နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အနုပညာရှင်များ. Show all posts
Showing posts with label အနုပညာရှင်များ. Show all posts

Tuesday, July 04, 2017

ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ခဲ့တဲ့ စိုးမြတ်သူဇာ


အကယ်ဒမီ စိုးမြတ်သူဇာ / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ် သူဇာဟာ ပြီးခဲ့တဲ့ လ အနည်း ငယ်က ကိုရီးယား နိုင်ငံသို့ သွားရောက်ကာ ခန္ဓာကိုယ် အစိတ် အပိုင်း တချို့ကို ခွဲစိတ် ပြုပြင်မှုများ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

“ဒီ ခွဲစိတ်မှုက ပထမဆုံး လုပ်တာပေါ့။ မကြီးက လက်မောင်း အရမ်းကြီးတယ်။ လက်မောင်းက အဆီ ချချင်တယ်။ ကျန်တဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ကြည့်ကောင်း သလိုချလိုက် မျက်နှာကတော့ မင်းသမီးဖြစ်တဲ့ အတွက် အများကြီး မပြောင်းလဲချင်ဘူး။ မေးစေ့အောက်မှာ အဆီလေးတွေ ရှိတယ်။ အဲဒါလေး တွေလုပ်ပေးပါလို့ ပြောလိုက်တယ်”လို့ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာက ပြောပါတယ်။

စိုးမြတ်သူဇာက သူမခွဲစိတ်ကုသခဲ့တာက အလှအပအတွက် ဖြတ်လမ်းနည်းဖြင့် လုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီးများကို အတင်းမတိုက်တွန်းပါဘူးလို့လည်း ပြောပါတယ်။

၎င်းအား ခွဲစိတ်မှုတွင် ခံစားရသည်များကို မေးကြည့်တဲ့အခါမှာတော့ “မကြီးထင်တာကတော့ ပါးစပ်ရဲ့ အတွင်းထဲကနေ လှီးထုတ်လိုက်တယ်ထင်တာပဲ။ ချုပ်ရိုးလေးတွေက ပါးစောင်လေးတွေမှာရှိတယ်။ ဘာတွေ လုပ်လည်းတော့မသိဘူး။ မေးစေ့ဆိုရင် အောက်သွားရဲ့အောက်မှာ ချုပ်ရိုးလေးတွေရှိတယ်။ မကြီးက မင်းသမီး လည်းဖြစ်တော့ အပြင်အရေပြားမှာ ချုပ်ရိုးထင်လို့မရဘူးပေါ့။ မျက်နှာအသားအရည်မှာတော့ မရှိတော့ဘူး။ အတွင်းတွေမှာပဲရှိတယ်။ လည်းပင်းဆိုရင်တင်းနေတယ်။ မော့လို့အဆင်မပြေသေးဘူး။ စကားပြောရတာ မကောင်းသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ ခွဲစိတ်မှုကို ဧပြီလက Star & Model Agency မှ ကိုဂျွန်လွင်ရဲ့ အဆက်အသွယ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကာ စိုးမြတ်သူဇာနဲ့အတူ ရန်အောင်လည်း လိုက်ပါ သွားခဲ့ပြီး ရန်အောင်ကတော့ သွေးကျဲနေတာကြောင့် အနာကျက်ရန် ခက်ခဲတဲ့အတွက် အသေးစားပြုပြင်မှုသာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသထားတာ နှစ်လကျော်ရှိသွားပြီဖြစ်ပြီး ခွဲစိတ်ပြီးနှစ်ပတ်အကြာတွင် ဇာတ်ကားရိုက်ကူးမှုများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ခွဲစိတ်ကုသမှုကိုတော့ ကိုရီးယားနိုင်ငံရှိ Starz & Beauty Plastic Surgery ဆေးရုံတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ စင်တာကို ရန်ကုန်မြို့ရှိ၊ ဗိုလ်ရာညွန့် လမ်းတွင်လည်း ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

From : ဧရာဝတီ by ယုဖြူဟန်


Read More »

Wednesday, June 28, 2017

ပရိသတ်အတွက် အသစ်တွေပေးဖို့ ရင်ခုန်နေတဲ့ နီနီခင်ဇော်




တေးသံရှင် နီနီခင်ဇော်က ပရိသတ်တွေ အတွက် သူမရဲ့ Super Red နှုတ်ခမ်းနီ အသစ်၊ Single Song နဲ့ တတိယမြောက် တကိုယ်တော် အခွေတို့က အချိန် အတိုင်း အတာ အရ သိပ်မကွာဘဲ ထွက်ရှိ လာတော့မှာ ဖြစ်တဲ့ အတွက် ရင်ခုန် စိတ်လှုပ်ရှား နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နီနီ့ရဲ့ Single သီချင်းတပုဒ်ကို လကုန်မှာထွက်ဖို့အတွက် လုပ်နေတယ်။ နှုတ်ခမ်းနီက ၈ လပိုင်းထွက်မယ်။ အခွေက ၁၀ လပိုင်း ထွက်မယ်။ ကြားထဲမှာ ၂ လပဲ အချိန်ရှိတယ်။ အသစ်အသစ်တွေပေးရမှာဖြစ်တဲ့ အတွက် အရမ်းပျော်တယ်။ အဲဒီပီတိက ဘယ်လိုခံစားရလဲမေးရင် မပြောတတ်ဘူး အရမ်းပျော်တယ်” လို့ နီနီခင်ဇော်က ဧရာဝတီကို ပြောပါတယ်။

Super Red အမှတ်တံဆိပ်နှုတ်ခမ်းနီအသစ်တွေကတော့ အရောင် ၅ မျိုးထပ်ထွက်မှာဖြစ်ပြီး နှုတ်ခမ်းနီထွက်ရှိမယ့် သြဂုတ်လ ၅ ရက်နေ့ Junction City တွင် ပရိသတ်များ၊ အနုပညာသူငယ်ချင်းများနဲ့ပါ တွေ့ဆုံနိုင်ရန် စီစဉ် နေတယ်လို့ သိရပါတယ်။

နှုတ်ခမ်းနီထုတ်တာနဲ့ ပတ်သက်ပြီး နီနီခင်ဇော်က “နီနီက မြန်မာနိုင်ငံက လူငယ်အမျိုးသမီးဖြစ်တယ်။ ပရိသတ်တွေအားလုံးကို ကိုယ်ရဲ့လက်နဲ့ ကိုယ်တိုင် လုပ်ထားတဲ့ ပစ္စည်းတခုကို ပေးတာ ဖြစ်ပါတယ်။

အဲဒီအတွက် ဒီ လုပ်ငန်းကို လုပ်ခွင့်ရတာ အရမ်းဝမ်းသာပီတိဖြစ်တယ်။ နီနီက ပစ္စည်းတွေအများကြီးကို ထုတ်နိုင်ချင်မှထုတ်နိုင်မယ်။ အခုထုတ်နိုင်တဲ့ အရည်အသွေးပေါ်မှာ စိတ်ချယုံကြည်ပြီး ထုတ်ရတဲ့အပေါ်ကို ပီတိဖြစ်ပါတယ်။

ပစ္စည်းအသစ်တွေကိုလဲ စီစဉ်ထားတာတွေ အများကြီးရှိပါတယ်။ နှစ်ကုန်အထိ ဆက်တိုက်ထွက်ပါမယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မကြာခင်မှာ ထွက်ရှိလာမယ့် Super Red နှုတ်ခမ်းနီအသစ်များမှာ Lily၊ Tulip၊ Rose၊ Lavender၊ Cherry ဆိုပြီး ပန်းနာမည်များနဲ့ နှုတ်ခမ်းနီများဖြစ်ပါတယ်။

