နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဖျော်ဖြေရေး. Show all posts
Showing posts with label ဖျော်ဖြေရေး. Show all posts

Monday, June 12, 2017

မကာအိုနဲ့ မြန်မာပွဲကို မြန်မာ့ ရုပ်မြင်သံကြားက တိုက်ရိုက် ပြမယ်




မကာအိုနဲ့ မြန်မာ အသင်းတို့ ယှဉ်ပြိုင်မယ့် အာရှ ဖလား ခြေစစ်ပွဲ အုပ်စု(က) ဒုတိယ ပွဲစဉ်ကို မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား (MRTV) က တိုက်ရိုက် ပြသ မယ်လို့ သိရ ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၃ ရက် မြန်မာ စံတော်ချိန် ညနေ ၆ နာရီမှာ မကာအိုနိုင်ငံ အိုလံပစ် အားကစား ကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားမှ ပြသနိုင်ဖို့ မကာအို ဘောလုံး အဖွဲ့ချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး မကာအိုနိုင်ငံက ရုပ်သံ ထုတ်လွှင့် ခွင့်ပြု ခဲ့တာကြောင့် ပြသခွင့် ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောထားပါတယ်။

‘‘အာရှဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲမှာပါတဲ့ အသင်းတစ်သင်းချင်းစီရဲ့ အဖွဲ့ချုပ်တွေကို တိုက်ရိုက်ပြဖို့အတွက် ညှိနှိုင်းမှု ပြုလုပ်ရတယ်။ အခကြေးငွေတော့ မပေးရဘူး။ မြန်မာမှာကန်ရင် သူတို့ကို အလကားပေးရမယ်။ သူတို့ဆီမှာကန်ရင် အလကားပြန်ပေးတယ်။ တချို့အဖွဲ့ချုပ် ကျတော့ ရုပ်သံ မရိုက်ဘူး။ ဒါကြောင့် တိုက်ရိုက်ပြဖို့ အတွက် အခက် အခဲတွေ ရှိတယ်’’ လို့ ဦးဇော်မင်းထိုက်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်း တစ်ရပ်မှာ ရေးသား ထားပါတယ်။

မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ပွဲမတိုင်မှီ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ခဲ့ကာ စင်ကာပူ လက်ရွေးစင် အသင်းနဲ့ ၁-၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး စင်ကာပူ ကလပ် အယ်ဘီရက်ဇ်နီဂါတာ အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က မကာအို အသင်းကို ဂိုးပြတ်အနိုင်ယူဖို့ ပြင်ဆင်ထားပြီး မကာအိုအသင်းရဲ့ အားနည်းချက်တွေကို တွေ့ရှိ ထားကြောင်း လက်ထောက်နည်းပြ ဦးကြည်လွင်ကပြောကြား ထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Photos & Source: 7Day Daily, Myanmar Football Federation

From : Duwun by Y

Originally published at - http://www.duwun.com.mm/sports/local/-id6818407.html

Read More »

Friday, June 09, 2017

ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ




အခု လတ်တလော ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာရော လူငယ်တွေ ကြားမှာပါ နာမည်ကြီး နေတဲ့ ဝေါဟာရ တခု ရှိနေပါတယ်။ “ဟျောင့် ဂျင်းကောင်” ဆိုတဲ့ စကားပါ။ ဒီစကားကို သိပ်မကြာသေး ခင်က ထွက်ရှိခဲ့တဲ့ “ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ” ဗီဒီယို ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တခန်းမှာ သရုပ်ဆောင် မြင့်မြတ်က ပြောသွား ခဲ့တာပါ။

ဒီ ကားကို လာဗင်ဒါ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ စီစဉ်ထုတ်လုပ်ပြီး ဇာတ်ညွှန်း မင်းတခေတ်၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ အချစ်ဟာသကားတကား ဖြစ်ပါတယ်။ ဒီကားမှာ မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြတာပါ။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စတင်ပြီး မြန်မာ တပြည် လုံးကို ဖြန့်ချိ လိုက်တာပါ။

