နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သူတို့အမြင်. Show all posts
Showing posts with label သူတို့အမြင်. Show all posts

Tuesday, January 31, 2017

ဦးကိုနီ လုပ်ကြံ ခံရမှု နိုင်ငံတကာ အဖွဲ့စည်းများ၊ လူပုဂ္ဂိုလ် များ၏ ထုတ်ပြန်ချက်များ




ဒေါက်တာ နန္ဒာလှမြင့် (USDP - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ)

ဒီဖြစ်စဉ်ကို သုံးသပ်လို့ ရှိရင် နံပတ် ၁ ပြောချင်တာက ဆရာ ဦးကိုနီ ဒီလို လုပ်ကြံခံ ရတာက ကျွန်တော်တို့ နိုင်ငံသား တစ်ယောက် ပညာရှင် တစ်ယောက် ဆုံးပါး သွားတဲ့ အတွက်တော့ တကယ်ကို ဆုံးရှုံးမှု တစ်ခုပေါ့။

တကယ့်ကို စိတ်မကောင်း စရာ ဖြစ်တယ် ။ သူတို့ မိသားစု ကိုယ်စား ခံစား ရတယ်ပေါ့ တစ်ချက်ပေါ့။ နောက် တစ်ချက် ကြတော့ ဒီလိုဖြစ်စဉ်
ဖြစ်တာကိုက တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးမှာ အားနည်းချက် ရှိတယ် ဆိုတာကိုက ပြောစရာ မလိုလောက်အောင် သိသာသွားပြီလေ။

အရင်ကနဲ့ စာရင် ဒီလိုဖြစ်စဉ်မျိုး မဖြစ်တာ ကျွန်တော်တို့ ဆီမှာ နှစ်ပေါင်း များစွာ ရှိနေပြီပဲ။ ဒီလိုမျိုး ဖြစ်စဉ်ဟာ ရန်ကုန်မြို့လို လူစည်ကားတဲ့ အရပ်၊ တကယ့် နိုင်ငံတကာ လေဆိပ်မှာ ဒီလို ဖြစ်တယ် ဆိုတာက တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက် လာတယ်။

စိုးရိမ် ပူပန်စရာ ကောင်းလာတဲ့ အနေ အထားတွေ ဖြစ်တယ်။ ဖြစ်စဉ်အရ ဆိုရင်တော့ ဒီထက် ပိုပြီးတော့ လိုအပ်ချက်တွေ ရှိလို့ ဒီဖြစ်စဉ်တွေ
ဖြစ်တာပေါ့ဗျ။ ဖြစ်လာတဲ့ အပေါ် မှာတော့ ဒါကို အကောင်းဆုံး လက်ရှိ အစိုးရ အနေနဲ့ ဒါဘယ်သူ့ကိုမှ အပြစ်ပြောနေလို့ မရဘူးလေ။ ဒီချိန်မှာ ကျွန်တော်တို့ အဖွဲ့ အစည်း အားလုံးဟာ ကိုယ့်တိုင်းပြည် လုံခြုံရေး၊ ကိုယ့်နိုင်ငံသား တွေရဲ့ လုံခြုံရေး အတွက်ကို အဖွဲ့ အစည်း အားလုံး ပူးပေါင်း ပါဝင် ပြီးတော့မှ သဘောထား ကြီးကြီးတွေနဲ့ ကျွန်တော်တို့ အဖြေတွေ ရှာပြီးတော့ စုပေါင်း ညီညွှတ် အားတွေနဲ့ပဲ လုပ်သွားရမယ်။

ဒါ အစိုးရမှာတာဝန်ရှိတယ် မှန်သော်လည်းပဲ အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမြင်တယ် အားလုံးပူးပေါင်းလုပ်ကြမှရမယ်။

ဒီဖြစ်စဉ်ဖြစ်လာတာ တပ်မတော်မှာ အားနည်းလို့၊ ပြည်ထဲရေးက အားနည်းလို့၊ အစိုးရက အားနည်းလို့၊ ရန်ကုန်တိုင်း အစိုးရက အားနည်းလို့၊ ပြည်ထောင်စု အစိုးရက အားနည်းလို့၊ ရဲတွေ အားနည်းလို့၊ ဒါတွေပြောနေရင် ကျွန်တော်တို့ ပြီးမှာ မဟုတ်ဘူး။

ဒီဖြစ်စဉ်တွေအပေါ်မှာ အဖွဲ့အစည်းအားလုံး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး၊ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံး၊ ပြည်သူလူထုတွေ အားလုံးဟာ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှပဲ အဖြေရှာရမယ်။ အဖြေရှာပြီး ဒါကို ကာကွယ်ရမယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်

ကျွန်တော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေ အများကြီး ရှိလာပြီ ဆိုတာကို ဒါပြယုဂ် တစ်ခု ပဲပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက ကမ္ဘာလှည့်တွေ ရင်းနှီးမြုပ်နှံမယ့်သူတွေ လာသွားတဲ့ ဒေသမှာဖြစ်တာဟာ အင်မတန်မှ ရုပ်ပျက် ဆင်းပျက်
ဖြစ်တယ်။ အဲဒီတော့ ဒါမျိုး မဖြစ်အောင် ထပ်မံမဖြစ်ဖို့ အတွက် အထူးဆောင်ရွက်ဖို့နဲ့ အခြားသော နေရာတွေမှာလည်း လုံခြုံရေးကို တိုးမြှင့် ချထား သင့်တယ်။

ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးပါ။ ရဲတွေကို ယာဉ်ယန္တရားတွေ ပြည့်စုံအောင်ထုတ်ပေးပါ။ အဲဒါမှလည်းပဲ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိတော့မယ်။

အခုဟာက ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးပြန်လည် ပျက်ပြားသွားတယ် ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အင်မတန်မှ စိတ်မကောင်း စရာကောင်းတဲ့ ရင်နာစရာပဲ။ အခုဗျာ သတင်းထောက်က ကိုပါကြီးရယ် ၊ကိုစိုးမိုးထွန်းရယ်။ ပြီးတော့ ကချင် ဆရာမနှစ်ယောက် ၊ နောက်တစ်ခါ ကျောင်းဆရာ၊ ပြီးတော့ ရှေ့နေ ၊ နောက်တစ်ခေါက်ကျရင် တရားသူကြီး ပါမှာတောင်မှ ကျွန်တော် စိုးရိမ်နေတယ်။ အဲဒါပါပဲဗျာ။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ )

