နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အင်တာနက်သတင်း. Show all posts
Showing posts with label အင်တာနက်သတင်း. Show all posts

Monday, February 06, 2017

ချစ်စရာ ၄ နှစ် သမီးလေးနှင့် ဖခင်တို့၏ သီချင်းသီဆိုမှု ကြည့်ရှုသူ သန်း ၁၅၀ ကျော်ရှိ




အမေရိကန် နိုင်ငံမှ ၄ နှစ် အရွယ် သမီးငယ်နဲ့ သူ့ရဲ့ဖခင် ဖြစ်သူတို့ဟာ သီချင်း တပုဒ်ကို အတူတူ သီဆိုခဲ့ပြီး ရုပ်သံ ဗွီဒီယိုဖိုင်ကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် မျှဝေခဲ့ ချိန်မှာ ဝင်ရောက် ကြည့်ရှုသူ သန်း ၁၅၀ ကျော် ရှိခဲ့ပါတယ်။

ချစ်စရာ ၄ နှစ်သမီးလေး ကလဲရာရိုင် ရန်ခရော့စ်ဘီနဲ့ သူမရဲ့ဖခင် အသက် ၂၈ နှစ်အရွယ် ဒေ့ဗ်ခရော့စ်ဘီတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှဖြစ်ပြီး “You’ve got a friend in me” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြတာပါ။

သူတို့သားအဖ ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ အမေရိကန် နာမည်ကြီး အယ်လန်ရှိုးပွဲက သူတို့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့သားအဖ ၂ ဦးရဲ့ မူလသီဆိုဖျော်ဖြေခဲ့တဲ့အတိုင်း အယ်လန်ရှိုးပွဲမှာ ထပ်မံသီဆိုခဲ့ကြချိန် ပရိသတ်တွေဟာ သြဘာပေးခဲ့ကြပြီး အယ်လန်က ဆုချီးမြှင့်ခဲ့တာတွေကို တွေ့မြင်ရမှာပါ။

အယ်လန်က ‘သိပ်ကောင်းတဲ့ သီဆိုမှုပါပဲ’ လို့ ပြောတဲ့အချိန် ကလဲရာက ‘ကျေးဇူးတင်ပါတယ်’ လို့ တုံ့ပြန်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အယ်လန်က “ကလဲရာ၊ မင်းဟာ ဒစ္စနေးရုပ်ရှင်တွေ ကြိုက်တဲ့အတွက် ဒစ္စနေး လန်းဒ်ကို သွားချင်မယ်ဆိုတာ ငါသိပါတယ်။ ရှပ်တာဖလိုင်းကုမ္ပဏီကလည်း ကျမတို့နဲ့ လာရောက်ပူးပေါင်းပါတယ်။

ရှင်တို့မိသားစုတစုလုံး ဒစ္စနေးလန်းဒ်ကို သွားဖို့ ရှပ်တာဖလိုင်းကုမ္ပဏီက လက်မှတ်တွေ လက်ဆောင်ပေးပါမယ်။ ပြီးတော့ ကျမကလည်း ကလဲရာအတွက် ဒစ္စနေးလန်းဒ်က ထုတ်တဲ့ အရုပ်တွေ အများကြီး လက်ဆောင်ပေးပါမယ်” လို့ပြောခဲ့ပြီး လက်ဆောင်တွေ ချီးမြှင့်ခဲ့တာပါ။

ကလဲရာတို့ သားအဖ ၂ ဦး သီဆိုသွားတဲ့ “You’ve got a friend in me” ဆိုတဲ့ သီချင်းကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ
မွေးဖွားခဲ့တဲ့ အဆိုတော်၊ သီချင်းရေးဆရာနဲ့ စန္ဒယားပညာရှင် ရန်ဒီနယူးမန်းက ရေးသားသီဆိုခဲ့တာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187810

Read More »

Saturday, August 20, 2016

မျိုးဆက်ပြန့်ပွား ကျန်းမာရေးနှင့် လိင်ပညာပေး ဝက်ဘ်ဆိုဒ်




DKT International ကုမ္ပဏီက မြန်မာ နိုင်ငံ သားများ အတွက် “သိလိုရာမေး” မျိုးဆက် ပြန့်ပွား ကျန်းမာရေးနှင့် လိင် ပညာပေး ၀က်ဘ်ဆိုဒ် thiloyarmay.org ကို သြဂုတ်လ ၁၈ ရက်နေ့က တရားဝင် မိတ်ဆက် ခဲ့ပါတယ်။

မြန်မာ လူငယ်များ မိမိတို့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဗဟုသုတ အချက် အလက်များနဲ့ အကြံပေး ချက်တွေကို ရရှိ အသုံးချစေရန် ရည်ရွယ်ချက်နဲ့ အဆိုပါ ၀က်ဘ်ဆိုဒ်ကို ပြုလုပ် ထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ စလာလုပ်တော့ ၂၀၁၄ လောက်က သိလိုက် ရတာက ဒီနိုင်ငံမှာ မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောင်း အရာတွေကို ယဉ်ကျေးမှုအရ အများကြီး ပိတ်ပင် ထားတာ တွေ့ရပါတယ်။ လူတိုင်းက ဒီအကြောင်းအရာတွေကို မိမိ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပြောဖို့ ရှက်ကြောက် နေကြပါတယ်” လို့ DKT မှ ဒါရိုက်တာ Mr. Hyam Bolande က ပြောပါတယ်။

သူကဆက်ပြီး “ကျောင်းတွေမှာ လိင်ပညာပေး မရှိတာတကြောင်း၊ ယဉ်ကျေးမှုဓလေ့အရ လူငယ်တွေက လိင်ကိစ္စနဲ့ ပတ်သက်လာရင် ချောင်ပိတ်မိနေသလို ခံစားနေရပါတယ်။ ကျနော်တို့က လူငယ်တွေအတွက် ဖုန်းကနေဖြစ်ဖြစ်၊ ကွန်ပျူတာကဖြစ်ဖြစ် သိချင်တဲ့ မေးခွန်းတွေကို နှစ်ကိုယ်ကြား ဖြေကြား အကြံဥာဏ်
ပေးသွားမှာပါ” လို့ ဆိုပါတယ်။

“သိလိုရာမေး” ၀က်ဘ်ဆိုဒ်မှာ အမေးအဖြေ ကဏ္ဍတွေအပြင် လိင်ကိစ္စနဲ့ ပတ်သက်ပြီး သန္ဓေတားဆေး အသုံးပြုပုံများ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး၊ လိင်မှ ကူးစက် တတ်သော ရောဂါများအကြောင်း စတာတွေကို ရှာဖွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ကမ္ဘာတ၀န်းက ကျန်းမာရေး အရင်းအမြစ်များထံမှ ရယူထားတယ်လို့ သိရပါတယ်။

