နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Sunday, August 07, 2016

အိုင်အက်စ်ဟာရှင်ရဲ့ အကြမ်းဖက် မစ်ရှင်




အိုင်အက်စ် အကြမ်းဖက် သမား ဟာရှင်သည် စွမ်းအားမြှင့် ဗုံးနှစ်လုံးဖြင့် မြန်မာ နိုင်ငံသို့ ဝင်လာသည်။ ဟာရှင်သည် မြန်မာပြည်သို့ တစ်ခါ မှ မရောက်ဖူး။ သို့သော် ဗမာ စကားတော့ ကောင်း ကောင်း သင်ခဲ့၏။

ပြည်တွင်းသို့ စစ ဝင်လာချင်း ကြံစည်သည်က အငှားယာဉ်တွင် ဗုံးခွဲဖို့ ဖြစ်၏။ မြန်မာ ပြည်တွင်းသုံး ဖုန်းဆင်းမ်ကတ်များ ထည့်ထားသော ဟန်းဆက် နှစ်ခုဖြင့် ဟာရှင် ဗုံးထောင်မည် ဖြစ်သည်။

ပေါက်ကွဲအား ကောင်းသောဗုံး တစ်ခုကို ဟန်းဆက် တစ်ခုဖြင့် တွဲချည်ပြီး ကျောပိုးအိတ် အတွင်း ထည့်သည်။ ထို့နောက် အငှားကားကို ငှားသည်။ ကျောပိုးအိတ်ကို ကားနောက်ခန်းတွင် ထားခဲ့ပြီး ကားပေါ်က ဆင်းသည်။

ခပ်ဝေးဝေး ရောက်သော အခါ လက်ထဲမှ ဖုန်းတစ်လုံးနှင့် ဗုံးတွင် ကပ်ချည် ထားသော ဖုန်း၏နံပါတ်ကို လှမ်းခေါ်၏။ ဒါက မိုဘိုင်းလ်ဖုန်းဖြင့် ဗုံးထောင်နည်း။ တစ်ဖက်ဖုန်းတွင် ဖုန်းဝင် လာလျှင် အပူရှိန် များလာပြီး သူနှင့် တွဲဆက် ထားသော ဗုံးအိတ်က ထပေါက်မည်။ အာရေး...မပိုင်လား။

တကယ်တမ်းကျတော့ အားယိုး မပိုင်ဖြစ်သွား၏။

အဖြစ်က ဒီလို။

အိုင်အက်စ်ဟာရှင် ကားပေါ်မှ ဆင်းသွားပြီးနောက် အငှားယာဉ် ဆရာက ကျောပိုးအိတ်ကို တွေ့တော့ ဖွင့်ကြည့်သည်။ ကပ်ချည်ထားသော ဖုန်းကို တွေ့တော့ ဟာ... ဖုန်းအသစ်လေး ပွပြီဟု ဆိုကာ ဖြုတ်ယူ သွား၏။ ကျောပိုးအိတ်ကို ဖွင့်ကြည့်တော့ ဘာမှန်း မသိသည့် အမှုန့်တွေ ထည့်ထားသော သံပုံး တစ်ခု ကိုသာ တွေ့သဖြင့် အိတ်ကို လွှင့်ပစ် လိုက်သည်။

အိုင်အက်စ် မောင်ဟာရှင်သည် ပထမ အကြိမ် ဖုန်းနံပါတ်ကို နှိပ်သည်။ ဆက်သွယ်မှု ဧရိယာပြင်ပဟု ဗမာလို ပြောသည်။ ဒုတိယ အကြိမ် နှိပ်သည်။ စက်ပိတ် ထားပါသည်ဟု ပြောပြန်သည်။ တတိယ အကြိမ် နှိပ်သည်။ တပ်ဆင်ထားခြင်း မရှိပါဟု ဆိုပြန်၏။

ဗမာစကားကို ကြိုးစားပန်းစား သင်ယူလာသော ဟာရှင် တစ်ယောက် ဖုန်းထဲမှ ပလီစိ ချောက်ချက် စကားတွေကြောင့် စိတ်ကုန်သွား၏။ အော်ပရေးရှင်း ဂွမ်းပြီ။

