော ကျစေသော ဝါးရွက်




သွေးအတွင်း အဆီတိုး လာသော ဓာတ်ကို Cholester ဟု ခေါ်သည်ကို ခေတ်မှီ သူတိုင်း သိကြပြီး ဖြစ်သည်။ Cholesterol များလာလျှင် သွေး တိုး၊ နှလုံးနှင့် လေဖြတ် ရောဂါတို့ ဖြစ်နိုင်သည်။ အနည်းဆုံး လူဝ လာပြီး အသည်း အဆီဖုံး ရောဂါဖြစ် လေ့ရှိသဖြင့် လူတိုင်း ကြောက်ရွံ့သော ဓာတ်တိုး ရောဂါ ဖြစ်ပြီး ဝလာ သူတိုင်း ခြောက်လ တစ်ကြိမ် စစ်ဆေးကြည့်ရန် ဆရာဝန်ကြီး များကလည်း ညွှန်ကြား ကြသည်။

ကြက်သွန်ဖြူ စားလျှင် Cholesterol ကျစေသည်ဟု လူသိ များသော် လည်း နောက်ပိုင်း သုတေသန ပြုချက်များ အရ မသေချာဟု ဆိုသည်။ ထင်ထား သလောက် မကျဟု ဆိုသည်။ တိုင်းရင်း ဆေးပညာ ဘက်မှလည်း သုတေသန ပြုသည့် ဓာတ်ခွဲ ခန်းများ ထူထောင်ပြီး ခေတ်မှီ သိပ္ပံနည်းကျ သုတေသန ပြုလုပ်ကာ Cholesterol ကျစေသည့် အပင်များကို စမ်းသပ် ရှာ ဖွေလျက် ရှိသည်။

မြန်မာ့ မြေပေါ်တွင် ပေါက်ရောက်သည့် လက်တစ်ကမ်းမှ ဆေးဘက်ဝင် အပင်များ၊ အရပ်သုံး ဆေးမြှီးတို အဖြစ် ရောဂါ ပျောက်ကြောင်း နာမည်ကြီး သည့် ဆေးပင်များ ရှိသည်။ ထိုထဲမှ Cholesterol ကျစေည့် ဆေးဖက်ဝင် အပင်မှာ 'ဝါးပင်' ဖြစ်သည်။

ဆေးပင် သုတေသန ပြုချက်များ အရ ဝါးပင်မှ ဝါးရွက်သည် သွေး အတွင်းရှိ Cholesterol ကို ကျစေသော Hypolipidaemic Activity ပါရှိ ပါသည်။ ဝါးရွက် လက်တစ်ဆုပ် စာမှ ရရှိသော သတ္တုရည် ကော်ဖီဇွန်း နှစ်ဇွန်းကို တစ်နေ့ နှစ်ကြိမ် (သို့မဟုတ်) ဝါးရွက် ပြုတ်ရည် အကြမ်း ပန်းကန် တစ်ဝက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံး ပါက Cholesterol ကို သိသာစွာ ကျဆင်းစေ သည်။ (ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်း ဆေးပညာ ဦးစီးဌာန၊ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ လထုတ် လက်တွေ့ အသုံးချ ဆေးဖက်ဝင် အပင်များ ပေါင်းချုပ် စာအုပ်၊ စာမျက်နှာ ၆၅ဝ မှ) ဝါးပင်သည် မြန်မာ့ တောတောင် များတွင် သဘာဝ အလျောက် ပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ပျိုးနိုင်သည်။ သမပိုင်း ဥတုတွင် ပို၍ ဖြစ်ထွန်းသည်။

''ငှက်ပျော ကဆုန်၊ ဝါးနယုန်'' ဟု ဆိုသဖြင့် မိုးတစ်ပြိုက် နှစ်ပြိုက် ရွာချသည့် နယုန်လတွင် ဝါးကို စိုက်ပျိုးနိုင် သည်ဟု ရှေးလူကြီးများ အဆို ရှိသည်။

ရုက္ခဗေဒ အဆိုအရ ဝါးပင်အမျိုး ပေါင်း ၂ဝဝ ကျော်မျှ ရှိသည်။ အသုံးများသော လူသိများသော ဝါးမျိုးများ မှာ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနက်၊ ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး၊ ဝါးဖြူ၊ မြင်ဝါး၊ ရွှေဝါး၊ ဝါးမင်း၊ ဝါးယား၊ ဝါးကောက် တို့ဖြစ်သည်။ ဝါးပင်မှ အစို့ ထွက်လာသည့် မျှစ်မှာ မြန်မာတို့ အကြိုက် အစား အစာဖြစ်သည်။ မျှစ်ချဉ် အဖြစ်လည်း အချဉ် တည်၍ စားကြသည်။ ဝါးပိုး မျှစ်ချဉ်ကို လူကြိုက် အလွန်များသည်။

ဝါးပင်ပေါက် မျှစ်စို့များသည် အပူ ဓာတ်ရှိသည်။ အစာအိမ်ကို အစာချေရည် ထွက်စေရန် လှုံ့ဆော်ပေး နိုင်သည်။ အစာစား ချင်စိတ် ဖြစ်ပေါ် စေ၍ အစာ စားပြီး ချိန်တွင်လည်း အစာကြေ စေနိုင် သဖြင့် နာတာရှည် ခံတွင်းပျက် သူ၊ နှုတ်မမြိန် ရောဂါ ရှိသူများ မျှစ်ကို ချက်ပြုတ် စားခြင်း ဖြင့် ရောဂါသက် သာ စေနိုင်သည်။

