နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သဘာဝဘေးအန္တရယ်များ. Show all posts
Showing posts with label သဘာဝဘေးအန္တရယ်များ. Show all posts

Saturday, May 20, 2017

ဖိလစ်ပိုင်မှာ ပြင်းအား ၅.၆ ငလျင်တစ်ခု လှုပ်ခတ်




မေ ၂၀ – စနေနေ့ မနက်မှာ ဖိလစ်ပိုင် ကျွန်းဆွယ် အလယ်ပိုင်း အနီးမှာ အင်အား ၅.၆ အဆင့် ရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ Philvolcs မြေငလျင် အေဂျင်စီက သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ငလျင်ဟာ မြေအောက် အတော် နက်နက် နေရာ ကနေ လှုပ်ခတ် ခဲ့တာကြောင့် ငလျင် ဒဏ်ကြောင့် ထိခိုက် ပျက်စီး တာတွေ၊ ဒဏ်ရာ ရတာတွေတော့ မရှိလောက် ဘူးလို့လည်း မြေငလျင် အေဂျင်စီက ဆိုပါတယ်။

ငလျင်ဟာ မနက် ၉ နာရီကျော်ကျော်မှာ လှုပ်ခတ် သွားတာဖြစ်ပါတယ်။

ဘိုဟို ပင်လယ် ရေအောက်ကြမ်းပြင် အနက် ၅၄၀ ကီလိုမီတာ၊ စီဘူးမြို့တောင်ဘက် ကီလိုမီတာ ၅၅၀ အကွာ ကနေ ဗဟိုပြုခဲ့ပြီး အင်အား ၆.၀ အဆင့် လောက် ရှိမယ်လို့ တရုတ် ငလျင် ကွန်ရက် စင်တာ CENC ကခန့်မှန်း ခဲ့ပါတယ်။

From : ကုမုဒြာဂျာနယ် by မအေးသီမွန်

Originally published at - http://www.kumudranews.com

Read More »

Tuesday, May 02, 2017

အင်္ဂပူမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ အိမ်ခြေ ၈၁ လုံး ပျက်စီးဆုံးရှုံး




ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူ မြို့နယ်မှာ မေလ ၁ ရက်နေ့ ညနေ ပိုင်းက လေပြင်း တိုက်ခတ်တဲ့ အတွက် ဘုန်းတော်ကြီး ကျောင်း အပါ အ၀င် လူနေအိမ် ၈၁ လုံး ပြိုကျ ပျက်စီး ဆုံးရှုံး ခဲ့ပါတယ်။

မေလ ၁ ရက် ညနေ ၅ နာရီ ၃၅ မိနစ်လောက်ကနေ ၅ နာရီ ၄၅ မိနစ်အထိ ၁၀ မိနစ်ကြာ လေဆင်နှမောင်းတိုက်ခတ်ခဲ့တဲ့အတွက် အင်္ဂပူမြို့နယ်တွင်း ကံဘက်ကျေးရွာအုပ်စုထဲက ကံဘဲကျေးရွာ၊ ရှမ်းစုကျေးရွာ၊ သာယာကုန်း ကျေးရွာတွေနဲ့ ဝက်သေကျေးရွာအုပ်စုအတွင်းရှိ ဇီပင်းကွင်း (အနောက်) ကျေးရွာတွေက အိမ်ခြေ ၈၁ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။

လေဆင်နှာမောင်း တိုက်ခဲ့တဲ့အတွက် ကံဘက်ကျေးရွာအုပ်စု ကံဘက်ကျေးရွာမှာ ထရံကာ သွပ်မိုး လူနေအိမ် ၂ လုံး ပြိုကျခဲ့ပြီး ၂၄ လုံးမှာ အိမ်အမိုးသွပ်များ လန်ခဲ့ပြီး ရှမ်းစုကျေးရွာမှာတော့ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းအပါအဝင် လူနေအိမ် ၇ လုံး ပြိုကျခဲ့ပြီး၊ လူနေအိမ် ၄၄ လုံး အမိုးလန် ပြိုကျခဲ့ပါတယ်။

သာယာကုန်းကျေးရွာမှာတော့ နေအိမ် ၂ လုံးပြိုကျခဲ့ပါတယ်။ ဒါအပြင် ၀က်သေကျေးရွာအုပ်စု ဇီးပင်ကွင်း(အနောက်)ကျေးရွာမှာ လူနေအိမ် ၁ လုံး အမိုးလန် ပျက်စီးခဲ့ပါ တယ်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၁ အိမ်၊ အိမ်ထောင်စု ၈၁ စု၊ ကျား ၁၄၇ ဦး၊ မ ၁၄၂ ဦး စုစုပေါင်း လူဦးရေ ၂၈၉ ဦး လေဘေးသင့်ခဲ့ကြပြီး ဆုံးရှုံးမှု တန်ဖိုးငွေ သိန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ကံဘက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ်က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းစုဒေသခံ ဦးမြင့်ဦးက “သဘာဝဘေးဖြစ်တာကတော့ ဘယ်တတ်နိုင်မလဲ။ ဒါပေမယ့် အစိုးရအနေနဲ့တော့ မျှော်လင့်မှုတွေ ထားပါတယ်။ ကူညီမှုတွေ ပေးစေချင်ပါတယ်။ အဓိက ကတော့ ဘုန်းတော်ကြီး ကျောင်းကို အစိုးရအနေနဲ့ ထောက်ပံ့မှုတွေ အမြန်ပေးစေချင်တယ်” လို့ ပြောပါတယ်။

လေဘေးသင့်ပြည်သူတွေကို မြို့နယ်အာဏာပိုင်တွေနဲ့ တပ်မတော်သားတွေ အပါအဝင် လူမှုရေးအဖွဲ့တွေ ပူပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း – သန်းထိုက်မြင့်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/204260

Read More »

လေပြင်းကြောင့် သီပေါမှာ နေအိမ် နဲ့ စာသင်ကျောင်းတွေ ပျက်စီး




ရှမ်းပြည် မြောက်ပိုင်း၊ သီပေါ မြို့နယ်ထဲက နားမခေါ် ကျေးရွာမှာ မနေ့ ညနေ ပိုင်းက လေပြင်း တိုက်ခတ် ခဲ့တာကြောင့် နေအိမ်နဲ့ စာသင်ကျောင်း အဆောက် အဦး တချို့ ပျက်စီး ဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။

လေပြင်းကြောင့် နားမခေါ်ရွာမှာရှိတဲ့ တွဲဖက်အလယ်တန်းကျောင်းက စာသင်ကျောင်းဆောင် နှစ်ဆောင်နဲ့ နေအိမ်တွေ အမိုးလန်ပျက်စီးတာ၊ ဈေးဆိုင်ခန်း တချို့နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်ခဲ့တယ်လို့ နန်းမခေါ်ကျေး ရွာကို သွားရောက်အကူအညီပေးနေတဲ့ သီပေါမြို့နယ် နယ်စည်းမခြား လူမှုကူညီရေး အဖွဲ့က ကိုမျိုးကပြောပါတယ်။

