နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အသစ်အဆန်း. Show all posts
Showing posts with label အသစ်အဆန်း. Show all posts

Friday, January 27, 2017

စမတ်ဖုန်းကို အသုံးပြုပြီး ကားနဲ့ တခြား ပစ္စည်းတွေ ခြေရာ ခံလို့ ရမယ့် ထုတ်ကုန်သစ်




အပြင် သွားတဲ့ အခါ ဈေးဝယ် ရှော့ပင်း ထွက်တဲ့ အခါ မိမိရဲ့ ကားကို ပြန်ရှာဖို့ ကားပါကင် ထားတဲ့ နေရာ ပျောက်နေရင် တည်နေရာကို ရှာလို့ ရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက် အသုံးပြု ရမှာ ဖြစ်ပါတယ်။

အဲသည် ပစ္စည်းကို ကားပေါ်မှာ တပ်ဆင် ထားရင် ကားပျောက် ရှာနိုင်ပြီး သော့နဲ့ တွဲပြီး တပ်ဆင် ထားရင် သော့ကို ခြေရာ ခံနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းထဲက အက်ပ်ကနေ အဲသည် ပစ္စည်းနဲ့ တွဲတပ်ဆင် ထားတဲ့ အရာကို ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။

ကားပါကင် နေရာ အရမ်း ကျယ်ပြီး ရှုပ်တဲ့ နေရာ တွေမှာ ရှာဖွေ နေစရာ မလိုဘဲ ခြေရာခံဖို့ စမတ်ဖုန်း ထဲကနေ ဂျီပီအက်စ်နဲ့ မိမိကား ပါကင် ရှိနေတဲ့ နေရာကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

သည်ထုတ်ကုန်ကို အမေရိကန်နိုင်ငံကထုတ်လုပ်တာဖြစ်ပြီး Track R လို့ အမည်ပေးထားပါတယ်။

ဘယ်လို အလုပ် လုပ်လဲ

အလုပ် လုပ်ပုံ ကတော့ မိမိရဲ့ စမတ်ဖုန်းထဲမှာ Track R အက်ပ်ကို ဒေါင်းလုပ်ဒ် ဆွဲပြီး အင်စတောလ် လုပ်ရ ပါမယ်။ အက်ပ်နဲ့ ပစ္စည်းနဲ့ကို ချိတ်ဆက် ရမှာ ဖြစ်ပါတယ်။

ချိတ်ဆက်ပြီး ငါးမိနစ်နေရင် အလုပ် လုပ်မှာဖြစ် တယ်။ အိုင်ဖုန်းနဲ့ အန်းဒရွိုက် နှစ်မျိုးလုံးမှာ ချိတ်ဆက် နိုင်ပါတယ်။

အက်ပ်ကို Track R ဝက်ဘ်ဆိုက်မှာဝင်ဒေါင်းလုပ်ဒ်ဆွဲရမှာဖြစ်ပါ တယ်။

နောက်ပြီး ကားထားတဲ့ နေရာပျောက် နေရင်လည်း အဲသည် အက်ပ် ကနေ ဂျီပီအက်စ်နဲ့ တည်နေရာကို အသေးစိတ် ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

ဈေးနှုန်း အရ ချိတ်ဆက်မယ့် ပစ္စည်းက ၂၉ ဒေါ်လာပဲ ရှိပါတယ်။ အက်ပ်ကိုလည်း အခမဲ့ ရမှာဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင် အမေဇုန်အွန်လိုင်းရှော့ပင်းမှာ အကောင့်နဲ့ ဝယ်ယူနိုင် သလို ကုမ္မဏီ ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://buy.thetra-ckr.com ကနေ
အော်ဒါမှာပြီး ဝယ်ယူနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Friday, October 02, 2015

Apple Watch တွေ အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ Google Maps Update ထွက်ရှိ




Apple ကုမ္မဏီဟာ သူတို့ ကုမ္မဏီက ထုတ်လုပ်တဲ့ Apple Maps ဆိုတဲ့ App ကို ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ မှာ အဆင့် မြှင့်တင် ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Apple အသုံးပြု သူတွေ ကတော့ Google Maps ကိုပဲ အသုံးပြုချင် နေခဲ့တာပါ။

Apple Maps ကတော့ သုံးစွဲသူရဲ့ ကိုယ်ပိုင် အတွေးနဲ့ ဖန်တီး ရတာဖြစ်တဲ့ အတွက် သုံးစွဲသူတွေက စိတ်တိုင်း မကျခဲ့ ကြပါဘူး။ iOS ဗားရှင်း အတွက် Google Maps ရဲ့ Update အသစ် ကတော့ အခုဆိုရင် Apple Watch တွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြား အသုံးဝင်မယ့် လုပ်ဆောင်ချက် မြောက်များစွာ ကိုလည်း ထည့်သွင်းပေး ထားတယ်လို့ သိရပါတယ်။

သင်ဟာ Apple Watch ပေါ်ကနေ Google Maps ကိုဖွင့်လိုက်တယ် ဆိုရင်ပဲ သင့်ကို အိမ်ပြန်မှာလား ရုံးသွား မှာလားဆိုတဲ့ မေးခွန်းကို မေးပါလိမ့်မယ်။ သင့်ရဲ့ အိမ်လိပ်စာ နဲ့ ရုံးလိပ်စာ ကိုတော့ သင့်ရဲ့ Google Account မှာ သတ်မှတ်ပေး ထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple Maps နဲ့ မတူညီတာ တစ်ခုက သင့်ရဲ့ Apple Watch ပေါ်မှာ Google Maps က မြေပုံ တစ်ခု လုံးစာ ကို ပြသနိုင်မှာ မဟုတ်ပါဘူး။ သင်ရွေးချယ်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး အချိုးအကွေ့ တွေ အတွက် တည်နေရာ ညွှန်ပြပေး တာလောက်ပဲ လုပ်ဆောင် ပေးနိုင်မှာပါ။

ဖုန်းတွေမှာတောင် မလုပ်ဆောင်နိုင်ပဲ Apple Watch တစ်မျိုး တည်းမှာပဲ လုပ်ဆောင် ပေးနိုင်မယ့် ထူးခြားချက် ကတော့ သင်သွားလိုတဲ့ နေရာကို လမ်းလျှောက် ခြင်း နဲ့ ကားမောင်း သွားခြင်းက အချိန်ဘယ်လို ကွာဟ မှုရှိမယ် ဆိုတာကိုပါ တွက်ချက် ဖော်ပြပေး တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Apple Watch အသုံးပြုသူတွေ အနေနဲ့ Google ရဲ့ ဖန်တီးပေး ထားမှုတွေကို စမ်းသပ် ကြည့်သင့်ပြီး Apple Watch အတွက် Google Maps ကို iTunes Store မှာ ဒေါင်းလုဒ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

( Mario )

သစ်ထူးလွင်(နည်းပညာ)

Ref : Engadget

Original link - http://technology.thithtoolwin.com/2015/09/apple-watch-google-maps-update.html

Read More »

Thursday, October 01, 2015

Gear VR မော်ဒယ်လ်သစ် အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာဖြင့် Samsung ရောင်းမည်




Samsung ကုမ္ပဏီသည် လော့စ်အိန်ဂျလိစ် မြို့၌ ကျင်းပ ခဲ့သော Developer Con-ference တွင် Gear VR မော်ဒယ်လ် သစ်ကို မိတ်ဆက် ပြသခဲ့ပြီး အမေရိကန် ဒေါ်လာ ၉၉ ဒေါ်လာဖြင့် ရောင်းချ မည်ဟု အတည်ပြု ခဲ့သည်။

Galaxy VR ကို Virtual Reality အဖြစ် ထုတ်လုပ် ခဲ့ခြင်း ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း များနှင့် တွဲဖက် အသုံးပြုနိုင် မည်ဖြစ်သည်။ ဈေးကွက် တင်မည့် Galaxy VR မော်ဒယ်လ် သစ်မှာ ယခင်နှစ်က ဖြန့်ချိ ရောင်းချ ခဲ့သော Galaxy VR ထက်တောက်ပမှု ၂၂ ဆ ပိုမည်ဟု သိရသည်။

