နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အမြင်ဆန်း. Show all posts
Showing posts with label အမြင်ဆန်း. Show all posts

Sunday, June 23, 2013

တခွက် ဒေါ်လာ ၉ဝ တန် ကော်ဖီ



ကော်ဖီတခွက် ဒေါ်လာ ၉ဝ တဲ့။

အင်္ဂါနေ့ထုတ် ရာဟူး သတင်းတပုဒ်မှာာ ဖော်ပြထားတာပါ။

ကုန်ကြမ်းကော်ဖီစေ့ ဘယ်က လာတာကြောင့် ဒီလောက်တောင် ဈေးကြီးနေရတာလဲ။

Paradoxurus ဆိုတဲ့ တောကြောင်လိုမျိုးအကောင်ရဲ့ မစင်ကနေ ထွက်လာတဲ့ ကော်ဖီစေ့ပါ။

ကြောင်လိုလို ဒီအကောင်က ကော်ဖီစေ့ စားလိုက်ပေမယ့် ကြေမသွားဘူး၊ သို့သော်လည်း သူ စွန့်ပစ်လိုက်
တဲ့အခါမှာတော့ ကော်ဖီစေ့က အာနိသင် အပြောင်းအလဲ ဖြစ်သွားပါတယ် တဲ့။

သောက်ဖူးတဲ့သူများရဲ့ မှတ်ချက်တွေအရ ဆိုရင် သောက်လို့ သိပ် ..................... ကောင်း ဆိုပဲ။

ကြံကြံဖန်ဖန် လုပ်ရောင်း၊ ကြံကြံဖန်ဖန် ဝယ်သောက်တဲ့သူတွေလို့ ဆိုရမယ်။

ငွေရှိတော့ ကြံကြံဖန်ဖန် လိုက်ဝယ်စားသောက် အားပေးကြသူတွေကို နိုင်ငံတကာမှာ အနှံ့အပြား တွေ့
ရမှာပါ။

ဒီအကောင်တွေက မြန်မာပြည်မှာလည်း ရှိတာကြောင့် သူတို့ကို မွေးမြူရေးလုပ် ကော်ဖီစေ့ နင်းကန်ကျွေး
ပြီး ဈေးကြီးတဲ့ကော်ဖီ ဘိဇနက်  လုပ်မယ် ဆိုရင် ဟန်ကျမှာပဲ။

ဒီအကောင် နဲ့ ကော်ဖီထူးဆန်းထွေလာအကြောင်း မင်းခွန်စိုးရဲ့ ဘလော့ http://minkhunsoe.blogspot.com/2012/01/blog-post_22.html မှာလည်း ဖော်ပြထားပါတယ်။

သူရေးထားတုန်းကတော့ ဈေး သိပ်မကြီးသေးပါ။

ခုတော့ ဆိုခဲ့သလိုပဲ ကော်ဖီတခွက် ဒေါ်လာ ၉၀ လို့ သတင်းများမှာ တွေ့ရပါတယ်။

from The Irrawaddy's Blog by zarny win
Read More »

Sunday, June 02, 2013

ဒူဘိုင်း ဟိုတယ်တစ်ခုတွင် ရွှေ အိုင်ပတ်များကို မီးနူးစာအုပ်လုပ်



တကယ်ပါ ဒူဘိုင်းက ကမ္ဘာ့ဈေး အကြီးဆုံး ကမ္ဘာ့
တစ်ခု တည်း သော ကြယ် ၇ ပွင့် အ ဆင့် ရှိ ဟို
တယ် Burj Al Arab ဟိုတယ်မှာပါ။

ယူအေအီး က ဆို ပါတော့။

ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိ
သားစု တစ်စုတိုင်းကို ရွှေအိုင်ပတ်ပေးပါတယ်။


