နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts

Saturday, June 24, 2017

အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ နေရပ်ပြန်ကြရန် တိုက်တွန်း




ထိုင်း နိုင်ငံတွင်း အထောက် အထားမဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ အသစ်ပြဋ္ဌာန်း လိုက်တဲ့ ထိုင်းအစိုးရ ဥပဒေကြောင့် နေရပ်ပြန် ကြဖို့ အလုပ်သမား အခွင့် အရေး မြှင့်တင်ရေး ကွန်ရက် ဖောင်ဒေးရှင်း (LPN) က တိုက်တွန်း လိုက်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ အလုပ်ရှင်တွေ အတွက် ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အက် ဥပဒေကို အစိုးရက အသစ်ပြန်လည် ပြဋ္ဌာန်း ထားပြီး ဥပဒေ ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို တိုးမြှင့် သတ်မှတ် လိုက်ပါတယ်။

ဒီဥပဒေပြဋ္ဌာန် ပြီးနောက် အလုပ်သမား ရှိရာနေရာ တွေကို ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်လို့ အထောက် အထား မရှိသူတွေပြန်ဖို့နဲ့ အလုပ် ရှင်နဲ့ အလုပ် လွဲနေရင်လည်း အမြန်ဆုံး ပြင်ဆင်ကြဖို့ LPN ဖောင်ဒေးရှင်းက စူရချိုင် မင်းထွန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ တိုက်တွန်း ထားပါတယ်။

“အခုဆိုရင် အထောက်အထားမရှိတဲ့လူတွေကို အကြိတ်အနယ်စပြီး ဖမ်းတော့မှာ မို့ အထောက်အထားမရှိသူတွေ မြန်မာပြည်ကို အမြန်ဆုံးပြန်ဖို့ ပြင်ဆင် ကြပါ။ အမြန်ဆုံး ပြန်ကြပါ။ ဒါမှ မဟုတ်ရင် ဖမ်းမိသွားလို့ ရှိရင် အလုပ်ရှင်လည်း ဒုက္ခရောက်မယ်၊ ကိုယ်ကိုယ်တိုင်လည်း ဒုက္ခရောက်မယ်။

ဒီတော့ အလုပ်သမားတွေ သူဌေးမတူတာရှိရင်လည်း သူတို့က ဖမ်းမှာနော်။ သူဌေးမတူရင် သူဌေးတူအောင် အမြန်ဆုံးလုပ်ကြပါ။ နောက်ပြီးတော့ work permit မရှိတဲ့ လူတွေရှိအောင် အမြန်ဆုံး ကြိုးစား လုပ်လိုက်ကြပါ။

နယ်မတူဘဲ၊ နယ်ကျော် နေတဲ့ ပန်းရောင်ကတ်တွေ သော်လည်းကောင်း၊ စာအုပ်တွေသော်လည်ကောင်း၊ ကိုယ်လုပ်ထားတဲ့ work permit မှာ အလုပ်တမျိုး အလုပ်သွားလုပ်နေတာက တမျိုးဆိုရင် အဲဒါမျိုးတွေကအစ အားလုံးကို မှန်မှန်ကန်ကန်လုပ်လုပ်ကြပါ။

ကျနော်အထူးသတိပေးချင်ပါတယ်။ အခုဆိုလို့ရှိရင် အဖွဲ့ပေါင်းစုံနှင့်တကွ နယ်မြေအသီးသီးမှာ ကြပ်ကြပ်မှတ်မှတ်ဖမ်းနေပြီဆိုတာလည်း ကျနော်သတိပေး ချင်ပါတယ်။”

ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ ပွဲစားတွေကို အယုံမလွယ်ကြဖို့လည်း တိုက်တွန်းပြောပါတယ်။

“ဘယ်သူ့ကိုမှ မယုံပါနဲ့။ ပန်းရောင်ကတ်တွေ အသစ်လုပ်ပေးမယ်တို့၊ ၆ နှစ်ကုန်သမားတွေ ပတ်စ်ပို့ ဆက်လို့ရတယ်တို့ လိမ်နေတဲ့ ပွဲစားတွေ၊ ပန်းရောင် ကတ်တွေ ဘယ်တော့ ရိုက်ပေးမယ် ဆိုတာပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူမှ မယုံကြပါနဲ့။ အခုပန်းရောင်ကတ်တွေ လုပ်ပေးမယ်ဆိုတာ ရေလုပ်သားတွေ အတွက် အခုမှ သူတို့ညှိနေဆဲ၊ ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။

အဲဒါက ရေလုပ်သားတွေကို ပြောတာနော်။ ရေလုပ်သားအတွက် လုပ်ပေးတဲ့အတွက်ကြောင့် ကုန်းမှာလုပ်ရင် ဖမ်းမှာပဲ။ အဲတော့ အရင်ကလို လွယ်လွယ် ကူကူ မဟုတ်တော့ဘူး။ ကြပ်ကြပ်မတ်မတ်ဖြစ်လာပြီ ဆိုတဲ့အတွက်ကြောင့် အထောက် အထားမပြည့်စုံတဲ့ လူတွေ မမှန်မကန်တဲ့လူတွေ မြန်မာပြည်ကိုပြန်ဖို့ ကျနော် တိုက်တွန်းလိုက်ပါတယ်။”

အသစ်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေမှာ အလုပ်လုပ်ခွင့်မရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတယောက်ကို ဒဏ်ကြေး ဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ပြစ်ဒဏ် ရှိကြောင်း၊ အလုပ်လုပ်ခွင့် လက်မှတ်ရှိ ပေမယ့် သတ်မှတ်ချက် အလုပ်အမျိုးအစားနဲ့ မတူဘဲ အလုပ်လုပ်နေပါက ဘတ်ငွေ ၄ သိန်း ထက်မပိုတဲ့ ဒဏ်ကြေးနဲ့ ညီတဲ့ ပြစ်ဒဏ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်လုပ်ခွင့်မရဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် နိုင်ငံခြားသားအလုပ်သမားတွေကို တားမြစ်ထားတဲ့အလုပ်တွေမှာ အလုပ်လုပ်ခြင်းကို ပြုလုပ်တဲ့ နိုင်ငံခြား သားဟာ ၅ နှစ်ထက်မပို တဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ်ငွေ ၂၀၀၀ ကနေ ၁ သိန်းအထိ ဒဏ်ငွေ ရှိကြောင်း သို့မဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်မျိုးလုံး အပြစ်ဒဏ်ရှိပါတယ်။

မှတ်ပုံတင်အရာရှိကို အကြောင်းမကြား ခွင့်ပြုမိန့်မယူဘဲ အလုပ်လုပ်ရင်လည်း ဘတ်ငွေ ၁ သိန်းထက်မပိုတဲ့ ဒဏ်ကြေး နဲ့ ညီတဲ့ ပြစ်ဒဏ်ရှိပါတယ်။

ဒ့ါအပြင် အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေရဲ့ အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းယူရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ကြေး ၁ သိန်း သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးလုံး ပြစ်ဒဏ်ရှိပါတယ်။

လုပ်ငန်းရှာဖွေရေး ဦးစီးညွန်ကြားရေးမှူးရဲ့ ခွင့်ပြမိန့်မရဘဲ နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့်ပြီး လုပ်ငန်းတည်ထောင်ရင်လည်း ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ သို့မဟုတ် ဘတ်ငွေ ၂ သိန်းကနေ ၆ သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုးလုံး ချမှတ်ခံရနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214141

Read More »

Wednesday, June 21, 2017

ဒေသ ငါးခုတွင် ရေနှင့် လေဘေး အန္တရာယ် သတိပြုရန် ဒေါက်တာ ထွန်းလွင် သတိပေး




တိုင်း ဒေသ ကြီးနှင့် ပြည် နယ်ငါး ခုတွင် ရေဘေးနှင့် လေ ပြင်းဘေး ရင်ဆိုင်နေ ရကာ နေရာ ကွက်မိုးကြီးမှုနှင့် လေပြင်း အန္တရာယ် ကြီးမား နေကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

