နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts

Sunday, October 19, 2014

အပျိုစင် ဘ၀ကို ပုရိသများထံ လေလံတင် ရောင်းချ ခဲ့သူ မိန်းမပျို (၈) ဦး အကြောင်း



အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်
စားလေ့ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရသူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ အချို့
အမျိုးသမီး တွေဟာ နောက်ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင်ဘ၀ကို မလဲနိုင်ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူး
ပါတယ်။

ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချမှုတွေဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု
ကျယ်ပြန့်လာ ပြီးတဲ့နောက်မှာ အပျိုစင်ဘ၀ကို အွန်လိုင်းကနေ ရောင်းချမှုတွေ ရှိလာပါတယ်။ ဒီလို ရောင်းချရာမှာ
အချို့က ငွေကြေး အခက် အခဲကြောင့် လည်းကောင်း၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး
ဖြစ်နေတာ တွေ့ရှိခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့ အဖြစ်အပျက်တွေ ထဲက
အချို့ကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

၁။ ကေသီကော့ဘ်ဘလာဆန်

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ ကေသီကော့ဘ် ဘလာဆန်ဟာ ၂၀၀၄ ခုနှစ်မှာ
တုန်းက သူ့ရဲ့ အပျိုဝင် ဘ၀ကို e Bay ၀က်ဘ်ဆိုက်မှာ ဒေါ်လာ (၁၀၀၀၀၀) နဲ့ လေလံတင်ခဲ့ တာမို့ အဲဒီအချိန်က
စံချိန်တင်ဈေး အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ အဲဒီတုန်းက သူ့ရဲ့ အသက်က (၂၄) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့
အွန်လိုင်းမှာ လေလံတင် ပြီးတဲ့နာက်မှာ ပြန်လည် ဖြုတ်ချ သွားလို့ ဘာတွေ ဆက်ဖြစ်သွားသလဲ ဆိုတာ မရှင်းမ
လင်း ဖြစ်ခဲ့ပါတယ်။

၂။ ရိုစီရိဒ်

အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်တဲ့ ရိုစီရိဒ်ဟာ ၂၀၀၄ ခုနှစ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့ရာ အသက် (၄၄)
နှစ် အရွယ် အမျိုးသား တစ်ဦးက ပေါင် (၈၄၀၀)နဲ့ ၀ယ်ယူခဲ့ပါတယ်။ ရိုစီရိဒ်ဟာ အဲဒီတုန်းက အသက် (၁၈) နှစ်
သာ ရှိပါသေးတယ်။ ရိုစီရိဒ်မှာ အမျိုးသားတွေနဲ့ ထိတွေ့ဖူးတဲ့ အတွေ့အကြုံ မရှိပေမယ့် အမျိုးသမီး အချင်းချင်း ချစ်
ကြိုက်တဲ့ သူမျိုး ဖြစ်ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချဖို့ အသွား သူရဲ့အမျိုးသမီး အဖော်ကို ခေါ်သွား ခဲ့ပါတယ်။
အဲဒီ အမျိုးသမီး အဖော်က ရိုစီရိဒ်ဟာ အပျိုစင်ဘ၀ကို ဆုံးရှုံး ပြီးတဲ့နောက် ငိုကြွေး ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

၃။ ယာတာကို

ပီရူး နိုင်ငံက မော်ဒယ်တစ်ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်၊ အသက် (၁၈) နှစ် အရွယ်မှာ မိခင် ဖြစ်သူရဲ့ ကျန်းမာရေးစရိတ် လိုအပ်ချက်နဲ့ မောင် ဖြစ်သူကို ထောက်ပံ့ဖို့ အပျိုစင်ဘ၀ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယာတာကိုဟာ မိသား
စု အတွက် အပျိုစင်ဘ၀ကို စွန့်လွှတ်ရာမှာ ဒေါ်လာ (၁ ဒသမ ၃) သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

၎။ နာတာလီ ဒိုင်လန်

နာတာလီ ဒိုင်လန်ဟာ အပျိုစင်ဘ၀ကို ရောင်းချရာမှာ ဒေါ်လာ (၃ ဒသမ ၇) သန်းနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရ တယ်
လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အသက် (၂၂) နှစ် အရွယ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့
တာ ဖြစ်ပါတယ်။ မာစတာဘွဲ့ အတွက် ကြိုးစား ရာမှာ လိုအပ်တဲ့ ငွေကြေးကို ရရှိဖို့ ပြုလုပ် ခဲ့တာ ဖြစ်ပေမယ့်
ကမ်းလှမ်းတဲ့ ငွေကြေးက အရမ်း များပြားနေ တာမို့ ထောက်ပြစရာ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

၅။ အလီနာ ပါစီရာ

၂၀၀၉ ခုနှစ်၊ အသက် (၁၈) နှစ် အရွယ်မှာ အပျိုစင်ဘ၀ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ရိုမေးနီးယား နိုင်ငံမှာ မွေး
ဖွားတဲ့ အလီနာပါစီရာဟာ ကွန်ပျူတာ ဘွဲ့ရယူဖို့ ကြိုးစားရာမှာ ငွေကြေး အခက်အခဲဖြစ်လာ တာကြောင့် အပျိုစင်
ဘ၀ကို ရောင်းချခဲ့ခြင်းဖြစ်ပြီး အသက် (၄၅) နှစ်အရွယ်ရှိ အီတလီ နိုင်ငံသားတစ်ဦးက ပေါင် (၈၈၀၀) နဲ့ ၀ယ်ယူ
ခဲ့ကာ အီတလီ နိုင်ငံ၊ ဗင်းနစ်မြို့ကိုလည်း အလည်အပတ်ခေါ် ယူသွားခဲ့ပါတယ်။ အပျိုစင်ဘ၀ကို မရောင်းချမီ အ
ပျို စစ်/မစစ်ကို နှစ်ကြိမ် တိုင်တိုင် စမ်းသပ် စစ်ဆေးမှု ပြုလုပ် ခဲ့ရပါတယ်။

၆။ ရာဖယ်လာ ဖီကို

အီတလီမော်ဒယ်တစ်ဦး ဖြစ်ပြီး ထင်ရှားတဲ့ ရုပ်သံ စီးရီး အချို့မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူး ပါတယ်။ ၂၀၀၉
ခုနှစ်၊ အသက် (၂၀)နှစ် အရွယ်မှာ အပျိုစင်ဘ၀ကို ရောင်းချဖို့ လေလံတင်ခဲ့ပါတယ်။ ရောမမြို့ မှာရှိတဲ့ အိမ်တစ်
လုံး ၀ယ်ယူဖို့နဲ့ သရုပ်ဆောင် သင်တန်း တက်ဖို့ အပျိုစင်ဘ၀ကို ရောင်းချပြီး ငွေကြေး ရှာဖွေဖို့ ကြိုးစားခဲ့တာ ဖြစ်
ပါတယ်။ ရာဖယ်လာဖီကိုက ယောက်ျားလေး ချစ်သူ မထားဖူးကြောင်း၊ ဒေါ်လာ (၁ ဒသမ ၈)သန်း ရပါ က အပျို
စင်ဘ၀ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဆိုခဲ့ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချရာမှာ မနှစ်သက်သူနဲ့ ဆုံတွေ့
ပါက ၀ိုင်သောက်ပြီး အရာ အားလုံးကို မေ့နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ရာဖယ်လာဖီကို က ပြောခဲ့ပါ
တယ်။

