နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အားကစားသတင်း. Show all posts
Showing posts with label အားကစားသတင်း. Show all posts

Monday, May 22, 2017

ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ပရိသတ်လေးသောင်းဆန့် ဘောလုံးကွင်း ဖွင့်လှစ်




၂၀၂၂ ခုနှစ် ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကို လက်ခံ ကျင်းပမယ့် ဘောလုံး ကွင်းတွေထဲက ပထမဆုံး စာရင်း တင်သွင်း ခဲ့တဲ့ ကာတာနိုင်ငံ မြို့တော် ဒိုဟာက ဘောလုံး ကွင်းကို ပြုပြင် မှုတွေ လုပ်ပြီး ပြန်လည် ဖွင့်လှစ် လိုက်ပြီလို့ ကမ္ဘာ့ဖလားပွဲစီ စဉ်တဲ့ အဖွဲ့က ပြောပါတယ်။

ကာတာနိုင်ငံ ခေါင်းဆောင် ရှိတ်ခ်တာမီးဘင်ဟာမက်အယ်ထာနီ (Sheikh Tamim bin Hamad Al Thani) က ကာတာနိုင်ငံရဲ့ ဘုရင့်ဖလား နောက်ဆုံးဗိုလ်လုပွဲ မကန်မီ ပွဲကြည့်သူ ၄ သောင်းခန့်ရှေ့မှာ ဘောလုံးကွင်းကို ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

၁၉၇၆ ခုနှစ်က ပင်လယ်ကွေ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တည်ဆောက်ခဲ့တဲ့ အဲဒီကွင်းကို ၂၀၀၆ ခုနှစ်က အာရှအားကစားပြိုင်ပွဲမှာလည်း အသုံးပြုခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အဲဒီကွင်းကို ကမ္ဘာ့ဖလားအတွက် ခေတ်မီပြုပြင်မှုတွေလုပ်ထားပြီး အအေးပေးစနစ်သစ်က အပူချိန်ကို ကွင်းထဲမှာ ၂၀ ဒီဂရီနဲ့ ပွဲကြည့်စဉ်မှာ ၂၃ ဒီဂရီ ဆဲလ်စီးရပ်စ်မှာ ထားနိုင်အောင် လုပ်ထားတယ်လို့ ပြောပါတယ်။

အမိုးတွေကိုလည်း ပိုမိုကြီးမားတဲ့ အမိုးတွေနဲ့ ပြောင်းလဲတပ်ဆင်ထားပြီး အဲဒီကွင်းဟာ ဖီဖာရဲ့ ပထမဆုံး အယ်လ်အီးဒီမီးနဲ့ အလင်းပေးစနစ်သုံး ဘောလုံးကွင်းဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207953

Read More »

ရိုးရာ လက်ဝှေ့ကျော် စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့ သမားကို ပထမ အချီတွင် အလဲထိုး အနိုင်ယူ




ဂျပန်နိုင်ငံ တိုကျိုမြို့၊ တိုကျို တာဝါ မီဒီယာ စင်တာမှာ မေလ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲမှာ စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့ သမား ဝီရာဝတ် ဆစ်တ်န်ပါးကို ပထမ အချီမှာပဲ အလဲထိုး အနိုင် ရရှိခဲ့ ပါတယ်။

စောဂေါ်မူဒို အနေနဲ့ ပြီးခဲ့တဲ့ နှစ်က ယိုကို ဟားမားမှာ ကျင်းပတဲ့ ပြိုင်ပွဲ မှာလည်း အလဲထိုး အနိုင်ရ ခဲ့ပြီး ဂျပန်မှာ ဒုတိယ အကြိမ်မြောက် အောင်ပွဲ ခံနိုင်တာ ဖြစ်ပါတယ်။

သူ့ကို အားပေးတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်တွေ၊ သင်ကြား ပေးတဲ့ ဆရာ သမားတွေနဲ့ ပွဲစီစဉ် သူတွေကို ကျေးဇူး အထူးတင်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမှာ လုပ်တဲ့ ပြိုင်ပွဲမှာ အဓိက ပွဲစဉ် အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ၂ ပွဲ ပါဝင် ခဲ့ပြီး နောက်ပွဲစဉ် မှာတော့ ဂျပန်နိုင်ငံသား ခနဲကို ဒိုင်အီချီက ကွန်ဂိုနိုင်ငံသား ဒါရိုင်း လိုကူကူကို ဒုတိယ အချီမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံ သားဟာ ပြီးခဲ့တဲ့နှစ် တုန်းက မြန်မာ ချန်ပီယံ ထွန်းထွန်းမင်းကို ဆူမိုစတိုင် တိုက်ခိုက်ပြိုင်ပွဲမှာ အနိုင်ယူ ခဲ့သူလည်း ဖြစ်ပါတယ်။

From : ဒီဗွီဘီ by ဇော်ဇော်လှိုင်

Originally published at - http://burmese.dvb.no/archives/207905

Read More »

Saturday, May 20, 2017

မြန်မာအားကစား အဖွဲ့များ တရုတ်နိုင်ငံတွင် ပူးတွဲ လေ့ကျင့်မည်




တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှာ ပူးတွဲ လေ့ကျင့်ဖို့ သွားရောက်တဲ့ မြန်မာ အားကစား အဖွဲ့ တွေဟာ တရုတ် နည်းပြတွေ၊ အားကစား သမားတွေနဲ့ စတင် လေ့ကျင့် တော့မှာ ဖြစ်ပါတယ်။



၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမှာ အောင်မြင် မှုတွေ ရရှိဖို့ အတွက် Government to Government အစီ အစဉ် အရ သွားရောက် လေ့ကျင့် မှုတွေ ပြုလုပ် နေတာ ဖြစ်ပြီး တရုတ် နည်းပြနဲ့ ကစားသမား တွေရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို လေ့လာ သွားကြ မှာပါ။



ရက် ၉၀ နီးပါး သွားရောက် လေ့ကျင့်မယ့် ကစားနည်းတွေ ကတော့ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ လက်ဝှေ့၊ ကျွမ်းဘား၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ်နဲ့ ဘော်လီဘော တို့ ဖြစ်ပြီး ပထမ အသုတ် အဖြစ် ဝူရှူး အားကစား သမား ၁၆ ဦး၊ Fencing အားကစား သမား ၁၃ ဦး၊ အလေးမ အားကစား သမား ၇ ဦးနဲ့ ဘတ် စကက်ဘော ကစားသမား ၁၆ ဦး၊ စုစုပေါင်း ၅၂ ဦး စတင် ထွက်ခွာခဲ့ပြီး မေလ ၂၀ ရက်နေ့မှာ ပြေးခုန်ပစ် အားကစား အဖွဲ့ဟာ တရုတ်နိုင်ငံကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။



တချို့အားကစားတွေ ကတော့ ပူးတွဲလေ့ကျင့်မှု အပြီး မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပေမယ့် တချို့အားကစား နည်းတွေကတော့ တရုတ်နိုင်ငံက တဆင့် မလေးရှား ဆီးဂိမ်းကို တိုက်ရိုက် သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207612