Galaxy VR မော်ဒယ်လ် သစ်က Samsu-ng မှ ထုတ်လုပ်သည့် မိုဘိုင်းလ် ဖုန်းများ ဖြစ်သော Galaxy Note 5 Galaxy S6 Galaxy S6 Edge တို့နှင့် တွဲဖက် အသုံးပြု နိုင် မည်ဖြစ်သည်။

Galaxy VR ကို မိုဘိုင်းလ် ဖုန်းများနှင့် တွဲဖက်၍ အင်တာနက် ကြည့်ခြင်း၊ ရုပ်ရှင် ကြည့်ခြင်း များကို အကောင်းဆုံး အရည် အသွေးဖြင့် ခံစားနိုင်ရန် ဖန်တီး ထားကြောင်း သိရသည်။

Samsung ၏ နည်းပညာနှင့် မိုဘိုင်းလ် ဌာနခွဲ အမှုဆောင် ချုပ်က အနာဂတ် ကာလ နည်းပညာ နယ်ပယ်တွင် Virtual Reality များ၏ အခန်း ကဏ္ဍ မှာ ရှေ့တန်း ရောက်လာမည် ဖြစ်သောကြောင့် Galaxy VR မော်ဒယ်လ် သစ်ကို ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/09/gear-vr-samsung.html

Read More »

Tuesday, September 29, 2015

အ၀တ်အစားတွေကို အခြောက်လျှော်၊ သန့် ရှင်းပေးနိုင်မယ့် LG ရဲ့ ဒေါ်လာ ၂ ထောင်တန် အ၀တ်ဗီရို




LG ရဲ့ အ၀တ် ဗီရို အသစ် Styler ဟာ ဆပ်ပြာမှုန့် နဲ့ တခြား အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ သုံးစရာမလိုဘဲ အ၀တ် အစားတွေရဲ့ အနံ့ အသက် aတွကို ဖျောက်ပေးနိုင် သလို အင်္ကျီအတွန့် အခေါက်တွေကို လည်း သပ်သပ် ရပ်ရပ်ဖြန့် ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အ၀တ်အစားတွေကို ရေနဲ့ ဆပ်ပြာမှုန့် မလိုဘဲ TrueSteam နည်းပညာ အသုံးပြုပြီး အခြောက်လျှော်နိုင်တဲ့ LG ရဲ့ Clothes Care System ကို ဒီဗီရိုမှာ ထည့်သွင်းထားပါတယ်။

ဒီနည်းပညာဟာ LG ရဲ့ အ၀တ်လျှော်စက်နဲ့ အခြောက်ခံစက် တွေမှာ နည်းပညာ ဖြစ်ပြီး ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို ၉၉.၉ ရာခိုင်နှုန်း သတ်ပေးနိုင် တယ်လို့ ဆိုပါတယ်။

အခြောက်လျှော်နည်းနဲ့ လျှော်ပြီးနောက် အ၀တ်အစားတွေမှာ ကျန်နေတတ်တဲ့ Perchloroethylene ဓာတုပစ္စည်းတွေကိုလည်း LG Styler က ၉၂ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင် ပါတယ်။ Quick Refresh ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် အ၀တ်အစားတွေကို မွှေးကြိုင်သင်းပျံ့ နေစေမှာဖြစ်ပြီး Moving Hanger Action လို့ ခေါ်တဲ့ တုန်ခါဟန်ကာချိတ်တွေက အင်္ကျီက အတွန့် အခေါက်တွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

Easy Pants Crease Care စွမ်းဆောင်ရည်က ဘောင်းဘီရှည် တွေကို သန့် ရှင်းပေးပြီး အကောင်းဆုံး ခေါက်ကြောင်းနဲ့ မီးပူတိုက်ပေးမှုကို နာရီဝက် အတွင်း လုပ်ဆောင်နိုင် ပါတယ်။ LG Styler မှာ အပူပေး ကိရိယာ တစ်ခုပါ တစ်ပါတည်း ပါရှိပြီး ဗီရိုတွင်းက အ၀တ်တွေ အခြောက်လျှော်နေတုန်း မကျုံ့ သွား အောင်နဲ့ ပျက်စီးမှု မဖြစ်အောင်လို့ အပူချိန် နည်းနည်းနဲ့ ပဲ ပူနွေးတဲ့ လေတွေကို မှုတ်ထုတ်ပေးနေမှာ ဖြစ်ပါတယ်။

Odor Removal စွမ်းဆောင်ရည်ကတော့ မီးခိုးငွေ့ ၊အစားအသောက်နဲ့ ချွေးတွေက ကပ်ကျန်ခဲ့တဲ့ အနံ့ အသက်တွေကို ရေနွေးငွေ့ နဲ့ ဖယ်ရှားပေးမှာဖြစ်ပြီး အနံ့ အသက်ကိုလည်း ကြိုက်နှစ်သက်ရာ နှစ်မျိုးရွေးနိုင်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး စက်ကို ပြုပြင်ဖို့ လိုအပ်တဲ့အခါ ဖုန်းကတဆင့်အချက်ပေးမှာ ဖြစ်ပြီး အခမဲ့ app တစ်ခုကိုထည့်သွင်းကာ ဖုန်းကနေတဆင့် Styler စက် ကို ပရိုဂရမ်ပေးနိုင်ပြီး အ၀တ်အစားအမျိုးအစားအလိုက် စက်လည်ပတ်မှုပုံစံတွေကိုလည်း download ဆွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Ref: Dailymail

Original link - http://technology.thithtoolwin.com/2015/09/lg.html


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

ဇိမ်ခံ ပစ္စည်း အပြည့်အစုံနဲ့ စစ်မြေပြင်ကို ဖြတ်သန်း သွားနိုင်မယ့် ထရပ်ကားအိမ်




အခု နောက်ပိုင်း လူတွေ စဉ်းစား လာကြတာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာပျက်ရင် ဘာနဲ့ ထွက်ပြေး ကြမယ် ဆိုတာပါပဲ။

အဲဒီလို အန္တရာယ် များတဲ့ ရေမြေ အနေ အထားကို သက်တောင့် သက်သာ ရှိစွာ ဇိမ်ခံ ပစ္စည်း အပြည့်အစုံနဲ့ ဖြတ်သန်း နိုင်မယ့် RV Camper Van Truck တစ်မျိုး ထွက်ပေါ် လာပါတယ်။ RV ဆိုတာဟာ ပြန်လည် ဖန်တီး ထားတဲ့ မော်တော်ယာဉ် (Recreational Vehicle) ကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် ထို ထရပ်ကားမျိုးကို ပိုင်ဆိုင်ဖို့ အတွက်တော့ စတာလင်ပေါင် ၅၈၅၀၀၀ လိုအပ် ပါလိမ့်မယ်။ "Action Mobil Global XRS 7200" ဆိုတဲ့ မော်ဒယ်လ် နံပါတ်မျိုး ရှိတဲ့ ထို ထရပ်ကားဟာ ၂၃ စတုရန်းပေ ကျယ်ဝန်းတဲ့ နောက်ခန်း မှာ ဇိမ်ခံ ပစ္စည်း အပြည့်အစုံကို ထည့်သွင်းပေး ထားပါတယ်။ ကျည်ကာ ပါဝင်တဲ့ ကိုယ်ထည်ကြောင့်လည်း စစ်မြေပြင် တစ်ခု ကိုပင် ဇိမ်ခံရင်း ဖြတ်သန်း သွားနိုင်မှာပါ။



မြင်းကောင်ရေအား ၇၂၀ ရှိတဲ့ အင်ဂျင် နဲ့ ၁၈ တန် အလေးချိန် ရှိတဲ့ ထို ထရပ်ကား ဟာ ကားနောက်ဖုံးမှာ မော်တော် ဆိုင်ကယ် ထားရှိဖို့ နေရာတစ်ခုနဲ့ အတွင်း မှာလည်း ဂြိုလ်တု တီဗွီ တစ်လုံး ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Action Mobil ကုမ္မဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Stephan Wirths ကတော့ ကုမ္မဏီဟာ ထို မော်ဒယ်လ် နံပါတ် ကားအရေ အတွက် စုစုပေါင်း ၃၀၀ ခန့် ရောင်းချပြီး ဖြစ်တယ်လို့ ဆိုထား ပါတယ်။