ဝက်ဆိုဒ်မှာ ဆောင်းပါးပေါင်း ၃၀၀ ကျော် ရေးသားဖော်ပြထားပြီး ၀က်ဘ်ဆိုဒ် အသုံးပြုသူများမှ မေးမြန်းလာမည့် မေးခွန်းများကို ၀က်ဘ်ဆိုဒ်မှ Editorial ၀န်ထမ်း များက ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

“သိလိုရာမေး” ဝက်ဘ်ဆိုဒ် မိတ်ဆက်ပွဲ ကျင်ပစဉ် (ဓာတ်ပုံ – သီဟတိုး/ ဧရာဝတီ)

thiloyarmay.org ကို မိုဘိုင်းဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် ပြုလုပ်ထားပေးပြီး ၀က်ဘ်ဆိုဒ်ကို The David and Lucile Packard Foundation ရဲ့ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ DKT ဟာ ကမ္ဘာ့အကြီးမားဆုံး မျိုးဆက်ပွားမှု ထိန်းချုပ်ရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်များ ပစ္စည်းများ၊ ၀န်ဆောင်မှုများကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းတခုဖြစ်ကြောင်း သိရပါတယ်။

DKT ဟာ Washington DC အခြေစိုက် အကျိုးအမြတ် မယူသော အဖွဲ့အစည်းတခုဖြစ်ပြီး DKT မှ သန္ဓေတားဆေး အသုံးပြုပုံကို ဖွံ့ဖြိုးဆဲနိုင်ငံ ၂၅ နိုင်ငံမှာ Social Marketing နည်းနဲ့ အရောင်း မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ DKT လုပ်ငန်းခွဲကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ အတွင်းမှာ လာရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး DKT မှ သားသမီး ထွန်းကားရေး ရွေးချယ်မှုများကို အကြံဥာဏ်ပေးလျက်ပါတယ်။

အဆိုပါ DTK ကုမ္ပဏီမှ ပြည်တွင်းဖြန့်ချိရေး ပါတနာများနဲ့ ပူးပေါင်းကာ Kiss ကွန်ဒုံး၊ Lydia သားဆက်ခြားဆေးများ၊ သန္ဓေတားထိုးဆေးများနဲ့ IUD များကို ဈေးကွက်အတွင်း တင်သွင်း ဖြန့်ချိလျက်ရှိကြောင်း သိရပါတယ်။

From : ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/08/20/121062.html

Read More »

Wednesday, August 17, 2016

Myanmar Net ကြိုးမဲ့ အင်တာနက် ၀န်ဆောင်မှု ရန်ကုန်တစ်မြို့လုံး ရရှိရန် ဆောင်ရွက်မည် ဟုဆို




ကြိုးမဲ့ အင်တာနက် (Wifi) ၀န်ဆောင်မှု ပေးနေသော Myanmar Net အင်တာနက်သည် ရန်ကုန် တစ်မြို့ လုံးတွင် ကွန်ရက် လွှမ်းခြုံနိုင်ရန် လုပ်ဆောင်မည်ဟု ယင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

Myanmar Net အင်တာနက် ကုမ္ပဏီသည် သြဂုတ် ၁၃ ရက် တွင် ပန်းဘဲတန်း မြို့နယ် အတွက် ကွန်ရက် တိုးချဲ့နိုင်ခဲ့ပြီး လက်ရှိ တွင် လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ရန်ကင်း မြို့နယ်၏ အချို့နေရာ များ၌ ၎င်းတို့၏၀န်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ကျွန်တော်တို့ဝန်ဆောင်မှု ကို ရန်ကုန်တစ်မြို့လုံး လွှမ်းခြုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ Myanma Net ငွေဖြည့်ကတ်တွေ အလွယ်တကူ ၀ယ်လို့ရအောင် အ ရောင်း ကိုယ်စားလှယ်တွေလည်း ခန့်အပ်ထားပါတယ်’’ဟု MyanmarNet ဒုတိယဥက္ကဋ္ဌဦးမင်းသိမ်းက ဆိုသည်။


အထက်ပါ Myanmar Net အင်တာနက်ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းတွင် အကောင့်ပြုလုပ် ၍လည်းကောင်း၊ အိမ်သုံးနှင့် လုပ် ငန်း/ရုံးသုံးများအတွက်လည်း ကောင်း၊ ကွန်ရက်ဖြန့်ကြက်ထား သော မြို့နယ်များ၌ အသုံးပြုနိုင် မည်ဖြစ်သည်။

ပြည်တွင်း၌ Broadband အင်တာနက်စနစ် ကျယ်ပြန့်လာ စေရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက လုပ်ဆောင်နေပြီး Myanma Net ၏ အင်တာနက် ၀န် ဆောင် မှုသည် သုံးစွဲသူများအတွက် အမြန်ဆုံးနှင့် ဈေးနှုန်းသက်သာစွာအသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ဦးမင်းသိမ်းက ပြောသည်။

Myanmar Net ၀န်ဆောင်မှု ကို ၂၀၁၅ ဒီဇင်ဘာက လမ်းမ တော်နှင့် လသာမြို့နယ်များတွင် စတင်မိတ်ဆက်ခဲ့ပြီး ယင်းကုမ္ပဏီ ၌ နည်းပညာ ကျွမ်းကျင် ပညာရှင် မြန်မာ လူငယ် ၃၀၀ ကျော်ခန့် အပ်ထားကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ−စိုင်းဇော်

From : 7day daily - By : ထက်အာကာကျော်

Originally published at - http://www.7daydaily.com/story/72882

Read More »

Saturday, July 02, 2016

Facebook မူဝါဒ အသစ်ကြောင့် မြန်မာ လုပ်ငန်းရှင်များ ငွေပိုသုံး ရဖွယ်ရှိ




ရန်ကုန်၊ ဇူလိုင် ၁

မိသားစု ဝင်များနှင့် ရင်းနှီး သူများ၏ ရေးသား ချက်များကို အလေးပေးမည့် Facebook ၏ မူဝါဒ သစ်ကြောင့် ယင်း လူမှု ကွန်ရက် aပ်ါတွင် ကုန်ပစ္စည်း ကြော်ငြာ aနသည့် လုပ်ငန်း ရှင်များ အနေနှင့် ငွေ ပိုမို အသုံးပြု ရဖွယ်ရှိကြောင်း နည်းပညာ ကျွမ်းကျင် သူများက ဆိုကြသည်။