"အိမ်ခြေ ၃၇ အိမ် နောက်ပြီးကြတော့ စာသင်ကျောင်းပေါ့၊ စာသင်ကျောင်းကတော့ တော်တော်များများ ပျက်စီးသွားတယ်၊ အမိုးတွေပေါ့၊ အခု လိုအပ် မှုကတော့ အိမ်ဆောက် ပစ္စည်း သွပ်တို့၊ သံတို့ပေါ့။ လန်သွားတဲ့ ဒီသွပ်တွေက တချို့ဟာတွေက တော်တော် များများသုံး လို့မရတော့ဘူး၊ အဓိက လိုအပ် တာတော့ သွပ်လိုအပ် တာပေါ့"

လေပြင်းကြောင့် အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့နယ် ဟိုက်ဖတ်ကျေးရွှာမှာ လေပြင်းတိုက်ခတ်ခဲ့ တာကြောင့် နေအိမ် ၁၀၀ လောက် ပျက်စီးသွားခဲ့ပါတယ်။

ရှမ်း ပြည်နယ်အပါအ၀င် ကရင်၊ မွန်၊ ပဲခူးတောင်ပိုင်း၊ ရန်ကုန်တိုင်း ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်နေတာကြောင့် ဂရုစိုက်နေ ကြဖို့နဲ့ မိုးတိမ်တောင်တွေကြောင့် လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ် တာတွေဖြစ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Monday, May 01, 2017

နမ့်စန်မှာ လေပြင်းတိုက်ပြီး အိမ်အလုံး ၁၀၀ ကျော် ပျက်စီး




ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ် ကျေးရွာမှာ မနေ့ နေ့လယ် လောက်က လေပြင်း တိုက်ခတ် ခဲ့ပြီး နေအိမ် ၁၀၀ လောက် ပျက်စီး သွားတယ်လို့ နမ့်စန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင်က ပြောပါတယ်။

အဲ့ဒီနေအိမ် အလုံး ၁၀၀ ထဲက နေအိမ် ၇၀ လောက်က ဆိုးဆိုး ၀ါးဝါး ပျက်စီး ခဲ့တယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

"မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ လေပြင်း တိုက်သွားတော့ အိမ်ခြေ ၁၀၀ လောက် ပျက်စီး သွားတယ်။ အဲ့ဒီမှာ ၇၀ လောက်ကတော့ ဆိုးဆိုး ၀ါးဝါး ပျက်စီး ရတာပေါ့နော်။ သွပ်မိုးတွေလည်း အကုန်လန်တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ သစ်ပင်တွေလည်း အမြစ်က ကျွတ်ထွက် ပြီးတော့ မိုးကြိုးပစ် လို့ နွားတစ်ကောင် သေသွား တယ်ခင်ဗျ"

နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ခဏ တည်းခိုနေရတယ်လို့ပြောပါတယ်။

သူတို့တွေ နေအိမ်ပြန်ဆောက်တဲ့အခါမှာ အထောက်အကူဖြစ်နိုင်ဖို့နဲ့ လောလောဆယ် စား၊ ၀တ်၊ နေရေးတို့အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး ကူညီနေကြတယ်လို့ သိရပါတယ်။

မန္တလေး၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာမိုးတိမ်တောင်တွေ ဖြစ်ပေါ်နေ တာကြောင့် ဂရုစိုက်နေကြဖို့ မိုးလေ၀သ ပညာရှင်ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

အဲ့ဒီမိုးတိမ်တောင်တွေကြောင့် လျှပ်စစ်လက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်တတ်တယ်လို့ ဦးထွန်းလွင်က သတိပေးထားတာ ဖြစ်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Monday, March 27, 2017

လေပြင်း တိုက်ခိုက်မှုကြောင့် ကလေးမြို့မှာ နေအိမ်ပျက်စီး မှုတွေ ရှိ




စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှာ မနေ့က တိုက်ခိုက် ခဲ့တဲ့ လေပြင်းကြောင့် နေအိမ် ၁၄ လုံးလောက် ပြိုကျ ပျက်စီးပြီး အိမ်ခြေ ၁၀၀ လောက် အမိုးလန် သွားတယ်လို့ သိရ ပါတယ်။

ပြိုကျ ပျက်စီး သွားတဲ့ အိမ်တွေကို ငွေကျပ် ၅ သောင်းနဲ့ သွပ် ၁၀ ချပ်စီ ထောက်ပံ့ ပေးထား တယ်လို့ ကလေး ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

"အများကြီးတော့လည်း ပျက်စီးတာမရှိပါဘူး။ လေလေးနည်းနည်းကြမ်းတယ်။ မိုးမှောင်လာပြီးမှ လေလေးနည်းနည်းကြမ်း လာတာပေါ့။ လေကြမ်းလာပြီး မိုးနည်းနည်း ရွာလိုက်တော့ ပြီးသွား တာပေါ့။ ၂ နာရီခွဲလောက်မှာ ငြိမ်သွားတယ်။ အိမ်အမိုးလန်တာတွေ နည်းနည်းများတယ်ပေါ့။ များတယ်ဆိုပေမယ့် အိမ်လဲတာက လဲတယ် ဆိုတာလည်း ၃ ပင် ၂ ခန်း တဲလေးတွေပေါ့။

အိမ်ကြီး ၊ သစ်သားအိမ်တွေ လဲတာမဟုတ်ပါဘူး။ လန်တာလောက်တော့ ကိုယ့်ဘာသာကောက်ကက်လုပ်လိုက်လည်း အဆင်ပြေပါတယ်။ အိမ်လဲသွားတာကိုတော့ ကျနော်တို့ ငွေ ၅ သောင်းနဲ့ သွပ် ၁၀ ချပ် ထောက်ပံ့ပေးထားပါတယ်။ "

လေပြင်းကြောင့် ကလေးမြို့နယ် အကျဉ်းဦးစီးဌာန ၀န်ထမ်းအိမ်ရာနံရံ ပြိုကျခဲ့တယ်လို့လည်း သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေလဲတာ၊ လျှပ်စစ်ဓာတ်တိုင်တွေလဲတာတွေ ရှိခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး လေပြင်းတွေတိုက်ခိုက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးထားပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Wednesday, November 09, 2016

အဆင်းရဲဆုံး နိုင်ငံတွေက ရာသီဥတုပြောင်းတဲ့ ဒဏ် အခံရဆုံး ဖြစ်နေ


အပူချိန် မြင့်တက် လာရတာဟာ လူ့ရဲ့ ပယောဂကြောင့် ဖြစ်


မော်ရိုကို နိုင်ငံ မာရာကက်ရှ် မြို့မှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ ခြင်းကို ထိန်းချုပ် နိုင်ဖို့ရာ နိုင်ငံတကာ ပါဝင်တဲ့ ထိပ်သီး ညီလာခံ ကျင်းပနေ တာမှာ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMO က ညီလာခံ အတွင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ့ အစီရင်ခံစာ အရ ၂ဝ၁၁ ခုနှစ် ကနေ ၂ဝ၁၅ အထိ ၅ နှစ်ဟာ ကမ္ဘာ့ သမိုင်း တလျှောက် မှတ်တမ်း တင်ထား နိုင်သမျှထဲ အပူဆုံး နှစ်တွေပဲလို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ အပူချိန် မြင့်တက် လာရတာဟာ လူ့ရဲ့ ပယောဂကြောင့် ဖြစ်တယ် ဆိုတဲ့ အဆက်အစပ် ကိုလည်း အဲဒီ့ အစီရင်ခံစာထဲ ခိုင်ခိုင်မာမာ ဖော်ပြ ထားပါတယ်။