၇။ အမည်မသိ အမျိုးသမီး

နာမည်အရင်းကို မဖော်ပြဘဲ အပျိုစင်ဘ၀ကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်းသူ ဖြစ်
ပြီး ၂၀၁၀ မှာ အပျိုစင်ဘ၀ ကို ဒေါ်လာ (၃၂၀၀၀) နဲ့ ရောင်းချခဲ့ပါ တယ်။ တက္ကသိုလ် ကျောင်းတက်ဖို့ ငွေကြေး
လုံလောက်မှု မရှိတာမို့ အခုလို လုပ်ခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ အပျိုစင် ဘ၀ကို ရယူဖို့ ကမ်းလှမ်းခဲ့သူ အရေအတွက်
က (၁၂၀၀) ဦးအထိ ရှိခဲ့ပါတယ်။

၈။ ကာတာရီနာ

ကာတာရီနာဟာ ဘရာဇီးလ်နိုင်ငံက ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ မှာ အပျိုစင်ဘ၀ကို လေလံတင်ခဲ့တာ
ဖြစ်ပြီး အမေရိကန် နှစ်ဦးနဲ့ အိန်္ဒိယတစ်ဦးတို့ကို ကျော်ဖြတ်ပြီး ဂျပန်တစ်ဦးက ဒေါ်လာ (၇၈၀၀၀၀) နဲ့ လေလံဆွဲ
နိုင်ခဲ့ တယ်လို့ ဆိုထား ပါတယ်။ကာတာ ရီနာက သူဟာ ပြည့်တန်ဆာ တစ်ဦး မဟုတ်ဘဲ မိသားစုနဲ့ ဆင်းရဲသူ
တွေကို ကူညီနိုင်ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကာတာရီနာရဲ့ လေလံရောင်းချမှု မရှင်း
မလင်း ဖြစ်ခဲ့ပြီး သူ့ရဲ့အကြောင်းကို သြစတြေးလျ ရုပ်သံတစ်ခုက မှတ်တမ်း ရုပ်ရှင် ရိုက်ကူးမယ်လို့ ဆိုထားတာ
ကြောင့် ထောက်ပြစရာ ဖြစ်ခဲ့ပါ တယ်။

The Messenger မှ ကူးယူမျှဝေသည်။
http://messengernewsjournal.com/General/Eventure/detail.php?id=24776

Read More »

Thursday, October 09, 2014

စိတ်ကောင်းမမွေးနိုင်သရွေ့ လူကောင်း တစ်ယောက်ဖြစ် လာမည် မဟုတ်ပေ



စိတ်သည် မမြင်နိုင်သော အရာတစ်ခုဖြစ်သည်။ စိတ်သည် အလွန်ပင် ထိန်းချုပ်ရ ခက်ပါသည်။ အထူးသဖြင့်
မကောင်းတဲ့ အရာတွေမှာဆိုရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါသည်။ စိတ်ကို အသိဥာဏ် ဖြင့်သာ ထိန်းချုပ်ပါ။

အလွယ်တကူ ပျံ့လွင့်နေသော စိတ်ဟာ တစ်စုံတစ်ယောက် အပေါ် တွေးတော ကြံစည်ရန် လွယ်လှပါသည်။
ဒါကြောင့် စိတ်ကောင်းထားဖို့လိုပေမည်။ စိတ်ကောင်း မထားနိုင်သ၍ လူကောင်းတစ်ယောက် ဖြစ်လာမည်
မဟုတ်ပါဘူး။ အပေါ်ရန်က ပြုံးရွှင်သော မျက်နှာထားနဲ့ အတွင်းစိတ် ကောက်ကျစ် သူများသည် ကြောက်စရာ
ပိုမို၍ ကောင်းသည်။

ဒါကြောင့် မျက်နှာမှ ပြုံးမပြချင်နေပါ ရင်ထဲမှာတော့ မမုန်းလိုက်ပါနဲ့။ စိတ်ကို ကောင်း မွန်စွာမွေးမြူ နိုင်ကြပါစေ။

ကျော်လင်းနိုင်
From: ရိုးရာလေး


Read More »

Thursday, May 29, 2014

အာဖရိကမှ ရွှံ့ဖြင့် ပြုလုပ် ထားသော ဗီးလိယက်ခုံ



ယခုပုံကတော့ နိုင်ငံခြား လူမူကွန်ရက် တစ်ဝိုက်မှာ ပျံ့နှံ့ပြီး လူကြည့်များနေတဲ့ ပုံတစ်ပုံ ဆိုလည်း မှားမယ်
မထင်ပါဘူး။

ဘာလို့ဆိုတော့ အာဖရိကနိုင်ငံ တစ်နေရာမှ ရွာသူရွာသား တွေဟာ ဗီးလိယက်ခုံကို ရွှံများဖြင့် ပြုလုပ်ခဲ့ကြ
လို့ပါပဲ။ ဗီးလိယက်ခုံ အောက်ခံကိုတော့ ဝါး သစ်သား စတာတွေနဲ့ ပြုလုပ်ထားပြီး ဗီးလိယက်လုံး တွေက
တော့ သစ်သီးတွေပဲ ဖြစ်ပါတယ်။

ဗီးလိယက်ခုံဟာ အမြင်မှာတော့ ကြည့်မကောင်း ပေမယ့်လည်း သူတို့ အတွက်ကတော့ တကယ့် ပျော်ရွှင်
စရာ ကစားတစ်ခု ဖြစ်မယ် ထင်ပါတယ်။ လူတွေဟာ မိမိတို့ ဘဝအတွက် ပျော်ရွှင်မူ တွေကို မရ ရအောင် ရှာဖွေပြီး နေထိုင် တတ်ကြပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Read More »

Thursday, May 15, 2014

လေအေးစက် မိတ်အင် ကမ္ဘောဒီးယား



ကမ္ဘောဒီယားက လေအေးစက် ဆိုပြီး သတင်းထောက် တယောက်က အွန်လိုင်းမှာ မျှဝေ ထားတဲ့ ပုံပါ။

သူက - ကမ္ဘောဒီးယား နိုင်ငံမှာ လျှပ်စစ် မီးဖိုးက တစ်ယူနစ်ကို ကျပ် 200 ကနေ 400 အထိပေးရတယ်။

