နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အစားအစာ. Show all posts
Showing posts with label အစားအစာ. Show all posts

Saturday, February 25, 2017

ပင်လယ်စာ Hot Plate ချက်နည်းလေး




အစား အသောက် အသစ် အဆန်း တွေကို ကြိုက်တဲ့သူ The Kitchen ပရိသတ်တွေ အတွက် ဒီတစ်ပတ် မှာတော့ အရသာ တစ်မျိုး ဆန်းတဲ့ ပင်လယ်စာ Hot Plate ချက်နည်းလေးကို တင်ဆက်ပေး လိုက်ပါတယ်။

မိမိ ကြိုက်နှစ် သက်ရာ ပင်လယ်စာ တွေကို ထည့်ချက်နိုင် သလို မိမိ ကြိုက်နှစ်သက်ရာ အသီးအရွက်တွေ ကိုလည်း ထည့်နိုင် ပါတယ်။ အရသာ ရှိလှတဲ့ ဟင်းလျာ ဖြစ်တာကြောင့် ချက်စားကြည့်ကြဖို့ တင်ဆက်ပေး လိုက်ပါတယ်။



From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Saturday, February 11, 2017

ဝက်သားလုံး စပါးလင် အိုးကပ်ကြော်




အစား အသောက် အသစ် အဆန်း တွေကို ကြိုက်တဲ့သူ The Kitchen ပရိသတ်တွေ အတွက် ဒီတစ်ပတ် မှာတော့ အရသာ တစ်မျိုး ဆန်းတဲ့ ဝက်သားလုံး စပါးလင် အိုးကပ်ကြော် လုပ်နည်းကို တင်ဆက်ပေး လိုက်ပါတယ်။

ဝက်သားလုံး စပါးလင် အိုးကပ်ကြော်လို့ ပြောလိုက် တာနဲ့ လုပ်ရ ခက်မယ်လို့ ထင်ရပေမယ့် အရမ်း လွယ်ကူပြီး အရာသာ အရမ်းရှိတဲ့ ဟင်းတစ်ပွဲ ဖြစ်တာကြောင့် လိုက်လုပ်ကြည့် ပါအုန်းနော်။

7Day TV ကရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တန၈င်္နွေ နေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Wednesday, January 25, 2017

ထောပတ်ကြက်ဥ ဘိန်းမုန့် ပူပူ မွှေးမွှေးလေး ( အချပ် အကြီး ၃ ချပ်စာ)




ဘိန်းမုန့်လုပ်နည်း မေးထားတဲ့ သူတွေ အတွက် အရသာ ရှိရှိနဲ့  ချက်ချင်း လုပ်စားလို့ ရတဲ့ နည်းပါ။

ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့ ၂ မျိုး ရှိတဲ့ အထဲက ဆန်နဲ့ လုပ်တဲ့ ဘိန်းမုန့်ကို တင်ပြထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့ လုပ်တာ အချိန်ကြာတာမို့ yeast နဲ့ မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကို အချဉ်ဖောက် ထားတာပါ။

ရှာလကာရည်နဲ့ အချဉ်ဖောက်တဲ့ နည်းကိုတော့ နိုင်ငံခြား မုန့်တွေ လုပ်တဲ့ နည်းက ရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ ရပြီး ထောပတ် အနံ့ လေး မွှေးမွှေးလေးနဲ့မို့ အချိန်ကုန် သက်သာပြီး အရမ်းစားလို့ ကောင်းတဲ့ နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့ လုပ်စားကြည့်ကြပါနော်။

ပါဝင်သောပစ္စည်းများ
၁။ ဆန်မှုန့် - ၁ ခွက်
၂။ ကြက်ဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၎။ ညောင်စေး ကျအောင် ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့ ) ခွက် တ၀က် (ဓါတ်ဗူးထဲက ရေနွေး အပြင်မှာ ၃ မိနစ်ထားပြီး လက်အပူ ခံနိုင်တဲ့ အနေထားဆို ရတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ပါးပါးလှီး ထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ် ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)