ဇွန်လကုန်တွင် အွန်လိုင်းကနေတဆင့် ပရိသတ်ဆီကိုပေးမယ့် တေးသီချင်းကတော့ အသည်းကွဲပြီး အရက် သောက်တဲ့ ကောင်မလေး တယောက် အကြောင်းကို ရေးသားထားတာဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာလထဲတွင်လည်း နီနီခင်ဇော်က သူမရဲ့ တတိယမြောက်တကိုယ်တော်အယ်လ်ဘမ်ကို ပရိသတ်လက်ထဲ ထည့်ပေးတော့မှာဖြစ်ပြီး သူမရေးသားထားတဲ့ သီချင်းများပါဝင်သွားမယ်လို့ သိရပါတယ်။

From : ဧရာဝတီ by ယုဖြူဟန် 28 June 2017


Read More »

Saturday, June 24, 2017

ထူးအယ်လ်လင်းနှင့် ကော်ဘရာတို့ကို ရဲက အမှုဖွင့်




အရက် မူးပြီး ခိုက်ရန် ဖြစ်ပွား ခဲ့တဲ့ အဆိုတော် ထူးအယ်လ်လင်းနဲ့ ကော်ဘရာတို့ စီးနင်း မောင်းနှင်တဲ့ ကားပေါ်မှာ ရဲဒင်း လက်နက်တွေ့ ရှိတာကြောင့် သူတို့ နှစ်ဦးကို ဒဂုံမြို့မ ရဲစခန်းက ရန်ကုန်ရဲ အက် ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့် အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အတည်ပြု သတင်း ထုတ်ပြန် ပါတယ်။

ဇွန်လ ၂၂ ရက် ည ၉ နာရီ လောက်က ဦးဝိစာရ လမ်းနဲ့ ရွှေတိဂုံ ဘုရားလမ်း ထောင့်မှာ အဆိုတော် ထူးအယ်လ်လင်းနဲ့ ကော်ဘရာတို့ တက္ကစီကား တစ်စီးနဲ့ ကားချင်း ငြိပြီး သောင်းကျန်း နေကြကြောင်း လူမှု ကွန်ရက်မှာ ရေးသား ဖော်ပြတာကို တွေ့ရှိခဲ့လို့ ဒဂုံမြို့မ ရဲစခန်းက တာဝန်ကျ ရဲအုပ် ပီတာအောင်နဲ့ တပ်ဖွဲ့ ၀င်တွေက အခင်း ဖြစ်ပွားရာ နေရာကို သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ရာ နေရာမှာ တက္ကစီ အငှားယာဉ်ကို မတွေ့ရှိ ရဘဲ ငွေမင်ရောင် ကားနဲ့ အတူ အရက်သေစာ သောက်စားကာ ဆူပူ ရမ်းကား နေတဲ့ စိုးလှိုင်ရှိန် (ခ) ထူးအယ်လ်လင်း ၄၈ နှစ်နဲ့ နေလင်သင်း (ခ) ကော်ဘရာ ၃၅ နှစ်တို့ နှစ်ဦး တွေ့ရှိ တာကြောင့် စစ်ဆေးရာမှာ ကားရှေ့ခန်း ထိုင်ခုံနှစ်ခု ကြားမှာ ရွှေအိုရောင် လက်ကိုင်ရိုးမှာ အနက်ရောင် ရာဘာ ရိုးစွပ် အရိုး အသွား ၁၉ လက်မခန့်ရှိ ရဲဒင်း တစ်လက်ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့လို့ သူတို့ နှစ်ဦးကို ထိန်းသိ မ်းစစ်ဆေး အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့တာလို့ ရဲသတင်း ထုတ်ပြန်ချက် အရ သိရ ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တက္ကစီအငှားယာဉ်ကို အခင်းဖြစ်တဲ့နေရာမှာ မတွေ့ရှိခဲ့သလို ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ရဲစခန်းကို တိုင်ကြား ခဲ့ခြင်းမရှိသေး ဘူးလို့လည်း ဆိုပါတယ်။

အဆိုတော် ၂ ဦးကို အရေးယူ ထားတဲ့ ရန်ကုန်ရဲ အက်ဥပဒေ ပုဒ်မ-၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်း ထားချက်အရ ၀ရမ်း မပါဘဲ ဖမ်းဆီးနိုင်ပြီး အပြစ်ရှိ တယ်လို့ ဆုံးဖြတ်ရင် ပြစ်ဒဏ် ၃ လ အထိ ချမှတ်နိုင် တယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214163

Read More »

Thursday, June 15, 2017

Sexy အကပိုင်ရှင် အဆိုတော် လမ်ယိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဝေဖန်မှု ပြသနာ


အဆိုတော် လမ်ယိုင် / Soo Entertain / YouTube


ထိုင်း နိုင်ငံရဲ့ နာမည်ကြီး အဆိုတော် လမ်ယိုင်က ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ အနေဖြင့် မိမိ အကကို ဝေဖန် လိုက်ခြင်းက ခေတ်နဲ့ အဆက်ပြတ် နေသူ အဖြစ် ပြသနေ တယ်လို့ ပြောဆို လိုက်ပါတယ်။

အသက် ၁၈နှစ်အရွယ်သာ ရှိသေးတဲ့ လမ်ယိုင်ဟာ ထိုင်းနိုင်ငံမှာ လက်ရှိနာမည် ကျော်ကြားနေတဲ့ အဆို တော်တဦးဖြစ်ပြီး ၊ သူမရဲ့ လိင်ပိုင်းဆိုင်ရာ ကကွက် များနှင့် ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ထိုင်းမဆန် မလျှော်ကန် မသင့်မြတ် ဖူးလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဝေဖန် ပြောကြား လိုက် တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ချန်အိုချာက “စီးပွားရေး အမြင်အရ အသစ်အဆန်းတွေကို ရောင်းရမယ်ဆိုတာ ကျနော် နားလည်ပါတယ်၊ ဒါပေမယ့် သင့်တော်သလား၊ မတော် ဘူးလား ဆိုတာတော့ ကြည့်ရမယ်လေ၊ ထိုင်းပီသမှုကို မထိန်းသိမ်း သင့်ဘူးလား၊

အဲဒီတော့ ဒီလိုအကမျိုးရှိနေတာကြာပြီဆိုတဲ့ လူတွေက လူ့အဖွဲ့အစည်းကို မတိုးတက်စေချင်ကြတော့ဘူးလား၊ နိုင်ငံခြားသား(Farang )တွေ လုပ်တိုင်း ကျနော်တို့ လိုက်လုပ်ရမယ်လို့ အဓိပ္ပါယ် မသက်ရောက်စေချင်ဘူး၊ သူကတဲ့ပုံက သူ့ပစ္စည်းကို အကုန်ပြတော့မယ့် ပုံမျိုးဖြစ်နေပြီ၊

ဒါတွေကို ကျနော်မပြောချင်ဘူး၊ လူတွေက ကျနော်ရူးနေပြီလို့ ပြောကြမယ်၊ ဒါပေမယ့် ဒီပြဿနာကို အားလုံး ဝိုင်းဖြေရှင်းစေချင်တယ်” လို့ ဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဟိုင်တွန်ခမ်း တေးသီချင်းလုပ်ငန်းပိုင်ရှင် ပရာချတ် ချိုင်း နာဗာရက်ကလည်း အဆိုတော် လမ်ယိုင်ရဲ့ ကကွက်တွေဟာ လုံးဝအသစ်အဆန်း မဟုတ်ပါဘူးလို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