ဒီ ဇာတ်ကားထဲမှာဆိုရင် မြင့်မြတ်ကို သရုပ်ဆောင်နေကျ မဟုတ်တဲ့ ပုံစံအသစ်တမျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပြီး “အောင်ဒင်” ဆိုတဲ့ ဇာတ်ကောင် နာမည်နဲ့ ကိုယ့် ကိုယ်ကိုယ် ခေသူ မဟုတ်လို့ ထင်နေတဲ့ ပုံစံမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ကတော့ သရုပ်ဆောင်အသစ်ဖြစ်ပေမယ့်လည်း “အေးသီတာ” ဆိုတဲ့ ဇာတ်ကောင် နာမည်နဲ့ မြင့်မြတ်နဲ့ အတွဲညီညီ သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုနဲ့ မြင့်မြတ်တို့ဟာ ငယ်စဉ်ကတည်းက တရွာတည်းနေတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး ပိုင်ဖြိုးသုက မြင့်မြတ်ကို တဖက်သတ် ချစ်နေတာလည်း ဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ မြင့်မြတ်နဲ့ လိုက်ဖက်အောင်ဆိုပြီး သူ့ရဲ့နာမည်အရင်း အေးသီတာ ဆိုတာကိုတောင် မမြဝင်း လို့ ပြောင်းလဲထားတာဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ပိုင်ဖြိုးသုကို သူငယ်ချင်းထက်မပိုဘဲ တခြားကောင်မလေးတွေကိုသာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ဇာတ်ကားထဲမှာ ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းမလေးကို သွားပြီး ဖွန်ကြောင်တဲ့ မြင့်မြတ်ရဲ့ဇာတ်ဝင်ခန်း တချို့ဟာ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပျံ့နှံ့ လာခဲ့ပြီး ကြိုက်နှစ်သက်ကြကာ ကြည့်ရှုသူနဲ့ ပြန်ရှယ်ကြသူတွေ အတော်လေး များပြားခဲ့တာပါ။

“ဇာတ်ကားကို စပြီး ရိုက်ဖြစ်ခဲ့တာက အကိုတို့က၂၀၁၆၊ ၁၂ လပိုင်းမှာ မြင့်မြတ်ကို တလလုံး ရိုက်ရက်ယူထားတာပေါ့။ တလဆိုတော့ ရုပ်ရှင်ကားကြီး တကားနဲ့ ဗီဒီယို ၂ ကားပေါ့၊ ရုပ်ရှင်ကားကြီး အတွက်က ကျတော့ အကိုက ဇာတ်က ရပြီးသွားပြီ၊ ဗီဒီယိုအတွက်က ဇာတ်မရသေးဘူးပေါ့လေ။

အဲဒီအချိန်မှာ မနောတို့ ဗိုလ်အောင်ဒင်ကလည်း သင်္ကြန်ပြီးကတည်းက ပေါက်နေတာဆိုတော့ ဗိုလ်အောင်ဒင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးလေး တခုခု ရိုက်ကြည့်ရင် ကောင်းမယ်ဆိုပြီး ဒီကားကို ရိုက်ဖြစ်ခဲ့တာပါ” လို့ ဒီ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်သူ ကိုပေါက်က ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့ပုံ အကြောင်းကို ဧရာဝတီကို ပြောပါတယ်။

ဒီ ဗီဒီယိုဇာတ်ကားထဲတွင် တောရွာဓလေ့စရိုက်များကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး လူငယ်ဆန်ဆန် ဟာသ စကားလုံးတွေနဲ့ လူကြီး လူငယ်တွေကြား ခေတ်စား ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ”ရဲ့ အဆက် ရုပ်ရှင်ကားကြီးတကားလည်း ရိုက်ကူးဖို့ ရှိသေးတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကားကို၂၀၁၇ အကုန်မှာ စတင် ရိုက်ကူးမှာဖြစ်ပြီး အမည်ကို “ဂျင်းကောင်” လို့ ပေးထားတယ်လို့ သိရပါတယ်။

From : ဧရာဝတီ by ထက်ဦးဝေ 9 June 2017

Originally published at - burma.irrawaddy.com

Read More »

Tuesday, February 14, 2017

မန်းမှာ ကျင်းပမယ့် ချစ်သူများနေ့၊ အချစ်ညရှိုး




မန္တလေး၊ ဖေဖော်ဝါရီ ၁၃ – ချစ်သူများနေ့မှာ မန္တလေးမြို့ရှိ ဟေးလ်ရီဆော့ ဟိုတယ်မှာ အချစ်ည ရှိုးပွဲကို ညနေ ၅းဝ၀ နာရီ စတင် ကျင်းပမှာ ဖြစ်တယ်။