Boost (ငွေအသုံးပြု ကြော်ငြာခြင်း) မလုပ်သည့် Facebook Page များ၏ တင်ပြစာများကို ယခင်က Page ကို Like ပေးရုံဖြင့် အသုံးပြုသူ၏ News feed တွင် ပေါ်လာနိုင်သော်လည်း စစ်တမ်း ကောက်ယူ၍ ပြောင်းလဲ ထားသည့် မူဝါဒ အသစ်ကြောင့် ယင်းစာများကို အသုံးပြု သူများ၏ News feed တွင် မြင်တွေ့နိုင်မှု လျော့နည်း သွားမည် ဖြစ်သည်။

Facebook မူဝါဒသစ် စတင်သည်ကို Facebook က ဇွန်လ ၂၉ ရက်နေ့တွင် တရားဝင် ကြေညာ ခဲ့သည်။ Facebook တွင် ကုန်ပစ္စည်း ကြော်ငြာလိုသည့် လုပ်ငန်းရှင်များ၊ သတင်း မီဒီယာ လုပ်ငန်းများ အပြင် Facebook Page ဖွင့်လှစ် ထားသူတိုင်း ငွေအသုံးပြု ရမှသာ အလုပ်လုပ်၍ အဆင်ပြေမည်ဖြစ်ကြောင်း နည်းပညာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

“အရင်က Boost လုပ်စရာ မလိုဘူး။ တင်လိုက်တာနဲ့ လူဆယ်ယောက် တွေ့တယ်ဆိုရင် ခုဆို လူဆယ်ယောက် မတွေ့နိုင်တော့ဘူး။ စီးပွားရေး သမားတွေက ကြော်ငြာကို လူများများ မြင်ချင်ရင် Boost လုပ်မှရမယ်။ ဆွဲဆောင်မှုရှိတဲ့ ပို့စ်တွေ သေချာရေးမှ ဖြစ်မယ်”ဟု လူငယ်နည်းပညာရှင် တစ်ဦးဖြစ်သူ ကိုဝေယံသွင်က ပြောကြားသည်။

ယင်းကြောင့် အသုံးပြုသူများမှာ ကြော်ငြာ အများအပြား မြင်တွေ့ရတော့မည် မဟုတ်သော်လည်း သီးသန့် ဗဟုသုတ ရရှိနိုင်သည့် Page များ၏ ပို့စ်များကိုပါ မြင်တွေ့ရန် ခက်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“ကိုယ်ကြည့်ချင်တဲ့ Page တွေကို သွားကြည့်မှပဲ မြင်ရတော့မှာမျိုး ဖြစ်နေတာ။ လုပ်ငန်းရှင်တွေကလည်း အရင်က Post တစ်ခုကိုပဲ Boost လုပ်ရင် Post လေးငါးခုလောက်အထိ အကျိုးရှိတယ်။ အရင်ကလောက် သက်သက်သာသာနဲ့တော့ လူတွေ မတွေ့နိုင်တော့ဘူး”ဟု ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူ ကိုဖြိုးမင်းသန်းက ပြောဆိုသည်။

Facebook တွင် ကုန်ပစ္စည်း ကြော်ငြာများကို လူအများစုဆီကို ရောက်ရှိရန် Boost စနစ်ကို အသုံးပြုထားပြီး ပို့စ်တစ်ခုအတွက် အနည်းဆုံး ၅ ဒေါ်လာ အသုံးပြု ကြော်ငြာခွင့် ပေးထားသည်။

The Voice

Originally published at - https://www.facebook.com/thevoicemyanmar.mm/

Read More »

Friday, June 24, 2016

Facebook ပေါ်တွင် Live Video Service ကို လွှင့်တင်နိုင်မည်




ဝါရှင်တန် ၊ ၂၄-၆-၂၀၁၆

ကမ္ဘာပေါ်တွင် လူသုံး အများဆုံး ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သော Facebook သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဗီဒီယို ကုမ္ပဏီ ဖြစ်လာအောင် ဆောင်ရွက်သည့် ပထမ ခြေလှမ်း အနေဖြင့် ယခု အခါ အသုံးပြုသူ များက ကမ္ဘာ အရပ်ရပ် မှနေ၍ ဗီဒီယိုကို တိုက်ရိုက် ထုတ်လွှင့်ကာ Live Video Service ကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မကြာခင် Facebook သုံးတဲ့အခါ Friend တစ်ယောက်က ကမ်းခြေကနေ ဗီဒီယို တိုက်ရိုက် ထုတ်လွှင့် နေပါတယ် ဆိုတဲ့ အသိပေးစာကို Facebook အသုံးပြုသူတွေ ရရှိ လာတော့မှာ ဖြစ်ပါတယ် ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Facebook သည် ၄င်း၏ Live Video Service ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ကစတင် စမ်းသပ်ခဲ့ကြောင်း၊ ထိုစဉ်က ရုပ်ရှင် သရုပ်ဆောင် Vin Diesel နှင့် နိုင်ငံရေးသမား Donald Trump တို့ ကဲ့သို့ အကျော်အမော် များကိုသာ အသုံးပြုခွင့် ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ Facebook အသုံးပြုသူ များကို ဖြည်းဖြည်းချင်း ခွင့်ပြုပေး ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ iPhone နှင့် Android နှစ်မျိုးလုံးဖြင့် ဗီဒီယိုကို တိုက်ရိုက် လွှင့်ထုတ် နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

အသုံးပြုသူများ အနေဖြင့် ဗီဒီယိုကို တိုက်ရိုက် ထုတ်လွှင့်ခွင့် ရရှိနိုင်သည့် Meerkat အပလီကေးရှင်း ကို ၂၀၁၅ ခုနှစ် အစောပိုင်း ကလည်း အသုံးပြု ခဲ့ကြ သေးကြောင်း၊ Twitter ကလည်း Periscope အပလီကေးရှင်း ကို အသုံးပြုကာ ဗီဒီယို ထုတ်လွှင့် နိုင်အောင် ဖန်တီးပေး ထားကြောင်း၊ တစ်ရက်လျှင် မိနစ်ပေါင်း ၁ သန်းစာ ဗီဒီယိုများကို ထုတ်လွှင့်
ပေးနေရကြောင်း၊ ယခုအခါ Twitter တွင် ဘောလုံးပွဲ များကိုပင် တိုက်ရိုက် ထုတ်လွှင့် နေသော ပရိသတ်များ ရှိနေကြောင်း သိရသည်။

Live Video Service ကို ထုတ်လွှင့် သွားမည့် ဆိုရှယ်မီဒီယာ များတွင် Twitter နှင့် Facebook တို့ အပြင် Tumblr, Yahoo, You Tube, YouNow, Kanvas, Upclose တို့ လည်း ပါဝင်ကြောင်း၊ နောက်ပိုင်းတွင်ယင်း အပလီကေးရှင်း များကို အသုံးပြု ကာမိမိတို့ ၏ ဗီဒီယိုများကို တိုက်ရိုက် ထုတ်လွှင့် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/facebook-live-video-service.html