နေရာရယ် ၊ ဘယ်နေရာဆိုတာကြိုသိနေတာရယ် ၊ဘာကြောင့်အဲ့နေရာမျိုးကိုမှ လုပ်ကြံရတာလည်းနော် ။ တခြားနေရာမှာဆိုရင် လုပ်ကြံတဲ့ပုဂ္ဂိုလ် လွှတ်ကောင်းလွှတ်သွားနိုင်တာပေါ့ဗျာ။ သဘောပြောတာနော် ။

လွတ်စေချင်လို့ပြောတာမဟုတ်ပါဘူး။ အဲ့နေရာမျိုးမှာ ဘာလို့လုပ်ကြံရတာလည်း ဆိုတော့ကျွန်တော်တို့သုံးသပ်တာက ကမ္ဘာကို သို့မဟုတ် ကမ္ဘာဆိုတာအမျိုးမျိုးရှိမှာပေါ့။ ခြိမ်းခြောက်မှုမျိုးစုံကို ကျွန်တော်တို့ကြုံနေရတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို ဘာဖြစ်တယ်ညာဖြစ်တယ် ။

ဒါမျိုးလေးလည်း စိုးရိမ်စရာတွေလည်း သတင်းကြားတာကိုဗျ။ တလောကတောင် လွှတ်တော်တောင်မှ လုံခြုံမှုဘာဖြစ်တယ် ၊ ညာဖြစ်တယ် ဆိုတာကို ။ ဒါမျိုးကို လွှတ်တော် ၀င်းအတွင်းမှာကိုလုပ်နေကြတာကို ။

အခုလိုကာလမှာ အကြမ်းဖက်သမားတွေကို အာရုံစူးစိုက်နေတဲ့ကာလမှာ၊ ဘာကြောင့် အဲ့ဒီနိုင်ငံကပြန်လာတဲ့ ခရီးစဉ်မှာမှ ၊ အဲ့လို လူမြင်ကွင်းမှာ
နိုင်ငံတကာ အာရုံစူးစိုက်နိုင်တဲ့အနေအထားမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာလဲ ဒါကစဉ်းစားရမယ့်တစ်ချက်ပေါ့ ။

အဲ့ဒီအချက်ကို စဉ်းစားရင် ကျွန်တော်တို့ရဲ့ ဂန္ဓီကြီးတောင်မှသူလူတွေရဲ့လုပ်ကြံခြင်းကိုခံရတယ် တခြားလူမဟုတ်ဘူးနော် စဉ်းစားဖို့ နိုင်ငံ တကာနဲ့ ပက်သက်တဲ့ ဟာလေးတွေ ရိုက်ခတ်စေချင်လို့လား။ ပြည်တွင်းမငြိမ်မသက်မှုဖြစ်အောင်များ ရည်ရွယ်တာလား ။

ကျွန်တော်တို့က ယူဆ တွေးကြည့်တာပဲရှိတာပေါ့။ တရားဥပဒေစိုးမိုးမှုအပိုင်းကိုကြည့်ရင် တော်တော်လေးသုံးသပ်ဖို့ ဖြစ်လာတာပေါ့။

သို့သော်လည်းပဲ အခုခရီးစဉ်မှာ ကြည့်ရင် ဦးကိုနီဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အစိုးရအဖွဲ့ဝင်ဝန်ကြီးမဟုတ်ဘူး ၊ လွှတ်တော်အမတ်မဟုတ်ဘူး။

လုံခြုံမှုအတိုင်းအတာအရ လုံခြုံမှုစည်းမှာ ၀န်ကြီးဆိုရင်ပိုယူရတာကိုးဗျ။ အမတ်ဆိုရင် လုံခြုံမှုကလျော့သွားတာပေါ့ ။

သာမန်ပုဂ္ဂိုလ်ဆိုရင် တော်တော်လေးကိုလျော့ပါတယ်။ လူထုပေါ့နော် နိုင်ငံသားတစ်ဦးကို သူရဲ့လုံခြုံမှုကိုယူရတဲ့ အဖွဲ့အစည်းတွေ အဲ့လိုယူပေးရတဲ့ ဧရိယာပေါ့နော် ။လေဆိပ်တို့ ရေဆိပ်တို့ ဒါနိုင်ငံတကာ ဒါမျိုးတာဝန်ယူပေးရတဲ့ ဧရိယာပေါ့ဗျာ ။

အဲ့လိုအခင်းအကျင်းမှာဖြစ်တာကိုက လုံခြုံရေးစည်းဟာ ကျိုးပေါက်နေတယ်ဆိုတဲ့ ပြယုဂ်ကိုများပြချင်တာလား ။ ဒါကျွန်တော်တို့ စဉ်းစား စရာလေးကို ပြောတာပါ။ ကျွန်တော်တို့မြင်တာက နိုင်ငံတကာလုံခြုံမှုစည်းပေါ့ဗျ။ အဲဒါလေးတွေ ကျိုးပျက်နေတယ်လို့ ဖော်ညွှန်းချင်လို့လား။ ဒါလေးတွေလည်း စဉ်းစားပါတယ်။ို စဉ်းစားတဲ့သဘောပါပဲ။ ကျန်တာတော့ မရှိပါဘူး။

ကိုဂျင်မီ ( ၈၈ မျိုးဆက်)

လုံခြုံရေးပိုင်းက အများကြီးလုပ်စရာတွေ ကျန်နေသေးတယ်လို့ပဲ မှတ်ချက်ပေးရမှာပဲ။ ဘာကြောင့်လဲဆိုရင် ဒီမှာ CCTV တပ်ဆင်ထားမှု အခြေ အနေက အစပေါ့နော် ။ ကျွန်တော်တို့ ပြန်ပြီးတော့ သတိပြုရလိမ့်မယ် ။

ချုပ်ပြောရမယ်ဆိုရင်တော့ လုံခြုံရေးပိုင်းကို သေသေချာချာပြင်ဆင်ရလိမ့်မယ်။ ဒီလိုဖြစ်စဉ်မျိုးကလည်းကျွန်တော်တို့ နှစ်ပေါင်းများစွာမှာ လုပ်ကြံ သတ်ဖြတ်မှု ဆိုတာ တစ်ခါမှ အဲ့လို မရှိခဲ့ ဘူးလေဗျာ။ ဒါပထမဦးဆုံး အကြိမ် ကျွန်တ်ာတို့ ကြုံရတဲ့ အတွေ့အကြုံပဲ။

