နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အာကာသ-သတင်း. Show all posts
Showing posts with label အာကာသ-သတင်း. Show all posts

Saturday, May 13, 2017

အာကာသယာဉ်မှူး ခေါင်းစွပ် ကင်မရာမှ ရိုက်ထားသည့် ဗွီဒီယိုဖိုင် ဖြန့်ချိ




အာကာသ ယာဉ်မှူးရဲ့ ခေါင်းစွပ်မှာ တပ်ထားတဲ့ ကင်မရာ ကနေ ရိုက်ထားတဲ့ ဗွီဒီယို ဖိုင်ကို နာဆာက ထုတ်လွှင့် လိုက်ပါတယ်။

အဲဒီ ဗွီဒီယိုဟာ မတ် ၂၀ ရက်နေ့မှာ နိုင်ငံတကာ အာကာသ စခန်းက အရာရှိ နှစ်ဦး အပြင်ထွက်ပြီး စစ်ဆေး ပြုပြင်မှု လုပ်တဲ့ အချိန်မှာ ရိုက်ထားတဲ့ အာကာသ မြင်ကွင်းတွေ ဖြစ်ပါတယ်။

အဲဒီ အရာရှိ ၂ ဦး ထဲက ၁ ဦးဟာ အာကာသ ထဲမှာ ၁၇၃ ရက်နေခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာ ကမ္ဘာပေါ် ပြန်လာ ခဲ့တာပါ။

နောက် ၁ ဦးကတော့ အာကာသ စခန်းမှာ စက်တင်ဘာ အထိ တာဝန် ထမ်းဆောင် မယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ ဧပြီ ၂၄ ရက် အာကာသ စခန်းမှာ ကျန်နေခဲ့တဲ့ အမျိုးသမီး အရာရှိ Peggy Whitson ဟာ အာကာသထဲ ရက်အကြာဆုံး နေထိုင်သူ အဖြစ် ကမ္ဘာ့စံချိန် ချိုးနိုင် ခဲ့ပါတယ်။

အရင် စံချိန်ချိုး ခဲ့တဲ့ နာဆာ အရာရှိက အာကာသ ထဲမှာ ၅၃၄ ရက်နဲ့ ၂ နာ၇ီ ၄၈ မိနစ်နေခဲ့ တာလို့ သိရပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/206351

Read More »

Friday, May 05, 2017

လာမည့် နှစ် ၁၀၀ အတွင်း ကမ္ဘာမြေက ထွက်ခွာသင့်ကြောင်း စတီဖင် ဟော့ကင်း သတိပေး




လန်ဒန်၊ မေ ၎

ကမ္ဘာမြေ ပေါ်တွင် လက်ရှိ နေထိုင် နေကြသည့် လူသားများ မျိုးမသုဉ်း ချင်လျှင် လာမည့် နှစ် ၁၀၀ အတွင်း ကမ္ဘာမြေကြီးကို စွန့်ခွာ သွားသင့်ကြောင့် ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်းက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။

ထင်ရှားသည့် သီအိုရီ ရူပဗေဒ ပညာရှင် ဟော့ကင်းက ကမ္ဘာမြေပေါ်တွင် နေထိုင်လျက် ရှိကြသော လူသားများ အနေနှင့် သဘာဝဘေး ဒဏ်များ ဖြစ်သည့် ကောင်းကင်ပေါ်မှ ကျလာသော ဂြိုဟ်ပဲ့ ကြီးများဒဏ်၊ ကူးစက်ရောဂါ များကြောင့် သေဆုံး ရမည့်ဒဏ်၊ လူဦးရေ အဆမတန် သိပ်သည်းလာခြင်းနှင့် ရာသီဥတု ပြောင်းလဲ လာခြင်း များကြောင့် မျိုးသုဉ်း ပျောက်ကွယ် သွားမည် ဖြစ်သောကြောင့် ကြိုတင် ပြင်ဆင် ထားရန် သတိပေးခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လာမည့် ရာစုသစ်တစ်ခု ကာလတွင် ကမ္ဘာမြေကြီးသည် နေထိုင်ချင်စရာ မကောင်းသည့် အနေအထားသို့ ရောက်လာနိုင်သဖြင့် ဟော့ကင်းက လူသားတို့ နေထိုင်နိုင်မည့် အခြားသော ဂြိုဟ်သစ် တစ်လုံးကို ရှာဖွေကာ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေး ထားပြီး ဖြစ်သည်။

ဇွန်လတွင် ဘီဘီစီရုပ်သံက ထုတ်လွှင့်မည့် အနာဂတ်ကမ္ဘာဆိုသော ကဏ္ဍ၌ ပါမောက္ခ ဟော့ကင်းသည် မှတ်တမ်းအစီအစဉ်သစ်တစ်ခု ဖြစ်သော Expedition New Earth ၌ ပါဝင်ပြီး အာကာသထဲတွင် နေရာသစ် ရှာဖွေနေထိုင်ခြင်း အကြောင်းများကို တင်ဆက်မည် ဖြစ်ကြောင်ွး Reuters တွင် ရေးသားထားသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက ဟော့ကင်းသည် လာမည့်နှစ်ပေါင်း ၁၀၀၀ အတွင်း ကမ္ဘာကြီး ပျောက်ကွယ်ပျက်စီးတော့မည့် အကြောင်းကို ကြိုတင် နိမိတ်ဖတ်ထားပြီး လူသားမျိုးဆက်ကို တည်ကျန်နေစေချင်လျှင် အခြားဂြိုဟ်သစ်တစ်ခုကို ရှာဖွေပြီး သွားနေရန်မှတစ်ပါး အခြားနည်းလမ်း မရှိကြောင်း ပြောပြထားပြီး ဖြစ်သည်။

ဟော့ကင်းက တစ်နေ့တွင် Big Bang ဟုခေါ်သည့် မဟာစကြဝဠာကြီး ပေါက်ကွဲမှု ဖြစ်လာပြီးနောက် ကြီးမားပြင်းထန်သော ဆွဲအားလှိုင်းကြီးများ ပေါ်ပေါက် လာနိုင်မှုနှင့် ယင်း၏ သက်ရောက် မှုများကိုလည်း သီအိုရီ အရ ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ဟော့ကင်းသည် Virgin ကုမ္ပဏီမှ သူဌေး ရစ်ချတ် ဘရန်ဆန် စီစဉ်ပေးသော အာကာသယာဉ်ဖြင့် အာကာသအတွင်း ခရီးထွက်ရန်အတွက် လေ့ကျင့်ခန်းများ ဆင်းရန် ပြင်ဆင်နေကြောင်း၊ သူ့အနေနှင့် အာကာသအတွင်း နယ်ပယ်သစ် ရှာဖွေရေးကို ကူညီပေးသွားရန် အသင့် ရှိနေကြောင်း ပြောကြားသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/it/8242-lmt

Read More »

Friday, April 28, 2017

GLAXY X9 အမည်​ရှိ ဥက္ကပျံကြီး ကမ္ဘာဆီသို့ ဦးတည်​​ လာ​နေ​ကြောင်း NASA မှ အ​ရေး​ပေါ် ထုတ်​ပြန်




GLAXY X9 အမည်​ရှိ ဥက္ကာပျံကြီး တစ်​လုံးသည်​ ကမ္ဘာ​မြေ ဆီသို့ ဦးတည်​ လာ​နေ​ကြောင်း အ​မေရိကန်​ အာကာသ သိပ္ပံဌာ န NASA မှ ယ​နေ့ သတင်း ထုတ်​ပြန်​ လိုက်​​ကြောင်း Yangon News မှ သတင်းရ ရှိပါသည်​။

အဆိုပါ ဥက္ကာပျံခဲကြီး၏ အချင်းမှာ (16,8546,000) မိုင်​ခန့်​ရှိကာ အာရှတိုက်အကျယ်​အ၀န်းခန့်​ရှိ​ကြောင်းသိရှိရပါ သည်​။

ယင်းဥက္ကာပျံကြီးသည်​ ​​နေစကြ၀ဠာအတွင်းလှည့်​လည်​​နေပြီး အနှစ်​တစ်​​ထောင်​တွင်​ တစ်​ကြိမ်​ကျကမ္ဘာ​အနီးမှ ဖြတ်​သန်းသွားခြင်းဖြစ်​ပါသည်​။

သို့​သော်​ယခု တစ်​ကြိမ်​တွင်​ ယင်းဥက္ကာခဲကြီးမှာ ကမ္ဘာ​မြေနှင့်​ အလွန်​နီးကပ်​စွာ ဖြတ်​သန်း သွားမည်​ဖြစ်​​ကြောင်း အ​မေရိကန်​ NASA ဥက္ကာပျံ စူးစမ်း​ လေ့လာ​ရေး ဌာန (Glaxy and UFO project 1) မှ ပ​ရော်​ဖက်​ဆာ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရ န်​​မေးစ်​က ​ပြောကြား ခဲ့ပါသည်​။

