နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အလုပ်ခေါ်စာ. Show all posts
Showing posts with label အလုပ်ခေါ်စာ. Show all posts

Wednesday, May 25, 2016

အာဆီယံ အတွင်းရေးမှူးရုံး အကြီးတန်း အရာရှိနေရာများ လစ်လပ်သဖြင့် လျှောက်ထားနိုင်




အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှာ အလုပ် လုပ်ရန် အကြီးတန်း အရာရှိများ ခေါ်ယူနေတဲ့ အတွက် စိတ်ဝင်စားသူ မြန်မာနိုင်ငံ သားများ လျှောက်ထားနိုင် ကြတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အခြေစိုက်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှာ လိုအပ်လျက်ရှိ သည့် အကြီးတန်း အရာရှိများ အတွက် လျှောက်လွှာခေါ်ယူ မှုများကို စတင်ပြုလုပ်လျက် ရှိပါသဖြင့် မြန်မာနိုင်ငံမှ စိတ်ပါ ဝင်စားသူများ လျှောက်ထားနိုင် ကြပါတယ် ဆိုပြီး အတွင်းရေးမှူးချုပ် ရုံးရဲ့ ကြေညာချက်ကို ပူးတွဲ ဖော်ပြ ထားပါတယ်။

အလုပ်လျှောက်လွှာတွေကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အတွင်းရေးမှူးချုပ်ရုံးကို ပေးပို့ရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/151442

Read More »

Saturday, March 05, 2016

Mizzima Job Opportunity




မဇ္ဈိမ ရုပ်သံ ထုတ်လုပ်ရေး ဌာန (Mizzima TV) တွင် တာဝန် ထမ်းဆောင်ရန် အမှန် တကယ် စိတ်ဝင်စားသော လူငယ်များ အလိုရှိ နေပါသည်။

အလုပ်လျှောက် လိုသူများသည် အောက်ပါ အချက်များနှင့် ကိုက်ညီ သူများ ဖြစ်ရမည်။

Video Cameraman (ကျား)

  • ဗွီဒီယိုရိုက်ကူးမှု အတွေ့အကြုံ ရှိရမည်။
  • Canon DSLR ကင်မရာများ၊ SONY ကင်မရာ များနှင့် ရိုက်ကူးနိုင်ရမည်။
  • အသက် ၃၀ နှစ်ထက် မပိုရ။
  • အချိန်ပေးနိုင်ရမည်။ ခရီးသွားနိုင်ရမည်။
  • Adobe Premiere Pro အသုံးပြုနိုင်ရမည်။
  • ကွန်ပျူတာ၊ အင်တာနက် အသုံးပြုနိုင်ရမည်။
  • ရန်ကုန်တွင် အလုပ်လုပ်နိုင်သူများ ဖြစ်ရမည်။
  • ကင်မရာနှင့် ရိုက်ကူးမှု ဆက်စပ် ပစ္စည်းများ အကြောင်း အတန်အသင့် နားလည်ရမည်။
  • ကင်မရာရိုက်ကူးမှု အတွက် အပင်ပန်းဒဏ် ခံနိုင်ရမည်။
  • ပူးပေါင်း ဆောင်ရွက် နိုင်ရမည်။

ဗွီဒီယို တည်းဖြတ် (ကျား/မ)

  • Adobe Premiere Pro, Aftereffect ကျွမ်းကျင်စွာ အသုံးပြုနိုင်သော ဗွီဒီယို တည်းဖြတ်သူ ဖြစ်ရပါမည်။
  • ဗွီဒီယို တည်းဖြတ်မှု အတွက် အမှန် တကယ် ၀ါသနာပါပြီး တီထွင် ဖန်တီး လိုသူ ဖြစ်ရပါမည်။
  • အတွေ့အကြုံ ရှိရပါမည်။
  • ကွန်ပျူတာ အခြေခံ နားလည်ပြီး စာစီ စာရိုက် ပြုလုပ်နိုင်သူ ဖြစ်ရမည်။
  • ရန်ကုန်တွင် တာဝန် ထမ်းဆောင်ရန် ဖြစ်ပြီး၊ အချိန်ပေး နိုင်သူ ဖြစ်ရမည်။