ဟာရှင်ကား ဒီမျှလောက် အော်ပရေးရှင်း အသေးလေး မအောင်မြင်ရုံနှင့် စိတ်ဓာတ် မကျ။ ဟာရှင်တို့ကို သင်ကြား လာသည့် အကြမ်းဖက်နည်းတွေက အစုံပလုံ။

ဟာရှင် စဉ်းစားသည်။ ဒီတစ်ခါတော့ ပြင်သစ်မှာလို ကုန်ကားကြီး တစ်စီးကို မောင်းပြီး လူတွေကြား ဝင်တိုက်ပစ်ဖို့ ဟာရှင်ကြံသည်။ ပါလာသည့် ဒေါ်လာ တော်တော် များများ ကုန်တော့ ကုန်ကားကြီး တစ်စီး ဟာရှင် ရလာ၏။

ရန်ကုန်မြို့၏ လူအစည်ကားဆုံး မြို့လယ်ကောင်သို့ ကုန်တင် ကားကြီးကို ဟာရှင် အရှိန်အပြင်းဆုံး မောင်းဝင်လာသည်။

"ရှေ့က လိပ်ကြီးကို ကျော်မယ် ... ဆရာကြီးရေ ... တစ်စီးလောက် ... တစ်စီးလောက်"

သူ့ဘေးမှ လူအပြည့် တင်လာသော ဘတ်စ်ကား တစ်စီးက ဝှီးခနဲ ကျော်တက်ပြီး သူ့ရှေ့ တည့်တည့် လမ်းကြော ကျဉ်းကျဉ်းလေးထဲ ရအောင် တိုးဝင်သည်ကို ဟာရှင်မြင်လိုက်၏။ ကားကို တွဲလဲခို လိုက်လာသော လူတစ်ယောက်ကလည်း ပါးစပ်က ဘာတွေ အော်သွားမှန်း မသိ။

ဟာရှင် နည်းနည်းတော့ တွန့်သွားသည်။

ငါတို့ပြိုင်ဘက် အယ်လ်ကေဒါ အဖွဲ့ကကောင်တွေများ ဒီနိုင်ငံ ရောက်လာပြီး ငါ့အကြံကို ဦးပြီး ဘတ်စ်ကား အပိုင် စီးလာ တာလားပေါ့။

ဒါလည်း မဟုတ်သေး။ ခုန ဘတ်စ်ကားပေါ်မှ လူတွေက ကားပေါ်မှ ဝှီးခနဲ ဝှီးခနဲ ဆင်းသည်။ တစ်ဖက်ယာဉ်ကြောမှ ကားတွေကြားတွင် ကွေ့ကောက် ပြေးလွှားပြီး လမ်းကူး သွားကြ၏ ။

ဟူး ... ဒီတိုင်းဆို မလွယ်။ ဟာရှင် စိတ်ဓာတ် ကျစပြုလာသည်။

အလို ရှေ့က ကားက တရွေ့ရွေ့ သွားနေပါလား။ ငါအရှိန်နဲ့ ဝင်ကျုံးလိုက်ရ နာတော့မယ်။ ရှေ့မှ လိပ်လို ရွေ့နေသော ဘတ်စ်ကားကို ဒေါသ ထွက်ထွက်ဖြင့် ဟာရှင် ဟွန်းတွေ လှိမ့်တီးသည်။

"တီ ... တီ ... တီ"

"ဟေ့ကောင် ... လခွီး ဖြစ်နေတာလား ... ရှေ့မှာ မင်းအဖေကားတွေ တန်းစီ ပိတ်နေတာ မမြင်ဘူးလား ... မင်းက ဘာကောင်လဲကွ"

ဘတ်စ်ကားပေါ်မှ အင်္ကျီအပြာဝတ် လူ သုံးယောက် သံတုတ်များဖြင့် ဆင်းလာသည်။

ဟာရှင် ဆင်းပြေး၏။ မလွတ်။ သံတုတ် တစ်ချက်က ဟာရှင့်ခေါင်းကို မှန်သည်။ အာလူး တစ်လုံး ထွက်လာသည်။ နောက်ထပ် ကျမ်းတုံး တစ်ခုက ဟာရှင့်ကျောကို မှန်သည်။ ပူခနဲ ဖြစ်သွားသည်။