” အားလုံးပဲ ဒီကိစ္စကို အရမ်းသိချင်​​နေကြတာ ကျွန်​​တော်​နားလည်​ပါတယ်​။ ဒီဥက္ကာပျံကြီးကို ကျွန်​​တော်​တို့​လေ့ လာ​နေတာ (၁၀) နှစ်​ရှိပါပြီ။ ဒါကြီးက လွန်​ခဲ့တဲ့အနှစ်​ (၁၀၀၀) ခန့်​တုန်းကလည်း ကမ္ဘာအနီးကဖြတ်​သန်းခဲ့ပါတယ်​လို့ ​ရှေးအီဂျစ်​မှတ်​တမ်း​တွေမှာ​ဖော်​ပြထားပါတယ်​။

အဲ့ဒီတုန်းက အီဂျစ်​ပြည်​မှာ ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေဆက်​တိုက်​ဖြစ်​ပွားခဲ့ပါတယ်​။

အခု ဒါကြီးက ကမ္ဘာဆီကိုတစ်​​ကြော့ပြန်​လာ​နေပါပြီ။ ဒီတစ်​ခါကပိုနီးပါတယ်​။



ကျွန်​​တော်​တို့တွက်​ချက်​ထားရသ​လောက်​​ပြောပြရရင်​…… ဒီဥက္ကာပျံကြီးက အခုကမ္ဘာမြေနဲ့ မိုင်​​ပေါင်း (45,386,000) မိုင်​ အကွာအ​ဝေးကို​ရောက်​ရှိ​နေပြီး တစ်​နာရီကို (9,077,200) မိုင်​အလျင်​နှုန်းနဲ့လာ​နေတာပါ။

ဒီ​နေ့ကစ​ရေတွက်​မယ်​ဆို​နောက်​ ( ၄ ) ရက်​​နေရင်​ ကမ္ဘာ့ အပြင်​ဖက်​ (၀.၈) မိုင်​အကွာ အ​ဝေးကဖြတ်​သန်းမှာပါ။ မ​တော်​တဆ လမ်း​ကြော င်း​ပြောင်းပြီးတိုက်​ရိုက်ကျ​ရောက်​လာရင်​လည်းလာနိုင်​ပါတယ်​။

ဒါက​တော့ ကျွန်​​တော်​တို့ဘုရားသခင်​အလိုကျပါပဲ…” ဟု ဥက္ကာပျံနှင့်​ပက်​သက်​ပြီး NASA မှ မစ္စတာ ​ဒေးဗစ်​ဘရိုင်​ရန်​​မေးစ်​ က​ပြောကြားခဲ့ပါသည်​။

GLAXY X9 ဥက္ကာပျံကြီးဖြတ်​သန်းမည့်​ ဖြစ်​စဉ်​အား (​အော်​ပ​ရေးရှင်း ဘလက်​ဂျက်​) ဟုအမည်​​ပေးထားပြီး အဆိုပါဖြစ်​စဉ်​​ကြောင့်​ ကမ္ဘာ့ဆွဲအားနှင့်​ ဥက္ကာပျံ ကြီး၏ ဆွဲငင်​အားတို့ အပြိုင်​ ဆွဲငင်​ကြမည် ​ဖြစ်​၍ ကမ္ဘာ​တွင်​ အင်​တာနက်​ လိုင်းများ ပြတ်​​တောက်​ခြင်း၊ ​ဂြိုလ်​တုဆက်​သွယ်​​ရေး လိုင်းများ ပြတ်​​တောက်​ခြင်း၊ ဖုန်းလိုင်းများ ပြတ်​​တောက်​ခြင်း၊ ပင်​လယ်​​ရေ မျက်​နှာပြင် ​ရုတ်​တရက်​ မြင့်​တက်​ခြင်း၊ ငလျင်​လှုပ်​ခြင်း၊ မီး​တောင်​များ​ ပေါက်​ကွဲခြင်း၊ ကွန်​ပျူတာ ကွန်​ယက်​စနစ်​များ ပျက်​စီးခြင်း၊ အနုမြူ သို​လှောင်​ရာ​ နေရာများနှင့်​ ဓာတ်​​ပေါင်းဖို ကြီးများ ​ပေါက်​ကွဲမှု ဖြစ်​စဉ်​များဖြစ်​ပွား လိမ့်​မည်​ဖြစ်​​ကြောင်း နာဆာမှ သတင်း ထုတ်​ပြန်​ထားပါသည်​။

ထို့ပြင်​ ယင်းဥက္ကပျံကြီးသည်​ အချိန်​မ​ရွေး လမ်း​ကြောင်း​ပြောင်း လဲကာ ကမ္ဘာ​မြေ ဆီသို့တည့်​ တည့်​ဝင်​​ဆောင့်​ မိနိုင်​​ကြောင်းလည်းသိရှိ ရပါသည်​။



အကယ်​၍ ၀င်​​ဆောင့်​ မိပါက နာရီဝက်​ အတွင်း ကမ္ဘာကြီးမှာ ပျက်​စီး သွားပြီး လူသား မျိုးနွယ်​များနှင့်​ တိရစ္ဆာန်​များမှာ လွန်​ခဲ့​သော နှစ်​​ပေါင်း ( ၁ ) သန်းခန့်​က ဒိုင်​နိုဆောများ ကဲ့သို့ မျိုးတုန်း​ပျောက်​ကွယ် ​သွားမည်​ ဖြစ်​ကြောင်း နာဆာ သု​တေသီ တစ်​ဦးဖြစ်​သူ မစ္စတာ ဂျွန်​ဘစ်​​ရှော့ က​ပြောကြား ထားပါသည်​။

GLAXY X9 ဥက္ကာပျံကြီး လာ​နေသည်​ကို တစ်​ကမ္ဘာလုံးရှိ ဂြိုလ်​တုများ၊ အာကာသကြည့်​ မှန်​​ပြောင်းများ မှ ​စောင့်​ကြ ည့်​​ နေကြပြီး (၃၀.၄.၂၀၁၇) ည သန်း​ခေါင်​ယံ အချိန်​တွင်​ အဆိုပါ ဥက္ကာခဲပျံ ကြီးအား ကမ္ဘာ​အနီးမှ ဖြတ်​သန်း သွားခြင်းအား အနီးကပ်​​ တွေ့မြင် ​ရမည်​ ဖြစ်​​ကြောင်း Yangon News သတင်း ဌာနမှ သတင်း ထောက် ကိုနေမျိုး (ဖားကန့်) သတင်း ရရှိ လာပါ သည်။

သတင်းအရင်းအမြစ်​ : အ​မေရိကန်​ အာကာသ သိပ္ပံဌာန (NASA) 26.4.2017

From : sunthit

Originally published at - http://www.sunthit.com

Read More »

Thursday, April 27, 2017

အင်္ဂါဂြိုဟ်ပေါ် သစ်ပင်တွေ့ဟု လေ့လာသူ တဦးပြော




အင်္ဂါဂြိုဟ် ပေါ်မှာ သစ်ပင် အငုတ် တခု တွေ့လို့ ဒါက တချိန်တုန်းက ဂြိုဟ်နီကြီး လို့ခေါ်တဲ့ အင်္ဂါဂြိုဟ် ပေါ်မှာ သက်ရှိတွေ ရှိခဲ့မယ်လို့ ပန်းကန်ပြားပျံ ဆိုင်ရာ လေ့လာ စူးစမ်း သူတွေက ပြောဆို လိုက်ပါတယ်။

အင်္ဂါဂြိုဟ်ကို စူးစမ်းမှုပြုတဲ့ ကမ္ဘာမြေမှ ထိန်းချုပ်တဲ့ ဂြိုဟ်မျက်နှာပြင်ပေါ် လှည့်လည်သွားလာတဲ့ ယာဉ်ငယ် (Curiosity Rover) က ရိုက်ကူးခဲ့တဲ့ ရုပ်သံထဲမှာ ၃ ပေအမြင့်ရှိ သစ်ငုတ်တို တခုကို ထင်ရှားစွာ တွေ့ရတာပါ။

နာဆာရဲ့ အင်္ဂါဂြိုဟ် သိပ္ပံစမ်းသပ်မှု မစ်ရှင် အထူးတာဝန် အစိတ်အပိုင်းအဖြစ် ကားတစီးအရွယ်အစား စက်ရုပ်ယာဉ်ငယ်ဖြစ်တဲ့ Curiosity Rover ကို အင်္ဂါဂြိုဟ်ထဲက ဂဲလီမီးတောင်ဝဆီ ပို့လွှတ်ပြီး စူးစမ်းလေ့လာစေတာပါ။