လေအေးစက် တတ်နိုင်တဲ့ အိမ်က ငွေကြေးပြေလည်သူ လို့ သတ်မှတ်ကြတယ်။ ငွေကြေး မတတ်နိုင် သူတွေကတော့ ဖေါ့တုန်း ဖါထဲမှာ ရေခဲတုန်း ထည့် ပြီးတော့ ပုံထဲက အတိုင်းအပေါ်မှာ ပန်ကာပေါက်
ဖေါက်ပြီး ပန်ကာဖွင့်တယ်။ ဘေးမှာက ရေပိုက်စွတ်ထည့်ထားတဲ့အတွက် အအေးဓါတ်က အဲ့ဒီရေပိုက်
ကနေ ထွက်တယ်။ အလုပ်ဖြစ်တယ်လို့ တော့ ပြောတယ်။ ဒီနည်းလည်းမဆိုးဘူးထင်တယ် လို့ ရေးပါ
တယ်။

သူ့မိတ်ဆွေတယောက်ကတော့ ရေခဲဝယ်ရခက်မယ်၊ ပန်ကာ လည်နေတုန်း မီးဖြတ်ခံရတာနဲ့ ကြုံနိုင်
တယ် စသဖြင့် မှတ်ချက်ပြုပါတယ်။

ဒီပုံအကြောင်း ထိုင်းနိုင်ငံက ဖေ့စ်ဘုတ် သမားတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတာပါ။

တချို့ကလည်း ပန်ကာနောက်မှာ ရေခဲ ပုလင်းချိတ်ထားခြင်းဖြင့် လေအေးမြမြ ရရှိကြပါကြောင်း မှတ်
ချက်ပြုပါတယ်။


ဒီစိတ်ကူးတွေက ရယ်စရာ ကောင်းပေမယ့် လိုအပ်လာရင် လုပ်သင့်ပါတယ်။ လေအေးစက် ဆိုတာမျိုးက
မီးအား မပြည့်ရင် အလုပ် မလုပ်ပါ။

ဒါကြောင့် လေအေး ရရှိဖို့ အတွက် ပန်ကာ နဲ့ ရေခဲကို တွဲဖက်သုံးတဲ့ စိတ်ကူးကို လိုအပ်သလို လက်တွေ့
အကောင်အထည်ဖော်ကြတာ ဖြစ်ပါလိမ့်မယ်။

ကမ္ဘောဒီးယားလုပ် လေအေးစက် ဆိုတာက ကိုရီးယားနဲ့ ဂျပန်မှာ လုပ်တဲ့ လေအေးစက်တွေထက် ပိုပြီး
အကုန်အကျ နည်းပါး၊ ဓာတ်အားလိုအပ်မှု ပိုပြီး နည်းပါးတဲ့ အတွက် အပူရှိန်ကြီးမားလာတဲ့ ဒီနေ့ ကာလ
မှာ စမ်းသပ်သုံးစွဲကြသူတချို့ ရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။

The Irrawaddy's Blog by zarny win

Read More »

Friday, May 09, 2014

ဒေါ်လာ ၁၅သန်းကျော် ထီပေါက် ပေမယ့် အမှိုက်ကောက် သမား ပြန်ဖြစ်သူ




ပုံမှာ မြင်တွေ့နေ ရတဲ့ လူငယ် တစ်ဦး ဖြစ် ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး သက္ကရာဇ် ၂၀၀၂ ခုနှစ်မှာ
ဗြိတိန် ထီဆုကြီး တစ်ခု ပေါက်ခဲ့ပါတယ်။ ယင်း ဆု တန်ဖိုးဟာ ဗြိတိန်ပေါင် ၉.၇ သန်း ရှိပြီး အမေရိကန်
ဒေါ်လာနဲ့ တွက်ရင် ၁၅.၄ သန်း ကျော် ရှိပါတယ်။ ယနေ့ငွေဈေးနဲ့ ဆိုရင် အတော်လေး များမှာပါ။ အဲ့ဒီအ
ချိန်မှာ သူဟာ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ထီမပေါက်ခင်က သူဟာ အမှိုက်ကောက်သမား အဖြစ် လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထီပေါက်ပြီးချင်း ရရှိတဲ့
ငွေတွေနဲ့ စတင် သုံဖြုန်း ပါတော့တယ်။ မိသားစုကိုလည်း ချစ်ခင်မြတ်နိုးတာကြောင့် အမေနဲ့ အမ တွေကို
တစ်ယောက် တစ်သန်း ပေးပြီး ကျန်တဲ့ငွေတွေနဲ့ အိမ်ဝယ် ခြံဝယ် ကားဝယ် သောက်စား ပျော်ပါး ပါတော့
တယ်။

ဗြိတိန်မှာ အိမ် လေးလုံး ဝယ်ပြီး စပိန်မှာ အားလပ်ရပ် သွားနေဖို့ ခြံဝိုင်းကျယ်ပါ အိမ်တစ်လုံး ဝယ်ပါတယ်။
မာစီဒီး ဇိမ်ခံကား နှစ်စီး၊ BMW အမိုးပွင့် ပြိုင်ကား နှစ်စီး တို့ ဝယ်ပါတယ်။ ဗြိတိန်မှာ ပေါ်ထွက်လာတဲ့ မင်း
သားလေး တစ်ပါး အဖြစ် ကိုယ့်ကိုယ်ကို ခံယူပြီး အသုံးအစွဲ လက်ဖွာ ပါတော့တယ်။ နာမည်ကျော် ဗြိတိန် Celebrity တွေနဲ့ ပေါင်းပြီး သူ့ကိုယ်သူ လည်း Celebrity တစ်ယောက် အဖြစ် ခံယူ ပါတယ်။ အိမ်တစ်လုံး တစ်လုံးကို ဗြိတိန်ပေါင် ၃ သိန်း၊ ၄ သိန်းနဲပ ဝယ်ပေမယ့် ပြန်ရောင်းတာ တစ်ဝက်ဈေးတောင် မရှိပါဘူး။ ဝယ်တုန်းကလည်း ရှိတဲ့ဈေးထက် ပိုပေးပြီးတော့ ဝယ်ပါတယ်။

လူတစ်ကာ အကြံပေးလို့ အစုရှယ်ယာတွေ ရင်းနှီးခဲ့ပေမယ့် တစ်ခုပြီး တစ်ခု ပြန်ထုတ်ပြီးတော့ သုံးပါတယ်။
ကာမဂုဏ် စည်းစိမ်ကို အဆုံးစွန်ထိ ခံစားပြီး အမျိုးပေါင်း တစ်ထောင်မက ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို သုံး
စွဲ ပါတယ် ဒါနဲ့ နောက်ဆုံးမှာ ငွေတစ်ပြားမှ မကျန်ပဲ တစ်ခုပြီး တစ်ခု ရောင်းချလို့ ၂၀၁၀ နှစ်ဆန်းမှာအကုန်
ကုန်သွားပါတယ်။

