နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သူ့အကြောင်း. Show all posts
Showing posts with label သူ့အကြောင်း. Show all posts

Monday, April 10, 2017

မြန်မာ့ အမျိုးသမီး လေယာဉ်မှူးများ




အခု လက်ရှိ အနေ အထားကို ကြည့်လိုက်မယ် ဆိုရင်လည်း ကမ္ဘာ့လေယာဉ်မှူး ဦးရေ စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

အထူးသဖြင့် ကျားမ ရေးရာနဲ့ ပတ်သက်လို့ ရှေးရိုးစွဲ အယူအဆ ကိုင်စွဲ ထားနေဆဲ နေရာတွေမှာ အမျိုးသမီး တစ်ယောက် အနေနဲ့ အမျိုးသား အများစု လွှမ်းမိုးရာ နယ်ပယ် တစ်ခုမှာ ခြေချနိုင်ဖို့ ဆိုတာ အိပ်မက် တစ်ခု အဖြစ်သာ ရှိနေကြဆဲပါ။

မြန်မာနိုင်ငံမှာတော့ ဒီအိပ်မက်တွေကို အမျိုးသမီးတွေ အကောင် အထည် ဖော်ခွင့် ရခဲ့ ကြပါပြီ။



From : Mizzima TV

Originally published at - https://youtu.be/hbDAVgC66jA?list=TLGGaKac4E3wiSEwOTA0MjAxNw

Read More »

Friday, March 31, 2017

ဒေါ်အောင်ဆန်း စုကြည် ချီးကျုး ဂုဏ်ပြုသည့် မျက်မမြင် မိန်းကလေး




မျက်လုံး ၂ ဘက်လုံး အမြင် အာရုံ ဆုံးရှုံး ခဲ့ပေမယ့် ပညာရေး ဘက်မှာလဲ ထူးချွန်ပြီး လက်ရှိမှာ မသန်စွမ်း အရေး ဆောင်ရွက်နေတဲ့ အသက် ၂၇ နှစ် အရွယ် လူငယ် တယောက်ကို ဂုဏ်ပြု ချီးကျုး ထိုက်သူ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ထုတ်ပြန် လိုက်ပါတယ်။

ရခိုင်တိုင်းရင်းသား ဖခင်နဲ့ ဓနုလူမျိုး မိခင်တို့ကနေ မွေးဖွားခဲ့တဲ့ မအေးချမ်းအောင်ဟာ မွေးရာပါ ညာဘက်မျက်လုံး အမြင်အာရုံချို့ယွင်းခဲ့သူဖြစ်ပြီး အသက် ၁၀ နှစ် aလာက်မှာ ဘယ်ဘက်မျက်လုံး လည်း လုံးဝအလင်းကွယ်ခဲ့ပါတယ်။

ဒါပေမယ့် မအေးချမ်းအောင်ဟာ မိခင်ဖြစ်သူရဲ့ အားပေးကူညီမှုနဲ့ ကြိုးစားလာခဲ့ရာမှာ ၂၀၀၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မြန်မာတနိုင်ငံလုံး ဝိဇ္ဖာဘာသာတွဲ ပထမအဆင့်နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပြီး မန္တလေးနိုင်ငံခြားသာသာရပ်တက္ကသိုလ်ကနေ အင်္ဂလိပ်စာ အဓိကနဲ့ B.A(English) ဘွဲ့ကို ရရှိခဲ့ပါတယ်။

လက်ရှိမှာ မအေးချမ်းအောင်ဟာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ သူ့လို အမြင်အာရုံ ချို့ယွင်းသူတွေကို ပြန်လည်ဖေးမကူညီပေးနေသလို မသန်စွမ်းရေးရာ အဖွဲ့အစည်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်-မြန်မာ ဘာသာပြန်ခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ သူဟာ မသန်စွမ်းတွေ တန်းတူညီမျှရေး ပိုမိုဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ ရယူသွားနိုင်ဖို့ ရည်ရွယ်ထားသူလို့လည်း သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198608

Read More »

Sunday, March 12, 2017

ဆေးရုံတိုင်းတွင် ခြေရာချင်းထပ်မျှ လိုက်လံကူညီပေးနေသည့် ပရဟိတသမား ကိုဝမ်း




မန္တလေးမှာ ရှိတဲ့ ဆေးရုံ တိုင်းမှာ ပရဟိတ သမား ကိုဝမ်းရဲ့ခြေရာတွေ ထပ်ခဲ့ပြီ။ မွေးကင်းစ ကလေးက စလို့ သက်ကြီး ရွယ်အိုတွေ အထိ လူပေါင်းစုံ၊ ရောဂါပေါင်းစုံ သူ ကူညီပေး ခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့ လူနာတွေ အနေနဲ့ ကိုဝမ်းကို တိုက်ရိုက် ဆက်သွယ်ပြီး အလှူခံ ကြသလို ဆေးရုံက ဝန်ထမ်းတွေ ကလည်း လူနာတွေ အတွက် သူ့ကို အကူ အညီတောင်းလေ့ ရှိတယ်။

“ဆေးရုံက ဆရာ ဆရာမတွေကလည်း အကူအညီတောင်းတယ်။ အဲ့လိုကျရင် ကျနော်တို့က ဆေးရုံသွားတယ်။ ဒီလူနာက လောလောဆယ် ဘာလိုအပ်သလဲ၊ ဘာလုပ်ရမလဲ၊ စီတီစကန်ရိုက်မလား၊ သွေးစစ်ရမလား၊ အဲဒါပေါ်မူတည်ပြီး လာလှူထားကြတဲ့အထဲက ချက်ချင်းလှူပေးလိုက်တယ်။”

နောက်ပြီး လမ်းပေါ်က ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ကိုဝမ်း လစဉ်ထောက်ပံ့ပေးနေပါသေးတယ်။

သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အလှူငွေအများစုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ စေတနာရှင်တွေက ဝိုင်းဝန်းလှူဒါန်းပေးကြတာပါ။

“ရရှိတဲ့အလှူငွေတွေအားလုံးကတော့ ဖေ့စ်ဘွတ်ခ်ကနေကြည့်ပြီးတော့ အလှူရှင်တွေက မန္တလေးကနေလည်း လှူကြတယ်၊ နောက်ပြီးတော့ စင်ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံတွေကနေလည်း လှူကြတယ်၊ နောက်ပြီး ရန်ကုန်နဲ့ အခြားနယ်မြို့တွေကလည်း လှူကြပါတယ်။”

ဖေ့စ်ဘွတ်ခ်ဟာ ပရဟိတသမား ကိုဝမ်းအတွက်တော့ တကယ်ကို အသုံးဝင်တဲ့ နိဗ္ဗာန်ဆော်ကိရိယာတခုပါပဲ။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။



From : ဒီဗွီဘီ by မျိုးမင်းဦး

Originally published at - http://burmese.dvb.no/archives/194097

Read More »

Saturday, March 11, 2017

စိတ်ကူးအိပ်မက်များဖြင့် ချွေးသံတရွှဲရွှဲ ကြိုးစားနေသည့် လက်ဝှေ့မယ်လေး ဘရော်နီကာ




မနက် စောစော ၆ နာရီ ဆိုရင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းထဲမှာ ရှိတဲ့ လက်ဝှေ့ လေ့ကျင့်ရုံထဲ ပဏာမ မြန်မာ့ လက်ရွေးစဉ် အားကစား သမားတွေ လေ့ကျင့်နေ ကြပါပြီ။ အဲဒီထဲမှာ ဘရော်နီကာလို အမျိုးသမီး လက်ဝှေ့မယ် တွေလည်း ပါပါတယ်။

အသက် ၂၀ အရွယ် ကယန်းတိုင်းရင်းသူလေး ဘရော်နီကာဟာ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ ကြေးတံဆိပ်ဆွတ်ခူးထားခဲ့သူပါ။ ဘရော်နီကာတယောက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့ပြီး လက်ရွေးစဉ် အမျိုးသမီးလက်ဝှေ့သမားအဖြစ် ရပ်တည်နေတာ ၄ နှစ်ကျော် ကြာခဲ့ပါပြီ။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတဲ့သူမို့ ငယ်စဉ်ကတည်းက မိဘကို ကူညီခဲ့ရပါတယ်။

“ငယ်ငယ်တုန်းကဆို အဖေက နေမကောင်း၊ အမေက တယောက်တည်းဆိုတော့၊ အမေကလည်း အရက်ချက်တယ်လေ၊ ကျောင်းသွားတက်ရင်လည်း မြို့ထဲမှာ အရက်တွေလိုက်ပို့ရတယ်။ မနက်အစောကြီးသွားရတယ်။ အဲဒီအချိန်ဆိုရင် အမေနဲ့လိုက်ကူဖို့ ကျောင်းတပိုင်းပျက်ခဲ့ရတယ်။”

ဘရော်နီကာမှာ သူအပါအဝင် မောင်နှမ ခြောက်ယောက်ရှိပြီး သူက ငါးယောက်မြောက်သမီး ဖြစ်ပါတယ်။ မိဘတွေရဲ့ မပြည့်စုံမှုကြောင့် ဘရော်နီကာတို့ မောင်နှမတွေရဲ့ ပညာရေးကို ဖယ်ခုံမြို့က ရိုမန်ကက်သလစ် ခရစ်ယာန် ဘုန်းကြီးကျောင်းကိုပဲ အားထားခဲ့ကြရတာပါ။ ခရစ်ယာန်ဘုန်းကြီးကျောင်းမှာနေပြီး ဖယ်ခုံမြို့ပေါ်က အထက်တန်းကျောင်းမှာ ကျောင်းတက်ကြရပါတယ်။ သူ ရှစ်တန်းနှစ်မှာ အဲဒီ ခရစ်ယာန်ကျောင်းကိုရောက်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ကိုးတန်းအရောက်မှာတော့ လက်ဝှေ့မယ်ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

“အားကစားမှူးတယောက်က လာခေါ်တယ်။ အားကစားလိုက်သွားမလား၊ ဝါသနာပါလား၊ လက်ဝှေ့ထိုးမလားဆိုပြီး၊ အဲဒီအချိန်တုန်းက ကိုယ်ကလည်း လက်ဝှေ့ဆိုတာ ဘာမှန်းမသိဘူး၊ အားကစားဆိုတာလည်း ဘာမှန်းမသိဘူး။ ထိုးတယ်ဆိုတာ တခုနဲ့ပဲ အေး ထိုးမယ်ဆိုပြီးပြောလိုက်တာ၊ ဒါဆို မနက်ဖြန်သွားရမယ်လည်းဆိုရော ကိုယ့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ပိုက်ဆံကလည်း မရှိဘူး။ အဲဒီတုန်းက ဘုန်းကြီးကျောင်းမှာနေတာ။ ပြီးတော့ အိမ်ပြန်ဖို့ကလည်း အချိန်မရှိဘူး။ မနက်အစောကြီး တောင်ကြီးတက်ရမယ်ဆိုတော့ မရရအောင်သွားမယ်ဆိုပြီး ဘုန်းကြီးနဲ့တိုင်ပင်တယ်၊ ဘုန်းကြီးက ခွင့်ပြုတယ်၊ အမေကတော့ ခွင့်မပြုဘူး၊ အဲဒါနဲ့ ဒီကခိုးသွားတာပေါ့၊ အမေ့ကိုမပြောဘဲ ထွက်သွားတာ မနက်ပိုင်းကြီး။”

အဲဒီလိုနဲ့ တောင်ကြီးကနေတဆင့် နေပြည်တော်မှာရှိတဲ့ အားကစား ကမ့်ပ်ကိုရောက်တော့ သူ ကြောက်ရွံ့နေခဲ့ပါတယ်။

“အားကစားကမ့်ပ်လည်းရောက်ရော သူများလေ့ကျင့်တာကြည့်ပြီး၊ အဲဒီအချိန် ကိုယ်ကလည်း ပေတိပေစုတ်နဲ့ ရောက်လာ၊ ချွေးတွေအပေါက်ပေါက်နဲ့ဆိုတော့ ကြောက်တာပေါ့။”

သူက ကယန်းလူမျိုးဖြစ်လို့ ဘာသာစကား ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။

“ဗမာစကားဆိုလည်း သိပ်မကျွမ်းတော့ ဆရာတွေပြောတဲ့ စကားတွေ ကိုယ့်မှာ နားမလည်ဘူး။ ဒီဘက်ပြောတဲ့စကားနဲ့ သူတို့ဘက်ပြောတဲ့စကား သိပ်မတူတဲ့အခါကျတော့၊ ဟိုဘက်ပြောတာ ပိုမြန်တာပေါ့၊ တလုံးမှနားမလည်ဘူး။ ဒါပေမယ့် အင်း အား အဲ့သလိုပဲလုပ်တာပဲ။”

အဲဒီလို အခက်အခဲတွေနဲ့ ကြုံရပေမယ့်လည်း မြန်မာ့လက်ရွေးစဉ်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်တခုနဲ့ ကြိုးစားလေ့ကျင့်သလို ဒဏ်ရာအနာတရ ရခဲ့အခါတွေမှာလည်း ကြိတ်မှတ်ခံစားရင်း ရှေ့ဆက်ခဲ့ပါတယ်။

“နောက်ပိုင်းမှ လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ အဖွဲ့ချုပ်ရောက်ရမယ်၊ အဲ့လိုစိတ်ရှိတယ်၊ အဲဒီအချိန်တုန်းက ကိုယ်က အငယ်၊ ကမ့်ပ်မှာဆိုတော့ ငါ အဖွဲ့ချုပ်ကို ဝင်ရမယ်၊ နိုင်ရမယ်ဆိုပြီးတော့ အဲ့လိုစိတ်မွေးတယ်။ လေ့ကျင့်ရင်း နာလို့ရှိရင်လည်း ထရိန်နင်ခိုချင်လို့လို့ ဆရာတွေပြောမှာ ကြောက်တော့ တော်ရုံ မပြောဘူး။ တအားကြီး ခံနိုင်ရည်မရှိမှ ပြောပြတယ် ဆရာတို့ကို။”

မြန်မာ့လက်ရွးစင်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဘရော်နီကာကို အားကစားဝန်ကြီးဌာနက ကျောင်းဆက်ထားပေးခဲ့လို့ ကိုးတန်းအောင်ခဲ့ပေမယ့် ဆယ်တန်းနှစ်အရောက်မှာတော့ အားကစားနဲ့ ပညာရေးထဲက တခုကိုပဲ ရွေးချယ်ရဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။

“၁၀ တန်းအောင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် အဲဒီဘက်မှာပဲကျောင်းတက်၊ မအောင်နိုင်ဘူးဆိုရင်တော့ ဒီဘက်ကိုပဲပြန်လာပေါ့။ ဒီဘက်မှာ လူလည်းလိုနေတဲ့ အခါကျတော့ ကျောင်းမနေတော့ဘူး၊ အားကစားစိတ်ပဲ ရူးသွပ်နေတဲ့ အခါကျတော့လေ၊ အဲဒါနဲ့ နောက်တခေါက် တရုတ်ကို လိုက်သွားခဲ့တယ်။”

အားကစားကို အာရုံနှစ်ပြီး လေ့ကျင့်နေပေမယ့် ရွာမှာကျန်ခဲ့တဲ့ သူ့မိဘတွေအတွက် အမြဲပူပန်နေခဲ့ပါတယ်။ မပြေလည်တဲ့ မိဘတွေကို သူ့ချွေးနှဲစာထဲကနေ ရသလောက် ထောက်ပံ့ခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက အမေကလည်း အဆင်မပြေ၊ အမတွေကလည်း သူ့ဘေးမှာ တယောက်မှမရှိတဲ့အခါကျတော့လေ အိမ်အတွက်လည်း စိတ်ပူခဲ့တယ်။ ဘယ်လိုနေမလဲ၊ အဖေကလည်း နေမကောင်းတဲ့အခါကျတော့ အိမ်က ဘယ်လိုဖြစ်မလဲမသိဘူးဆိုပြီးတော့။ အဲဒီတုန်းက ဖုန်းလည်းမရှိဘူးလေ။ ပြီးတော့ ဖုန်းဆက်ရမှာလည်း ဘယ်မှာဆက်ရမှာလဲ မသိဘူး။ တလကို မုန့်ဖိုး သုံးသောင်းရတယ်။ တသောင်းသုံးတယ်၊ နှစ်သောင်းကို အိမ်အတွက်ချန်ထားမယ်ဆိုပြီး ပိုက်ဆံတွေစုစုပြီး၊ မသုံးရဲဘူး အိမ်အတွက်ပဲစိုးရိမ်တယ်။ ပြီးတော့ အမေက ဆေးဖိုး ခနခနကုန်တယ်လေ။ အဲဒါနဲ့ အိမ်ကို ရတဲ့ပိုက်ဆံ ပြန်ပို့ခဲ့တယ်။”

ပြည်တွင်းပြည်ပမှာ လေ့ကျင့်နေရင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စင်ကာပူဆီးဂိမ်းကို ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ နိုင်ငံအတွက်လည်း အမျိုးသမီးလက်ဝှေ့အားကစားကနေ ကြေးတံဆိပ်ကို သူဆွတ်ခူးနိုင်ခဲ့ပါတယ်။

“အတွေ့အကြုံလည်း မရှိတဲ့အခါကျတော့ တံဆိပ်ရမယ်လည်းမထင်ဘူး။ တံဆိပ်ရတော့ အရမ်းကိုပျော်တာပေါ့။ ကိုယ့်နိုင်ငံအတွက်လည်း တံဆိပ်တခုရပြီဆိုပြီးတော့ ပျော်တယ်။ အိမ်ကိုလည်း နည်းနည်းထောက်ပံ့နိုင်ပြီဆိုပြီးတော့ အရမ်းကိုပျော်ခဲ့တာပေါ့။”

ဘရော်နီကာတယောက် အခါအခွင့်သင့်လို့ အားလပ်ရက်ရရင် ရှမ်း-ကယားနယ်စပ်က ကဖုရွာလေးမှာရှိတဲ့ သူ့မိဘတွေဆီကို ပြန်လေ့ရှိတယ်။ မိရိုးဖလာ တောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်တဲ့ ဘရော်နီကာရဲ့ မိဘတွေကတော့ သူတို့ရဲ့ မျိုးရိုးထဲမှာ လက်ဝှေ့သမားဆိုတာ မပါခဲ့သလို သမီးဖြစ်သူ လက်ဝှေ့ထိုးမှာကိုလည်း အရင်ကတည်းက လက်မခံခဲ့ပါဘူး။ နောက်ပြီး အပျိုအရွယ် သမီးငယ်လေးနဲ့ အဆက်အသွယ်မရတော့ စိုးရိမ်ပူပန်ခဲ့ကြတာပါ။

ဘယ်လိုပဲ စိုးရိမ်မှုတွေ၊ သဘောမတူမှုတွေရှိပေမယ့် သူ့သမီးရဲ့ ဝါသနာကိုတော့ မတားမြစ်နိုင်ပါဘူး။ ဒါပေမယ့် လက်ဝှေ့ထိုးတဲ့ သမီးတယောက် ဒဏ်ရာအနာတရ ကင်းစေဖို့တော့ မိဘမေတ္တာနဲ့ အဝေးကနေ ဆုတောင်းပေးနေကြပါတယ်။

ဘရော်နီကာတယောက် အခုဆိုရင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားဝန်းထဲက လက်ဝှေ့အားကစားရုံထဲမှာ ပဏာမ အမျိုးသမီးလက်ရွေးစဉ်အဖြစ် မနက်နဲ့ ညနေတိုင်း လေ့ကျင့်နေပါတယ်။ အခုတော့ လက်ဝှေ့ကမ့်ပ် စရောက်ကာစနဲ့ ကွာခြားသွားပါပြီ။

“အမြင်လည်းကျယ်လာတယ်၊ ပြီးတော့ စကားလည်း နည်းနည်း ပိုင်ပိုင်နိုင်နိုင် ပြောနိုင်လာတယ်။ လူကြားလည်း တိုးရဲတာပေါ့၊ လက်ဝှေ့နဲ့ပတ်သက်ရင်လည်း အရင်ထက်စာရင် တိုးတက်လာတယ်။”

