နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Sunday, March 19, 2017

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဆု ရရှိသွားသူများ




၂၀၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားမှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိ သွားတဲ့ ဇာတ်ကား ကတော့ "အုတ်ကြား မြက်ပေါက်" ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားမှာ အကောင်းဆုံး ရုပ်ရှင် အသံဆု ရရှိသွား သူကတော့ "ကြည်မင်းသိန်း" ဖြစ်ပါတယ်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ရရှိသွားသူကတော့ "ဓိရာမိုရ်" ဖြစ်ပါတယ်။

"လူးရတနာသိုက်"ဇာတ်ကားကနေ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး တည်းဖြတ်ဆု ရရှိသွားသူကတော့ "ဥာဏ်ဝင့်" ဖြစ်ပါတယ်။

"ဧဒင်ရဲ့ နတ်သမီး" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆု ရရှိသွားသူကတော့ "မောင်မြင့်၊ အေးမင်း၊ အငယ်လေး"တို့ ဖြစ်ပါတယ်။

"လူးရတနာသိုက်" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရရှိသွားတဲ့သူကတော့ "လူမင်း" ဖြစ်ပါတယ်။

"ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ဇာတ်ကားမှ ရရှိသွားတာပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိသွားသူကတော့ သက်မွန်မြင့် ဖြစ်ပါတယ်။

"ချစ်လှစွာသော အမုန်း" ဇာတ်ကားမှ ရရှိသွားတာဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိသွားသူကတော့ "ထွန်းထွန်း" ဖြစ်ပါတယ်။

"အုတ်ကြားမြက်ပေါက်" ဇာတ်ကားမှ ရရှိသွားတာ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ရုပ်ရှင်အထူးဆု ရရှိသွားတာကတော့ "မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ဇာတ်ကားမှ ရရှိသွားတာ ဖြစ်ပါတယ်။

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews?fref=nf

Read More »

Tuesday, February 28, 2017

၂၀၁၆ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ရွှေကြိုမောင်မယ် အပြီးသတ် ရွေးချယ်




မတ်လ ၁၈ ရက် နေ့တွင် စတင် ကျင်းပ တော့မည့် ၂၀၁၆ ခုနှစ်၊ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ အခမ်းအနား အတွက် ရွှေကြို မောင်မယ် နောက်ဆုံး အဆင့် လူတွေ့ စစ်ဆေးမှုကို ယနေ့ နံနက်က ရန်ကုန်မြို့ ရုပ်ရှင် အစည်းအရုံးတွင် ပြုလုပ်ခဲ့သည်။

ဒုတိယအဆင့်ရွေးချယ်ထားသည့် ဆန်ခါတင် အယောက် ၅၀ ဦးထဲမှ ယောက်ျားလေး ၈ ယောက် နှင့် မိန်းကလေး ၈ ယောက်ကို အပြီးသတ် ရွေးချယ်ကာ လေ့ကျင့်ပေး သွားမည်ဖြစ်သည်။

ရွေးချယ်မှုပုံစံနှင့် ပတ်သက်ပြီး ရွေးချယ်ရေးကော်မတီမှ အကယ်ဒမီ မေသန်းနုက “အခုတစ်ဆင့်ကတော့ နောက်ဆုံးပေါ့နော်၊ နောက်ဆုံးမှာကျတော့ အဓိက,က အမူအရာနဲ့ရုပ်ရည်လေးပေါ့ ။ ရုပ်ရည်လေးကို အဓိကထားပါတယ်။ အရပ်ကလေးရယ်ပေါ့နော်။ ရှစ်တွဲဆိုတော့ အဓိကအရပ်လေးတွေ ညီရမယ်။ ရုပ်ရည်လေးတွေ အကုန်လုံး မတိမ်းမယိမ်းလေးတွေညီရမယ်။ အဲဒါလေးကို ဦးစားပေးတာပါ” ဟု ပြောသည်။

ရွှေကြိုမောင်မယ်ပြိုင်ပွဲကို မြန်မာတစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထားသူ ၈၀၀ ကျော်ရှိပြီး ပြိုင်ပွဲဝင်များမှာ နယ်မှလည်း လာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

“အခက်အခဲတွေတော့ရှိတယ်ဗျ။ ကျွန်တော်က နယ်မှာဆိုတော့ ကျောင်းတက်နေရတယ်။ ကျောင်းကလည်း မပြီးသေးဘူး။ ဒီနည်းပညာတက္ကသိုလ် တက်နေရတဲ့ အတွက် ကျောင်းခေါ်ချိန်လည်းပြည့်အောင် တက်ရတယ်၊ ပြီးရင် ရန်ကုန်ကိုလည်းဆင်းလာရတယ်။ နယ်ကနေလာလိုက်၊ ပြန်ရတယ်ဆိုတော့ အဓိက,ကတော့ ခရီးပန်းတာပေါ့” ဟု တောင်ကြီးမြို့မှ လာရောက်ယှဉ်ပြိုင်သည့် ခွန်းဆက်က ပြောသည်။

ပြိုင်ပွဲဝင်များအနေဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းကို လေ့လာရသလို နယ်မှ လူငယ်များအတွက် အနုပညာတံခါးတစ်ချပ်အနေနဖြင့် မျှော်လင့်ကြောင်း ပြောသည်။

“တကယ်လို့ပါသွားခဲ့ရင်တော့ ဖေဖေဖြစ်စေချင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကရွှေကြိုဆိုတာကို ဖြစ်ခွင့်ရခဲ့ပြီ ဆိုတဲ့အတွက် ပိုပြီးတော့ဝမ်းသာမိမှာပါ။ ရွှေကြိုဆိုတာကလည်း အမှန်အတိုင်းပြောမယ်ဆိုရင် ကျွန်တော်တို့ အနုပညာအတွက်ကတော့ တံခါးပေါက်တစ်ချပ်ပေါ့နော်။ တံခါးပေါက်တစ်ချပ်ပါ” ဟု ပြိုင်ပွဲဝင် အောင်ဆန်းမြင့်က မဇ္ဈိမကို ပြောသည်။

ရွှေကြိုမောင်မယ်နောက်ဆုံးအဆင့်၏ Result များကို ယနေ့ညနေတွင် အပြီးသတ်ရွေးချယ်ပြီး ရွေးချယ်ခံရသူများကို မတ်လ ၁ ရက်နေ့မှစ၍ လေ့ကျင့် သင်ကြား
ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

“ညီမအနေနဲ့ ဒီရုပ်ရှင်သမိုင်းတွေကို ပြန်ဖတ်ရတယ်။ လမ်းလျောက်ပုံလမ်းလျောက်နည်းတွေ ပြန်လေ့ကျင့်ရတယ် အရီအပြုံးတွေပြန်လေ့ကျင့်ရပါတယ်” ဟု ပြိုင်ပွဲဝင် ယမင်းပန်းချီက ပြောသည်။

အကယ်ဒမီဗန်းကိုင်အဖြစ်မှ ရွှေကြိုမောင်မယ်အဖြစ် ၂၀၁၃ ခုနှစ်က စတင်ပြောင်းလဲခဲ့ပြီး ယခုနှစ်တွင် လျောက်ထားသူများ ပိုမိုများပြားလာကာ ရွှေကြိုပြိုင်ပွဲမှတဆင့် အနုပညာလောကတွင် အောင်မြင်ကျော်ကြား သွားသူများလည်း ရှိနေသည်။

From : မဇ္ဈိမ မီဒီယာ by ကျော်ဇောဟိန်း

Originally published at - http://mizzimaburmese.com/article/24015

Read More »

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ နိုင်ငံခြား အနုပညာရှင်များပါ ဇာတ်ကားများ စဉ်းစားမည် မဟုတ်




မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် နိုင်ငံခြားမှ အနုပညာရှင်၊ အတတ် ပညာရှင် များဖြင့် ပါဝင် ရိုက်ကူး ထားသော ဇာတ်ကား များကို ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သည့် ဦးဝင်းငြိမ်းက ပြောသည်။

