နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဆေးပညာသတင်း. Show all posts
Showing posts with label ဆေးပညာသတင်း. Show all posts

Sunday, February 07, 2016

မိခင်၏ မိန်းမကိုယ်မှ ဗက်တီးရီးယားများကို ဗိုက်ခွဲမွေးသော ကလေးတွင် သုတ်လိမ်းသည့် စနစ် စမ်းသပ်




နယူးယောက် ၊ ၇-၂-၂၀၁၆

ဗိုက်ခွဲမွေးခြင်း ခံရသော ကလေးသူငယ် များသည် မိခင်၏ မိန်းမကိုယ် လမ်းကြောင်းကို ဖြတ်သန်း ရခြင်း မရှိသည့် အတွက် မိခင်၏ မိန်းမကိုယ် လမ်းကြောင်း တစ်လျှောက်တွင် ရှိပြီး ရောဂါခုခံ ကာကွယ်ရာတွင် အရေး တကြီး လိုအပ်သည့် ဗက်တီးရီးယား များနှင့် ကင်းကွာ သွားလေ့ ရှိသည်။

ထိုသို့ ဖြစ်သည်ကို ကုစားနိုင်ရန် အမေရိကန် ပြည်ထောင်စု၊ ဆန်ဒီယာဂို အခြေစိုက် ဗက်တီးရီးယား သုတေသန ဌာနမှ သုတေသီများက မိခင်၏ မိန်းမကိုယ်မှ ဗက်တီးရီးယား များကို ဗိုက်ခွဲမွေးသော ကလေးတွင် သုတ်လိမ်းပေးသည့် စနစ်ကို စမ်းသပ် ကျင့်သုံး နေကြောင်း သိရသည်။

''ဗိုက်ခွဲမွေးတာ ခံရတဲ့ ကလေးတွေမှာ အဝလွန်မြန်တာ၊ ပန်းနာ ရင်ကျပ် ဖြစ်တာ၊ ဓာတ်မတည့်တာနဲ့ Autism လို့ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတာမှာ အားနည်းချက် ရှိတာတွေကို မကြာခဏ တွေ့ရလေ့ ရှိပါတယ်။

ဗိုက်ခွဲမွေးတာ ခံခဲ့ရတဲ့ ဒီကလေးဟာ မိခင်ရဲ့ မိန်းမကိုယ် လမ်းကြောင်းကို ဖြတ်သန်းတာ မရှိခဲ့တဲ့အတွက် ဒီအားနည်းချက် တွေ ရှိလာတာ ဖြစ်နိုင်ပါတယ်။

အသက်ရှင်သန် ဖို့အတွက် အထူးလိုအပ်တဲ့ မိုက်ခရို ဗက်တီးရီးယား အသိုက်အမြုံ ကြီးဟာ အဲဒီ မိန်းမကိုယ်မှာ ရှိတာပါတယ်။ ဒါ့ပြင် ကလေးကို မွေးထုတ်တဲ့အခါမှာ မိန်းမကိုယ်ကို ဖြတ် သန်းစေတဲ့ အနေနဲ့ ဗက်တီးရီးယား တွေကို ကလေးက ရသွားပြီး သူ့ခန္ဓာကိုယ် ထဲမှာ ဆက်လက် မွေးမြူပြီး ရှင်သန်တဲ့ တစ်လျှောက်မှာ ရောဂါပိုးမွှား တွေကို ကာကွယ် သွားတာ ဖြစ်ပါတယ်။

ဗိုက်ခွဲမွေး ခံရတဲ့အခါ ဒီ ဗက်တီးရီးယားတွေ ပါမလာတော့ ကလေးမှာ အလိုလိုနေရင်း ရောဂါပိုးမွှား ဒဏ်ကို ခုခံကာကွယ် နိုင်စွမ်း နည်းနေတတ် ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

''ဗိုက်ခွဲမွေးတဲ့ ကလေးတွေမှာ မိခင်ရဲ့ မိန်းမကိုယ် ကနေတစ်ဆင့် ပါလာရမယ့် ဗက်တီးရီးယား တွေ ပါမလာတော့ ကလေးတွေမှာ ဗက်တီးရီးယား ဖွဲ့စည်းပုံ တစ်ခုလုံး ပြောင်းလဲသွားပြီး သဘာဝအတိုင်း မွေးဖွားတာမရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် ဗက်တီးရီးယား ပိုးမွှားရန်ကို ကာကွယ်နိုင်စွမ်း နည်းနေ တတ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/02/blog-post_99.html