မျှစ်ကို အနာပေါက် ဆေးကု ရာတွင် အသုံးပြု ပုံမှာ မျှစ်ကို သတ္တုရည် ညှစ်ပြီး အနာပေါ်တွင် လောင်း၍ အဝတ်ဖြင့် တစ်နာရီခန့် ပတ်စည်း ထားလျှင် ပိုးတွယ်သော အနာကိုပင် သန့်စင် စေသည်ဟု ရှေးဆေးကျမ်း များတွင် တွေ့ရ သည်။ ထိုနည်းတူ ဝါးရွက် တစ်မျိုးမျိုးကို ပြုတ်၍ အနာ ဖန်ဆေးခြင်း ပြုပေးလျှင် အနာ အကျက် မြန်စေနိုင်သည်။ အသားနုတက် စေသော ဖန်ဆေးဖြစ်သည်။

ဝါးရွက်သည် သွေးဖောက်ပြန်သော ရောဂါ၊ အပူငုပ်နာ များကို နိုင်သည်ဟု ဆိုသည်။ ရှေးမြန်မာ များသည် မီးဖွား ပြီးနောက် သားအိမ် အတွင်း မှ သွေးဟောင်း သွေးပုပ်များ ကင်းစင်စေရန် ဝါးရွက်ဖြင့် ချွေးအောင်း၊ ချွေး ထုတ်ခြင်း ကို ပြုလုပ် ပေးကြသည်။

ဆေးကျမ်းများ အဆိုအရ ကြခတ်ဝါးရွက် (သို့မဟုတ်) ဝါးရွက် တစ်မျိုးမျိုး လက်တစ်ဆုပ် စာကို ကြိတ်ချေ၍ ပြုတ်ပြီး လက်ဖက်ရည် ပန်းကန် တစ်လုံး ခန့် သောက်ပါက သွေးအန်၊ သွေးကျရောဂါ၊ မီးယပ်သွေးချုပ် ရောဂါ ပျောက် ကင်းသည်။ ကလေး မွေးပြီး သူများ နို့ရွှင်ဆေး အဖြစ်လည်း တိုက်ကျွေး ကြ သည်။

ဝါးရွက်သည် ရှာဖွေရ လွယ်ကူပြီး အဆိပ် အတောက်လည်း ကင်းသော အရွက်ဖြစ် သဖြင့် အဆီ တိုးပြီး ဝလာသူများ အနောက်တိုင်း နည်းဖြင့် သွေး စစ်သော အခါ တက်နေ သူများ သောက်သုံး သင့်ကြောင်း ဆေးသုတေသနမှ အတည်ပြု ထားသည်။

ကြည်လွင်မြင့်(မုဒြာ)

Original link - https://www.facebook.com/MOIWebportalMyanmar

Read More »

Thursday, June 18, 2015

ဆီးအတွက် လက်တွေ့ ပျောက်တဲ့ ဆေး တစ်ခွက်ပါ




ဆီးသွားတဲ့ အခါ နာကျင်ခြင်း မပြီး သလို အောင့်ခြင်း ပြီးခါနီး နာကျင်ခြင်း ဆီးသွားတဲ့ အခါ အဖြူ အဖတ်လေး လိုလို အခဲ အနည်းငယ် ပါကာ သွားတဲ့ အခါမှာ အောင့်ခြင်း အလုပ် ပျက်အောင် နာကျင် နေပါက လိုအပ်တာ လေးက မခက်ခဲ ပါဘူး။

  1. ကြက်သွန်နီ ၃ လုံး
  2. ရေနွေးပူပူလေး အနည်ငယ်
  3. သကြား အနည်းငယ်ပဲ လိုပါတယ်



ကြက်သွန်နီ ကိုနွှာပြီးမှ ရေမဆေးရ ပါးပါးလှီးပြီး သကြား အနည်းငယ် ထည့်ပေါ့။ ထည့်ပြီ ရေနွေး ပူပူလေး ထည့်ပြီး ခဏ အုပ်ထားပါ။ ပူနွေးနွေးလေး အရည်း သောက်လိုက်ပါ ကြက်သွန်ဖတ်တွေ မစားရ အရေ သောက်ရုံနဲ့ နေ့ခြင်း ပျောက်ပါတယ် ခဏခဏ ဖြစ်တတ်ပါတယ်။ ယုံယုံ ကြည်ကြည် သောက်ကြည့်ပါ တစ်ကယ် လက်တွေ့ ပျောက်ပါတယ်။ အိမ်မှာ ဖြစ်တိုင်း သောက်လေ့ ရှိပါတယ် စေတနာ အမှန်ပါ။

ဒုတိယ အကြိမ် တင်ပါတယ်။

အနည်းငယ် ညီးစော်လေး နံပါတယ် ထိရောက်မှု အပြည့်ပါ သကြားကို အချိုကြိုက် ပါက ပိုထည့်လဲ ရပါတယ် ပုံမှာပြ ထားပါတယ်။

Original link - https://www.facebook.com/profile.php?id=100008398094989

Read More »

ကျောက်ကပ် ဝေဒနာသည်များ ၀မ်းမြောက်ဖွယ်




ကျောက်ကပ် ဝေဒနာ ခံစားနေ ရသူများမှာ လူလည်း ပင်ပန်း၊ ငွေကြေး ကုန်ကျမှု များပြားသော ရောဂါ တစ်ခု ဖြစ်ပါသည်။ သိန်း ထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံ ရသော ရောဂါပါ။