ပြုလုပ်နည်း

၁။ ကြက်ဥကို ခလောက် ထားပါ။ ဆန်မှုန့်၊ ဆား နှင့် ဆော်ဒါ မှုန့် တို့ ကို ဇလုံတခုထဲ ထည့်၍ သမအောင် လုပ်ပါ။
၂။ ဆန်မှုန့် ထဲကို ရှာလကာရည် ထည့်၍ သမအောင် နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်း၍ ထည့်ပါ။ မုန့် အချဉ်ပေါက်ရာမှာ အလွန် အသုံးဝင် ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်၍ သမအောင်လုပ်ပါ။ ခလောက်စရာ မလိုပါ။ (မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာ ပါလိမ့်မည်။)
၎။ နောက်ဆုံးမှ ခလောက် ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ ကိုထည့်ရ်ျ သမအောင် လုပ်ပါ။ မုန့် အနှစ် ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်၍ ထောပတ်ပူလာလျှင် မုန့် အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်၍ ထည့်ပါ။
၆။မီးကို အေးအေးထား၍ မုန့်လုပ်ပါ။ မုန့်အနှစ် အပေါ်ကို ဘိန်းစေ့ အရင်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူး၍ မုန့် အလည်မှာ အပေါက် ကလေးတွေ တော်တော် များများ ဖြစ်လာမှ အဖုံးကို ခန အုပ်ပါ။
၇။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့် သား ကျက်လျှင် နောက်တဖက်ကို လှန်ရ်ျ ၁ မိနစ်ခန့် ထားပါ။
၈။ ထောပတ်အနံ့  မွှေးမွှေးလေးနဲ့ အလွန်စားလို့ ကောင်းတဲ့ ဘိန်းမုန့် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

ပိတောက် ဝါ

From : Ei San's Homemade Inspiration

Originally published at - https://www.facebook.com/eisanhomemade/

Read More »

Tuesday, January 10, 2017

ချစ်စရာကောင်းတဲ့ Tart လုပ်ကြည့်ကြမယ်




The Kitchen မုန့်လုပ် အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ Tart လို့ ခေါ်တဲ့ ချစ်စရာ ကောင်းတဲ့ မုန့်လုပ် နည်းကို တင်ဆက် ပေးပါမယ်။

Tart ကိုတော့ များသော အားဖြင့် ကြက်ဥပူတင်းနဲ့ လုပ်တဲ့ Egg Tart ကိုသာ မြင်ရပေမယ့် ကန်စွန်းဥ Tart အပြင် ကြက်ဥ ပူတင်း နေရာမှာ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ အသီးယို တွေကို ထည့်ပြီးလဲ ကြိုက်နှစ်သက်ရာ Tart တွေကို လုပ်စားနိုင် ပါတယ်။

Tart လုပ်တဲ့ အခါမှာတော့ အဓိကကျတာက Tart အခွံလုပ်တဲ့ နည်းဖြစ်ပါတယ်။ အခွံရတဲ့ အခါမှာတော့ မိမိကြိုက်နှစ်သက်ရာ အသီးယိုတွေနဲ့ ပူတင်းတွေကို ထည့်သွင်း စားသောက်နိုင် ပါတယ်။

7Day TV ကရိုက်ကူးတင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တန၈င်္နွေ နေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Saturday, January 07, 2017

တိုဟူးသုတ်နဲ့ တိုဟူးကြော် လုပ်စားကြမယ်




The Kitchen အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ ပိတ်ရက်မှာ လက်တွေ့ လုပ်ကြည့်လို့ ရမယ့် လွယ်ကူတဲ့ တိုဟူးလုပ်နည်းကို တင်ဆက်ပေး ထားပါတယ်။

တိုဟူးလုပ်ပြီး ရင်တော့ ရလာတဲ့တိုဟူးလေးတွေကို မိသားစု ပျော်ပျော်ပါးပါး စားနိုင်မယ့် တိုဟူးသုတ်နဲ့ တိုဟူးကြော် ပြုလုပ်နည်းကိုလည်း မျှဝေ တင်ဆက် ထားပါတယ်။

7Day TV ကရိုက်ကူးတင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တန၈င်္နွေ နေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Tuesday, January 03, 2017

လွယ်လွယ်ကူကူ လုပ်နိုင်မယ့် ပေါင်မုန့် ပူတင်း




The Kitchen ရဲ့ မုန့်လုပ်နည်း အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ လုပ်ရလွယ်ကူတဲ့ အပြင် အဟာရပြည့်ပြီး အသက်အရွယ် မရွေး စားသုံးနိုင်မယ့် ပေါင်မုန့် ပူတင်း လုပ်နည်းကို တင်ဆက်ပေး ထားပါတယ်။