အဆိုပါ ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် အကြောင်း အရာများကို အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သည့် ဦးဝင်းငြိမ်းက ရုပ်ရှင် အစည်း အရုံးတွင် ပြော ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် ၃၃ ကားဆိုတော့ ကားအရေအတွက်များတယ်။ များလာတဲ့အထဲမှာ ဘာတွေပါလာလဲဆိုတော့ နိုင်ငံခြားဒါရိုက်တာတွေနဲ့ ရိုက်တဲ့ကား၊ နိုင်ငံခြားကင်မရာမန်းနဲ့ ရိုက်တဲ့ကားတွေ ပါတယ်။ ပါလာတဲ့အခါ ကြတော့ အစကတည်းက ဆုံးဖြတ်ချက်ချထားတာက ဒါ ရုပ်ရှင်အစည်းအရုံးက ဆုံးဖြတ်ချက်ပါ” ဟု ဦးဝင်းငြိမ်းက ပြောသည်။

နိုင်ငံရပ်ခြားတွင်လည်း နိုင်ငံခြား ဒါရိုက်တာ၊ ကင်မရာသမား၊ ဇာတ်ညွှန်းနှင့်ရိုက်ကူးပါက ထည့်သွင်းမစဉ်းစားရန်ဆုံးဖြတ်ကြကြောင်း၊ ထို့ကြောင့် အဆိုပါမူနှင့်ဆုံးဖြတ်ကြောင်း ၎င်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မတ်လ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပေးအပ်မည့်ဆုများကို ယခုချိန်တွင် အကဲဖြတ်အဖွဲ့ဝင်များ အသီးသီး၏ မဲအရေအတွက်နှင့် ပြန်လည်စိစစ်တော့မည် ဖြစ်သည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ယခင်နှစ်များနှင့်မတူ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရုံတင်ဇာတ်ကား ၃၃ ကားအနက်မှ ဆန်ခါတင် ၁၀ ကားကို ရွေးချယ်ကာ အဆိုပါ ဆန်ခါတင်ဇာတ်ကားများထဲမှ ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆုကို ရွေးချယ်သွားမည်ဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by ကျော်ဇောဟိန်း၊ ကဉ္စနာ

Originally published at - http://mizzimaburmese.com/article/24013

Read More »

Friday, February 24, 2017

၈၉ ကြိမ်မြောက် အော်စကာပေးပွဲ အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်




၈၉ ကြိမ်မြောက် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် ဟောလိဝုဒ်မှာ ကျင်းပ တော့မှာမို့ ကြိုတင် ပြင်ဆင် မှုတွေ လုပ်ဆောင်
နေပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဟောလိဝုဒ်မှာ မိုးရွာနေပေမယ့် အလုပ်သမား တွေဟာ ကမ္ဘာကျော် အနုပညာရှင်တွေ ဆိုက်ရောက် လာမယ့် နေရာတွေကို ကြိုးစား ပြင်ဆင် နေတာ တွေ့ရ ပါတယ်။

ဒီနှစ်ထဲမှာ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ “La La Land” ရုပ်ရှင်ကားဟာ အော်စကာဆုပေးပွဲကြီးမှာလည်း ကွဲပြားခြားနားတဲ့ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။

“La La Land” ဇာတ်ကားဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသမီး မင်းသားဆု၊ ဇာတ်ညွှန်းဆုနဲ့ တေးဂီတဆုတွေ ရရှိမယ်ဆိုရင် ၁၉၅၀ ခုနှစ်က “All About Eve.” ဇာတ်ကားနဲ့ ၁၉၉၇ ခုနှစ်ကထုတ်လုပ်တဲ့ “Titanic” ဇာတ်ကားတွေလိုပဲ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်တဲ့ စံချိန်တင် ဇာတ်ကား တကား ဖြစ် လာမယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191222

Read More »

Tuesday, February 14, 2017

မန်းမှာ ကျင်းပမယ့် ချစ်သူများနေ့၊ အချစ်ညရှိုး




မန္တလေး၊ ဖေဖော်ဝါရီ ၁၃ – ချစ်သူများနေ့မှာ မန္တလေးမြို့ရှိ ဟေးလ်ရီဆော့ ဟိုတယ်မှာ အချစ်ည ရှိုးပွဲကို ညနေ ၅းဝ၀ နာရီ စတင် ကျင်းပမှာ ဖြစ်တယ်။

ပွဲစီစဉ်သူကတော့ KMP Myanmar Advance & Entertainment ဖြစ်ပါတယ်။

ဝန၊ Arr-T၊ ကောင်းကောင်း၊ အောင်ထက်၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့ ဖျော်ဖြေမှာပါ။

လက်မှတ်ဈေးနှုန်းက ကျပ် ၇၅၀ဝ (ခုံမဲ့)၊ ကျပ်၂၀,ဝ၀ဝ၊ ကျပ် ၄၀,ဝ၀ဝ (ဗီအိုင်ပီ) ဖြစ်ပါတယ်။ လှိုင်းနဲ့ မန်းသီရိ တေးသံသွင်း ဆိုင်တွေမှာ လက်မှတ်တွေ ဝယ်ယူရရှိနိုင် တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by အေးစုမွန်

Originally published at - http://www.kumudranews.com

Read More »

Friday, February 10, 2017

၂၀၁၆ ခုနှစ် အတွက် ရောင်းအား အကောင်းဆုံး အဆိုတော် ဖြစ်လာသည့် ဒရိတ်ခ်




နာမည်ကျော် လူကြိုက် များသော One Dance သီချင်း ပိုင်ရှင်ဖြစ်သူ ဒရိတ်ခ်သည် ၂၀၁၆ ခုနှစ်၏ ရောင်းအား အကောင်းဆုံး အဆိုရှင် အဖြစ် အရွေးချယ် ခံခဲ့ရသည်။

ကနေဒါ အဆိုတော် ဖြစ်သူ ဒရိတ်ခ်သည် သူ၏ လေးခုမြောက် အယ်လ်ဘမ် ဖြစ်သည့် Views ဖြင့် အချပ်ရေသန်း ပေါင်း များစွာ ရောင်းချနိုင် ခဲ့ကာ အင်တာနက်မှ ထုတ် လွှင့်မှု အကြိမ်ရေလည်း ဘီလျံနှင့် ချီခဲ့ သောကြောင့် ပြီးခဲ့သော နှစ်က အကြီး အကျယ် ရောင်းအား ကောင်းခဲ့သော အဒဲလ်နှင့် Coldplay အဖွဲ့ တို့အား ကျော်ဖြတ် ကာ
ရောင်းအား အကောင်းဆုံး အဆိုရှင်ဖြစ်လာ ခဲ့ကြောင်း IFPI ဂီတ လုပ်ငန်းစု၏ အဆိုအရ သိရသည်။

ဗြိတိန်တွင်လည်း ဒရိတ်ခ်၏ Views အယ်လ်ဘမ်ထဲမှသီချင်းဖြစ်သော One Dance သည်သီချင်းဇယား၏ထိပ် ဆုံးနေရာ၌ ၁၅ပတ်ကြာအောင် ရပ်တည်နိုင်ခဲ့ပြီး ဘရိုင်ယန်အဒမ်၏ I Do It For You သီချင်း၏ စံချိန်ကိုကျော် ဖြတ်ဖို့နီးစပ်ခဲ့သည်။

ဒရိတ်ခ်၏ Views အယ်လ်ဘမ်သည် အမေရိကန်၌လည်း တစ်နှစ်တာသီချင်းဇယား၌ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး အချပ်ရေ ၄.၁သန်းရောင်းချနိုင်ခဲ့သည်။

ထို့ကြောင့် ဒရိတ်ခ်သည် IFPI ၏ တစ်နှစ်တာအကောင်းဆုံး ကမ္ဘာတစ်ဝန်းတေးသံသွင်းအဆိုရှင်ဆုကိုဆွတ်ခူး နိုင်ခဲ့သည်။

အဆိုပါဆုကို ၂၀၁၃ခုနှစ်တွင် One Direction အဖွဲ့၊ ၂၀၁၄ခုနှစ်တွင် တေလာဆွစ်နှင့်၊ ၂၀၁၅တွင် အဒဲလ်တို့ကအသီသီးဆွတ်ခူးနိုင်ခဲ့ကြသည်။

Ref: BBC

From : မဇ္ဈိမ မီဒီယာ by ဘီဘီစီ

Originally published at - http://mizzimaburmese.com/article/23355


Read More »

