နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အနုပညာဆောင်းပါး. Show all posts
Showing posts with label အနုပညာဆောင်းပါး. Show all posts

Saturday, April 30, 2016

ခိုင်းတိုင်းလုပ်တာ အနုပညာသည် မဟုတ်ပါ




မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲကြီး ကတော့ ဆူညံ ပူညံ အသံတွေ ကြားထဲမှာပဲ ပြီးဆုံး သွားခဲ့ပါပြီ။ နှစ်နှစ်စာ ပေါင်းပေးတဲ့ အတွက် ဆူညံပူညံ အသံက နှစ်ဆတက် သွားတာလည်း ဖြစ်ချင်ဖြစ် မှာပေါ့။

ဘယ်သူက ရထိုက်ရဲ့သားနဲ့ မရတာ၊ ဘယ်သူက မရထိုက်ဘဲ ရတာ၊ ဇာတ်ဆောင် ဇာတ်ရန် မကွဲပြားတာ အစရှိသဖြင့် ပွတ်လောကြီးကို ရိုက်ရောပဲ။ ဇာတ်ဆောင်ဇာတ်ရန် ကိစ္စဆို ကုမ္ပဏီက ခွဲခြားပြီး အကဲဖြတ်အဖွဲ့ကို တင်ပေးရတယ်ဆိုတာ မောင်မှန် ခုမှသိပါတယ်။ (ပရိသတ် အများစုလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ)

ဗမာရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး ဘယ်သူက အဓိကဇာတ် ဆောင်၊ ဘယ်သူက ဇာတ်ရန်ဆိုတာ ခွဲခြားကြည့်ဖို့ ခက်ဟန်တူပါရဲ့။ ကုမ္ပဏီက ဇာတ်ဆောင်ကို ဇာတ်ရန်ဆိုလည်း အကဲဖြတ်အဖွဲ့က လက်ခံလိုက်ပုံပါပဲ။ ပိုပြီးရှုပ်ထွေးသွားတော့တာပဲ။ အဘခေတ်မှာ အဘတွေနဲ့ အကျိုးဖြစ်ထွန်းခဲ့တဲ့ ရုပ်ရှင်သမားတွေက တောပြောတောင်ပြောတွေ ပိုပြောလို့
ကောင်းသွားတာပေါ့။ ထားပါတော့လေ။

အဲဒီ့ဆုပေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ "ရုပ်ရှင်ဆိုတာ အနုပညာတွေထဲမှာ လူထုကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှုအရှိဆုံး" လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

တစ်ခါ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက "မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ ကျနော်တို့ အနုပ ညာရှင်တွေက တစ်ခန်းတစ်ကဏ္ဍအနေနဲ့ အရေးပါအရာရောက်စွာ ပါဝင်ပေးခဲ့တယ်ဆိုတာ အားလုံး အသိပါ။ ပြီးခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့ ကြွေးကြော်သံနေရာမှာ ကျနော်တို့ အနုပညာရှင်တွေ ပံ့ပိုးကူညီမှုက အရေးပါတယ်ဆိုတာ ထင်ဟပ်ခဲ့တာပဲ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ကျနော်တို့ဖြစ်စေချင်တဲ့ ပြည်သူ့အစိုးရဆိုတာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်" လို့ အဲဒီ့အဖွဲ့ရဲ့ သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတာ မှန်သလို ကိုလူမင်းစကားကလည်း မလွဲပါဘူး။ နိုင်ငံရေးဖြစ် စဉ်တွေမှာ ရုပ်ရှင်သမားတွေ အရေးပါအရာရောက်စွာ ပါဝင်ခဲ့ကြတယ်တဲ့။ တည့်တည့်ကို မှန်ပါတယ်။

တစ်ခုပဲ။

ဘယ်ဘက်ကပါသလဲဆိုတာကိုတော့ ဆန်းစစ်ကြည့်ရမှာပေါ့နော်။ တရားတဲ့ဘက်ကလား၊ မတရားတဲ့ဘက်ကလား၊ ဖိနှိပ်တဲ့ဘက်ကလား၊ အဖိနှိပ်ခံရတဲ့ဘက်ကလား၊ (ရုပ်ရှင်သမားမှ မဟုတ် ပါဘူး၊ အနုပညာရှင်အားလုံးလည်း ဒီအတိုင်းပဲလို့ မောင်မှန်မြင်ပါတယ်။) ကိုယ့်မေးခွန်းကိုယ် မောင်မှန်ပဲ အရင်ဖြေပါမယ်။ တရားတဲ့ဘက်ကသာရင် တရားတဲ့ဘက်ကပေါ့။ မတရားတဲ့ဘက်ကသာ ရင်လည်း မတရားတဲ့ဘက်ကပေါ့။ ဟုတ်ဖူးလား။ ဟဲ.....ဟဲ

ဒါမှ အနေအစား ချောင်မယ်မဟုတ်ဖူး လား။ မောင်မှန့်လိုလူစား အများကြီးရှိမှာဖြစ်သလို သေသည်အထိ အမှန်တရားဘက်က မဆုတ်မနစ် ရပ်တည်သွားတဲ့ အနုပညာရှင်တွေလည်း မနည်းပါဘူး။

အင်္ဂလိပ်နယ်ချဲ့ခေတ်ကို ပြန်ကြည့်ရင် ယူနီယံဂျက် (အင်္ဂလိပ်)အလံကြီး ကိုင်ပြီးကတဲ့ ဇာတ်မင်းသားကြီးနဲ့ ဗမာဦးကင်းဒေါင်အလံကိုင်ပြီး ကတဲ့ ဇာတ်မင်းသားကြီးရယ်လို့ ရှိတာကို တွေ့ရ မှာ ဖြစ်ပါတယ်။ (အဲဒီတုန်းက ရုပ်ရှင်က မထွန်းကားသေးတော့ ဇာတ်ပွဲက အဓိကပေါ့) ဆိုလိုတာက နယ်ချဲ့ထောက်ခံတဲ့ မင်းသားနဲ့ မျိုးချစ်မင်းသားရယ်လို့ ရှိတယ်။

ဂျပန်ခေတ်မှာလည်း ဒီလိုပဲ။ ဖဆပ လခေတ်မှာလည်း ဒီလိုပဲ။ ဖဆပလခေတ်မှာ လူထုအော်သံ ရုပ်ရှင်ကား ထွက်ပေါ်လာသလို ခေတ်စ နစ်ကို အရင်အတိုင်း မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရှိခဲ့တာပါပဲ။

ဒီမိုကရေစီနည်း နည်းရှိရင် အုပ်စိုးသူကို အတိုက်အခံပြုတဲ့ အနုပညာလက်ရာတွေ နည်းနည်းထွက်မှာဖြစ်ပြီး ဒီမိုကရေ စီ များများရှိရင် များများထွက်မှာဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်တို့မှာ အထင်သား တွေ့ရမှာ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီခေတ်မှာ သတင်းစာတွေ ပြည်သူပိုင်သိမ်းရာကစလို့ အတိုက်အခံပြု မယ့် မီဒီယာအားလုံးကို စတင် နှိပ်ကွပ်ပါတယ်။ ပြီးတော့ စာပေစိစစ်ရေးဆိုတာကို ဖွဲ့စည်းပြီး စာပေအ နုပညာလက်ရာတွေကို ဒရစပ် နှိပ်ကွပ်ခဲ့တာ နဝတ၊ နအဖ ခေတ်အထိပါ။

ရုပ်ရှင်ဆင်ဆာ၊ ဂီတဆင် ဆာ၊ သဘင်ဆင်ဆာ၊ ပန်ချီဆင်ဆာ စသဖြင့် အရာရာဆင်ဆာလုပ်ပြီး အတိုက်အခံပြုတယ်လို့ ယူဆ တဲ့ အနုပညာလက်ရာမှန်သမျှကို non-stop ဆွမ်းကြီးလောင်းလာတာလည်း သိတဲ့အတိုင်းပါပဲ။ ဒီမိုက ရေစီ လုံးဝ ဆိတ်သုဉ်းသွားတာပေါ့။ မဆလ၊ နဝတ၊ နအဖ ခေတ်တစ်လျှောက် ထွက်လာလိုက်တဲ့ ပေါ်လစီစာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ TV ဇာတ်လမ်းတွေ အကျိုးပြုသီချင်းဆိုတာတွေ နည်းမှတ်လို့။

အဲဒါတွေတုန်းကလည်း ဒီမျက်နှာတွေ၊ ဒီလက်ရာတွေ ဒီအသံတွေ၊ ပြောင်းလဲချိန်တန်ပြီ ဆိုတော့လည်း ဒါ ဒါတွေပဲ။ မောင်မှန့်မူဝါဒကို ကျင့်သုံးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ခင်ဗျာ။

အနုပညာရှင်တွေရဲ့ဘက် နှစ်ဖက်သဘောကို မောင်မှန် ဂလောက်ပျိုးနေရတာ အကြောင်းရှိပါ တယ်။ နိုင်ငံပိုင် သတင်းစာကြီးတစ်စောင်မှာ မကြာသေးမှီက မောင်မှန် ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ် ပုဒ်ကြောင့်ပါ။ (အဲဒီ့ဆောင်းပါးတစ်ပုဒ်လုံးကို ပြန်လည်ရေးသား ဆွေးနွေးဖို့ မောင်မှန် အစီအစဉ် ရှိပါတယ်။ ခုတော့ လိုသလောက်ပဲ ထုတ်နှုတ် ဆွေးနွေးသွားပါ့မယ်)

အဲဒီ့ဆောင်းပါးမှာ အဆိုတော်၊ ရုပ်ရှင်မင်းသား ဖိုးသောကြာရဲ့ Facebook စာမျက်နှာက အရေးအသားအချို့ကို ဖော်ပြထားပါတယ်။ ဖိုးသောကြာက သူ့ကို ကြံ့ဖွံ့လူလို့ သူ့နောက်ကွယ်မှာ ပြောနေကြတယ်။ သူသည် ကြံ့ဖွံ့လူလည်း မဟုတ်၊ ဒီချုပ်လူလည်း မဟုတ်တဲ့ အနုပညာသည်။ ဘယ်အစိုးရလက်ထက်မှာမှ ဖုန်းတစ်လုံး၊ မြေတစ်ကွက် မတောင်းခဲ့ဘူး။

အနုပညာသည်ဆိုတာ (မင်း) အစိုးရနဲ့ လူထုရဲ့ အသုံးတော်ခံ၊ အနုပညာသည်ဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ အစိုးရက ခိုင်းရင်လုပ်ရသူတွေ၊ အရင်အစိုးရကို မုန်းပြ၊ အခုအာဏာရပါတီ အမှတ်အသားပါတဲ့ အင်္ကျီဝတ်ပြမှ တိုင်းပြည်ချစ်တာ မဟုတ်ဘူးလို့ ရေးပါတယ်။ (ဆောင်းပါးရှင် ပြန်လည်ဖော်ပြထားတဲ့ အနှစ်ချုပ်ကိုပဲ မောင်မှန်က ထပ်ကူး ဖော်ပြတာပါ)

ဒီအရေးအသားမှာ ဖိုးသောကြာက အနုပညာသည်ဆိုတာကို အဓိပ္ပယ်ဖွင့်ပါတယ်။ (ကြံ့ဖွံ့လူ၊ ဒီချုပ်လူ စတာတွေ မောင်မှန် စိတ်မဝင်စားပါဘူး) အနုပညာရှင်ဆိုတာ (မင်း) အစိုးရနဲ့ လူထုရဲ့ အသုံး တော်ခံတဲ့။ ဟုတ်ပါပြီ။ မင်းနဲ့ ပြည်သူဆိုတာက အမြဲကြည်ဖြူနေတာမှ မဟုတ်ဘဲ။ ပြောရရင် မင်းကောင်းမင်းမြတ်က နည်းပြီး မင်းဆိုးမင်းညစ်က အများကြီး။

မင်းဆိုးမင်းညစ်တွေကိုလည်း အသုံး တော်ခံမယ်။ လူထုကိုလည်း အသုံးတော်ခံမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ မောင်မှန်စဉ်းစားမိသလို စာဖတ်ပရိသတ်များလည်း စဉ်းစားမိလိမ့်မယ် ထင်ပါတယ်။ လွယ်လွယ်လေးပါ။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်လောက်တောင် မခက်ပါဘူး။

ဖိုးသောကြာရဲ့ နောက်အဆိုက ပိုဆိုးသွားတယ်။ အနုပ ညာသည်ဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ် ခိုင်းရင်လုပ်ရတဲ့သူတွေတဲ့။ သိပ်ကျယ်ဝန်းသွားပါပြီ။ မင်းဆိုး မင်းညစ်တွေ ခိုင်းတိုင်းမလုပ်တဲ့ အနုပညာသည်တွေ အများကြီးရှိတာ ဖိုးသောကြာ သတိထားမိပုံ မရပါဘူး။ သေချာလေ့လာကြည့်စေလိုပါတယ်။

ခိုင်းရင်လုပ်ရတယ်ဆိုကတည်းက မင်းဆိုးတွေခိုင်း လည်း လုပ်မှာပဲပေါ့။ မင်းဆိုးတွေက ဘာခိုင်းမလဲ။ သူတို့ကောင်းကြောင်း ရုပ်ရှင်တွေရိုက်ခိုင်းမယ်။ သူတို့ကောင်းကြောင်း သီချင်းတွေဆိုခိုင်းမယ်။ သူတို့နှိပ်စက်တာကို မခံနိုင်လို့ တန်ပြန်ဆန့်ကျင်တဲ့ လူထုကို သူခိုး၊ ဓါးပြ၊ မုဒိန်း လူသတ်ကောင်တွေအဖြစ် အနုပညာနည်းလမ်းအမျိုးမျိုးနဲ့ ပုံဖော်တင် ဆက်စေမယ်။ ဒါပဲမဟုတ်လား။ အများသိပြီးသားပါ။ ဒီအခါမှာ လူထုအသုံးတော်ခံမယ်ဆိုတဲ့ အနုပညာသည်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူးခင်ဗျာ။

မောင်မှန်ဟာ ဖိုးသောကြာသီချင်းဆိုတာလည်း ကြိုက်၊ သရုပ်ဆောင်တာလည်း ကြိုက်ပါ တယ်။ သူ့အပေါ် ပုဂ္ဂိုလ်ရေး ဘာမျှမရှိပါ။

လွဲချော်နေတယ်ထင်တာလေးတွေ ပြောကြည့်မိလိုက်ရုံပါ။ ဘက်မရှိတဲ့ အနုပညာသည်ဆိုတာ ရေရှည်မှာ ကျဆုံးတက်စမြဲပါ။ ဟိုခုန်ဒီကူးလုပ်လို့ရ ခဏပေါ့။

မဇ္ဈိမသတင်း by - မောင်မှန်

Originally published at - http://mizzimaburmese.com/article/13680

Read More »

Friday, November 20, 2015

ရုပ်ရှင် အကြိုခံစားခြင်း - CHRONICLES OF THE GHOSTLY TRIBE




ဒီနေ့ အတွက်တော့ တရုတ် ဇာတ်ကားတွေ ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် စွန့်စားခန်း သရီးဒီ အက်ရှင် ဇာတ်ကားလေး အကြောင်း ဖော်ပြပေး လိုက်ပါတယ်။

၁၉၇၉ ခုနှစ် ကာလမြင်ကွင်း နဲ့ အတူ ဘယ်အရာမှန်း ခန့်မှန်းလို့ မရတဲ့ ဧရာမ အရိုးစုကြီးကို မွန်ဂိုလီးယား နယ်စပ် တောင်တွေ ကြားက ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီ အရိုးစုကြီးနဲ့ အတူ နှစ်ရာနဲ့ ချီ သက်တမ်း ရှိနေတဲ့ သေချာ ဆေးစိမ် စီမံထားတဲ့ လူရုပ် အလာင်းတွေလည်း တွေ့ခဲ့ ရပါတယ်။ အစိုးရ အစီအစဉ်နဲ့ ရှေးဟောင်း သုတေသန ပြုလုပ်တဲ့ ပါမောက္ခရန်တို့အဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့တာပါ။

ရှေးဟောင်း ပစ္စည်းတူးသူ တွေထဲက ဟူပရိဆိုတဲ့ စစ်သား လေးဟာ ပါမောက္ခရန်ရဲ့ သမီး ရန်ပင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ ကြပါတယ်။ တစ်ရက် မှာတော့ မတော် တဆ ပေါက်ကွဲမှု တစ်ခုကြောင့် ဥမင် လမ်းကြောင်း ပြိုကျပြီး ပိတ်မိ သွားတာကြောင့် ပါမောက္ခရန် က လူတချို့ကို ခေါ်ပြီး ဥမင်လိုဏ် ခေါင်းထဲက ထွက်နိုင်မယ့် လမ်းသစ်ရှာဖို့ လုပ်ခဲ့ ပါတယ်။ အဲဒီ အဖွဲ့ထဲမှာ ဟူပရိလည်း ပါပြီး လမ်းကြောင်း ရှာရင်းတောင်ရဲ့ အတွင်းဆုံးပိုင်း အထိပါ ရောက်သွား ခဲ့ကာ ထူးဆန်းတဲ့ လင်းနို့တွေရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

ဒီလိုနဲ့ ဆက်သွား ကြရင်း ဘုရားကျောင်း လိုလို နေရာတစ်ခု ကို ရောက်သွားတဲ့ အခါမှာတော့ မကောင်းဆိုးဝါး သတ္တ၀ါကြီးနဲ့ တွေ့ပြီး ဟူပရိက လွဲလို့ အကုန်လုံး အသတ်ခံ ခဲ့ရပါတယ်။ ဇာတ်လမ်း ရဲ့ အသွား အလာက ဟိုရောက် ဒီ ရောက် ပုံစံမျိုးဖြစ်နေတဲ့ အတွက် ပရိသတ်တွေ ကြိုက်ချင်မှ ကြိုက် ပေမယ့် အထူး ပြုလုပ်ချက်တွေ၊ ပြကွက်တွေက အဆင့်မြင့်တာကြောင့် ဇာတ်လမ်း တစ်ခု အနေနဲ့တော့ ကြည့်လို့ အဆင်ပြေမယ် ထင်ပါတယ်။