ဒါကြောင့်မို့ ၂၀၁၀ ခုနှစ်က စလို့ သူဟာ အမှိုက်ကောက် သမား ဘဝကို ပြန်လည် ရောက်ရှိပြီး တစ်ပတ်ကို
ဗြိတိန်ပေါင် ၄၂ ပေါင်သာ ရှာဖွေ နိုင်တဲ့ ဘဝကို ပြန်လည် ရောက်ရှိ သွားပါတယ်။ သူ့ရဲ့ အမည် ကတော့
Michael Carroll ပါ။ ထီပေါက်ပြီးတော့ ဆင်းရဲသား ဘဝ ပြန်ရောက်တဲ့ သူ့ဖြစ်ရပ်ဟာ ကမ္ဘာကျော် သတင်း
တစ်ပုဒ် ဖြစ်ခဲ့ ရ ပါတယ်။

Ref: wiki

အောင်ခမ်း (ရိုးရာလေး)

By ရိုးရာလေး


Read More »

မြောက် ပင်လယ်ဖျံ တို့ အိပ်လဲ လက်တွဲ မဖြုတ်



မြောက် ပင်လယ် ဆိုတာ ဂရိတ် ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နိုင်ငံတို့ ကြားက
ပင်လယ်ဒေသ ဖြစ်ပါတယ်။ ယင်းဒေသမှာ ရှင်သန် ပေါက်ဖွားတဲ့ ချစ်စဖွယ် ဖျံတစ်မျိုး ကတော့ Dozy
Otter လို့ အမည်ရပြီး အမွေးအမျှင်များ ပါရှိတဲ့ ဖျံ ဖြစ်ပါတယ်။

သူ့မှာ ရှိတဲ့ ထူးခြားချက် တစ်ခု ကတော့ အထီး အမ မောင်နှံ ချစ်ခင် တွယ်တာ တဲ့ အလေ့ အထ ဖြစ်ပါ
တယ်။ ပုံမှာ မြင်တွေ့ရသလိုပဲ အိပ်ရင်တောင် လက်မဖြုတ်ပဲ ယှဉ်အိပ် ပါတယ်။ ပြီးတော့ အစား စားရင်
လဲ လက်ချိတ် ပါတယ်။ အချို့ဆိုရင် သွားလာတဲ့ အခါတောင် လက် မဖြုတ် တမ်း နေတဲ့ အတွဲလေးတွေ
တောင် ရှိတယ်လို့ ဆိုပါတယ်။ သူတို့ ဟာလည်း သစ္စာ ရှိတဲ့ ရေသတ္တဝါလေးများ ဖြစ်ပြီး တစ်ကောင်
သေရင် နောက် တစ်ကောင် ဟာ အခြား ဖျံတစ်ကောင်ကို မပေါင်းဖက် ပါဘူး။

ယင်း အကြောင်းက ဘယ်လို အကြောင်းမျိုးများကြောင့်မဆို တစ်ကောင်နဲ့ တစ်ကောင် လွတ်သွား၊ လွဲ
သွားမှာ စိုးတဲ့ အတွက် ဖြစ်ကြောင်း သိရ ပါတယ်။

Ref: dailymail

အောင်ခမ်း (ရိုးရာလေး)

By ရိုးရာလေး


Read More »

Monday, May 05, 2014

ဆိုကရေးတီး ပြောတဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်



သိပြီး သူများလည်း သိပြီး မှာပါ။ မသိသေး သူများကို ထပ်မံ မျှဝေလို ပါတယ်။ လူငယ် တစ်ယောက် ဟာ ဆိုကရေ တီးကို တွေ့တော့ အောင်မြင်မှုရဲ့ လျှို့ဝှက် ချက် ဟာ ဘာလဲ ဆိုတာ သိချင်ကြောင်း မေးပါတယ်။

ဒါနဲ့ ဆိုကရေတီး ဟာ နောက်တစ်နေ့ မနက် မြစ်ဆိပ်မှာ တွေ့ရအောင်လို့ ချိန်းလိုက် ပါတယ်။

မြစ်ဆိပ်မှာ တွေ့တော့ ဆိုကရေတီး ဟာ လူငယ်ကို ရေထဲခေါ် သွား ပါတယ်။ ရေက လည်ပင်း အထိ ရောက် ချိန် မှာတော့ ဆိုကရေတီး ဟာ လူငယ် ခေါင်းကို ရေထဲ နှစ်ချ လိုက် ပါတယ်။ လူငယ်က ရုန်းဖို့ ကြိုးစား ပေ မယ့် အားပို သန်တဲ့ ဆိုကရေးတီး လက်ကြောင့် မရုန်းနိုင် ပါဘူး။

ပင်ပန်းလောက်ပြီ၊ မရုန်းနိုင် တော့လောက် ဘူး ဆိုမှ ရေပေါ် ခေါင်းပြန် ထောင် ပေးလိုက် ပါတယ်။ ပြီးတော့ ကမ်းပေါ် ပြန်ခေါ် တက်ပြီးတော့ လူငယ်ကို
ရေနှစ် နေချိန်မှာ ဘာလိုအပ် လဲ လို့ မေးပါတယ်။ ဒါနဲ့ လူငယ်က အသက်ရှူဖို့ လေ လိုအပ်တယ် လို့ ဖြေ ပါတယ်။ ဒါနဲ့ ဆိုကရေတီးက 'အေး မင်း ရေနှစ်နေ တုန်း လေကို အငမ်း မရ လိုအပ်နေ သလိုပဲ အောင်မြင်မှု ဆိုတာကို လိုအပ် လာရင် အောင်မြင်မှု အတွက် လျှို့ဝှက်ချက် ဆိုတာ မရှိတော့ဘူး'

သင်ခန်းစာ

ဟုတ်ပါတယ်။ လူတိုင်းဟာ အောင်မြင်မှုကို လိုလားကြ ပေမယ့် ပြင်းပြတဲ့ စိတ် ဆန္ဒ (Strong Desire or Will Power) ပါရှိမှု ကျတော့ နည်းပါ တယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒ ဆိုတာ နေ့ရော ညာပါ အောင်မြင်မှု ရရှိ ရမယ်လို့ စိတ်ထဲမှာ ကိန်းအောင်း ရေရွတ် နေပြီး ကြိုးစား နေသူဟာ တစ်နေ့ မဟုတ် တစ်နေ့ ရပါတယ်။