အိုက်အက်စ် အကြမ်းဖက်သမားကြီး ဟာရှင် တစ်ယောက် ရန်ကုန်မြို့လယ်တွင် မထသ အာလူးပူတီ စားလိုက်ရ၏။ ထိုအာလူးပူတီ အလှူရှင်များ ပြန်လှည့်သွားမှ ဟာရှင် သူ့ကားကြီးပေါ် ပြန်တက်ရဲသည်။

ဟာရှင် စဉ်းစားသည်။

မြို့လယ်ကောင်တွင် သူ့ထက် ကြမ်းသည့်လူတွေ ရှိသည်။ ပြီးတော့ ကားက တစ်မိနစ်ကို တစ်လက်မပင် အနိုင်နိုင် ရွေ့နေရ၏။

မြို့ပြင်တွင် ဟာရှင် ကျုံးမည်။

မြို့ပြင်သို့ ဟာရှင် မောင်းလာသည်။ အမြန်လမ်းဆိုသည့် လမ်းမကြီးကို တက်သွားသည်။

အိုး ... ဒီနေရာဆိုရင်တော့ အရှိန် အမြင့်ဆုံးနဲ့ ဝင်တိုက်ပစ်လိုက်လို့ ရပြီ။

ကြိုတင် စုံစမ်း ထားသည့်အတိုင်း တိုးဂိတ်တွင် ခပ်တည်တည်ဖြင့် လမ်းကြေး ဖြတ်သည်။

ထို့နောက် ချောမွတ်နေသော လမ်းမကြီးပေါ် အရှိန်နှင့် မောင်းထွက် လာလိုက်၏။ ကိုင်း ... အိုင်အက်စ် ဟာရှင်တဲ့ကွ။ တိုက်ပြီဟေ့။

အင် ... အာရေး ... ပါးပါး။

လမ်းကြီးသာ ရှိတာ။ လမ်းကြီးဘေးတွင် လူတွေရော အဆောက်အအုံတွေပါ မရှိ။ ဟာရှင် ဘာကို တိုက်ရမည်နည်း။

လမ်းဘေး လယ်ကွင်းတွေကိုကြည့်ပြီး ဟာရှင် စိတ်ဓာတ် ကျနေစဉ် သူ့ရှေ့တွင် နွားအုပ်ကြီး တစ်အုပ် ဘွားခနဲ ပေါ်လာသည်။

ဝုန်း ... ဘွတ်အဲ ... ရှလွီ ... ဗြဲ။

အကြမ်းဖက်သမားကြီး ဟာရှင်၏ ကုန်တင်ကားသည် ဗွက်အိုင်ထဲ ခေါင်းနစ် သွားရပြန်သည်။

ဒီတစ်ခါလည်း ဟာရှင်၏ မစ်ရှင် ပျက်ပြန်ပြီ။

ဟာရှင် လား။ ဟာရှင်သည် အတော်အဆုံး အိုင်အက်စ်။ ဂျီဟတ်ရဲ့ စစ်သည်။

ဟာရှင် ထပ် စဉ်းစားသည်။

ရန်ကုန်တွင် အကြမ်းဖက်ဖို့ အခြေအနေ မပေးလျှင် မန္တလေးမြို့ကို တိုက်ရမည်။ မန္တလေးသည် မြန်မာတွေ တန်ဖိုးထားသည့်မြို့။ ခိုအောင်းရာတွင် တစ်ပတ်ခန့်နားပြီး ဟာရှင် မန္တလေးမြို့သို့ တက်လာသည်။ ဒီမြို့တွင် ထင်ရှားသည်က နန်းတော်၊ ဘုရားစေတီများနှင့် ဦးပိန် တံတားကြီး။