ပွဲစီစဉ်သူကတော့ KMP Myanmar Advance & Entertainment ဖြစ်ပါတယ်။

ဝန၊ Arr-T၊ ကောင်းကောင်း၊ အောင်ထက်၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့ ဖျော်ဖြေမှာပါ။

လက်မှတ်ဈေးနှုန်းက ကျပ် ၇၅၀ဝ (ခုံမဲ့)၊ ကျပ်၂၀,ဝ၀ဝ၊ ကျပ် ၄၀,ဝ၀ဝ (ဗီအိုင်ပီ) ဖြစ်ပါတယ်။ လှိုင်းနဲ့ မန်းသီရိ တေးသံသွင်း ဆိုင်တွေမှာ လက်မှတ်တွေ ဝယ်ယူရရှိနိုင် တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by အေးစုမွန်

Originally published at - http://www.kumudranews.com

Read More »

Friday, February 10, 2017

ညောင်ချောင်းသာ အပန်းဖြေ စခန်း တရားဝင် စတင် ဖွင့်လှစ်ခဲ့




ညောင်တုန်း ဖေဖော်ဝါရီ ၉

လာရောက် အနားယူ၊ အပန်းဖြေ သူများဖြင့် နှစ်စဉ် စည်ကား လာသည့် ဧရာဝတီတိုင်း၊ ညောင်တုန်း မြို့နယ်၊ ညောင်ချောင်းသာ အပန်းဖြေ စခန်းကို ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းက စတင် ဖွင့်လှစ် ခဲ့သည်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၏ အနောက်ဘက် ၊ရန်ကင်း စံရာ ကျေးရွာရှိ ညောင်ချောင်းသာ အပန်းဖြေ စခန်းဖွင့်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ဖွင့်လှစ်ပေး ခဲ့သည်။

ယခင်နေရာထက် ပိုမို ကျယ်ဝန်းသည့်နေရာကို ရွေုးချယ်၍ အပန်းဖြေစခန်းကို ပြောင်းလဲဖွင့်လှစ်ထားပြီး ကမ်းခြေကို ကားများ တိုက်ရိုက်ဆင်းနိုင်သည်ဟု သိရသည်။

သဲသောင်ပေါ်တွင် ရေကစားနိုင်အောင်၊ဘေးအန္တရာယ်ကင်းအောင် အစီအစဉ်များ ဆောင်ရွက်ထားသည်ဟု ညောင်တုန်းမြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

"အပန်းဖြေစခန်းရဲ့ လုံခြုံရေးအတွက် ရဲတပ်စိတ်(၁)စိတ်နဲ့ မီးသတ်တွေ၊ ကြက်ခြေနီတွေ၊စည်ပင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ဈေးဆိုင်တွေနဲ့ ကမ်းစပ်ကို ပေ ၅ဝဝ အကွာအဝေးထားတဲ့အတွက် အရင်ကထက် ပိုပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတယ်" ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ပြောသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ဧရာဝတီတိုင်း၊ညောင်တုန်းမြို့၏ အနောက်ဘက်၊ရန်ကင်းစံရာကျေးရွာရှိ ညောင်ချောင်းသာ ကမ်းခြေကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက အပန်းဖြေကမ်းခြေ အဖြစ် ဖန်တီးခဲ့ပြီးနောက်ပိုင်း သဘာဝသဲသောင်ပြင်အလှနှင့် ဒေသထွက်စားသောက်ကုန်တွေက တစတစနှင့် လူသိများလာစေသည်ဟု ဒေသခံ ကျေးရွာသားတွေက ဆိုသည်။

"ဒီမှာ နှစ်တိုင်း ဈေးရောင်းချသူတွေက ကျွန်တော်တို့ ရန်ကင်းစံရာကျေးရွာ ဒေသခံတွေ များပါတယ်။ မနှစ်ကလည်း ဒီမှာ တော်တော်စည်တယ်။ တပေါင်း၊ တန်ခူးဆို ကျိတ်ကျိတ်တိုး စည်ကားတယ်" ဟု စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ ရန်ကင်းစံရာ(အနောက် ကျွန်း)ကျေးရွာသား ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

သဲသောင်မြေပေါ်မှာ ပေ ၃၀×၁၅ စားသောက်ဆိုင်ခန်း ၆ဝ ကို မဲစနစ်ဖြင့် စနစ်တကျနေရာ ချထားပေးထား သည်။