Read More »

Wednesday, May 10, 2017

မြန်မာမျိုးသမီး ဘောလုံးအသင်း အာစီယံ U-15 ပွဲမှာ ပွဲဦးထွက် အနိုင်ရ


(သတင်းဓာတ်ပုံ – VBN – Vietnam Breaking News)


လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်း မြို့မှာ မေလ ၈ ရက် နေ့က ကျင်းပခဲ့တဲ့ အာဆီယံ U-15 အမျိုးသမီး ဘောလုံး ပြိုင်ပွဲမှာ မြန်မာ U-15 အမျိုးသမီး ဘောလုံး အသင်းက အိမ်ရှင် လာအို အသင်းကို ၂ ဂိုး ၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ်။

အဲ့ဒီနေ့ ပွဲစဉ်မှာပဲ အုပ်စု A မှာ ပါဝင်တဲ့ ထိုင်းအမျိုးသမီး ဘောလုံး အသင်းကလည်း ဗီယက်နမ် အသင်းကို ၁ ဂိုး ၀ နဲ့ အနိုင် ရရှိခဲ့ တာပါ။

ဗီယက်နမ်နဲ့ မြန်မာ အသင်းတို့ကတော့ လာမယ့် မေလ (၁၂) ရက်နေ့ သောကြာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၉ ရက်နေ့မှာတော့ ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲ့ဒီနောက်မှတော့ စင်္ကာပူနဲ့ ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

အမျိုးသမီး U-15 ပြိုင်ပွဲကို အာစီယံ ဒေသတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံ ၉ နိုင်ငံ က အမျိုးသမီးဘောလုံး အသင်းတွေ အုပ်စု ၂ စု ခွဲ ယှဉ်ပြိုင်နေကြတာပါ။

အုပ်စုပတ်လည် ပွဲစဉ်တွေ အပြီးမှာတော့ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ် အသင်း ၂ သင်းစီ တက်ရောက်မှာဖြစ်ပြီး ဖိုင်နယ်ပွဲကိုတော့ မေလ ၂၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/35666/

Read More »

Monday, May 08, 2017

မျိုးဆက်သစ် လူငယ်ကစားသမား ရွေးချယ်ပွဲ မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် ကျင်းပမည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လက်အောက် ရှိတဲ့ မန္တလေး၊ ရန်ကုန်၊ ပုသိမ်မြို့တွေက ဘောလုံး အကယ်ဒမီ ကျောင်းတွေမှာ အားကစားနဲ့ ပညာရေး ပေါင်းစပ် သင်ကြားဖို့ အတွက် မျိုးဆက်သစ် လူငယ် ကစားသမား ရွေးချယ်ပွဲကို မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် မေလ ၇ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ပြုလုပ် နေပါတယ်။

အခု လူငယ်ကစားသမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးချယ်ထားတဲ့ ကလေးငယ်တွေထဲက ဆန်ခါတင် ၁၀၀ ကျော်ကို အပြီးသတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အခု ရွေးချယ်မယ့် ကလေးငယ်တွေဟာ အသက် ၁၁ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အနာဂတ် မြန်မာ့ဘောလုံးအားကစားအတွက် အားထားရမယ့် လူငယ် အားကစားသမားတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ ကလေးငယ်တွေကို မန္တလေး ဘာလုံးအကယ်ဒမီမှာ အယောက် ၃၀၊ ရန်ကုန် ဘောလုံးအကယ်ဒမီမှာ ၁၅ ယောက်နဲ့ ပုသိမ်ဘောလုံး အကယ်ဒမီ မှာ အယောက် ၃၀ စီထားပြီး လေ့ကျင့်ပေး သွားမှာ ဖြစ်ပါတယ်။

အခုလို လူငယ်ဘောလုံးသမားတွေကို နှစ်စဉ် ရွေးချယ် လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Maung Myint

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205345

Read More »

အသင်းပေါင်း ၇၄ သင်းပါဝင်သည့် အပျော်တမ်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်




အသင်းပေါင်း ၇၄ သင်း ပါဝင်တဲ့ အပျော်တမ်း ဘောလုံး ပြိုင်ပွဲကို လာမယ့် မေ ၁၃ ရက်နေ့မှာ စတင် ကျင်းပ သွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဘောလုံး အဖွဲ့ချုပ်၊ အားကစားနဲ့ ကာယပညာ ဦးစီးဌာန၊ Pocari Sweat တို့ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာ စပယ်ရှယ် မီဒီယာနဲ့ အားကစား အေဂျင်စီတို့က စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ အသင်းအရေအတွက် အများဆုံး အပျော်တမ်း ပြိုင်ပွဲဖြစ်ပြီး အပျော်တမ်း ကစားသမားတွေအတွက် ပြိုင်ပွဲတွေ မရှိသေးတာကြောင့် ကျင်းပရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ အသင်းပေါင်း ၇၄ သင်းကို ၄ သင်းပါတဲ့အုပ်စုနဲ့ ၆ သင်းပါတဲ့အုပ်စု စုစုပေါင်း ၁၆ အုပ်စု ခွဲဝေထားပါတယ်။

အသင်းတစ်သင်းက ပွဲစဉ် ၂ ပွဲပဲ ကစားရမှာဖြစ်ပြီး အမှတ်အများဆုံးအသင်းတစ်သင်းက ၁၆ သင်းအဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

အပျော်တမ်းပြိုင်ပွဲမှာ ထိပ်ဆုံး ၂ သင်း စာရင်းဝင်တဲ့အသင်းတွေအနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ရှုံးထွက်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/205320

Read More »

Sunday, May 07, 2017

မန်ယူ ဂန္ထဝင်ကစားသမား ရွန်နီဂျွန်ဆန် မြန်မာလူငယ်များကို ငါးရက်ကြာ ဘောလုံး လေ့ကျင့်ပေးမည်




ရန်ကုန်၊ မေ ၆

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂန္ထဝင် ကစားသမား ရွန်နီဂျွန်ဆန်သည် မြန်မာနိုင်ငံမှ လူငယ် များကို ငါးရက်ကြာ လေ့ကျင့် သင်ကြား ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ပစ္စည်းများ ဖြန့်ချိ နေသည့် Manda Fermentation ကုမ္ပဏီထံမှ သိရသည်။

မန်ယူ ကစား သမားဟောင်း ရွန်နီ ဂျွန်ဆန်နှင့် မန်ယူ အသင်း နည်းပြ နှစ်ဦး ပါဝင် လာမည့် အဖွဲ့သည် မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ ရန်ကုန်နှင့် ပုသိမ်မြို့ တို့ရှိ ဘောလုံး အကယ်ဒမီတို့မှ လူငယ် ကစားသမား များကို လေ့ကျင့် သင်ကြားပေးရန် စီစဉ် ထားကြောင်း ယင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