7Day TV ကရိုက်ကူးတင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တန၈င်္နွေ နေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Friday, December 30, 2016

ချဉ်ပြုံးပြုံးနဲ့ အရသာရှိမယ့် ငါးရံ့ ကြက်ပေါင်းသီး ဆီပြန်ရေကျန်ဟင်း




The Kitchen ဟင်းလျာ အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ ရာသီစာလဲ ဖြစ်သလို ချဉ်ပြုံးပြုံးနဲ့ ထမင်းတစ်လုပ်ကို အရာသာ ရှိစေမယ့် ငါးရံ့ ကြက်ပေါင်သီး ဆီပြန် ရေကျန် ဟင်းချက် နည်းကို တင်ဆက်ပေး ထားပါတယ်။

ဒီဟင်းချက်ရင်တော့ သတိထားရမှာက ကြက်ပေါင်သီးကိုတော့ ဟင်းမချက်မှီမှာ အဖန်ရေတွေနဲ့ အစေးတွေ ထွက်သွားစေဖို့ အတွက် အခြမ်းခွဲ အစေ့ထုတ်ပြီး ရေစိမ်ပေး ထားရပါမယ်။ ဒါ့အပြင် ငါးအသားက နူးညံ့တဲ့ အတွက် အသာအယာ မွှေပေးဖို့ကိုလဲ သတိပေး လိုက်ရပါတယ်။

7Day TV ကစီစဉ် ရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Monday, December 26, 2016

မြန်မာ့ရိုးရာ ရွှေကြည်ဆနွင်းမကင်း




The Kitchen ရဲ့ မုန့်လုပ်နည်း အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ မြန်မာ့ရိုးရာ မုန့်တစ်မျိုး ဖြစ်တဲ့ ရွှေကြည် ဆနွင်းမကင်း လုပ်နည်းကို တင်ဆက်ပေး ထားပါတယ်။

ရွှေကြည် ဆနွင်းမကင်း လုပ်တဲ့ အခါမှာတော့ အမြဲမပြတ် မွှေနိုင်ဖို့ အတွက် အကူနဲ့ လုပ်မယ် ဆိုရင်တော့ ပိုအဆင်ပြေ စေမှာပါ။

သီးစုံ ဆနွင်းမကင်း လုပ်မယ် ဆိုရင်တော့ နောက်ဆုံး အုန်းနို့ခမ်းသွားတဲ့ အခါမှာ ထည့်နိုင်ပါတယ်။

7Day TV ကရိုက်ကူးတင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တန၈င်္နွေ နေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။


From : 7 day daily

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Saturday, December 24, 2016

မြေအိုးထမင်းကြော် ပူပူမွှေးမွှေးလေး ကြော်စားကြည့်မယ်




The Kitchen ရဲ့ဒီတစ်ပတ် မှာတော့ မိသားစု စုံစုံညီညီနဲ့ ပူပူနွေးနွေး မွှေးမွှေးလေး သုံးဆောင်နိုင်မယ့် မြေအိုး ထမင်းကြော် ကြော်နည်းကို တင်ဆက်ပေး ထားပါတယ်။

မြေအိုး ထမင်းကြော်တဲ့ အခါမှာတော့ အနံ့လေးမွှေးစေဖို့ အတွက် မည်သည့် မြေအိုးကို မဆို အသုံးပြုနိုင် ပါတယ်။

အသုံးပြုတဲ့ အသားကိုလဲ မိမိကြိုက်နှစ်သက်ရာ အသားကို အသုံးပြုနိုင်သလို သက်သက်လွတ် စားသုံးသူတွေ ဆိုရင်လည်း အသားမပါပဲ အရသာရှိစွာ သုံးဆောင်နိုင်မှာပါ။

7Day TV ကစီစဉ် ရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Saturday, December 17, 2016