ဆိုင်ခန်း ၁ ခန်းကို ၇သိန်းနီးပါး ပေးသွင်းရပြီး လုပ်ငန်းအချို့ကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး အပန်းဖြေစခန်းမှ ရရှိသော စည်ပင်အခွန်ငွေ သိန်းတစ်ထောင်ကျော်အား ညောင်တုန်းမြို့အတွက် ပြန်အသုံးချမည်ဟု မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း က ပြောသည်။

From : မဇ္ဈိမ မီဒီယာ by ဒေါင်းလူ

Originally published at - http://mizzimaburmese.com/article/23365


Read More »

Monday, February 06, 2017

ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမဲ့ဖျော်ဖြေ တင်ဆက်မည်


ပြည်ထောင်စုနေ့ အထိမ်း အမှတ် အခမဲ့ ဖျော်ဖြေ တင်ဆက်မည့် ဖိတ်စာ (ဓာတ်ပုံ -- M.O.I)


ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

နှစ် (၇ဝ) မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် အဖြစ် နေပြည်တော် မြို့တော် ခန်းမ လဟာပြင် ဇာတ်ရုံ၌ ပြည်သူ များအား အခမဲ့ ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း
ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် နှစ် (၇ဝ) မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံ၌ တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ် ခုနစ်ခုတို့မှ ယဉ်ကျေးမှု အက အဖွဲ့များက တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကများဖြင့် လည်းကောင်း၊ မြို့ရွှေမန်းသားလေး ဖိုးချစ် ဇာတ်သဘင် အဖွဲ့က အက အလှများဖြင့် လည်းကောင်း၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများက ''သီရိဝံသ'' ဇာတ်တော်ကြီးဖြင့် လည်းကောင်း ပြည်သူများအား အခမဲ့ ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com

Read More »

Thursday, January 26, 2017

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို တေးဂီတပွဲ ဖေဖော်ဝါရီ ၁၁ ကျင်းပမည်




ရန်ကုန်၊ ဇန်နဝါရီ ၂၂ – ဇန်နဝါရီ ၂၂ ရက် Laurel Art Academy (ရုပ်ရှင် အနုပညာ ကျောင်း)ရဲ့ ငါး နှစ်ပြည့် အထိမ်း အမှတ်နဲ့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အကြို အဖြစ် ရုပ်ရှင် ဇာတ်ဝင်တေး ဂီတဖျော်ဖြေပွဲ ကြီးကို နာမည်ကြီး အဆိုတော်တွေနဲ့ အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇းဝ၀ နာရီမှာ ကျင်းပ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

ပါဝင် သီဆိုဖျော်ဖြေ ကြမယ့် အဆိုတော်တွေ ကတော့ တေးသံရှင် မြန်မာပြည် သိန်းတန်၊ ချစ်ကောင်း၊ ကိုင်ဇာ၊ အောင်ထက်၊ ပြည့်စုံ၊ စောလားထော်ဝါး၊ မေဆွိ၊ မေခလာ၊
ကော်နီ၊ နီနီခင်ဇော် နဲ့ Laurel Art Academy ကျောင်းသူ ကျောင်းသားတွေက မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေ သွားကြမယ်လို့ သိရတယ်။

အဆိုပါပွဲကို ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းတွေ ကတော့ ကျပ် ၇၀,ဝ၀ဝ၊ ၅၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ၊ ၂၀,ဝ၀ဝ နဲ့ ၁၀,ဝ၀ဝ ကျပ်တို့
ဖြစ်ပြီး စီးတီးမတ် ဆိုင်ကြီးတွေနဲ့ Laurel အနု ပညာကျောင်းမှာ ဝယ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by : ခတ္တာဖြူ

Originally published at - http://www.kumudranews.com


Read More »

Monday, December 26, 2016

မန္တလေးမှာ ကျင်းပဦးမယ့် 80's Classic Night




ရန်ကုန်မြို့၌ ပရိသတ် အားပေးမှု ရရှိသည့် 80's ClassicNight ဖျော်ဖြေပွဲကို လာမည့်နှစ် ဇန်နဝါရီတွင် မန္တလေးမြို့၌ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း ကော်နီက ပြောသည်။