ဇွန်လဆန်းရက်များက စ တင်ကာ ရခိုင်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်မိုးသည်းထန်စွာ ရွာခဲ့ ပြီး ရေ လွှမ်းမိုးမှု ဖြစ်စဉ်များ မကြာခဏ ရင်ဆိုင်ရပြီး ရေဘေးနှင့် လေပြင်းအန္တရာယ်ကြောင့် လူသေဆုံးမှုအချို့ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေ၍ မိုးဆက်လက်အားကောင်းနေကာ လေပြင်းအန္တရာယ်လည်း သတိပြုရန် လိုအပ်နေကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။

‘‘မိုးက ကောင်းနေဦးမယ်ဆို တော့ ရေဘေးကို သတိထားဖို့ လို မယ်။ အရင်ရက်တွေကလည်း မိုး ကောင်းခဲ့တယ်။ အခုထိ မရပ် သေးဘူးဆိုတော့ ရေလွှမ်း မိုးမှု ဘေးက ဂရုစိုက်ရမယ်။ လေပြင်း အန္တရာယ်ပါ တွဲပါနေတာ’’ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၉ ရက်က စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တွင် နေရာကွက်မိုးကြီးခဲ့သည်။ လေ ပြင်းနှင့် မိုးကြိုးလည်း တစ်ပြိုင် နက်ကျရောက်ခဲ့ပြီး ဖောင်းပြင်မြို့ နယ်တွင် မိုးကြိုးပစ်ခံရ၍ နွားတစ် ကောင်သေဆုံးခဲ့သည်။

ပဲခူးမြို့ နယ် ဥဿာမြို့သစ်တွင် လေပြင်း ကြောင့် စာသင်ကျောင်းဆောင် ပြိုကျခဲ့သည်။ ဧရာဝတီတိုင်းဒေ သကြီး ငပုတောမြို့နယ်တွင် လေပြင်းကြောင့် စာသင်ကျောင်းတစ် ဆောင်ပျက်စီးခဲ့ကြောင်း လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ကယ်ဆယ်ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ကချင်ပြည်နယ် တွင် နေရာကွက် မိုးကြီးနေကာ မိုးမောက်မြို့နယ်ရှိ တရုတ်နိုင်ငံ နယ်စပ်နှင့်ကပ်လျက် အင်ခေါင်းပါ စစ်ဘေးရှောင်စခန်းအနီးမှ အင်ခေါင်း ချောင်းရေလျှံမှု ဇန်နဝါရီ ၁၉ ရက်ကဖြစ်ခဲ့၍ စစ်ဘေးရှောင် စာသင်ကျောင်း ယာယီပိတ်ခဲ့ရ ကြောင်း စစ်ဘေးရှောင်စခန်းတာ ဝန်ခံက ပြောသည်။

ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်က ကချင်ပြည် နယ် ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ဒေသခံများ ရေကြီးနစ်မြုပ်မှုရင်ဆိုင်ရသည်။

လတ်တလောမိုးကောင်းနေ သည့် ဒေသများဖြစ်သော ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက် ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

From : 7 Day daily news By: အောင်သစ်လွင်

Originally published at - http://www.7daydaily.com/story/99516

Read More »

သံတွဲမှာ ရေဘေး အန္တရာယ် သတိ ထားဖို့ ကြေညာ




ရခိုင် ပြည်နယ် သံတွဲ မြို့နယ်မှာ ရေကြီး လာနိုင်တဲ့ အတွက် သတိထား ကြဖို့ မြို့နယ် သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှု ကော်မတီက ဒီနေ့ သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။

မိုးအဆက် မပြတ် ရွာသွန်းနေ တာကြောင့် မြေနိမ့်ပိုင်း တွေမှာ ရေကြီးတာ၊ ကမ်းပါး ပြိုကျတာတွေ ဖြစ်လာနိုင်တဲ့ အတွက် အခုလို သတိပေးချက် ထုတ်ပြန် တာလို့ သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တွေကို အသံချဲ့စက်တွေနဲ့လှည့်လည် ကြေညာခဲ့တာဖြစ်ပါတယ်။

မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီက မိုးလေဝသ သတိပေးချက်တွေ နဲ့ ချောင်းရေစိုးရိမ်ရေမှတ်အခြေအနေကို စောင့်ကြည့်နေပြီး လိုအပ်တဲ့အခါ သတ်မှတ်ထားတဲ့နေရာတွေ ကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာ ဒေသခံတွေကို ရွှေ့ပြောင်းရမယ့်အခြေအနေမရှိသေးပေမယ့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ဆွေးနွေးပြီး ရပ်ကွက်ကျေးရွာတွေက တင်ပြလာတဲ့အခြေအနေပေါ်မူတည်ကာ ကြိုတင်ပြင်ရေးလုပ် ငန်းတွေ ဆောင်ရွက်မှာဖြစ်သလို လိုအပ်ရင် ကွပ်ကဲရေးရုံးဖွင့်လှစ်မှာဖြစ်တယ်လို့လည်း သံတွဲမြို့နယ်အုပ်ချုပ်ရေး မှူး က ပြောပါတယ်။

လက်ရှိ သံတွဲမြို့ပေါ်ရပ်ကွက်အချို့မှာ ရေဝင်ရောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Tuesday, June 20, 2017

ဝေဒနာတွေ ခံစားနေရတဲ့ ကလေးကို ကူညီပေးကြပါ




ယခု ပုံတွင် ​​ဖော်​ပြ ထား​သော က​လေးမှာ ​မောင်​​အောင်​​ ကျော်​​စော ဖြစ်​ပြီး အသက်​၂နှစ် ​၆လ ရှိပါပြီ…​ရှမ်းပြည်​နယ်​ တာချီလိတ်​ ခရိုင်​ အနီးရွာမှ (တာ့လီရွာ ဆိုလား သိပ်​မမှတ်​မိ) ဖြစ်​ပါသည်​​။

မွေးရာပါ စအို​ပေါက် ​ကျဉ်း​သော​ ရောဂါ ခံစား​နေ ရ၍ မစင်​စွန့့်​ရန်​ ဗိုက်​တွင်​ အ​ပေါက်​​ဖောက် ထား​သော ​နေရာမှ ယခု အူကျွံ​နေ သည်​မှာ ၁နှစ်​ခန့့်ကြာပါပြီ။

စအိုချဲ့​သော ခွဲစိတ်​မှုကိုလည်း ၆ ကြိမ်​တိုင်​ မန်း​လေး​ ဆေးရုံကြီးတွင်​ လုပ်​ခဲ့ ပြီးဖြစ်​၍​ ဗိုက်​​ပေါ်က အူကျွံ​နေ​သော ​နေရာ ပြန်​ထည့်​၍​ ဗိုက်​​ပေါ်က အ​​ပေါက်​ကို ပြန်​ပိတ်​ရန်​ အချိန်​​ ရောက်ပြီ ဖြစ်​​သော်​လည်း ​ငွေ​ကြေး အခက်​ အခဲ​ကြောင့်​ မန်း​လေး​ဆေးရုံသို့ ပြန် ​မပြနိုင်​ပါ။

သဘာဝ ဆရာ​တော်​ ဘုရားမှ ရှမ်းပြည်​ကြွ​သော ခရီးတွင်​ ​တွေ့၍ ​သန်လျင်သို့​​ ခေါ်​ဆောင်​ လာခဲ့ပြီး ၅.၆.၂၀၁၇ တွင်​ ဟယ်​လ်​ပင်​ က​လေး​ ဆေးရုံကြီး တိုးချဲ့ ခွဲစိတ်​​ဆောင်​ ၃ထပ်​သို့ ကျမ ကိုယ်​တိုင်​ သွား၍ တင်​​ပေးခဲ့ပါသည်​။