ကြက်တောင်ပံချဉ်စပ် ဟင်းထုပ်




The Kitchen ဟင်းလျာ အစီအစဉ် ကနေ ဒီတစ်ပတ် မှာတော့ ဟင်းအဖြစ်ပဲ စားစား၊ သွားရည်စာ အတွက်ပဲ ချက်စားစား အရသာ ရှိစေမယ့် ကြက်တောင်ပံ ချဉ်စပ် ဟင်းထုပ် ချက်နည်းကို တင်ဆက်ပေးမှာပါ။

ကြက်တောင်ပံ ချဉ်စပ်ဟင်းလို့ ဆိုပေမယ့် အရိုး မကြိုက်တဲ့ သူတွေကတော့ ကြက်သားကို သုံးပြီး ဟင်းထုပ် လုပ်နိုင်ပါတယ်။

ပေါင်းတဲ့အခါမှာဆိုရင်တော့ ဟင်းထုပ်ထဲက အရည်ထွက်လာမှာ ဖြစ်တာကြောင့် ဇလုံထဲ ထည့်ပေါင်းဖို့တော့ အကြံပြုပါရစေ။ ထွက်လာတဲ့ အရည်ကိုတော့ သုံးဆောင်တဲ့အခါမှာ ဆမ်းစားနိုင်ပါတယ်။

7Day TV ကစီစဉ် ရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက် ပေးနေတာ ဖြစ်ပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Sunday, December 11, 2016

ဂဏန်း မဆလာ ချဉ်စပ်




မင်္ဂလာပါ…………….။

ဒီတပတ်အတွက် ကတော့ ဂဏန်း မဆလာ ချဉ်စပ်လေး ချက်စား ကြရအောင်။ ဂဏန်းဟင်းက လက်နှစ်ဖက်နဲ့ အားပါးတရ ကိုင်ပြီး ကိုက်စားမှ အရသာ ရှိတော့ အိမ်မှာ ချက်စားမယ့် သူတွေ အတွက်က သင့်တော်တဲ့ စားစရာပါ၊

ဂဏန်းမဆလာချဉ်စပ် အတွက် လိုအပ်တာတွေ ကတော့
  1. - ဂဏန်း အရွယ်လတ် ၆ ကောင်
  2. - ကြက်ဥ ၁ လုံး
  3. - ကြက်သွန်နီ အသေး ၅ ဥ
  4. - ကြက်သွန်အဖြူ ၁ ဥ
  5. - ငရုတ်ပွ ၅ တောင့်
  6. - ချင်း ၃ကျပ်သား
  7. - မန်ကျည်းမှည့် အနည်းငယ်
  8. - ခရမ်းချဉ်သီး ၁လုံး
  9. - မဆလာ အနည်းငယ်
  10. - ရှမ်းနံနံ နဲ့ ကြက်သွန်မိတ် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

  • အရင်ဆုံး ဂဏန်းကို အခွံခွာ၊ သန့်စင်ဆေးကြောပြီး ဆား၊ ဆနွင်း၊ ငံပြာရည် နယ်ကာ နာရီဝက်လောက် နှပ်ထားပါ။
  • မမေ့မလျော့ လုပ်ရမှာ ကတော့ ဂဏန်း လက်မလေးကို ငရုတ် ကျည်ပွေ့လေးနဲ့ ဖြစ်ဖြစ် ခပ်စပ်စပ်လေး ထုပေးပါ။ ဒါမှ ဂဏန်းလက်မထဲ အရသာ ၀င်မှာပါ။
  • ငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ညက်နေအောင် ထောင်းပြီး ဆီအနည်းငယ်နဲ့ ဆီသတ်ပါ။
  • အနံ့မွှေးပြီး အရောင် ရဲလာပြီ ဆိုရင် အရသာ နယ်ထားတဲ့ ဂဏန်းကို ထည့်မွှေပြီး ၃ မိနစ်လောက် အဖုံးအုပ် ထားပေးပါ၊
  • ဂဏန်းအညှီနံ့ပျောက်ပြီး မွှေးလာပြီ ဆိုရင် မန်ကျည်းသီး မှည့်ကို ရေဖျော်ပြီး ဂဏန်းမြှုပ်ရုံ ထည့်ပြီး တည်ထားပေးပါ။
  • ဂဏန်းအရောင် ရဲလာပြီး ရေခမ်းလာပြီ ဆိုရင် အပေါ့၊ အငန်၊ အချဉ်၊ အစပ် မြည်းပြီး လိုတာထည့်ပါ။
  • ကိုယ့်စိတ်ကြိုက် အရသာ ရပြီဆိုရင် ကြက်ဥကို ခေါက်ထည့်ပါ။ ဒါမှဂဏန်းဟင်း အနှစ်က ပြစ်ပြစ်နှစ်နှစ်လေး ဖြစ်ပြီး စားကောင်း စေမှာပါ။
  • ကြက်ဥနှစ်လေးတွေ ကျက်သွားရင်တော့ မဆလာလေးထည့်ပြီး နှံ့အောင်မွှေပေးပါ။
  • ဂဏန်းဟင်းလေး ဆီပြန်လာပြီဆိုရင် အနေတော် လှီးဖြတ်ထားတဲ့ ရှမ်းနံနံ၊ ကြက်သွန်မြိတ် ခရမ်းချဉ်သီးတို့ကို ထည့်ပါ။ ၃ မိနစ်လောက် အဖုံးအုပ်ထားပါ။
  • ခဏနေရင်တော့ အရသာမွှေးပျံ့တဲ့ ချဉ်စပ်အရသာ ဂဏန်းမဆလာလေး ရပါပြီ။