ဘရော်နီကာဟာ ပင်ပန်းကြမ်းတမ်းတဲ့ လက်ဝှေ့အားကစားကို ဝါသနာပါသလို အခြားတဘက်မှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာကိုလည်း ခုံမင်သူပါ။ အဝေးက မိဘတွေ၊ သူငယ်ချင်းတွေကို သတိရတဲ့အခါ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ သူချစ်တဲ့သီချင်းတွေ နားထောင် သီဆိုရင်း ဖြေဖျောက်လေ့ရှိပါတယ်။ ထရိန်နင်အားတဲ့ တနင်္ဂနွေနေ့တိုင်းလည်း ဘုရားကျောင်းသွားပြီး ဝတ်ပြုလေ့ရှိပါတယ်။

လက်ဝှေ့အားကစားကနေ ဆုတံဆိပ်တွေယူပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးတယောက်ဖြစ်လာဖို့ လက်ရှိအချိန်မှာ ကြိုးစားနေပေမယ့် အနာဂတ်ကာလမှာတော့ တေးသံရှင်တယောက်ဖြစ်လာဖို့ သူ ရည်မှန်းထားတာပါ။

“တနေ့နေ့တချိန်ချိန် လက်ဝှေ့က နားခဲ့ရင် သီချင်းဘက်ကိုသွားမှာပေါ့။ သီချင်းလေး ကောင်းကောင်းပြန်ကျင့်မယ်။ ပြီးရင် အဆိုတော်ဖြစ်အောင်လုပ်မယ်လို့ စဉ်းစားထားတယ်။”

ရေရှည်မှာ အဆိုတော်တယောက်အဖြစ် ဘဝခရီးကို လျှောက်လှမ်းသွားဖို့ သူဆုံးဖြတ်ထားပေမယ့် သားသမီးတွေသာ ရလာခဲ့ရင် လက်ဝှေ့ပညာကို သင်ပေးသွားဖို့ ရည်မှန်းထားတယ်။

“သူငယ်သေးလို့ ကမ့်ပ်ထဲဝင်လို့ မရသေးဘူး၊ သူ တကယ်ပဲ လက်ဝှေ့ထိုးချင်တယ်ဆိုရင် ကိုယ်အားတဲ့အချိန် သူ့ကို မနက်၊ ည အချိန်ပေးပြီး လေ့ကျင့်ပေးမှာပေါ့။”

အဲဒီလို စိတ်ကူးအိပ်မက်တွေနဲ့ ဘရော်နီကာဆိုတဲ့ ကယန်းမလေးတယောက် သူ့ရည်မှန်းခက်တွေပြည့်ဖို့ လောကကြီးထဲက တကယ့်ကြိုးဝိုင်းထဲမှာ ချွေးသံတရွှဲရွှဲနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တင်ဆက် – စိုးသီဟ



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194091

Read More »

Monday, January 30, 2017

တရား လွှတ်တော် ရှေ့နေ ဦးကိုနီ၏ ကိုယ်ရေး အကျဉ်း




ရန်ကုန်၊ ဇန်န၀ါရီ ၂၉

တရား လွှတ်တော် ရှေ့နေ ဦးကိုနီအား အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ (ခ) ဒေါ်ဟလီမာ တို့မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာ ခရိုင်၊ ကသာ မြို့နယ်၊ အင်းရွာ ကျေးရွာတွင် မွေးဖွား ခဲ့သည်။

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ် ၀င်တန်း အောင်မြင် ခဲ့ပြီး ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ပညာဆည်းပူး ခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ ရရှိခဲ့သည်။

၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင် နှစ်တွင် ရန်ကုန် တက္ကသိုလ် ဥပဒေ အသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ် အတွင်း ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဥပဒေ ပညာ ဌာနတွင် နည်းပညာ ဆရာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိ ပြီးနောက် အဝေးသင် တက္ကသိုလ်တွင် နည်းပြ ဆရာ အဖြစ် ထမ်းဆောင်ရင်း ဆရာကြီး ဦးကိုယု ထံတွင် အလုပ်သင်
ရှေ့နေ၊ အမှုလိုက်ရှေ့နေ အဖြစ် လုပ်ကိုင် ခဲ့ကာ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင် မှတ်ပုံတင်ပြီး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာ ယဉ်နွယ်ခိုင်၊ ဒေါက်တာ အေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈၀ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း (အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ ကွယ်လွန် ချိန်တွင် အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဗဟို ဥပဒေ အဖွဲ့ အဖွဲ့ဝင် တရား လွှတ်တော် ရှေ့နေလည်း ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီး ဌာန၏ အင်ဒိုနီးရှား
လေ့လာရေး ခရီးစဉ် လိုက်ပါပြီး မြန်မာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ် လုပ်ကြံ ခံရခြင်း ဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by တင်ရွှေ (မဇ္ဈိမ)

Originally published at - http://mizzimaburmese.com

Read More »

Friday, November 11, 2016

မယ်လနီရာ ထရမ့် ဆိုတာ ဘယ်သူလဲ




နိုဝင်ဘာလ ၁၀ ရက်

ဒေါ်နယ်လ် ထရမ့်ဟာ ရီပက်ဘလစ်ကန် ပါတီ ကနေ အမေရိကန် နိုင်ရဲ့ နောက်တက်မယ့် သမ္မတ ဖြစ်လာပြီး ထရမ့် ဇနီး မယ်လနီရာလည်း ပထဦးဆုံး နိုင်ငံခြားသား သမ္မတ ကတော် ဖြစ်လာမှာပါ။

ဒါပေမယ့် သူမကို ကြည့်ရတာ လက်ရှိ သမ္မတ ကတော် မီရှဲ အိုဘားမားကို အားကျပုံ ရပြီး မစ္စက် အိုဘားမား ၂၀၀၈ ခုနှစ် ကွန်ဗန်းရှင်း မှာတုန်းက ပြောခဲ့တဲ့ မိန့်ခွန်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လ အိုဟိုင်းယိုး ပြည်နယ်၊ ကလယ်ဗယ်လန် မြို့ကြီးမှာ ကျင်းပခဲ့တဲ့ ရီပက်ဘလစ်ကင် ကွန်ဗင်းရှင်းမှာ မယ်လနီရာက သူမရဲ့ မိန့်ခွန်းလို လုပ်ပြီး ပြောခဲ့ တယ်လို့ စွပ်စွဲခံခဲ့ ရပါသေးတယ်။

သူမကတော့ တတ်နိုင်သလောက် အကူအညီ နည်းနည်းပဲ ယူခဲ့ပြီး ဒီမေးခွန်းကို သူမ ကိုယ်တိုင် ရေးခဲ့ တာလို့ ပြောခဲ့ ပါတယ်။

သူမဟာ အခုလက်ရှိ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ်ကိုင်နေပြီး ဈေးဝယ်ချန်နယ်တခု ဖြစ်တဲ့ QVC မှာ သူမရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချတယ်လို့ သိရပါတယ်။ သူမရဲ့သားကို စောင့်ရှောက်ဖို့က နံပါတ် ၁၊ သူမ စီးပွားရေးက နံပါတ် ၂၊ သူမ ခင်ပွန်းကတော့ သူမအတွက် နံပါတ် ၃ ဆိုပြီး ဟာသ လုပ်ပြီး ပြော ပါသေးတယ်။

သဘာဝအတိုင်းနဲ့ ကျက်သရေရှိရှိလှပြီး အသက်ကြီးသွားတာကို သဘောကျတယ်လို့ သူမက GQ မဂ္ဂဇင်းကို ဧပြီလမှာ ပြောခဲ့ပါတယ်။ “လူတော်တော် များများ ပြောတာက ကျမက ကျမမျက်နှာကို ပြုပြင်ထားတယ်။ ကျမ ဘာမှ မလုပ်ထားဘူး။ ကျမ ကျန်းမာတဲ့ ဘဝမျိုးမှာ နေထိုင်တယ်။ ကျမရဲ့ အရေပြားနဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းတယ်။ ဘိုတော့စ်သုံးတာ၊ ဆေးတွေ ထိုးတာကိုလည်း မကြိုက်ဘူး။

အဲဒီလိုလုပ်တာက ရှင်တို့တွေရဲ့ မျက်နှာနဲ့ အကြောတွေကို ပျက်စီးစေတယ်၊ ကျမအမေလိုပဲ၊ ကျမက ကျက်သရေရှိရှိလှပြီးပဲ အသက်ကြီးသွားမယ်” လို့ သူမက GQ မဂ္ဂဇင်းကို ပြောခဲ့တာပါ။

မယ်လနီရာကို ၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ ယူဂိုဇလားဗီးယားနိုင်ငံရဲ့ ဆဗ်နီကာမြို့ (ယခု ဆလိုဗေးနီးယားနိုင်ငံရှိမြို့)မှာ မွေဖွားခဲ့ပြီး ယခု အသက် ၄၆ နှစ် ရှိပါပြီ။ သူမရဲ့ မူလအမည်က Melanija Knvas ဆိုပေမယ့် Melania Knauss ဆိုတဲ့ အမည်နဲ့ မော်ဒယ်တယောက်အဖြစ် ကျော်ကြားခဲ့တာပါ။

သူမဟာ အသက် ၇၀ ရှိပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်း ထရမ့်နဲ့ အသက် ၂၄ နှစ် ကွာပါတယ်။

နိုင်ငံတော်ပိုင် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အရောင်းမန်နေဂျာ ကွန်မြူနစ်ပါတီဝင် ဖခင် ဗစ်က်တော်နက်ဗ်စ်နဲ့ အထည်စက်ရုံမှာ အဆင်ဒီဇိုင်းရေးဆွဲသူ မိခင် အမယ်လီဂျာအယ်လ်နစ်က် တို့က သူမကို မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ မော်ဒယ်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

သူမ အသက် ၁၇ နှစ်အရွယ်မှာ ဓာတ်ပုံဆရာ စတိန်းဂျာကိုက သူမကို ရွေးချယ်ပြီး ဓာတ်ပုံပြပွဲအတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ စတိန်းဂျာရဲ့ သူမကို ရိုက်ခဲ့တဲ့ ဓာတ်ပုံရိုက်ချက်တွေက လူကြိုက်များပြီး အဲ့ဒီပုံတွေကတဆင့် အီတလီနိုင်ငံ မီလန်မြို့မှာရှိတဲ့ မော်ဒယ်အေဂျင်စီနဲ့ သူမအသက် ၁၈ နှစ်အရွယ်မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း မော်ဒယ်အလုပ်ကို လုပ်ခဲ့ပါသေးတယ်။

သူမဟာ ကက်ဝေါ့က်လျှောက်ရာမှာ ကျော်ကြားပြီး မဂ္ဂဇင်းစာမျက်နှာတွေမှာလည်း နေရာယူခဲ့တာပါ။ ထရမ့်ရဲ့ ဘိုးရင်းလေယာဉ် ၇၂၇ ကြေညာအတွက် မယ်လနီရာဟာ စိန်ထည်တွေ ဝတ်ဆင်၊ လက်ထိတ်ကိုဝတ်၊ ပစ္စတိုသေနတ်ကို ကိုင်ပြီး ဝတ်လစ်စလစ်ပုံနဲ့ ဗြိတိန်နိုင်ငံ GQ မဂ္ဂဇင်းရဲ့ ရှေ့စာမျက်နှာမှာ ပါခဲ့တာပါ။

၂၀၀၀ ခုနှစ် ရေကူးဝတ်စုံပြပွဲမှာလည်း သူမပုံတွေ ပါပါသေးတယ်။

“ကျမအမေက ဖက်ရှင်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တော့ ကျမအသက် ၅ နှစ်ကစလို့ ကက်တ်ဝေါ့က် လျှောက်နေပြီ။ အသက် ၁၆ နှစ်မှာတော့ ကြော်ငြာတွေ ရိုက်တယ်။ ကျမ ကျောင်းပြီးတော့ မော်ဒယ်အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ လုပ်ကိုင်ခဲ့တယ်။ ကျမအမေလည်း ဖက်ရှင်ကို နှစ်သက်တော့ ကျမနဲ့ ကျမအမေ ပဲရစ်နဲ့ အီတလီကို အလည်အပတ် သွားရတာလည်း ကြိုက်တယ်”လို့ သူမက ပြောခဲ့ပါတယ်။

သူမက ဥရောပဒေသတွင်းမှာ အလုပ်လုပ်တာကြောင့် ပညာကို ဆက်လက်သင်ခဲ့သလို အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဆာဘိုကရော့်တ် စကားတွေကို ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ ID မော်ဒယ် တည်ထောင်သူ ပါအိုလိုဇမ်ပေါ်လီက သူမနဲ့စာချုပ်ချုပ်ပြီး ဗီဇာပေးခဲ့လို့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ရောက်လာခဲ့ပါတယ်။

သူမဟာ ၂၀၀၁ ခုနှစ်မှာ အမေရိကန် ဂရင်းကဒ်ကို ရရှိခဲ့ပြီး နောက် ၅ နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံသား ဖြစ်လာတာပါ။

၁၉၉၈ ခုနှစ် မယ်လနီရာ အသက် ၂၈ မှာတော့ မက်ဟန်တန်က ကစ်ကက်ကလပ်ဘ်မှာ ပြုလုပ်တဲ့ ဇမ်ပေါ်လီရဲ့ပါတီပွဲမှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီး ထရမ့်က သူမရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့တာပါ။ ဒါပေမဲ့ ထရမ့်မှာ အဲ့ဒီအချိန်တုန်းက တွဲနေတဲ့သူရှိလို့ သူမရဲ့ဖုန်းနံပါတ်ကို မပေးခဲ့ဘဲ သန်းကြွယ်သူဌေးထရမ့်ရဲ့ ဖုန်းနံပါတ်ကိုသာ သူမက တောင်းခဲ့ပါတယ်။ ထရမ့်က သူရဲ့ရှိသမျှ ဖုန်းနံပါတ်တွေ အကုန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ၂ ဦး ချိန်းဆိုမှု လုပ်ခဲ့ကြပြီး ၂ ကြိမ် လက်ထပ်ခဲ့ဖူးတဲ့ ထရမ့်က သူမကို နယူးယော့ခ်မြို့ ဂလစ်ဇီဝတ်စုံအင်စတီကျူပြပွဲမှာ လက်ထပ်ခွင့်
တောင်းခဲ့ပြီး ဖလော်ရီဒါပြည်နယ် က ပမ်းလ်မ်ကမ်းခြေက အပီစကောပယ် ဘုရားကျောင်းမှာ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြတာပါ။



စေ့စပ်လက်စွပ်က ဒေါ်လာ ၂ သန်းတန် ဖြစ်ပြီး ဒီလို ကြီးကျယ်ခမ်းနားတဲ့နေ့မှာ အသုံးအဖြုန်း ကြီးနေတာက သိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။

လက်ထပ်ပွဲမှာ မယ်လနီရာ ဝတ်တဲ့ သတို့သမီးဝတ်စုံက ဗြိတိန်နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ ဂျွန်ဂယ်လီရာနိုရဲ့လက်ရာ ပေါင် ၁၄၀,၀၀၀ တန် ဝတ်စုံဖြစ်တယ်လို့ သိရပြီး သူတို့ရဲ့ လက်ထပ်ပွဲကို သမ္မတလောင်းရွေးပွဲ ပြိုင်ဘက် ဟီလာရီကလင်တန်နဲ့ သူမရဲ့ခင်ပွန်း သမ္မတဟောင်း ဘေလ်ကလင်တန်တို့အပြင် အခြား အနုပညာလောကက နာမည်ကြီးတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။

လောရီကင်းနဲ့ ပြုလုပ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းမှာ မယ်လနီရာက “ဒေါ်နယ်လို လူမျိုးကို လက်ထပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲ ဆိုတာ သိဖို့လိုတယ်။ သူကို လက်ထပ်မယ့်သူက အရမ်းခိုင်မာစိတ်ပြင်းပြပြီး တော်နေရမယ်” လို့ ပြောခဲ့ပါတယ်။

မယ်လနီရာဟာ ထရမ့်နဲ့ ဘဲရွန်ဝီလျမ်ထရမ့် ဆိုတဲ့ သား ၁ ဦးကို ၂၀၀၆ ခုနှစ်မှာ မွေးခဲ့ပြီး ကလေးက ဆလိုဗေးနီးယား ဘာသာစကားကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်ပါတယ်။ သူမရဲ့မိဘတွေလည်း အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ကြပြီး ထရမ့်ရဲ့ အထပ်မြင့် အဆောက်အဦနားမှာ နေကြတာပါ။

ထရမ့်ရဲ့ ယခင်အိမ်ထောင်ဖက် ၂ ဦးက မွေးဖွားခဲ့တဲ့ ကလေး ၄ ဦး ရှိတယ်လို့လည်း သိရပါတယ်။



၂၀၀၀ ခုနှစ်မှာ ထရမ့်က အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စဉ်းစားတော့ မယ်လနီရာက ဘယ်အခန်းကဏ္ဍမှာ လုပ်ဆောင်မလဲလို့ ထရမ့်က မေးခဲ့ ပါတယ်။ “ကျမက ဘက်တီဖို့ဒ် ဒါမှမဟုတ် ဂျက်ကီကနေဒီတို့လို့ အရမ်းရှေးရိုးဆန်တဲ့ပုံအတိုင်း ဖြစ်မှာပါ” လို့ ပြန်ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရေး စောင့်ကြည့်အကဲခတ်သူ စတီဗင်ဖစ်ရှာက “မယ်လနီရာက တမူ ထူးခြားတဲ့ သမ္မကတော်ဖြစ်မှာပါ” လို့ မေရာသတင်း ဌာနကို ပြော ခဲ့ပါတယ်။

“မဂ္ဂဇင်းစာမျက်နှာတွေထက်က သူမအကြောင်းက တကယ့်သူမ ဆိုတာထက် ပိုမမှန်ကန် နိုင်ပါဘူး”

“သူမက အရမ်းတော်တယ်။ ပညာကို အဆင့်မြင့်မြင့်တတ်တယ်။ ဂုဏ်သိက္ခာရှိတယ်။ နောက် သူမရဲ့အလှက အရေပြားတထောက်ပဲ မဟုတ်ဘူး။ သူမရဲ့ ခင်ပွန်းနဲ့ မတူဘဲ သူမဟာ နယူးယော့ခ်က မော်ဒယ်တယောက်ဖြစ်ပြီး အတော်အတန်လည်း လစ်ဘရယ်ဆန်တယ်။ စိတ်သဘောထားကြီးတယ်” လို့ စတီဗင်ဖစ်ရှာက ပြောခဲ့တာပါ။

သူမခင်ပွန်း ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ မယ်လနီရာက ပေါင် ၃၂၀၀ တန်တဲ့ ဂရိစတိုင် အဖြူရောင်အင်္ကျီကိုပဲ ရွေးဝတ်ဆင်ပြီး သူမရဲ့ခင်ပွန်းဘေးမှာ ရပ်တည်ခဲ့ပါတယ်။

ရွေးကောက်မတိုင်မီ စည်းရုံးလှုံ့ဆော်ရေး ကာလတွေမှာလည်း သူမရဲ့ ဈေးကြီးလှတဲ့ သားမွေးထည်တွေ၊ ပေါင်ရင်းကနေ ခွဲထားတဲ့ ဂါဝန်တွေ၊ ဖော်ထားတဲ့ အဝတ်အစားမျိုးတွေကို မဝတ်ဆင်ဘဲ လုံလုံခြုံခြုံရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ပြီး တာဝန်ကျေတဲ့ ဇနီးတယောက် အနေနဲ့ စိတ်ရော ကိုယ်ပါ လုပ်ဆောင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175614

Read More »

Wednesday, August 17, 2016

ငါးကင်ရောင်းရင်း စာကြည့်တိုက်ထောင်သူ ကိုဇော်ဇော် ကို ဒေါ်စု ချီးကျူး ဂုဏ်ပြု


ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခံရသူ ကိုဇော်ဇော် ဓါတ်ပုံ - မန္တလေး စာကြည့်တိုက် ဇော်ဇော်


နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်၂၀၁၆ ခုနှစ် ဇူလိုင်လ အတွက် ချီးကျူး ဂုဏ်ပြု ထိုက်သူ အဖြစ် ရွေးချယ် လိုက်တဲ့ သူကတော့ အခမဲ့ စာကြည့်တိုက်များ တည်ထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းက ကိုဇော်ဇော် ဖြစ်ပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရွေးချယ်ဂုဏ်ပြုခံရတဲ့အပေါ် ရန်ကုန်မှာ ငါးကင်ရောင်းရင်း ရလာတဲ့ ချွေးနည်းစာနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တိုင်းသုံးတိုင်းမှာ အခမဲ့စာကြည့်တိုက်တွေ တည်ထောင်နိုင်ခဲ့သူကိုဇော်ဇော်က မြန်မာနိုင်ငံတဝှမ်း စာကြည့်တိုက်တွေ အများကြီးတည်ထောင်နိုင်အောင် ဆက်ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရသစ် တက်လာစအချိန်ကစလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လစဉ် အလိုက်
မြန်မာပြည် တဝှမ်း နိုင်ငံသားတွေရဲ့အကျိုး ကို ထူးထူးခြားခြား သယ်ပိုးဆောင်ရွက်နိုင်ခဲ့သူတွေကို ချီးကျူးဂုဏ်ပြု ထိုက်သူတွေ အဖြစ် ပြီးခဲ့တဲ့ မေလက စလို့အဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကို ရွေးချယ် ချီးမြင့်ခဲ့တာပါ။

ဒီလ ဇူလိုင်လအတွက် ရွေးချယ်ခံရသူကတော့ ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက် ထူထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကတောကျေးရွာအုပ်စု စည်သာကျေးရွာသား လူငယ်တဦးဖြစ်တဲ့ ကိုသိန်းဇော်လို့ခေါ်တဲ့ ကိုဇော်ဇော် ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ချီးမြှောက်ခံရတဲ့အပေါ် သူ့အနေနဲ့ မျှော်လင့်မထားဘူးလို့ ကိုဇော်ဇော် က ဗွီအိုအေမြန်မာပိုင်း ကို အခုလိုသူ့ခံစားချက် ပြောပြပါတယ်။

“၀မ်းတော့သာတာပေါ့ မျက်ရည်တောင်ကျမိတယ်လေ။ ဘယ်လိုမျက်ရည်ကျမိသလဲဆိုတော့ ကျနော်လေးစားရတဲ့ပုဂ္ဂိုလ်တယာက်က ကျနော်သိပ်ချစ်တဲ့ မေမေပေါ့လေ အဖိအနှိပ် အချုပ်အချယ်တွေခံပြီးတော့ တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ မေမေတယောက်ကနေပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒီလိုအသိ အမှတ်ပြုပေးတဲ့ အတွက် ကျနော်ဟာ အကယ်ဒမီပေါင်း များစွာကို ရတဲ့မင်းသားကြီး ထက်တောင် ပိုပျော်မိ ပါတယ်ခင်ဗျ။”

ကျောက်ပန်းတောင်းက ကိုဇော်ဇော်ဟာ အတန်းပညာအားဖြင့် လေးတန်းအထိပဲ ကျောင်းပညာသင်ကြားခွင့်ရခဲ့ပြီး ရန်ကုန်မြို့မှာ ကိုယ့်ဒူးကိုယ်ချွန် သမ္မာအာဇီဝ ငါးကင်ရောင်းရင်းနဲ့ စာအုပ်လေးတွေကို ကိုယ်တိုင် စက်ဘီးနင်းရင်း အခမဲ့ လိုက်လံဌားရမ်းခဲ့သူပါ။ နောက်မှာတော့ တနိုင်တပိုင် အခမဲ့စာကြည့်တိုက်လေးတွေ ဖွင့်နိုင်ဖို့ ကြိုးစားခဲ့တာကနေ အခုဆိုရင်တော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တိုင်းသုံးတိုင်းမှာ မန္တလေးအခမဲ့စာကြည့်တိုက်ငါးတိုက်အထိ တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး စာအုပ်လိုအပ်တဲ့နေရာတွေကိုလည်း လက်လှမ်းမှီသလောက် ပို့ဆောင်လှူဒါန်းပေးနေသူပါ။

အခုလို သူ့အနေနဲ့ အခမဲ့စာကြည့်တိုက်လေးတွေ ပေါ်လာဖို့ စိတ်ကူးရခဲ့ပုံကိုလည်း အခုလိုရှင်းပြပါတယ်။

“အဓိကတော့ မခံချင်စိတ်နဲ့ခင်ဗျ။ ရန်ကုန်မြို့ကိုတက်ခဲ့တယ်။ ရန်ကုန်မြို့ကိုတက်ခဲ့တော့ ကျနော်စာကြည့်တိုက်ထဲတွေကို ၀င်တယ်။ မြန်မာပြည်အရပ်ရပ်က စာကြည့် တိုက်တွေ ၊ ရန်ကုန်မြို့က စာကြည့်တိုက်တွေက ကျနော်တို့ လမ်းဘေးဈေးသည် အညာသား တယောက်ကို ယုံကြည်မှု့အပြည့်နဲ့ စာအုပ်တွေကို မဌားဘူးပေါ့လေ။

Member ပေးရမယ်၊ မှတ်ပုံတင် ၀င်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ကန့်သတ်ချက်တွေက များနေခဲ့တယ်လေ။ အဲဒါကို ကျနော်က မခံချင်စိတ်နဲ့ပေါ့လေ။ ကျနော်လို စာငတ်တဲ့လူတွေ စာမဖတ်နိုင်မှာကို အရမ်းကြောက်တယ်လေ။ ကျနော်လို လေးတန်းအောင်တယောက်လောက်တောင် စာပေတွေဖတ်ခဲ့လို့ အသိပညာတွေ ရှိခဲ့ရင်
မြန်မာပြည်မှာရှိတဲ့ ဘွဲ့ရပညာတက်တွေ ၊ သူများနိုင်ငံမှာလုပ်နေတဲ့ လူငယ်တွေ သာ စာပေကိုဖတ်လိုက်လို့ရှိရင် အသိပညာလည်းများစွာရှိမယ် ၊ တိုင်းပြည်လည်း တိုးတက်မယ် ဆိုတဲ့ ခံယူချက်နဲ့ ကျနော်က စာအုပ်စာပေတွေကို မှတ်ပုံတင် မလိုဘူး ၊ Member မလိုဘူး အခမဲ့ ဌားရမ်းပေးတာပါခင်ဗျ။”

ကိုဇော်ဇော်ကတော့ အခုလို နိုင်ငံတော်က ဂုဏ်ပြုတဲ့အပေါ် ခွန်အားယူပြီး သူ့အနေနဲ့ သူ့ကိုယ်ပိုင်ခွန်အားနဲ့ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စာဖတ်ခန်းတွေ စာကြည့်တိုက်လေးတွေ မြောက်မြားစွာပေါ်လာအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ဆက်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

“မြန်မာပြည်သူပြည်သားများကိုယ်စား၊ စာပေလောကသားများကိုယ်စား အရမ်းဝမ်းသာတယ်ပေါ့နော်။ ဘာကြောင့် ၀မ်းသာသလဲဆိုတော့ ကျနော်တို့မြန်မာပြည်မှာ စာကြည့်တိုက်တွေက အများကြီး နိမ့်ပါးနေတယ်လေ။ ပရဟိတ ကို ကျနော်က တယောက်တည်းလုပ်တာဆိုတော့ ကိုကိုယ်တိုင်ကလည်း အပေါင်းအသင်းကလည်း မရှိဘူး၊ မဆန့်ဘူးလေ။ မရှိတော့ ကိုယ်ဒူးကိုယ်ချွန် ပဲ တနေ့ကို ငါးကင်ေ၇ာင်းရတဲ့နေ့က ငွေထဲက ပိုက်ဆံ ၃၀၀၀ ချန်တယ်။ ချန်ပြီးသွားလို့ရှိရင် တလကို ၉ သောင်းကို အဟောင်းကို ငါးသောင်း ဖိုး အသစ်ကို ၄သောင်းဖိုးဝယ်တယ်။ အဲဒီလိုနဲ့ ကျနော့်စာကြည့်တိုက် ရပ်တည် တာပါခင်ဗျ။

မဆုမွန်။ ။ ကိုဇော်ဇော်ကို ဒီဆုပေးမယ်ဆိုတာရောသိလား၊ မေးတာမြန်းတာလည်းရှိလား ။ သိလိုက်တဲ့အချိန်မှာ ဘယ်လိုများ စိတ်ထဲခံစားမိပါသလဲ။

ကိုဇော်ဇော်။ ။ ဘယ်လိုများခံစားမိလဲဆိုတော့ ကျနော်တို့ ဘာမှ မသိဘူး ကျနော်က အခုပဲ ငါးကင်သွားရောင်းမလို့ အချိန်မှာ သိလိုက်လို့တာ… ဖုန်းဆက်လို့ သိတာလေ။”

စာအုပ်စာပေကို အများပြည်သူ ဖတ်ရှု့နိုင်အောင် မျှဝေရင်း ဘဝကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး မျိုးဆက်သစ် လူငယ်တွေ စာပေလေ့လာ ဖတ်ရှု့နိုင်အောင် ကြိုးပမ်းတဲ့ အနေနဲ့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တတပ်တအားပါဝင်တဲ့လူငယ်တဦးအဖြစ်နဲ့ ကိုဇော်ဇော်ကို ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်တယ် ကိုဇော်ဇော်လိုပဲ လူငယ်တွေ မိမိတို့လူ့အဖွဲ့အစည်းအတွက် ဝိုင်းဝန်းကူညီပေးကြပါဆိုတာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ကျေးဇူးတင်လွှာထဲ မှတ်တမ်းတင်
ဖော်ပြ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လ ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်စလုံးမပါရှိခဲ့ပဲ သူငယ်တန်းကနေ ဆယ်တန်းအထိ စာသင်သက် (၁၇)နှစ်ကြာအောင် ဇွဲလုံ့လအပြည့်နဲ့ တက္ကသိုလ်ဝင်တန်း ကို အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့သူ မနော်ဒါးခူ ကို ရွေးချယ်ခဲ့ပါတယ်။

မေလအတွက်ကတော့ မိုးခေါင်ရေရှား အပူချိန်မြင့်မားပြီး သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ပြည်သူတွေကို သောက်သုံးရေပေးခဲ့တဲ့ လူငယ်တွေဦးဆောင်တဲ့ ရှင်သန်ရေး ကူညီမှု အသင်း( Noble Heart) ကို ပထမဆုံးအကြိမ် ဂုဏ်ပြုထိုက်သူ အဖွဲ့အဖြစ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ရွေးချယ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (မဆုမွန်)

Originally published at - http://burmese.voanews.com

Read More »

Sunday, August 14, 2016

သရုပ်ဆောင် လုပ်တော့မယ့် Myanmar Idol တင်ဆက်သူ ကျော်ထက်အောင်




အစီအစဉ် တင်ဆက်သူ အဖြစ်မှ သရုပ်ဆောင် ဘက်သို့ ခြေလှမ်း စတင် aတာ့မည့် ကျော်ထက်အောင်က ‘သူငယ်’ အမည် ဖြင့် ရုပ်ရှင် ဇာတ်ကားကို ဩဂုတ် အတွင်း ဝါရင့် အနုပညာ ရှင်များ နှင့် ရိုက်ကူးရန် အစီ အစဉ်ရှိ ကြောင်း ပြောသည်။

‘‘ငယ်ငယ် ကတည်းကတော့ သရုပ်ဆောင် ဝါသနာပါ ပါတယ်။ MC အလုပ် ကတော့ မိဘကို လုပ် ကျွေးတဲ့ အလုပ်၊ အသက်မွေး ဝမ်းaကျာင်းအလုပ် အနေနဲ့ ရပ်တည် ဖြစ် သွားတာ။ အကြောင်းကြောင်းကြောင့် သရုပ်ဆောင်ဘက် မဖြစ် တော့ဘူးလို့ စိတ်ဆုံးဖြတ် လိုက်တဲ့ အချိန် Myanmar Idol မှာ ထုတ် လုပ်ရေးက အစ်ကိုတွေ၊ အစ်မ တွေ ကတွေ့ပြီး ကမ်းလှမ်းလို့ ရိုက်ကူး ဖြစ်တာပါ’’ဟု ၎င်း ရုပ်ရှင်ရိုက် ကူးဖြစ်သည့် အကြောင်း ပြော သည်။

ရုပ်ရှင်ဘက်တွင် ၎င်း၏ နာ မည်ရင်း ကျော်ထက်ဖြင့် အနု ပညာလှုပ် ရှားမှုများ ပြုလုပ်မည် ဖြစ်ပြီး ‘သူငယ်’ရုပ်ရှင်ဇာတ်ကား ၌ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗိုနှင့် ခိုင်သင်းကြည်တို့ တွဲဖက် သရုပ် ဆောင်မည်ဖြစ်သည်။

‘‘သူငယ်ဆိုတော့ ဘယ်လို ကားမျိုးလဲဆိုပြီး သို့လောသို့လောတွေ တွေးစရာရှိမယ်။ ဒါပေမဲ့ ရုပ် ရှင်သဘောတရားနဲ့ ရုပ်ရှင်ကား ကို ကြည့်ပြီးရင်တော့ ဘယ်လိုလဲ ဆိုတာ သိမှာပါ။ နောက်ပြီး ဒါက ခေတ်ရေစီးကြောင်းထဲမှာ ခေတ် စားနေတဲ့ အရာတစ်ခုပါ။

ကျွန် တော်တောင် ရယ်စရာအဖြစ် ပြောနေသေးတယ်။ အရင်က ကျွန်တော့်ကို နာမည်မသိတော့ လမ်း မှာတွေ့ရင် Myanmar Idol ဆို ပြီးခေါ်ကြတယ်။

နောက်ပိုင်း တော့ သူငယ်ဆိုပြီး ပြောင်းခေါ် မယ်ထင်တယ်’’ဟု ကျော်ထက် အောင်က ပြောသည်။

အဆိုပါ ရုပ်ရှင်တွင် အမျိုး သမီးကြီးသုံးဦးနှင့် ရှုပ်သည့် ကောင်လေးတစ်ယောက်အနေ ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါဇာတ်ရုပ်အတွက် အဝတ် အစားပြင်ဆင်မှုမှအစပြု၍ သရုပ် ဆောင်မှုပိုင်းကိုလည်း ယခုအချိန် ကတည်းက ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

‘‘ပထမဆုံးတော့ ကျွန်တော့် ရဲ့ MC လေသံကို တော်တော် ဖျောက်ရပါမယ်။ ကြိုးစားယူရမှာ ပေါ့။ ပြောင်းလဲပြီထင်ပေမယ့် လည်း ကျွန်တော်ရိုးရိုးစကားပြော တာကအစ Idol မှာလိုလို၊ စတိတ် ပေါ်မှာလိုလိုဖြစ်နေတဲ့အတွက် ဒီဟာကို ကျွန်တော့်အနေနဲ့ လူ သားပိုဆန်အောင်၊ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေတဲ့လူတွေနဲ့ပြော သလို သရုပ်ဆောင်မှ MC ပုံစံပျောက်မှာပေါ့’’ဟု ကျော်ထက်အောင်က ပြောသည်။

Myanmar Idol ၏ 2nd Season တွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်တင် ဆက်မည်ဖြစ်ပြီး ‘သူငယ်’ရုပ်ရှင် ကို ဩဂုတ် ၂၀ ရက်ဝန်းကျင်တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူ များသည် MSM Group ၏ hotlineဖုန်းနံပါတ် 09-263311114 သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

From : 7day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/72688

Read More »

Saturday, July 30, 2016

လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ စတီဗင်ဇော်ကြီး အကြောင်း




ဖေ့စ်ဘုတ် လူမှု ကွန်ရက်ပေါ်မှာ အားပေး တဲ့သူ ဖော်လိုးဝါ (Follower) ၂ သိန်းကျော် ရှိနေတဲ့ အသက် ၄၀ အရွယ် ဖေ့စ်ဘွတ်ခ် ဆယ်လီ တယောက်။ သူ့နာမည်က စတီဗင် ဇော်ကြီး။

“ဦးဇော် နာမည် အရင်းတော့ မဟုတ်ဘူး။ ဒါကတော့ ဖေ့စ်ဘွတ်ခ် သုံးမှ စတီဗင် ဇော်ကြီးဆိုတဲ့ နာမည်ကို သုံးတာ ပေါ့နော်။ နာမည်ရင်းက ဝင်းဇော်။”

စတီဗင်ဇော်ကြီးဆိုပြီး ဖြစ်မလာခင် တုန်းကတော့ အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင် ခဲ့သူပါ။ ၂၀၁၅ ခုနှစ်လောက်မှ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ် မူတည်ပြီး သရော်တဲ့ ရယ်စရာ ဗွီဒီယိုဖိုင် အတိုလေးတွေ တင်ရာ ကနေ လူသိများ လာခဲ့တာပါ။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဗွီဒီယိုဖိုင် ကတော့ ရန်ကုန်မြို့ လှိုင်သာယာက နာမည်ကျော် မှုခင်း တခုကို သရော်ခဲ့တဲ့ ရယ်စရာ ဗွီဒီယို ဖိုင်လေးပါ။

“ဒီမှုခင်းကြီးပေါ်မှာ ဟာသလေး လုပ်ချင်တာ။ ဘာရယ် မဟုတ်ပါဘူး၊ မူဗီ (Movie) လေး လွယ်လွယ်လေး တမိနစ်လောက် ရိုက်လိုက် တာပါပဲ။ ပါလာတဲ့ အဖော်ကို ဘီယာဆိုင် အတွင်း ဓားနဲ့ထိုး၊ ကြောက်တတ်သူများ မကြည့်ရ။ ခေါင်းစဉ် အရကတော့ တော်တော်သွေးပျက် စရာ ကောင်းတယ်ပေါ့။

အဲဒီ မူဗီလေးက ပေါက်သွား ပြီးတော့ အဲ့မှာ ကွန်မန့်တွေက အမျိုးစုံ မန့်ကြတာ။ တချို့ကလည်း မိုက်တယ်၊ ရယ်ရတယ်၊ အမောပြေတယ်၊ တချို့ကလည်း တော်တော် ဆဲကြတာ။ ကောင်းတဲ့ ကွန်မန့်လေးတွေ ကြည့်ပြီး အစ်ကို နောက် မူဗီလေးတွေ ဖျော်ဖြေပေးချင် လာတာပေါ့နော်။ အဲဒါနဲ့ တကားပြီး တကား ရိုက်ပြီး တင်မိ တာပေါ့နော်။”



ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြစ်လာခဲ့တဲ့ အချိန်ကနေ တနှစ်ကျော်ကျော်အတွင်း ဟာသဗွီဒီယိုဖိုင် ၇၀ ကျော်ကျော်လောက် တင်ခဲ့ပြီး ဖြစ် ပါတယ်။ တင်ခဲ့သမျှ ဖိုင်တော်တော် များများဟာလည်း ပရိသတ်ရဲ့တုံ့ပြန်မှု အများ အပြား ရခဲ့ပါတယ်။

“တို့မြန်မာလူမျိုးဆိုတာလည်း ညီလေးသိတဲ့အတိုင်းပဲ၊ စိတ်ဖိစီးမှု တော်တော်ရှိကြတယ်။ အစ်ကို့မူဗီလေး တက်လာတဲ့အခါမှာကျတော့ မိနစ်တိုအတွင်း ရယ်ရွှင်မြူး ဖြစ် သွားတာပေါ့နော်။ စိတ်ပေါ့ပါးသွားတာပေါ့။