Germanwatch ဆိုတဲ့ အဖွဲ့ကလည်း သီးသန့် အစီရင်ခံစာ တစ်စောင် ထွက်လာတာမှာ ကမ္ဘာ့ အပူချိန် မြင့်တက်အောင် လုပ်ဆောင်တာ အနည်းဆုံး ဖြစ်တဲ့ တနည်း အားဖြင့် လေထုထဲ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု အနည်း ဆုံးဖြစ်တဲ့ အဆင်းရဲဆုံး နိုင်ငံတွေဟာ ပြင်းထန် ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင် ကိုင်တွယ်ဖို့ ပြင်ဆင်မှု အနည်းဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Germanwatch က ထုတ်ပြန်တဲ့ ရာသီဥတ ဖောက်ပြန်မှုကြောင့် အန္တရာယ် အကျရောက် ခဲ့ဆုံး ထိပ်ဆုံး ၁ဝ နိုင်ငံ စာရင်းထဲ မြန်မာ နိုင်ငံလည်း ပါဝင် နေပြီး မိုဇမ်းဘစ်၊ ဒိုမနီကာ၊ မာလာဝီနဲ့ အိန္ဒိယ တို့က ထိပ်ဆုံးက ဖြစ်ပါတယ်။

ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ ဖောက်ပြန် လာတာကြောင့် အပူလှိုင်း ဖြတ်တဲ့ ဒဏ်တွေ၊ မိုးခေါင်မှုတွေ၊ မိုးကြီးရွာပြီး ရေကြီးရေလျှံ ဖြစ်တာတွေဟာ အစွန်းရောက် ပြင်းထန် လာတယ်လို့ သုတေသီ တွေက ပြောနေပါတယ်။

From : ဘီဘီစီ

Originally published at - http://www.bbc.com/burmese/world-37917308

Read More »

Monday, October 31, 2016

အီတလီအလယ်ပိုင်း အင်အားပြင်းငလျှင်လှုပ်ခတ်




အီတလီ နိုင်ငံမှာ ဒီကနေ့ မနက်ပိုင်းက အားပြင်းတဲ့ ငလျင် တစ်ခု ထပ်လှုပ် ပါတယ်။ ဒါဟာဖြင့် လူအသေ အပျောက် များတဲ့ ငလျင်တခု ပြီးခဲ့တဲ့ သြဂုတ်လမှာ လှုပ်ပြီး ကတည်းက ဆိုရင် နောက်ထပ် လှုပ်တဲ့ ငလျင်တွေ ထဲက တစ်ခုပါ။

ပြင်းအား ၆.၆ ရှိတဲ့ ငလျင်ကြောင့် အီတလီနိုင်ငံ အလယ်ပိုင်းက နေရာ အများ အပြားမှာ အဆောက် အဦးတွေ ပြိုကျ ကုန်တယ်လို့ အရပ်ဘက် ကာကွယ်ရေး ဌာနက ပြောပါတယ်။

အနည်းအကျဉ်း ဒဏ်ရာရကြတာတွေရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ထား ပါတယ်။ Norcia မြို့နဲ့ ခြောက်ကီလိုမီတာအကွာ မြေတိမ်ပိုင်းမှာ ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်ကို ၁၁၇ ကီလိုမီတာအဝေးမှာရှိတဲ့ ရောမမြို့မှာလည်း သိလိုက်ကြပါတယ်။

Norica မြို့နဲ့ တောင်ခြားနေတဲ့ Umbrian အရပ်က ၁၄ ရာစုနှစ်ဘုရားကျောင်း St. Benedict ဟာ ငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီး ကျောင်းရဲ့မျက်နှာစာပဲ ကျန်ပါတော့တယ်။ အပျက်အစီးပုံတွေရှေ့မှာပဲ ဘုရား ကျောင်းက ဘုန်းတော်ကြီးတွေ ၀တ်ပြု ဆုတောင်းကြပါတယ်။

ဒီမနက်လှုပ်တဲ့ ငလျင်ကြောင့် အရင်က မပြိုဘဲကျန်နေသေးတဲ့ အဆောက်အဦး တချို့ပါ ပြိုကျသွား တာကြောင့် ဘာမှမရှိတဲ့ အဆင့် ကနေ ပြန် တည်ဆောက် ရပါတော့မယ်လို့ Arquata del Tronto မြို့ရဲ့ ဒုတိယ မြို့တော်ဝန် Michele Franchi က Rai ရုပ်သံ သတင်းဌာနကို ပြောပါတယ်။

အသံဖိုင်နားဆင်ရန်

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Thursday, October 27, 2016

အီတလီတွင် တစ်ရက်အတွင်း အင်အားပြင်း ငလျင်နှစ်ခု လှုပ်ခတ်




အီတလီ နိုင်ငံတွင် တစ်ရက်တာ အတွင်း အင်အား ပြင်းထန်သည့် ငလျင်နှစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း သိရှိ ရသည်။

ငလျင်နှစ်ခု စလုံးသည် ဩဂုတ်လ အတွင်းက လူပေါင်း ၃၀၀ နီးပါး သေဆုံးစေ ခဲ့သည့် ငလျင်ကြီး လှုပ်ရှားခဲ့ရာ အီတလီ အလယ်ပိုင်း ဒေသ အနီးကို ဦးတည်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်က လှုပ်ရှားခဲ့သည့် ပထမငလျင်မှာ ရစ်ခ်ျတာစကေး ၅.၅ ပြင်းအားရှိပြီး ပီရူဂျီယာ အနောက်တောင်ပိုင်း ဗစ်ဆိုမြို့အနီးကို ဦးတည်ခဲ့သည်။ နာရီ အနည်းငယ် အကြာတွင် ရစ်ခ်ျတာစကေး ၆.၁ အဆင့်ရှိ ဒုတိယ ငလျင်တစ်ခုက ဗစ်ဆိုမြို့မြောက်ဘက် ၃.၂ မိုင်မျှ အကွာကို ဦးတည်ပြီး ထပ်မံ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ဗစ်ဆိုနှင့် အနီးအနားရှိ ကမ်ပီမြို့တို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အသေအပျောက် သတင်း မကြားသိခဲ့ရဟု ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