ကျောက်ကပ် ဆေးနေ ရသူများမှာ လူလည်းနာ ငွေလည်း ကုန်လှပါသည်။ အချိန် အခိုက် အတန့် တခုသာ ထိန်းထားနိုင်ပြီး မရဏ မင်းထံ သွားရသည်သာ များပါသည်။

လဲလှယ်နိုင် မှသာ အသက်ဆက် နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျ ပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ် ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစားနေ ရသူ များ သက်သာပြီး ကျောက်ကပ် ဆေးနေ ရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝ အာမခံ ပါသည်။

ကျွန်တော် ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစား ခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက် ခဲ့သဖြင့် သုံးလ အတွင်း ပျောက်ကင်း ခဲ့ပါသည်။ စရိတ် သက်သာ အကုန်အကျ နည်း၍ လုံးဝ အထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသ နည်းပါ။ အနောက် နိုင်ငံများ တွင်ပင် ဘေးထွက် ဆိုးကျိုး များပြား လာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝ အပင်များမှ ထုတ်ယူသော ဆေးများကို ပြောင်းလဲ သုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာ ခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရ နေပါပြီ။ ယခုတင်ပြသော ဆေးနည်းမှာ ကျွန်တော်တို့ မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။

၁။ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ (အသား၊ ငါး မရော ပါနှင့်၊ရောဂါ မရှိသေးသူများ သောက်ပါက ဆီးကောင်းစေ ပြီး၊ ယောက်ျားများအတွက်၊ ယောက်ျား ပီသစေ ပါသည်)

၂။တရုပ်နံနံပင် ငါးရွက်ကို ရေနွေးဖြူ ထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက် ခပ်၍ရေနွေး သောက်သလို သောက်ပါ။ အဖတ် ၀ါးစားပါ။ ညနေစာ စားပြီး နာရီဝက်ခန့် ခြားပြီးမှ သောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံးကြောင်တတ် ပါသည်။ည ခုနစ်နာရီ ဆိုလျင် သင့်ပါသည်။

၃။ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင် ထုတ်ပြီး ကျောက်ကပ် နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။
ဖြေးဖြေး သက်သာ လာပါမည်။

၎။ရေပူစမ်းနှင့် နီးပါက တပါတ် တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့် ချိုးပြီး ချွေးအောင်းပါ။

သုံးလ အနည်းဆုံး ထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေ ရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။

ပျောက်ကင်း သက်သာပါက လူတိုင်းအား ဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန် အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြ သူသာတွေ့ရ သဖြင့် အများ အသုံးချနိုင် စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက် ရပါသည်။

credit to Sandar Laynyuntmg

Original link - https://www.facebook.com/profile.php?id=100008780193566&fref=photo

Read More »

Wednesday, June 17, 2015

အကြောဆိုင်း လေဖြန်း ရောဂါများ အတွက် ဆေးကောင်း တစ်လက်




လူသား တွေဟာ အသက် အရွယ်လေး အတန်သင့် ရလာတာနဲ့ အမျှ သွေးသား တွေဟာလည်း လတဖြေးဖြေး ဆုတ်ယုတ် လာပြီး အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်တဲ့ ဒဏ်ကို မိမိတို့ ခန္ဓာကိုယ် ကြီးက ခံနိုင် ရည်စွမ်း ကျဆင်း လာတတ် ပါတယ်။

အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရတဲ့ လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ အကြောတွေက မကြာခဏ ညောင်းညာ ကိုက်ခဲနေ တာမျိုး အကြောတွေ ဆိုင်းချင် သလိုလို ဖြစ်သွားတာ အကြောတွေ လုံးဝဆိုင်း သွားတာမျိုး လေဖြန်း ချင်သလိုလို ဖြစ်သွားတာ လုံးဝ လေဖြန်း သွားတာ မျိုးတွေ ဖြစ်လာ တတ်ပါတယ်။

အဲဒီလို ရောဂါတွေ ခံစားနေ ရပြီ ဆိုရင် အခုဖော်ပြမဲ့ ဆေးနည်းလေးက သက်သာ ပျောက်ကင်း စေမှာပါ။ ဦးဇင်း ကိုယ်လဲ ဦးဇင်းနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဒကာကြီးတွေ ဒကာမကြီး တွေ ကို ဆေးနည်း ပြောပြပြီး သုံးစွဲဖို့ တိုက်တွန်း သလို ကြုံတဲ့ အခါမှာလည်း ကိုယ်တိုင် ကိုယ်ကျ ဖော်စပ်ပေး ခဲ့ပါတယ်။

အမြဲလိုလို ညောင်းညာ ကိုက်ခဲ နေသူများဟာ တစ်ပတ်လောက် ပုံမှန် စားလိုက်တဲ့ အခါ ညောင်းညာ ကိုက်ခဲ မှုတွေ ပျောက်ကင်းပြီး နောက်ထပ် ပေါ်မလာ တော့ကြောင်း ဝမ်းသာ အားရ လာပြီးပြော ကြပါတယ်။ အကြော ဆိုင်းနေ သူများနဲ့ လေဖြန်းနေ သူများက ကလည်း တစ်လ နှစ်လ စသည် အားဖြင့် ဖော်စားလိုက် ခဏ နားလိုက်နဲ့ သုံးစွဲ လိုက်လို့ သက်သာ ပျောက်ကင်း ကြောင်းဝမ်း သာအားရ ပြန်ပြော ကြပါတယ်။