‘‘လေးယောက် ပွဲကို မန္တလေး မှာ ထပ်လုပ် ဦးမယ်။ ဇန်နဝါရီ ၂၁ ရက်မှာ လုပ်ဖို့ကတော့ သေ ချာသွားပြီ။ ဖျော်ဖြေပွဲ အစီအစဉ် ကတော့ မတိုင်ပင် ရသေးဘူး။ သီချင်းတွေ ကတော့ လွှဲရမယ် ထင်တယ်။ မကော်ကတော့ လွှဲချင် တယ်’’ဟု ကော်နီက ပြောသည်။

တူးတူး၊ ချစ်ကောင်း၊ ဟေ မာနေဝင်းနှင့် ကော်နီတို့၏ 80'sClassic Night ဖျော်ဖြေပွဲကို နိုဝင် ဘာ ၂၆ ရက်ညက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရာ ပရိသတ် အားပေးမှု ရရှိခဲ့သည်။

ကော်နီက ၂၀၁၇ တွင် အ သက် (၅၀)ပြည့်မည်ဖြစ်၍ တစ် ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။

‘‘ကိုယ်အားတဲ့အပေါ်မှာ ကြည့်ပြီး လုပ်ဖြစ်မယ်။ မပြည့် သေးရင်တော့ Pre Fifty ဖြစ် မလား၊ ပြည့်တဲ့နေ့မှာဆိုရင်တော့ (၅၀)ပြည့်မွေးနေ့မှာ လုပ်ဖြစ်မှာ ပေါ့’’ဟု ကော်နီက ပြောသည်။

တစ်ကိုယ်တော်စီးရီးသစ်ကို ယခုနှစ် ဒီဇင်ဘာတွင် ထွက်ရှိနိုင် ရန် ရည်မှန်းထားသော်လည်း အချိန်မပေးနိုင်သောကြောင့် မပြီး သေးဘဲ သင်္ကြန်ပြီးချိန်လောက်မှ သာ ဖြန့်ချိပေးနိုင် မည်ဟု ထင် ကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီအခွေက လုပ်နေတာ ငါးနှစ်လောက်ရှိပြီ။ ဝိုင်းတောင် သုံးဝိုင်းဖြစ်သွားပြီ။ တစ်ဝက် လောက်တော့ဆိုပြီးသွားပြီ။ နည်း နည်းလောဘကြီးပြီး စုံတွဲတွေ ထပ်ထည့်နေတယ်’’ဟု
ကော်နီက ပြောသည်။

ဓာတ်ပုံ-ဇွဲဉာဏ်

From : 7 day daily - By : ဇွဲဥာဏ်

Originally published at - http://www.7daydaily.com/story/84464


Read More »

Tuesday, December 13, 2016

ကျော်သူ၊ လူမင်းတို့ အတွဲထူးတဲ့ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား




ကျော်သူနှင့် လူမင်းတို့ တွဲဖက် သရုပ်ဆောင် ထားသည့် ပရော် ဖက်ဆာ ဒေါက်တာ ဆိတ် ဖွားနှင့် မြိုင်ရာဇာ တာတေ ရုပ်ရှင် ဇာတ်ကားကို ဒီဇင်ဘာ ၂၃ ရက် တွင် ဘီရုံတွဲ၌ ပြသမည်ဖြစ် ကြောင်း ယင်း ဇာတ်ကား ထုတ် လုပ်သူ ကိုအုန်းဝင်းက ပြော သည်။

အဆိုပါ ရုပ်ရှင် ဇာတ်ကား သည် စာရေးဆရာ မင်းသိင်္ခ၏ ဝတ္ထုကို ရိုက်ကူး ထားခြင်း ဖြစ်ပြီး ပရော်ဖက်ဆာ ဒေါက်တာ ဆိတ် ဖွား အဖြစ် ကျော်သူနှင့် မြိုင်ရာဇာ တာတေအဖြစ် လူမင်းတို့က ပါဝင် သရုပ်ဆောင် ထားသည်။

‘‘ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထု တွေကို အရင်တုန်းက တစ်ကားမှ မရိုက်ဖူး ခဲ့ဘူး။ ကိုမောင် (ကျော် သူ) နဲ့လည်း ပြန်ရိုက် ချင်တယ်။ တချို့ဆို ကျွန်တော်က မင်းသိင်္ခ ဝတ္ထုကို မရိုက်ဘူးတောင် ထင် တယ်’’ဟု လူမင်းက ပြောသည်။