ချက်ပြုတ်ရ လွယ်ကူပြီး အလုပ် မရှုပ်တဲ့ ဂဏန်းချဉ်စပ် မဆလာဟင်းကို တစ်ယောက်တည်းပဲ စားစား၊ မိသားစုလိုက် စားစား၊ မိတ်ဆွေ အပေါင်း အသင်းတွေ နဲ့ပဲ စားစား ဂျိုးဂျိုး ဂျွတ်ဂျွတ်နဲ့ အရသာ ရှိစေမှာပါ။

ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာ ဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော် တစ်ပါး ချက်ပြုတ် စားနိုင်ကြ ပါပြီ။

ပေစိလက်ရာ

From : မဇ္ဈိမ မာလ်တီမီဒီယာ

Originally published at - http://mizzimaburmese.com/article/21124

Read More »

Saturday, December 10, 2016

ဆိတ်ရိုးစွပ် အနံ့လေးမွှေးအောင် ဘယ်လိုချက်မလဲ




ဒီတစ်ပတ် The Kitchen ရဲ့ ဟင်းလျာ အစီအစဉ် ကနေ ဆိတ်ရိုး စွပ်ပြုတ်ကို အနံ့ မွှေးမွှေးလေး ဖြစ်အောင် ချက်ပြုတ် နည်းကို တင်ဆက်ပေး ထားပါတယ်။

ဆိတ်ရိုးစွပ်ပြုတ် ချက်မယ် ဆိုရင်တော့ ချဉ်ဆီပြည့်တဲ့ အရိုးကို ရွေးချက်မှသာ အရသာရှိတဲ့ စွပ်ပြုတ် တစ်ခွက် ရရှိမှာပါ။ ဟင်းခတ် အမွှေး အကြိုင် သိပ်မကြိုက် သူတွေ အနေနဲ့တော့ ဟင်းနံ့ မွှေးပြီး ဆိတ်သားနံ့ ပျောက်သွား ချိန်မှာတော့ ဟင်းချက်အိုး ထဲကနေ ဖယ်ထုတ် နိုင်ပါတယ်။

7Day TV က ရိုက်ကူးတင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းလျာ အစီအစဉ် ကိုတော့ အပတ်စဉ် သောကြာနေ့တိုင်းနဲ့ မုန့်လုပ် အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်းမှာ တင်ဆက်ပေး နေတာ ဖြစ်ပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Friday, December 02, 2016

ပူပူစပ်စပ် ငါးကျည်း ကျပ်တိုက်




ဒီတစ်ပတ် The Kitchen ရဲ့ ဟင်းလျှာ အစီအစဉ် မှာတော့ ပူပူ စပ်စပ်လေးနဲ့ ထမင်းမြိန် စေမယ့် ငါးကျည်း ကျပ်တိုက် ချက်နည်းကို တင်ဆက်ပေး ထားပါတယ်။