အသက်ဝင် လာတဲ့ ထူးဆန်းတဲ့ သတ္တ၀ါကြီး တွေဟာ လူတွေ ကြားထဲ ရောက်လာပြီး နှောင့်ယှက် တာကြောင့် လူစွမ်းကောင်း အဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက် ခိုက်တဲ့ အခါမှာ ခေတ်ပေါ်လက် နက်တွေနဲ့ တိုက်ခိုက် ပုံတွေကို လည်း မြင်ရမှာပါ။

ရှေးခေတ် ကတည်းက ရှိခဲ့တဲ့ ဒဏ္ဍာရီလာ အကြောင်း အရာတွေက ဘာတွေ ဖြစ်မလဲ၊ လူစွမ်းကောင်းတွေနဲ့ ဘယ် လိုဆက်စပ်နေ သလဲ၊ သမိုင်း ကြောင်း တူးဆွ မိသူတွေ ဘယ်လို ဇာတ်သိမ်း မှာလဲ ဆိုတာ ကိုယ် တိုင်ကြည့်ရင်း အကဲဖြတ်လိုက် ကြဦးနော်။

Original link - http://www.7daydaily.com/story/51249

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, August 10, 2015

ရုပ်ရှင် အကြိုခံစားခြင်း ( Shaun the Sheep Movie )




ဒီနေ့တော့ ရယ်ရယ် မောမောလေးကြည့်ရမယ့် သိုးကလေး ရွှန်ရဲ့ အင်န်နီမေးရှင်း ဇာတ်ကားလေး အကြောင်း ဖော်ပြ လိုက်ပါတယ်။ ရွှန်ရဲ့ တီဗီ စီးရီးတွေ ကြည့်ဖူးသူ တွေကတော့ ရွှန် ဘယ်လောက် မွှေသလဲ ဆိုတာ သိကြ တာမို့ အခု ရုပ်ရှင် အနေနဲ့ ထွက်လာတဲ့ အခါ မှာ သူဘာတွေ လုပ်ဦး မလဲဆိုတာ ကြည့်လိုက် ရအောင်ပါ။

ရွှန်ဟာ သူ့ယာခင်း မှာတော့ အင်မတန်မွှေတဲ့ ကောင်လေးပါ။ သိုး အကောင်တွေ ရေနေတဲ့ သူ့ သခင် လယ်သမားကြီးကို နောက် ပြောင်ပြီး အိပ်ပျော်အောင် လုပ်ခဲ့ ပါတယ်။ အဲဒီနောက် လယ်သမား ကြီး အိပ်နေတုန်း ကားအိမ်လေး ပေါ်တက်ဆော့ ရာကနေ မြို့ထဲ သွားတဲ့ လမ်းအတိုင်း ကားအိမ် လိမ့်သွား ခဲ့ပါတယ်။

ကားအိမ်ထဲမှာ အိပ်ပျော်နေ တဲ့ လယ်သမားကြီး ခေါင်း ထိခိုက် မိပြီး ဆေးရုံ ရောက် သွားခဲ့ပါ တယ်။ လယ်သမားကြီးက အ တိတ်မေ့ သွားခဲ့ပြီး ဆေးရုံက ဆင်း တဲ့အခါမှာ မစ္စတာ အိတ်စ်ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက် ဖြစ်သွား ကာ သူ့မှတ်ဉာဏ် ထဲမှာတော့ သိုး မွေးရိတ်နေ တာကလွဲရင် ဘာမှကို မမှတ်မိ ပါဘူး။

လယ်သမားကြီး မရှိရင် လယ် တောမှာ ရပ်တည်လို့ မဖြစ်တာ ကြောင့် ရွှန်နဲ့ အဖွဲ့ဟာ မြို့တက် ပြီး သူတို့သခင်ကို ရှာဖို့ လုပ်ခဲ့ပါ တယ်။ မြို့ထဲကို တိရစ္ဆာန်တွေ ဝင် ခွင့် မရှိတာကြောင့် တိရစ္ဆာန်ထိန်း သိမ်းရေး အဖွဲ့တွေရန်က ရှောင် ရင်း လူပုံစံ ဖန်တီးပြီး လယ်သမား ကြီးကိုရှာခဲ့ ကြပါတယ်။ လူပုံစံဖန် တီးရင်း မြို့ထဲသွားတဲ့ ဇာတ် ကွက် တွေမှာ ရွှန်တို့အဖွဲ့ ကမောက်ကမ ဖြစ်တာလေး တွေက ဟာသ မြောက်လို့ ပရိသတ်တွေ သဘော ကျမှာ သေချာပါတယ်။

လယ်တောကခွေးစလစ်က လယ်သမားကြီး ရှိတဲ့နေရာကို သိတာကြောင့် ရွှန်တို့ကိုခေါ်သွား ခဲ့ပြီး လယ်သမားကြီးက ရွှန်ကို မမှတ်မိခဲ့ပါဘူး။ အဲဒီအတွက် ရွှန် ကြေကွဲခဲ့ပြီး အတိတ်မေ့နေတဲ့ အခြေအနေကို မသိတာကြောင့် သူ့သခင်ကို အထင်လွဲခဲ့ပါတယ်။

အဲဒီနောက်တော့ လယ် သမားကြီး အတိတ်မေ့နေတဲ့ အ ခြေအနေကိုသိသွားခဲ့တာကြောင့် သူ့သခင်မှတ်ဉာဏ်ပြန်ရဖို့နဲ့ လယ်တောကိုအားလုံးအတူတူပြန်နိုင်ဖို့ အရေး ရွှန်ဘယ်လိုကြံဆောင်မလဲ ဆိုတာကြည့်လိုက်ကြပါဦးနော်။

Original link - http://www.7daydaily.com/story/43828

Read More »

Thursday, August 06, 2015

“ဘာပဲလုပ်လုပ် ကိုယ့်အလုပ်က ကိုယ့်နိုင်ငံ၊ ကိုယ့်ဝန်းကျင်ကို အကျိုးပြုစေချင်တယ်”




မဟေမာအောင်
(၃၅) နှစ်
Freelance Photographer

ကျမ အရင်က ကုမ္ပဏီအလုပ်တွေ လုပ်ခဲ့တယ်။ လေးလပိုင်း အကုန် လောက်မှာ အလုပ်ထွက် ခဲ့ပြီး ကျမ ဝါသနာပါတဲ့ ဓာတ်ပုံရိုက်တဲ့ အလုပ်ကို ရွေးချယ် ခဲ့တယ်။ ကုမ္ပဏီ အလုပ်ကျတော့ ကျမ ဓာတ်ပုံ ရိုက်ဖို့ ဘယ်လိုမှ အချိန် မရဘူးလေ၊ သင်တန်း တက်ဖို့လည်း အချိန် မရဘူး။ အဲဒါကြောင့် အလုပ်ထွက်ပြီး ကျမ သင်တန်း တက်တယ်။ ပြီးတော့ အခု လက်ရှိ ဓာတ်ပုံတွေ ရိုက်နေတယ်။

ကျမ ဓာတ်ပုံရိုက်တာတော့မကြာသေးဘူး။ တနှစ်ကျော် လောက်ပဲ ရှိသေးတယ်။ ပြိုင်ပွဲတွေ ဘာတွေလည်း မဝင်ဖြစ်သေးဘူး။ နောက်ပိုင်းတော့ တောက်လျှောက် ဝင်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်။

ကျမ ကြိုက်တဲ့ဓာတ်ပုံ အမျိုးအစား ကတော့ Portrait ကြိုက်တယ်၊ Landscape ကြိုက်တယ်။ Portrait ဆိုတာ မော်ဒယ်လ်တွေ ကိုတော့ မဟုတ်ဘူး၊ Life တွေ ရိုက်ရတာ ကြိုက်တယ်။ လမ်းပေါ်က လူတွေနဲ့ မျက်နှာပေါ်က အမူအရာ တွေပေါ့၊ ငိုတဲ့ပုံလည်း ဖြစ်ချင်ဖြစ်မယ်၊ မဲ့တဲ့ ပုံလည်း ဖြစ်ချင်ဖြစ်မယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ Mood၊ အဲဒီလိုမျိုး Natural ပုံစံလေးတွေ ကြိုက်ပါတယ်။

ဓာတ်ပုံမရိုက် ခင်က ကျမလုပ်ခဲ့တဲ့ အလုပ်တွေ ကတော့ ကုမ္ပဏီတွေမှာ Marketing Executive အပိုင်းတွေ လုပ်ခဲ့တယ်။ Marketing ပိုင်းတွေပါတယ်၊ Export, Import အပိုင်းတွေ၊ မီဒီယာပိုင်းတွေ ပါတယ်။ အဲဒီအလုပ်တွေ အကုန်လုံး ကတော့ ဓာတ်ပုံ နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူး။ ဒါပေမယ့် ကျမ တကယ် ဝါသနာ ပါတာက ဒီဓာတ်ပုံ ရိုက်တာ ဆိုတော့ ကျမ အဲဒီ အလုပ်တွေ အကုန် ရပ်လိုက်တယ်။


မဟေမာရဲ့ ဓာတ်ပုံ လက်ရာ တခု

ကျမက အခု ဓာတ်ပုံပညာကိုမြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ဖွင့်တဲ့ သင်တန်းအပတ်စဉ် (၄၄) မှာ တက်နေတယ်။ သင်တန်းမတက်ခင်ကတော့ အရှေ့ပိုင်းမှာ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး ကျမအတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီးပဲ။ကျမသိချင်တဲ့ ဓာတ်ပုံပညာရပ်တွေကို နီးစပ်ရာ ဓာတ်ပုံဆရာတွေကို မေးတယ်၊ ပြီးတော့ အင်တာနက်ကနေ Youtube တို့ဘာတို့ကနေ လေ့လာတယ်။

ကျမ ဓာတ်ပုံ ဘယ်အရွယ်ကတည်းကစဝါသနာပါခဲ့လဲဆိုရင် ဓာတ်ပုံစရိုက်ခဲ့တာတော့ အသက် (၂၅) နှစ် အရွယ်လောက်ကတည်းကပဲ။ အဲဒီတုန်းကတော့ ကျမမှာ DSLR ကင်မရာ မဝယ်ရသေးဘူး။ မိသားစုသုံး ရိုးရိုး ဒီဂျစ်တယ် ကင်မရာလေးနဲ့ပဲ ရိုက်ဖြစ်ခဲ့တာ။ကျမက အလှပုံရိုက်တာထက်၊ လူတွေရဲ့ Emotion ဖြစ်နေတဲ့ ပုံလေးတွေကို လိုက်ရိုက်တာပေါ့၊ အဲဒီလိုမျိုး ရိုက်ရတာကြိုက်တယ်။

အခုနောက်ပိုင်းကတော့ ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတော့ နောက်ပိုင်းမှာ လက်ထဲ ကင်မရာ မပါလည်း ဖုန်းနဲ့ကတော့ အမြဲရိုက်ဖြစ်နေပါတယ်။ ကျမ ကုမ္ပဏီအလုပ်ကနေ ဒီလို ဓာတ်ပုံရိုက်တဲ့ အပိုင်းကို ပြောင်းလိုက်တော့ ဘယ်လို အခက်အခဲတွေ တွေ့ရလဲဆိုတော့ အခက်အခဲတွေက အများကြီးပဲ။

ကျမ မိဘတွေဆို ကျမကို ဒီဓာတ်ပုံပညာကို လုံးဝအားမပေးဘူး။ လူကြီးတွေဆိုတော့ ကျမကို ကုမ္ပဏီ အလုပ်ပဲ လုပ်စေချင်တယ်။ ဒါပေမယ့် ကျမက တကယ်ဝါသနာပါတာ ဓာတ်ပုံဆိုတာ ကျမကိုယ်ကျမ သိတယ်။ ရှင်းရှင်းပြောရရင် လူ့ဘဝကအရမ်းတိုတယ်။ အဲဒီတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ဝါသနာ တထပ်တည်း ကျအောင် ကျမ ရွေးချယ် လိုက်တာပါ။

လောလောဆယ်တော့ ကျမ ဒီဓာတ်ပုံပညာနဲ့ အောင်မြင်ချင်မှ အောင်မြင်မယ်။ ဒါပေမယ့် တချိန်ချိန်မှာတော့ ကျမကြိုးစားရင်ကြိုးစားသလောက် ကိုယ်ကြိုးစားတဲ့ အသီးအပွင့်ကိုတော့ ခံစားရမယ်လို့ ယုံကြည်ထားပါတယ်။ နိုင်ငံတကာ ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး သွားသင်ဖို့ အစီအစဉ်ရှိလားဆိုတော့ လောလောဆယ်တော့အဲဒီလိုသွားတက်ဖို့ မရှိဘူး။ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း ဆုရလို့ သွားတက်ရမယ်ဆိုရင် သွားတက်ဖြစ်မှာပါ။

ကျမ ဘဝရည်မှန်းချက်စိတ်ကူးကို ပြောပါဆိုရင် နည်းနည်းတော့ ကြီးကျယ်မလား မသိဘူး။ ကျမ ဖြစ်ချင်တာက ဓာတ်ပုံပညာကို ဝါသနာပါတယ်။ ဒီပညာနဲ့ အသက်မွေးမယ်။ ကျမ ချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တကယ်လို့ ကျမ အတိုင်းအတာတခုထိ ဓာတ်ပုံပညာမှာ ခရီးရောက်ခဲ့မယ်၊ နာမည်တခု ရခဲ့မယ်ဆိုရင် ကျမက ကျမဓာတ်ပုံတွေကို ပြပွဲတခုလုပ်မယ်။ ပြန်ရောင်းတာပဲဖြစ်ဖြစ်၊ ပြီးတော့ ရတဲ့ ပိုက်ဆံတွေကို မိဘမဲ့ကလေးတွေ၊ စစ်နဲ့ ပတ်သက်တဲ့ ဒုက္ခသည်စခန်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကျမလှူချင်တယ်၊ အဲဒါ ကျမ ရည်ရွယ်ချက်ပဲ။

ဓာတ်ပုံရိုက်တာအပြင် ကျမ တခြား ဝါသနာပါတာဆိုရင် စာရေးတာနဲ့ ကဗျာရေးတာ ဝါသနာပါတယ်။ ဓာတ်ပုံကလည်း အနုပညာပဲ။စာတွေ၊ ကဗျာတွေက ချရေးတာ၊ ဓာတ်ပုံကလည်း စာတွေ ကဗျာတွေလိုပဲ ပုံကြည့်ပြီး လူတွေကို အများကြီးခံစားမှုပေးနိုင်တယ်။ ကျမကတော့ ဓာတ်ပုံကိုလည်း အနုပညာလို့ပဲ သတ်မှတ်ထားတယ်။

အခုခေတ် လူငယ်တွေကိုဘယ်လိုမြင်မိလဲဆိုရင် လူငယ်တွေ တော်ကြပါတယ်။ တော်ကြတယ်ဆိုပေမယ့် တခါတလေကျရင် တလွဲဆံပင်ကောင်းတာတွေရှိတယ်။ အခုခေတ်ကတော့ ကျမတို့ ငယ်ငယ်တုန်းကထက်စာရင် အများကြီး ပွင့်လင်းလာတယ်။ လေ့လာစရာတွေများတယ်။ နည်းပညာ အသစ်တွေ အများကြီး တိုးတက်လာတော့ နေရာပေါင်းစုံက လေ့လာလို့ရတယ်။

ကြိုးစားနေတဲ့လူငယ်တွေကို တွေ့ရတာ ဝမ်းသာပါတယ်။ လူငယ်တွေကို တိုက်တွန်းချင်တာက ဘာပဲလုပ်လုပ် ကိုယ်လုပ်လိုက်တဲ့အလုပ်က ကိုယ့်နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုစေချင်ပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/08/blog-post_8.html


Read More »

Thursday, July 30, 2015

“ငဘ” သည် ရယ်စရာ မဟုတ်ပါ



ရိုက်ပြီးသည့် ဇာတ်ကွက် များကို ပြန်ကြည့် နေသည့် မင်းသားကြီး ကျော်သူ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

စာရေး ဆရာကြီး မောင်ထင် (ဦးထင်ဖတ် ၁၉၀၉ ဖွား – ၂၀၀၆ ဆုံး) ရဲ့ အပြောင် မြောက်ဆုံး ဝတ္ထု၊ မြန်မာ့ ခေတ်သစ် စာပေရဲ့ ဂန္တဝင် စာရင်း ဝင်တဲ့ ‘ငဘ (၁၉၄၇)’ ကို အခု ဒုတိယ အကြိမ် ရုပ်ရှင် ပြန်ရိုက် ရာမှာ အဓိက ဇာတ်ဆောင် ‘ငဘ’ နေရာက သရုပ်ဆော င်မှာက ရုပ်ရှင်မင်းသား ကျော်သူလို့ သိရတယ်။

‘ငဘ’ နောက်ခံက ဒုတိယ ကမ္ဘာစစ် အတွင်း ဝန်ထောက်မင်း ကအစ ဝဲစွဲတဲ့ ဂျပန့် ခေတ်ကြီး။ အဓိက ဇာတ်ရုပ် ကိုယ်စားပြုရာက ခေတ်တိုင်းမှာ အမြဲ ဓားမနောက်ပိတ်ခွေးနေရတဲ့ ကျောမွဲနင်းပြား လယ်သမားလူတန်းစား။ မင်းသား ကျော်သူရဲ့ သရုပ်ဆောင်မှုကို ရုပ်ရှင်ကြည့်ပြီးမှ ဝေဖန်နိုင်မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် လက်ရှိ ကိုယ်အလေးချိန် ခန္ဓာကိုယ် အရွယ်အစားနဲ့ နံရိုး အပြိုင်းပြိုင်း ထတဲ့ ‘ငဘ’ ဇာတ်ရုပ်က ဘယ်လိုပဲ ဖြေတွေး စဉ်းစားပေးပေမယ့် ဘယ်လိုမှ လိုက်ဖက်စရာ မရှိပါ။