က​လေး​လေး သည်​​ဆေးရုံတွင်​ ကုသချိန်​ အတန်​ငယ်​ ကြာမြင့်​မည်​ ဖြစ်​သည့်​ အတွက်​ ခွဲစိတ် ကုသစားရိတ်​နှင့်ေ ဆးကုသ စားရိတ် ​အချို့တဝက်​ကို နိုင်​ငံ​ တော်မှ စားရိတ်​ခံလျင်​ပင်​..​ဆေးရုံတွင်​​ ကုသရန်​ နေထိုင်​ချိန် ​ကြာမြင့်​နိုင်​သည့်​ အတွက်​ လိုအပ်​ချက်​များ ဖြည့်​ဆည်းရန်​ အလှူ​ငွေ ​ကောက်​ခံ​ ပေးချင်​ပါတယ်​…

က​လေးကို​ စောင့်​​ရှောက်​ရန်​ အဖိုးနှင့်​ အဖွားသာ ပါလာ ပါတယ်​…အဖိုးက မြန်​မာစကား အနည်းငယ်​​ ပြောတတ်​ ပါတယ်​…အဖွားက​တော့ မတတ်​ပါ…​တော်​​တော်​ ရိုးကြပါတယ်​…​ဆေးရုံ ​ရောက်​​တော့ ကျမနား ကပ်​ပြီး..ဒါရန်​ကုန်​လား ဟု​တောင်​​ မေးပါတယ်​…

ကိုယ်​တိုင်​ သွားလှူ ချင်​ရင်​​တော့ ဟယ်​လ်​ပင်​ က​လေး​ဆေးရုံကြီး တို့ချဲ့ ခွဲစိတ်​​ဆောင်​ သုံးထပ်​မှာ..လူနာ နာမည်ေ အာင်​​ကျော်​​စော..အသက်​၂နှစ်​ခွဲပါ…

DrMyatThant
မြင့်​မိုရ်​​မေတ္တာ ခိုနားရာ

Source : https://www.facebook.com/myat.thant

From : Buzz Myanmar

Originally published at - http://www.buzzmyanmar.com/2017/06/archives/124649

Read More »

Thursday, June 15, 2017

YBS ကားသစ် တွေပေါ်က လိမ္မော်ရောင်ထိုင်ခုံများ အကြောင်း




မသိသေးသူများ သိကြ ပါစေရန် ပြန်လည် မျှဝေပါသည်။

YBS စီးကြတဲ့ ခရီးသည် တွေ အနေနဲ့ အသစ် ရောက်ရှိ လာပြီး လက်ရှိ ပြေးဆွဲ ပေးနေတဲ့ YBS City Bus ကားသစ် တွေမှာ တပ်ဆင် ထားတဲ့ ထိုင်ခုံ အပြာ ရောင်တွေ အများကြီး အထဲကမှ ကားရဲ့ ဘယ်ဘက်ခြမ်းမှာ ပါတဲ့ ထိုင်ခုံ လိမ္မော်ရောင် လေးတွေကို မြင်မိ ကြမယ် ထင်ပါတယ်။

အဲ့ဒီထိုင်ခုံ လိမ္မော်ရောင် လေးတွေက ( သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင် နှင့် ရဟန်း သံဃာတော် ) တို့ စီးဖို့ သီးသန့် သတ်မှတ် ပေးထားတဲ့ ခုံလေးတွေ ဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ထိုင်နေတဲ့ ခရီးသည် တွေဟာ အထက်ပါ ပုဂ္ဂိလ်များ ကားပေါ် တတ်လာရင် မိမိထိုင်နေတဲ့ နေရာကနေ ထပေး ရမယ် ဆိုတဲ့ အသိလေး ရှိဖို့ လိုအပ် ပါတယ် ။

တချို့ ခရီးသည် တွေက ကားပေါ် တက်လာတဲ့ အခါ ထိုင်ခုံ အပြာရောင် လေးတွေ နေရာလွတ်နေ တာတောင် ထိုင်ခုံ လိမ္မော်ရောင် မှာ သွားထိုင် ကြတာတွေ့နေ ရလို့ပါ ။

ထိုင်တာကို အပြစ်မပြော လိုပါ ကိုယ်က လိမ္မော်ရောင် ခုံလေးတွေမှာ ထိုင်မယ် ဆိုင်ရင် (သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင် နှင့် ရဟန်း သံဃာတော်) တွေထဲက တစ်စုံ တစ်ဦး ကားပေါ် တတ်လာရင် ကိုယ့် အသိစိတ်နဲ့ ကိုယ် ထပေးဖို့ လိုပါတယ် ။

သူများပြောမှ ထပေးရတာ လူကြီး လူကောင်းတွေ အတွက် ရှက်စရာပါ ။ မထပေးသောသူတွေ ရှက်တတ်ကြပါ ။

လိမ္မော်ရောင် ခုံလေးတွေက အလှ တပ်ဆင် ထားခြင်းမဟုတ်ပါ၊ သူမှာ အဓိပ္ပါယ် သတ်မှတ်ချက် ရှိနေပါတယ်။

ကိုယ်က သွားရမယ့် ခရီးဝေးတယ် ဆိုရင် ကားချောင်းတဲ့ အခါထဲက ထိုင်ခုံ အပြာရောင် လေး တွေကိုဘဲ ရွေးထိုင်ကြဖို့ အကြံပြုပေးချင်တာပါ ။

ထိုင်ခုံ လိမ္မော်ရောင်လေးတွေရဲ့ ဘေးဘက်မှာလည်း ပုံလေးနဲ့ စာကပ် ထားပါတယ် ။ တချို့တွေက ရဟန်းသံဃာ အတွက်ဘဲ ထားတယ်လို့ ထင်ပြီး ရဟန်း သံဃာတွေ လာမှ နေရာ ထပေး တတ်ကြပါတယ်။

အဲ့ဒါမဟုတ်ပါ သက်ကြီး ရွယ်အိုး ၊ မသန်စွမ်း ၊ ကိုယ်ဝန်ဆောင် မိခင်တွေ ကားပေါ် တက်လာရင်လည်း ထိုင်ခုံ လိမ္မော်ရောင်လေးမှာ ထိုင်နေတဲ့ ခရီးသည် များက ကိုယ်ရဲ့ အသိစိတ်ဓာတ်လေးနဲ့ ထိုင်နေရာမှ ထပေးဖို့ တာဝန်ရှိ ပါတယ် ။

ဒါက နိုင်ငံတကာ သတ်မှတ်ချက်ပါ ။ ထိုင်ခုံ လိမ္မော်ရောင် လေးတွေက ထိုင်ခုံ အပြာရောင်တွေ ကြားမှ အလှ တပ်ဆင် ထားခြင်း မဟုတ်ပါ။ ‎

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2017/06/on-ybs-city-bus-orange-chair-about.html

Read More »

Thursday, May 04, 2017

AAC အဖွဲ့ အထူးသတင်း ထုတ်ပြန်ချက် 3/5/2017




မြန်မာ လုပ်သား ဒုက္ခသည် များကို စောင့်ရှောက် ထားတဲ့ AAC ရုံးခန်းအား သံအရာရှိ ဦးမိုးအောင်ခိုင်ရဲ့ တိုင်ကြား မှု့ကြောင့် ထိုင်း ကျဟာငန်း ဌာနမှ ဝင်ရောက် စစ်ဆေးရန် ဓါတ်ပုံ လာရိုတ် ကြောင်း AAC ရုံးမှာ အခက် အခဲဖြစ် သူတွေကို လက်တွေ့ စောင့်ရှောက် ကျွေးမွေး ထားတဲ့ အကြောင်း AAC ကိုရဲမင်း
မှ မြန်မာ နိုင်ငံတော် အစိုးရ အုပ်ချုပ် သူများနှင့် မြန်မာနိင်ငံ အစိုးရ အလုပ် သမား ဝန်ကြီး ဌာန တာဝန်ရှိ သူများ သိရှိစေ နိင်ရန် တင်ပြထားသော VIDEO ...