ဖောက်ခွဲရ အလွယ်ဆုံးက တံတား။

ပြီးတော့ လေ့လာရသလောက် ဒီတံတားကြီးက အရှည်ကြီး။ ပြီးတော့ ဟာရှင် မုန်းသည့် အမေရိကန်တွေ၊ ဥရောပသားတွေလည်း ဒီတံတားကြီးကို လာမှ လာ။

ဒီတော့ တစ်ညနေတွင် ဟာရှင် တစ်ယောက် ယောင်လည်လည်နှင့် တံတားကြီး၏ အောက်ခြေသို့ ခိုးသွားသည်။ တံတားတိုင်အောက်တွင် တစ်လုံးတည်းသာ ကျန်သောဗုံးကို သေချာ ကပ်သည်။ ဒီတစ်ခါတော့ ဟိုတစ်ခါလို ဖုန်း အပူရှိန်ဖြင့် ထောင်သည့်ဗုံး မလုပ်တော့။ အချိန်ကိုက်ဗုံး လုပ်ထားလိုက်သည်။

နောက်တစ်နေ့ နံနက် ဆယ့်တစ်နာရီ လူစည်ကားချိန်တွင် ပေါက်ဖို့။

ဟာရှင် အေးအေးဆေးဆေး ပြန်နှပ်ပြီး ဗုံးသတင်း နားစွင့်ထားသည်။

နောက်တစ်နေ့ နံနက် ဘာသံမှ မကြားရ။

သူ သေချာထောင်ထားမင့်ကိုး။ ဟာရှင် ထောင်သမျှ ဗုံး မပေါက်ဘူးဆိုတာ တစ်ခါမှ မရှိ။ အဲ ... ဟို ဒီ နိုင်ငံက အငှားကားပေါ်မှာ တစ်ခါလေးပဲ ရှိသည်။

နေ့လယ်အထိ ဘာသံမှ မကြားရတော့ ဟာရှင် တံတားရှိရာ သွားကြည့်သည်။

အာရေ ... ပါးပါး ... တံတားကြီးက ရေတွေ မြုပ်နေပါရောလား။

နေ့ချင်း ညချင်းကြီး တက်လာသော ရေထဲတွင် ဟာရှင့် ဗုံးလေး ပလုံစီတောင် မပေါက်နိုင် ဖြစ်သွားရပြီ။

အိုင်အက်စ်ကြီး ဟာရှင် စိတ်လေသွားသည်။ ပါလာတဲ့ ဗုံး နှစ်လုံးလည်း ကုန်ပြီ။ အလုပ်က မဖြစ်။

တော်ပြီ။ ဟာရှင် အိုင်အက်စ်နယ်မြေသို့ ပြန်တော့မည်။ ရန်ကုန်သို့ ပြန်လာပြီး လေဆိပ်က ထိုင်ခုံတွင် ခေါင်းငိုက်စိုက် ကျနေသည်။

နောက်ဆုံးအနေနှင့် လေယာဉ်ပျံပေးဆွဲရင် ကောင်းမလား။ စဉ်းစားလို့မှ မဆုံးသေး လေယာဉ်ကွင်းချိန်းက နောက်ထပ် သုံးနာရီလောက်မှ ထွက်ဖြစ်တော့မည်တဲ့။ ဟာရှင် လေဆိပ်က ထိုင်ခုံလေးမှာ ထိုင်ပြီး ခေါင်းငိုက်စိုက် ကျနေသည်။

ထိုစဉ်...

"ဟဲ့ ... ချွတ်ကရား ... ဖယ်စမ်း ... ငါတို့ မြန်မာ့ လေဆိပ်က ကုလားထိုင်က ငါတို့ ထိုင်ဖို့"

ဟာရှင် မော့ကြည့်တော့ အမျိုးသမီးက မာမာ တင်းတင်း ထပ်ပြောသည်။

"ဒီမယ် ချွတ်ကရား ငါ့ဘာမှတ်လဲ ... မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေးအတွက် ဒီအစိုးရကို ဖေ့ဘွတ်ပေါ်မှာ အာခံနေတဲ့ ဂန်းမမ ဆိုတာ ငါပဲ"