သစ်ပင်က ဂြိုဟ်ပေါ်မှာ ရှိတာကို ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက သိရှိခဲ့တာလို့ ဆိုပါတယ်။

ယူကျု့မှာ ဒီရုပ်သံတင်ခဲ့သူက “မြင်ရတဲ့အရာက သေချာပေါက်ကို အဲဒီနေရာက ဖြစ်ပေါ်လာတာ။ ကျနော်အမြင်အရဆိုရင် သစ်ပင်တပင်ရဲ့ အငုတ်တို ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

“ဒီအရာက အမြင့် ၃ ပေလောက် ရှိတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ အပင်နဲ့ သက်ရှိသတ္တဝါတွေ တော်တော်များများ တွေ့ရှိခဲ့တယ်။ ဒါကြောင့် သစ်ပင်အမျိုးအစား တော်တော်များများလည်း ရှိခဲ့တယ်။ ဒါမှမဟုတ် ဒီလျှို့ဝှက်ဆန်းကြယ် ဂြိုဟ်ထဲမှာ သစ်ပင်တွေ ရှိနေဆဲဖြစ်တယ်ဆိုတာက လက်ခံဖို့ ယုတ္တိတန်ကောင်းပါတယ်” လို့ ရုပ်သံတင်သူက ပြောခဲ့တာပါ။

ဒါပေမယ့် ရုပ်သံကို ယူကျု့မှာ မှတ်ချက်ရေးသူတဦးက “ထူးဆန်းတဲ့ ကျောက်ဆောင်တခုပါပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်ဆုံးသတင်းပေးပါ” လို့ ရေးထားပါတယ်။

သရုပ်ဆောင် မက်ဒေမွန် ပါဝင်သရုပ်ဆောင်တဲ့ အင်္ဂါဂြိုဟ်နဲ့ဆိုင်တဲ့ Martian ရုပ်ရှင်ကား ထုတ်လွှင့်ပြသအပြီးမှာ အင်္ဂါဂြိုဟ်ပေါ်မှာ သစ်ပင်တွေ ကြီးထွား ရှင်သန်ကောင်း ရှင်သန်နိုင်တယ်လို့ နာဆာက ပြောလိုက်ပါတယ်။

အဲဒီရုပ်ရှင်ကားထဲမှာ မက်ဒေမွန်က အာကသယာဉ်မှူး မာ့က်ဝက်တနေအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဂြိုဟ်ထဲမှာ ပိတ်မိနေချိန် သူအသက်ရှင်ဖို့အတွက် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခဲ့ရတာပါ။

“Martian ရုပ်ရှင်ထဲမှာ ဇာတ်ကောင် မာက့်ဝက်တနေက ကန့်သတ်ထိန်းချုပ်ထားတဲ့ ဝန်းကျင်နေရာမှာ အင်္ဂါဂြိုဟ်ပေါ်က မြေကြီးကို ယူပြီး အာလူး စိုက်ပျိုးခဲ့ရတာပါ”

“အမှန်တကယ်လည်း အင်္ဂါဂြိုလ်ပေါ်က မြေသားက အာဟာရဓာတ်ရှိပါတယ်။ သစ်ပင်တွေ ဂြိုဟ်ပေါ်မှာ အသက်ရှင်ကောင်း ရှင်နိုင်တယ်”လို့ နာဆာက ပြောပါတယ်။

“ဂြိုဟ်နီကြီးပေါ်မှာ အာကာသယာဉ်မှူးတွေ ဆင်းသက်တဲ့ နေရာပေါ်မူတည်ပြီး မြေသြဇာ မကောင်းခဲ့ရင် ဓာတ်မြေသြဇာတွေ ထည့်ဖို့ လိုမယ်” လို့လည်း နာဆာက ပြောပါတယ်။

“အခြားရည်ရွယ်ချက်တွေနဲ့ အပင်တွေ စိုက်ပျိုးကြီးထွားဖို့ ဘယ်လိုသုံးရမလဲဆိုတာကို ပိုမိုနားလည်ဖို့ နာဆာက အင်္ဂါဂြိုဟ်ပေါ်က မြေကြီးပုံတူကူး ဖန်တီးထားချက်တခုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နေတယ်” လို့လည်း နာဆာက ပြောကြောင်း မေရာရဲ့ ဧပြီ ၂၅ ရက်နေ့ သတင်းမှာ ရေးထားတာပါ။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203352

Read More »

Sunday, April 23, 2017

တရုတ်ကုန်တင် အာကာသ ယာဉ် အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ပြီ




တရုတ် နိုင်ငံရဲ့ ပထမဆုံး ကုန်တင် အာကာသယာဉ် ထျန်းကျိုးဝမ်း ဟာ ဧပြီ ၂၂ ရက်နေ့မှာ ထျန်းကုန်း တူး အာကာသ စမ်းသပ်ခန်းနဲ့ အောင်အောင် မြင်မြင် ချိတ်ဆက် နိုင်ခဲ့ တယ်လို့ ဘေကျင်း အာကာသ ထိန်းချုပ်ရေး ဌာနက ပြောပါတယ်။

ဒါဟာ အာကာသယာဉ်နဲ့ အာကာသ စမ်းသပ်ခန်းတို့ ပထမဆုံး ချိတ်ဆက်မှုပါ။ ထျန်းကျိုး ၀မ်း အာကာသယာဉ်ကို ဧပြီ ၂၁ ရက်နေ့ ညနေက တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝမ်ချန် အာကာသယာဉ် လွှတ်တင်ရေး ဌာနကနေ လွှတ်တင် ခဲ့တာပါ။

ဧပြီ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ထျန်းကုန်း တူး အာကာသ စမ်းသပ်ခန်းနဲ့ အလိုအလျောက် စတင် ချဉ်းကပ် မိပြီး မွန်းလွဲ ၁၂ နာရီ ခွဲလောက်မှာ ဆက်သွယ် ချိတ်ဆက် မိခဲ့ ပါတယ်။

သူတို့ဟာ ကုန်တင် ကုန်ချ လုပ်ငန်း ၂ ကြိမ် ဆောင်ရွက်ဖို့ ရှိပါတယ်။ တတိယ အကြိမ် ကုန်တင် ကုန်ချ လုပ်ချိန်မှာ မြန်တဲ့ ကုန်တင်ချမှု နည်းပညာကို သုံးမှာပါ။ ကုန်တင် ကုန်ချ လုပ်ငန်း အတွက် ၂ ရက် အချိန်ကြာနိုင်ပြီး အမြန် ကုန်တင်ကုန်ချ နည်းပညာ မှာတော့ ၆ နာရီသာ အချိန်ကြာမှာပါ။

လုပ်ငန်းစဉ်အတွင်း လောင်စာ ဖြည့်တင်းမှာ ဖြစ်ပြီး အဆင့် ၂၉ ဆင့်အတွက် ရက်အတော် ကြာနိုင်ပါတယ်။ ထျန်းကုန်း တူးဟာ တရုတ်ရဲ့ ပထမဆုံး အာကာသ စမ်းသပ်ခန်း ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာမှာ လွှတ်တင်ခဲ့တာပါ။ အမြဲတမ်း အာကာသစခန်း တည်ဆောက်ရေး အဓိက ခြေလှမ်းလည်း ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202588


Read More »

Friday, March 10, 2017

တောက်ပပြီး စိတ်ကူးယဉ် ဆန်သည့် အာကာသထဲက နဂါးငွေ့တန်း




ချီလီ နိုင်ငံ မြောက်ပိုင်း အက်တာကာမာ သဲကန္တာရမှာ တပ်ဆင် ထားတဲ့ အာလ်မာခေါ် The Atacama Large Millimeter/submillmeter Array ဆိုတဲ့ နက္ခတ်ဗေဒ ဆိုင်ရာ ရေဒီယို အဝေးကြည့် မှန်ပြောင်း ကနေ တောက်ပပြီး စိတ်ကူးယဉ် ဆန်တဲ့ အာကာသရှိ ကြယ်စု (နဂါးငွေ့တန်း) ရဲ့ ရောင်စုံ ရုပ်ပုံတွေကို မတ် ၈ ရက်နေ့က ထုတ်လွှင့် လိုက်ပါတယ်။

ဒီကြယ်စု (နဂါးငွေ့တန်း) ကို ရှာဖွေတွေ့ရှိ စမ်းသပ်လေ့လာပြီး မကြာခင်မှာပဲ ဒီကြယ်စင်တန်းဟာ အဝေးဆုံးက ကြယ်စင်တန်းဖြစ်တယ်၊ အဲဒီမှာ အောက်ဆီဂျင်နဲ့ ဖုန်မှုန့်တွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို စောင့်ကြည့်လေ့လာမှုကို လန်ဒန်အကယ်ဒမီတက္ကသိုလ်မှ နီကိုလက်စ်လက်ပို့တ် ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ နက္ခတ်ဗေဒပညာရှင်များအဖွဲ့က ဆောင်ရွက်ခဲ့တာပါ။

