နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label တွေ့ဆုံမေးမြန်ခြင်း. Show all posts
Showing posts with label တွေ့ဆုံမေးမြန်ခြင်း. Show all posts

Friday, March 10, 2017

ကိုးကန့်တပ်၏ ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ကာစီနိုရုံက မိန်းကလေးနှင့် မေးမြန်းချက်




လောက်ကိုင် မြို့ပေါ်က ဖူလီလိုက် ကာစီနိုရုံက ငွေတွေ ယူကာ မိန်းကလေး အယောက် ၈၀ ကို ကိုးကန့် တပ်ဖွဲ့က မတ်လ ၆ ရက်နေ့က ခေါ်ဆောင် သွားခဲ့ပြီး တရုတ်နိုင်ငံ နမ်ဆန်မြို့ ဟိုတယ်ရှေ့မှာ ပြန်လွှတ်ပေး ခဲ့တယ်လို့ ခေါ်ဆောင် ခံခဲ့ရတဲ့ ဖူလီလိုက် ကာစီနို ရုံဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ ခေါ်ဆောင်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဖူလီလိုက်ကာစီနို လောင်းကစားရုံဝန်ထမ်း အမျိုးသမီးကို အဲဒီနေ့က ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းထောက် ခွန်ဇော်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

ရုပ်သံကြည့်ရှုရန်….



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/193984

Read More »

Sunday, February 19, 2017

NCA လက်မှတ် ရေးထိုးရေး ဗိုလ်ချုပ်ဂွမ်မော် အမြင်


KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဗွီအိုအေ (မြန်မာပိုင်း)နဲ့ သီးသန့် တွေ့ဆုံစဉ်


ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဖို့ အစိုးရရဲ့ ဖိတ်ကြားချက် အပေါ်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ခေါင်းဆောင်တွေ ဘယ်လို တုန့်ပြန် သလဲလို့ VOA မအင်ကြင်းနိုင်က မေးမြန်း ရာမှာတော့ UNFC ရဲ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ DPN ဒုတိယ ခေါင်းဆောင် KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ခုလို စပြော ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ တွေ့ဆုံမှုကတော့ ကျနော်တို့လက်ခံပါတယ်။ အစကတည်းက တွေ့ဆုံဖို့လည်း ကျနော်တို့က စပြီးတောင်းဆို ထားတာပါ။ အခုကတော့ ရက်ကို ပြန်ပြီးသတ်မှတ်ကြဖို့ ကျနော်တို့ ညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အစိုးရဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဗိုလ်ချုပ်တို့ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်မှာ ဗိုလ်ချုပ်တို့ တင်ပြတဲ့ အချက်ကို အဓိက ဆွေးနွေးမှာလား၊ ဆွေးနွေးမယ့် အကြောင်းအရာကိုရော သူတို့ ဘယ်လိုပြောလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ အဲဒီကိစ္စကတော့ ကျနော်တို့ ညှိနှိုင်းထားတာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တင်ပြဖို့ လိုအပ်တဲ့ အချက်တွေ၊ ဆွေးနွေးဖို့ လိုတဲ့အချက်တွေကို မျက်နှာချင်းဆိုင်ပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဒီကေအိုင်အိုတို့ပေါ့နော်၊ အခု ဒီငြိမ်းချမ်းရေး ကိစ္စမှာ အဲဒီ လိုအပ်ချက်တွေပေါ့လေ၊ အဲတာတွေကိုလည်း ထောက်ပြထားတော့ ဗိုလ်ချုပ်တို့ အခုထုတ်ပြန်ချက် ထဲမှာပါတဲ့ အချက်တွေက ပြေလည်နိုင်ဖို့ပေါ့နော်၊ အထူးသဖြင့် စစ်တပ်နဲ့လား၊ ဒါမှမဟုတ် အစိုးရနဲ့ ဖြစ်နေတာလားပေါ့နော်၊ အဲတာ ဘယ်လို သုံးသပ်ပါသလဲရှင့်။


ဗိုလ်ချုပ်ဂွမ်မော်။ ။
ကျနော်တို့ ကေအိုင်အိုကတော့ အမြဲတမ်း အစိုးရလို့သုံးပါတယ်။ ဒါပေမယ့် အစိုးရဘက်မှာက တပ်မတော် နဲ့လည်းတွေ့ပါဆိုတဲ့ အသံတွေ ထွက်ထွက် လာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ တာဝန်ပေးတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့မှာပါ။ လိုအပ်လာရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သီးခြားလည်းတွေ့ဖို့ရှိပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး မူဝါဒအရ သွားမယ့် လမ်းကြောင်းအားလုံးမှာတော့ UNFC ကိုယ်စားလှယ်တွေရဲ့ ဦးဆောင်မှုအောက် ကနေ ကေအိုင်အိုကတော့ လိုက်ပါမှာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။။ ဒါပေမယ့် တဘက်မှာလည်း ဒီတပ်မတော်က ထိုးစစ်တွေဆင်နေတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က တားမြစ်နိုင်မှု မရှိတဲ့ အပိုင်းကို
ထောက်ပြနေတာကိုလည်း တွေ့ရတယ်။ ဒါပေမယ့် တဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အပိုင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေ ဘက်ကရော ဘယ်လို သုံးသပ်သလဲရှင့်။


ဗိုလ်ချုပ်ဂွမ်မော်။ ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်လိုတဲ့ ဆန္ဒကို ကျနော်တို့ သံသယ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ပြော ခဲ့တဲ့ အတိုင်း ၂၀၀၈ အခြေခံ ဥပဒေ အောက်မှာ တပ်မတော်ကို ဘယ်သူမှ ထိန်းချုပ်လို့ မရပါဘူး။ အဲဒီတော့ တကယ်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မဟုတ်ပဲနဲ့ တခြား တယောက် ဖြစ်တယ် ဆိုလို့ရှိရင် ပြည်သူလူထု အနေနဲ့ရော EAO အနေနဲ့ရော သည်းခံနိုင် မလား၊ ဟို သည်းမခံပဲနဲ့ တခုခု ထလုပ် မလားဆိုတဲ့ အပိုင်းကို အဓိက ထောက်ပြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီကိစ္စက ကျနော်တို့ နည်းနည်း ရှုပ်ထွေးပါတယ်။ အဲတော့ ဒီလို လက်မှတ်ထိုး လိုက်ခြင်းအားဖြင့်သော်လည်းကောင်း၊ အခုသွားနေတဲ့ ငြိမ်းချမ်းရေး process (လုပ်ငန်းစဉ်)တွေ အရသော်လည်းကောင်း၊ ဒီ ၂၀၀၈ အခြေခံဥပဒေ ကျတော့ရော၊ တကယ်ပဲ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြုပြင်နိုင်ကြ မလားဆိုတဲ့ အပိုင်းကလည်း ကျနော်တို့ နောက်ထပ်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းထားသလို NCA စာချုပ်မှာ လက်မှတ်ရေး ထိုးမယ့် အလားအလာ ကျတော့ရော ဘယ်လိုရှိလဲရှင့်။

ဗိုလ်ချုပ်ဂွမ်မော်။ ။ NCA လက်မှတ် ထိုးမလား၊ မထိုးဘူးလား ဆိုတာကို တိုက်ရိုက် မေးခွန်းတွေနဲ့မေးပြီး တိုက်ရိုက်ဖြေလို့ မရပါဘူး။ ကျနော်တို့ ဟိုတခြား အထောက်အကူပြုတဲ့ အချက်တွေ၊ ပြီးလို့ရှိရင် ဆွေးနွေးပြီးမှ ကြိုတင် သဘောတူထားရမယ့် အချက်တွေရှိပါတယ်။ ဒါ ကျနော် ဥပမာ နှစ်ခုလောက် ပြောချင်ပါတယ်။

ပထမအချက်ကတော့ ဥပမာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ပြီးလို့ရှိရင် အစိုးရသော်လည်းကောင်း၊ တပ်မတော်က သော်လည်းကောင်း တနိုင်ငံလုံးမှာ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေငြာပေးနိုင် မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီဟာက အခုထက်ထိ မကြေငြာသေးနိုင်သေးဘူးလို့ တပ်မတော်က ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ အဲဒီတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီလို့ မကြေ
ငြာသေး ပဲနဲ့ ကျနော်တို့က လက်မှတ် ထိုးမလား၊ ဒါ ဥပမာ တခုပေါ့နော်။

နောက်တခုက ကျနော်တို့ လက်မှတ်ထိုးပြီးလို့ရှိရင် ကျနော်တို့ နှစ်ဘက်တပ်ပိုင်း ပြန်လည်နေရာချထားရေးကို ဘယ်လိုလုပ်မလဲ ဆိုတဲ့အပိုင်းကို ကျနော်တို့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ကို မပြောပါနဲ့ လက်မှတ်ထိုးပြီးသား ရှစ်ဖွဲ့တောင်မှ အခုထက်ထိ ညှိုနှိုင်းလို့ မရသေးပါဘူး။

ကျနော်တို့ ကေအိုင်အို အနေနဲ့ကတော့ နှစ်ဘက်တပ်စခန်းတွေ ဘယ်လိုနေရာ ပြန်ချထားမလဲဆိုတာ ၂၀၁၂ ဇန်န၀ါရီ ၁၇-၁၈ ဆွေးနွေးစဉ် ကာလမှာ တရားဝင်စာနဲ့ တင်ခဲ့တယ်။ ၂၀၁၃ မေလ ၂၉ ရက်နေ့ ဦးအောင်မင်းတို့ကို ကျနော် တကြိမ်စာနဲ့ ကျနော်တို့ တင်ခဲ့ပါတယ်။

အဲတော့ ၂၀၁၂ ကတည်းက တင်ထားတဲ့ အဆိုပြုချက်ဟာ အခုချိန်ထိ ကျနော်တို့ မဆွေးနွေးရသေးဘူး၊ အဲတော့ ဒီလို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဘာမှ မဆွေးနွေးပဲနဲ့ ဒီ NCA ကို လက်မှတ် ထိုးမလားဆိုတဲ့ ဒီလို ဥပမာမျိုး ရှိပါတယ်။

အဲတော့ ကျနော်တို့က လိုအပ်တဲ့ ကိစ္စများကို ညှိုနှိုင်းပြီးတော့ ထိုးနိုင်တဲ့ အဆင့်ရောက်ရင် လက်မှတ်ထိုးဖို့ဖြစ်ပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (အင်ကြင်းနိုင်)

Originally published at - http://burmese.voanews.com

Read More »

Sunday, February 12, 2017

ဦးကိုနီ လုပ်ကြံခံရမှု လေဆိပ်စီစီတီဗွီ မှတ်တမ်း တွေ့ရှိချက် ဒုရဲမှူးကြီး ထုတ်ဖော် ပြောကြား




ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံ ပစ်သတ် ခံရ ပြီးနောက် လိုက်လံ ဖမ်းဆီးတဲ့ တက္ကစီ သမား ကိုနေ၀င်းလည်း ပစ်ခတ် ခံရပြီး သေဆုံး ခဲ့ပါတယ်။

ဦးကိုနီနဲ့ ကိုနေ၀င်း လုပ်ကြံခံခဲ့ရတဲ့ အခြေနေတွေနဲ့ပတ်သက်လို့ စီစီတီဗွီမှတ်တမ်းတွေမှာ ဘာတွေ ဖော် ထုတ်တွေ့ရှိ ရသလဲ၊ သေနတ်သမား ကြည်လင်း ကြိုတင်ပြီး လေဆိပ် အတွင်းမှာ ထောက်လှမ်း ခဲ့တဲ့ အခြေနေ၊ ပစ်ခတ်မှု အပြီး ဦးကြည်လင်းကို ဘယ်လို ဖမ်းဆီးခဲ့သလဲ စတာတွေနဲ့ ပတ်သက်ပြီး အမှတ် ၅ လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှူး ရန်ကုန်လေဆိပ် လုံခြုံရေး တာဝန်ခံ ဒုတိယ ရဲမှူးကြီး တင်မင်းဦးကို ဒီဗွီဘီ သတင်း
ထောက် စိုးယုဇော်က တွေ့ဆုံ မေးမြန်း ထားတာကို ရုပ်သံ ဗွီဒီယိုမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။

“၃၁ စက္ကန့်မှာ ဦးကြည်လင်း သေနတ်ထုတ်လိုက်တာ စီစီတီဗွီမှတ်တမ်းမှာ တွေ့ရတယ်။ ၃၂ စက္ကန့်မှာ ပစ်လိုက်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာတင် ချက်ခြင်း သူ့ အိတ်ထဲကနေ ထုတ်လိုက်တယ်၊ ပြီးတာနဲ့ ချက်ခြင်း ချိန်လိုက်တယ်၊ ပြီးတာနဲ့ ဒုန်းကနဲ ပစ်ပြီးတာနဲ့ တခါတည်းပဲ ပြေးနေတဲ့အချိန်မှာ ဘေးနားက ရှိနေတဲ့သူတွေကို သေနတ်နဲ့ ချိန်ပြီးတော့မှ ဘေးဖယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သူ တခါထဲ ပြေးသွားတယ်————။”

မေးမြန်းချက်အပြည့်စုံ ကြည့်ရှုရန်



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188824

Read More »

Friday, February 10, 2017

ရန်ကုန်လေဆိပ် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ – ဒု-ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်




ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံ ပစ်သတ် ခံရ ပြီးနောက် လေဆိပ် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက် နေပါတယ်။

လက်ရှိလေဆိပ် လုံခြုံရေး အခြေ အနေနဲ့ပတ်သက်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒု-ညွှန်ကြားရေး မှူးချုပ် ဦးရဲထွဋ်အောင်ကို ဒီဗွီဘီက တွေ့ဆုံ
မေးမြန်းရာမှာ လေဆိပ် အဆောက် အဦးပိုင်း လုံခြုံရေးနဲ့ အများပြည်သူတွေရဲ့ နေရာ လုံခြုံရေးကို နှစ်ပိုင်းခွဲပြီး လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

“လေဆိပ်လုံခြုံရေးအနေနဲ့ ဦးတို့က နှစ်ပိုင်းပေါ့နော်။ လေဆိပ်အဆောက်အဦ Terminal လုံခြုံရေးနဲ့ Landside Security လို့ခေါ်တဲ့ အပြင်ဘက် Public Area လုံခြုံရေး
နှစ်ခုခွဲပြီးတော့ ဆောင်ရွက်နေတာရှိတယ်။

Terminal လုံခြုံရေးအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၉ ရက် ဖြစ်ပြီးတဲ့နောက်ပိုင်းကစလို့ လေဆိပ်အ၀င်ဝတွေမှာ စစ်ဆေးတဲ့အခါ အရင်တုန်းကတော့ ခရီးသည်တွေရဲ့အိတ်၊ လက်ဆွဲအိတ်တွေကိုပဲ၊ ခရီးသည်တွေရော၊ လိုက်ပို့တဲ့လူတွေရဲ့ လက်ဆွဲအိတ်တွေ၊ ပိုက်ဆံအိတ်တွေ အကုန်လုံး X-ray နဲ့ စစ်ဆေးတယ်။

လူကိုတော့ သီးခြားမစစ်ဆေးဘဲနဲ့ လေဆိပ်အတွင်းထဲကို ဝင်ခွင့်ပြုတယ်။ အခု အဲဒီနေ့ကစပြီးတော့ လူကိုပါ စစ်ဆေးတယ်။ လူကို စစ်ဆေးတဲ့အခါမှာ Walk Through Elevator လို့ခေါ်တဲ့ လမ်းလျှောက်ပြီးတော့ ဖြတ်ပြီးဝင်ရတဲ့စက်နဲ့ စစ်သလို အထဲရောက်ပြီးတာနဲ့ Body Search လုပ်တယ်ပေါ့။ ထပ်ပြီးတော့ နောက်တကြိမ် Normal Hand Search လုပ်ပါတယ်။

လေဆိပ်ထဲကို ဝင်တယ်ဆိုရင် စစ်ဆေးတာကို တိုးမြှင့်ဆောင်ရွက်နေတယ်။ ပြီးတော့ Landside Security နဲ့ပတ်သက်လို့တော့ Public ဧရိယာတွေဖြစ်တဲ့ ကားလမ်းတွေ၊ လေဆိပ် အဆောက်အဦထဲ ဝင်မယ့်၊ ထွက်မယ့် ကားလမ်းတွေ နေရာတွေမှာ လုံခြုံရေး လေကြောင်း ရဲတပ်ဖွဲ့က အင်အားတွေ ချထားပြီးတော့မှ လက်နက် ကိုင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စောင့်ကြပ်တဲ့ စနစ်ကို ဆောင်ရွက်နေတယ်။

အလားတူပဲ လှည့်ကင်းတွေနဲ့ လှည့်တယ်။ လှည့်တဲ့အခါမှာလည်း လမ်းလျှောက်ပြီးတော့ လှည့်သလိုပဲ ယာဉ်တင်လှည့်ကင်းနဲ့ လှည့်တဲ့ စနစ်လည်း ဆောင်ရွက်နေ ပါတယ်။

ဒါကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ချက်ချင်း လုပ်ဆောင်လိုက်တဲ့ အနေအထားပေါ့။”

အင်တာဗျူးအပြည့်အစုံကို ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188574

Read More »

Sunday, February 05, 2017

အောက်ခြေက မပြောင်းတော့ ဒီ ကြိုးနီ စနစ်ကြီးက ခိုင်ခိုင် မာမာကြီး ရှိနေတုန်းပဲ




အစိုးရ သစ်ရဲ့ ဆယ်လတာ ကာလ အတွင်းမှာ ဟိုတယ် နဲ့ ခရီးသွား လုပ်ငန်း အခြေ အနေနဲ့ ပတ်သက်ပြီး သုံးသပ်ချက် များကို ဟိုတယ် လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးဌေးအောင်နဲ့ တွေ့ဆုံ မေးမြန်း သွားမှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ ၊အန်ကယ် ၊ မင်္ဂလာပါ ခင်ဗျ။ ပထမဦးဆုံး မေးချင်တာက အစိုးရသစ် လက်ထက် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း အခြေ အနေ ဘယ်လို ရှိပါသလဲ ခင်ဗျ။

ဖြေ - NLD အစိုးရသစ် တက်လာ ပြီးတော့ ဒေါ်စု ကိုယ်တိုင် ဝန်ခံသွား တာလေး တစ်ခု ရှိပါတယ်။ “ကျွန်မတို့ စီးပွားရေးတွေ နည်းနည်း ကျဆင်းလာပြီ။” Tourism ဆိုတာက ခင်ဗျားတို့ ကြားဖူး လိမ့်မယ်ဗျ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငါးသန်းတို့ ဘာတို့ပြောတာ အခုသတင်းစာခေါင်းကြီးပိုင်း ရေးထားတယ်။ တစ်ကယ်ဝင်တာ တစ်သန်းပဲဆိုတာ လိမ်ညာပြီးပြတဲ့ စာရင်းတွေပေါ့ဗျာ။ နယ်စပ်မှာ ဖြတ်သွားဖြတ်လာ သွားတာတွေကော၊ ကိန်းဂဏန်း တွေကို သုညတွေ နောက်က တိုးတာတွေကော၊ ဟိုတယ် Tourism ကြီးက
ဖောင်းပွ လာနေ တယ်ပေါ့။

အမှန်တကယ်ဝင်တာနဲ့လေ ကျွန်တော်တို့က ထဲထဲဝင်ဝင် လုပ်နေတဲ့ သူတွေပါ။ ဟိုတယ် Industry က တကယ်ပဲ ကျနေတဲ့ဘက်မှာ ရှိနေတာပါခင်ဗျ။ ဒါကို ဦးမော့အောင် လုပ်ဖို့ဆိုတာက ဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့ မရပါဘူး ခင်ဗျ။ လူဝင်မှုကြီးကြပ်ရေးကလည်း လွယ်ကူတဲ့ Visa တွေ စီစဉ်ပေးရပါမယ်။

နောက် ကာကွယ်ရေး၊ လုံခြုံရေး ဒီလိုမျိုးလည်း လိုအပ်ပါတယ်။ အခုခရီးသွားဖို့ မသင့်တဲ့ နေရာတွေ ထုတ်ပြန်ကြေညာ လိုက်တဲ့ အခါမှာဆိုရင် မေမြို့ဟာ ထိပ်က ရောက်နေပါတယ်။ မေမြို့ မိုးကြိုးပစ်ဆိုတာ တစ်စပ် တစ်ဆက်တည်း ရှိနေတာပါ။

တစ်မြို့နဲ့တစ်မြို့ မဟုတ်ဘူး တစ်ရွာနဲ့တစ်ရွာမဟုတ်ဘူး။ မေမြို့အထွက်ကလေးက မိုးကုတ်လမ်းမပေါ်မှာ မိုးကြိုးပစ် ဆိုတာရှိတာပါ။ ပြောရလို့ရှိရင် မေမြို့နဲ့ တစ်ဆက် တစ်ဆက်တည်းတောင် ရှိနေပြီ။ အဲ့ဒီကိုခရီးသွားရရန် မသင့်ဘူးလို့ လုံခြုံရေးဌာနတွေက ထုတ်ပြန်ပါတယ်ခင်ဗျ။

အဲ့ဒီအခါမှာ Cancellation တွေ အများကြီးဖြစ်ပါတယ်။ မလုံခြုံတော့ဘူး။ နယ်စပ်မှာရှိနေတဲ့ ဖြစ်ပွားနေတဲ့ စစ်မက်တွေဟာလည်း နိုင်ငံခြားသားတစ်ယောက်၊ ဧည့် တစ်ယောက် အနေနဲ့က မြန်မာပြည်မှာ စစ်ဖြစ်နေတယ် လို့ပဲ သိတာ။ ရှမ်းပြည်နယ်မှာလား မွန်ပြည်နယ်မှာလား ဆိုတာ ကွဲကွဲပြားပြား မသိဘူး။

အဲတော့ အန္တာရာယ်ရှိတဲ့နေရာကို ဘယ်သူကမှ အလည်ခရီးမလာလိုပါဘူးဗျာ။ ဒါကြောင့်မို့ ငြိမ်းချမ်းဖို့လိုပါတယ်နော်။ ဟိုတယ် Industry မှမဟုတ်ပါဘူး ။

တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ဆိုရင် အခု ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) တို့ကြိုးစားနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာဆိုလည်းပဲ အင်မတန် အရေးပါ တယ်လို့ ကျွန်တော် ထည့်သွင်းပြောပြလိုပါတယ်ခင်ဗျာ။

မေး - အရင်ဝန်ကြီးတွေနဲ့ အခု ဝန်ကြီးတွေ ဘာကွာခြားမှုရှိသလဲ ခင်ဗျ။

ဖြေ - အရင်ခေတ်ကာလတုန်းက ဝန်ကြီးတွေဆိုတာ မိန့်ခွန်းခြွေတာလောက်ပဲ ရှိတယ်။ ပြည်သူတွေဆီကနေပြီးတော့ ဘာကိုမှ နားထောင်တာမရှိဘူး ခင်ဗျ။

လက်ခံရိုးထုံးစံလည်း မရှိခဲ့ဘူး။ အခုဝန်ကြီးတွေကတော့ အဲ့သည်လိုမဟုတ်ဘူးဗျ။ သူက တော်တော်နားထောင်နိုင်တဲ့ဟာပေါ့ ။ Listening Power အရမ်းများတယ်။

သူတို့က နားထောင်ပြီးတော့မှ ဆုံးဖြတ်တာ ။ အကုန်မှန်ချင်မှတော့ မှန်မှာပေါ့နော် ။ ကျွန်တော်ပြောလိုက်တာလေ။ အရာရာတိုင်းကိုလည်း ဝန်ကြီးချည်းပဲ တင်ပြလို့ရနေတာ မဟုတ်ဘူးလေ။ အခု ဝန်ကြီးရုံးမှာဆိုရင် PS က အကြီးဆုံးပေါ့။ PS က ကိုင်တွယ်တယ် တချို့သောကိစ္စ။ အဲ့လိုမှ မဟုတ်ဘူး ဦးစီးဌာနဘက်က လုပ်ရတော့မယ်ဆိုရင် ကျွန်တော်တို့က DG နဲ့ ဆက်သွယ်ရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့က အားလုံးနဲ့ သင့်မြတ်အောင် နေပါတယ်။

ကျွန်တော်တို့က ကုန်သည် စီးပွားရေးသမားပဲ။ သူတို့ကတော့ ဝန်ထမ်းဆိုတဲ့ အခါကျတော့လေ ကျွန်တော်ဝမ်းနည်းဖွယ်ရာတွေ့တာတစ်ခုတော့ ဝန်ထမ်း ကတော့ ခေါက်ရိုးကျိုးနေ တုန်းပဲဗျ။ အရင်ခေတ်ကလိုပဲ သူတို့တွေကလေ နှေးနှေး၊ နှေးနှေး နဲ့ပေါ့ ဟုတ်လား ။ ဒီထက်တော့ ကျွန်တော်ပိုပြီးတော့ ဘယ်သူ့ကိုမှ မနစ်နာစေချင်လို့ မပြောလိုပါဘူးဗျာ။