(မှတ်ချက် - သတင်း ထုတ်လုပ်မှု၊ မှတ်တမ်း ရုပ်ရှင် နှင့် ဇာတ်လမ်းတို ဖန်တီးသည့် အတွေ့အကြုံ တခုခုတော့ ရှိရပါမည်။ အလုပ်လျှောက် လိုသူများသည် ဗွီဒီယို တည်းဖြတ်မှု လက်တွေ့ စစ်ဆေး ပါမည်။)

အလုပ်လျှောက် လိုသူများသည် အီးမေးလ် လိပ်စာ ymh@mizzima.com သို့ဖြစ်စေ၊ မဇ္ဈိမ ရုံးချုပ်သို့ ဖြစ်စေ မတ်လ ၆ ရက်နေ့ နောက်ဆုံး ထား၍ လျှောက်လွှာများ ပေးပို့ ရပါမည်။

Mizzima Media Yangon Head Office

Room Numbers 001, 003, 101 and 103, Lakekan Condo Tower,
Upper Pazundaung Road, Ward 7, Pazundaung Township, Yangon, MYANMAR.

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11936


Read More »

Tuesday, November 11, 2014

ဧရာဝတီ သတင်းဌာနတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်းများ အလိုရှိသည်



အရည်အချင်း ရှိပြီး အလုပ် အပေါ် စိတ်အား ထက်သန်စွာ လုပ်ကိုင် လိုသည့် ၀န်ထမ်း များကို ဧရာဝတီ မီဒီယာက
ခေါ်ယူလိုပါသည်။ လျှောက်ထားသူများ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်
ပွဲဆိုင်ရာ သတင်း များကို ရယူ တင်ပြပေးမည့် အစီအစဉ် တွင်လည်း ပါဝင် လုပ်ကိုင် ရမည် ဖြစ်သည်။ အချိန်ပြည့်
ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကာလမှာ ၂၀၁၅ နှစ်ကုန်ပိုင်းအထိ ဖြစ်သည်။

လစ်လပ် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မြန်မာဘာသာပိုင်း ဆိုင်ရာ ကော်ပီ အယ်ဒီတာ (၁ ဦး)

အဓိက လိုအပ်မည့် အရည်အချင်းများမှာ - မြန်မာဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ၊ ထုတ်ပြန်
ဖော်ပြချက်များကို သင့်တင့်စွာ တည်းဖြတ်ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ် ထားသော အချိန် အတွင်း ပြည့်မီအောင်
ဆောင်ရွက်ပေးနိုင် ရမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ လူမှုနိုင်ငံရေးအခြေအနေ တိုးတက်
ပြောင်းလဲမှုများကို သိရှိ နားလည်သူ ဖြစ်ရမည်။

(၂) တိုင်းနှင့် ပြည်နယ်များမှ နယ်ခံ သတင်းထောက်များ

အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။ သတင်းများကို မြန်မာဘာ
သာဖြင့် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း ပြီးစီးအောင် ရေးသားနိုင်သူ ဖြစ်ရမည်။ ကွန်ပျူတာဖြင့် မြန်
မာစာ ရိုက်တတ်ရမည်။

(၃) သုတေသန မှတ်တမ်းပြုစုသူ (Researchers) – (၁ ဦး)

အဓိက လိုအပ်မည့် အရည်အချင်းများမှာ – သုတေသနကို နှံ့စပ်သေချာစွာ ပြုလုပ်နိုင်ပြီး ဧရာဝတီအတွက် လိုအပ်
မည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို မှတ်တမ်းပြုလုပ်ပေးနိုင်သူ ဖြစ်ရမည်။ အ
ကြီးတန်း သုတေသန ၀န်ထမ်းအဖြစ် လျှောက်ထားသူသည် သုတေသန လုပ်ငန်းရပ်များကို ကျွမ်းကျင်ပိုင်နိုင်၍ ဥ
ပဒေနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှံ့စပ်ကာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ဒီမိုကရက်
တစ် သဘောတရားများ သိရှိနားလည်သူ ဖြစ်ရမည်၊ အဆိုပါ ဗဟုသုတနှင့် အချက်အလက်များကို မြန်မာဘာသာ၊
အင်္ဂလိပ် ဘာသာများဖြင့် လိုအပ်သလို အသုံးချနိုင်သူ ဖြစ်ရမည်။ သုတေသန စီမံကိန်း တခုလုံးအား ကိုင်တွယ်စီ
မံနိုင်မည့် အရည်အချင်းရှိသူကို ဦးစားပေး စဉ်းစားလက်ခံသွားမည်။