"သင့်အနေနဲ့ ဟိုက်ဒရောလစ် ခေါင်မိုး ၊ အကျယ် ပြောင်းလဲနိုင်မယ့် အိပ်ယာ (သို့) သင့်မော်တော် ဆိုင်ကယ် အတွက် ဟိုက်ဒရောလစ် စနစ်နဲ့ ထုတ်ပေးခြင်း အားလုံးဟာ Action Mobil Truck နဲ့အတူ သင့်ရဲ့ ခရီးစဉ်တွေ ၊ စွန့်စားခရီးတွေ အားလုံးအတွက် တပ်ဆင် ထားပြီး ဖြစ်နေပါတယ်" လို့ ကုမ္မဏီ စာမျက်နှာ မှာလည်း ရေးသား ဖော်ပြထား ပါသေးတယ်။



( Mario )

သစ်ထူးလွင်(နည်းပညာ)

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/09/blog-post_28.html

Read More »

Sunday, August 09, 2015

ကမ္ဘာ့ ပထမဆုံး ခိုးယူလို့ မရနိုင်တဲ့ စက်ဘီး




ကမ္ဘာ့ ပထမဆုံး ခိုးယူလို့ မရနိုင်တဲ့ စက်ဘီး လို့ အခိုင်အမာ သတ်မှတ် နေကြတဲ့ နည်းပညာမြင့် စက်ဘီး တစ်စီး ထွက်ပေါ် လာပါတယ်။ ထိုစက်ဘီးကို ခိုးယူချင် ရင်တော့ စက်ဘီး တစ်စီး လုံးကို ချိုးဖျက် ပြီးသွားမှပဲ ယူနိုင်မှာ ဖြစ်ပါတယ်။

Yerka လို့ခေါ်တဲ့ ထို စက်ဘီး ကိုတော့ ချီလီနိုင်ငံ က ပညာရှသင် လူငယ် ၃ ယောက်က ပူးပေါင်း တည်ဆောက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ စက်ဘီး ခိုးခံ ရတာများလာလို့ မခံမရပ်နိုင် ဖြစ်လာကြတဲ့ အသက် ၂၂ နှစ် အရွယ် Cristobal Cabello ၊ အသက် ၂၃ နှစ်အရွယ် Andres Roi Eggers နဲ့ အသက် ၂၄ နှစ် အရွယ် Juan Jose Monsalve တို့ ၃ ယောက် ဟာ တက္ကသိုလ် ကျောင်းကနေ ထွက်ခဲ့ပြီး တစ်မူ ထူးခြားတဲ့ စက်ဘီး တစ်စီး ကို ဒီဇိုင်း တီထွင် ခဲ့ကြ ပါတယ်။

ထို စက်ဘီးဟာတော့ သင်သော့ခတ် လိုတဲ့ အခါမှာ စက်ဘီး ကိုယ်ထည်ဟာ ၂ ပိုင်းကွဲ သွားပြီး ထိုင်ခုံနေရာကို နှိပ်လိုက်တာနဲ့ ထို ထိုင်ခုံကို ဆွဲထုတ် လိုက်နိုင်မှာပါ။ ပြီးရင် မိမိ သော့ခတ်လိုတဲ့ ဓါတ်တိုင် ၊ ခြံစည်းရိုး စတဲ့ ကြားခံ တစ်ခုကို ကန့်လန့်ဖြတ် သွင်းပြီး ပြန်လည် တပ်ဆင် ရပါတယ်။ တစ်ခါ တပ်ဆင်ပြီးတာနဲ့ ပြန်ဖြုတ်လို့ မရနိုင် တော့ပါဘူး။

ခိုးယူမယ့် သူတွေ အနေနဲ့လည်း ထို သော့ခတ် ထားတာကို ဖြတ်ဖို့ အတွက် စက်ဘီးရဲ့ ကိုယ်ထည်ကို ၂ ခြမ်း ခြမ်းပစ် လိုက်မှ ပဲ ရနိုင်မှာ ဖြစ်ပါတယ်။ တီထွင် ဖန်တီး ထားသူ ၃ ယောက်ရဲ့ အဆို အရတော့ ထို သော့ကို ပိုင်ရှင် ကိုယ်တိုင် ခတ်ဖို့ အတွက် ပင် အနည်းဆုံး ၁၀ စက္ကန့်ခန့် အချိန်ယူ ရမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

သူတို့ ၃ ယောက်ဟာ တစ်မူ ထူးခြားလှတဲ့ နည်းပညာမြင့် စက်ဘီးကို ထုတ်လုပ် ရောင်းချနိုင်ဖို့ အတွက် စတာလင်ပေါင် ၆၄၀၀၀ တန်တဲ့ အစိုးရ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး Indiegogo ဆိုတဲ့ ဈေးဝယ် ၀က်ဘ်ဆိုက် ကနေ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ တစ်နှစ်ကို စက်ဘီး ၁၁၀,၀၀၀ စီး ခန့်ဟာ နှစ်စဉ် ပျောက်ဆုံး နေပါတယ်။



Ref : Mirror

( Mario ) - သစ်ထူးလွင်

Read More »

Friday, May 29, 2015

Lenovo က ကမ္ဘာ့ ပထမဆုံး Laser Projector ပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်




Lenovo က Projector အဖြစ် အသုံးပြု edkင်တဲ့ စမတ်ဖုန်းကို မိတ်ဆက် လိုက်ပါတယ်။ စမတ်ဖုန်းမှ ဗီဒီယို၊ ဓါတ်ပုံများကို ဘယ်လို နံရံမျိုးမှာ မဆို ကြည့်ရှုနိုင် သလို နံရံပေါ်မှာ ပေါ်နေတဲ့ ဂိမ်းများ ကိုလည်း ထိတွေ့ ကစားနိုင် ပါသေးတယ်။ Projection Keyboard ပါရှိပြီး စားပွဲပေါ်မှာ ကီးဘုတ် တစ်ခုကို ပြသပေးနိုင် ပါတယ်။ စမတ်ဖုန်းမှာ စာရိုက်ချင်ဖို့ အတွက် ကီးဘုတ်က အဆင်ပြေစေ ပါတယ်။

စမတ်ဖုန်းမှာ ဒေါက်တိုင် ထည့်သွင်းပေးထားပြီး ကမ္ဘာ့အသေးဆုံး Pico Projector တပ်ဆင်ပေးထားပါတယ်။ အဆိုပါ စမတ်ဖုန်းကို ဘေဂျင်းမှာ ပြုလုပ်တဲ့ TechWorld မှာ Lenovo ရဲ့ CTO ဖြစ်သူ Peter Hortensius က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Lenovo Smart Cast Smartphone ရဲ့ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုတွင်ကြည့်နိုင်ပါတယ်။



Original link - http://www.myanmardigitallife.com

Read More »

Wednesday, May 27, 2015

မည်သည့် မျက်နှာပြင်၌ မဆို အသုံးပြု နိုင်သည့် Phree စမတ်ဘောပင်




လေဆာဖြင့် လမ်းညွှန်သည့် စနစ် ပါဝင်သည့် Phree စမတ် ဘောပင်သည် မည်သည့် မျက်နှာပြင်တွင် မဆို ပုံများ ရေးဆွဲခြင်း သို့မဟုတ် မှတ်စု မှတ်ခြင်း တို့ ပြုလုပ် နိုင်ကြောင်း ရန်ပုံငွေ ရှာဖွေသော Kickstarter ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

လက်ရှိတွင် Phree စမတ်ဘောပင်သည် Kickstarter ဝက်ဘ်ဆိုက်တွင် ကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ ငွေကြေးရရှိစေရန် ကြိုးပမ်းလျက်ရှိသည်။