ကမ်ပီတွင် သမိုင်းဝင် ဆန်ဆယ်လ်ဗာတော ဘုရားကျောင်းမှာ ငလျင်လှုပ်ခတ်မှုများအတွင်း ပြိုကျခဲ့သည်။ ငလျင်နှစ်ခု အပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်အချို့လည်း ဆင့်ပွား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင်ဘေးနှင့် ကြုံတွေ့လာသည့် ဒေသခံများ အနေဖြင့် စိတ်ချောက်ချား တုန်လှုပ်နေပြီး ကောလဟလ သတင်းများကြောင့် ဒွိဟအမျိုးမျိုး ကြုံနေကြောင်း သိရသည်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ယခုငလျင် နှစ်ခုစလုံး မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့သဖြင့် မြေမျက်နှာပြင်ပေါ် ရိုက်ခတ်မှု အားကောင်းခဲ့ကြောင်း ကြေညာခဲ့သည်။

ဗစ်ဆိုမြို့သည် အေမာထရိုက်စ်နှင့် မိုင် ၅၀ မျှသာ ကွာဝေးသည့် နေရာတွင် ရှိနေသည်။ ဩဂုတ် ၂၄ ရက်က ရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိ ငလျင်ကြီးကြောင့် အေမာထရိုက်စ်တွင် လူပေါင်း ၂၇၀ သေဆုံးခဲ့ပြီး အနီးရှိ မြို့ရွာများတွင် နောက်ထပ် လူ ၂၀ မျှ အသက်ဆုံးရှုံးခဲ့သည်။

ယခုငလျင်များက ဩဂုတ်လ ငလျင်ကြီးကို ပြန်လည် အမှတ်ရစေပြီး လူအများ စိုးရိမ်တကြီး ဖြစ်နေခြင်းဟု သိရသည်။

“အသေအပျောက် သတင်းတော့ ဘာမှ မကြားရပါဘူး။ ဒါပေမဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေရော၊ လျှပ်စစ်မီးတွေပါ ပြတ်နေတယ်”ဟု မြို့ငယ်လေး တစ်ခုဖြစ်သည့် ကာစတယ်လ်ဆန်တန်ဂီလို ဆူလ်နီရာမှ မြို့တော်ဝန် မော်ရို ဖယ်လ်ကော်စီက ပြောကြားခဲ့သည်။

ငလျင်များ လှုပ်ခတ်ပြီးနောက် ညပိုင်းတွင် နေအိမ်အဆောက်အအုံများထဲ၌ ပြန်ဝင်၍ မအိပ်ရဲသော ဒေသခံများ အနေဖြင့် မိုးထဲရေထဲ အခက်ကြုံနေရာ ဒေသခံ ရဲတပ်ဖွဲ့များက ရွက်ဖျင်တဲများ လိုက်လံ ဝေငှပေးခဲ့ရကြောင်းလည်း သိရသည်။

Ref: CNN

From : 7 day daily

Originally published at - http://www.7daydaily.com/story/79242

Read More »

Monday, September 05, 2016

အမေရိကန်တွင် ဟာမင်းမုန်တိုင်း အင်အားပြန်ကောင်းပြီး လှိုင်းလေပြင်းနိုင်ဟု သတိပေး




အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း တလျှောက် ဖြတ်သန်း တိုက်ခတ် နေတဲ့ ဟာမင်း မုန်တိုင်းဟာ စက်တင်ဘာ ၄ ရက်နေ့က အင်အား ပြန်ကောင်း လာပြီး နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်း တွေမှာ လေပြင်း လှိုင်းပြင်းတွေ ရိုက်ခတ် မယ်လို့ အာဏာပိုင်တွေက သတိပေး ထားပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ မြောက်ဘက်ကို ရွေ့လျားခဲ့ချိန်မှာ အင်အားကျခဲ့ပေမယ့် အခုတော့ ဟာရီကိန်းမုန်တိုင်းအဆင့် ၁ အင်အားလောက် တိုက်ခတ်မယ်လို့ ခန့်မှန်း ထားပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ခတ်ခဲ့တုန်းကတော့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ပြည်နယ်တွေက မုန်တိုင်းအရေးပေါ် အစီအစဉ်တွေ ကြေညာထားကြပြီး အမေရိကန် အလုပ်သမားနေ့ အခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

မုန်တိုင်းဟာ အရှေ့ဘက်ကမ်းလွန်မှာပဲ ဗဟိုပြုနေနိုင်တဲ့အတွက် လာမယ့်ရက်တွေအတွင်း ကမ်းရိုးတန်းတွေမှာ ပင်လယ်ရေလှိုင်းလုံးတွေ ရိုက်ခတ်နိုင်တယ်၊ ဗာဂျီးရီးယား
ပြည်နယ်ကနေ လောင်းအိုင်လန် (Long Island) အထိ မိုးရေချိန် ၇ လက်မလောက်ရောက်အောင် ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သ အာဏာပိုင်တွေက ခန့်မှန်းထား ကြပါတယ်။

ဓာတ်ပုံ - ဒေးလီးမေးလ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167103

Read More »

Friday, September 02, 2016

ဖါးကန့်မှာ ရေကြီး




ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှာ အခု ရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာလို့ ဥရုချောင်း ရေကြီးပြီး ဒီကနေ့မှာ ဖားကန့် မြို့ပေါ်က ရပ်ကွက် တချို့ ရေနစ်မြုပ် နေပါတယ်။

အခုနှစ် မိုးရာသီ အတွက် ဖားကန့်မြို့မှာ ရေအများဆုံး တက်လာတာ ဖြစ်တယ်လို့ ဖားကန့် မြို့ခံ ဦးဟန်မြင့် ကပြောပါတယ်။

"လက်ရှိအချိန်မှာကတော့ ကြိုးတံတားကတော့ ပျက်စီးတဲ့အထိ မရောက်သေးဘူးပေါ့၊ ကတ္တရာ လမ်းပေါ်တော့ ၆ လက်မ၊ ၇ လက်မလောက် ရောက်သွားပြီ၊ ဒီနှစ်မိုးတွင်းရဲ့ ရေအကြီးဆုံးစံချိန်ကတော့ ဒါစံချိန်ချိုးနေတာပဲလေ၊ ခုလည်း တက်နေတုန်းပဲ၊ နောက်ထပ်လည်း တက်ဖို့အလားအလာ ရှိသေး တယ်လေ၊ မိုးက မပြတ်ဘူးလေ၊ ခု ကျွန်တော်တို့ ရပ်ကွက်ကတော့ ခုနကတော့ ဥက္ကဌကတော့ သူ့လှေလေးနဲ့ လိုက်ပတ်ပြီးတော့ အခြေအနေကို အကဲခတ်နေတယ်၊ ကြည့်နေတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အင်အားကြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်ပြီး မြေစာတွေကို စည်းကမ်းမဲ့စွန့်ပစ်မှုတွေကြောင့် ဥရုချောင်းနဲ့ ဆက်စပ်နေတဲ့ ချောင်းလက်တက်တွေ တိမ်ကောလာတဲ့ အတွက် ရေကြီးရေနစ်မြုပ်မှုတွေဖြစ်နေတာပါ။