ဆေးနည်းလေး ကတော့ ------
၁။ ဖီးကြမ်း ငှက်ပျောသီး မှည့်မှည့်ရယ် (မမှည့်ရင် ချောင်းဆိုး တတ်ပါသည်)
၂။ သက်ရင်းကြီး ရွက်ရယ် (၎င်း အပင်မှာ ဒေသတိုင်းတွင် ပေါက်လေ့ ရှိပါသည်)
ဒီနှစ်မျိုးပဲ လိုအပ် မှာပါ။

ဖော်စပ်ပုံ ကတော့------
၁။ ဖီးကြမ်း ငှက်ပျောသီးကို ဟိုဘက်ထိပ် ဒီဘက်ထိပ် အတွင်းသား လေးတွေ ပေါ်ရုံလောက် လှီးဖြတ် ထားပါ။
၂။ သက်ရင်းကြီး ရွက်ကို ရေစင်အောင် ဆေးပြီး နှစ်ရွက် သုံးရွက် ထပ်ကာ ငှက်ပျောသီးကို လုံအောင် ဖုံး၍ လျော်နှင့် စည်းပြီး ထုတ်ပါ။
၃။ ပြီးလျှင် အိုးထဲ ထည့်ပြီး မီးဖိုပေါ်မှာ ၆ - နာရီကြာ ပြုတ်ရ ပါမည်။ (၆-နာရီ ဆိုငြားလည်း ဦးဇင်းကတော့ နှစ်ရေပွက်ပြီး ဖိုပေါ်မှာ မီးအေးအေးနဲ့ပစ်ထား လိုက်ပါသည်)

စားပုံ စားနည်း ကတော့ ----
ပြုပ်ပြီးသား အထုပ်လေးကို အပေါ်က ဖက်တွေ ပြန်ခွာ ငှက်ပျောသီး ကိုလည်း အခွံခွာပြီး အတွင်းသားကိုသာ မနက် တစ်လုံး ညတစ်လုံး တစ်နေ့ နှစ်ကြိမ် စားရမှာ ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ သူတွေ အတွက်လည်း ခရီး ပင်ပန်းလို့ အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ရလို့ တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေရင် ၎င်း ငှက်ပျောသီး လေး တစ်လုံးမျှ စားလိုက်တာနဲ့ ညောင်းညာ ကိုက်ခဲမှုများ လျင်မြန်စွာ သက်သာ ပါကြောင်း ကိုယ်တွေ့မို့ သတင်းကောင်း ပါးလိုက် ပါရစေ။

ဖော်စပ်ပုံ အဆင်ဆင့် ဓာတ်ပုံ လေးတွေကိုလည်း အောက်မှာ တင်ပေး လိုက်ပါတယ်။





အထက်ပါ ဆေးနည်းကို မိမိအား တစ်ဆင့် မျှဝေ ပေးခဲ့ ပါသော သူငယ်ချင်း ဖြစ်သူ အရှင်ဝိစိတ္တ (ကျွန်ုပ်တို့ အခေါ်"ဦးဝဲကျော်") စစ်ကိုင်းတောင်ရိုး ပံ့သကူ ချောင်အား အထူးကျေးဇူး တင်ပါကြောင်း.....

Ashin Withuta

Original link - https://www.facebook.com/ven.visuta.7

Read More »

Tuesday, June 16, 2015

ဆားရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်




မိမိတို့ နေ့စဉ် ဟင်းလျှာမှာ ခပ်ပြီး အိမ်မှာ အသုံးပြု နေတဲ့ ဆားဟာ ဘယ်လောက်ထိ အသုံးဝင် သလဲဆိုရင် မိမိ နေထိုင် နေတဲ့ အိမ် တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင် သွားတဲ့ အထိ စွမ်းဆောင် ပေးနိုင် ပါတယ် ဆိုတဲ့ အကြောင်းကို စာနဲ့ ပုံအတူ တွဲပြီးပြောပြ ချင်ပါတယ်။

(၁). မီးပူ မျက်နှာပြင်ကို ပြန်လည် ချောမော သန့်ရှင်း စင်ကြယ်စေ သောနည်း


အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း

အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။

(၃). မီးတောက် မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း

မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင် များနေတဲ့ ဒယ်အိုးမှာ ဆားနဲ့ ဓါတ်ပြု သွားသော အခါ မီးပြန်လည် ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန် အတိုင်း ချက်ပြုတ်ကြော်လှော်လို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။

(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။

ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းပြီး ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။

(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း

ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။

(၆). ရေချိုးရေစိမ်တဲ့ ကန်ကို အသစ် တဖန်ပြန်လည် တောက်ပြောင် အောင်လုပ်နည်း

မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း

အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။




ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....

အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai

youtube.com/householohacker မှ ဘာသာပြန်သည်။

Original link - http://www.easyradiolive.blogspot.jp/2015/06/blog-post.html

Read More »

Friday, June 12, 2015

မုန့်ဖုတ် ဆော်ဒါနဲ့ ဘာတွေ လုပ်လို့ရ




အလှအပ ပစ္စည်းတွေ သုံးမယ်ဆို ရင် ငွေကုန်ကြေးကျ များသလို ကိုယ်နဲ့ ဓာတ် မတည့်ဘူး ဆိုရင် လှမလာတဲ့ အပြင် ကိုယ့် အတွက် ဆိုးကျိုးပဲ ထပ်တိုး လာမှာပါ။ ငွေ ကုန်လည်း သက်သာ သလို ဆိုး ကျိုး အနည်းဆုံး ဖြစ်တဲ့ ရွေးချယ်မှု မျိုး လုပ်ဆောင်နိုင်ဖို့ မုန့်ဖုတ် ဆော်ဒါနဲ့ အလှအပ အတွက် စမ်းသပ်ကြည့်နိုင် တာလေးတွေ ဖော်ပြပေး လိုက်ပါတယ်။