Tuesday, January 31, 2017

Doctor Who ဇာတ်ကောင်မှ နားတော့မည့် မင်းသားကြီး ပီတာကာ ပယ်လ်ဒီ




မင်းသားကြီး ပီတာကာ ပယ်လ်ဒီသည် ဘီဘီစီမှ ထုတ်လွှင့် နေသည့် စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွဲ Doctor Who တွင် ခေါင်းဆောင် မင်းသား ဇာတ်ရုပ် နေရာမှ သရုပ်ဆောင် ခြင်းကို ရပ်နား တော့မည် ဖြစ်ကြောင်း သိရသည်။

ကာပယ်လ်ဒီသည် အဆိုပါ သတင်းကို ဘီဘီစီ ရေဒီယိုနှင့် အင်တာဗျူး၌ အစီစဉ် တင်ဆက်သူ ဂျိုဝှယ်လ်လေအား ပြောခဲ့ကာ ပရိသတ် များအား တုန်လှုပ်စေ ခဲ့သည်။

သူက ယခုနှစ်အကုန်ပိုင်းတွင် Doctor Who ဇာတ်လမ်းတွဲမှ သူထွက်ခွာတော့မည်ဖြစ်ကြောင်းပြောခဲ့သည်။

“ကျနော် ပြောင်းလဲချိန် တန်ပြီလို့ ခံစား ရပါတယ်” ဟု သူက ပြောခဲ့သည်။

ကာပယ်လ်ဒီသည် အဆိုပါ ဇာတ်လမ်းတွဲ ၌ Doctor ဇာတ်ရုပ်နေရာမှ ၂၀၁၃ခုနှစ်က စတင်ပြီး သရုပ်ဆောင်ခဲ့ကာ အဆိုပါဇာတ်ရုပ်၏ ၁၂ယောက်မြောက် သရုပ်ဆောင် တစ်ဦးဖြစ် ခဲ့သည်။

မကြာခင် ထွက်ရှိ လာတော့မည့် ၁၀ကြိမ်မြောက် စီးရီးသည်သူ နောက်ဆုံး ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်လမ်းဖြစ်ကြောင်းပြောခဲ့သည်။

“ကျနော် စိတ်မကောင်း ပါဘူး။ ကျနော် Doctor Who ဇာတ်လမ်းကို မြတ်နိုး ပါတယ်။ ဒါပေမယ့် ကျနော်ဟာ မတူကွဲ ပြားတဲ့ အရာတွေ အများကြီး လုပ်ဆောင်နေတဲ့ သူဖြစ်တဲ့ အတွက် ပြောင်းလဲချိန် တန်ပါပြီ”ဟု ပြောခဲ့သည်။

ဒါ့အပြင် သူ့အားစာချုပ်သက်တိုးတမ်းရန် ကမ်းလှမ်းခဲ့သော်လည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ချင်သောကြောင့် ငြင်း ပယ်ခဲ့ကြောင်းပြောခဲ့သည်။

Doctor Who ၏ ဇာတ်လမ်းတွဲအသစ်ကို လာမည့်နွေဦးရာသီတွင် စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး အဆိုပါစီးရီး၏ နောက်ဆုံးအပိုင်းကို ခရစ္စမတ်နေ့တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

Ref: BBC

From : မဇ္ဈိမ မီဒီယာ by အေအက်ဖ်ပီ

Originally published at - http://mizzimaburmese.com


Read More »

Sunday, January 29, 2017

Yangon Film School မှ ရုပ်ရှင် ၃ ကား လစဉ် သောကြော နေ့တိုင်း လာရောက် ကြည့်ရှုနိုင်




ရန်ကုန်၊ ဇန်န၀ါရီ ၂၈

Yangon Film School (ရန်ကုန် ရုပ်ရှင် ကျောင်း) မှ လူငယ်များ ရိုက်ကူး ထားသော ရုပ်ရှင် ၃ ကားကို ဘိုကလေး ဈေးလမ်းရှိ ပန်သူရိယတွင် လစဉ် သောကြာနေ့တိုင်း ပြသ သွားမည် ဖြစ်ပြီး လူငယ်များ၏ အနုပညာ လက်ရာကို အခမဲ့ လာရောက် ကြည့်ရှု နိုင်သည်။

ရုပ်ရှင်ပြပွဲကို ဗိုလ်တစ်ထောင် မြို့နယ်၊ ဘိုကလေး ဈေးလမ်းရှိ ပန်သူရိယ၌ ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများ ရိုက်ကူး ထားသော ရုပ်ရှင် ၃ ကား ပြသ ခဲ့ပြီး “ကျွန်မ အဖိုးအိမ်၊ အမှတ် ၆၂ ပန်းဆိုးတန်းလမ်းနှင့် အင်းစိန်စည်းချက် ”အမည်ရှိ ရုပ်ရှင် ၃ ကားတွင် ရန်ကုန်မြို့ရှိ အဆောက် အဦးများနှင့် လူများ အကြောင်း ၁၀ မိနစ်ကျော်ကြာ ရိုက်ကူး ထားသည်။

ရုပ်ရှင်များ ပြပြီးနောက် ရိုက်ကူးမှုတွင် ပါခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃ဦးနှင့် တက်ရောက် လာသူများမှ အမေး အဖြေပြုလုပ် ခဲ့ပြီး ရိုက်ကူး ခဲ့စဉ် ကြုံတွေရသည့် အခက် အခဲများ၊ ရုပ်ကတ်ကောင်းများ ရရန် ရိုက်ခဲ့ပုံများ၊ အသံဖမ်း ယူသည့် နည်းလမ်းများ၊ ဗီဒီယို ကင်မရာများ အသုံးပြု ခဲ့ပုံများ ပါဝင်သည်။

အဆိုပါ ရုပ်ရှင် ၃ ကားကို ဗိုလ်တစ်ထောင်မြို့နယ်၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ၌ လစဉ် နောက်ဆုံးရက်ဖြစ်သော သောကြာနေ့တိုင်း ည ၇ နာရီဝန်းကျင်တွင် ပြသသွားမည်ဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။

ပါရမီရှိတဲ့လူငယ်များရဲ့လက်ရာတွေကို ကြည့်ရှု့စေလိုကြောင်း ရန်ကုန်ရုပ်ရှင်ကျောင်းမှ Country Director ဖြစ်သူ Ms. Aleksandra Minkiewicz ကပြောခဲ့သည်။

“မြန်မာနိုင်ငံကလူတွေ လူငယ်တွေဖန်တီးထားတဲ့ အရမ်းကောင်းတဲ့လက်ရာတွေကို ကြည့်ဖို့လိုအပ်တယ်။ မြန်မာလူငယ်လေးတွေရိုက်ထားတဲ့၊ တကယ်ကောင်းတဲ့ရုပ်ရှင်မှတ်တမ်းတွေ ကမ္ဘာအနှံ့ ပြပြီးပြီ။ သူတို့ရိုက်ထားတွေကို ကမ္ဘာအနှံ့က ရုပ်ရှင်ပွဲတော် ၂၂၀ ကျော်လောက်မှာ ပြပြီးပြီ။ ဆုတွေလည်း ၄၀ ကျော်လောက်ရထားတယ်။ အခုဆိုရင် မြန်မာပြည်သူလူထုကို ပြဖို့ အချိန်ရောက်လာပြီ” ဟု သူမက ပြောခဲ့သည်။

အဆိုပါ ရုပ်ရှင်ပြပွဲသို့ နိုင်ငံခြားသားများပါ တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

From : မဇ္ဈိမ မီဒီယာ by ထွန်းလင်း (ပုသိမ်)၊ ထက်အောင်ဖြိုး

Originally published at - http://mizzimaburmese.com/article/22886

Read More »

Thursday, January 26, 2017

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို တေးဂီတပွဲ ဖေဖော်ဝါရီ ၁၁ ကျင်းပမည်




ရန်ကုန်၊ ဇန်နဝါရီ ၂၂ – ဇန်နဝါရီ ၂၂ ရက် Laurel Art Academy (ရုပ်ရှင် အနုပညာ ကျောင်း)ရဲ့ ငါး နှစ်ပြည့် အထိမ်း အမှတ်နဲ့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အကြို အဖြစ် ရုပ်ရှင် ဇာတ်ဝင်တေး ဂီတဖျော်ဖြေပွဲ ကြီးကို နာမည်ကြီး အဆိုတော်တွေနဲ့ အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇းဝ၀ နာရီမှာ ကျင်းပ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