ယင်း စိတ် ကလည်း လူကို အမျိုးမျိုး ထိန်းကျောင်း ပြုပြင်ပေး သွားပါတယ်။ လိုရာ ပန်းတိုင်ကို သယ်ဆောင် သွားပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ ခဏတာ မဟုတ်ပဲ အချိန် အတော် ကြာကြာ အောင်မြင်မှု ရရှိဖို့ သွားရောက်တဲ့ ပန်းတိုင် အထိ ရှည်လျား ဖို့လဲ လို အပ် ပါတယ်။ ကောက်ရိုး မီး ပမာ ခဏတာ တောက်
လောင် ရုံနဲ့လည်း မလုံ လောက် ပါဘူး။

ယင်းဟာ အောင်မြင်မှုရဲ့ တစ်ခု တည်းသော လျှို့ဝှက်ချက် ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

By ရိုးရာလေး



Read More »

သိမှတ် သင့်တဲ့ စာစု လေးများ



(၁) အချစ်က မျက်ရည် တွေကို သယ်လာ တတ်တယ်၊ အခုလေးပဲ နင့်ကို ငါချစ် လိုက်ပါတယ်။

(၂) ခန္ဓာကိုယ် အပူရှိန် ကျဆင်းနေ ပါတယ်၊ အတူ အနွေးဓာတ် ယူရအောင် အမြန်လာပါ။

(၃) လက်ကိုင်ဖုန်း ဆွံ့အသွားတဲ့ အခါ အထီးကျန်ခြင်းက ငါ့အနား ရောက်လာတယ်။

(၄) နင့်နှလုံးသားထဲ ငါဆိုက်ရောက် ခဲ့ပြီဆိုမှတော့ ငါထပ် မထွက်ခွာ တော့ပါဘူး။

(၅) နင့်နဲ့ တွေ့ဆုံပြီး တဲ့နောက် ငါ့ကဗျာတွေ ရှင်သန်နိုးထ ခဲ့ပြီ။

(၆) အောက်ဆီဂျင် လိုနေပါတယ်.... အမြန်လာပြီး CPR လုပ်ပေးပါ။ (CPR နှုတ်ခမ်းတေ့ပြီး အသက်ကူ)

(၇) ငါ့နှလုံးသား တစ်ခုလုံး ပြည့်ကျပ်နေ ပါတယ်။ အကြောင်းက ငါ့နှလုံးသား ဧရိယာ တစ်ခုလုံးကို နင်
ပိုင်စိုး ထားလို့ပါ။

(၈) ယခုရရှိ ထားသော မက်ဆေ့တိုဖြင့် မိနစ်၃ဝ အတွင်း မက်ဆေ့ပေးပို့ သူထံတွင် အနမ်းတစ်ခု လာ
ရောက်လဲလှယ် ယူနိုင်ပါသည်။ အချိန်အကန့် အသတ်ရှိ ပါသဖြင့် အမြန်လာရောက် လဲလှယ်ပါရန်။

(၉) ညဥ့်နက် နက်လာပြီ၊ ကြယ်လေးတွေ အိပ်သွားပြီ၊ လလေးလည်း အိပ်သွားပြီ၊ လမ်းဘေးက မီးတွေ
တောင် အိပ်သွားခဲ့ပြီ၊ နင့်ကို လွမ်းနေတဲ့ ငါပဲ မအိပ်သေးဘူး။

(၁ဝ) ငါ့နှလုံးသား မှာနေဖို့ အခန်းငှားခ ပေးစရာ မလိုပါဘူး... ဒါ တန်ပါတယ်နော်။

(၁၁) အချစ်လာတဲ့ အချိန် လျှပ်စီးတွေ လက် မိုးကြိုးတွေ ပစ်သွား ခဲ့တယ်။ ငါ အပစ်ခံထိ သွားပါတယ်။

(၁၂) နင်ဟာ နှစ်ချို့  ဝိုင်တစ်ခွက်ပါ၊ ငါ အရက် မသောက်တတ် ပေမယ့် မူးအောင်သောက်ဖို့ ဆုံးဖြတ်
လိုက်ပါပြီ။

(၁၃) ဖုန်းဖန်သားပြင်ပေါ် ကျသွားတဲ့ မျက်ရည်ကို နင်လက်ခံ ရရှိပြီလား။

(၁၄) အချစ်ရောက် လာချိန် အချစ်ကို နင်ဖြတ်ပစ် လိုက်တယ်။ အခု ငါ့ဘယ်ဘက် ရင်ဘတ်ကနှလုံးခုန်
သံလေး ရပ်တန့် သွားတော့မယ်။

(၁၅) မြားနတ်မောင်ရဲ့ မြားကို ငါချိုးပစ်ပြီး သေသေချာချာ ဖွက်ထား လိုက်ပါပြီ။ ဒါမှ ငါတို့ ကြားထဲ
နောက် လူတစ်ယောက် ဝင်မလာနိုင်မှာ။

(၁၆) ငါတို့ရဲ့ အချစ်က ပခုံးချင်း ရှပ်တိုက်ပြီး လမ်းလွှဲလျှောက် သွားခဲ့ပါတယ်။ နင် နောက်ပြန်လှည့်
လာနိုင်မလား။

(၁၇) မက်ဆေ့တို လေးနဲ့ ချစ်စရာ မက်ဆေ့ ၉၉၉၉ ကြောင်းရေးပြီး နင့်ကို ငါပေးမယ်။ တစ်နေ့ကို
တစ်ကြောင်းပဲ ရေးမယ်။ ၉၉၉၉ ဆိုတော့ ငါတို့ ဆံဖြူသွားကျိုးတဲ့ အထိပေါ့။

By Nine Nine Sanay


Read More »

Tuesday, February 11, 2014

လန်ဒန်က ရှဥ့်တစ်ကောင် ဒိုင်နိုဆောနဲ့ တိုက်ခိုက်ခဲ့ :P (For Funny)



လန်ဒန်၊ Teddington မြို့နယ်က ဓာတ်ပုံဆရာ Max Ellis ရဲ့ ခြံဝိုင်းထဲ မှာ ဖြစ်ပါတယ်။
T-Rex ( ဒိုင်နိုဆော) အရုပ်သေးလေး တစ်ရုပ်ကို ပန်းခြံတစ်နေရာမှာ ထောင်ထားပြီး
သူ့ပတ်ဝန်းကျင်မှာ အစာ အနည်းငယ် ချထား ပါတယ်။

ချဥ့်ငယ်လေး အနေနဲ့ သူ့ရဲ့အစာလုဖက် အကောင်တစ်ကောင်လို့ ထင်သွား ပြီး အရင်ဆုံး
တိတ်တဆိတ်ချဉ်းကပ် ပါတယ်။ ဘေးပတ်လည် ကြည့်ပြီး ယခုလို ဝင်ရောက် တိုက်ခိုက်
ပါတယ်။ ယခုလို ချစ်စဖွယ် ဓာတ်ပုံများကို ဓာတ်ပုံဆရာ Max Ellis ဟာ သေချာ ရိုက်ကူး
နိုင်ခဲ့ပြီး လက်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစား နေပါတယ်။