ဒီနက္ခတ်ဗေဒပညာရှင်အဖွဲ့က ကြယ်စင်တန်းကို တွေ့ရှိပြီး သက်တမ်းနုတဲ့ ကြယ်စင်တန်းမှာ အစောပိုင်းက မျိုးဆက်ကြယ်တွေ ကြွေကာ သေဆုံးပြီး ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်တွေ ပါဝင်နေတာကို အံ့သြနေကြတယ်လို့လည်း ဆိုပါတယ်။

ပထဦးဆုံးကြယ်တွေနဲ့ ကြယ်စင်တန်း (နဂါးငွေ့တန်း) တွေ ပေါ်ပေါက်လာတဲ့ အချိန်ကာလဖြစ်တဲ့ စကြဝဠာကြီး သက်တမ်း သန်း ၆၀၀ ရှိတဲ့အချိန်မှာ ဒီကြယ်စင်တန်း ပေါ်ပေါက်လာပုံရတယ်လို့ ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။

စကြဝဠာထဲက ဖုန်မှုန့်တွေဟာ အဓိကအားဖြင့် ဆီလီကွန် ကာဗွန် အလူမီနီယမ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမှုန်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုန်တွေထဲမှာပါဝင်တဲ့ ဓာတုဗေဒ ဒြပ်ပစ္စည်းလေးတွေက ကြယ်တွေကြွေတဲ့အခါ ကြယ်တွေထဲကနေ ရှေ့ဆက်တက်ပြီး စကြဝဠာအနှံ့ကို ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။

အစောဆုံး စကြဝဠာထဲက ဖုန်မှုန့်တွေ တွေ့ရှိမှုကနေ ပထဦးဆုံး ကြယ်ကြွေမှု (Supernovae exploded – ကြယ်တွေ လအနည်းငယ်အတွင်း အရောင်ပိုမိုတောက်ပလာပြီး ပေါက်ကွဲသွားခြင်း) နဲ့စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေ အပါအဝင် သတင်းတွေကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်ကိုက် သတ်မှတ်လိုက်တဲ့ “စကြဝဠာအစဦး” ဆိုတာဟာ ခေတ်သစ်နက္ခတ်ဗေဒရဲ့ သမ္မာကျမ်းစာတခုဖြစ်နေပြီး ဒါက အစောပိုင်း ကြယ်တွေကြားက ဖုန်မှုန့်တွေကို လေ့လာမှုမှာတဆင့် တွေ့ရှိတာလို့ သွယ်ဝိုက်တဲ့နည်းနဲ့ သက်သေပြတာလည်း ဖြစ်နိုင်တယ်လို့ ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194002

Read More »

Wednesday, March 01, 2017

ကမ္ဘာပတ်လမ်းတွင် အမှိုက်စ အများပြား ရှိနေသောကြောင့် အာကာသ ခရီးသွား လုပ်ငန်းတွင် အန္တရာယ် ကြီးမားနေ




ဝါရှင်တန် ၊ ၁-၃-၂၀၁၇

ကမ္ဘာပတ် လမ်းတွင် ဂြိုဟ်တု နှင့် ဒုံးကျည် တို့မှ ကြွင်းကျန် ရစ်သည့် အမှိုက်စ အများ အပြား ရှိ နေသောကြောင့် အာကာသ ခရီးသွား လုပ်ငန်းတွင် အသုံးပြုမည့် အာကာသ လေယာဉ်များ၊ အာကာသ ယာဉ်များ အတွက် အန္တရာယ်ကြီး မားနေကြောင်း ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်း ကုမ္ပဏီ Space-X မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားသည်။

''ပုဂ္ဂလိက အာကာသ ခရီးသွား လုပ်ငန်းကို ရော့ကက်နဲ့ ဂြိုဟ်တု အမှိုက်တွေက အန္တရာယ်ပေး နေပါ တယ်။ နာဆာက ရိုက်ကူး ပြသတဲ့ ကမ္ဘာကြီးနဲ့ လေထု ပတ်ဝန်းကျင် ပုံကိုကြည့် လိုက်ရင် ပြာလဲ့စိမ်း စိုအေးမြ နေသယောင် ထင်ရပေမယ့် တကယ်တမ်း မှာ ကမ္ဘာ့ပတ် ဝန်းကျင်က အာကာသ အမှိုက်တွေဟာ များလွန်းပါတယ်။ အဲဒီ အမှိုက် တွေဟာ ကြောက်စရာ ကောင်းတဲ့ အရှိန်နဲ့ လွင့်မျောနေ တဲ့အတွက် အာကာ သယာဉ်တွေ နဲ့ အချိန်မရွေး တိုက်မိနိုင်ပြီး ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှု တွေ ဖြစ်လာ နိုင်ပါတယ်''ဟု Space-X တည်ထောင်သူ Elon Musk က ပြောပြသည်။

အဆိုပါ အာကာသ အမှိုက်များသည် နက်ရှိုင်း အာကာသ ခရီးစဉ်များ အတွက် အန္တရာယ်ရှိ နေသကဲ့သို့ အာကာသမှ မိုးလေဝသ ကိစ္စ၊ ဆေးဝါး သုတေသန ကိစ္စ အစရှိသည် တို့အတွက် ဂြိုဟ်တု ဓာတ်ပုံများ ရိုက်ကူးရာ တွင်လည်း အခက်အခဲ ဖြစ်နေရ ကြောင်း၎င်း က ဆက်လက် ပြောပြသည်။

ကမ္ဘာပတ်လမ်း အနိမ့်တွင် ရှိနေသော ၎င်းအာကာသ အမှိုက် များသည် တစ်စက္ကန့်လျှင် ငါးမိုင် နှုန်းရွေ့လျား နေကြောင်း၊ တစ်နာရီလျှင် မိုင် ၁၈ဝဝဝ နှုန်းနှင့် ညီမျှ ကြောင်း၊ ၎င်း အရှိန်ဖြင့်ဆို လျှင် အသေးငယ်ဆုံးသော အာကာသအမှိုက်စ တစ်စသည် အဖျက်စွမ်းအား အလွန်ကြီးမား မည် ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/03/blog-post.html

Read More »

Thursday, February 23, 2017

ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင် ထားသည့် ဒုံးပျံ ရုရှား လွှတ်တင်




နိုင်ငံ တကာ အာကာသ စခန်းကို တင်ပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင် သွားတဲ့ ဒုံးပျံ တစ်စင်းကို ရုရှားနိုင်ငံက ဖေဖော်ဝါရီ ၂၂ ရက်နေ့က လွှတ်တင် လိုက်ပါတယ်။

ကာဇက်စတန် နိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံရဲ့ ဘိုင်ကော်နာ Baikonur ဒုံးပျံ လွှတ်တင်ရေး စခန်းကြီး ကနေ လွှတ်တင် လိုက်တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နိုင်ငံတကာ အာကာသ စခန်း အတွက် လောင်စာနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်း တန်ချိန် ၂ တန်ခွဲနီးပါး သယ်ဆောင်သွားတဲ့ အာသာယာဉ်ဟာ အမြင့် ကီလိုမီတာ ၂၀၀ လောက်မှာ မီးလောင် ပျက်စီးပြီး မအောင် မမြင်ဖြစ်ခဲ့ အပြီး ပထမဆုံး ပြန်လည် လွှတ်တင်တဲ့ ဒုံးပျံလည်း ဖြစ်ပါတယ်။

ဒီအာကာသ ယာဉ်ကိုလည်း ဆိုယုစ် Soyuz ဒုံးပျံက သယ်ဆောင် သွားပြီး လောင်စာနဲ့ ထောက်ပံ့ပစ္စည်း ၂ တန်ကျော် သယ်ဆောင် သွားပါတယ်။

နိုင်ငံတကာ အာကာသစခန်း ကိုတော့ လာမယ့် သောကြာနေ့မှာ ရောက်ရှိ ချိတ်ဆက်မှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191050


Read More »

ကမ္ဘာဂြိုဟ် အရွယ် အစားရှိ ဂြိုဟ်ကြီး ၇ လုံးတွေ့ရှိ




နေစကြာ ၀ဠာ အဖွဲ့ အစည်း အတွင်းမှာ ကမ္ဘာဂြိုဟ် အရွယ် အစား ရှိတဲ့ ဂြိုဟ်ကြီး ၇ လုံးကို အာကာသ သိပ္ပံပညာရှင် တွေက တွေ့ရှိခဲ့ တယ်လို့ ဘီဘီစီ သတင်း တပုဒ်မှာ ဒီကနေ့ ဖော်ပြ ပါတယ်။