အဲ့ဒီအခါမှာ တချို့လည်း ဦးဇော် အားပေးတယ် ဆက်လုပ်ပေးပါ။ ကျနော်တို့ ဒီနေ့ ဆရာနဲ့စကားများလာတာ၊ ဦးဇော် မူဗီ ကြည့်လိုက်မှပဲ စိတ်ပြေသွားတယ်။ ကျနော်တို့ စကားများထားတာ၊ ဦးဇော် မူဗီ ကြည့်လိုက်တော့ စိတ်ပင်ပန်းတာတွေ ပြေသွားတယ်။ အကြောင်းအမျိုးမျိုးပဲ၊ ချက်ဘောက်မှာလာတယ်။ စာတွေပို့ကြတယ်။”

တနေ့တမျိုး မရိုးရအောင် ပွဲဆူတဲ့ အကြောင်းအရာတွေ မပြတ်ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်ဟာ သူ့အတွက်တော့ သရော်လှောင်ပြောင် ဟာသဖောက်တဲ့ ရယ်စရာဗွီဒီယိုတွေ ရိုက်ဖို့ ကုန်ကြမ်းရှာတဲ့ အဓိကနေရာပါပဲ။

“ဖေ့စ်ဘွတ်ခ်လိုင်းပေါ်ကရတာ များတယ်ပေါ့နော်။ အရင်တုန်းကဆိုရင် အိုင်ဒီယာတွေက ပိုပြီးတော့ရတယ်။ ဘာလို့လဲဆိုရင် ဒီမိုကရေစီနဲ့ ကြံ့ခိုင်ရေးက အပြိုင်လုနေတဲ့ အခါ ရွေးကောက်ပွဲမပြီးခင်က ပိုပြီးတော့ အိုင်ဒီယာ ရတယ်ပေါ့။ ဒီဘက်ခေတ် ကျတော့ အဲ့လိုမျိုး မရှိတဲ့ အခါကျတော့ အိုင်ဒီယာ နည်းနည်းလေး ခန်းတယ်ပေါ့နော်။ မျိုးစုံပါပဲ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြဿနာလေးတွေ ဖြစ်ကြတဲ့ အပေါ်မှာ အစ်ကိုက ပြန်ပြီးတော့ Troll ဖို့ စဉ်းစားရတာပေါ့။”

ဒီလိုမျိုး ကုန်ကြမ်းကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ယူရုံမက စတီဗင်ဇော်ကြီးရဲ့ ရယ်စရာမူဗီ တော်တော်များများမှာ သူနဲ့အတူတွဲပြီး သရုပ်ဆောင်နေကြ အဖွဲ့သား ငါးယောက်ဆီက အကြံဉာဏ်တွေနဲ့လည်း ရိုက်ကူးပါတယ်။



“တခါတလေ လုံးဝမထွက်ရင် ညီငယ် ညီမငယ်တွေကို မင်းတို့ စဉ်းစားကြဦး။ ငါ့ချည်း အားမကိုးနဲ့၊ မင်းတို့လုပ်ကြဦး။ သူတို့ကလည်း သူတို့အတွေ့အကြုံလေးတွေပေါ့ အကြောင်းအမျိုးမျိုးလေးတွေ ကိုယ့်ဟာကိုယ်စုပြီး မရိုက်ခင် အကြမ်းတိုင်ပင်ပြီးမှ ရိုက်တာမျိုးတွေလည်း ရှိတယ်။”

ဖေ့စ်ဘွတ်ခ်ဆယ်လီတယောက် ဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ တနေ့တာ အင်တာနက်သုံးတဲ့နှုန်းဟာ မြင့်တက်လာပြီး ကုန်ကျစရိတ်လည်း မြင့်တက်လာပါတယ်။

“တရက်ကို MB ၈၀၀ လောက်ကုန်တယ်။ အရင်တုန်းကဆိုရင် သာမန်ရိုးရိုး User ဆိုရင် တယ်လီနောက ရောင်းတဲ့ MB ၅၀၀၊ ၁၉၀၀ ဖိုးဆိုရင် တပတ်လောက် သုံးလို့ရတယ် လေးရက်ငါးရက်ပေါ့နော်။ အစ်ကိုတို့ ကျတော့ ဆယ်လီဖြစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ အဲ့လောက်မခံတော့ဘူး။ နိုတီတွေက အစုံတက်တာ။ ပေ့ခ်ျ တခုထောင်မယ်၊ ဂရုတခုထောင်မယ်ဆိုရင် အစ်ကို့နာမည်ကို ထိပ်ဆုံးကနေ ထည့်ထားတာ၊ သူတို့နိုတီတက်သမျှ ဖုန်းဘေကဖြတ်တာကိုး၊ ဖြတ်တဲ့အခါကျတော့ အမ်ဘီ ၈၀၀ လောက်ကုန်တယ်။”

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်လိုဝါ ၂ သိန်းကျော်ရှိတာကြောင့် စတီဗင်ဇော်ကြီး တင်လိုက်တဲ့ ဗွီဒီယိုဖိုင်တွေဟာ အားပေးသူတွေဆီကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားလေ့ရှိတာကြောင့် သူလူမှုကွန်ရက်ပေါ်မှာ တင်ပြီး ကြော်ငြာပေးလိုက်တဲ့ ထမင်းဆိုင်တဆိုင်ဟာ နေ့ချင်ညချင်းဆိုသလို ရောင်းအား ထိုးတက်သွားခဲ့ပါတယ်။

“သမီးတို့ထမင်းဆိုင်ကို လာစားပေးလှည့်ပါလို့ ခေါ်တယ်။ ခေါ်တော့ အေးလာခဲ့မယ်ပေါ့၊ ဝတ်ကျေတမ်းကျေပဲ ပြန်ပြောလိုက်တယ်။ ဖုန်းနံပါတ်ပေးလိုက်တယ်။ အဲနောက်မှာ ဆက်တိုက်ခေါ်တယ်။ သုံးခါလောက်ခေါ်တဲ့အခါကျတော့ သူတကယ်ခေါ်ရှာတာပဲ ဆိုပြီးတော့ ကျနော်နဲ့ အတူ ရိုက်နေတဲ့ ညီလေး ညီမလေးတွေနဲ့ ထမင်း သွားစားလိုက်တယ်။

စားပြီးတော့ သူတို့က ဦးပေါ့နော် ဒါလေးကို တင်ပေးဦးပေါ့နော်။ သူတို့က အများကြီးလည်း တောင်းဆိုတာ မဟုတ်ဘူး။ ကြော်ငြာပေးဦးလည်း မပြောဘူး။ သမီးတို့ကို ဒါလေးတင်ပေးပါလား၊ ဦးတို့စားတာလေးကိုဆိုပြီး။ အဲဒီလို တောင်းဆိုလိုက်တော့ ကျနော့် ဒီ ညီအစ်ကိုအဖွဲ့နဲ့ စားမယ့်ပုံလေးကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့ အခါကျတော့ ကျနော့်ရဲ့နောက်မှာ ဖန်တွေရှိတဲ့ အခါကျတော့ လူထုက တအား လိုက်လာတာ။ အဲ့ဆိုင်က တော်တော်လေး အောင်မြင်မှု ဖြစ်သွား တယ်ပေါ့နော်။”

အောင်မြင်မှုရဲ့နောက်မှာ ကျွဲကူးရေပါဆိုသလို ပါလာတာကတော့ အခွင့်အလမ်းတွေပါပဲ။ အခုဆိုရင် အကွက်မြင်တဲ့ စီးပွားရေးသမားတွေက သူတင်မယ့် ဗွီဒီယို ဖိုင်တွေမှာ ကုန်ပစ္စည်းကြော်ငြာတွေ ထည့်သွင်းပေးဖို့ ကမ်းလှမ်း တာတွေလည်း ရှိလာ ခဲ့ပါတယ်။

“ကိုဇော်ကြီးနဲ့ မန်းလေးသား အချင်းချင်း ရင်းနှီးတဲ့ အနေအထားရယ်၊ နောက်ပြီးတော့ ကိုဇော်ကြီးတို့က ဗွီဒီယိုတွေ ရိုက်ပြီး တင်နေတာ ဖြစ်တဲ့ အတွက်ကြောင့်၊ ပြီးတော့ ကျနော်တို့ ကလည်း ဗွီဒီယိုနဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်တဲ့ အတွက်ကြောင့် ကိုက်ညီမယ့် အနေအထားဖြစ်တာရယ်၊ ကိုဇော်ကြီးက လက်ရှိမှာ ဖေ့စ်ဘွတ်ခ် ဆယ်လီ ဖြစ်နေတာကြောင့် ကျနော် တို့က ကိုဇော်ကြီးရဲ့ ဗွီဒီယိုတွေမှာ ကျနော်တို့ရဲ့ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ပြီးတော့ ကျနော်တို့ Brand ကို ကြော်ငြာရင် ပိုပြီး ထိရောက် မယ်လို့ ယူဆတဲ့ အတွက် ကိုဇော်ကြီးကို အခုလို စပွန်စာပေးရခြင်း ဖြစ်ပါတယ်ခင်ဗျ။” လို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ တင်သွင်းရောင်း ချနေတဲ့ ကိုလင်းက ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ် ဆယ်လီ ဖြစ်ပြီးတဲ့နောက်ပိုင်း အမ်ပီတီ လက်အောက်ခံ ကုမ္ပဏီနဲ့ စာချုပ်တယ်။ ကျနော်က ကျနော့်မူဗီတွေ တင်တဲ့အခါကျရင် ကုန်အမှတ်တံဆိပ်တွေ ထိုးပေးဖို့ရာ ကမ်းလှမ်းလာကြပါတယ်။”

စမတ်ဖုန်းတွေကို ပေါပေါများများ ကိုင်လာနိုင်တဲ့ခေတ်မှာ လူမှုကွန်ရက်တွေပေါ် ထင်ပေါ်ကျော်ကြားကြတဲ့ စတီဗင်ဇော်ကြီးတို့လို ဖေ့စ်ဘွတ်ခ်ဆယ်လီတွေဟာ
ဖေ့စ်ဘွတ်ခ်ရဲ့ အပြင်ဘက် သွားလေရာမှာ မျက်နှာပွင့်ကြပါတယ်။

“တခေါက် ရန်ကုန်ကို သွားတဲ့အခါကျတော့ အစ်ကို ဟိုတယ်ကနေ ထွက်တဲ့အခါမှာ လိုင်းကားပေါ်ကနေ ဦးဇော်၊ ဟိုဟာ ဦးဇော်ဆိုပြီး အော်တာတွေ ကြုံဖူးတယ်။ တက္ကဆီသမားတွေက ဦးဇော်ရှေ့ကနေ ပိတ်ရပ်ပြီး ဆယ်လ်ဖီဆွဲတာတွေ ကြုံဖူးတယ်။ မန္တလေးမှာလည်းရှိတယ်။”

စတီဗင်ဇော်ကြီးရဲ့ ပရိသတ်တဦးကလည်း “ညီမကတော့ စုချစ်ဇော်ပါ။ စုချစ်က ဦးဇော်ရဲ့ အမာခံပရိသတ်။ ဦးဇော်ရဲ့ မူဗီတွေထဲမှာဆိုရင် တရုတ်စကားသင်တာကိုလည်း ကြိုက်တယ်။ ဓားပေါ်အိတ်ပြတာလည်း ကြိုက်တယ်။ လူကြီးတွေမရှိတုန်း ကြံစည်တာကိုလည်း ကြိုက်တယ်။ အကြိုက်ဆုံးကတော့ ပထမဆုံးကြည့်မိတဲ့ တရုတ် စကားကို အရမ်းကြိုက်တာ။ ကြိုက်လွန်းလို့ အဲ့ဒါကို ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ ဆေ့ဗ်ထားတယ်။” လို့ ပြောပါသေးတယ်။

“မန္တလေးမှာတော့ အစ်ကိုက ဆယ်လီမဖြစ်ခင်က ပေါ့ပေါ့ပါးပါးပဲ သွားနေတာပေါ့နော်။ နောက်ပိုင်းကျတော့ အစ်ကိုနဲ့တွဲနေတဲ့ ညီလေးတွေနဲ့ပဲ သွားတော့တာ။ လန့်တာလား၊ အရိုက်ခံရမှာ ကြောက်လို့လား၊ အဲ့လိုတော့ မဟုတ်ဘူး။ နည်းနည်းလေးတော့ စိတ်အနှောင့်အယှက် ဖြစ်တယ်လေ။ ဒီညီလေးတွေပါတော့ ဘာပဲဖြစ်ဖြစ် သွားရလာရတာ အိနြေ္ဒရတယ်လေ။ အဲဒါကြောင့် ဘယ်သွားသွား ဒီငါးယောက်အဖွဲ့နဲ့ပဲ သွားဖြစ်တာ။”

ပျံ့နှံ့လွှမ်းမိုးမှုနှုန်း မြန်ဆန်လှတဲ့ ဖေ့စ်ဘွတ်ခ်မှာ ထင်ရှားကျော်ကြားလာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီတွေဟာ သူတို့ရဲ့ ထင်ရှားကျော်ကြားမှုကို သုံးချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကြောင့် ငွေကြေးအရပါ အောင်မြင် လာကြပါတယ်။

“ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်လာတဲ့ စတေးတပ်လေးတကြောင်းဖြစ်ဖြစ်၊ တယောက်နဲ့တယောက် ပြဿနာဖြစ်တာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်း ဆိုင်ရာတော့ အစ်ကိုရှောင်တယ်။ နိုင်ငံရေးဖြစ်ဖြစ် Troll လိုက်တဲ့သဘောပါပဲ။ လူရွှင်တော်လို့လည်း မခံယူဘူး၊ အနုပညာရှင်လို့လည်း မခံယူဘူး၊ အကြောင်းအရာတခုပေါ်မှာ Troll လိုက်ရရင် ကျေနပ်တယ်။”

ဘာလိုပဲဖြစ်ဖြစ် အချိန်နဲ့ငွေတွေ အကုန်ခံပြီး သုံးနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်က ဖေ့စ်ဘွတ်ခ်သုံးသူတွေကြားမှာ မန္တလေးက ကိုဝင်းဇော်တယောက်ကတော့ စတီဗင်ဇော်ကြီးဆိုတဲ့ နာမည်တလုံးနဲ့ ဝင်ငွေပြန်ရနေသူတယောက်ဖြစ်လို့နေပါပြီ။

From : ဒီဗွီဘီ by မျိုးမင်းဦး

Originally published at - http://burmese.dvb.no/archives/161418

Read More »

Friday, July 29, 2016

ဂုဏ်သိက္ခာများနှင့် အိမ်ပြန်ချိန်




နိုင်ငံရေး အဖိုးအို တယောက်ရဲ့ အိမ်ပြန် ချိန်မှာ ရတဲ့ ဆုလာဘ်က “ခံဝန်ချက် လက်မှတ်ထိုး၊ အသနား ခံစာတင်၊ ဘယ်ထဲမှ ၀င်မပါနဲ့၊ ဆွေမျိုးတွေ နဲ့ပဲတွေ့” တဲ့လား။

ကမ္ဘာအနှံ့ ပြန့်ကျဲ နေတဲ့ က၀ိအိုတွေ။ တိုင်းပြည် အတွက် နှစ်ပေါင်းများစွာ “တောဖြတ်၊ ထောင်ဖြတ်” ခဲ့ရသူတွေ။ ရောက်ရာ နေရာမှာ အတွေးရော အလုပ်ရော
မြန်မာပြည် အတွက် ပေးဆပ်နေ သူတွေ။ ဘယ်တော့ “ခံဝန်ချက် ထိုးရတဲ့ ဘ၀” က လွတ်မလဲ။

“က၀ိအို၏ အိမ်ပြန်ချိန်” ဟူသော ရင်ဖွင့်သံ ဆောင်းပါးထဲက မေးခွန်းများကို ဖြေဖို့ ကြိုးစားရင်း “ဆရာ” ၏ သိမ်မွေ့ ရိုးစင်းသော မျက်နှာကို မြင်ယောင် မိသည်။

တိုးတိုး ညင်သာ လေသံဖြင့် မိမိ ယုံကြည်ချက်ကို မလျှော့တမ်း ပြောတတ်သော ဆရာ့ကို မြင်ယောင် လာသည်။ ခေါက်ဆွဲခြောက် ရေနွေးစိမ်ကို နေ့လယ်စာ အဖြစ် စားရင်း မြန်မာ့နိုင်ငံရေး ပုစ္ဆာကို လေးလေး နက်နက် တွက်ချက် အဖြေ ရှာနေသည့် ဆရာ့ကို မြင်ယောင် မိသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ဆရာ့ကို ဖုန်းလှမ်း ဆက်ရင်း “အိမ်ပြန်ချိန်တော့ နီးလာပြီလား မသိဘူး ဆရာ”ဟု မေးရာ ဆရာက “နီးလာပြီလို့တော့ ထင်ရတာပဲ” ဟု ပြန်ပြော ခဲ့သည်။

ထိုအချိန်မှ ကိုးနှစ်ကြာသည့် ယနေ့ အချိန်အထိ ဆရာသည် အိမ်ကို ပြန်မရောက်သေးပေ။ ဆရာ၏ အိမ်ပြန်ချိန်သည် နောက်ကျ လှပါကလား။

ကျနော်တို့က “ဆရာ” ဟု ခေါ်သူကား အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သော ဒေါက်တာ စိန်ဝင်း (ယခင်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ (NCGUB) ၏ ၀န်ကြီးချုပ်) ဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင် ကိုးဦးတွင် ပါဝင်သော ဦးဘ၀င်း၏ သားဖြစ်၏။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း၏တူ ဖြစ်၏။
ဒေါ်အောင်ဆန်း စုကြည်၏ အစ်ကို ၀မ်းကွဲ ဖြစ်၏။

စင်စစ် ဆရာ့ကို နိုင်ငံရေး သမားဟု ခေါ်ရမည်ထက် သင်္ချာ ပညာရှင် တဦးဟု ခေါ်သည်က ပိုပြီး ဆီလျော်မည်။ ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သော ဆရာသည် ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဘာသာဖြင့် သိပ္ပံဘွဲ့ (Bachelor of Science) ရသည်။

၁၉၇၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နှင့် ၁၉၇၉ ခုနှစ်တွင် ပါရဂူဘွဲ့  (Doctorate of Science) ရသည်။ ထို့နောက် သီရိလင်္ကာနိုင်ငံ ကိုလံဘို တက္ကသိုလ်နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်တို့တွင် အလုပ် လုပ်သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ လုပ်သားကောလိပ်တွင် ကထိက လုပ်သည်။ အသက် ၄၄ နှစ် အထိ ပညာရပ် နယ်ပယ် အတွင်း ပျော်မွေ့နေခဲ့သည့် ပညာရှင် တဦးသာ ဖြစ်ပေသည်။

သို့သော် ပညာကို ဆန့်ကျင်သော အာဏာရှင် ခေတ်သည် ဆရာ့ အတွက် မဟုတ်ခဲ့ပေ။ လွတ်လပ်စွာ ဉာဏ်ကွန့်မြူး လိုသော ဆရာတို့လို ပညာရှင် မျိုးကိုလည်း အာဏာရှင် စနစ်က အလို မရှိခဲ့ပေ။ ဆရာတို့ ပျော်မွေ့ ခဲ့သော ရန်ကုန် တက္ကသိုလ်သည်ပင် အာဏာသားတို့ လက်ချက်ကြောင့် ပညာ ဥယျာဉ်ကြီးအဖြစ်မှ ဖုန်းဆိုးတော ဖြစ်ခဲ့ ရလေသည်။

သို့ဖြင့် ရှစ်လေးလုံး အရေးတော် ပုံကြီးနှင့်အတူ ဆရာသည်လည်း နိုင်ငံရေး သမားဘ၀သို့ ကူးပြောင်း လိုက်သည်။