Read More »

Saturday, November 07, 2015

ဖေ့စ်ဘွတ်ခ် ကြော်ငြာများမှတဆင့် ၃ လအတွင်း ကန်ဒေါ်လာ ၈၉၁ သန်း ရရှိ



ဓာတ်ပုံ - ရိုက်တာ

အခုနှစ်ဘဏ္ဍာရေး တတိယပတ် အတွင်း ဖေ့စ်ဘွတ်ခ်(Facebook) လူမှု ကွန်ရက်ဟာ ကြော်ငြာတွေ ကနေ အမြတ် အစွန်း အတော်ရ ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန် ပါတယ်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လပတ်မှာ အသားတင် ၀င်ငွေ ၁၁ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၉၁ သန်း ရရှိတယ်လို့ ဆိုပါတယ်။

အရင်နှစ် ဒီ ၃ လပတ်မှာတော့ ၈၀၆ သန်းရရှိခဲ့ပြီး ဈေးကွက်သစ်တွေ ချဲ့ထွင်နိုင်ခဲ့လို့ အခုလို အမြတ်အစွန်းမြင့်တက် ခဲ့တာလို့ပြော ဆိုပါတယ်။ Facebook စီအီးအို ကတော့ ကုမ္ဗဏီဟာ ဆန်းသစ်တီထွင်မှုနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အဓိကထားခဲ့တယ်လို့ ပြောဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးဖြစ်ပြီး ဒီတတိယ ၃ လပတ်အတွင်း တလကို သုံးစွဲသူ သန်း ၆၀ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာလုံး Facebook သုံးစွဲသူ ၁.၅၅ ဘီလီယံရှိပါတယ်။ Facebook မှာ သုံးစွဲသူ လစဉ်တိုးပွားမှုဟာ ကြော်ငြာရှင်တွေအတွက်လည်း ဖေ့စ်ဘွတ်ခ်မှာ ပရိသတ်တိုးပွားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယပတ်အတွင်း ကြော်ငြာတွေက အဓိက၀င်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြော်ငြာက ရရှိတဲ့ဝင်ငွေ ၄၅ ရာခိုင်နှုန်းတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းတွေကနေ ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ သိသိသာသာ တိုးတက်နေတယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာလက မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၈၉၄ သန်းရှိခဲ့ပါတယ်။

by ဒီဗွီဘီ


Original link - http://burmese.dvb.no/archives/120577

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Wednesday, September 30, 2015

အောက်တိုဘာလ ၁ ရက်မှ စတင် လက်ရှိ ဖုန်းခေါ်ဆိုမှုများမှာ ကမ္ဘာ့ အသက်သာဆုံး ဖုန်းခေါ်ဆိုမှုနှုန်းထားများ၌ ပါဝင်




အော်ပရေတာ ဈေးကွက် တစ်နှစ် ဝန်းကျင်သာ ရှိသေးသည့် မြန်မာနိုင်ငံ အတွင်း လက်ရှိ ဖုန်းခေါ်ဆို မှုများမှာ ကမ္ဘာ့ အသက်သာဆုံး ဖုန်းခေါ်ဆိုမှု နှုန်းထားများ၌ ပါဝင်ကြောင်း Ooredoo Myanmar ၏ CEO Mr.Rene Meza က ပြောကြားသည်။

“Regulator ကနေ ဘယ်လိုသတ်မှတ် ထားလဲ ဆိုတော့ အော်ပရေတာ အချင်းချင်း ခေါ်ဆိုမှု ခေါ်တဲ့သူ၊ အများဆုံး အချိန်နဲ့ ခေါ်တဲ့သူ၊ အနည်းဆုံး အချိန်ကို အများဆုံး နှစ်ဆယ် ကနေ အနည်းဆုံး ၁၅ ကျပ် ဆိုပြီး သတ်မှတ် ထားတယ်။ အဲဒါက အော်ပရေတာ အချင်းချင်းတွေ ကြားထဲမှာ ခေါ်ဆိုမှု။ နောက်တစ်ခု ကတော့ လက်လီဈေးကို ကြည့်မယ် ဆိုလို့ ရှိရင် အခုချထားတဲ့ ဈေးနှုန်းတွေက ကမ္ဘာနဲ့နှိုင်းစာမယ် ဆိုရင် အခုမှ တစ်နှစ်သားပဲ ရှိသေးတဲ့ အတွက် Telecommunication ကဏ္ဍမှာ ဒီဈေးတွေက ကမ္ဘာပေါ်မှာ အသက်သာ ဆုံးဈေးမှာ ပါဝင်တယ်” ဟုပြောကြားသည်။

အော်ပရေတာများအနေဖြင့် အမြတ်အစွန်း ရရှိလာချိန်တွင် ယခုထက်ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်မည့်အပြင် ကွန်ရက်များကိုလည်း ပိုမိုချဲ့ထွင်လာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

“ရေရှည်ကိုကြည့်မယ်ဆိုရင် တစ်နှစ်အတွင်းမှာဆိုရင် နောက်ထပ်သုံးနှစ်ကို ကြည့်မယ်။ နောက်ထပ် ငါးနှစ်ကိုကြည့်မယ်။ အော်ပရေတာတွေက အမြတ်အစွန်း ရလာပြီ ဆိုလို့ရှိရင် ဒီကွန်ရက်ကို ပိုပြီးချဲ့ထွင်လာမယ်။ ဖိုက်ဘာလမ်းကြောင်းတွေ များလာမယ်။ အဲဒီကနေ 4G Lte ကို ပြောင်းလာမယ်” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိပြည်တွင်း၌ အော်ပရေတာသုံးခုက ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်ပေးလျက်ရှိသည်။ အဆိုပါအော်ပရေတာများမှာ Ooredoo, MPT နှင့် Telenor တို့ ဖြစ်သည်။ လက်ရှိ လေးခုမြောက် အော်ပရေတာကို ရွေးချယ်နေဆဲ ဖြစ်သည်။

အသစ်ခန့်အပ်မည်ဖြစ်သည့် လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာသည် အခြားသော ဆက်သွယ်ရေး အော်ပရေတာများနည်းတူ လုပ်ငန်းလိုင်စင် ၁၅ နှစ်အကြာ ရရှိမည်ဖြစ်ပြီး အခွန်အခများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ပေးသွင်းရမည် ဖြစ်သည်။

Tags: Ooredoo၍ ဆွေသဟာအသုံးပြုသူများအတွက် အင်တာနက်ဈေးနှုန်းကို 1 MB လျှင် ၇.၅ ကျပ်မှ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး အင်တာနက် ပရိုမိုးရှင်း Package များကိုလည်း data အပိုထပ်ဆောင်းပေးမည်ဟု MPT က သတင်းထုတ်ပြန်လိုက်သည်။