ဟာရှင် တစ်ယောက် ညစ်သည့်စိတ်ကနေ ဒေါသစိတ်အဖြစ် ကူးပြောင်းသွားသည်။

"ဟဲ့ ... ဂန်းမ ... နင့်လောက်တော့ ငါက သနားတယ် ... ငါက နိုင်ငံတကာအဆင့် အကြမ်းဖက်သမား အိုင်အက်စ် ဟာရှင်တဲ့ဟေ့"

ဂန်းမမ၏ အမူအရာ ပြောင်းသွားသည်။

အိုင်အက်စ်ဆိုသည့် အသံကြားသည်နှင့် မျက်နှာသည် ပြီတီတီ ဖြစ်သွား၏။

"ဟယ် ... ကိုကိုက ... အိုင်အက်စ်ကလား ... သမီးတို့ မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေးသမားတွေ မုန်းနေတဲ့ အန်တီကြီးကို လုပ်ကြံမယ်လို့ ခြိမ်းခြောက်တဲ့ အိုင်အက်စ်အဖွဲ့ဟာ ကိုကိုတို့ဆီကပေါ့နော် ... ဟယ် ... ကိုကိုရယ် ... အဲ့ဒါဆို ဝဲလကမ်း ... ဝဲလကမ်းပါ"

ဟာရှင် သည် ထိုနေ့မှစကာ အိုင်အက်စ်ဘဝကို စွန့်လွှတ်လိုက်၏။

သူသည် ဂျီဟတ်လည်း မဆင်နွှဲချင်တော့။

မျိုးချစ် ချွတ်ကရား ဆန့်ကျင်ရေး ဂန်းမမ၏ ဝဲလကမ်းနောက်သို့ ပါသွားကာ တိုက်ပုံအမည်းကြီး ဝတ်၊ ခေါင်းစည်းအဝါကြီးကို စည်း၏။

သို့သော် ဟာရှင်သည် သူ၏ အကြမ်းဖက်လိုသည့် ဝါသနာကိုတော့ မဖျောက်။ အကြမ်းဖက် ဝါသနာ ဆိုသဖြင့် ဗုံးဖောက်တာတွေ၊ သေနတ်ပစ်တာတွေတော့ မဟုတ်။

ထိုသို့ဆိုလျှင် မည်သို့မည်ပုံ အကြမ်းပတမ်း ဖက်သနည်း ဆိုသည်ကိုတော့ အိုင်အက်စ် ဟာရှင်အား ဝဲလကမ်း လုပ်ထားသော မျိုးချစ် ဂန်းမမအား မေးကြည့်မှသာ သိနိုင်ပါလိမ့်မည်။

မည်သို့ပင်ဆိုစေ အိုင်အက်စ် ဟာရှင်၏ အကြမ်းဖက်မစ်ရှင်သည် မြန်မာပြည်ဖွား မျိုးချစ် ချွတ်ကရား မုန်းတီးရေးသမား ဂန်းမမနှင့်တွေ့မှ အောင်မြင်သွားသည်ဟုပင် ဆိုရပေချိမ့်။

ဗြိတိသျှကိုကိုမောင်

From : The Voice

Originally published at - http://thevoicemyanmar.com/article/603-ish

Read More »

Saturday, July 09, 2016

ဖေ့စ်ဘုတ်က ဖြစ်ရပ်မှန် ဟာသတွေကို ပုံဖော်ထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ကားကြီး ရုံတင်ပြီ




ဒီတပတ် မှာတော့ ရုံတင် လာတဲ့ ဟာသ ရုပ်ရှင် ကားကြီး တကား ရှိပါတယ်။ ဒါကတော့ နာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်တဲ့ “ဖေ့စ်ဘုတ်ရွာ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြီးပါ။ ကလိထိုး ရယ်နေရတဲ့ ဟာသ ကားတွေထက် လတ်တလော အဖြစ် အပျက် ပေါ်မှာ မူတည်ပြီး ရိုက်ကူး ထားတဲ့ ဖေ့စ်ဘုတ်ရွာ ဟာသ ကားကြီးက ကြည့်ရှူ့မယ့် ပရိသတ် တွေကို သဘာဝ ကျကျနဲ့ ရယ်ခိုင်းမှာ ဖြစ်တဲ့ အတွက် စိတ်ကျေနပ် စေမယ့် ကားကြီး တကားလို့ ပြောချင် ပါတယ်။