“ကျနော်ကတော့ မေးလိုက်ချင်တယ်၊ လမ်ယိုင်က လူ့အဖွဲ့အစည်းကို တကယ်ဖျက်ဆီးနေလို့လား၊ သူ ကိုရီးယား အမေရိကန်အကနဲ့ ဒီခွေးအ ဓာတ်ပြားမှာ မကျော်ကြားခင် ဟိုးအရင်ကတည်းက သူ ဒီလိုပဲ ကခဲ့တာပဲ” လို့ ပရာချတ်ချိုင်းက ဆိုပါတယ်။

ဒါပေမယ့် ဝေဖန်မှုတွေကြောင့် အဆိုတော် လမ်ယိုင်ဟာ သူမရဲ့ အကျော်ကြားဆုံး ကိုးထပ်ကကွက်(Nine Floors) မှ ကကွက် ၉ခုအနက် ၃ခုကိုသာ တင်ဆက်တော့မှာဖြစ်တယ်လို့ ပရာချတ်ချိုင်းက ဆက်ပြောပါတယ်။

လမ်ယိုင်ရဲ့ ကိုးထပ်ကကွက်ကတော့ မြေပြင်မှ တံတားလို့ ယူဆရတဲ့အရာကို ၉ကြိမ်တက်တဲ့ အကဖြစ်ပါပြီး၊ ဒီထူးဆန်းတဲ့ ကကွက်ကို အစိုးရအိမ်တော်မှာ ၃ကြိမ်ကပြပြီးနောက်မှာ ဝန်ကြီး ပရာယွဒ်က ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၆၃နှစ် အရွယ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ပရာယွဒ်ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ပြဿနာများအတွက် စိုးရိမ်မကင်း ဖြစ်နေခြင်းကတော့ ယခုအကြိမ် ပထမဆုံးမဟုတ်ပါဘူး။

၂၀၁၄ခုနှစ် လိပ်ကျွန်းလူသတ်မှုအပြီး ထိုင်းနိုင်ငံမှာ လှပပြီး ရေကူးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမယ့် အန္တရာယ်ရှိတယ်လို့ ဆိုလိုသလို၊ လွန်ခဲ့တဲ့နှစ်ကလည်း အမျိုးသမီးများသည် မထုတ်ပိုးရ သေးသည့် သကြားလုံးနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့ဖူးပါတယ်။

အဆိုတော် လမ်ယိုင်ကတော ဒီဝေဖန်မှုတွေကြောင့် စိတ်ဖိစီးမှုဖြစ်ရသလို လမ်းပျောက်သလိုလည်း ခံစားရကြောင်း ဆိုပါတယ်။

“တခါတခါ ကျမက ဂျင်းဂျက်ကက်ပဲ ဝတ်ပြီး သိပ်လုံလုံခြုံခြုံ ဝတ်ထားရင် ပွဲစီစဉ်သူက ကျမကို လမ်ယိုင်နဲ့ သိပ်မတူဘူး၊ လိင်နှိုးဆွနိုင်အောင် ဝတ်ပါ၊ ဒါမှ မဟုတ်ရင် ကျမကို လူတွေက မေ့ကုန် လိမ့်မယ်လို့ သူတို့က ပြောတယ်၊ ကျမကို ကျမ ပိုကောင်းအောင် လုပ်နေပေမယ့်၊ အလုပ်ဖြစ်ဖို့လည်း လိုတယ်”လို့ လမ်ယိုင် ကပြောပါတယ်။



သူရဲ့ မန်နေဂျာ သန်နာဆွန်ပွတ် နီနန်ကလည်း လမ်ယိုင်ကို မိဘအုပ်ထိန်းမှုနဲ့ ကြည့်ရမည့် အဆင့် သတ်မှတ်ပါက စီးပွားရေအရ မဖြစ်နိုင်ဟု ဆိုပါတယ်။

“ သူ မလုံ့တလုံဝတ်ရမယ်လို့ ကျနော်တို့က မပြောပါဘူး၊ ဒါပေမယ့် တခါတလေ ပွဲစီစဉ်သူက သူအဝတ် သွားမလဲရင် ကျနော်တို့ကို ငှားခတဝက်ပဲ ပေးမယ်လို့ ခြိမ်းခြောက်တယ်” လို့ ရှင်းပြပါတယ်။

ပရိတ်သတ်ကလည်း အဆိုတော် လမ်ယိုင်ကို တွေ့နေကျအတိုင်း တဖျတ်ဖျတ် တောက်နေတဲ့ ရွှေရောင် ရေကူးဝတ်စုံ သို့မဟုတ် ဘောင်းဘီအတိုအကျပ်ဖြင့်သာ တွေ့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
အထက်လွှတ်တော် အမတ်ဟောင်း ရာဘီယာဘရက် ဖောင်ပန်နစ်ချ်ကတော့ လမ်ယိုင်ရဲ့ ဓာတ်ပြားတွေဟာ ယဉ်ကျေးမှု အမှိုက်ပါပဲလို့ ဝေဖန်ခဲ့ပါတယ်။

“စတူဒီယိုတွေက လိင်အသားပေး သီချင်းတွေနဲ့ အမြတ်ရဖို့ ကြိုးစားကြတာ၊ ဒါမျိုးတွေက တောက ကောင်မလေးတွေ ဘယ်တော့ မလုပ်တဲ့ ကိစ္စတွေ၊ အားလုံးအနေနဲ့ လူ့အဖွဲ့အစည်းမှာ အမှိုက်သရိုက် ဖန်တီးတာကို ရပ်ဖို့စဉ်းစားသင့်ပြီလို့” သူက မှတ်ချက်ချလိုက်ပါတယ်။

အမည်အရင်း ဆုပန်ဆာ ဝက္ကမ လို့ခေါ်တဲ့ လမ်ယိုင်ဟာ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားပြီး ရိုင်အက်ကနေ ဘန်ကောက်ကို ရောက်ရှိကာ အဖွားဖြစ်သူနဲ့အတူ သကြားလုံး ရောင်းရင်း အသက် ၉နှစ်အရွယ် ၄တန်း ကျောင်းသူဘဝကတည်းက သီချင်းဆိုခဲ့ပြီး ၆တန်းအပြီးမှာတော့ ဆာလာရားရှိ အနုပညာကျောင်း တက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မိဘကို ထောက်ပံနိုင်ဖို့ ထိုင်းရိုးရာ ကျေးလက်တေးတွေကိုလိုက်လံဆိုရင်း တေးထုတ်လုပ်သူ ပရာချတ်ချိုင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သူမ၏ အကျော်ကြားဆုံး သီချင်းမှာ Phu Sao Kha Lor( ပါတီတက်တဲ့ မိန်းကလေး) ဖြစ်ပြီး၊ နိုဝင်ဘာက စတင်ဖြန့်ချိရာ ၃လအတွင်း သန်း၂၀၀ ကျော် ကြည့်ရှု့တဲ့ အဆိုတော်ဖြစ်လာပါတယ်။
ဒါအပြင် သူမရဲ့ ကိုးထပ်အကနဲ့ တောက်ပတဲ့ ရေကူးဝတ်စုံ၊ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာများ ကြောင့်လည်း ကျော်ကြားပါတယ်။

From : ဧရာဝတီ by Thant Nay Lin

Originally published at - burma.irrawaddy.com

Read More »