ပါဝင် သီဆိုဖျော်ဖြေ ကြမယ့် အဆိုတော်တွေ ကတော့ တေးသံရှင် မြန်မာပြည် သိန်းတန်၊ ချစ်ကောင်း၊ ကိုင်ဇာ၊ အောင်ထက်၊ ပြည့်စုံ၊ စောလားထော်ဝါး၊ မေဆွိ၊ မေခလာ၊
ကော်နီ၊ နီနီခင်ဇော် နဲ့ Laurel Art Academy ကျောင်းသူ ကျောင်းသားတွေက မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေ သွားကြမယ်လို့ သိရတယ်။

အဆိုပါပွဲကို ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းတွေ ကတော့ ကျပ် ၇၀,ဝ၀ဝ၊ ၅၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ၊ ၂၀,ဝ၀ဝ နဲ့ ၁၀,ဝ၀ဝ ကျပ်တို့
ဖြစ်ပြီး စီးတီးမတ် ဆိုင်ကြီးတွေနဲ့ Laurel အနု ပညာကျောင်းမှာ ဝယ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by : ခတ္တာဖြူ

Originally published at - http://www.kumudranews.com


Read More »

Sunday, January 22, 2017

Myanmar Idol Season 2 ဆန်ခါတင် ၁၀ ဦးအား သေချာ စီစစ်ရွေးချယ်ခဲ့ဟု မြန်မာပြည် သိန်းတန်ပြော




ရန်ကုန်၊ ဇန်န၀ါရီ ၂၁ ။ ။ Myanmar Idol season 2 အဖြစ် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ၀ါသနာရှင် ၈၀ ကျော်မှ Top ဆန်ခါတင် ၁၀ ဦးကို ရွေးချယ်ပွဲ ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အရည် အချင်းရှိသော ၀ါသနာ ရှင်များအား စီစစ်ရွေးချယ် ခဲ့သည်ဟု မြန်မာပြည် သိန်းတန်က ပြောသည်။

“ အဆိုပညာပိုင်းမှာ အဆိုကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းရှိရမလဲဆိုတဲ့ ပညာနဲ့တိုင်းရတာပါ။ အန်ကယ်က ချေးများတယ်။ တော်ရုံတန်ရုံ သိပ်မကောင်းရင် အန်ကယ်က သိပ် Yes ပြောလေ့မရှိဘူး” ဟု သူက ပြောသည်။

ရွေးချယ်ခဲ့သော ဆန်ခါတင် ၁၀ ဦးအား ဒိုင်များမှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အရည်အချင်းရှိသော ၀ါသနာရှင်များအား စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အကဲဖြတ်ဒိုင် မြန်မာပြည်သိန်းတန်က ပြောခဲ့ပြီး ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ တင်ဇာမော်၊မေဆွိတို့မှ ဆောင်ရွက်ခြင်းဖြစ်သည်။

Myanmar Idol Season 2 ပြိုင်ပွဲအား လာမည့် ဇန်န၀ါရီလ ၂၆ ရက်နေ့မှ စတင်ပြီး အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Mntv ချန်နယ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဆန်ခါတင် ၁၀ ဦးအား SMSနှင့် ဖေ့ဘွတ်ခ်မှတဆင့် ပရိသတ်များက မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်များတွင် ထူးခြားသော ပင်ကိုယ်စွမ်းရည်များရှိကြပြီး ယခင်ပြိုင်ပွဲဝင်များနှင့် လက်ရှိပြိုင်ပွဲဝင်များမှာ မတူညီသော အသံစွမ်းရည်များရှိကြောင်း Vocal Coach တစ်ဦးဖြစ်သူ ထရေစီက မဇ္ဈိမသို့ ပြောသည်။

“ ပထမကလေးတွေကတော့ သူတို့သွားတဲ့ ကာလာလေးတွေရော အသံလေးတွေရော ပေါ့ပ်အပိုင်းမှာရှိတယ်။ အခုကလေးတွေကတော့ ရော့ခ်ကာလာတွေများတယ်။ ရွက်ပုံးသီး ၀ါသနာရှင်များအား မြေတောင်မြှောက်ပေးတဲ့ ယခုကဲ့သို့ သီချင်းဆိုပြိုင်ပွဲများ ပေါ်ပေါက်လာသည်မှာ ၀ါသနာရှင်လူငယ်များအတွက် ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းရန် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်ပါတယ်” ဟု ထရေစီက ပြောသည်။

Winner ဆုရှင်အား ငွေသား ကျပ်သန်း ၂၀၊ တေးစီးရီး Album နှင့် Music Video ခွေတစ်ခွေ ထုတ်လုပ်ပေးမည့်အပြင် ကားတစ်စီးပါ ပေးအပ်သွားမည်ဟု သိရသည်။ Season 1 တွင် မြို့ကြီး ၅ မြို့တွင် ရွေးချယ်ပွဲကျင်းပပြီး ပြိုင်ပွဲဝင်များအား ရွေးချယ်ခဲ့သော်လည်း ယခုနှစ်တွင် မြို့ပေါင်း ၂၀ တွင် ကျင်းပပြီး ပြိုင်ပွဲဝင်များအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by ဗျူးလာဦး

Originally published at - http://mizzimaburmese.com/article/22626

Read More »

Monday, December 26, 2016

မန္တလေးမှာ ကျင်းပဦးမယ့် 80's Classic Night




ရန်ကုန်မြို့၌ ပရိသတ် အားပေးမှု ရရှိသည့် 80's ClassicNight ဖျော်ဖြေပွဲကို လာမည့်နှစ် ဇန်နဝါရီတွင် မန္တလေးမြို့၌ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း ကော်နီက ပြောသည်။

‘‘လေးယောက် ပွဲကို မန္တလေး မှာ ထပ်လုပ် ဦးမယ်။ ဇန်နဝါရီ ၂၁ ရက်မှာ လုပ်ဖို့ကတော့ သေ ချာသွားပြီ။ ဖျော်ဖြေပွဲ အစီအစဉ် ကတော့ မတိုင်ပင် ရသေးဘူး။ သီချင်းတွေ ကတော့ လွှဲရမယ် ထင်တယ်။ မကော်ကတော့ လွှဲချင် တယ်’’ဟု ကော်နီက ပြောသည်။

တူးတူး၊ ချစ်ကောင်း၊ ဟေ မာနေဝင်းနှင့် ကော်နီတို့၏ 80'sClassic Night ဖျော်ဖြေပွဲကို နိုဝင် ဘာ ၂၆ ရက်ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရာ ပရိသတ် အားပေးမှု ရရှိခဲ့သည်။

ကော်နီက ၂၀၁၇ တွင် အ သက် (၅၀)ပြည့်မည်ဖြစ်၍ တစ် ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။

‘‘ကိုယ်အားတဲ့အပေါ်မှာ ကြည့်ပြီး လုပ်ဖြစ်မယ်။ မပြည့် သေးရင်တော့ Pre Fifty ဖြစ် မလား၊ ပြည့်တဲ့နေ့မှာဆိုရင်တော့ (၅၀)ပြည့်မွေးနေ့မှာ လုပ်ဖြစ်မှာ ပေါ့’’ဟု ကော်နီက ပြောသည်။

တစ်ကိုယ်တော်စီးရီးသစ်ကို ယခုနှစ် ဒီဇင်ဘာတွင် ထွက်ရှိနိုင် ရန် ရည်မှန်းထားသော်လည်း အချိန်မပေးနိုင်သောကြောင့် မပြီး သေးဘဲ သင်္ကြန်ပြီးချိန်လောက်မှ သာ ဖြန့်ချိပေးနိုင် မည်ဟု ထင် ကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီအခွေက လုပ်နေတာ ငါးနှစ်လောက်ရှိပြီ။ ဝိုင်းတောင် သုံးဝိုင်းဖြစ်သွားပြီ။ တစ်ဝက် လောက်တော့ဆိုပြီးသွားပြီ။ နည်း နည်းလောဘကြီးပြီး စုံတွဲတွေ ထပ်ထည့်နေတယ်’’ဟု
ကော်နီက ပြောသည်။