ဒိုင်နိုဆော အရုပ်ငယ်ကို ဝင်ရောက် တိုက်ခိုက်နေတဲ့ ရှဥ့်ရဲ့ ဓာတ်ပုံ များကို အောက်မှာ
ကြည့်ရှု နိုင်ပါတယ်။










Photo from: dailymail online

By ရိုးရာလေး
Read More »

Monday, January 27, 2014

တူရကီနိုင်ငံက လင်းနို့လူသား ပြည်နယ်မှ လင်းနို့လူသားမြို့



CITYBatman ဆိုတဲ့အမည်နဲ့ မြို့တွေ၊ ပြည်နယ်တွေ ကမ္ဘာမှာ ၅ ခု၊ ၆ ခုမက ရှိပြီး ယင်း
ထဲမှာ နာမည်အကြီးဆုံးကတော့ တူရကီနိုင်ငံ အရှေ့ တောင်ပိုင်း batman ပြည်နယ်က
batman မြို့  ဖြစ်ပါတယ်။

တူရကီနိုင်ငံမှ ရေနံအများဆုံး ထွက်ရှိတဲ့မြို့ ဖြစ်ပြီး ၂၀၀၈ ခုနှစ်တုန်းက DC comic နဲ့
Batman ရုပ်ရှင် ဒါရိုက်တာ တို့ကို မြို့ ဝန်က တရားစွဲ ဖူးပါတယ်။ တရားစွဲမှု ကတော့
Batman ဆိုတဲ့ အမည်နဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်များကြောင့် တကယ့် အပြင်မှာ ရှိနေတဲ့
Batman မြို့ ကို ရာဇဝတ်မှုများ၊ လူသတ်မှုများ ဖြစ်တဲ့ နိုင်ငံတစ်ခုအဖြစ် စိတ်ပိုင်းဆိုင်
ရာ လွမ်းမိုးစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ တော်ရဲ့  ခရီးသွားလာရေး နဲ့ ဂုဏ်သ
တင်းကို ထိခိုက်စေတာကြောင့်မို့ တရားစွဲခဲ့ခြင်း ဖြစ်ပါအတယ်။

Batman လူစွမ်းကောင်း ဖန်တီးတဲ့ ၁၉၃၉ ခုနှစ်မတိုင်ခင် နှစ်ပေါင်း ရာကျော်၊ ထောင်
ကျော်ကတည်းက မြို့ တော်က တည်ရှိနေခြင်းဖြစ်ပြီး Batman ဆိုတဲ့အမည်ကိုလည်း
အသုံးပြုနေတာကြာပါပြီ။

သှို့ပေမယ့် ယင်း တရားစွဲမှု ပြီးမှပဲ Batman မြို့ ကို ပိုမို လူသိများလာကြောင်း သိရ ပါ
တယ်။

Ref: wiki

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး
Read More »

Sunday, January 26, 2014

တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ် စက်ဘီး



bikeSpecialized Turbo Electric Bike လို့ အမည်ပေးထားတဲ့ စက်ဘီး ဖြစ် ပါတယ်။ အ
မြန်ဆုံး မောင်းနှင်နိုင်မှု အားအဖြစ် တစ်နာရီ ၂၈ မိုင်အထိ တောင် မြင့်တင်ထားပါတယ်။

လျှပ်စစ်ဂီယာ စက်ဘီး ဖြစ်ပြီး တစ်ခါ အားသွင်းပြီးရင် မိုင် ၃၀ လောက်ခရီးကို နှင်းစရာမလို
ပဲ မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီက ၂၅၀ ဝပ်အား ပါ။ Full Charging အတွက်
တစ်နာရီဝန်းကျင်လောက်သာ ကြာမြင့်မှာ ဖြစ် ပါတယ်။ စက်ဘီးရဲ့ အလေးချိန်က ပေါင် ၅၀
ရှိပါတယ်။ အနောက် က မော်တာက ၁၂ ပေါင်လေးလို့ပါ။ မော်တာ ကလည်း နောက်ဘီး
ကို မောင်းနှင်ခြင်း ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၀၀ ဝန်းကျင်မှာ ရှိပါတယ်။ အမေရိကန်မှာ ထုတ်
လုပ်တဲ့ စက်ဘီး ဖြစ်ပါတယ်။ အစီးရေလည်း သိပ်များများ စားစားမရှိပါဘူး။ သွားရေးလာ
ရေး ကားကြပ်တည်းတဲ့ မြို့ လမ်းမ တွေမှာ အသုံးပြုလို့ အဆင်ပြေအောင် ဖန်တီးထားခြင်း
ဖြစ်ကြောင်း သိရ ပါတယ်။

Ref: mashable

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး
Read More »

April Fool's Day ဖြစ်ပေါ်လာပုံ



သမိုင်းတစ်လျှောက် ရက်အတိုဆုံး လ တစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့
စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ
၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြ
က္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင်ရဲ့
အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကို
တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။

အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်
တစ်နှစ်ရဲ့ အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်
ရဲ့ ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများ
က ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း
ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်
လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိ
အမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။

ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း
ကို ပြုလုပ်ကြပြီး Apirl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိ
ရပါတယ်။

Ref: dyknow

အောင်ခမ်း ( ရိုးရာလေး )
Read More »

Monday, January 06, 2014

သူသည် သိုင်း သင်သောသူ.. သုံးသိန်း သုံးသောင်းသော သိုင်း သူသိသည်



စာ၊ ကဗျာ၊ ဟာသ ဘာကိုပဲရေးရေး ကကြီးခခွေးအစုံအလင်နဲ့ ရေးမှ ရပါတယ်။

ဒီရက်ပိုင်း အွန်လိုင်းမှာ လူဖတ်များနေတဲ့ တပုဒ်မှာတော့ တပုဒ်လုံးကို "သ" သုံးပြီး ရေးထားတာ တွေ့ရ
ပါလိမ့်မယ်။

မူရင်း စာရေးသူ ဘယ်သူဆိုတာတော့ တိတိကျကျ မသိရသေးပါ။

"Credit = Thet naing ko" လို့ ညွှန်းထားတဲ့အတွက် သက်နိုင်ကို ဆိုတဲ့သူရဲ့ လက်ရာလို့လည်း ယူဆနိုင်
ပါတယ်။ အွန်လိုင်းစာမျက်နှာ အတော်များများမှာ ဒါကို ကူးယူဖော်ပြနေကြတာပါ။

မဖတ်ရသေးသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

သူသည် သိုင်းသင်သောသူ။
သုံးသိန်းသုံးသောင်းသော သိုင်း သူသိသည်။
သို့သော်
သွေးသောက်သိုင်းသာ သီးသန့် သူ သုံးသည်။
သွေးသောက်သိုင်း သုံးသော် သုသာန်သို့ သွေး သွားသွား သွန်သည်။

သူသည် သန်သည်၊ သွက်သည် သူ့သားသည် သန့်သည် ... သို့သော် သေးသေးသွယ်သွယ် သူ့သားသူ သွန်
သင်သည် “... သား ... သွေးသောက်သိုင်းသင် ...” သို့သော် သူ့သားသည် သေးသောက်သိုင်းသာသင်သည်။

သေးသောက်သိုင်း သင်သော် သေးသွန်သည် သူ့သားသည် သဲသောင်သို့ သေး သွားသွားသွန်သည်
သဲသယ်သောသူ သတ်သော် သူ့သား သေသည် သူသိသော် သဲသောင်သို့ သူသွားသည်။

သဲသယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက်သိုင်း...
သို့သော် သွေးသောက်သိုင်း သာသည်။
သူ သွေးသောက်သိုင်းသုံး သုတ်သင်သည်။
သဲသယ်သောသူ သေသည်။
သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည် ...