ကျဟာငန်း ဆိုတာ အလုပ် အကိုင် ရှာဖွေ ခန့်ထားရေး ဌာနပါ။

AAC မဟာမိတ် အဖွဲ့ ထိုင်း အခြေစိုက် (မြန်မာ အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ် အဖွဲ့)


From : Ye Min

Originally published at - =source=

Read More »

Monday, April 24, 2017

နာမည်ကြီးနေတဲ့ လွှတ်တော် အမတ် ပြည်သူကို ပါးရိုက်ရတဲ့ အကြောင်းရင်း




လိုင်းပေါ်မှာ လွှတ်တော် အမတ် ပါးရိုက်တဲ့ ကိစ္စကို ဖွတ်တွေက အခွင့်ကောင်း ယူပြီး ပြောနေ ကြတာ ဘာမှ ဘုမသိ ဘမသိ တနင်္သာရီ တိုင်း စကား ဘာမှ မနာမလည်ဘဲ ဆရာကြီး တွေ လိုလို ဘာလိုလိုနဲ့ ajပြာနေ ကြတာ မြင်လို့ ထပြော လိုက်တာ။

ပါးရိုက်ခံ ရတဲ့ ကောင် ဒီရွှာသားလဲ မဟုတ်သလို ရိုးရိုး သာမန် အရပ်သားလဲ လုံးဝ မဟုတ်ပါဘူး။

အဲဒီ ပါးရိုက်ခံရတဲ့ ( ထွန်းလှ ) ဆိုသူက ၂၀၁၂ တုန်းက nld ပါတီဝင်ပဲ ၂၀၁၃ မှာ ဘာသာရေး ကိစ္စပြဿနာဖြစ်အောင် ဖန်တီးလို့ ပါတီက ဖြေရှင်းဖို့ ခေါ်တော့ လာမရှင်းပဲ ထွက်သွားတယ်၂၀၁၅ မှာလည်း USDP အောင်နိုင်ရေး အတွက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

အခုလဲ တံခါးကွင်းကိစ္စမှာ စာချုပ်ပါအတိုင်း သစ်မဟုတ်ဘဲ့ အပေါစား သစ်တွေသုံးပြီး ဆောက်ထားတာကို တာဝန်ရှိလွှတ်တော် အမတ်ကို ရွှာခံတွေက တိုင်ခဲ့ပါတယ်။

ဆောက်လုပ်ရေး လက်သမားကို ခေါ်ရှင်းနေချိန်မှာ သူကကြားကနေ သစ်သူခိုးတွေနဲ့ အလိုတူအလိုပါ ပြောတဲ့ အပြင် ဒါကိုပြန်ပြောတဲ့ မိန်းကလေး တစ်ယောက်ကို လူပုံအလယ်မှာ ပုဆိုးကိုင်ပြီး ( လှန်ပြ ) တော့ nld လွှတ်တော်အမတ် ကိုရဲ့မြင့်ဆွေ က နရင်းထအုပ် ပေးလိုက်တာပါ။



အခု နရင်းအုပ်တဲ့ လွှတ်တော်အမတ်က ( လူမှန် ) တနင်္သာရီတိုင်း ၀န်ကြီးချုပ် ခရိုနီတွေ လုပ်တဲ့ အိမ်ရာ ဖွင့်ပွဲ ဖဲးကြိုးဖြတ်တဲ့ ပွဲတက်တာ စီလုံးဌါး လေယာဉ်နဲ့ သွားတာကို ပေါ်တင်ဝေဖန်တဲ့ အမတ်ပါ။

အခုပါးရိုက်ခံထိတဲ့ ကောင်က nld သစ္စာဖောက် လောက်အောင် လက်ရှိကြံဖွတ် သစ်သူခိုးတွေနဲ့ ပေါင်းပြီး ရွှာသားမဟုတ်ဘဲ့ စောက်လူပေါင်း လာဝလို့ နရင်း အုပ်ခံရတာ ( နည်းတောင် နည်းသေးတယ်)

အဲဒီအကို သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ် သူဘက်မှာ ဘယ်ကောင်မှမရှိချင်နေ ကျုပ် ရှိတယ် အခုကိစ္စ လူအရှေ့မှာ မိန်းမတစ်ယောက်ကို ( ပုဆိုးလှန်ပြ )တဲ့ ကောင်ကို နရင်းမအုပ်လို့ ထိုင်ရှိခိုးရမှာလား ပြောစမ်း။

From : sunthit by: ဧပရယ်မောင်မောင်

Originally published at - http://www.sunthit.com

Read More »

စီနီယာက ဂျူနီယာကို ညှင်းပန်းနှိပ်စက် အနိုင်ကျင့် မှုကြောင့် ဗိုလ်လောင်း တစ်ယောက် ကြွေလွင့် သွားခဲ့ပြန်




မိသားစုကို အကြောင်း ကြားတော့ ယုံတောင် မယုံ ကြပါဘူး။ အလောင်း မြင်မှပဲ အံ့သြပြီး ငိုကြ ရတဲ့ အဖြစ်ပါ။ ကျောင်းအုပ် က အစာ အဆိပ် သင့်လို့ သေတာ ဆိုပြီး လိမ်ပေမယ့် သတင်း မှန်က မိသားစု ဆီသို့ ရောက်လာပြီး ပါပြီ။

ဒါဟာ လူသတ်မှု လူကို သေစေအောင် ကိုယ်ထိ လက်ရောက် နှိပ်စက် မှုပါ။ အထက်က တာဝန်ရှိ သူတွေက ယခုလို ဖုံးပေး ဖာပေးလေ စီနီယာ တွေက ဂျူနီယာ တွေကို လူမဆန်စွာ ညှင်းပန်း နှိပ်စက်တဲ့ အနိုင်ကျင့် မှုတွေ ဘယ်တော့မှ ပျောက်မှာ မဟုတ်ပဲ တပ်မတော်ရဲ့ စစ်တက္ကသိုလ် တွေမှာ ဗိုလ်လောင်း လူငယ်တွေရဲ့ အသက်တွေ ခုလိုပဲ နှစ်စဉ် ကြွေလွင့် နေရအုံးမည် ဖြစ်ပါတယ်။

တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံက ဥပဒေကို မျက်ကွယ်ပြု နေတာများ လားဟုတောင် ထင်ရ ပါတယ်။ ဘယ်သူ ထိုးတယ် ဆိုတာလဲ သိတယ် ဘယ်သူတွေ တွေ့တယ် ဆိုတာလဲ သိတယ် အဲဒါကို ဘာလို့များ လူကြီးတွေ ကိုယ်တိုင်က လိုက်ပြီး ဖုံးနေ ရတာလဲ။ တပ်ထဲကို ထည့်လိုက်တာ အမိ နိုင်ငံကို ကာကွယ် ဖို့ပါ။

အခုက တပ်သား အချင်းချင်း ကြီးနိုင် ငယ်ညှင်းဆဲ လုပ်နေ ရတာလဲ။ လုပ်တဲ့ သူကော ဖုံးတဲ့ သူကော နာမည်နဲ့ ကိုယ်ပိုင် နံပါတ်တွေပါ သိပါတယ်။