ဓာတ်ပုံ-ဇွဲဉာဏ်

From : 7 day daily - By : ဇွဲဥာဏ်

Originally published at - http://www.7daydaily.com/story/84464


Read More »

Tuesday, December 13, 2016

ကျော်သူ၊ လူမင်းတို့ အတွဲထူးတဲ့ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား




ကျော်သူနှင့် လူမင်းတို့ တွဲဖက် သရုပ်ဆောင် ထားသည့် ပရော် ဖက်ဆာ ဒေါက်တာ ဆိတ် ဖွားနှင့် မြိုင်ရာဇာ တာတေ ရုပ်ရှင် ဇာတ်ကားကို ဒီဇင်ဘာ ၂၃ ရက် တွင် ဘီရုံတွဲ၌ ပြသမည်ဖြစ် ကြောင်း ယင်း ဇာတ်ကား ထုတ် လုပ်သူ ကိုအုန်းဝင်းက ပြော သည်။

အဆိုပါ ရုပ်ရှင် ဇာတ်ကား သည် စာရေးဆရာ မင်းသိင်္ခ၏ ဝတ္ထုကို ရိုက်ကူး ထားခြင်း ဖြစ်ပြီး ပရော်ဖက်ဆာ ဒေါက်တာ ဆိတ် ဖွား အဖြစ် ကျော်သူနှင့် မြိုင်ရာဇာ တာတေအဖြစ် လူမင်းတို့က ပါဝင် သရုပ်ဆောင် ထားသည်။

‘‘ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထု တွေကို အရင်တုန်းက တစ်ကားမှ မရိုက်ဖူး ခဲ့ဘူး။ ကိုမောင် (ကျော် သူ) နဲ့လည်း ပြန်ရိုက် ချင်တယ်။ တချို့ဆို ကျွန်တော်က မင်းသိင်္ခ ဝတ္ထုကို မရိုက်ဘူးတောင် ထင် တယ်’’ဟု လူမင်းက ပြောသည်။

ယင်းဇာတ်ကားတွင် လူမင်း က သူငယ်ချင်းနှင့် ဖောက်ပြန် သည့် မိန်းမကို လက်စားချေသည့် နေရာမှ သရုပ်ဆောင် ထားခြင်း ဖြစ်သည်။ ‘‘သေချာတာကတော့ ဟာသကား ကြည့်ချင်တဲ့ သူတွေ ဆိုရင်တော့ ဒီကားကို လာမကြည့် ပါနဲ့’’ဟု လူမင်းက ယင်းရုပ်ရှင် နှင့်ပတ်သက်၍ ပြောသည်။

ထို့အပြင် ယင်းဇာတ်ကား၌ ဖောက်ပြန်သည့် မိန်းမ အဖြစ် သရုပ်ဆောင်ထားသည့် အေးမြတ်သူက ‘‘အေးမြတ်သူ ကတော့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ကျေနပ် တယ်။ ရာနှုန်းပြည့် ဖြစ်၊ မဖြစ်က တော့ ပရိသတ်ကပဲ ပြောမှပဲရမှာ ပါ။

အေးမြတ်သူ ဘယ်လောက်ပဲ လုပ်လုပ် ပရိသတ်ရဲ့ အဆုံးအ ဖြတ်ပေါ်မှာပဲ သွားပါတယ်။ ကိုယ်က မကောင်းပေမယ့် ပရိသတ်က ကောင်းတယ် ဆိုရင် ကောင်းပါ တယ်။ ကိုယ်တွေက အရမ်း ကောင်းတယ် ဆိုပေမယ့် ပရိသတ် က မကောင်းဘူး ဆိုရင် မကောင်း ပါဘူး’’ဟု ပြောသည်။

ယင်းဇာတ်ကားကို ဘီရုံတွဲ တွင် ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ရက်မှစ၍ ရှေ့ဆောင်၊ ဂျန်းရှင်း အပါအဝင် အခြား ရုပ်ရှင်ရုံများ ၌ ပြသမည်ဖြစ်သည်။

From : 7 day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/83290


Read More »

Sunday, December 11, 2016

မြန်မာ့ ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် ပွဲတော် ကျင်းပရေး အစည်းဝေး




ရန်ကုန် - ဒီဇင်ဘာ ၁၀

မြန်မာ့ ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် ပွဲတော် ကျင်းပရေး အစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော် အထိမ်းအမှတ် ရုပ်ရှင် ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးပြသနိုင်ရေးနှင့်စပ်လျဉ်း၍ ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင် များ၊ အတတ်ပညာရှင်များ၊ ဒါရိုက်တာများ၊ ဇာတ်ညွှန်းဆရာများ၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်ပွဲတော်အတွက် ရုပ်ရှင် ဇာတ်ကားကြီး ခုနစ်ကားနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးရေး၊ မြန်မာ
နိုင်ငံရှိ ရုပ်ရှင်ရုံ များ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ရုပ်ရှင်ပြသ နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြ ကြသည်။

ယင်းနောက် ရုပ်ရှင်နှင့်ဗွီဒီယိုဆင်ဆာအဖွဲ့မှ တာဝန်ရှိသူများက ဆင်ဆာအဖွဲ့၏ လက်ရှိ ဆောင်ရွက်နေမှုအခြေ အနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ဆင်ဆာနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့် အခက်အခဲများကို လည်းကောင်း ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက
ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »

Saturday, November 26, 2016

ကမ္ဘာ့နံပါတ်တစ် ဒီဂျေသမား လာရောက်ဖျော်ဖြေမယ့် ရန်ကုန် နှစ်သစ်ကူးည




နှစ်သစ်ကူးည ဖျော်ဖြေ ပွဲ အဖြစ် ၂၀၁၆ ကမ္ဘာ့ နံပါတ် (၁) ဒီဂျေ အဖြစ် သတ်မှတ် ခံထားရ သော Martin Garrix ပါဝင်မည့် ဖျော်ဖြေပွဲ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း ယင်း ဖျော်ဖြေပွဲကို စီစဉ်သူ ကိုမျိုးခန့်ကျော်က ပြော သည်။

‘‘သူ (Martin Garrix)က ကျွန်တော်တို့ထက် ပိုပေးတဲ့ သွား လို့ရမယ့် နေရာတွေ ရှိပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ မြန်မာပြည်ကို သူ့ရဲ့စိတ်ထဲက ဖီလင် တစ်ခု အနေ နဲ့ လာပြီးတော့ ဒီနှစ် အတွက် သူ့ ရဲ့နောက်ဆုံးပွဲ အနေနဲ့ ဆင်နွှဲမှာ ပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက် ညတွင် သုဝဏ္ဏ ပန်းခြံဘေးရှိ The One Entertainment Park ၌ ပြုလုပ်မည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ အပါအဝင် ဂိမ်း အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ပြော သည်။

ယင်းဖျော်ဖြေပွဲတွင် ကမ္ဘာ့ အကောင်းဆုံး ၁၀၀ စာရင်းဝင် ဒီဂျေများလည်း ထပ်မံ ပါဝင်ရန် အစီ အစဉ်ရှိပြီး www.avamusic festival.com တွင် ဖျော်ဖြေပွဲ နှင့် ပတ်သက် သည့် သတင်းများ ကို ကြည့်ရှုနိုင်မည်ဟု ကိုမျိုးခန့် ကျော်က ပြောသည်။

ဖျော်ဖြေပွဲ၏ ကြိုတင်လက် မှတ်များကို နိုဝင်ဘာ ၁၈ ရက်က စတင် ရောင်းချ ခဲ့ပြီး ကျပ် သုံး သောင်းတန်လက်မှတ် များကို Phone Order အနေဖြင့် ရောင်း ချပေး ခဲ့ရာ သတ်မှတ် ထားသည့် လက်မှတ် အရေအတွက်မှာ သုံး ရက် အတွင်း ကုန်သွားသော ကြောင့် ထပ်မံ ရောင်းချပေးမည့် လက်မှတ် ဈေးနှုန်းများနှင့် လက် မှတ် အမျိုး အစား များကို ယခုရက် ပိုင်းအတွင်း ကြေညာ ပေးမည်ဟု ၎င်းက ဆိုသည်။

From : 7 day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/81903

Read More »