- သူ သုံးသပ်သည် ... သူ သိသွားသည်
“သေသောသူသည်သုသာန်သို့ သက်သက်သာသာ သွားသေသည်သာ”။။

Credit = Thet naing ko

The Irrawaddy's Blog by zarny win
Read More »

Monday, December 23, 2013

ရေချိုတွင်ပျော်သော သြစတေးလျမှ ဧရာမ ရေငံမိကျောင်း



၅.၅ မီတာ အရှည်ရှိတဲ့ သြစတေးလျနိုင်ငံမှ ရေငံမိကျောင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ တွေ့ရှိတဲ့ မိကျောင်း
ကတော့ ၆ မီတာ ကျော်တဲ့အတွက် သြစတေးလျက ယင်းမိကျောင်းက ကမ္ဘာ့အကြီးဆုံး မိကျောင်းစာရင်း
မှာ နံပါတ် ၁ တော့မဟုတ်ပါဘူး။

အခုတော့ ရေချို (Adelaide မြစ်) မှာ နေထိုင်ကျက်စားလျက်ရှိပါတယ်။ ငါးမန်းကြီး တစ်ကောင်နဲ့ တိုက်
ခိုက်ထားရ မှုကြောင့် ခြေတစ်ချောင်း မရှိတော့ပဲ ခြေသုံးချောင်းသာ ကျန်ရှိတော့တဲ့ မိကျောင်း ဖြစ်ပါ
တယ်။ သူ့ကို Brutus လို့အမည်ပေးထားကြပါတယ်။

Adelaide မြစ်ကို ရောက်လာတဲ့ လှေ၊ သင်္ဘောများမှ ကျွေးမွေးတဲ့ အသားခဲ၊ အစာများကို စားသောက်
ရင်း ရေချိုမြစ်ထဲမှာ ပျော်လျက်ရှိပါတယ်။ လူတွေ ကို ရန်မမူပဲ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်
စားစရာ၊ ချစ်စရာ တိရစ္ဆာန် တစ်ကောင် ဖြစ်နေပါတယ်။

Brutus ဟာ အသက် ၈၀ အရွယ်ရှိပြီ ဖြစ်တဲ့ မိကျောင်းတစ်ကောင် ဖြစ်ပြီး ငါးမန်းများရဲ့ ရန်ကို ကြောက်
ရွံ့ လို့ ရေငဲထဲ ထပ်မသွားတော့ တာ ဖြစ်တယ် လို့လည်း Adelaide မြစ်လုံခြုံရေးအဖွဲ့များက ၎င်းတို့ ယူ
ဆချက် ကို ပြောကြား ခဲ့ပါတယ်။

Ref:telegraph (2011/july)

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး
Read More »

Monday, December 09, 2013

အမျိုးသား ၂၃ ဦးနှင့် အိမ်ထောင်ကျဖူးသူ



oldLinda Wolfe လို့အမည်ရတဲ့ အမျိုးသမီးပါ။ အသက် ၁၆ နှစ်က ပထမဆုံး အိမ်ထောင်ကျပါတယ်။
အိမ်ဘေးက ရွယ်တူ ကောင်လေးပါ။ ကောင်လေးက ချစ်ခွင့်ပန်မှုကိုလက်ခံပြီး မိဘ သဘောမတူ
လည်း ကိုယ့်သဘောနဲ့ လက်ထပ်ခဲ့ကြပါတယ်။

အချစ်စစ်ကို သူမ ရှာမတွေ့ပါဘူး။ ဒီလိုနဲ့ ကွာရှင်းပြတ် ဆဲပြီး နောက် တစ်ယောက်နဲ့ အိမ်ထောင်ပြု
ပါတယ်။ မတွေ့သေးပါဘူး။ နောက် တစ်ယောက်ထပ်ပြုပါတယ်။ ဒီလိုနဲ့ ၂၃ ယောက် ပြည့်ခဲ့ပါဘူး။
သူ့မှာ သားသမီး ၇ဦးထွန်းကားပြီး မြေးတွေလည်းရနေပါပြီ။ သူမအသက်ကလည်း ၆၈ နှစ်ပါ။ အ
မေရိကန်နိုင်ငံ အင်ဒီးယားနား ပြည် နယ်မှာ နေထိုင်ပါတယ်။ ကမ္ဘာ့အိမ်ထောင်ပြုအကြိမ် အရေအ
တွက် အများဆုံး အမျိုးသမီးအဖြစ်လည်း စံချိန်တင်ထား ပါတယ်။

အမျိုးသားတွေ အားလုံးနဲ့လည်း ကွာရှင်းပြီးပါပြီ။ အချို့ အမျိုးသားတွေဆိုရင် ကွယ်တောင် ကွယ်လွန်
ခဲ့ပါပြီ။

သို့ပေမယ့် သူ တစ်ယောက်တည်း မနေနိုင်ပါဘူးတဲ့။ အထီးကျန် တဲ့ ဝေဒနာကို မခံစားနိုင်လို့ အိမ်
ထောင်ထပ်ပြုဖို့ အတွက် အစီအစဉ် ရှိသေးကြောင်း သိရပါတယ်။

Ref: wirednews

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး
Read More »

ဘိုမ အရုပ်မျက်နှာနဲ့ ကာယဗလမယ် ကိုယ်လုံး ပိုင်ရှင်



bo ma yoteအသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ရုရှားနိုင်ငံ အမျိုးသမီးငယ် တစ်ဦး ပါ။ Julia Vins လို့
အမည်ရပါတယ်။

သူမရဲ့  မျက်နှာဟာ ဘိုမရုပ်လေးလို အမှန်တကယ် လှပပါတယ်။ သို့ပေမယ့် Julia Vins က ပရော်ဖက်ရှင်
နယ် ဝိတ်မ အားကစားမယ် တစ်ဦး ဖြစ် ပါတယ်။ Body Builder တော့ မဟုတ်ပါဘူး။ အထူးသဖြင့် လက်
မောင်းနဲ့ ပုခုံးဟာ အင်မတန် သန်မာသူ ဖြစ်ပါတယ်။