(၄) ဘာသာပြန် – (၁) ဦး

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ကောင်းမွန်စွာ ပြန်ဆိုနိုင်ရမည်။ မြန်မာဘာစကား၊ အင်္ဂလိပ်ဘာသာစကား
နှစ်ခုစလုံး ကျွမ်းကျင်ပိုင်နိုင်သူကို ဦးစားပေး လက်ခံသွားမည်။ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။

စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဉ်း၊ မကြာသေးမီက ရိုက်ထားသော ဓာတ်ပုံ၊
သတင်း သို့မဟုတ် ဆောင်းပါးနမူနာနှင့် လုပ်ငန်းအတွေ့ အကြုံများကို ပြည့်စုံစွာ ဖော်ပြ၍ အောက်ပါ လိပ်စာသို့
လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်၊ အီးမေးလ်မှ တဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

ဧရာဝတီသတင်းဌာန (မြန်မာပိုင်း)

တိုက်အမှတ် (၁၇၀/၁၇၅)၊
အခန်းအမှတ် (၈၀၆)၊ MGW Tower
ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း – 01 388521, 01 389762
e-Mail – hr@irrawaddy.org

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Read More »

Monday, November 03, 2014

ပြည်သူများ အတွက် အလုပ်အကိုင် အလွယ်တစ်ကူ ရရှိစေမည့် အခွင့်အရေး တစ်ခု



ယနေ့ခေတ်မှာ လူတိုင်းအတွက် လုပ်စရာ အလုပ်တွေ ပေါများလာပါပြီ ဒီလိုပေါများလာတဲ့ခေတ်မှာ အလုပ်
အကိုင်နဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းများ ရှာဖွေပေးနေတဲ့ အေဂျင်စီအဖွဲ့တစ်ဖွဲ့နဲ့ မိတ်ဆက်ပေးမှာဖြစ်
သလို လက်ရှိခေါ်နေသော အလုပ်များအားလည်း တင်ပြပေးလိုက် ရပါတယ်။

★ ★ ★ ဖုန်း- ၀၁-၅၁၃၆၂၆ ★ ★ ★ ၀၉-၄၉၃၀၁၅၈၆

  1. Accountant (အမြန်အလိုရှိသည်) ကျား/ မ (၈) ဦး
  2. BE(civil) (အတွေ့အကြုံ ၃နှစ်အထက်)(လစာ ၄သိန်း+) ကျား/မ (၃)ဦး
  3. Admin Manager အရာရှိငြိမ်း ၊ ဦးစားပေး ကျား (၅) ဦး
  4. HR manager ကျား/မ (၅) ဦး အရောင်းစာရေး မ (၁၅) ဦး အထွေထွေ ကျား (၁၅) ဦး
  5. Sale / Driver (အမြန်အလိုရှိသည်) ကျား (၁၀) ဦး
  6. Sale and Marketing ကျား /မ (၅၀) ဦး
  7. Graphic Designer (အမြန်အလိုရှိသည်) ကျား/မ (၁၀) ဦး
  8. Sale Supervisor လစာကောင်းမည် ကျား/မ (၁၀) ဦး
  9. Office Staff (ဘွဲ့ရ) ကျား/မ (၁၀) ဦး
  10. Sale ကျား/မ (၁၀) ဦး
  11. Driver (အမြန်အလိုရှိသည်) ကျား/မ (၁၀) ဦး
  12. Sale Manager ကျား/မ (၁၀) ဦး
  13. Waiter (အမြန်အလိုရှိသည်) (စရိတ်ငြိမ်း) ကျား/မ (၂၀) ဦး
  14. စာရင်းကိုင် ( လက်စာရင်းကိုင် )စရိတ်ငြိမ်း ကျား/မ ( ၁၀) ဦး
  15. Security (လုံခြုံရေး) ကျား ( ၂၀) ဦး
  16. ၁၀ တန်းအောင် အမျိုးသား (အလုပ်သင်) ကျား (၁၂ ) ဦး
  17. အမျိုးသမီး Storekeeper (အလုပ်သင် ) မ (၄ ) ဦး
  18. Marketing (ဘွဲ့ရ) (၁သိန်း+အခြားခံစားခွင့်) ကျား/မ (၂၀)ဦး
  19. Business staff (စီးပွားရေး ဘွဲ့ရ ) ကျား/မ (၁၀)ဦး
  20. Cashier , Bar Staff , ဓားကိုင် ကျား ( ၁၅) ဦး
  21. Chief Account (အမြန်အလိုရှိသည်) ကျား/မ ( ၅ ) ဦး
  22. အိမ်အကူ (စရိတ်ငြိမ်း + ၄၀၀၀၀) မ (၁၀)ဦး
အလုပ်အကိုင်များစွာရှိသည်။ အလုပ်အတွက်ဖုန်းဆက်လိုက်ပါ။