ပိုဆိုးတာက ‘ငဘ’ ရဲ့ မယား ‘မိဖော့’ နေရာ အတွက်က မင်းသမီး စိုးမြတ်သူဇာကို ထားပါတယ်။ ဒါရိုက်တာ ခင်စောမျိုး မင်းသား ကျော်သူနဲ့ ဆိုက်တူ ဂိုက်တူ လိုက်လေသလား။ ဝါရင့် မင်းသမီးကြီး အကယ်ဒမီများရှင် စိုးမြတ်သူဇာကလည်း ‘မိဖော့’ ဇာတ်ရုပ်အတွက် အင်္ကျီ ၃၆ ထည် ဝတ်ဖိုတောင် စီစဉ်ရှာသတဲ့၊ ဒါကို ဒါရိုက်တာက ၃ ထည်ပဲ ဝတ်ရမယ်လို့ ပြောတယ်တဲ့။ မင်းသမီးကြီးက ‘ငဘ’ ဇာတ်က ဟာသမို့ အထူးအထွေ ပြင်ဆင်စရာမလိုဘူး၊ ဝတ္ထုလည်း ဖတ်ဖူးစရာမလိုဘူးလို့လည်း ပြောတယ်တဲ့။

ဧရာဝတီ မီဒီယာမှာ ပြောသွားတဲ့ ဒါရိုက်တာ ခင်စောမျိုး၊ ကျော်သူ၊ စိုးမြတ်သူဇာ တို့ရဲ့ စကားတွေကတော့ သူတို့ ကြိုးစားပြင်ဆင်ထားမှုတွေကိုပဲ အကောင်းပြောသွားတာပါ၊ ဘာမှ အစွန်းထွက်တာ မပါပါဘူး။

ဘာပဲဖြစ်ဖြစ် အခု ‘ငဘ’ ရုပ်ရှင် ပြန်ရိုက်ရမယ့် ကိစ္စမှာ အမြီးအမောက်မတည့်တာတွေ များတာကတော့ အမှန်ပါပဲ။ ဇူလိုင် ၂၃ ရက်နေ့ ရိုက်ကွင်း ရုပ်သေဓာတ်ပုံတွေကို ဧရာဝတီမှာ ကြည့်ရတော့လည်း သိပ် အဆင်မပြေ၊ အချိုးမကျလှပါဘူး။ ဒီလိုနဲ့ဇာတ်ကားသာ ပြီးသွားမယ် သရုပ်ဆောင်တွေ ဘယ်လောက်များ ဇာတ်ရုပ်တူအောင် သရုပ်ဆောင် နိုင်မလဲ၊ အနည်းဆုံး အဆင့် ကိုယ်ခန္ဓာ အလေးချိန် ဘယ်လောက် လျှော့ချနိုင်ပါမလဲ။ ဇာတ်အပြင်အဆင်၊ အဝတ်အစားတွေ ဘယ်လို နီးစပ် သရုပ်တူနိုင်ပါမလဲ။

လင်ရကတည်းက ချွေးခံအင်္ကျီတောင် မကပ် ထဘီ ရင်ရှားနဲ့သာ တဇာတ်လုံးပြီးရတဲ့ ‘မိဖော့’ နေရာအတွက် ရွှေဘိုမင်းကြီးကြိုက် မင်းကြိုက် စိုးကြိုက် ‘ဂိုက်’ အပြည့်နဲ့ ရုပ်ရှင်မင်းသမီးကြီးက “စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားကျတော့ ခက်တယ်လေ” လို့ ပြောခဲ့ပါသေးတယ်။ ‘ငဘ’ နဲ့ ‘မိဖော့’ ရဲ့ သမီးဦးကလေး ‘မိနီ’ အပျိုဖြန်းတောင် စပ်ထမီ တထည်ပဲရှိရှာတဲ့ ဒီလို ဘဝဇာတ်ရုပ်တွေကို ဒါရိုက်တာ ခင်စောမျိုးတယောက် ဘယ်လို ဇာတ်ကွက်ချ အကောင်းဆုံး စီမံနိုင်မလဲ။ သဘာဝကျကျ ဖြစ်အောင် ဘယ်လို ဦးဆောင် ညွှန်ကြားနိုင်မလဲ။

ဧရာဝတီမှာ ဒါရိုက်တာ ခင်စောမျိုး ပြောသွားခဲ့တဲ့ “အရင်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်သလဲ၊ ကိုလိုနီခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဂျပန်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဒီမိုကရေစီခေတ်မှာရော လယ်သမားတွေ ဘယ်လိုထပ်ဖြစ်ဦးမလဲဆိုတာ ကိုယ့်ဘာသာ စောင့်ကြည့်ကြပါ” ဆိုတာနဲ့ သူ့ရဲ့ ဒီဇာတ်ကား ရိုက်ကူးချင်တဲ့ ကြိုးပမ်းအားထုတ်မှု၊ ဆင်ဆာ သုံးကြိမ် တင်ခဲ့မှုနဲ့ စေတနာ ကိုတော့ တကယ်လေးစားပါတယ်။

အရင်စစ်အစိုးရခေတ်များဆီတုန်းကတော့ စိစစ်ရေး ကင်ပေတိုင်ရုံးက သိပ်ဆင်းရဲတာ၊ မွဲတေတာတွေကို နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေမှုနဲ့ ရုပ်ရှင် ဒါရိုက်တာများကို ပေးမရိုက်ပါဘူး။ ‘ဟော့ဒီ အခန်းဖြတ်’ အမြဲ လုပ်ခဲ့ပါတယ်။ သွေးတူမွေးတူ စရိုက်တူ အမွေခံတွေမို့ ‘ဖက်ဆစ်ဂျပန်ခေတ်ပြချင်လို့ မွဲရပါတယ်’ ဆိုရင်တောင် သိပ်မရချင်ပါဘူး။ အခုတော့ ဒါမျိုးတွေလည်း အများကြီး အတင်းအကျပ် မရှိတော့ဘူး ထင်ပါတယ်။

လယ်သမားတွေဘဝ မွဲရ၊ နာရ၊ သေရတာလည်း လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း ပေါများလှရာ ဦးပိုင်၊ စစ်ပိုင်ခေတ်ကြီးမှာ ယာသူမကြီး အရီးမယ်ခင် တယောက် ဦးနှောက်အတစ်လိုက်ထွက်ခဲ့ရတာက လတ်တလောတင်ဆိုတော့ ဒီလို အဖိနှိပ်ခံ လယ်သမားဘဝတွေရဲ့ ဆင်းရဲမွဲတေမှု၊ ခေါင်းပုံအဖြတ်ခံရမှု၊ လူလူချင်း သွေးစုပ်ခံရမှု၊ လူညွန့်ချိုးခံရမှု၊ လူညွန့်တုံးခံရမှုတွေကို အခု ‘ငဘ’ ရုပ်ရှင်အပါအဝင် နောင်မြန်မာရုပ်ရှင်များ၊ ဒါရိုက်တာများ၊ သရုပ်ဆာင်များ အကောင်းဆုံး ဖော်ကျူးတင်ဆက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

ဟိုခေတ်များဆီကတော့ အနုပညာဖန်တီးမှုတွေရဲ့ အရည်အသွေးကို ဆန်းစစ်ဝေဖန်ထောက်ပြကြရင် ‘လွတ်လပ်မှု – Freedom’ မရှိလို့ဆိုပြီး မြန်မာ ရုပ်ရှင်ပညာသည်များ အကြောင်းပြတတ်ကြပါတယ်။ အခု အထိုက်အလျောက် လွတ်လပ်၊ တင်းကျပ်တာတွေ လျှော့ချလာတဲ့ ခေတ်မှာ မြန်မာရုပ်ရှင်များ လိင်အသာပေး ဇာတ်ဝင်ခန်းတွေ တိုးလာတာကလွဲလို့ ဘယ်လောက်များ အဆင့်တန်းမီလာပါပြီလဲ။ နိုင်ငံတကာကို ဘေးချိတ် အနည်းဆုံး ဒေသတွင်းကို ဘယ်လောက် ထိုးဖောက်လာနိုင်ပြီလဲ။ ယုတ်စွအဆုံး ပြည်တွင်းဈေးကွက်မှာ ၁၉၈၈ မတိုင်မီ ရုပ်ရှင်ကားတွေရဲ့ အရည်အသွေးမျိုး မှီအောင် ဘယ်နှကားများ ထွက်နိုင်ခဲ့ပြီးပါပြီလဲ။

မြန်မာရုပ်ရှင်ဇာတ်ကား ရုံတင်ရက် နှစ်ချီစောင့်ရတဲ့ စနစ်ကိုချည်းပဲ အပြစ်တင်ဦးမလား။ ဇာတ်ကားအရည်အသွေး မကောင်း၊ လူအများ စိတ်ဝင်စားမှု နည်းတာကြောင့် နိုင်ငံခြားကားတင်တဲ့ ရုံတွေများနေတဲ့ ဈေးကွက်ကို အပြစ်တင်ဦးမလား။ တကယ်တော့ ဘဲဥအစရှာမရ လုံးချာလည်နေတဲ့ ပြဿနာ မဟုတ်ပါ။

နိုင်ငံရေး ရေသောက်မြစ် မထွန်းကား မစည်ပင် အာဏာရှင်စနစ်အောက်မှာ ဖျက်ဆီးခံရခြင်းရဲ့ နောက်ဆက်တွဲ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ၊ အနုသုခုမ အထွေထွေ ချွတ်ခြုံကျ အရာရာ ဆုတ်ယုတ်ပျက်စီးရတာ နားလည်လက်ခံပါတယ်။ အနုပညာလောကမှာလည်း ဈေးကွက်မစည်ပင်ခြင်း၊ စနစ်မမှန်ခြင်းရဲ့ အကျိုးဆက် ငါးပွက်ရာ ငါးစာချမှသာ အသက်ဆက်နိုင်တဲ့ ပေါ်ပင်များကြီးစိုးရာ ရုပ်ရှင်အနုပညာလောကမှာ နာတာရှည် ချည့်နဲ့ အားနည်း ကိုယ်ခံအားကျဆင်းနေတာကိုလည်း ဆင်ခြင်သိမြင်ပါတယ်။ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်သင်တန်းကျောင်းတွေ စနစ်တကျ မရှိတာလည်း နားလည်ပါတယ်။ အခုဒီဘက်နှစ်ပိုင်းမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ မြန်မာလူငယ်များရဲ့ အားထုတ်မှု အရည်အသွေး ရုပ်ရှင်ကားတိုတွေလေးတွေ ထိုးဖောက်လာနိုင်တာလည်း အင်မတန် ဝမ်းသာအာရ ကျေနပ်မိပါတယ်။

ဒါပေမယ့် မြန်မာရုပ်ရှင်လောကသားများ ဒီဘက်ခေတ်မှာ အထိုက်အလျောက် လွတ်လပ်လာမှု၊ လုပ်ခွင့်သာလာမှုတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့တော့ အားနည်းနေသေးကြောင်း အမှန်မြင်၊ ဝန်ခံနိုင်ရပါမယ်။ နိုင်ငံတကာ တန်းဝင် အရည်အသွေးပြည့်တဲ့ ရုပ်ရှင်အနုပညာများ ဖန်တီးနိုင်စွမ်း ကြိုးစားဖို့ လိုနေပါသေးတယ်။ နီးစပ်မြင်သာတဲ့ ဥပမာ တခုပဲ ပေးပါမယ်။

အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန် ဘာသာရေးအစွန်းရောက်များ လက်ကလွတ်လွတ်ချင်း ၂၀၀၃ ခုနှစ် မှာထွက်လာတဲ့ “Osama” အမည်ရှိ ဇာတ်လမ်းအသားပေး ဒရမ်မာ ဇတ်ကားကိုပဲ ကြည့်ပါ။ လွတ်လပ်မှု ရရချင်း အာဖဂန် ဒါရိုက်တာ၊ မင်းသမီးနဲ့ သရုပ်ဆောင်များစွာ လွတ်လပ်မှုကို ကောင်းကောင်းအသုံးချ အနုပညာအရည်အသွေးကို ဖော်ထုတ် ကမ္ဘာကို ချပြသွားနိုင်ခဲ့တယ်။ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ် ရွှေကမ္ဘာလုံးဆု (၂၀၀၃) ရခဲ့တယ်။ လက်ရှိလည်း အွန်လိုင်း ရုပ်ရှင်အရည်အသွေးပြ ဝက်ဘ်ဆိုဒ် Rotten Tomatoes က ၉၆ ရာခိုင်နှုန်း အမှတ်ပေးထားခံရတယ်။ ဒါမျိုး နိုင်ငံတကာတန်းဝင်၊ ဆုရ၊ လူသိများ၊ လူကြိုက်များတာ ဇာတ်ကားမျိုး မြန်မာတွေ ဘယ်တော့များ ဖန်တီးနိုင်ပါမလဲ။ လွတ်လပ်မှုကိုချည်း ပြစ်တင်ခဲ့တဲ့ မြန်မာရုပ်ရှင်လောကသားများ လုပ်ခွင့်သာချိန်မှာ တကယ် လုပ်ပြနိုင်ပါ့မလား။

ဆရာကြီးမောင်ထင်ရဲ့ ‘ငဘ’ ဝတ္ထုက မြန်မာ့စာပေသမိုင်းရဲ့ လယ်သမားနောက်ခံဇာတ်တွေထဲမှာ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ ‘ငသြ’ လို တကယ်စံထားလောက်ခဲ့ပါတယ်။ လူကြိုက်များခဲ့သလို အရင်ကတည်းကလည်း ပွဲဆူခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီအရင်းရှင်စနစ်ရဲ့ ဒေါက်တိုင် ဗြူရိုကရက်က လယ်သမားအကြောင်း ရေးတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အစရှိသလိုပေါ့။ အင်္ဂလိပ်စာဆရာကြီး၊ ဘာသာပြန် ဆရာကြီး တယောက် (အခုအထိ သက်ရှိထင်ရှား ရှိပါသေးတယ်) က ဆိုရင်အမြဲ ‘မောင်ထင်’ နဲ့ ‘ငဘ’ ကို ဝေဖန်တိုက်ခိုက်နေကျပေါ့။

ဒီလို ဝေဖန်ခံနေကျ ‘မောင်ထင်’ နဲ့ ‘ငဘ’ နှစ်ယောက် အခု ဆရာများ ဖန်တီးမယ့် ရုပ်ရှင်ကို ကြည့်ခွင့်ရရင် ဘယ်လို မှတ်ချက်ပေးမလဲ မြင်ယောင်၊ ကြားယောင်ကြည့်မိပါရဲ့။ ‘ငဘ’ ဝတ္ထု အဆုံးသတ်လို “အရှင်ကြီး သခင်ကြီးတို့အားကိုးနှင့် ငဘ ဆောက်တည်လာခဲ့သော ငဘ၏ နောင်ရေးမှာလည်း ငဘ ရှေ့က မီးပုံကလေးထဲတွင် ပါ၍ သွားလေသည်..” ဆိုလေမလား။

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်း များတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/opinion/viewpoint/2015/07/30/78839.html

Read More »

Saturday, December 27, 2014

ကိုတင့်တို့ စူပါရပ်ကွက်



ကိုတင့်တို့ စူပါရပ်ကွက်မှ ဇာတ်ဝင်ခန်း တချို့

ကာတွန်း ကိုရွှေထူး (ပြည်)ရဲ့ ကိုတင့် ရုပ်ပြကာတွန်းတွေ လူကြိုက်များသလို ဗီဒီယိုဇာတ်ကား အဖြစ်
ပုံစံပြောင်း ရိုက်ကူးခဲ့ တင်ပြရာမှာလည်း လူကြိုက်များ ပါတယ်။ ဒီတခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး
အဖြစ် ရိုက်ကူးထားပြီး ရုံတင်ပြသတော့မယ် လို့ သိရပါတယ်။

စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထား ပြီး ဝတ္ထု ဝေသာ၊ ကာတွန်း ကိုရွှေထူး (ပြည်) ရုပ်ပြ၊
ဇာတ်ညွှန်း ကိုကျော် ရေးသားကာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ပုံဖော်ရိုက်ကူးထားတဲ့
“ကိုတင့်တို့စူပါရပ်ကွက်” ဆိုတဲ့ ဟာသဇာတ်ကားမှာ အရိုင်းနဲ့ မိုးပြည့်ပြည့်မောင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊
ယွန်းရွှေရည်၊ ဝါဝါအောင်၊ အောင်ခိုင်၊ တက္ကသိုလ် ဂွမ်းပုံ၊ အေးအေးခိုင်နဲ့ အထူးဧည့်သည် စူပါသရုပ်
ဆောင်များစွာ ပါဝင်ပါတယ်။

အထူးဧည့်သည် စူပါသရုပ်ဆောင်တွေကတော့ ရန်အောင်၊ ရဲအောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီ
ဦး၊နေတိုး၊ ဖြိုးငွေစိုး၊ မြင့်မြတ်၊ အောင်ရဲလင်း၊ နန္ဒ၊ ကောင်းပြည့်၊ ဖိုးချစ်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊
အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ စန္ဒီမြင့်လွင်၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ ယွန်းရွှေရည်တို့ ဖြစ်ကြပြီး အဲဒီ
စူပါသရုပ်ဆောင်တွေက သူ့နေရာနဲ့သူ ဟာသ မြောက်အောင် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဟာသ မြောက်အောင် အကွက်ကျကျ ပုံဖော်ရိုက်ကူး တင်ဆက်ထားတာ ဖြစ်သလို သရုပ်ဆောင်များ
စွာ ပါဝင် ထားတဲ့ အတွက် ရယ်မော ပျော်ရွှင် စရာ တွေကို တဝကြီး ခံစား ရမှာ ဖြစ်လို့ ခဏတဖြုတ်
တော့ ဘဝ အမောတွေ ပြေပျောက်စေ မှာ သေချာပါတယ်။