ဒါကြောင့် နှစ်စဉ် မိုးကာလမှာ ရေကြီးရေလျှံပြီး ဖားကန့်မြို့ပေါ် ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကထောင်နဲ့ လုံးခင်း၊ ဆိပ်မူ၊ ဝှေခါစတဲ့ကျေးရွာတွေ တစ်ဝိုက်မှာ ရေနစ်မြုပ်ပြီး လူနဲ့ အိမ်ခြေတွေ ထိခိုက် ပျက်စီးနေတယ် လို့ ဒေသခံတွေက ပြောကြပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Monday, August 29, 2016

အလယ်ပိုင်းဒေသတွေ မိုးကြီးနိုင်




မြန်မာနိုင်ငံ အလယ် ပိုင်းက မန္တလေး၊ မကွေး၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး တွေမှာ နောက် ၃ ရက်လောက် အထိ မိုးများပြီး ရေကြီး ရေလျှံ တာတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန် ပါတယ်။

မြစ်တွေ ချောင်းတွေ ကနေ ရေလျှံ တက်လာတွေ ဖြစ်နိုင် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မုတ်သုံအားလျော့နေတဲ့ အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ ကွက်ပြီး မိုးကြီးနေတာ။ ပြီးခဲ့တဲ့နှစ်ရက် လောက်ကစပြီး မိုးများနေတဲ့ အတွက် ချောင်းရေ၊
မြစ်ရေတွေ လျှံတက်လာတာ၊ လမ်းတွေကို ရေကျော်တာတွေ မြင်းမူ၊ တို့ဘာတို့မှာ ဖြစ်နေပြီ"

တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာလည်း ဒီကနေ့ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးကြီးနိုင်တဲ့အတွက် သတိထားဖို့ ကြေညာထားတဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့ဟာ ဒီလဆန်းလောက်ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် ခဲ့တဲ့
နေရာတွေ ဖြစ်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Friday, August 26, 2016

အီတလီငလျင် သေဆုံးသူ ၂၅၀ နီးပါးရှိပြီ




အီတလီနိုင်ငံ အလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က လှုတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူ ၂၄၇ ယာက်ထက် မနည်း သေဆုံးပြီး ၃၆၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့တဲ့ အကြောင်း အီတလီ လူထု ကာကွယ်ရေး ဌာနက ဒီကနေ့ ပြောပါတယ်။

ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဟာ Norcia မြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ လောက်မှာ ဗဟိုပြုပြီး ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၀ ကျော်ကျော်လေးမှာ လှုတ်ခဲ့တာပါ။ Amatrice နဲ့ Accumoli မြို့တွေမှာ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး အဆောက်အဦးတွေ ဆိုးဆိုးရွားရွား ပြိုကျခဲ့တာပါ။

Amatrice မြို့တခုတည်း မှာတင် သေဆုံးသူ ၅၃ ယောက်ရှိပြီး နောက်ထပ် လူ ၁၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ လူထုကာကွယ်ရေးဌာနက အတည်ပြု ပြော ဆိုပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေကြား ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ဒီကနေ့ မနက် အာရုံတက်ပြီးချိန်ကတည်းက ကြိုးစားနေကြတာပါ။

အီတလီဝန်ကြီးချုပ် Matteo Renzi ဟာလည်း ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်သားတွေကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကလည်း ငလျင်ဒဏ်သင့် မြို့နယ်တွေနဲ့ ပြည်သူတွေအတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့သလို၊ ဗာတီကန်မှာ လူထုနဲ့ပုံမှန် တွေ့ဆုံမှုတွေကို ဖျက်ပြီး ငလျင် ဘေးဒဏ်သင့်ခဲ့သူတွေအတွက် ဆုတောင်းခဲ့ပါတယ်။

အီတလီငလျင် သေဆုံးသူ ၂၅၀ နီးပါးရှိပြီ

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Thursday, August 25, 2016

မြန်မာနိုင်ငံအလယ်ပိုင်း အင်အားပြင်း ငလျင်လှုပ်ခတ်




မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ခ်ျတာ စကေးရှိတဲ့ ငလျင် လှုပ်ခတ် ခဲ့ပါတယ်။

ပုဂံ ရှေးဟောင်း မြို့မှာ ထီးလိုမင်းလို ဘုရားနဲ့ အခြား ဘုရားငယ် လေးတွေ ပြိုကျ တာတွေ ရှိတယ်လို့ အမျိုးသား စာကြည့်တိုက်၊ ပြတိုက်နဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှုးချုပ် ဦးသိန်းလွင် က ပြောပါတယ်။

"ကျွန်တော်တို့ ရှေးဟောင်း သုတေသနက လိုက်ပြီးတော့ စာရင်းတွေ ကောက်နေ ပါတယ်၊ ပျက်စီးတဲ့ ဘုရားလေး တွေလည်း ရှိတယ်ပေါ့နော်၊ လောလော ဆယ်တော့ အပြည့် အစုံ မသိရ သေးဘူး၊ ခုမှစပြီး စာရင်းတွေ ကောက်နေတာ ဆိုတော့၊ အများကြီးတော့ မဟုတ်ဘူး ပေါ့လေ၊ နည်းနည်းတော့ ထိတာ ရှိပါတယ်၊

ဥပမာ ထီးလိုမင်းလိုတို့၊ ဂူပြောက်ကြီးတို့ အပေါ်ပိုင်းလေးတွေ ပျက်တာ ရှိတယ်၊ အရင်တုန်းက အသစ်လုပ် ထားတဲ့ နေရာနဲ့ အဟောင်းနဲ့ဆက်ထားတဲ့ နေရာက ခါချ လိုက်သလို ဖြစ်တာပေါ့နော်၊ ဒါပေမဲ့ စာရင်းအတိ အကျတော့ မသိရသေးဘူး"



ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ မန္တလေး၊ မင်းဘူး၊ ပခုက္ကူ၊ စစ်တွေ၊ သံတွဲ၊ ပုသိမ်၊ မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ၊ ရမည်းသင်း၊ ရွှေဘို၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ကျိုက်လတ် စတဲ့ မြို့ နယ်အတော်များများမှာ ငလျင်လှုပ်ခတ်မှု ခံခဲ့ရတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ငလျင်ဒဏ်ကြောင့် နေပြည်တော်က အမျိုးသားလွှတ်တော်အဆောက်အအုံမှာ မျက်နှာကျက်ကနေ အစိတ်အပိုင်းတွေ ပြိုကျတာတွေ ရှိခဲ့ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Monday, August 22, 2016

ရှမ်းပြည်နယ် လေဘေးအတွင်း လူ ၂ ဦးသေဆုံး


ရှမ်းပြည်နယ်မှာ ပျက်ဆီးသွားတဲ့လူနေအိမ်တချို့ကို တွေ့ရစဉ် Photo: ကိုရန်နိုင်


ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့ မြို့နယ် တွေမှာ ပြီးခဲ့တဲ့နှစ်ရက် လောက်က စပြီး မိုးကြီးပြီး လေပြင်းတိုက်ခဲ့ တာကြောင့် လူနေအိမ်နဲ့ အဆောက် အအုံ ၁၅၀ ကျော် ပျက်စီး သွားပြီး လူ ၂ ဦးသေဆုံး ခဲ့တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးမှူးရုံး က ပြော ပါတယ်။