သွားများကိုဖြူစေခြင်း

သွားတိုက်ဆေး အတော် များများက သွားတွေကို ဖြူစင်စေ တယ်လို့ ကြော်ငြာပေမယ့် တကယ်တမ်း အလုပ်ဖြစ်တာ တော့ နည်းပါတယ်။ ဒါကြောင့်မို့ တစ်ခု စမ်းသပ် ကြည့်သင့် တာက မုန့်ဖုတ်ဆော်ဒါ လွယ်လွယ်ကူကူ ရှိနေတယ်ဆိုရင် သွားတိုက်ကြည့် လိုက်ဖို့ပါပဲ။

ခံတွင်းနံ့ ကင်းစေခြင်း

အပြုံးလှလှနဲ့ မွှေးပျံ့တဲ့ခံ တွင်းလိုက်ဖက်ညီစွာရှိစေဖို့အ တွက် မုန့်ဖုတ်ဆော်ဒါကို အရည် ဖျော်ပြီး ပက်ပါမင့်ဆီ ဒါမှမဟုတ် ယူကလစ်ဆီ အနည်းငယ်ထည့် ပြီး ခံတွင်းသန့်ဆေးရည် အစား ထိုးသုံးစွဲနိုင်ပါတယ်။

ခြေသည်း လက်သည်းများ ဖြူစေခြင်း

လက်သည်းဖျက်ဆေးနဲ့ လက်သည်းနီတွေ ဖျက်ပေမယ့် လက်သည်းတွေ ၀ါကျန်ခဲ့တတ်ပါ တယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ ရှလ ကာရည်ရောထားတဲ့ အနှစ်ကို လက်သည်း၊ ခြေသည်းမှာ သုတ်ပြီး ခဏကြာရင် ဆေးကြောလိုက် တဲ့ အခါ အံ့သြစရာရလဒ်ကိုတွေ့ မှာပါ။

အရွယ်တင်စေခြင်း

သုံးနေကျ မျက်နှာသစ်ဆေး ထဲကို မုန့်ဖုတ်ဆော်ဒါလက်ဖက် ရည်ဇွန်းတစ်ဇွန်း ထည့်ပြီး မျက် နှာကို သုတ်လိမ်းကာ ညင်သာ စွာနှိပ်နယ်ပေးမယ်ဆိုရင် မျက်နှာ အရေးအကြောင်းတွေနဲ့ အရေ ပြားတွဲကျတာတွေကို သက်သာ စေမှာပါ။

ခြေထောက်များ သန့်စင်စေခြင်း

ဖိနပ်အပါးတွေ စီးတဲ့အခါ ခြေထောက်တွေ မည်းပြီး မလှမပ ဖြစ်နေရင်တော့ ရေခပ်နွေးနွေး တစ်ဇလုံထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း သုံးဇွန်း လောက်ထည့်ဖျော်ပြီး မိနစ် ၂၀ လောက် စိမ်ထားပေးပြီး ပွတ် ဆေးပေးနိုင်ပါတယ်။

ဝက်ခြံပျောက်စေခြင်း

မုန့်ဖုတ်ဆော်ဒါနဲ့ ရှလကာ ရည် အနည်းငယ်ရောထားတဲ့ အနှစ် ၀က်ခြံဖုပေါ်တင်ထားရင် ၀က်ခြံဖုတွေ ပြားချပ်သွားစေပါ တယ်။

ကြေးညှော်ကင်းစေခြင်း

ဒူးခေါင်း၊ တံတောင်ဆစ် တွေ မည်းနေရင် မုန့်ဖုတ်ဆော်ဒါနဲ့ နွားနို့အနည်းငယ်ရောပြီး ကြေး ချွတ်နိုင်သလို အရေပြားညစ်ထပ် ထပ်ဖြစ်နေရင် ရေချိုးကန်ထဲမှာ မုန့်ဖုတ်ဆော်ဒါ၊ သံပရာရည်နဲ့ သံလွင်ဆီကို အနည်းငယ်စီထည့် ပြီး ရေစိမ်ချိုးပေးမယ်ဆိုရင် အ သားအရေ ကြည်စင်ပြီး နုပျိုစေ တယ်လို့ ဆိုပါတယ်။

ဆံသားအတွက် အားဖြစ်စေခြင်း

မုန့်ဖုတ်ဆော်ဒါကို အနှစ် လုပ်ပြီး ဆံပင်ပေါင်းတင်ပေးရင် လည်း ဦးရေပြားခြောက်ပြီး ယား ယံတာတွေ ကင်းစေတဲ့အပြင် ဆံသားတွေကို သန်စွမ်းစေပါ တယ်။


ဘီးနှင့် ဘရပ်ရှ်များ သန့်စင်စေ ခြင်း


ခေါင်းဖြီးတဲ့ဘီးနဲ့ ဘရပ်ရှ် တွေ ခဏခဏသုံးဖန်များလို့ မသန့်မရှင်းဖြစ်နေရင် မုန့်ဖုတ် ဆော်ဒါအရည်ဖျော်ထားတာနဲ့ မိနစ်အနည်းငယ် စိမ်ပြီးဆေး ကြောလို့ ရပါတယ်။

-Ref: ideadigezt

Original link - http://7daydaily.com/story/39349

Read More »