★ ★ ★ ဖုန်း - ၀၁- ၅၁၃၆၂၆ ★ ★ ★ ၀၉-၄၉၃၀၁၅၈၆


ရန်ကုန်မှ အလုပ်လျှောက်ထားလိုသူများ
ဇွဲမာန် ရုံးခန်း (အခန်းအမှတ် ၂၁ ၊ တိုက်အမှတ် ၁ ၊ လှိုင်ရတနာအိမ်ယာ ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ )သို့
လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည် ။

ခရီးစဉ် အညွှန်း
ရန်ကုန် အင်းစိန် လမ်းမကြီး သုခမှတ်တိုင်နှင့် သံလမ်းမှတ်တိုင်ကြား။
လှိုင်ရတနာ အိမ်ယာ တိုက်အမှတ် (၁) ကိုလာခဲ့ပါ။

နယ်မှ အလုပ်လျှောက်ထားလိုသူများ
kwl161828@gmail.com သို့ မေးလ်ပို့ပြီးလျှောက်ထားနိုင်ပါသည် ။

အလုပ်လျှောက်ထားရာတွင် (မှတ်ပုံတင်မိတ္တူ ၊ လိုင်စင်ဓာတ်ပုံ ၊ ရပ်ကွက်/ရဲစခန်းထောက်ခံချက်၊ ပညာအရည်
အချင်း အထောက်အထား များ ၊ အိမ်ထောင်စုစာရင်း မိတ္တူ ) လိုအပ်ပါသည်။

ဝန်ထမ်း လိုအပ်နေသော လုပ်ငန်းရှင်များ ဇွဲမာန် ၀န်ဆောင်မှု လုပ်ငန်းသို့ ဆက်သွယ်ပေးပါ ။ ၀န်ထမ်း ကိစ္စ
အတွက် အခက်အခဲ မရှိအောင်ဆောင်ရွက် ပေးပါသည် ။

လုပ်ငန်းရှင်များ လိုအပ်နေသော ၀န်ထမ်းများအားချက်ချင်း အမြန်ခန့်ထားနိုင်အောင် ကူညီဆောင်ရွက်ပေးနေ
ပါသည်။

လုပ်ငန်းရှင်များ အနေဖြင့် www.zweman.com တွင် မိမိခေါ်ယူခန့်ထားလိုသော ၀န်ထမ်းများ ကို လာရောက်တင်
ထားနိုင်ပါသည်။

ဇွဲမာန် ၀န်ဆောင်မှုလုပ်ငန်း သည် အချိန်နှင့် တပြေးညီ အလုပ်အကိုင်နှင့် ပတ်သက်သော အကူအညီများ ပေး
နိုင်ရန် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရုံးဖွင့်ထားပါသည်။ ပိတ်ရက်မရှိဝန်ဆောင်မှုပေးနေပါပြီ။

From : Pyae Phyo (MMiTD) by Myanmar IT Helper

Read More »