အပြီးပေးတာ မဟုတ်ဘူး ထင်တယ်။ သိုပေမယ့်
အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်
လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16 GB Memory
ပါရှိပါတယ်။ ရည်ရွယ် ချက်က ဟိုတယ်မှာ Virtual
Guide အနေနဲ့ လုပ်ပေးဖို့ပါ။

ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။ ဟိုတယ်တွင်းက စားသောက်
ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။

သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တွင်း အသုံးပြုဖို့အတွက် သီးသန့် ဆော့ဖ်ဝဲ တစ်ခု Install လုပ်ပေး ထားခြင်း ဖြစ်ပါတယ်။

အိုင်ပတ်ကို ရွှေကာဗာတပ်ဆင်ထားပေးခြင်းပါ။ ဟိုတယ် လိုဂိုလည်း ပါရှိပါတယ်။

အချို့ ကတော့ ဟိုတယ် အမှတ်တရ အနေနဲ့ ရွှေအိုင်ပတ်ကို တစ်ခါတည်း ဝယ်ပြန်သွားတတ်ကြောင်း သိ
ရပါတယ်။

Ref: tech2

Aung Kham (TSJ team)
Read More »

Thursday, May 30, 2013

သည်းထိပ်ရင်ဖို တောင်ပေါ်လမ်း


တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်က မတ်ဆောက်တဲ့တောင်းတန်းပေါ်က နိုင်ငံခြားသား ဧည့်သည်တွေကို ဆွဲဆောင်ရာ မြင်ကွင်းတွေပါ။


ဟူရှန်တောင် လို့ အမည်ရတဲ့ မတ်ဆောက်တောင်ကုန်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က တည်ဆောက်ခဲ့တဲ့ တောင်နံရံကပ်တံတားတွေနဲ့ သည်းထိပ်ရင်ဖို တောင်ပေါ်လမ်းပါ။ ဓာတ်ပုံတွေကြည့်
ပြီး ရင်ဖိုနေကြမယ် ထင်ပါတယ်။


ဓာတ်ပုံများ- HAP Quirky China News/ Red Feat












အခု ဖော်ပြထားတဲ့ ဗီဒီယိုမှာ ဘယ်လို အသက်စွန့်ပြီး ခက်ခက်ခဲခဲနဲ့ မတ်ဆောက်နေတဲ့ တောင်နံရံကို တွယ်တက်ပြီး ကူးနေရတယ်ဆိုတာ ထင်ရှားပါတယ်။


from The Irrawaddy's Blog by အိမ့်သံစဉ်
Read More »

Thursday, May 16, 2013

တရုတ်နိုင်ငံမှ တိမ်မြုပ် ပျောက်ကွယ် တော့မည့် မျက်စေ့ သန့်စင်ရေး အသက်မွေး ၀မ်းကျောင်း ပညာ



အမြင်အာရုံတွေကြည်လင်လန်းဆန်းစေဖို့ .....။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ဆံသဆရာများဟာ ချွန်ထက်တဲ့ လက်နက် ကိရိယာများနှင့် မျက်လုံးအား
သန့်ရှင်းရေးလုပ်ပေးသည့် ၀န်ဆောင်မှုအား နှစ်ပေါင်းရာနှင့် ချီကာ ပြုလုပ်ဆောင်ရွက်ခဲ့ ကြပါတယ်....။

တစ်ခြားသောရှေးဟောင်းဓလေ့ ထုံးတမ်း အစဉ်အလာ အပြုအမူများ ကဲ့သို့ ဤမျက်လုံးအား ချွန်မြသော က
ရိယာများဖြင့် သန့်ရှင်းရေးလုပ်ပေးသည့် အတတ်ပညာဟာလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ် တိမ်ကော
လာနေပြီဖြစ်ပေမယ့် ယနေ့ အထိတော့ မျက်လုံး တစ်ခါခြစ် ၅ ရင်မင်ဘီ(ယွမ်) ၀.၈၀ ဒေါ်လာဖြင့် လုပ်ပေး
နေသည့် ဆံပင်ညှပ်ဆရာအချို့ ကိုတော့ တွေ့ နိုင်ပါသေးတယ်....။