Read More »

Monday, August 17, 2015

ကြွက်သား နာကျင်မှုများ အတွက် မိမိအိမ်မှာပင် ကုသနိုင်မည့် နာနိုဝိုင်ယာ ကွန်ရက် (ရုပ်သံ)




ဒါလေးက လက်ကောက်နဲ့ တူပါတယ်။ ဒါပေမယ့် ဒီ ကွန်ရက်လို အဆောင်လေးဟာ ကြွက်သား နာကျင်မှုတွေနဲ့ အဆစ်အမြစ် ကိုက်ခဲမှု aတွကို ကုသဖို့ အပူထုတ်ပေး နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ဆီ သွားရလည်း သက်သာ သွားပါတယ်။ ဆိုးလ်တက္ကသိုလ်မှ တောင်ကိုရီးယား သုတေသန ပညာရှင် ကင်ဒေဟွန်းနဲ့ သူ့အဖွဲ့ဟာ ဆွဲဆန့်နိုင်တဲ့ ကွန်ရက် သဏ္ဌာန် အပူပေး ပစ္စည်းကို အကွေးအဆန့် များတဲ့ ဒူးနဲ့ တံတောင်ဆစ်လို ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို အိမ်မှာတင် ကုသပေးနိုင်ဖို့ တီထွင် ခဲ့ပါတယ်။

“လျှပ်ကူရာဘာထဲမှာ ငွေနဲ့ဖန်တီးထားတဲ့ နာနိုဝိုင်ယာကွန်ရက်တွေ များစွာပါပါတယ်။ လျှပ်ကူးသတ္တိ သိပ်မြင့်တဲ့အတွက် ၁ ဗို့လောက် လျှပ်စစ်ကျွေးလိုက်ရုံနဲ့ အပူချိန် ၄၀ ကနေ ၄၅ ဒီဂရီထိ တက်လာနိုင်ပါတယ်။ ဆွဲဆန့်နိုင်တဲ့အပြင် လှုပ်ရှားမှုတွေ လုပ်နေစဉ်မှာလည်း အရေပြားနဲ့ တသားတည်း ကပ်နေစေပါတယ်။”

ကျုံ့နိုင်ဆန့်နိုင်တဲ့ ကွန်ရက်ဒီဇိုင်းကို ဖန်တီးဖို့ ဒီ နာနိုဝိုင်ယာတွေကို ကျုံ့ဆန့်မှုကို အားပေးတဲ့ အရည်ထဲမှာစိမ်ပြီး ပုံစံခွက်ထဲကို လောင်းထည့်ပါတယ်။ ပြီးမှ ပါးလွှာပျော့ပျောင်းပြီး လျှပ်ကူးသတ္တိရှိတဲ့အလွှာ ၂ ခုကြားမှာ ညှပ်လိုက်ပါတယ်။ ဒီသုတေသနအဖွဲ့ဟာ ဒီနည်းပညာကို နောက်ထပ်အဆင့်မြှင့်ဖို့နဲ့ တခြားအသုံးဝင်မှုတွေအတွက် ဆက်လက် သုတေသန ပြုနေကြပါတယ်။

“ကျနော်တို့ ဒီလိုဖန်တီးဖို့ ကြိုးစားတယ်ဆိုတာက ကုသမှုအတွက်တင်မကဘဲ ကားစက်ရုံတွေ၊ တပိုင်းလျှပ်ကူးပစ္စည်း စက်ရုံတွေနဲ့ ရုပ်ဖော်ရုပ်သံပစ္စည်း စက်ရုံတွေ စတဲ့ တခြားစက်မှုလုပ်ငန်းခွင်တွေမှာ သုံးနိုင်အောင်လို့ပါ။”

အခြေခံသိပ္ပံပညာအင်စတီကျုက ဦးဆောင်တဲ့ ဒီသုတေသနအကြောင်းကို မေလထုတ် အေစီအက်စ် နာနိုဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

video

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/107887

Read More »