Friday, August 15, 2014

ဧရာဝတီ သတင်း ဌာနတွင် တာဝန် ထမ်းဆောင် ရန် ဝန်ထမ်းများ အလိုရှိ သည်



အရည် အချင်း ရှိပြီး အလုပ် အပေါ် စိတ်အား ထက်သန်စွာ လုပ်ကိုင် လိုသည့် ၀န်ထမ်း များကို ဧရာဝတီ မီဒီယာ အယ်ဒီတာ
အဖွဲ့ က ခေါ်ယူ လိုပါသည်။ လျှောက်ထား သူများ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်
ပွဲ ဆိုင်ရာ သတင်း များကို ရယူ တင်ပြ aပးမည့် အစီအစဉ် တွင်လည်း ပါဝင် လုပ်ကိုင် ရမည် ဖြစ်သည်။ အချိန်ပြည့် ဝန်ထမ်း
အဖြစ် တာဝန် ထမ်းဆောင် ရမည် jဖစ်ပြီး စာချုပ်သက်တမ်း ကာလမှာ ၂၀၁၅ နှစ်ကုန် ပိုင်း အထိ ဖြစ်သည်။

လစ်လပ် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • သုတေသန မှတ်တမ်းပြုစုသူ (Researchers) – (၂ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – သုတေသနကို နှံ့စပ်သေချာစွာ ပြုလုပ်နိုင်ပြီး ဧရာဝတီ အတွက် လိုအပ်
မည့် ရွေးကောက်ပွဲ နှင့် သက်ဆိုင် သော သတင်း အချက် အလက် များကို မှတ်တမ်း ပြုလုပ်ပေး နိုင်သူ ဖြစ်ရမည်။
အကြီးတန်း သုတေ သန ၀န်ထမ်း အဖြစ် လျှောက် ထား သူသည် သုတေ သန လုပ်ငန်း ရပ်များကို ကျွမ်းကျင် ပိုင်
နိုင် ၍ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ် များတွင် နှံ့စပ်ကာ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် ဗဟုသုတများ၊ ဒီ
မိုက ရက်တစ် သဘော တရားများ သိရှိ နားလည် သူ ဖြစ် ရမည် အဆိုပါ ဗဟု သုတ နှင့် အချက် အလက် များကို
မြန်မာ ဘာသာ၊ အင်္ဂလိပ် ဘာသာ များဖြင့် လိုအပ် သလို အသုံး ချ နိုင်သူ ဖြစ်ရ မည်။ သုတေ သန စီမံကိန်း တခု
လုံး အား ကိုင်တွယ် စီမံနိုင်မည့် အရည်အချင်း ရှိသူကို ဦးစားပေး စဉ်းစားလက်ခံသွားမည်။

အငယ်တန်း သုတေသန ၀န်ထမ်း အဖြစ် လျှောက်ထား သူသည် အချက်အလက် စုဆောင်းခြင်းကို ကောင်းမွန် တိ
ကျ စွာ လုပ်ဆောင်နိုင်ပြီး သုတေသန ပြုစုခြင်း၊ ပြန်လည် ရေးသားခြင်းနှင့် မြန်မာဘာသာကို ပိုင်နိုင်စွာ အသုံးချနိုင်
သူ ဖြစ်ရမည်။

  • အင်္ဂလိပ်ဘာသာ ပိုင်းဆိုင်ရာ သတင်းထောက် (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်း များမှာ – မီဒီယာ လုပ်ငန်းတွင် အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။
သတင်း များကို အင်္ဂလိပ် ဘာသာဖြင့် သတ်မှတ်ထားသော အချိန်အပိုင်း အခြားအတွင်း ပြီးစီးအောင် ရေးသား
နိုင်သူ ဖြစ်ရမည်။

  • မြန်မာဘာသာပိုင်း သတင်းထောက် (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ လုပ်ငန်းတွင် အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။ သ
တင်းများ ကို မြန်မာဘာသာ ဖြင့် သတ်မှတ် ထားသော အချိန် အပိုင်း အခြားအတွင်း ပြီးစီးအောင် ရေးသားနိုင်သူ
ဖြစ်ရမည်။ ကွန်ပျူ တာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။

  • မြန်မာဘာသာ ပိုင်းဆိုင်ရာ အယ်ဒီတာ (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ - မြန်မာဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ၊ ထုတ်
ပြန် ဖော်ပြ ချက် များကို သင့်တင့်စွာ တည်းဖြတ် ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ် ထားသော အချိန်အတွင်း ပြည့်
မီအောင် ဆောင် ရွက် ပေးနိုင် ရမည် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှ နိုင်ငံ များ၏ လူမှု -နိုင်ငံရေး အ
ခြေအနေ တိုးတက် ပြောင်းလဲမှု များကို သိရှိ နားလည်သူ ဖြစ်ရမည်။