အဲဒီဂြိုဟ်ကြီး ၇ လုံးဟာ ကမ္ဘာကနေ အလင်းနှစ် ၄၀ အကွာမှာ တည်ရှိပြီး ဂြိုဟ် ၇ လုံးစလုံးမှာ ကမ္ဘာမြေပြင်နဲ့ တူညီတဲ့ သွင်ပြင်လက္ခဏာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါဂြိုဟ်တွေရဲ့ အရွယ်အစားဟာ ကမ္ဘာဂြိုဟ်နဲ့ အရွယ်အစားတူညီပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ ရေပါရှိနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ အဝေးကြည့်မှန်ပြောင်းတွေ အသုံးပြုပြီး ရေထုရှိမရှိ အထောက်အထားတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီဂြိုဟ်တွေကို နေစကြာဝဠာအဖွဲကအစည်းအတွင်းမှ ထရက်ပစ်ထ်-၀မ်းကြယ် ကို လှည့်ပတ်နေတဲ့ ပတ်လမ်းကြောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၃၉ နှစ်( ကီလိုမီတာ ၃၅၀ ထရီလီယံ) ကွာဝေးပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191038


Read More »

Friday, February 10, 2017

ဂျပန် အာကာသယာဉ် HTV-6 စမ်းသပ်မှု မအောင်မြင်၍ ကမ္ဘာ့လေထု ထဲ့သို့ ထိုးဆင်းကာ ဖျက်ဆီးခဲ့




တိုကျို ၊ ၁၀-၂-၂၀၁၇

ကမ္ဘာပတ် လမ်းကြောင်းရှိ အာကာသ အမှိုက် များကို လက်တံရှည် ကြီးဖြင့် လှမ်းဖမ်း ဆယ်ယူ သိမ်းဆည်းရန် လွှတ်တင် လိုက်သော ဂျပန် အာကာသယာဉ် HTV-6 စမ်းသပ်မှု မအောင်မြင်၍ ကမ္ဘာပတ် လမ်းကြောင်းမှ ဖယ်ခွာ စေခဲ့ပြီး ကမ္ဘာ့လေထု ပတ်ဝန်းကျင် ထဲသို့ ထိုးဆင်း aစကာ မီးလောင် ပျက်စီးစေရန် ဖျက်ဆီး ခဲ့ကြောင်း ဂျပန် အာကာသ စူးစမ်း လေ့လာရေး အေဂျင်စီ JAXA က ထုတ်ပြန် ကြေညာသည်။

JAXA သည် HTV-6 ကို အစားအစာ၊ ရေ၊ အဝတ်အစား၊ သိပ္ပံစမ်းသပ် ကိရိယာနှင့် အခြားသော ပစ္စည်းများ စုစုပေါင်း ကုန်အလေးချိန် ငါးတန်ကို တင်ဆောင် စေကာ

နိုင်ငံတကာ အာကာသ စခန်းသို့ ဒီဇင်ဘာလက လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း၊ အာကာသ စခန်းတွင် ၄၅ ရက် ဆိုက်ကပ် ရပ်နား ခဲ့ပြီး တင်ဆောင် လာသော ကုန်စည် များကို ချကာ စခန်းပေါ်ရှိ ပြန်လည် လဲလှယ် အသုံးပြုရန် မဖြစ် နိုင်တော့သည့် အမှိုက်များကို ယာဉ်ပေါ်သို့ တင်ဆောင် ခဲ့ကြောင်း ၊ ထို့နောက် အာကာသစခန်း မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

HTV-6 သည် နိုင်ငံတကာ အာကာသစခန်းမှ ထွက်ခွာလာပြီး ကမ္ဘာကိုအမြင့် ၁၂ မိုင်မှ ရက်သတ္တ တစ်ပတ်ခန့် လှည့်ပတ်ကာ နိုင်ငံတကာ အာကာသစခန်း နှင့် ၂၃ မိုင်ခန့်ဝေးရန် ကွင်းရှောင်ခဲ့ကြောင်း ၊ ထို့နောက် ဖေဖော်ဝါရီ ၅ ရက် အရှေ့တိုင်း စံတော်ချိန် ၁ဝ နာရီ ၆ မိနစ်တွင် အာကာသယာဉ် နှင့်အတူ ယာဉ်ပေါ်ပါ အမှိုက်များ အားလုံးကို မီးရှို့ဖျက်ဆီး လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/02/htv-6.html


Read More »

Monday, January 09, 2017

မက်ဆာချူးဆက် ပြည်နယ်ခန့် ကြီးမားသော သတ္တုကျောက် ဥက္ကာခဲကြီးကို နာဆာ လေ့လာမည်




ဝါရှင်တန် ၊ ၉-၁-၂၀၁၇

နာဆာသည် ၂ဝ၂ဝ ပြည့်နှစ် အတွင်း နေအဖွဲ့ အစည်း ထဲသို့ စူးစမ်း လေ့လာမှု အသစ်နှစ်မျိုး ပြုလုပ် သွားမည် ဖြစ်ရာ တစ်မျိုးမှာ မက်ဆာချူးဆက် ပြည်နယ်ခန့် ကြီးမားသော သတ္တုကျောက် ဥက္ကာခဲကြီး Psyche ကို စူးစမ်း လေ့လာရန် ဖြစ်ပြီး ၄င်း ဥက္ကာခဲထံ လွှတ်တင်မည့် အာကာသယာဉ် ကိုလည်း Psyche ဟုပင် အမည်ပေးကာ အသင့် တည်ဆောက် တပ်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

ရေဒါဖြင့်စူးစမ်း လေ့လာမှုများ အရ Psyche သည် ပုံသဏ္ဌာန် အပျက်တစ်ခု ဖြစ်ကြောင်း ၊ ကန့်လန့်ဖြတ် အကျယ်အားဖြင့် မက်ဆာချူးဆက် ပြည်နယ်ခန့် ရှိကြောင်း၊ ထုထည် အားဖြင့်လည်း ကြီးမားပြီး ခန့်မှန်း တစ်ကုဗပေတွင် သိပ်သည်းဆ မှာ ပေါင် ၂ဝဝ မှ ၄၅ဝ ထိ ရှိနိုင်ကြောင်း ၊ထို့ကြောင့် သာမန်ဥက္ကာခဲ များထက်များစွာ ကျစ်လျစ်သိပ်သည်း ကြောင်း၊ ကမ္ဘာ၏ ကျစ်လျစ် သိပ်သည်းဆမှာ တစ်ကုဗပေလျှင် ၃၄၄ ပေါင် ဖြစ်ကြောင်း သိရသည်။

Psyche သည် အလွန်တောက်ပ ကြောင်း၊ ထို့ကြောင့် သတ္တုကျောက် တို့ဖြင့် ဖွဲ့စည်းထားသည် ဟု ယူဆ ရခြင်းဖြစ်ကြောင်း၊ လူသားတို့ အနေဖြင့် ကျောက်ကမ္ဘာ၊ ရေခဲကမ္ဘာ၊ ဓာတ်ငွေ့ကမ္ဘာ များကို နေအဖွဲ့အစည်း ထဲတွင် စူးစမ်း လေ့လာဖူးပြီး ဖြစ်ကြောင်း၊ သတ္တုကျောက် ကမ္ဘာကိုမူ ယခုပထမဆုံး အကြိမ် သွားရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။

''ပုံသဏ္ဌာန်အားဖြင့် ဝိုင်းသလိုလို၊ ရှည်မျောမျော လိုလို၊ အရောင်ကလဲ ဝါကြန့်ကြန့်နဲ့ နေအဖွဲ့ အစည်း ထဲမှာတော့ သူ့လို ပုံသဏ္ဌာန်မျိုး ဒီတစ်ခုပဲ တွေ့ဖူးပါတယ်။ နစ်ကယ်နဲ့ သံရိုင်းနဲ့ စပ်ထားတဲ့ ဥက္ကာခဲ ဖြစ်နိုင်ပြီး ဒီဥက္ကာခဲကို စူးစမ်း လေ့လာခြင်း အားဖြင့် ကမ္ဘာမြေရဲ့ အလယ်ဗဟိုမှာ ဘာတွေရှိတယ် ဆိုတာကို ခန့်မှန်းသိရှိ နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဥက္ကာခဲဟာ နေအဖွဲ့အစည်း စတင်ဖြစ်ပေါ် ခါစက အတူတူဖြစ်ခဲ့ တာလို့ ယူဆရ တဲ့ အတွက် ဖြစ်ပါတယ်'' ဟု ဂြိုဟ် စူးစမ်း လေ့လာရေး သိပ္ပံပညာရှင် ဒေါက်တာ Elkins Tanton က ဆက်လက် ပြောပြသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/01/blog-post_69.html