ငါးကျည်း ကျပ်တိုက် ဟင်းချက်မယ် ဆိုရင်တော့ ကျပ်တိုက် ထားတဲ့ ငါးကျည်းကို မချက်ခင် နာရီဝက်လောက် အလိုမှာ အကောင်လိုက် ရေစိမ်ပေးရင် မျှင်ရ လွယ်ကူ ပြီးတော့ မာဆတ်ဆတ် မဖြစ်ပဲ စားကောင်းစေမှာပါ။

အစပ်အနေ အထားကိုလည်း မိမိစားနိုင်တဲ့ အနေအထားလောက်သာ ထည့်ဖို့ အကြံပြု လိုက်ပါတယ်။

7Day TV က ရိုက်ကူး တင်ဆက်နေတဲ့ The Kitchen ရဲ့ ဟင်းလျှာ အစီအစဉ် ကိုတော့ အပတ်စဉ် သောကြာ နေ့တိုင်းနဲ့ မုန့်လုပ်နည်း အစီအစဉ် ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းမှာ တင်ဆက်ပေး နေတာ ဖြစ်ပါတယ်။


From : 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Tuesday, November 29, 2016

ငှက်ပျောပေါင်း




ဒီတစ်ပတ်ရဲ့ The Kitchen အစီ အစဉ်မှာတော့ ငှက်ပျောပေါင်း လုပ်နည်းကို စီစဉ် တင်ဆက်ပေး ထားပါတယ်။

ငှက်ပျောပေါင်းလုပ်ဖို့ဆိုရင်တော့ သီးမွှေး ငှက်ပျောသီးမှည့် အရွယ်လတ်၊ အုန်းနို့၊ ခြစ်ထားတဲ့ အုန်းသီး၊ ဆန်မှုန့်၊ Tapioca starch၊ သကြားနဲ့ ဆားတို့ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

7Day TV ကရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ တိုင်းနဲ့ မုန့်လုပ် အစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းမှာ တင်ဆက်ပေးလျှက် ရှိပါတယ်။



From : 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »

Friday, November 25, 2016

ထမင်းမြိန်စေမယ့် သီးစုံပဲဟင်း




ဒီတစ်ပတ် The Kitchen ရဲ့ ဟင်းလျာ အစီ အစဉ် မှာတော့ ကျန်းမာရေး နဲ့လည်း ညီညွတ်၊ အရသာလည်း ရှိပြီး ထမင်းမြိန် စေမယ့် သီးစုံပဲဟင်း ချက်နည်းကို တင်ဆက်
ပေးထား ပါတယ်။

သီးစုံဟင်း ချက်တဲ့ အခါ သတိပြု ရမှာကတော့ အသီးတွေရဲ့ မာတဲ့ အနေ အထား၊ နူးညံ့တဲ့ အနေ အထားက မတူညီကြတဲ့ အတွက် အနူးညံ့ဆုံး အသီးတွေကို နောက် ဆုံးမှ ထည့်ပြီး အမာဆုံး ဖြစ်တဲ့ အာလူးလို အသီးတွေ ကိုတော့ အရင် ထည့်ရမှာ ဖြစ်ပါတယ်။

မာဆလာမွှေးနဲ့ ကြိုက်တဲ့သူတွေ အနေနဲ့လဲ မဆလာမွှေးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

7Day TV ကရိုက်ကူး တင်ဆက်တဲ့ The Kitchenရဲ့ ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် ကြာသပတေးနဲ့ မုန့်လုပ် အစီအစဉ် ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းမှာ တင်ဆက် ပေးလျှက် ရှိပါတယ်။


From : 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »

Tuesday, November 22, 2016

အစာသွပ် အာလူး ကပ်သလိတ်




နိုဝင်ဘာ - ၂၀၊ ၂၀၁၆

ဒီတစ်ပတ်ရဲ့ The Kitchen အစီအစဉ် မှာတော့ အစာသွပ် အာလူး ကပ်သလိတ် လုပ်နည်းကို စီစဉ် တင်ဆက် ပေးထား ပါတယ်။

အာလူး ကပ်သလိတ် လုပ်ဖို့ ဆိုရင်တော့ မြေနီ အာလူးကို အသုံးပြု သင့်ပါတယ်။ မြေနီ အာလူးက ရိုးရိုးမြေ အာလူးထက် ပိုစေးကပ် တာကြောင့်ပါ။