Wednesday, September 21, 2016

နိုင်ငံတကာ ရေဆေး ပန်းချီပြပွဲ မြန်မာတွင် ပထမဆုံး အကြိမ် ပြသမည်




နိုင်ငံတကာ ရေဆေး အသင်း (IWS) ရဲ့ ရေဆေး ပန်းချီပြပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် ရန်ကုန် သံလွင်လမ်းရှိ NEW TREASURE ART GALLERY မှာ စက်တင်ဘာ ၂၄ နေ့ကနေ ၂၉ ရက်ထိ ပြသမှာ ဖြစ်ပါတယ်။



IWS ကို ၂၀၁၂ ခုနှစ်မှာ MR Atanur Dogan စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်က Aegean ပင်လယ်ရဲ့ အရှေ့ဘက်ကမ်းခြေ၊ တူရကီနိုင်ငံရဲ့ ရှေးအကျဆုံးမြို့တော် Teos မှာ ရှိပါတယ်။ ကမ္ဘာအရပ်ရပ်မှာ IWS ဌာနခွဲပေါင်း ၈၀ ကျော်ရှိပါတယ်။



ပြပွဲမှာ ဦးမင်းဝေအောင်၊ ဦးကျော်သောင်း၊ ဦးခင်မောင်မြင့် အပါအ၀င် IWS အဖွဲ့ဝင် ရေဆေးပန်းချီဆရာ ၂၅ ဦးရဲ့ ပန်းချီကားပေါင်း ၇၀ ကျော် ပါဝင်ပြသမှာဖြစ်ပြီး ပြပွဲကာလအတွင်း ရှမ်းပြည်တောင်ပိုင်း ကလောမြို့ အနီးတ၀ိုက်မှာ လက်တွေ့ရေးဆွဲကြမှာ ဖြစ်ပါတယ်။



သတင်း၊ ဓာတ်ပုံ – သားကြီးမောင်ဇေယျ

From : ဒီဗွီဘီ

Originally published at - http://www.pyichitthar.com/2016/09/malakas.html

Read More »

Sunday, September 04, 2016

ဂီတအစည်းအရုံးနဲ့ FM တွေကို တရားစွဲတော့မယ့် ဂျက်မြသောင်း




တေးသံရှင် ဂျက်မြ သောင်းက ၎င်း၏ တေးသီချင်း များကို ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ အသုံးပြုမှု များနှင့် ပတ်သက်၍ ဂီတ အစည်းအရုံးနှင့် FM များအားလုံးကို တရား စွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဂီတ အစည်းအရုံးက ကျွန် တော့်ရဲ့ ခွင့်ပြုချက် မပါဘဲ ကျွန် တော့်ရဲ့ သီချင်းတွေကို ရောင်းပါ တယ်။ သီချင်းတွေ ရောင်းထား တဲ့ ဂီတ အစည်းအရုံး ဥက္ကဋ္ဌရဲ့ လက်မှတ်လည်း ကျွန်တော့်မှာ ရှိ တယ်။

အဲဒီအတွက် ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ အကောင်းဆုံးဖြစ်အောင် တိုင်ပင် ပြီး လုပ်သွားပါမယ်’’ဟု တေးသံရှင်ဂျက်မြသောင်းက ပြောကြားသည်။

ဂျက်မြသောင်းသည် ၎င်း၏ တေးသီချင်းများကို ခွင့်ပြုချက် မပါရှိဘဲ အသုံးပြုခဲ့သော ဂီတအ စည်းအရုံး၊ FM အသံလွှင့်ရုံးများ၊ Ringtune အသုံးပြုသည့် ကုမ္ပဏီ နှင့် သီချင်းဆိုပြိုင်ပွဲပြုလုပ်သော ကုမ္ပဏီများအားလုံးကို စက်တင် ဘာအတွင်း မူပိုင်ခွင့်ဥပဒေအရ တရားစွဲဆိုမည်ဟု ပြောသည်။

‘‘ကျွန်တော် အဓိကတရားစွဲ ဆိုရတဲ့အကြောင်းရင်းက ကျွန် တော့်သီချင်းတွေကို အသုံးပြုချင် ရင် ကျွန်တော့်ဆီကို ကိုယ်တိုင် လာတောင်းပါ။ ကျွန်တော် အခ ကြေးငွေ မယူဘဲ မေတ္တာနဲ့ အလ ကားပေးမှာပါ။ အခုလို လုပ်ရ တာက ကျွန်တော့်သီချင်းကို လေးစားမှုရှိစေချင်တာပါ’’ဟု ဂျက်မြ သောင်းက ပြောသည်။

တေးသီချင်းစုစုပေါင်း ၁၀ ပုဒ်ကျော်ကို အသိမပေးဘဲ အ ကြိမ်ရေ ၄,၅၀၀ ကျော် အသုံးပြု ခဲ့သဖြင့် ဂျက်မြသောင်းက နိုင်ငံ တော်အဆင့်အထိ စာတင်အ ကြောင်းကြား ခဲ့ပြီး နောက်ဆုံး အ ကြောင်းကြားစာတင်ခဲ့သော စာ မှာ ၂၀၁၆ ဇွန်လ ၁၅ ရက်က ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့က သူ့ရဲ့နစ် နာမှုအပေါ် မူတည်ပြီးတော့ တိုင် ချက်ရေးဖွင့်နိုင်အောင် ဥပဒေ အရ ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ လက်တွေ့ကျတော့ ကိုယ်က ဒီလို ဖွင့်ပေမယ့် တစ်ဖက်က လည်း လုပ်ငန်းအဆင့်ဆင့်ရှိ တော့ ဆုံးဖြတ်ချက်က တရားရုံး က ဆုံးဖြတ်ရမှာပါ။

အဓိကက တော့ တေးသံရှင် ဂျက်မြသောင်း ရဲ့ မူပိုင်ခွင့်ကို ကာကွယ်စောင့် ရှောက်ဖို့ တစ်ဖက်လူ လေးစား လာအောင် နည်းလမ်းမျိုးစုံသုံး တယ်လို့ပဲ သဘောထားစေချင် တယ်’’ဟု အဆိုပါကိစ္စကို တရား စွဲဆိုရန် ဆောင်ရွက်ပေးမည့်တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

ဂျက်မြသောင်းက တရားစွဲဆိုရန်ပါရှိသည့် တေးသီချင်းများမှာ ၎င်းအောင်မြင်ကျော်ကြားခဲ့ သော ‘ကြိုးပုခက်၌ ငြိတွယ်ခြင်း’၊ ‘နှလုံးသွေးများ ရပ်တန့်သွားပါစေ ချစ်နေမယ်’၊ ‘ပြန်လာပါတော့’၊ ‘ချစ်သူ့လမ်းညွှန်’၊ ‘တကယ်ပြောတာပါ’ စသည့်သီချင်းများဖြစ် ကြောင်း သိရသည်။

‘‘သူ့ခံစားချက်ကို ကျွန်တော် တို့ သီချင်းရေးတဲ့သူတစ်ယောက် အနေနဲ့ အပြည့်အဝနားလည်လို့ရ တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း တစ်ခုကို ကိုယ့်ကိုအသိမပေးဘဲ နဲ့ သုံးစွဲတာကို ဘယ်သူမှကြိုက် မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လည်း ဒီလိုမျိုးကိစ္စတွေ အများ ကြီးကြုံတွေ့ရပါတယ်။

ကျွန် တော်တို့ဆိုရင် Myanmar PRO ဆိုပြီး အဖွဲ့တစ်ခု ထောင်ထားပါ တယ်။ အဲဒီအထဲမှာ တေးရေး ဆရာ ၃၉ ယောက်ပါတယ်။ ကျွန် တော်တို့ သီချင်းတွေရဲ့ မူပိုင်ခွင့် ဒါကို ကာကွယ်စောင့်ရှောက်နေ ကြပါတယ်။ ဒီအဖွဲ့ကို အပ်နှံထား တဲ့ လူတွေရဲ့ သီချင်းတွေကို ဖြေ ရှင်းပေးသွားမယ်’’ဟု တေးရေး ညီညီသွင်က ပြောသည်။

‘‘တေးသီချင်းတွေ အသုံးပြု တာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ် လလောက်က ကျွန်တော်တို့နဲ့ သူ နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သူသတင်းစာမှာ ထည့်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာ သီချင်းအသုံးပြုတာနဲ့ပတ်သက် လို့ သက်ဆိုင်ရာအဆိုတော်တွေ ရဲ့ ပိုင်ဆိုင်ခွင့်ကို ဘဏ်အကောင့် ကနေတစ်ဆင့် လွှဲပြောင်းပို့ပေးပါ တယ်။