Read More »

Thursday, September 22, 2016

နည်းပညာ အခက်အခဲကြောင့် နိုင်ငံတကာ အာကာသစခန်း ခရီးစဉ်ကို ရုရှားရွှေ့ဆိုင်း




မော်စကို ၊ ၂၂-၉-၂၀၁၆

ရုရှားနိုင်ငံပိုင် Roscosmos အာကာသ အေဂျင်စီ က နာဆာ အာကာသယာဉ်မှူး တစ်ဦးနှင့် ရုရှား အာကာသယာဉ်မှူး တစ်ဦးတို့ ကိုစက်တင်ဘာ ၂၃ အမီ နိုင်ငံတကာ အာကာသစခန်း သို့ ပို့ဆောင်ပေးရမည် ဖြစ်သော်လည်း နည်းပညာ အခက်အခဲများ ဖြစ်ပေါ်လာသည့် အတွက် ရက်ရွှေ့ ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယင်းကဲ့သို့  ရက်ရွှေ့ ဆိုင်း ရသည်ကို Roscosmos က သတင်း ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းသို့  လွှတ်တင်မည့် ဒုံးကျည်နှင့် အာကာသယာဉ် တို့ ကို စမ်းသပ် မောင်းနှင်ရာတွင် ဆားကစ်ရှော့ခ် ဖြစ်ပွားမှု တစ်ခုကို တွေ့ ရသောကြောင့် ပြန်လည် စစ်ဆေးရန် ရက်ကိုရွှေ့ ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း၊ လတ်တလော အချိန်တွင် ရုရှားထံ၌ အာကာသထဲသို့  လူတင်ဆောင်ကာ လွတ်တင်နိုင်မည့်အာကာသယာဉ်မှာ Soyuz တစ်စီးတည်းသာ ရှိကြောင်း၊ ထို့ ကြောင့် ဆားကစ်ရှော့ခ် ဖြစ်နေသည်ကို ပြန်လည် ပြုပြင်ပြီးမှ လွှတ်တင်တော့မည် ဖြစ်သည့်အတွက် ဤခရီးစဉ် ကို အောက်တို ဘာ လအထိရွှေ့ ဆိုင်း ထားဖွယ်ရှိကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် ကိုလံဘီယာ အာကာသ လွှန်းပျံယာဉ် ပျက်ကျခဲ့ချိန်မှ စတင်ကာ အာကာသ ခရီးစဉ်များ အတွက် ရုရှားနိုင်ငံအား ဈေးကြီးပေးကာ အသုံးပြု နေသည်ကို ဝေဖန်မှုများ ခံနေရပြီး ယခုလည်း ရုရှား၏ အာကာသယာဉ် ဆားကစ်ရှော့ခ် ဖြစ်သည့်အတွက် အမေရိကန်၏ အာကာသယာဉ်မှူး များကို ပို့ ဆောင်မည့် အစီအစဉ်အား လနှင့်ချီ၍ ရွှေ့ဆိုင်းရသည့် အပေါ် ဝေဖန်မှုများ ထွက်ပေါ် နေကြောင်း သိရသည်။

ယမန်နှစ်ကလည်း ရုရှား အာကာသယာဉ် တစ်စီးသည် နိုင်ငံတကာ အာကာသစခန်းနှင့် တွဲမိပြီးမှ ချို့ ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် အတွက် လူအများ စိုးရိမ်မကင်း ဖြစ်ခဲ့ကြ သေးသည်။ ရုရှားနိုင်ငံ၏ နည်းပညာပိုင်း ဆိုင်ရာ များတွင် ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် အတွက် အမေရိကန် လူထုက ယုံကြည်မှု အားနည်းလာခြင်း ဖြစ်ပြီး ရုရှားသည် ၄င်း၏ နည်းပညာကို အရည်အသွေး ထိန်းချုပ်မှုပြု လုပ်သင့်သလို အမေရိကန် ပြည်ထောင်စု ကလည်း အာကာသ ခရီးသွား လုပ်ငန်းများ အတွက် ရုရှားကို မှီခိုနေခြင်းအား လျှော့ချ နိုင်သလောက် လျှော့ချ သင့်ကြောင်း ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလကလည်း ရုရှားက လွတ်တင်ခဲ့သော လူမဲ့ Soyuz ထောက်ပံ့ရေး ပစ္စည်းပို့ အာကာသယာဉ် သည် နိုင်ငံတကာ အာကာသစခန်းနှင့် လာရောက် ချိတ်ဆက်စဉ် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး လည်နေခဲ့သည့် အတွက် ယင်း အာကာသယာဉ်နှင့် မြေပြင်သို့ လိုက်ပါမည့် အာကာသယာဉ်မှူး များ သောင်တင်ခဲ့ကြောင်း ၊ ယင်းဖြစ်စဉ် ဖြစ်ပွားပြီး ရက်သတ္တပတ် အနည်းခန့် အကြာတွင်လည်း မက္ကဆီကို ဂြိုဟ်တုတစ်လုံးကို တင်ဆောင် ထားသော ရုရှား ရော့ကက်ကြီး ပျက်ကျခဲ့ သေးကြောင်း သိရသည်။ နို

From : Pyi Chit Thar

Originally published at - http://www.pyichitthar.com/2016/09/blog-post_22.html

Read More »

Sunday, August 28, 2016

Juno အာကာသယာဉ် ကြာသပတေးဂြိုဟ်နားရောက်


ကြာသပတေးဂြိုဟ်မြောက်ဘက်မှာ ရောက်နေတဲ့ Juno အာကာသယာဉ်


နာဆာ အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ရဲ့ Juno အာကာသ ယာဉ်ဟာ နေစွမ်းအင် စနစ်ထဲက အကြီးဆုံး ကြာသပတေး ဂြိုဟ်ကို အနီးကပ်ဆုံး နေရာကို
ရောက်ရှိ ဖြတ်သန်း နေပါတယ်။

အာကာသ ထဲမှာ ၅ နှစ်ကြာ သွားလာ နေခဲ့ပြီး တဲ့နောက် စနေနေ့ မှာတော့ ကြာသပတေးဂြိုဟ်နဲ့ အနီးကပ် ဆုံးကို ရောက်သွား ခဲ့ပါတယ်။

စနေနေ့ ဂရင်းစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် အချိန်မှာ ဂျူနို အာကာသ ယာဉ်ဟာ ကြာပတေးဂြိုဟ်ကို ရံထားတဲ့ တိမ်လုံးတွေရဲ့အထက် ၄၂၀၀ ကီလိုမီတာ၊ မိုင်အားဖြင့် မိုင်ပေါင်း ၂၆၀၀ ကျော်မှာ တနာရီကို မိုင်ပေါင်း ၁ သိန်း ၃ သောင်းနီးပါး အမြန်နှုန်းနဲ့ အဲဒီဂြိုဟ်ရဲ့ ရွေ့လျားမှုနဲ့ အညီ ရွေ့လျား နေကြောင်း နာဆာက ပြောပါတယ်။

ဂျူနိုအာကာသ ယာဉ်ဟာ ကြာသပတေးဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်း ထဲကို ဂျူလိုင်လ ၄ ရက်နေ့က စတင် ဝင်ရောက် ခဲ့သလို ဒါဟာ ပထမဆုံး အနီးဆုံးနေရာကို ရောက်တာ
ဖြစ်ပြီး အာကာသ ယာဉ်ပေါ်မှာ ပါတဲ့ တိုင်းတာ စမ်းသပ်ရေး ကိရိယာတွေကို ပစ်လွှတ်နိုင် ခဲ့ပြီးဖြစ်လို့ နာဆာ သိပ္ပံ ပညာရှင်တွေ အထူး စိတ်လှုပ်ရှား နေကြပါတယ်။

ဂျူနို အာကာသယာဉ်ရဲ့ အဓိက ပန်းတိုင်က ကြာသပတေးဂြိုဟ် ဆင့်ကဲ ဖြစ်ပွားပုံနဲ့ မူရင်း ဇစ်မြစ်ကို သိအောင် စူးစမ်းလေ့လာဖို့ ဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