ဒီဇာတ်ကားကြီး ကတော့ လက်ရှိ မြန်မာ့ လူမှု ကွန်ယက်မှာ ခေတ်စားနေတဲ့ ဗန်းစကားတွေ၊ အဖြစ် အပျက်တွေကို အခြေခံပြီး တောရွာ တရွာမှာ ဖြစ်ပျက်တဲ့ အကြောင်း အရာ များကို ပျော်စရာ အဖြစ် ရိုက်ကူး ထားခြင်းပါ။

တရွာလုံးဖေ့စ်ဘုတ် သုံးပြီး စတေးတပ်တင် ရန်တွေ ဖြစ်ကြ၊ မီးလောင်တဲ့ အခါ မီးငြိမ်းဖို့ထက် ဖေ့စ်ဘုတ် တင်ဖို့ ဓာတ်ပုံတွေ အလု အယက် ရိုက်ကြနဲ့ တချိန်လုံး ဆဲလ်ဖီ (Selfie) ရိုက်ချင်တဲ့ သူတွေ အကြောင်း ၊ ဖက်ရှင် ရူးသွပ် သူတွေ အကြောင်းကို ရိုက်ကူး ထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင် ဇာတ်ကားက လတ်တလော ဖေ့စ်ဘုတ် ပေါ်က အကြောင်း အရာ တွေကို ထင်ဟပ်မြင်သာ စေအောင် ဟာသနှော ပုံဖော် ထားတာ ဖြစ်ပါတယ်။



ဒီဇာတ်ကား ကြီးမှာ ဖေ့စ်ဘုတ် ရွာသားကြီး ကွီးမြတ်မင်း အဖြစ် ကျော်ရဲအောင်၊ လူပျိုကြီး ကွီးကြာရိုး အဖြစ် လူမင်း၊ အချစ်ကို ကိုးကွယ်တဲ့ လူငယ်လေး မင်းဗလ အဖြစ် သူရိယ၊ အရူးမ လေဒီဂါဂါ အဖြစ် ခိုင်သင်းကြည်၊ ချက်စ်ဘောက်မှာ ကြူတတ်တဲ့ မွီးပန်းနွယ် အဖြစ် မြတ်ကေသီအောင်၊ မြို့ကျောင်းတက် နေတဲ့ ဥက္ကဌ သမီး စိမ်းကြာဖြူ အဖြစ် ယုသန္တာတင် တို့က ပါဝင် သရုပ်ဆောင် ထားကြ ပါတယ်။

ပထမကတော့ ဗီဒီယို ဇာတ်ကား အဖြစ် ရိုက်ကူးဖို့ စီစဉ် ထားပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင် ကားကြီး ဖြစ်သွားတဲ့ ဒီဇာတ်ကားကို မကြာခင် သေးခင် ကမှ ရိုက်ကူး ပြီးစီး ထားတာလို့ သိရပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ ရေပန်းစားနေတဲ့ အကြောင်း အရာ များကို ခေတ်နဲ့ အညီ ရိုက်ကူး ထားတာဖြစ်တဲ့ အတွက် အချိန်နဲ့ သိပ်မကွာ စေရန် ရိုက်ကူးပြီး မကြာခင် ရုံတင်ပြသ တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်တန်းစီ ရုံတင် စနစ်အရ သမ္မတ၊ သွင် ရုံကြီးတွေမှာ ရုံတင် ပြသမယ် ဆိုရင် အချိန် ၂ နှစ်ကျော် နီးပါးစောင့်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် တခြားရုံမှာ ရုံတင် ပြသ ဖြစ်တယ် လို့လည်း သိရ ပါတယ်။