အဲ့တော့ သူတို့တွေလည်းပဲ မြန်မြန်ကလေး လျှောက်လှမ်းစေချင်ပါတယ်လို့ အကြံပြုလိုပါတယ်။ ဝန်ကြီးတွေ ပြောင်းသွားတာပဲ ရှိတယ်။ အောက်ခြေက မပြောင်းတဲ့ အခါကြတော့လေ ဒီ ကြိုးနီစနစ်ကြီးကတော့ ခိုင်ခိုင်မာမာကြီး ရှိနေတုန်းပဲခင်ဗျ။ တော်တော်ကို နှောင့်နှေးပါတယ် လုပ်ရကိုင်ရတာတွေကလေ။

စာတစ်စောင်တင်လိုက်လို့ သူတို့ဆီက စာပြန်လာဖို့တို့ ဘာတို့ဆိုတာ တော်တော်ကိုပေါ့ ကျွန်တော်တို့မှာ နှောင့်နှေးတယ်။ နောက်ပြီးတော့ အဲ့ဒီ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေကလဲ ရှိနေတုန်းပဲဗျ အဲ့ဒါလေးကိုတော့ ကျွန်တော် ဒီလောက်လေးပဲ ပြောချင်ပါတယ်။

မေး - ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအခြေအနေ ဦးမော့လာဖို့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲခင်ဗျ။

ဖြေ - အောင်မြင်ဖို့ ဆိုရင်တော့ ဝန်ကြီးဌာနက ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်တွေ ပေးရ ပါလိမ့်မယ်။ လုပ်ပိုင်ခွင့် ဆိုတာက စာချုပ်ပါ စည်းကမ်းအတိုင်း လုပ်ပိုင်ခွင့်ပါ။ သီးသန့်အပိုလည်း ကျွန်တော်တောင်းမှာ မဟုတ်ပါဘူး။ အခန်းတွေ တိုးချဲ့ရမယ်။ Tourism Park ဆိုပြီးတော့ ဒီထဲမှာ Sector မျိုးစုံပါဝင်တဲ့ Tourism ဆိုတာ တော်တော် ကျယ်ပြန့်တာပါ။

ပညာရေးတွေ ဟိုတယ်သင်တန်းကျောင်းကြီးတွေ ဖြစ်လာမယ်ဗျ။ ဟိုတယ်က တော်တော်နွယ်တာဗျ။ နောက်ဆုံး ယာဉ်မောင်း သင်တန်းလိုမျိုးပေါ့။

ကျွန်တော် Propose လုပ်ဖူးတယ်။ ယာဉ်မောင်းသင်တန်းနဲ့ ဟိုတယ်နဲ့ ဘာဆိုင်လဲလို့ ကျွန်တော့်ကို အတွင်းဝန်များရုံးက မေးဖူးတယ် ကျွန်တော့်ကို။ ဟိုတယ်ဆိုတာ ခရီးသည်တွေ၊ ဧည့်သည်တွေကို လက်ခံတဲ့နေရာ၊ အဲ့တာတွေကို မောင်းပို့နေရတာလည်း ခရီးသွားလုပ်ငန်းရဲ့ အထောက်ကူပြုလုပ်ငန်းတစ်ခုပဲလို့ သွားရှင်းပြ
ရသေးတယ်ခင်ဗျ။ အဲ့ဒီလောက်ထိ ဟိုတယ်ရဲ့ သဘောသဘာဝကို နားမလည်တာ။

မေး - တည်ငြိမ်မှုနဲ့ လုံခြုံရေး အခြေအနေတွေက ခရီးသွားလုပ်ငန်းတွေကို ဘယ်လို ထိခိုက်စေလဲခင်ဗျ။

ဖြေ - ကျွန်တော်တို့က တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးတော့ နယ်စပ် စစ်ပွဲတွေကအစ၊ ဟိုနား ဗုံးကွဲ ၊လေဆိပ်လိုနေရာမျိုးကြီးမှာ သေနတ်ပစ်ခံရတာမျိုးတွေကို မလုပ်ဆောင် ကြဖို့ပေါ့ဗျာ၊ ဒါကကျွန်တော် ဘယ်သူ့ကိုမှ စွပ်စွဲ ပြောတာ မဟုတ်ဘူး၊ ဒါ လုပ်လို့ဖြစ်သွား တာကိုးဗျ။ နောက်ကွယ်က ဘယ်သူရှိတာတို့ ၊ရှေ့က ဘယ်သူ ရှိတာတို့က ထားလိုက်ပါတော့။ ဒါကတစ်ပိုင်းပေါ့၊

ဒါက တကယ့်ကို ဦးကိုနီတစ်ယောက်ကို လုပ်ကြံရုံတင် မဟုတ်ဘူး။ တိုင်းပြည် မလုံခြုံဘူးလို့ ပြလိုက် တာပဲ။ လာမယ့်သူတွေ ထဲမှာ ရိုးရိုးပညာရှင်တွေ ပါမယ်၊ ချမ်းသာ ကြွယ်ဝတဲ့ သူတွေ လာမယ်။ ခရီးသည်က လူမျိုးစုံတယ်။ ပညာတတ်တွေပါတဲ့ အခါကြတော့ လေဆိပ်မှာတောင် မလုံခြုံဘူး။ ဒီလိုတွေပစ်နေ၊ခတ်နေတဲ့အခါကြတော့ နံပါတ်တစ် လုံခြုံမှုကို အရင်ဆုံးမြှင့်တင်ရပါလိမ့်မယ်။ ကျန်တာတွေက ကျွန်တော်တို့ဆီမှာရှိပြီးသားပါ။

Tourism ဖွံ့ဖြိုးဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ လူငယ်ထုပေါ့နော်။ ပညာတတ်လူငယ်ထုတွေ အမြောက်အများ ပြည်ပမှာ ပညာသင်ကြားနေကြပါတယ်။

အလုပ်လုပ်နေကြပါတယ်။ ဒီလူတွေဟာ အုံနဲ့အင်နဲ့ ပြန်လာမှာပါ၊ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးပြီဆိုတာနဲ့၊ အလုပ်အကိုင်ရှိတာနဲ့။ ဘယ်သူကမှ ပိုက်ဆံတစ်ခုတည်း အတွက်နဲ့ နိုင်ငံခြား သွားနေတာ မဟုတ်ဘူး။ ပညာ တတ်ချင်လို့ သွားတယ်၊ ပိုက်ဆံလေး စုဆောင်းဖို့ ခဏ သွားတယ်။ အမိနိုင်ငံကိုပြန်လာမဲ့ သူချည်းပဲ။ အဲ့ဒီတော့ အုံနဲ့အင်နဲ့ အဲ့ဒီ အုပ်စုကြီးတစ်စုပြန်လာလိမ့်မယ်။

မေး - ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ သိပါရစေခင်ဗျ။

ဖြေ - ကျွန်တော်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတကြီးတို့ကိုလည်း အလျင်းသင့်လို့ ဂါရဝတရားနဲ့ အသိပေးချင်ပါတယ်။ တိုင်းပြည်ကို ဘယ်လောက်
ကောင်းအောင် လုပ်ချင်ပေမဲ့ အောက်ခြေက ပါမလာလို့ဆိုရင်တော့ ခရီးမရောက်ဘူး။ အဲ့ဒီလို ပြောလို့ ဘယ်သူ့ကို ပယ်ရှားလိုက်ပါ။ ဘယ်သူတွေကို နှုတ်ပယ် လိုက်ပါလို့ ပြောတာ မဟုတ်ဘူး။

ဒီလူတွေကို အရည်အချင်း ပြည့်မှီ လာအောင် သင်တန်းပေး တာမျိုး၊ ဌာနပြောင်းလဲပေး တာမျိုး၊ ကျွန်တော်တို့လို ဖွင့်ဟပြောဆိုတဲ့ လူတွေကို အပြစ်မယူဘဲ၊ အညှိုး အဖွဲ့ မထားဘဲနဲ့ များများပြောကြ၊ ဒါပေမယ့် မှန်တာလဲ ပြောကြပေါ့နော်၊ အဖြစ်မှန်လည်းပြော၊ ကိုယ့်ရဲ့ထိခိုက်နစ်နာမှုတွေကိုလည်းတင်ပြ၊ အထက်က အောက်နဲ့ အကုန်လုံး သွားနေကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးဖို့ရာ အခုထက် ပိုပြီးမြန်ဆန်လိမ့်မယ်လို့ ကျွန်တော်လူကြီးတွေကို ဂါရဝတရားနဲ့ တင်ပြချင်ပါတယ်ခင်ဗျာ။

အစိုးရအပြောင်းအလဲမှာ ဒီ Tourism ကြီးက Bomb ဖြစ်လာမယ်လို့ သုံးသပ်တယ်။ အများပါ။ ကျွန်တော် တစ်ယောက်တည်း သုံးသပ်ချက် မဟုတ်ပါဘူး။ နိုင်ငံတကာ ကလည်း သုံးသပ်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ဖို့လောက် အထိပေါ့ဗျာ။

တိုင်းပြည်ပြောင်းလဲ သွားတာဘယ်လိုလဲ။ မပြောင်းလဲခင် ပုံရိပ်တွေက ဘယ်လိုလဲ။ မကြာခင် ပြောင်းလဲတော့မယ် အမျိုးမျိုးသော Potential တွေကို ရည်မှန်းထားတာ၊ အစိုးရ အပြောင်းအလဲမှာ တစ်ခါတည်း အားထားရတော့မယ်လို့ အောက်မေ့တဲ့အချိန်မှာ တပ်မတော်အဖွဲ့အစည်းနဲ့ ၊ တက်လာတဲ့ NLD က တက်လာတဲ့ အစိုးရ အဖွဲ့နဲ့က စည်းစည်းလုံးလုံး မလုပ်တဲ့အပေါ်မှာ လုံခြုံမှုတွေမရှိတော့သလို ခံစားရတယ်။

အဲ့ဒါဆို ဘယ်သူကလာမလဲ၊ အလည်လာတာလေဗျာ။ အသက်ကို ရင်းပြီးတော့ ဘယ်သူမှအလည်ခရီးကို မလာဘူးလေ။ စီးပွားရေးသမားပင်လျှင် စိတ်ချရတဲ့ နေရာ မှာမှ ရင်းနှီးမြှုပ်နှံ မှာလေ။ လည်ပတ် ဖို့ဆိုတာ ဒီထက်ပိုတယ်လေ၊ သာယာနေရမယ်၊ ပျော်ရွှင်ဖွယ်ရာကောင်းရမှာ။

မေး - ဟုတ်ကဲ့ ခင်ဗျာ .. အခုလိုမျိုး ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဖြေ – ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

From : မဇ္ဈိမ မီဒီယာ by ရဲကောင်းတင့်

Originally published at - http://mizzimaburmese.com/article/23180

Read More »

Saturday, February 04, 2017

ရန်ကုန်လေဆိပ် လုံခြုံရေးမှ ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် တွေ့ဆုံခြင်း




ရန်ကုန် လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥပဒေ အကြံပေး တရား လွှတ်တော် ဦးကိုနီကို အနီးကပ် ပစ်သတ် ပြီးနောက် ထွက်ပြေး လာသော
သေနတ် သမား ဦးကြည်လင်းသည် အငှားယာဉ် တစ်စီးကို တားဆီး၍ ထွက်ပြေးရန် ကြိုးစား ခဲ့ရာ သေနတ်သမား ကြည်လင်းနှင့် သူပစ် ကိုယ်ပစ် ယှဉ်ပစ်ပြီး တရားခံ ဖမ်းဆီး ခဲ့သော ရန်ကုန်လေဆိပ် လုံခြုံရေးမှ ဒုရဲအုပ် အောင်ကျော်ထွန်းနှင့် The Voice တွေ့ဆုံ မေးမြန်းမှုကို ဖော်ပြ အပ်ပါသည်။

The Voice : ဦးကိုနီ လုပ်ကြံခံရစဉ်က တရားခံနောက် တောက်လျှောက်လိုက်ပြီး အစ်ကို ဖမ်းဆီးပေးခဲ့တယ်လို့ ကြားသိရတယ်၊ ဖြစ်စဉ်အသေးစိတ် ပြန်ပြောပြပေးပါ။

AKT : အခင်းဖြစ်နေ့က VIP ဂိတ်မှာ လူကြီး အိတ်တွေ ဝင်ကူရွေးပြီး သယ်ပေးနေချိန် ဂိတ် (၆) ရှေ့မှာ ဖောင်းဆိုတဲ့ အသံ တစ်ချက် ကျွန်တော်ကြား လိုက်တယ်၊
နိုင်ငံခြားသား တစ်ယောက်က လူတစ်ယောက် သေနတ်မှန် သွားပြီလို့ အော်သံကြား လိုက်တာကြောင့် ကျွန်တော် အပြင်ပြေး ထွက်လာတယ်၊ သေနတ်သမားကို
မြင်လိုက်လို့ ခါးကြားမှာရှိတဲ့ ပစ္စတိုကို ထုတ်ပြီး သူ့အနောက် ပြေးလိုက်တယ်။

ကျွန်တော့် သေနတ်ထဲမှာ ကျည်ဆံမပါဘူး။ ဒါကြောင့် ဘယ်ဘက်ခါးကြားမှာရှိတဲ့ အိတ်ထဲက ကျည်ကတ်ကို ထုတ်ရင်း သူ့အနောက် ထပ်ကြပ်မကွာ ပြေးလိုက်ခဲ့တယ်။

The Voice : ထွက်ပြေးနေတဲ့ သေနတ်သမားက ငါ့ပစ်ရင် မင်းပြန်ပစ်မယ် ပြောလို့ အစ်ကိုက သူ့အနောက် မလိုက်ဘဲ နေခဲ့တယ်လို့ အခင်းဖြစ်နေ့က မျက်မြင်တွေ့ခဲ့ သူတွေက ပြောတယ်၊ အဲဒါ ဟုတ်မဟုတ် ပြောပေးပါ။

AKT : မဟုတ်ပါဘူး၊ သေနတ်သမားက ဘာမှပြော မသွားပါဘူး၊ ထွက်ပြေးနေတဲ့ သူ့နောက်လိုက်ရင်း ကျည်ထဲ့နေရာက ကျည်ကတ် အောက်ပြုတ် ကျသွားလို့
ပြန်ကောက်ပြီး သေနတ်ထဲ ထည့်ခဲ့တယ်၊ သုံးလေးစက္ကန့် လောက်ပဲ ကြာတာပါ၊ CCTV မှတ်တမ်းတွေ ရှိပါတယ်။

တက္ကစီသမားတွေက သူ့နောက် တောက်လျှောက်လိုက်လာတော့ သေနတ်သမားက တစ်ချက် လှည့်ပစ်တယ်၊ သေနတ်နဲ့ ပစ်လို့ လူအုပ်ကြီးက တုန့်ခနဲ့ဖြစ်ပြီး ရပ်ကျန်နေချိန် ကျွန်တော် သူ့အနောက် တောက်လျှောက်ပြေးလိုက်ခဲ့တယ်။

The Voice : သေနတ်သမားကို အစ်ကိုက ပစ်မဖမ်းဘူးလား။

AKT : သူပြေးလမ်းကြောင်းရှေ့မှာ သေဆုံးသူ ကားသမား ကိုနေဝင်းတို့ တက္ကစီအဖွဲ့က ရှိနေတယ်။ ကိုနေဝင်းက သူ့ကို ခဲနဲ့ လှမ်းထုတော့ သူက သေနတ်နဲ့ ပြန်ပစ်တာ ကိုနေဝင်း ကျည်မှန်ပြီး ခွေလဲ ကျသွားတယ်၊ အဲဒီ အချိန်မှာ ကျွန်တော်က သူ့ကို သေနတ်နဲ့ တစ်ချက် လှမ်းပစ် လိုက်တယ်၊ မထိဘူး၊ ဒါပေမဲ့ သူက လက်နှစ်ဖက်မှာ ကိုင်ထားတဲ့ သေနတ်နှစ်လက်ကို အောက်ချပြီး ဒူးထောက် လက်မြှောက် အဖမ်းခံတယ်။

ကျွန်တော်က သေနတ်နဲ့ ချိန်ပြီး မင်းနောက်ဆုတ်နေ၊ သေနတ်နဲ့ဝေးရာ နောက်ဆုတ်နေလို့ လှမ်းပြောချိန် မြေကြီးပေါ် ချထားတဲ့ သေနတ်နှစ်လက်ကို သူက ရုတ်တရက် ကောက်ယူပြီး ကျွန်တော့်ကို လှမ်းပစ်တယ်။ ပလက်ဖောင်းဘက် ကျွန်တော် ပစ်လှဲ ချလှိမ့်ရှောင်ရင်း သူ့ကို သေနတ်နဲ့ ခြောက်လှန့်ပစ် လိုက်တော့ သူထွက်ပြေး သွားတယ်။

The Voice : သူ့ကို တက္ကစီသမားတွေက ဝိုင်းဖမ်းပေးတာလား၊ အစ်ကိုက ဖမ်းတာလား။

AKT : ထွက်ပြေးသွားတဲ့ သူအနောက်ကို တက္ကစီသမားအဖွဲ့က ခဲနဲ့လိုက်ထုတယ်၊ သေနတ်သမားက လမ်းပေါ်မောင်းလာတဲ့ ကားတွေကို သေနတ်နဲ့ ချိန်ပြီး လှမ်း တားနေတယ်၊ ပရိုဘောက် တစ်စီးပေါ် သူရောက်သွားချိန် ကားသမားက သူကားထဲဝင်ခါနီး မောင်းပြေးလို့ သေနတ်သမားက ဟန်ချက်ပျက်ပြီး တွဲလောင်းကြီး ကားနဲ့ပါသွားလို့ ကားသမားက ကားရပ် လိုက်ချိန် တက္ကစီကားထဲ သူဝင်ထိုင် လိုက်တယ်၊

အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ဝိုင်းထုနေတဲ့ ခဲတစ်လုံးက သူ့မျက်နှာ မှန်သွားချိန်မှာ ကားထဲက ဆွဲထုတ်ပြီး သူ့ကို ကျွန်တော် လုံးထွေးဖမ်းခဲ့တာပါ၊ ဖမ်းမိသွားသူကို လူအုပ်ကြီးက ဝိုင်းထုရိုက်နေလို့ မိုးပေါ်သေနတ် နှစ်ချက်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။ တရားခံကို ဖမ်းမိတာ တက္ကစီသမားတွေရဲ့ ကူညီမှုလဲ ပါပါတယ်။

The Voice : အစ်ကိုကိုယ်တိုင် သေနတ်သမားနောက် တောက်လျှောက် လိုက်ဖမ်းတယ် ဆိုတာရော အထက်ကို တင်ပြ ထားတာ ရှိလား ခင်ဗျ။

AKT : ဟုတ်ကဲ့၊ ဖြစ်စဉ်အမှန် အားလုံး အထက်ကို တင်ပြထားပြီးပါပြီ၊ ကျွန်တော့်ရှေ့ ဖြစ်သွားတဲ့ ဒီဖြစ်စဉ်က တရားခံနောက်ကို တောက်လျှောက်လိုက်ဖမ်းခဲ့တာပါ။

တခြားတပ်ဖွဲ့ဝင်တွေကလဲ နေရာပေါင်းစုံက ပိတ်ဆို့ပြီး တရားခံနောက် လိုက်ဖမ်းခဲ့ပါတယ်။ မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေ ရှိပါတယ်။

ကျွန်တော်က ကြည်လင်းကို သေနတ်နဲ့ နှစ်ချက် လှမ်းပစ်ခဲ့တယ်။ ကြည်လင်းက သေနတ်လေးချက် ပစ်ဖောက်ခဲ့တယ်၊ ဦးကိုနီနဲ့ ကားသမား ကိုနေဝင်း ကျည်မှန် သေဆုံး ခဲ့ရတယ်။

The Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။

From : The Voice Myanmar - By : ခိုင်စိုးလင်း

Originally published at - http://thevoicemyanmar.com/relax/5853-ygl

Read More »

Wednesday, February 01, 2017

အစိုးရသစ် သက်တမ်း ၁၀ လ အတွင်း မြန်မာ့ စီးပွားရေး အပြောင်း အလဲ


ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ)


မင်္ဂလာပါရှင့်။

၂၀၁၅ ရွေးကောက် ပွဲမှာ ပြည်သူတွေ ရွေးချယ် တင်မြောက် လိုက်တဲ့ အရပ်သား အစိုးရ စတင် တာဝန်ယူ ခဲ့တာ အခုဆိုရင် ၁၀ လ ပြည့်သွားပြီ
ဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်မှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမယ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ပိုပြီး ၀င်ရောက် လာမယ်လို့ ပြည်သူတွေ
မျှော်လင့် ခဲ့ကြတာပါ။

အစိုးရရဲ့ ၁၀ လတာ သက်တမ်း အတွင်း မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှု ဘာတွေ ရှိခဲ့သလဲ။ လာမဲ့ အနာဂတ်မှာ စီးပွားရေး အခြေ အနေ ဘယ်လို ပြောင်းလဲ မှုတွေ ရှိနိုင်လဲ ဆိုတာနဲ့ ပတ်သတ်လို့ ရှုထောင့်စုံ ကနေ သိနိုင်ဖို့ စီးပွားရေး ပညာရှင် ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ကို တွေ့ဆုံ မေးမြန်း ပေးသွားမှာ ဖြစ်ပါတယ်။

မေး - အခု ဆိုရင် NLD အစိုးရ တာဝန် ယူတာ ၁၀ လပြည့် သွားပြီပေါ့။ ဒီ ၁၀ လတာ ကာလ အတွင်း စီးပွားရေး တိုးတက်မှု ဘယ်လို အခြေအနေ ရှိခဲ့လဲ ဆိုတာ စပြီး သုံးသပ် ပေးပါဦး ဆရာ။

ဖြေ - အားလုံးမျှော်မှန်းထားတဲ့ အတိုင်းပဲ။ ဒီ ၁၀ လ အတွင်းမှာတော့ တိုးတက်မှုနှုန်း နိမ့်ခဲ့ တယ်ပေါ့။ အဲဒီ မှာလည်း ကြောင်းတွေ ရှိခဲ့တယ်။ သဘာဝ ကျပါတယ်။ သူ့ရဲ့ မူဝါဒ အခင်း အကျင်းတွေ လုပ်နေ ရတာရှိတယ်။ နောက်တစ်ခါ ဖွဲ့စည်းပုံတွေ ပြန်ပြောင်းနေ ရတာရှိတယ်။ ခါတိုင်း ထိန်းချုပ်မှု မရှိတဲ့ သစ်တို့၊ ကျောက်မျက် တို့ကို ထိန်းချုပ် ခဲ့တာရှိတယ်။ အဲဒီ အခါကြတော့ ဒီဖက် ကာလ အတွင်းမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းက နှေးကွေး ခဲ့တယ်။

မေး - ယခင် အစိုးရ လက်ထက်က ဒေါ်လာဈေးတွေ သိပ်မတက် ခဲ့ပေမဲ့ အခု လက်ရှိ အစိုးရ လက်ထက် မှာတော့ အမေရိကန် ဒေါ်လာ ဈေးဟာ ၁၅၀၀ နီးပါးထိ စံချိန်တင် မြင့်တက် ခဲ့ပါတယ်။ ဒီလို ဒေါ်လာဈေး တက်တာဟာ မြန်မာ့ စီးပွားရေးကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်လဲ ဆရာ။

ဖြေ - ဒေါ်လာဈေးတက်တဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ မြန်မာနိုင်ငံက ပို့တဲ့ ကုန်ပစ္စည်းတွေ ဈေးသက်သာတယ်။ ဈေးပေါတယ်။ သွင်းကုန်တွေ
ဈေးကြီးတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သွင်းကုန်တွေ ဈေးကြီးရင် လျှော့သွင်း၊ ပို့ကုန် ကတော့ ပိုပို့နိုင်မယ်ပေါ့။ လက်တွေ့ မှာတော့ ဆရာတို့ အဲလို ဒေါ် လာဈေး တက်တဲ့ မြန်မာ ငွေဈေးကျတဲ့ အကျိုး ကျေးဇူးတွေကို မခံစား ကြရဘူး။ ဒေါ်လာဈေး တက်တာပဲ အဖတ် တင်တယ်ပေါ့။