ကျောက်မဲမြို့နယ်မှာ မိုးကြိုးပစ်တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းရာမှာ လူ ၂ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် က ပြောပါတယ်။

"တောင်ပေါ်ဒေသတွေမှာကျတော့ လေပြင်းတိုက်တာပဲ၊ အနိမ့်ပိုင်းတွေကျတော့ လေပြင်းနဲ့အတူ မိုးပါတော့ ရေကြီး သွားတဲ့ သဘောပါပဲ၊ ကျောက်မဲ မှာတော့ မိုးရွာ ပြီးတော့မှ မိုးကြိုးပစ်တော့ အိမ်မှာရှိတဲ့ ဆိုလာပြားကို ပစ်တော့ အဲ့ဒီကမှ တဆင့် ဝါယာရှော့ဖြစ်ပြီးတော့မှ အိမ်ကိုလောင် သွားတာပေါ့နော်၊ မီးလောင်တဲ့ အခါမှာ သူတို့ မီးတွင်းထဲမှာ ပါသွားတာ၊ မီးလောင်တဲ့ အခါမှာ အိပ်ပျော်တဲ့ အချိန်မှာ ဆိုတော့လေ၊ မိုးကြိုးမှန်တဲ့ မီးထဲမှာတော့ လူ ၂ ယောက်သေ တယ်လေ၊ သေတဲ့ အတွက်ကြောင့် နာရေးထောက်ပံ့မှု အနေနဲ့ ၁ ယောက်ကို ကျနော်တို့ ၁ သိန်းပေးပါတယ် ၊ နောက်တစ်ခါ မီးလောင် သွားတဲ့ အိမ် ၃ လုံးပေါ့လေ အဲ့ဒါ အတွက်လည်း တစ်အိမ်ကို ၁ သိန်းနှုန်းနဲ့ ကျနော်တို့က အိမ်ဆောက် ပစ္စည်း ထောက်ပံ့ငွေပေးပါတယ်"

အိမ်အမိုးပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၂ သောင်းစီနဲ့ လုံးဝပြိုလဲသွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၅ သောင်းစီ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် လုံချည်၊ စောင်ခြင်ထောင်၊ ဆပ်ပြာ၊ ဇလုံ၊ အ၀တ်အထည် စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအတွက် ဆန်တွေလည်း ထောက်ပံ့ပေးထား ပါတယ်။

ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က လေပြင်းတိုက်ရာမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးခဲ့သလို ဓါတ်တိုင်တွေလည်း ပြိုလဲခဲ့တာ ဖြစ်ပါတယ်။

အလားတူ မိုးမိတ်မြို့နယ်မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ၂၃၀ ကျော်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ယာယီရွှေ့ပြောင်း
နေထိုင်နေကြရပါတယ်။

အရှေ့လေပွေလှိုင်းဖြတ်သန်းမှုကြောင့် ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။

ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကို ဆက်သွယ်မေးမြန်း


From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Wednesday, August 17, 2016

မိုးညိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်မှုကြောင့် အိမ် ၂၆ လုံးပြို၊ ၆ ဦးဒဏ်ရာရ




ပဲခူးတိုင်း ဒေသကြီး မိုးညို မြို့နယ် စိန်တိုင် ကျေးရွာမှာ လေဆင် နှာမောင်း တိုက်တဲ့ အတွက် အိမ် ၂၆ လုံး ပြိုလဲ ပျက်စီး သွားပြီး လူ ၆ ယောက် ဒဏ်ရာ ရှိခဲ့ ပါတယ်။



သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီခွဲလောက်က စိန်တိုင်ရွာ နောက်ဖက်ထောင့်က အသံကြီး တခုနဲ့ စတင် ဝင်ရောက် လာတဲ့ လေဆင်နှာမောင်းကြီး တခုက ရွာထဲမှာ နာရီဝက် ကြာအောင် တိုက်ခတ် ခဲ့ပြီး အိမ် ၂၆ လုံး ပြိုလဲ ပျက်စီး ခဲ့ပါတယ်။



အဲဒီကျေးရွာက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကထဲက ရေကြီးနစ်မြုပ်ခဲ့တာ တလခန့်ရှိနေပါပြီ ရေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရေအနည်းငယ်ကျသွားပေမယ့် ရွာထဲမှာရေက ခါးလောက်ရှိနေပါသေးတယ်။

သတင်း၊ ဓာတ်ပုံ – မင်းညို

From : ဒီဗွီဘီ by မင်းညို

Originally published at - http://burmese.dvb.no/archives/164234

Read More »

Monday, August 15, 2016

အမေရိကန်နိုင်ငံတွင် တိုက်ခိုက်ခဲ့သည့် ထိတ်လန့်ဖွယ် မီးဆင်နှာမောင်း




အမေရိကန် နိုင်ငံမှာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် မီး ဆင်နှာမောင်း တိုက်ခိုက် ခဲ့ပုံကို မီးသတ် သမား တဦးက ရုပ်သံ ဗွီဒီယို ဖိုင်နဲ့ မှတ်တမ်း တင်ထားနိုင် ခဲ့ပါတယ်။

အဆိုပါ မီးသတ် သမားဟာ အော်ဂီဂွန် ပြည်နယ် မြို့တော် ပို့တ်လဲန်းမြို့၊ ကော်နက် လီးယပ်စ် မီးသတ် ဦးစီးဌာနမှ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ နှာမောင်းပုံ မီးညွန့်မီးစွယ်တွေဟာ ကွင်းပြင်အနှံ့ ယိမ်းထိုးနေခဲ့ကာ မီးခိုးလုံးကြီးတွေနဲ့ မီးတောက်မီးလျှံတွေကို ထိတ်လန့်ဖွယ် တွေ့နေရတာပါ။

မီးဆင်နှာမောင်းတွေဟာ လေကြောင့် တောမီးလောင်ရာကနေတဆင့် စတင်နိုင်ပြီး ကတော့ပုံ မီးတောက်မီးလျှံတွေအဖြစ် ပြောင်းလဲသွားတာမျိုးပါ။

ဒီအဖြစ်အပျက်မှာတော့ ထိခိုက်သေဆုံးသူတွေ မရှိခဲ့ဘဲ မီးသတ်သမားတွေက မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ် မျှဝေခဲ့ချိန်မှာတော့ အကြိမ်ရေ ၅၀၀ နီးပါး ၀င်ရောက်ကြည့်ရှုခဲ့ကြကာ အကြိမ်ရေ ၁၃၀၀ ထက်မနည်း ပြန်လည်မျှဝေခဲ့ကြတာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164021

Read More »

မြိတ်တွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် သစ်ပင်ကြီး တချို့ပြိုလှဲ