စီချွမ်ပြည်နယ်ရဲ့ ရှေးထုံးအဆိုအမိန့် အရ မျက်လုံးအားဓါးဖြင့် ခြစ်ပြီးသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် လော
ကရဲ့ အလှအပတွေကို ပိုပြီး ပီပြင်စွာခံစားသိမြင်နိုင်မှာဖြစ်တာမို့ တစ်ချို့ သောသူတွေကတော့ ယခုကဲ့သို့
အခွင့် အလမ်းကို လက်လွတ်မခံနိုင်တာမို့  ဒီလိုဓါးဖြင့် ကလော်ပြီးခြစ်ပေးတာကို ခံယူဖို့ အသင့် ပါပဲ....။

" ဓါးသွားထက်ကမျက်ဝန်း" လို့ အများခေါ်ဝေါ်ကြတဲ့ အဆိုပါ မျက်လုံးနှင့်မျက်ခွံတို့ အား ချွန်ထက်သည့်
လက်နက်ကိရိယာများဖြင့် ထိုးဆွသည့် ဝန်ဆောင်မှုလုပ်ငန်းဟာ တရုတ်နိုင်ငံတွင်ရှေးနှစ်ပေါင်းများစွာက
တည်းက ရှိလာခဲ့ သည့် ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ခဲ့ ပါတယ်...။

ထိုအသက်မွေးဝမ်းကျောင်းမှု၊ လက်မှုအနုပညာလုပ်ငန်းဟာ ကျိုချင်ဖု နှင့် ကျိုချန်းယင် ညီအစ်ကိုနှစ်ဦး
မှ ၎င်းတို့ ဖခင်၏ခြေရာနင်းကာ အမွေဆက်ခံလုပ်ဆောင်လာခဲ့ ကြပြီး မျက်လုံး၊ နား၊ လည်ပင်းများအား
လှပတင့်တယ်၊ လန်းဆန်းချောမွေ့ အောင် ကျွမ်းကျင်လှစွာပြုလုပ်ပေးနိုင်ခြင်းဖြင့် ထင်ပေါ်ကျော်ကြားလူ
သိများလာခဲ့ တာဖြစ်ပေမယ့် ယခုနှစ်ကာလပိုင်းမှာတော့ ထိုမျက်လုံးဓါးခြစ်ပေးနိုင်သူများပျောက်ဆုံးကွယ်
ပျောက်လုနီးပါးဖြစ်လာခဲ့ ပါတယ်...။

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မြို့ တော် ချန်ဒူးလိုခေတ်မှီမြို့ ကြီးမှာတော့ သေသေချာချာဂရုတစိုက်ရှာဖွေ
နိုင်ယင် မျက်လုံးသန့် စင်ပေးတဲ့ ဆိုင်ကို တွေ့ နိုင်ပါသေးတယ်...။

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ လျူဒေယွမ် ကတော့ ခေါင်းရိတ်တာနဲ့ မျက်လုံးဓါးခြစ်တာ ၂ ခုပေါင်းမှ ၅ ယွမ်
သာကျသင့် မယ့် ဝန်ဆောင်မှုလုပ်ငန်းကို အောင်မြင်စွာဖွင့် လှစ်ခဲ့ တာ ၇ နှစ်ရှိခဲ့ ပါပြီ....။

လစဉ်ဒီလိုမျက်လုံးဓါးခြစ်ခံဖို့ တန်းစီစောင့် နေတဲ့ ပုံမှန်ဖောက်သည်တွေအများအပြားရှိနေတာမို့ ၎င်းရဲ့ စီး
ပွားရေးလုပ်ငန်းကတော့ အတော်ကိုအခြေအနေကောင်းနေပါတယ်လို့ ကျွမ်းကျင်တဲ့ ဆံသဆရာကဆိုပါ
တယ်....။