တေးသံရှင် ဂျက်မြသောင်း ကိုလည်း ယခုလိုပဲ လွှဲပြောင်းပေး ဖို့အတွက် ဆက်သွယ်ခဲ့တုန်းက ငွေကျပ် ဆယ်သိန်းကျော်ရှိခဲ့ပါ တယ်။ သူ့အနေနဲ့ မယူသေးဘူး လို့ ပြောခဲ့ပါတယ်’’ဟု ဂီတအ စည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ−ကျော်ဇင်သန်း

From : 7 day daily - By : ဖြူဖွေးသန့်

Originally published at - http://www.7daydaily.com/story/74470

Read More »

Friday, September 02, 2016

သရုပ်ဆောင် ဂျက်ကီချမ်း ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့် ခံရ




ကရာတေး အက်ရှင် သရုပ်ဆောင် မင်းသား၊ စာရေးဆရာ၊ ဒါရိုက်တာ ဂျက်ကီချမ်းဟာ သူ့ရဲ့ ဘ၀ တလျှောက် ရုပ်ရှင်တွေ ထဲမှာ ထူးခြားတဲ့ အောင်မြင် မှုတွေကြောင့် ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

ဒီဆုအတွက် အမေရိကန် ရုပ်ရှင်အကယ်ဒမီမှ မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး ရုပ် ရှင်တည်းဖြတ်သူ အဲန်းကို့တ်စ်၊ ဒါရိုက်တာ လင်းစတောလ်မာစတာနဲ့ ဖြစ်ရပ်မှန်ရုပ်ရှင် ရိုက်ကူးသူ ဖရက်ဒရစ်ဝိုက်စ်မန်းတို့ဟာလည်း ရွေးချယ်ခံခဲ့ကြရတာပါ။

အမေရိကန် ရုပ်ရှင်အကယ်ဒမီမှ ဥက္ကဌ ချယ်ရီဘွန်းန်အိုင်းဆက်စ်ကသူတို့ ၄ ဦး လုံးဟာ သူတို့ရဲ့ အနုပညာအတွက် စစ်မှန်တဲ့ ရှေ့ဆောင်နဲ့ ဒဏ္ဍာရီလာသူရဲကောင်းတွေ ဖြစ်ကြတယ်လို့ ဖော်ပြခဲ့တာပါ။

အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျက်ကီချမ်းဟာ သူ့ရဲ့ မွေးရပ်ဇာတိ ဟောင်ကောင်မှာ အခြေပြုရိုက်ကူးခဲ့တဲ့ ကရာတေးအက်ရှင်ကားပေါင်း ဒါဇင်နဲ့ချီပြီး ရိုက်ကူး ခဲ့ရတာပါ။

သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rumble in the Bronx, Rush Hour နဲ့ Kung Fu Panda ရုပ်ရှင်ဇာတ်ကားတွေက သူ့ကို နိုင်ငံတကာမှာ ကြီးမားတဲ့ အောင်မြင်မှုအဖြစ် ရရှိ သွားစေခဲ့တာပါ။

ဂျက်ကီချမ်းနဲ့အတူ တခြားဂုဏ်ထူးဆောင် အော်စကာဆုချီးမြှင့်ခံရသူ ၃ ဦးဟာလည်း ရုပ်ရှင်နယ်ပယ်မှာ ကာလကြာရှည်ရှိနေခဲ့ကြသူတွေဖြစ်တယ်လို့ ဘီဘီစီသတင်း တပုဒ်မှာ ဖော်ပြပါတယ်။

အဲန်းကို့တ်စ်ဟာ ရုပ်ရှင်တည်းဖြတ်မှုနယ်ပယ်မှာ နှစ်ပေါင်း ၆၀ လောက်လုပ်ကိုင် နေခဲ့တာဖြစ်ပြီး အော်စကာဆုကို Lawrence of Arabia ဇာတ်ကားနဲ့ ရရှိထားခဲ့သူပါ။

လင်းစတောလ်မာစတာကတော့ The Graduate and Deliverance ရုပ်ရှင်ကား အပါအ၀င် ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်ရိုက်ကူးခဲ့သူပါ။

ဖရက်ဒရစ်ဝိုက်စ်မန်းကတော့ ၁၉၆၇ ခုနှစ်ကတည်းက ၁ နှစ်ကို ဖြစ်ရပ်မှန်ဇာတ် လမ်းတခုနီးပါးရိုက်ကူးနိုင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆုတွေကိုတော့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် Governors Awards အ ခမ်းအနားမှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166709

Read More »

Tuesday, August 30, 2016

သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ အိမ်ထောင်ရေး ကောလဟလ ခင်ပွန်းဖြစ်သူက ငြင်းဆို


သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းနဲ့ ဇနီးဖြစ်သူ အကယ်ဒမီ ထက်ထက်မိုးဦး (ဓာတ်ပုံ – စိုင်းလွှမ်း facebook)


တနေ့တမျိုး မရိုးရအောင် ထွက်နေတဲ့ အနုပညာရှင် တွေရဲ့ ကောလဟလတွေ၊ အနုပညာရှင် တွေရဲ့ အတင်း၊ သတင်း တွေကို လူမှု ကွန်ယက် စာမျက်နှာ တခုဖြစ်တဲ့ Facebook မှာ အများဆုံး တွေ့ရှိ၊ ရှာဖွေနိုင် ပါတယ်လို့ ကြော်ငြာ ၀င်ရ မလို ဖြစ်နေ ပါပြီ။

ဒီလို ကောလဟလတွေထဲကမှ မကြာသေးမီကပဲ နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက် တို့ရဲ့ အိမ်ထောင်ရေး အခြေအနေ ကောလဟလသတင်းများဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပလူပျံလို့နေခဲ့တာပါ။

အဲ့ဒီကောလဟလကတော့ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေ သိပ်မကောင်းတော့ဘူး ဆိုတာပါပဲ။

ဒီကောလဟလ သတင်းဟာအနုပညာရှင်တွေရဲ့ သတင်းတွေ အတင်းတွေကို ပေါ်ပေါ်တင်တင် ရေးသားလေ့ရှိတဲ့ ၀က်ဆိုဒ်ပေ့ခ်ျတခုမှ သြဂုတ်လ ၁၁ ရက်နေ့က စတင်ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဆိုတော့ ဒီကောလဟလအပေါ်သူတို့ရဲ့ပရိသတ်တွေအနေနဲ့ မေးခွန်းထုတ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ အနုပညာရှင်နဲ့ ကောလာဟလ ဆိုတာ မစိမ်းဘူးဆိုပေမယ့် နာမည်ကြီး အနုပညာရှင် စုံတွဲတတွဲရဲ့ အိမ်ထောင်ရေးကိစ္စ ဖြစ်နေ လေတော့ ပရိသတ်များရဲ့ စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း(ခေါ်) ဇူးမြတ်ထက်ကို မေးမြန်းကြည့်တဲ့အခါ “အဲ့အပေါ် ကျနော် မြင်တာတော့ အဲ့ဒီ page တွေအနေနဲ့ ဒီလိုမှ လုပ်မစားရင် ထမင်းမစားရတော့ဘူးလေ၊။

အနုပညာရှင်တွေရဲ့ သတင်းတွေကို အတင်းတွေ အဖြစ် မရေးရင် သူတို့ငတ်သေ ကြမှာလေ။ ကျနော်တို့ ကုသိုလ် ရတာပေါ့။ အဲ့တော့ ကျနော် အနေနဲ့ကတော့ လုပ်ပါစေပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။



ဒါ့အပြင် သူ့အနေနဲ့ ကောလဟလ တွေကို အဲ့ဒီလို ဖြေရှင်း လိုက်ရင် ရေးတဲ့ သူတွေ အတွက် သတင်း ထပ်ရသလို ဖြစ်ပြီး ထပ်ရေးနေ ကြမှာမို့ ထပ်ဖြေရှင်းတော့မှာ မဟုတ်ကြောင်း သူက ဆက်ပြော ပါတယ်။