မေး - NLD အစိုးရ လက်ထက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက် မယ်လို့ ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ ကတိပြု ခဲ့ပါတယ်။ အမေရိကန် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုကို အပြည့်အ၀ ရုတ်သိမ်း နိုင်လိုက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ၀င်လာဖို့ မျှော်လင့် ခဲ့ကြပေမယ့် ထင်သလောက် မဖြစ်လာ ခဲ့ပါဘူး။ အခုဆို ရင်လည်း အမေရိကန် နိုင်ငံရေး အပြောင်းလဲတွေ ရှိနေတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေ အနေ ဘယ်လို ဆက်ပြီး ဖြစ်လာနိုင် လဲရှင့်။

ဖြေ - ရင်းနှီးမြှုပ်နှံမှု ကတော့ ဒီအစိုးရ လက်ထက်မှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်ဖွဲ့တာကိုက အတော်လေး ကြန့်ကြာ ခဲ့တယ်။ နောက် အရင် အစိုးရ လက်ထက်က ကျန်ခဲ့တဲ့ အဆိုပြုလွှာ တွေကို ဒီဘက်မှာ အတော်လေး ရှင်းယူရတယ်။ ဆရာတို့ အခွင့် အရေး မယူနိုင် တာကတော့ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်း လိုက်တာပေါ့။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ အထူးသဖြင့် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်လို့ မျှော် လင့်ခဲ့ ကြတယ်။ ဒါပေမဲ့ တကယ့် တကယ် လက်တွေ့ မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေက အချိန်ယူတဲ့ သဘော ရှိတယ်။ အဲဒီတော့ ကောင်းတဲ့ ဘက်ကကြည့်ရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်း လိုက်တယ် ။ ဒါပေမယ့် အခုတက် လာတဲ့ ဒေါ်နယ် ထရန့်မ်က မြန်မာနိုင်ငံ အပါ အ၀င် အာရှကို အာရုံစိုက်မှု နည်းတဲ့ အခါကြတော့ အမေရိကန် ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာပါ့ မလားဆိုတာ စိုးရိမ် စရာရှိတယ်။

မေး - တကယ်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်လာမယ် ဆိုလို့ ရှိရင်ကော မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အတွက် ဘယ်လို သက်ရောက်မှု ရှိမလဲရှင့်။

ဖြေ - ပုဂ္ဂလိက လုပ်ငန်းတွေက စိုးရိမ် ပူပန်ကြတာတွေ ရှိတယ်။ အခုဒီနိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ ရှိရင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ထိမှာ လားပေါ့။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကတော့ အခုထိ သိသိသာသာ မ၀င်သေးဘူး။ ဒါပေမယ့် စောစောကပြောတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ အရ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာ ပုဂ္ဂလိက လုပ်ငန်းတွေ ၁၈ % လောက် တစ်နှစ် နှစ်နှစ်အတွင်း ပိတ် ပိတ်သွား ကြတယ်။ ဆိုလိုတာ ကတော့ ၅ ပုံ ၁ ပုံလောက် ပိတ်သွားတယ် ။ ပိတ်သွား တာကတော့ လုပ်ငန်းသေးသေးလေးတွေပေါ့။ ဒါဟာ စွမ်းရည်နိမ့်လို့ ပြိုင်ဆိုင်များတဲ့ အခါ စွမ်းရည်နိမ့်တဲ့ လုပ်ငန်းက ပိတ်သွားတာ ထုံးစံပဲလို့ ကမ္ဘာ့ဘဏ်က မြင်တယ်။

မေး - ၂၀၁၆ - ၂၀၁၇ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုး တိုးတက်မှုနှုန်းဟာ ၇.၈ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပေမဲ့ လက်တွေ့ မှာတော့ တိုးတက် မှုက ၆.၅ % ပဲ ရှိခဲ့တယ်လို့ စီးပွားရေး စောင့်ကြည့် အစီရင် ခံစာမှာ ဖော်ပြ ထားပါ တယ်ရှင့်။ ဒီတော့ မြန်မာ နိုင်ငံရဲ့ စီးပွားရေး အခြေ အနေက ထင်ထား သလောက် တိုးတက်မှု မရှိခဲ့တာ ဘာ့ကြောင့် ပါလဲရှင့်။

ဖြေ - သူတို့ ခန့်မှန်းတဲ့နှုန်းကတောင်မှ မြင့်သေးတယ်။ သမ္မတကြီးက ဘဏ္ဍရေးကော်မရှင်နဲ့ စီမံကိန်းကော်မရှင်မှာပြောခဲ့တာက ၅.၇ % ပဲရှိတယ်။ သူတို့ကမှ ၆ %ကျော်သေးတယ်ပေါ့။ အကြောင်းတရားတွေက အများကြီးပါ။ ကမ္ဘာ့ဝယ်အား ကျဆင်းတာလည်း ပါတယ်။ မြန်မာနိုင်ငံက ပို့ကုန်တွေ အထူး သဖြင့် လယ်ယာ ထွက်ကုန်တွေ မပို့နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့တို့ ရေနံတို့က ဈေးကျတယ်။ ကျောက်မျက်တို့၊ သစ်တို့ကို ထိန်းထားတဲ့ အကြောင်း တရားလည်း ပါတယ်။ NLD အစိုးရရဲ့ မူဝါဒကိုက ဒေသ အလိုက် ဖွံ့ဖြိုးဖို့ ညီတူညီမျှ တိုးတက်ဖို့၊ အားလုံး ပါဝင်တဲ့ စီးပွားရေး တိုးတက်မှု
၏ဖြစ်ဖို့ ဆိုပြီး ပြောတဲ့ အခါကြတော့ သူကိုယ်တိုင်ကိုက စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုထက် ညီမျှမှုကို ဦးစားပေးတဲ့ သဘာမျိုးကို တွေ့ရပါတယ်။

မေး - မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပတ်သတ် ပြီးတော့ ၇.၁ % ထိ တိုးတက် မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပါတယ်။ ဆရာ့ အနေနဲ့ကော မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ဘယ်လို ရှိနိုင်လဲဆိုတာ ပြောပြ ပေးပါဦး။

ဖြေ - အားလုံးမျှော်မှန်းကြတာကတော့ အခုဒီဘက် ၂၀၁၆ ထဲမှာတော့ ပြင်ဆင်တာတွေ အခြအနေကောင်းအောင်လုပ်တာ တည်ဆောက်တာတွေနဲ့ အလုပ်များခဲ့တယ်ပေါ့။

ဒီပြင်ဆင်ရေးလုပ်ငန်းတွေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ အခြေကျမယ်။ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်မယ်။ ရင်းနှီးမြှုပ်နှံမှု ၀င်မယ်။ စီးပွားရေး တိုးတက်မှု ၇ % ထိ ပြန်တက်မယ်။ ငွေကြေးဖောင်းပွမှုနှုန်းက အခုဆို ၁၀ ဂဏန်း ၀န်းကျင်မှာ ရှိနေတယ်။ ငွေဖောင်းပွမှုနှုန်းကတော့ လာမဲ့ ၃ နှစ် အတွင်း ထိန်းချုပ်နိုင် လိမ့်မယ်။ ဘတ်ဂျက် လိုငွေတွေလည်း ထိန်းသွားနိုင် မယ်လို့ အကောင်းဘက်ကနေ မျှော်လင့် ကြတာ များပါတယ်။

NLD အစိုးရသက်တမ်း ၁၀ လတာအတွင်း မြန်မာနိုင်ငံစီးပွားရေးအခြေအနေ ဘယ်လောက်တိုးတက်ခဲ့တယ်။ လာမဲ့အနာဂတ်မှာ စီးပွားရေး အပြောင်းအလဲ ဘာတွေရှိနိုင်တယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင်ဆရာခင်မောင်ညို ဘောဂဗေဒကို တွေ့ဆုံမေးမြန်းပေးခဲ့တာဖြစ်ပါတယ်ရှင်။

ကျွန်မ ဗျူးလာဦးပါ။

From : မဇ္ဈိမ မီဒီယာ by ဗျူးလာဦး၊ ထွဋ်ထွဋ်နိုင်၊ နေအောင်ဖြိုး

Originally published at - http://mizzimaburmese.com

Read More »

Monday, December 26, 2016

ရခိုင်ပြည်နယ်ခရီး နှင့် ပကတိ အခြေအနေများ သုံးသပ်ခြင်း




မီဒီယာ အဖွဲ့ဝင် ၁၂ ဦးမှ ပြန်ကြားရေး ၀န်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင် ပြည်နယ်သို့ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက် အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် ထိုဒေသ များရှိ ကျေးရွာ များသို့ သွားရောက် လေ့လာ သတင်းယူ ခဲ့ကြသည်။

သွားရောက် လေ့လာ သတင်းရယူသည့် မဇ္ဈိမ မီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်က သူ့အတွေ့ အကြုံကို အခုလို ပြောခဲ့သည်။

ပြည်ပသတင်း မီဒီယာများတွင် ရေးသားဖော်ပြ ခဲ့မှုများ ရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ကဲ့သို့သော ကိစ္စရပ်များ ဖော်ပြ ခဲ့သောကြောင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာ ၁၂ ဦးမှ သွားရောက် ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံ သတင်း ရယူခဲ့သည်။ ထိုသို့ သတင်း ရယူခွင့်ကြောင့် မီဒီယာများ အခြေနေများ ကြားသိခဲ့ ရသောကြောင့် ထပ်မံပြီး မီဒီယာများ သတင်း ရယူခွင့် ပေးပါက ပိုမိုပြီး သတင်းများ ဖော်ပြ လာနိုင်မည် ဖြစ်သည်။

သွားရောက်တဲ့ ဖြစ်စဉ်အကြမ်းလေး ပြောပြပေးပါရှင့်။

အောက်တိုဘာ ၉ ရက် နယ်ခြားစောင့် ရဲစခန်းတစ်ချို့ အကြမ်းဖက် တိုက်ခိုက်တဲ့ နေရာတွေ၊ အဲဒီရွာတွေမှာ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားကြည့်တာက တစ်ချက်၊ ဖြစ်ပြီးတဲ့ နောက် ပိုင်းမှာ ဘယ်လိုမျိုး စီမံ ဆောင်ရွက်မှုတွေ လုပ်တယ်။ နောက်ပြီး စစ်ဆင်ရေး နယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့၊ နောက် ပြန်ပြောဆို ချက်တွေ ပါလာတာပေါ့၊ နောက်တစ်ခု ကတော့ အဲဒေသတွေ၊ ရွာတွေ သွားတဲ့ အခါမှာ သူတို့လက်ရှိ နေထိုင် စားသောက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဲဒါတွေ လေ့လာ မေးမြန်း ခဲ့ပါတယ်။

ဒေသခံရွာသားတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

မောင်တော၊ ကြိမ်ချောင်းရွာကို သွားတယ်။ အဲဒီမှာ ရခိုင်တိုင်းရင်းသားလည်း ရှိတယ်၊ မွတ်စလင်အသိုက်အဝန်းတွေလည်း နေထိုင်တယ်။ အဲလိုယှဉ်တွဲနေထိုင်တဲ့ရွာတွေ သွားကြည့်တယ်။ ဘူးသီးတောင်မှာလည်း ဆေးရုံကိုသွားတယ်။ လူမျိုးဘာသာမရွေး ကုသပေးနေတယ်။ ဒါကတော့ ပြသနာတွေမရှိဘဲ ပုံမှန်လည်ပတ်နေတဲ့ ရွာတွေရဲ့ အခြေအနေပေါ့။

မောင်တော အလယ်သံကျော်ရွာဆိုရင် လူမှုအသိုက်အဝန်းတွေအကြား ပြဿနာတွေ မရှိပေမယ့် သူတို့ ငါးဖမ်းလှေလုပ်ငန်းက ပင်လယ်ထွက်ပြီး ငါးဖမ်း၊ ပုစွန်မွေးတွေ အဓိကလုပ်ကြတော့ သူတို့ရဲ့ စီးပွားရေးထိခိုက်တယ်ဆိုတာ ပြောပြတာပေါ့။ နေထိုင်စားသောက်အခြေအနေနဲ့ ခုနောက်ပိုင်းဖြစ်လာတဲ့အခက်အခဲတွေပေါ့။

အတူယှဉ်တွဲနေထိုင်တဲ့ ရွာတွေမှာ ဗုဒ္ဒဘာသာဝင်ရော အစ္စလာမ်ဘာသာဝင်ရော ဟိန္ဒူဘာသာဝင်တွေရော တစ်သံတည်းထွက်တာက အောက်တိုဘာလ တိုက်ခိုက်မှု ပြီးတဲ့
နောက်ပိုင်းမှာ သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်။ အဓိကတော့ သူတို့ လုပ်နေကြ ပုံစံ စီးပွားရေး လုပ်ငန်းတွေ လုပ်လို့မရဘူး။ ခက်ခဲတယ်ဆိုတာပြောတယ်။

အမြန်ဆုံးပြန်ကောင်းသွားစေချင်တယ် ပြောတယ်။ ရခိုင်ပြည်နယ် အစိုးရက ငါးဖမ်းလှေတွေ ပိတ်ထားတာ မရှိပါဘူးလို့ဆိုပေမယ့် အောက်ခြေမှာ ရွာတွေမှာ ပင်လယ်ထွက် ငါးဖမ်းတာတွေ ခွင့်မပြုလို့ စီးပွားရေးတွေ ထိခိုက်နေတာတွေ ကြားသိရတယ်။ နယ်စပ်မောင်တော Port of Entry ကလည်း အလားတူ လက်ရှိအထိ ကုန်စည် အဝင် အထွက် ပိတ်ထားလို့ ဒီဇင်ဘာလ အတွင်းမျှော်မှန်းချက် ပြည့်မှီဖို့ မရှိတော့ဘူး လို့သိရတယ်။

သွားလာမှုအခြေအနေကရော ဘယ်လိုရှိပါလဲ။

မွတ်စလင်အသိုက်အဝန်းဘက်က ပြောတယ်။ တစ်ရွာနဲ့တစ်ရွာ သွားလာမှုမရတော့ဘူး။ နှစ်မျိုးဖြစ်ပုံရတယ်။ ကိုယ့်ဟာကိုယ်လည်းမသွားရဲဘူး။ သွားဖို့ခွင့်တောင်းလည်း မရဘူးလို့ ဆိုတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်းခက်ခဲတယ်။ ပြဿနာတွေကြောင့် အသိုက်အဝန်းကြား ယုံကြည်မှုလျော့နေတော့ မကူးသန်း၊ မလာရဲဖြစ်နေတာ။ မောင်တောရော၊ ဘူးသီးတောင်မှာက ရခိုင်တိုင်းရင်းသားက လူနည်းစု ဆိုတော့ သူတို့လည်း ကိုယ့်နေရာမှာ ကိုယ်နေ၊ ဒါမှမဟုတ် လုံခြုံရေး နောက်ခံ အားယူပြီး သွားလာ ကူးလူးနေရတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးေ ပြာနေကြတဲ့အပေါ် ပြောပြပေးပါဦး။

ခရီးစဉ်မစခင်ကလည်း ကြားနေတယ်။ နိုင်ငံတကာမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဘာပြောလဲဆိုတော့ လူနေအိမ်တစ်ချို့ကို မီးရှို့ခံ ရတယ်။ အမျိုးသမီးတစ်ချို့အဓမ္မပြုကျင့် ခံရတယ်လို့ နိုင်ငံခြား မီဒီယာတစ်ချို့ရေးတယ်။ ဒီခရီးစဉ်မှာလည်း ရွာအချို့ကိုရောက်တယ်။ ဥပမာ မောင်တောက ပြောင်ပိုက်ရွာပေါ့။

အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှု ကွပ်ကဲမှုရုံးချုပ်(ကျီးကန်းပြင်)နဲ့ သိပ်မဝေးဘူး။ အဲဒီရွာရောက်တဲ့အခါ အမျိုးသမီးအချို့ ပြောပြတယ်။ တစ်ယောက်နှစ်ယောက်က ပြောပြတာ၊ သူတို့ကို အတင်းအဓမ္မပြုကျင့်ပါတယ် လို့ ကင်မရာရှေ့မှာပြောတယ်။ ကားလမ်းမဘေးနားက ရွာတစ်ခုဖြစ်တဲ့ ဝါးဘိတ်ရွာမှာ အိမ်တွေလည်း မီးလောင် ထားတယ်။

ပြောင်ပိုက်ရွာမှာဆိုရင် အိမ်တွေတင်မက၊ စပါးခြွေလှေ့စက်လည်း မီးလောင်ထားတယ်။ သတင်းထောက်တွေက ဘာဖြစ်လဲမေးတော့ နှစ်ယောက်၊ သုံးယောက်က ဒါ မီးရှို့ခံရတာ၊ ဘယ်သူရှို့တယ်ဆိုတာကို လုံခြုံရေး အဖွဲ့အစည်းအမည်တပ်ပြီးတော့ကိုပြောတာ။ ဒါပေမယ့် ဘေးမှာ အတူပါလာတဲ့ အုပ်ချုပ်ရေးမှူးမေးကြည့်တော့ အဲလိုမျိုး လုံးဝမဟုတ်ဘူးပေါ့။

အဲဒီတော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာက ခုထိ ရှိတုန်းပဲ။ ဒါတွေက အချိန်ယူပြီး လေ့လာ သုံးသပ်ရမယ်ပေါ့။ မသွားခင် ကလည်းကြားတယ်၊ သွားပြီးတော့လည်း ကြားနေရတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး မြင်တွေ့တာတွေ ပြောပြပေးပါ။

ကျောင်းတော်တော်များများပြန်ဖွင့်တယ်။ တစ်ချို့ကျောင်းတွေပဲ မဖွင့်ရသေးဘူး။ ဆရာ၊ ဆရာမတွေ တွေ့တယ်။ တိုင်းရင်းသားများ၊ မွတ်ဆလင်ကလေးငယ်တွေ လာတက်တာ အနည်းငယ်ရှိတယ်။ တိုင်းရင်းသားများတယ်။ အဲဒီကျောင်းတွေက အစိုးရကျောင်းပေါ့။ မွတ်စလင်အများစုတွေကတော့ မော်လ၀ီဆရာတွေနဲ့ သူတို့ဖာသာ ရွာတွေထဲမှာ သင်တယ် ကြားတယ်။

တစ်ခြားဘယ်နေရာတွေရော သွားဖြစ်သေးလဲ။

မောင်တောနယ်၊ အလယ်သန်ကျော် ရွာအကြီးပဲ။ ငါးဖမ်း၊ ပုစွန်မွေးတယ်။ အဲဒီရွာကတော့ ရွာထဲ ဒါမျိုး အကြမ်းဖက်မှုတွေမဖြစ်အောင် ၀ိုင်းထိန်းတယ်။ အဲဒီလိုလူတွေ အ၀င်မခံဘူးပြောကြတယ်။ မြင်းလွတ်မြို့ကတော့ ရွာကြီးပေါ့။ အဲဒီရွာက အုပ်ချုပ်ရေးအောက်မှာရှိတယ်။ နောက် တိုက်ခိုက်ခံရတဲ့အထဲမှာပါတဲ့ ကိုးတန်ကောက်၊ ပြီးတော့ အငူမော်ရွာ။ အဲဒီမှာ ပြသနာမဖြစ်ဘူး။

ဂါးဒီးယန်းသတင်းစာပါ သတင်းနဲ့ ပတ်သက်ပြီး အဲဒီကြက်ရိုးပြင်ရွာကိုရော ရောက်ခဲ့ပါသလား။

အဲဒီရွာကို မသွားရဘူး။ မောင်တောသွားရင်း သက်ဆိုင်ရာတွေက (စုံစမ်းရေး) ကော်မရှင် ကလာတုန်းကလည်း အဲဒီသတင်းကို ကိုင်ပြီး မေးမြန်းတယ်တဲ့ ။ သတင်းထဲမှာဖေါ်ပြတဲ့ အမျိုးသမီး အဲ့ဒီရွာမှာ နေထိုင်ခြင်းမရှိဘူးလို့ ပြောကြတယ်လို့ ပြန်ကြားရတယ်။

သွားရောက်သတင်းယူတဲ့အခါမှာ ထူးခြားမှုအချို့ရှိရင် ပြောပြပေးပါဦး။

ရသေ့တောင်က ကိုးတန်ကောက်စခန်းသွားကြည့်တယ်။ တာဝန်ရှိသူတွေက ရှင်းပြတယ်။ တစ်ခုရှိတာက အဲတုန်းက တာဝန်ကျတဲ့သူတွေက တော်တော်များများ မရှိတော့ဘူး။
ဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ကိုရွှေ့လိုက်တယ်။ ကျန်ခဲ့သူတွေကတော့ အသေးစိတ်ရှင်းပြတယ်။ ဒေသခံတွေပြောတာကတော့ စခန်းရဲ့အခြေအနေကို ရွာထဲက သိနေတယ်ပေါ့။ စခန်းကတော့ အကျယ်ကြီး ။ တိုက်ခိုက်ခံရတုန်းက အဲဒီစခန်းမှာ ရဲတပ်သား ၁၀ ယောက်ပဲရှိတယ်။

ဖြစ်စဉ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ရွာတွေမှာတော့ အတော်ကြီးကို စိုးရိမ်ကြောင့်ကြမှုရှိနေတယ်။ သူ့အခြမ်းကိုယ့်အခြမ်း နေ နေပေမယ့် သံသယတွေရှိနေတယ်။ ပြောင်ပိုက်ရွာ၊ ငါးခူရစခန်း၊ ကိုးတန်ကောက်စခန်း၊ ရောက်ခဲ့တယ်။ ငါးခူရဆို ရွာထဲမှာမေးမြန်းတာထက် အစိုးရကစီစဉ်ပေးတဲ့ နေရာတစ်နေရာမှာ စုမေးပြီးခေါ်တာမျိုးပေါ့။ လူကြားထဲ သွားမေး တာမဟုတ်ဘူး။ ဒါပေမယ့် ရွာထဲတော့ သွားလိုက်သေးတယ်။ ပြောင်ပိုက်ရွာကြတော့ သူတို့လည်း မီဒီယာတွေလာမယ်ဆိုလို့ စောင့်နေပုံရတယ်။ အဲ့ဒီမှာ မီဒီယာတွေကတွေ့ပြီး ရွာသူတစ်ချို့က ပြောပြတာပေါ့။



သွားရောက်သတင်းယူရတဲ့သူအနေနဲ့ အဲဒီအပေါ် ဘယ်လိုထင်မြင်ချက်ပေးချင်ပါလဲ။

အခုပြန်ရောက်ပြီး သိရတာက၊ ငါးခူရ ရွာမှာ မီဒီယာတွေကို ပြောပြတဲ့ (အစိုးရက စီစဉ်ပေးတာ) အထဲက မွတ်ဆလင် အသိုက်အဝန်း မြို့မိမြို့ဖထဲက တစ်ယောက် မီဒီယာ
တွေနဲ့ တွေ့ပြီင်္း ညနေမှာပဲ အသတ်ခံ ရတယ် သိရတယ်။ သတင်းထောက်တွေကို ပြောဖို့ တွန့်သွားမှာ သေချာတယ်။ တစ်ဖက်နဲ့ အကြမ်းဖက်မှုက ဆက်ရှိနိုင် သေးတယ်။

ပြဿနာက ချက်ချင်းဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ တကယ်လည်း ဆက်စပ်နေတဲ့ အကြောင်းအရာတွေ အများကြီးပဲ။ နှစ်ပေါင်းများစွာ ချွတ်ချော်လာတဲ့ မူဝါဒတွေ၊ အကြောင်း အရာတွေ စုပြီး ဖြစ်လာတယ်။

ဒါဟာ အချိန်ယူဖြေရှင်းရမယ့် ပြသနာတစ်ခုပါပဲ။ အသိုက်အဝန်းတွေအကြား ပြန်လည်သင့်မြတ်ဖို့ကတော့ အချိန်ယူပြီး၊ ပြီးခဲ့သမျှရော၊ လက်ရှိ မူဝါဒတွေရော သေသေ ချာချာ ပြန်လည် သုံးသပ်ပြီး၊ စိတ်ခံစားချက်တွေ မပါဘဲ၊ ရေရှည်မျှော်ကိုးပြီး လုပ်မှပဲ၊ အားလုံးပါဝင်နိုင်တဲ့ ညှိနှိုင်းဆွေးနွေး ဖြေရှင်းမှပဲ ရနိုင်မယ်လို့ ထင်တယ်



From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21584

Read More »

Saturday, December 24, 2016

မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်နှင့် တွေ့ဆုံခြင်း




(၂၃၆) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့က ခရီးသည်ကို ၀ိုင်းဝန်း ထိုးကြိတ်ပြီး အဆိုပါ ဖြစ်ရပ်ကို မခံရပ်နိုင် သူများက တစ်ပတ်ခန့် အကြာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ကို ပြန်လည် ထိုးကြိတ် ခဲ့သည့် ဗီဒီယိုဖိုင် တစ်ခု ယခုရက်ပိုင်း အတွင်း လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။