ယင်းဇာတ်ကားတွင် လူမင်း က သူငယ်ချင်းနှင့် ဖောက်ပြန် သည့် မိန်းမကို လက်စားချေသည့် နေရာမှ သရုပ်ဆောင် ထားခြင်း ဖြစ်သည်။ ‘‘သေချာတာကတော့ ဟာသကား ကြည့်ချင်တဲ့ သူတွေ ဆိုရင်တော့ ဒီကားကို လာမကြည့် ပါနဲ့’’ဟု လူမင်းက ယင်းရုပ်ရှင် နှင့်ပတ်သက်၍ ပြောသည်။

ထို့အပြင် ယင်းဇာတ်ကား၌ ဖောက်ပြန်သည့် မိန်းမ အဖြစ် သရုပ်ဆောင်ထားသည့် အေးမြတ်သူက ‘‘အေးမြတ်သူ ကတော့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ကျေနပ် တယ်။ ရာနှုန်းပြည့် ဖြစ်၊ မဖြစ်က တော့ ပရိသတ်ကပဲ ပြောမှပဲရမှာ ပါ။

အေးမြတ်သူ ဘယ်လောက်ပဲ လုပ်လုပ် ပရိသတ်ရဲ့ အဆုံးအ ဖြတ်ပေါ်မှာပဲ သွားပါတယ်။ ကိုယ်က မကောင်းပေမယ့် ပရိသတ်က ကောင်းတယ် ဆိုရင် ကောင်းပါ တယ်။ ကိုယ်တွေက အရမ်း ကောင်းတယ် ဆိုပေမယ့် ပရိသတ် က မကောင်းဘူး ဆိုရင် မကောင်း ပါဘူး’’ဟု ပြောသည်။

ယင်းဇာတ်ကားကို ဘီရုံတွဲ တွင် ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ရက်မှစ၍ ရှေ့ဆောင်၊ ဂျန်းရှင်း အပါအဝင် အခြား ရုပ်ရှင်ရုံများ ၌ ပြသမည်ဖြစ်သည်။

From : 7 day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/83290


Read More »

Saturday, November 26, 2016

ကမ္ဘာ့နံပါတ်တစ် ဒီဂျေသမား လာရောက်ဖျော်ဖြေမယ့် ရန်ကုန် နှစ်သစ်ကူးည




နှစ်သစ်ကူးည ဖျော်ဖြေ ပွဲ အဖြစ် ၂၀၁၆ ကမ္ဘာ့ နံပါတ် (၁) ဒီဂျေ အဖြစ် သတ်မှတ် ခံထားရ သော Martin Garrix ပါဝင်မည့် ဖျော်ဖြေပွဲ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း ယင်း ဖျော်ဖြေပွဲကို စီစဉ်သူ ကိုမျိုးခန့်ကျော်က ပြော သည်။

‘‘သူ (Martin Garrix)က ကျွန်တော်တို့ထက် ပိုပေးတဲ့ သွား လို့ရမယ့် နေရာတွေ ရှိပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ မြန်မာပြည်ကို သူ့ရဲ့စိတ်ထဲက ဖီလင် တစ်ခု အနေ နဲ့ လာပြီးတော့ ဒီနှစ် အတွက် သူ့ ရဲ့နောက်ဆုံးပွဲ အနေနဲ့ ဆင်နွှဲမှာ ပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက် ညတွင် သုဝဏ္ဏ ပန်းခြံဘေးရှိ The One Entertainment Park ၌ ပြုလုပ်မည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ အပါအဝင် ဂိမ်း အစီအစဉ် များလည်း ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ပြော သည်။

ယင်းဖျော်ဖြေပွဲတွင် ကမ္ဘာ့ အကောင်းဆုံး ၁၀၀ စာရင်းဝင် ဒီဂျေများလည်း ထပ်မံ ပါဝင်ရန် အစီ အစဉ်ရှိပြီး www.avamusic festival.com တွင် ဖျော်ဖြေပွဲ နှင့် ပတ်သက် သည့် သတင်းများ ကို ကြည့်ရှုနိုင်မည်ဟု ကိုမျိုးခန့် ကျော်က ပြောသည်။