Saturday, June 10, 2017

ခရိုနီတွေအကြောင်း ရုပ်ရှင်ရိုက်မယ့် မိုးမိုး




ရန်ကုန်၊ ဇွန် ၁၀

အိမ်ထောင်ရေး ကိစ္စ အတွက် အမှု ရင်ဆိုင် နေရ တာကြောင့် အနုပညာ လောကနဲ့ ကင်းကွာ နေခဲ့တဲ့ တေးသံရှင် မိုးမိုးက စက်တင်ဘာလ အတွင်း မှာတော့ ခရိုနီတွေ အကြောင်း ရေးသား ထားတဲ့ ကိုယ်ပိုင် ဇာတ်လမ်း တစ်ပုဒ်ကို ရုပ်ရှင် ကားကြီး အဖြစ် ရိုက်ကူး သွားဖို့ ရှိတယ်လို့ The Voice ကို ပြောကြား ပါတယ်။

'" ခရိုနီဆိုတာကို လူတွေက အချောင် ပိုက်ဆံရှိလာ တယ်လို့ ထင်ကြတယ်။ဒါပေမဲ့ တချို့ ခရိုနီတွေက အောက်ခြေကနေ တက် လာပြီး အလုပ်ကို ကြိုးကြိုး စားစားနဲ့ လုပ်လာ ကြလို့ ပိုက်ဆံ ရှိ လာကြတာပါ။

အဲ့ဒါကြောင့် ခရိုနီတိုင်းက ကြောက်စရာ မကောင်းဘူးဆိုတာကို အဓိကပြချင်တာပါ.'' လို့ ၎င်းက ထပ်လောင်း ပြော ကြားပါတယ်။

အပြင်လောကက သူဌေးကြီးတွေ အကြောင်းကိုလေ့လာရင်းနဲ့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ စိတ်ကူး ရသွားတာ ဖြစ်ပြီး အရမ်းကြိုက် တဲ့ ပြင်သစ်ဇာတ်လမ်းလေး တစ်ပုဒ်ကအကြောင်းအရာကို လည်းဇာတ်ကားထဲမှာ ထည့်ရိုက်သွားမယ်လို့ မိုးမိုးကဆိုပါတယ်။

"ဇာတ်လမ်းအကြောင်းအရာကတော့ ပိုက်ဆံကို.တအားမုန်း တဲ့ လူငယ်တွေရှိတယ်။သူတို့က ငွေရေးကြေးရေး အဆင်မပြေ တဲ့အတွက် ပိုက်ဆံ စကား ကြား တာနဲ့ မရဘူး။ ပိုက်ဆံ ရှိတဲ့ သူတွေ ကိုလည်း အလိုလိုနေရင်း မုန်းနေတာပေါ့နော်။

အဲ့ဒါကြောင့် ပိုက် ဆံရှိတဲ့ လူတွေရဲ့ အိမ်ထဲကိုဝင်ပြီး လူလည်းမသတ်၊ ပစ္စည်း လည်း မယူဘဲ ဒုက္ခ ပေးတဲ့ ဇာတ်လမ်းလေးပါ။ ဒါရိုက်တာ သည် ခေတ်နေက ရိုက်ပေးမှာပါ'' လို့ မိုးမိုးကဆိုပါတယ်။

From : The Voice Facebook

Originally published at - thevoicemyanmar.mm

Read More »

Wednesday, April 12, 2017

ဟောင်ကောင် ဂိုဏ်းစတား ၃ ဦးဘဝ အခြေခံ ရိုက်ကူးထားသည့် ရုပ်ရှင် ဆု ၅ ဆု ဆွတ်ခူး




ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဟောင်ကောင်မှာ ကျင်းပတဲ့ ၃၆ ကြိမ်မြောက် ရုပ်ရှင် ပွဲတော်မှာ ဟောင်ကောင် ဂိုဏ်းစတား ၃ ဦးဘဝကို အခြေခံ ရိုက်ကူး ထားတဲ့ “Trivisa” ဆိုတဲ့ တရုတ် အက်ရှင် ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အပါ အဝင် ရုပ်ရှင်ဆု ၅ ဆုကို သိမ်းပိုက် ခဲ့ပါတယ်။

ဒါရိုက်တာ ဖရန့်ဟွေ၊ ဂျဗွန်အော်နဲ့ ဗစ်ကီဝမ်တို့ ရိုက်ကူး ခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး တည်းဖြတ်ဆု တို့ကိုလည်း ရရှိခဲ့ ပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရ လမ်ကာတန်ဟာ အမျိုးသား ဇာတ်ပို့ဆု ဆန်ကာတင် စာရင်းထဲမှာ ၃ ကြိမ်တိုင် ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ “Happiness” ဇာတ်ကားနဲ့ ကာရာဝေ (Kara Wai) က ရရှိ ခဲ့ပါတယ်။

အကောင်းဆုံး ဒါရိုက်တာ လက်သစ်ဆုကို “Mad World” ဇာတ်ကားနဲ့ ဝေါင်ချွန်က ရရှိခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို အဲရစ်ဆန်းနဲ့ အီလိန်းဂျင်တို့က အသီးသီး ရရှိခဲ့ တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200792

Read More »

Thursday, March 23, 2017

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်း မွေးနေ့ရှိုးပွဲ မန္တလေးတွင် ပြုလုပ်မည်




မန္တလေးမြို့မှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းဟာ သူရဲ့ မွေးနေ့ ရှိုးပွဲကို လာမယ့် ဧပြီလ ၁၀ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။

မန္တလေး မြို့မှာ ကျင်းပမယ့် Sai Sai birthday show ပွဲကို ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ မန္တလာ သိရီ အားကစား ကွင်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး လက်မှတ် တစောင်ကို ၉၀၀၀ ကျပ်နှုန်းနဲ့ မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

Sai Sai birthday show ပွဲမှာ သီချင်းပုဒ်ရေ ၄၀ ကျော်နဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး ဘန်နီဖြိုး၊ ကောင်းဆက်၊ ငယ်ငယ်တို့နဲ့အတူ အနုပညာရှင်တွေ ပါဝင်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲမှာ မန္တလေးမြို့ရဲ့ နာမည်ကြီးတီဝိုင်းဖြစ်တဲ့ မြို့မတေးဂီတအဖွဲ့ကလည်း ပါဝင် တီးခတ်ပေးသွားမယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196822

Read More »

Monday, March 20, 2017

ဘီလီလမင်းအေး တောင်ကြီး ပရိသတ်များနှင့် တွေ့ဆုံ




Myanmar Idol အဆို ပြိုင်ပွဲမှာ နောက်ဆုံး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားတဲ့ တောင်ကြီးမြို့သူ ဘီလီ လမင်းအေးက တောင်ကြီးမြို့ ရှုခင်းသာ ပန်းခြံမှာ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပရိသတ်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။



From : ဒီဗွီဘီ By ဓာတ်ပုံ -ခွန်ရာဇာ

Originally published at - http://burmese.dvb.no/archives/196217

Read More »

ပြန်လည်တောင်းပန်လိုက်တဲ့ ပြေတီဦး




ပြေတီဦး ကတော့ စိတ် အနှောက် အယှက် ဖြစ်သွားတဲ့ သူတွေကို ပြန်လည် တောင်းပန် ခဲ့ပါတယ်။