သူ့ ရဲ့ ဖောက်သည်တွေရဲ့ မျက်လုံးကို ထိုးဆွမွှေနှောက်ပြီးသန့် ရှင်းရေးလုပ်ငန်းမစခင် ဆံသဆရာလျူ
ကတော့ ခေါင်းရိတ်တဲ့ ဓါးတွေဆေးတဲ့ ရေဇလုံထဲကရေနဲ့ ပဲ မျက်လုံးထဲနှိုက်မယ့် ဓါးတွေ၊ သံချွန်တွေကို
ဆေးပါတယ်...။

ပြီးယင်တော့ဘယ်ဖက်လက်နဲ့ ဖောက်သည်ရဲ့ မျက်လုံးကိုဖြဲပြီး ညာဖက်လက်နဲ့ မျက်လုံးတွေ၊ မျက်ခွံတွေ
ထဲကို ဓါးနဲ့ ရှေ့ တိုးနောက်ဆုတ် မွှေနှောက်ကာသန့် ရှင်းရေးလုပ်ပေးပါတော့ တယ်...။

၎င်းနောက်တော့သူဟာ သံချောင်းတစ်ခုကိုယူပြီး အပေါ်မျက်ခွံအောက်ကိုထိုးသွင်းလိုက်ကာ မော်တော်
ကားရေသုတ်တံတစ်ခုလို ဘေးဘယ်ညာရမ်းပြီး ထိုးမွှေပေးလိုက်ပါသေးတယ်...။

ထိုနည်းတူပဲ အောက်မျက်ခွံ၊ မျက်ခမ်းကိုလည်းပြုလုပ်ပါသေးတယ်။ ပြီးယင်တော့ နောက်ထပ်တစ်ဖက်က
မျက်လုံးအလှည့် ပါပဲ....။

ဤကဲ့ သို့ မျက်လုံးများအားထိုးဆွသည့် အလုပ်အား ၅ မိနှစ်သာကြာမြင့် တာဖြစ်ပြီး ထိုသို့ သန့် ရှင်းရေး
လုပ်ပြီးပါက ဖောက်သည်ရဲ့ မျက်နှာမှာတော့ မျက်ရည်စီးကြောင်းက အထင်အရှားဖြစ်နေပါပြီ....။

ထိုဆံသဆရာ၊ အမြင်အာရုံကြည်လင်စေသူကြီးရဲ့ သစ္စာအရှိဆုံး ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သူ အသက်
၅၅ နှစ်ရှိ မစ္စတာပန်းကတော့  ဆံသဆရာလျူတစ်ယောက် လက်စွမ်းပြနေချိန်မှာ တစ်ချက်ကလေးမှ မ
လှုပ်ရဲပေမယ့် လုပ်ငန်းပြီးဆုံးသွားချိန်မှာတော့သူ့ မျက်လုံးတွေ ပိုပြီးလန်းဆန်းလာတယ်လို့ ခံစားရကြောင်း
ဆိုပါတယ်....။


မျက်ခွံထဲကို ဒီလိုသံချောင်းတွေ ထိုးထည့်ပြီး ကားရေသုတ်တံလို ဘယ်ညာယမ်းပေးမယ်လေ....။

လူတစ်ယောက်ရဲ့ မျက်လုံးထဲ ချွန်ထက်တဲ့ လက်နက် ကိရိယာတွေ ထိုးသွင်းတာနဲ့  တင်အန္တရယ်များလှ
တာမဟုတ်သေးပါဘူး.... ရောဂါပိုးမွှားကင်းစင်ရေးနဲ့ ပါတ်သက်တဲ့ သန့် ရှင်းသပ်ရပ်မှုပြဿနာလည်းရှိ
ပါသေးတယ်....။