  • အင်္ဂလိပ် ဘာသာ ပိုင်းဆိုင်ရာ အယ်ဒီတာ (၁ ဦး)
အဓိက လိုအပ်မည့် အရည် အချင်း များမှာ - အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ ၊
ထုတ်ပြန် ဖော်ပြချက် များကို သင့်တင့်စွာ တည်းဖြတ် ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသော အချိန် အတွင်း
ပြည့် မီအောင် ဆောင် ရွက် ပေးနိုင် ရ မည် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှ နိုင်ငံများ၏ လူမှုနိုင်ငံရေး
အခြေ အနေ တိုးတက် ပြောင်းလဲ မှုများကို သိရှိ နားလည်သူ ဖြစ်ရမည်။

  • အလုပ်သင် (၂ ဦး)
အဓိက လိုအပ်မည့် အရည်အချင်း များမှာ – မီဒီယာ၊ လူ့ အခွင့် အရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကဏ္ဍ
များအပေါ် အထူး စိတ်ပါဝင်စားသူ ဖြစ်ရမည်။ မီဒီယာလုပ်ငန်းနှင့် ဆက်စပ်သက်ဆိုင်သည့် ဓာတ်ပုံရိုက်ကူးခြင်း၊
သတင်းရေးသားခြင်း၊ သုတေသန လုပ်ငန်း ရပ်များ၊ ကွန်ပျူတာ၊ အင်တာနက် စသည် တို့နှင့် အကျွမ်း တဝင် ရှိသူ
ဖြစ်ရမည်၊ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။


စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက winthu@irrawaddy.org ထံ e-mail ပေးပို့ စုံစမ်းနိုင်ပါသည်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Read More »

Sunday, April 13, 2014

စင်္ကာပူမှာ ကားမောင်း မယ် ဆိုရင် လစာ တထောင်



စင်္ကာပူမှာ ကားသွား aမာင်းမယ် ဆိုရင် လစာ (စင်္ကာပူဒေါ်လာ) တထောင် အနည်းဆုံး ရမယ်လို့ ကြော်
ငြာတခု တွေ့ရပါတယ်။


ကြော်ငြာ ကတော့ ခပ်ရှင်းရှင်း ခပ်တိုတို ပါပဲ၊ စင်္ကာပူနိုင်ငံ အတွက် Driver - လစာ (၁ဝဝဝ)နှင့် အထက်
အမြန်အလိုရှိသည်။ လို့ ရေးထားတာပါ။


ရန်ကုန်မြို့ ကျောက် တံတားမြို့ တနေရာမှာ တည်ရှိတဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခု က
ကြော်ငြာ ထားတာပါ။

လစာ တထောင် ဆိုတာက စင်္ကာပူဒေါ်လာ ဖြစ်ပါလိမ့်မယ်။

အဲဒီတထောင်က မြန်မာငွေ ၇ သိန်းခွဲနဲ့ ညီမျှမှာပါ။

တခြားသောနိုင်ငံတွေမှာ လုပ်ကိုင်ဖို့လည်း ခေါ်ယူတဲ့ ကြော်ငြာတွေ တွေ့ရပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အဲဒီ အေဂျင်စီမှာ လျှောက်လွှာတင်ရမယ့်ပုံပါပဲ။

အောက်ဆုံးက ကြော်ငြာတခုကလည်း စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ဖို့ပါပဲ။

Work Permit ဖြင့် သွားရောက် လုပ်ကိုင်ရန် အမျိုးသမီးများ အမြန် အလိုရှိသည်။ ကျန်းမာ သန်စွမ်းပြီး
အသက် ၂ဝ မှ ၃၅ အတွင်း ဖြစ်ရမည်။

အကြွေးစနစ်ဖြင့် သွားရောက် လုပ်ကိုင်နိုင်ရန် အထူး စီစဉ်ပေးနေပါသည်။

အကြွေးစနစ် ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဘာကို အကြွေးပေးမှာလဲ ဆိုတာ ကတော့ အေဂျင်စီကို မေးကြည့်ရင် အတိ အကျ သိပါလိမ့်မယ်။