ဖေ့စ်ဘုတ်ရွာ ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ရာဇ၀င်ကို က ရိုက်ကူးပုံဖော်တာဖြစ်ပြီး အောင်သိရီ ထုတ်လုပ်ရေးက ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားကို ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ၊ မဟာမြိုင် (အင်းစိန်)၊ ရွှေဗဟို (တာမွေ) တွေမှာ ဇူလိုင် ၈ ရက်နေ့က ရုံတင် ပြသနေတာ ဖြစ်ပြီး နဲ့ Junction Square နဲ့ Junction Mawtin တွေမှာ ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး ပြသမှာ ဖြစ်ပါတယ်။

တခြားမြို့ကြီးတွေ ကတော့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လာရှိုး၊ ပြင်ဦးလွင်၊ ပုသိမ် အစ ရှိတဲ့ မြို့ကြီး တွေမှာလည်း ဇူလိုင် ၈ ရက် နေ့က စတင်ပြီး ပြသနေပြီ ဖြစ်ပါတယ်။

ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/09/118085.html

Read More »

Monday, October 05, 2015

Just For Laughs Gags 5 Oct 2015


 Simon-vlog


Alien Pranks - Best of Just For Laughs Gags




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Sunday, October 04, 2015

Just For Laughs Gags 4 Oct 2015


 Simon-vlog


Dead Man Comes Alive for a Bite




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Saturday, October 03, 2015

Just For Laughs Gags 3 Oct 2015


 Simon-vlog


Buying Strangers' Food Prank




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Friday, October 02, 2015

Just For Laughs Gags 2 Oct 2015


 Simon-vlog


Laundry Service Clients Get Naked - Throwback Thursday




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Wednesday, September 30, 2015

Just For Laughs Gags 29 SEP 2015


 Simon-vlog


Breaking Eggs on Bikers !




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Monday, September 28, 2015

Just For Laughs Gags 28 SEP 2015


 Simon-vlog


Pie In The Face Pranks - Best of Just For Laughs Gags




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Sunday, September 27, 2015

Just For Laughs Gags 27 SEP 2015


 Simon-vlog


Kid Gets Stabbed by a Pitchfork




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Saturday, September 26, 2015

Just For Laughs Gags 26 SEP 2015


 Simon-vlog


Milk Tasting Gone Wrong




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Friday, September 25, 2015

Just For Laughs Gags 25 SEP 2015


 Simon-vlog


Instant Famous Singer Prank - Throwback Thursday




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Wednesday, September 23, 2015

Just For Laughs Gags 23 SEP 2015


 Simon-vlog


Wood on Wood Prank




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Monday, September 21, 2015

Just For Laughs Gags 21 SEP 2015


 Simon-vlog


Perverted People Pranks - Best of Just For Laughs Gags




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Sunday, September 20, 2015

Just For Laughs Gags 20 SEP 2015


 Simon-vlog


Hold My Phone Prank








SOAKING Cop Prank




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Saturday, September 19, 2015

Just For Laughs Gags 19 SEP 2015


 Simon-vlog


The Naked Protest Prank




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Friday, September 18, 2015

Just For Laughs Gags 17 SEP 2015





Hot Man Burps to get the Ladies - Throwback Thursday




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Wednesday, September 16, 2015

Just For Laughs Gags 16 SEP 2015





Instant Criminal Accomplice Prank




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Monday, September 14, 2015

Just For Laughs Gags 14 SEP 2015





Ice Cream Pranks - Best of Just For Laughs Gags




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »

Sunday, September 13, 2015

မြန်မာ့ ဖျော်ဖြေရေး ဗွီဒီယိုများ ၁၂ စက်တင်ဘာလ ၂၀၁၅





ဖိုက်စတား2015 ဟာသအငြိမ့် (2 in 1)




New Video မှ ကူးယူမျှဝေသည်။

Original link - https://www.youtube.com/channel/UCH_3y8KgCQ5vyEVU8kCt0Sw

Read More »

Just For Laughs Gags 13 SEP 2015





Cop VS Cop Prank !




Don't miss another Gag - Subscribe!: http://goo.gl/wJxjG

Social Animal? Here are a few interesting links:
  1. Twitter: http://twitter.com/JFLGags
  2. Facebook: http://facebook.com/jflgags
  3. Instagram: http://instagr.am/jflgags

From: Just For Laughs Gags - YouTube

Read More »