လျူကတော့ ဆံပင်ညှပ်တာ၊ မုတ်ဆိတ်ရိတ်တာ၊ မျက်လုံးထဲထိုးဆွပြီးသန့် ရှင်းရေးလုပ်ပေးတာ အားလုံး
ကို ဓါးတစ်လက်ထဲနဲ့ပဲ ထည်လဲလုပ်ပေးနေတာဖြစ်ပြီး မျက်ခွံထဲထိုးထည့် မွှေနှောက်တဲ့ သံချောင်းဆိုရင်
လည်း ဖောက်သည်အများအပြားကို တစ်နေ့ထဲ ဆက်တိုက် အသုံးပြုခဲ့တာဖြစ်ပြီး ညဖက် ဆိုင်ပိတ်ချိန်
မှသာ အရက်ခွက်ထဲထည့်ပြီး ပိုးသတ်လေ့ ရှိပါတယ်....။

သို့ သော်လည်း သူ့ ရဲ့ ဖောက်သည်များကတော့ ဒီအချက်တွေကို သိပ်ပြီးဂရုစိုက်ကြပုံမပေါ်တဲ့ အပြင် ၎င်း
တို့ အနေနဲ့ နှစ်ပေါင်းများစွာ ဒီလိုပဲပြုလုပ်ခံနေခဲ့ ကြတာဖြစ်ပြီး တစ်စုံတစ်ယောက်မျှ လည်း ဘာပြဿနာ
မှ မဖြစ်ခဲ့ ကြပါဘူးလို့ ဆိုကြပါတယ်...။


အသွင်ဆန်းဆန်း၊ အမြင်လန်းစေရမည်.....။

လျူကတော့ သူ့ အသက် ၁၇ နှစ်အရွယ်က စပြီး ဒီအသက်မွေးဝမ်းကြောင်းမှု ပညာကို စတင်လေ့လာခဲ့
တာဖြစ်ပြီး သုံးနှစ် ကြာအောင် သင်ယူလေ့လာ၊ လက်တွေ့ လေ့ကျင့် ပြီးမှ ဖောက်သည် တွေဆီက အခ
ကြေးငွေယူခဲ့တာဖြစ်တယ်လို့ ချန်ဒူးစီးပွားရေးသတင်းစာကို ပြောကြားခဲ့ ပါတယ်....။

သူ့ အနေနဲ့ တစ်ခါမှ လက်ချော်သွားတယ်ဆိုတာမရှိခဲ့ သလို လျှို့ ဝှက်ချက်ကတော့ သူ့ ရဲ့ လက်များသန်မာ
တာင့်တင်းမှု၊ လက်ကောက်ဝတ် များကို လိုအပ်သလို ချိန်ဆဖြေလျော့ နိုင်မှုနဲ့ တည်ငြိမ်စွာ မှန်းဆနိုင် မှု
တွေပါပဲလို့ ဆိုခဲ့ ပါတယ်....။


တစ်သက်လုံး ဒီလိုပဲလုပ်လာတာ.... ဘာမှမဖြစ်ဘူးစိတ်သာချ.....။

မျက်လုံးဆိုတာ ရေကြည်၊ ရေအေးနဲ့ ဆေးကြောသန့်စင်တာနဲ့တင် လုံလောက်တယ်လို့ သင်ယူဆခဲ့မယ်
ဆိုယင်တော့ ဒီလို ဓါးနဲ့၊ သံချွန်နဲ့ ထိုးဆွ မွှေနှောက်ပြီး သန့် ရှင်းရေးလုပ်ပေးတဲ့ ဆိုင်မျိုးကိုသွားဖို့ ဆိုတာ
ကတော့ သင့်အနေနဲ့  တော်တော်စဉ်းစားရပါလိမ့်မယ်....။

♥♥♥♥♥ဗဟုသုတ ရစေရန် မျှဝေ ပေးလိုက်ပါတယ်♥♥♥♥♥

Forever Friends Myanmar Social Natwork မှ ကူးယူမျှဝေသည်။
Read More »