ဘာပဲဖြစ်ဖြစ်ဗျာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီထင်တယ်။ လုံခြုံရေးပိုင်းမှာ ပြည့်စုံမှုမရှိဘူးဆို ကျွန်တော်တို့
ကြေညာ တယ်လေ ။ နောက်ပြီးတော့ CCTV တပ်ဆင်ထားမှုရှိတယ်ဗျ ။ ပလက်ဖောင်းဘေး ဆိုတာက မှန်ခန်းကနေပြီး အပြင်ထွက်လို့ရှိရင် ပလက်ဖောင်းကိုရောက်သွားတာပဲ။

အဲဒီတော့ ဒီဘက်အပြင်တွေမှာ CCTV နဲ့မှတ်တမ်းတင်နိုင်တဲ့အနေအထားတွေ ရှိနေတာပဲ။ ဒါတစ်ပိုင်းပေါ့ နောက်တစ်ခုက လက်နက်ကိုင်
သေနတ်ကိုင် လာတယ်ဆိုတဲ့ ကိစ္စ၊ ၀င်နိုင်မယ့် ကိစ္စလည်း မဟုတ်ဘူးပေါ့ ။

ဒီအခြေနေမှာတော့၊ နောက်ပြီးတော့ အပြင်ဘက်မှာလည်းဖြစ်နေတာကို ။ အပြင်ဘက်မှာလည်းဖြစ်နေတဲ့အခါကျတော့ ဒီအခြေနေကို လေယာဉ် ကွင်း စ၀င်တည်းကိုက ၊ လက်နက်ကိုင်နဲ့ ပတ်သက်ပြီး ကိုက လုံခြုံရေးအရ တင်းကျပ်ဖို့ လိုနေပြီဆိုတဲ့ အထိကို ကျွန်တော်တို့ ထည့်စဉ်းစားဖို့ လိုပါတယ်။

အဲဒီတော့ ခေတ်မှီနည်းပညာတွေကို အသုံးပြုပြီးတော့ ဒီလက်နက်ကိုင်ထားခြင်း ရှိမရှိဆိုတာ သိအောင်လုပ်ရမှာပေါ့နော်။

Hon. Charles Santiago (MP, Malaysia)
Chairperson, ASEAN Parliamentarians for Human Rights (APHR)


လေးစားအားကျဖွယ်ကောင်းသည့် ရှေ့နေကောင်းတစ်ဦးဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးကိုနီ ယမန်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြားကြားချင်း မိမိ အနေဖြင့် ကြီးစွာတုန်လှုပ်ဝမ်းနည်းခဲ့မိပါသည်။

ဦးကိုနီ သေဆုံးမှုက မြန်မာနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံများအားလုံးအတွက်ပါ ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပြီး ၎င်းမှာ
မြန်မာနိုင်ငံ ၏ ဒီမိုကရေစီခရီးကြမ်းတွင် တောက်လျှောက်ပါဝင်ထားခဲ့သူဖြစ်သကဲ့သို့ လူ့အခွင့်အရေး၊ ဖိနှိပ်ကန့်သတ်မှုတို့နှင့်ပတ်သက်၍လည်း အမှန်တရားဘက်က ရပ်တည် ထုတ်ဖော်ပြောဆိုလာခဲ့သူဖြစ်သည်။

ယခု ၎င်းသေဆုံးခဲ့ရသည့်အတွက် ၎င်း၏ မိသားစု၊ ချစ်ခင်ရသည့် ဆွေမျိုးများ၊ မြန်မာပြည်သူပြည်သားအားလုံးနှင့် ထပ်တူဝမ်းနည်းရကြောင်း
ဖော်ပြလိုသည်။

ယခု ဦးကိုနီ လုပ်ကြံခံရခြင်းက နိုင်ငံတွင် တည်ငြိမ်မှု မရှိသေးသည့် ပုံကို ထုတ်ဖော်ခဲ့သကဲ့သို့ ယနေ့အချိန်ထိ အောင်မြင် ထားသော ပြုပြင်ပြောင်းလဲ ထားမှုများကိုလည်း ခြိမ်းခြောက်နေလျက်ရှိသည်။

အမေရိကန်သံရုံးထုတ်ပြန်မှု

ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်သတင်းကြောင့် မိမိတို့ များစွာ တုန်လှုပ်မိ ပါသည်။

၎င်း၏ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများနှင့် ထပ်တူ ၀မ်းနည်းမိပါကြောင်း ပြောကြားလိုပြီး ဦးကိုနီမှာ နိုင်ငံနှင့်ပြည်သူပြည်သားတို့အတွက် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ပါဝင်လုပ်ဆောင်မှုများကြောင့် ပြည်တွင်းပြည်ပတွင်ပါ လူအများ၏ လေးစားအားကျ ခံရသူလည်း
ဖြစ်သည်။

ဆွီဒင်သံရုံး ထုတ်ပြန်မှု

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အခြား အပြစ်မဲ့သူတစ်ဦး ယမန်နေ့က လုပ်ကြံခံရမှု ဖြစ်စဉ်ကြောင့် မိမိတို့ ဆွီဒင်သံရုံးအနေဖြင့် များစွာ တုန်လှုပ်ဝမ်းနည်းမိပါသည်။

၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ ၀မ်းနည်းမိပါကြောင်း ပြောကြားလိုပြီး ယခုကဲ့သို့ စာနာစိတ်ကင်းမဲ့သည့် အကြမ်းဖက်မှုအပေါ် ပြင်းထန်စွာ
ပြစ်တင်ရှုံ့ချလိုသည်။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး တို့အတွက် ကာကွယ်မြှင့်တင်ပေးရေးပိုင်းတွင် ဦးကိုနီတစ်ယောက် လုပ်ဆောင်သွား ခဲ့သည့် တန်ဖိုး များကို မိမိတို့ ဆက်လက် အားပေးထောက်ခံ သွားမည်ဖြစ်သည်။

Esther Htusan (အေပီသတင်းထောက်)

" ဦးကိုနီဟာ အမြဲတမ်းပဲ အမှန်တရားပဲ ပြောတဲ့သူပါ၊ ကျွန်မတို့ နိုင်ငံအတွက် ကျောက်ဆောင်တစ်ခုလို အမှန်တရားဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့သူပါ" ဟု မြန်မာနိုင်ငံရဲ့ ပထမဆုံး ပူလစ်ဇာဆုရ အေပီသတင်းထောက် Esther Htusan က လူမှုကွန်ရက်ပို့စ် တစ်ခုတွင် ရေး ထားသည်။