မရေးသေး ပါဘူး တရားကို နတ်စောင့် တယ်တဲ့။ ကျွန်မ မောင်လေးမှ ဒီလို အဖြစ်မျိုးနဲ့ ကြုံရတယ်။ သတ်ဆိုင် လူကြီးတွေရယ် ဒီအတိုင်းပဲ ကြည့်နေ တော့မှလား။ fri များ အများ သိအောင် share ပေးခြင်းဖြင့် ကူညီပေးကြ ပါရန် မေတ္တာ ရပ်ခံ ပါတယ်။



အရင်းအမြစ်: Wai Wai FB

Credit to MCNews

From : sunthit

Originally published at - http://www.sunthit.com

Read More »

Wednesday, April 19, 2017

ကချင်နှင့် စစ်ကိုင်းအထက် မိုးကြီးပြီး မြေပြိုနိုင်ဟု ဦးထွန်းလွင် သတိပေး




ကချင် ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက် ပိုင်းမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမယ်။ မြေပြို နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က သတိပေး လိုက်ပါတယ်။

အခုက စပြီး နောက် ၃၆ နာရီ အတွင်း အဲဒီ ဖြစ်စဉ်တွေ ဖြစ်ပွား နိုင်တာ ဖြစ်တယ်။ မြန်မာပြည် မြောက်ပိုင်းမှာ လေဖိအားနည်း ချိုင့်ဝှမ်း ဖြတ်သန်းတဲ့ အတွက် မိုးကြီး မယ်လည်း ဦးထွန်းလွင်က သူ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ပါတယ်။

“မိုး အရှိန်ကြောင့် မြေပြိုခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ တောင်ကျ ချောင်းရေ ကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင် ပါတယ်။ မိုးနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုး ပစ်ခြင်း၊ မိုးသီးကြွေခြင်း တို့ပါ ဖြစ်ပေါ်နိုင် သဖြင့် ဒေသခံများ အနေဖြင့် သတိပြု နေထိုင်ကြရန် နှိုးဆော် အပ်ပါတယ်။

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ များလည်း မြင့်တက် လာနိုင်သဖြင့် မြစ်ကြီးများ သာမက မြစ်အငယ်နှင့် ချောင်းများ အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနေဖြင့် ရုတ်တရက် ရေများမြင့်တက် လာမှုကို သတိပြုနေထိုင် ကြပါရန် နှိုးဆော် အပ်ပါတယ်။”

မိုးလေ၀သဌာနရဲ့ ဧပြီ တတိယ ၁၀ ရက်ပတ် ထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် မိုးပိုရွာနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201942

Read More »

Monday, April 17, 2017

မုန်တိုင်းကြောင့် ထိခိုက်မှုများကို ကုလသမဂ္ဂ စစ်တမ်းကောက်




မြန်မာ နိုင်ငံ၊ ရခိုင်ပြည်ကို ဖြတ်ကျော် ဝင်ရောက် ခဲ့တဲ့ မာရသာ မုန်တိုင်းကြောင့် ထိခိုက် တာတွေကို ကုလ သမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က စစ်တမ်း ကောက်ယူ နေပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဟာ ဧပြီ ၁၆ ရက်ညမှာ သံတွဲမြို့အနီး ဖြတ်ကျော်ခဲ့တာကြာင့် ထိခိုက်တာတွေရှိရင် အွန်လိုင်းက ဖြေဆိုပေးဖို့ သူတို့က တောင်းဆိုပါတယ်။

စစ်တမ်းထဲမှာ အိမ်အခြေအနေ၊ မိသားစုတွေ အခြေအနေ၊ တိရစ္ဆာန်တွေ အခြေအနေ၊ စိုက်ပျိုးမြေ၊ ငါးဖမ်းလှေ၊ ကိရိယာတွေ အခြေအနေအနေတွေကို မေးမြန်းထားပါတယ်။ ပြီးတော့ သွားလာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရေနဲ့ စားနပ်ရိက္ခာ အခြေအနေကိုလည်း ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီစစ်တမ်းကြောင့် ကယ်ဆယ်ရေးတွေ ကွင်းမဆင်းမခင်မှာ လိုအပ်ချက်တွေကို စောစောစီးစီးနဲ့ အမြန်ဆုံး သိနိုင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ဟာ ကုလသမဂ္ဂရဲ့ ထောက်ပံ့ကူညီရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကို သတင်း အချက် အလက်တွေ ပေး တာလည်း ဖြစ်ပါတယ်။

အွန်လိုင်းက စစ်တမ်းကို ဖြေဆိုမယ် ဆိုရင်တော့ https://www.surveymonkey.com/r/YQPLC8P ကနေ ဖြေဆိုနိုင်ပါတယ်။

Video From : ဒီဗွီဘီ by ပိုင်စိုး

Video Originally published at - http://burmese.dvb.no/archives/201546

Read More »

Sunday, April 16, 2017

လူ ကယ် ပြန် ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်




သဘာဝ ဘေး အန္တရာယ် ကျရောက် ပါက ဖုန်းနံပါတ် ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ ကို အချိန် မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင် ပါကြောင်း အပါ အဝင် ဆိုင်ကလုန်း မုန်တိုင်း ”မာရုသာ”(Maarutha) အခြေ အနေနှင့် ကြိုတင် ပြင်ဆင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး ဌာနက အောက်ပါ အတိုင်း သတိပေးချက် ထုတ်ပြန် ထားသည်။

- ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၀၅:၃၀) နာရီအချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ် အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော အား ကောင်းသော မုန်တိုင်းငယ်သည် မြောက် - အရှေ့ မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ ပိုမို အားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း”မာရုသာ”(Maarutha) အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့၏ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၁၉၅)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၂၃၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေ အနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေ အနေ ဖြစ်၍ လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ကြောင်း၊ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် (၁၆-၄-၂၀၁၇) ရက်နေ့ နံနက်မှ နောက် (၃၆) နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း ရပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက် နှုန်း မှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါကြောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင် ပါကြောင်း သိရှိ ရပါသည်။



- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန အနေဖြင့်လည်း မုန်တိုင်းငယ် အခြေအနေကို စဉ်ဆက် မပြတ် စောင့်ကြည့် လေ့လာ၍ အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင် ထားရှိပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူများ အနေဖြင့် လွန်စွာ စိုးရိမ်ကြောင့်ကျမှု မဖြစ်ပါရန်နှင့် အောက်ဖော်ပြပါ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်-

(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

( ခ ) လှေများ၊ အသက်ကယ်ဘောကွင်းများ၊ Life Jacket များနှင့် ရေလုံသော ပလပ်စတစ်ပုံးများဆောင်ထားပါ။

( ဂ ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသော အဆောက်အဦး၊ အမိုးအကာအောက်တွင် နေထိုင်ပါ။

(ဃ) မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါ တစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်း သိရှိ ရသဖြင့် ကမ်းခြေများတွင် ရောက်ရှိ အပန်းဖြေနေ သူများသတိပြု နေထိုင်ပါ။

( င ) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။

( စ ) တောင်ကျချောင်းများတွင် ရုတ်တရက် လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီးနေထိုင်သူများ၊ အပန်းဖြေ ရောက်ရှိနေ သူများ အထူး သတိထား နေထိုင်ပါ။

(ဆ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြု သွားလာပါ။

( ဇ ) မုန်တိုင်းသတိပေးချက်ရရှိပါက မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။

- ပြည်သူများအနေဖြင့် မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ် ဆောင်ရွက် မှုများ အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ် ထားရှိသည့် Call Centre ဖုန်းများ ဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇) တို့သို့ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews?fref=nf

Read More »

Friday, April 14, 2017

မဟာ သင်္ကြန် ပွဲတော်ကာလ ကျန်းမာရေး နှိုးဆော်ချက်




နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော် ကာလ အတွင်း ပြည်သူများ ကျန်းမာ ပျော်ရွှင် နိုင်ရန် အတွက် လေးစားစွာ တိုက်တွန်း နှိုးဆော် အပ်ပါသည်။