ပညာရပ်ဝန်းဖြစ်သော ရန်ကုန် တက္ကသိုလ်က ဖုန်းဆိုးတော ပမာ ဖြစ်ခဲ့ရသည့်အချိန်တွင် အာဏာ ရပ်ဝန်းဖြစ်သော မြန်မာ့နိုင်ငံရေး နယ်မြေ သည်လည်း လူလူချင်း အမဲ လိုက်သည့် တောရိုင်း ကန္တာရ တခုပမာ ဖြစ်ခဲ့ ရလေသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်လိုက်သော ကိုယ်စားလှယ်များသည် အကျဉ်းထောင်အတွင်းသို့ ၀င်သူဝင်၊ တောလမ်းကိုဖြတ်ကာ တပြည် ရပ်ခြားသို့ ရှောင်ခွာသူ ရှောင်ခွာ ခဲ့ရသည်။

ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရစဉ် အစ်ကိုဖြစ်သူ ဒေါက်တာ စိန်ဝင်းသည် မြန်မာပြည်ကို စွန့်ခွာပြီး ပြည်သူ့ ဆန္ဒကို သရုပ်ဖော် ခဲ့ရသည်။ ပြည်သူ့ ကိုယ်စားလှယ် များနှင့် အမျိုးသား ညွန့်ပေါင်း အစိုးရကို ဖွဲ့စည်းကာ ၀န်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့သည်။ ဒီမိုကရေစီ အလံကို ခိုင်ခိုင် မာမာ လွှင့်ထူပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် အံတုခဲ့သည်။

၂၀၁၀ ခုနှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသော ဒေါ်အောင်ဆန်း စုကြည်က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်သော် ဆရာသည် အမျိုးသား ညွန့်ပေါင်း အစိုးရကို တရားဝင် ဖျက်သိမ်း လိုက်ပါသည်။

မြန်မာ့နိုင်ငံရေး၏ အပြောင်း အလဲကို ဆရာ လက်ခံသည်။ မြန်မာ့ အပြောင်း အလဲတွင် ညီမဖြစ်သူ၏ ခေါင်းဆောင်မှု အခန်း ကဏ္ဍက အလွန်အရေး ပါသည်ကို သူ လက်ခံသည်။ ဆရာကား မင်းသားကြီး မလုပ် ရသဖြင့် ပတ်မ ထိုးဖောက်မည့် သူမျိုး မဟုတ်။

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရ ဖွဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က
နိုင်ငံခြားရေး ၀န်ကြီး တာဝန်ကို ယူသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်သည်။ သို့ဖြင့် ဆရာသည် အိမ်ပြန်ချိန် တန်ပြီဟု ဆုံးဖြတ် လိုက်တာ ဖြစ်နိုင်သည်။

ညီမဖြစ်သူ၏ စွမ်းရည်ကို သူယုံကြည်သည်။ မြန်မာ့နိုင်ငံရေး ပုစ္ဆာကို ညီမဖြစ်သူက အဖြေ ထွက်အောင် တွက်နိုင်ပေလိမ့်မည်။ သင်္ချာ ပညာကို မြတ်နိုးသော သူ့အဖို့ သင်္ချာ ပုစ္ဆာများကို တွက်ချက်ခြင်းဖြင့်သာ ဘ၀၏ နိဂုံးပိုင်းကို ဖြတ်သန်းခြင်းသည် ပျော်မွေ့ဖွယ် အကောင်းဆုံး ဖြစ်မည် မဟုတ်လော။ အိမ်ပြန်တော့မည်ဟု ဆရာ ဆုံးဖြတ် လိုက်သည်။

သို့သော် ကံကြမ္မာ၏ လှောင်ပြောင်မှု (Irony of Fate) ဟုသာ ဆိုရမည်လားမသိ။ ပြည်ဝင်ခွင့်ဗီဇာရရှိရန် ၀န်ခံ လက်မှတ် ထိုးရမည်တဲ့။ ဘာကြောင့်လဲ။ မည်သည့်
ပြစ်မှုကို ဆရာ ကျူးလွန် ဖူးသလဲ။ ယင်းမှာ ၀န်ခံ လက်မှတ် ထိုးခိုင်းသူ အနေနှင့် တိတိ ကျကျ ဖြေဆို ရမည့် မေးခွန်းဖြစ်ပါသည်။

စင်စစ် ဒေါက်တာ စိန်ဝင်း ထံတွင် အပြစ် ရှိသည် ဆိုအံ့။ ယင်းအပြစ်မှာ အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်ကာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ဆောင်ရွက် ခဲ့သည့် အပြစ်သာ ဖြစ်ပေ လိမ့်မည်။

ဒီမိုကရေစီဘက်တော်သားတို့နှင့် ပူးပေါင်းလက်တွဲကာ လူ့အခွင့်အရေး တိုက်ပွဲကို ဆင်နွှဲခဲ့သည့်အပြစ်သာ ဖြစ်ပေလိမ့်မည်။ သူ၏ဖခင် ဦးဘ၀င်း၊ သူ၏ဦးလေး ဗိုလ်ချုပ်အောင်ဆန်း၊ သူ၏ညီမ ဒေါ်အောင်ဆန်း စုကြည်တို့ ကဲ့သို့ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာ ရှိသောနိုင်ငံ၊ လွတ်လပ်ငြိမ်းချမ်းသောနိုင်ငံ တခုဖြစ်အောင် ဘ၀နှင့် ရင်းပြီး ကြိုးပမ်း ခဲ့သည့် အပြစ်သာ ဖြစ်ပေလိမ့်မည်။

ငါတို့အိပ်မက်ဟူသော ကဗျာ စာအုပ်တွင် ပါရှိသည့် (၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ) ကိုကိုကြီး၏ “အိမ်ဝေးရွှေများသို့” ကဗျာကို ဖတ်ရလျှင် ဆရာ မျက်ရည် ကျလိမ့်မည်။

“မြန်မာပြည်ရှိရာ၊ ခေါင်းပြုအိပ်ကြ။

သေသူတွေကို၊ ဂုဏ်ပြုကြ။

ရှင်သူတွေချင်း၊ ယိုင်းပင်းကြ။

အရုဏ်ဦး၊ မီးပုံပွဲ ဆင်နွှဲကြ” တဲ့။

ဆရာကား မြန်မာပြည်ကို ခေါင်းပြုပြီး အိပ်ခဲ့ သည်မှာ နှစ်ပေါင်း သုံးဆယ် နီးပါး ရှိခဲ့ပြီ။ အရုဏ်ဦးမီးပုံပွဲကို ဆင်နွှဲရန် အိမ်ပြန်ချင်ပြီ။ ဆရာ့ကို ဂုဏ်သိက္ခာ ရှိရှိ အိမ်ပြန်နိုင်အောင် မည်သူ ရိုင်းပင်း မည်နည်း။ ။

မောင်သာမည

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161347

Read More »

Wednesday, July 27, 2016

ဆံရစ်ဝိုင်းနဲ့ ဂုဏ်ထူးတန်း ကျောင်းသူ


ဆံရစ်ဝိုင်းနှင့် ဂုဏ်ထူးတန်း ကျောင်းသူ မခင်မျိုးဦးကို စာသင်ခန်း အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ညီညီဇော်)


အညာမြေ ရွှေဘို၏ တက္ကသိုလ် မြေတွင် ရောင်စုံခြယ် ကျောင်းသား၊ ကျောင်းသူလေးများ အရောင် တဖျပ်ဖျပ် တောက်ပကာ တက္ကသိုလ်၏ အလှကို မွမ်းမံ နေကြသည်။

တက္ကသိုလ် မြေမှာ ပညာရည်နို့ သောက်စို့ရင်း နုနယ် ငယ်ရွယ် လှသွေး ကြွယ်ကြ ချိန်မို့ မည်သူ့ကိုပဲ ကြည့်ကြည့် နုပျို လန်းဆန်း တက်ကြွကာ ရွှင်လန်းမှု အပြည့်။

ငယ်ဂုဏ်ကလေးတွေ ကလည်းရှိပြန်၊ အရွယ် အလျောက် တတ်မြောက် လာသည့် ပြင်တတ် ဆင်တတ်မှု ကလေး ကလည်း ပါလာပြန် ဆိုတော့ ရွှေဘို တက္ကသိုလ်ထဲ ဝင်လိုက် ရသည်မှာ ရောင်စုံ ပန်းခင်း ကြီးထဲ ဝင်လိုက် ရသကဲ့ သို့ပင်။ စံပယ်လည်း စံပယ် အလျောက်၊ နှင်းဆီလည်း နှင်းဆီ အလျောက်၊ သဇင်လည်း သဇင် အလျောက် သူ့အတိုင်း အတာနှင့်သူ သူ့အလှနှင့်သူ လှသည်ချည်း။

ထိုသို့ အလှ ကိုယ်စီ ဝေဆာနေသည့် တက္ကသိုလ် ပန်းခင်းကြီး ထဲတွင် အခြားပန်း များနှင့်မတူ တစ်မူ ထူးသည့် အလှ တစ်မျိုးဖြင့် ဖူးပွင့်နေသည့် ပန်းကလေး တစ်ပွင့် ကိုလည်း မြင်တွေ့ ရမည် ဖြစ်သည်။ ထိုပန်းကလေးအမည် ကတော့ ခင်မျိုးဦးဟု ခေါ်လေသည်။

ခင်မျိုးဦးသည် မသွယ်လွန်း မဝိုင်းလွန်းသော အနေတော် မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားသည်။ ထိုမျက်နှာပြင်ပေါ်တွင် ထူထဲပြီး မှိုင်းညို့နေသည့် မျက်ခုံးနှစ်ဖက်က အလိုက်သင့်ကလေး ခုံးနေပါ၏။ မျက်ခုံးနှစ်ဖက်အောက်တွင်တော့ ရယ်လိုက်တိုင်း ကြည်လဲ့သွားသည့် မျက်ဝန်းတစ်စုံ တည်ရှိနေသည်။

ထိုမျက်ဝန်းတွေကြား ဖြောင့်စင်းနေသည့် နှာတံလေးက ခပ်သွယ်သွယ် စီးဆင်းနေလေသည်။ နှာတံအဆုံးမှာတော့ နှင်းဆီဖူးသဏ္ဌာန် နှုတ်ခမ်းအစုံက ခပ်တင်း တင်းလေးစေ့ထားသည်။ အားလုံး အချိုးညီစွာပေါင်းလိုက်တော့ ခင်မျိုးဦးသည် မိန်းမချောတစ်ယောက်ဟု ဆိုနိုင်လေသည်။

ခင်မျိုးဦး၏ မိန်းမချောအင်္ဂါရပ်ကို ပိုမိုတောက်ပစေသည့် အရာကလေးတစ်ခုကတော့ဖြင့် သူ့ခေါင်းထက်တွင် တည်ရှိလို့နေသည်။ ထိုအရာကလေးကြောင့် ခင်မျိုးဦးအလှ ပို၍ပေါ်လွင်ခဲ့ရသည်။ ဆန့်ကျင်ဘက် အမျိုးသားများသာမက အမျိုးသမီးချင်းပါ ငေးယူရသည်အထိ တောက်ပခဲ့ရသည်။ ထိုအရာလေးကတော့ ခင်မျိုးဦး၏ ဦးခေါင်း ထက်တွင် ကျက်သရေရှိစွာ စံမြန်းနေသည့် ဆံရစ်ဝိုင်းကလေးပင် ဖြစ်လေသည်။

အသက်(၂၀)အရွယ်ရှိ ပထမနှစ် ဂုဏ်ထူးတန်း ဓာတုဗေဒကျောင်းသူ ခင်မျိုးဦးသည် ရွှေဘိုတက္ကသိုလ်ရှိ ထိပ်တန်းအချော အလှစာရင်းတွင် ပါဝင်ပါသည်။ အထူးသဖြင့် နဂိုအလှမှာ ဆင့်ထားသည့် ဆံရစ်ဝိုင်းကလေးကြောင့်လည်း ရွှေဘိုတက္ကသိုလ်မှာ ရေပန်းစားလှသည်။ တက္ကသိုလ်ရောက်စ ပထမနှစ်က မောင်မယ်သစ်လွင် ကြိုဆို ပွဲတွင် ဓာတုဗေဒ ဘာသာရပ်၏ အလှ ဘုရင်မ (Queen) ဆုကိုလည်း ရရှိထားသူ ဖြစ်ပါ၏။

ခင်မျိုးဦးသည် တမင်တကာဟန်လုပ်ကာ ဆံရစ်ဝိုင်းထားခြင်းတော့ မဟုတ်ပါ။ သူသည် ကန့်ဘလူမြို့နယ် တည်ပင်ရွာဇာတိ ဖြစ်သည်။ သူခပ်ငယ်ငယ် (၆)နှစ်၊ (၇)နှစ် အရွယ်ကတည်းက အဘိုးဖြစ်သူသည် သူ့ဆံပင်ကို ဆံရစ်ဝိုင်း သဏ္ဌာန် ကိုက်ပေး လိုက်သည်။ တည်ပင်ရွာမှာ ဆံရစ်ဝိုင်းနှင့်နေသူ မရှိသော်လည်း အဘိုးက သူ့ဇာတိ ကန့်ဘလူနယ် ရှမ်းကုန်းရွာက ကျေးတောသူ တချို့တွေ နေသလို ဆံရစ်ဝိုင်း ကလေးဖြစ်အောင် ပုံသွင်းပေး လိုက်ခြင်း ဖြစ်သည်။

ခင်မျိုးဦးသည်လည်း အဘိုးဖြစ်သူ ပုံသွင်းပေးလိုက်သည့် မြန်မာဆန်ဆန် ဆံရစ်ဝိုင်းကလေးဖြင့်နေရသည်ကို သဘောကျလေသည်။ ရွယ်တူသူငယ်ချင်း ဘိုကေတွေကြား ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦးက တစ်မျိုး တစ်ဘာသာ ဆန်းလို့နေသည်။

ဆံရစ်ဝိုင်းဖြင့် ခင်မျိုးဦး လေးကို ကလေးဘာသာဘာဝ စနောက်ကြလျှင်လည်း ခင်မျိုးဦး ပြန်လှန်ပြောလေ့မရှိ။

နဂိုအနေအေးသည့် ကျေးတောသူလေးမို့ ပြောလေ စလေဖြစ်မည် စိုးသည်ကြောင့် အသာလေး ပြုံး၍သာ တုံ့ ပြန်တတ်သည်။

ဆံရစ်ဝိုင်းနှင့် ဂုဏ်ထူးတန်းကျောင်းသူ မခင်မျိုးဦးကို စာသင်ခန်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ညီညီဇော်)


ဆံရစ်ဝိုင်းထားသူတွေက အရွယ်ကလေး ရလာလျှင် ဆံပင်ကို အုပ်လုံး သိမ်းပြီး ရိုးရိုးဆံပင် ပုံစံဖြင့် နေလေ့ရှိကြသည်။ ခင်မျိုးဦးကတော့ ထိုသို့ မဟုတ်။ တက္ကသိုလ် တက်ရတော့လည်း ထိုဆံရစ်ဝိုင်းလေးကို မဖြုတ်ခဲ့။ ကျောင်းပိတ်၍ ရွာပြန်သည့် အခါတိုင်း အဘိုးဆီ ဝင်တွေ့သည့် အခါ အဘိုးဖြစ်သူက ‘‘ငါ့မြေး ဆံရစ်ဝိုင်း ဖြုတ်ချင် ပြီလား။ မဖြုတ်နဲ့ ဦးနော်’’ ဟု သူ့ဟာသူမေးပြီး သူ့မေးခွန်းသူ ပြန်ပိတ် သွားလေတိုင်း ခင်မျိုးဦး ရယ်မော ခဲ့ရသည်။ ‘‘မဖြုတ်ပါဘူး အဘိုးရဲ့’’ ဟု ခပ်ပြုံးပြုံးလေးဆိုတော့ ရိုးရာချစ် အဘိုးဖြစ်သူ ကျေနပ် ရတော့သည်။

ခင်မျိုးဦးက အဘိုး၊ အဘွားဆို ဆုံးမစကား အပြင် အဖေ၊ အမေတွေ၏ ရင်အုပ်မကွာ စောင့်ရှောက်မှု ကိုလည်း ကောင်းမွန်စွာ ခံယူခဲ့ရပါ၏။

အထူးသဖြင့် မြန်မာအမျိုးသမီးကလေးတွေ ဘယ်ပုံဘယ်လိုနေထိုင်ရမည်ဆိုတာကို မိခင်ဖြစ်သူမှလည်း အိမ်အလုပ်တွေ ကူခိုင်းစေရင်း သင်ပြပေးခဲ့သည်။ ထို့ကြောင့် မြို့ပြလူနေမှုတွေကြား တက္ကသိုလ်ကျောင်းတော်ကြီးရောက် ခင်မျိုးဦး၏ အပြုအမူအချို့တွေသည် အနည်းငယ်ကွဲပြားနေလေ၏။

ကြည့်လေ။ တက္ကသိုလ်ကျောင်းတော်ကြီးကိုရောက်တာ သုံးလေးနှစ်ကျော်၍ ဂုဏ်ထူးတန်းကျောင်းသူကြီး ဖြစ်လာသော်လည်း ဆံရစ်ဝိုင်းကျောင်းသူ ခင်မျိုးဦးသည် အခြားသူတွေလို ခေတ်ပေါ်အဝတ်အစားတွေ ဝတ်လေ့မရှိ။

ရွာက အမေချုပ်ပေးလိုက်သော ပါတိတ်ထည်နှင့် အခြားမြန်မာဝတ်စုံလေးတွေသာ သူ့ဆံရစ်ဝိုင်းလေးနှင့် လိုက်ဖက်စွာ ဝတ်ဆင်လေ့ ရှိသည်။

နောက်ပြီး ခေတ်ပေါ် အလှအပဆိုင်ရာ ပစ္စည်းတွေလည်း သုံးစွဲလေ့ မရှိ။ ရွာကနေ ကျောင်းတက်ဖို့ အဆောင်ကိုလာတိုင်း အိမ်မှာ အမေရောင်းသည့် ကျောက်ပျဉ်ကြီး တစ်ချပ်ကို အလေးခံပြီးရအောင် သယ်သည်။ ပြီးနောက် ရွှေဘိုက သနပ်ခါးတုံး စစ်စစ်ကို ဝယ်ကာ တဗြင်းဗြင်းသွေးပြီး သနပ်ခါး အဖွေးသားဖြင့် ကျောင်းတက်လေ့ ရှိသည်။

ဆံရစ်ဝိုင်းမို့ စုထုံးထား၍သာ မသိသာသည့် ဒူးလောက်အထိ ရှည်လျားနေသော ဆံပင်တွေအတွက်လည်း ခေတ်ပေါ်ဆံသားထိန်းသိမ်းရေးပစ္စည်းတွေ၊ အမွှေးနံ့သာတွေ မသုံး။ ရွာက အမေပင်ထည့်ပေးလိုက်သည့် ပလတ်စတစ်ဘူးလေးထဲမှ အုန်းဆီစစ်စစ်ကိုသာ ဆံသားတစ်အုံလုံး ရွှဲရွှဲစိုအောင် လိမ်းလေသည်။

‘‘ဘာလို့ မိတ်ကပ်တွေ ဘာတွေ မသုံးတာတုံး’’ ဟု မေးလိုက်လျှင်တော့ ပိုက်ဆံကုန်မှာစိုးလို့ဟု ရယ်ကျဲကျဲဖြေလေသည်။

ကျေးလက်နေ ကလေးတွေက ငယ်စဉ်ကတည်းက မိဘနှင့်အတူ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ရင်း ငယ်ဘဝဖြတ်သန်းခဲ့ရသူတွေမို့ အိမ်ကဆန်အိုး ဆန်မရှိလည်း ကလေးတွေက သိကြပါ၏။

မီးဖိုချောင်က ဆီပုလင်း ဖင်ကပ်လောက်သာ ကျန်သည်ကိုလည်း နားလည်ကြပါ၏။ ထိုကလေးမျိုးတွေထဲ တောင်သူသားသမီးဖြစ်သည့် ခင်မျိုးဦးလည်း ပါဝင် တာမို့ ငွေဘယ်လောက် ရှာရခက်တယ်ဆိုတာ နားလည်ပုံ ရလေသည်။