ယင်းကဲ့သို့ ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တို့အကြား၊ ခရီးသည် တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် တို့ကြား မကြာခဏ ပြဿနာ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကားသမားတွေနဲ့ ခရီးသည်တွေ ကို ထိုးကြိတ်ရိုက်နှက်တဲ့ ဗီဒီယို ဖိုင်နဲ့ ပတ်သက်ပြီး ဘယ်လိုအရေး ယူမှုတွေရှိပါသလဲ။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် ပေါ်တက်လာတဲ့ဖြစ်စဉ်တွေကိုမှ ရွေးပြီး အရေးယူတာမရှိပါဘူး။ သတ်မှတ်ထားတဲ့ (၂၃၆) ချက်ထဲ က ဖောက်ဖျက်ရင်သတ်မှတ်ထား တဲ့ အတိုင်း အရေးယူ ပါတယ်။ ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ် တာတွေရှိသလို ငွေ ဒဏ်ချမှတ် တာတွေလည်း ရှိပါ တယ်။

အရေးယူမှုတွေမှာလည်း တိုင်ကြားမှ အရေးယူတာတွေရှိ သလို သိတယ်၊ ကြားတယ်ဆိုရင် လည်း စုံစမ်းပြီးအရေးယူမှုတွေ လုပ်ပါတယ်။ တချို့ကလည်း ရုံး ကို တိုက်ရိုက်တိုင်ကြားတာတွေရှိ သလို တယ်လီဖုန်းကနေတစ်ဆင့် တိုင်ကြားတာတွေလည်းရှိတယ်။

ကျွန်တော်တို့အနေနဲ့ အရေးယူဖို့ အတွက် သတ်မှတ်ချက်တွေရှိ တော့ သက်မှတ်ချက်အတိုင်းပဲ အရေးယူလို့ရပါတယ်။

ယာဉ်နောက်လိုက်တွေ အနေနဲ့ အဖွဲ့လိုက်ခရီးသည်ကို ဆဲဆိုထိုး ကြိတ်တာတွေလုပ်ရင် ခရီးသည် ဘက်က ဘယ်လိုလုပ်ဆောင်သင့် ပါလဲ။

ယာဉ်မောင်းတွေ၊ ယာဉ် နောက်လိုက်တွေအနေနဲ့ အခုလို ခရီးသည်တွေကို ပြုမူဆက်ဆံရင် တော့ သက်ဆိုင်ရာရဲစခန်းမှာ အ မှုသွားဖွင့်ပါ။ အမှုဖွင့်တဲ့အခါမှာ လည်း လက်နက်ကိုင်ရင် လက် နက်ကိုင်ဆောင်မှု၊ ကိုယ်ထိလက် ရောက်ကျူးလွန်ရင်လည်း နာ ကျင်စေမှုနဲ့ အမှုဖွင့်လို့ရပါတယ်။ တစ်ခါတလေရုံးမှာ ရိုက်မှုတွေ ဖြေရှင်း
ပေးတဲ့ အခါမှာ အရိုက်ခံရ တဲ့သူကတော့ အလျော်တောင်း ပြီး ပြီးသွားတာတွေ ရှိပါတယ်။

အဲ ဒီအတွက်လည်း တချို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေ က မမှတ်ဘူး။ အမှန်ကတော့ အခုလို ရိုင်းပျဆက်ဆံတဲ့ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်တွေကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါလို့ ပြောချင်ပါတယ်။

ခရီးသည်တင်ယာဉ်ပိုင်ရှင်တွေပါ အပြစ်ပေး အရေးယူသင့်တယ်လို့ တချို့က ပြောပါတယ်။ ဒါကို ကော ဘယ်လိုများ သုံးသပ်ပြော ကြားချင်ပါလဲ။

၂၀၁၅ မော်တော်ယာဉ် ဥပ ဒေမှာ ပါပြီးသားပါ။ သတ်မှတ် လိုင်စင်မရှိဘဲ တခြားသူတစ်ဦးကို မိမိယာဉ် ပေးမောင်းမယ်ဆို ယာဉ်ပိုင်ရှင်ကို အရေးယူလို့ရပါ တယ်။ အဲဒီလို မော်တော်ယာဉ် တွေကိုလည်း ရာသက်ပန်ယာဉ် လိုင်း ပိတ်သိမ်းအရေးယူနိုင်ဖို့အ တွက် စီစဉ်နေပါတယ်။

ခရီးသည် တင်ယာဉ်တွေနဲ့ ခရီးသည်တွေ တစ်ခုခုဖြစ်ရင် ပြည်သူတွေက ကျွန်တော်တို့ကိုလည်း မကျေနပ် မှန်းလည်း သိပါတယ်။ ဒီအတွက် မထသကို စနစ်ပြောင်း လဲဖို့အ တွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ တိုင်ပင် လုပ်ဆောင်နေတာ တွေရှိတယ်။ ၁၉၆၂ က ထုတ်ပြန်ထားတဲ့ စနစ်ဖြစ်တာကြောင့် တချို့နည်း ဥပဒေတွေက
ပြောင်း သင့်နေပါပြီ။

မထသ စည်းကမ်းထိန်းသိမ်းရေး ယာဉ်တွေနဲ့ ခရိုင်အလိုက် စစ် ဆေးရေးတွေ လုပ်နေပေမယ့် တ ချို့ ကားတွေပေါ်မှာ တုတ်လက် နက်တွေ ဆောင်ထားတာမျိုး ရှိ နေပါတယ်။ အဲဒီအတွက် ဘယ် လို အရေးယူဖို့ရှိပါသလဲ။

သံတုတ်၊ သစ်သားတုတ် တွေ နေ့စဉ်စစ်ဆေးပြီး သိမ်းတာ တွေရှိတယ်။ ကားသမားတွေက လည်း အကြောင်းအမျိုးမျိုးပြပြီး တင်တယ်။ ဒါပေမဲ့ နေ့တိုင်း ကား တိုင်းပေါ်တော့ ကျွန်တော်တို့ လိုက်ပြီး မစစ်ဆေးနိုင်တာတော့ ၀န်ခံပါတယ်။ ခရိုင်အလိုက် စစ် ဆေးတဲ့ အဖွဲ့တွေမှာ သေချာစစ် ဆေးမှုမရှိဘူး။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဆီကနေ ပိုက် ဆံယူပြီး စာရင်းမှတ်ပြန်လွှတ် တယ်ဆိုရင် တိုင်လို့ရပါတယ်။

ဒီ ၀န်ထမ်းတွေကိုလည်း သတ်မှတ် ထားတဲ့ ဥပဒေအတိုင်း အရေးယူ မှာပါ။ ကျွန်တော်တို့အနေနဲ့လည်း တစ်ပတ်နှစ်ရက် အထူးအဖွဲ့အ နေနဲ့ လှည့်ပတ်စစ်ဆေးမှုတွေ လုပ်ပါတယ်။

ခရီးသည်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ စကားများ ရန်ဖြစ်ရတဲ့အကြောင်းက ဘာကြောင့်ထင်ပါသလဲ။

ယာဉ်လုပ်သားတွေအနေနဲ့ ခရီးသည်တွေကို ကိုယ်ထိလက် ရောက်တော့ မကျူးလွန်သင့်ပါ ဘူး။ ခရီးသည်တင်ယာဉ်တွေမှာ ဂိတ်ကနေထွက်တော့ နာမည်က တစ်ခုနဲ့ ထွက်သွားတယ်။ လမ်း ရောက်တော့ နောက်တစ်ယောက် တက်မောင်းတယ်။ ယာဉ်နောက် လိုက်လည်း ဒီလိုလုပ်တာတွေရှိပါတယ်။

တချို့ကလည်း ဒီလိုင်း တစ်လိုင်းတည်းမှာပဲမောင်းတာ ရှိပါတယ်။ တချို့ကတော့ ဒီလိုင်း မှာ ပြဿနာတက်ရင် နောက်တစ် လိုင်းရောက်သွားတယ်။ ဒီလိုလူ တွေက ပိုက်ဆံပိုတောင်းမယ်၊ ခရီးသည်က မကျေနပ်လို့ ပြော ရင် ကိုယ်ထိလက်ရောက် ကျူး လွန်တယ်။ ဒါကို မကျေနပ်တဲ့သူ တွေက မှတ်ထားပြီး ပြန်လည် တိုက်ခိုက်တယ်။

ဒါပေမဲ့ ဒီကား မောင်းတဲ့သူနဲ့ ယာဉ်နောက်လိုက် ဖြစ်ချင်မှဖြစ်မယ်။ ဒီလိုမျိုးတွေ လည်းရှိတယ်။ ကျွန်တော်တို့မှာ လည်း အားနည်းချက်တွေ ရှိပါ တယ်။ အဲဒီ အတွက် ပြုပြင်ပြောင်း လဲနိုင်ဖို့ကို ၀န်ကြီးချုပ်၊တိုင်းဒေသ ကြီးအစိုးရအဖွဲ့နဲ့ တိုင်ပင်ဆွေး နွေးနေတာတွေရှိပါတယ်။

ဒီနှစ်အတွင်း အရေးယူထားတဲ့ အမှုတွေ ဘယ်လောက်များရှိပါ သလဲ။

မထသ လိုင်းကားတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေဟာ ဒီ ၂၀၁၆ တစ်နှစ်လုံးမှာ အမှု ပေါင်း နှစ်ထောင်ကျော်ရှိပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်ကြား ကြတာ
ဖြစ်ပြီး ဖုန်းနဲ့ရော စာနဲ့ပါ တိုင်ကြားတယ်။ ဒီဇင်ဘာ ၁၅ ရက်အထိ အမှုစာရင်းဖြစ်ပြီး အဲဒီအမှုတွေထဲက အမှုပေါင်း တစ်ထောင်ကျော်ကို အရေးယူထားတယ်။

အများတိုင်ကြားတဲ့ ပြဿနာကတော့ ယာဉ်စီးခ ပိုမို တောင်းတာ။ မချေမငံ ပြောကြားတာတွေနဲ့ သတ်မှတ်လမ်း ကြောင်းအတိုင်း မမောင်းတာတွေ နဲ့ ခရီးစဉ်အစ အဆုံးမပြေးဆွဲတာ တွေ ပါပါတယ်။


ခရီးသည်တွေ အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ကို ဘယ်လိုတိုင်ကြားနိုင်မလဲ။


(၂၃၆)ယာဉ်လိုင်းကိစ္စနဲ့ပတ် သက်ပြီး ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ယာဉ်ပိုင်ရှင်နဲ့ ယာဉ် နောက်လိုက်တွေ ဘုရားဖူးသွား တယ်လို့ သိရတယ်။ ကျွန်တော်တို့ ဆီကို တိုင်ကြားချင်ရင် ၂၄ နာရီ တိုင်လို့ရတဲ့ ဖုန်း ၀၁-၈၅၀၀၆၅၁အပြင်ရုံးချိန်ဆို ၀၁-၈၅၀၀၆၅၀ လိုင်းခွဲ (၂၀၇)(၂၀၀) တို့ကို တိုင် နိုင်ပါတယ်။

တိုင်ကြားတဲ့သူတွေ အဆင်ပြေအောင် (မထသ) ဖေ့စ် ဘွတ်ခ်အကောင့်လည်းဖွင့်ထား ပါတယ်။ အဲဒီကိုလှမ်းတိုင်လည်း ရပါတယ်။ အကြံဉာဏ်တွေပေး ချင်လည်း
ရပါတယ်။

နေ့စဉ် ပြည်သူအများစုဟာ လိုင်း ကားတွေစီးပြီး သွားနေရတဲ့အ တွက် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နဲ့ ပြဿနာ ဖြစ်ပွားခဲ့ရင် ဘာလုပ်သင့်ပါသလဲ။

ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေ ရှင်းပါလို့ ပြောချင်ပါတယ်။ ဒီလိုဖြေရှင်းမှ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ မစော် ကားရဲမှာပါ။ ခံရတဲ့သူက အမှုမ ဖွင့်တဲ့ အခါ ရဲအက်နဲ့ အရေးယူတဲ့ အတွက် ပြစ်ဒဏ်က နည်းပါ တယ်။

လက်နက်ကိုင်ရင် လက် နက်ကိုင်ဆောင်မှု နာကျင်စေရင် တောင် နှစ်မျိုးရှိတယ်။ ဒီလိုမျိုးသာ အမှုဖွင့်ရင် ပြစ်ဒဏ်က လည်း မနည်းပါဘူး။ ဒါကြောင့် ခရီးသွား ပြည် သူတွေ အနေနဲ့ ဥပဒေနဲ့ အညီ ရင်ဆိုင်ဖြေရှင်းပါ။ အချိန်မရွေးလည်း တိုင်ကြားအ ကြံပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ- ဖိုးတုတ်

From : 7 day daily - by : ဖိုးတုတ်

Originally published at - http://www.7daydaily.com/story/84366

Read More »

Friday, December 16, 2016

ဦးဝင်းထိန် နှင့် တွေ့ဆုံ မေးမြန်းခြင်း




အခုကတော့ ဒေါ်အောင်ဆန်း စုကြည် ကလည်း မစည်းရုံး နိုင်တော့ဘူး။ အဲ့ဒါ အပြင်ကို ကိုယ်တို့ လွှတ်တော် ကိုယ်စားလှယ် အများစုကို ပြည်သူ လူထုက အထင် အမြင် မမှားသေးဘူး သို့သော် လည်းပဲ လူနည်း စုပေါ့။ လူနည်းစု ဆိုတာ ၅ ရာခိုင်နှုန်းလောက် ရှိတဲ့ ကိုယ်စားလှယ် အနည်းစုက ကချော် ကချွတ် ဖြစ် တာတွေက
ပြည်သူ လူထုရဲ့ အထင်အမြင် မှားခြင်းကို ခံရတာပေါ့

ကြားဖြတ် ရွေးကောက်ပွဲက တဖြည်းဖြည်း နီးလာလေပြီ။ နီးလာသည်နှင့် အမျှ အာဏာရ NLD ပါတီ၏ အခြေ အနေ ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မှီ နှင့် မတူတော့။

အကြီးမားဆုံး အတိုက်အခံ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးမှ အတိုက်အခံ ဝေဖန်မှုများ ခပ်စိပ်စိပ် မလုပ်သည့် တိုင်အောင်မှ လူထု ကြားဝယ် ဝေဖန် သံတွေက အမျိုးမျိုး ကြားလာ ရသည်။

ဘက်ပေါင်းစုံမှ ဖိအားအမျိုးမျိုးကိုလည်း အာဏာရပါတီရင်ဆိုင်ကြုံတွေ့နေရသည်။ ဖြေရင်းရမည့် ပြဿနာတွေကလည်းအများကြီး။

အလုပ်လုပ်သူတိုင်း ဖြစ်တတ်သည့် အမှားအယွင်းများ အလွဲအချော်များလည်း ပေါ်လာဦးမည်မုချ။ ထို့ကြောင့် ထိုထိုသော အခြေအနေအရပ်ရပ် ကြားထဲတွင် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မည်သို့မည်ပုံ ကြိုတင်ပြင်ဆင်နေသည် ဆိုခြင်းကို လက်ရှိ အချိန်တွင် NLD ၏ အရေး အပါဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်သည့် ဦးဝင်းထိန်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နှင့် တွေ့ဆုံမေးမြန်းခြင်း

NLD အနေနဲ့အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ အထွေထွေရွးကောက်ပွဲနဲ့ မတူဘဲ ကွာခြားသွားတယ်လို့ ဦးဝင်းထိန်က မီဒီယာတွေကို ဖြေထားတာရှိပါတယ်။ ဘယ်လိုမျိုး ကွာခြားသွားလဲဗျ။

အခု ကြားဖြတ် ရွေးကောက်ပွဲက အားလုံး ၁၉နေရာ ရှိတယ်။ ၁၉ နေရာ ဆိုတော့ အလုပ်က ဘာမှမကြီးဘူး။ တာဝန်ကဘာမှ မကြီးဘူး။ အလုပ်လည်း များမယ်လို့ မထင်ဘူး။ အခုအားလုံး ရွေး ပြီးပြီ။

ရွေးတာက မြို့နယ်တွေကို ရွေး ခိုင်းတယ်။ ဗဟိုကအတည်ပြုတယ်။ အဲ့ ဒီလို ရွေးတဲ့နေရာမှာ ကိုယ်စားလှယ် လောင်းတွေရဲ့ နိုင်ငံရေး အရည်အချင်း ပြည့်ဝမှုပဲ ဦးစားပေးတယ်။ ၂ဝ၁၅ ရွေး ကောက်ပွဲနဲ့ ဦးစားပေးတာချင်းမတူဘူး။

၂ဝ၁၅ မှာ ဦးစားပေးတာက လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား နောက်ပြီး တော့ ပညာရှင်တွေ။ အခုကျတော့ လွှတ်တော်မှာ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့
ဆောင်ရွက်ချက်တွေ Performance တွေ ကြည့်တဲ့အခါကျတော့ နိုင်ငံရေး ရင့်ကျက်မှုတွေ လိုတယ်ဆိုတဲ့အတွက်ကြောင့်မို့ နိုင်ငံရေး ရင့်ကျက်သူတွေကို ရွေး
ထားတယ်။

အထွေထွေရွေးကောက်ပွဲတုန်းက ပါတီ ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆန္ဒနယ်တွေအထိဆင်းပြီး မဲဆွယ်ပေးခဲ့တယ်။ ခုအခြေအနေအရ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ပါတီဘက်က ဘယ်လို စီစဉ်ထားလဲခင်ဗျ။

မဲဆွယ်စည်းရုံးမှုက ၂ဝ၁၅ ခုနှစ်နဲ့ တော့တူတော့မှာ မဟုတ်ဘူး။ ၂ဝ၁၅ ခုနှစ်တုန်းက ဗဟိုမှာ အောင်နိုင်ရေးအဖွဲ့ ဖွဲ့တယ်။ တိုင်းနဲ့ပြည်နယ်၊ ခရိုင်အောင် နိုင်ရေး အဖွဲ့တွေ ဖွဲ့ပြီး သိုင်းသိုင်းဝိုင်း ဝိုင်း လုပ်ကြတယ်။

အခုကတော့ ၁၉ မြို့ နယ်ထဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အောင် နိုင်ရေးအဖွဲ့ မဖွဲ့တော့ဘူး။ သက်ဆိုင်ရာ မြို့နယ်က အလုပ်အမှုဆောင်တွေ ဦးစီး လုပ်ရမယ်။ အဲ့ဒီနားမှာရှိတဲ့ သက်ဆိုင်ရာမြို့နယ်တွေက သိုင်းဝိုင်းပြီးတော့ စည်းရုံးဖို့ ပြောထားတယ်။

၂ဝ၁၅နဲ့ အခုကြားဖြတ် ဘာတွေ ကွာခြားသွားမယ်လို့ ထင်လဲ။ ပြီးတော့ ဘယ်လိုအချက်တွေက NLD အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမလဲ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အားသာချက်တွေကအများကြီး။ ယုတ်စွအဆုံး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစားပေးပြီး မဲဆွယ် ခဲ့တယ်။

နောက်ပြီးတော့ လူကြီးတွေကလည်း ကိုယ်တိုင်သွားပြီး စည်းရုံးရေးလုပ်တယ်။ အနုပညာရှင်အဖွဲ့တွေကလည်း သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ မြန်မြန် ဆန်ဆန် လုပ်ခဲ့တယ်။

၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲကတော့ တော်တော်ကို ကြီး မားတဲ့ လုပ်ဆောင်ချက်ပေါ့။ ဒါပေမယ့် အခုဒီမှာကျတော့ အဲ့ဒီလောက်ကြီးလိုမယ်လို့ မယူဆဘူး။

သို့သော်လည်းပဲ မြို့နယ်တွေမှာ လုပ်တာတွေ အနုပညာရှင်တွေအားပေးတာကတော့ အရင်အတိုင်းပဲလုပ်မယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပြီးတော့ မဲပေးပါ။ အလံကြည့်ပြီးတော့ မဲပေးပါ။ သူ့ရဲ့ စည်းရုံးမှုက တော်တော်ကို ထိ ရောက်ခဲ့တယ်။

ထိရောက်သလိုလည်း နိုင်ခဲ့တယ်ပေါ့။ အခုကတော့ ဒေါ်အောင် ဆန်းစုကြည်ကလည်း မစည်းရုံးနိုင်တော့ ဘူး။ အဲ့ဒါအပြင်ကို ကိုယ်တို့ လွှတ်တော် ကိုယ်စားလှယ် အများစုကို ပြည်သူလူထု က အထင်အမြင်မမှားသေးဘူး။

သို့ သော်လည်းပဲ လူနည်းစုပေါ့။ လူနည်းစု ဆိုတာ ၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ကိုယ် စားလှယ်အနည်းစုက ကချော်ကချွတ် ဖြစ်တာတွေက ပြည်သူလူထုရဲ့ အထင်အမြင်မှားခြင်းကို ခံရတာပေါ့။ အဲ့ဒီအပေါ်မှာ ပြည်သူလူထု ထောက်ခံမှုရှိ၊ မရှိ ဆိုတာ ရွေးကောက်ပွဲကျမှ သိမှာပဲ။

လာမယ့် ကြားဖြတ်မှာ အဓိကထား ယှဉ် ပြိုင်ရယ့် ပါတီက ဘယ်ပါတီ ဖြစ်မလဲ ခင်ဗျ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တုန်းကတော့ ပြိုင်တဲ့ပါတီက မှန်တယ်လေ။ ကြံ့ခိုင်ရေးပဲ။ ဒါပေမယ့် တခြားပါတီတွေလည်း အများကြီးဝင်ကြတာပဲ။ တချို့ပါတီဆို ကိုယ်စားလှယ် ၃ဝဝ လောက် ဝင်ပြိုင်တဲ့ပါတီ ၂ ခု၊ ၃ ခု လောက် ရှိတယ်ဆိုတော့ အဲ့ဒီတုန်းကတော့ အဲ့ဒီပါတီတွေက အပြိုင်ပဲ။

ဒါပေ မယ့် အခုကတော့ ပြည်ခိုင်ဖြိုးရဲ့ ခြေ လှမ်းက ဘယ်လိုနေမလဲ မသိဘူး။ နောက်တစ်ခုက တခြားပါတီတွေတချို့ကလည်း ရွေးကောက်ပွဲ မဝင်တော့ဘူး ဆုံးဖြတ်တဲ့ ပါတီတွေလည်းရှိတယ်။

အဓိက ပြိုင်ဘက်ကတော့ ကြံ့ခိုင်ရေးပါတီပဲ ဖြစ်ဖို့များတယ်။ ဒါပေမယ့် သူတို့ အကြောင်းတော့ မသိသေးဘူး။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲအချို့ အပေါ် NLD ကိုယ်စားလှယ်တွေထားတဲ့သဘောထား။ ဒီသဘောထားက ခုဝေ ဖန်ခံနေရမှုအချို့ ရှိနေတယ်။ ဒါဟာ ကြားဖြတ်မှာ အောင်နိုင်ရေးအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်လား။

မဖြစ်နိုင်ဘူး။ အခုမြန်မာတစ်ပြည် လုံးမှာ ဖြစ်နေတဲ့ဟာက အခု ရှမ်းမြောက် မှာ ဖြစ်နေတာက လောလောဆယ်ဖြစ် နေတာ အဲ့ဒီမတိုင်ခင် ရခိုင်မှာဖြစ်နေ တယ်။ မြစ်ဆုံကိစ္စဖြစ်နေတယ်။ အဲ့ဒါတွေ အားလုံးက ကိုယ်တို့တွေ အားလုံးရင်ဆိုင်ဖြေရှင်းရမှာ။ ရွေးကောက်ပွဲကို ထိခိုက်တဲ့အချက်လို့တော့ မယူဆဘူး။

ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲက အချို့။ သူတို့ရဲ့ အရည်အသွေးမပြည့်မီဘူးဖြစ်နေတယ်။ လွှတ်တော်ထဲလည်းဆူခံနေရတယ်။ ခုကြားဖြတ်မှာ လူကြည့်ရွေးကြရင် ဘယ်လိုရှိလာမလဲ။

အခုကတော့ အဲ့ဒီလို အရေးယူမှု ဖြစ်မလာဖို့ဆိုတာ ပြောတော့ ပြောနေတာပဲ။ လွှတ်တော်မှာပြောတယ်။ ဦးဝင်း မြင့်လည်း ပြောတယ်။ ဒေါ်အောင်ဆန်းစု ကြည် ရှိတုန်းကဆိုရင်လည်း ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ပြည်သူလူထုအ ကျိုးကို ဆောင်ကြဉ်းရမယ်ဆိုတာပြော တယ်။