စာတိုပေးပို့ခြင်းကိုလည်း တစ်စောင်လျှင် ၁၅ ကျပ် မှ ၁၀ ကျပ်နှုန်းသို့ ပြောင်းလဲလိုက်ပြီး စာတိုပေးပို့မှုဓလေ့ကို ပိုမို အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်း လျှော့ချပေးခြင်း ဖြစ်သည်ဟု MPT ၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ယခုလျှော့ချလိုက်သော ဈေးနှုန်းသစ်ကို ဆွေသဟာသုံးသူတိုင်း ခံစားခွင့်ရှိပြီး ဈေးနှုန်းများအရ ဆွေသဟာ ဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်၊ စာတို တစ်စောင်လျှင် ၁၀ ကျပ်နှင့် မြန်ဆန်သော အင်တာနက်ကို 1 MB လျှင် ၆ ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။

internet journal By: ထွန်းထွန်း

Original link - http://www.internetjournal.media/news/4307

Read More »

Sunday, September 27, 2015

အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အင်တာနက်မှာ အရှာဖွေဆုံး Adult ဗီဒီိယိုများ




အရွယ်ရောက် ပြီးသူ အမျိုးသား တွေနဲ့ အမျိုးသမီးတွေ အင်တာနက်မှာ အရှာဖွေဆုံး အရာကို လေ့လာမှု တစ်ခု ပြုလုပ်လိုက်တဲ့ အခါမှာ အံ့သြစရာ ကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ် လာခဲ့ ပါတယ်။

အမေရိကန် အရွယ်ရောက် ပြီးသူများ ကြည့်ရှုတဲ့ ၀က်ဘ်ဆိုက် တစ်ခုက ဦးဆောင် လေ့လာ ခဲ့ရာမှာ အမျိုးသမီးတွေ အများဆုံး ရှာကြတဲ့ Adult ဗီဒီိယို တွေကတော့ “Lesbian” နဲ့ “Threesome” အကြောင်း အရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထူးဆန်းတာ တစ်ခု ကတော့ အမျိုးသမီး တွေဟာ ယောင်္ကျားချင်း လိင်တူ ဆက်ဆံတဲ့ Gay ဗီဒီယိုတွေ ကိုလည်း ရှာဖွေမှု များပြား နေတာကို တွေ့ခဲ့ ရပါတယ်။ ပျမ်းမျှ အားဖြင့် အမျိုးသမီး တွေဟာ Lesbian မြင်ကွင်း တွေကို ၁၃၂ ရာခိုင်နှုန်း အထိ ရှာဖွေကြပြီး Threesome မြင်ကွင်း တွေကို ၇၅ ရာခိုင်နှုန်း အထိ ရှာဖွေ ကြတယ်လို့ သိရပါတယ်။

အမျိုးသားတွေ လိင်မှု ကိစ္စ စိတ်ဝင် စားတဲ့ အပိုင်း မှာတော့ ရိုးရှင်း ပါတယ်။ အရွယ် ရောက်ပြီး သူတွေသာ ကြည့်ရှုရတဲ့ ၀က်ဘ်ဆိုက် တွေမှာ အမျိုးသားတွေ အတွက် ရှာဖွေဖို့ ပေါ်ပြူလာ အဖြစ်ဆုံး Adult ဗီဒီယိုတွေ ကတော့ “Teen” ဆိုတဲ့ ကဏ္ဍ နဲ့ “Mature Women” ဆိုတဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ်။


Celeberity တွေနဲ့ ပတ်သက်ပြီး ရှာဖွေမှု မှာတော့ အမျိုးသားတွေနဲ့ အမျိုးသမီး တွေက တူညီတာ များပါတယ်။ Kim Kardashian နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ ဓါတ်ပုံ တွေဟာ အမျိုးသား တွေရော အမျိုးသမီး တွေပါ ရှာဖွေမှု များပြီး Miley Cyres နဲ့ ပတ်သက်တဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံတွေ ကတော့ အမျိုးသမီးတွေ အမျိုးသား တွေထက် ပိုရှာဖွေ ကြတယ်လို့ သိရ ပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/05/adult.html

Read More »

Saturday, September 26, 2015

မိုဘိုင်းလ် အင်တာနက် တွေထဲမှာ Ooreedoo ဟာ မြန်နှုန်း အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရှိ



မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် အင်တာနက် စနစ် အတွက် MPT ၊ Telenor နဲ့ Ooredoo ၀န်ဆောင်မှု ကုမ္မဏီကြီး ၃ ခု ရှိရာမှ လက်ရှိ စစ်ဆေး လေ့လာ မှုတွေ အရ Ooredoo ကုမ္မဏီ ရဲ့ မိုဘိုင်းလ် အင်တာနက် ၀န်ဆောင်မှု ဟာ မြန်နှုန်း အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရှိရ ပါတယ်။

လက်ရှိ ထို ကုမ္မဏီ ကြီး ၃ခု ရဲ့ ထုတ်လွှင့်ပေးနေတဲ့ မြန်နှုန်း ပမာဏတွေအရ Telenor ရဲ့ My Internet ဟာ 500 Kbps အထိ သာ မြန်နှုန်းရှိနေပြီး Smart Internet ၀န်ဆောင်မှုကတော့ 2 Mbps အထိ မြန်နှုန်းရှိနေပါတယ်။

MPT ရဲ့ ဆွေသဟာ အစီအစဉ်ကတော့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတစ်မျိုးဖြစ်ပြီး Ooredoo ရဲ့ အင်တာနက် ၀န်ဆောင်မှု ပမာဏ ကဲ့သို့ပင် မြန်နှုန်း ပမာဏ ကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Telenor ရဲ့ အင်တာနက် ၀န်ဆောင်မှု မြန်နှုန်းကို အမြင့်ဆုံး 2Mbps အဖြစ် သိရှိခဲ့ရပြီး MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏ ကို တော့ မသိရှိရသေးပါဘူး။

Google Play Store က ရရှိထားပြီး အင်တာနက် မြန်နှုန်း ပမာဏ တိုင်းတာ တဲ့ SPEEDTEST ဆိုတဲ့ App တစ်ခု ကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ MPT ရဲ့ မြန်နှုန်း ပမာဏ ဟာ 4Mbps အထိ ရရှိတာကိုတွေ့ခဲ့ရပြီး Ooredoo ကတော့ 6.67Mbps အထိ မြန်နှုန်း ပမာဏ ရရှိနေတာကိုတွေ့ရပါတယ်။