Tuesday, June 09, 2015

နှမ်းဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ




နှမ်းဆီကို ဟင်းချက် ရာတွင် သုံးသည့် အပြင် အာဟာရဓာတ် ပြည့်ဝမှု၊ ရောဂါ ကာကွယ်နိုင် မှုနှင့် ရောဂါ ပျောက်ကင်း စေနိုင်သည့် အစွမ်းများ ကြောင့် တိုင်းရင်းဆေးများ ထုတ်လုပ် ရာတွင်လည်း အသုံးပြု ကြ သည်။

နှမ်းစေ့ များတွင် အိုမီဂါ - ၆ အက်စစ်ကြွယ်ဝစွာ ပါဝင်ပြီး ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ၊ ဗီတာမင်များနှင့် ကျန်းမာရေး အကျိုးကျေး ဇူးများစွာ ပါဝင်သည့် အစားအစာ ဆိုင်ရာ အမျှင် ဓာတ်တို့ ပါဝင်သည်။

နှမ်းဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင် သောကြောင့် ဗိုင်းရပ်စ်ပိုးများ၊ အသက်အရွယ်အိုမင်းလာမှုနှင့် ဘက်တီးရီးယားများကြောင့် ထိခိုက်ပျက်စီးမှုများ၊ သွေးကြောများထဲတွင် ထိခိုက်ပျက်စီးမှုအများစုကို သက်သာပျောက်ကင်းစေသည်။

နှမ်းစေ့တွင် ပါဝင်သော ဓာတ်တစ်မျိုးက အဆိပ်အတောက် ဖြစ်စေသော၊ ထိခိုက်စေသော အရာများနှင့် အရက်သောက်ခြင်း၏ ဆိုးကျိုးများကို ချေဖျက်ပေးခြင်းဖြင့် အသည်းလုပ်ဆောင်ချက် ကောင်းမွန်စေရန် အထောက်အကူပြုသည်။

နှမ်းဆီက အမျိုးအစား-၂ ဆီးချိုရောဂါသည်များ သောက်သုံး သော ဆေး၏အာနိသင်ကို တိုးမြှင့်ပေးနိုင်ကြောင်း ၂၀၁၁ လေ့လာမှုတစ်ရပ်အရ သိရသည်။

နှမ်းဆီတွင် ဗီတာမင်အီးနှင့် ဗီတာမင်ဘီတို့ ပါဝင်သောကြောင့် အရေပြားထိခိုက်ပျက်စီးမှုကို လျော့ကျစေနိုင်ပြီး နုပျို၊ တောက်ပ သည့် အသားအရေမျိုး ဖြစ်ပေါ်စေရန် အထောက်အကူပြုနိုင်သည်။

သွေးကြောများ၊ အရိုးများနှင့် အဆစ်နေရာတို့တွင် အားအင်နှင့်ဆန့်နိုင်ကျုံ့နိုင်မှုတို့ကို ပေးစွမ်းသော ပရိုတိန်းဓာတ်အတွက် အရေး ပါသည့် ကြေးနီဓာတ်လည်း နှမ်းဆီတွင် ပါဝင်သည်။ ထို့ကြောင့် နှမ်းဆီက အဆစ်အမြစ်ရောင်ရမ်းမှုနှင့် နာကျင်မှုအချို့ကို လျော့ကျ စေနိုင်သည်။

နှမ်းစေ့များက သွားပိုးစားခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ လည်ချောင်းခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိပြီး သွားများ၊ သွားဖုံးများနှင့် မေးရိုးတို့ကို အားကောင်းစေနိုင်သည်။နှမ်းဆီအနည်းငယ်ကို ရှူပေးခြင်းဖြင့် နှာခေါင်းနှင့် လည်ချောင်း တစ်လျှောက် ရှင်းလင်းသွားနိုင်ပြီး ရင်ကျပ်ခြင်းကို သက်သာစေနိုင် သည်။ ဆံပင်ကို နှမ်းဆီလိမ်းပေးခြင်းဖြင့် ဗောက်ထခြင်းကို ကာကွယ် နိုင်သည်။ နှမ်းဆီသောက်ခြင်းဖြင့် သွေးပေါင်ကို လျော့ကျစေနိုင်ပြီး ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ဓာတ်ပမာဏကိုလည်း လျော့ကျစေနိုင် သည်။

နှမ်းဆီတွင်ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်က အရိုးထိခိုက်မှု ကို ကာကွယ်ပေးနိုင်ပြီး ခေါင်းကိုက်သက်သာစေကာ သွေးမဆုံးမီ ရောဂါလက္ခဏာတို့ကို လျော့ကျစေနိုင်သည်။

နှမ်းဆီကို ပုံမှန်သုံးစွဲပါက စိတ်ဖိစီးမှုနှင့် တင်းမာမှုတို့ကို လျော့ကျစေနိုင်ပြီး အာရုံကြောစနစ်ကို အားကောင်းလာစေကာ မောပန်း နွမ်းနယ်မှုနှင့် အိပ်မပျော်နိုင်ဖြစ်ခြင်းတို့ကို သက်သာစေသည်။

နှမ်းစေ့များတွင် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါဝင်သောကြောင့် ကင်ဆာဆဲလ်အမျိုးမျိုးဖြစ်ပေါ်မှုကို လျှော့ချနိုင်သည်။