Monday, February 25, 2013

ကော်ဖီနဲ့ ကားအမြန်မောင်းလို့ ဂင်းနစ်စံချိန်တင်



ကော်ဖီနဲ့ကားမောင်းတယ်ဆိုတော့ တော်တော်လေး စဉ်းစားစရာဖြစ်သွားပါတယ် အခြားမဟုတ်ပါဘူး
ကော်ဖီကနေဓါတ်ငွေ့ထုတ် ပြီး ကားမောင်းတယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ် ။

ပုံမှာပြထားတဲ့အတိုင်း ကားစက်ဖုံးရှေ့မှာ ကော်ဖီကို အပူ လိုက်ပေးမယ့် အိုးရှိပါမယ် ဒီမှာတော့အခြား
လောင်စာတခုခုကို အသုံးပြုရပါမယ် ယင်းကနေမှ ဟိုက်ဒရိုဂျင်နဲ့ ကာဘွန်မိုနောက်ဆိုက်ကိုထုတ်လုပ်
ပါမယ် ရလာတဲ့ဓါတ်ငွေ့နှစ်မျိုးကို အအေးခံလို့ ရေစစ်ထုတ်ပါမယ် ပြီးတော့ ကားအင်ဂျင်ဆီကိုပဲလောင်
ကျွမ်းပေးစေမယ့် လောင်စာအဖြစ် ပြန်လည်ပို့ပေးလို့ အင်ဂျင်ကို အလုပ်လုပ်စေမှာဖြစ်ပါတယ် ။

ကော်ဖီကရတဲ့ဓါတ်ငွေ့တွေက စွမ်းပါတယ် ကားကိုတနာရီ ၆၅ မိုင်လောက်အထိ မောင်းနှင်ပေးခဲ့ပြီး စံ
ချိန်တင်သွားပါတယ် ။

၃ မိုင်ကိုကော်ဖီ တကီလို ကုန်တယ်လို့ ဆိုပါတယ် ဒီတော့ကော်ဖီဖိုးနဲ့ မွဲမလား ဆိုတာစဉ်းစားရမဲ့တ
ချက်ဝင်လာပါတယ် သို့ပေမဲ့သောက်သုံးလို့မရတဲ့ စွန့်ပစ်ကော်ဖီစေ့နဲ့ အမှုန့်များနဲ့ မောင်းနှင်မယ်ဆို
ရင် ကုန်ကျစရိတ်က ပိုတောင် သက်သာ အုံးမယ့် အခြေအနေ ဖြစ်ပါတယ် ။

ဆီတွေထက်လည်း သာမာန်ကော်ဖီ လောက်ကတော့ ဈေးသက်သာတယ်လို့ဆိုပါတယ် အင်္ဂလန်နိုင်ငံ
ကပညာရှင်များ သရုပ်ပြမောင်းနှင်ခဲ့လို့ ဂင်းနစ်စံချိန် တင်သွားကြောင်းသိရပါတယ် ။

မြ၀တီ မှကူးယူမျှဝေသည်။
Read More »

Monday, February 18, 2013

၈ လက်မအရွယ်ရှိ Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်



လက်ဖဝါးပုံစံရှိပြီး သေးငယ်သည့်ရဟတ်ယာဉ်ကို အမှတ်တမဲ့ကြည့်ပါက ကလေးငယ်များကစားသည့်
ရဟတ်ယာဉ်ဟု ထင်ရနိုင်ဖွယ် ရှိသည်။


သို့သော် သေးငယ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်သည့် ယင်းမောင်းသူမဲ့ ရဟတ်
ယာဉ်သည် တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်ရန် အတွက် ဗြိတိန် စစ်တပ်က အထူးထုတ်
ထားသည့် နောက်ဆုံးပေါ် လက်နက်တစ်ခု ဖြစ်သည်။