Saturday, August 01, 2015

ထိရောက်တဲ့ အီဘိုလာ ဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်နိုင်




အီဘိုလာ ဗိုင်းရပ်စ် ရောဂါ အတွက် စမ်းသပ် ထုတ်လုပ် ထားတဲ့ ကာကွယ် ဆေးသစ် တမျိုးဟာ အစွမ်းထက်တဲ့ ထိရောက်မှု လက္ခဏာတွေ တွေ့ရ တယ်လို့ သုတေသီ တွေက ပြောပါတယ်။

ဂီနီနိုင်ငံမှာ ကာကွယ် ဆေးသစ်ကို စမ်းသပ် ရာမှာ ရာနှုန်းပြည့် ထိရောက်တာ တွေ့ရ တယ်လို့လည်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ပြောပါတယ်။ စမ်းသပ် မှုတွေနဲ့ ဆန်းစစ်ချက် အကြို ရလဒ်တွေ ကိုတော့ ဗြိတိန်နိုင်ငံထုတ် Lancet ဆေးပညာ ဂျာနယ်မှာ ဖော်ပြ ခဲ့တာပါ။

စမ်းသပ်မှုမှာ ပါဝင်ခဲ့ ကြတဲ့ နိုင်ငံတွေ ထဲက တနိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ကလည်း ဆေးသစ်ဟာ အီဘိုလာကို တိုက်ဖျက်နိုင်မယ့် ဆေးကောင်း တလက် ဖြစ်လာ နိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ အနောက် အာဖရိက တိုက်မှာ ပျံ့နှံ့ခဲ့တဲ့ အီဘိုလာ ဗိုင်းရပ်စ် ပိုးကြောင့် လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီရာလီယွန်း နိုင်ငံတွေက အများစု အပါ အ၀င် လူပေါင်း ၁၁,၀၀၀ သေဆုံး ခဲ့တာပါ။

VSV-EBOV လို့ အမည်ပေး ထားတဲ့ ကာကွယ် ဆေးသစ်ကိုတော့ ဂီနီနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမယ့် အခြေအနေနဲ့ ကြုံခဲ့ရ သူပေါင်း ၄ ထောင်ကျော်ကို မတ်လထဲမှာ စတင် စမ်းသပ် ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း ရလဒ်တွေမှာ အားရစရာ အခြေ အနေတွေ တွေ့ခဲ့ ရတဲ့ အတွက် ရောဂါ ကူးစက် ခံရမယ့် အန္တရာယ် ရှိသူ အားလုံးကို ကာကွယ်ဆေး ပေးနိုင်အောင် စမ်းသပ်မှုတွေ ဒီသီတင်းပတ် ထဲမှာပဲ ရပ်ဆိုင်း ခဲ့ကြောင်းလည်း WHO က ပြောဆို ခဲ့တာပါ။

WHO ညွှန်ကြားရေး မှူးချုပ် Margaret Chan ကတော့ ဆေးသစ်ဟာ ထိရောက်မှု ရှိတယ်ဆိုတာ သက်သေပြ နိုင်ပြီ ဆိုရင်တော့ လတ်တလော အီဘိုလာ ရောဂါ ဖြစ်ပွားနေတာကို ဟန့်တားဖို့ သာမက နောက်ထပ် ကူးစက် မှုတွေ မဖြစ်အောင်လည်း ဟန့်တား နိုင်တယ်လို့ ပြောဆို ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Original link - http://burmese.voanews.com/content/ebloa-vaccine-shown-to-be-highly-effecitve/2888261.html

Read More »

Tuesday, July 28, 2015

လူတိုင်း မသိမဖြစ်သော တို့ဆေး အန္တရာယ် အကြောင်း (လူတိုင်း သတိထားရန်)




ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်း များက တို့ ဆေး များသုံး၍ လုယက်မှု - မုဒိန်းမှု ခလေး ငယ်များအား တို့ဆေးသုံးလျှက် ဖမ်းဆီး ခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ် နေသဖြင့် စာဖတ် သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင် စေဘို့  တို့ဆေး အကြောင်း တင်ပြ လိုက်ပါသည်။