Juno အာကာသယာဉ် ကြာသပတေးဂြိုဟ်နားရောက်

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Thursday, August 04, 2016

လပေါ်တွင် သက်ရှိများနေထိုင်ရန် ရေအရင်းအမြစ် မရှိဟု တရုတ် သုတေသီများ အတည်ပြု


Chang'e 3 Moon Lander


ပေကျင်း ၊ ၄-၈-၂၀၁၆

ကမ္ဘာမြေမှ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက ထွက်ခွာ ခဲ့သည့် လကမ္ဘာ လေ့လာရေး အာကာသယာဉ် သည် ရက် အနည်းငယ် အကြာတွင် လပေါ်သို့ ရောက်ရှိ ခဲ့ပြီးနောက် စူးစမ်း လေ့လာမှုများ လုပ်ဆောင် ခဲ့ရာ လပေါ်တွင် သက်ရှိများ နေထိုင်ရန် အတွက် ရေ အရင်း အမြစ် မရှိကြောင်း စူးစမ်းတွေ့ရှိ ခဲ့သည်ဟု တရုတ် သုတေသီများက အတည်ပြု ပြောကြားသည်။

Chang'e 3 အမည်ရှိ ၄င်း အာကာသ ယာဉ်ပေါ်တွင် ပါရှိသည့် အဝေးကြည့် မှန်ပြောင်းဖြင့် လေ့လာ တွေ့ရှိချက် အရ လပေါ်၌ ရေအရင်း အမြစ် မရှိသည်ကို အတည်ပြု နိုင် ခဲ့ကြောင်း၊ လမျက်နှာပြင်ရှိ ရေပမာဏ ကို တိုင်းတာ စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ သော်လည်း ယခင်က မျှော်မှန်းထား သကဲ့သို့ အနည်းဆုံး ရေပမာဏ ကိုပင် မတွေ့ရှိ ခဲ့ကြောင်း တရုတ် သိပ္ပံ တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သည့် ဝမ်ကျင်းယန် က China Daily သတင်းဌာန သို့ ပြောကြားသည်။

လပေါ်တွင် သက်ရှိများ သွားရောက် နေထိုင်နိုင်ရန် လိုအပ်သည့် ရေအရင်းအမြစ် ရှိ၊ မရှိနှင့် ပတ်သက်၍ လွန်ခဲ့သည့် နှစ်များအတွင်း အချေအတင် ပြောဆို ဆွေးနွေးမှုများ ရှိခဲ့ပြီး ယခုအခါ တရုတ် သုတေသီ များက လပေါ်၌ မည်သည့် ရေအရင်းအမြစ်မျှ မရှိဟု အတည်ပြု ပြောကြား လိုက်ခြင်း ဖြစ်သည်။

Chang'e 3 သည် အာကာသ အတွင်းသို့ သွားရောက်သည့် လကမ္ဘာ အစီအစဉ်များ အနက် အရှည်ကြာဆုံး အဖြစ် စံချိန်ချိုးဖျက် ခဲ့ကြောင်းနှင့် ၄င်းကို ကမ္ဘာသို့ အချက် အလက် များ ပြန်လည်ပေးပို့ရန် စနစ်နှင့် ဘူမိဗေဒ ဆိုင်ရာ လမ်းညွှန်မြေပုံ တို့ဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/08/blog-post_27.html


Read More »

Wednesday, July 20, 2016

ဂြိုဟ်အလုံး ၁၀၀ ကျော်စုဝေးနေသော ဂြိုဟ်အသိုက်ကြီးကို တွေ့ ရှိ




ဝါရှင်တန် ၊ ၂၀-၇-၂၀၁၆

နိုင်ငံတကာ သုတေသီများ ပါဝင်သော နက္ခတ် ပညာရှင် များသည် နာဆာ၏ K2 Mission မှ ဒေတာ အချက်အလက် များ၊ ဟာဝိုင်အီ ကျွန်းရှိ Maunakea နက္ခ တာရာကြည့်
မျှော်စင်၊ ချီလီနိုင်ငံရှိ Gemini တယ်လီစကုပ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်ပိုင် အလို အလျောက် ဂြိုဟ်ရှာဖွေရေး တယ်လီစကုပ် နှင့် အရီဇိုးနား တက္ကသိုလ်ပိုင် မှန်ပြောင်း ကြီးတို့ ကို အသုံးပြုကာ ဂြိုဟ် အလုံးပေါင်း ၁၀၀ ကျော် စုဝေးနေသော ဂြိုဟ်အသိုက် အသစ်ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါဂြိုဟ်သိုက် အသစ်ထဲတွင် လေးလုံးတွဲ ဂြိုဟ်စနစ် တစ်ခု ပါဝင်ကြောင်း၊ လေးလုံးတွဲဂြိုဟ် စနစ်ကို ပထမဂြိုဟ် စနစ်ဟု ခေါ်ဆိုကြောင်း၊ ယင်း လေးလုံးတွဲဂြိုဟ် စနစ်တွင် ကမ္ဘာနှင့် ဖွဲ့ စည်းပုံ ဆင်တူသော ဂြိုဟ်များ ပါဝင်နိင်ဖွယ် ရှိကြောင်း သိရသည်။

" ဒီဂြိုဟ်သိုက်ကြီးကို ကက်ပလာရဲ့ တည်နေရာပြ စနစ် ချို့ ယွင်း နေချိန်မှာ တွေ့ ရှိခဲ့တာပါ။ ကက်ပလာ တယ်လီစကုပ် ကြီးရဲ့ အလုပ်က ကမ္ဘာ မြောက်ဘက်ခြမ်း ကနေ
ကောင်းကင်ယံကြီးကို အပိုင်းလိုက် ပိုင်းပြီး ဂြိုဟ်သစ်တွေကို ရှာဖွေဖို့ ၊ ရှာတွေ့ ရင်လည်း ဂြိုဟ်တွေကနေ ထုတ်လွှတ်တဲ့ ဖရီကွင်စီ ကြိမ်နှုန်းကို အသုံးပြုပြီး ကမ္ဘာနဲ့ 
အပူချိန်ခြင်း နီးစပ်စွာ တူညီတဲ့ ဂြိုဟ်တွေကို ရှာဖွေဖို့  ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၃ ခုနှစ် ကစပြီး ကက်ပလာရဲ့ တည်နေရာ ပြစနစ် ချို့ ယွင်းသွား ခဲ့ပါတယ်။ ကက်ပလာ အင်ဂျင်နီယာ များက ကက်ပလာ ကို ဒုတိယအကြိမ် အသက်ပြန် သွင်း ပေးခဲ့ပြီး ကက်ပလာ ကလည်း ထူးခြားတဲ့ ရှာဖွေတွေ့ ရှိမှုတွေကို ပေးစွမ်းနိုင်ဆဲ ဖြစ်ပါတယ် " ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တည်နေရာပြ စနစ် ချို့ယွင်းသွားသော ကက်ပလာ ကို ပြန်လည် အသက်သွင်း ပြီးနောက် K2 Mission အဖြစ် ဆက်လက် အသုံးပြုခဲ့ကြောင်း၊ ကမ္ဘာ့ မြောက်ဘက်ခြမ်း နှင့် တောင်ဘက်ခြမ်း နှစ်ဘက်လုံးတွင် ဘဲဥပုံ ပတ်လမ်းများ အတိုင်း ကမ္ဘာနှင့် အပူချိန်ခြင်း နီးစပ်တူညီသည့် ဂြိုဟ်များကို ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလ်ကီးဝေး ဂလက်ဆီကြီး အတွင်း အပူချိန် သမမျှတပြီး အေးမျှသော အနီရောင် ကြယ်အငယ် များကို ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေခဲ့ရာတွင် ဖော်ပြပါဂြိုဟ် အသိုက်ကြီးကို တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်သားတို့ ဖြင့် ဖွဲ့ စည်းထားသော ဂြိုဟ်ကြီး လေးလုံး ပါဝင်ပြီး ကမ္ဘာထက် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ ကြီးမားနိုင်ကြောင်း၊ ၄င်းဂြိုဟ်ကြီး လေးလုံးသည် ကျွန်ုပ်တို့ ၏ နေထက် ထက်ဝက်ခန့် သေးငယ်ပြီး အလင်းနှင့် အပူလွှတ်စွမ်းအင် လည်း တစ်ဝက်သာသာ သာရှိသော နေတစ်လုံးကို လှည့်ပတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_98.html

Read More »

Tuesday, July 05, 2016

ဂျူပီတာလေ့လာရေးယာဉ် ဂြိုဟ်ပတ်လမ်းထဲ အောင်အောင်မြင်မြင် ၀င်ရောက်




အမေရိကန် အာကာသ အေဂျင်စီ (နာဆာ) က လွှတ်တင် လိုက်တဲ့ ဂျူပီတာ လေ့လာရေး ယာဉ်ဟာ ဇူလိုင် ၄ ရက်က ဂျူပီတာဂြိုဟ် ပတ်လမ်းထဲကို အောင်အောင် မြင်မြင် ၀င်ရောက် သွားနိုင်ပြီလို့ နာဆာက ထုတ်ပြန် ပါတယ်။

ဂျူပီတာဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာ အကြီးဆုံးဂြိုဟ်ဖြစ်ပြီး ဒီ ဂျူနိုလို့ နာမည်ပေးထားတဲ့ လေ့လာရေးဂြိုဟ်ကို လွန်ခဲ့တဲ့ ၅ နှစ်က လွှတ်တင်ခဲ့တာပါ။

ဂျူပီတာဂြိုဟ်ပတ်လမ်းထဲ ၀င်ရောက်နိုင်ဖို့ ဒုံးအင်ဂျင်တခုကိုဖွင့်ပြီး အရှိန်သတ်ခဲ့ရသလို လေ့လာရေးယာဉ်က ပေးပို့လာတဲ့ အသံနှုန်းတွေအရ အားလုံး အစီအစဉ်တကျ ၀င်ရောက်သွားနိုင်ပြီလို့ နာဆာက ဆိုပါတယ်။

ဒီ ဂျူပီတာဂြိုဟ် အတွင်းသားတည်ဆောက်ပုံတွေ၊ ဖွဲ့စည်းပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို စူးစမ်းလေ့လာပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံခွဲက ဒီဂြိုဟ် ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာကို သိပ္ပံပညာရှင်တွေက စိတ်ဝင်စားနေကြတာပါ။

ဂျူပီတာဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ထက် ၁၁ ဆ ပိုကျယ်ဝန်းပြီး ဆွဲငင်အားကလည်း တခြားဂြိုဟ်တွေ အားလုံပေါင်းထက်ကို ၂ ဆခွဲ ပိုများပါတယ်။

ဒါကြောင့် ကမ္ဘာမြေပေါ် ကျရောက်လာနိုင်တဲ့ အာကာသထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ၊ ကြယ်တံခွန်တွေကို ဂျူပီတာဂြိုဟ်က လှမ်းဆွဲထားပြီး ကမ္ဘာဂြိုဟ်ကို အကာအကွယ် ပေးနေတာလို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။

ဓာတ်ပုံ - အေအက်ဖ်ပီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/157844

Read More »

Monday, July 04, 2016

NASA ၏ ဂျူနို အာကာသယာဉ် ဂျူပီတာဂြိုဟ်ကို လှည့်ပတ်နေပြီ ဟုဆို




မိုင်ယာမီ ၊ ၄-၇-၂၀၁၆

အမေရိကန် အာကာသ အေဂျင်စီ NASA မှ လွှတ်တင် ထားသော ဂျူနို အာကာသယာဉ် သည် နေအဖွဲ့အစည်း အတွင်းရှိ အကြီးဆုံး ဂြိုဟ်ဖြစ်သော ဂျူပီတာဂြိုဟ် ကို လှည့်ပတ်နေပြီ ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ အကုန်အကျခံ ထားသည့် အဆိုပါ အာကာသ စစ်ဆင်ရေးသည် နေစကြဝဠာ အတွင်းရှိ ဂြိုဟ်များ၏ ဖြစ်တည်မှု သဘာဝကို ပိုမိုသိရှိ နိုင်ရန် ကဏ္ဍသစ် ဖွင့်လှစ် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘတ်စကက်ဘော ကစားကွင်း ပမာဏ ခန့်သာရှိသည့် နေရောင်ခြည် စွမ်းအင်သုံး အဆိုပါ အာကာသယာဉ် သည် ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် ဂျူပီတာဂြိုဟ် ၏ အဆိပ် ဓာတ်ငွေ့များ ရှိရာ လေထုအလွှာ အတွင်းသို့ ဝင်ရောက်မည် ဖြစ်ပြီး ယင်းဂြိုဟ်ကို နှစ်နှစ်နီးပါးကြာ လှည့်ပတ်သွားမည် ဖြစ်သည်။

ဂျူပီတာဂြိုဟ် သည် နေမှစတင် ရေတွက်လျှင် ငါးခုမြောက်ဂြိုဟ် ဖြစ်ပြီး ၄င်း၏ လေထုအလွှာမှာ ဟိုက်ဒရိုဂျင် နှင့် ဟီလီယံ ဓာတ်ငွေ့များဖြင့် ပြည့်နှက်လျက် ရှိသည်။

ထို့ပြင် ဓာတ်ရောင်ခြည် သင့်မှု ပမာဏသည် လူတစ်ဦးကို သေစေနိုင်သော ပမာဏထက် အဆပေါင်း ၁ဝဝဝ ကျော်ရှိသည့် အပြင် နေစကြဝဠာ အတွင်း ဆွဲအား အပြင်းဆုံးသော လျှပ်စစ် သံလိုက်လှိုင်းဖြင့် ဂြိုဟ်ကို ကာရံထားခြင်း ဖြစ်သည်။

''ဂျူပီတာဂြိုဟ် က ဓာတုဒြပ်ပေါင်း များကို အခြေခံဖန်တီး ထားသည့် ဂြိုဟ်တစ်လုံး ဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ အရာအားလုံး ကလည်း လွန်ကဲလှသည့် ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်'' ဟု ဂျူနို အာကာသယာဉ် လေ့လာ စုံစမ်းရေးမှူး စကော့တ်ဘိုလ်တန် က ပြောကြား ထားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/nasa.html

Read More »

Wednesday, June 15, 2016

ကြယ်နှစ်လုံးကို တစ်ပြိုင်တည်း လှည့်ပတ်နေသော အကြီးဆုံး ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိ




ဝါရှင်တန် ၊ ၁၅-၆-၂၀၁၆

အာကာသ ဆိုင်ရာ သိပံ္ပပညာရှင် များသည် ကြယ်နှစ်လုံးကို တစ်ပြိုင်တည်း လှည့်ပတ် နေသော အကြီးဆုံး ဂြိုဟ်တစ်လုံး အား US Kepler အာကာသကြည့် မှန်ပြောင်း အသုံးပြု၍ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဇွန် ၁၄ ရက် ထုတ်ပြန်ချက် များအရ သိရသည်။



Kepler-1647b ဟု အမည်ပေး ထားသော အဆိုပါ ဂြိုဟ်ကြီးသည် ကမ္ဘာမှ အလင်းနှစ် ၃၇ဝဝ ကွာဝေးပြီး ၄ ဒသမ ၄ ဘီလီယံခန့် သက်တမ်း ရှိကြောင်း၊ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ၏ သက်တမ်းနှင့် တူညီလုနီးပါး ရှိကြောင်း အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သည့် NASA အဖွဲ့၏ Goddard Space Flight စင်တာနှင့် ဆန်တီယေဂို တက္ကသိုလ်တို့မှ သုတေသီများ ဦးဆောင်သည့် လေ့လာ စူးစမ်းရေး အဖွဲ့က ပြောကြား ထားသည်။

အဆိုပါဂြိုဟ်၏ အလေးချိန်နှင့် အချင်းဝက် သည် ဂျူပီတာဂြိုဟ် နီးပါးရှိပြီး တွေ့ရှိခဲ့ဖူးသည့် ဂြိုဟ်များအနက် အကြီးမားဆုံး ဂြိုဟ်တစ်လုံး ဖြစ်ကြောင်း၊ ၄င်း လှည့်ပတ် နေသည့် ကြယ်နှစ်လုံး သည် နေနှင့် အလားသဏ္ဌာန် တူညီပြီး တစ်လုံးမှာ သာမန် ကြယ်ထက် အနည်းငယ် ပိုမိုကြီးကာ အခြားတစ်လုံး မှာမူ မဆိုစလောက် သေးငယ်ကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ထားသည်။

ကြယ်နှစ်လုံးကို တစ်ပြိုင်တည်း လှည့်ပတ်သည့် ဂြိုဟ်ကို ရှာဖွေမှုသည် တစ်လုံးတည်းသော ကြယ်ကို လှည့်ပတ်နေသော ဂြိုဟ်များကို ရှာဖွေရခြင်း ထက် ပိုမို ခက်ခဲကြောင်း၊ ၄င်း ဂြိုဟ်သစ်ကို ၂ဝ၁၁ ခုနှစ်က စတင် သတိပြုမိ ခဲ့ခြင်း ဖြစ်သော်လည်း သုတေသီများ အနေဖြင့် အတည်ပြု နိုင်ရန် အချိန်ယူ ခဲ့ရကြောင်း ယင်းအဖွဲ့မှ သုတေသီ တစ်ဦးက ပြောကြား ထားသည်။

အဆိုပါဂြိုဟ် သည် ကြယ်နှစ်လုံးကို လှည့်ပတ်ရန် ရက်ပေါင်း ၁၁ဝ၇ ရက် (သုံးနှစ်ကျော်) အချိန်ယူ ရကြောင်းနှင့် တွေ့ရှိခဲ့သည့် သီးခြားဂြိုဟ် များအနက် ကာလ အရှည်ဆုံး လှည့်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_31.html

Read More »