ဒါက တောက်လျှောက် မလျှော့ဘဲ ပြောနေရမယ့် ကိစ္စဆိုတော့ ဒါတွေ ကြောင့်တော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွှမ်းမိုးမယ်လို့တော့ မထင်ဘူး။

ပါတီကတင်ထားတဲ့ အစိုးရအဖွဲ့လူကြီးတွေ နဲ့ တပ်မတော်ဆက်ဆံရေးဘယ်လိုတွေ ရှိနေတယ်လို့ ဦးဝင်းထိန် တွေ့နေရလဲဗျ။

ရေရှည်မှာ ငြိမ်းချမ်းရေး၊ အထူးသ ဖြင့် ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးမှာ တပ်မတော်နဲ့ အန်ကယ်တို့ NLD က အဖွဲ့ချုပ်ဝင်တွေကတော့ အဆင်ပြေတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုတောင်ရှိလာတယ်လို့တောင် ပြောရမယ်။

အခုလိုဖြေပေးတာကျေးဇူးပါဗျ။

From : Popula Myanmar by : ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Originally published at - http://www.popularmyanmar.com/popularnews/archives/27185

Read More »

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံ မေးမြန်းခြင်း




လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ အရ အင်အား အကောင်းဆုံး အတိုက်အခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ထိပ်တန်း ခေါင်းဆောင် အချို့အား Popular News ဂျာနယ်က သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါသည်။

ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၊ နိုင်ငံတကာ ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝဏ္ဏမောင်လွင်၊ ပါတီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူ ဒေါက်တာ ဝင်းအောင်ကျော် တို့အား မျက်နှာ စုံညီ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ခြင်းပင်။

ထိုသို့ တွေ့ဆုံ မေးမြန်းခွင့် ရသည်နှင့် အမျှ မိမိတို့ သိလိုသည့် အချက်များ၊ ကိစ္စရပ်များကို စာဖတ် ပရိသတ်အား ပြန်လည် တင်ပြရန် အတွက် စုံလင်စွာ မေးမြန်း ခဲ့ပါသည်။

ထို့ကြောင့် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတည်ထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်နေသည့်နည်းတူ အဓိက အတိုက်အခံ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုး ပါတီကလည်း အတိုက်အခံပါတီတစ်ခု အနေဖြင့် ဆောင်ရွက်လုပ် ဆောင်ရမည်တို့ကို လုပ်ကိုင်နေခြင်းများနှင့်ပတ်သက်၍ အဆိုပါ ပုဂ္ဂိုလ်တို့၏ ပြည်လည်ဖြေကြား ချက်များကို Popular News ဂျာနယ်တွင် အပတ်စဉ် ဆက်တိုက် ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ရာ ယခု အပတ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ဖြေကြားချက်များကို ရှေးဦးစွာဖော်ပြ လိုက်ပါကြောင်း

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှုများ

ကျွန်တော် ပါတီဥက္ကဋ္ဌ ဖြစ်တဲ့နေ့မှာပဲ မီဒီယာတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီ အခါမှာ ကျွန်တော်ပြောခဲ့တဲ့ စကားရှိပါ တယ်။ အဲဒါက ဘာလဲဆိုတော့နိုင်ငံရေး ပါတီတစ်ရပ်ဟာ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေထဲက တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဝင်ရေးကို မဖြစ်မနေ လုပ်ရပါမယ်။ အဲဒီလိုလုပ် တဲ့အခါမှာ အနိုင်ရရေးကို အဓိကထားလုပ်ရ ပါမယ်။

ဒီရွေးကောက်ပွဲတွေကို ကျွန်တော် တို့ဟာ နဖူးတွေ့ ဒူးတွေ့ မဖြစ်မနေကြုံတွေ့ ရပါလိမ့်မယ်။ အခု ကြုံတွေ့ရမှာကတော့ ကြားဖြတ်ရွေးကောက်ပွဲ။

အဲဒီ ကြားဖြတ်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ပါတီ ဘက်ကတော့ ခုနေခါမှာ အတိအကျပြောဖို့ ခက်ပါတယ်။ ဒါတွေက ကြိုပြော လို့မရပါဘူး။ သေ ချာပေါက် အောင်မြင်အောင်တော့ လုပ်ရမှာပေါ့။

အောင်မြင်အောင်လည်း တိုက်ပွဲဝင်သွားရမယ်။ အရင်တုန်းကတော့ တစ်ပါတီစနစ် အဲဒီနောက်ပိုင်း ပါတီစုံစနစ်။ ဒါတွေဟာ ကောင်း မကောင်း အတိတ်ကာ လက သက်သေပြခဲ့ပြီးပြီ။ နိုင်ငံ့အကျိုးအတွက်၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နိုင်ဖို့ ရွေးကောက်ပွဲတွေ ကနေ ရွေးချယ်ခံ ရဖို့က အရေးကြီး ပါတယ်။

ဒါမှလည်း ပြည်သူလူထု အကျိုးအတွက် တင်ပြလို့ရမယ်။ အခု ကြားဖြတ်အတွက် ကျွန်တော်တို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း ရွေးချယ်မှုပုံစံဟာ ပြောင်းလဲ သွားပါပြီ။

အရင်တုန်းကတော့ ဗဟိုကပဲ ချ ပေးပါတယ်။ အခုတော့ ဒီလို မဟုတ်တော့ ဘူး။ ဒေသခံပါတီက ထောက်ခံတဲ့သူ၊ ဒေသ က လက်ခံတဲ့ပုဂ္ဂိုလ်၊ အဲဒီဒေသမှာ အမှန် တကယ်နေထိုင်တဲ့၊ နေထိုင်နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ ဒါမှလည်း ဒေသအကျိုးကို တစ် စိုက်မတ်မတ် ဆောင်ရွက်နိုင်မယ်။

ဒီလိုဆို ရင် ဒေသက အငြင်းပွားဖွယ် မရှိတော့ဘူး။ ကျွန်တော်ပြောချင်တာက ကိုယ်စားလှယ် တွေရဲ့ အရည်အချင်းကို ကြည့်ပါလို့ ပြော လိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ပြီးပြီ၊ ရှင်ငယ့်ဝမ်း ထဲလည်း ဝင်ခဲ့ပြီးပြီ။ ဒီ့အတွက် ပြည်သူတွေ ဟာ အခြေအနေအရပ်ရပ်ကို ခွဲခြားပြီး စဉ်း စားဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံကို ဒီမိုကရေစီတစ်ခုတည်းနဲ့ တည် ဆောက်လို့ မရပါဘူး။ အရာရာပြည့်စုံတဲ့ အခြေအနေဆိုရင်တော့ တစ်ပိုင်းပေါ့ဗျာ။ အဓိကကတော့ အစိုးရပဲ။ အစိုးရကသာပဲ အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင် မယ်။ အလားတူပဲ ပြည်သူတွေကပဲ အခြေ အနေကောင်းတွေကို ဖန်တီးနိုင်မယ်။

လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တွေ ကြုံတွေ့နေရတဲ့အခြေအနေ။

အထွေထွေ ရွေးကောက်ပွဲကနေ ရရှိ ထားတဲ့ ကိုယ်စားလှယ်အခြေအနေအရ ကျွန်တော်တို့ဘက်က ဘယ်လောက်ကောင်း တဲ့အဆိုပဲတင်တင် ရှုံးနိမ့်မှုတွေ ရှိနေပါတယ်။

လတ်တလောအခြေအနေမှာဆိုရင်လည်း အများသိပြီးသားပါ။ ရက်ပိုင်းအတွင်း ကြုံ တွေ့နေရတဲ့အခြေအနေတွေကိုလည်း ပြည် သူတွေ သုံးသပ်နိုင်ပါတယ်။

ဒါ့ကြောင့် ကျွန် တော်တို့ဟာ အတိုက်အခံပဲဆိုဆို၊ အစိုးရကို ထောက်ပြဝေဖန်ရမယ့် ပါတီပဲဖြစ်နေပြီလို့ပဲ ပြောပြော ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီ က အစိုးရကို တည့်မတ်ထိန်းကျောင်းတဲ့ အ လုပ်ကို ဆက်လက်လုပ်ဆောင်သွားမှာပါ။



လက်ရှိ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေအပေါ် အတိုက်အခံပါတီ ဥက္ကဋ္ဌတစ်ဦး အနေနဲ့ သုံးသပ်မှု။

လက်ရှိ နိုင်ငံ့ရဲ့လုံခြုံရေးကတော့ မြင် တဲ့အတိုင်းပဲ။ တစ်ချိန်တုန်းက ကျွန်တော်တို့ ဟာ အစိုးရအဖွဲ့ ဖွဲ့ခဲ့တယ်။ အစိုးရတစ်ရပ် အနေနဲ့ လုပ်ရမယ့်အလုပ်တွေကို တာဝန်ယူ ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရတစ်ရပ်ရဲ့ တာဝန်ဟာ အလွန်ပဲ မြားမြောင်လှပါတယ်။

အခုတော့ ကျွန်တော်တို့ဟာ အတိုက်အခံ ပါတီအနေနဲ့ အစိုးရလုပ်နေတာကို စောင့် ကြည့်ရမယ့်တာဝန်၊ ထောက်ပြရမယ့်တာဝန်၊ ဝေဖန်ရမယ့်တာဝန်တွေ ရှိလာပါတယ်။

အဲဒီ ဝေဖန်ထောက်ပြမှုတွေကိုလည်း အပြုသဘော ဆောင်ပြီး ဆောင်ရွက်ပါတယ်။ အဓိက ကတော့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးစီး ပွားကို ရှေးရှုပြီးဆောင်ရွက် ပါတယ်။ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေကို အရှိကိုအရှိအ တိုင်း၊ အမြင်ကို အမြင်အတိုင်း အကျဉ်းချုပ် တင်ပြရရင် ဒီ့မတိုင်ခင် အချိန်ကတည်းလောက် က ကျွန်တော်ဟာ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ အ သုံးပြုတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ စာလေးတစ်ခုတင်ဖူးပါတယ်။

အဲဒါဟာ ဘာလဲဆိုတော့ ရခိုင်ကိစ္စ။ ဒီကိစ္စ ဟာ ဘာလဲဆိုတော့ အနောက်တံခါးကိစ္စပါ။ စိတ်ပူမိတယ်။ ဒါတွေကို ကိုင်တွယ်တဲ့အခါ မှာ သေသေချာချာ ကိုင်တွယ် သင့်တယ်။ လုံခြုံရေးအဖွဲ့တွေကိုလည်း လွတ်လွတ်လပ် လပ် လုပ်ပိုင်ခွင့် ပေးသင့်တယ်ဆိုတာပါပဲ။

မဟုတ်လို့ရှိရင် ဒီကိစ္စဟာ စိတ်ပူရမယ့်ကိစ္စ လို့ ကျွန်တော်ရေးခဲ့ပါတယ်။ များမကြာပါ ဘူး။ ကျွန်တော်စိတ်ပူခဲ့သလိုပဲ ဖြစ်လာပါ တယ်။ ဟော.. ထပ်ပြီးဖြစ်လာတာကတော့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း။

ပိုပြီးဆိုးတာက အရပ်သားတွေရှိတဲ့ မူဆယ်၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း၊ မုံးကိုးဒါတွေ ကိုတောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒါဟာ အကြမ်းဖက်မှုပဲ။ နှစ်ဖက်တိုက်ပွဲ ထိတွေ့မှု မဟုတ်ဘူး။ ဒါ့အပြင်ဗျာ ခုနောက်ပိုင်း မြို့ ပေါ်တွေမှာကအစ ဖောက်ခွဲမှုတွေရှိလာ တယ်။

ဒါတွေဟာ နိုင်ငံ့လုံခြုံရေးကို တိုက် ခိုက်လာတဲ့၊ ထိပါးလာတဲ့ ဖြစ်ရပ်တွေပဲ။ ဒါ ဟာ ငြင်းလို့မရဘူး။ နောက်တစ်ခါ မြို့တွင်း၊ ရွာတွင်းတွေမှာလည်း မှုခင်းဖြစ်ရပ်တွေ ပို ဖြစ်လာတယ်။ ပြည်သူတွေရဲ့ လုံခြုံမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ဟုတ်ပြီ စီးပွားရေးဘက်။ ပိုပြီးတော့တောင်ကျပ် တည်းလာကြတယ်။ ဒါကလည်း ငြင်းမရ ဘူး။ အဲဒါကြောင့်မို့ ဒီကိစ္စတွေကို အစိုးရက သေသေချာချာကိုင်တွယ်ဖို့ ကျွန်တော်တို့တွေ ကြေညာချက်တွေ ထုတ်တယ်၊ လူထုသိအောင် ပြောတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်က အဲဒီလိုဖြစ်နေတယ်လို့ ပြော ချင်တယ်။

ပါတီတွင်း သွေးသစ်လောင်းလိုက်ရနှင့်ပတ် သက်၍

ပြီးခဲ့တဲ့ စက်တင်ဘာလက ကျွန်တော် ဟာ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီဥက္ကဋ္ဌ တာဝန်ကို ရွေးချယ် တင်မြှောက်ခံ ရတာထက် ရွေးချယ် တာဝန်ပေး ခံလိုက်ရတယ်လို့ ခံယူ ပါတယ်။ အဲ ဒီအခါမှာ ဒီနေ့ဒီအချိန်နဲ့ သင့် တော်တဲ့ ပြုပြင်မှု၊ ပြောင်းလဲမှုကို ပြုလုပ်ပါ တယ်။

အဲဒီလိုလုပ်တဲ့အခါမှာလည်း ပါတီက လူတွေ တစ်စိတ်တည်း၊ တစ်သဘောထား တည်းရှိမှ အောင်မြင်မှုရလိမ့်မယ်။ တစ်စိတ် တည်း၊ တစ်သဘောထားတည်းထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပါတီကို သွေးသစ်မ လောင်းခင် ကျွန်တော်တို့ဟာ ပါတီမှာရှိတဲ့သူ တွေ၊ နောက်ပြီး ပါတီရဲ့မူဝါဒတွေကို အပြန် ပြန်အလှန်လှန် လေ့လာဆန်းစစ်ပါတယ်။

မူ တွေဟာ ယနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူး လား။ ဒါဆိုရင်ပြင်မယ်။ ပြင်ဆင်မှုတွေလည်း ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ အများကြီးတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လူတွေကရော။ အရွယ် အားဖြင့် မသင့်တော်တော့ဘူးလား။

ဘာဖြစ် လို့လဲဆိုတော့ နောက်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေကို လက်ဆင့်ကမ်း အမွေပေးသွားခဲ့ရ မှာလေ။ နောက်ပြီး သူဟာ တာဝန်တွေကို ကောင်းကောင်း
ထမ်းဆောင်နိုင်မှာလား၊ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေကရော လုပ်ကိုင် နိုင်စွမ်းရှိရဲ့လား။ ဒါတွေကို လေ့လာသုံးသပ် ပြီးမှ ပြင်ဆင်ဖွဲ့စည်းပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပါတီတွင်းကပုဂ္ဂိုလ် များအပေါ် ပါတီဥက္ကဋ္ဌတစ်ယောက်ရဲ့အမြင်။

ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး လူမှန်၊ နေရာမှန်ဖြစ်အောင် ဆောင်ရွက် ပါတယ်။ ဒါပေမယ့်လို့ ၁ဝဝ ရာခိုင်နှုန်းမဖြစ် ခဲ့ဘူး။ ခေတ်အဆက်ဆက် လူ့သက်တမ်း တစ်လျှောက် ကြည့်လိုက်လို့ရှိရင် လူမှန်နေ ရာမှန်ဖြစ်ဖို့ တော်တော်လေး ခဲယဉ်းပါတယ်။ အားလုံးဟာရွေးခဲ့ကြတာ။ လူ့ရဲ့စိတ်သဘော က လေ့လာဖို့အခဲယဉ်းဆုံးပဲ။ ကျွန်တော်က တော့ ပြောထားတဲ့ စကားရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အခုလက်ရှိ လူတွေဟာ ညီ လာခံကနေ တင်မြှောက်လိုက်တာဖြစ်ပေမယ့် လည်း ငါတို့တော့ ၅ နှစ်စလုံးလုပ်ရမယ်လို့ မထင်ထားပါနဲ့လို့ ပြောပါတယ်။ ပြည်သူတွေ က နှစ်သက်မှုမရှိရင် ကိုယ်လုပ်ရမယ့်အလုပ် တွေ မအောင်မြင်ရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ ပါတီတွင်းမှာ ရှိမှာမဟုတ်ပါဘူး။

တပ်မတော်သားဟောင်းများနဲ့ ဦးဆောင် ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပုံရိပ်ကို ပြောင်း လဲဖို့ ရှိ မရှိ။

လူတော်တော်များများကတော့ ပါတီ ဟာ တပ်မတော်နဲ့ ဆက်စပ်မှုရှိတယ်။ အဲဒီ လို တွေးကြတယ်၊ ထင်ကြတယ်၊ မှတ်ယူကြ တယ်။ ကျွန်တော်တို့ ပါတီဟာ ပါတီဝင် ၅ သန်းရှိတဲ့ ပါတီတစ်ခုဖြစ်တယ်။ အဲဒီ ၅ သန်း ထဲမှာ တပ်မတော်သားဟောင်း ကျွန်တော် အပါ အဝင်ပေါ့လေ။ အားလုံးပေါင်း ၁၂ဝ၆ ဦးပဲရှိပါတယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းအား လုံးအပါနော်။

ဒီတော့ ၅ သန်းထဲက ၁၂ဝ၆ ဦးကို နုတ်လိုက်ရင် အရပ်သားပါဝင်မှုက အများကြီးပဲ။ ဟုတ်ပြီ။ ကျွန်တော်တို့ဟာ ပြည်ခိုင်ဖြိုးပါတီကို အရပ်သားစစ်စစ် ဦး ဆောင်တဲ့ပါတီဖြစ်အောင် ထူထောင်သွားခဲ့ မှာ။ ကျွန်တော်တို့တွေ ခုဦးဆောင်နေတယ် ဆိုတာကလည်း အချိန်ကာလတစ်ခုပဲ။

အောက်ခြေပါတီဝင်တွေနဲ့ ထိစပ်မှုရှိ မရှိ၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်း ရှိ မရှိ။

ကျွန်တော်ဟာ အသင်းဘဝတုန်းက ဃနဃ တစ်ဦးဖြစ်ခဲ့တယ်။ ခုတော့ ပါတီမှာ ဥက္ကဋ္ဌဖြစ်တယ်။ ဒီတော့ ဒီအခါမှာ ကျွန် တော်က ပြည်နယ်နဲ့တိုင်းတွေကို သွားတယ်။ ဘာဖြစ်လို့ သွားလဲဆိုတော့ သာမန်ပါတီဝင် တွေနဲ့ ထိတွေ့ချင်လို့။ သူတို့ပြောချင်တဲ့စကား တွေကို နားထောင်ချင်လို့။ အကောင်အထည် ဖော်ပေးချင်လို့။

ခက်တာက ခုချိန်ထိမအောင် မြင်သေးဘူး။ ကျွန်တော် ရန်ကုန်တိုင်းသွား တယ်။ အဲဒီမှာ စီစဉ်တဲ့သူက ပါတီဝင် ၅ဝဝ ကျော်လောက် ဖိတ်ထားတယ်။ အဲဒီ ၅ဝဝ ကျော်က သာမန်ပါတီဝင် နည်းနည်းလေးပဲ ပါတယ်။ ဟုတ်ပြီ။ နောက် မြို့နယ်တစ်ခုသွား တယ်။ နှစ်ယောက် သုံးယောက်လောက်ပဲ သာမန် ပါတီဝင်ပါတယ်။

ကျန်တဲ့သူတွေက တွေ့ပြီးသားလူတွေ။ ဒီတော့ ကျွန်တော် တွေးတယ်။ ကျွန်တော်တို့ပါတီဝင်တွေရဲ့ အတွေးအခေါ်က ပုံစံခွက်ထဲများရောက်နေ သလား။

ဒါတွေကို ပြင်ဆင်ဖို့ လိုနေတာလား ဆိုတဲ့ အတွေး ကျွန်တော်ဝင်သွားတယ်။ ခု ကျွန်တော် ဖေ့စ်ဘွတ်ခ် အကောင့်ဖွင့်ထား တယ်။ ပါတီမှာလည်း ပါတီဖေ့စ်ဘွတ်ခ် အ ကောင့်တစ်ခု ဖွင့်ထားတယ်။ အဲဒီက တင် ပြချက်တွေ အကုန်လုံးကို ချက်ချင်ျးွနစူပ ပြန်တယ်။ လုပ်ပေးစရာရှိတာတွေကို ချက် ချင်းလုပ်တယ်။

ဒါဟာ ပါတီတွင်းဒီမိုကရေ စီစနစ် ကျင့်သုံးခြင်းပဲ။ ဆက်လက်ပြီး တိုးချဲ့ ဆောင်ရွက်သွားဖို့ အများကြီးရှိတယ်။

From : Popula Myanmar by : ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Originally published at - http://www.popularmyanmar.com/popularnews/archives/27265

Read More »

Wednesday, October 26, 2016

ကုလအတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသူ အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံခြင်း




၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ ဘန်ကီမွန်း ရာထူးက ဆင်းချိန်မှာ သူ့နေရာကို ဆက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသစ် အဖြစ် အန်တိုနီယို ဂူတာရက်စ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံက အောက်တိုဘာ ၁၃ ရက်က ခန့်အပ် ခဲ့ပါတယ်။

မစ္စတာ ဂူတာရက်စ် (၆၇)နှစ်ဟာ ၁၉၉၅ ကနေ ၂၀၀၂ အထိ ပေါ်တူဂီ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ဇွန်လ ကနေ ၂၀၁၅ ဒီဇင်ဘာ အထိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီရဲ့ ထောက်ခံမှုကို အထွေထွေ ညီလာခံက လုပ်ဆောင်ရာမှာ ညီ လာခံဥက္ကဋ္ဌ ပီတာသွမ်ဆင်က မစ္စ တာ ဂူတာရက်စ်ကို ၂၀၂၂ ဒီဇင် ဘာမှာ အဆုံးသတ်မယ့် ငါးနှစ်တာ ကာလ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ တာဝန် ထမ်းဆောင်စေဖို့ အမည်စာရင်း တင်သွင်း ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ဇန်န၀ါရီမှာ ကမ္ဘာ့ထိပ်တန်းသံတမန်ဖြစ်လာ မှာဖြစ်ပြီး လာမယ့် ငါးနှစ်အတွက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ပါမယ်။

သူ့ကို အဲဒီရာထူးခန့်အပ် လိုက်တာနဲ့ပတ်သက်ပြီးတော့ အ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီ နေ့ခေတ်ကမ္ဘာရဲ့ မလုံခြုံမှုတွေ၊ မသေချာမရေရာ မှုတွေကို ဖြေရှင်း နေရတုန်းမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်က ကျွန်တော်တို့ အခြေအနေ တိုးတက်အောင် လုပ်ဆောင်ထားချိန် မှာ ဒီအဖွဲ့အစည်းကို ပဲ့ကိုင်ဖို့အ တွက် ဂူတာရက်စ်ကို ရွေးချယ် တာဟာ သိပ်ကိုကောင်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်အဖြစ် မစ္စတာ ဂူတာရက်စ်ခန့်အပ်ခံရပြီး မကြာခင်မှာ ကုလသမဂ္ဂသတင်းဌာန (UN News Centre)က သူနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ မှာ သူစပြီး တာဝန်ထမ်းဆောင် ချိန်မှာ ဘယ်ဟာက သူ့ကို ဖိအား အပေးဆုံး (ဒါမှမဟုတ်) ဦးစားအ ပေးဆုံးကိစ္စဖြစ်မလဲဆိုတာ ပထမဆုံးမေးမြန်းထားပါတယ်။

ခင်ဗျားရဲ့ မေးခွန်းကိုမဖြေခင် ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် ကုလသမဂ္ဂ၀န်ထမ်းတွေ အားလုံးနဲ့ ကျွန်တော်အများကြီး စည်းစည်းလုံးလုံးရှိတယ်ဆိုတာ ဒီကုလသမဂ္ဂသတင်းဌာနကနေ ပြောချင်ပါတယ်။

UNHCR မှာ ဆယ်စုနှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့တုန်းက လုပ်ဖော်ကိုင် ဖက်တစ်ဦးဖြစ်ဖို့ အထူးအခွင့်အ ရေးတစ်ရပ် ကျွန်တော်ရခဲ့ပါ တယ်။ ပြီးတော့ ဇန်န၀ါရီ ၁ ရက်မှာ နောက်ထပ်တစ်ခါ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်လာနိုင်တာကြောင့် ကျွန်တော်ဝမ်းသာမိပါတယ်။