အဆိုပါရဟတ်ယာဉ်အား Black Hornet ဟု အမည်ပေးထားပြီး ၈ လက်မ အရွယ် မောင်းသူမဲ့ရဟတ်
ယာဉ်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ အလေးချိန် ၁၅ ဂရမ် သာရှိ သည့် ၎င်းရဟတ်ယာဉ်၏
ထိပ်ဖျားတွင် ကင်မရာ သုံးခု တပ်ဆင် ထားသည်။





Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ်သည် မီးခိုးရောင် ဖျော့ဖျော့ရှိပြီး အနက်ရောင် ဒလက်နှစ်ခု
ပါရှိကာ ပြန်လည်အားသွင်း နိုင်သည့် သေးငယ်သော ဘက်ထရီ ပါရှိသည်။




အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်အား GPS စနစ်ကို အသုံးပြု၍ ကွန်ပျူတာပရိုဂရမ်ဖြင့် အလိုအ
လျောက် စစ်မြေပြင်သို့ စေလွှတ် ပျံသန်းစေခြင်း သို့မဟုတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ် ပျံသန်းခြင်း
တို့ဖြင့် ရန်သူ၏ တည်နေရာ အခြေ အနေ တို့ကို ထောက်လှမ်း၍ စစ်အခြေစိုက် စခန်းသို့ ပြန်လာ
နိုင်သည်။

၎င်းမောင်းသူမဲ့ ရဟတ်ယာဉ်သည် ရန်သူစခန်းအတွင်းနှင့် ရန်သူသိမ်းပိုက်ထားသည့် နယ်မြေများ
အတွင်း ရန်သူ မသိအောင် ဝင်ရောက်၍ အနီးကပ် ထောက်လှမ်းကာ ဓာတ်ပုံများ ပေးပို့ နိုင်သည်။

Black Hornet မောင်းသူမဲ့ရဟတ် ယာဉ်အား ကွန်ပျူတာဂိမ်း စက်ကဲ့သို့ ထိန်းချုပ် ကိရိယာဖြင့်
လွယ်ကူစွာ ထိန်းချုပ် မောင်းနှင် နိုင်သည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်သည် အလေးချိန်သုည ဒသမ ၅ အောင်စရှိပြီး အမြန်နှုန်း တစ်နာ
ရီ ၂၂ မိုင်နှုန်းဖြင့် မိနစ် ၃ဝ ကြာအောင် ပျံသန်းနိုင်သည်။

၎င်းရဟတ်ယာဉ်ကို ဗြိတိန်နှင့် နော်ဝေနိုင်ငံ တို့က ပူးတွဲထုတ်လုပ်ထားပြီး Proxd-ynamics
Pd-100 Personal Reconnaissance System ဟုလည်း ခေါ်သည်။

Black Hornet ရဟတ်ယာဉ်နှင့် ထိန်းချုပ်ကိရိယာကို ကျောပိုးအိတ်အတွင်း သယ်ဆောင်နိုင်သည်။

တာလီဘန်နယ်မြေအတွင်းသို့ Black Hornet မောင်းသူမဲ့လေယာဉ်စေလွှတ်၍ စမ်းသပ်ထောက်
လှမ်းမှုပြုခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း Black Hornet မောင်းသူမဲ့ ရဟတ်ယာဉ် ကင်း
ထောက် အဖွဲ့မှ တပ်မှူး ဗိုလ်မှူး အက်ဒမ် ဖိုဒန်ကပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ မှကူးယူမျှဝေသည်။



Read More »

Thursday, February 14, 2013

လေယာဉ်လို မြန်မယ့် ဆိုင်ကယ် The Yog




စီးရမယ့် ပုံစံက သက်သောင့်သက်သာ ရှိမရှိတော့မသိပါဘူး။ သေချာတာ ကတော့ အ
စားစားပြီးချင်း စီးလို့ကောင်းမယ့်ပုံ မပေါ်ပါဘူး။ ဗိုက်မောက်ပြီးစီး ရမယ်ဆိုတော့ နေရထိုင်
ရတော့ တစ်မျိုးဖြစ်နေပါလိမ့်မယ်။