“ဒီ Manda ကုမ္ပဏီက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးပစ္စည်းတွေ ဖြန့်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့အပြင် သူတို့က မန်ယူအသင်းကို တရားဝင် ထောက်ပံ့ထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မန်ယူပရိသတ်တွေ များတဲ့အတွက် ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလေး လုပ်ချင်လို့ စီစဉ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

လေ့ကျင့်ရေး အစီအစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မေလ ၁၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ပေးမည်ဟု ပွဲစီစဉ်သည့် ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ အစီအစဉ်ကို Forever Media Group နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ မန်ယူကစားသမားဟောင်း ရွန်နီဂျွန်ဆန်နှင့် မန်ယူအသင်းနည်းပြ နှစ်ဦး လာရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုလည်း အသိပေးထားကြောင်း ယင်းအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။

နော်ဝေနိုင်ငံသား ရွန်နီဂျွန်ဆန်သည် လက်ရှိတွင် အသက် ၄၇ နှစ်ရှိပြီ ဖြစ်ကာ မန်ယူအသင်းနှင့်အတူ ပွဲပေါင်း ၉၉ ပွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ ချာရတီဒိုင်းတစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ အင်တာကွန်တီနင်တယ်လ်ဖလား တစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။

ရွန်နီဂျွန်ဆန်သည် နော်ဝေကလပ် ဗယ်လာရင်ဂါကို ကိုယ်စားပြု ကစားခဲ့စဉ်တွင် နော်ဝေလိဂ်၌ အမှတ်ပေး ချန်ပီယံဆု ရရှိခဲ့သေးကာ နော်ဝေလက်ရွေးစင်အဖြစ် ပွဲပေါင်း ၆၀ ကျော် ကစားခဲ့သူ ဖြစ်သည်။

မန်ယူကစားသမားဟောင်းများ ဖြစ်သည့် အန်ဒီကိုးလ်၊ အာဝင်၊ ဒွိုက်ယော့ခ်၊ ဘလက်မိုး၊ လီရှပ် အစရှိသည့် ကစားသမားများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသကဲ့သို့ ချယ်ဆီး၊ ရီးရဲလ်မက်ဒရစ်နှင့် လီဗာပူးအသင်းတို့မှ ကစားသမားဟောင်းအချို့နှင့် နည်းပြအဖွဲ့များလည်း လာရောက်ခဲ့ဖူးသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/sports/8301-mug

Read More »

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လက်ရွေးစင်များအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး အားပေး




ရန်ကုန်၊ မေ ၆
ဩဂုတ် ၁၉ ရက်မှ (၃၀) ရက်နေ့ မလေးရှား နိုင်ငံ၌ အိမ်ရှင် အဖြစ် ကျင်းပ ပြုလုပ်မည့် (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကျင်းပ နိုင်ရန် ရက်ပေါင်း (၁၀၆) ရက်သာ လိုတော့သည့် အတွက်ကြောင့် မြန်မာ အားကစား သမားများ အနေဖြင့် ယခင် ကထက် ပြင်းပြင်း ထန်ထန် လေ့ကျင့် စေနိုင်မှုနှင့် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး က အစ လေ့ကျင့်ရေး ဝတ်စုံနှင့် လေ့ကျင့်ရေး အထောက် အကူပြု ပစ္စည်းများ ဖြည့်ဆည်း ပေးနိုင် မှုနှင့် နည်းပြများ၏ ခေတ်မှီ သော နည်းစနစ် များဖြင့် သင်ကြား ပေးနိုင်မှု အခြေ အနေများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့ နေ့လည် (၁) နာရီအချိန်မှ စ၍ ရန်ကုန်မြို့ အားကစား လေ့ကျင့်ရေး စခန်း အသီးသီးသို့ သွားရောက် ကြည့်ရှု့ အားပေးရာ အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသ ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဦးဝိစာရလမ်းရှိ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ် အဖွဲ့ချုပ် လေ့ကျင့်ရေး စခန်းတွင် ပဏာမ လက်ရွေးစင် အားကစား သမား များ လေ့ကျင့်နေမှု များအား ကြည့်ရှု အားပေးသည်။

ဆက်လက်၍ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ ဘော်လီဘော လေ့ကျင့်ရေး အားကစားရုံ၌ ပဏာမလက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်း လေ့ကျင့်နေမှုအားလည်းကောင်း၊ တိုက်ကွမ်ဒို အားကစားလေ့ကျင့်ရေးရုံအား လည်းကောင်း၊ ကရာတေးဒိုလေ့ကျင့်ရေးခန်းမ၌ ပဏာမ လက်ရွေးစင် အမျိုးသား / အမျိုးသမီး ကရာတေးဒို လေ့ကျင့် နေမှုနှင့် ကြံ့ခိုင်မှု၊ သွက်လက်မှု၊ လျင်မြန်ဖြတ်လတ်မှုနှင့် ပြိုင်ပွဲဝင် ပုံစံ ကစားကွက်များကို သရုပ်ပြသ ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ ပဏာမ လက်ရွေးစင် ကရာတေးဒို အားကစားသမား များအား ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားသည်။

ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ National Golf Range သို့ ရောက်ရှိရာ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးကိုကိုအေးမှ ဂေါက်သီး လေ့ကျင့်ရေးကွင်း အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက Golf Range ကိုပြန်လည် အဆင့်မြင့်တင်နိုင်ရေး အတွက်မှာကြားသည်။

ယင်းနောက် သုဝဏ္ဏဘိုလင်း အားကစားရုံသို့ ရောက်ရှိကာ ပဏာမ လက်ရွေးစင် အားကစားသမားများနှင့် ဉာဏ်ရည်မမှီမသန်စွမ်း အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ အမျိုးသမီးဘတ်စကက်ဘောအသင်း လေ့ကျင့် နေမှုအား ကြည့်ရှုအားပေးကာ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အတွက်ကောင်းသော မခံချင်စိတ်ဖြင့် အစွမ်းကုန် ကြိုးစား လေ့ကျင့်စေလိုကြောင်းဖြင့် အားပေးစကား ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/05/asian-chinlone-championship-2017-myanmar.html


Read More »

Saturday, May 06, 2017

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့မှုကြောင့် စပါးစ်အသင်း ချန်ပီယံမျှော်လင့်ချက် ပျက်ပြယ်




ဒီနေ့ မနက် အစောပိုင်းက ယှဉ်ပြိုင် ကစား ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ၀က်စ်ဟမ်း အသင်းကို စပါးစ်အသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ဝက်စ်ဟမ်း အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ကြတာ ဖြစ်ပေမယ့် စပါးစ်အသင်းက ဘောလုံး ပိုင်ဆိုင်မှုမှာတော့ အပြတ် အသတ် အသာစီးယူ ကစားနိုင် ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း အတွက် တလုံး တည်းသော အနိုင်ဂိုး ကိုတော့ လန်ဇီနီက ပွဲချိန် ၆၈ မိနစ်မှာ သွင်းယူ ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် ချဲလ်ဆီးနဲ့ အကြိတ်အနယ် ဖြစ်နေတဲ့ စပါးစ် အသင်းဟာ ဒီပွဲ အရှုံးကြောင့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အတော်နည်း သွားပြီဖြစ်ပါတယ်။