၎င်းစမတ် ဘောပင်သည် မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို အသုံးပြုနိုင်သောကြောင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်၌ ပုံများရေးဆွဲခြင်း သို့မဟုတ် မှတ်စုများ သိမ်းဆည်းနိုင်သည်။

Phree စမတ် ဘောပင်အား အစ္စရေးနိုင်ငံ အခြေစိုက် OTM Technologies ကုမ္ပဏီက 3D လေဆာနည်းပညာ အသုံးပြု၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ stylus သည် လေဆာဖြင့် ကြားဖြတ်ဝင်ရောက် ခြေရာခံကာ မျက်နှာပြင် တစ်ခုပေါ်တွင်ေ နရာချနိုင်ပြီး ချိတ်ဆက်ထားသည့် ထုတ်ကုန်တွင် ပုံရေးဆွဲမှုများ ပြုလုပ်နိုင်သည်။

Phree ကိုစမတ်တီဗွီ တချို့အပြင် laptop များဖြင့်လည်း တွဲဖက်အသုံးပြု နိုင်သလို Bluetooth မှတစ်ဆင့် စမတ်ဖုန်း သို့မဟုတ် tablet များဖြင့် ချိတ်ဆက်နိုင်သည်။

ထို့အပြင် Phree သည် Microsoft ၏ OneNote, EverNote နှင့် Adobe Systems’ Acrobat ကဲ့သို့ ပရိုဂရမ် အမျိုးမျိုး ဖြင့်လည်း ချိတ်ဆက်အသုံးပြု နိုင်ကြောင်း OTM Technologies ကုမ္ပဏီက ပြောဆိုခဲ့သည်။

အဆိုပါ စမတ်ဘောပင်တွင် ခလုတ်များနှင့် OLED touch dis-play ပါဝင်သည့်အပြင် ဖုန်းခေါ်ဆိုမှုများ လက်ခံနိုင်သည့် handset နှင့် message များကို ဖတ်ရှုနိုင်သော မျက်နှာပြင် အသေးတစ်ခုလည်း ပါဝင်လာသည်။

Phree ၏ Kickstarter အစီအစဉ်သည် မျှော်မှန်းထားသည့် ရည်မှန်းချက် ဝင်ငွေသုံးဆ ရရှိခဲ့ပြီး ကန်ဒေါ်လာ ၃၂၃,၀၀၀ ရရှိခဲ့သည်။

Ref : CNET

Internet Journal

Original link - http://www.facebook.com/InternetJournal

Read More »

Sunday, April 26, 2015

Android OS နဲ့ Windows 10 တို့ကို တစ်လုံး တည်းမှာ အတူ သုံးလို့ ရမယ့် Elephone




တရုတ်ပြည် ကနေ Elephone လို့ အမည် ရတဲ့ မိုဘိုင်းဖုန်း ကုမ္ဗဏီ အသစ်ဟာ Android OS နဲ့ Windows OS ကို တစ်ပြိုင် နက်တည်း အသုံး ပြုလို့ ရမယ့် စမတ် ဖုန်းကို ထုတ်လုပ် လိုက်ပါတယ်။

သူ့ကို ကမ္ဘာ တစ်လွှား ဖြန့်ချိမှာ ဖြစ်ပါတယ်။

Dual Boot ဖြစ်ပြီး စဖွင့်တဲ့ အခါ မိမိဟာ Android နဲ့ သုံးမလား Wiondows 10 နဲ့ သုံးမလား ဆိုတာကို ရွေးချယ် ရမှာပါ။ ဒီတော့ ဖုန်း တစ်လုံးတည်းနဲ့ နှစ်လုံး သုံးရ သလို ခံစားရ စေမှာ ဖြစ် ပါတယ်။

Data segment ဘယ်လို ခွဲသလဲ ဆိုတာ ကတော့ မသိ ပါဘူး။ Android ကိုတော့ 5.0 Lollipop သုံးပြီး Windows ကျတော့ နောက်ဆုံး ထွက်ထားတဲ့ 10 ဗားရှင်းကို အသုံးပြု ပါတယ်။ ဆက်လက် ပြီးတော့လည်း Upgrade လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

Android နဲ့ Microsoft တို့ထံမှ တရားဝင် လိုင်စင် ယူပြီး ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

RAM 4GB စမတ် ဖုန်းပါ။ 64-bit octa-core MediaTek MTK6795 ကို အသုံးပြု ထားပါတယ်။ ဒီတော့ Processing အပိုင်းမှာ အင်မတန် မြန်ဆန်မယ်လို့ Technially ခန့်မှန်း ကြည့်လို့ ရပါတယ်။

ကင်မရာ ကလည်း 20.7-megapixel Sony IMX 230 snapper ပါ။ ဖုန်းရဲ့ မျက်နှာပြင် အရည် အသွေးက 2560 x 1440 resolution ရှိ ပါတယ်။ 2K screen ဖုန်း ဖြစ် တာကြောင့် ကြည်လင် ပြတ်သားမှု အပိုင်းလည်း technically အရတော့ ကောင်းတယ်လို့ ဆိုရပါမယ်။

အရောင် အသွေးအားဖြင့် ကတော့ အဖြူရောင်၊ ရွှေရောင် အပြင် အခြား အရောင် များလည်း ထွက်ရှိ ပါမယ်။ ဒီဇိုင်း ပိုင်းကတော့ သိပ် မထူးခြား ပါဘူး။ မေလမှာ မိတ်ဆက်ပြီး ဇွန်လမှာ ရောင်းချမယ့်လို့ သိရ ပါတယ်။ ဈေးနှုန်း မသိရ သေးပါဘူး။ Elephone Dual boot ဖုန်းနဲ့ ပက်သက်တဲ့ Update များကို သိရှိတဲ့ အခါ တင်ပေး သွားပါ့မယ်။

အောင်ခမ်း (MMAS)

http://www.myanmarmobileapp.com/2015/04/24/androidandwindowsphone/


Read More »

Wednesday, March 04, 2015

Laptop ၏ သိုလှောင်မှု ပမာဏထက် ပိုမိုသည့် 200 GB microSD card သစ်ကို SanDisk မိတ်ဆက်




လွန်ခဲ့သည့် တစ်နှစ် ခန့်က 128 GB microSD card ကို ပထမ ဦးဆုံး မိတ်ဆက် ပေးခဲ့သည့် SanDisk သည် ယခုနှစ်တွင် ကျင်းပသည့် Mobile World Congress ပြပွဲ၌ 200GB microSD card သစ်ကို ထပ်မံ မိတ်ဆက် ပေးခဲ့သည်။

အဆိုပါ 200GB microSD card သည် solid state drive များ အသုံးပြု ထားသော ယနေ့ခေတ် laptop များတွင် ပါဝင်သည့် memory ပမာဏထက် များပြားပြီး မည်သည့် Android ထုတ်ကုန်ကို မဆို သီချင်းနှင့် ဓာတ်ပုံများ သိမ်းဆည်းရာ portable hard drive တစ်ခု အနေဖြင့် ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။

SanDisk ၏ microSD card သစ်သည် အချက် အလက် လွှဲပြောင်းနှုန်း 90MB/s ထောက်ပံ့ ပေးနိုင်သည်။ လက်ရှိတွင် ၎င်း microSD card သစ်ကို အသုံးပြုနိုင်သည့် Android ထုတ်ကုန်များ ရှိသော်လည်း တန်ဖိုး အမေရိကန် ဒေါ်လာ ၄၀၀ ကျသင့်မည် ဖြစ်သောကြောင့် လူတိုင်းက upgrade ပြုလုပ်ရန် ဆန္ဒ ရှိမည် မဟုတ်ပေ။

Ref: TheVerge

Internet Journal
http://www.facebook.com/InternetJournal

Read More »