ကမ္ဘာ့နေရာတိုင်းမှာရှိ တဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေအား လုံးနဲ့ လက်တွဲလုပ်ကိုင်ဖို့ ကျွန်တော် မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။

အခုခင်ဗျားရဲ့ မေးခွန်းကို ပြန်ဖြေပါမယ်။ ပထမဆုံးဦးစားပေး ကိစ္စက ငြိမ်းချမ်းရေးနဲ့ ဆက်စပ် နေတယ်လို့ ကျွန်တော်ထင်ပါ တယ်။ ငြိမ်းချမ်းမှုမရှိတာဟာ ဒီ နေ့ခေတ်ကမ္ဘာကြီးမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အသိသာဆုံး ပြဿနာပဲဖြစ်ပါတယ်။

ပဋိပက္ခ အဟောင်းတွေ လုံးဝနိဂုံးချုပ်မ သွားဘဲ ပဋိပက္ခအသစ်တွေအများ ကြီးတိုးပွားလာတာကို ကျွန်တော် တို့ မြင်တွေ့နေရတယ်။ ဆိုမာလီ ယာ (ဒါမှမဟုတ်) အာဖဂန်နစ္စတန် (ဒါမှမဟုတ်) ကွန်ဂိုပြည်သူ့ဒီမိုက ရက်တစ်နိုင်ငံကို ကြည့်လိုက်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကြိုတင် မပြောဆိုနိုင်တဲ့ ခံစားချက်တစ်ခုရှိ နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း ဟာ ပဋိပက္ခတွေကို ကာကွယ်ဖြေ ရှင်းဖို့ သူတို့ရဲ့ စွမ်းပကားအများ ကြီးဆုံးရှုံးသွားတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးအတွက် သံတမန် နည်းပရိယာယ်တွေ ပိုများလာစေ ရေးဟာ ကျွန်တော့်ရဲ့ ဦးစားပေး ကိစ္စဖြစ်ပါလိမ့်မယ်။

အဲဒါဟာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် အများကြီး မူတည်နေတယ်ဆိုတာ ပြီး တော့ အတွင်းရေးမှူးချုပ်မှာ လုပ် ဆောင်နိုင်စွမ်းအကန့် အသတ်ရှိ နေတယ် ဆိုတာတွေကို ကျွန်တော် သိပါတယ်။

ဒါပေမဲ့ ဦးဆောင် စည်းရုံးသူတစ်ယောက်၊ ပြုပြင် ပြောင်းလဲစေသူတစ်ယောက်၊ ရိုးသားတဲ့ ကြားခံညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ဆောင်မယ် ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေကို ပိုပြီးတော့ တစုတစည်းတည်း ဆောင် ကြဉ်းနိုင်မယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်။

ဒီနေ့ခေတ်ကမ္ဘာမှာ ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ စစ်ပွဲတွေပိုပြီးဆိုးရွားလာတယ်။ ခံစားနေရတဲ့ လူတွေအခြေအနေ ပိုဆိုးလာတယ်ဆိုတာ နားလည်ပါ တယ်။ ဒါပေမဲ့ အဲဒါထက်ပိုဆိုးတာက ကျွန်တော်တို့ရဲ့စုပေါင်းလုံခြုံမှုမှာ အဲဒီစစ်ပွဲတွေရဲ့ ရိုက်ခတ်မှုဟာ တကယ့်ကို အရမ်းအန္တရာယ် ရှိလာပါတယ်။

ပဋိပက္ခတွေမှာ ပါဝင်နေတဲ့သူတွေ (ဒါမှမဟုတ်) ပဋိပက္ခထဲက အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှုရှိသူတွေ ဆက်စပ်သူတွေအားလုံးအတွက် အရေး ကြီးတဲ့အချိန်ကို ရောက်ပါပြီ။ အတူတကွ ပူးပေါင်းဆောင်ရွက် ဖို့နဲ့ ကမ္ဘာ့လုံခြုံရေး အတွက် ဘုံအကျိုး စီးပွားဟာ သူတို့တွေကြား ရှိနေနိုင်တဲ့ သဘောထားကွဲလွဲမှု တွေထက် အများကြီး ပိုအရေး ကြီးတယ်ဆိုတာကို နားလည်ထား ရမယ့် အရေးကြီးတဲ့အချိန်ကို ရောက်ပါပြီ။

ဒါဆို . . . ခင်ဗျားငြိမ်းချမ်းရေးကို ယုံကြည်လား (ဒါမှမဟုတ်) ငြိမ်းချမ်းရေး မရှိတာဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ ဘဏ္ဍာရေး ပြဿနာ တွေ ဒုက္ခသည်ပြဿနာတွေ စတဲ့ ကမ္ဘာ့ပြဿနာ အများစုရဲ့ နောက်ကွယ်က အကြောင်းရင်းဖြစ်တယ်လို့ ခင်ဗျား ယုံကြည်သလား။

ဒီဟာတွေအားလုံးဟာ တစ် ခုနဲ့ တစ်ခုဆက်စပ်နေတယ်ဆိုတာ ရှင်းနေပါတယ်။ သံတမန်နည်း ပရိယာယ်တွေ ပိုများလာတာဟာ အကောင်းဆုံး နည်းလမ်းပဲဆိုတာ ရှင်းပါတယ်။

တစ်ချိန်တည်းမှာ လူသားတွေ ခံစားနေရတာတွေ ကို ဘက်ပေါင်းစုံကနေ ကျွန်တော် တို့ ထိန်းချုပ်ရာမှာ အထောက်အ ကူဖြစ်လာမယ်ဆိုတာ ရှင်းပါ တယ်။ ပြီးတော့ ဒုက္ခသည်ပမာဏ ဟာ အဆိုးရွားဆုံးကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။

ခင်ဗျားရဲ့ အလုပ်တာဝန်သစ်နဲ့ ပတ်သက်လို့ စဉ်းစားတဲ့အချိန်မှာ ခင်ဗျားစိတ်ထဲမှာ ပေါ်လာတဲ့ အဓိ ကစိုးရိမ်စရာ (ဒါမှမဟုတ်) စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။

လက်ရှိအချိန်မှာ အဓိကစိန် ခေါ်မှုကတော့ ကျွန်တော်ပြောခဲ့ သလိုပဲ ငြိမ်းချမ်းမှုအတွက် သံတ မန်နည်းပရိယာယ်တွေနဲ့ ဆက်စပ် လို့ ကျွန်တော်တို့ပိုပြီး ထိရောက် အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲမှုလုပ်တာနဲ့ ဆက်စပ်ပြီး တော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိ နေပါတယ်။ အဖွဲ့အစည်းကို ထိ ရောက်အောင် လုပ်ဖို့နဲ့ ကမ္ဘာတစ် ၀န်းလုံးက ကျွန်တော်တို့ စောင့် ရှောက်ရမယ့် လူတွေနဲ့ ဆက်စပ် လို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကနဦးလုပ်ဆောင်ခဲ့တဲ့ ၂၀၃၀ စီမံကိန်းနဲ့ ရာသီဥတုဆိုင်ရာ သဘောတူညီမှုတွေစတဲ့ ပြီးခဲ့တဲ့ ကာလမှာဖြစ်နိုင်ခဲ့တဲ့ အရေးကြီး အောင်မြင်မှုတွေကို သေချာ အောင်ဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။

အထင်ကရဆုံး ဖြတ်ချက်တွေကို အကောင်အ ထည်ဖော်ဖို့ သေချာအောင်လုပ် ဆောင်ရာမှာလည်း စိန်ခေါ်မှုတွေ ရှိနေပြီး ထိရောက်အောင်လုပ်ရ မယ့် နောက်ဆက်တွဲကိစ္စတွေရှိပါ တယ်။ ပြီးတော့ လူ့အခွင့်အရေး ဟာ လူသားတွေရဲ့ ဘုံတာဝန်တစ် ခုဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး ရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆလာ အောင်လုပ်ဖို့ မေးမြန်းစရာတွေရှိ နေပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ကုလသ မဂ္ဂအတွင်းရေးမှူးချုပ် ရွေးချယ် ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး ကိုယ်စားလှယ်အများအပြားကို စဉ်းစားဖို့ တင်ပြထားတာတွေ တွေ့မြင်ခဲ့ပါတယ်။ ထိပ်တန်းရာ ထူးနေရာတွေမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို မေးမြန်းချင် ပါတယ်။

အရင်ဦးဆုံးအနေနဲ့ ကမ္ဘာ တစ်ဝန်းဘယ်နိုင်ငံမှာမဆို နိုင်ငံ့ ခေါင်းဆောင်အဖြစ်နဲ့ ဒါမှမဟုတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ်နဲ့ အမျိုးသမီးတစ်ယောက် ရှိတဲ့ ထင်ရှားတဲ့တန်ဖိုးကို ကျွန် တော်အပြည့်အ၀အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက် ပြီး ကျွန်တော်ဘာမှမလုပ်နိုင်ပါ ဘူး။ ကျွန်တော်ဟာ အမျိုးသမီး တစ်ယောက်မဟုတ်ဘူး။ ကျွန် တော်ကို ခွင့်လွှတ်ပါ။

ဒီအဖွဲ့အ စည်းအတွက် ကျွန်တော်သေချာ အောင် လုပ်နိုင်တာကတော့ ကမ္ဘာတစ်ဝန်းလုံး ကျွန်တော်တို့လုပ်နေ တာတွေ အားလုံးထက် အရင် ဆုံးအမျိုးသမီးတွေနဲ့ မိန်းကလေး တွေ လုပ်ပိုင်ခွင့်အာဏာအပ်နှင်း တာနဲ့ ကာကွယ်ပေးတာပဲဖြစ် ပါတယ်။ ဒုတိယအနေနဲ့ အနီးစပ် ဆုံးဖြစ်နိုင်တဲ့ အနာဂတ်မှာ ရာထူး အဆင့်အားလုံးမှာ ယောက်ျားနဲ့ မိန်းမကြား တန်းတူအကျိုးခံစား ခွင့်ရရှိဖို့ အဖွဲ့အစည်းမှာ ကျွန် တော်တို့ ဆောင်ရွက်ဖို့ပဲဖြစ်ပါ တယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ လိင်ကွဲပြားမှုနဲ့ပတ် သက်လို့ ကျွန်တော်ဘာမှ မလုပ် နိုင်ပေမယ့် ကုလသမဂ္ဂက ဆက်စပ်တဲ့ အရာအားလုံးမှာ ကျား၊မညီမျှမှုရှိစေဖို့ ကျွန်တော်အရမ်းခိုင် မာတဲ့ ကတိကိုပေးနိုင်ပါတယ်။

ဒါဆိုခင်ဗျားရဲ့ ဒုတိယအတွင်းရေး မှူးချုပ်အနေနဲ့ အမျိုးသမီးတစ် ယောက်ခန့်ဖို့ ခင်ဗျားစဉ်းစားမှာ လား။

အဲဒါဟာ လုံးဝလိုအပ်မှုလို့ ကျွန်တော်ထင်တယ်။ တန်းတူအ ကျိုးခံစားခွင့်ဆိုတာ တကယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟာ အမျိုးသမီးတစ်ယောက်ဆို ရင် ဒုတိယအတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်သင့်တယ်။ တကယ် လို့ အတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်နေရင် ဒုတိယအတွင်း ရေးမှူးချုပ်ဟာ အမျိုးသမီးတစ် ယောက်ဖြစ်သင့်တယ်လို့ ဆိုလို တာပါ။

ခင်ဗျားဟာ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး အဖြစ်နဲ့ ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ဒုက္ခသည်တွေ ရွှေ့ ပြောင်းနေထိုင် သူတွေရဲ့ လိုအပ် ချက်တွေကို ဖြေရှင်းရာမှာ အတွင်းရေးမှူးချုပ် တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည် အသစ် ထဲက ဒီနယ်ပယ်မှာ ခင်ဗျားရဲ့ အတွေ့အကြုံကို ဘယ်လိုသုံး သွားမလဲ။

ကမ္ဘာရဲ့ အစိတ်အပိုင်းအ များကြီးမှာ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ဆက်စပ်လို့ လူပြိန်းကြိုက်တွေ နိုင်ငံခြားသားမုန်းတီးရေးချဉ်းကပ်မှုတွေနဲ့ အခြေအနေ
ပြင်းထန်မှု မြင့်မား လာတာတွေနဲ့အတူ ကမ္ဘာ မှာ သိပ်မကြာသေးခင်က ဒုက္ခ သည်ကာကွယ်ရေး ယိုယွင်းနေ တာကို မြင်တွေ့ရတဲ့အတွက် ကျွန်တော် အရမ်းစိုးရိမ်ခဲ့မိပါ တယ်။

ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း နေထိုင်မှုတွေနဲ့ ဆက်စပ်လို့ သိပ် မကြာခင်က လုပ်ခဲ့တဲ့ ညီလာခံ တွေဟာ အဲဒီလမ်းကြောင်း
တွေကို ပြောင်းလဲ ရာမှာ အထောက်အကူ ဖြစ်ဖို့ ကျွန်တော်မျှော်လင့်တယ်။ ပြီးရင် အဲဒီလမ်းကြောင်းတွေ ပြောင်းပြန်ဖြစ်စေဖို့ ကျွန်တော် လုပ်နိုင်တာ အားလုံးလုပ်မယ်။

ဒုက္ခသည်တွေကို ကာကွယ်ဖို့ဆို တာကို ကမ္ဘာကြီးရဲ့ တာဝန်တစ်ခု အနေနဲ့ ယူဆလာစေဖို့ လုပ်မယ်။ အဲဒါဟာ ဒုက္ခသည်တွေနဲ့ ပတ် သက်တဲ့ အစဉ်အလာပဲမဟုတ် ဘူး။

အဲဒါဟာ ကမ္ဘာတစ်ဝန်းလုံး က ယဉ်ကျေးမှုအားလုံး၊ ဘာသာ တရားအားလုံးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်
နေတဲ့ ကိစ္စပါ။

အစ္စလာမ်ဘာသာမှာ ကြည့် လိုက်၊ ခရစ်ယာန်ဘာသာမှာ ကြည့်လိုက်၊ အာဖရိကမှာ ကြည့် လိုက်၊ မတူတဲ့ ဘာသာတွေကို ကြည့်လိုက် ဗုဒ္ဓဘာသာမှာ၊ ဟိန္ဒူ ဘာသာမှာ ဒုက္ခသည်တွေကို လက်ခံဖို့ ခိုင်မာတဲ့ ကတိတစ်ခုကို တွေ့ ရတယ်။

ဒါကြောင့် နိုင်ငံတကာ ဥပဒေအရသာမဟုတ်ဘဲ နိုင်ငံတွေလေးစားသမှုရှိလာနိုင်ဖို့ သေချာ အောင်လုပ်ဖို့အတွက်ပဲမဟုတ်ဘဲ ကျွန်တော်တို့ မျက်မြင်တွေ့နေရ တဲ့ ဆိုးရွားတဲ့ ပဋိပက္ခတွေက ထွက်ပြေးလာတဲ့ သူတွေကို ကာကွယ် ဖို့ လိုအပ်နေတာတွေနဲ့ ပတ်သက် လို့ အပြည့်အ၀တစ်သားတည်း ဆောင်ရွက်ဖို့ ကိစ္စဟာ တကယ့် ကို ဦးစားပေးကိစ္စတစ်ခုပဲဖြစ်ပါ တယ်။

ရွှေ့ပြောင်းနေထိုင်မှုကို လူသားဆန်တဲ့ အမြင်နဲ့ ကြည့်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာမှာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ကလည်း ဦးစား ပေးကိစ္စဖြစ်ပါတယ်။ အဲဒါကို ထိ ထိရောက်ရောက်ထိန်းချုပ်ဖို့ပဲလို အပ်တာပါ။

ဒါကို နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု အပေါ် အ ခြေခံဖို့ပဲ လိုအပ် ပါတယ်။ လူတွေ မသေအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ လူ မှောင်ခိုကူးသူတွေ၊ မှောင်ခိုသမား တွေ ပိုများလာတာဟာ မူလနိုင်ငံ တွေ၊ ခရီးတစ်ထောက်နားတဲ့ နိုင်ငံတွေ၊ နောက်ဆုံးရောက်ရှိ မယ့်နိုင်ငံတွေကြားမှာ ထိရောက် တဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ပဲ ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင် မှုကိစ္စကို ကမ္ဘာကြီးက ပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ ကြုံ နေကျ ကိစ္စတွေထဲက တစ်ခုလို့ မမှတ်ယူထားတဲ့အတွက်ပဲဖြစ်ပါ တယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အလုပ်ကို လူအများက မဖြစ်နိုင် တဲ့ အလုပ် တစ်ခုလို့ ပြောထား ကြပါတယ်။ အခု ခင်ဗျားဟာ မဖြစ်နိုင် တာကို ဖြစ်နိုင် တာတွေ အဖြစ် ပြောင်းလဲ ပစ်မှာလား။

ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်။ အဲဒါ တစ်ခုတည်းပဲ ကျွန်တော်ပြောနိုင် တယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ လေးနက်တဲ့ တန်ဖိုး တွေနဲ့ လေးနက်တဲ့အကြောင်း ရင်းတွေအတွက် တာဝန် ထမ်းဆောင်ရာမှာ ကျွန်တော်အစွမ်းရှိ သလောက် အားလုံးကို လုပ် ဆောင်သွားပါမယ်။

—Ref:UN News Centre

From : 7 day daily - By : ကျော်သူမောင်

Originally published at - http://www.7daydaily.com/story/79146


Read More »

Wednesday, October 12, 2016

ဝဒေသ ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူနှင့် တွေ့ဆုံခြင်း


‘၀’ဒေသ ပြင်ပဆက်ဆံရေး ဌာန ဌာနကြီးမှူး ဦးကျောက်ကော်အန်း။ (ဓာတ်ပုံ-မောင်တာ)