အစာသွပ်မယ့် အသားကိုတော့ မိမိ ကြိုက်နှစ်သက်ရာ အသားကို အသုံးပြုနိုင် ပါတယ်။ သက်သက်လွတ် စားသူတွေ ဆိုရင်တော့ တခြား အသီးအရွက် တွေကို အစားထိုး အသုံးပြုနိုင် ပါတယ်။

7Day TV ကရိုက်ကူး တင်ဆက်တဲ့ The Kitchen ရဲ့ ဟင်းချက် အစီအစဉ် ကိုတော့ အပတ်စဉ် သောကြာနေ့ တိုင်းနဲ့ မုန့်လုပ် အစီအစဉ် ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းမှာ တင်ဆက် ပေးလျှက် ရှိပါတယ်။


From : 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »

Monday, November 14, 2016

စတော်ဘယ်ရီ ကိတ်လိပ် လုပ်ကြည့် ကြမယ်




နိုဝင်ဘာ - ၁၃၊ ၂၀၁၆

ဒီတစ်ပတ်ရဲ့ The Kitchen အစီအစဉ် မှာတော့ မိမိ ကြိုက်နှစ်သက်ရာ ပုံဖော်လို့ ရသလို အရသာလည်း ရှိတဲ့ ကိတ်လိပ် လုပ်နည်းကို တင်ဆက်ပေး ထားပါတယ်။

ကိတ်လိပ် လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတော့

(၁) ကြက်ဥ အနှစ် ၆ လုံး
(၂) သကြား ( fine granulated sugar) ၉၀ ဂရမ်
(၃) ဟင်းရွက်ဆီ ၆၀ ဂရမ်
(၄) နို့ ၄၅ ဂရမ်
(၅) ကိတ်ဂျုံ ၁၀၀ ဂရမ်
(၆) ပြောင်းမှုန့် ၁၅ ဂရမ်
(၇) ကြက်ဥ အကာ ၆ လုံး
(၈) Cream of Tar Tar လက်ဖက်ရယ်ဇွန်း ၁ ဇွန်း ( မရှိပါက lemon ၅ cc ) တို့ကို လိုအပ်မှာပါ။

ကိတ်သားလေး နူးညံ့ပြီး Cream တွေ အရည် မပျော်စေဖို့ အတွက် ရေခဲသေတ္တာ အအေးခန်းမှာ မိမိ မစားသုံးခင် အထိ ထည်ပေး ထားဖို့ကိုတော့ သတိပြု ရမှာပါ။

7Day TV ကနေ စီစဉ် ရိုက်ကူး တင်ဆက်ပေးနေတဲ့ The Kitchen မုန့်လုပ် အစီအစဉ် ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ ညတိုင်းမှာ တင်ဆက် ပေးနေပြီး The Kitchen ဟင်းလျာ အစီအစဉ် ကိုတော့ အပတ်စဉ် သောကြာနေ့ မနက်တိုင်းမှာ တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။


From : 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=PAGES_TIMELINE&fref=nf

Read More »

Saturday, November 12, 2016

ပူပူ စပ်စပ် ကြက်ရခိုင်ချက်




ဒီတစ်ပတ် The Kitchen ရဲ့ ဟင်းလျာ အစီအစဉ် ကနေ ပြီးတော့ ရခိုင်ရိုးရာ အစား အစာ လည်းဖြစ် ပူပူစပ်စပ် ကြိုက်သူတွေလည်း အကြိုက်တွေ့ စေမယ့် ကြက်ရခိုင်ချက် ချက်နည်းလေးကို တင်ဆက်ပေး ထားပါတယ်။

ကြက်ရခိုင်ချက် ချက်ဖို့ အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ကတော့
(၁) ကြက်သား
(၂) အာပူရွက်
(၃) ငရုတ်သီးထောင်း
(၄) စိမ်းစာငါးပိ
(၅) ကြက်သွန်နီ/ ဖြူ
(၆) နံနံပင် တို့ကို လိုအပ်မှာပါ။

ရခိုင်အငွေ့ အသက် ပူပူစပ်စပ် လေးလဲ စားချင်တယ် အစပ်လည်း ကြောက်တယ် ဆိုရင်တော့ ငရုတ်သီးနဲု့ အာပူရွက်ကို အနည်းငယ်သာ ထည့်ဖို့ သတိပေး လိုက်ပါရစေ။