သူမ ကိုယ်တိုင်ကလည်း ဝိတ်မ အားကစားအတွက် လေ့ကျင့်တဲ့ Traning Center မှာ ဆရာမ တစ်ဦးတောင်
ဖြစ်နေပါပြီ။ သူမရဲ့  ထူးခြားတဲ့ လှပမှု ပုံစံ ကြောင့် ရုရှားမှာ Celebrity တစ်ဦးလိုတောင် ဖြစ်နေပါပြီ။ သူမရဲ့ 
Official Facebook Page ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

www.facebook.com/JuliaVins

အောင်ခမ်း ( ရိုးရာလေး )

By ရိုးရာလေး
Read More »

Sunday, December 01, 2013

အသက်နဲ့ လဲပြီး သီလစောင့်ရတဲ့ ရဟန်း ဘဝ



ပတ္တမြား ကို စားစရာ အမှတ်နဲ့ မျိုချလိုက်တဲ့ ကြိုးကြာငှက်ကို အသတ်ခံရမှာ စိုးလို့ အသက်နဲ့ လဲပြီး သီလ
စောင့်ခဲ့ပုံ လေးပါ။



by Zay Yar
Read More »

Monday, November 18, 2013

တစ်အိမ်တည်း အတူနေကြတဲ့ ၂ လင် ၁ မယား



လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့ အထဲ ဒီကနေ့ လန်ဒန်က သတင်း တခုက တလင် ၂ မယား
မဟုတ်ပဲ ၂ လင် ၁ မယား ဆိုတော့ စိတ်ဝင်စားစရာမို့ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။ အခု
ဓာတ်ပုံထဲ မှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်
သူ ပီတာ တို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။

ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။
ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မ
ဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။

နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်း
ကို ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချ
လိုက်ပါ တယ်။

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့
လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း
သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အ
တူ မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ်
ကြီး မှာ နေကြပါတယ်။

“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂
ယောက် လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်
ပါဘူး” လို့ အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့
လည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ”
လို့ မာရီယာက ပြောပါတယ်။

ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီ
ယာ ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှု
စိမ့် မဖြစ် ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ ချိန်း
တွေ့ကြတယ်တဲ့။

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့
ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး
ထပ်မွေးခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာ
ခဲ့ တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး
တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု
ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု
တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ်
သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာ
လို့ သိရပါတယ်။

From:ဧရာဝတီ

Myanmar Daily Star by Myanmar Daily Star Group
Read More »

Monday, September 09, 2013

မေတ္တာသည်သာ အေးချမ်းရာ.....



မေတ္တာသည်သာ အေးချမ်းရာ.....လွန်ခဲ့သော ၁၉၂၅ ခုနှစ် ခန့်မှန်းခြေ အားဖြင့် ဇူလှိုင်လလောက် တုန်းက
နယူးယောက်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ရေးသား လိုက်ပါတယ်။

တစ်နေ့ နယူးယောက်မှာ အကြီးတန်း အရာရှိတွေဟာ မြို့ကို ကားဖြင့် ပတ်ပါတယ်။ ထုံးစံအတိုင်း လမ်းကို
ဥသြဆွဲပြီး လမ်းရှင်းပေး ရတာပေါ့။ ထိုအချိန်မှာပဲ အရာရှိတွေ၏ ကားများဟာ ရုတ်တရာက် ရပ်လို့သွားပါ
တယ်။

ဘာလို့ ကားတွေကို ရပ်လိုက်လဲ ဆိုတော့ ကားလမ်းမပေါ်မှာ ကြောင်မကြီးက သူ့သားလေးကို ကိုက်ချီ၍
လမ်းဖြတ်ကူးတာကို တွေ့လိုက်ရလို့ပါ။ ဒါကြောင့် အရာရှိတွေနှင့်တကွ နောက်လိုက်များဟာ ကြောင်သား
အမိကို လမ်းဖြတ်ကူးခွင့်ကို ပေးလိုက်ပါတယ်။

ခေါင်းဆောင် အရာရှိက သူ၏ တပည့်တွေကို အခုလို ပြောပါတယ်။ " မည့်သည့် သတ္တဝါမဆို နာကျင်တတ်
တဲ့ နှလုံးသားရှိတယ် ကိုယ်ကယ်လိုက်တဲ့အတွက် တစ်နေ့ ကိုယ့်ကိုယ် ပြန်ကယ်မယ့်သူ ပေါ်လာလမ့်မယ်"
လို့ ပြောလိုက်ပါတယ်။

အချုပ်အားဖြင့် ဆိုသော် မည်သည့် သတ္တဝါ မဆို နာကျင်တတ်တဲ့ နှလုံးသားတွေ ရှိတယ်။ လူသားတွေဟာ
သူတို့အပေါ်ကို ရက်စက်စွာ မလုပ်သင့်ဘူး။ မေတ္တာထား သင့်တယ်။ မေတ္တာသည်သာ လူတိုင်းအတွက်
အေးချမ်းရာ နေရာတစ်ခု ဖြစ်ပါတယ်။

Ref - Do Something

ကျော်လင်းနိုင် (ရိုးရာလေး)

By ရိုးရာလေး
Read More »

Monday, August 19, 2013

ပြုံးရယ်ခြင်းဖြင့် ရနိုင်သော အကျိုး ကျေးဇူးများ



laugh ရယ်မောခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးများ ကတော့ အောက်ပါ အတိုင်း ဖြစ်
ပါတယ်။

၁။ သွေးဖိအား လျော့နည်းစေခြင်း

၂။ သွေးလည်ပတ်မှုအား ကောင်းစေခြင်း၊ သွေးမှ အောက်ဆီဂျင်ဓာတ် ပိုရခြင်း။

၃။ အာခေါင်၊ လည်ချောင်း၊ ၀မ်းဗိုက်၊ ကြော၊ အသက်ရှုလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားများအား သန်မာစေခြင်း။

၎။ စိတ်ဓာတ်ကျဆင်းစေသော ဟိုမုန်းများကို ကျဆင်းစေခြင်း။

၅။ ကင်ဆာရောဂါဖြစ်စေသော ပိုးများအား သေစေခြင်း။

၆။ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်နိုင်သော ကူးဆက်ရောဂါများအား ကာကွယ်ပေးခြင်း၊ အအေးဒဏ် ခံနိုင်ခြင်း။

၇။ မှတ်ဥာဏ်ကောင်းစေခြင်း၊ သင်ယူရလွယ်ကူခြင်း။

၈။ သွက်သွက်လက်လက်ရှိခြင်း၊ အတွေးအခေါ်သစ်များထွက်ခြင်း။

Source: Care2.com

By ရိုးရာလေး
Read More »