နှမ်းစေ့များတွင် အမျှင်ဓာတ်ပါဝင်သဖြင့် အစာချေဖျက်မှုစနစ် အတွက် ကောင်းမွန်ပြီး ကလေးငယ်များကို နှမ်းဆီဖြင့် နှိပ်နယ်ပေး ပါက ကလေးငယ်ကြီးထွားမှုကို အထောက်အကူပြုနိုင်ပြီး အိပ်ပျော် စေရန် အထောက်အကူပြုသည်။

နှမ်းဆီတွင် ပါဝင်သော မဂ္ဂနီဆီယမ်ဓာတ်က ပန်းနာရင်ကျပ် ဖြစ်ခြင်းကို သက်သာစေပြီး သွေးတိုးခြင်းကို လျှော့ချပေးနိုင်ကာ သွေးကြောများပျက်စီးမှုကို ကာကွယ်ပေးနိုင်သည်။

—Ref: TOI

Original link - http://7daydaily.com/story/38922

Read More »

Wednesday, May 27, 2015

သင်မသိ သေးတဲ့ သလဲသီး စားသုံးခြင်းရဲ့အကျိုး ကျေးဇူးများ




ပတ္တမြား ပွင့်လေး များလို အစေ့များ ပါရှိတဲ့ သလဲသီး ဟာ အနာ ရောဂါ တွေကို ပျောက်ကင်း စေနိုင်သော အာနိသင် များ ပါရှိ ပါတယ်။

(၁) သလဲသီးဟာ သွေးတွင်းရှိ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။

မကြာသေးမီအချိန်က တွေ့ရှိလေ့လာချက်များအရ သလဲသီးဖျော်ရည်ကို တစ်နေ့လျှင် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့် သောက်သုံးပေးပါက သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် လူအား အကျိုးမပြုသော သွေးတွင်းကိုလက်စထရောတစ်မျိုးကို လျော့ကျစေပါတယ်။ သလဲသီးဖျော်ရည်ဟာ ၀ိုင်အနီ သို့မဟုတ် လက်ဖက်ရည်ကြမ်းမှာပါရှိတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် အစွမ်းထက် နှစ်ဆကနေ သုံးဆအထိ ပိုမိုများပြားတာမို့ သောက်သုံးသင့်တဲ့ အရည်တစ်ခုလည်း ဖြစ်ပါတယ်။ အခြားသော လေ့လာ တွေ့ရှိချက်များအရ သလဲသီးဖျော်ရည်ကို တစ်နေ့လျှင်တစ်ခွက် ပုံမှန်သောက်သုံးပါက စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသို့ သွေးလည်ပတ်မှုအားနည်းခြင်းများကို လျော့ချပေးနိုင်ပါတယ်။

(၂) သလဲသီးဟာ သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ရှာဖွေတွေ့ရှိချက်များအရ သလဲသီးဖျော်ရည်တွင် ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်စွမ်းအား မြင့်မားမှုကြောင့် သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းအားဖြင့် သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) သလဲသီးဟာ ဆီးကြိတ်ကင်ဆာ ကုသရာမှာ အရေးပါပါတယ်။

UCLA တက္ကသိုလ်ရဲ့ လေ့လာချက်များအရ၊ ဆီးကြိတ်ကင်ဆာအတွက် ကုသမှုခံယူနေသော အမျိုးသားတစ်ဦးဟာ တနေ့ကို သလဲသီးဖျော်ရည် (၈)အောင်စခန့် ပုံမှန်သောက်သုံးပါက ဆီးကြိတ်ကင်ဆာရဲ့ အခြေအနေကို ဖော်ပြနေသော သွေးအတွင်မှ PSA ပမာဏမြင့်တက်မှုနှုန်းကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

(၄) သလဲသီးဟာ ပန်းသေပန်းညှိုးခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုပါတယ်။

ပန်းသေပန်းညှိုးခြင်းအကြောင်းအား သုတေသနပြုနေသော အပြည်ပြည်ဆိုင်ရာ ဂျာနယ်တစ်ခုရဲ့ လေ့လာချက်အရ သလဲသီး တစ်ရာ ရာခိုင်နှုန်းပါဝင်သော သလဲသီးအရည်ကို နေ့စဉ်သောက်သုံးပါက ပန်းသေပန်းညှိုးဖြစ်ခြင်းကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။ လေ့လာချက်ရဲ့ရလဒ်အရ သုတေသနတွင် ပါဝင်နေသူရဲ့ ၄၇ ရာခိုင်နှုန်းမှာ သလဲသီးဖျော်ရည်ကို သောက်သုံးနေသူများဖြစ်ပြီး အခြားသော ဖျော်ရည်မကာများကို သောက်သုံးနေတဲ့ ၃၂ ရာခိုင်နှုန်းသော သူများထက် ပန်းသေ ပန်းညှိုးဖြစ်ခြင်းမှ ပြန်လည်တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရပါတယ်။

သုတေသန ပြုလုပ်သူများမှာ အဲ့ဒီ အချက်ကို အတည်ပြုရန် ထပ်မံလေ့လာမှုများ ပြုလုပ်ဖို့လိုအပ်သော်လည်း သလဲသီးတွင် ပါဝင်သော ဓါတ်တိုးဆန့်ကျင်အာနိသင်မှာ သွေးလည်ပတ်မှုကို နှောင့်နှေးစေသော မော်လီကျူးများပြန့်ပွားမှုကို ဟန့်တားပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။

(၅) သလဲသီးဟာ ရောဂါကို ဖြစ်ပွားစေသည့် ရောင်ရမ်းမှုများအား ကာကွယ်ပေးပါတယ်။

သလဲသီးတစ်လုံးဟာ လူတစ်ဦးအတွက်လိုအပ်သော ဗိုက်တာမင် စီ ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပြီး ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများကြောင့် ဖြစ်ပွားတတ်သော ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ ။ http://www.rd.com/slideshows/pomegranate-health-benefits/#ixzz3bA8xrGXl