အကယ်ဒမီ ပေးပွဲ မကျင်းပမှီ တစ်ရက် အလိုက အွန်ုလိုင်း စာမျက်နှာပေါ်မှာ ပြန်နှံ့ ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ပြန်လည် တောင်းပန် လိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ အစ လွန်တဲ့ အကျင့် တစ်ခုကြောင့် ပရိသတ်တွေ အထင်မှား စရာတွေ ဖြစ်ခဲ့တာပါ။

သူဟာ အကယ်ဒမီ ဆုနဲ့ ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်ကို သက်သက် စနေတာဖြစ်ပြီး သူတစ်ပါးကို မကောင်းတဲ့ စိတ်နဲ့ ထိခိုက် စေလိုတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ဘူးလို့ ပေါ်ပြူလာ ဂျာနယ်မှာ ဖြေဆို ထားပါတယ်။

မကောင်းတဲ့ စိတ်နဲ့ ဆိုရင် သူများ မကြား အောင် တိုးတိုးလေးပြောမှာပေါ့ အခုဟာက လူတွေ အများကြီးရှေ့မှာ စနေ တာပါလို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ ပြောလိုက်တဲ့အပေါ်မှာ မထင်မှတ်ပဲနဲ့ ထိခိုက်သွားတယ် နစ်နာသွားတယ်ဆိုရင်လည်း အားလုံးကို အနူးအညွှတ် တောင်းပန်းပါတယ်လို့ ယင်းအင်တာဗျူးထဲမှာ ပြောထားပါတယ်။

အွန်လိုင်းပေါ်မှာ ပြန့်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပြေတီဦးဟာ ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ ဝတ်မှုန်ရွှေရည်ကိုသာ အကယ်ဒမီရ စေချင်ကြောင်းကို အထပ်ထပ်အခါခါပြောခဲ့ခြင်းဖြစ်ပါတယ်။

ဗီဒီဖိုင် အွန်လိုင်းပေါ် ပြန့်ပြီးနောက်ပိုင်းမှာလည်း ပရိသတ်များ အနေနဲ့ အံ့သြခဲ့ရသလို ပရိသတ်များရဲ့ စိတ်ဝင်စားမှုအများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

Source : Popular News

Photo : ပြေတီဦးဖေ့စ်ဘွတ်

From : Duwun by Myat

Originally published at - http://www.duwun.com.mm

Read More »

Sunday, March 19, 2017

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဆု ရရှိသွားသူများ




၂၀၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားမှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိ သွားတဲ့ ဇာတ်ကား ကတော့ "အုတ်ကြား မြက်ပေါက်" ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားမှာ အကောင်းဆုံး ရုပ်ရှင် အသံဆု ရရှိသွား သူကတော့ "ကြည်မင်းသိန်း" ဖြစ်ပါတယ်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ရရှိသွားသူကတော့ "ဓိရာမိုရ်" ဖြစ်ပါတယ်။

"လူးရတနာသိုက်"ဇာတ်ကားကနေ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး တည်းဖြတ်ဆု ရရှိသွားသူကတော့ "ဥာဏ်ဝင့်" ဖြစ်ပါတယ်။

"ဧဒင်ရဲ့ နတ်သမီး" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု ရရှိသွားသူကတော့ "မောင်မြင့်၊ အေးမင်း၊ အငယ်လေး"တို့ ဖြစ်ပါတယ်။

"လူးရတနာသိုက်" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရရှိသွားတဲ့သူကတော့ "လူမင်း" ဖြစ်ပါတယ်။

"ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ဇာတ်ကားမှ ရရှိသွားတာပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိသွားသူကတော့ သက်မွန်မြင့် ဖြစ်ပါတယ်။

"ချစ်လှစွာသော အမုန်း" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိသွားသူကတော့ "ထွန်းထွန်း" ဖြစ်ပါတယ်။

"အုတ်ကြားမြက်ပေါက်" ဇာတ်ကားမှ ရရှိသွားတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ရုပ်ရှင်အထူးဆု ရရှိသွားတာကတော့ "မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ဇာတ်ကားမှ ရရှိသွားတာ ဖြစ်ပါတယ်။

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews?fref=nf

Read More »

Saturday, March 11, 2017

အကယ်ဒမီ ရင်မခုန်တာ ကြာပြီ




ဝါရင့် သရုပ်ဆောင် မင်းသားကြီး ကျော်ရဲအောင် ပါဝင် သရုပ်ဆောင် ထားတဲ့ ‘လူးရတနာသိုက်’ ဇာတ်ကားဟာ အကယ်ဒမီ ဆန်ကာတင် စာရင်းဝင် ဇာတ်ကား ထဲမှာ ပါတယ်လို့ သိရ ပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာတော့ အကယ်ဒမီအတွက် ရင်မခုန်တာ ကြာပြီဖြစ်ကြောင်းနဲ့ အကယ်ဒမီရရင်လည်း ယူဖို့အစီ အစဉ် မရှိကြောင်း ပြောပါတယ်။

“ကျနော်ပါဝင်တဲ့ ဇာတ်ရုပ်ကတော့ လူရိုင်း တယောက်ပါပဲ။ သိပ်ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျနော် အကယ်ဒမီလည်း မမျှော်မှန်း ထားပါဘူး။ ပိုက်ဆံရလို့သာ ကားရိုက် လိုက်တာ။ ရမယ်လည်း ကျနော် မထင်ဘူး။

အကယ်ဒမီကို ကျနော် သိပ်စိတ်မဝင်စားဘူး။ ထူးခြားတဲ့ဇာတ်ကွက် မရှိပါဘူး။ လူရိုင်းကားဖြစ်တဲ့အတွက်ကြောင့် ဝတ်စားဆင်ယင်မှုတခုတော့ နည်းနည်း တမျိုးဖြစ်သွားတာပေါ့နော်။ အဲဒီလောက်ပါပဲ။

သရုပ်ဆောင်တဲ့အပိုင်းက သိပ်ပြီးတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ကျနော် အကယ်ဒမီ ရင်မခုန်တာတော့ ကြာပြီ။ ရောဂါဖြစ်မှာစိုးလို့။ ရခဲ့လည်း မယူပါဘူး။”



From : ဒီဗွီဘီ by ညိုမာသက်

Originally published at - http://burmese.dvb.no/archives/194190

Read More »

Thursday, February 23, 2017

မန္တလေး ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ မင်္ဂလာပွဲ ဆင်နွဲခဲ့တဲ့ မြင့်မြတ်




မန္တလေးမှာ ကျင်းပ ခဲ့တဲ့ မြင့်မြတ်နဲ့ ခင်သူအောင်တို့ရဲ့ မင်္ဂလာပွဲ ကတော့ ပရိသတ်တွေ တိုး မပေါက်အောင် စည်းကား ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၂၂) ရက်နေ့က
ကောင်မလေးရဲ့ ထုံးလမ်း စဉ်လာ အရ မင်္ဂလာပွဲကို တရုတ်လို ကျင်းပခဲ့တာ ဖြစ်ပြီး မန္တလေး ပရိသတ်များက လာရောက် အားပေး ခဲ့ပါတယ်။

အရင် ကတည်းကမှ မန္တလေး ပရိသတ်များက မြင့်မြတ်ကို အားပေး ခဲ့ကြတာဖြစ်ပြီး မန္တလေး သူလေးနဲ့ လက်ထပ် လိုက်တဲ့ မြင့်မြတ်ကတော့ မန္တလေး ပရိသတ်များရဲ့ အသည်းကျော် ဖြစ်သွား ခဲ့ပါတယ်။