Josef Benedict (လက်ထောက် ဒါရိုက်တာ၊ Amnesty International)

" ထင်ရှားကျော်ကြားတဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီ လုပ်ကြံခံရတာက လုပ်ကြံသတ်ဖြတ်မှုရဲ့ ၀ိသေသလက္ခဏာ ရပ်တွေ အားလုံး ပါဝင်နေတဲ့ ကြောက်မက်ဖွယ် လုပ်ရပ် တစ်ခုဖြစ်ပါတယ်။ အာဏာပိုင်တွေ အနေနဲ့ စေ့စပ်သေချာပြီးလွတ်လပ်တဲ့ ဘက်မလိုက်တဲ့ စုံစမ်းဖော်ထုတ်မှု ချက်ချင်း စတင်ဖို့တောင်းဆို လိုပါတယ်၊ ယင်းကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်မျိုးကို အလေးထားဖြေရှင်းရမယ်ဆိုတဲ့ ထုတ်ဖော်မှုမျိုးလုပ်ဆောင် ရမှာလည်း ဖြစ်ပါတယ်

International Crisis Group

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်က ရည်ရွယ်ချက်နှင့် ပတ်သက်၍ သိရှိရသေးခြင်းမရှိသော်လည်း ယင်းမှာ အမုန်းတရား အခြေခံသည့် အမှုအခင်းတစ်ခု၏ လက္ခဏာရပ်အားလုံး ရှိနေသည်ဟု မြန်မာနိုင်ငံအရေး အနီးကပ်စောင့်ကြည့်နေသည်ဟု ပြောသည်။

From : မဇ္ဈိမ မီဒီယာ by စိုးသူအောင်

Originally published at - http://mizzimaburmese.com

Read More »

Monday, December 19, 2016

ဒေါ်စု စင်ကာပူ ခရီးစဉ်တွင် ပြောကြား ခဲ့ခြင်း နှင့် ပတ်သက်၍ ကျွမ်းကျင်သူတို့၏ အမြင်များ


အခု ဘယ်လို တွေ့နေရလဲ ဆိုရင် စမ်းလုပ်ရင်း လုပ်ရင်းနဲ့ ရှေ့ဆက် နေတဲ့ ပုံပေါက် နေတယ်။ အဲဒီလို ခြေလှမ်း မျိုးနဲ့တော့ မှီမှာ မဟုတ်ဘူး ဒေါ်အောင်ဆန်း စုကြည်က ရှေ့ကနေ တအားလုပ် နေရတယ် နောက်က သူ့ကို မလိုက်နိုင် ကြဘူး ဖြစ်နေတယ်။



စင်ကာပူ နိုင်ငံ လွတ်လပ်ရေး စတင်ရရှိတဲ့ အချိန်မှာ ဝန်ကြီးချုပ် လီကွမ်ယုက စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို နှစ် ၂ဝ အတွင်း အမှီ လိုက်ရ မယ်လို့ ပြောခဲ့ ပါတယ်။

အခု အချိန်မှာတော့ ဒီစကားကို ပြောင်းလဲ ရတော့မယ်လို့ ကျွန်မ ထင်ပါတယ်။ နှစ်ပေါင်း ၂ဝ အတွင်းမှာ မြန်မာနိုင်ငံက စင်ကာပူကို ကျော်တက် ရပါမယ်။ ဒီလို လုပ်ဖို့ အတွက် စင်ကာပူ ကလည်း ကျွန်မတို့ကို ကူညီပါလိမ့်မယ်။

ဘာကြောင့်လဲ ဆိုတော့ ဒေသတွင်း တစ်နေရာမှာ အောင်မြင်တာ က ဒေသ တစ်ခုလုံးရဲ့ အောင်မြင်မှု ဖြစ်လို့ပါ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြီးခဲ့သည့် လက စင်ကာပူ ခရီးစဉ်တွင် ပြောကြား ခဲ့ခြင်း နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ အမျိုးမျိုး ပေါ်ထွက် လာကြသည်။

ထို့ကြောင့် အတွေ့အကြုံရှိ နှံ့စပ်ကျွမ်းကျင်သူတို့၏ အမြင်များကို စုစည်းတင်ပြ လိုက်ရပါကြောင်း။

ဦးဘိုဘိုကျော်ငြိမ်း

ဒေါ်စုက အားပေးချင်တဲ့ သဘောနဲ့ ပြောတာပါ။ စီးပွားရေး အမြင် သက်သက်ကို ပြောရရင် လက်တွေ့ မကျပါဘူး။ စိတ်ကူးယဉ် တာပါ။ တိုင်းပြည် တစ်ခုကို ထူထောင်ဖို့ရာ အများကြီး လိုပါတယ်။

မြန်မာနိုင်ငံမှာ ဘာမှ အဆင်သင့် မဖြစ်ဘဲ ပြောတာမို့ ဖြစ်ချင်တာ ကိုပြောတဲ့ စိတ်ကူးယဉ် သက်သက် ပါပဲ။ တိုင်းပြည်ထူထောင်ဖို့ Infrastructure ၊ Human Resources နဲ့ ဘာ Industry မှ မရှိ။ အစိုးရက ဘာလိုမှန်း မသိ တဲ့အစိုးရ၊ ဘာပေါ်လစီချရမှန်း မသိဘဲနဲ့ ဘယ်လိုမှီ နိုင်မှာလဲ။ အ မှန်အတိုင်း မြင်တတ်ရင် ဒေါ်စု ကိုယ်၌လည်း စီးပွားရေးအမြင်မှာ အားနည်းပါတယ်။ စီးပွားရေး နားလည်ရင် ဒီလိုစကားဘယ်ပြော မှာလဲ။ သူ့စီးပွားရေးဝန်ကြီးက စီး ပွားရေး ၂ ဆ ၃ ဆ ဖြစ်လာမယ် ဆိုတာလည်း နားမလည်လို့ ပြော တာပါ။

တိန်ရှောက်ဖိန်လည်း စင်ကာပူကို အတုခိုးပြီး လုပ်တာ မအောင်မြင်ဘူး။ လီကွမ်ယု စာ အုပ်မှာပါပါတယ်။ တစ်နိုင်ငံရဲ့ အခြေအနေက တစ်နိုင်ငံနဲ့မတူ ပါဘူး။ လီကွမ်ယုက တော်ရုံမက ဘူး။ လူတော်တွေကို အစိုးရမှာ နေရာပေးပြီး ပေါ်လစီချခိုင်းတာ။ NLD က Loyalists တွေကိုပဲ ခိုင်း တာပါ။