ဒူဘိုင်းက ရှော့ပင်း mall ထဲမှ 7D ရုပ်ရှင်




ဒူဘိုင်းက ရှော့ပင်း mall ထဲမှာလို့ မူလတင်သူက ရေးထားပါတယ်။ 7D Movies လေးပါ။

Facebook ပေါ်က တွေ့လို့ မလာတာပါ။

လန်းလိုက်တဲ့ နည်းပညာတွေ လိုက်လို့ တောင်မမှီနိုင် တော့ပါဘူး။



ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။

From : https://www.facebook.com/thein.naingoo.39

Read More »

Monday, February 16, 2015

Digital Display ပါဝင်သော USB Cable




လက်ရှိဈေးကွက်အတွင်း၌ ရောင်းချနေသော Data Transfer & Charging USB Cable များနှင့် မတူဘဲ
ပုံစံသစ်ဖြစ်သည့် Digital Display ပါဝင်သော Cable ဖြစ်သည်။ အသုံးပြုသည့် ပစ္စည်း၏ အားသွင်းနိုင်
စွမ်းအားကို Volt နှင့် Ampere နှစ်မျိုးဖြင့် ဖော်ပြပေးမည် ဖြစ်သည်။

အချိန်ကြာကြာ အားသွင်းမိခြင်း၊ ခံနိုင်ရည်ထက်ပိုသော Volt နှင့် Ampere များဖြင့် အားသွင်းမိခြင်းများ
မဖြစ်အောင် Display ကိုကြည့်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ အားသွင်းမီး၊ အားဖြည့်မီးကို ခွဲခြားပေး
ထားသည်။

စမတ်ဖုန်းများနှင့် Tablet PC များတွင် အသုံးပြုနိုင်သည်။ အဝင်ဗို့အား 3V မှ 12 V အထိ နှင့် အမ်ပီယာ
0.1 A မှ 3 A အထိ ပြပေးနိုင်မည် ဖြစ်သည်။ ကြိုးအရှည်မှာ တစ်မီတာရှိပြီး Data အတွက်ပါ အသုံးပြု
နိုင်သည်။

တန်ဖိုးမှာ ကျပ်၇,၅၀၀ ဖြစ်ပြီး New Life ဖုန်း ၀၉-၄၃၁၆၄၆၃၂ နှင့် ၀၉-၂၅၄၇၁၄၁၆ ၌ ဆက်သွယ်
ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal
http://www.pyaephyo.com/2015/02/digital-display-usb-cable.html

Read More »

Friday, January 23, 2015

iPhone နှင့် Android ဖုန်း များကို ပုံမှန်ထက် နှစ်ဆ အမြန် သွင်းပေးနိုင်သည့် USB Cable




Android ဖုန်း နှင့် iPhone များကို အားသွင်း ရာမှာ သာမန်ထက် မြန်မြန် ဆန်ဆန် သွင်းချင်ပါ
သလား ။ SONICable က iPhone နှင့် Android ဖုန်းများကို ပုံမှန် အားသွင်းချိန်ထက် အချိန်
ထက်ဝက်လျှော့ချပြီး အားအပြည့် သွင်းပေး ပါလိမ့်မယ်။

အခုဆိုရင် ၂၀၁၄ ခုနှစ် နောက်ပိုင်း ထွက် ဖုန်းတော်တော် များများမှာ Turbo Charging, Quick
Charge စတဲ့ ဖုန်းကို နာရီဝက် အတွင်း ၅၀ ရာခိုင်နှုန်းခန့် အားသွင်းပေးနိုင်မယ့် အားအမြန်သွင်း
စနစ်တွေ ပါဝင်လာပါပြီ။ ဒါပေမယ့် ယင်းကဲ့သို့ အားအမြန် သွင်း စနစ်တွေ မပါဝင်တဲ့ ဖုန်းတွေ
အတွက်ဆိုရင်တော့ SONICable က အတော်လေး အထောက်အကူ ပြုမှာပါ။



သာမန် USB Cable တွေနဲ့ အားသွင်းလို့ ဖုန်းက ၅၀ ရာခိုင်နှုန်း ခန့် အားဝင် ပြီးချိန်မှာ SONICable
နဲ့ အားသွင်းတဲ့ ဖုန်းကတော့ 100 ရာခိုင်နှုန်း အား အပြည့် သွင်းနိုင်မယ်လို့ ဆိုပါတယ်။

ဒီ Cable Project ရဲ့ ဦးဆောင်သူ ကတော့ SONICable ကို world’s most advanced charging cable
ဟုပင် တင်စား ထားတာ တွေ့ရ ပါတယ်။



USB Cable ဟာ dual-sided ဖြစ်တဲ့ အတွက် USB Cable Port မှာ ထိုးတဲ့ အခါ Cable ကို ဘယ်
ဘက်နဲ့ ဖြစ်ဖြစ် စိတ်ကြိုက် ထိုးလို့ ရပါပြီ။ စိတ်ချမ်းသာစရာ ကောင်းတဲ့ အချက်တစ်ခုပါ။

SONICable ရဲ့ တန်ဖိုး ကတော့ ၂၇ ဒေါ်လာခန့် ရှိနိုင်ပြီး ၂၀၁၅ ခုနှစ် မတ်လ အတွင်းမှာ စတင်
ရောင်းချနိုင်မယ်လို့ သိရပါတယ်။ SONICable အကြောင်းကို လက်တွေ့ သရုပ်ပြထားတဲ့ ဗီဒီယို
ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

video

မြန်မာမိုဘိုင်း အေပီပီ စတိုးမှ ကူးယူ မျှဝေသည်။

Read More »

Tuesday, October 28, 2014

စကိုင်းခရူဇာ ၃ မျိုးသွားယာဉ်ကို အမေရိကန် အင်ဂျင်နီယာ တီထွင်



အမေရိကန် အင်ဂျင်နီယာတွေက ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံ တို့လို ပျံနိုင်ပြီး ကားလိုလည်း မောင်းနိုင်တဲ့ ယာဉ်ကို
တီထွင်လိုက် ပါတယ်။

အရီဇိုးနားပြည်နယ်အခြေစိုက် ခရော့စ်ဘလိတ် အာကာသစနစ်ကုမ္ပဏီက ပုံစံထုတ်ပြီး စကိုင်းခရူဇာလို့ နာမည်ပေး
ထားတဲ့ ၃ မျိုးသွားယာဉ်ကို ဖန်တီးခဲ့တာပါ။

ရဟတ်ယာဉ်တစီးလို ဒလက်နဲ့လည်တဲ့ စနစ်လည်းရှိပြီး ကျဉ်းမြောင်းတဲ့နေရာမှာ ဒေါင်လိုက် အတက်အဆင်းလုပ်
နိုင်လို့ လေယာဉ်ပြေးလမ်း လိုအပ်ချက်မရှိပါဘူး။


မြင်းကောင်ရေ ၃၂၀ အားရှိတဲ့ လျှပ်စစ်မော်တာကိုသုံးပြီး လိုအပ်တဲ့အမြင့်ပေ ရောက်တာနဲ့ ဒလက်တွေကို ပြန်
ရုပ်ပြီး ပြန်ခေါက်သိမ်းထားနိုင်ပါတယ်။

ဟိုက်ဘရစ် အမျိုးအစားယာဉ်ဖြစ်ပြီး ကား၊ ရဟတ်ယာဉ်နဲ့ လေယာဉ်နည်းပညာ ၃ မျိုးကို ပေါင်းစပ်ထားပါတယ်။

ပျံသန်းမှုပုံစံ ပြောင်းလိုက်ပြီး လေယာဉ်အဖြစ် ရွေးချယ်လိုက်ရင် ၁ နာရီကို ၃၁၃ မိုင်ထိ အမြန်နှုန်းနဲ့ ပျံသန်းနိုင်
ပါတယ်။


ကုန်စည်တွေကို သယ်ပြီး မိုင် ၁၀၀၀ အဝေးထိ ပျံနိုင်ပါတယ်။ သိပ္ပံဇာတ်လမ်းတွေထဲကလို ပုံစံပြောင်းနိုင်ပြီး မြေ
ပြင်ပေါ်ဆင်သက်ပြီးရင်တော့ လူ ၅ ယောက်စီး လေယာဉ်ဟာ ကားလို မောင်းနိုင်ပါတယ်။