မြင့်မြတ်နဲ့ ခင်သူအောင်တို့ဟာ ဖေဖော်ဝါရီ (၁၅) ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး ညစာ စားပွဲကိုတော့ ဖဖော်ဝါရီ (၁၆) ရက်နေ့ညက ရန်ကုန်မြို့ အင်းလျားလိပ်မှာ ပြုလုပ် ကျင်းပ ခဲ့ပါတယ်။

ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုများနဲ့ အခုချိန်ထိ လက်တွဲလာတာဖြစ်ပြီး အိမ်ထောင်ရေးကိုလည်း သစ္စာတရား နားလည်မှုများနဲ့ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

မြင့်မြတ်ဟာ မင်္ဂလာပွဲများ ပြီးသွားရင်လည်း ဇာတ်ကားလက်ကျန်များ ဆက်လက်ရိုက် ကူးပေးရမှာ ဖြစ်တာကြောင့် ဟန်းနီးမွန်း ခရီးစဉ်ကိုတော့ ချက်ချင်းကြီး သွားဖြစ်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မြင့်မြတ်ကတော့ အိမ်ထောင်ကျပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။မြင့်မြတ်(Myint Myat)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး ဒရာမာကားများနဲ့ ပရိသတ်များအားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ် ပါတယ်။

အခုနောက်ပိုင်းလည်း အက်ရှင်ဇာတ် ကားများ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။

Photo : lawun phyu phyu

From : Duwun by Myat

Originally published at - http://www.duwun.com.mm/entertainment/local-celebrity/-id6267269.html

Read More »

Saturday, February 18, 2017

ရုပ်ရှင် သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ




ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဆုရ မင်းသား နောင်နောင် ကို စိတ်ကြွ မူးယစ် ဆေးဝါးတွေနဲ့ အတူ မူးယစ်ရဲက ဖမ်းမိလို့ မန္တလေးမြို့၊ အမှတ် ၆ နယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူ လိုက်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီ ခွဲလောက်မှာ မူးယစ် တပ်ဖွဲ့က ဖမ်းမိတာ ဖြစ်ပြီး အမှတ် ၆ စခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ အမှတ်၆ နယ်မြေ ရဲစခန်းမှူးက ဖုန်းက တဆင့် ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ စခန်းကို ရောက်တော့ ရောက်နေတယ်၊ အမှု မဖွင့်ရသေးဘူး၊ ဖွင့်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ မူးယစ် မိတာ။”



နောင်နောင် ခေါ် ဇော်မျိုးနောင် ရဲ့ အိပ်ခန်းခြေရင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းကနေ အိုက်စ် ၀.၈ ဂရမ်ခန့်ပါ ၁ ဘူး၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် ၂ဂ ရမ်ပါ ၁ ဘူး တို့နဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။

နောင်နောင်ဟာ မန္တလေးက ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်ရဲ့ သားဖြစ်ပြီး သူ ပထမဆုံးရိုက်တဲ့ ဇာတ်ကား ထာဝရအလင်းတန်းနဲ့ အကယ်ဒမီ ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190226

Read More »

Friday, February 10, 2017

မကြိုက်ရင်တော့ အားမပေးပါနဲ့ လို့ ရဲရဲဝင့်ဝင့် ဆိုလာသူ ရွှေထူးရဲ့ စိတ်ကူးယဉ် စာအုပ်




သီချင်း အားလုံး နီးပါး ရွှေထူး ကိုယ်တိုင် သရုပ်ဆောင် ထားတဲ့ စိတ်ကူးယဉ် စာအုပ် DVD ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ချိ သွားမယ်လို့ ရွှေထူးက ပြောလာ ပါတယ်။

DVD ခွေတွင် သီချင်း ၁၀ ပုဒ် ပါဝင်ပြီး လူဆိုး ဆိုသည့် သီချင်းကို Version 2 မျိုးဖြင့် ဖန်တီး ထားကာ သီချင်းများ အားလုံးကို ရွှေထူးနှင့် အတူ မိုးစက်ဝိုင်၊ မေမြင့်မိုရ်၊ ဂျူးဂျူးသစ္စာ၊ သံစဉ်သစ္စာနဲ့ အခြား သရုပ်ဆောင်တွေက အားဖြည့် ပါဝင် ထားပါတယ်။

“ကျွန်တော့အခွေထွက်လာရင် ပရိသတ်တွေ အကုန်သိမှာပါ။ ဒီထဲမှာဆိုရင် စိတ္တဇဆေးရုံဆိုတဲ့ အပုဒ်၊ လူဆိုး ဆိုတဲ့အပုဒ်၊ နောက်ပြီး လက်ဆောင်ဆိုတဲ့အပုဒ် အများကြီး ပဲဗျ၊ True Love တို့ရော ပုံစံ အဆန်းလေးတွေနဲ့ ရိုက်ထားတယ်ဗျ။ ကျွန်တော် အများကြီး ကြိုးစားထားတယ်။ ထွက်လာလို့ရှိရင် ကြည့်ပါ၊ ကြိုက်ရင် Original လေး အားပေးပါ။ မကြိုက်ရင်တော့ အားမပေးပါနဲ့၊ ရပါတယ်” ဟု သရုပ်ဆောင်၊ အဆိုတော် ရွှေထူးမှ မဇ္ဈိမကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ရန်ကုန်မြို့ Junction Square Outdoor Area၊ ၁၉ ရက်နေ့တွင် မန္တလေးမြို့ Mingalar Mandalay တို့မှာ စိတ်ကူးယဉ်စာအုပ် DVD ပရိုမိုးရှင်းကို ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်သွားမှာပါ။ အခွေပထမဆုံးဝယ်ယူတဲ့ ပရိသတ်အယောက် ၂၀၀ အတွက် အထူးအစီအစဉ်တွေရှိတယ်လို့ သူက ပြောသွားပါတယ်။

ရွှေထူးရဲ့DVD မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။

From : မဇ္ဈိမ မီဒီယာ by ကျော်ဇောဟိန်း

Originally published at - http://mizzimaburmese.com/article/23360

Read More »

၂၀၁၆ ခုနှစ် အတွက် ရောင်းအား အကောင်းဆုံး အဆိုတော် ဖြစ်လာသည့် ဒရိတ်ခ်




နာမည်ကျော် လူကြိုက် များသော One Dance သီချင်း ပိုင်ရှင်ဖြစ်သူ ဒရိတ်ခ်သည် ၂၀၁၆ ခုနှစ်၏ ရောင်းအား အကောင်းဆုံး အဆိုရှင် အဖြစ် အရွေးချယ် ခံခဲ့ရသည်။

ကနေဒါ အဆိုတော် ဖြစ်သူ ဒရိတ်ခ်သည် သူ၏ လေးခုမြောက် အယ်လ်ဘမ် ဖြစ်သည့် Views ဖြင့် အချပ်ရေသန်း ပေါင်း များစွာ ရောင်းချနိုင် ခဲ့ကာ အင်တာနက်မှ ထုတ် လွှင့်မှု အကြိမ်ရေလည်း ဘီလျံနှင့် ချီခဲ့ သောကြောင့် ပြီးခဲ့သော နှစ်က အကြီး အကျယ် ရောင်းအား ကောင်းခဲ့သော အဒဲလ်နှင့် Coldplay အဖွဲ့ တို့အား ကျော်ဖြတ် ကာ
ရောင်းအား အကောင်းဆုံး အဆိုရှင်ဖြစ်လာ ခဲ့ကြောင်း IFPI ဂီတ လုပ်ငန်းစု၏ အဆိုအရ သိရသည်။