NLD ပါတီ ကိုယ်၌Institution ဖြစ်အောင် မလုပ် တတ်သေးပါဘူး။ စင်ကာပူကိုမီဖို့ စိတ်ကူးမယဉ်ခင်Inflation ကို နားလည်အောင် အရင်လုပ်ကြပါ ဦး။

ဒေါ်လာဈေးနဲ့ Inflation ဆက်စပ်နေတာတောင် သိ ကြပုံ.မပေါ်သေးပါဘူး။ ထိုင်းကို မီအောင်တောင် မနည်း လုပ်ကြ ရဦးမှာပါ။ စိတ်ကူးယဉ်ရတာ လွယ်ပါတယ်။ လက်တွေ့ဖော်ထုတ် တာမလွယ်ပါဘူး။

ဦးကျော်မျိုးထွန်း

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောသ လို နောင်နှစ် ၂ဝ တွင် စင်ကာပူ ကို မှီနိုင်ပါသည်။ သို့သော် ကျော် တက် ရန်မှာမူ မဖြစ်နိုင်ဟု ထင်ပါ သည်။

တစ်နှစ်လျှင် ပျမ်းမျှ ၈ ရာ ခိုင်နှုန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် သွားလျှင် နှစ် ၂ဝ ကြာ ၂ဝ၃၈ ခုနှစ် တွင် မြန်မာနိုင်ငံ စုစုပေါင်း GDP ၃၁၅ ဘီလျံ ရှိပါသည်။ ထို ပမာဏမှာ ယနေ့ စင်ကာပူ၏ GDP ဖြစ်ပါသည်။

ထိုဖွံ့ဖြိုးမှုအ ဆင့်သို့ ရောက်ရှိရန် မြန်မာနိုင်ငံ အစိုးရအနေနှင့် တစ်နှစ်ချင်းစီရှိGDP ၏ ၅ ရာခိုင်နှုန်းကို အခြေခံ အဆောက်အအုံတွင် သုံးစွဲရန် လိုအပ် မည်ဖြစ် ပါသည်။ ထိုသုံးစွဲ ရန်လိုသော ငွေပမာဏမှာ နှစ် ၂ဝ အတွင်း ဒေါ်လာ ၁၇၆ ဘီလျံမှ ၂ဝဝ ဘီလျံ အထိ ရှိပါသည်။ အဓိက စိန်ခေါ်မှုမှာ ထိုရင်းနှီးမြှုပ် နှံမှုပမာဏကို ရရှိအောင် ဆောင် ရွက်ရေး ဖြစ်ပါသည်။

ထိုပမာဏ သည် တိုင်းပြည် GDP ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း အ ထိ ရှိပါသည်။

လက်ရှိသုံးစွဲနေသော အနေအထားမှာ GDP ၏ ၁ ရာ ခိုင်နှုန်းသာရှိပါသည်။ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံ များမှာ အခြေခံ အဆောက်အအုံ များတွင် GDP ၏ ၅ ရာခိုင်နှုန်း ခန့် မြှုပ်နှံရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး၊ ယခုထိ ကြိုးစား နေရဆဲကို ထည့်သွင်းတွက်ချက် သင့်ပါသည်။

ဦးဘတင် စင်ကာပူရောက် မြန်မာ

ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ် လည်းမဖြစ်နိုင်ဘူး။ ဖြစ်လည်းဖြစ် နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အခြေခံ အဆောက် အအုံတွေ ပြည့် စုံဖို့ လိုတယ်။ ၂၄ နာရီ မီးလာဖို့ လိုတယ်၊ ရေလာဖို့ လိုတယ်။ တယ်လီဖုန်း အပါအဝင်၊ အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ခုထက်ပိုပြီး ကောင်းဖို့လိုတယ်။

နောက်ပြီး လမ်းပန်းဆက်သွယ် ရေး။ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း အကုန်ပါတယ်။

ဥပမာပြောရရင် စစ်တွေနဲ့ ရန်ကုန် လိုင်း ဖြောင့်ဖြူးနေရမယ်။ အလား တူပဲ မြစ်ကြီးနားနဲ့ ရန်ကုန် ဖြောင့် ဖြူးနေရမယ်။ ဒီလိုပဲ ထားဝယ်၊ မြိတ်ကနေ လာတဲ့ လမ်းကြောင်း တွေ ဖြောင့်ဖြူးနေ ရမယ်။ ဒါတွေ ကို ၁ဝ နှစ်နဲ့ လုပ်နိုင်ရင် မှီဖို့ အ ခြေအနေ သာသွားပြီလို့ ပြောလို့ရ ပြီ။ ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေကို ပြည်ပကနေ ဝင်လာအောင်၊ ပြည် တွင်း လုပ်ငန်းရှင်တွေ ကလည်း အလုပ်တွေ လုပ်နိုင်အောင် အ ကောင်အထည်ဖော်ပေး။

ထို့နည်း တူစွာပဲ အရွယ်ရောက်တဲ့သူ မှန် သမျှ အလုပ်လုပ်။ လက်ဖက်ရည် ဆိုင်ထိုင်ပြီး အချိန်ဖြုန်းတာတို့၊ ဘီယာဆိုင်ထိုင်ပြီး အချိန်ဖြုန်းတာ တို့မလုပ်နဲ့။

လုံးလုံးမလုပ်ရဘူးဆိုတာတော့ မဟုတ်ဘူး။ အလုပ်နား တဲ့အချိန် လုပ်လို့ရတယ်။ နောက် ပြီး လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုး ထောင်၊ လူမှန်နေရာမှန်ပေး။ ဒီလို ဆိုရင် ရနိုင်ပါတယ်။

ဒေါ်အောင် ဆန်းစုကြည် စင်ကာပူမှာ ပြော သွားတဲ့စကားက စင်ကာပူလို အ ဆောက်အအုံတွေ၊ လမ်းတွေ၊ တံ တားတွေ ပျံလန်နေအောင် ကျော် တက်သွားအောင် လုပ်ဖို့ဆိုတာ ထက် စီးပွားရေးအရ ဝင်ငွေ တိုး အောင် လုပ်မယ်ဆိုတဲ့ သဘောပဲ။