စပါးစ်အသင်းဟာ ၃၅ ပွဲကစား ရမှတ် ၇၇ မှတ်၊ ချဲလ်ဆီးက ၃၄ ပွဲကစား ရမှတ် ၈၁ မှတ်နဲ့ အသီးသီး ရပ်တည်နေ ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ ၃၆ ပွဲကစား ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205020

video

Video From : espnfc.us

Video Originally published at - http://www.espnfc.us/blog

Read More »

Saturday, April 08, 2017

ဆီးဂိမ်းအကြို လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံြး ပိုင်ပွဲ ကျင်းပမည်




ရန်ကုန်မြို့မှာ လက်ခံ ကျင်းပမယ့် ကမ္ဘောဇ ဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဟောင်ကောင်၊ ကမ္ဘော ဒီးယားနဲ့ ဂျပန် တက္ကသိုလ် လက်ရွေးစင် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲဟာ အာရှခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမယ့် မြန်မာ ယူ-၂၂ အသင်းအတွက် ပြိုင်ပွဲအတွေ့အကြုံရဖို့ စီစဉ်ကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ ဟောင်ကောင် ယူ-၂၂၊ ကမ္ဘောဒီးယား ယူ-၂၂ နဲ့ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းတို့ လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လာမယ့် ဇွန်လ ၂၈ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

“အုပ်စုပတ်လည်ပုံစံနဲ့ ကစားဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ကစားမယ့်ရက်တွေကတော့ ဇွန်လ ၂၈ ရက်နေ့မှာ ၂ ပွဲကစားမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာ နောက်ထပ် ၂ ပွဲ ကစားမှာ ဖြစ်ပြီးတော့ နောက်ဆုံးပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဓိကကတော့ ဒီနှစ် အသက် ၂၂ နှစ်အောက်အသင်းက တားဂက် ၂ ခုရှိတယ်။ AFCN နဲ့ ၂၃ ကာလီဖိုင်ရား ရှိမယ်။ ကျနော်တို့ အိမ်ရှင်လုပ်မယ်။ ဇူလိုင်လကုန်မှာ လုပ်မယ်။

ဒါ့အပြင် ဆီးဂိမ်းမှာလည်း သြဂုတ်လမှာ ကစားဖို့ရှိတယ်။ ဇွန်လမှာလုပ်တဲ့ ဒီပွဲကတော့ ကျနော်တို့က ၃ ပွဲ ကစားရမယ်။ ၃ ပွဲ ကစားပြီးရင် AFCN၊ 23 ဆက်ကစားမယ်။

ပြီးတဲ့အချိန်ကျရင်တော့ ဆီးဂိမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျနော်တို့ မြန်မာ့လက်ရွေးစင်အသင်း ၂၂ အောက်အသင်းက တရုတ်ပြည်မှာ စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်ဖို့ စတင်ချိတ်ဆက် ဆောင်ရွက်နေပါတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

မြန်မာ ယူ-၂၂ အသင်းဟာ ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ပြိုင်ခဲ့တဲ့အသင်းကို အခြေခံထားတာဖြစ်ပြီး လက်ရွေးစင်နည်းပြ ဂတ်ဇီဆီက နည်းပြချုပ်အဖြစ် တာဝန်ယူမှာပါ။

ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတဲ့အတွက် ပြိုင်ပွဲနှစ်ရပ်စလုံးမှာ အောင်မြင်မှုရဖို့ ရည်မှန်းထားတယ်လို့ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

“ကျနော်တို့ရဲ့ လက်ရှိ မျိုးဆက်သစ်ထဲမှာတော့ ခြေစွမ်းအကောင်းဆုံး အသင်းတသင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့က အားစိုက်ပြီးတော့ ပြင်ဆင်တယ်။

ဒီနှစ်ထဲမှာဆိုရင် ပြိုင်ပွဲကြီး ၃ ပွဲ ကျနော်တို့ ကစားမှာဖြစ်ပါတယ်။ အာရှ အသက် ၂၃ နှစ် ခြေစစ်ပွဲမှာတော့ အုပ်စုကနေ ကျွတ်ပြီးတော့ ဖိုင်နယ်အထိ ရောက်မယ်လို့ ကျနော်တို့ ရည်မှန်းထားပါတယ်။ ဆီးဂိမ်းမှာလည်း အန်းဆုံး ဗိုလ်လုပွဲအထိ ရောက်အောင် ကျနော်တို့ ရည်မှန်းထားပါတယ်။”

မြန်မာ ယူလူငယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ဆု ရခဲ့ပါတယ်။ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၂၀၁၇ မလေးရှား ဆီးဂိမ်း မှာလည်း နှစ်ပေါင်း ၄၀ ကျော် ကွာဝေးနေတဲ့ ဆီးဂိမ်းရွှေတံဆိပ်ကို ပြန်လည်ရယူဖို့ ရည်မှန်းထားပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/200131

Read More »

Tuesday, March 28, 2017

မြန်မာဘော်လီဘော အသင်း အဆင် ၁ မှ ၈ အတွင်း ၀င်အောင် ကြိုးစားမယ်




နေပြည်တော် ၊မတ်လ (၂၈) ရက်။

(၁၁) ကြိမ်မြောက် အသက် (၁၉)နှစ် အောက် အာရှ လူငယ် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိ အားကစားရုံ (B) မှာ ဒီကနေ့ ကျင်းပ ပါတယ်။

ဘောလီဘော ပြိုင်ပွဲမှာ ဆိုရင် ဟောင်ကောင်၊မြန်မာ၊ သြစတေးလျ၊ကိုရီယား၊ဘင်္ဂလားဒေ့ရှ်၊အီရန်၊ထိုင်း၊သီရိလင်္ကာ၊ဂျပန်၊တရုတ်နဲ့ တရုတ်(တိုင်ပေ) တို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး စုစုပေါင်း (၁၁)နိုင်ငံ ပါဝင်ပါတယ်။

ဒီပြိုင်ပွဲမှာ ဆိုရင် မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့်(၈)ထဲ ဝင်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

မြန်မာအသင်းနည်းပြ ကိုကျော်စွာဝင်းက’ ကျွန်တော်တို့အသင်းအနေနဲ့ 1 to 8 ထဲထိဝင်နိုင်အောင်တော့ ကြိုးစားထားပါတယ်lလေ့ကျင့်ရတာကလည်း ဆယ်တန်းစားမေးပွဲပြီးမှ လူစုံစုံနဲ့ လေ့ကျင့်ဖြစ်တယ်’လို့ ပြောပါတယ်။