ဒီလို မြန်နှုန်းပမာဏ ဟာ ကွန်ရက် ထုတ်လွှတ်ပေးနေတဲ့ တာဝါတိုင် အကွာ အဝေးနဲ့တော့ သက်ဆိုင်ပါတယ်။ သို့သော်လည်း Telenor ရဲ့ အင်တာနက် မြန်နှုန်း ပမာဏ ဟာ 2Mbps အထိ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် တာဝါတိုင်နဲ့ အနီးဆုံးမှာ သုံးနေပေမယ့်လည်း 2Mbps အထိပဲ ရရှိမှာဖြစ်ပါတယ်။ MPT နဲ့ Ooredoo ရဲ့ မြန်နှုန်းပမာဏကတော့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက် မတူညီတဲ့ ပမာဏ တွေကို ရရှိနိုင်တာဖြစ်ပါတယ်။

ဒါဟာ သစ်ထူးလွင်(နည်းပညာ) ဘလော့ဂ် စာမျက်နှာ ရဲ့ SPEEDTEST ဆိုတဲ့ app ကို အသုံးပြုပြီး တိုင်းတာ ရေးသားထားခြင်းသာဖြစ်ပါတယ်။

Original link - http://technology.thithtoolwin.com/2015/05/ooreedoo.html

Read More »

ကွယ်လွန် သွားသူတွေ အတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ အွန်လိုင်းသုသာန် Remembr



ကမ္ဘာပေါ်က လူတွေဟာ သေဆုံး ပြီးရင် ဘ၀ တစ်ခု ရှိနိုင်သေး သလားဆိုတာကို နှစ်ပေါင်း aထာင်ချီ ငြင်းခုံ လာခဲ့ကြ ပါတယ်။

ဒါပေမယ့် အင်တာနက် ပေါ်မှာတော့ မသေဆုံး နိုင်ခြင်းဆိုတဲ့ Virtual Immortality ဟာ ဖြစ်နိုင်ဖို့ လွယ်ကူ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူမှုကွန်ရက် တွေဟာ သုံးစွဲသူ သေဆုံး သွားပေမယ့် ထိုသုံးစွဲ သူရဲ့ ပရိုဖိုင်း တွေဟာ မသေဆုံးတဲ့ အတွက်ဖြစ် ပါတယ်။

အခုလည်း သေဆုံးသွား သူတွေ အတွက် ကျန်ရစ်သူ မိသားစု တွေက အမှတ်တရ တစ်ခု ပြုလုပ် ပေးနိုင်မယ့် လူမှု ကွန်ရက် အသစ် တစ်ခု ထွက်ပေါ် လာပြန်ပါတယ်။ ထို လူမှု ကွန်ရက်ဟာ သေဆုံး သွားတဲ့ သူတွေ အတွက် ရည်ရွယ်ပြီး တည်ဆောက် ထားတဲ့ အွန်လိုင်း သုသာန် တစ်ခု ပဲ ဖြစ်ပါတယ်။

ထို ၀က်ဘ်ဆိုက်ကိုတော့ Remembr လို့ခေါ်ပြီး ကျန်ရစ်သူ မိသားစုတွေအနေနဲ့ ကွယ်လွန်သွားသူတွေရဲ့ အုတ်ဂူ အသွင် မျိုးဖြစ်နိုင်မယ့် ပရိုဖိုင်တွေကို အမှတ်တရ တည်ဆောက်နိုင်မှာပါ။ ထိုဝက်ဘ်ဆိုက်မှာ ကျန်ရစ်သူ မိသားစုတွေက ကွယ်လွန်သွားတဲ့သူရဲ့ ဓါတ်ပုံတွေ ၊ အမှတ်တရ ဗီဒီယို တွေနဲ့ ဇာတ်လမ်းတွေကို သူတို့ရဲ့ ပရိုဖိုင်းမှာ Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုသေဆုံးသူရဲ့ အုတ်ဂူ ပရိုဖိုင်းကို အခြား မိတ်ဆွေတွေအား လာရောက် ဂါရ၀ ပြုနိုင်စေရန် Facebook က တစ်ဆင့်လည်း ဖိတ်ကြားနိုင်မှာဖြစ်ပါတယ်။ ကွယ်လွန်ကာစ လူတစ်ယောက်ယောက်ရဲ့ အသုဘ အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေတဲ့သူတွေအတွက်လည်း ထို ၀က်ဘ်ဆိုက်က တစ်ဆင့် ဖိတ်ကြားပြီး အသုဘ အခမ်းအနား သဖွယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ထို Remembr ဆိုတဲ့ ၀က်ဘ်ဆိုက် ကိုတော့ ဟော်လန်နိုင်ငံက ကုမ္မဏီ တစ်ခု က ၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ထားတာဖြစ်ပြီး အခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေကလည်း သုံးစွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

( Mario )

သစ်ထူးလွင်(နည်းပညာ)

Original link - technology.thithtoolwin.com

Read More »

Monday, September 14, 2015

Facebook Safety Rules & Community Standards




ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ Facebook အနေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိ သူတွေနဲ့ ပေါင်းပြီး Responsible Online Sharing Initiative for Myanmar ဆိုတဲ့ အလုပ်ရုံ aဆွးနွေးပွဲကို နေပြည်တော်နဲ့ ရန်ကုန်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ တွေရဲ့ ရည်ရွယ်ချက် တွေကတော့ မြန်မာနိုင်ငံမှာ Facebook ကို ဘယ်လို ကျယ်ကျယ် ပြန့်ပြန့် အကျိုးရှိရှိ သုံးနိုင်ဖို့၊ ဆိုးကျိုး ပေါ်ပေါက် စေနိုင်တဲ့ အသုံးချမှု တွေကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။

လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ အကြံပြုချက် တွေကို Phandeeyar နဲ့ Joosk တို့နဲ့ ပေါင်းပြီး သရုပ်ဖော်ပုံတွေ ရေးဆွဲပြီးတော့ Facebook Safety Page ကတစ်ဆင့် မြန်မာ ပြည်သူတွေကို မျှဝေပေး သွားမှာ ဖြစ်ပါတယ်။

Facebook မိတ်ဆွေများ သိရှိနိုင်စေဖို့ မျှဝေပေး လိုက် ရပါတယ်။ မိတ်ဆွေများ အားလုံး လွတ်လပ်စွာ ရယူခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင် ပါတယ်။











Ref : Hmuu Zaw facebook

Original link - https://www.facebook.com/profile.php?id=100008433137276&fref=ts

Read More »

Thursday, September 03, 2015

အိပ်ချင်ယောင်ဆောင်သည့် ၁ နှစ်ခွဲ အမြွှာ (ရုပ်သံ)