‘၀’ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ ‘၀’ပြည် တပ်မတော် (UWSP/UWSA) ကို မြန်မာနိုင်ငံရှိ အကြီးဆုံးနှင့် အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် သတ်မှတ် ထားကြပြီး UWSA ၏ ဌာနချုပ်မှာ မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်စွန်း၊ တရုတ် နယ်စပ်ရှိ ပန်ဆန်း (ပန်ခမ်း)မြို့ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာစောင့်ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေစာရင်းအရ UWSA တွင် စစ်အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားရှိသည်။ အခြားစစ်တမ်းများကမူ အင်အားသုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ ၁၉၈၉ တွင် ဗကပမှ ခွဲထွက်ပြီးစအချိန်ကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေး သဘော တူညီချက်များ ရယူနိုင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက် မန်းနှင့် ပန်ဆန်း (ပန်ခမ်း)မြို့နယ် ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုခွဲပြီး ‘၀’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် UWSP/UWSA အနေဖြင့် ရုံးသုံးစာအဖြစ် တရုတ်ဘာသာစကားကို အသုံးပြုပြီး ငွေကြေးကိုလည်း တရုတ်ယွမ်ငွေကြေးကိုသာ အဓိက သုံးစွဲသည်။ ‘၀’ဒေက ပြည်သူများနှင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူလူထုချင်း ဆက်ဆံမှုမှာ အလွန်နည်းပါးပြီး ‘၀’ဒေသည် သီးခြားနိုင်ငံတစ်ခုကဲ့သို့ဖြစ်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံသို့ UWSP ကိုယ်စားပြုအဖွဲ့ တက်ရောက်ခဲ့သည်။ သို့သော် လည်ဆွဲ ကတ်ပြား ကိစ္စမကျေနပ်ရာမှ ညီလာခံကျင်းပပြီးစီးခြင်းမရှိသေးမှီ မှာပင် ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံတွင် UWSP က သူတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်ပေးရန် တောင်းဆိုထားသည်။ ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်အတွင်းက UWSP/UWSA သည် ပြည်တွင်းနှင့် နိုင်ငံခြားသတင်းထောက်အချို့ကို ‘၀’ ဒေသသို့ လာရောက်ခွင့်ပြုခဲ့သည်။ ‘၀’ ဒေသ၊ ပန်ဆန်းမြို့တွင် UWSP/UWSA ၏ အဆင့်ငါးဆင့်ခေါင်းဆောင်၊ ‘၀’ဒေသ ပြင်ပဆက်ဆံရေးဌာန ဌာနကြီးမှူး ဦးကျောက်ကော်အန်းနှင့် သတင်းဌာနအချို့က တွေ့ဆုံခွင့် ရခဲ့ပြီး မေးမြန်းခဲ့သည်များမှ အချို့ကို ပြန်လည်ဖော်ပြပါသည်။ 7Day-၂၁ ရာစုပင်လုံညီလာခံအပြီး နောက်ထပ် ခြောက်လခြားပြီး မကြာခင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပဖို့ ရှိပါတယ်။ အဲဒီမှာ အစိုးရဘက်က NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေပဲ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ တက်ရောက်ဆွေးနွေးခွင့် ရှိမယ်လို့ သတ်မှတ်ထားတယ်။ UWSP/ UWSA အနေနဲ့က NCA မှာ လက်မှတ်ရေးထိုးထားတာ မရှိ သေးပါဘူး။ အဲဒီတော့ UWSP အ နေနဲ့က နိုင်ငံရေးဆွေးနွေးဖို့နဲ့ NCA လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီလား။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့က ဘယ်လို အလားအလာရှိပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ အစိုးရကြားမှာ သဘောထားကွဲလွဲမှုတွေ တောက်လျှောက်ရှိခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့က ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ ကျွန်တော်တို့နဲ့ အဆင့်သုံးဆင့်ငြိမ်းချမ်းရေး လမ်းပြမြေပုံပေါ့။ လမ်းပြမြေပုံအတိုင်း စာချုပ်ချုပ်ခဲ့တယ်။ ကျွန်တော်တို့က ဒီမှုနဲ့ပဲ သွားတာပေါ့။ ကျွန်တော်တို့ ဒီ NCA ကိုတော့ လုံးဝ လုံးဝသွားပြီး လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ က နေစပြီး ဒီကနေ့အထိ ၂၈ နှစ်ရှိပြီ။ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော် နဲ့ လုံးဝတိုက်ပွဲဖြစ်ခဲ့ခြင်းမရှိဘူး။ ၂၈ နှစ်ရှိပြီ ကျွန်တော်တို့ စစ်ပွဲလည်း မဖြစ်ဘူး။ ဘာကြောင့်အ ပစ်အခတ်ရပ်စဲရေးစာချုပ် သွားချုပ်ရမှာလဲ။ 7Day- အဲဒီတော့ နောင် ခြောက်လအကြာမှာ ကျင်းပမယ်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာကော သွားမတက်တော့ဘူးလား။ UWSP အနေနဲ့က ငြိမ်းချမ်းရေး လမ်းစဉ်ကို ဘယ်လိုပုံစံမျိုးနဲ့ဆက်သွားမလဲ။ မူဝါဒအရ ပြောရရင် ကျွန် တော်တို့က နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ကိုတော့ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံတယ်။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေးလမ်း စဉ်မှာတော့ အခက်အခဲတွေတော့ အများကြီးရှိပါတယ်။ ခုနက ပြောသွားတဲ့အတိုင်း သူတို့ဘက်က ကန့်သတ်ထားတာပေါ့။ ဒီ NCA ကို လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်လို့ရမယ် ဆိုတာပေါ့။ အကယ်၍ သူတို့ ဘက်က ဒီအတိုင်းပဲကန့်သတ် ထားပြီး ကျွန်တော်တို့ကို မဖိတ် ကြားဘူးဆိုရင် ကျွန်တော်တို့ကလည်း တက်မှာမဟုတ်ပါဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ တက်ခဲ့ တာပေါ့ ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်ပေါ့။ ဒီလိုတက်ခဲ့ တာမှာ အစတုန်းကတော့ ကျွန် တော်တို့ သွားတက်တယ်။ တက်တဲ့အချိန်မှာ ခွဲခြားဆက်ဆံခံရတယ်။ တရားဝင်ဖိတ်ထားတာ တက်တဲ့အချိန်မှာ ကိုယ်စားလှယ် ကတ်ပြားမပေးဘူး။ လေ့လာသူ ကတ်ပြားပဲ ပေးခဲ့တာ။ တခြားလူက အပြင်ပိုင်းက ဘယ်လိုကြည့် မလဲမသိဘူးပေါ့။ ကျွန်တော်တို့ အတွင်းပိုင်းက ကြည့်ရင်တော့ ‘၀’ ပြည်ကို နှိမ့်ချတာပါပဲ။ ဒါပေမဲ့ ဒီ ကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သိမယ်လို့ မထင်ဘူး လို့ ကျွန်တော်တို့ လုံးဝ ယုံကြည်ပါတယ်။ ဒီတော့ UWSP အနေနဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးတော့ ကျင်းပ စေလိုတဲ့ သဘောထားရှိပါသလဲ။ ကျွန်တော်တို့ သဘောထားကတော့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ကျွန်တော်တို့နဲ့ သ ဘောတူထားတဲ့ အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ် လမ်းပြမြေပုံအတိုင်းပဲ ဆက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်နယ် အဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တယ်။ နောက်ဆုံးတစ်ဆင့် လွှတ်တော်အဆင့်ပဲ ကျန်တာ။ လွှတ်တော်အဆင့် ချုပ်ပြီးရင် လွှတ်တော်ထဲမှာ တင်ပြီးအတည်ပြုလိုက်မယ်။ လွှတ်တော် အတည်ပြုပြီးတော့မှ ဥပဒေအဖြစ် အာမခံချက်ရှိတဲ့ ဥပဒေအဖြစ် အတည်ပြုပြီးတော့မှ ကျွန်တော်တို့က ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒါ ကျွန်တော်တို့သ ဘောထားပါ။ ဒီသဘောထားအတိုင်းပဲ ဆုပ်ကိုင်ထားမှာဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ပါဝင်ဖို့က ကျွန်တော်တို့ရဲ့ ဆန္ဒ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်၊ ၀တ္တရားလည်းဖြစ်ပါတယ်။ ခုနက ပြောသလိုပဲ သူတို့က NCA လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေး နွေးပွဲကို တက်လှမ်းလို့ရမယ်ဆိုတာမျိုး သူတို့ရဲ့ သဘောထားကို ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့က လုံးဝအသိအမှတ် မပြုပါဘူး။ ကျွန်တော်တို့က NCA ကို လက်မှတ်မထိုးခဲ့ပေမယ့် NCA ကို ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ တချို့တွေက အဲဒီလိုတွေ ထင်မြင်တာရှိတယ်။ ကျွန်တော်တို့က လက်မှတ်မထိုးဘူးဆိုရင် ကျွန် တော်တို့ဟာ ငြိမ်းချမ်းရေးကို ဖောက်ဖျက်တယ်။ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး အဲဒီလိုထင် နေတဲ့သူတွေရှိတယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘောထားကတော့ အခုလက်ရှိမြန်မာအစိုးရနဲ့ တိုက်ပွဲဖြစ် နေတဲ့ တခြားတိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေပေါ့နော်။ သူ တို့အရင် စစ်ရပ်စဲပြီးမှ သူတို့အရင် NCA လက်မှတ်ထိုးပြီးမှ ဆွေးနွေး ပေါ့။ စစ်ရပ်စဲပြီးဆွေးနွေး၊ NCA လက်မှတ်ထိုးပြီးတော့မှ ကျွန် တော်တို့နဲ့အတူတကွ နိုင်ငံရေး ဆွေးနွေးပွဲကို အတူတကွ တက် ရောက်သွားမယ်ဆိုတာ အဲဒါကျွန် တော်တို့ရဲ့ သဘောထားပါ။ RFA- အခုဆိုရင် ‘၀’အဖွဲ့အနေနဲ့က ပြည်နယ်ရရှိရေးကို အဓိကထားပြီးတောင်းဆိုတယ်။ ဒီရှမ်း ပြည်နယ်အတွင်းမှာဆိုရင် တခြားတိုင်းရင်းသားလူမျိုးစုတွေလည်း အများကြီးရှိနေတယ်။ ‘၀’အဖွဲ့က သီးသန့်ပြည်နယ်တောင်းဆိုတဲ့ အ ပေါ်မှာကော တခြားတိုင်းရင်းသား တွေရဲ့ သဘောဆန္ဒကိုကော ဘယ်လိုများထင်ပါသလဲ။ ဒီိကိစ္စက နည်းနည်းကျယ် ပြန့်ပါတယ်။ ဘာကြောင့်လဲဆို တော့ တိုင်းရင်းသားအသီးသီးမှာ သူတို့လည်း ဆန္ဒရှိကြတာပေါ့။ ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်မယ်ဆိုတဲ့ သဘောထားရှိကြပါ တယ်။ အဲဒါကတော့ နိုင်ငံရဲ့အ မြင်နဲ့လည်း သက်ဆိုင်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆို တာ ပြည်ထောင်စုဆိုတာက အားလုံးကလည်း တိုင်းရင်းသားတစ်မျိုး၊ သူက တိုင်းရင်းသားတစ်မျိုး၊ ကျွန်တော်က တိုင်းရင်းသားတစ် မျိုး အားလုံးပူးပေါင်းပြီးမှ နိုင်ငံ တော် တည်ထောင်မယ်ဆိုပြီး တော့ အဲလို ဆန္ဒရှိကြတာပေါ့။ အ ခု ကျွန်တော်တို့ တောင်းဆိုတာက လူဦးရေဆိုရင်လည်း ခြောက်သိန်း ကျော်နေပြီ။ ကျွန်တော်တို့ ထိန်းချုပ်တဲ့နယ်မြေဆိုရင်လည်း ကျယ် ပြန့်တာပေါ့။ တောင်းလို့ရပြီလို့ ကျွန်တော်တို့ထင်လို့ ‘၀’ပြည်နယ် တောင်းဆိုတာဖြစ်ပါတယ်။တချို့ တိုင်းရင်းသားတွေရဲ့ ကန့်ကွက်တဲ့ အသံတွေကိုလည်း ကျွန်တော်တို့ ကြားပါတယ်။ အထူးသဖြင့် ရှမ်း တွေက ကျွန်တော်တို့ကို ကန့်ကွက်တယ်။ ‘၀’ဖြစ်ဖြစ်၊ ပလောင်ဖြစ် ဖြစ်၊ ဓနုဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်ပေါ့။ အဲဒီတိုင်းရင်းသားအမျိုးမျိုးက သူတို့ လူဦးရေနှုန်းရောက်ရှိပြီဆိုရင် ပင်လုံစိတ်ဓာတ်အရ ပြည်နယ်အ ဖြစ် တောင်းဆိုလို့ရပြီလို့ ကျွန် တော်တို့ အဲဒီလိုသဘောထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးကတော့ တန်းတူညီမျှအခွင့်အရေးရချင်တာပေါ့။ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ချင်တာပေါ့။ ဒီသဘောထားပဲရှိတာပါ။ တချို့ တွေကတော့ ပြည်နယ်အဖြစ် တောင်းတာမဟုတ်ပါဘူး။ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ အဲဒီလို သူ့ဆန္ဒနဲ့ သူ တောင်းကြတာပေါ့။ 7Day- ပြီးခဲ့တဲ့ ၂၁ ပင်လုံမှာ ‘၀’ အဖွဲ့က တင်သွင်းတဲ့စာတမ်းကို ကျွန်တော်တို့ လေ့လာမိပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းတယ်။ လက်ရှိကာကွယ် ရေးဦးစီးချုပ်က တင်သွင်းတဲ့ တပ် မတော်သားကိုယ်စားလှယ်တွေရဲ့ နေရာမှာ တိုင်းရင်းသားတွေအ တွက် အာမခံချက်ရှိတဲ့ ကိုယ်စား လှယ်နေရာတွေအဖြစ် ပြောင်း ပေးဖို့၊ တိုင်းရင်းသားတပ်တွေကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက် အောက်မှာမဟုတ်ဘဲနဲ့ ကိုယ်ပိုင် တပ်မျိုးပဲ ဆက်ထားဖို့တို့၊ နိုင်ငံ ခြားအ၀င်အထွက်ကအစ လူဝင်မှု ကြီးကြပ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုက မဟုတ် ဘဲနဲ့ သက်ဆိုင်ရာပြည်နယ်တွေကသာ ကိုယ်တိုင်လုပ်ဖို့ဆိုတာမျိုးတွေ တောင်းဆိုထားတာ တွေ့ရပါ တယ်။ အဲဒီလို တောင်းဆိုချက် တေအပေါ် မြန်မအစိုးရဘက်က ဘယ် လောက်အထိ လိုက်လျော နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ ခဗျ။ ကျွန်တော်တို့တော့ ဒီအတိုင်းပဲ မျှော်လင့်ထားတယ်။ ကျွန်တော် တို့ ‘၀’ပြည်နယ်အတွက်ပဲ ဒီလို တောင်းတာမဟုတ်ပါဘူး။ အခြား တိုင်းရင်းသားတွေအတွက်လည်း ဒီအတိုင်းပဲ အခွင့်အရေးတွေ၊ အခွင့်အခါတွေ ပေးသင့်တယ်လို့ မျှော်လင့်ထားတာပါ။ တကယ်တမ်းပေးမပေးဆိုတာကတော့ အစိုးရရဲ့တာဝန်သာဖြစ်ပြီး တောင်း၊ မတောင်းဆိုတာကတော့ ကျွန် တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ 7Day- အဲဒီတော့ အနာဂတ်မြန်မာ နိုင်ငံကို ကွန်ဖက်ဒရေးရှင်း (Con- fedration) ပုံစံမျိုးနဲ့ တည်ဆောက် စေချင်တာလား။ နာမည်ခေါ်တာကိုက ပြည် ထောင်စုမြန်မာနိုင်ငံတော်လို့ ခေါ် တဲ့အတွက် တကယ်တမ်းလည်း ပြည်ထောင်စုဖြစ်သင့်ပါတယ်။ RFA- လက်ရှိအချိန်မှာ တချို့ သော တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးတော့ တချို့ဝေဖန်မှုတွေရှိနေတာ AA တို့၊ TNLA တို့၊ MNDAA တို့ စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ‘၀’ အဖွဲ့ရဲ့ထောက်ပံ့မှုနဲ့ သွားနေ တယ်ဆိုတာမျိုး ဝေဖန်မှုတွေရှိနေ ပါတယ်။ ဒီအပေါ်မှာဘာတွေပြော ချင်တာရှိမလဲ။ အဲဒါသူများတွေဝေဖန်တာက သူတို့ကိစ္စပါ။ တချို့တွေက ပြောကြတယ်။ ကျွန်တော်တို့ပါ တိုက်ပွဲတွေထဲ ၀င်တိုက်နေတယ် ဆိုပြီးတော့။ တကယ်ကျွန်တော်တို့ ပါ၊မပါ ခင်ဗျားတို့သွားကြည့်လို့ရ ပါတယ်။ သူတို့ဝေဖန်ကြတာတွေ ကတော့ သူတို့ကိစ္စပါ။ RFA - ဒါဆိုရင် ထောက်ပံ့တာမရှိဘူးလို့ ဆိုလိုချင်တာလား။ ၀တ္တရားပေါ်မှာ ကျွန်တော် တို့ထောက်ပံ့တယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ၀တ္တရားအရ ထောက်ပံ့တာတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့က လူနည်းစုတိုင်းရင်းသား အ ချင်းချင်းဖြစ်လို့ပါ။ RFA - အခုအနေအထားမှာဆိုရင် ‘၀’ဒေသနဲ့ ပြည်မ (မြန်မာ)နဲ့က တော်တော်လေးအဆက်အသွယ် ပြတ်တောက်တဲ့ သဘောရှိပါတယ်။ ‘၀’ ဒေသနဲ့ပြည်မနဲ့ ကူးလူးဆက်ဆံရေးအနေအထားတွေက တရုတ်နဲ့ဆိုရင် ဂိတ်ပေါက်တွေ ဖွင့်ပြီးမှ ကုန်စည်တွေသယ်ဆောင် ကူးလူးဖြတ်သန်းနေတာတွေကျွန် တော်တို့တွေ့ရပါတယ်။ မြန်မာဘက်အခြမ်းမှာကျတော့ လေ့လာ ကြည့်ရသလောက်ဆိုရင် ဆန် တွေဘာတွေတောင် သယ်ယူလို့ မရဘူးဆိုတာမျိုးလည်း ကြားရတယ်။ ဘယ်လိုအခက်အခဲတွေ ရှိ နေတာပါလဲ။ အဲဒါကတော့ နယ်စပ်ဒေသရဲ့ အခြေအနေအရပါ။ အခုတွေ့ နေရသလိုပါပဲ။ ကျွန်တော်တို့နဲ့ အစိုးရကူးလူးဆက်ဆံရေးက မရှိသလောက်ပါပဲ။ တကယ်လို့ ကျွန် တော်တို့ဟာ တရုတ်ဘက်နဲ့ ကူးလူးဆက်ဆံရေးကို အားမကိုးဘူး ဆိုရင် ကျွန်တော်တို့အားလုံးဘာမှ မတတ်နိုင်တော့ပါဘူး။ အဲဒါက တော့၊ အဓိကအကြောင်းရင်းက တော့ အစိုးရဘက်က ပေါ်လစီ၊ သူတို့ရဲ့ ပေါ်လစီနဲ့ဆက်စပ်ပါတယ်။ တကယ်လို့ကျွန်တော်တို့က သူတို့နဲ့ စစ်ရေးတင်းမာမှုက အစ ဆက်ဆံတဲ့အခါမှာ အသုံးအ နှုန်းတွေ ဘာတွေသုံးလို့မကောင်း တာရှိရင် သူတို့က တံတားတွေ ပိတ်လိုက်တာတို့ကို ပိတ်ဆို့မှုတွေ ရှိတယ်။ စစ်အစိုးရရဲ့ အတွေး အခေါ်တွေ ရှိသေးတာပေါ့။ လော လောဆယ်မှာ အဲဒီလိုအခြေအနေ တွေရှိနေပါသေးတယ်။ ခင်ဗျားတို့က ပြည်မမှာနေကြတယ်၊ မြို့ကြီး တွေမှာ နေကြတာဖြစ်တဲ့အတွက် နယ်စပ်ဒေသရဲ့ အခက်အခဲတွေ ကို မခံစားပေးနိုင်ဘူးလို့ ကျွန် တော်တို့က ထင်ပါတယ်။ ကိုးကန့် နဲ့တိုက်ပွဲဖြစ်တုန်းကဆိုရင် ကိုးကန့်ပြည်သူတွေ တချို့ဆိုရင် မှတ် ပုံတင်ရှိတယ်။ ဂိတ်တွေရောက်ပြီ ဆိုရင် မှတ်ပုံတင်က လူမျိုးမှာ ကိုးကန့်လို့တွေ့လိုက်တာနဲ့ သူတို့ သိမ်းလိုက်တယ်။ ပေးမသွားတော့ ဘူး။ အဲဒီလိုလုပ်ကြတယ်။ ထို နည်းတူစွာပဲ ကျွန်တော်တို့နဲ့ တင်း မာမှုတွေရှိလာရင် ကျွန်တော်တို့ ပေးခဲ့ဖူးတဲ့ မှတ်ပုံတင်ပေါ့။ မှတ်ပုံ တင်အနည်းငယ်ရှိကြတယ်။ အဲဒီ မှာ ‘၀’လို့တွေ့လိုက်တာနဲ့ သူတို့ သိမ်းကြမှာပဲ။ အဲဒီလိုဖြစ်ပါတယ်။ 7 Day - ၂၀၁၀ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အ ပြောင်းအလဲတွေ ရှိလာပါတယ်။ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းလာခဲ့ပါတယ်။ အဲဒီလိုမြန်မာနိုင်ငံအတွင်း နိုင်ငံရေးစနစ် အပြောင်းအလဲကြောင့် ‘၀’ ဒေသအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိပါသလဲ။ ကျွန်တော်တို့တကယ်တော့ နည်းနည်းတော့ အပြောင်းအလဲရှိပါတယ်။ ဒီမိုကရေစီအစိုးရတက်လာတဲ့အချိန်မှာပေါ့။ ဥပမာ ၂၀၁၁ ခုနှစ် ကိုးလပိုင်း ၆ ရက်နေ့ မှာ ဦးသိန်းစိန်အစိုးရနဲ့ပြည်နယ် အဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တယ်။ ၂၀၁၁ အောက်တိုဘာ ၁ ရက်နေ့မှာလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ် ဆိုခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း ဒီမိုကရေစီစနစ် သွားချင်လို့ ငြိမ်းချမ်းရေးကို ထောက်ခံတဲ့သဘောနဲ့ ဦးစွာစိတ်အားထက်သန်စွာနဲ့ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ဆိုခဲ့တာပေါ့။ အခုတစ်ခါလာပြီးတော့ ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခိုင်းတယ်ဆိုတော့ ကျွန် တော်တို့ လုံးဝသဘောမတူဘူး။ ကျွန်တော်တို့ NCA လက်မှတ်မရေးထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ခွင့်မရှိဘူးဆိုတာကို လုံးဝလက်မခံနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ပြည်တွင်းစစ် ချုပ်ငြိမ်းစေရေးအတွက် ကျွန် တော်တို့ထင်တာကတော့ အဓိက အကြောင်းရင်းကတော့ တိုင်းရင်းသား ပဋိပက္ခတွေဖြစ်ပါတယ်။ ဒါ တွေက ပိုဖြေရှင်းဖို့အတွက်ဆိုရင် ကျွန်တော်တို့ထင်တာက တိုင်း ရင်းသားတွေနဲ့ တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းသင့်တယ်လို့ ထင်ပါတယ်။ တခြားမသက်ဆိုင်တဲ့နိုင်ငံရေးပါ တီတွေ၊ ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်တာသိပ်ပြီးအရာမရောက်ဘူး။ 7 Day - အဲဒါဆိုရင် ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံအပေါ် ဘယ်လိုမြင်ပါသလဲ။ မလိုအပ်တဲ့ အဖွဲ့တွေပါဝင်နေတယ်လို့ မြင် တာလားခင်ဗျ။ အဓိက အကြောင်းရင်းက ကျွန်တော်တို့အခုဖြေရှင်းရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေပါ။ အဓိကကတော့ တိုင်းရင်းသားတွေ နဲ့ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းရမှာပါ။ အခုကျွန်တော်တို့အစည်း အဝေးတက်တဲ့အခါမှာ လူတွေ တအားများတယ်။ နိုင်ငံရေးပါတီ တွေလည်း တအားများတော့ အဓိ ကဆွေးနွေးရမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြော တဲ့နေရာမှာ သိပ်ပြီးတော့ အချိန်က လုံလုံလောက်လောက်မရှိဘူး။ ပြီးတော့အထဲမှာလည်း ကန့်သတ်ချက်တွေရှိတယ်။ တစ်ဖွဲ့ကို ၁၀ မိနစ်ပဲအချိန်ပေးတယ်။ အဲဒါက ဘယ်လိုလုပ်ကိစ္စတွေကို ဖြေရှင်း နိုင်မှာလဲ။ ကျွန်တော်တို့ ‘၀’ပြည် နယ်အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းတဲ့ သဘောထားမျိုးလိုချင်တယ်။ တကယ်တမ်းဆိုရင် ဒီ ၁၀ မိနစ်အတွင်းနဲ့ နှစ်ပေါင်းများစွာ၊ နှစ် ပေါင်း ၇၀ နီးပါးရဲ့ပြဿနာတွေ ကို ဘယ်လိုလုပ်ဖြေရှင်းနိုင်မှာလဲ။ အခုကြည့်လိုက်လေ။ ခင်ဗျားတို့ ကျွန်တော့်ကိုမေးမြန်းတာ အချိန် နာရီဝက်ကျော်သွားပြီ။ ဒီလောက် ကျယ်ပြန့်တဲ့ နိုင်ငံရေးပြဿနာ တွေကို ဖြေရှင်းဖို့ အချိန် ၁၀ မိနစ် နဲ့က ဘယ်လိုလုပ် လုံလောက်မှာ လဲ။ ဒါကြောင့် ကျွန်တော်တို့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုက်ရိုက်တွေ့ဆုံညှိနှိုင်းပြီးမှ အဲဒီလို မျိုး ညှိနှိုင်းစေလိုတဲ့ ဆန္ဒရှိပါ တယ်။ RFA - ပြီးခဲ့တဲ့ ၂၁ ပင်လုံမှာဆိုရင် လည်း ‘၀’ အဖွဲ့အနေနဲ့ပွဲမပြီးခင်ကတည်းက ပြန်ခဲ့ကြတယ်။ အဲဒီလိုပြန်လာတာနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်ကတော့ နားလည်မှုလွဲတယ်လို့ပြောတာရှိပါတယ်။ လာမယ့် နောက်ထပ်ကျင်း ပမယ့် ၂၁ ပင်လုံဆွေးနွေးပွဲတွေမှာကော အင်န်အယ်လ်ဒီအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါသလား။ ခုနက ပြောသလိုပါပဲ။ NCA လက်မှတ်မရေးထိုးရင် တက်ခွင့်မ ရှိဘူးဆိုတဲ့ ဒီသဘောထားပဲ ဆုပ်ကိုင်ထားရင် ကျွန်တော်တို့က လည်း မတက်တော့ဘူး။ အခုကိစ္စက အစိုးရက ရှင်းတဲ့အခါနားလည် မှုလွဲတာလို့ပြောတယ်။ ကျွန်တော် တို့အနေနဲ့က အဲဒီလိုမထင်ဘူး။ တမင်တကာ ကျွန်တော်တို့အပေါ် လုပ်ပြတယ်လို့ပဲထင်တယ်။ ဒီ လောက်ကြီးမားတဲ့ ငြိမ်းချမ်းရေး ညီလာခံကျင်းပတယ်။ ဒီလောက် နိုင်ငံတကာက အာရုံစိုက်နေတဲ့ ပွဲ ကြီးပေါ့။ ကျွန်တော်တို့ကိုရှင်းပြတဲ့ အချိန်မှာ ဒီကတ်က ကျွန်တော်တို့ လာတာနောက်ကျလို့ ပေးတာ ကုန်သွားပြီဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စီစဉ်ထားတာလည်း လနဲ့ချီပြီး နှစ်ဝက်လောက်တောင် ရှိနေပြီ။ ဒီလိုကတ်ပြားကိစ္စက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ RFA - ပြီးခဲ့တဲ့ရက်ပိုင်းကမိုင်းလားဘက်မှာစစ်ရေးတင်းမာမှုတွေရှိခဲ့တယ်ဆိုတာမျိုး ကျွန်တော်တို့ကြားခဲ့ရပါတယ်။ အခြေအနေကဘယ်လိုမျိုးဖြစ်ခဲ့တာပါလဲ။ အဲဒါကတော့ ကိစ္စမရှိတော့ ပါဘူး။ ပြဿနာလည်းမရှိတော့ ဘူး။ ကျွန်တော်တို့ ဖြေရှင်းနိုင်ပါ ပြီ။ အဲဒါကလည်း ကျွန်တော်တို့ အတွင်းပိုင်းက နည်းနည်းလေး သိပ်မပြေလည်တာမျိုးလေးရှိတာ ပေါ့။ ဒီကိစ္စတွေက ကျွန်တော်တို့ ပြေလည်အောင်ဆောင်ရွက်နိုင်ပါ ပြီ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါက ပုံမှန်ပါ။ တကယ်တမ်းတော့ မိသားစုထဲမှာတောင် ညီအစ်ကို တွေ ရန်ဖြစ်တတ်တာပါပဲ။ 7Day- အပြင်မှာကြားနေရတာက ‘၀’တပ် ဖွဲ့ကနေ မိုင်းလားထဲ ၀င်တိုက်တယ်ဆိုတာမျိုး ကြားရပါတယ်။ စခန်းနှစ်ခုလောက်ကိုသိမ်းပြီးတော့ တပ်သား ၁၅၀လောက်ကိုဖမ်းထားတယ်။ ပြန်မလွှတ်သေးဘူးဆိုတာမျိုးလည်း သတင်းတွေ ထွက်နေပါတယ်။ ဟုတ်ပါသလား။ အဲဒါ သူတို့လျှောက်ပြောတာပါ။ တချို့သတင်းအချက်အလက် တွေက သိပ်ပြီးတော့ မမှန်ကန်ပါ ဘူး။ အဲဒါက ကျွန်တော်တို့ ပုံမှန်အတိုင်းခရီးကြမ်းထွက်လေ့ကျင့် ရေးတွေလုပ်တာပါ။ 7Day- ပြီးခဲ့တဲ့လပိုင်းတွေမှာ Northern Allianceဆိုပြီး ဖွဲ့တယ်လို့ကြားရတယ်။ အဓိကကတော့ ကိုးကန့်ရယ်၊ ပလောင်ရယ်၊ AAရယ်၊ ‘၀’ ရယ်ပေါ့။ အဲဒီမှာUWSA အနေနဲ့က နက်နက်ရှိုင်းရှိုင်းဦးဆောင်နေတယ်လို့ သိထားရပါတယ်။ ပြီးတော့ ၂၁ပင်လုံနဲ့ ပတ်သက်ပြီးတော့လည်း ‘၀’အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်ထောက်ခံကြောင်း၊ အဲဒီသုံးဖွဲ့က ကြေညာချက်ထုတ်တာတွေ့ရပါတယ်။ ပြ ဿနာကဘာလဲဆိုတော့ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဲဒီသုံးဖွဲ့ကို ပါဝင်ခွင့်ပေးမထားပါဘူး။ လက်နက်စွန့်ပစ်မယ်ဆိုတဲ့ ကတိပြုမှ ပါဝင်ခွင့်ရမယ်လို့ ပြောထားပြီး ပြီးခဲ့တဲ့ ၂၁ပင်လုံမှာလည်းအဲဒီသုံးဖွဲ့ပါ ၀င်ခြင်းမရှိပါဘူး။ လက်ရှိအခြေအနေမှာဆိုရင် တပ်မတော်နဲ့ အဲဒီသုံးဖွဲ့ကြားမှာ စစ်ရေးအရလည်း တင်းမာမှုတွေရှိနေပါတယ်။ ရှေ့ဆက်ပြီးတော့ကော UWSA အနေနဲ့က ဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီးတော့ရပ်တည်မလဲခင်ဗျ။ တပ်မတော်နဲ့ ဒီသုံးဖွဲ့ကြားမှာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ဘက်မှာကျင်း ပခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းထိပ်သီးအစည်း အဝေးမှာလည်း ဒီသုံးဖွဲ့က ကျွန် တော်တို့ကို တောင်းဆိုခဲ့တယ်။ စစ်ရေးမဟာမိတ်လုပ်ချင်တယ်ဆို ပြီး။ အဲဒါကျွန်တော်တို့က ငြိမ်း ချမ်းရေးကို ရှုမျှော်ပြီးမှ ကျွန်တော် တို့ လက်မခံခဲ့ဘူး။ ဒီစစ်ရေးမဟာ မိတ်ဖွဲ့တာကိုတော့ လက်မခံခဲ့ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လက်ခံ တာက နိုင်ငံရေးမှာ မဟာမိတ်လုပ် လို့ရတယ်။ အစိုးရနဲ့ ဆွေးနွေးဖို့ အားလုံးသဘောထားတွေ စုစည်း ပြီးတော့မှ အသံတစ်ခုတည်းနဲ့ အ စိုးရနဲ့ သွားရောက်ဆွေးနွေးညှိနှိုင်း မယ်လို့ သဘောတူလိုက်တယ်။ RFA- ပြည်မဘက်မှာဖြစ်နေတာက၊ ပြည်ပကလူတွေ နားလည်ထားတာက ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ရှိတယ်ဆိုပြီး တော့ပေါ့။ အဲဒီတော့ အစိုးရသတ်မှတ်ထားတဲ့ အနေအထားနဲ့ နောက်ပြီး UWSAကနေ သတ်မှတ်ထားတဲ့အနေအထားက ဘယ်လိုမျိုး ကွာခြားချက်တွေရှိနေတာပါလဲ။ ဘယ်လိုသတ်မှတ်ထားပါသလဲ။ ‘၀’ပြည်နယ်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းပေးပေမယ့် အဲဒါ ကျွန်တော်တို့ အုပ်ချုပ်လို့မရဘူး။ ကျွန်တော်တို့နဲ့ ကင်းကွာနေတယ်။ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ပေါ့နော်။ ဒီနယ်မြေတွေအားလုံး ကို ကျွန်တော်တို့ထိန်းချုပ်လို့မရ ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းတစ်ခုလုံးကို ကျွန်တော်တို့ ထိန်းချုပ်လို့မရဘူး။ ကင်းကွာနေ တယ်။ 7Day- ဟုတ်ကဲ့။ နောက်ထပ်မေးချင်တာက ပြည်တွင်းမှာ အစိုးရအဖွဲ့အပြောင်းအလဲကဖြစ်နေတော့ နောက်ပိုင်းမှာဆိုရင်ရော‘၀’ဒေသနဲ့ ပြည်တွင်းကဒေသတွေနဲ့ ဆက်သွယ်ရေးပိုင်း ပိုမိုဖွံ့ဖြိုးအောင်၊ ကုန်စည်ကူးသန်းရောင်းဝယ်တာပဲဖြစ်ဖြစ်၊ ပြည်သူလူထုချင်းဆက်သွယ်တာပဲဖြစ်ဖြစ်၊ ကူးလူးဆက်ဆံမှုပိုင်းပိုမိုဖွံ့ဖြိုးအောင် တိုးမြှင့်ဖို့ အစီအစဉ်တွေရှိပါသလား။ ကျွန်တော်တို့ဘက်မှာ စဉ်း စားချက်တွေရှိတယ်။ ဆန္ဒလည်းရှိ တယ်။ ပြည်မနဲ့ ဆက်ဆံဖို့ပေါ့။ ကျွန်တော်တို့နေပြည်တော်မှာ သွားပြီးတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ ခဲ့တယ်။ ကျွန်တော်တို့ ပန်ဆန်းက နေပြီးတော့ မန္တလေးအထိ လမ်း ကြောင်းတစ်ကြောင်းဖွင့်ဖို့ပေါ့။ လမ်းတစ်ကြောင်းဖောက်ဖို့ ကျွန် တော်တို့ စီစဉ်ထားတယ်၊ တင်ပြ ထားတယ်။ ကုန်သွယ်ဆက်ဆံရေး တို့၊ ကူးလူးဆက်ဆံရေးတို့ ပြီးတော့ ပြည်မနဲ့လူသားချင်း ဆက်ဆံရေးတို့ ပိုမိုပြီးလွယ်ကူအောင်တင်ပြခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့သဘောထားကတော့ ပြန်မပြောသေးပါဘူး။ ပြီးတော့ ကျွန်တော်တို့ သံလွင်မြစ်တစ်ကြောပေါ့။ ဒီဘက်သံလွင်မြစ်တစ်ကြောက ‘၀’ ပြည်ထိန်းချုပ်တဲ့ နယ်မြေတွေအ တွင်းမှာ ရေအားလျှပ်စစ်စက်ရုံ တစ်ခုဆောက်ချင်တယ်။ အဲဒီအ တွက် ကျွန်တော်တို့ဘယ်လိုစီစဉ် ထားသလဲဆိုရင် တရုတ်ပြည် ဘက်က အင်အားကောင်းတဲ့တ ချို့သူဌေးကြီးတွေ အားလုံးစု ဆောင်းပြီးတော့မှ တရုတ်ကုမ္ပဏီ နဲ့၊ ‘၀’ပြည်နယ်အစိုးရနဲ့ နိုင်ငံတော် အစိုးရနဲ့ သုံးဘက်ပူးပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံပြီးတော့မှ ရေအားလျှပ်စစ်စက်ရုံကြီးကို တည် ဆောက်ဖို့ ကျွန်တော်တို့ စီစဉ်ထား တယ်။ အဲဒါကိုလည်း ဒေါ်အောင် ဆန်းစုကြည်ကို တင်ပြခဲ့တယ်။ ဒါ ပေမဲ့ သူတို့ဘက်က ဘာမှအ ကြောင်းမပြန်ဘူး။ ကျွန်တော်တို့ မှာ အစီအစဉ်တွေရှိပါတယ်။ RFA - အခုဟာက ‘၀’ဒေသအနေ နဲ့က တစ်ဖက်မှာတရုတ်နိုင်ငံနဲ့ နီး ကပ်စွာတည်ရှိနေတယ်။ နောက် ပြီးတော့ စီးပွားရေးကအစတော် တော်များများမှာ တရုတ်ရဲ့နည်း ပညာပိုင်းတွေ၊ အကြံပြုချက်တွေ ရယူရတဲ့အနေအထားမျိုးရှိတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် နဲ့ပတ်သက်ပြီးတော့ကောတရုတ် ဘက်က ‘၀’အဖွဲ့ကို ဘာတွေများ အကြံပြုတာရှိပါသလဲ။ တရုတ်နိုင်ငံဘက်ကလည်း ထောက်ခံတယ်။ ဒီငြိမ်းချမ်းရေး လမ်းစဉ်ထဲမှာ ပါဝင်ဖို့ကိုပေါ့။ ကျွန်တော်တို့ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လည်း ထောက်ခံတယ်။ ကျွန် တော်တို့နဲ့ပြောခဲ့တာပေါ့။ တရုတ် နိုင်ငံအနေနဲ့ကလည်း နယ်စပ်တစ် ကြော မတည်ငြိမ်တာတွေကို လည်း မတွေ့ချင်ဘူးပေါ့။ 7Day- ဒီမှာက စကားပြောတာက အစ တရုတ်ဘာသာစကားပြော တယ်။ ရုံးသုံးကလည်း တရုတ်စာ ဖြစ်တယ်။ တရုတ်နဲ့ နှစ်ကာလ ကြာရှည်ဆက်ဆံရေးလည်းရှိခဲ့ တယ်။ လက်ရှိအချိန်မှာကော စစ် ရေးအရနဲ့ စီးပွားရေးအရ ‘၀’ဒေသ နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးက ဘယ်လိုအနေအထားရှိပါသလဲ။ တရုတ်ပြည်ကလည်း သူ့ရဲ့ ပေါ်လစီတွေရှိတယ်။ စစ်ရေးအရ တော့ ကျွန်တော်တို့နဲ့ ဆက်ဆံမှုမရှိပါဘူး။ စစ်ရေးအရက တပ်မ တော်နဲ့ပဲ ဆက်ဆံမှုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ တရုတ်ပြည်က တော့ ဒေသန္တရအရ ကူးလူးဆက် ဆံမှုတွေရှိတယ်။ ဥပမာကျောင်းတို့၊ ဆေးရုံတို့ဆိုရင်လည်း ဆက်ဆံမှုရှိတယ်။ ပြီးခဲ့တဲ့ လတုန်းက ဆိုရင် ‘၀’ဒေသမှာရှိတဲ့ ဆန်စပါး စိုက်ခင်းတွေက ပိုးတွေ အစားခံရ တယ်။ သူတို့ဆီက နည်းပညာဆ ရာတွေခေါ်လာပြီးတော့မှ ပိုးသတ် ဆေးတွေဖျန်းပြီးတော့သူတို့က လာကူညီခဲ့တာပေါ့။ ပြီးတော့ ကျွဲ တွေ၊ နွားတွေ၊မြင်းတွေရောဂါဘ ယတွေဖြစ်ရင်လည်းသူတို့ဘက် က ဆရာဝန်တွေခေါ်လာပြီး လာလုပ်ပေးတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဒေသတွေ ဘိန်းမ စိုက်တော့တဲ့အခါမှာ တောင်တန်း ဒေသဖြစ်တဲ့အတွက်ပြောင်းတို့၊ စပါးတို့စိုက်ရတယ်။ အဲဒီအတွက် နည်းပညာတွေလိုအပ်တဲ့အခါမှာ သူတို့ကလာပြီးတော့ သင်ပြ တယ်။ဘယ်လိုစိုက်ရမလဲ၊ အထွက်နှုန်းများအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေသူတို့ကလာပြီး တော့ သင်ပြပေးတယ်။ ကျွန်တော်တို့ ဒီဘက်ဒေသရဲ့ နေထိုင်မှုဘ၀ တိုးမြှင့်စေဖို့အတွက် ပြည်သူတွေ ဆီကို မကြာခဏလာပြီးတော့ သူတို့က သင်တန်းပို့ချပေးတယ်။ သီး နှံတွေဘယ်လိုစိုက်ရမလဲဆိုတဲ့ နည်းပညာတွေပေးတယ်။ သင်တန်းဖွင့်ပေးတယ်ပေါ့။ 7Day- သူတို့ဘက်က အဲဒီလိုတွေ ကူညီပေးနေတော့ ငြိမ်းချမ်းရေး ကိစ္စပဲဖြစ်ဖြစ်၊ တခြားစစ်ရေးတို့၊ အုပ်ချုပ်ရေးတို့ တစ်ခုခုပေါ့။ ‘ဝ’ ဒေသနဲ့ပတ်သက်လို့ ဆုံးဖြတ်တဲ့ အခါမှာ သူတို့ဆီက အကြံယူရ တာ၊ ပြောပြရတာမျိုး၊ ညှိနှိုင်းရ တာမျိုးကော ရှိလာခင်ဗျ။ အဲဒါကတော့ ကျွန်တော်တို့ ရဲ့ခံယူချက်တွေရှိတာပေါ့။ ကျွန် တော်တို့က သူတို့ကို မပြောပြတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိတာ ပေါ့။ သူတို့က ကျွန်တော်တို့ဆေးရုံတွေမှာ ဆရာဝန်တွေကို ဘယ်လိုသင်တန်းပေးရတာလဲဆိုတာ လာလုပ်တယ်။ ပြီးတော့ ကျောင်းမှာ ဆရာ၊ ဆရာမတွေကို ဘယ်လိုမွေးမြူပျိုးထောင်ပေးရလဲဆိုတာ သင် တန်းလာလုပ်တယ်။ ပြီးတော့ သစ်တောပိုင်းမှာလည်း ဆန်စပါးတွေ၊ ပြောင်းတွေ ဘယ်လိုပိုမိုကောင်း မွန်အောင် ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ ကျွန်တော်တို့ကို လာသင်တန်းပြတယ်။ နည်းပညာဆရာ တွေ လွှတ်ပြီးတော့မှ ကျွန်တော် တို့ကို လာပြီး သင်တန်းပေးတယ်။ တခြားဟာတော့ မရှိပါဘူး။ ဘယ် လိုပြောရမလဲ။ ဒေသန္တရဘက်မှာ ပဲပေါ့။ စီးပွားရေးပိုင်းမှာလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင် ရွက်တာတွေလည်း ရှိတယ်။ ဒါပေ မဲ့ နိုင်ငံရေးပိုင်းမှာတော့ ကျွန်တော်တို့က ခွဲခြားထားတာပေါ့။ သူတို့နဲ့ သီးသန့်ဖြစ်အောင် ကျွန်တော်တို့ ခွဲခြားထားတယ်။ RFA- ကျွန်တော်တို့ သတင်းတွေမှာ တော်တော်များများမြင်နေရတာက ‘ဝ’တပ်ဖွဲ့သုံးတဲ့လက်နက်တွေကအစ တရုတ်ဆီက ထောက်ပံ့မှုယူတယ်ဆိုတာမျိုးတွေပေါ့။ အဲဒီလိုမျိုးဝေဖန်မှုတွေက များနေပါတယ်။ အဲဒီအပေါ်မှာကော ဘာများပြောချင်တာရှိပါသလဲ။ 7Day- ဆိုလိုချင်တာက အရမ်းလည်း နီးကပ်တယ်။ ဘာသာစကားကလည်း တူညီတယ်။ နောက်ပိုင်းမှာဆိုရင်ကော ခရိုင်းမီးယားလိုအနေအထားများ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်ကြတာရှိပါတယ်။ အဲဒီလိုကော ဖြစ်လာနိုင်မလား။ အဲဒါက လုံးဝမဖြစ်နိုင်ပါဘူး။ ခုနကလည်း မေးခဲ့တယ်။ ကျွန် တော်တို့ဟာ အခုချိန်မှာ နိုင်ငံလိုပဲ ဖြစ်နေတယ်။ နိုင်ငံထဲက နိုင်ငံ တစ်ခုလို ဖြစ်နေတယ်။ အကုန်လုံး သီးသန့်ဖြစ်နေတယ်။ ကျွန်တော် တို့အနေနဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံကနေ ခွဲထွက်မလားလို့ မေး ကြတာရှိတယ်။ အဲဒါမျိုး လုံးဝ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘယ်စာတမ်း၊ ဘယ်ကနေ ထွက် တဲ့ စာတမ်းပဲဖြစ်ဖြစ် ကျွန်တော်တို့ရေးထားတာက ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်။ ကျွန်တော်တို့လုံးဝခွဲမ ထွက်ပါဘူး။ ကျွန်တော်တို့တောင်း ဆိုနေတာက အပြည့်အဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့အတွက်ပဲ တောင်း ဆိုနေတာပါ။ 7Day- ‘ဝ’ဒေသမှာ အသုံးပြုနေတဲ့ လက်နက်တွေက ဘယ်လိုလက်နက်တွေလဲ၊ ဘယ်ကနေ ဝယ်သလဲဆိုတာ သိချင်ပါတယ်။ ကျွန်တော်က စစ်ရေးဘက်မှာ တာဝန်ယူထားတာမရှိတော့ သေချာမသိပါဘူး။ 7Day- ‘ဝ’ဒေသမှာဆိုရင် လမ်း၊ တံတားအခြေခံအဆောက်အအုံ တွေ တော်တော်ဖွံ့ဖြိုးလာတာ တွေ့ရပါတယ်။ ‘ဝ’ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ အစိုးရအနေနဲ့က ဘတ် ဂျက်ကို ဘယ်လိုခွဲဝေသုံးစွဲပါသ လဲ။ လမ်း၊ တံတားတွေ ဖောက် လုပ်ဖို့အတွက် နိုင်ငံတကာချေးငွေရယူရတာမျိုးကော ရှိပါသလား။ နိုင်ငံတကာက ချေးငွေမရှိပါဘူး။ ကျွန်တော်တို့ရှိသလောက်နဲ့ပဲ သုံးနေတာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက နည်းနည်းပေးခဲ့တယ်။ ဒါပေမဲ့ အနည်းငယ်ပဲရှိပါတယ်။ သိပ်မလုံလောက်ပါဘူး။ အစိုးရဘက်ကတော့ ကတ္တရာတွေ နည်း နည်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မလုံလောက်ဘူး။ ရှေ့တစ်ခေါက်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အချိန်လည်း ကတ္တရာတန် ၅,၀၀၀ တောင်းခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှ အကြောင်းမပြန် သေးဘူး။ 7Day- Global Witness ကနေ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံကျောက် စိမ်းတူးဖော်မှုကဏ္ဍမှာ UWSA ခေါင်းဆောင်တွေက တော်တော် လေးကို ထဲထဲဝင်ဝင် ပါဝင်နေတယ်။ အဲဒီကျောက်စိမ်းကဏ္ဍက နေ အကျိုးအမြတ်အများကြီးရနေတယ်ဆိုပြီး ပြောပါတယ်။ အခု ပြည်တွင်းမှာက ကျောက်စိမ်းတူး ဖော်ခွင့်တွေကို ရပ်နားလိုက်ပါပြီ။ အဲဒီအတွက် ဒီ ‘ဝ’ဒေသအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု တွေ ရှိလာနိုင်ပါသလဲ။ ရှိတော့ရှိပါတယ်။ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှု တော့ ရှိပါတယ်။ ကျွန်တော်တို့ ဘက်မှာလည်း ဟိုဘက်ဒေသကို သွားပြီးတော့ တူးတာတွေရှိတယ်။ အခု ရပ်ထားလိုက်ပြီဆိုတော့ နည်းနည်းတော့ ထိခိုက်တာပေါ့။ 7Day- ဟုတ်ကဲ့။ နောက်ဆုံးမေး ချင်တာက အခုဆိုရင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ UWSA အနေနဲ့ကလည်း လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့အခြေအ နေပါ။ အဲဒါကြောင့် ဒီနှစ်ပိုင်းတွေ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မအောင်မြင်ဘူးဆိုရင် ‘ဝ’ဒေသက ဘယ်လိုဆက်ဖြစ်မလဲ။ ကျွန်တော်တို့လည်း ရည်မှန်းချက်ရှိပါတယ်။ နောက်နှစ်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက် ဖြစ်၊ မဖြစ်တော့ ကျွန်တော်တို့ရဲ့ စီမံချက်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က အရင်တုန်းက မူအတိုင်းပဲ သွားမှာ။ ဆက်သွားမှာ။ ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာလည်း ပါဝင်မှာ။ ဒါပေမဲ့ ကျွန်တော်တို့မူ အတိုင်းပဲ သွားမှာ။ သေနတ်တစ် လက်၊ ကျည်ဆန်တစ်တောင့်မှ မအပ်နှံ၊ ပြီးတော့ မြေတစ်လက်မမှ မဖယ်ရှား၊ မိမိကိုယ်ကိုယ် မိမိအုပ်ချုပ်သော အဲဒီမူအတိုင်းပဲ သွားမှာ။ ပြီးတော့ နောက်တစ်ချက်က မူတစ်ခုရှိသေးတယ်။ ပြည်ပက ကျွန်တော်တို့ကို လာမတိုက်ဘူး ဆိုရင် ကျွန်တော်တို့ကလည်း သူများကို သွားမလုပ်ဘူး။ တကယ်လို့အပြင်က ကျွန်တော်တို့ကို လာ တိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့က အလုံးအရင်းနဲ့ကို ပြန်တိုက်မယ်။ ကျွန်တော်တို့က ဒီမူအတိုင်း စွဲကိုင်ထားတယ်။ ကျေးဇူးတင်ပါတယ်။ From : 7 day daily - By : မောင်တာ Originally published at - http://www.7daydaily.com/story/77852
Read More »