ထုတ်လုပ်ရောင်းချမယ့် ရက်စွဲ မရှိသေးပေမယ့် ပျံသန်းပုံကတော့ လေယာဉ်တွေထက် အများကြီး ပိုလွယ်ပုံရတယ်
လို့ မီဒီယာတွေက ဖော်ပြပါတယ်။

DVB by ဒီဗွီဘီ
http://burmese.dvb.no/archives/69056

Read More »

Saturday, September 20, 2014

၁၅ နှစ်သားရဲ့ အယ်ဇိုင်းမာ လူနာစောင့်ရှောက်ရေး တီထွင်မှု


၁၅ နှစ်သား လူငယ်တဦးရဲ့ အယ်ဇိုင်းမား (Alzheimer ) ဝေဒနာသည်တွေ ဘေးအန္တရာယ်ကင်းစေဖို့ တီထွင်မှု
တခုပါ။



အသက် ၁၃ နှစ်သားနဲ့ ၁၈ နှစ်အကြား လူငယ်တွေပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာပြိုင်ပွဲ Google Science Fair
ရဲ့ အခု ၂၀၁၄ ခုနှစ်မှာ ဆုရသူတွေစာရင်းကို တနင်္လာနေ့မှာ ကြေညာတော့မှာလို့ NYMAG.COM သတင်း
တပုဒ်မှာ ဖော်ပြလာပါတယ်။

 နောက်ဆုံး ဇကာတင်သူတွေကလည်း တကယ့်ကို အံ့မခန်းတဲ့သူတွေချည်းပါဘဲ။

Scientific American Science in Action Award ဆုရှင် Kenneth Shinozuka ကတော့ အရမ်း ကို လေး
စားဖွယ်ကောင်းတဲ့ တီထွင်မှုကို ရှင်းလင်းပြကာ ပြိုင်ပွဲ ဝင်ပါတယ်။

သူက အဘိုးဖြစ်သူ အယ်ဇိုင်းမားဝေဒနာသည်ကို ထိန်းသိမ်းစောင့်ရှောက်တာမှာ အခက်အခဲတွေ ရှိနေတာ
ကို ကူညီ ဖြေရှင်းပေးမယ့် ပစ္စည်းကို တီထွင်တာပါ။

သူရဲ့ အဘိုးဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုမှာ ၅ သန်းကျော်ရှိတဲ့ အယ်ဇိုင်းမားဝေဒနာသည် တဦး
လည်းဖြစ်ပြီး ဒီလို အယ်ဇိုင်းမားဝေဒနာသည်တွေကို ဆွေမျိုးတွေက စောင့်ရှောက်ရတာ အခက်အခဲတွေ
အများကြီးရှိပါတယ်။

သူ့ရဲ့ တီထွင်မှုက  အဘိုးနှုန်းချိုတဲ့ ပစ္စည်းပါ။ ဒီပစ္စည်းကို အယ်ဇိုင်းမားလူနာရဲ့ ခြေဖနောင့်နေရာမှာ
ထား ရှိ ရမှာပါ။

လူနာက ကြမ်းပြင် ပေါ် ခြေချလိုက်တာနဲ့ အာရုံခံကိရိယာက ချက်ချင်း ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက် ထားတဲ့ မို
ဘိုင်းဖုန်းကို အချက် ပေးမှာဖြစ်ပါတယ်။ နည်းပညာပစ္စည်း ၃ ခုဖြစ်ပါတယ်။

ပါးလွှာပျော့ပြောင်းပြီး ဝတ်ဆင်ရတာအဆင်ပြေတဲ့ ဖလင်ပြားတခု၊ စွမ်းအင်ခြွေတာရေး Bluetooth စနစ်
သုံး အကြွေစေ့ အရွယ် ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာနဲ့ စမတ်ဖုန်းတွေဆီကို စောင့်ကြည့် အချက်ပြပေး
တဲ့ App တွေပါဘဲ။

အဘိုးဖြစ်သူနဲ့လက်တွေ့စမ်းသပ်တာ ၆ လ ရှိခဲ့ပြီး ရာနှုန်းပြည့် အစမ်းသပ်ခံစနစ်ဖြစ်တယ်လို့ သူက ပြော
ပါတယ်။ သတိပေး အချက်ပြစနစ်ကလည်း အမှားအယွင်းလုံးဝ မရှိခဲ့ပါဘူးတဲ့။

ဒါကြောင့် သူ့ရဲ့တီထွင်မှု ပစ္စည်းနဲ့ အိမ်တွေ၊ ဆေးရုံတွေမှာ လူနာစောင့်ရှောက်တဲ့ နပ်စ်တွေ၊ မိသားစုဆွေ
မျိုးတွေရဲ့ စမတ် ဖုန်းတွေနဲ့ချိတ်ဆက်သုံးလို့ရနေပြီလို့လည်း ပြောထားပါတယ်။

ရှင်နိုဇူကာ ဆိုတဲ့ ဆယ်ကျော်သက် တီထွင်သူ လူငယ်လေး ရှင်းပြထားတဲ့ သူ့တီထွင်မှု ကိုလည်း ဗီဒီယိုမှာ
ကြည့်နိုင်ပါတယ်။


The Irrawaddy's Blog by အိမ့်သံစဉ်
http://blog.irrawaddy.org/2014/09/blog-post_925.html


Read More »

Tuesday, September 16, 2014

SanDisk က 512GB SD Card ကိုရောင်းချ



ကွန်ပြူတာများ၏ ပျမ်းမျှ Storage ထက် များပြားသော SD Card ကို ၀ယ်ယူနိုင်ပြီ ဖြစ်သည်။

SanDisk က ကမ္ဘာ့ပထမဆုံးဖြစ်သော 512GB ၀င်ဆန့်သော SD Card ဖြစ်သည့် Extreme Pro SDXC ကိုကြေညာ
လိုက်ပါသည်။ 1 Terabyte ၏ တစ်ဝက်မျှရှိသော ပမာဏ ဖြစ်ပါသည်။

နှိုင်းယှဉ် သုံးသပ်ကြည့်လျှင် 128GB သည် Ultrabooks အများစုနှင့် MacBook Air တို့အတွက် ထည့်သွင်းပေးထား
သော အနိမ့်ဆုံး ပမာဏ ဖြစ်ပါသည်။ 256GB သည် ယနေ့ခေတ် Solid-State Disk (SSD) PC အများစုအတွက် စံ
နှုန်း ဖြစ်ပါသည်။

512GB သည် 4K Video များကို ရိုက်ကူးနိုင်ရန် ရည်ရွယ်ထားပြီး အချိန်နှင့် တစ်ပြေးညီ Ultra-High Video များကို
ရိုက်ကူးနိုင်ပြီး SD Card တွင် သိမ်းနိုင်ပါသည်။ ဓါတ်ပုံဆရာများအနေဖြင့်လည်း မြန်နှုန်းမြင့် ဓါတ်ပုံ များစွာကို တစ်
ပြိုင်နက် ရိုက်ကူးနိုင်ရန် SD Card ၏ စွမ်းရည်ကို အသုံးပြုနိုင်ပါသည်။ Write Speed သည် 90 MB/s ဖြစ်ပြီး Read
Speed သည် 95MB/s ဖြစ်ပါသည်။

SD Card သည် ရေ အအေးဒဏ်နှင့် ထိခိုက်မှုများအပြင် ဓါတ်ပုံဆရာများအနေဖြင့် နေရာမရွေး ယူဆောင်အသုံးပြု
ရန် X-ray ရောင်ခြည်များ၏ ဒဏ်ကိုလည်း ခံနိုင်ပါသည်။

512GB SD Card ကို ဒေါ်လာ ရှစ်ရာဖြင့် ရောင်းချပေးမည် ဖြစ်သည်။

SanDisk က Extreme Pro အမျိုးအစားများအတွက် 128GB နှင့် 256GB SD Card များကိုလည်းထုတ်လုပ်ပေးထား
ပါသည်။

Myanmar Digital Life Journal မှ ကူးယူမျှဝေသည်။


Read More »