ကြော်ငြာ လက်ကမ်းစာစောင်မှာတော့ “ချစ်လှ စွာသော ပရိသတ်ကြီး ခင်ဗျာ၊ ကျနော်တို့ရဲ့ ချစ်ပရိ
သတ်ကြီးကို နေ့စဉ် နေ့တိုင်း ရယ်မောပျော်ရွှင် စိတ်ချမ်းသာစေချင်ပါတယ်၊ အဲဒီတော့ ချစ်ပရိသတ်
ကြီး ကျနော်တို့ရဲ့ ကိုတင့်တို့ စူပါရပ်ကွက်ထဲကို ဆက်ဆက် အရောက်လာခဲ့ကြပါနော် နော်လို့” ဆို
ပြီး ကိုတင့်တို့ စူပါရပ်ကွက်သူ ရပ်ကွက်သားများက ကြိုဆို ဖိတ်ခေါ်ကြောင်း ရေးသားထားပါတယ်။

ကိုတင့်တို့ စူပါရပ်ကွက် ဟာသရုပ်ရှင် ဇာတ်ကားကြီးကို အမြည်း သဘော တင်ဆက်ပေး ရမယ် ဆို
ရင်တော့ ကိုတင့်ဟာ ဆင်ခြေဖုံး ရပ်ကွက်လေး တခုမှာ နေထိုင်သူတယောက် ဖြစ်သလို ကိုတင့်မှာ
ဇနီး မချိုနဲ့ နိုင်ထူး ဆိုတဲ့ သားလေး တယောက် ရှိပါတယ်။ ကိုတင့်မှာ Taxi တစီး ပိုင်ထားပြီး တရပ်
ကွက်တည်းနေတဲ့ ပုလုံးကို မောင်း ခိုင်းထား ရင်းနဲ့ ရတဲ့ ငွေကြေးနဲ့ သာ မိသားစု စားဝတ်နေရေး ပြ
သနာကို ဖြေရှင်းနေ ရတာ ဖြစ်ပါတယ်။ ကိုတင့်က ရပ်ကွက် ထဲ မှာလည်း စေတနာ့ အကျိုးဆောင်
အဖြစ် အများ အကျိုး သယ်ပိုး နေရ ရင်ကို ကျေနပ် ပီတိ ဖြစ်နေတဲ့ သူတယောက် ဖြစ်ပါတယ်။

ကိုတင့်ဇနီး မချိုရဲ့မိခင်ဖြစ်တဲ့ ကိုတင့်ယောက္ခမ ကြီးကတော့ ကိုတင့်ကို အမြင် လုံးဝ မကြည်လင်
ပါဘူး။ ဒါပေမယ့် ကိုတင့်ကတော့ လုံးဝ အလျှော့ မပေးဘဲ ရပ်ကွက်ထဲက လူများအရေးကို သူ့အ
ရေးလိုပဲ သဘောထားပြီး စေတနာ့ ဝန်ထမ်း လုပ်မြဲလုပ်နေခဲ့ပါတယ်။

အဓိက ကိုတင့်ရဲ့ အားနည်းချက် ကတော့ အယုံလွယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ရှိပြီး စေ
တနာအမှားတွေ မှား၊ စေတနာလွန်ကဲတဲ့ အလွဲတွေ လွဲတတ်တာပဲ ဖြစ်ပါတယ်။ ရပ်ကွက်ထဲကလူ
တွေကလည်း ကိုတင့်ရဲ့စိတ်ကို နားလည် သဘောပေါက်ပြီး ချစ်ခင်လေးစား ကြပါတယ်။ ရပ်ကွက်
ထဲမှာ သာရေးနာရေးကိစ္စတွေရှိလာခဲ့ရင်လည်း ကိုတင့်ကိုပဲ တိုင်ပင် ပြောဆိုပြီး လာရောက် အကူ
အညီ တောင်းကြပါတယ်။

ကိုတင့်က အမြဲတမ်း စေတနာ အပြည့် အဝနဲ့ ကူညီပေး ပေမယ့်လည်း အလွဲ အချော်တွေက အမြဲ
လိုလို ဖြစ်တတ်တယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ပွဲဆူမယ့် နေရာတိုင်း ပါတတ်တဲ့ ကိုတင့်နဲ့ ရပ်ကွက်
ထဲမှာ ပွဲဆူအောင်လုပ်တတ်တဲ့ ရပ်ကွက်ထဲက စူပါတို့ကတော့ နေ့စဉ် ထိပ်တိုက် တွေ့နေကျပါ။

ရပ်ကွက် တခုတည်းမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အကြောင်း အရာတွေ ကြားထဲ မနေနိုင် မထိုင်နိုင် ဝင်
ဝင်ပါ တတ်တဲ့ လူတယောက်ရဲ့ ကောင်းမွန်တဲ့ စိတ်ထားနဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကို ပေါ်
လွင်အောင် ရိုက်ကူးထားသလို၊ အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်တဲ့ လူတယောက် အကြောင်း
ကိုလည်း ဟာသမြောက်အောင် ရိုက်ပြထားတဲ့ သဘာဝ ဟာသပညာပေး ဇာတ်လမ်းအမျိုးအစား
ဖြစ်ပါတယ်။

ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ် ခိုင်မာလှတယ်လို့ မဟုတ်ပေမယ့် ရယ်မော ပျော်ရွှင်စရာတွေ
ကို သေသေချာချာ စနစ်တကျရိုက်ကူးထားတာဖြစ်တဲ့အတွက် ဟာသ ဇာတ်ကားကောင်း တကား
ဖြစ်တယ် ဆိုတာ ညွှန်းပါရစေ။

ပြင်ပကမ္ဘာမှာ မရှိနိုင်တဲ့ လူတွေ၊ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေနဲ့ လုပ်ကြံ ဖန်တီးထားပြီး အသံသေး အသံ
ကြောင်တွေနဲ့ ဇာတ်ကောင်တွေကို အတင်း အော်ရယ်ခိုင်း ကြည့်ရတဲ့ပရိသတ်က ကလိထိုးပြီး ရယ်
ရင်ရယ်၊ ဒါမှမဟုတ် စိတ်ညစ်စရာကောင်းလောက်အောင် မျက်စိနောက်စေတဲ့ မြန်မာဟာသ ဇာတ်
ကား ဆိုတာတွေထက်တော့ သာမန် ရပ်ကွက် ကလေးထဲမှာ ရိုက်ထားတဲ့ ကိုတင့်တို့ စူပါရပ်ကွက်
က သာပါတယ်။

အသက်ဝင်လာမယ့် ကိုတင့်တို့ စူပါရပ်ကွက် တကယ်ရယ်ရလား၊ မရယ်ရဘူးလား ဆိုတာ ငွေရောင် ပိတ်ကားပေါ် ရောက်မှပဲ ရှုစားကြပါလို့။ ။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain
http://burma.irrawaddy.org/entertainment/2014/12/27/69076.html

Read More »

Thursday, December 25, 2014

Life of Pi ( 2012 ) မြန်မာ စာတန်းထိုး



ရိုးရိုး သားသား ပြောရရင် ကျနော် မကြာ ခဏ ဆိုသလို ပြောဖူးတဲ့ အတိုင်း ရုပ်ရှင် တကားကို ပြီး
ဆုံးအောင် ကြည့်ဖို့ အချိန်တွေ ပါးလှပ် သွားခဲ့တာ ကြာခဲ့ ပါပြီ မကြာ သေး ခင်က အိန္ဒိယ ရုပ်ရှင်
ဇာတ်ကား တကား ကျနော့် ဆိုဒ်မှာ တင်တုန်းက မိတ်ဆွေ အချို့က Life of Pi ဇာတ်ကားလေး
တင်ပေးပါ ဆိုလို့ ကိုယ်တိုင်ပဲ ရေးလိုက်မှ ဒီဇာတ်ကား ဘာကြောင့် ကမ္ဘာကျော် ရသလဲ ဆိုတာ
ကို နားလည် မိပါတော့တယ် ...။

ဘ၀ဒသန ရှုထောင့် ကနေ အနုပညာ ဆန်ဆန် တင်ပြထားတဲ့ အထဲ ကနေ ဘလော့ဂါ Thaw Maw
Zan ရဲ့ Life of Pi မှ ရတဲ့ သင်ခန်းစာ ၁၀ ခု ကိုမိတ်ဆက်ပေး လိုက်ပါတယ်.. ။

သူတင်ပြ ထားတာ ကတော့ ..... ။

Life of Pi ရုပ်ရှင်ကို မကြာသေး ခင်ကပဲ မိတ်ဆွေ တစ်ယောက်နဲ့ အတူ ကြည့်ခဲ့ ပါတယ်။ ကျနော်
လည်း စာရေး ဆရာ Yann Martel ရဲ့ Life of Pi ၀တ္ထုကို ဖတ်ပြီး ကာစ။ ဒီစာအုပ်ဟာ ခိုင်မြဲတဲ့ ယုံ
ကြည်မှုတွေနဲ့ လူငယ်လေး တစ်ယောက်ရဲ့ အန္တရာယ်တွေ ကြားက အသက် ဆက် လွတ်မြောက်
ခဲ့တဲ့ အံ့သြဖွယ် ဇာတ်လမ်း တစ်ပုဒ်ပါ ။ စာပေ ဆိုင်ရာ ဆုတွေ ရရှိ ခဲ့တဲ့ အပြင် ရုပ်ရှင် ရိုက်တော့
လည်း အော်စကာဆု ရခဲ့ပါတယ်။ Life of Pi ဟာ လက်ရာမြောက်တဲ့ ဖန်တီး ချက်တွေနဲ့ သင့်ရဲ့
အာရုံကို ထူးထူးခြားခြား ဖမ်းစားနိုင်တဲ့ အပြင် ဒီဇာတ်ကားမှာ ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်း
စာတွေလည်း ရှိပါတယ်။

၁။ အာရုံ စူးစိုက်ပါ
ဒီစကားကို ပိုင်ရဲ့ ဖခင်က ညစာ ထမင်းစားဝိုင်းမှာ ပိုင်ကို ပြောခဲ့တယ်။ အဲဒီ အချိန်မှာ ပိုင်က မတူ
ညီတဲ့ ဘာသာ တရားတွေကို အရမ်း စူးစမ်းချင်နေပြီး အဲဒီဘာသာ အားလုံးကို တစ်ပြိုင်တည်း ကိုး
ကွယ် ချင်နေတဲ့ အတွက်ကြောင့် ပါပဲ။ မတူညီတဲ့ လမ်းကြောင်းတွေကို တစ်ပြိုင်တည်း သွားဖို့ဆို
တာ ခက်ခဲပါတယ်။ အဲဒီ လမ်းကြောင်း အတော်များများဟာ ကွဲပြားဆန့်ကျင်နေ တတ်တယ်၊ ရှုပ်
ထွေးမှုတွေကို ဖြစ်စေ တတ်ပြီး အာရုံ စူးစိုက်ဖို့ ခက်ခဲစေ တတ်တယ်။ နောက် ဆုံးတော့ အရေးပါ
လှတဲ့ စွမ်းအင်တွေကို ဖြုန်းတီး ပစ်သလို ဖြစ်သွား တတ်ပါတယ်။

၂။ ဘ၀ဆိုတာ စွန့်စားခန်းပါ

ကျနော်တို့ ကလေးတုန်းက ရှိခဲ့တဲ့ စွန့်စား လိုစိတ်တွေဟာ ကြီးလာတဲ့ အခါ ပျောက်ဆုံးသွားကြပါ
တယ်။ စူးစမ်း စွန့်စား လိုစိတ်ဟာ သင့်ကို ငယ်ရွယ် သွားသလို ခံစားရစေနိုင် ပါတယ်။

၃။ သက်သောင့်သက်သာ ဇုန်က ခုန်ထွက်
ကျနော် တို့ဟာ သက်တောင့် သက်သာ ဇုန် (comfort zone) မှာ ထိုင်နေလို ကြတယ်။ ဒါပေမယ့်
ကျနော်တို့ဟာ စမ်းသပ် ကြရမယ်၊ ကျနော်တို့ ကိုယ် ကျနော်တို့ ရှာတွေ့ဖို့ အတွက် ဒီ သက်တောင့်
သက်သာ ဇုန်ကနေ ကျော်လွန်ပြီး သွားကြရမယ်။ ဒါက သင့်ကို ချွန်မြစေတယ်၊ သင့်လမ်းခရီးမှာ
တွေ့လာတဲ့ အခွင့်အလမ်း တိုင်းကိုလည်း ဆုပ်ကိုင်နိုင်စေတယ်။

၎။ ကျနော်တို့ အားလုံးမှာ
တူညီတဲ့ ရည်မှန်းချက် တစ်ခု ရှိကြတယ်။ အဲဒါကတော့ အခက် အခဲတွေ ကနေ ရှင်သန်နိုင်ဖို့ပါပဲ။
သက်ရှိ အရာတိုင်းဟာ ဆက်လက် အသက်ရှင်နိုင်ဖို့ စဉ်ဆက်မပြတ် ရုန်းကန်နေကြရပါတယ်။ ဒါ
ကပဲ ကျနော်တို့ကို နိုးကြားစေတယ်၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ပိုပြီး နားလည် လာစေတယ်။

၅။ ဘ၀ဆိုတာ စိတ်ကြိုက် ပုံဖော်နိုင်တဲ့ အရာ
ကျနော်တို့ဟာ တူညီတဲ့ အရာတွေကို တွေ့ကြုံ တတ်ကြ ပေမယ့် ကျနော်တို့ နားလည်တဲ့ အတိုင်း၊
ကျနော်တို့ရဲ့ ဘ၀ အတွေ့ အကြုံတွေ အတိုင်းသာ အဲဒီ အရာတွေကို တုန့် ပြန် တတ်ကြတယ်။
ကျနော် တို့ထံ ဖြစ်လာတဲ့ အခြေအနေ တိုင်းကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်
နိုင်တယ်။ ဒါမှမဟုတ် အခြေအနေရဲ့ သားကောင်အဖြစ် အရှုံးပေးလိုက်နိုင်တယ်။

၆။ ခွန်အားဆိုတာ အတွင်းက လာတာ
အခက်အခဲ အချိန်တိုင်းမှာ ကျနော်တို့ရဲ့ ကိုယ်တွင်းက လာတဲ့ ခွန်အားက ကျနော်တို့ကို ရှေ့ဆက်
သွားနိုင်စေတယ်။ ဒီထက်ပိုတဲ့ စွမ်းအားမရှိပါဘူး။ ဇာတ်ကားထဲမှာ ပိုင်က ဘုရားသခင်ကို သူ့ကို
ဘာကြောင့် ဒီဒုက္ခတွေ ကြုံတွေ့စေရတာလဲလို့ မေးတယ်။ သူဟာ ဒီအရာတွေကို ဖြစ်သလိုကြုံတွေ့
လာတဲ့ ကိစ္စတွေလို့ မမှတ်ယူဘဲ သူ့ကိုစမ်းသပ်နေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူတယ်။ ပြီးတော့
သူ့ရဲ့ကိုယ်တွင်း ကနေ ခွန်အားကို ရှာဖွေပြီး လူသား တစ်ယောက် အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ သင့်
မှာ သင်သိ ထားတာထက် ပိုတဲ့ သတ္တိတွေ ရှိတယ်။

၇။ ကြက်ဥတွေ အားလုံးကို ခြင်းတစ်ခြင်း ထဲမှာပဲ ထည့် မထားနဲ့
ရစ်ချက်ပါကာ ဆိုတဲ့ ကျားရဲ့ရန်ကနေ သူ့ အစာတွေကို ကာကွယ်နိုင်ဖို့ ပိုင်က ရှိသမျှ စားစရာအား
လုံးကို သူတည်ဆောက်ထားတဲ့ ဖောင်ကလေးမှာ ချည်နှောင်ထားတယ်။ အဲဒီကျားကလွဲလို့ တခြား
ဘာအန္တရာယ်ကိုမှ ပိုင် သတိမထားမိခဲ့ဘူး။ တစ်ညတော့ ဝေလငါးကြီးတစ်ကောင်ပေါ်လာပြီး လှေ
ကို မှောက်အောင် လုပ်လိုက်တဲ့အခါ ပိုင်မှာ ရှိသမျှ စားစရာတွေအားလုံး ကုန်သွားတော့တယ်။ ပိုင်
စိတ်ဓာတ်ကျပြီး ကျန်ခဲ့တယ်။ ကျနော်တို့မှာ နည်းနည်းပဲ ရှိတဲ့အခါ ဒီထက်ပိုပြီး မရှာဖွေခင်မှာ ရှိတဲ့
နည်းနည်းကို ကာကွယ်ဖို့ ကြိုးစားကြရပါမယ်။ သင့်မှာရှိသမျှကို တစ်နေရာတည်းမှာ ထားတဲ့အခါ
ဒါမှမဟုတ် သင့်ယုံကြည်မှုအားလုံးကို အတွေးအမြင်တစ်ခုတည်းမှာပဲ တည်ဆောက်ထားတဲ့အခါ၊
မမျှော်လင့်တဲ့ အန္တရာယ်တွေ ဖြစ်လာခဲ့ရင် သင့်မှာ ဘာမှ ကျန်မှာ မဟုတ်ပါဘူး။