ဒီပြိုင်ပွဲကို မတ်လ(၂၈)ရက်မှ ဧပြီလ (၅)ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မာရီခိုင်

Originally published at - http://www.kumudranews.com

Read More »

Saturday, March 04, 2017

ကမ္ဘာ့ ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် တူးတူးတို့ နိုင်ပွဲရ




ကမ္ဘာ့ ချန်ပီံယံရှစ် ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကို မတ်လ ၃ ရက်က မင်္ဂလာဒုံ မြို့တော် ဂေါက်ကွင်းမှာ ကျင်းပခဲ့ပြီး ထွန်းထွန်းမင်းနဲ့ တူးတူးတို့ နိုင်ပွဲ ကိုယ်စီရ ခဲ့ပါတယ်။



မစ်ဒယ် ၀ိတ်တန်း ချန်ပီယံ လုပွဲ အဖြစ် မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလပ် ကာတာကို ပထမ အချီမှာပဲ အမှတ်စဉ် ၃ ကြိမ် ရေတွက် ခံရအောင် ထိုးသတ်ခဲ့ပြီး အလဲထိုးနဲ့ အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပွဲစဉ်မှာ ပရိသတ်တွေ အတွက် အနိုင်ယူလိုစိတ် ပြင်းထန် ခဲ့တာကြောင့် အချိန်ဆွဲ မနေဘဲ ပထမ အချီမှာပဲ အလဲထိုး ခဲ့တာလို့ ထွန်းထွန်းမင်းက ပွဲအပြီးမှာ ပြောပါတယ်။



အကြီးတန်းလက်ဝှေ့ကျော် တူးတူးကတော့ သြစတြးလျနိုင်ငံသား အက်ဒီဖာရန်လ်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲအဖြစ် ထိုး သတ်ခဲ့တာပါ။

၅ ချီစလုံးမှာ တူးတူးက အသာစီးနဲ့ထိုးသတ်နိုင်ခဲ့ပြီး အလဲထိုးနိုင်ခြင်မရှိခဲ့ပေမယ့် ဒိုင် ၃ ဦးစလုံးရဲ့ အမှတ်ပေးမှုအရ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တူးတူးအနေနဲ့ ဒီပွဲကို အလဲထိုးနဲ့အနိုင်ရဖို့ ပြင် ဆင်ထားပေမယ့် ပြိုင်ဘက်ကစားသမားရဲ့ ထိုးသတ်ပုံကောင်းမွန်တာကြောင့် အလဲမထိုးနိုင်ခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ ပွဲအပြီးမှာပြောပါတယ်။



တခြားနိုင်ငံတကာပွဲစဉ် ၂ ပွဲမှာ ဖိုးသော်က မလေး ရှားနိုင်ငံသားဂျန်ကိုင်ချီကို ပထမအချီမှာပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပြီး ကျားပေါက်ကလည်း ကမ္ဘောဒီးယားနိုင်ငံသား ပတ်ချန်ဆင်ကို ပထမအချီ မှပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပါတယ်။

တခြားပြည်တွင်းကစားသမားတွေရဲ့ ၀ိတ်တန်းအလိုက်ချန်ပီယံလုပွဲ တွေမှာ စောမင်းနိုင်က ရဲသွေး၊ သက်ပိုင်အောင်က ရွှေဖားစည်၊ ထွန်းထွန်းနိုင်က ပိုက်ထွေး၊ ရန်နိုင်ထွန်းက ဇွဲရွှေကိုတို့ကို အနိုင်ရရှိခဲ့ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/192782

Read More »

Thursday, March 02, 2017

မြန်မာဘောလုံး အဖွဲ့ချုပ် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် ဒေါ်လာ ၆ သန်းခန့် သုံးစွဲမည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ဟာ ၂၀၁၇ ခုနှစ် အတွင်း ယှဉ်ပြိုင် ကစားမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေ အတွက် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ငွေကြေး သုံးစွဲ သွားဖို့ စီစဉ် ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး တနှစ်စာ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၆ သန်းလောက် ငွေကြေးသုံးစွဲဖို့ စီစဉ်ထားတာပါ။

စပွန်ဆာရရှိမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရရှိထားတာကြောင့် လိုနေတဲ့ ငွေကြေးအတွက် စပွန်ဆာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ အမ်အက်ဖ်အက်ဖ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

“ကျနော်တို့ ၂၀၁၇ ခုနှစ်အတွက် ဘတ်ဂျက်ခန့်မှန်းခြေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်လောက် သုံးဖို့ရှိတယ်။ အဲဒီမှာ ၄ ဒသမ ၅ သန်းလောက်က ဝင်ငွေအနေနဲ့ ရဖို့ရှိတယ်။

ဝင်ငွေအနေနဲ့ ရရှိတာမှာ ဖီဖာရဲ့ ထောက်ပံ့ငွေဖြစ်တဲ့ ဒေါ်လာ ၅ သိန်း ကျနော်တို့ ရပါတယ်။ နောက်ပြီးတော့ မြန်မာဘီယာက မိန်းစပွန်ဆာဖြစ်တဲ့အတွက် ရပါတယ်။

100 Plus ရှိပါတယ်။ FPD က ဂျာစီစပွန်ဆာရပါတယ်။ နောက် ပရီမီယာကော်ဖီ ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့က မားကက်တင်းကို ဒါ့ထက်ပိုပြီးတော့ တိုးပြီး လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် Marketing Team တွေက Amount နည်းနည်းကြီးတဲ့အခါကျတော့ နည်းနည်းလေး ကြာတယ်။ အခုလက်ရှိ အနေအထား အရတော့ နှစ်ကုန်မှာ ဒေါ်လာ ၁ သန်းခွဲလောက် ကျနော်တို့ လိုနေတယ်။”

ဒီနှစ်အတွင်းမှာ အာရှဖလားခြေစစ်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲနဲ့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွေနဲ့အတူ ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အိမ်ကွင်းပိတ်ပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေချမှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

“အိမ်ကွင်းပိတ်ခံရတယ်ဆိုတာက နစ်နာမှုက တအားကြီးတယ်။ ကျနော်တို့ ၂၀၁၁ မှာ အိုမန်နဲ့ပွဲမှာဖြစ်တဲ့ အဖြစ်အပျက်ကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအားလုံး ယိုးဒယားမှာ ကျင်းပတယ်။ စပွန်ဆာဘက်ကပဲကြည့်ကြည့်၊ အသင်းဘက်ကပဲကြည့်ကြည့်၊ ပရိသတ်ဘက်ကပဲ ကြည့်ကြည့် အစစအရာရာ ဆုံးရှုံးတယ်။

ဆိုတော့ ဆူဇူကီးမှာ ကျနော်တို့ အကောင်းဆုံးဥပမာ ပြပြီးသွားပြီ။ ဒါလေးကို ဆက်ပြီး ထိန်းသွားပြီးတော့ အားပေးသွားမယ်ဆိုရင်၊ ကျနော်တို့အသင်း အခုကျနေတဲ့ အုပ်စုကလည်း အုပ်စုချောင်တယ်လို့ ပြောလို့ရတယ်။ ကာဂျစ်စတန်၊ အိန္ဒိယ၊ မြန်မာနဲ့ မကာအို ဆိုတော့။ အာရှဖလားကို မရောက်တာ နှစ် ၅၀ လောက်ရှိသွားပြီ။