ဒါကို အားလုံးက နားလည်မှုလွဲပြီး ဟာ…စင်ကာပူထက် ပျံလန် နေအောင်လုပ်မယ်ဆိုတာကို ပြေး မြင်လိုက်ကြတာပဲ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အခြေ အနေအရ ရှိသင့်ရှိထိုက်တဲ့ တောတောင်တွေ၊ နေရာရပ်ဝန်းတွေ ရှိရမှာပဲလေ။

တစ်နိုင်ငံလုံး မိုးမြင့်တိုက်ကြီးတွေ ဖြစ်ဖို့ မလိုပါဘူး။ မဖြစ်လည်း မ ဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောတဲ့ စကားက ဒီအရာတွေ မလုပ်နိုင်ဘူးဆိုရင်တော့ လုံးဝ မီနိုင်မှာ မဟုတ်ဘူး။

ဒေါက်တာအောင်မျိုး ပြည်ပရောက် ကင်ဆာအထူးကု ဆရာဝန်ကြီး

ကျွန်တော်တို့ နိုင်ငံမှာ လူ့စွမ်း အားအရင်းအမြစ်တွေ ရှိတယ်။ သဘာဝကပေးထားတဲ့ သဘာဝ သယံဇာတတွေ ရှိတယ်။ ဒါ့အပြင် အောင်မြင်ချင်တဲ့ အောင်စိတ်တွေ ရှိတယ်။ ဂျပန်ဟာ အဏုမြူဗုံး ကြဲ ခံရပြီး ပြာပုံဘဝကနေ အောင်စိတ် နဲ့ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာ တယ်။

ကျွန်တော် ပြောချင်တဲ့ အောင်စိတ်ဆိုတာ အဲဒါကို ပြော တာ။ ဟုတ်ပြီ။ အခုအခြေအနေ က လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က နဲ့ မတူတော့ဘူး။

အားလုံးဟာ ပြောင်းလဲကုန်ပြီ။ ထိုင်းကအစ ကျွန်တော်တို့ ရှေ့ရောက်နေတယ်။ ဒီတော့ ကျွန်တော်တို့လို စင်ကာ ပူကို မီဖို့ဆိုရင်၊ ကျော်ဖို့ဆိုရင် ခု ပုံစံတိုင်းဆိုရင် အပြင်းအထန် ကြိုး စားရဦးမယ်။ အဆင့်တိုင်းက ကြိုး စားရမယ်။ နိုင်ငံမှာ အဓိကလို တာ ကတော့ ဦးဆောင်မှု ကောင်း ကောင်းနဲ့ စီမံမှုကောင်းကောင်းပဲ။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ကောင်းဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကလွဲရင် အများစုက ဒီမိုကရေစီ အတွက် အ နစ်နာခံ ခဲ့တာကလွဲလို့ စီမံခန့်ခွဲမှု နယ်ပယ်မှာ အားအလွန် နည်းပါ တယ်။ ဒါဟာ အမှန်တရားပါ။ အခု ဘယ်လို တွေ့နေရလဲဆိုရင် စမ်းလုပ်ရင်းလုပ်ရင်းနဲ့ ရှေ့ဆက် နေတဲ့ ပုံပေါက်နေတယ်။

အဲဒီလို ခြေလှမ်းမျိုးနဲ့တော့ မှီမှာမဟုတ်ဘူး။ ဒေါ် အောင်ဆန်းစုကြည်က ရှေ့ကနေ တအား လုပ်နေရတယ်။ နောက်က သူ့လို မလိုက်နိုင်ကြဘူး ဖြစ်နေတယ်။ စီမံခန့်ခွဲမှုကို နိုင် နင်းတဲ့ သူတွေဖြစ်အောင် တစ် ဖက်က လုပ်ရမှာဖြစ် သလို စီမံခန့် ခွဲမှု ကောင်းကောင်းတွေလည်း ချ နိုင်ရမယ်။

မြန်မာမှာ ဖွံ့ဖြိုးမှုကို အားကိုးရမှာ ဖြစ်သလို၊ ထိန်းချုပ် မှုကိုလည်း ပြုရမှာဖြစ်တယ်။ ထိန်း ချုပ်တာတွေ များပြီး၊ ဖွံ့ဖြိုးမှုကို အားမပေးရင်လည်း မဖြစ်ဘူး။

ကိုရန်နိုင် တစ်ပိုင်တစ်နိုင် အရောင်းအဝယ် လုပ်ကိုင်သူ

ကျွန်တော်က အမေစုရဲ့ ပြော စကားကို ယုံတယ်။ အမေဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုန်းက နေအိမ်အကျယ်ချုပ် ကျခံနေရ တယ်။ ခု သူ နိုင်ငံရဲ့ထိပ်တန်း
ခေါင်းဆောင် ဖြစ်လာပြီ။ ဟုတ် ပြီ။ နောင် အနှစ် ၂ဝ ဆိုရင်ရော ကျွန်တော်တို့ နိုင်ငံဟာ ကောင်းတဲ့ ပြောင်းလဲ မှုတွေ ကြုံတွေ့ရမှာပါ။ အဲဒီလိုမျိုး ယုံကြည်မှုပါ။

ကျွန် တော့်အမြင် ပြောရရင် မြန်မာပြည် တိုးတက်ဖို့အတွက် အစိုးရကိုပဲ အားကိုးနေလို့ မရဘူး။ ကျွန်တော် တို့နိုင်ငံမှာ အမှန်တကယ် အသုံး မချရသေးတဲ့ နေရာတွေ အများ ကြီးရှိတယ်။ ဒါကို စက်မှုလယ် ယာစနစ်နဲ့ လုပ် လိုက်ရင် ပြည်ပ ကို ခုထက် ပိုပြီး တင်ပို့နိုင်သွား လိမ့်မယ်။

ကျွန်တော်တို့ နိုင်ငံဟာ အရာရာကို ပြည်ပကနေ သွင်းနေ ရတာကို ပြည် တွင်းမှာ ထုတ်လုပ် နိုင်အောင် အားလုံးက ဝိုင်းဝန်း ကြိုးစားပြီး အစိုးရက အဓိက လုပ် ပေး ရမယ်။ အခြေခံလျှပ်စစ်မီးနဲ့ လမ်းပန်းဆက် သွယ်ရေး။ အဲဒီလို မြင်ပါတယ်။