Sunday, August 24, 2014

Android, iPhone များကို အားသွင်း ပေးမည့် လက်ကောက်



QBracelet ဟု အမည်ပေး ထားသော စတိုင်ကျ လှပသည့် လက်ကောက်သည် iPhone, Android Device များကို အားသွင်း
ပေးနိုင်သော Portable Charger ဖြစ်ပါသည်။ ယောင်္ကျားလေး များသာမက မိန်းကလေး များပါ ၀တ်ဆင်နိုင်ရန် ဒီဇိုင်းပြုလုပ်
ထားပါသည်။

လက်ကောက် တွင် Android Device များကို အားသွင်း ပေးမည့် USB Connector နှင့် iPhone များ ကို အားသွင်း ပေးမည့်
Lightning Connector ကို တပ်ဆင် ထားပါသည်။

အားသွင်းသည့် Device အပေါ်မူတည်၍ လက်ကောက်၏ Lithium-Ion Battery သည် ၆၀ ရာခိုင်နှုန်းအထိ အားဖြည့်တင်း
ပေးနိုင်သည်ဟု တီထွင်သူ QDesigns က ပြောပါသည်။ လက်ကောက် ကို အားသွင်း ရန် အချိန် မိနစ် ကိုးဆယ် ကြာမြင့်ပြီး
Standby Mode ဖြင့် ထားရှိလျှင် ရက်ပေါင်း သုံးဆယ် အသုံးခံ ပါသည်။

ဘက်ထရီ ပမာဏနှင့် အားသွင်းသည့် အခြေ အနေ ကို လက် ကောက် ၏ LED မျက်နှာ ပြင်တွင် ပြသ ပေး မည် ဖြစ် သည်။
လက်ကောက်ကို အနက်၊ ငွေ ၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး ရေစိုခံနိုင်ပါသည်။ အရွယ်သုံးမျိုး ထုတ်လုပ်ပေးထားပြီး
Small( 1.23 Ounces), Medium ( 1.41 Ounces) , Large ( 1.59 Ounces) တို့ ဖြစ်ပါသည်။ ကြိုတင်မှာယူသူများအတွက် ၇၉ ဒေါ်လာဖြင့် ရောင်းချပေးနေပြီး အရောင်းဆိုင်များတွင် ၀ယ်ယူသူများကို ၉၉ ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်သည်။

တီထွင်သူများက လက်ကောက်ကို ဒီဇင်ဘာလတွင် ဖြန့်ဖြူးပေးနိုင်ရန် မျှော်လင့်ထားကြပါသည်။

Myanmar Digital Life Journal မှ ကူးယူမျှဝေသည်။

Read More »

Friday, August 15, 2014

မိန်းကလေး ချစ်သူ ထားဖို့ အချိန် မရှိ သူတွေ အတွက်



ဂျပန်နိုင်ငံမှာ စီးပွားရေး ပြိုင်ဆိုင်မှု အားကြီးမှု တွေကြောင့် လူတိုင်း နီးပါး အချိန်ပြည့် အလုပ်များ နေတတ်ကြ ပါတယ်။
အချိန်ပြည့် အလုပ်များ ကြ သူတွေ အတွက် မိန်းကလေး ရည်စား တယောက် ရဖို့ ချိန်းဆို ဖို့တောင် အချိန် မပေးနိုင်
အောင် ဖြစ်နေကြတာပါ။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စက်မှု ဖွံ့ဖြိုးမှုနဲ့ နည်းပညာ အဆင့်မြင့်မှု တွေက လူဘောင် လောကရဲ့ ကွက်လပ်တွေ ကို ဖြည့်
ဆည်း ပေးနေ ပါတယ်။ ဒီလို လူမျိုးတွေ အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍက တီထွင်မှုတွေ ကလည်း အံ့မခန်းပါဘဲ။

Love Doll လို့ ခေါ်တဲ့ ပုရိသတွေရဲ့ အဖော် အဖြစ် တာဝန် ထမ်းဆောင်မယ့် အရုပ် ဖန်တီးမှုဟာ ဂျပန်နိုင်ငံ က ၁၉၇၇
ခုနှစ် ကတည်းက အဆင့်ဆင့် တိုးတက်မှုတွေ ရှိလာခဲ့ တာပါဘဲ။

အရုပ်တွေဟာ လူသားရဲ့ အသား အရေလို နူးညံ့တဲ့ ထိတွေ့မှု အာရုံရစေဖို့ ရာဘာ အကောင်းစားနဲ့ ပြုလုပ် ထားတာ ဖြစ်
သ လို အသွင်သဏ္ဍန် ကလည်း စွဲမက်ဖွယ် လုပ်ဆောင် ထားပါတယ်။

စီလီကွန်နဲ့ တကယ့် လူ့ အသားအရေ လို ဖြစ်အောင် Love Doll တွေကို အခုနောက်ပိုင်း တီထွင်ဆန်းသစ် ခဲ့ကြပါ တယ်။
Love Doll တွေရဲ့ ကိုယ်ခန္ဓာ တွေကလည်း လူသားတွေကို အလွယ်တကူ ကွေးနိုင် ဆန့်နိုင်ပြီး လိုသလို အနေအထားကို
စိတ်ကြိုက် ထားလို့ ရနိုင်အောင် ဖန်တီးထား တယ်လို့ ဆိုပါတယ်။ လက်ချောင်းလေးတွေ ကအစ လူ့ စိတ်ကြိုက် လိုသလို
ပုံစံ ဖန်တီးနိုင်ပါတယ်။

အရုပ်တွေက ၁၇၇ စင်တီမီတာကျော် အရပ်ရှိပြီး ၂၅ ကီလိုဂရမ်ပဲ အလေးချိန် ရှိပါတယ်တဲ့။ ဆန်ပင် ပုံစံကို လည်း အမျိုးမျိုး
ပြင်ဆင်ပေး ထားတယ်။ Love Doll အရုပ် တခုကို ဂျပန် ယမ်းငွေ ၉၄ဝဝဝ တန်ဘိုး ( အမေရိကန်ဒေါ်လာ ၉၄၀ ဝန်းကျင်၊
မြန်မာ ကျပ်ငွေ ၉ သိန်း ဝန်းကျင် ) ရှိပြီး၊ အလွန် နူးညံ့ တဲ့ ကိုယ် ခန္ဓာ အဖြစ် ဖန်တီး ထားတဲ့ အရုပ် ကတော့ ယမ်းငွေ ၂
သိန်းကျော်၊ ၃ သိန်း ဝန်းကျင် ထိ တန်ဘိုး ရှိပါတယ်။

စီလီကွန်နဲ့ လုပ်တဲ့ Love Doll ကတော့ ယမ်းငွေ ၅ သိန်းကနေ ၇ သိန်းထိ ဈေးနှုန်း ရှိတယ်လို့ သိရပါ တယ်။

ဒီအပြင် နည်းပညာ တိုးတက်မှု မှာတော့ ပုရိသတို့ ရင်ကို ရိုက်ခတ် စေမယ့် မိန်းကလေး တယောက်ရဲ့ အသံကိုလည်း ပီ
ပီပြင် ပြင် ထည့်သွင်း ထားတဲ့ နည်းစနစ်ကို သုံးပါ တယ်တဲ့။ ဒါမျိုး ကတော့ ဈေးနှုန်းက ပိုတယ်လို့ ဆိုပါတယ်။

ဒီလို Love Doll မျိုးတွေ ဖန်တီးထုတ်လုပ်နေတာကြောင့် ချစ်သူမိန်းကလေးဆိုတာ တကယ်ပဲ လိုအပ် ပါတော့မလားဆို
တဲ့ မေးခွန်းက ကျယ်လောင်လာတယ်လို့ ဆိုပါတယ်။ ဧရာဝတီ ပရိသတ်တွေရဲ့ အမြင် ကရော ဘယ်လို ရှိပါသလဲ။