(၁) အပူ ဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်ခြင်းများ ဖြစ်ပွား တတ်ပါသဖြင့် အလွန် ပူပြင်းသော နေရောင် အောက်တွင် သွားလာ လှုပ်ရှားမှု များကို သတိပြု ဆင်ခြင်ပါ။

(၂) ခရမ်းလွန် ရောင်ခြည် ဒဏ်မှ ကာကွယ်ရန် အတွက် မိမိ အသားကို နေရောင်နှင့် တိုက်ရိုက် ထိတွေ့မှု မရှိစေရန် ဝတ်စား ဆင်ယင်ပါ။ အန္တရာယ် ကင်းသော နေရောင်ခံ လိမ်းဆေး အသုံးပြုပါ၊ နေကာ မျက်မှန် တပ်ဆင်ပါ။

(၃) မူးယစ် သောက်စား ခြင်းကြောင့် သွေးတိုးခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် ယာဉ် မတော် တဆ ဖြစ်ခြင်းတို့ ကြုံတွေ့ နိုင်ပါ သဖြင့် အရက် သေစာ သောက်စား မှုကို ဆင်ခြင်ပါ။

(၄) မလိုလား အပ်သော ကျန်းမာရေးနှင့် လူမှုရေး နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွား စေရန် မူယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသည့် ဆေးဝါးများ သုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။

(၅) အစာ အဆိပ် သင့်ခြင်းနှင့် ဝမ်းပျက် ဝမ်းလျှော ရောဂါများကို ကြိုတင် ကာကွယ်ရန် စားသောက် ဖွယ်ရာ လှူဒါန်း သူများ သည် အစား အစာ များကို သန့်ရှင်း စင်ကြယ်စွာ ချက်ပြုတ် ပြင်ဆင်ပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/04/blog-post_91.html

Read More »

ခရမ်းလွန် ရောင်ခြည် အန္တရာယ် သတိပေး နှိုးဆော်ချက်




ခရမ်းလွန် ရောင်ခြည် လတ်တလော ထိတွေ့ မှုကြောင့် နေလောင်ခြင်း၊ အသား အရောင် ညိုမည်း လာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှု ကာလ ကြာသော အခါ မျက်စိ တိမ်စွဲခြင်း၊ အရေပြားများ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း၊ ခုခံအား ကျဆင်းခြင်း၊ အရေပြား ကင်ဆာ ဖြစ်ခြင်း စသည့် ဆိုးကျိုး များကို ဖြစ်ပေါ် စေနိုင် ပါသည်။

ခရမ်းလွန်ရောင်ခြည်သည် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့်အတွင်း မြင့်မားစွာ ကျရောက် နိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်း အချိန် အတွင်း သွားလာ လှုပ်ရှား သူများ၊ သင်္ကြန် ရေကစားသူများ၊ ကလေးငယ် များနှင့် သက်ကြီး ဘိုးဘွား များသည် အောက်ပါ အချက်များကို သတိပြု လိုက်နာ ကြပါရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။

(၁) အလွန်ပူပြင်းသော နေရောင်အောက်တွင် အလုပ် လုပ်ကိုင်ခြင်း၊ သွားလာ လှုပ်ရှားခြင်းနှင့် ခရီးသွားလာခြင်း စသည်တို့ကို တတ်နိုင် သမျှ ရှောင်ကြဉ်ပါ။

(၂) မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ စေရန် မျက်နှာ၊ လည်ပင်း၊ ပခုံးတို့ပါ လုံခြုံသောထီး၊ ဦးထုပ် စသည်တို့ကို ဆောင်းသွားပါ။

(၃) အဝတ် လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံးစသည့် နေရာများကို သနပ်ခါး ထူထူ (သို့မဟုတ်) SPF 15+ ပါဝင်သောနေရောင်ခံ လိမ်းဆေးကို နေရောင်ထဲ မထွက်မှီ (၁၅) မိနစ်ခန့် ကြိုတင် လိမ်းပါ။ နေရောင်ခံ လိမ်းဆေး တစ်ခါ လိမ်းပြီး (၂) နာရီကြာ ပြီးတိုင်း တစ်ခါ ထပ်၍ လိမ်းပေးပါ။

(၄) ခရမ်းလွန် ရောင်ခြည်သည် မျက်စိ ကိုလည်း ထိခိုက်စေနိုင် သဖြင့် ခရမ်း လွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း အထိ အကာ အကွယ် ပေးနိုင်သည့် နေကာ မျက်မှန်ကို တပ်ဆင် သင့်ပါသည်။

(၅) ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင်သော ချည်သား ထူထူပွပွ အဝတ် အထည်များကို ဝတ်ဆင်ပါ။

(၆) ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၏ ဆိုးကျိုးများ ပိုမိုထိခိုက်ခံစားရနိုင်သဖြင့်-
  1. - အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုပါနှင့်။
  2. - ကလေးငယ်များကို အရိပ်ထဲတွင်သာ ကစားစေပါ။
  3. - ကလေးငယ်များအနေဖြင့် အပြင်ထွက်ရန်လိုအပ်ပါက သနပ်ခါး ထူထူ(သို့မဟုတ်)နေရောင်ခံလိမ်းဆေးကို မျက်နှာ၊ လည်ပင်း၊ ပခုံး၊ နောက်ကျော၊ ခြေထောက်နှင့် ခြေဖမိုးများပေါ်သို့ လိမ်းပေးပါ။
  4. ချည်သားထူထူပွပွ အဝတ်အထည်များ ဝတ်ဆင်ပေးပါ။
  5. နေကာမျက်မှန်တပ်ဆင်ပေးပါ။
  6. ဦးထုပ်၊ ထီးဆောင်းပေးပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/04/blog-post_37.html

Read More »

Wednesday, April 05, 2017

ဧရာဝတီမြစ်ရေ မြင့်တက်လာနေ၊ လှေသင်္ဘောများ ဂရုပြု သွားလာရန်သတိပေး




မန္တလေးမြို့၊ သပိတ်ကျင်းမြို့၊ မြင်းမူမြို့နဲ့ စစ်ကိုင်း မြို့တွေမှာ ဧရာဝတီ မြစ်ရေဟာ ၃ ရက် အတွင်း ၂ ပေကနေ ၆ ပေခွဲ အထိ မြင့်တက်ခဲ့လို့ မြစ်ကြောင်းသွား ရေယာဉ်၊ သင်္ဘောတွေ ဂရုပြု သွားလာကြဖို့ မိုးဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

အဲဒီမြို့တွေမှာမြင့်တက်ခဲ့တဲ့ မြစ်ရေကြောင့် နောက် ၁ ရက်ကနေ ၃ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ပခုက္ကူနဲ့ ညောင်ဦးမြို့တို့မှာ ၁ ပေခွဲကနေ ၄ ပေ ခန့်အထိ မြင့်တက်မယ်၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် စတဲ့ မြို့တွေမှာလည်း ၁ ရက်ကနေ ၆ ရက်အတွင်း ၁ ပေကနေ ၂ ပေခွဲလောက်အထိ ရေတက်နိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199570

Read More »

Thursday, March 02, 2017

လိပ်စာကဒ် (သို့) Business card တွေကို သတိထား (မိန်းကလေးများ သိထားရန်)




အမျိုးသမီး တစ်ဦးက ဓာတ်ဆီ ဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ် ၀တ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည် မွန်မွန် မိတ်ဆက်ရင်း ပစ္စည်း ဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

သူမကလဲ သဘောရိုး နဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ် ပြန်တက် လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီ ယောက်ျား ဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး
မောင်းတဲ့ ကားပေါ် တက်သွား ပါတယ်။