Friday, September 30, 2016

ဒေါသစိတ် ထိန်းချုပ်ခြင်း




မြန်မာ နိုင်ငံမှာ စုံတွဲ တွေနဲ့ မိသားစုတွေ အကြား ပြဿနာ ဖြစ်ရာမှာ ဒေါသ မထိန်းနိုင်ဘဲ သတ်ဖြတ်တဲ့ အဆင့် ရောက်အောင် အကြမ်း ပတမ်း ဖြစ်တာတွေ ရှိလာနေ တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေး နေပါတယ်။

အခုလို ဒေါသပေါက်ကွဲပြီး အလွန်အကျွံဖြစ်ရတာကတော့ စိတ်ဖိစီးမှုများပြီး အချင်းချင်း ဆက်ဆံရေး ထိခိုက် လာတာနဲ့ တစ်ဦးချင်း စိတ်ပိုင်း ဆိုင်ရာ
ပြဿနာကို မကိုင်တွယ် တတ်တာနဲ့ ငယ်စဉ် ကြီးပြင်း ချိန်မှာ အကြမ်း ပတမ်းတွေ ကြုံခဲ့ တာတွေကြောင့် ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများရတာကလဲ စားရေးနေရေးကြပ်တည်းတာနဲ့ အလုပ်အဆင်မပြေတာတွေကြောင့်ဖြစ်ရပြီး၊ ဒါတွေကို လက်ခံနားလည်ထားပြီး မရှင်းထုတ်နိုင်ရင် တစ်ခြားသူတွေအပေါ် မတရား တုံ့ပြန်တာတွေ ဖြစ်လာတတ်ပါတယ်။

အခုလို စိတ်ဖိစီးမှုကြောင့် တစ်ပါးသူအပေါ် အလွန်အကျွံတုန့်ပြန်တာကနေ ကာကွယ်ဖို့ အခုလို စိတ်ဖိစီးမှုများရခြင်း အကြောင်းရင်းကို နားလည်နိုင်မယ့် နီးစပ်သူတွေ၊ စိတ်ကျန်းမာရေး ကျွမ်းကျင် သူတွေနဲ့ ဆွေးနွေး တိုင်ပင် ဖြေရှင်းဖို့ လိုပါတယ်။

ကြုံလာတဲ့ စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ပြဿနာ ဖြေရှင်းနည်းတွေကို တတ်ကျွမ်းထားဖို့ လိုပါတယ်။ ပြဿနာ အားလုံးကို တပြိုင်နက်
ဖြေရှင်းဖို့ ကြိုးစား မိရင် ဟုန်သွားပြီး မဖြေရှင်းနိုင် တော့ဘဲ ပေါက်ကွဲ ထွက်တတ် တာမို့၊ ပြဿနာ တစ်ခုစီကို ဖြေရှင်းနိုင် တာကစပြီး တစ်ဆင့်ချင်း စနစ် တကျ ဖြေရှင်း သင့်ပါတယ်။

အခုလို ဖြေရှင်းနိုင်ဖို့ မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစုတွေအကြား နွေးနွေးထွေးထွေး တိုင်ပင်တာအပြင်၊ အရပ်ထဲမှာလဲ ကူညီတိုင်ပင်ပေးနိုင်တဲ့ စိတ်ကျန်းမာရေး လုပ်သားတွေ အသင့်ရှိနေဖို့၊ နောက် ကျောင်းတွေ၊ အလုပ်တွေမှာလဲ ခုလို စိတ်ကျန်းမာရေးတိုင်ပင်နိုင်သူတွေ ခန့်ထားဖို့ လိုပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနားလည်နိုင်ဖို့ သြစတျေးလျနိုင်ငံအခြေစိုက် စိတ်ကျန်းမာရေး အထူးကု သမားတော်ကြီး Dr. Raymond တင့်ဝေ မြန်မာပြည်
ရောက်ရှိ နေတုန်း ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (သားညွန့်ဦး)

Originally published at - http://burmese.voanews.com

Read More »