အိပ်ခိုင်း ထားတဲ့ အချိန်မှာ မအိပ်ဘဲ ဆော့နေတဲ့ အမြွှာ ၂ ဦး အမေရဲ့ အသံကို ကြားလိုက်လို့ အိပ်ချင်ယောင် ဆောင်တာကို တွေ့ဖူး ပါသလား။

နေ့လယ်ခင်း အိပ်ချိန်မှာ ၁ နှစ်ခွဲအရွယ် အမြွှာ ၂ ဦး မအိပ်ဘဲ ဆော့နေတဲ့အတွက် အမေက စောင့်ကြည့် ကင်မရာ ကနေ တဆင့် အသံပေး လိုက်ရာမှာ အိပ်ချင်ယောင် ဆောင်သွားတဲ့ ဒီရုပ်သံ ဖိုင်က ကြည့်ရှု သူကို ကြည်နူး သွားစေနိုင် ပါတယ်။

ဒီဗွီဒီယိုဖိုင်ကို အမေဖြစ်သူ ဗွီဒီယို ဘလော့ဂ်ကာ ဂျူဒီထရာဗစ်က အွန်လိုင်းမှာ တင်ပြီး ကြည့်ရှုတဲ့ သူတွေကို ပြုံးရွှင်စေမှာ ဖြစ်ပါတယ်။ ပြုံးပျော် ကြည်နူးစေတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုပြီး ဘ၀အမော ပြေနိုင်ပါစေ။

video

by DVB

Original link - http://burmese.dvb.no/archives/110454

Read More »

Wednesday, September 02, 2015

Google၏ အမှတ်တံဆိပ် အသစ်ပြောင်းလဲ




Google ကုမ္ပဏီသည် ၎င်းတို့၏ အမှတ် တံဆိပ်ကို သိသာ ထင်ရှားစွာ အပြောင်းအလဲ ပြုလုပ် လိုက်ကြောင်း သတင်း ရရှိသည်။

အင်တာနက် ရှာဖွေရေး လုပ်ငန်းဖြင့် အစပြုခဲ့ ပြီးနောက် ယခု အခါ မိုဘိုင်း နည်းပညာ နယ်ပယ်ထဲတွင် ကျယ်ကျယ် ပြန့်ပြန့် နေရာယူ လာပြီဖြစ်သည့် အမေရိကန် ကုမ္ပဏီ ကြီးသည် ယခင် တံဆိပ်မှ စာလုံး များကို အနားသတ် ပိုမိုချောမွေ့ ညီညာအောင် ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။ အဆိုပါ တံဆိပ် အပြောင်း အလဲသည် မိုဘိုင်း ကိရိယာများ အတွက် ပိုမို အဆင်ပြေစေမည့် ဒီဇိုင်းဖြစ်သည်။

Googleက မိမိတို့၏ ဝက်ဘ်ဆိုက်ကို လာရောက်သူများ၊ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့် ရောက်ရှိလာသူ အများအပြား ရှိနေပြီး ကွန်ပျူတာများဖြင့် ဝင်ရောက်လာသူ အရေအတွက် နည်းပါးလာခြင်းကြောင့် မဟာဗျူဟာမြောက် အပြောင်းအလဲ တစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Google အမှတ်တံဆိပ်သစ်သည် အရွယ်အစား ကွဲပြားသည့် Screen အမျိုးမျိုးနှင့် သင့်တော်စွာ ပြောင်းလဲ အံဝင်နိုင်မည် ဖြစ်သည်။ Googleသည် ၎င်းတို့၏ အဓိက ကိုယ်စားပြု အရောင်များဖြစ်သည့် အပြာ၊ အနီ၊ အဝါနှင့် အစိမ်းရောင်တို့ကို အမှတ်တံဆိပ်သစ်တွင် ဆက်လက် သုံးစွဲထားပြီး Googleကို အတိုကောက် ဖော်ပြသည့် G စာလုံးနှင့် သီးခြား အမှတ်တံဆိပ်ကိုလည်း လေးရောင်ခြယ် ဒီဇိုင်းဖြင့် မိတ်ဆက်ခဲ့သည်။

Google ဝက်ဘ်ဆိုက်တွင်လည်း အမှတ်တံဆိပ် အပြောင်းအလဲကို Animation ကာတွန်းပုံရိပ်များဖြင့် ပြသနေပြီး အမှတ်တံဆိပ် အသစ်သည် သုံးစွဲသူများ အမြင်တွင် ပိုမိုရိုးရှင်း သေသပ်ကာ အရောင်အသွေး စုံလင်ပြီး ရင်းနှီးကျွမ်းဝင်မှုမျိုး ခံစားရမည်ဟု ကုမ္ပဏီက ဖော်ပြထားသည်။

Googleသည် ၎င်းတို့၏ အမှတ်တံဆိပ် အပြောင်းအလဲကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကလည်း ပြုလုပ်ခဲ့ဖူးသည်။ ယခုအသစ်တီထွင်လိုက်သည့် အမှတ်တံဆိပ်သည် နောက်ပိုင်းကာလများတွင် နည်းပညာ ကုမ္ပဏီကြီးများ ပိုမို ဦးစားပေးလာသည့် ရိုးရှင်းပြီး မျက်စိပသာဒဖြစ်အောင် ဖမ်းစားနိုင်သည့် စံနှုန်းမျိုးနှင့် ပိုမိုကိုက်ညီလာကြောင်းလည်း သိရှိရသည်။

_Ref: TBO

Original link - http://www.7daydaily.com/story/45475

Read More »

Friday, August 28, 2015

တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ




တစ်ရက်တာ အတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်) ထိ ပထမဆုံး အကြိမ် ရောက်ရှိ ခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြား လိုက်သည်။

အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက် ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာ ခဲ့သည်။

Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။

Facebook သည် ဝက်ဘ်ဆိုက်သို့ လာရောက်ချိတ်ဆက်သူ အရေအတွက် တစ်ဘီလီယံ ပြည့်မြောက်သည့် အောင်မြင်မှုကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ရရှိထားသည်။

ဇူကာဘာ့ဂ်သည် ဟားဗက်တက္ကသိုလ် ကျောင်းသားတစ်ဦး ဘဝတွင် ၂၀၀၄ ခုနှစ်က Facebookကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက တစ်နေ့တည်း အသုံးပြုသူ တစ်ဘီလီယံ အမှတ်ထိ ရောက်ရှိခဲ့သည့်နောက် Facebook၏ ကြီးထွားမှု အရှိန်အဟုန် ဆက်လက် မြင့်တက်နေဦးမည်ဟုလည်း ခန့်မှန်းခဲ့သည်။