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/05/blog-post_27.html

Read More »

Monday, May 25, 2015

ငါးများများ စားပါ




အဆီ ဆိုတာ လူ့ခန္ဓာ ကိုယ်နဲ့ ကျန်းမာရေး အတွက် မကောင်းဘူး ဆိုပေမယ့် အဆီ အက်ဆစ် တမျိုးဖြစ်တဲ့ Fatty Acid ကတော့ ကျန်းမာရေးကို အကျိုးပြု ပါတယ်။ ဒီ အက်ဆစ် ဓာတ်ဟာ စိတ် ဖိစီးမှုကို လျော့ကျ စေခြင်း၊ အဆုတ်ရဲ့လုပ်ဆောင် မှုကို ကောင်းမွန် စေခြင်း၊ သွေးတွင်း အဆီကို လျှော့ချ ပေးခြင်း၊ အဆစ် အမြစ် နာကျင် ရောင်ရမ်းခြင်းကို သက်သာ စေခြင်းတို့ အပြင် သက်ကြီး သတိ မေ့လျော့ ရောဂါတွေ ဖြစ်တဲ့ Alzheimer နဲ့ Dementia တို့ မဖြစ် အောင်လည်း ကာကွယ်ပေး ပါသတဲ့။

အဲဒီလို အကျိုးများ လှတဲ့ Omega 3 Fatty Acidကို ဖြည့်စွက် ဆေးဝါးတွေ သောက်ခြင်းနဲ့ အလွယ် တကူ ဖြည့်စွမ်း မှီဝဲနိုင် ပါတယ်။

ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ အဲဒီလို ဖြည့်စွက် ဆေးဝါးတွေ မှီဝဲတာ ထက်ပဲ သဘာဝ အစားအသောက် တွေကို စားသုံးဖို့ ကျွမ်းကျင် သူတွေက အကြံပြု ပါတယ်။

Omega 3 Fatty Acidဟာ ပင်လယ်ငါးတချို့မှာ ပြည့်ဝစွာ ပါရှိပါတယ်။ ဒါကြောင့် အထက်ပါ ရောဂါ ပြဿနာတွေကို ကာကွယ်လိုရင် ငါးများများ စားသင့် ပါတယ်။ ဒါကြောင့် ဆာဒင်းနဲ့ မက်ကရယ်လို ငါးသေတ္တာ ငါးတွေစားပါ၊ ဆယ်လ်မွန် ငါးစားပါ၊ တူနာငါး စားပါ၊ ပင်လယ်ငါး သလောက်စားပါ။

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/05/blog-post_89.html

Read More »

Friday, May 22, 2015

အသားအရေနဲ့ ဆံသားကောင်းဖို့ ထောက်ကူပေးတဲ့ သရက်သီး




အခုချိန်က သရက်သီးတွေ စပေါ်ချိန် ဖြစ်တာမို့ အချိန် အခါနဲ့ ကိုက်ညီအောင် အလှအပ စိတ်ဝင် စားတဲ့ ပျိုမေတို့ အတွက် သရက်သီးရဲ့ ကောင်းကျိုး လေးတွေ မျှဝေ ပေးလိုက် ပါတယ်။

သရက်သီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ သက်စောင့် ဓာတ်တွေ ပါတာ မို့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေး အတွက် ထောက်ကူ ပေးပါ တယ်။

အရေးကြီးဆုံးအချက်တစ်ခု အနေနဲ့ သရက်သီးဟာ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အူနဲ့ ပရော့စတိတ်ကင်ဆာရောဂါတွေ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အသားအရေအတွက်ဆိုရင် လည်း ၀က်ခြံတို့၊ အသားအရေ မွဲခြောက်တာတို့၊ အစက်အပြောက် တို့၊ အရေးအကြောင်းတို့ စတာ တွေမဖြစ်အောင် လုပ်ဆောင်ပေး တဲ့အပြင် သရက်သီးကို အနှစ် လုပ်ပြီး သဘာဝမျက်နှာသစ်ဆေး ဖန်တီးကာ မျက်နှာသစ်ပေးရင် လည်း မျက်နှာအသားအရေ ကြည်စင်ဝင်းပပြီး အရွယ်တင် နု ပျိုစေပါတယ်။

ဒါတွေတင် ဘယ်ကမလဲ။ ဆံသားမကောင်းလို့ စိတ်ညစ် နေသူတွေအတွက်လည်း သရက် သီးက ကူညီနိုင်ပါသေးတယ်။ သရက်သီးမှာပါတဲ့ ဗီတာမင်စီက ဆံပင်သားတွေခြောက်ပြီး အ ရောင်မှိန်တာတွေ မဖြစ်အောင် ထောက်ကူပေးပါတယ်။ သရက် သီးအနှစ်ကို သဘာဝဆံပင်ပျော့ ဆေးအဖြစ် သုံးပေးရင် ဦးရေပြား ခြောက်တာ၊ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို ကာကွယ် နိုင်ပါတယ်။ ဒီတော့ စားရင်စား သလို အကျိုးများတဲ့ သရက်သီး ကိုကျန်းမာလှပရေးအတွက် အကျိုးရှိရှိ သုံးကြရအောင်ပါ။

-Ref: healthmeup

Original link - http://7daydaily.com/story/37772

Read More »