၈။ အစီအစဉ် တစ်ခု အမြဲရှိပါ။ နေ့စဉ်မှတ်တမ်း စာအုပ် ထားပါ။
ပိုင်ဟာ ပင်လယ်ထဲမှာ အစားအသောက် နည်းနည်းရယ် ငတ်မွတ်နေတဲ့ ကျားတစ်ကောင်ရယ်နဲ့အ
တူ ကျန်ခဲ့တဲ့အခါ သူ့မှာ အသက်ဆက် လွတ်မြောက်ဖို့ အစီအစဉ် plan တစ်ခု ရှိရပါတော့မယ်။ ကံ
ကောင်းစွာပဲ သူ စားစရာနည်းနည်းနဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ ဖြစ်ရပ်တွေကို မှတ်ထားဖို့ အရေး
ကြီးပါတယ်။ သင် လိုအပ်တဲ့အခါ ပြန်ကြည့်နိုင်တယ်။ ကျနော်တို့ဟာ မှတ်ဥာဏ်ကိုပဲ အားကိုး မနေ
နိုင် ပါဘူး။ နေ့စဉ်မှတ်တမ်း စာအုပ်တစ်အုပ် ထားခြင်းအားဖြင့် သင်ပြုလုပ်သမျှအရာတွေ၊ သင်အဲ
ဒါတွေကို ဘာကြောင့်ပြုလုပ်သလဲ ဆိုတာတွေကို အမြဲတမ်း ဆန်းစစ်နိုင်ပါတယ်။ ဆာဆာနဲ့အများ
ကြီး စားမပစ် ခဲ့ဘဲ အစီအစဉ်နဲ့ စားခဲ့တဲ့ အတွက်လည်း ပိုင်ရဲ့ အစားအစာတွေဟာ ပိုပြီး ကြာကြာ
ခံနိုင်ခဲ့တယ်။ ဒါကြောင့် အစီအစဉ် Plan တစ်ခုဟာ မဖြစ်မနေ လိုအပ်တယ်။

၉။ ဘ၀ကို ဖြစ်လာတဲ့ အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံး ဖြစ်အောင်လုပ်။
“ဘ၀ကို ဖြစ်လာတဲ့အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်” ဒီစကားက ကျနော့်ကို
နိုးကြွစေရုံတင် မက ကျနော်တို့ဟာ ဘ၀ကို သူ့အရှိ အတိုင်း လက်ခံနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့
လိုချင်တဲ့ ဆီကိုသွားဖို့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျနော် တို့မှာ ရှိတယ်လို့ ကျနော့်
ကို သတိပေး လိုက်တယ်။ အခြေ အနေတွေ ခက်ခဲ လာတဲ့ အချိန် မှာတောင် ဘယ် အခြေ အနေကို
မဆို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲဖို့ ကျနော်တို့ဟာ ဒီစကားကို သတိရကြရမယ်။ ရိုးရှင်းပြီး
ခွန်အားရှိတဲ့ အမှာစကားဖြစ်ပါတယ်။

၁၀။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ကို အရှုံးမပေးနဲ့။
နောက်ဆုံးအနေနဲ့ ပိုင်ရဲ့ စကားအတိုင်း “…. ဘာပဲဖြစ်ဖြစ်၊ မျှော်လင့်ချက်ကို ဘယ်တော့မှ အရှုံး
မပေးနဲ့”

ဒီလောက်ဆိုရင်တော့ Life of Pi ကိုကြည့်သင့်သလား ဆိုတာကို စဉ်းစားမိ ကြမှာပါ..။

Life of Pi (2012) ကို မြန်မာ စာတန်းထိုးနဲ့ pCloud ကရော Vidzi.tv ကနေပါ ၂ နေရာ တင်ပေး
ထားပါတယ်.. Vidzi.tv ကတော့ PC သမားတွေ တိုက်ရိုက်ကြည့်နိုင်ပါတယ် pCloud ကနေ ဖိုင်
ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေး ထားပါတယ်။

▼ Download 1.1 GB ▼
OR
▼ Download 419 MB ▼

From: ဘလော့ခရီးသည် by ချမ်းငြိမ်း-မှော်ဝန်း


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, November 27, 2014

ဗိုလ်ချုပ် ရုပ်ရှင် အရုပ်ထင် ပါဦးမလား



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကွင်း(ဓာတ်ပုံ- Home Media)

လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ နှစ်တရာပြည့် အချိန်
အခါ သမယ ကို ရောက်တော့မယ် ဆိုတာ အားလုံးလည်း အသိပါ။ ဗိုလ်ချုပ်ရဲ့ ရာပြည့် ပွဲ အတွက် NLD ပါတီ က
လည်း တနှစ် ပတ်လုံး အထိမ်း အမှတ် အခမ်း အနားပွဲတွေ ကျင်းပပြုလုပ် သွားမှာပါ။ ဒါ့အပြင် အနုပညာ ရှင်တွေ
ဘက်ကလည်း ရာပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်မယ့် အစီအစဉ်တွေရှိပါသေးတယ်တဲ့။

အဲ့ဒီမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ နှင်းဆီ အဖွဲ့သား တွေက ဗိုလ်ချုပ် အောင်ဆန်း ရာပြည့် အထိမ်း
အမှတ် အဖြစ် အငြိမ့် ကပြ ဖျော်ဖြေဖို့ ရှိတယ်လို့လည်း ပြည်တွင်း သတင်း တွေမှာ ဖော်ပြ ထားပါတယ်။ ဒါ့အပြင်
အနုပညာ ရှင်တွေ စုပေါင်း ဖွဲ့စည်း ပြီး တည်ထောင် ထားတဲ့ မေတ္တာ သင်္ဂဟ အဖွဲ့ ကလည်း ဗိုလ်ချုပ် အောင်ဆန်း
ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီကို အလှူငွေတွေ ပေးအပ် လှူဒါန်းပြီး ဒီပွဲကြီး ဖြစ်မြောက်ဖို့ အတွက် တတပ်
တအား ပါဝင် အားဖြည့်ကြပါတယ်။

နောက် ဒါရိုက်တာ မြေနီသစ္စာ ဦးဆောင် စီစဉ်တဲ့ မိနစ် ၂၀ စာ မှတ်တမ်းရုပ်ရှင်နဲ့ မိနစ် ၄၀ စာ ဇာတ်လမ်းရုပ်ရှင်
တို့ကိုလည်း ဗိုလ်ချုပ်ရာပြည့်အမီ ရိုက်ကူးနေကြပြန်ပါတယ်။

ဒီမှာ ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌအဖြစ် တာဝန်ယူပြီး ရိုက်ကူးဖို့ ၂၀၁၂ ဖေဖော်ဝါရီ ကတည်းက စီစဉ်ခဲ့တဲ့ ဗိုလ်
ချုပ်အောင်ဆန်းအတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကတော့ တလောက အမြည်းသဘောဆိုပြီး Teaser အပိုင်းလေး
တွေ ရိုက်ကူးနေကြပြန်ပါတယ်။ အဲ့ဒီ Teaser အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း အနေနဲ့ ဂျပန်တော်လှန်ရေး
မစခင်မှာ ဒေါ်ခင်ကြည်ကို ကြက်ဖမွှေးဇောင်းရွာမှာ ပုန်းအောင်းနေဖို့ လိုက်ပို့တဲ့ အခန်းကို ရိုက်ကူးနေတာပါ။

အဲ့ဒီရိုက်ကူးပြီးတော့ တလခွဲလောက်ကြာတဲ့အထိ ဘာသတင်းမှ ထပ်မကြားဘဲ ငြိမ်ချက်သားကောင်းနေပါတယ်။
အခုတော့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ရက်နေ့တွေမှာ ပြန်ရိုက်ကြမယ့် အသံသဲ့သဲ့ကြားလိုက်တော့ နောက်ထပ်ကျန်ရှိနေ
တဲ့ အပိုင်းတွေထဲက တပိုင်းများထပ်ရိုက်ဖို့ စီစဉ်ကြလေသလားလို့ စိတ်ဝင်စားမိလို့ ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းဆီ
ဖုန်းဆက် မေးမြန်းကြည့်တဲ့အခါမှာ ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဦးဇော်သက်ထွေးထံ မေးမြန်းဖို့လမ်းညွှန်လိုက်ပါ
တယ်။ ဒီတော့သူ့ထံ မေးကြည့်ရပြန်ပါတယ်။ အဲ့ဒီမှာ ဦးဇော် သက်ထွေးက သူ့ အနေနဲ့ နိုင်ငံခြားကနေတနေ့ကမှ
ပြန်ရောက် လာလို့ အသေး စိတ် မသိ ရှိတဲ့ အတွက် အဲ့ဒီ အခြေ အနေ အသေး စိတ်ကို သိရှိ လိုပါက အဲ့ဒီ Teaser
အပိုင်းကို တာဝန်ယူ ရိုက်ကူးမယ့် ဒါရိုက်တာ မင်းထင် ကိုကိုကြီး ဆီသာ ဆက်သွယ်ဖို့ လမ်းညွှန် ပြန်ပါတယ်။

ဒါနဲ့ ဒါရိုက်တာ မင်းထင် ကိုကိုကြီး ဆီ ဆက်သွယ် မေးမြန်း ကြည့်တဲ့ အခါမှာ “၄ ရက်နေ့မှာ ရိုက်မှာက ကျနော်တို့
အရှေ့မှာ ရိုက်ထားတုန်းက အထူးသဖြင့် ဗိုက်ဖုံးအကျီပေါ့။ အ၀တ်အစားမှားနေတာလေးကို ပြန်ပြင်ပြီး ရိုက်မယ့်
ဟာပဲ။ အသစ်မဟုတ်ဘူး။ အဲ့ဒီ scene တခုလုံး ပြန်ရိုက်မှာ။” လို့ ဆိုပါတယ်။

ဒီလို မှားယွင်းလို့ ပြန်ရိုက် ကြရမယ် ဆိုတော့ ဇာတ်ကားကြီး အတွက် အ၀တ်အစားပိုင်းနဲ့ပတ်သက်လို့ တာဝန်ယူ
ထားတဲ့ တာဝန် ခံတွေ ဘာများ ပြောမလဲ ဆိုတာတော့ စိတ်ဝင်စား မိပါရဲ့။ ဒါနဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီး
အတွက် အ၀တ်အစားတာဝန်ခံတဦးဖြစ်တဲ့ ဦးအရိုင်းကို မေးကြည့်တော့ “သူတို့က ဘာအ၀တ်အစားညာအ၀တ်
အစားဆိုပြီး ရှာခိုင်းတာပဲလေ။ ကျနော်တို့က အဲ့ဒါလေးကို ရှာပေးလိုက်တာပဲလေ။ မှားတယ်ဆိုတော့လည်း ပြန်
ရိုက်ပေါ့။ ဒါပဲရှိတာပေါ့ နည်းနည်းတော့ ကြာသွားတာပေါ့။ ပြန်တော့ရိုက်ရမှာပေါ့ ဒေါ်ခင်ကြည် အကျီကို ယူပေး
တာတယောက် ကျနော်ကတော့ ဗိုလ်ချုပ်နဲ့ ရဲဘော်တွေအတွက်ကို ကျနော်ကရှာပေးတာ ရှပ်အကျီ ပြောင်လေး
တွေ လိုချင်တယ်ဆိုလို့ ရှာပေးတာ။ မိန်းမအကျီ ကိုတော့ ဒေါ်အိအိခိုင်လားမသိဘူး ဒီဇိုင်နာနဲ့သွားပြီးတော့ လုပ်
လိုက်တာလေ။ အဲ့ဒီတော့ ဗိုက်ဖုံးအကျီက မှားသွားတာ။ အဲ့ဒီခေတ်က ဗိုက်ဖုံးအကျီမှ မပေါ်သေးတာ။” လို့ ဆို
ပါတယ်။

ဒီတော့ နောက်ထပ် ပြန်ရိုက်တဲ့အခါ မှားယွင်းတဲ့ အ၀တ်အစားနဲ့ပတ်သက်လို့ ဘယ်လိုပြန်ပြင်ဆင်သွားမလဲလို့
ဆက်မေးတော့ “ကျနော်တို့က ခရီးထွက်သွားတော့ မသိသေးဘူး။ ကြည့်ရတာ သူတို့အစည်းအဝေးတော့ ပြန်
ခေါ်ဦးမယ်နဲ့ တူပါတယ်။” လို့ ပြန်ဖြေပါတယ်။

အ၀တ်အစားတွေ မှားနေလို့ ရိုက်ကွင်းတခုလုံးကို ပြန်ရိုက်ကြမယ်ဆိုတော့ ၃ နှစ်လောက်ကြာအောင် ရိုက်ကူး
ဖို့ ပြင်ဆင်လာခဲ့တဲ့ ဒီဇာတ်ကားကြီးရဲ့ ပွဲဦးထွက် အမြည်း အပိုင်းလေးမှာတောင် မှားယွင်းနေတယ် ဆိုရင် ရုပ်
ရှင်ဇာတ်ကားကြီးတခုလုံးအတွက် အဓိကကျတဲ့အခြားအကြောင်းအရာတွေရော ဘယ်လောက်အထိ မှန်ကန်
ပါ့မယ်လို့ ဘယ်သူက ဘယ်လို တာဝန်ယူ အာမခံပေးနိုင်မလဲဆိုတာတော့…

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2014/11/blog-post_964.html

Read More »

Wednesday, November 19, 2014

နာမည်ကျော် မင်းသား ဂျက်ကီချန်း Jackie Chans



ဂျက်ကီချန်းဟာ ၁၉၅၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် မွေးဖွားခဲ့ သူဖြစ်ပြီး ယခု ဆိုရင်တော့ အသက် ၆၀ ရှိပါပြီ။
နာမည်ကြီး တရုတ်မင်သား တစ်လက်ဖြစ်ရုံသာ မကဘဲ သီချင်းဆိုလည်း ထူးချွန်သူ တစ်ယောက်ပေါ့။

ဒါ့အပြင် သူဟာ ရုပ်ရှင် ဇာတ်ညွန်း များကိုလည်း ရေးတဲ့ အပြင် ဒါရိုက်တာ အဖြစ်ပါ လုပ်ဆောင်ကြောင်း သိရ
ပါတယ်။ ဂျက်ကီချန်းဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်း များကို စီစဉ်
တင်ဆက်သူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် လူရွှင်တော် ပုံစံ ခပ်ပြောင်ပြောင်လည်း နေတတ်သူမို့ ဘက်ပေါင်း စုံအောင် ထူးချွန်တဲ့ နာမည်ကျော်
မင်းသားတစ်ယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။

သူဟာ စွန့်စားတဲ့ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မူ များကိုလည်း ရရှိသူ တစ်ယောက်ပါ။ ဇာတ်
လမ်းတွေထဲမှာ ဆိုရင် ခပ်ပြောင်ပြောင် ဒီဇိုင်းလေးများနဲ့ ရိုက်လေ့ရှိလို့ ပရိသတ်တွေလည်း အထူးပင် နှစ်
သက်ခဲ့ကြ ပါတယ်။

သူ့အကြောင်းများကို ယခုထက်ပိုမိုပြီး သိလိုတယ် ဆိုပါက - http://en.wikipedia.org/wiki/Jackie_Chan မှာ
ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

By ကျော်လင်းနိုင် (ရိုးရာလေး)
http://yoyarlay.com/index.php/entertainment/40557-jackie-chans

Read More »

Tuesday, September 30, 2014

အသက် ခန့်မှန်းရ ခက်တဲ့ ထိုင်း မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးကြီးများ


အစားအသောက် ဆင်ခြင်ပြီး အသားရေ ခန္ဓာကိုယ် ထိမ်းသိမ်း စောင့်ရှောက်မှုနဲ့ ကျန်းမာရေး အားကစား လိုက်
စားမှု တွေကြောင့် သူမတို့ တတွေကို အပြင်မှာ တွေ့ခဲ့မယ် ဆိုရင် အသက် ခန့်မှန်းရ ခက်ပါလိမ့်မယ်။ အဲဒီထဲ
က နာမည်ကြီး သရုပ်ဆောင် အချို့ကို ဖော်ပြပေး လိုက်ပါတယ်။


01. Ranya Siyanon (Age: 46)


02. Kochakorn Nimakorn (Age: 43)

03. Aphiradi Phawaphutanon (Age: 49)

04. Penpak Sirikul (Age: 53)

05. Passorn Boonyakiat (Age: 45)

06. Yani Chongwisut (Age: 54)

07. Preeyanuch Panpradub (Age: 51)

08. Piyamas Monyakul (Age: 62)

09. Naowarat Yuktanan (Age: 56)

10. Atcharapan Paibulsuwan (Age: 62)

11. Sinjai Plengpanich (Age: 49)

12. Daraneenuch Photipiti (Age: 46)

13. Mayura Sawetsila (Age: 56)

14. Janjira Jujang (Age: 45)

The Irrawaddy's Blog by အဉ္ဇလီ
http://blog.irrawaddy.org/2014/09/blog-post_581.html

Read More »

Tuesday, September 02, 2014

ရုပ်ရှင် ဒါရိုက်တာရဲ့ မိန်းမဆိုတာ ...



ထိုင်းနိုင်ငံက Ah Mum လို့ လူသိများတဲ့ ရုပ်ရှင်ဒါရိုက်တာ ဟာသ မင်းသားကြီး Petchtai Wongkamlao ရဲ့ ဟာသ ဇာတ်
ဝင်ခန်း တစ်ခုပါ။ အဲဒီအထဲက စကားအချို့ကို ကောက်နှုတ် ရရင်ဖြင့် ...