ခန့်မှန်းရ တာကတော့ လေယာဉ် လက်မှတ်ဖိုး၊ အေဂျင်စီကို ပေးရမယ့် ပွဲစားခ ဆိုတာတွေ ဖြစ်မယ်
ထင်ပါတယ်။

The Irrawaddy's Blog by zarny win

Read More »

Wednesday, January 29, 2014

ဒီဗွီဘီ ဝန်ထမ်း​ခန့်​အပ်ရန် ​လျှောက်လွှာခေါ်ယူခြင်း



ဒီဗွီဘီသတင်းဌာနအတွက် ရုပ်မြင်သံကြား သတင်းထောက်များ အလိုရှိသည်။

လျှောက်ထားသူသည်

(၁) အခြေခံ သတင်းပညာ တတ်ကျွမ်းရမည်။

(၂) အခြေခံ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း ပညာ တတ်ကျွမ်းရမည်။

(၃) မြန်မာစာ အရေးအသားနှင့် အပြောအဆို ကျွမ်းကျင်ရမည်။

(၄) သတင်းထောက်လုပ်ငန်း အတွေ့ အကြုံ ၂ နှစ် ရှိရမည်။

လျှောက်လွှာတွင် ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အတွေ့အကြုံနှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း
(CV) ကို ထည့်သွင်းဖော်ပြပြီး admin@dvb.no သို့ အီးမေးလ် ပေးပို့လျှောက်ထားနိုင်သည်။



ဒီဗွီဘီသတင်းဌာနအတွက် အွန်လိုင်းသတင်းထောက်များ အလိုရှိသည်။

လျှောက်ထားသူသည်

(၁) အခြေခံသတင်းပညာ နားလည်ရမည်။

(၂) မြန်မာစာအရေးအသား ကျွမ်းကျင်ပိုင်နိုင်ရမည်။

(၃) သတင်းထောက်လုပ်ငန်း အတွေ့အကြုံ ၂ နှစ် ရှိရမည်။

လျှောက်လွှာတွင် ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အတွေ့ အကြုံနှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း
(CV) ကို ထည့်သွင်းဖော်ပြပြီး ဇန်န၀ါရီ (၂၅) မတိုင်မီ admin@dvb.no သို့ အီးမေးလ်ပေးပို့
လျှောက်ထားနိုင်သည်။



ဒီဗွီဘီသတင်းဌာနအတွက် ရုပ်မြင်သံကြား စတူဒီယိုခန်း အတတ်ပညာရှင်များ (TV Studio
Technician) အလိုရှိသည်။

လျှောက်ထားသူသည်

(၁) အခြေခံ သတင်းပညာကို တတ်ကျွမ်းရမည်။

(၂) ရိုက်ကူးတည်းဖြတ်ပညာကို တတ်ကျွမ်းရမည်။

(၃) အလင်းအမှောင် ပေးခြင်း(lighting) ပညာကို တတ်ကျွမ်းရမည်။

(၄) broadcast engineer ဘာသာရပ်နှင့် ဘွဲ့ ရသူကို ဦးစားပေးရွေးချယ်မည်။

လျှောက်လွှာတွင် ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အတွေ့ အကြုံနှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း
(CV) ကို ထည့်သွင်းဖော်ပြပြီး ဇန်န၀ါရီ (၂၅) မတိုင်မီ admin@dvb.no သို့  အီးမေးလ် ပေးပို့ 
လျှောက်ထားနိုင်သည်။



ဒီဗွီဘီသတင်းဌာနအတွက် အိုင်တီနည်းပညာရှင်များ အလိုရှိသည်။

လျှောက်ထားသူသည်
(၁) Bachelors Degree of Computer Seience, IT Diploma, MCP, MCSA, MCSE, A+
အောင်လက်မှတ် တခုခု ရရှိထားရမည်။

(၂) Hardware/Software support role on both desktop and laptop PCs အလုပ် အ
တွေ့အကြုံ အနည်းဆုံး သုံးနှစ်ရှိရမည်။