ဓာတ်ဆီဆိုင်ထဲ ကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက
 ယောက်ျား က တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာ တာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

အဲဒီ အချိန်မှာပဲ သူမဟာ တအား ခေါင်းကိုက် လာပြီး အသက်ရှူလို့ မရ ဖြစ်လာ ခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်က လာတာ ဖြစ်ကြောင်း သတိ ထား မိလိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကို လက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့ အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ ကားက သူမ ကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

ဒါနဲ့ လူနဲ့ကား စည်ကားရာ ဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထား မိပြီး အကူ အညီ ရလို ရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကို မောင်းပြေး ပါတော့ တယ်။ သူတို့ရန်က လွတ်ခဲ့ ပေမယ့် သူမ ကတော့ မိနစ် တော်တော် ကြာကြာ ခေါင်းမူး ခေါင်းကိုက် ဖြစ် ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။



လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက 'BURUNDANGA' လို့ခေါ်တဲ့ ဆေးကို သုံးတတ် ကြတယ်။



အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မှီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆ ပိုပြင်း ပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်း အစ တစ်ခုကနေ အနံ့ အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊ လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက် ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ် လာနိုင်တာတွေ အများကြီး ရှိပါတယ်။



ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်းတွေကို အပြစ်မဲ့ သူတွေ ရှောင်ရှား နိုင်ကြပါစေ။

From : Credit - ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Originally published at - =source=

Read More »

Sunday, December 04, 2016

မလေးရောက် မြန်မာတွေ သတိထား သွားလာဖို့ မြန်မာသံရုံး သတိပေး




ရခိုင်ပြည်နယ် မောင်တော အရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြ မှုတွေ ထပ်မံ ဖြစ်ပေါ် လာနိုင် တာကြောင့် မလေးရှားရောက် ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ အထူး ဂရုပြု သွားလာ
နေထိုင်ကြဖို့ မလေးရှားနိုင်ငံ မြန်မာ သံရုံးက မနေ့က သတိပေး ချက် ထုတ်ပြန် လိုက်ပါတယ်။

နီးစပ်ရာ မြန်မာနိုင်ငံသားတွေကို လူမှုအဖွဲ့အစည်းတွေကလည်း လိုက်လံသတိပေးထားတယ်လို့ ရွှေ့ပြောင်း အလုပ်သမား လူမှုကူညီရေးအသင်းက ဦးချစ်ကောင်းက
ပြောပါတယ်။

"သံရုံးက အဲဒီကိစ္စနဲ့ ပတ်သက်လို့ အပြင်မထွက်ဖို့ သတိပေးထားပါတယ်၊ တခြားနီးစပ်ရာ နီးစပ်ရာ လူမှုရေးအသိုင်းအ၀န်းတွေကလည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ အသိပေးထားတာတော့ ရှိတာပေါ့ဗျာ ၊ တော်တော်များများကတော့ ၀န်ကြီးချုပ်ကိုယ်တိုင် ဆန္ဒလိုက်ပြမယ်ဆိုတာ သိထားတော့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အလုပ်နဲ့ အိမ်တို့မှာ သတိထားနေထိုင်ကြဖို့ အဲလိုတော့ရှိပါတယ်"

ရခိုင်ပြည်နယ် မောင်တောမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အလားတူ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ် မောင်တောမှာ မွတ်ဆလင်တွေကို သတ်ဖြတ်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က မြန်မာ သံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မနက်ဖြန်လည်း မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး ဆန္ဒပြပွဲတွေ ထပ်မံပြုလုပ်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news


Read More »

Monday, November 14, 2016

စူပါမွန်းကို အကြီးဆုံးနှင့် အနီးဆုံး ယနေ့ မြင်တွေ့ ရမည်




စူပါမွန်းဟု ခေါ်သည့် သာ မန်ထက် ကြီးပြီး ထိန်လင်းနေ သောလကို ယနေ့ ည၌ ကမ္ဘာမြေ မှ မြင်တွေ့ရမည် ဖြစ်သည်။

သည်လိုလမျိုးကို နှစ်ပေါင်း ၆၈ နှစ်ကြာပြီး ချိန်မှ အကြီးဆုံးနှင့် အနီးဆုံး မြင်တွေ့ရ မည်ဖြစ်သည်။ ယခုလို အခွင့်အရေး မျိုးကို နှစ် ပေါင်းများစွာ ကြာမှ တစ်ကြိမ်သာ ကြုံတွေ့ ရမည် ဖြစ်သည်။

ယခုလသည် သာမန်ထက် ပိုကြီးမား သော်လည်း တကယ် တမ်းမှာမူ ကမ္ဘာမြေပြင်ထက် မိုင် ၃၀,၀၀၀ ခန့် အကွာမှ ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက် အမေရိ ကန်အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၅၂ မိနစ် (မြန်မာ စံတော်ချိန် ည ၈ နာရီ ၅၂ မိနစ်ခန့်) အမေရိကန် နိုင်ငံ အရှေ့ဘက်ခြမ်းက အဆိုပါ လသည် ကမ္ဘာနှင့် အနီးဆုံးနှင့် အ ကြီးဆုံး ဖြစ်မည်ဟု နာဆာခေါ် အမေရိကန် အာကာသ အေဂျင်စီ က ထုတ်ပြန် ထားသည်။

စူပါမွန်းကို တနင်္ဂနွေနေ့ ည သို့မဟုတ် တနင်္လာနေ့ ညတွင် မြင်တွေ့ ရမည်ဖြစ်ပြီး တနင်္လာနေ့ ညမှာ အကောင်းဆုံး မြင်ကွင်း ဖြစ်မည်ဟု နာဆာ အကြီး အကဲက ဆို သည်။

‘‘ခင်ဗျားတို့ ညနေ နေစောင်း ရင် ခေါင်းထုတ် ကြည့်လိုက်ကြ၊ မှောင်တာနဲ့ အရောင်တောက်ပြီး လင်းနေတဲ့ လကြီးကို တွေ့လိမ့် မယ်။ ဒီလက နေ၀င်ချိန်မှာ မြင်ရ တဲ့ နေလုံးကြီးနဲ့ တူလိမ့်မယ်’’ဟု နာဆာမှ သိပ္ပံပညာရှင် နိုရာပတ် ထရိုက ပြောသည်။

Source : IBTimes

ဓာတ်ပုံ-NGC

From : 7 day daily

Originally published at - http://www.7daydaily.com/story/80804

Read More »

Friday, November 04, 2016

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ်ဖြစ်လာ၍ ကမ်းရိုးတန်း ဒေသများ လေပြင်း အန္တရာယ် သတိပြုရန်လို




ဘင်္ဂလား ပင်လယ်အော် ရှိ လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ်သို့ အား ကောင်း လာသဖြင့် မြန်မာ့ ကမ်းရိုး တန်း ဒေသများ လေပြင်း အန္တရာယ် သတိပြု ကြရန် မိုးဇလဌာနက သ တင်း ထုတ်ပြန် ထားသည်။

ဘင်္ဂလား ပင်လယ်အော် တွင် အောက်တိုဘာ ၃၁ ရက်က စတင်ကာ လေဖိအားနည်းရပ်ဝန်း တစ်ခု ထပ်မံဖြစ်ပေါ်လာပြီး နိုဝင် ဘာ ၃ ရက် နေ့လယ်တွင် မုန်တိုင်း ငယ်အဆင့်အထိ အားကောင်း လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကမ်း ရိုးတန်းဒေသများတွင် တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်အထိ တိုက် ခတ်ကာ မိုးသက်လေပြင်းအန္တ ရာယ် သတိပြုရန် သတင်းထုတ် ပြန် ထားခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ ရက် ခန့်မှန်း ချက်များအရ ယင်းမုန်တိုင်းငယ် သည် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်း အနီး ပင်လယ်ပြင်ကို ဗဟိုပြုနေ သော်လည်း ယင်းနေ့မှ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိ မည်ဟု ခန့်မှန်းထားကြောင်း သ တင်းထုတ်ပြန်ထားသည်။