ကျနော်တို့နဲ့ လက်တကမ်းပဲ ကွာတော့တယ်ဆိုတော့ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးလိုက်မယ်ဆိုရင် အသင်းကလည်း ကစားရတာ အဆင်ပြေမယ်။

ပရိသတ်လည်း ပျော်ရွှင်မှုရမယ်။ ကျနော်တို့အသင်းလည်း သမိုင်းတွင်မယ့် ဒီအာရှဖလားပွဲကို ဝင်ပြိုင်နိုင်မယ်ပေါ့နော်။ အဲဒီတော့ ပရိသတ်တွေအနေနဲ့ အားပေးပါ။

ပြီးတော့ စည်းကမ်းရှိရှိ အားပေးပါပေါ့နော်” လို့ ဦးဘုန်းနိုင်ဇော်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်အတွင်းမှာ ပထမဆုံး နိုင်ငံတကာပွဲစဉ်အဖြစ် အာရှဖလား ခြေစစ်ပွဲစဉ်တွေကို လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းက အိန္ဒိယအသင်းနဲ့ မတ်လ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/192361


Read More »

အကယ်ဒမီ ၃ခုအတွက် အသက် ၁၂ နှစ် အောက် ကစားသမား၂၀၀ ဦး ကို ဘောလုံး အဖွဲ့ချုပ် ရွေးချယ်မည်။




ရန်ကုန်၊ မတ်လ ၁

မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဘောလုံး အကယ်ဒမီ ၃ ခု အတွက် အသက် ၁၂ နှစ်အောက် ပဏာမ ကစားသမား အယောက် ၂၀၀ ကို ရွေးချယ် သွားမယ်လို့ သိရ ပါတယ်။

“အခု ပညာ သင်နှစ် အစမှာ ကစားသမား အသစ်တွေ လိုပြီ ဆိုတော့ တနိုင်ငံလုံး အတိုင်း အတာ အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့် စုစုပေါင်း ၅၂ မြို့နယ် တိုင်းဒေသကြီး အလိုက်ပေါ့ အခု ကတော့ အကျယ်ပြန့် ဆုံးနဲ့ ကျွန်တော်တို့ ဘောလုံး သမိုင်းမှာ တစ်ခါမှ မလုပ်ခဲ့ ဘူးတဲ့ စုပေါင်းခြင်း တစ်မျိုးပါ ” လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရဲ့ မီဒီယာ ဒါရိုက်တာ ကိုဇင်မင်းထိုက် က ပြောပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် မန္တလေးဘောလုံး အကယ်ဒမီ၊ ပုသိမ်ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီ အကယ်ဒမီ သုံးခုရှိပြီး အရင်က မန္တလေးနဲ့ ပုသိမ် အတွက်ကို ကျောင်းအုပ်တွေက နယ်မှာပဲ လူရွေးချယ်လေ့ ရှိတယ်။ အခုကျတော့ နောက်ဆုံးဖွင့် လှစ်လိုက်တဲ့ ရန်ကုန် ဘောလုံး အကယ်ဒမီက နိုင်ငံတကာ အဆင့်မှီ ဖြစ်လို့ အခုလို စုပေါင်းရွေးချယ်ဖို့ ဖိတ်ခေါ် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဘောလုံးအကယ်ဒမီ သုံးခု အတွက် လူရွေးချယ်ခြင်းကို မတ်လ ၁၄ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်တယ်။ အစောပိုင်း အနေနဲ့ ကစားသမား အယောက် ၂၀၀ ကို ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးချယ်ရေး အနေနဲ့ အဖွဲ့ လေးဖွဲ့ ခွဲထားပြီး ကော်မတီတွေက အဖွဲ့တွေ ပေါ်မှာ ရှိတယ်။ ကော်မတီတွေ ကနေ အဖွဲ့ လေးဖွဲ့ ရွေးထားတဲ့ လူတွေရဲ့ အရည် အချင်းတွေ
ပြန်လေ့လာမယ်။ ကလေးတွေရဲ့ အရည်အသွေး တွေကို ဗီဒီယိုတွေ ရိုက်ထား မယ်လို့ သိရပါတယ်။

” တကယ် သမာသမတ် ရှိရှိနဲ့ ကလေးတွေကို ရွေးချယ် သွားမှာ ဖြစ်ပါတယ် ကစားသမား ရွေးချယ်မှု အပိုင်းကို ပွင့်လင်း မြင်သာမှု အရှိဆုံးနဲ့ စစ်မှန်တဲ့ ကစား သမားတွေ ရွေးချယ် သွားမယ် ကျွန်တော်တို့မှာ ဘက်လိုက်မှု မရှိစေရဘူး ” လို့ ကိုဇင်မင်းထိုက် က ပြောပါတယ်။

အနယ်နယ်အရပ်ရပ်မှ ရွေးချယ်ခံရတဲ့ ကလေးများကို ဘောလုံး ပညာ အပြင် အတန်း ပညာများ အင်္ဂလိပ်စာ အရည်အသွေး များပါ တိုးတက်အောင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

မြစ်ကြီးနား မိုးညှင်း ဗန်းမော် အပါအဝင် မြန်မာနိုင်ငံရဲ့ အချက်အချာ အကျဆုံး မြို့တွေမှာ ရွေးချယ်သွားမှာ လို့ သိရပါတယ်။

ဘောလုံး အကယ်ဒမီ အတွက် ရွေးချယ်ခံမယ့် ကစားသမားတွေဟာ မြို့နယ် အသီးသီးမှာ ရှိတဲ့ အားကစားနဲ့ ကာယပညာ ရုံးများမှာ ဆက်သွယ် စာရင်းပေး သွင်းနိုင် တယ်လို့ သိရ ပါတယ်။

photo MFF

From : ကုမုဒြာဂျာနယ် by အောင်လေး

Originally published at - http://www.kumudranews.com

Read More »

Sunday, January 29, 2017

ဖူဆယ်ဗိုလ်လုပွဲ အဖွဲ့ချုပ်မှ လက်မှတ် ၅၀၀ အခမဲ့ ဝေမည်




ရန်ကုန်။ ဇန်နဝါရီ ၂၈

လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ကစားမည့် မြန်မာ ဖူဆယ် အသင်းနှင့် ထိုင်း ဖူဆယ် အသင်း တို့၏ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဗိုလ်လု ပွဲကို အားပေးနိုင်ရန် မြန်မာ ပရိသတ်များကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ လက်မှတ်များ အခမဲ့ ဝေပေးမည် ဖြစ်သည်။

အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာ ပရိသတ်များ အတွက် ပွဲကစားမည့် နေ့တွင် ကွင်းရှေ့၌လက်မှတ် စောင်ရေ ၅၀၀ ဝေမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းနှင့် ထိုင်းဖူဆယ်အသင်းတို့ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ညနေ ခြောက်ရာရီခွဲ၌ ဘန်ကောက်မြို့ Indoor Stadium Huamark တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား(MRTV) ကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းမှာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မတိုင်မှီ အမြင့်ဆုံးအောင်မြင်မှုမှာ ၂၀၀၆ခုနှစ်က ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စုအဆင့်တွင် လာအိုကို ၆-၁ ဂိုး၊ အင်ဒိုနီးရှားကို ၆-၃ဂိုး၊ မလေးရှားကို ၅-၃ဂိုး တို့ဖြင့် နိုင်ပြီး အုပ်စုပထမနှင့် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ကာ ဆီမီးတွင် တီမောကို ၈-၃ ဂိုးဖြင့်နိုင်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ခြင်းဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by ရဲရင့်ဌေး

Originally published at - http://mizzimaburmese.com/article/22890


Read More »

Tuesday, January 17, 2017

အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် (၂၄)သင်း စာရင်းထုတ်ပြန်




ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူအေအီး နိုင်ငံတွင် ၂၀၁၉ ခုနှစ် အတွင်း ကျင်းပမည့် အာရှဖလား ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရေး ခြေစစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ့ လက်ရွေးစင် အသင်း အပါအဝင် အသင်း (၂၄) သင်း စာရင်းကို အာရှ ဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန် ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

အာရှဖလား ခြေစစ်ပွဲ ဝင်ရောက်ခွင့်ရခဲ့သည့် အသင်း (၂၄)သင်းကိုအုပ်စု(၁)ခုလျှင် ၆သင်း နှုန်းဖြင့် (၄) ခု ခွဲကာ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မဲခွဲပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂျော်ဒန်၊ အိုမန်၊ ဖိလစ်ပိုင်၊ ဘာရိန်း၊ ကာဂျစ်စတန်၊ မြောက်ကိုရီးယား အသင်းများက အဆင့်(၁) (Pot-1)၊

အိန္ဒိယ၊ ပါလက်စတိုင်း၊ တာဂျစ်စတန်၊ ဗီယက်နမ်၊ ဟောင်ကောင်၊တာ့ခ်မင်နစ္စတန် အသင်းများကအဆင့်(၂) (Pot-2) ၊မော်လဒိုက်၊ လက်ဘနွန်၊ ယီမင်၊ အာဖဂန်နစ္စတန်၊ တရုတ် တိုင်ပေ၊ မြန်မာအသင်းများက အဆင့် (၃) (Pot-4)နှင့်မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဘူတန်၊ မကာအို အသင်း များက အဆင့်(၄)(Pot-4) တွင် ပါဝင်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ အဆင့်ကို ၁၉၆၈၊ ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၅ ခုနှစ်များတွင် (၅) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၆၈ ခုနှစ်တွင်သာ ခြေစစ်ပွဲအဆင့်ကို ကျော်ဖြတ်ပြီး ၁၉၆၈ အာရှဖလားတွင် ဒုတိယနေရာ ရရှိခဲ့သည်။ ကျန်နှစ်များတွင် ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အပြီးသတ် (၂၄) သင်း စာရင်းတွင် မကာအို အသင်း နှင့် နီပေါအသင်းတို့လည်း ပါဝင်လာခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့်

ကူဝိတ်ဘောလုံးအသင်းနေရာတွင် မကာအိုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အာရှဖလားဘောလုံးပြိုင်ပွဲမှ နှုတ်ထွက်ခဲ့သည့် ဂူအမ် အသင်းနေရာတွင် နီပေါအသင်းက အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com


Read More »

Monday, December 19, 2016

20th Asian Petanque Championship 2016 ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ရွှေတံဆိပ် (၁) ခု ဆွတ်ခူး




နေပြည်တော်၊ ဒီဇင်ဘာ(၁၈)

(၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ တွင် မြန်မာ ပီတန်း အသင်း အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်၍ အာရှ ပီတန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပီတန်း အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် 20th Asian Petanque Championship 2016 ပြိုင်ပွဲကို ပီတန်း အားကစား ကွင်း၌ ယနေ့ ဆက်လက်ကျင်းပရာ ယနေ့ ပွဲစဉ် အဖြစ် Triple Shooting ပြိုင်ပွဲများ ကိုယှဉ်ပြိုင် ကစားကြ ပါသည်။

ယနေ့ပွဲစဉ်များ အဖြစ် Junior Triple ပြိုင်ပွဲ၊ Men's Triple ပြိုင်ပွဲ၊ Women's Triple ပြိုင်ပွဲ၊ Nation's Cup For Men's Triple ပြိုင်ပွဲနှင့် Nation's Cup For Women's Triple ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားကြပြီး Women's Triple ပြိုင်ပွဲတွင် မြန်မာ (B) အသင်းနှင့် ထိုင်း (B) အသင်း တို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ (B) အသင်းမှ (၁၃) မှတ် (၃) မှတ်ဖြင့် လည်းကောင်း၊ Nation's Cup For Women's Triple ပြိုင်ပွဲတွင် မြန်မာ (A) အသင်းနှင့် လာအို အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ (A) အသင်းမှ (၁၃) မှတ် (၁၁)မှတ်ဖြင့် လည်းကောင်း အနိုင်ရ ဗိုလ်စွဲ ခဲ့သည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦးမှ Nation's Cup For Men's Triple Winner ဆုကို မလေးရှား အသင်းအား လည်းကောင်း၊ မြန်မာပီတန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ Nation's Cup For Women's Triple Winner ဆုကို မြန်မာ (B) အသင်းအား လည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ Junior Triple ပြိုင်ပွဲတွင် ပထမဆုရ ထိုင်း(A) အသင်း၊ ဒုတိယ ဆုရ ကမ္ဘောဒီးယား အသင်းနှင့် ပူးတွဲ တတိယဆုရ ထိုင်း (B) အသင်းနှင့် တရုတ်တိုင်ပေ အသင်း တို့အား မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဥက္ကဌ ဦးအေးထွန်းမှ လည်းကောင်း၊ Men's Triple ပြိုင်ပွဲတွင် ပထမဆုရ ထိုင်း(A) အသင်း၊ ဒုတိယဆုရ လာအိုအသင်း၊ ပူးတွဲတတိယ ဆုရ ထိုင်း(B) အသင်းနှင့် ကမ္ဘောဒီယား အသင်း တို့အား အာရှပီတန်း အဖွဲ့ချုပ် အတွင်းရေးမှူး Dr. Meas Sarlin မှလည်းကောင်း၊ Women's Triple ပြိုင်ပွဲတွင် ပထမဆုရ မြန်မာ (B) အသင်း၊ ဒုတိယ ဆုရ ထိုင်း(B) အသင်း၊ ပူးတွဲ တတိယဆုရ ထိုင်း(A) အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့အား မြန်မာနိုင်ငံ ပီတန်း အဖွဲ့ချုပ် အမှုဆောင် နာယက ဦးသိန်းဝင်းမှ လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »

Monday, November 07, 2016

မတ္တရာမြို့နယ် ချောင်းပေါက် ကျေးရွာတွင် ဘောလုံးပြိုင်ပွဲ ကျင်းပ




မတ္တရာ နိုင်ဝင်ဘာ ၆

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် မတ္တရာ မြို့နယ် အထက်တောင်ကိုင်း ကျေးရွာ အုပ်စု ချောင်းပေါက် ကျေးရွာတွင် ဗုဒ္ဓပူဇနိယ ဘုရားပွဲ အောင်ပွဲ၊ မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက် လာစေရန်နှင့် လူငယ်များ ချစ်ကြည် ရင်းနှီးစေရန် ရည်ရွယ်၍ ချောင်းပေါက် ကျေးရွာ ဆရာတော်မှ ဦးစီး ကျင်းပသော ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက် နံနက် ပိုင်းက အဆိုပါ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းရှိ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ချောင်းပေါက်ကျေးရွာ ဆရာတော်မှ ကစားသမားများအား သြဝါဒစကား မြွက်ကြားခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသင်း (၂၄) သင်းဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ပထမဆုကို ကျပ်၂ သိန်း ၅ သောင်း၊ ဒုတိယဆုကို ကျပ် ၂ သိန်း နှင့် တတိယဆု ၁ သိန်း ၅ သောင်း စသည်ဖြင့် ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ-ပြန်/ဆက်)

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »

Saturday, November 05, 2016

ပရိသတ် ဆိုးသွမ်းသည့် ဖြစ်ရပ်များကြောင့် အမ်အက်ဖ်အက်ဖ်ကို အာရှဘောလုံး အဖွဲ့ချုပ် သတိပေး




ပရိသတ် ဆိုးသွမ်းတဲ့ ဖြစ်ရပ် တွေကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ကို အာရှဘောလုံး အဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန် သတိပေး ထားပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ပွဲစဉ် တချို့မှာ ပရိသတ်တွေက ကွင်းထဲကို အရာ ဝတ္ထုတွေနဲ့ ပစ်ပေါက် ခဲ့တာတွေ ရှိတာကြောင့် အာရှဘောလုံး အဖွဲ့ချုပ်ကနေ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ် မဖြစ်ဖို့လည်း သတိပေးထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ စတင်မယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မလိုလား အပ်တဲ့ အပြုအမူတွေ ထပ်လုပ်မယ် ဆိုရင် နိုင်ငံတကာ ပွဲတွေကို လက်ခံ ကျင်းပခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဘောလုံး အဖွဲ့ချပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

“အာရှ ယူ-၁၉ ခြေစစ်ပွဲတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တိုင်ပေပွဲတွေမှာ ပစ္စည်းတွေနဲ့ပေါက်လို့ တပွဲ ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချထားတယ်။ နောက် ၂ နှစ်အတွင်း ထပ်မဖြစ်ဖို့လည်း သတိပေးထားတယ်။ အမျိုးသမီးပွဲမှာ ထပ်ဖြစ်တဲ့ အတွက် ဘယ်လို အရေးယူမလဲ မသိသေးဘူး။ ဆူဇူကီးမှာ ထပ်ဖြစ်ရင်တော့ ဘောလုံး အဖွဲ့ချုပ် အတွက် မကောင်းတော့ပါဘူး။

“မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုတွေ ခံခဲ့ရသလို ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ်ကလည်း ၂၀၁၁ ခုနှစ် အိုမန်နဲ့ပွဲက ဖြစ်ရပ်တွေ အတွက် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို အိမ်ကွင်းကစားခွင့် ပိတ်ခဲ့လို့ ထိုင်းနိုင်ငံမှာ သွားရောက် ကစားခဲ့ ရပါတယ်။

လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့ အပြုအမူကို ထိန်းကျောင်းနိုင်မယ် ထင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

“ပရိသတ်စစ်စစ်နဲ့ပဲ အားပေးစေချင်တယ်။ ရှုံးလို့ ပစ်တာခတ်တာ မဖြစ်စေချင်ဘူး။ ကျနော်တို့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်း၊ ၂ဝ၁၅ အာရှယူ-၁၉ ခြေစစ်ပွဲ၊ ၂ဝ၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ ၂ဝ၁၆ အာရှယူ-၁၉
ခြေစစ်ပွဲစဉ်တွေမှာ ပရိသတ်တချို့က ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ဒဏ်ကြေးငွေဆောင်ခဲ့ရပြီး ကွင်းပိတ်ပြစ်ဒဏ်တွေလည်း ချမှတ်ခံထားရပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေထက်ပိုပြီး လုံခြုံရေး တင်းကျပ်ဖို့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေပါတယ်။

ဓာတ်ပုံ-အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/174755

Read More »

Friday, October 28, 2016

ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း ယှဉ်ပြိုင်ဘက် အဒမ် (သြစတြေးလျ) ကို အလဲထိုး




တိုကျို မြို့မှာ ပထမဆုံး အကြိမ် ရိုးရာ လက်ဝှေ့ပွဲ Lethwei GP in Japan 2016 မှာ ချန်ပီယံ ထွန်းထွန်းမင်းက ယှဉ်ပြိုင်ဘက် အဒမ် (သြစတြေးလျ) ကို အလဲထိုး အနိုင်ရ ခဲ့ပါတယ်။

သူ့အနေနဲ့ အခုပွဲမှာ အနိုင်ရ တာဟာ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ သလို ပရိသတ်တွေ အားပေးမှု အပါအဝင် အဘက်ဘက်က ပံပိုးမှု aတွကြောင့်လို့ ဒီဗွီဘီကို ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘက်မှ ပွဲစီစဉ်သူ ဦးဝဏ္ဏ(မြန်မာမီဒီယာဂရု) ကတော့ အခုလို မြန်မာ့ရိုးရာ လက်ဝှေ့ စစ်စစ်ကို ဂျပန်နိုင်ငံမှာ ပထမဆုံး အောင်မြင်စွာ ကျင်းပနိုင် ခဲ့လို့ မြန်မာ ပြည်သူများ ကိုယ်စား ဝမ်းသာ ဂုဏ်ယူ မိတယ်လို့ ဆိုပါတယ်။

Lethwei GP in Japan 2016 မှာ ဂျပန်လူမျိုး အများအပြား ရုံပြည့် လာရောက် ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်လည်း တက်ရောက် ဆုချီးမြှင့် ခဲ့ပါတယ်။

အခုပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ် (သြစတြေးလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့ စောထူးအောင်၊ စောအယ်လေး နဲ့ စောထူးဇော် တို့ ပါဝင် ထိုးသတ် ခဲ့ကြတာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/173757

Read More »