လျှောက်လွှာတွင် ပညာရေး၊ ကျွမ်းကျင်မှု ၊အလုပ်အတွေ့ အကြုံနှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း
(CV) ကို ထည့်သွင်းဖော်ပြပြီး ဇန်န၀ါရီ (၂၅) မတိုင်မီ admin@dvb.no သို့ အီးမေးလ် ပေးပို့
လျှောက်ထားနိုင်သည်။



ဒီဗွီဘီသတင်းဌာနအတွက် Graphic Animation ပညာရှင်များ အလိုရှိသည်။

လျှောက်လွှာတွင် မိမိကျွမ်းကျင်သည့် Graphic Animation Software အမျိုးအစား၊ မိမိရေးဆွဲ
ထားသည့် နမူနာ Animation၊ ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အတွေ့ အကြုံနှင့် ကိုယ်ရေး
အတ္ထုပ္ပတ္တိအကျဉ်း (CV) ကို ထည့်သွင်းဖော်ပြပြီး ဇန်န၀ါရီ (၂၅) မတိုင်မီ admin@dvb.no သို့
အီးမေးလ် ပေးပို့  လျှောက်ထားနိုင်သည်။

ဒီမိုကရက်တစ် မြန်မာ့အသံ မှကူးယူမျှဝေသည်။
Read More »

Wednesday, November 06, 2013

သတင်းထောက် အလိုရှိသည်


ဧရာဝတီ သတင်းဌာန (မြန်မာပိုင်း) အတွက်
  • အလုပ်သင် သတင်းထောက် ၄ ဦး၊
  • အကြီးတန်း သတင်းထောက် ၂ ဦးနှင့်
  • ကော်ပီအယ်ဒီတာ ၂ ဦး အလိုရှိသည်။


အကြီးတန်း သတင်းထောက် နေရာ အတွက် လျှောက်ထား သူသည် သတင်းထောက် လုပ်သက်နှင့်
အတွေ့ အကြုံ ၅ နှစ်နှင့် အထက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းနှင့် ဆောင်းပါးများကို ဘက်
ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ကျယ်ကျယ် ပြန့်ပြန့် ရေးသားနိုင်သူ ဖြစ်ရမည်။

ဗဟုသုတ ဖတ်ရှု လေ့လာအားကောင်းသူ ဦးစားပေးမည်။ ရန်ကုန်တွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်
ရမည်။

အလုပ်သင် သတင်းထောက် နေရာအတွက် လျှောက်ထားသူသည် လုပ်သက်နှင့် အတွေ့အကြုံမလို၊
စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး သတင်းများကို စိတ်ဝင်စားဖတ်ရှု လေ့လာသူ ဖြစ်ရမည်။ ရန်ကုန်တွင်
တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

ကော်ပီအယ်ဒီတာ နေရာအတွက် လျှောက်ထားသူသည် သတင်းအခြေခံ နားလည်သူ ဖြစ်ပြီး မြန်မာစာ
အရေးအသား ကျွမ်းကျင်သူ၊ စာဖတ်အားကောင်းသူ၊ သတ်ပုံသတ်ညွှန်း သဒ္ဒါအထားအသို စိစစ်နိုင်သူ၊
ကွန်ပျူတာဖြင့် စာစီစာရိုက် (ဇော်ဂျီဖောင့်) ကျွမ်းကျင်သူ ဖြစ်ရမည်။

အထက်ပါ အလုပ်နေရာများအတွက် စိတ်ဝင်စားသူများသည် အမှတ် ၁၉၅/ ၁၉၇၊ ဒုတိယထပ် ၃၂ လမ်း
(အပေါ်)၊ ရန်ကုန်မြို့သို့ လိုင်စင် ဓာတ်ပုံတပုံ၊ ကိုယ်ရေးအကျဉ်းနှင့်တကွ လူကိုယ်တိုင် လာရောက်၍ နို
ဝင်ဘာ ၁၅ ရက်နေ့ထက် နောက်မကျဘဲ လျှောက်ထားနိုင်ပါသည်။

The Irrawaddy's Blog by zarny win
Read More »

Saturday, December 01, 2012

အမေရိကားက မြန်မာအင်ဂျင်နီယာတွေအတွက် အလုပ်ခေါ်




Read More »

Tuesday, May 08, 2012

Air Bagan လေကြောင်းလိုင်း အတွက် လေယာဉ်မောင်/မယ် များအလိုရှိသည်။



Read More »