တို့ဆေးဟု လူပြောများနေ သော်လည်း အမှန်မှာ အထူးပြုလုပ် ထားသည့် အပ်အသေးစားက လေးဖြင့် လူကိုယ် တွင်းသို့  လျှက်တပျက် ထိုးသွင်း လိုက်ခြင်း ဖြစ်သည် ခြင်ကိုက် သလို စစ်ကနဲ့ စူးရှ နာကျင် သွားမည်၊ ဌင်းဆေး အသားတွင်း ၀င်သွား သည်နှင့် စက္ကန့် ပိုင်း အတွင်းမှာ မူးဝေလာမည် အမြင်အာရုံေ၀၀ါးကာ သတိလွတ် သွားမည် ထိုအချိန်မှာ သင့်ကို အနားမှာ အလိုက်သင့် တွဲခေါ် သူနောက် ပါသွား ရတာပါ။

သည်ဆေးဝါး တွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေး အမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့် နိုင်သော တားမြစ် မူးရစ် ထုံထိုင်း ဆေးတွေကို များသော အားဖြင့် သုံးကြသည်။

အဆိုပါ ဆေးဝါးတွေဟာ အမှုန့်၊ အဆီ၊ အရည် အမျိုးမျိုး ထုတ်လုပ်ပြီး ဒုစရိုက် သမားများ သုံးနေကြသည်၊ သူ့အဆက်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါး ရှာရသည် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ ဇိမ်းခန်းနဲ့  ကွမ်းယာဆိုင်တွေ မှာပင် မျက်မှန်း တန်းမိလျှင် အလွယ်တကူ ၀ယ်ရနိုင်၏။

တို့ဆေးများကို ဒုစရိုက် လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ကို စရောက်လာပြီး နိုက်ကလပ်လို နေရာမျိုးအား တဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့် တွဲကမိရင် ရင်းနှီးကြ အတူသောက်ပြီးရင် ကောင်မလေးက "အကိုနောက် လိုက်ခဲ့ မယ်နော်" ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်း ရောက်သွားသည့် အခါ အမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။

အတူချိုးမယ် ဆိုလည်း လိုက်မည် မဟုတ်ပါ၊ မိန်းခလေး ရေချိုးသည့် အလှည့်တွင် သူမဖွက်ယူ လာသည့် ဆေးအဆီရည် ပုလင်းလေး တွင်းမှ ဆေးရည် စက်များကို လက်ဝါးပေါ် ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထား ပါလေသည်၊ ဒါအပြင် ဘီယာခွတ် အတွင်းမှာလည်ူ အစက်ချ ထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ ကြတဲ့ အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမ ရင်သားကို ယောက်ကျားလေး မျက်နှာပေါ် ကပ်ရင်း မြူဆွယ်မည်၊ မူးနေတဲ့ ငနဲကတော့ သိတဲ့ အတိုင်း...ရင်သားတွေကို လျှာဖြင့် လျှက်သည်ဖြစ်စေ ပါးစပ်ဖြင့် စုတ်သည်ဖြစ်စေ ဆေးရည် အဆီမှာ အမျိုးသား ပါစပ်တွင်း ၀င်သွားပြီးနောက် မိနစ်ပိုင်း အတွင် ခေါင်းတွင်း ချာချာလည်၍ အိပ်မော ကျသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေး နာရီလောက် သတိလစ် သွားစေနိုင် သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာ ကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုး ရှိတဲ့ အရာအားလုံး ဇိမ်နဲ့ မွေနှောက် ယူသွားပါပြီ။

နောက်သုံးတဲ့ တနည်းက အငွေ့ ပါ ရေမွေး ဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့် လုပ်ထား ကြသည်၊ သားကောင်တွေ ကတော့ ပိုက်ဆံ ချမ်းသာတဲ့ အိမ်မှာ တယောက်ထဲ နေတဲ့ လူကြီးတွေ မိသားစု အပြင်ရောက် နေကြတုန်း ၀တ်ကောင်း စားလှတွေ ၀တ်ပြီး အရောင်း စာရေး များကဲ့သို့ ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက် အိမ်တွင်းသို့ ၀င်ဘို့ ကြိုးစား ပါလိမ့်မည်။

နှစ်ယောက် သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာ ပုံစံနဲ့ ဝင်ပြီး ရေမွှေး ( သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်မျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့ အခါ မူးဝေပြီး မေ့သွားရော၊ အဲဒိတော့မှ တအိမ်လုံးမှာ ရှိတဲ့ အဖိုးတန် ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမှာ အများဆုံး သုံးနေတာ တို့ဆေးဆိုပြီး ရွှေတွေဆင် ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့် ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်း ဖြစ်သည် ခံရတဲ့ သူက အဆိုပါ မူးရစ် ဆေး အသားတွင်း ရောက်သည့် အခါ ချက်ချင်း ဆေးရှိန် တက်လာလို့ ယိုင်လည်းခွေကျ သွားနိုင်၏၊ ဘာမှ မသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကို တို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်း များရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြ ရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန် အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင် လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သား များအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါး လာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင် မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန် အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက် ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင် ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်း လာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီး ပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြည့်ရမည့် အပြင် အသွားအလာကို တဦး တယောက်ထဲ သွားမည့်အစား အဖေါ်နှင့် သွားလာ ရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်း မိနစ်ပိုင်း သွားရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။

ခေတ်ပျက် ကာလတွင် မသမာသူများ ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက် ပေါလာပြီ ဖြစ်၍ သွားသတိ စားသတိ နေသတိ ရှိနိုင် ကြပါစေ။

Original link - https://www.facebook.com/profile.php?id=100004819780806

Read More »

Friday, July 24, 2015

ကင်ဆာရောဂါသည်များ စရိတ် သက်သာစွာ ကုသနိုင်ရေး အကြံပြုချက် ဖိတ်ခေါ်




အမေရိကန်နိုင်ငံ၊ ဆေးဝါးဗေဒနဲ့ သွေးရောဂါကု ပညာရှင်များ အဖွဲ့က ကင်ဆာ သုတေသန ပညာရှင် ၁၁၈ ဦးဟာ ကင်ဆာ ရောဂါကု ဆေးဝါး စရိတ် လျှော့ချနိုင်ရေး၊ ကင်ဆာ ရောဂါ ဝေဒနာ သည်တွေ မျှတတဲ့ တန်ဖိုးနဲ့ ဆေးဝါး ကုသနိုင်ရေး အကြံပြု ချက်တွေ ဖိတ်ခေါ် နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ပါတယ်။

အမေရိကန်နိုင်ငံ၊ မေယိုဆေးခန်း ဆရာဝန်များအဖွဲ့က သွေးရောဂါကုပညာရှင် ဒေါက်တာ အေရလူး တက်ဖရီက “ခုချိန်ဟာ လူနာတွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေအတွက် ပြောင်းလဲမှုတွေ လုပ်ရမယ့်အချိန်ပါ” လို့ ပြောပါတယ်။

ကင်ဆာရောဂါဝေဒနာသည် တဦးအတွက် တနှစ်တာ ဆေးဝါးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်း ကုန်ကျမှာဖြစ်ပြီး ကနဦးကုသမှု အဆင့်တဆင့်အတွက် အမေရိကန်ဒေါ်လာ ၃ သောင်း ပေးရမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ပျမ်းမျှအိမ်ထောင်စုဝင်ငွေ ၅ သောင်း ၂ ထောင်ရဲ့ ထက်ဝက်ကျော် ပိုများနေတယ်လို့ သူကဆိုပါတယ်။

အကြံပြုချက် အဆိုပြုလွှာတွေဟာ ကင်ဆာရောဂါကုသမှုကို မျှတတဲ့တန်ဖိုးနဲ့ ကုသနိုင်ဖို့ လိုအပ်တဲ့ အသိပညာ မြှင့်တင်နိုင်ဖို့ ကင်ဆာရောဂါကု ပညာရှင်တွေရဲ့ အားထုတ်မှုဖြစ်တယ်လို့ သတင်းကဆိုပါတယ်။

အဲဒီဆေးဝါးဗေဒနဲ့ သွေးရောဂါကု ပညာရှင်များအဖွဲ့ဟာ နိုင်ငံရဲ့ ဥပဒေပြုသူတွေကို သက်ကြီးရွယ်အိုတွေအတွက် အစိုးရ အာမခံအစီအစဉ်တွေ လုပ်ဆောင်ပေးနိုင်ဖို့နဲ့ ရောဂါကုဆေးဝါးဈေးနှုန်းတွေကို ညှိနှိုင်းပေးနိုင်ဖို့ ခွင်ြ့ပုစေလိုတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကင်ဆာရောဂါ ဆေးဝါးတွေကို ကနေဒါလို နိုင်ငံကနေ ဈေးနှုန်းသက်သာစွာ တင်သွင်းနိုင်ဖို့နဲ့ ဆေးဝါးကုမ္ပဏီတွေရဲ့ လက်ရှိဈေးနှုန်းတွေကို မူပိုင်ပုံသေဆေးဝါးဈေးနှုန်းကို ပြောင်းလဲပေးနိုင်ဖို့ အစိုးရကို အဲဒီအဖွဲ့က တောင်းဆိုချင်တာဖြစ်ပါတယ်။

ဒေါက်တာ အေရလူးတက်ဖရီက “ဒီလှုပ်ရှားမှုဟာ ဆေးဝါးကုမ္ပဏီတွေကို ထိခိုက်စေလိုတာ မဟုတ်ပါဘူး။ သင့်တင့်တဲ့ အမြတ်ငွေနဲ့ ရောင်းချနိုင်ဖို့ ရည်ရွယ်တာပါ။ လူနာတွေက ရောဂါဝေဒနာတွေ ခံစားနေရပါတယ်။ ကျနော်တို့ ဒါကို အဖြေရှာနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/104108

Read More »

Thursday, July 23, 2015

အယ်လ်ဇိုင်းမားကို တားနိုင်မယ့် စမ်းသပ်ဆေး ထွက်ပေါ်




ကမ္ဘာ တဝန်းက လူသန်းပေါင်း များစွာ ခံစားနေ ရတဲ့ အယ်လ်ဇိုင်းမား ခေါ် မှတ်ဉာဏ် ချို့ယွင်းတဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကို နှေးကွေး စေနိုင်တဲ့ စမ်းသပ် ဆေးဝါး တစ်မျိုး ပထမဆုံး ပေါ်ထွက် လာခဲ့ ပါတယ်။

Solanezumab လို့ ခေါ်တဲ့ အဲဒီ စမ်းသပ် ဆေးဝါးကို အစောပိုင်း အဆင့်မှာ လူနာတွေကို ပေးခဲ့မယ် ဆိုရင် စိတ်ကစဥ့် ကလျား ဖြစ်မှုနှုန်းကို သုံးပုံ တစ်ပုံ လျှော့ ချနိုင်မယ်လို့ Eli Lilly ဆေးဝါး ကုမ္ပဏီက ပြောပါတယ်။

ဒီဆေးဝါးကို အရင်ကလည်း စမ်းသပ် ခဲ့ဖူးပြီး၊ အဲဒီအချိန်က အယ်လ်ဇိုင်းမား ရောဂါ အစပျိုး အဆင့် ရှိတဲ့ လူနာတွေနဲ့ အလယ် အလတ် အဆင့်ရှိတဲ့ လူနာတွေကို စမ်းသပ် ကုသ ခဲ့ရာမှာ မအောင်မြင် ခဲ့ဘဲ ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်း ခဲ့ရ ပါတယ်။

အခု ထုတ်ပြန်ချက် ကတော့ အယ်လ်ဇိုင်းမား ရောဂါ အစပျိုး ခါစ လူနာတွေကို ကုသတဲ့ စမ်းသပ်ချက် တွေကိုသာ စိစစ်ပြီး ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

စမ်းသပ် ကုသမှု အသစ် အတွက် ရလဒ်တွေကို လာမယ့်နှစ်မှာ ထုတ်ပြန်ဖို့ ရှိပြီး တိကျတဲ့ အထောက် အထားတွေ ဖော်ပြနိုင်ဖို့ မျှော်လင့် ရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို လောလော ဆယ်မှာ တားဆီးနိုင်တဲ့ ဆေးဝါး မရှိသေးဘဲ၊ အဲဒီ Solanezumab ဆေးကတော့ တားနိုင်မယ့် အလားအလာ ရှိနေပါတယ်။

BBC Burmese

Original link - http://www.bbc.com/burmese/world/2015/07/150722_alzheimer_drug

Read More »

Friday, July 17, 2015

မျက်စိကွယ်ခြင်းကို ဗီဇကုထုံးဖြင့် ကုသလျှင် အမြင်အာရုံ ပြန်လည် ရရှိနိုင်




နယူးယောက် ၊ ၁၇-၇-၂၀၁၅

မျက်စိအလင်း ကွယ်နေသူ များကို ဗီဇကုထုံးဖြင့် ကုသ ပေးခြင်းဖြင့် အမြင်အာရုံ ကို ပြန်လည်ရရှိ လာစေနိုင် သည့်အပြင် ဦးနှောက် အတွင်းရှိ အမြင်အာရုံ နှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ များကိုလည်း ပိုမိုအားကောင်း လာစေနိုင်မည် ဖြစ်သည့် အတွက် ဆယ်စုနှစ် နှင့်ချီ မျက်စိကွယ် နေသူများ အတွက် မျက်စိပြန်မြင် နိုင်ရန် မျှော်လင့်ချက် ရှိနေသေးကြောင်း အမေရိကန် ပြည်ထောင်စု ပင်ဆယ် ဗေးနီးယား တက္ကသိုလ်မှ ဗီဇကုထုံး ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျင်းဘက်နက် က ပြောပြသည်။

သုတေသီ များသည် မျက်စိအမြင် ကွယ်သူများကို ဗီဇကုထုံးဖြင့် ၂ဝဝ၇ ခုနှစ်ခန့်မှ စတင်ကာ စမ်းသပ် ကုသလျက် ရှိရာ အချို့သည် အံ့သြ ဝမ်းမြောက်ဖွယ် ကောင်းလောက်အောင် အမြင်အာရုံ ပြန်လည် ရရှိခဲ့ကြပြီး ရာနှုန်းပြည့် မျက်စိကွယ် သူများ၊ တစ်ပိုင်းတစ်စ မျက်စိကွယ် သူများလည်း အပြည့်အဝ မဟုတ် သော်လည်း သွားလာ လှုပ်ရှား နိုင်လောက် အောင် ကောင်းမွန်သည့် အမြင်အာရုံကို ပြန်လည်ရရှိ ခဲ့ကြကြောင်း ၄င်းက ပြောပြသည်။

''မျက်စိအမြင် ကွယ်နေသူတွေ အလင်းပြန် ရပြီး နေ့စဉ်သွားလာ မှုမှာ ကြီးမားတဲ့ တိုးတက် ပြောင်းလဲ မှုကြီး ရသွားကြတာ တကယ်ပဲ ကျေနပ် ဝမ်းသာဖို့ ကောင်းပါတယ်။ သူတို့ကို ဗီဇကုထုံးနဲ့ ကုတဲ့အခါ လူကို အန္တရာယ် မဖြစ်စေ နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကို အရင် ထိုးပေး ရပါတယ်။

အဲဒီ ဗိုင်းရပ်စ် တွေနဲ့အတူ လူနာမှာ ချို့ယွင်းနေတဲ့ ဗီဇဓာတု ပစ္စည်းတွေကို ထည့်ပေး လိုက်ပါတယ်။ ဒီ ဗီဇဓာတု ပစ္စည်းတွေကို မျက်လုံး အတွင်းပိုင်း ထဲက အလင်းကို လက်ခံပေးတဲ့ တစ်ရှုးဆဲလ် တွေထဲ ကို ဗိုင်းရပ်စ် တွေက ပို့ပေးပါတယ်။ အဲဒီအချိန်မှာ မျက်စိကွယ် နေတဲ့ လူနာက မျက်စိပြန်မြင် သွားပါတယ်'' ဟု ပင်ဆယ် ဗေးနီးယား တက္ကသိုလ် မှ အာရုံကြော အထူးကု မန်ဇာ အက်ရှတာရီ က ပြောပြ၍ သိရသည်။

by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/07/blog-post_37.html

Read More »

Friday, June 05, 2015

အမေရိကန်နိုင်ငံမှာ ဦးခေါင်းခွံနဲ့ ဦးရေ အစားထိုးကုသ




ကမ္ဘာပေါ်မှာ ပထမဆုံး အကြိမ် အဖြစ် ဦးခေါင်းခွံ နဲ့ ဦးရေ တစိတ် တပိုင်းကို အစားထိုး ဖန်တီး ကုသနိုင် ခဲ့ပြီလို့ အမေရိကန် တက္ကဆပ်စ် ပြည်နယ်က ခွဲစိတ် ဆရာဝန် တွေက ပြောပါတယ်။

ကင်ဆာရောဂါ အတွက် ဆေးကုသ ခဲ့အပြီး အနာ မကျက်ဘဲ ခေါင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ လူနာ အမျိုးသား တစ်ဦးကို ဆရာဝန်တွေက ၁၅ နာရီကြာ ခွဲစိတ် ကုသ ခဲ့ပြီး အခုလို ဦးခေါင်းခွံ အစားထိုး ဖန်တီးပေး ခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ် အရွယ် James Boysen ဆိုသူ အဲဒီ လူနာက ဆရာဝန်တွေရဲ့ အစွမ်းအစ အပေါ် အံ့သြ တကြီး ဖြစ်ခဲ့ ရတယ်လို့ ပြောသွား ပါတယ်။

BBC Burmese

Original link - https://www.facebook.com/bbcburmese

Read More »

Wednesday, September 17, 2014

မြွေအဆိပ် ဖြေဆေး အပင်



ရရှိနိုင်သော ဒေသ
  • မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
  • ရောက်လေရာရာ အရပ်တိုင်းတွင် တွေ့မြင်ရသော အပင်ဖြစ်သည်။
  • ထိုအပင်၏ အရွက်မှာ ဆေးခါးရွက်နှင့် တူပြီး အပွင့်မှာ ခရမ်းရောင် ပန်းလေးများ ဖြစ်သည်။
  • အပင်၏ အရွယ်အစားမှာ မတူညီပဲ တစ်ထွာ မှ သုံး - လေးပေ အထိ မြင့်သည်။
  • ထို အပင်ကို ရခိုင်မှ ဆေးပညာ လေ့လာ လိုက်စားသော ဆရာတော်မှ လွန်ခဲ့သော (၁၀) နှစ်လောက်
    ကပင် ပြောပြ ခဲ့သဖြင့် စမ်းသပ် အသုံးပြု ခဲ့ရာ ရာနှုန်းပြည့် အောင်မြင် ခဲ့သည်။
သုံးစွဲပုံနှင့် ကုသပုံ အညွန်း
  1. ၄င်း ဆေးပင်ကို ခူးယူ လိုက်ပါ။
  2. ရေစင်နေအောင် ဆေးလိုက်ပါ။
  3. ပြီးလျှင် ပါးစပ်ထဲ ထည့်၍ ၀ါးလိုက်ပါ။
  4. ထွက်လာသော အရည်ကို အနာ၏ အ၀ပေါ်ကို သုတ်လိမ်းပေးပါ။
  5. အဖတ်ကို မြိုချ လိုက်ပါ။
ဆေး အစွမ်း
  • မြွေပွေး၊ မြွေဟောက် စသော အဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော်
    ဝင်၍ ရောင်ရမ်း ကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။
  • အထူးသဖြင့် ပြင်းထန်သော မြွေပွေး မြွေဟောက် အဆိပ်များကို (၅) မိနစ်ခန့်တွင် လုံးဝ ပျောက်ကင်းစေ
    ပါသည်။
  • ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။
ဖေါ်ပြပါ ပုံထဲမှ အပင်ကို ဆေးကျမ်း အလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။

Credit to : စောနွဲ့ နေဆိုင် (ပူတာအို)

From: https://www.facebook.com/yin.htwe.503

Read More »

Sunday, June 02, 2013

ဆေးပညာလေ့လာသူအတွက် ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာ




မြန်မာ့ ဆေးပညာ လေ့လာသူများအတွက် ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာ စာအုပ်လေး
တင်ပေး လိုက်ပါတယ်။

စိတ်ဝင်စားသူများ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်။

docs.google
minus
Read More »

Tuesday, July 24, 2012

ကိစ္စပြီးပြီးချင်း အိပ်ပျော်တော်မူသော ကိုယ်တော်များ



အမျိုးသမီးတွေက သိပ်ကို စိတ်ပျက်ရပါသတဲ့။

ဒါပေသိ သိပ္ပံပညာရှင်တွေကတော့ ပုရိသ အမျိုးသားများဖက်က ရပ်တည်ပေး စရာ ဆင်ခြေကို သုတေသနပြု ရှာဖွေတွေ့ရှိပြီဆိုပဲ။

ကိစ္စပြီးပြီးချင်း အိပ်ပျော်သွားတတ်တဲ့ ကျားကျားလျားလျား ပုရိသများနဲ့ ပတ်သက်လို့ပါ။ ၀ါး… အိပ်ချင်လိုက်တာ။


Read More »