ရွာမှာထိုက်သင့်သည့် စီးပွားရေးအခြေအနေ ရှိသော်ငြားလည်း ခင်မျိုးဦးတစ်ယောက် ရှာရခက်သည့်ငွေကို ဗုံးပေါလအော သုံးမပစ်ရက်။ နွားနှင့်အတူ ဖက်ရုန်းနေမည့် အိမ်ဆိုင်အလုပ်၊ အိမ်အလုပ်ဖြင့် တစ်ဖက်တစ်လမ်း ဝင်ငွေရှာနေရမည့် အဖေတို့၊ အမေတို့ကို ခင်မျိုးဦး သနားလေသည်။ ကိုယ်တိုင်မရှာနိုင်သေးသည့် ငွေကို ကိုယ်တိုင် မသုံးချင်သေး။ ဂုဏ်ထူးတန်း တက္ကသိုလ်ကျောင်းသူကြီး မခင်မျိုးဦး၏ တစ်ရက်တာ ကုန်ကျငွေမှာ ထမင်းဖိုး၊ ဟင်းဖိုး အပါအဝင် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကြား ကုန်လေသည်။

တမင်တကာ ချွေတာခြင်းမျိုး မဟုတ်သော်လည်း ကျန်းမာရေးအတွက်သော် လည်းကောင်း၊ ငွေရေးကြေးရေး အတွက်သော်လည်းကောင်း ခင်မျိုးဦးတစ်ယောက် အဆောင်မှာတင် ချက်ပြုတ် စားသည်။ မိခင်က သမီး ခင်မျိုးဦး ကျောင်းတစ်ဖြတ် တက်ရတော့မည် ဆိုလျှင် လေးလစာ အတွက် ဆန်ဆယ်ပြည်လောက်ခြင်တွယ်၍ ထည့်ပေး လိုက်ပါသည်။

ဆန်တင်မကသေး။ ကြော်ဖို့၊ ချက်ဖို့အတွက်လည်း ဆီတစ်ပိဿာ၊ နှစ်ပိဿာ အမေက ထည့်ပေး လိုက်ပါသေးသည်။ ဆန်အိတ်တွေ၊ ဆီပုံးတွေဖြင့် ခင်မျိုးဦးတစ်ယောက် အဆောင် ရောက်ပါသည်။

ခင်မျိုးဦးတို့လို ရပ်ဝေးက ကျောင်းလာတက်သည့် ကျောင်းသူတွေထဲ တချို့ကလည်း ခင်မျိုးဦးလို ကိုယ်တိုင်ချက်စား သူတွေပါသည်။ ထို့ကြောင့် အဆောင်မှာ ဝိုင်းချက် စားကြသည်။ တစ်ယောက် တစ်ခွက် ဝိုင်းလို့ ချက်ရင်း ဟင်းမျိုးစုံသည့် ထမင်းဝိုင်း တစ်ခုကို ပျော်ပျော် ပါးပါး ဖန်တီးကြသည်။

ဟင်းမျိုးစုံ ချက်ကြသော်လည်း ခင်မျိုးဦးက အသားငါးစားလေ့မရှိ။ အမဲသားဆိုလျှင် ရာသက်ပန် လုံးဝမစားတော့။ အဘယ်ကြောင့်ဆိုသော် ခင်မျိုးဦး ခပ်ငယ်ငယ် ကတည်းက အမဲသား စားလေ့ မရှိသည့် ဖခင်ဖြစ်သူက ဆိုဆုံးမ စကားကြောင့်ပင် ဖြစ်သည်။

တောသားကြီးအဖေ့စကားက ရိုးစင်းပါသည်။ ‘‘ငါ့သမီးရေ ကိုယ့်ကျေးဇူးရှင်အသား မစားပါနဲ့ဟာ’’တဲ့။ တစ်နေကုန် မိုးရွာရွာနေပူပူ မိသားစုအရေး သူနှင့် အတူ နေ့စဉ်နှင့် အမျှ ရုန်းကန်ပေးနေသည့် ကျေးဇူးရှင်နွားကြီးတွေ၏အသားကို အဖေ အရသာခံ၍ ဘယ်လိုမျှ စားနိုင်မည်မဟုတ်။

သူတင်မက တစ်မိသားစုလုံးအတွက် ကျေးဇူးကြီးလွန်းလှသည့် နွားကြီးတွေရဲ့ အသားကို တစ်မိသားစုလုံးကိုလည်း အဖေ မစားစေချင်။ ထို့ကြောင့် ခင်မျိုးဦးသည်လည်း အဖေဆုံးမခဲ့သည့်နေ့မှစ၍ ယခုအချိန် အထိ အမဲသား လုံးဝ မစားတော့။

အမဲသားတင်မကပါ။ ဆယ်တန်းအောင်ပြီးချိန် တရားပွဲတစ်ခုသွားနာရင်း တရားဟောဆရာတော် ဟောပြောခဲ့သည့် လူ့ပါးစပ်ဆိုတာ တိရစ္ဆာန်တွေရဲ့သင်္ချိုင်းဆိုသည့် ခိုင်းနှိုင်းမှုကြောင့် ခင်မျိုးဦးတစ်ယောက် အသားဆို မည်သည့်အသားမျှ မစားတော့ဘဲ ရှောင်ခဲ့လေသည်။

မြန်မာ့ကျေးလက်လူနေမှု စနစ်ဖြင့်ကြီးပြင်းလာခဲ့သည့် ခင်မျိုးဦးသည် ခေတ်နဲ့တော့ မျက်ခြည် အပြတ်မခံပါ။ သူ့ဖုန်းဖြင့် အင်တာနက်သုံးတတ်ပါသည်။ ဖေ့စ်ဘွတ်ခ် ကြည့်တတ်ပါသည်။ သို့သော် ဖေ့စ်ဘွတ်ခ်မှာ သူများတွေလို ပုံတင်လေ့တင်ထမရှိ။

ဒါတောင် တစ်လောလေးတုန်းက ကျောင်းသူ၊ ကျောင်းသားချင်း ချစ်ခင်သဘောကျစိတ်ဖြင့် သူ့ဓာတ်ပုံရိုက်သွားပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တာ ကြုံရသေးသည်။

လူမျိုးတစ်ရာ့ တစ်ပါး သုံးချင်တိုင်းသုံးနေကြသည့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူ့ပုံတွေ မတင်ရဲ။ ပုံတင်ဖို့ မပြောနှင့် ဓာတ်ပုံတောင်ကောင်းကောင်း အရိုက် ခံသူ မဟုတ်ပေ။ နောက်ပြီး အင်တာနက်ကိုလည်း ကျောင်းပိတ်ချိန် ရွာပြန်ရောက်မှသာ ခဏ တစ်ဖြုတ် သုံးတာလောက် ရှိသည်။

ကျောင်းတက်လျှင်တော့သိပ်မသုံးဖြစ်။ ကျောင်းစာအနှောင့်အယှက်ဖြစ်မည်စိုး၍ဟု ဆိုလေသည်။ အချိန်ရလျှင်တော့ ကျောင်းစာကြည့်တိုက်မှ စာအုပ်တွေငှားဖတ်သည်။ စာကြီးပေကြီးတွေတော့ မဟုတ်သေး။ တွတ်ပီတို့၊ ဘိုဘိုတို့ ဖြစ်လေသည်။

ခင်မျိုးဦးသည် ကျောင်းစာတွင်လည်း တော်ပါသည်။ သို့သော် နဂိုအနေအေးဆေးသူမို့ လူတော့ အနည်းငယ်ကြောက်တတ်လေသည်။

သူစိမ်းတစ်ရံမပြောနှင့် ကျောင်းသား၊ ကျောင်းသူချင်းတောင် ကောင်းကောင်းစကားပြောဖြစ်သူမဟုတ်။ သို့သော် ခင်မျိုးဦးသည် လူမှုဆက်ဆံရေး ညံ့ဖျင်းလှသူတော့ မဟုတ်ပါ။ တက္ကသိုလ်ရောက်မြေမှာလည်း ခင်မျိုးဦး အလိုက်သင့်နေတတ်ခဲ့ပါသည်။ ခင်မျိုးဦး၏ ပုံပန်းသဏ္ဌာန်နှင့် အနေအေးဆေးမှုများကြောင့် ချစ်ခင်သူတွေ များခဲ့သည်။

သူတို့ဘာသာရပ် ဓာတုဗေဒကျောင်းသား၊ ကျောင်းသူ များ၏ ပရဟိတအသင်းတွင်လည်း အသင်းဝင်ထားပြီး ကျောင်းပိတ်ရက်တိုင်း ရွှေဘိုမြို့ပေါ်က ဘုရားစေတီတွေမှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တာမျိုးတွေ ဝင်လုပ်တတ်သည်။ သူတို့အသင်း၏ ကျောင်းတွင်းကျောင်းပြင် ပရဟိတလှုပ်ရှားမှုတွေမှာ ခင်မျိုးဦးကို ခပ်စိပ်စိပ်ကလေး မြင်တွေ့ရတတ်ပါသည်။

‘‘ရှေးမူကို မဖျက်ပါဘူး အစဉ် ××× တို့တောက ဆံပင်အလှပင် ဆံရစ်ဝိုင်းကိုမှ အသားပေးပေး အလှူတကာ နေရာမရွေး ××× ပျူငှာပဲ လူတကာအပြေးလေး ကြိုဆိုသရှင့်’’ (ဆံရစ်ဝိုင်း-ဂီတမှူး ကိုရဲအောင်ရေးသားပြီး ကြည်ကြည်ဝင်းဆို၊ ရောင်းတန်း ဓာတ်ပြားတေး)

မခင်မျိုးဦးအရင် ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသူတစ်ယောက်သည်လည်း ဆံရစ်ဝိုင်းကလေးဖြင့် ကျောင်းတက်ခဲ့ဖူးသည်ဟုဆိုသည်။

ထိုကျောင်းသူသည် ကျောင်းပြီးပြီးနောက် ဆံရစ်ဝိုင်း ဖြုတ်သွားလား၊ မဖြုတ်ဘဲဆက်ထားသွားသလားတော့ တိတိကျကျ သိသူမရှိ။ မခင်မျိုးဦးလိုပင် ငယ်ငယ် ကတည်းက အဘိုးဖြစ်သူ၏ အစီအမံကြောင့် ဆံရစ်ဝိုင်းကလေးဖြင့် နေခဲ့ရဖူးသည့် စာရေးဆရာမကြီး ခင်ခင်ထူးကတော့ သူ၏ဆံရစ်ဝိုင်းဝတ္ထုတိုများ စာအုပ် အမှာစာတွင် ဆံရစ်ဝိုင်းထား သူများသည် ဆယ်ကျော်သက် အရွယ်ရောက်ပြီ ဆိုလျှင် ဆံရစ်ဝိုင်း အစား ဆံပင်ကို အုပ်လုံး သိမ်းပြီး ဆံထုံး၊ ဆံတောက် စိတ်ကြိုက်ပြုပြင် ကြတော့သည်ဟု ဆိုပါသည်။

ထို့ကြောင့် ခင်မျိုးဦးအား ဆံရစ်ဝိုင်းကို ဘယ်အချိန်အထိထားသွားမလဲ မေးသည့်အခါတွင်တော့ ‘‘ဒီအတိုင်းလေးနေရတာ ကြိုက်တယ်’’ဟု ခပ်ပြုံးပြုံးလေး ဖြေလေသည်။

ဆယ်ကျော်သက်အရွယ် ကျော်လွန်ခဲ့ပြီဖြစ်သည့် တက္ကသိုလ်ဂုဏ်ထူးတန်းကျောင်းသူကြီး မခင်မျိုးဦးသည် ဆံရစ်ဝိုင်းကလေးဖြင့် ရွှေဘိုတက္ကသိုလ်ထဲတွင် ဂုဏ်သတင်းမွှေးပျံ့ကာ လှပနေဆဲဖြစ်သည်။

အချိန်တန်လျှင်တော့ သူ့ခေါင်းက ဆံရစ်ဝိုင်းကို ဖြုတ်သင့်လျှင်လည်း ဖြုတ်ရပါလိမ့်မည်။ မဖြုတ်ဘဲ တစ်သက်လုံးထားချင်လည်း ထားသွားပါလိမ့်မည်။

သို့သော် သေချာသည်ကတော့ ဆံရစ်ဝိုင်းနှင့်အတူ တွဲပါလာ ခဲ့သော ကျေးလက်က သူ့ဘိုးဘွားနှင့် မိဘတွေသင်ပြညွှန်ပြပေးခဲ့သည့် မြန်မာအမျိုးသမီးတွေ၏ နေပုံထိုင်ပုံ အကျင့်စရိုက်ကောင်းလေးတွေကတော့ဖြင့် မခင်မျိုးဦး အသိစိတ် ထဲဝယ် ဘယ်သောအခါမှ မဖြုတ်တော့ဘဲ စွဲမြဲ၍ ကျန်ခဲ့ ပါလေတော့သည်။


From : 7daydaily - By : ညီညီဇော်

Originally published at - http://www.7daydaily.com/story/71222

Read More »

Sunday, July 24, 2016

ပညာအလင်းနဲ့ အမှောင်ခွင်းသူ


မွေးရာပါ အမြင်အာရုံ ချို့ယွင်းပေမယ့် ပညာရေးမှာ စိတ်အား ထက်သန် လွန်းသူ မအေးချမ်းအောင် (ဓာတ်ပုံ - အေးမွန်ရာပြည့်)


အပြာရင့်ရင့် ရှမ်းဝတ်စုံ လေးကို အထက်အောက် ဝမ်းဆက် ဝတ်ထားတဲ့ အနက်ရောင် ဆံပင်တိုနဲ့ အမျိုးသမီး ငယ်တဦးက ကွန်ပျူတာကို အသုံးပြုပြီး အင်တာနက် ပေါ်က အခမဲ့ သင်ကြား ပေးတဲ့ အဆင့်မြင့် ပညာရပ်တွေ သင်ယူ နေတယ်။

ကီးဘုတ်ကို နှိပ်လိုက်တိုင်း ကွန်ပျူတာထဲက အင်္ဂလိပ် စကားသံတွေ ထွက်လာတယ်။ မျက်နှာ ဘေးတစောင်းအနေ အထားနဲ့ နားကို ပိုပြီး အားပြုလို့ ကွန်ပျူတာကို သူ သုံးနေတယ်။

သူ့မျက်စိ ၂ ဖက်လုံး မမြင် ရသေမယ့် ကွန်ပျုတာကို အသုံးပြုပြီး အဆင့်မြင့် ပညာရပ် တွေကို သင်ကြားနေ သူကတော့ မအေးချမ်းအောင်လို့ ခေါ်တဲ့ အမျိုးသမီးငယ် တဦး ဖြစ်ပါတယ်။

အမြင်အာရုံ ချို့တဲ့သူ အတွက် ရည်ရွယ် ပြုလုပ် ထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ ကျေးဇူးနဲ့ မအေးချမ်းအောင်ဟာ ပညာတွေ ဆက်လက် သင်ကြား နေသလို အင်္ဂလိပ်စာ ဘာသာပြန် လုပ်ပြီး အသက်မွေး ဝမ်းကျောင်း ပြုနေသူ ဖြစ်ပါတယ်။

သူဟာ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ် ကနေ အင်္ဂလိပ်စာ မေဂျာနဲ့ ၂၀၁၀ ခုနှစ် ကတည်းက ဘွဲ့ရ ခဲ့ပေမယ့်လည်း မတင်းတိမ်နိုင် သေးလို့ အွန်လိုင်းကနေ တဆင့် သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့ Hadley ဆိုတဲ့ ကျောင်းရဲ့ အခမဲ့ သင်ခန်းစာတွေကို လိုက်တက် ခဲ့တယ်လို့ သိရပါတယ်။

နောင်တချိန်မှာ နိုင်ငံခြား တက္ကသိုလ် တခုခု သွားရောက် တက်ပြီး မာစတာဘွဲ့မျိုး ထပ်ယူဖို့လည်း ရည်မှန်းချက် အပြည့် ရှိနေသူလည်း ဖြစ်ပါတယ်။

သူဟာ မွေးကတည်းက ညာဘက်မျက်စိ လုံးဝ မမြင်ရတဲ့ အပြင် တဖက် တည်းသာ မြင်ရတဲ့ ဘယ်ဘက် မျက်စိဟာလည်း အသက်ဆယ်နှစ် အရွယ်မှာ လုံးဝ အလင်း ကွယ်ခဲ့တယ်။ ဒါပေမယ့်လည်း ဘဝကို လုံးဝ အရှုံးမပေး၊ ဒူးထောက်ခြင်း အလျဉ်း မရှိဘဲ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ သူ့ဘဝကို သူကိုယ်တိုင် စိတ်တိုင်းကျ ပုံဖော် ထုဆစ် ခဲ့တယ်။ လက်ရှိလည်း ထုဆစ်နေတယ်။

အသက်၂၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မအေးချမ်းအောင်ကို ရခိုင်တိုင်းရင်းသား ဖခင်နဲ့ ဓနုတိုင်းရင်းသူ မိခင်တို့ကနေ ၁၉၉၁ ခုနှစ်က အောင်ပန်းမြို့မှာ မွေးဖွား ခဲ့တာပါ။ သူ့ရဲ့ မျက်စိ ချို့ယွင်းမှု ကိုတော့ သူ့ အသက် ၄ နှစ် အရွယ်ရောက်မှ မိဘတွေက စတင် သတိပြု မိခဲ့တာပါ။

“မူကြိုမှာ တခြား ကလေးတွေက ကိုယ့်ဖိနပ်ကို ကိုယ်ရွေးပြီး စီးနိုင်ချိန်မှာ သူက ရွေးမစီးနိုင်ခဲ့ဘူး။ အဲဒီအခါ ကျမှ မျက်စိ ဆရာဝန်ကိုပြကြည့်မှ ကိုယ်ကလည်း စသိရတယ်” လို့ မိခင် ဒေါက်တာသန်းနုက နံဘေးမှာရှိနေတဲ့ သူ့သမီးကို တချက် လှမ်းကြည့်ရင်း ပြောတယ်။

မျက်စိဆေးခန်းက ပြန်လာတော့ ဘယ်ဘက်မျက်လုံးက ရေတိမ်တွေ စတက်နေပြီး ပါဝါ ၁၆၀၀ လောက် ရှိနေပြီ။ နောက်ထပ် လေးနှစ်အကြာ မအေးချမ်းအောင် အသက် ၉ နှစ် အရွယ် ရောက်တဲ့ အခါမှာတော့ ဘုရားပန်း ကပ်ပြီး အပြန်မှာ မျက်စိက လုံးဝ မမြင် ရတော့လို့ ရုတ်တရက် လဲကျ ခဲ့တယ်။ ချက်ချင်းပဲ မျက်စိ ခွဲစိတ်မှုတွေ လုပ်ခဲ့တယ်။

ခွဲစိတ်မှု အောင်မြင်လို့ မွေးရာပါ မမြင်ရတဲ့ ညာဘက် မျက်လုံးကလည်း အလင်းနည်းနည်း ပြန်ရလာပြီး ဘယ်ဘက် မျက်လုံးလည်း ပြန်လည် သက်သာ လာခဲ့တယ်။

ဒါပေမယ့် ကံဆိုးချင်တော့ ခွဲစိတ်ပြီး ၂ ပတ် အကြာမှာ ထူးချွန် စာမေးပွဲ ဖြေခဲ့တာရယ်၊ သင်္ကြန်တွင်းမှာ သူ့ပါးကို အိမ်နီးချင်းကလေးတဦးက ရေနံဂျီးသုတ်ခဲ့ရာက မျက်စိမှာ ဒဏ်ပြန်ဖြစ် ခဲ့တယ်။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ သူ့ အသက် ၁၄ နှစ်၊ ကိုးတန်း ရောက်တဲ့ အချိန်မှာ မျက်စိ လုံးဝ ကွယ်ခဲ့တာ ဖြစ်ပါတယ်။