ဦးဝင်းမြင့် ထိုင်းရောက်မြန်မာ

အပြောနဲ့ မဟုတ်ပဲ လက်တွေဘာတွေလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဘယ်တော့စလုပ်မလဲ ဆိုတာ ချပြတဲ့စီမံကိန်မျိုးမတွေ့ သေးတော့ စင်ကာပူကို ရောက်တုန်း
ရောက်ခိုက် စကားရှာပြောသလားလို့ ပဲမြင်မိတယ်။

နောက်နှစ် ၂၀ မှာ စင်ကာပူနဲ့ သာအောင်ကျော်အောင်ဆိုတာက စင်ကာပူရဲ့ လက်ရှိအခြေကိုပြောပုံလည်းရတယ်။ ဒါပေမယ့် နောင်နှစ် ၂၀ မှာ စင်ကာပူက အခုထက် ၂ ဆ ၃ဆလောက်တိုးတက်သွားမယ်ဆိုရင်ရော ဘယ်လိုမီနိုင်မလဲ၊ စင်ကာပူက လူဦးရေနည်းတဲ့အတွက် ဖွံ့ ဖြိုးရေး ၀င်ငွေတိုးရေး ကိုလုပ်ဖို့ လွယ်တယ်။

မြန်မာနိုင်ငံလို လူဦးရေ ၇၀ ရာခိုင်နှုန်းက တောနေလူတန်းစားတွေ ၊ ဆင်းရဲချမ်းသာ ကွာခြားမှုက အလွန်ကွာဟနေတယ်ဆိုတော့ဖြစ်နိုင်ခြေနည်းတယ်။ စင်ကာပူလို လူနည်းတဲ့နိုင်ငံကိုမပြောနဲ့ ရေမြေအနေအထား လူဦးရေ လည်းမြန်မာထက်ပိုများတဲ့ ထိုင်းနိုင်ငံကို မီအောင်တောင် လုပ်ဖို့ လွယ်မလား။

ဘာကြောင့်ဆိုတော့ နိုင်ငံအတော်များများက နှစ် ၂၀စီးပွားရေးနဲ့ လူမှုရေစီမံကိန်တွေချပြိး အကောင်အထည်ဖေါ်နေတယ်။ မြန်မာနိုင်ငံမှာ စတောင်မစနိုင်သေးဘူး။

နောက်တခုက အစိုးရအပြောင်းအလဲမှာ သူမူဝါဒနဲ့ သူလုပ်နေတာကိုတွေ့ ရတော့ နောက်အစိုးရသစ်တက်လာရင်လည်းအလားတူပဲဖြစ်နေတယ်။

နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ ဖြိုးရေးဆိုတာက စီးပွားရေးနဲ့ လူမှုဖွံ့ ဖြိုးရေး ကော်မရှင်တရပ်ကို လွတ်လပ်စွာဖွဲ့ စည်းပြီး မြန်မာနဲ့ သင့်တော်တဲ့ စီမံကိန်းတွေချမှတ်ရတယ်။

အခုက အဲ့ဒီကော်မတီတောင်မရှိသေးပဲ နှစ်၂၀ အတွင်း စင်ကာပူနဲ့ ကျော်လွန်အောင်လုပ်မယ်ဆိုတာက လက်ရှီအခြေအနေနဲ့ ပြောမယ်ဆိုရင် စိတ်ကူးယဉ်ပဲ ရှိတယ်။

ဦးကျော်ဦး အင်ဂျင်နီယာ

နှစ် ၂၀ မှာ စင်္ကာပူ ကို ကျော် နိုင်လား ဆိုတော့ မြန်မာ နိုင်ငံ လို စင်္ကပူ နိုင်ငံထက် တော်တော် များများ ပြည့်စုံ နေတဲ့ နိုင် ငံ အဖို့ ကတော့ တကယ်လုပ်မယ် ကြိုးစားမယ် ဖြစ်နိုင် ခြေ များပါတယ် ။ ပထမ ဆုံး အရေးကြီးတာကတော့ တရား ဥပဒေ စိုး မိုးရေး ပါ ။ အဲ ဒီ အထဲ မှာ အကုန်ပါပါတယ် ။ အဓိ ကကတော့ နိုင်ငံ စီး ပွားရေး ဆုတ်ယုတ်စေမဲ့ လဒ်ပေး လဒ် ယူ မှု ကို အဓိ က တိုက်ထုတ် ရ ပါမယ် ။

မှန်ကန်တဲ့ တရားစီရင်ရေး ရှိရပါမယ်။ ဒါမှ သမာသမတ်ကျတဲ့ company ကြီးတွေ အများကြီးရောက်လာမှာပါ ။ company ကြီးတွေ က အခုခောတ်မှာ လဒ်ပေး လဒ် ယူ ကို တိုက်ဖျက်နေပါတယ်။

အစိုးရ management တွေ ကိုပြန်ပြင်ရပါမယ် ။ သူက main ကျ ပါတယ်။ ပုဂ္ဂလိက လုပ်ငန်း တွေ ကို ကြီးကြပ် နိုင်ဖို့ လူကောင်း လူတော်တွေ ရှိတဲ့ အစိုးရ ယန္တား ကို စဖေါ်ဆောင်ရပါမယ်။ အစိုးရ ၀န်ထမ်းထဲ မှာ မလုပ် မရှုတ် မပြုတ် creative mind မရှိတဲ့ သူတွေ ကို အကုန် သင်တန်းတွေ ပေး ပြီး အရည် အချင်း မြှင့်တင် တော်တဲ့ သူ ရာထူးတိုးပေး တဲ့ စနစ်ထားရပါမယ် ။ မလိုက်နိုင်တဲ့ သူတွေ ဖယ်ထုတ်ပြီး ယန္တား ကို ကျစ်ကျစ် လစ်လစ် ပြန် ဖွဲ့ စည်းရပါမယ် ။

နောက် အရမ်းတော်တဲ့ ပြင်ပ တက္ကသိုလ် တွေ ကပြီးတဲ့ သူတွေ ကို အစိုးရ ဌာန တွေ မှာ ရာထူး တချိ့ဖန်တီး ပြီး လုပ်ငန်းတွေ ကြီးကြပ် စေရပါမယ် ။ ဘော်လန် တီယာတွေ အားမကိုးပါနဲ့။( တကယ်တော့ တခြား တခု ရပေါက် ရလမ်း အတွက် အနစ်နာခံ သလိုလုပ်တာပါ ) တကယ် ပညာတတ်သင်ခဲ့တဲ့ နိုင်ငံ သား တွေ က လစာကောင်းေ ကာင်း ပေးပြီး အစိုးရ ဌာနတွေ မှာ ကြီးကြပ် ဖို့ လိုပါတယ် ။ သူတို့ အဲဒီ ဘ၀တွေ ရောက် ဖို့ အတွက် ပိုက်ဆံ သိန်းပေါင်း များစွာ အကုန် အကျခံ ကျိုးစားခဲ့ ကျတာပါ ။ သူတို့ ကမှ တကယ် ကို အောင်မြင်အောင် ကြိုးစားမှာပါ ။ အစိုးရ ရုံးတွေ ကို computerize management system တွေ လုပ်ရပါတော့မယ် ။