မင်းသမီး။ ။ ဖိမမ် ... ခဏလောက် ကူကြည့်ပေးပါဦး။ ဂိမ်းဆော့တာ မအောင်နိုင်ဘူး ဖြစ်နေလို့ ...။

မင်းသား။ ။ ဘာဂိမ်းလဲ ...။

မင်းသမီး။ ။ ငါးမျှားဂိမ်း ...။

မင်းသား။ ။ လာ လာ ... ဒါဆို အစ်ကိုပြပေးမယ်။

ဇာတ်ရှိန်မြင့်တုန်း ဒါရိုက်တာ မိန်းမရောက်ချလာသော် ...


http://blog.irrawaddy.org/2014/07/blog-post_7608.html

Read More »

Monday, August 04, 2014

တစ်ခေတ်ဆန်း အလှမယ် တို့နှင့် နောက် ကွယ်မှ ၀ိရောဓိ များ



ကိုရီးယား နိုင်ငံတွင် ပြုလုပ် ခဲ့သည့် ပြိုင်ပွဲ တွင် Miss Asia Pacific World
ဆုရ ရှိခဲ့သော အလှမယ် မေမြတ်နိုး ကို ပြိုင်ပွဲဝင် များနှင့် အတူ တွေ့ရစဉ်

အသံဖမ်း စက်ပေါင်း များစွာ ၀န်းရံထား သည့် အလယ်တွင် သိလို သမျှကို ဖြေကြား နေရင်း မှပင် သူမ ၏ မျက်ဝန်း များ ဆီမှ မျက်ရည်
များ လိမ့်ဆင်း လာသည်။ တစ်ချက် တစ်ချက် ရှိုက်လိုက်ပြီး အားတင်းကာ သတင်းထောက် များ၏ အမေးကို ဖြေကြား နေသည့် ကြား
မှပင် အသံ များက တိုးတိမ် သွားသည်။

မြန်မာ ၀တ်စုံကို သေသပ်စွာ ၀တ်ဆင် ထားပြီး သတင်းထောက် များ သိလို သမျှ ဖြေကြား ပေးနေသူ မှာ အသက် (၁၇) နှစ်သာ ရှိသေး
သည့် အလှမယ် ဂျူးစံသာ ဖြစ် သည်။ နောက် ရက် သတ္တပတ် အနည်းငယ် တွင် အဇာဘိုင်ဂျန် နိုင်ငံ တွင် ပြုလုပ် မည့် စင်မြင့် ထက် ၌
နိုင်ငံပေါင်း တစ်ရာ ကျော်မှ အလှမယ် များနှင့် ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ် ခံထားရသူ တစ်ဦး ဆိုလျှင်လည်း မမှားပေ။

သို့သော် ထိုအခွင့် အရေးကို သူမ လက်လွှတ် ဆုံးရှုံး လိုက်ရ သည်။ ၎င်းကို မြန်မာ နိုင်ငံ ကိုယ် စားပြု Miss Globe Myanmar အဖြစ်
ရွေးချယ် လေ့ကျင့် ပေးနေ သော အဖွဲ့ အစည်းနှင့် စာချုပ် ကိစ္စ အပါ အ၀င် လူမှုရေး အဆင် မပြေ မှုများ ကြောင့် ပေးအပ် ထားသည့်
သရဖူ ရုပ်သိမ်း ခံလိုက် ရကြောင်း တစ်ဖက် အဖွဲ့ အစည်းက ကြေညာ ခဲ့သည်။

‘‘သမီး ဒီလောက် ထိ ကြိုးစား ပြီး ငွေကုန်ခံ၊ အချိန်ကုန် ခံပြီး သမီးရဲ့ အင်အား တွေနဲ့ ကြိုးစား ခဲ့ တယ်။ ကြိုးစား ခဲ့ပြီးမှ ဒီလိုဖြစ် သွား
တာဆိုတာ့ ဘယ်လောက် ထိ ရင်ထဲမှာ ကြေကွဲ ခံစားနေ ရတယ် ဆိုတာကို တကယ် ပြောမပြ တတ် အောင် ပါပဲ’’ဟု ဂျူးစံသာကဖြေ
ကြားပြီး ပါးပြင် ထက်မှ မျက်ရည် များကို တစ်ရှူး စဖြင့် သုတ်ဖယ် လိုက်သည်။

မြန်မာ နိုင်ငံတွင် အပြု သဘော ဆောင်သော ပြုပြင် ပြောင်းလဲရေး များပြု လုပ် အပြီး နိုင်ငံ တကာ မျက်နှာစာ၌ သိသာ ထင်ရှား သော
အောင်မြင် မှုများ အနက် နိုင်ငံတကာ စင်မြင့်များ ထက်တွင် မြန်မာ အလှမယ် များပြန်လည် လျှောက်လှမ်း ခွင့်ရ လာခဲ့ခြင်းသည်လည်း
တစ်ခု အပါအ၀င် ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုင်ငံ တကာ အလှမယ် ပြိုင်ပွဲတွင် အလှမယ် နန်းခင်ဇေယျာ ပွဲဦးထွက် သွား ရောက် ယှဉ် ပြိုင်ခဲ့ရာ မျိုးချစ် စိတ် ဖြင့် တစ်ခဲ
နက် အားပေး ခဲ့သည် မှ အစပြုကာ နိုင်ငံတကာ ပြိုင်ပွဲဝင် အလှမယ် များတစ်ဦးပြီး တစ်ဦး ဆက်တိုက် ပေါ်ထွက် လာခဲ့ သည်။ နန်းခင်
ဇေယျာ မှ အစပြု ကာ ခင်ဝင့်ဝါ အလယ် မေမြတ်နိုး အဆုံး ပရိသတ် က အင်တိုက် အား တိုက် အားပေး ခဲ့ကြ သည်။ သိသာ ထင်ရှား
သည့် အချက် တစ်ခု အနေ ဖြင့် နှစ်ပေါင်း ငါးဆယ်ကျော် အတွင်း ပထမဆုံး အကြိမ် ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ တစ်ခု
ဖြစ်သော မယ်စကြ၀ ဠာ ပြိုင်ပွဲ သို့လည်း သွားရောက် ယှဉ်ပြိုင် နိုင်ခဲ့သည်။

အညတရ သာမန် မိန်းက လေးများ ဘ၀ မှပင် နိုင်ငံ တကာ စင်မြင့်ထက် လျှောက် လှမ်းပြီး အိမ် အပြန်တွင် ပရိသတ် အသိ အမှတ်ပြု ထင်ရှား ကျော်ကြား သူ တစ်ဦး အဖြစ် နေ့ချင်း၊ ညချင်း ရောက်ရှိ ခဲ့ကြသည်။


မီဒီယာများကို ဖြေကြားနေသည့် ဂျူးစံသာ (ဓာတ်ပုံ − ဇွဲဉာဏ်)

သို့သော် လွန်ခဲ့ သောလ အနည်း ငယ်မှ စတင်ကာ အောင် မြင်မှု ရ အလှမယ် များနှင့် သူတို့ အား ပြုစု ပျိုးထောင်ပေး ခဲ့သည့် အဖွဲ့ အ
စည်း များတို့ အကြား အက်ကြောင်း များကို စာမျက်နှာ များမှ တစ်ဆင့် လူသိ ထင်ရှား ဖြစ်လာ ခဲ့သည်။ အဖွဲ့ အစည်း များက လုပ်ပိုင်
ခွင့်ရ သည့် ဘောင်ထဲမှ အလှမယ်များ၏ သရဖူကို သိမ်းခြင်း၊ လွှဲပြောင်းခွင့် ပိတ်ပင်ခြင်း စသဖြင့် တုံ့ပြန်ကြပြီး အလှမယ် များကလည်း
သတင်း မီဒီယာ များကို ပြန်လည် ရှင်းလင်းခြင်း ဖြင့် အပြန် အလှန် စွပ်စွဲပြောဆို မှုများ၊ အငြင်းပွား မှုများက ပရိသတ် များကို မှင်တက်
စေခဲ့သည်။

ဆက်တိုက် ပေါ်ထွက် လာခဲ့ သော အလှမယ် များနှင့် အဖွဲ့ အစည်း များအကြား အငြင်းပွားမှု၊ မပြေလည်မှု များစွာ ထဲက ဂျူးစံ သာ၏ ပြ
သနာမှာ သာဓက တစ် ခုပင်။ ဘယ်သူ မှားသည်၊ ဘယ်သူမှန် သည် ဆိုသည် ကိုတော့ မည်သူ ကမျှ မဝေခွဲ တတ်ပေ။

သာမန် မိန်းကလေး တစ်ဦးမှ သည် အောင်မြင်မှု အသီးအပွင့် များ ခံစား ပိုင်ဆိုင် လာရသည့် အလှမယ် တစ်ယောက် ဖြစ်လာ သည့် အခါ အောက်ခြေ လွတ် ဘ၀မေ့ သဖြင့် ကာပြန် ခြင်းလော (သို့မဟုတ်) နောက် ကွယ်က ပံ့ပိုးပေး ရသည် ဟူသော အဖွဲ့အစည်းများ
က စာချုပ် များဖြင့် အရာ ရာကို ထိန်းချုပ် ကန့်သတ် လိုခြင်း လော ဆိုသည် ကိုမူ မည်သူ ကမျှ အဖြေ မထုတ် တတ်ကြပေ။

နိုင်ငံတကာ ပြိုင်ပွဲသို့ သွား ရောက် ယှဉ်ပြိုင်မည့် အလှမယ် တိုင်းသည် ၎င်းတို့ကို ရွေးချယ် စေလွှတ် ပေးသော အဖွဲ့အစည်း နှင့် အနည်း
ဆုံးစာချုပ် တစ်နှစ်မှ သုံးနှစ် အထိ ချုပ်ဆိုရပြီး ယင်းစာ ချုပ်တွင် အလှမယ် ဘက်မှ လိုက်နာရမည့် စည်းကမ်းနှင့် ရပိုင်ခွင့် များထည့်သွင်း
ချုပ်ဆို လေ့ရှိ သည်။ စာချုပ်ပါ အကြောင်း အရာ များကို အများ သိအောင် ပွင့်လင်း မြင်သာစွာ ထုတ်ပြ ပြောဆိုလေ့ မရှိကြပေ။

မကြာသေး မီက မြန်မာ ကိုယ်စားပြု အလှမယ် အားလုံး ထဲတွင် ပထမဆုံးနှင့် အမြင့်ဆုံး ဆုဟု ပြော၍ ရနိုင်သည့် အာရှ-ပစိဖိတ် အလှ
မယ်ဆုကို ရရှိခဲ့သည့် မေမြတ်နိုး ကတော့ ၎င်းနှင့် အဖွဲ့အစည်း ကြားမှ ထိန်းချုပ် ကန့်သတ်မှု များကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် အရိပ်
အမြွက်ပြော ထားသည်။ ၎င်း အနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ်၊ အက်ဖ်အမ်ဖြင့် အင်တာဗျူး ဖြေကြားတိုင်း ဓာတ်ပုံ တင်တိုင်း (ဖေ့စ်ဘွတ်ခ်တွင်
ဓာတ်ပုံ တင်ခြင်း ကို ဆိုလို ဟန်တူသည်) ၃၀ ရာခိုင်နှုန်း တောင်းဆို သည်ဟု ရေး သားခဲ့သည်။

အာရှ-ပစိဖိတ် အလှမယ် ဆု ရ မေမြတ်နိုးနှင့် ၎င်း၏ အလှမယ် အဖွဲ့ အစည်း တို့ အကြား လမ်းခွဲမှု မှာလည်း ဟိုးလေး တကျော် ဖြစ် ခဲ့
သည်။ ၎င်း၏ သရဖူကို အသိမ်း ခံတော့ မည်ဟုပင် သတင်းများ ထွက်ပေါ် လာခဲ့သည်။ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲ ပြော
ဆိုမှုများက စာမျက်နှာ များ ထက် ပလူ ပျံနေ ခဲ့သည်။

နိုင်ငံ တကာ စင်မြင့်တွင် သွားရောက် ယှဉ်ပြိုင်သည့် အချိန် မှ ယခု အချိန် အထိ ပရိသတ်အား ပေးမှုကို ဆက်လက် ထိန်းထားနိုင် သူ
နန်းခင်ဇေယျာက ‘‘မြန်မာ နိုင်ငံ မှာက အသက်ငယ် သေးလို့ နားမလည် ဘူးလို့ပြော ကြတယ်။ နန်းခင် ပြောချင် တာက ဘယ်လို အ
ကြောင်း ကြောင့်ပဲ ဖြစ်နေပါ စေ စာချုပ်ကို သေချာ ဖတ်သင့် တယ်။ နားမလည် သေး ပါဘူးဆို ရင် ကိုယ့်ထက် တတ်တဲ့ သူတွေ၊ မိဘ
တွေနဲ့ တိုင်ပင်ပြီး ချုပ်မယ် ဆိုရင် နောက် ပိုင်း ဘာအခက် အ ခဲမှ မရှိပါဘူး’’ဟု စာချုပ် ကိစ္စများ နှင့် ပတ်သက်၍ အကြံပြုသည်။

ယင်း မတိုင်မီ ဖြစ် ခဲ့သော ခင် ၀င့်ဝါနှင့် ၎င်း၏ ဆရာဂျွန်လွင် တို့ အကြားမှ စာချုပ်ပြသနာ၊ မေ မြတ်နိုးနှင့် ၎င်းကို ပံ့ပိုးပေး ခဲ့သည့်အဖွဲ့
အစည်းကြား သရဖူ ကိစ္စ အပါ အ၀င် အငြင်းပွား မှုများ၊ အလှမယ် ဂျူးစံသာကို စည်းကမ်း မလိုက်နာ သောကြောင့် သရဖူ သိမ်း၍ ပြိုင်
ပွဲသွား ရောက်ယှဉ် ပြိုင်ခွင့် ပိတ်လိုက် သည့်ကိစ္စ၊ လူ သိ များထင်ရှား သည့် ခင်ဝင့်ဝါနှင့် ထားထက်ထက် တို့ကို ချုပ်ဆို ထားသည့် သ
ဘောတူ စာချုပ်သက် တမ်း မပြည့်မီ စည်းကမ်း မလိုက် နာ သောကြောင့် သရဖူ လွှဲခွင့်ရုပ် သိမ်းခြင်း စသည့် ပြသနာအထွေ ထွေတို့က
အလှမယ် လောကကို ဂယက်ရိုက် စေခဲ့သည်။

‘‘ပြိုင်ပွဲဝင်တဲ့ အချိန် ပြိုင်ပွဲ ၀င်ဖို့ပဲ ခေါင်းထဲ မှာရှိတယ်။ ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံး ကိုယ် စားပြုချင် စိတ်ပဲ ရှိတယ်။ နိုင်ငံတ ကာ
မှာလည်း အကောင်းဆုံး ယှဉ် ပြိုင်တာကို ပြသ ချင်တယ်။ ကိုယ့် ရဲ့ နိုင်ငံ အတွက် အကောင်းဆုံး ယှဉ်ပြိုင်စေ ချင်တယ်။ ကိုယ်စား ပြုချင်
တဲ့ စိတ်က ပိုများတယ်။ အဲဒီ အခါကျတော့ စာချုပ် ထဲမှာ ကိုယ့် အတွက် မျှတရဲ့လား၊ သူတို့ ဘက်က ယူတာများ သွားလား ဆို တာကို
သေသေ ချာချာ မစဉ်းစား နိုင် တာမျိုးတွေ ဖြစ်နိုင် တယ်’’ဟု အလှမယ် ထားထက်ထက် က ၎င်း၏ အတွေ့ အကြုံ များနှင့် နှိုင်း ယှဉ်ကာ
ပြောသည်။

ထို့ကြောင့် အလှမယ်များ အနေဖြင့် စာချုပ် ချုပ်သည့် အချိန်တွင် သွားရောက် ယှဉ်ပြိုင် ရမည့် စိတ် တစ်ခု တည်းကိုသာ ဦးစား မပေးဘဲ
ကိုယ်တိုင် လိုချင်သည့် အချက် များကို ကနဦး ကတည်းက ထည့်သွင်း သင့်ကြောင်း ထားထက်ထက်က အကြံ ပြုသည်။

ထို့အတူ အလှမယ် များ အ တွက် အချိန်ယူ ပြုစု ပျိုးထောင်ပေး ခဲ့ ရသော အဖွဲ့ အစည်း များ အနေ နှင့် လည်း အောင်မြင် လာ ချိန် ကျမှ
လက်တွဲ ဖြုတ်ခံ လိုက်ရသဖြင့် မခံချိ မခံသာ ဖြစ်ကာ အလှမယ်များ ရှေ့ရေးကို ပိတ်ဆို့သည့် လုပ်ရပ်များ ကလည်း မှန်ကန်သည့် နည်း
လမ်း မဟုတ်ကြောင်း ထောက်ပြဝေဖန် မှုများ ပေါ်ထွက် လာသည်။

ထိုဟိုးလေး တကျော် ပြသနာများ ဖြစ်ပွား ရခြင်းမှာ နှစ်ဦးနှစ် ဖက် အပြင် အောင်မြင် လာသည့် အချိန်တွင် အခြား ကြားဝင်သော အဖွဲ့
များကြောင့် ပြသနာကို ပိုရှုပ်ထွေး စေသည်ဟု ဆိုလာသူမှာ မေမြတ်နိုးနှင့် ဂျူးစံသာတို့ နှစ်ဦးအား ပံ့ပိုး ပျိုးထောင်ပေး ခဲ့သော Style
Plus H ကိုယ်ရည် ကိုယ်သွေး မြှင့်တင်ရေး သင်တန်းမှ စီအီးအိုဒေါ် လှနုထွန်း ဖြစ်သည်။

‘‘တခြား အဖွဲ့ တွေမှာ လည်း ဖြစ်နေ တယ်။ ကိုယ့် ဆီမှာ လည်း ဖြစ်တယ်။ အဲဒါ ဘာကြောင့် လဲဆို တော့ ကလေး တွေ ကို နောက်
ကွယ်ကနေ သူတို့ရဲ့ နုနယ်တဲ့ စိတ်တွေ၊ ရိုးသားတဲ့ စိတ်တွေကို အ ရောင်ဆိုး ကြတဲ့ သူတွေ ရှိနေလို့လို့ လှနု ယုံကြည် ပါတယ်။ အဲ
ဒါ ကြောင့်လည်း အဖွဲ့အစည်းတွေ နဲ့ မယ်တွေ ကြားမှာ အဆင်မပြေ မှုတွေ ဖြစ်နေကြတာပါ’’ဟု ဒေါ်လှနုထွန်းက ပြောသည်။