ဆက်လက်ပြီး ဒီကိစ္စတွေအတွက် တရားစွဲဖို့တော့မရှိကြောင်းနဲ့ ဒီ့ထက်ပိုမိုဆိုးဝါးလာပါက သည်းခံနေမှာမဟုတ်ဘဲ ဖြေရှင်း သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်းဟာ လက်ရှိမှာတော့ ဒါရိုက်တာ နေသူရိန် ရိုက်ကူးထားတဲ့ “ကျွန်တော်တို့သည် မိန်းမများဖြစ်၍၊ ကျွန်မတို့သည် ယောက်ျား များဖြစ်ကြသည်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပြီး၊ မကြာခင်မှာလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “ဒိုင်နိုဆော” ရုပ်ရှင်ဇာတ်ကား ကြီးမှာ ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

သူ့ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင် အဆိုတော် ထက်ထက်မိုးဦးနဲ့ပတ်သက်လို့ “မထက်ကတော့ အစစ အရာရာ ကျနော့ အနုပညာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောပေး ပါတယ်။ အကျီအဝတ်အစားက အစ၊ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ လိုက်ဖက်တယ်ဆိုပြီး အကြံပေးမှုတွေရောပေါ့နော်။

ပြီးရင် အကြံပေးချက်တွေကို ပြန်စဉ်းစားပြီး ကျနော် ဆုံးဖြတ် ပါတယ်” လို့ အနုပညာလုပ်ငန်းတွေအတွက် တိုင်ပင်ဖြစ်ပုံအကြောင်း ပြောပါတယ်။

ထက်ထက်မိုးဦးအနေနဲ့ ကျန်မာရေးပြဿနာ အနည်းငယ်ကလွဲပြီး ကြီးကြီးမားမားစိုးရိမ်စရာမရှိကြောင်း၊ မိသားစု အားလုံး စုံညီပြီး ရိုက်ကူးမယ့် ဇာတ်ကားမျိုးတော့ ရိုက်ဖြစ်မှာမဟုတ်ကြောင်း၊ စိုင်းလွှမ်းကို အားပေးနေတဲ့ ပရိသတ်များအတွက် အမြဲကြိုးစားနေကြောင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် အဆိုတော် စိုင်းလွှမ်း ဟာ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ ၂၀၀၉ ခုနှစ်လောက်က လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်လောက်မှာတော့ “တဖက်သတ်” ဆိုတဲ့ တကိုယ်တော်တေးစီးရီး ထွက်ရှိခဲ့ပါတယ်။

From : ဧရာဝတီ by ဧပရယ်ဆု

Originally published at - http://burma.irrawaddy.com/lifestyle/2016/08/30/121745.html

Read More »

Saturday, August 27, 2016

လွှတ်တော်ထဲသို့ ရောက်ရှိတော့မည့် ငါသည်အောင်ဆန်း


ပြည်ထောင်စုလွှတ်တော်မှ တာဝန်ရှိသူများနှင့် ဇာတ်မင်းသားဖိုးချစ်(ဓာတ်ပုံ – ဖိုးချစ် facebook)


စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်း အမှတ် အဖြစ် ဇာတ်မင်းသား ဖိုးချစ်က ပြည်ထောင်စု လွှတ်တော်မှာ ကပြ ဖျော်ဖြေ တင်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာ ဇာတ်မင်းသား ဖိုးချစ်က သူ့ရဲ့ လတ်တလော အောင်မြင်နေတဲ့ ပြဇာတ် တခုဖြစ်တဲ့ “ငါသည်အောင်ဆန်း” ပြဇာတ်ဖြင့် ကပြဖျော်ဖြေ သွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။



ဒါနဲ့ပတ်သက်လို့ ဖိုးချစ်ဇာတ်အဖွဲ့မှတာဝန်ရှိသူကို မေးမြန်းတဲ့အခါမှာ “ကိုဖိုးချစ်က အဲ့ဒီနေ့မှာ ကပြ ဖျော်ဖြေပေးမှာ ဟုတ်ပါတယ်။ အဲ့ဒီနေ့မှာ နိုင်ငံတကာက သံအမတ်တွေနဲ့ နိုင်ငံတကာရှေ့မှာ ဖိုးချစ်က ကပြ ဖျော်ဖြေရမှာ ဖြစ်ပါတယ်။

ကပြမှာက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက်ပါ။ အဲဒီနေ့မှာ ဖိုးချစ်က အဓိက “ငါသည် အောင်ဆန်း”ဇာတ်ကို ကမှာပါ။

ဖိုးချစ်က ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပထမဆုံးကပြရတဲ့ ဇာတ်မင်းသား ဖြစ်လာမှာပါ” လို့ ဧရာဝတီ ကိုပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကပြဖျော်ဖြေမှာဖြစ်ပြီး ဖိုးချစ်သဘင် ရဲ့လူကြိုက်များတဲ့ “ငါသည်အောင်ဆန်း” ပြဇာတ် အပါအ၀င် အဖွင့်သီဆိုမှု၊ ငြိမ်းချမ်းရေးအော်ပရာများကို ကပြ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဒီပွဲကို နိုင်ငံတကာမှ သံအမတ်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြည့်ရှုကြမှာဖြစ်ပြီး မွန်းလွဲပိုင်းအချိန်ကစတင်ပြီး ဖျော်ဖြေပေးမှာဖြစ်တယ်လို့ သိရပါတယ်။

From : ဧရာဝတီ by : ယုမွန်ကျော်

Originally published at - =source=

Read More »

Saturday, August 20, 2016

ရုပ်ရှင်လောကအသံကို အစိုးရနဲ့ လွှတ်တော်သိဖို့ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်




မြန်မာ ရုပ်ရှင် ဖွံ့ဖြိုးရေး အတွက် "မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ'' အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ စတင် ကျင်းပ ခဲ့ပါတယ်။

ရုပ်ရှင် လောကသား တွေရဲ့ အသံကို အစိုးရနဲ့ လွှတ်တော်က ကြားစချင်တဲ့ အတွက် အခုလို ဆွေးနွေးပွဲ လုပ်ရတာဖြစ် တယ်လို့ ပွဲစီစဉ်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးဇာဂနာ ပြောပါတယ်။

"ကိုယ့်အစိုးရလို့ ပြောကြပါစို့၊ ကိုယ့်အစိုးရ လက်ထက် ရောက်လာတဲ့ အခါမှာ အပေါ်ကအောက် အမိန့် ချပေးခြင်းတွေနဲ့ အကောင် အထည်ဖော်တဲ့ ကိစ္စမျိုးတွေ မလုပ် ချင်တော့ဘူး၊ ပြည်သူတွေကို ကျနော်တို့ ပြောမယ်၊ ပြည်သူတွေ ကနေ ပြီးတော့ ကျနော်တို့ကို အသံ ထွက်မယ်၊ ရုပ်ရှင် လောကထွက်တဲ့ အသံကို အစိုးရက နားထောင် ရမယ်၊ ဒီရုပ်ရှင် သမား အားလုံးရဲ့ အသံကို လွှတ်တော် ကလည်း ကြားစေ ချင်တယ်၊ အစိုးရလည်း ကြားစေချင်တဲ့ အတွက် ဒီဖိုရမ်ကို ကျနော်တို့ သူငယ်ချင်းတွေ စုပြီး စီစဉ် ကြတာပါ"

သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ မှာ ရုပ်ရှင် ဇာတ်ကား တစ်ကားရဲ့ မရိုက် ကူးခင်
ပြင်ဆင်မယ့် အခြေ အနေ၊ ရိုက်ကူးနေချိန် ထားရှိ ရမယ့် အရည် အသွေး စတဲ့ အရည်အသွေး အပိုင်းနဲ့ ရုံတင်ပြသတဲ့ စနစ် အကြောင်းတွေကို ဆွေး နွေး ကြမှာ
ဖြစ်ပါတယ်။

ဆွေးနွေးပွဲပြီးသွားရင် ရုပ်ရှင်လုပ်ငန်းတိုးတက်ဖို့ လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ စတဲ့ အလွှာပေါင်းစုံက ရုပ်ရှင်လောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဖိုရမ်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ ဒါရိုက်တာ ဦးဇာဂနာကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးဇာဂနာနှင့် မေးမြန်းခြင်း

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »