နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဆေးပညာဆောင်းပါး. Show all posts
Showing posts with label ဆေးပညာဆောင်းပါး. Show all posts

Saturday, July 25, 2015

လိင်ဆက်ဆံခြင်း ပုံစံနဲ့ သားသမီး ရတနာ




အိမ်ထောင် ထူထောင် ကြပြီ ဆိုရင် မိမိတို့ မျိုးဆက် သားသမီးကို လိုချင် ကြတာပဲ။ တချို့စုံတွဲ တွေမှာ ချို့ယွင်း ချက်ကြောင့် ကိုယ်ဝန် မရကြ ပေမယ့် အများစု ကတော့ လိင် ဆက်ဆံတဲ့ အနေ အထား ပုံစံ မမှန် တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန် ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူ နေနိုင် ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက် ရဖို့ကို သူများထက် ပိုပြီး ခက်ခဲတာ၊ အားထုတ် ရတာတွေ လည်း ရှိနေ တတ်ပါတယ်။

ကိုယ်ဝန် ရှိနိုင်ဖို့ အတွက် လင်မယား စုံတွဲတွေဟာ မျိုးဥ ဆင်းတာကို စောင့်ကြည့် ရတာမျိုး ကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက် အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့ နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစား ကြည့်ကြ ရတာမျိုးတွေ အထိ အလုပ် ရှုပ်ကြ ရပါတယ်။ ဘယ်လို ပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက် အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုး ကလည်း အမြဲလို အငြင်းပွား စရာ ခေါင်းစဉ် တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန် ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်း တချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေး အဖြစ် ဖော်ပြပေး လိုက်ပါတယ်။

Missionary position

လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန် ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရ ပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံ စဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံး တလုံးခုပေး ထားမယ် ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ပိုများတယ် လို့လည်း သိရပါတယ်။ အမျိုးသား သုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံး ပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြ ပါတယ်။

Rear entry style

ဒီနည်းကိုတော့ doggy style လို့ အသိ များပါတယ်။ အမျိုးသမီးက လေးဘက်ထောက် အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်း ဆက်ဆံ ရတာဖြစ် ပါတယ်။ ကိုယ်ဝန် ရရှိစေနဲ့တဲ့ အခွင့်အလမ်း များတဲ့ နည်းလို့လည်း သတ်မှတ် ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနည်း ကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံး အထိရောက်အောင် ပို့ဆောင် ပေးနိုင်လို့ ဖြစ်ပါတယ်။

Side by side style

ကိုယ်ဝန်ရစေဖို့ အထောက် အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်း အားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်း ဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင် စေတယ်လို့ သိရပါတယ်။

သုံးသပ်ချက်

ကိုယ်ဝန်ရစေနိုင်တဲ့ အခွင့်အလမ်း ပိုများလာစေဖို့ အတွက် ဘယ်လို ပုံစံနဲ့ပဲ ဆက်ဆံသည် ဖြစ်စေ အရေး အကြီးဆုံး က တော့ လိင်ဆက်ဆံမှု ပြီးတဲ့ အခါမှာ အမျိုးသားရဲ့ သုက်ပိုးတွေက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဆက်ပြီး ရှိနေ စေဖို့ ဖြစ် ပါ တယ်။ ဒါကြောင့် အမျိုးသမီး အနေနဲ့ ဆက်ဆံမှုပြီး တာနဲ့ ချက်ချင်း ထလာ တာမျိုး မလုပ် သင့်ပါဘူး။ ဘယ် အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည် သွားနိုင်မယ် ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် အထိ ဆက်ပြီး လဲလျောင်း နေသင့်ပါတယ်။

နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ် ဆိုရင် မမျိုးဥ ထွက် လာနိုင်တဲ့ အချိန်ကို မှန်းဆ နိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီ လာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီး ဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ် ပြီးတော့ အဲဒီ အချိန်မှာ လိင်ဆက်ဆံ မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုး ရနိုင်ပါတယ်။ အမျိုးသမီး အနေနဲ့ မ မျိုးဥ ထွက်လာတဲ့ အချိန်မှာ မိမိရဲ့ ကိုယ်ခန္ဓာမှာ ဘယ်လို အရိပ် အယောင်ဖြစ် တတ် တယ် ဆိုတာကိုလည်း သိထားရ ပါမယ်။ မမျိုးဥ ဆင်းချိန်မှာ အမျိုးသမီးတွေ ကိုယ် အပူချိန်တက် လာလေ့ရှိတဲ့ အတွက် မနက် အိပ်ယာက နိုးနိုးချင်းမှာ ကိုယ်ပူချိန် တိုင်းပြီး မှတ်သား ထားမယ်ဆိုရင် မမျိုးဥ ဆင်းလာတဲ့ ရက် ကို သိနိုင်မှာ ဖြစ်ပါတယ်။

By အေးမင်း

Original link - http://mobile.irrawaddy.org/article/2015/07/24/78494.html

Read More »

Sunday, July 05, 2015

Water Birth ( ရေထဲမှာ ကလေးမွေးခြင်း )




ဒေလီမှာ ယမုန်နာ ဆေးခန်းလေး ဖွင့်တုံးက မွေးလူနာ တွေကို ၂ဝဝ၆ နိုဝင်္ဘာ လကစပြီး မွေးပေး ခဲ့တယ်။ အိန္ဒိယ ကနေ ထွက်လာရတဲ့ အထိ ကလေးပေါင်း ၃၄၉ ယောက်ကို မွေးပေးနိုင် ခဲ့တယ်။ သားဖွား ပညာကို ဘာတခုမှ မသိသေးတဲ့ ဒုက္ခသည် အမျိုးသမီး ကြီးငယ် တွေကို စာသင်ပေးဘို့ သင်္ခန်းစာတွေ ပြင်ရတယ်။ အရံ သားဖွါး သင်တန်းလည်း တခါ လုပ်ပေး ရတယ်။ စာသင်ရင်း (မာလ်တီ မီဒီယာ) နဲ့ ပြတော့ ပုံမှန် မီးဖွားနည်းတွေ အပြင် ရေထဲမှာ ကလေးမွေး နည်းလည်း ခပ်တိုတို ပြောပြ ဖြစ်ပါတယ်။ မနေ့ တနေ့က တယောက်မေး တာကို စာနဲ့ မဖြေ ရသေးဘူး။

မြန်မာပြည် မှာတော့ ရေထဲ ဆင်းပြီးကလေး မွေးတာ လုပ်ကြတယ် မထင်ပါ။ နေရာ တကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည် တွေမှာ ရေချိုးကန်ထဲ ဆင်းပြီး ကလေးမွေး ကြတာ ရှိတယ်။ ခုတလော ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ ပါ ပေါ်လာတယ်။ လုပ်နေကြ တာက ကြာပါပြီ။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာ ရည်ထဲမယ် ၉ လ ကျော်နေ လဲတာမို့ မွေးတာ ကိုလည်း ရေထဲမှာ လုပ်ရင် ရမယ်လို့ ယူဆချက် ကနေ ဖြစ်ပါတယ်။ ဒီလိုရေထဲ ဆင်းမွေးရင် ကောင်းမယ့် အချက်တွေနဲ့ သတိထား စရာတွေ ဆိုပြီး လေ့လာလို့ ရလာတယ်။

အကျိုးကျေးဇူးတွေ
အမေ အတွက် = ရေခပ်နွေးနွေးက နေရထိုင်ရ တာသက်တောင့် သက်သာ ရှိတယ်။ အားရှိ သလို ထင်မှတ် စေတယ်။ ရေထဲမှာ ကိုယ်ကြိုက်သလို ထိုင်နေ နိုင်တယ်။

သားအိမ် ညှစ်အား ပိုပေးမယ်လို့ ယူဆ ရတယ်။ ဗိုက်နာတာ သက်သာစေ နိုင်တယ်။ သွေးဖိအား များနေ တာကိုကျစေ နိုင်တယ်။ စိုးရိမ်စိတ် နည်းစေမယ်။

ကလေးမွေးတဲ့ အခါ ပြောင်းလဲ မှုတွေ ဖြစ်ရတဲ့ တင်ပါးဆုံ နေရာက ကြွက်သား တွေကို ဆန့်နိုင်ကြုံ့နိုင်မှု ပိုစေမယ်။ စုပ်ပြဲတာ နည်းစေမယ်။ မွေးလမ်းချဲ့ပေရမှု နည်းစေမယ်။ ရေထဲမှာမို့ မမြင် အပ်တဲ့ နေရာကို ဖုံးကာပေး သလိုမို့ စိတ်လုံခြုံမှု ပိုစေမယ်။ ကလေး အတွက် = ရေမြွာ ရည်အိတ် ထဲနဲ့ မထူးတဲ့ ပတ်ဝန်းကျင် ဖြစ်တယ်။

သတိထားရမယ့် အန္တရာယ်တွေ
လွန်ခဲ့တဲ့နှစ် ၃ဝ ကျော် အတွင်း ရေထဲဆင်းပြီး ကလေးမွေး တာက ပေါ်ပြူလာလို ဖြစ်လာပေမယ့် ဆေးသုတေ သနတွေ မစုံလင်သေးပါ။ ဥရောပမှာ သိထားသမျှ ရိုးရိုးမွေး ကုတင်ပေါ် မွေးတာနဲ့ အန္တရာယ်တွေ မထူးဘူးလို့ ဆိုပါတယ်။ Royal College of Obstetrician and Gynecologists တော်ဝင် သားဖွါးမီးယပ် ပညာရှင်တွေက သီအိုရီအရ water embolism သွေးကြောထဲ ရေနဲ့ ပိတ်တို့ခြင်း အန္တရာယ် ရှိနိုင်တယ်။ British Medical Journal ကတော့ ၉၅% စိတ်ချရတယ်လို့ ဆိုပါတယ်။

တကယ်လို့ ကလေးဟာ မွေးလမ်း ထဲမှာ ဖိအား သက်ရောက်မှု ခံနေရတာ ဖြစ်ဖြစ်၊ ချက်ကြိုး လိမ်နေတာ ဖြစ်ဖြစ် ရှိနေရင် ကလေးက ထွက်ထွက်ချင်း လေရှူမှာမို့ ရေက အသက်ရှူ လမ်းထဲ ဝင်စေမယ်။ ဖြစ်တာ ရှားပါတယ်လို့ ဆေးစာတွေမှာ ဖတ်ရတယ်။ ကျွန်တော့် ကိုယ်ပိုင် အမြင်ကတော့ မွေးမွေးချင်း ငိုတဲ့ကလေးက မငိုတဲ့ ကလေးထက် များတယ်။ ငိုတာ ကောင်းတယ်။ ငိုချင်တဲ့ ကလေးက ရေထဲမှာ ရှိနေရင် ငိုမရသေးပါ။ ကလေးက လေနဲ့ တွေ့မှသာ အသက်ရှူတယ်။ အသက်ရှူတာ မိနစ်ပိုင်း ဖြစ်ဖြစ် စက္ကန့်ပိုင်း ဖြစ်ဖြစ် နောက်ကျမယ်။ အန္တရာယ် လို့တော့ မပြောပါ။ ချက်ကြိုး မဖြတ်သေး သ၍ အောက်စီဂျင်ကို မိခင်ဆီ ကနေ ရတယ်။ နောက် တချက်ကတော့ ကလေးကို ရေထဲ ကနေ ထုတ်လိုက် ချိန်မှာ ချက်ကြိုးပြတ် တတ်တယ်။ သတိထားရင်တော့ မဖြစ်ပါ။

ရေထဲမှာ ကလေးမမွေးသင့်တဲ့ အခြေအနေတွေ
• Herpes မိခင်မှာ ရေယုံပေါက်နေရင်။
• Breech ကလေး အနေအထားက တင်ပါးပြုနေရင်။
• Excessive bleeding သွေးဆင်းတာ များလွန်းရင်။
• Maternal infection ရောဂါပိုး ရှိနေရင်။
• Multiples အမွှာဖြစ်နေရင်။
• Pre-term လမစေ့မွေးတာဆိုရင်။
• Severe meconium ရေမြွာရည် နောက်တာ များနေရင်။
• Toxemia or preeclampsia ကိုယ်ဝန် သွေးဆိပ်တက် ရှိနေရင်။
• Hot tubs and whirlpools ရေပူနဲ့ ရေလှိုင်းလုပ်ထားတဲ့ ရေချိုးကန် ဆိုရင် လုံးဝ မလုပ်သင့်ပါ။

By ဒေါက်တာတင့်ဆွေ

Original link - http://www.thutamedia.com/2015/07/water-birth.html

Read More »

ဗိုက်ခွဲမွေးတာ တကယ်လိုသလား?




မေးချင် တာလေး မေးပါရစေ။ အခုခေတ် အိုဂျီ တိုင်းဟာ ရိုးရိုးမွေး မပေးချင် ကြဘူး။ အဲဒါ ဘာလို့လဲ။ ခွဲစိတ်ခ လိုချင် လို့လား။ ဒါမှ မဟုတ် အချိန်ကုန် မခံချင် တာလား။ သူတို့မှာ စေတနာ ဆိုတာ မရှိဘဲ အသပြာ နောက်ကိုပဲ လိုက်နေ ကြတာလား သိချင်တယ်။ နိုင်ငံခြား မှာက လိုအပ်မှပဲ ခွဲတယ်။ မြန်မာနိုင်ငံ မှာက အိုဂျီတိုင်းက ခွဲတယ်။

ကျနော် အိုဂျီ မဟုတ်ပါ။ စေတနာ ဆိုတာ စိတ္တဇ နာမ်ဖြစ်လို့ ဆုပ်ကိုင်ပြလို့ မရတာမို့ ရှိ၊ မရှိ ပြောဖို့ ခက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ခွဲမွေးဖို့ကို လိုတာထက်ပိုလုပ်နေကြတယ်။ ထိပ်ဆုံးနိုင်ငံ ၂ ခုကို ဥပမာပေးပါမယ်။ ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့လုပ်ပေးတာမှာ အပြောင်းအလဲတချို့ လုပ်လိုက်တာမို့ ကလေးကို ဗိုက်ခွဲပြီး မွေးကြတာ ပိုများလာစရာအကြောင်း ရှိတယ်လို့ ၄-၁၁-၂ဝ၁၁ ကလာတဲ့သတင်းက ဆိုပါတယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာ စိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ် လုပ်ရရင် ပိုတောင်မှာ စိတ်ချနိုင်ပါတယ်။ လမ်းညွှန်ချက်တွေကို အခါအားလျော်စွာ ပြန်သုံးသပ်ပြီး အသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာက ဘယ်က ဖိအားပေးလို့မှ မဟုတ်ပါ။ ဒါပေမယ့် ရှေ့နေတွေနဲ့ ဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုက အမျိုးသမီးတွေကို ကလေးမွေးတဲ့အရေးမှာ ကာယကံရှင်သဘော ပြောခွင့်ရတာ နည်းနေတယ်တဲ့။ မြန်မာပြည်မှာလည်း မထူးလောက်ပါ။

သူတို့ဆီမှာ ခန့်မှန်းချက်အရ ဗိုက်ခွဲမွေးပေးရတာဟာ ရိုးရိုးမွေးပေးရတာထက် ပေါင် ၈ဝဝ ပိုကုန်ကျပါတယ်။ မွေးလမ်းကနေ မွေးရာကနေ နောက်ဆက်တွဲ တခုခုဖြစ်သွားလို့ ဥပမာ ဆီးမလုံတာမျိုးအတွက် ကုသပေးရတဲ့စရိတ် မပါသေးဘူး။ အစီရင်ခံစာထဲမှာ တချက်ပါသေးတယ်။ တကယ်လို့ ဗိုက်ခွဲပေးရတဲ့ ရာခိုင်နှုန်း တမှတ်ကျတယ်ဆိုရင် ကျန်းမာရေးဌာနအတွက် ပေါင် ၅ ဒသမ ၆ ဘီလီယံ သက်သာတာ ဖြစ်တယ်။ မြန်မာပြည်မှာတော့ အစိုးရက မဟုတ်ဘဲ လူနာသာ ကုန်ကျရတယ်။

ယူကေမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ ဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ ရာခိုင်နှုန်း ရှိတယ်။ ၂ နိုင်ငံလုံးမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဗိုက်ခွဲမွေးရတာ တိုးလာနေတယ်။ ဆရာဝန်တွေက ရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေက ကိုယ်အလေးချိန်များလွန်လို့၊ ဆီးချိုရောဂါလည်း ရှိတာ များလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ ရာခိုင်နှုန်းဟာ ရက်ရွေးပြီး ခွဲပေးရတာ ဖြစ်တယ်။ ၁၅ ရာခိုင်နှုန်းက အရေးပေါ် ခွဲပေးရတာ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နေ ဖြစ်သင့်တယ် ယူဆတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဗိုက်ခွဲမွေးနှုန်း ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅ ရာခိုင်နှုန်းလောက်က အပြင်ဆေးခန်းတွေမှာ ခွဲမွေးပြီး ရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေ လာမွေးတတ်တဲ့ ပို့တလင်းဆေးရုံမှာဆိုရင် ၃၅ ကနေ ၄ဝ ရာခိုင်နှုန်းအထိ ခွဲမွေးတယ်။

မိခင်ရော ကလေးပါ ကျန်းမာရင် မွေးလမ်းကနေ ကလေးမွေးရတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတော့ ကလေးရဲ့အဆုတ်ကနေ မွေးတာနဲ့ အသက်ရှူစေအောင် အကူအညီ ပေးရာကျပါတယ်။ ခွဲမွေးရတာလည်း စိတ်ချနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သတိတော့ ထားရမှာပေါ့။ ပိုးဝင်တာ၊ သွေးယိုတာနဲ့ နောင် ကလေးရဖို့ဆိုတာတွေ ခေါင်းထဲထားရတယ်။ ဗိုက်ခွဲမွေးရင် အများဆုံး ၃ ခါထက်ခွဲလို့ မရပါ။ မွေးပြီး ကလေးတခုခုဖြစ်လို့နဲ့ ၃ ယောက်မက လိုချင်သူတွေက မကြာခဏ မေးကြပါတယ်။ ၃ ခါထက်တော့ လုပ်မပေးပါ။

အထောက်အကူ လူ၊ ပစ္စည်း၊ ငွေကြေး မပြည့်စုံတဲ့ အခြေအနေမှာ မွေးပေးရရင်လည်း အကောင်းဆုံး စောင့်ရှောက်မှုကိုသာ အဓိက ထားရမယ်။ စပါယ်ရှယ် လုပ်ချင်တာမျိုးတွေကိုတော့ ဘေးချိတ်ထားသင့်ပါတယ်။

ယူအက်စ်မှာလည်း အဲလိုလုပ်တယ်။ သုံးစွဲသူအစီရင်ခံစာတွေက ထောက်ပြကြတယ်။ ဆေးရုံတွေကနေ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးတာ လုပ်နေကြပါသတဲ့။ ပြည်နယ် ၂၂ ခုမှာ လေ့လာမှု လုပ်ခဲ့တယ်။ အန္တရာယ်နည်း ကိုယ်ဝန်ကို ခွဲမွေးနှုန်း အလွန်များနေတယ်။ ဆေးရုံ ၃ ခုမှာ ၂ ခုလောက်က အဲဒီအမှတ် ရကြတယ်။ တကယ်ဆိုရင် ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၅၅ ရာခိုင်နှုန်းလောက်မှာ အန္တရာယ်နည်း ကိုယ်ဝန်အဆင့် ရှိပါတယ်။ ယူအက်စ်မှာရှိတဲ့ ဆေးရုံပေါင်း ၁၅ဝဝ ကို ၂ဝဝ၉ နဲ့ ၂ဝ၁၂ ကြားကာလတွက် လေ့လာထားတာ ဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတာဟာ အသက်ကယ်ရာကျတာတော့ အမှန်ပါ။ ဒါပေမယ့် မိခင်အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုလို့တော့ မပြောနိုင်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၂ဝ၁ဝ ခုနှစ်မှာ အစီရင်ခံစာတခု ထုတ်ထားပါတယ်။ အပိုဆောင်းနဲ့ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးခြင်း ကမ္ဘာလုံးဆိုင်ရာ အရေအတွက်နဲ့ ကုန်ကျစရိတ်လို့ ခေါင်းစဉ်ပေးထားပါတယ်။

နိုင်ငံပေါင်း ၅၄ ခုမှာ ဗိုက်ခွဲမွေးနှုန်းက ၁ဝ ရာခိုင်နှုန်းထက်နည်းကြပြီး ၆၉ နိုင်ငံမှာ ၁၅ ရာခိုင်နှုန်း အထက်မှာ ရှိတယ်။ ၁၄ နိုင်ငံမှာ ၁ဝနဲ့ ၁၅ ရာခိုင်နှုန်း ရှိကြတယ်။

၂ဝဝ၈ ခုနှစ်တုန်းက ၃ ဒသမ ၁၈ သန်း ဗိုက်ခွဲမွေးပေးဖို့ လိုအပ်ခဲ့တယ်။ ၆ ဒသမ ၂ သန်းမှာ မလိုအပ်ဘဲ ခွဲမွေးပေးခဲ့တယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ ဘီလီယံ အပိုကုန်ခဲ့တာဖြစ်တယ်။ လိုအပ်လို့ ခွဲဖို့က တကမ္ဘာလုံးမှာ ၄၃၂ သန်းဖြစ်တယ်။ မြန်မာပြည်မှာ ကိန်းဂဏန်းမရှိပါ။

ခွဲမွေးချင်သူတွေထဲမှာ မက်ဒေါနားတို့ ဗစ်တိုရီးယား ဘက်ခမ်တို့လည်း ပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခု ပေါ်လာတယ်။ အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေတဲ့ (Too posh to push)။ အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲ လမ်းလျှောက်သလို သဘောထားပါ။ ဒါပေမယ့် သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဖို့ လိုပါတယ်။

အိုဂျီတွေချည်းတော့ အပြစ်မတင်ပါနဲ့။ တချို့အိုဂျီတွေဆီက ဆွဲအားတော့ ရှိနိုင်ပါတယ်။ ဆေးသုတေသနတွေမှာ ထည့်မမေးတဲ့ မေးခွန်းတခုရှိတယ်။ အမျိုးသမီးတွေကလည်း ထုတ်မပြောကြပါ။ မွေးလမ်းကနေ ကလေးမွေးလို့ အိမ်ထောင်ရေးမှာ တစုံတရာ ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်ချက်ဟာ အမှန်ရှိတာပါ။ လေးနက်ပါတယ်။ အဲဒီအချက်က လူနာဘက်ကနေပေးတဲ့ တွန်းအား ဖြစ်ပါတယ်။

ဒါပေမယ့် မွေးလမ်းကနေ ရိုးရိုးမွေးသူတွေ (ကီဂယ်လ်) လေ့ကျင့်ခန်းနဲ့ မျိုးပွားလမ်းက အင်္ဂါအစိတ်အပိုင်းတွေ ပြန်ပြီး သန်မာ အားကောင်းလာအောင် လုပ်နိုင်ကြပါတယ်။ မွေးလမ်းပြုပြင်နည်းတွေလည်း ရှိပါတယ်။ လိုချင်သလိုအထိ ပြင်လို့ရပါတယ်။ မြန်မာပြည်က မိခင်တွေ ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/101067

Read More »

Friday, January 09, 2015

ပန်းတွေ … လန်းစေ



စွမ်းဆောင် နိုင်ပါ့ မလား ဆိုပြီး စိတ်ပူ၊ စိတ်ပူလို့ မစွမ်းဆောင်နိုင်

ကြားရင်၊ မြင်ရင် ရှက် စရာလို့ ထင်တတ် ကြပေမယ့် လူတွေ သာယာ တတ်ကြတဲ့ ကိစ္စတွေ ထဲမှာတော့
လိင် ကိစ္စဟာ ရှေ့ဆုံးက ထင်ပါရဲ့။

ဆင်ခြင်တုံ တရားနဲ့ အခြေ အနေပေါ် မူတည်ပြီး ထိန်းချုပ် ရတဲ့ ကိစ္စ ဖြစ်နေ လေတော့ ဒီကိစ္စနဲ့ ပတ်
သက်တဲ့ အခက် အခဲ တခုခု ဖြစ်တဲ့ အခါ ဖွင့်ဟဖို့၊ တိုင်ပင်ဖို့ အတော်လေး ကြိုးစား ရတာပါ။

စကား အသုံး အနှုန်း ကိုတောင် ယဉ်ကျေး လှပအောင် ရွေးရတာ မျိုးကလား။ လိင်ဆိုင်ရာ စွမ်းဆောင်
မှုမှာ အမျိုးသား အင်္ဂါ ကျန်းမာကြံ့ခိုင်မှု နည်းပါးတာနဲ့ ပတ်သက်တဲ့ ဝေဒနာ တွေက အများဆုံး တွေ့ရ
တတ်တဲ့ ပြဿနာ တခုပါပဲ။ ဆေးပညာ အခေါ်အဝေါ် အနေနဲ့ လိင်ဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းမှု
(Impotence)၊ အမျိုးသားအင်္ဂါ တောင့်တင်းမှု ဆိုင်ရာ အခက်အခဲ (Erectile Dysfunction) လို့ ခေါ်ကြ
ပြီး မြန်မာ စကားမှာတော့ ပန်းသေ၊ ပန်းညှိုးဆိုတဲ့ စကားယဉ်လေးတွေ သုံးကြလေရဲ့။

ဒီပြဿနာ ကလည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်တဲ့ ကိစ္စ ဖြစ်လေတော့ သိအပ်ဖွယ် အချက် လေး
တွေ ကို သိထားရင်ဖြင့် ဂရုစိုက်နိုင်ကြမယ် ထင်ပါတယ်။ လောကီလူ့ဘောင်ကိုမပယ်နိုင်သေး၊ သံသရာ
မပြတ် သေး သမျှတော့ ဒီကိစ္စ က လိုအပ်ချက် တခု ဖြစ်နေ သေးတာကို သက်ရှိ မှန်ရင် ဝန်ခံ ကြရ မှာ
မဟုတ်လား။

တချို့မှာ ရောဂါ ဘယတွေ ကြောင့် ဖြစ်ရ တတ်သလို၊ တချို့မှာ လည်း စိတ်နဲ့ ပတ်သက်တာကို တွေ့
ရပြန်ပါ တယ်။ ဒီအတွက် အကြောင်းရင်းခံ အမျိုးမျိုးကို သိထား သင့်ပါတယ်။

စိတ်ကျရောဂါ

လူမှာ ဦးနှောက်က အရေးပါတဲ့ နေရာတခုပါ။ လိင်ဆိုင်ရာ စိတ်လှုပ်ရှား တာတွေ၊ ခန္ဓာကိုယ်က လိုက်
ပြီး လှုပ်ရှားတာ တွေက ဦးနှောက်မှာပဲ အစပြု တာပါ။ စိတ်ကျဝေဒနာ ဖြစ်နေသူမှာ လိင်ဆိုင်ရာ စိတ်
ဆန္ဒရော၊ ရုပ်လှုပ်ရှား မှုပါ ထိခိုက် လျော့ပါးနေ တတ် ပါတယ်။ ပိုဆိုး တာက စိတ်ကျ ရောဂါ အတွက်
သောက်ရတဲ့ ဆေးတွေ ကလည်း ရုပ်ပိုင်း ဆိုင်ရာ လှုပ်ရှားမှု တွေကို လေးလံစေ တာပါပဲ။

အရက်

အရက်ကလေး နည်းနည်းသောက်ရင် စိတ် လန်းဆန်းတက်ကြွတယ် လို့ တွေးထင်တတ်ကြ ပါတယ်။
ဒါပေမယ့် များသွားပြန်ရင်လည်း အလုပ်မဖြစ်တတ် ပြန်ပါဘူး။ အရက် အလွန်အကျွံ သောက်တာက
လိင်ကိစ္စမှာ အဟန့် အတား ဖြစ်တာ အသေအချာပါ။ အရက်သောက်လို့ စွမ်းဆောင်နိုင်တယ် ဆိုတာ
မျိုးက ယာယီ သဘောပါ။ အရက်ကြောင့် ကောင်းတာလေး တွေ လည်း ရှိပါတယ်။ တနေ့ ကို အရက်
တပက်၊ နှစ်ပက် သောက် တာ မျိုးက နှလုံး သွေးကြော ရောဂါ ကို ကာကွယ် ပေး သလို၊ လိင်ဆိုင်ရာ
လှုပ်ရှားမှု တွေမှာလည်း အထောက် အကူ ဖြစ်စေ ပါတယ်။

ဆေးဝါး

ကိုယ် သောက်သုံးနေတဲ့ ဆေးဝါးတွေ ကလည်း ကိုယ့်ရဲ့ အိပ်ရာဝင်ကိစ္စမှာ လွှမ်းမိုးနေတယ် ဆိုတာ
အထူးသတိထား ရပါမယ်။ သွေးတိုးကျဆေးတွေ၊ အဆီကျဆေးတွေ အကိုက်အခဲ ပျောက်ဆေးတွေ
နဲ့ စိတ်ကျရောဂါ သက်သာဖို့ သောက်တဲ့ ဆေးတွေက လိင်ဆိုင်ရာ စိတ်ဆန္ဒ လျော့ပါးစေပါတယ်။ မူး
ယစ် ဆေးဝါး အနွယ် ဝင် ဖြစ်တဲ့ အဖက် တမင်း၊ ကိုကင်း၊ ဆေးခြောက် ဆိုတာ တွေ ကလည်း အမျိုး
သားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် အတွက် ပြဿနာတွေ ပါပဲ။

စိတ်ဖိစီးမှု

အလုပ်မှာ အိမ်မှာ စိတ်ဖိစီးမှုတွေ ကြုံနေရသူ အတွက်တော့ စိတ်လန်းဆန်း တက်ကြွမှု ဘယ်လိုမှ ရ
နိုင်မှာ မဟုတ်ပါ ဘူး။ စိတ်ဖိစီးမှုက ခန္ဓာကိုယ် တခုလုံးက ရှိသမျှ အစိတ်အပိုင်း အားလုံးကို ထိခိုက်
နှောင့်နှေးစေရာမှာ လိင်အင်္ဂါတွေ လည်းအပါအဝင် ဖြစ်ပါတယ်။ ဘဝနေထိုင်နည်းတွေ ပြောင်းလဲပြီး
စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်မှသာ နေကောင်း ထိုင်သာနဲ့ စိတ်တွေလည်း ပြေလျော့မှာ ပါ။ ပုံမှန်
ကိုယ်လက် လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေး ဝ၀ အိပ်တာ၊ ကိုယ်တိုင် မဖြေရှင်း နိုင်တဲ့ ပြဿနာ မျိုးတွေ
အတွက် တတ်ကျွမ်း သူရဲ့ အကူ အညီ ရယူပြီး စိတ် ဖိစီးမှု ဖြေလျော့ တာတွေက လိင်မှုဆိုင်ရာ စွမ်း
ရည်ကို ပြန်လည် အသက်ဝင်စေမှာပါ။

ဒေါသ

လိင်မှုကိစ္စ စွမ်းဆောင် ရာမှာ သက်ဆိုင်ရာ အင်္ဂါ အစိတ်အပိုင်းကို သွေးတွေ ရောက်ဖို့ အတွက် သွေး
ကြောတွေ ကျယ်လာရ ပါတယ်။ ဒေါသဖြစ်လာ တဲ့အခါ သွေးတွေက မျက်နှာဆီရောက်ပြီး နီရဲ ပြောင်
တင်းလာ တတ်ပေမယ့် လိင်စွမ်းဆောင်ရမယ့် နေရာဆီတော့ မရောက်တော့ပါဘူးတဲ့။ ကိုယ့်ဒေါသနဲ့
ကိုယ်ဆိုတဲ့ စကားလေးလိုပေါ့။

ဒေါသကြီးနဲ့တော့ ရိုမန်တစ် လို့လည်း မဖြစ်ဘူး မဟုတ်လား။ ကိုယ့်လိင် ဆက်ဆံဖော်ကို ဒေါသဖြစ်
တာမျိုးမှ မဟုတ် ပါဘူး။ ဘယ်လို ဒေါသ မျိုးမဆို လိင်မှု ကိစ္စ အတွက် အဆင် မပြေပါဘူး။ ကျိတ်ပြီး
ထွက်နေတဲ့ ဒေါသ၊ ပေါက်ကွဲ ပြနေတဲ့ ဒေါသ အားလုံးက အိစက် ညက်ညော တဲ့ ဖဲမွေ့ရာ ပေါ်ဝယ်
ဇာတ်လမ်း ကပြဖို့ မဆီလျော်တဲ့ အကြောင်း အထူးပြောပြဖို့ မလိုဘူး ထင်ပါရဲ့။

စိုးရိမ်သောက

အထူးသဖြင့် လုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုက ပိုပြီးခက်ခဲစေတဲ့ အကြောင်းရင်း ပါပဲ။ တခြားကိစ္စတွေ
အတွက် စိုးရိမ်သောက ရောက်နေရတာတွေက လည်း လိင်ဆိုင်ရာ စွမ်းဆောင်မှု ကျဆင်းစေသလို
အိပ်ရာထဲရောက်ရင် အဆင် ပြေပါ့မလားလို့ ကြိုပြီး တွေးပူ နေတာကလည်း တကယ့် လုပ်ဆောင်နိုင်
စွမ်းကို လျော့ကျစေပါတယ်။ စိုးရိမ် ပူပန်တာကြောင့် ချစ်တင်းနှောဖို့ အဆင်မပြေတော့ဘူးပေါ့။ လိင်
မှု ဆိုင်ရာ ပြဿနာတွေမှာ စွမ်းဆောင်နိုင်ပါ့ မလား ဆိုပြီး စိတ်ပူ၊ စိတ်ပူလို့ မစွမ်းဆောင်နိုင် ဆိုတဲ့ သံ
သရာ စက်ဝိုင်းက ပတ်ချာလည်နေကြတာ များလေရဲ့ ။

သက်လတ်ပိုင်း အပြောင်းအလဲ

သက်လတ်ပိုင်း ရောက်လာရင် ဗိုက်ကလေးတွေ ရွှဲလာတတ်ကြတယ် မဟုတ်လား။ ဝဖြိုးလာတဲ့ ခန္ဓာ
ကိုယ်နဲ့အတူ လိင်ကိစ္စကလည်း ငယ်ငယ်ကနဲ့ စာရင်တော့ စွမ်းဆောင်နိုင်စွမ်း လျော့လာတာပါပဲ။ ဝ
တဲ့ သူတွေမှာ ကျားဟော်မုန်း ပမာဏ လျော့နည်းလာပြီး လိင်ဆိုင်ရာ ဆန္ဒရော၊ စွမ်းဆောင်မှုပါ လျော့
လာ တတ်ပါတယ်။ အဝလွန်လာရင် သွေးတိုး ရောဂါကလည်း ကျွဲကူးရေပါ ဝင်လာပြီး သွေးကြောတွေ
မာလာ တဲ့အခါ လိင်အင်္ဂါဆီ သွေးတွေ ရောက်ဖို့ လန်းရွှင်ဖို့ရာ ခက်ခဲလာတော့ တာပါပဲ။

ကိုယ့်ရုပ် ကိုယ်ပြန်ကြည့်

မှန်ထဲကြည့်လို့ ကိုယ့်ရုပ်ကိုယ် သဘောကျနေမှ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကလည်း ကိုယ့်ကိုနှစ်သက်
မယ်လို့ ရိုးရိုးပဲ မှတ်လိုက်ကြ ပါစို့။ ကိုယ့် ရုပ်သွင်ပြင်ကို ကိုယ်ကြည့်ကောင်းအောင် လုပ်ပြီး စိတ်တိုင်း
လေး ကျနေမှ အိပ်ရာထဲက ကိစ္စမှာလည်း ချောမွေ့နိုင်မယ် ဆိုတာ ယုံလိုက်ပါ။

ဆန္ဒနည်းပါးမှု

ဒါကတော့ စွမ်းဆောင်ရည် လျော့ကျ အားနည်း တာမျိုး မဟုတ်ပါဘူး။ လိင် ကိစ္စအပေါ် စိတ်ဝင်စားမှု
နည်းပါးတဲ့ အရင်းခံစိတ် ရှိတာမျိုးပါ။ ကိုယ့်ဘာသာ အားငယ်နေတာ၊ စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ ဆေး
ဝါး စတာတွေကြောင့် ဖြစ်နိုင်သလို ပင်ကိုယ် လိင်စိတ်ဆန္ဒ နည်းပါးသူမျိုး တွေမှာ ဖြစ်လေ့ ရှိပါတယ်။

ကျန်းမာရေး

ကျန်းမာရေး ပြဿနာ အတော် များများက လိင်စွမ်းဆောင် ရမယ့် အာရုံကြောတွေ၊ ကြွက်သားတွေ၊
သွေးလည် ပတ်မှု တွေကို ထိခိုက်စေ ပါတယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောရောဂါတွေ၊ ကျောရိုးထိ
ခိုက် ဒဏ်ရာတွေက လန်းရမယ့် ပန်းကို နွမ်းစေ၊ ညှိုးစေ ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ဆိုင်ရာ ခွဲစိတ်
မှုတွေကလည်း လိင်မှုဆိုင်ရာ အာရုံကြော၊ သွေးကြောတွေကို ထိခိုက်စေတတ် ပါတယ်။

ဒီလောက် ဆိုရင်ဖြင့် ပန်းသေ၊ ပန်းညှိုးဆိုင်ရာ သိထိုက်တာလေးတွေ သိသင့်သလောက် သိလောက်
ပြီ ထင်ပါရဲ့။ အမျိုးသား တွေမှာ ကြုံတတ် တဲ့ အခက် အခဲက ကိုယ့်မှာ ဒီပြသာနာ ရှိနေတယ် ဆိုတာ
ဆရာဝန် ဆီ ထုတ်ပြောဖို့ အတော်လေး ကသိ ကအောက် ဖြစ်တတ် ကြတာ ပါ။ ဒါပေမယ့် ကိုယ့်ရဲ့
လိင်မှုဆိုင်ရာ စွမ်းဆောင်မှုတွေ ပုံမှန် ဖြစ်စေဖို့နဲ့ အကြောင်းရင်းခံ တွေကို ကုသဖို့က အရေးကြီးတယ်
မဟုတ်ပါလား။

ဆရာဝန်ကသာ ဖြစ်နိုင်ခြေတွေကို ဆန်းစစ်ပြီး အဓိက အကြောင်းကို ထောက်ပြ ကုသပေးနိုင်မှာပါ။

ဝိတ်လျှော့တာလို၊ ဆေးလိပ် ဖြတ်တာလို ဘဝနေနည်းတွေ အတွက်လည်း အကြံပေးနိုင်မှာပါ။

လိုအပ်ရင် တခြားရောဂါတွေ ကုသဖို့၊ လိင်မှုကိစ္စ အတွက် သီးသန့် ဆေးဝါးတွေ ညွှန်ကြားဖို့၊ ဟော်မုန်း
ကုထုံး တွေ ပေးဖို့ ဆုံးဖြတ်လမ်းပြပေးနိုင်မှာပါ။

လူ့ဘဝရောက်တုန်း၊ လောကီထဲမှာ သံသရာ လည်တုန်း အချိန်လေးမှာ သဘာဝ လက်ဆောင် တပ်
မက်စရာ အာရုံ ခံစားမှု အတွက် ကိုယ့်မှာ အခက်အခဲ ဖြစ်နေပြီ၊ ပြဿနာရှိနေပြီ ဆိုရင်ဖြင့် တတ်
ကျွမ်းသူနဲ့သာ နှစ်သိမ့်ဆွေးနွေး အကြံပေးမှု ခံယူလိုက်ပါ။ အားလုံးပဲ အဆင်ပြေ လန်းဆန်းနိုင်ကြ
ပါစေ။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain
http://burma.irrawaddy.org/article/2015/01/09/69595.html

Read More »

Wednesday, September 17, 2014

မြွေအဆိပ် ဖြေဆေး အပင်



ရရှိနိုင်သော ဒေသ
  • မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
  • ရောက်လေရာရာ အရပ်တိုင်းတွင် တွေ့မြင်ရသော အပင်ဖြစ်သည်။
  • ထိုအပင်၏ အရွက်မှာ ဆေးခါးရွက်နှင့် တူပြီး အပွင့်မှာ ခရမ်းရောင် ပန်းလေးများ ဖြစ်သည်။
  • အပင်၏ အရွယ်အစားမှာ မတူညီပဲ တစ်ထွာ မှ သုံး - လေးပေ အထိ မြင့်သည်။
  • ထို အပင်ကို ရခိုင်မှ ဆေးပညာ လေ့လာ လိုက်စားသော ဆရာတော်မှ လွန်ခဲ့သော (၁၀) နှစ်လောက်
    ကပင် ပြောပြ ခဲ့သဖြင့် စမ်းသပ် အသုံးပြု ခဲ့ရာ ရာနှုန်းပြည့် အောင်မြင် ခဲ့သည်။
သုံးစွဲပုံနှင့် ကုသပုံ အညွန်း
  1. ၄င်း ဆေးပင်ကို ခူးယူ လိုက်ပါ။
  2. ရေစင်နေအောင် ဆေးလိုက်ပါ။
  3. ပြီးလျှင် ပါးစပ်ထဲ ထည့်၍ ၀ါးလိုက်ပါ။
  4. ထွက်လာသော အရည်ကို အနာ၏ အ၀ပေါ်ကို သုတ်လိမ်းပေးပါ။
  5. အဖတ်ကို မြိုချ လိုက်ပါ။
ဆေး အစွမ်း
  • မြွေပွေး၊ မြွေဟောက် စသော အဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော်
    ဝင်၍ ရောင်ရမ်း ကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။
  • အထူးသဖြင့် ပြင်းထန်သော မြွေပွေး မြွေဟောက် အဆိပ်များကို (၅) မိနစ်ခန့်တွင် လုံးဝ ပျောက်ကင်းစေ
    ပါသည်။
  • ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။
ဖေါ်ပြပါ ပုံထဲမှ အပင်ကို ဆေးကျမ်း အလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။

Credit to : စောနွဲ့ နေဆိုင် (ပူတာအို)

From: https://www.facebook.com/yin.htwe.503

Read More »

Wednesday, July 30, 2014

လင်မယား ဆက်ဆံ ရာမှာ ပါးစပ်ကို အသုံး ပြု ခြင်း (ကျန်းမာရေး ဆေးစာ) - ၁၈ နှစ်ပြည့်မှ ဖတ်ပါ



အရင်က ဒီလို ဆေးပညာ စာမျိုးကို အများ ဖတ်တဲ့ ‘ဖေ့စ်ဘွတ်’ မှာ မတင်ပါ။ (၁၈) နှစ် ပြည့်မှ ဖတ်ပါ ဆေးပညာ စာများ ‘ဘလော့ခ်’ ပျက် သွား လို့သာ တင် ပါတယ်။ နားလည်မှု ပေးစေ လို ပါတယ်။

Q: ကျွန်တော် သိချင် တာလေး ရှိလို့ မေး ပါရစေ ဆရာ။ Oral Practice and STDs ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးရင် ရနိုင်တဲ့ ကူးစက် ရောဂါတွေ အကြောင်း သိချင် လို့ပါ။

လိင် ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးလို့လဲ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်တယ်။

(၁) HIV
လိင်က တဆင့် ကူးစက် ရောဂါ ရဘို့ နှိုင်းယှဉ် ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်း တွေထက် နည်းတယ်။ ကူးစက် ဘို့ မဖြစ် နိုင် တာ တော့ မဟုတ်ပါ။ Latex လေး တက်စ် ကွန်ဒွမ်၊ Polyurethane ပေါ်လီယူရီသိန်း ကွန်ဒွမ်၊ အမျိုး သမီး သုံး ကွန်ဒွမ် တွေ ကနေ ကူး စက် ဘို့ အခွင့် အလမ်း ကို ထိထိ ရောက် ရောက် ကာကွယ် နိုင်တယ်။ ပြုလုပ် ပေးသူရဲ့ ပါးစပ် နေရာမှာ ပြတ်ရှတာ၊ အနာ အဆာ ရှိတာ ဆိုရင် ပိုပြီး ကူးစက် လာ စေနိုင်တယ်။ သုက်ရည် ကို ပါးစပ်ထဲ ထည့် ရင်လဲ အတူတူ ဘဲ။ သွား ရောဂါ အတွက် ခွဲစိတ် ထားရ ရင်လဲ ဖြစ်နိုင် တယ်။ တခြား လိင် က တဆင့် ကူးစက် ရောဂါ တွေလဲ အတူတူဘဲ။ အဓိက ကတော့ ပြုလုပ် ပေးသူ ဖြစ်တယ်။

(၂) Herpes ရေယုံ
Genital herpes လိင် လမ်း ရေယုံကို ဖြစ်စေ တာက HSV-2 နဲ့ ပါးစပ် - နှုပ်ခမ်း ရေယုံကို ဖြစ်စေ တာက HSV-1 ဗိုင်းရပ်စ် အမျိုး အစား မတူ ကြပါ။ ဒါပေမဲ့ ၂ မျိုးလုံး ဟာ ပါးစပ်ကို ဆက်ဆံ ရာမှာ သုံးလို့ နေရာ ၂ ခုလုံး ကို ကူးစက် လာနိုင်တယ်။ ရေယုံ ဟာ မျက်စိနဲ့ မမြင်ရ ဘဲလဲ ရှိနေနိုင် တာကို သတိပြု ရပါမယ်။ ကာကွယ်တဲ့ အနေနဲ့ Zovirax (acyclovir) ဆေး သုံးရင် အခွင့် အလမ်းကို နည်းစေ ပေမဲ့ ရာခိုင်နှုန်း ပြည့် မဟုတ်ပါ။ ကွမ်ဒွမ် က နေလဲ အပြည့် အဝ မကာကွယ် နိုင်ပါ။ အရေပြား ကနေ အရေပြား ကို ကူးစက် နိုင်လို့ ဖြစ်ပါတယ်။

(၃) HPV ကြွက်နို့
ကူးစက် နိုင်တယ်။ ခံတွင်း ကင်ဆာနဲ့ လည်ချောင်း ကင်ဆာ တွေကိုလဲ ဒီဗိုင်းရပ်စ် ကနေ ဆက်ဖြစ် လာနိုင် တာကို သတိပြု ရပါမယ်။ HPV ပိုးဟာ ပိုးရှိ မိခင် ကနေ မွေးလာမဲ့ ကလေး ကိုလဲ မွေးဖွါး ဖြစ်စဉ် အတွင်းမှာ ကူးစက် နိုင်တယ်။ ကွန်ဒွမ်နဲ့ Dental dams သွား တပ် စရာတွေ ကနေ ကူး စက်မဲ့ အခွင့် အလမ်းကို နည်းစေ နိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မဟုတ်ပါ။

(၄) Gonorrhea ဂနိုးရီးယား
ကနေ့ ကာလမှာ လူငယ် လူရွယ်တွေ လည်ချောင်း နာလို့ လာရင် ဂနိုးရီးယား ပိုးကြောင် ဖြစ်နေ သူတွေ တိုး လာတယ်။ ကုသ ရလဲ အတော် ခက်ခဲ လှတယ်။ ဆက်ဆံ သူနှစ်ဦးမှာ အပြန် အလှန် ကူးစေတယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ် စရာတွေ ကနေ ကူးစက်မဲ့ အခွင့် အလမ်း ကို ကောင်း ကောင်း ကာကွယ် နိုင်တယ်။

(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ် ပေးသူ ကိုရော အပြု ခံသူ ကိုပါ ကူးစေ နိုင်တယ်။

(၆) Syphilis ဆစ်ဖလစ်
အလွန် ကူးစက် နိုင်တယ်။ အမေရီး ကားမှာ ဆစ်ဖလစ် ဖြစ်သူ တွေရဲ့ ၁၅% ဟာ ပါးစပ် သုံးရာ ကနေ ကူးတာ ဖြစ်တယ်။ ရောဂါ လက္ခဏာ တွေ ရှိနေချိန် (အဆင့် ၁ + ၂) မှာ ကူးစက်တယ်။ သတိပြု ဘို့က မနာတဲ့ အနာ ဖြစ်လို့ ရောဂါ ရှိနေ တာကို မသိဘဲ နေတတ်တယ်။ VDRL သွေး စစ် မှ သာ ပိုးရှိ - မရှိ သိတယ်။

(၇) Hepatitis B ဘီပိုး
သုတေသန တွေ လုပ်ပေမဲ့ အချုပ်ပြောဘို့ မသေခြာ သေးပါ။ Oral-anal contact (ပါးစပ်+စအို) လမ်း ကနေ ဆိုရင်တော့ Hepatitis A ကူး စက် မှာ သေချာတယ်။ Hepatitis B အတွက် လဲ မကူးဘူး လို့ ပြော မရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ် ဆေး ထိုးထား နိုင်ပါတယ်။

(၈) Yeast Infection မှိုပိုး
Fungal infection (ဖန်းဂတ်စ်) လို့လဲ ခေါ်တယ်။ မှိုပိုး တွေက လူတိုင်း လိုလိုမှာ ရှိနေ နိုင်တယ်။ နေရာ အများ အပြားမှာ နေနိုင်တယ်။ လိင် ဆက်ဆံ မှု ကနေ ကူးနိုင်တာ နှစ်နေရာ ရှိတယ်။ (၁) ပါးစပ်နဲ့ (၂) ဗဂျိုင်းနား ဖြစ်တယ်။ ပါးစပ်ထဲမှာ ပိုးရှိနေ ပေမဲ့ ဘာမှ မဖြစ် သလို နေနိုင်လို့ ပြော မရဘူး။ ဥပမာ ကလေးငယ် လေးတွေ ကို နို့တိုက်ရင် လျှာမှာ ‘မှက်ခရု’ ဖြစ် တာက မိခင်နို့ ကနေ ကူးလာ တာ ဖြစ်တယ်။ အမျိုးသမီး တွေ ‘ဗဂျိုင်းနား’ ကနေ အဖြူဆင်း တာလဲ အတော် များများက Vaginal yeast infection မှို (ဖန်းဂတ်စ်) ကြောင့် ဖြစ်တယ်။ အဲတာလဲ ပိုးရှိ နေပေမဲ့ ဘာမှ မဖြစ် သလို နေ တတ်သေးတယ်။ အပျိုတွေ မှာလဲ ဖြစ်နိုင်တယ်။ ဗက်တီးယား သေဆေး သောက် တာ၊ ရာသီဥတု ပူအိုက် စွပ်စို တာ ကနေ ဖြစ် တတ်တယ်။ ဝတဲ့ သူတွေ၊ ဆီးချို ရှိသူတွေ၊ HIV ရှိသူ တွေနဲ့ သွေးဆုံး သူတွေမှာ ပိုဖြစ် တတ်တယ်။ ဒါပေမဲ့ ဆေးကု ရတာ မခက်ပါ။

From: ဒေါက်တာတင့်ဆွေ

HIM


Read More »