ဩဂုတ် ၂၇ ရက်တွင် ၎င်းရေးသားထားသည့် ပို့စ်၌ ဇူကာဘာ့ဂ်က “တစ်ရက်တာမှာ ဒီလို ကိန်းဂဏန်း အောင်မြင်မှုမျိုး ရလာတာ ဒါပထမဆုံးပဲ။ ပြီးတော့ ဒါဟာ တစ်ကမ္ဘာလုံးကို ဆက်သွယ် ချိတ်ဆက်ပေးနေမှုမှာ ခြေလှမ်းအစပဲ ရှိသေးတယ်”ဟု မှတ်ချက်ပြုထားသည်။

Facebookသည် ဇူလိုင်လ အတွင်းက ကမ္ဘာပေါ်၌ အင်တာနက် အသုံးပြုသူ စုစုပေါင်း၏ ထက်ဝက်သည် အနည်းဆုံး တစ်လတွင် တစ်ကြိမ်မျှ မိမိတို့ ဝက်ဘ်ဆိုက်သို့ Log Inဝင်ကြောင်းလည်း ကြေညာခဲ့ဖူးသည်။

_Ref: CNET

Original link - http://www.7daydaily.com/story/45124

Read More »

Friday, August 21, 2015

WhatsApp ကို ကွန်ပြူတာပေါ်မှာ သုံးမယ်




WhatsApp ကို ကို ကွန်ပြူတာ Web ပေါ်မှာ သုံးလို့ရအောင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက မိတ်ဆက် ခဲ့တာပါ။ ဒါပေမယ့် Android, Blackberry တို့ အတွက်သာ ပါပြီး iPhone သုံးတဲ့ iOS သမားများ အတွက် မပါဝင်ခဲ့ ပါဘူး။ အခုတော့ ပါလာပါပြီ။ ဒီရက်ပိုင်းလေး တင်ပဲ အိုင်ဖုန်းနဲ့ WhatsApp သုံးသမား များ အတွက် Web ပေါ်မှာ သုံးလို့ရအောင် လုပ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ Messaging platform တစ်ခု ဖြစ်ပါတယ်။ Facebook ကနေပြီးတော့ ဝယ်ယူ ခဲ့တာပါ။ Viber က Desktop App ထုတ်ထားသလိုပဲ WhatsApp ဟာ Web ဘက်ကို အရင် စပါတယ်။ နောက်တော့ Desktop App လည်း ထွက်လာနိုင်ချေ ရှိပါတယ်။ Slack လိုမျိုး လူသုံးများလာတဲ့ Mobile နဲ့ Desktop App တို့နဲ့ ယှဉ်ဖို့လည်း ဖြစ်နိုင် ပါတယ်။ မြန်မာပြည်မှာ လက်ရှိ လူသုံးအများဆုံးကတော့ Viber ဖြစ်ပါတယ်။ ဒါပေမယ့် ယခု နောက်ပိုင်း Line ရဲ့ user တဖြည်းဖြည်း တိုးတက်လာနေပြီး WeChat အပြင် အခြားသော App များစွာလည်း ဈေးကွက်ချဲ့ထွင်လာနေပြီ ဖြစ်ပါတယ်။

အကယ်၍ WhatsApp ကို Desktop Web မှာ သုံးချင်ရင် https://web.whatsapp.com/ သို့ သွားနိုင် ပါတယ်။

သုံးရန် အဆင့်ဆင့်ကတော့ လွယ်ပါတယ်။ မိမိရဲ့ ဖုန်းမှာ ရှိတဲ့ WhatsApp ရဲ့ Setting ထဲကို သွားပါ။ Setting ထဲကနေ Use WhatsApp Web ဆိုတာကို နှိပ်လိုက်ရင် ကင်မရာ ပွင့် သွား ပါလိမ့်မယ်။ အထက်မှာ ပေးထားတဲ့ web.whataspp.com ကို ဝင်လိုက်ပြီးရင် QR code ပေါ်နေတာကြောင့် အဲ့နေရာကို ချိန်ရိုက်လိုက်ရင် WhatsApp Web ကို ဘာမှ sign in လုပ်စရာမလိုပဲ သုံးလို့ရပါပြီ။

အလိုအလျောက် sign in ဖြစ်သွားလို့ ဖြစ်ပါတယ်။

အောင်ခမ်း (MMAS)

Original link - http://www.myanmarmobileapp.com/2015/08/21/whatsapp/

Read More »

Wednesday, August 19, 2015

Facebook မှာ စာရှည်ရှည် ရေးချင်သူများ အတွက် အသစ်ဖြစ်လာမယ့် Note




Facebook Note ကို ၂၀၁၀ ခုနှစ်နောက်ပိုင်း ကတည်းက Update အကြီးစားများ မလုပ်ဖြစ်တာ အတော်လေး ကြာပါပြီ။ Facebook အနေနဲ့ မေ့ထားတဲ့ အရာ တစ်ခု ပမာ ဖြစ်နေပြီး ဗီဒီယိုနဲ့ အခြားသော UI အပိုင်းများ အပေါ်မှာ အာရုံထား ခဲ့ခြင်း ဖြစ်ပါတယ်။

ယခု ပုံမှာ မြင်တွေ့ရတာကတော့ Facebook Note ရဲ့ ပုံစံ အသစ် ဖြစ်ပါတယ်။ Cover Photo အရွယ် ပုံတင်လို့ ရမယ်။ ဗီဒီယိုလည်း တင်လို့ရမယ်။ ဘေးမှာ ကြော်ငြာလေး တွေပါ ထိုးလို့ ရမယ် ဆိုတာ Blog တစ်ခု ပမာ အသုံးပြုလို့ ရမယ့် Note ဖြစ်ပါတယ်။

လက်ရှိ Twitter က လုပ်ထားတဲ့ medium.com ထပ် ပိုသာတဲ့ platform တစ်ခု ဖြစ်ကြောင်းတောင် ဆိုထားကြ ပါတယ်။ စမ်းသပ်မှုကို လူနည်းစုနဲ့ အသုံးပြုခွင့် ပေးခဲ့ပြီး အောင်မြင်မှု ရရှိ တာကြောင့် ယင်း Note ကို လူတိုင်း အသုံးပြုနိုင်ရန် ချပေး တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Personal account ကနေ Note ရေးတာ ကနေ ငွေရှာလို့ ရနိုင်သလို၊ Page ထဲကနေ Note ရေးခြင်းဖြင့်လည်း ငွေရှာနိုင် တော့မယ် အနေအထား တစ်ခု ရောက် လာတော့မှာ ဖြစ်ပါတယ်။ Note ကို Blog တစ်ခု အနေနဲ့ upgrade ပြုလုပ်မှုကို ယခုနှစ် အတွင်း ပြုလုပ်နိုင်ချေ များကြောင်း သိရ ပါတယ်။

Ref: Mashable

အောင်ခမ်း (MMAS)

Original link - http://www.myanmarmobileapp.com/2015/08/18/note/

Read More »