Lightning Powered Bikes ဖြစ်ပြီး The Yog သုံးဘီးဆိုင်ကယ် ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ဆင်မယ့် အင်ဂျင်ကလည်း လေယာဉ်တာဘိုအင်ဂျင်လို့ ဆိုပါတယ်။ မောင်းမှာက ပန်ကာ
မဟုတ်ပဲ ဘီးဖြစ်နေပါတယ်။ ဒီတော့ ဆီမသုံးပဲ လျှပ်စစ်ပါဝါချည်းနဲ့ဆို အဆင်ပြေမယ်လို့ဆိုပါ
တယ်။
ဘီးအရွယ်က တော်တော်ကိုကြီးပါတယ်။ ရာဘာသား ကောင်းကောင်းနဲ့ ပြုလုပ်ထားပြီး အက်ဆီး
ဒန့်ဖြစ်တဲ့အခါ မောင်းနှင်သူနဲ့ ဆိုင်ကယ်ကို အထိမနာအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။


ဘက်ထရီတစ်လုံးတပ်ဆင်ထားရုံနဲ့တင် မြန်မြန်မောင်းရမယ့် ပြိုင်ဆိုင်ကယ်လို့ ဆိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်းသာ ခွစီးရမယ့် The Yog ဆိုင်ကယ် က ဒီဇိုင်းမှာတင်မဟုတ်ပဲ တ
ကယ်ထွက်လာမယ်ဆိုရင် အားကစား သုံးပဲ ဖြစ်ဖို့များကြောင်း သိရပါတယ်။









Ref: techblog

Aung Kham (TSJ team)
Read More »

ကမ္ဘာ့ အသေး ဆုံးသမင်




တောင်အမေရိက မှာပဲ ရှိတဲ့ သမင်တမျိုး ဖြစ်ပါတယ် PUDU လို့ခေါ် ပြီး အီကွေဒေါ ၊ ချီလီ ၊
အာဂျင်တီးနား ၊ကိုလံဘီယာ ၊ ပီရူး ၊ အစရှိတဲ့ နိုင်ငံ များရဲ့ တောင်ကုန်းမြင့် ဒေသတွေမှာ
နေထိုင်ပါတယ် ။


အရွယ်အစား အားဖြင့် အမြင့် ၁၃ လက်မ မှ ၁၇ လက်မ ။ အရှည် ၃၃ လက်မ အထိပဲ ရှိပါတယ်။


အလေးချိန်ကတော့ ၂၆ ပေါင်ဝန်းကျင်သာရှိပြီး ပေါင် ၃၀ အထိကတော့ အလေးဆုံးပါပဲ။
တောင်အမေရိကမှာ တချိန်က နာမည် ကြီး အသား ပဲ ဖြစ်ပါတယ်။


ဒါကြောင့် ယခု ချိန်မှာ ပူဒူးအမဲလိုက်ခြင်းကို အပြင်း အထန် တားမြစ် အရေးယူပါတယ်။
အရေအတွက် နည်းနေပြီမို့ ဖြစ်ပါတယ်။


ချီလီတောင်ဆိတ်လို့ လည်း နာမည်ပေးထားပါတယ်။


ယနေ့ အချိန် ကမ္ဘာ့ ရှားပါးမျိုးစိတ် စာရင်းထဲမှာ PUDU ကို ထည့် သွင်း မှတ်တမ်းတင်ထား
ကြောင်း သိရပါတယ် ။


ဓါတ်ပုံများကို အင်တာနက်ပေါ်မှ ရှာဖွေစုဆောင်းပေးပါသည်။

International news for Myanmar - မှကူးယူမျှဝေသည်။
Read More »