တနင်္သာရီတိုင်း ဒေသကြီး မြိတ် မြိ့နယ်တွင် သြဂုတ်လ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲ အချိန်ခန့်က မိုးသက် လေပြင်းများ တိုက်ခတ် မှုကြောင့် မြို့ပေါ် ရပ်ကွက် တချို့မှာ သစ်ပင်ကြီး တွေနဲ့ အုန်းပင်တွေ လဲကျ ခဲ့ပါတယ်။



နာရီဝက်နီးပါး တိုက်ခတ်သွားတဲ့ အဆိုပါ မိုးသက်လေပြင်းဒဏ်ကြောင့် လဲပြိုတဲ့သစ်ပင်တွေဟာ လျှပ်စစ်ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေပေါ်ကို ပြိုကျပြီး ဓာတ်အားပေးမှုတွေပါ ပြတ်တောက်ခဲ့ရ ပါတယ်။

အဲဒီလိုလေပြင်းတိုက်ခတ်လို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကျောင်းအနီးသာကေတရပ်ကွက် သဲကွင်းနဲ့ အလယ်ကျွန်းနယ်မြေ နေရာအချို့မှာ သစ်ပင်ကြီးများပြိုလဲခဲ့ပြီး မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ရှင်းလင်းပေးခဲ့ပါတယ်။



အဆိုပါသစ်ပင်များပြိုလှဲမှုကြောင့် လူထိခိုက် ဒဏ်ရာမရရှိခဲ့ပေမယ့် လမ်းဘေး လျှပ်စစ်ဓာတ်တိုင် နဲ့ ဓာတ်ကြိုးများ ပျက်စီးနေပြီး လက်ရှိမှာ လျှပ်စစ်မီးများယာယီပြတ်တောက်သွားမယ်လို့ သက်ဆိုင်ရာ မီးလင်းရေးအဖွဲ့များထံမှ သိရပါတယ်။

အဲဒီလို ရုတ်တရက်တိုက်ခတ်သွားတဲ့ မိုးသက်မုန်တိုင်းဟာ တနာရီကို ၃၅ မိုင်ရှိတယ်လို့ မြိတ်ခရိုင် မိုးလေဝါသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရုံးမှ တိုင်းထွာချက်အရသိရပါတယ်။

သတင်း၊ ဓာတ်ပုံ – မြတ်ထွဋ်

From : ဒီဗွီဘီ

Originally published at - =source=

Read More »

Saturday, August 13, 2016

မြန်မာ ရေဘေး သင့်သူပေါင်း သန်းတစ်ဝက်ခန့် ရှိလာ၊ သေဆုံးသူ ၈ ဦးရှိ




မြန်မာနိုင်ငံ တ၀န်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေကြီး မှုတွေကြောင့် ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၂ ရက်ထိ အိမ်ထောင် စုပေါင်း ၁ သိန်းကျော်၊ လူပေါင်း ၄ သိန်း ၃ သောင်းကျော် ရေဘေး သင့်ပြီး သေဆုံးသူ ၈ ဦးရှိနေ ပြီလို့ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဌာနက ထုတ်ပြန် ပါတယ်။

ရေဘေးသင့်သူ အများစုဟာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ အများစုဖြစ်ပြီး သေဆုံး သွားသူတွေ ကတော့ စစ်ကိုင်းတိုင်းမှာ ၂ ဦး၊ ကချင်ပြည်နယ်မှာ ၂ ဦး၊ ပဲခူးတိုင်းမှာ ၃ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၁ ဦးတို့ ဖြစ်ပါတယ်။

ရေဘေးကြောင့် လူနေအိမ်ခြေပေါင်း ၁ သိန်းကျော်ပြောင်းရွှေ့ခဲ့ရပြီး ရေထဲမျောပါ ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ပေါင်းက ၂၆၀ နီးပါးရှိတယ်လို့လည်းဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ရေဘေးသင့်သူပေါင်း ၃၈၀၀၀ ကျော်ရှိတယ်လို့ မနေ့က အစိုးရထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပေမယ့် ဒေသခံ လွှတ်တော်အမတ်တွေကတော့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ညောင်တုန်းမြို့နယ် ၂ ခုထဲမှာတင် ရေဘေးသင့်သူပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။

ရေဘေးဒုက္ခ ခံစားနေရသူတွေအတွက် အရေးပေါ်အစားအစာ၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ငွေကြေး အပါအ၀င် တန်ဖိုးစုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၀၀ ကျော်ဖိုးကူ ညီထောက်ပံ့ခဲ့တယ်လို့ လူကယ်ပြန်ဌာနက ဆိုပါတယ်။

လတ်တလော မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဒေသခံတွေ ရေကြီးမှုနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/163668

Read More »

Tuesday, August 09, 2016

ရေဘေးဒုက္ခသည် ၄ သိန်းနီးပါး အတွက် ငွေကျပ်သိန်းပေါင်း ၃၅ဝဝ နီးပါး ထောက်ပံ့




ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မွန်နဲ့ ကချင် စတဲ့ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် ၈ ခုမှာ ရေကြီး ရေလျှံမှုကြောင့် ရေဘေး ဒုက္ခ ရောက်နေတဲ့ လူဦးရေ ၄ သိန်း နီးပါး အတွက် ငွေကျပ် သိန်းပေါင်း ၃၅ဝဝ နီးပါးဖိုး ဆန်ရိက္ခာနဲ့ အရေးပေါ် စားနပ် ရိက္ခာတွေ ထောက်ပံ့ ကူညီပေး ထားပါတယ်။

ရေဘေးဒဏ် အဆိုးဆုံး ခံနေရတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးစတဲ့ တိုင်းဒေသကြီး ၅ ခု အတွက် ငွေကျပ်သိန်း ၁ ထောင်စီ ထပ်တိုး ထောက်ပံ့ ပေးထား တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

မကွေးတိုင်းက ၁၄ မြို့နယ်၊ ဧရာဝတီတိုင်းက ၁၃ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ဝ မြို့နယ်နဲ့ ပဲခူးတိုင်းက ၇ မြို့နယ်တို့မှာ ရေကြီးရေလျှံ မှုတွေ ဖြစ်နေတာပါ။

ဧရာဝတီတိုင်း ဟင်္သာတ၊ ပုသိမ်နဲ့ ဖျာပုံမြို့အနီးတဝိုက်၊ ပဲခူးတိုင်း ပြည်နဲ့ ပဲခူးမြို့ကြား၊ ရန်ကုန်တိုင်းက မင်္ဂလာဒုံနဲ့ သန်လျင်မြို့ အနီး တဝိုက်မှာ ရေကြီး မှုတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေး ထားပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Saturday, August 06, 2016

ဧရာဝတီတိုင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လူသောင်းနှင့်ချီ ရေဘေးသင့်


ရေကြီးနစ်မြုပ်မှု အန္တရယ် ကြုံတွေ့နေသည့် ကြံခင်း မြို့နယ် ရေလယ်ကျွန်း ကျေးရွာ (ဓာတ်ပုံ – ဧရာဝတီ)


မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံ မှုများကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ ခရိုင်နှင့် မအူပင် တို့တွင် ရေကြီး နစ်မြုပ် မှုများ ဖြစ်ပွား နေပြီး လူဦးရေ သောင်းချီ၍ ရေဘေး ဒုက္ခ ရင်ဆိုင်နေ ရကာ စာသင်ကျောင်း ၄၂ ကျောင်းလည်း ပိတ် ထား ရကြောင်း သတင်း ရရှိသည်။

ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၂၁၆၅ စုမှ လူဦးရေ ၈၀၈၉ ဦးသည် နေအိမ်များကို စွန့်ခွာပြီး သက်ဆိုင်ရာဒေသရှိ
ဘုရား တန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများ၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေရကြောင်းလည်း သိရသည်။

ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည့် မြန်အောင်မြို့နယ်၊ ပဲတခွဲအုပ်စု ရေလယ်ကျွန်း ကျေးရွာမှ ဒေသခံ ဦးညွန့်ဝေက “ကျနော်တို့ရွာက အိမ်တွေအကုန်လုံးနီးပါး ရေမြုပ်လို့ စင့်ထိုးပြီး နေနေရတယ်။ ရေတွင်းတွေ၊ ရေတုံကင်တွေအကုန်လုံး ရေမြုပ်ကုန်လို့ ရေသောက်စရာ မရှိတော့ဘူး။ ရှိတဲ့ရေပဲ ကျိုချက် သောက်နေရတယ်။ အခုချိန်အထိတော့ ဘယ်အဖွဲ့ကမှ လာရောက်ကူညီတာ မရှိဘူး”ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဧရာဝတီမြစ်နှင့် င၀န်မြစ် ရေလျှံခြင်းများကြောင့် သြဂုတ်လ ၂ ရက်နေ့မှစတင်၍ ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ မအူပင်၊ ပန်းတနော်နှင့် ဓနုဖြူမြို့တို့တွင် ရေကြီးနစ်မြုပ် မှုများ ဖြစ်ပွားနေပြီး အဆိုပါမြို့များမှ အိမ်ထောင်စုပေါင်း ၂၁၆၅ စုမှာ နေအိမ်များကို စွန့်ခွာ၍ ကယ်ဆယ်ရေး စခန်း ၅၇ ခုတွင် ခှိုလှုံနေရကြောင်း ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာန စာရင်းများအရ သိရသည်။

“ရေမြုပ်နေတာက ကျေးရွာအုပ်စု ၈ ခုက ရွာပေါင်း ၂၀ လောက် ရှိတယ်။ အခုလက်ရှိ ကြံခင်းမြို့ပေါ်မှာ အိမ်ထောင်စု ပေါင်း ၄၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ပြီး စောင့်ရှောက်ထားတယ်။ ရေဘေး ဒုက္ခ သည်တွေအတွက် အဓိက လိုတာတော့ စားစရာနဲ့ သောက်ရေသန့်တွေ လိုနေတယ်”ဟု ကြံခင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ပြောသည်။

ရေဘေး ကယ်ဆယ်ရေး စခန်းများကို မြန်အောင်မြို့တွင် ၂၃ ခု၊ ဓနုဖြူမြို့တွင် ၁၂ ခု၊ ကြံခင်းမြို့တွင် ၈ ခု၊ ဇလွန် မြို့ တွင် ၆ ခု၊ ဟင်္သာတမြို့တွင် ၅ ခု၊ အင်္ဂပူမြို့တွင် ၂ ခု၊ မအူပင်မြို့တွင် ၁ ခု ဖွင့်လှစ်ကာ ရေဘေး ဒုက္ခသည်များအား လက်ခံ ထားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနနှင့် စေတနာရှင်များက ဆန်နှင့် သောက်ရေသန့်များ ထောက်ပံ့ ကူညီထားကြောင်း သိရသည်။

“လတ်တလောမှာ ရေဘေးဒုက္ခသည်တွေ အတွက် ကျပ်သိန်း ၃၀ ကျော် ပမာဏရှိတဲ့ ဆန်ရိက္ခာနဲ့ သောက်ရေ သန့်တွေ ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် လူသေတာ၊ ပျောက်ဆုံးတာတော့ မရှိသေးပါဘူး။ ကျနော်တို့ဌာနအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ကူညီမှုတွေ ဆက်လက် လုပ်ဆောင်ပေး သွားမှာပါ”ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

ရေကြီးမှုအန္တရယ်ကြောင့် သြဂုတ်လ ၂ ရက်နေ့မှ စတင်၍ ဇလွန်မြို့နယ် မြန်အောင်မြို့နယ် ဓနုဖြူမြို့နယ်နှင့် ကြံခင်းမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်းနှင့် မူလတန်းကျောင်း ၂၉ ကျောင်း ပိတ်ထားရပြီး စာသင်ကြားမှုများ နောက်မကျစေရန် ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားပေးရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းမောင်ကလည်း ပြောပြသည်။

“ကျောင်းပိတ်ခဲ့ရတဲ့ ရက်တွေကို ကျောင်းတွေပြန်ဖွင့်ရင် ပိတ်ရက်တွေမှာ အစားထိုးပြီး သင်ကြားသွား ဖို့ စီစဉ် ထားပါတယ်။ ရေဒီထက်ထပ်တိုးလာရင် ပိတ်ရမယ့်ကျောင်းတွေ ပိုများလာနိုင်ပါတယ်။ မိုးအဆက်မပြတ် ရွာပြီး ကျောင်းတွေထဲကို ရေတွေဝင်ရောက်နေလို့ ပိတ်ထားရတာပါ။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာ ပြောလို့မရသေး ဘူး။ ရေကျသွားမှပဲ ပြန်ဖွင့်နိုင်မှာပါ”ဟုလည်း သူက ပြောသည်။

လတ်တလောတွင် ဧရာဝတီမြစ်နှင့် င၀န်မြစ်ရေတို့မှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသည့်မြို့များတွင် စိုးရိမ်ရေ မှတ် အထက် ၁ ပေမှ ၄ ပေခန့်အထိ ကျော်လွန်လျက်ရှိပြီး ဓနုဖြူ၊ ဟင်္သာတ၊ မြန်အောင်နှင့် ငါးသိုင်းချောင်းမြို့ များတွင် မြစ်ရေတား တမံများ ကျိုးပေါက်မှုမရှိစေရန် ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းစောင့်ကြည့် နေရ ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ဧရာဝတီတိုင်း၌ ရေကြီးမှုများ ဆိုးဝါးစွာဖြစ်ပွားခဲ့ရာ ပုသိမ်၊ ဟင်္သာတနှင့် မအူပင်ခရိုင်များရှိ မြို့နယ် ၁၇ ခုရှိ နေအိမ်အလုံးပေါင်း ၈ သောင်း ၈ ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၄ သိန်းကျော် ရေဘေးသင့်ခဲ့သလို ရေလွှမ်းမိုးမှုကြောင့် ကျပ်သန်းပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

From : ဧရာဝတီ by htet htet

Originally published at - http://mobile.irrawaddy.com/news/2016/08/05/119995.html

Read More »