မွေးရာပါ မျက်စိ ချို့ယွင်းမှုကြောင့် တနေ့နေ့ တချိန်ချိန်မှာ မျက်စိလုံးဝ မမြင်တော့တဲ့ အခြေအနေမျိုးကို ကြုံတွေ့ရမယ် ဆိုတာ မအေးချမ်းအောင်ကို ဆရာဝန်တွေက ကြိုတင် အသိပေး ထားတယ်။

“အဲ့အချိန်တုန်းကတော့ ငယ်သေးလို့လားမသိဘူး။ မမြင်ရတော့မှာ သိလည်း ပျော်ပျော်ပဲ” လို့ သူက တောင်ပေါ်သံ ဝဲဝဲနဲ့ အသံထွက်ပြီး တချက်ရယ်တယ်။

မျက်စိမကွယ်ခင် တနေ့ထက် တနေ့ နည်းနည်းချင်း အမြင် မှုန်ဝါး လာကတည်းက ကျောင်းမှာစာမေးပွဲကို လက်နဲ့ရေးပြီး မဖြေနိုင်တော့ဘူး။ သူက နှုတ်တိုက် ရွတ်ဆို ပြတာကို သူ့ထက် တတန်းငယ်တဲ့ ကျောင်းသူ တဦးက ပြန်ရေးပြီး ဖြေခိုင်းတဲ့ စနစ်ကို စတင် ကျင့်သုံး ခဲ့ရတယ်။ ခြောက်တန်း အရွယ်ကနေ တက္ကသိုလ် နောက်ဆုံးနှစ် အထိလို့ သိရတယ်။

မျက်စိ ချို့ယွင်းမှု ဖြစ်ပြီး နောက်မှာလည်း မအေးချမ်းအောင်ဟာ စိတ်ဓာတ် လုံးဝ မကျတဲ့ အပြင် ကျောင်းစာတွေ ဘက်မှာ ပိုပြီး ထူးချွန်လာတယ်။ ခြောက်တန်းကနေ ရှစ်တန်းအထိ နှစ်တိုင်း ပထမ အဆင့်နဲ့ အောင်တယ်။

ဆယ်တန်းနှစ်ကတော့ သူ့အတွက် ရင်အမောရဆုံးနှစ် ဖြစ်ခဲ့တယ်လို့ သူ့ အမေကဆိုတယ်။ ဆယ်တန်းနှစ်မှာ မအေးချမ်းဟာ ဝိဇ္ဇာဘွဲ့ကို ယူတယ်။ စာမေးပွဲဖြေတဲ့အခါမှာ ခါတိုင်းနှစ်တွေလို သူက နှုတ်ကရွတ်ပေး၊ သူ့ထက် တနှစ်ငယ်တဲ့ ကျောင်းသူက စာရေးပေးစေတဲ့ ပုံစံနဲ့ဖြေရတယ်။
“ဖြစ်ချင်တော့ စာမေးပွဲမှာ သူ့ပါးစပ်က ပြောမယ့် စာတွေကို ချရေးပေးမယ့်သူက စာတော်တော်ညံ့သူ ဖြစ်နေတယ်။ တော်တော်လည်း စိတ်ပျက်သွားတယ်။ နောက်မှ နှစ်ချင်းပေါက်အောင်ရင် တော်ပါပြီလေ ဆိုပြီး စိတ်ကိုလျှော့ချပစ်လိုက်ရတယ်” လို့ ဒေါက်တာသန်းနုက ပြောတယ်။

သူ့ကို ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူး ထွက်မယ်ဆိုပြီး ကျောင်းကဆရာမတွေက မှန်းထားကြတယ်။ တကယ်တမ်းမှာ အင်္ဂလိပ်၊ သမိုင်းနဲ့ ဘောဂဗေဒဘာသာတွေမှာ ဂုဏ်ထူးရခဲ့တယ်။

အမှတ်စာရင်း ထွက်လာတော့ စုစုပေါင်းရမှတ် ၄၈၁ မှတ်နဲ့ တနိုင်ငံလုံးမှာ ၀ိဇ္ဇာဘာသာတွဲ ဖြေဆိုသူတွေ အနက် ပထမအဆင့် ချိတ်တယ်။ ဒီလို ထူးထူးချွန်ချွန် အောင်လို့ မအေးချမ်းအောင်က သူ့အမေကို ဒန်းလေးတစီး ဝယ်ပေးဖို့ ပူဆာခဲ့တယ်။ သမီးဖြစ်သူအတွက် ဝယ်ပေးခဲ့တဲ့ ဒန်းက ဆေးခန်းကို လာပြတဲ့လူနာတွေ အတွက် အခုအချိန်ထိ အသုံးတည့်နေတယ်။

အဲဒီလို ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့နောက်မှာ သူ့ကို ဖိတ်လို့ သွားရတဲ့ ဂုဏ်ပြုပွဲတွေက အများအပြားပါပဲ။ ကလော၊ တောင်ကြီး၊ နေပြည်တော် စတဲ့နေရာတွေ အထိပေါ့။

ဆယ်တန်းမှာရတဲ့ အမှတ်နဲ့ မန္တလေးက နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ အင်္ဂလိပ်စာ မေဂျာနဲ့ ကျောင်း ၃ နှစ် တက်ခဲ့တယ်။ အဲဒီမှာလည်း သူနှုတ်တိုက်ရွတ်ပေးတာကို တခြားသူက စာရေးပြီး ဖြေတဲ့ ပုံစံမျိုးနဲ့ စာမေးပွဲတွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီး ဘွဲ့ရခဲ့တယ်။

ဘွဲ့ရပြီးချိန်မှာ အောင်ပန်းကို ခဏပြန်ပြီး ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ကွန်ပျူတာသင်တန်း သုံးလ သွားပြီး တက်ခဲ့တယ်။ အဲဒီသင်တန်းဟာ မအေးချမ်းအောင် အတွက် အင်မတန် အကျိုးရှိခဲ့တယ်။

သင်တန်းကနေ ဆက်စပ်ပြီး တခြား NGO အဖွဲ့အစည်းတွေနဲ့ စတင် ချိတ်ဆက်မိခဲ့တယ်။ ဒုတိယတက်ခဲ့တဲ့ သင်တန်းကတော့ ခေါင်းဆောင်မှု ပညာရပ်သင်တန်းဖြစ်တယ်။ အဲဒီသင်တန်းကနေ သူ့ရဲ့လက်ရှိ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဖြစ်တဲ့ ဘာသာပြန်ခြင်းကို စတင်နိုင်ခဲ့တယ်။ NGO အဖွဲ့အစည်းတွေထဲက အသိမိတ်ဆွေတွေက ဘာသာပြန်ဖို့ အလုပ်တွေအပ်ရာကတဆင့် အခုလို ပရော်ဖက်ရှင်နယ် တယောက် ဖြစ်လာခဲ့တယ်လို့ သိရတယ်။

အခုဆိုရင် မအေးချမ်းအောင်ဟာ ကိုယ့်မြို့၊ ကိုယ့်အိမ်မှာ အမေနဲ့အတူ မကွဲမကွာနေရင်း ဘာသာပြန် အလုပ်လုပ်ကာ ဝင်ငွေ အသင့်အတင့် ရှာနိုင်သူ ဖြစ်နေပြီ။ အိမ်ကိုလည်း အထိုက်အလျောက် ထောက်ပံ့နိုင်ပြီ။ အဲဒီလို ထောက်ပံ့နိုင်လို့ ကျေနပ်ပေမယ့်လည်း အခုချိန်ထိ အိမ်ကိုအပ်တဲ့ငွေထက် ပြန်ပြီး တောင်းတဲ့ငွေက ပိုများနေပါသေးတယ်လို့ သူ့ကိုယ်သူ ချိုးနှိမ်စွာပြောရင်း အရွှန်းဖောက်တယ်။

မိခင်ဖြစ်တဲ့ ဒေါက်တာသန်းနုကတော့ သူ့သမီးကို အခုလို အိမ်ကို ထောက်ပံ့နိုင်သူ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလို့ပြောတယ်။
မအေးချမ်းအောင် မျက်စိချို့ယွင်းတာကို စသိတဲ့အချိန်ကတည်းက အခုချိန်ထိ သူနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းရတာ၊ ပီတိဖြစ်ရတာ၊ ဂုဏ်ယူရတာတွေရော ခံစားချက် စုံနေအောင် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ကို ကျောင်းသွားအပ်တော့ မျက်စိမမြင်တဲ့သူ ကျောင်းအပ်လို့မရပါဘူးဆိုပြီး အပြောခံခဲ့ ရတဲ့အကြောင်း၊ ဒါပေမယ့် နောက်တနေ့မှာတော့ ကျောင်းလာအပ်ဖို့ တက္ကသိုလ်က ဖုန်းဆက်ခေါ်ခဲ့တဲ့အကြောင်း သမီးဖြစ်သူနဲ့ ပတ်သက်ပြီး နာနာကျင်ကျင် ခံစားခဲ့ရတဲ့ အချိန် အခိုက်အတန့်တွေကို ဒေါက်တာသန်းနုက ပြန်ပြောပြတယ်။

မိခင်က စိတ်မောခြင်း၊ စိတ်ပင်ပန်းတာတွေ ခံစားနေရပေမယ့်လည်း သမီးကတော့ စိတ်ဓာတ်မာကြောတတ်သူ ဖြစ်တဲ့အကြောင်း ပြောပြတယ်။

“တော်ရုံတန်ရုံ သူငယ်ချင်းတွေ ပြောတာလောက်နဲ့ သူဘာမှမဖြစ်ဘူး။ ပြန်လည်းမတိုင်ဘူး။ လူကသာ အေးချမ်း၊ တော်တော်ပေတာ။ တခါတရံ တော်တော်ကြီးကို အပြောခံရမှ အမေဆီကိုငိုပြီး ပြန်လာတာလောက်ပဲ ရှိတာ။”

မအေးချမ်းအောင် ရဲ့ငယ်ဘဝ တွေဟာ မချောမွေ့ခဲ့ပေမယ့် တက္ကသိုလ်ပြီးတဲ့ အချိန်ကစလို့ အဆက်အသွယ်ကောင်းတွေ၊ မိတ်ဆွေကောင်းတွေ၊ ဆရာကောင်းတွေနဲ့ ဆုံပြီး ပညာရေးပိုင်းရော၊ အလုပ်အကိုင်ပိုင်းရော အစစအရာရာ အဆင်ပြေလာခဲ့တယ်။

နိုင်ငံခြားကို သုံးခါသွားပြီး သင်တန်းတွေ တက်ခွင့်ရခဲ့တယ်။ အလုပ်အပ်သူတွေ တနေ့ထက်တနေ့ များလာခဲ့တယ်။ ဒီလို အဆင်ပြေလာပေမယ့်လည်း မအေးချမ်းဟာ သူ့ရဲ့ပညာရေးကို ရပ်တန့်မထားဘူး။ အားလပ်ချိန်တွေမှာ အင်တာနက်ကနေတဆင့် အခမဲ့သင်ကြားပေးတဲ့ နိုင်ငံခြား တက္ကသိုလ်တခုမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး သင်ကြားနေဆဲပါ။

သူ့ကို အခုလို အလွယ်တကူ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ခွန်အား မာကျောတဲ့သူဖြစ်ဖို့ တွန်းအားပေးခဲ့သူတွေကတော့ ပြည်ပမှာဆို ဟယ်လင်ကယ်လာနဲ့ ပြည်တွင်းက မစုပုံချစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဟယ်လင်ကယ်လာဟာ မျက်စိမမြင်တဲ့ အပြင်နားပါ မကြားရတဲ့ မသန်စွမ်းသူဖြစ်သလို မစုပုံချစ်ကတော့ မွေးရာပါ လက် ၂ ဖက် မပါရှိသူ ဖြစ်ပါတယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျတဲ့အခါတိုင်း သူတို့နှစ်ယောက်စလုံးရဲ့ သတ္တိတွေကို ပြန်ပြီး မြင်ယောင်ကြည့်ကာ အားတင်းလေ့ရှိတယ်လို့ မအေးချမ်းအောင် ကဆိုတယ်။

“အားလုံးကို မပြောင်းလဲခင် ကိုယ့်ကိုကိုယ် အရင်ပြောင်းပါ” ဆိုတဲ့ ဂန္ဓီကြီးရဲ့လက်စွဲဆောင်ပုဒ်လိုပဲ သူများတွေကို ပြောင်းလဲစေချင်တာကြောင့် အခုဆိုရင် ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲဖို့ ကြိုးစားနေတဲ့အကြောင်း မအေးချမ်းအောင်က ပြောတယ်။

“မသန်စွမ်းသူတွေကို လူကောင်းတွေလိုပဲ နေရာတော်တော်များများမှာ တန်းတူဆက်ဆံခံရဖို့ မူဝါဒတွေ ထည့်သွင်းရေးဆွဲချင်တယ်။ မြန်မာနိုင်ငံရဲ့ မူဝါဒရေးဆွဲသူတွေထဲ ပါချင်တယ်။ အဲဒါကြောင့် နိုင်ငံခြားတက္ကသိုလ်ကြီးတခုမှာ Public Policy ပြည်သူ့ရေးရာ မူဝါဒပညာရပ်နဲ့ပတ်သက်တဲ့ မာစတာဘွဲ့ကို သွားယူချင်တယ်”လို့ ပြောပါတယ်။

တိုင်းရင်းသူ လေသံဝဲနေတဲ့ သူရဲ့အသံထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အများကြီးပါနေပါတယ်။

ရေးသားသူ - အေးမွန်ရာပြည့်

From : ဧရာဝတီ by Zaw Lin Maung

Originally published at - http://burma.irrawaddy.com/article/2016/07/24/119025.html


Read More »

Thursday, July 21, 2016

ပြစ်တင်ကဲ့ရဲ့မှုများကြားက ယုံကြည်ရာ လျှောက်လှမ်းနေသည့် ဒီဂျေ မိန်းကလေး


မီးရောင် စုံတွေ ကြားမှာ မြူးကြွတဲ့ သံစဉ်တွေကို အချိုးကျ ရောစပ် နေသူက ချိုသဲ။ သူ့ကို ဒီဂျေ ကစ်တီ (DJ Kitty) လို့ သိကြတယ်။ သူ့အသက်က ၂၁ နှစ်၊ မီးရောင်စုံတွေ ကြားမှာ ဖျော်ဖြေရင်း သူ ညစဉ် ဖြတ်သန်းလေ့ ရှိတယ်။



“ဒီအသံ ကြားလိုက်ရင် ခံစားမှုက လက်တွေ ခြေတွေ ကတော့ လှုပ်နေ တာပဲ။ ဒီဟာကိုလည်း ကြိုက်ပါတယ်၊ ညီမ ၀ါသနာ ပါတယ်။ ဒီဟာကို လုပ်ဖြစ်ဖို့ ညီမ တော်တော် ကြိုးစား အားထုတ် ရတယ်။ တော်တော်လည်း ကြိုးစား ခဲ့ရတယ်၊ ဒီနေရာ ရောက်ဖို့ကို။ ဒီနေရာက ဘာမှ မဟုတ်သေးဘူး။ ဘာမှ မဟုတ်သေးတဲ့ နေရာလေးကို မရောက် ရောက်အောင် မနည်း ကြိုးစား ပြီးတော့မှ လာခဲ့ ရတာ။”

ချိုသဲ တယောက် ဒီဂျေ ပညာရပ်ကို ၂၀၁၄ ခုနှစ် အသက် ၁၉ နှစ်လောက်က စတင် လေ့လာ ခဲ့တာပါ။

ယောက်ျားလေး အများစုသာ ရှိနေတဲ့ ဒီဂျေ လောက ထဲမှာ ရပ်တည်နိုင်ဖို့ သူ အများကြီး ကြိုးစား ခဲ့ရတယ်။

“မိန်းကလေးတွေက မလုပ်နိုင်ဘူး။ ဒါက ယောက်ျားလေး လုပ်ရမယ့် အလုပ်တွေ၊ မိန်းကလေးတွေက ဒီဟာမျိုးတွေ နားမလည် ပါဘူး။ ဒီအကြောင်းတွေ ဘာမှမသိဘူး။ မိန်းကလေးတွေရဲ့ အားနည်းချက်လို ပြောတဲ့ အတွက် ပထမတော့ လုပ်ဖို့ အစီအစဉ် မရှိဘူး၊ ငါလည်း လုပ်နိုင် တာပဲဆိုပြီး တဖြည်းဖြည်း လေ့ကျင့်ရင်း လေ့ကျင့်ရင်း ကနေ အဲ့လိုမျိုး ဖြစ်လာတာ။”

သူ့ ဒီဂျေဘ၀ကို ၂၀၁၅ ခုနှစ် သင်္ကြန် မဏ္ဍပ်ပေါ်မှာ စခဲ့တယ်။

ညဥ့်နက်မှာမှ စတင်လှုပ်ရှား အသက်ဝင်တဲ့ ကလပ်တွေ၊ ဘားတွေမှာ ဖျော်ဖြေရတာမို့ မိန်းကလေးတယောက် အတွက် အလုပ်ချိန် ကလည်း အခက်အခဲ တခုပါ။

အရင်က ကလပ် တခုမှာ စပြီး အလုပ် လုပ်ချိန်က အဆင် မပြေမှုတွေ ကြုံတွေ့ ရတာကို သူ အမှတ်တရ ရှိနေ သေးတယ်။



“ပထမဆုံး စစဖွင့်တဲ့ အခါ ကျတော့ ကြိုက်တဲ့ သူလည်း ရှိတယ်၊ မကြိုက်တဲ့ သူလည်းရှိတယ်။ ညီမက ဒီ ကလပ်ရဲ့ အထာကို မသိတော့ သူတို့က အကြမ်း ကြိုက်လား၊ အပျော့ ကြိုက်လား ညီမ နားမလည်ဘူး။ အဲ့ကျတော့ သူတို့ ကလပ်မှာက အပျော့တွေ ဖွင့်တယ်၊ ညီမက ဒုန်းဒုန်းဒိုင်းဒိုင်း အကြမ်းကြီးတွေ ဖွင့်တယ်။ အဲ့ကျတော့ အဆင် မပြေဘူး။

ညီမ ဖွင့်နေတဲ့ အချိန် ၁၅ မိနစ်နဲ့ ရပ်လိုက် ရတာ၊ နာရီဝက်နဲ့ ရပ်လိုက် ရတာတွေ ရှိတယ်။ အဲ့ကျတော့ ဖယ်ပေး ရတယ်။ တခြားလူ ၀င်အစား ထိုးတာတွေ ရှိတယ်။ အဲ့ကျတော့ အဆင် မပြေတာတို့ ဘာတို့ ဖြစ်လာတယ်။ တခါတလေ ကျလို့ ရှိရင် ကိုယ့် ကိုယ်ကိုယ် အားမရဘူး။ နောက်ပိုင်း ကျတော့ အဲ့လို သွားရ လာရ တာလည်း ညီမအတွက် အဆင် မပြေတော့ဘူး။ အဲ့ဒါကြောင့် ညီမ နားလိုက်တာ အဲ့ အလုပ်ကို။”

“အခုလက်ရှိတော့ တော်တော်ကို လေ့လာနေရတယ်။ ကိုယ်ကိုယ်တိုင်လည်း ကလပ်မှာ သီချင်း ဖွင့်နေပြီ ဆိုတော့ အရင်တုန်း ကလို ဒီတိုင်း လေ့ကျင့်နေလို့ မရဘူး။ သီချင်းတွေ ဒေါင်းလုပ် ဆွဲရတယ်။ သီချင်းတွေ တနေ့ တနေ့ စီရတယ်။ သီချင်းတွေ အမျိုး အစားခွဲရတယ်။ နေ့တိုင်းတော့ လုပ်ဖြစ်တယ်။”

ချိုသဲ အပါအ၀င် မျိုးဆက်သစ် ဒီဂျေ များစွာကို မွေးထုတ်ပေး ခဲ့ပြီး ဒီဂျေသမား အဖြစ်နဲ့ ဆယ်စုနှစ် တခုကျော် ဖြတ်သန်းခဲ့ဖူးတဲ့ DJ Icez ဟာ လက်ရှိမှာလည်း Juezi Music Center မှာ Head Instructor အဖြစ်နဲ့ ဒီဂျေဆိုင်ရာ ဘာသာ ရပ်တွေကို သင်ကြား ပေးနေသူပါ။