မယ်စကြ၀ဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် ဦးဆောင် ကျင်းပ လျက်ရှိသူ Hello Madam မီဒီ ယာမှ ဒေါ်စိုးယုဝေက ထိုပြသနာ များနှင့်
ပတ်သက်၍ ‘‘အစ်မ ထင်တာ ကတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းမှု အားနည်း တာလည်း ပါမယ်။ နောက်ပြီး အခုမှ စပြီး
လုပ်ကြ တာ ဆိုတော့ အလှမယ် ဘက်ကလည်း ဒါပြီးရင် ဘာတွေ လုပ်ရမယ် ဆိုတာ မသိ ဘူး။ အဖွဲ့အစည်းတွေ ဘက်က လည်း
ကြိုတင် သဘော တူညီမှု ယူ တဲ့ အပိုင်းမှာ အားနည်း သွားတာ လည်း ပါလိမ့်မယ်’’ဟု သုံးသပ် ပြောကြားသည်။

မယ်စကြ၀ဠာ ပြိုင်ပွဲ စင်မြင့် ထက်တွင် မြန်မာနိုင်ငံ ကိုယ်စား ပြု အနေဖြင့် နှစ်ပေါင်း (၅၀) ကျော်ကြာမှ ပထမဆုံး ပြန်လည်ယှဉ်ပြိုင်
ခွင့်ရခဲ့သော မိုးစက်ဝိုင် ကလည်း ၎င်း၏ အတွေ့အကြုံ ကို မျှဝေ သည်။

‘‘မြန်မာနိုင်ငံ မှာက အခု ချိန် မှ Miss တွေ ကိစ္စက ပေါ်ပြူလာ ဖြစ် လာတဲ့ အတွက် အပြောင်း အ လဲမှာ ကြုံ တွေ့ နေကျ ပဋိပက္ခ လေး
တွေတော့ ရှိတတ် တာ ပါပဲ။ လုပ်ငန်း တစ်ခု စလုပ် တယ် ဆိုရင် တောင် အစပိုင်းမှာ အခက်အခဲ တွေရှိမှာပဲ။ အဲဒီ အခက် အခဲတွေ
မှာ မှားတာ လည်း ရှိမယ်။ မှန်တာ လည်း ရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက် က ခံယူ ချက်ချင်း မတူနိုင်ဘူး။ မိုးစက်ဝိုင် ပြိုင်တုန်းက
တော့ အနုပညာ လောက ကို ၀င်ဖို့ မဟုတ် တဲ့ အတွက် မိုးစက်ဝိုင်ရဲ့ သ ဘော ထားကို (အဖွဲ့ အစည်း က) နားလည် ပေးတယ်။ မိုး
စက် ကလည်း သူတို့ လုပ်ချင် တာတွေ ကို လုပ်ပေး ဖြစ်တယ်။ အဓိက ကတော့ ညှိနှိုင်း ဆောင်ရွက် ဖို့ပါ’’ ဟု ပြောကြားသည်။

အလှမယ် တစ်ယောက် ပြီး တစ်ယောက် ကို နိုင်ငံ ချစ်စိတ်ဖြင့် တစ် လျှောက်လုံး လက်ခုပ် လက် ၀ါးများ တီးကာ အွန်လိုင်း တွင် မဲ ပေး
ရမည် ဆိုလျှင်လည်း အား တက် သရော ရှိခဲ့သည့် ပရိသတ် များ၏ အားပေးမှု အရှိန်မှာ ထိုထို သော ပြသနာ များကြောင့် လျော့ကျလာ
ခဲ့ပြီ။

မြန်မာ မိန်းကလေး ငယ် အချို့၏ စိတ်ကူး အိပ်မက် တစ်ခု ဖြစ် လာသည့် ‘‘မြန်မာ’’ဆိုသည့် စလွယ် ၀တ်ဆင်ကာ နိုင်ငံကိုယ် စားပြုရေး
အိပ်မက် များသည် လည်း ယခုကဲ့သို့ ရှုပ်ထွေးသော ပြသနာ များကြောင့်ေ၀၀ါးပျက် ပြယ် သွားတော့ မည်လား . . .နိုင်ငံတကာ အလှ
မယ် ပြိုင်ပွဲ များ ၏ စင် မြင့်ထက် တွင် တစ် ကျော့ ပြန်နေ ရာ ယူစပြု နေပြီ ဖြစ်သည့် မြန်မာ နိုင်ငံ ၏ ပုံရိပ် သည် ယခုလို သာဓ ကများ
ကြောင့် မှေးမှိန် သွားတော့ မည်လော ဆိုသည် မှာမူ . . . အချိန်က အဖြေ ထုတ်သွား ပေးလိမ့် မည်။။

By: ဇွဲဉာဏ် ၊ ကြူကြူဟန်

7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ မှ ကူးယူ မျှဝေသည်။


Read More »

Saturday, July 05, 2014

မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင်နဲ့ Play Boy


  • လူငယ်တွေ နားဆင်ဖို့ လတ်တလော ထွက်ရှိ ထားတဲ့ သီချင်းခွေတွေ -

ဂီတ အနုပညာဟာ ဟိုးကမ္ဘာဦး အစကတည်းက လူသားတွေကြားမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်း၊
ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေကို သံစဉ်တွေနဲ့ သီကျူးဖော်ပြဖို့ တည်ရှိခဲ့တဲ့ အ
ရာ တခုပါ။

ဂီတကို ခေတ် အဆက်ဆက် တူရိယာ ပစ္စည်း အမျိုးမျိုး၊ မတူညီတဲ့ ယဉ်ကျေး မှုတွေ၊ မတူညီတဲ့ ဘာသာ
စကားတွေနဲ့ ပုံဖော်သီဆိုခဲ့ကြတာ ယနေ့အထိတိုင်ပါပဲ။

အိုင်တီပစ္စည်း အသစ်အဆန်းတွေ တမျိုးပြီးတမျိုး တီထွင် ထုတ်လုပ်နေတဲ့ အိုင်တီခေတ်လို့ ပြောလို့ ရတဲ့
ဒီနေ့ခေတ် ရေစီးကြောင်း ထဲမှာတောင် ဂီတနဲ့ အနုပညာဟာ လူကြီး၊ လူငယ် ကျား၊ မ မရွေး ခံစားနား
ဆင် နေကြဆဲ အရာတခုပါပဲ။

နေ့စဉ် လှုပ်ရှားရုန်းကန်နေကြရတဲ့ လူမှုဘဝတွေထဲမှာ ဂီတဟာ လူ့စိတ်ကို ထူးခြားကောင်းမွန်တဲ့ ခံစားမှု
အမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်။

ဂီတကြောင့် လူတွေရဲ့စိတ်တွေက ပိုမိုနူးညံ့လာနိုင်သလို ဂီတကြောင့်ပဲ လူတို့ရဲ့စိတ်ဟာ မာကြောခက်ထန် အားမာန်ပြည့်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ပဲ လူသားတွေဟာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အစရှိတဲ့ မတူညီတဲ့ စိတ်ခံစားချက်
အပေါ်မူတည်ပြီး ကိုယ်နှစ်သက်ရာ ဂီတအမျိုးအစား၊ သီချင်းမျိုးစုံကို ခံစားနားဆင်လေ့ရှိကြပါတယ်။

ဒီနေ့ခေတ်လို အဆိုတော်တွေပေါတဲ့ အချိန်မှာ ကိုယ်ဘာသီချင်းနားထောင်မလဲဆိုတာ ရွေးချယ်စရာ ပေါ
လာသလို အင်တာနက်ကနေလည်း လွယ်လွယ်ကူကူ ဒေါင်းလုတ်ပြီး နားထောင်နိုင် တာကြောင့် ခုခေတ်
လူငယ်တွေ ကြားမှာ သီချင်း နားထောင်တယ် ဆိုတာ အထူးထွေပြောစရာ ကိစ္စတခု မဟုတ်တော့ပါဘူး။ ကိုယ်ကြိုက်နှစ်ရာ ကိုယ့်ခံစားချက်နဲ့ ကိုက်တဲ့ သီချင်းကို လူငယ်တိုင်းနီးပါး နားထောင် လာကြပါတယ်။

ဒါပေမယ့် အဆိုတော်တွေဘက်ကလည်း ကိုယ့်သီချင်းအခွေတခွေ ဖြစ်လာဖို့ကို လူအင်အား ငွေအင်အားနဲ့ အချိန်တွေရင်းနှီးပြီး အားအင်စိုက်ထုတ် ကြိုးစားပြီးမှ အခွေထုတ်တာမို့ ကိုယ်နှစ်သက်တဲ့အဆိုတော်တွေရဲ့ သီချင်းခွေဆိုရင် မူရင်းခွေကို ဝယ်ယူအားပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

သီချင်းခွေတွေရဲ့ ဈေးနှုန်းကလည်း ကျပ်နှစ်ထောင်ကျော်ဝန်းကျင်ပဲ ရှိတာမို့ ဈေးမများလွန်းဘဲ လူငယ်တိုင်း
လက်လှမ်းမှီ ဝယ်ယူနိုင်တဲ့ အနေအထားပါပဲ။

ဒီတပတ်မှာတော့ ဂီတနဲ့မစိမ်းတဲ့ လူငယ်တွေအတွက် ဒီလို မိုးအေးအေး ရာသီဥတုနဲ့ ကိုက်ညီမယ့် Ear phone လေးတပ် သီချင်းအသစ်လေးတွေနားဆင်ပြီး ငြိမ့်နိုင်ဖို့ လတ်တလောထွက်ရှိထားတဲ့ တေးစီးရီး
အသစ်တွေ အကြောင်းကို မိတ်ဆက်ပြောပြချင်ပါတယ်။

သီချင်းချစ်သူ လူငယ်တွေ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းသွား အလုပ်သွားတဲ့အခါ ကားပေါ်၊ ရထားပေါ်မှာပဲ
ဖြစ်ဖြစ် ကိုယ့်ရဲ့စမတ်ဖုန်း ဒါမှမဟုတ် Tablet၊ mp3၊ mp4၊ CD player အစရှိတဲ့ device အမျိုးမျိုးနဲ့ ကိုယ်
ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့သီချင်းကို ထည့်သွင်းနားဆင်နိုင်ဖို့တွက် လမ်းညွှန်ပေးလိုက်ပါတယ်။

လတ်တလောမှာ ထွက်ရှိထားတဲ့ လူကြိုက်များတဲ့ သီချင်းခွေတွေအကြောင်း ပြောရမယ်ဆိုရင် သိပ်မကြာ
ခင်က ထွက်ရှိထားတဲ့ ချမ်းချမ်းရဲ့ အိပ်မက်၊ သားသားရဲ့ မောင့်ချစ်သူ (Return)၊ စန္ဒီမြင့်လွင်ရဲ့ ကလီယိုပါ
ထရာ လွှမ်းပိုင်ရဲ့ ဂီတစာဆို လွှမ်းပိုင်၊ အေသင်ချိုဆွေရဲ့ Play Boy နဲ့ ဇွန်လ ၂၉ ရက်နေ့ ကမှ လောလော
လတ်လတ် ထွက်ရှိထားတဲ့ မိစန္ဒီရဲ့ ပစ်တိုင်းထောင် အခွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။


ချမ်းချမ်းရဲ့ “အိပ်မက်”သီချင်းခွေက ဒီလို မိုးအေးအေး ရာသီဥတုမှာ လွမ်းလွမ်းဆွေးဆွေးနဲ့ ခံစားလိုသူတွေ
အတွက် ချမ်းချမ်းရဲ့ အလွမ်းဓာတ်ခံ အပြည့် အဆွေး သီချင်းလေးတွေကို ရွေးပြီး နားဆင်နိုင်သလို အမြူး
သီချင်းတွေလည်း ပါဝင်တာမို့ မိုးအေးအေးမှာ အမြဲကွေးနေရလို့ ပျင်းနေ ရတယ် ဆိုရင်လည်း ဒီလို အမြူး
သီ ချင်းလေးတွေကို ရွှေးချယ်နားဆင် ခံစားနားဆင်နိုင်ပါသေးတယ်။

အဆိုတော်ချမ်းချမ်းဟာ လူငယ်ပရိသတ်တွေထက် လူလတ်ပိုင်းအများစုနဲ့ လူကြီးပိုင်းတွေ အကြိုက်များတဲ့ အဆိုတော်တဦးပါ။

ချမ်းချမ်းရဲ့ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” နဲ့ “သိပ်ချစ်တယ် အရမ်းမုန်းတယ်” ဆိုတဲ့ သီချင်းခွေတွေက ချမ်းချမ်းရဲ့ အောင်မြင်မှု မှတ်တိုင်တွေပါပဲ။


Pop သီချင်းချိုချို နဲ့ R B music ကို ကြိုက်တဲ့ လူငယ်တွေ အတွက် သားသားရဲ့ မောင့်ချစ်သူ (Return) အခွေ
ဟာ သီချင်းပုံစံမြူးမြူးလေးတွေ၊ ဟာသပုံစံလေးတွေ အစရှိတဲ့ သီချင်းအမျိုးအစားစုံ ပါဝင်ပြီး မောင့်ချစ်သူ သီ
ချင်းဟာ လူကြီးလူငယ်ကြားမှာ တခါက ပေါက်ခဲ့တဲ့သီချင်း တပုဒ်ဖြစ်တာကြောင့် အခု အသစ် ထွက်လာတဲ့
မောင့်ချစ်သူ (Return) ကိုလည်း သားသားရဲ့ ပရိသတ်ကြီးက ကြိုက်ကြမှာ အသေချာပါပဲ။

အဆိုတော် သားသားကတော့ ရဲရင့်အောင်နဲ့ နှစ်ယောက်တွဲအခွေ အမုန်းဒိုင်ယာရီမှာ လူငယ်ပရိသတ်တွေ အသိမှတ်ပြုခံထားရတဲ့ အဆိုတော်ပါ။


စန္ဒီမြင့်လွင်ရဲ့ “ကလီယိုပါထရာ”အခွေကတော့ Hip Hop ကိုကြိုက်တဲ့ လူငယ်တွေ၊ အထူးသဖြင့် Rapping
တွေ နားထောင်ရတာကြိုက်တဲ့ လူငယ်တွေအတွက် New taste တွေပေးနိုင်မယ့် အခွေတခွေပါပဲ။

ရှေ့မှာ ပေါက်ထားတဲ့ စန္ဒီမြင့်လွင်ရဲ့ “ဆေးရောင်လှလှခြယ်ရအောင်” အခွေနဲ့ “ရှော့ခ်” သီချင်းခွေတို့ထက်
ကောင်းမကောင်းဆိုတာကို ဒီးဒီရဲ့ ပရိတ်သတ်တွေကပဲ နားထောင်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။


ဂီတစာဆိုလွှမ်းပိုင်ရဲ့ အခွေကိုတော့ လူငယ်တွေကို အထူးတလည်မိတ်ဆက်စရာ မလိုလောက်ဘူးထင်ပါ
တယ်။ ဒီအခွေက မထွက်ခင်သီချင်းခွေနာမည်က ဖေ့စ်ဘွတ်ပေါ်မှာ လူပြောသူပြော နည်းနည်းလှုပ်လှုပ်
ခတ်ခတ်ရှိခဲ့ပေမယ့် အခွေထွက်လာတဲ့အခါ တခွေလုံး လုံးဝထင်မထားတဲ့ အမိုက်စား သီချင်းစာသားတွေ
နဲ့ Hip Hop ကိုရူးသွပ်တဲ့ လူငယ်တွေအတွက်လည်း သီချင်းအလန်းစားတွေ ပါဝင်တာကြောင့် Facebook
တခုလုံး လူငယ်တွေရဲ့ status တွေမှာ လွှမ်းပိုင်ရဲ့ သီချင်းစာသားတွေ ရေးသား ပျံ့နှံ့တဲ့အထိပါပဲ။


အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတနေရာရထားတဲ့ “ပေါက်တဲ့အိုး” နဲ့ “အနီးဆုံးလူ နမ်းမှာလား”ဆိုတဲ့ အဆို
တော် အေသင်ချိုဆွေကတော့ ဒီတခါ ခပ်ဟော့ဟော့ပုံစံနဲ့ ဆေးပြင်းကြီးလိပ်ကို ပါးစပ်မှာခဲထားတဲ့ ကာဗာပုံ
နဲ့အတူ “Play Boy” ဆိုပြီး အခွေထွက်ရှိလာပါတယ်။

ဒီအခွေမှာ အေသင်ချိုဆွေသီဆိုထားတဲ့ သီချင်းတော်တော်များများက လူငယ်တွေအကြိုက်နဲ့ တထပ်တည်း
ကျမကျကိုတော့ လူငယ်ပရိသတ်ကြီးကပဲ နားဆင်ဆုံးဖြတ်ပေးစေချင်ပါတယ်။


နောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ အခွေကတော့ ....

လောလော လတ်လတ် ဖေ့စ်ဘွတ်မှာ ဂီတအပေါ် သူငယ်ငယ် ကတည်းက ဘယ်လောက် အထိ ရူးသွပ်ခဲ့
တယ်၊ အဆိုတော် တယောက်ဖြစ် လာဖို့ ဘယ်လိုကြိုးစား ရုန်းကန်ခဲ့တယ်ဆိုတာကို Documentary တခု
အနေနဲ့ ရိုက်ကူးတင်ပြထားပြီး လူငယ်တွေကြားမှာ အထူးသဖြင့် မိန်းကလေးလူငယ်တွေကြားမှာ “ရေခဲ
ရိုက်အပြုံး”ဆိုတဲ့ MTVနဲ့ ပေါက်ထားတဲ့ အဆိုတော်မိစန္ဒီရဲ့ “ပစ်တိုင်းထောင်” သီချင်းခွေပဲဖြစ်ပါတယ်။

မိစန္ဒီဟာဆိုရင် သူ့ရဲ့ ပထမအခွေ “မိုနိုပိုလီ” မှာကတည်းက လူငယ် ပရိသတ် အခိုင်အမာ ရထားတာမို့ ဒီ “ပစ်တိုင်းထောင်” အခွေလေး ဟာလည်း ပထမ အခွေတုန်း ကလို လူငယ်တွေရဲ့ ခံစားချက်၊ အကြိုက်နဲ့ တထပ်တည်းကျ မလား ဆိုတာကိုတော့...။

သီဟတိုး

The Irrawaddy's Blog by zarny win

Read More »

Saturday, June 28, 2014

ကိုယ်လုံးတီး ဝိရောဓိ



အဖြူ အမည်း အလင်းအမှောင် ကြားက ကောက်ကြောင်း လှလှလေး တစ်ခုက လူတွေ အကြား တအံ့ တသြ
ရေရွတ်သံ များစွာကို ဖိတ်ခေါ်လာသည်။

“အဲဒါ မြန်မာမလေး ဟုတ်ရဲ့လား”၊ “အလင်းနည်းနေတယ်ကွာ ...”၊ “အနုပညာ မြောက်လိုက်တာ”၊ “ရှက်ဖို့
ကောင်းလိုက်တာ”၊ “ဘာတွေ ဖြစ်ကုန်တာလဲ” စသဖြင့် ထောက်ခံသံများ။ ဝေဖန်သံများ သောသောညံသွား
ကြသည်။


မှောင်အတိ ကျတော့ မတတ် အလင်းအနည်းဆုံး နှိမ့်ထားသည့် နောက်ခံပေါ်တွင် မိန်းမပျိုတစ်ယောက်၏ ခြေ
ဖျားလေး တစ်ဖက်ထောက် လက်နှစ်ဖက်မြှောက်ကာ ခပ်ကော့ကော့လေး ကောက်ကွေးနေသည့် ဘေးတိုက်
အနေ အထား ဝတ်လစ် စားလစ် ပုံတစ်ပုံကို ဝေဖန်ပြောဆို နေကြခြင်း ဖြစ်သည်။ မေမြတ်မွန် အမည်ရှိ မော် ဒယ်လ်တစ်ဦးက အများသုံး လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည့် ပုံဖြစ်သည်။

ယင်းအပေါ် ခေတ်တစ်ခေတ်ကို ဖြတ်သန်း ပုံချင်းမတူ၊ အနုပညာကို လက်ခံ ပုံချင်းမတူ၊ ယဉ်ကျေးမှုကို ထိန်း
သိမ်းပုံချင်း မတူသူတို့ထံမှ အမြင်မတူသည့် အသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒါ အရွေ့တစ်ခု ... နိုင်ငံတကာမှာလည်း Sexy Model ဆိုတာ လိုင်းသီးသန့် ရှိတာပဲ။ ပြောရရင် Hip Hop သီချင်းတွေ ပေါ်ခါစကလိုပေါ့။ အစကတော့ ဘာတွေ ဆိုနေမှန်း မသိဘူးပေါ့။ ခုတော့လည်း အသားကျသွား
တာပဲ” ဟု ပြောလာသူများလည်း ရှိပြန်သည်။

အဝတ်ဗလာပုံများဖြင့် လူသိများ လာသည့် မော်ဒယ်လ်များတွင် မေမြတ်မွန်မှာ ပထမဆုံး မဟုတ်သေး။ ကြိုး
တစ်ချောင်းသာ ပါသည့် အတွင်းခံဘောင်းဘီနှင့် ပုံကို ဖေ့ဘုတ်ပရိုဖိုင်း ဓာတ်ပုံတင်ခြင်းဖြင့် နာမည်ကြီးလာ
သည့် ဇွန်သင်ဇာ။ နောက် ဇာဇာထက်တို့ ရှိခဲ့သေးသည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းပုံမျိုး ရိုက်တင် ကြသည်ဆိုလျှင် ဇွန်သင်ဇာက “နာမည်ကြီး ချင်လို့ပါ” ဟု ပွင့်ပွင့်လင်းလင်းပင် ပြောကြားထားသည်။

“ကျွန်မဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဖြစ်တယ်။ Porn မော်ဒယ်လ် မဟုတ်ဘူးဆိုတော့ ဘာမှဂရုမစိုက်
ပါဘူး” ဟု ဇာဇာထက်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြထားသည်။

သို့သော် ၎င်းတို့ ပုံများက သမားရိုးကျအမြင်များကို ဖောက်ခွဲလိုက်သည်။ အငြင်းပွားဖွယ်ရာများကို မွေးထုတ်
လိုက်သည်။ အချို့ပုံများက အနုပညာသို့လား၊ ရမ္မက်သို့လား အတပ်ပြောဖို့ ခက်လှသည်။

“အစ်ကိုက သဘောကျတယ်။ ကြည့်တဲ့ ရှုထောင့်နဲ့ မူတည်ပြီး အရာ အားလုံးဟာ ကွဲပြားခြားနား ပါတယ်။
ကိုယ်စိတ်သန့်ဖို့ အရေးကြီးတာပါ” ဟု ဆိုလာသူက ဒါရိုက်တာ ဝိုင်း။

နိုင်ငံတကာ ဓာတ်ပုံပညာရပ်များ တွင်လည်း Glamour Photography၊ Nude Art တို့ ရှိနေကြသည်။

အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် PLAY BOY မဂ္ဂဇင်းတွင် အမျိုးသမီးများ၏ အဖော်အချွတ် ပုံများကို ၁၉၅၃
ခုနှစ်တွင်မှ ပုံနှိပ်ဖော်ပြသည်။ သို့သော် ၁၈ နှစ်အောက် မကြည့်စေရ။

Glamour (ညှို့ငင်ဖမ်းစားနိုင်သော) ဓာတ်ပုံပညာအကြောင်း ပြန်ပြောရလျှင် ယင်းပညာ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့မှာ လူ့ အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အနေ အထားပေါ် မူတည်ကာ အချိန်နှင့်အမျှ ပြောင်းလဲ
လာခဲ့ခြင်း ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် အမေရိကမှ ဓာတ်ပုံဆရာများက အောင်မြင် ထင်ရှားသူများကို ပို
ပြီးစွဲမက်ဖွယ်ဖန်တီးနိုင်ရန် အလင်းအမှောင်နည်းပညာကို အသုံးပြုကာ Glamour ပုံများဖန်တီးလာကြသည်။
သို့သော် ၁၉၅၀ ပြည့်နှစ်ကျော်သည့်တိုင် အမျိုးသားများ အတွက် ရည်ရွယ်သည့် မဂ္ဂဇင်းများနှင့် ကြော်ငြာများ
ရှိ Glamour ဓာတ်ပုံများမှာ အငြင်းပွားစရာ၊ တရား မဝင်သည့် အနေ အထားတွင်သာ ရှိနေသည်။ အချို့နိုင်ငံ
များတွင် တရားဝင် သည့်တိုင်အောင် ယင်းမဂ္ဂဇင်းမျိုးကို အများပြည်သူရှေ့တွင် ခင်းကျင်းပြခွင့် မရှိပေ။

ပလတ်စတစ် အဖုံးများ ဖုံးကာ ခင်းကျင်းပြသ ရသည်။ တစ်ခါတစ်ရံ Glamour ဓာတ်ပုံပါသည့် မဂ္ဂဇင်းများကို အနုပညာမဂ္ဂဇင်း၊ ကျန်းမာရေး မဂ္ဂဇင်းများအဖြစ် ဈေးကွက်တွင် ဖော်ပြကြသည်။

မြန်မာနိုင်ငံတွင်မူ သူတို့နိုင်ငံ များနောက် နှစ် ၆၀ ကျော်ကြာမှ စသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိင်ပညာပေး ခေါင်းစဉ်အောက်မှ ညှို့ မဂ္ဂဇင်း ထွက်ပေါ်လာသည်။

Glamour ဆန်သည့်ပုံများ ဖော်ပြထားသည့် ပထမဆုံးမဂ္ဂဇင်းဖြစ်သည်။ မျက်နှာဖုံးတွင်အရွယ်မရောက်သေး
သူများ မဖတ်ရ စာတမ်းက သတိပေးထားသည်။ သို့သော် အသက် အကန့် အသတ်မရှိ။ နောက်ဆုံး အမြင်
မတင့်တယ်ခြင်း ကြောင့်ပေလော၊ ယဉ်ကျေးမှု ကြောင့်ပေလော မသိ။ မကြာမီ ပိတ်သိမ်းလိုက်ရသည်။

အမြင်မတင့်သဖြင့် ပိတ်သိမ်းခြင်းမှာလည်း မြန်မာတွင်သာမက ခေတ်မီသည့် နိုင်ငံများတွင်လည်း ယနေ့တိုင် ရှိနေသေးသည်။ မကြာခင်ကပင် Rihanna ၏ Rogue ရေမွှေးကြော်ငြာမှာ သရုပ်ပျက်သည်ဟု ဗြိတိန်ကြော်
ငြာ စံချိန်စံညွှန်း အာဏာပိုင် အဖွဲ့က ကန့်ကွက် သဖြင့် ကလေးငယ်များ မမြင်နိုင်သည့် နေရာသို့ ဆိုင်းဘုတ် များ ရွှေ့ခိုင်းခဲ့သည်။

မနေ့တစ်နေ့ကမှ ကမ္ဘာနှင့် ချိတ်ဆက်လာသည့် မြန်မာ လူ့ အသိုင်းအဝိုင်း အတွက်မူ Glamour၊ Nude Art
တို့ကို လက်ခံရန်မှာ အချိန်သိပ်စောလွန်းသည်ဟု မြင်ကြဆဲဖြစ်သည်။

“သူတို့ဟော့ပြီး သိပ်မကြာဘူး ... ကိုယ်လုံးတီး ဖြစ်လာတယ်။ အဲဒါ ဘယ်လိုင်းဘက်ကို သွားနေတာလဲ၊ ဟို
လိုင်း (Porn) ကို ဦးတည် သွားတာလား၊ အောင်မြင် ကျော်ကြား မှုကို ဦးတည် တာလား” ဟု ဝေဖန်လာကြ
သည်။ ယင်းအတွေးများနှင့်အတူ မော်ဒယ်လ် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတတို့ ပေါင်းပြီး လိင်ခွေရိုက်မည် ဟူသည့် ကောလာဟလများ ထွက်လာပြန်သည်။

မြန်မာပြည်တွင် Nude Art (ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာ) ကို ချပြစရာ မဂ္ဂဇင်း မရှိသောကြောင့် ယခုလို ဖြစ်နေရသည်ဟု မေမြတ်မွန်ကို ဓာတ်ပုံရိုက်ပေးထားသည့် ဓာတ်ပုံဆရာများအနက် တစ်ဦးက ရှင်း
ပြသည်။

“လူမှုကွန်ရက်ပေါ်ပဲ တင်ခွင့်ရတော့ အဆဲခံရတာပဲ ဖြစ်နေတာပေါ့။ မဂ္ဂဇင်းသာရှိရင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ဖန်တီးချင်တဲ့သူတွေ အတွက်လည်း နေရာရလာမှာပေါ့” ဟု ၎င်းကဆိုသည်။

ရီဟားနား၊ ဂျေလို၊ ဘီယွန်းဆေးတို့ကို စံပြထားသည့် မော်ဒယ်လ် ဇာဇာထက်ကမူ
“ကိုယ်နဲ့ လိုက်ဖက်မယ့် လိုင်းကို ရွေးတာမှာ Sexy လိုင်းကို ဖောက်ဖြစ်တာပါ။

ပါးပါးလေးနဲ့ ပုတ်တာ။ အဲဒီ Sexy ကို လက်ခံထားတာ။ အကုန်လုံး ဖော်လိုက်တဲ့
ထိတော့ ဘယ်တော့မှ ရိုက်မှာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝိုင်း ကလည်း ရှိ
သေးတယ်” ဟု ၎င်း၏ ရပ်တည်ချက်ကို ဖော်ကျူးသည်။

အဝတ်ပါခြင်း မပါခြင်းထက် ပေးမည့် အနုပညာ၊ ခံစားရမည့် ရသနှင့် မော်ဒယ်လ်၊
ဓာတ်ပုံ ဆရာတို့၏ ရပ်တည်ချက်မှာ အရေးကြီးလှသည်။ မော်ဒယ်လ် သန္တာလှိုင်
ကမူ ယင်းအနုပညာမျိုး ဖန်တီးရာတွင် သရုပ်ဆောင်ပေးသည့် အမျိုးသား၊ အမျိုးသ
မီးထက်စာလျှင် ဖန်တီးရေးဆွဲ ရိုက်ကူးမည့် အနုပညာရှင်၏ ရည်ရွယ်ချက်နှင့် စေ
တနာမှာ ပိုအရေးကြီးကြောင်း ပြောပြသည်။

“အမျိုးသမီးတစ်ယောက်ရဲ့ သားမြတ်ဟာ မိခင်မေတ္တာကို ဖော်ကျူးတဲ့ သင်္ကေတ
ဖြစ်နိုင်သလို လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ဖန်တီးမှုလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

Black and white (အဖြူ၊ အမည်း) ဟု နာမည်ကြီး သွားသည့် မေမြတ်မွန် ဓာတ်ပုံ အပေါ် ဓာတ်ပုံဆရာက
“ဒါကို light and shake (အလင်းနဲ့ အရိပ်)နဲ့ပဲ အဓိကထားပြီး ရိုက်တာပါ Sex (လိင်အသားပေး)အတွက်
အဓိက မဟုတ်ဘူး။ ဆွဲဆောင်မှုတစ်ခု အနေနဲ့ပဲ ရိုက်တာပါ။မပေါ်အပ်တာတွေ မပေါ်ဘဲ အမျိုးသမီး တစ်
ယောက်ရဲ့ အလှကို ဖော်ကျူးတာ” ဟု ဆိုသည်။ ၎င်း တစ်ဦးတည်း အနေနှင့် ဓာတ်ပုံပညာ မြောက်များစွာ
ထဲမှ Nude Art ကို အနုပညာ အဖြစ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ယခု အချိန်တွင် ရင်သားထင်ရှားစွာ အပြည့်ဖော်ထားသည့် ပုံများပင် စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။

ယဉ်ကျေးမှုချင်း ကူးလူးရင်း ကမ္ဘာသိ အနုပညာတစ်ရပ် မြန်မာသို့ ခြေချခြင်း ဖြစ်သော်ငြား Nude မှာ ခက်
ခဲလှသည်။ သို့သော် ပုံဖော်သူများ၊ မော်ဒယ်လ် များက အနုပညာ စစ်သို့ ခံစားရင်း ရှေ့ဆက် မည်ဆိုလျှင်
ကား တော်သေးသည်၊ ကျော်ကြားရန် သက်သက် Nude Art ကို အသုံး ချမည် ဆိုလျှင်ကား ရင်လေးဖွယ်
ရာဟု ယူဆသူများလည်း ရှိသည်။

မော်ဒယ်လ်ပေါင်း များစွာကို မွေးထုတ်ပေးနေသည့် မော်ဒယ်လ် တင်မိုးလွင်ကလည်း တက်သစ်စ မော်ဒယ်
များ ရေလိုက်လွဲမည်ကို စိုးရိမ်ပူပန်နေသည်။

“သူ့ အနုပညာနဲ့ သူ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ တက်သစ်စ ကလေးတွေက ဒီလိုလုပ်မှ ပေါ်ပြူလာ ဖြစ်မယ်
ထင်ပြီး လိုက်လုပ်မှာလည်း စိတ်ပူတယ်” ဟု ၎င်းကဆိုသည်။

နော်ဝေနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဓာတ်ပုံ ဆရာ တစ်ဦးကမူ Model ကို ယခုလို အဓိပ္ပာယ်
ဖွင့်ဆိုပြသည်။

“Model ကို ကိုယ်ဟန်ပြမယ် ဖက်ရှင်မယ်လို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။ ကြော်ငြာအတွက် ရိုက်ပေးတဲ့ မော်
ဒယ်လ် ရှိုးလျှောက်တဲ့ မော်ဒယ်လ်ကို Profession မော်ဒယ်လ်လို့ပဲ ခေါ်ပြီး ဖန်တီးသူတစ်ယောက်အတွက် Pose ပေးတဲ့ မော်ဒယ်လ်ကိုသာ Art Model အနုပညာမော်ဒယ်လ်လို့ ခေါ်တယ်” ဟု ၎င်းကပြောသည်။

“Nude Art ရိုက်တာနဲ့ အနုပညာလို့ နာမည်တပ်ပြီး နာမည်ကြီးအောင် လုပ်နေတဲ့ ဓာတ်ပုံဆရာတွေ မော်
ဒယ်လ်တွေလို့ မပြောသင့်ပါဘူး။ Nude Fine Art ဆိုတာ Photography ထဲက ဖန်တီးမှု ပါတဲ့ အနုပညာ
စစ်စစ်ပါ။ Fashion တစ်ခု တည်းက Photography မဟုတ်ဘူး ဆိုတာ သိစေချင် ပါတယ်” ဟု ၎င်း ကဆို
သည်။

ဝိရောဓိများ အကြား ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာဟု ဆိုနိုင်သော Nude Art မှာ ရာစုဝက်ကြာ
အောင် အငြင်းပွားနေနိုင် ပါလိမ့်ဦးမည်။ ဖန်တီးသူ များက ခံစားချက် ကိုယ်စီဖြင့် ဆေးရောင် ခြယ်သလို ခံစားကြည့်သူများကလည်း စိတ်ကြိုက် မှတ်ချက်ပေးနေကြပေ ဦးမည်။

မြန်မာပရိသတ်များ အကြားတွင်လည်း Nude Art နှင့် ပတ်သက်၍ အပေါင်းရော အနုတ်ပါ အသံဗလံများ
ဆက်ထွက်နေဦးမည်။

Green

The Voice Weekly မှကူးယူမျှဝေသည်။

Read More »