ဖျော်ဖြေပွဲ၏ ကြိုတင်လက် မှတ်များကို နိုဝင်ဘာ ၁၈ ရက်က စတင် ရောင်းချ ခဲ့ပြီး ကျပ် သုံး သောင်းတန်လက်မှတ် များကို Phone Order အနေဖြင့် ရောင်း ချပေး ခဲ့ရာ သတ်မှတ် ထားသည့် လက်မှတ် အရေအတွက်မှာ သုံး ရက် အတွင်း ကုန်သွားသော ကြောင့် ထပ်မံ ရောင်းချပေးမည့် လက်မှတ် ဈေးနှုန်းများနှင့် လက် မှတ် အမျိုး အစား များကို ယခုရက် ပိုင်းအတွင်း ကြေညာ ပေးမည်ဟု ၎င်းက ဆိုသည်။

From : 7 day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/81903

Read More »

Saturday, October 29, 2016

မြန်မာဇာတ်ကားတွေကို ကြည့်ရှုနိုင်မယ့် ထိုင်းအခြေစိုက် ချန်နယ်တစ်ခု




ပြည်ပရောက် မြန်မာ နိုင်ငံသားများ အတွက် ရည်ရွယ်၍ မြန်မာ ဇာတ်ကားများ အဓိက ပြသပေးမည့် ထိုင်းအခြေစိုက် မဟာ ချန်နယ်ကို အောက်တိုဘာ ၃၀ ရက်တွင် စတင် ထုတ်လွှင့် ပြသ ပေးမည် ဖြစ်ကြောင်း ABC Con-tent Solutions ကုမ္ပဏီ အမှု ဆောင်အရာရှိ ချုပ် ဦးဝင်းခိုင်က ပြောသည်။

ယင်းချန်နယ်ကို ထိုင်းအခြေ စိုက် PSI ရုပ်သံလိုင်းက ထုတ် လွှင့်ပြသမည်ဖြစ်သည်။

‘‘ထိုင်းနဲ့ မလေးရှားမှာရှိတဲ့ မြန်မာတွေ ကြည့်ရှုနိုင်အောင် အဓိကထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ မဟာရုပ်သံလိုင်းက နိုင်ငံပြင်ပမှာ ပထမဆုံး ထုတ်လွှင့် တဲ့ မြန်မာ ရုပ်သံလိုင်းဖြစ်မှာပါ။ ဒီ ရုပ်သံလိုင်းက မြန်မာ Content တွေကို အဓိကထားပြီး၊ မြန်မာ ပြည်သူတွေအတွက်ကို အဓိက ထားပြီး ထုတ်လွှင့်တာဖြစ်ပါ တယ်’’ဟု မဟာရုပ်သံလိုင်းထုတ် လွှင့်ဖြစ်သည့်အကြောင်းကို ၎င်း က ပြောသည်။

ယင်းရုပ်သံလိုင်းကို အောက်တိုဘာ ၁၈ ရက်တွင် စတင်စမ်း သပ်ထုတ်လွှင့်ခဲ့ပြီး အောက်တို ဘာ ၃၀ ရက်ကစ၍ နေ့စဉ် နံနက် ၆ နာရီ (ထိုင်းစံတော်ချိန် ၆ နာရီခွဲ)ကစ၍ တစ်ရက်လျှင် ၂၂ နာရီ ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။မဟာရုပ်သံလိုင်းကို PSI Set Top Box ရှိပါက အခမဲ့ဖမ်းယူ ကြည့်ရှုနိုင်ပြီး ထိုင်း၊ မလေးရှား၊ လာအိုနှင့် မြန်မာနိုင်ငံတို့၌လည်း ဖမ်းယူကြည့်ရှုနိုင် သည်။

‘‘ဒီရုပ်သံလိုင်းကို မြန်မာ နိုင်ငံကလူတွေ ကြည့်ရှုနိုင်ဖို့အ တွက်ကိုလည်း မြန်မာနိုင်ငံမှာရှိ တဲ့ ရုပ်သံလိုင်းတွေနဲ့ ထပ်မံချိတ် ဆက်ပြီး ပျံ့နှံ့မှု ပိုမိုကောင်းမွန် အောင် ဆောင်ရွက်မှာ ဖြစ်ပါ တယ်’’ဟု ဦးဝင်းခိုင်က ပြောကြား သည်။