“လက်ရှိ ဒီဂျေလောက ထဲမှာ သီချင်းတီးနိုင်တဲ့ သူကတော့ ပိုပြီး နာမည် ရတာပေါ့နော်။ Producer တွေပေါ့၊ သူတို့ကြိုးစားလေ သူတို့နာမည် ရလေပဲ။ Producer မဟုတ်ဘဲ ဒီတိုင်း Remixing ပိုင်းသွားပြီး ကြိုးစားတဲ့ သူတွေလည်း ရှိပါတယ်၊ ရန်ကုန်မြို့မှာ အများကြီး။ သူ့ဟာနဲ့ သူတော့ ကြိုးစားနေ ကြပါတယ်။ အရင်ကထက် စာရင်တော့ ဒီဂျေတွေက ပိုပြီး လက်စွမ်း ထက်လာ ကြပါတယ်။ အရင်ကထက် စာရင်တော့။”

“အခုဆိုရင် မိန်းကလေး ဒီဂျေတွေက သင်လာကြတယ်၊ စိတ်ဝင်စား လာကြတယ်။ အိမ်တွေက ခွင့်ပြုချက် ယူလာဖို့လည်း ပြောထား ပါတယ်။ မိန်းကလေးဒီဂျေတွေက ရန်ကုန်မြို့မှာ ရှားပါတယ်။ သူတို့က မိန်းကလေးဖြစ်နေ တာကလည်း တကြောင်းပေါ့။ တချို့ ကျတော့လည်း ရှက်တယ်၊ ကြောက်တယ်ပေါ့။ ကိုယ်ကိုယ်တိုင် ကလည်း စင်မြင့်ပေါ်မှာ ဖျော်ဖြေ ရတဲ့ အခါကျတော့ အောက်မှာ လူတွေ ကလည်း အများကြီး ကနေတဲ့ အခါကျရင် တချို့ မိန်းကလေးတွေက ကြောက်တာတွေ၊ မလုပ်ရဲ တာတွေ ရှိတယ်။”

လက်ရှိ ရန်ကုန်မြို့မှာ ဒီဂျေအဖြစ်နဲ့ လုပ်ကိုင်နေတဲ့ မိန်းကလေး အရေ အတွက်ဟာ လက်ချိုးရေတွက်နိုင်တဲ့ အရေ အတွက်သာ ရှိသေးပြီး ယောကျာ်လေး ကတော့ အယောက် ၄၀ ကျော်လောက် ရှိပါတယ်။

လက်ရှိအချိန်ထိ မိန်းကလေးတွေ နိုက်ကလပ် သွားတဲ့ အလေ့ အထဟာ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ သဟဇာတ ဖြစ်တဲ့ အနေအထားမျိုးမှာတော့ မရှိသေးပါဘူး။

ချိုသဲတို့လို နိုက်ကလပ်မှာ အလုပ် လုပ်တဲ့ သူတွေ အတွက်ကတော့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ရတော့တာပါပဲ။



“ဆိုးဆိုးဝါးဝါးက ညီမဖြတ်လျှောက်တဲ့ အချိန် ညီမဘေးနားမှာ ထိုင်ပြောနေ တာကို ညီမ ကြုံရတယ်။ တော်တော် ဆိုးဆိုး ၀ါးဝါးကို အိမ်ရှေ့ မှာထိ လာပြော တာကို ကြုံရတယ်။ သူက ဒီဂျေ လုပ်နေတာ၊ ဒီဂျေ ဘာမှ လုပ်စားလို့ မရဘူး၊ ပိုက်ဆံလည်း မရဘူး၊ အလကား ညဘက် ကလပ်မှာ လုပ်ရတဲ့ အလုပ်ကြီး၊ အဲ့လိုမျိုး အိမ်ရှေ့မှာ လာပြီး အပြော ခံရတယ်၊ အဲ့လိုမျိုးတွေ ရှိတယ်။”

“ညီမနေတာက တိုက်ခန်းနဲ့ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ နေရတာလေ။ သူတို့တွေက ညီမ မနက်ပြန်လာပြီ ဆိုရင် ကြည့်ကြတယ်၊ အတင်းတွေပြောကြတယ်။ ညီမသိတယ်။ ဒါပေမယ့် ညီမ မမှုဘူး။ ဒါ ညီမလျှောက်နေ တဲ့လမ်း၊ ညီမ မဟုတ်တာ လုပ်နေတာ မဟုတ်ဘူး၊ ညီမ ဆက်လျှောက်နေမှာပဲ။”

ပတ်ဝန်းကျင်ရဲ့ ဝေဖန် တိုက်ခိုက်မှုတွေတင် မကသေးပါဘူး။ အဖေဖြစ်သူ ကလည်း ဒီဂျေ အလုပ် လုပ်နေတာကို လုံးဝ မနှစ်သက်ပါဘူး။

“ကလပ်မှာ အလုပ် လုပ်နေတယ်၊ ဒီဂျေလုပ်နေတယ်၊ အဲ့လိုပြော လိုက်တော့ သူ ဒေါသ ထွက်သွားတယ်။ မကြိုက်ဘူးပေါ့နော်။ ဒီလို လုပ်တာကို လုံးဝမကြိုက်ဘူး။ ဘာလုပ်တယ် ဆိုတာကို သူ့ကိုပြောပြတယ်။ ဓာတ်ပုံတွေလည်းပြတယ်။ ပွဲအတွေ့ အကြုံပုံတွေ ပြတယ်။ ဒါပေမယ့် သူ လုံးဝ မကြိုက်ဘူး၊ မလုပ် ပါနဲ့တဲ့။ အဲဒါနဲ့ အဖေနဲ့လည်း စကား မပြော ဖြစ်တော့ဘူး။ အခုတော့ စကားပြန်ပြော ဖြစ်ပေမယ့် လက်ခံလာတဲ့ ပုံတော့ မပေါက်သေးဘူး။”

ဘာတွေပဲ ဖြစ်ဖြစ် ချိုသဲကတော့ သူရွေးချယ် ထားတဲ့ ဒီလမ်းကို ခရီးဆုံးတိုင် လှမ်းလျှောက် သွားဖို့ ဆုံးဖြတ် ထားပြီးနေပါပြီ။

“ညီမခံယူထား တာကတော့ ညီမ လုပ်နိုင်တဲ့ အချိန်ထိကို လုပ်မှာ။ အသက်တွေ ဘာတွေ ကြီးသွားလို့ ကိုယ်မလုပ်နိုင်ဘူးဆိုတော့တဲ့ အချိန်ကျမှ ညီမ နားဖို့ အစီအစဉ် ရှိတယ်။ နားတယ် ဆိုတာ ရပ်ပစ် လိုက်ဖို့ မျိုးတော့ မဟုတ်ဘူး။ ညီမ ဒါကို ဆက်လုပ်နေ ဦးမှာပဲ။ အခုက Mixing ပိုင်းပဲ ရှိသေးတာလေ။ သီချင်း တီးဖို့တွေ ဘာတွေ ရှိသေးတယ်။ ဒါတွေက ထပ်သင် ရဦးမှာ။ ညီမအတွက် လိုတာတွေ အများကြီး ရှိသေးတယ်။”

ပြည့်ဖြိုးကျော်

From ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160099

Read More »

ဂေးလ်အလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝ


လူတိုင်းမှာ ငယ်ဘ၀ ရှိကြ ပါတယ်။ ငယ်ငယ် တုန်းက ကလေး ဘ၀ကို အရွယ် ရောက်တဲ့ အခါ ပြန်တွေး ကြည့်ရင် လူတိုင်း အမှတ်ရ စရာတွေ ကိုယ်စီဘဲ ရှိကြတာပါ။ ငယ်ငယ် တုန်းက ရှင်သန် နေထိုင် ကြီးပြင်း ခဲ့ပုံတွေဟာ လူကြီး ဖြစ်လာတဲ့ အခါ မတူညီပဲ ခြားနား သွားပါတယ်။ တချို့က နေထိုင်ပုံ အကျင့် စရိုက်တွေ ပြောင်းလဲ သွားပြီး တချို့က ရုပ်ရည် အသွင် အပြင်တွေ ပြောင်းလဲ သွားတတ် ကြပါတယ်။

တချို့က အသက်ကြီး လာတဲ့ အထိ ငယ်ရုပ် မပြောင်းတဲ့ သူတွေ ရှိသလို၊ ငယ်ငယ် တုန်းက ပုံနဲ့ လက်ရှိပုံ မမှတ်မိ လောက်အောင် ပြောင်းလဲ သွားတဲ့ သူတွေလည်း ရှိပါတယ်။ လူတိုင်း ကိုယ်စီမှာ ရှိခဲ့တဲ့ ငယ်ဘ၀ တွေဟာ တယောက်နဲ့ တယောက် မတူညီဘဲ စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။ အဲဒီထဲမှာမှ LGBT လို့ခေါ်တဲ့ (Lesbian, Gay, Bisexual, Transgender) တို့ရဲ့ ဘ၀က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အလယ်တန်းကျောင်းသား မျိုးကိုကိုစန်း(ဓာတ်ပုံ – မျိုးကိုကိုစန်း facebook)


ယောက်ျားလေး တယောက် ဖြစ်ပေမယ့် ငယ်ငယ် ကတည်းက မိန်းကလေး ဖြစ်ချင်စိတ် ရှိခဲ့ပြီး ယခု အသက် ၂၂ နှစ် အရွယ်မှာ မိန်းကလေး တယောက်လို ပြင်ဆင်
ပြုမူ နေထိုင်နေတဲ့ Miss International Queen Myanmar 2015 ဂေးလ် အလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘ၀ ကလည်း စိတ်ဝင်စား စရာပါ။

မိသားစုနှင့်အတူ ၀ဲဘက်အစွန်တွင် ရပ်နေသူ မျိုးကိုကိုစန်း


ဖခင် ဦးစန်းငွေ၊ မိခင် ဒေါ်သန်းသန်းရီ တို့မှ မွေးဖွားပြီး မွေချင်း အစ်ကို အကြီးဆုံး ကိုအောင်ဆန်းဦး၊ အငယ်ဆုံးညီ ကိုကျော်ဇင်ကိုနဲ့ မိသားစု ၅ ယောက်မှာ သူက အလတ် ဖြစ်ပါတယ်။

သူငယ်တန်းကနေ ၄ တန်း အထိ မန္တလေး အ.မ.က (၈) မှာ ကျောင်းတက် ခဲ့ပြီး ၅ တန်း ကနေ ၁၀ တန်းအထိက မန္တလေး အ.ထ.က (၁၂) ကျောင်းမှာ ပညာသင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ မန္တလေး နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။

“ငယ်ငယ်တုန်းက စကားပြောရင် “ဘာဖြစ်တာတော့” ဆိုပြီး စကားပြောရင် ‘တော့’လို့ ပြောတာ ညီမ အဖိုးက မကြိုက်ဘူး။ အဲဒီလို ပြောတဲ့အခါမျိုး နည်းနည်း မိန်းကလေး ဆန်သွားတဲ့ အခါမျိုးဆို အဖိုးက ညီမ ဗိုက်ခေါက်ကို ဆွဲလိမ်တယ်။ ညီမအဖိုးကတော့ ညီမ ၂ တန်းလောက်ကတည်းက ဆုံးသွားတယ်။ အဖိုးသာရှိရင် ညီမ ဒီလိုမျိုး ဖြစ်လာမယ် မထင်ဘူး။ ငယ်ငယ်တုန်းက အဖိုးကို ကြောက်ရတယ်” လို့ မျိုးကိုကိုစန်းက သူ့ငယ်ဘ၀ကို ပြောပါတယ်။

“ငယ်ငယ်တုန်းကတည်းက တယောက်တည်းပဲ နေခဲ့တယ်။ အပေါင်း အသင်းလည်း သိပ်မရှိဘူး။ ယောက်ျားလေး သူငယ်ချင်း တွေလည်း မရှိဘူး။ ယောက်ျားလေး ကစားနည်း တွေလည်း မကစားခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတယ်။ စာလုပ်တယ်၊ တခါတလေ မိန်းကလေး တွေနဲ့ ကစားတယ်” လို့ သူက ဆက်ပြော ပါတယ်။

ပထမ စစချင်းတော့ မိသားစုမှာ အစ်ကိုနဲ့ ညီက ညီအစ်ကို ၃ ယောက်မှာ မတူညီ ကွဲပြားနေတဲ့ မျိုးကိုကိုစန်းကို လက်မခံ နိုင်ပေမယ့် အမေဖြစ်သူရဲ့ စကားကြောင့် အခုတော့ တဖြည်းဖြည်း လက်ခံ လာပြီလို့ သူက ဆိုပါတယ်။

Miss International Queen Myanmar 2015 အလှမယ် မျိုးကိုကိုစန်း


မိန်းကလေး တယောက်လို ပြောင်းလဲ ၀တ်ဆင် ပြုမူ နေထိုင်ဖြစ် လာတာ ကတော့ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူ ရရှိပြီးနောက်မှာ စတင် ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ကျောင်းတက်နေရင်း အိမ်က မသိအောင် ၀င်ပြိုင် ခဲ့တဲ့ အတွက် သရဖူ ရရှိပြီးနောက် နိုင်ငံခြားမှာ သွားရောက် ယှဉ်ပြိုင် ရမယ့် အကြောင်း အိမ်ကို ပွင့်ပွင့် လင်းလင်း ပြောဆိုပြီး နေထိုင် လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမတော့ အဖေက လုံးဝ လက်မခံဘူး။ ညီမကို စကားလည်း မပြောဘူး။ အမေ ကတော့ ညီမ စိတ်ကို နဂိုကတည်းက ရိပ်မိသိနေလို့လားမသိဘူး။ ညီမသေချာပြောပြ ရှင်းပြတော့ လက်ခံတယ်။ အဖေက စစချင်းမှာ ညီမကို စကား တခွန်းမှ လုံးဝမပြောဘဲ အခုတော့ အဖေက ညီမကို နားလည် လက်ခံ လာပါပြီ” လို့ ဆိုပါတယ်။

LGBT တယောက်ဖြစ်နေလို့ ငယ်ငယ် တုန်းက စနောက် ခံခဲ့ရတာတွေ ရှိပေမယ့် အေးဆေး နေတတ်တဲ့ သူ့ပုံစံကြောင့် ရွယ်တူ သူငယ်ချင်းတွေ ကြားမှာ အနိုင်ကျင့် ခံရတာမျိုး မရှိခဲ့ ဘူးလို့ သူက ဆိုပါတယ်။

“ငယ်ငယ်က ဖြစ်ချင် ခဲ့တာက အနုပညာ တက္ကသိုလ် တက်ပြီး မြန်မာ့ သဘင်ပညာကို သင်ယူ ချင်တယ်။ ပြီးတော့ နိုင်ငံကျော် Professional သဘင် ပညာရှင် တယောက် ဖြစ်ချင် ခဲ့တာပါ”လို့ မျိုးကိုကိုစန်းက သူ့ရဲ့ ငယ်ဘ၀ စိတ်ကူး အိပ်မက်ကို ပြောပြ ပါတယ်။



လက်ရှိမှာတော့ သူဟာ ၂၀၁၅ ခုနှစ်၊ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူ ရရှိခဲ့တဲ့ အလှမယ် တဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss International Queen 2015 ကို သွားရောက် ယှဉ်ပြိုင် ခဲ့တာပါ။ ပွဲမှာ သရဖူနဲ့ လွှဲခဲ့ ရပေမယ့် မျိုးကိုကိုစန်းကို ခေါင်းဆောင် မင်းသမီး အဖြစ် ရုပ်ရှင်ရိုက်ဖို့ အထိ ကမ်းလှမ်း ခံခဲ့ရ ဖူးပါတယ်။

အကြောင်းကြောင်းတွေကြောင့် မရိုက်ဖြစ် တော့တဲ့ ရုပ်ရှင်ဇာတ်ကား အကြောင်း ကိုတော့ “မရိုက်ဖြစ်ဘူး ဆိုတာက ပထမအချက်က ညီမ အသံပိုင်းပေါ့။ ညီမအသံကို မိန်းကလေး တယောက် အသံနဲ့ အစားထိုးပြီး ရိုက်မယ် ဆိုတော့ ပထမ တခါ မရိုက်တော့ဘူးလို့ လုပ်လိုက်သေးတယ်။ သူငယ်ချင်းတွေနဲ့ Organization က ညီမကို ရိုက်ပါ။ ဒါကိုယ့်ရဲ့ အခွင့်အရေး တခုပဲ၊ အသံ အစား ထိုးလည်း ကိစ္စ မရှိဘူးဆိုပြီး ဖျောင်းဖျ ကြတယ်။

ဒါပေမဲ့ ရိုက်ဖြစ်တဲ့အချိန်မှာ နည်းနည်း ကတောက်ကဆ ဖြစ်သွားတယ်။ အဲ့ဒီလို ကတောက်ကဆ လေးတွေကြောင့် ဒီကိစ္စကိုလည်း မရိုက်တော့ဘူး ဆိုပြီး ညီမဘက်က စငြင်း လိုက်တယ်” လို့ ဆိုပါတယ်။



နောက်ပိုင်းမှာ မျိုးကိုကိုစန်းအနေနဲ့ လိင်ပြောင်းဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။ ဒီလို လိင်ပြောင်းလဲမှု လုပ်ရခြင်းဟာလည်း မိန်းမ စစ်စစ် မဟုတ်ဘူး ဆိုရင်တောင် မိန်းမ တယောက်နဲ့ အနီးစပ်ဆုံး တူတဲ့ မိန်းမအဖြစ် ယုံကြည်မှု ရှိချင်တာကြောင့်လို့ သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။ တကယ်လို့များ လုပ်ဖြစ်မယ် ဆိုရင်တော့ ရင်သား ခွဲစိတ်မှုကို အရင်ပြုလုပ် ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

LGBT တွေရဲ့ အချစ်ရေးကလည်း စိတ်ဝင်စားဖို့ ကောင်းတော့ သူ့အချစ်ရေးကို အနည်းငယ် မေးမြန်းကြည့်တဲ့အခါ “အမှန်အတိုင်းဝန်ခံရရင်တော့ ချစ်သူရည်းစား ရှိပါတယ်။ ကိုယ်အနေနဲ့ ဒီတယောက်နဲ့ အသက်ထက်ဆုံး တွဲချင်တယ်ပေါ့။ ဒါပေမယ့် သူ့ဘက်က ဘယ်လိုလဲ ဆိုတာ သေချာ မသိဘူး။ သူ့ဘက်က ဒီလိုမျိုး လူတယောက်နဲ့ သေသေချာချာ လက်တွဲနိုင် ပါ့မလား။ သူ့ကိုယ်သူ ယုံကြည်မှု ရှိလား၊ သူ့ကိုယ်သူ သတ္တိရှိလား၊ နောက်ဆုံး သူ့အသိုင်း အ၀န်းက သိသွားရင် သူသတ္တိ ရှိလား။ နှစ်ဖက်မိဘ အဲ့ဒါလေးတွေ ရှိတော့ သူ့အပေါ်မှာလည်း အများကြီး မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး “LGBT ဖြစ်တာ ရှက်စရာ မဟုတ်ဘူး။ ရှက်စရာဖြစ်နေရင်တောင် အများက အထင်သေး မခံရအောင် အပြုအမူ၊ အပြော အဆို အနေ အထိုင်တွေ ဆင်ခြင်ပြီး ပြောင်းလဲ မယ်ဆိုရင် LGBT အပေါ် အထင်မြင် သေးနေတဲ့ အမြင်တွေလည်း ပြောင်းလဲ သွားမှာပါ” လို့ မျိုးကိုကိုစန်းက သူ့သဘောထားကို ပြောဆိုပါတယ်။

From : ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/21/118769.html

Read More »