ဗြိတိန်တွင်လည်း ဒရိတ်ခ်၏ Views အယ်လ်ဘမ်ထဲမှသီချင်းဖြစ်သော One Dance သည်သီချင်းဇယား၏ထိပ် ဆုံးနေရာ၌ ၁၅ပတ်ကြာအောင် ရပ်တည်နိုင်ခဲ့ပြီး ဘရိုင်ယန်အဒမ်၏ I Do It For You သီချင်း၏ စံချိန်ကိုကျော် ဖြတ်ဖို့နီးစပ်ခဲ့သည်။

ဒရိတ်ခ်၏ Views အယ်လ်ဘမ်သည် အမေရိကန်၌လည်း တစ်နှစ်တာသီချင်းဇယား၌ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး အချပ်ရေ ၄.၁သန်းရောင်းချနိုင်ခဲ့သည်။

ထို့ကြောင့် ဒရိတ်ခ်သည် IFPI ၏ တစ်နှစ်တာအကောင်းဆုံး ကမ္ဘာတစ်ဝန်းတေးသံသွင်းအဆိုရှင်ဆုကိုဆွတ်ခူး နိုင်ခဲ့သည်။

အဆိုပါဆုကို ၂၀၁၃ခုနှစ်တွင် One Direction အဖွဲ့၊ ၂၀၁၄ခုနှစ်တွင် တေလာဆွစ်နှင့်၊ ၂၀၁၅တွင် အဒဲလ်တို့ကအသီသီးဆွတ်ခူးနိုင်ခဲ့ကြသည်။

Ref: BBC

From : မဇ္ဈိမ မီဒီယာ by ဘီဘီစီ

Originally published at - http://mizzimaburmese.com/article/23355


Read More »

Tuesday, January 31, 2017

Doctor Who ဇာတ်ကောင်မှ နားတော့မည့် မင်းသားကြီး ပီတာကာ ပယ်လ်ဒီ




မင်းသားကြီး ပီတာကာ ပယ်လ်ဒီသည် ဘီဘီစီမှ ထုတ်လွှင့် နေသည့် စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွဲ Doctor Who တွင် ခေါင်းဆောင် မင်းသား ဇာတ်ရုပ် နေရာမှ သရုပ်ဆောင် ခြင်းကို ရပ်နား တော့မည် ဖြစ်ကြောင်း သိရသည်။

ကာပယ်လ်ဒီသည် အဆိုပါ သတင်းကို ဘီဘီစီ ရေဒီယိုနှင့် အင်တာဗျူး၌ အစီစဉ် တင်ဆက်သူ ဂျိုဝှယ်လ်လေအား ပြောခဲ့ကာ ပရိသတ် များအား တုန်လှုပ်စေ ခဲ့သည်။

သူက ယခုနှစ်အကုန်ပိုင်းတွင် Doctor Who ဇာတ်လမ်းတွဲမှ သူထွက်ခွာတော့မည်ဖြစ်ကြောင်းပြောခဲ့သည်။

“ကျနော် ပြောင်းလဲချိန် တန်ပြီလို့ ခံစား ရပါတယ်” ဟု သူက ပြောခဲ့သည်။

ကာပယ်လ်ဒီသည် အဆိုပါ ဇာတ်လမ်းတွဲ ၌ Doctor ဇာတ်ရုပ်နေရာမှ ၂၀၁၃ခုနှစ်က စတင်ပြီး သရုပ်ဆောင်ခဲ့ကာ အဆိုပါဇာတ်ရုပ်၏ ၁၂ယောက်မြောက် သရုပ်ဆောင် တစ်ဦးဖြစ် ခဲ့သည်။

မကြာခင် ထွက်ရှိ လာတော့မည့် ၁၀ကြိမ်မြောက် စီးရီးသည်သူ နောက်ဆုံး ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်လမ်းဖြစ်ကြောင်းပြောခဲ့သည်။

“ကျနော် စိတ်မကောင်း ပါဘူး။ ကျနော် Doctor Who ဇာတ်လမ်းကို မြတ်နိုး ပါတယ်။ ဒါပေမယ့် ကျနော်ဟာ မတူကွဲ ပြားတဲ့ အရာတွေ အများကြီး လုပ်ဆောင်နေတဲ့ သူဖြစ်တဲ့ အတွက် ပြောင်းလဲချိန် တန်ပါပြီ”ဟု ပြောခဲ့သည်။

ဒါ့အပြင် သူ့အားစာချုပ်သက်တိုးတမ်းရန် ကမ်းလှမ်းခဲ့သော်လည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ချင်သောကြောင့် ငြင်း ပယ်ခဲ့ကြောင်းပြောခဲ့သည်။

Doctor Who ၏ ဇာတ်လမ်းတွဲအသစ်ကို လာမည့်နွေဦးရာသီတွင် စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး အဆိုပါစီးရီး၏ နောက်ဆုံးအပိုင်းကို ခရစ္စမတ်နေ့တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Ref: BBC

From : မဇ္ဈိမ မီဒီယာ by အေအက်ဖ်ပီ

Originally published at - http://mizzimaburmese.com


Read More »

Friday, January 27, 2017

ဖခင် မိုက်ကယ်ဂျက်ဆင်ဟာ အသတ်ခံရတာ ဖြစ်ကြောင်း ပဲရစ် ဂျက်ဆင် ပြောကြား




ကွယ်လွန်သူ အဆိုတော် မိုက်ကယ် ဂျက်ဆင်၏ တစ်ဦး တည်းသော သမီးဖြစ်သူ ပဲရစ် ဂျက်ဆင်က သူမရဲ့ဖခင်ဟာ အသတ်ခံ ရတာ ဖြစ်တယ်လို့ သူမယုံကြည်ကြောင်း ပြောခဲ့ပါသည်။

ရိုးလင်း စတုန်း မဂ္ဂဇင်းနှင့် ပြုလုပ် ခဲ့သော စေ့စေ့ စပ်စပ် အင်တာဗျူး တစ်ခု၌ ၂၀၀၉ ခုနှစ် တုန်းက ဖြစ်ပွား ခဲ့သော မိုက်ကယ် ဂျက်ဆင်၏ သေဆုံး မှုဟာ အကွက် ကျကျ လုပ်ကြံ ခံရတာ ဖြစ်တယ်လို့ သူမ ယုံကြည်ကြောင်း ပြောခဲ့ ပါသည်။

အဆိုတော် မိုက်ကယ် ဂျက်ဆင်ဟာ လိုတာထက် ပိုပြီး အားကောင်းသော ထုံဆေး အသုံးပြု ခဲ့မှုကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်ပါသည်။

သူ၏ ဆရာဝန် ကွန်ရက်ဒ် မာရေးဟာ မရည်ရွယ်ပဲ လူသေမှုဖြင့် အပြစ်ရှိကြောင်း ကြေညာခံ ခဲ့ရသည်။

သို့သော်လည်း ပဲရစ်ကတော့ ဒီထက်ပိုတဲ့ အဖြစ် အပျက် တစ်ခု ရှိမယ်လို့ ယုံကြည်နေကာ “အဖေက သူ့ကို လူတွေ ဟာ အန္တရာယ် ပေးဖို့ ရည်ရွယ် ထားတယ်လို့ အရိပ်အမြွက် ပြောကြား ဖူးပါတယ်” ဟု သူမက ပြောခဲ့သည်။