အဲတော့ အဲ သလိုလုပ်နိုင်တဲ့ အရည် အချင်း ရှိတဲ့ သူတွေ အစိုးရ ဌာနတွေ မှာ လိုပါတယ် ။ ပညာရေး ကတော့ အစိုးရ က ပုဂ္ဂ လိက ပညာ ရေး ကို အားပေးရ မှာ ပါ ။ ပိုက်ဆံ အနည်းငယ် တတ်နိုင်တဲ့ မိဘတွေ သားသမီးတွေ ထားနိုင်တဲ့ international standard ကျောင်းတွေ ( ကျောင်းလ ခ အသင့်သင့် နဲ့ ) ကျောင်းတွေ ပေါ်ပေါက်
အောင် ပန့်ပိုးရမှာပါ (အခု အချိန် မှာ က ပိုက်ဆံ အရန်းတတ်နိုင်တဲ့ မိဘတွေ ထားတဲ့ကျောင်း လို ဖြစ်နေပါတယ် ) ။

မြေနေရာတွေ ဈေးသက်သက် သာသာ နဲ့ ငှားတာတို့ တခြားသက်သာတဲ့ နည်း နဲ့ အဆင်ပြေပြီး နိုင်ငံတကာ အဆင့်မှီ လူလတ်တန်း စား ပညာတတ်တွေ မွေး ထုတ်ရ ပါမယ် ။သူတို့ ကတိုင်းပြည် ကို ဦးဆောင် သွားမှာပါ ။ငွေကြေး ပံ့ ပိုးမှုနည်းတဲ့ အစိုး ရ ကျောင်း ပညာရေးတွေ က လူတော်တွေ တော့ ထွက်နိုင်ပါတယ် ။ အခုလို IT ခောတ် မှာတော့ နိုင်ငံ တကာ အဆင့်မှီ လူတော် မထွက်နိုင်ပါဖူး ။ ဘာပဲ စဉ်းစဉ်းစား နိုင်ငံ တကာ အဆင့်မှီ စဉ်းစား နိုင်မှ ပြောတဲ့ Singapore ကို ရင်ဘောင်တန်း နိုင်မှာပါ ။

စက်မှု လုပ်ငန်းတွေ အတွက် ဈေးပေါပေါ ရမဲ့ လျပ်စစ် ဓါတ် အား စနစ် ကို တည်ဆောက်ရပါမယ် ။ လျပ်စစ် မပြည့်စုံပဲ Singapore ကို ကျော်တက် မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဖူး ။ ပထမ ကျောက်မီးသွေး အနုမြူအစရှိ သဖြင့် သက်သာတာတွေ နဲ့ အရင် စပြီး တိုင်းပြည် တိုးတက်သွား ရင် တဖြေးဖြေး လျော့ချပြီး တခြား initial cost များတဲ့ ဘက် ကို တဖြေးဖြေး ချင်း synchro လုပ်ပြီး သွားသင့် ပါတယ် ။ လျပ်စစ်တွေ ပေါ ကြွယ် ၀လာရင် တခြား ကုန်ထုတ်လုပ်မှုတွေ အလိုလို တက်လာမှာပါ ။

စက်မှုလုပ်သားတွေ ကို ကျွမ်းကျင်စွာ မွေးထုတ်ပေးမဲ့ ပုဂ္ဂလိက စက်မှု သင်တန်း training center တွေ ကိုလဲ အားပေးရပါမယ် ။ သူတို့ ရဲ့ ကျွမ်းကျင်မှု လုပ်အား က စက်မှု ထူထောင်ရေး အတွက် အားပါ ။ ဒီ ခောတ် technology က မကျွမ်းကျင် ရင်ဘာမှ မရပါဖူး။ နောက် အခု အခါ မှာ တန်ဖိုးကြီး သိးနှံတွေ ကိုလဲ စနစ်တကျ စိုက်ပျိုး မွေးမြူ ပြီး စည်သွတ် အစား အစာ များ ကို တိုးတက် အောင် ကျန်ဆောင် သင့်ပါတယ်။

အဲဒီ မှာပြ သနာက ခရိုနီ တေါ သိမ်းထားတဲ့ တိုင်းတပါးသားတွေ သိမ်းထားတဲ့ လယ် ယာမြေပါပဲ ။ အဲ ဒါတွေ ကို စီစစ် ပြန်သိမ်း ပြီး စနစ် တကျ proposal နဲ့လုပ်မဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ကို ငှားသင့်ပါတယ် ။ ပြောချင်တာက တော့ အရေးကြီး တာ ဥပဒေ စိုး မိုးရေး နဲ့ management ကောင်းဖို့ပါ ။ဒါဆို Singapore ကို မှီပါတယ် Plan ချမယ်။Budget တွေ ချမယ်။ လုပ်ဆော င်မယ် ။ စစ်ဆေးမယ်။ အမှားတွေ ရှာမယ် ။ follow up လုပ်မယ်။ ပြင်ဆင်မယ်။ စစ်ဆေးမယ် ။ ထပ် follow up လုပ်မယ်။

အောင်မြင်ေ နတဲ့ company ကြီးတွေ က ဒီ လိုလုပ်နေကျတာပါ ။ တိုင်းပြည် ကလဲ company ကြီးတခုပါပဲ ။ ၀ိုင်း ခိုးနေ ကျလို့ အလုပ် မလုပ်ပဲ နေ ကျလို့။

management မကောင်းလို့ ဆိုရင်တော့ company ပျက် မတိုးတက် သလို တိုင်းပြည် တိုးတက်မှာ မဟုတ်ပါဖူး ။ဒါ က တိုး တက်အောင် မြင်နေတဲ့ company ကြီးတွေ ရဲ့ management system ကို ကြည့်ပြီး ပြောတာပါ ။

From : ပေါ်ပြူလာနယူးစ်အဖွဲ့

Originally published at - http://www.popularmyanmar.com/popularnews/archives/27201

Read More »