Love Doll တွေ ခေတ်စား လာတာကြောင့် မိန်းကလေး ချစ်သူ ရည်းစား ဆိုတာ လိုအပ် ပါသလား၊ ဒါမှမဟုတ် လူသား
ပီပီ တကယ့် ချစ်သူ မိန်းကလေးကိုပဲ ရှာလေ မလားဆိုတာ ယဉ်ယဉ် ကျေးကျေး ဆွေးနွေး နိုင်ပါတယ်။


From: The Irrawaddy's Blog by အိမ့်သံစဉ်

Read More »

Tuesday, August 05, 2014

စမတ်ဖုန်း တက်ဘလက် များကို အားသွင်း ပေးနိုင်သော ရေနွေးအိုး



BioLite က ဟင်းချက် ကိရိယာ များကို အားသွင်း စက် အဖြစ် ပါ အသုံးပြု နိုင်ရန် တီထွင် နေသည့် Company ဖြစ် ပါသည်။ စမတ်
ဖုန်းကို အား သွင်း ပေးနိုင် သော မီးဖို များကို တီထွင် ရောင်းချ ပြီး ဖြစ် ပါသည်။ ယခု အခါ စမတ်ဖုန်း ၊ တက်ဘလက် များကို အား
သွင်း ပေးနိုင် သော ရေနွေးအိုး ကို တီထွင် လိုက် ပါသည်။

Kettle Charge သည် Thermoelectric Generator ၏ အကူ အညီ ဖြင့် ရေနွေး ငွေ့မှ လျှပ်စစ် စွမ်းအင် ကို ထုတ် လုပ် ပေးနိုင် ပါ
သည်။ နေအိမ် များ တွင် သာ မက ခရီး သွား လျှင်ပါ ယူ ဆောင် အသုံး ပြုနိုင် ပါသည်။ USB Port မှ တဆင့် ၁၀ ၀ပ် လျှပ်စစ် စွမ်း
အား ကို ပံ့ပိုး ပေးနိုင် ပါသည်။ LED Monitor တွင် အပူ ချိန်နှင့် ထုတ် လုပ် လိုက် သော လျှပ်စစ် ပမာဏ ကို ပြသ ပေးနိုင် ပြီး အပူ
ချိန် အလွန် များလျှင် သတိ ပေးနိုင် ပါသည်။

KettleCharge သည် ခရီး သွား သူများ အတွက် ရည်ရွယ် ဒီဇိုင်း ထုတ် လုပ် ထား သော ကြောင့် သာမာန် ရေနွေး အိုး များ ထက် ပို
မို သေး ငယ် ပါ သည်။ အ ရှည် မှာ သုံး လက်မ အောက် သာ ရှိ ပြီး နှစ် ပေါင် အလေး ချိန် ရှိ ပါ သည်။ သူငယ် ချင်း များ ကော်ဖီ
သောက် သုံးရန် လုံ လောက် သည့် ရေ သုံးခွက် ကို ကျိုချက် ပေးနိုင် ပါသည်။ ရေနွေးအိုး မှ အပူချိန် များ သည် အီလက် ထရောနစ်
ကိရိယာ များကို ထိခိုက်မှု မရှိစေရန် အတွက် သင့်တင့် သော အကွာ အဝေးမှ အားသွင်း နိုင်ရန် USB Extender ကြိုး ပါရှိ ပါသည်။

KettleCharge ကို ၁၄၉.၉၅ ဖြင့် ကြို တင် မှာယူ နိုင်ပြီ ဖြစ်ပြီး စက်တင်ဘာ လတွင် စတင် ပို့ ဆောင် ပေးမည် ဖြစ် သည်။ ခရီး သွား
များ အတွက် အီလက် ထရောနစ် ကိရိယာ များကို နေရာ မရွေး အားသွင်း နိုင်ရန် အဆင် ပြေမည် ဖြစ် သည်။

Myanmar Digital Life Journal မှ ကူးယူမျှဝေသည်။


Read More »

Monday, August 04, 2014

ရေတံခွန် နဲ့ အလှဆင် ထားတဲ့ စားသောက်ဆိုင်



ရေပန်း ကြီးငယ် နဲ့ အလှဆင် ထားတဲ့ စားသောက်ဆိုင် တွေကို တွေ့ဖူး ကြ ပါလိမ့်မယ်။ ရေတံခွန် နဲ့ အလှ ဆင် ထားတဲ့ ဆိုင် ကိုရော
တွေ့ဖူး ပါသလား။


ဖိလစ်ပိုင်က Labassin ဆိုတဲ့ ဆိုင် မှာတော့ ရေတံခွန် ကြီး တစင်းကို ဆိုင်ထဲ ခင်းကျင်း ထားလေရဲ့။

Villa Escudero Resort ဆိုတဲ့ အပမ်းဖြေ စခန်း တခုက ဆိုင်ပါ။
ဒီပုံတွေ လည်း အွန်လိုင်း စာမျက်နှာ အများ အပြားမှာ တွေ့လို့ မရောက် ဖူးသော်လည်း မြင်ဖူး တယ် ရှိကြဖို့ ကူးခဲ့ ပါတယ်။
ဒီပုံ တွေကို ၀က်ဆိုက် သုံးလေး ခုမှာ တွေ့ရ ပေမယ့် ဓာတ်ပုံ ဆရာ အမည် ကိုတော့ မတွေ့ ရပါ။

အဲဒီ အပမ်းဖြေ စခန်းက San Pablo City ဆိုတဲ့ မြို့မှာ ရှိပါ တယ် တဲ့။

ဆိုင်မှာ စားသောက် နေတုန်း ကိုယ့် ခြေထောက် အောက် ရေတံခွန်က ရေတွေ စီးဆင်းနေ အောင်လည်း စီစဉ် ထားတာ က စိတ်ဝင်
စား စရာ ပါပဲ။

ဆိုင် ထဲမှာ ဒေသထွက် အစား အစာ၊ ဒေသ ရနံ့တွေ အပြည့် အ၀ ခံစား နိုင်အောင် လည်း လုပ်ထား ပါတယ် တဲ့။ ညစာ မရ ပါဘူး။
နေ့လယ် စာပဲ ရပါတယ်။

ရေတံခွန် ကတော့ ဖန်တီး ထားခြင်းပါ။ သဘာဝ ရေတံခွန် မဟုတ်တဲ့ အတွက် အားသာချက် က ရေနစ်မှာ မပူရ ခြင်းပဲလို့ ဆိုရပါမယ်။

တောင်ကုန်း ပေါ်က ဆိုင်၊ ပင်လယ် ကမ်းခြေမှာ နေ၀င် ဆည်းဆာ အလှကို မြည်း ရတဲ့ဆိုင်၊ မြို့ပြည ရောင်စုံ မီးတောက် များနဲ့ ဆိုင်
စသဖြင့် သော ဆိုင်တွေ ထက် ရေတံခွန် ဘေးက ဆိုင်မှာ စားရမယ် ဆိုရင်ဖြင့် အတော်ကောင်း မှာပဲလို့ တွေးမိ ပါတယ်။

မြန်မာပြည် က လုပ်ငန်းရှင် တဦး ဦးက သူ့ဆိုင်ကို ဒီလိုမျိုး ဖန်တီး လိုက်ရင် ဖိလစ်ပိုင် အထိ သွားစရာ မလိုတော့ ဘူးပေါ့။

တနေ့တော့ ဖြစ်လာမယ် ထင်ပါတယ်။

အောက်ဆုံးက ပုံမှာတော့ ဆိုင် ဝန်ထမ်းလို့ ယူဆရ သူတချို့ကို တွေ့ရ ပါလိမ့်မယ်။ စားပွဲထိုး တွေ တော့ ဟုတ်ဟန် မတူ။ အ၀စား၊
ကိုယ်တိုင်ယူ စနစ်ဖြစ် ကြောင်း အွန်လိုင်း စာမျက်နှာ တချို့မှာ ရေးထား ကြပါတယ်။

စားရမယ့် ထဲ ဒေသထွက် အစားအစား ရိုးရာ အစားအစာ တွေ ပါဝင်တယ် လို့ ဆိုပါတယ်။







The Irrawaddy's Blog by zarny win


Read More »