7Day TV က ရိုက်ကူး တင်ဆက်တဲ့ The Kitchen ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ မနက်တိုင်း စောင့်မျှော် ကြည့်ရှု နိုင်ပါတယ်။



From : 7 Day Online TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »

Friday, November 04, 2016

အညာဟင်းလျာ ဝက်ပုန်းရည်ကြီး




The Kitchen အစီ အစဉ်ကို အပတ်စဉ် တနင်္ဂနွေ aန့တိုင်းမှာ တင်ဆက် နေတာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ မုန့်လုပ် နည်းတွေ အနောက်တိုင်း မုန့်မျိုးစုံ လုပ်နည်း တွေကို အဓိက တင်ဆက် နေတာ ဖြစ်တာကြောင့် မုန့်လုပ်နည်း တွေနဲ့တင် အားမရတဲ့ ပရိသတ် တွေရဲ့ တောင်းဆို မှုကြောင့် အပတ်စဉ် ဟင်းလျာ အစီအစဉ် ဒီတစ်ပတ် စတင် သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် သောကြာနေ့ မနက်တိုင်း စောင့်မျှော် ကြည့်ရှု နိုင်ပါတယ်။

ဒီတစ်ပတ်ရဲ့ The Kitchen ဟင်းလျာ အစီအစဉ် မှာတော့ အညာ ဒေသရဲ့ အဓိက ဟင်းလျာ တစ်မျိုးဖြစ်တဲ့ ဝက် ပုန်းရည်ကြီးကို ပြင်ဆင် ချက်ပြုတ် ထားပါတယ်။

ဝက်ပုန်းရည်ကြီး ဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကတော့
(၁) ဝက်သား
(၂) အညာပုန်းရည်ကြီး
(၃) ကြက်သွန်နီ/ဖြူ
(၄) ချင်း
(၅) ငရုပ်သီးတို့ကို လိုအပ်မှာပါ။

7Day TV က ရိုက်ကူး တင်ဆက်တဲ့ The Kitchen ဟင်းလျာ အစီအစဉ်ကို အပတ်စဉ် သောကြာနေ့ မနက်တိုင်း စောင့်မျှော် ကြည့်ရှု နိုင်ပါတယ်။


From : 7 Day Online TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »

Monday, October 31, 2016

အိန္ဒိယ ရိုးရာ အာလူးပူရီ




ဒီတစ်ပတ်ရဲ့ The Kitchen အစီအစဉ်မှာတော့ အိန္ဒိယ ရိုးရာ မုန့်တစ်မျိုး ဖြစ်ပြီး အာလူးဟင်းနဲ့ တွဲဖက် စားသုံးရတဲ့ ပူရီ လုပ်နည်းကို တင်ဆက် ပေးထားပါတယ်။

ပူရီ အဖတ် လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ ဂျူံကြမ်း ( Whole Wheat flour) ၂၅၀ မီလီခွက် ၂ ခွက်
၂။ ရေနွေး ( နွေးတယ် ဆိုရုံလေး) ၁၈၀ မီလီ
၃။ ဆီ (ဟင်းရွက်ဆီ) (လက်မှာ သုပ်လိမ်းရန် အနည်းငယ်)
၎။ ကြော်ရန် ဆီ (ပူရီဖောင်းဖောင်းလေးဖြစ်ဖို့ ဆီများများ လိုပါတယ်။) တို့ကို လိုအပ်မှာပါ။

ကြော်ပြီ ဆိုရင်တော့ ဆီထဲမှာ ရှိနေတဲ့ ပူရီချပ် ကလေးကို ကြော်တဲ့ ဇွန်းပြားနဲ့ ၃ ချက်/ ၄ချက်လောက် ဖိပေးပါ။
ပူရီလေး ဖေါင်းတက် လာပါ လိမ့်မယ်။
မျက်နှာပြင် ရွှေညိုရောင် ရစေဖို့ မုန့်မျက်နှာပြင်ကို ဆီပက်ပေးပါ။
တဖက်ကို လည်းလှန်ပြီး ရွှေညိုရောင် ရစေဖို့ ဆီပက်ပေးပါ။


From : 7 Day Online TV

Originally published at - https://www.facebook.com/7DayOnlineTV/?hc_ref=NEWSFEED&fref=nf

Read More »