From : 7 day daily - By : အောင်သစ်လွင်

Originally published at - http://www.7daydaily.com/story/79931


Read More »

Sunday, October 30, 2016

ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ပုံစံ (၁၅) ကို သံရုံးများမှ နိုဝင်ဘာ ၁ ရက်တွင် စတင် တောင်းယူနိုင်




ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်ပရောက် မဲဆန္ဒ ရှင်များ ကြိုတင်မဲ ပေးနိုင်ရန် ပုံစံ (၁၅) ကို သက်ဆိုင်ရာ သံရုံးများမှ နိုဝင်ဘာ ၁ ရက်၌ စတင် တောင်းယူ နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်း ရရှိသည်။

ထို့ပြင် သက်ဆိုင်ရာ သံရုံး ဝက်ဘ်ဆိုက်များနှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တို့မှလည်း ပုံစံ(၁၅)ကို ဒေါင်းလုတ်ဆွဲနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

‘‘ပုံစံ(၁၅) ဖြည့်ပြီးရင် သက် ဆိုင်ရာ သံရုံးတွေကို ပြန်ပို့ရပါ မယ်’’ဟု ကော်မရှင်အတွင်းရေး မှူး ဦးတင်ထွန်းက သတိပေး သည်။

သံရုံးများသို့ ပြန်လည်ပေးပို့ ရမည့်ရက်ကို နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၅ ရက်အထိ ကော်မရှင်က သတ်မှတ်ထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက်မဲဆန္ဒရှင်အများအပြားမဲ ပေးခွင့်မရရှိသောကြောင့် ကော် မရှင်အနေဖြင့် ဝေဖန်မှုများနှင့်ရင် ဆိုင်ခဲ့ရသည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ထိုသို့မဖြစ်အောင် သက်ဆိုင်ရာသံရုံးများသို့ လုပ်ငန်း လမ်းညွှန်များပေးပို့ထားသည်ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီ ၁ ရက်တွင် မဲဆန္ဒနယ် ၁၉ ခု၌ ပြုလုပ်မည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာပြည်သူ့လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အ တွက် သုံးနေရာ၊ ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်အတွက် ခုနစ်နေရာတို့ဖြစ်သည်။

ပြည်သူ့လွှတ်တော်လစ်လပ် မဲဆန္ဒနယ်များသည် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အ ရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူးမြို့နယ်တို့ဖြစ်ပြီး ကျေးသီး နှင့် မိုင်းရှူးမဲဆန္ဒနယ်တို့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်က နယ်မြေအခြေအနေ အရ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် မဲဆန္ဒနယ်များဖြစ်သည်။

အမျိုးသားလွှတ်တော်လစ် လပ်မဲဆန္ဒနယ်သုံးခုတွင် ချင်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်အမှတ်(၃)(ထန်တလန်မြို့ နယ်)၊ ပဲခူးတိုင်းဒေသကြီးအမျိုး သားလွှတ်တော်မဲဆန္ဒနယ်အ မှတ်(၄) (ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်)၊ ရန်ကုန် တိုင်းဒေသကြီးအမျိုးသားလွှတ် တော်မဲဆန္ဒနယ် အမှတ်(၆)(ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ် ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံမြို့နယ်)တို့ ပါဝင်သည်။

လစ်လပ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်များတွင် ဖရူဆို မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)၊ ကျေးသီးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)နှင့် (၂)၊ မိုင်းရှူး မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့် (၂)၊ ညောင်ရွှေအမှတ်(၁)မဲဆန္ဒ နယ်တို့ဖြစ်သည်။

From : 7 day daily - By : နန္ဒ

Originally published at - http://www.7daydaily.com/story/79473

Read More »

Monday, September 26, 2016

စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် မြို့၁၀ မြို့မှာ ငလျင်အန္တရာယ် သတိထားဖို့ ထုတ်ပြန်




ရန်ကုန်နဲ့ မန္တလေးမြို့ဟာ စစ်ကိုင်း ပြတ်ရွေ့ကြော အနီးမှာ ရှိနေပြီး အထပ်မြင့် အဆောက် အဦးတွေ များတဲ့ အတွက် ငလျင် အန္တရာယ် ပိုမို သတိထား ဖို့နဲ့ အထပ်မြင့် အဆောက် အဦးတွေကို ငလျင်ဒဏ် ခံနိုင်ရည် ရှိ မရှိ ဆန်းစစ် ဖို့ မြန်မာနိုင်ငံ ငလျင် ကော်မတီက မနေ့က သတိပေး ထုတ်ပြန် လိုက်ပါတယ်။

ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာ လူနေ ထူထပ် တာကြောင့် အထပ်မြင့် အဆောက်ဦး တွေကို ငလျင်ဒဏ် ခံနိုင်မှု ရှိမရှိ ဆန်းစစ် သင့်တယ်လို့ မြန်မာနိုင်ငံ ငလျင် ကော်မတီ အတွင်းရေးမှုး ဒေါက်တာ မျိုးသန့်က ပြောပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အဆောက် အဦးတွေက ငလျင်ဒဏ် ဆိုတဲ့ ဟာကို ထည့်သွင်း စဉ်းစားပြီး ဆောက် လုပ်တာ တော်တော် နည်းမယ်လို့ ထင်တယ်။

ရန်ကုန်ရော မန္တလေးရောမှာရှိတဲ့ အဆောက်ဦး တော်တော် များများဟာ ငလျင်လှုပ် ခဲ့မယ်ဆိုရင် ဒဏ်ခံ ရနိုင်တာ ရာခိုင်နှုန်း တော်တော်များ ပါတယ်။ မြို့ကြီးတွေပေါ့ ၊ အထူး သဖြင့် ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေ အနေနဲ့ ရှိနေတဲ့ အဆောက်ဦး တွေကို ငလျင်ဒဏ် ခံနိုင်မှု ရှိမရှိ အသေးစိတ်ပေါ့ စစ်ဆေးမှုတွေ မလုပ်နိုင်တောင် မှပဲ မြန်မြန် ဆန်ဆန် လေ့လာနိုင်တဲ့ နည်းပညာတွေ သုံးပြီး လေ့လာလို့ ရပါတယ်။" လို့ ဒေါက်တာ မျိုးသန့် က ပြောတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကပြတ်ရွေ့ကြောတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာ ဘေးတိုက်ပြတ်ရွေ့ဖြစ်ပြီး ငလျင် လှုပ်ရင် အထက်အောက် လှုပ်ရှား မှုထက် ဘေးတိုက် လှုပ်ရှားမှုတွေကို ပိုခံစားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်မှာရှိတဲ့ မြစ်ကြီးနား ၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးစတဲ့မြို့တွေဟာလည်း ငလျင်ဒဏ်ခံရဖွယ်ရှိတယ်လို့ ဒေါက်တာ မျိုးသန့်က ပြောပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်း စတဲ့အဆောက်အဦးတွေကို အသေးစိတ်လေ့လာဆန်းစစ်ပြီး ငလျင်ဒဏ်ခံနိုင်မှုမရှိတာတွေ့ရင် ပြန်လည်ပြင်ဆင် သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီက ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနဲ့ ဘေးကင်းလုံခြုံတဲ့ ဆောက်လုပ်မှု ဆိုင်ရာ အလေ့အကျင့်များဆိုတဲ့ ခေါင်းစဉ်နဲ့ အသိပညာပေး ဟောပြောပွဲတွေ ကျင်းပနေပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news


Read More »