အင်တာဗျူး လုပ်ခဲ့သူ ဘရိုင်ယန်က သူမအား သူမ၏ ဖခင်ဟာ အသတ်ခံ ခဲ့ရတယ်လို့ ထင်သလားဟု မေးမြန်း ခဲ့ရာတွင် သူမက “ဟုတ်တာပေါ့ လုံးဝ သေချာတယ်” ဟု ပြန်ဖြေ ခဲ့သည်။

“ဒါဟာ အလွန်ကို သိသာ လွန်းပါတယ်။ ဒါဟာ အထင် အမြင် တစ်ခု လို့သာ ထင်ရပေ မယ့်လည်း အဖေ့ရဲ့ပရိသတ် အစစ်အမှန် တွေနဲ့ မိသားစု ၀င်တွေ အားလုံး ကတော့ ဒါကို အကွက်ကျကျ လုပ်ကြံ ခဲ့ရတာ လို့ပဲ သိထား ကြပါတယ်” ဟု သူမက ဆက်ပြော ခဲ့သည်။

From : မဇ္ဈိမ မီဒီယာ - by : BBC

Originally published at - http://mizzimaburmese.com/article/22804


Read More »

Wednesday, January 25, 2017

နိုက်ကလပ် သေနတ်ပစ်မှုမှ သီသီကလေး လွတ်မြောက်ခဲ့သည့် အဆိုတော် Liam Payne




နာမည်ကျော် ဟောလိဝုဒ် နိုက်ကလပ် အတွင်းသို့ ၀င်ရောက်ခွင့် မရရှိ ခဲ့သောကြောင့် အမျိုးသား တစ်ဦးမှ သေနတ် ဖြင့် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး အဆိုပါ ဖြစ်ရပ်မှ One Direction အဖွဲ့၏ စတား အဆိုတော် Liam Payne သီသီကလေး လွတ်မြောက် ခဲ့ကြောင်း သိရသည်။

အသက်၂၃နှစ် အရွယ်ရှိ နာမည်ကျော် အဆိုတော်သည် ပြီးခဲ့သော စနေနေ့ ညတုန်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ သော လော့စ်အိန်ဂျယ်လိစ်ရှိ ဟောလိဝုဒ် အနောက် ပိုင်းမှ နာမည်ကျော် ကလပ်တစ်ခု ဖြစ်သော The Peppermint Club တွင် ပျော်ရွှင် ကခုန်နေ ခဲ့ကြောင်း သိရသည်။

အမေရိကန်မှလာသော သတင်းတင်ပြချက်များ အရ အဆိုပါ သေနတ် ပစ်ခတ်ခဲ့သူ အမျိုးသားသည် မှတ်ပုံတင် အထောက် အထားအတုဖြင့် အထဲကို ၀င်ရောက်ဖို့ ကြိုးပမ်း ခဲ့ပြီးနောက် လုံခြုံရေး များဖြင့် လုံးထွေး သတ်ပုတ်ခဲ့သည် ဟု သိရသည်။

ထို့နောက်သူသည် သေနတ်ထုတ်ပြခဲ့ပြီး ကားပါကင်၌ ပစ်ဖောက် ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန်၌ Liam ဟာ နိုက်ကလပ် အတွင်း၌ ရှိနေကြောင်း သတင်းများအရ သိရသည်။

ဖြစ်စဉ် အတွင်း၌ ကြောက်လန့်နေသော ကလပ်အတွင်းရှိ လူတစ်ဦးကလည်း “The peppermint ကလပ်မှာ သေနတ် ပတ်ခတ်မှုဖြစ်နေတယ်။

ငါအခုအရမ်းကို ကြောက်ရွံ့တုန်လှုပ်နေတယ်”လို့ တွစ်တာ၌ ရေးသားခဲ့သည်။

From : မဇ္ဈိမ မီဒီယာ - by : Mirror

Originally published at - http://mizzimaburmese.com/article/22724


Read More »

ရိုင်ဖယ်လက်နက်ပိုင်ဆိုင်မှုနှင့် ခိုးရာပါပစ္စည်း လက်ဝယ်တွေ့ရှိမှု ရက်ပါဆိုးလ်ဂျာဘွိုင်းအား တရားစွဲ




ပြီးခဲ့သော ဒီဇင်ဘာလက ဟောလိဝုဒ်ရှိ သူ၏ နေအိမ်သို့ ရဲမှ ၀င်ရောက် စီးနင်း ရှာဖွေရာတွင် ရိုင်ဖယ် လက်နက်ပိုင် ဆိုင်မှုနှင့် ခိုးရာပါ ပစ္စည်း လက်ခံ ထားမှုကို တွေ့ရှိ ခဲ့ပြီးနောက်တွင် ရက်ပ် အဆိုတော် ဆိုးလ်ဂျားဘွိုင်းကို ဇန်န၀ါရီ ၂၃ရက် တနင်္လာနေ့တွင် တရားစွဲဆို ထားကြောင်း လော့စ်အိန်ဂျယ်လိစ် အစိုးရရှေ့နေများက ပြောခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်ဒေသကောင်တီမှ ရှေ့နေရုံး၏ အဆိုအရ အမည်ရင်း ဒန်အန်ဒရီကောတက်ဇ်ဝေး ဖြစ်သော ရက်ပ်အဆိုတော်ဟာ ခံဝန်ချုပ်ဖြင့် လွှတ်ထားသော ကာလတွင် သေနတ် လက်ဝယ် တွေ့ရှိမှုကြောင့် တရားစွဲဆိုခံ ထားရကြောင်း သိရသည်။

အကယ်၍ တရားရုံးကြားနာမှု၌ အပြစ်ရှိကြောင်းထင်ရှားပါက သူဟာ ထောင်ဒဏ်လေးနှစ်အထိ ကျခံဖွယ်ရှိပါ သည်။

အစိုးရရှေ့နေများက ရဲများဟာအဆိုတော်ထံတွင် အသေးစား ဒရာကိုအေအာ-၁၅ အမျိုးအစားသေနတ်နှင့် ဂလော့်ခ်အမျိုးအစားခြောက်လုံးပြူးတစ်လက်ကို တွေ့ရှိခဲ့၍ ပြီးခဲ့သော ဒီဇင်ဘာ၁၅ရက်နေ့ကသူ၏ နေအိမ်တွင် အဖမ်းခံခဲ့ရကြောင်းပြောခဲ့သည်။

ထိုထဲမှ သေနတ်တစ်လက်မှာ ဟန်တင်းတန်ကမ်းခြေစောင့်ရဲကားမှ အခိုးခဲ့ရတာဖြစ်ကြောင်း ဒေသဆိုင်ရာရှေ့နေရုံးမှပြောခဲ့သည်။

Ref: Reuters

From : မဇ္ဈိမ မီဒီယာ - by : Reuters

Originally published at - http://mizzimaburmese.com/article/22722


Read More »

Thursday, January 19, 2017

အဆိုတော် ချစ်သုဝေ အမြွှာသမီးလေး ၂ ဦးမွေးဖွား




အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ရဲ့ ရင်သွေး အမြွှာ သမီးလေး ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက မွေးဖွား ခဲ့ပါတယ်။



သူတို့ရဲ့ နာမည်ကို မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ နာမည်ပေး ထားပြီး မနက် ပိုင်း ၇ နာရီ ၄၄ မိနစ်နဲ့ နဲ့ ၇ နာရီ ၄၆ မိနစ် တွေမှာ မွေးဖွား ခဲ့တာပါ။



ချစ်စရာ သမီးလေး aတွရဲ့ ဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ ရေပန်းစား နေခဲ့တာပါ။

ဓာတ်ပုံ – Chit Thu Wai’s Fan Page

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/184848

Read More »