ABC Content Solutions ကုမ္ပဏီအနေဖြင့် မဟာ Applica-tion ကို ယခုနှစ် ဇန်နဝါရီတွင် စတင်လုပ်ကိုင်ပြီး မဟာရုပ်သံ လိုင်းကို အဆိုပါ Application တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မဟာရုပ်သံလိုင်းတွင် ပြသ မည့် ဇာတ်ကားများသည် မူပိုင် ခွင့်ရရှိထားသည့် ဇာတ်ကားများ ဖြစ်ပြီး နောက်ပိုင်းတွင် မဟာရုပ် သံလိုင်းတစ်ခုတည်းတွင်သာ ကြည့်ရှုနိုင်မည့် ဇာတ်ကားသစ် များကို တစ်လလျှင် လေးကားမှ ရှစ်ကားအထိ ပြသပေးရန် အစီ အစဉ်ရှိကြောင်း ဦးဝင်းခိုင်က ပြောသည်။

PSI Corporation သည် စလောင်းထုတ်ကုန်များနှင့် စလောင်းဖြန့်ဖြူးသော ကုမ္ပဏီ ဖြစ်ပြီး လက်ရှိအထိ PSI Set Top Box အလုံးရေ ၁၈ သန်း ရောင်းချထားကာ မြန်မာနိုင်ငံတွင်လည်း နှစ်သန်းခန့် ရောင်းချထားရ ကြောင်း အဆိုပါကုမ္ပဏီ မန်နေ ဂျာ Mr PHANUWAY က ပြော သည်။

From : 7 day daily - By : ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/79420

Read More »

Sunday, October 23, 2016

နိုင်ငံတကာဆက်ကပ် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက် ဖျော်ဖြေမည်




ပြည်တွင်းမှာ ပျောက်ကွယ်လု နီးပါး ဖြစ်နေတဲ့ ဆပ်ကပ် ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆပ်ကပ် ဖျော်ဖြေ ပွဲ တခု ပြုလုပ်ဖို့ စီစဉ် နေပါတယ်။

နိုင်ငံတကာမှ ဆပ်ကပ်ဖျော်ဖြေပွဲဟာ ဒီနှစ်အတွင်း ပြည်တွင်းကို ပထမဆုံးအကြိမ် လာရောက်တင်ဆက် ဖျော်ဖြေမှာဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဆပ်ကပ်ပြပွဲဟာ ပျောက်ကွယ်လု နီးပါးဖြစ်နေ တာကြောင့် ဆပ်ကပ် ယဉ်ကျေးမှု၊ ဆပ်ကပ် ဖျော်ဖြေမှု တွေကို ဆပ်ကပ် ၀ါသနာရှင်တွေ အနေနဲ့ ပြန်လည် ခံစားနိုင်ဖို့ပြပွဲကို စီစဉ်ခဲ့တာလို့ စီစဉ်သူ မအိမွန်သွယ်က ပြောပါတယ်။

“ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒီဆပ်ကပ်ယဉ်ကျေးမှုကို အမတို့ ပြည်သူတယောက် အနေနဲ့ပေါ့နော်။ အားလုံးကို ချပြချင်တယ်။ ပြီးတော့ ဒီဆပ်ကပ်ရဲ့ ယဉ်ကျေးမှုရယ် တကယ်တော့ ဆပ်ကပ်ယဉ်ကျေးမှုဆိုတာ တခြား ဖျော်ဖြေပွဲတွေနဲ့ မတူပါဘူး။ ကလေး၊ လူကြီး၊ မိသားစု တမိသားစုလုံးအတွက်ပေါ့နော်။

တကယ့်ကို ကြီးမားတဲ့ ဖျော်ဖြေပွဲပဲ။ ဘာလို့လဲဆိုတော့ ဒီ ဖျော်ဖြေပွဲက လွယ်လွယ်နဲ့လည်း မရနိုင်ဘူး။ အမှန်တိုင်းပြော ရရင် အမတို့က တီဗွီ ဖန်သားပြင်ကပဲ ကြည့်ဖူးခဲ့တယ်။ တကယ့်ကွင်းကြီးထဲမှာ ၀င်ပြီးတော့ ဒီဖျော်ဖြေပွဲမျိုးကို ဒီဖီလင်မျိုးလေးကို ရချင်တယ်။ ပရိသတ်တယောက်အနေနဲ့။ ဒီအတွက်လည်း အမကထပ်တူ ပရိသတ်နေရာက ခံစားပြီးတော့ အမတို့ ဒီဟာလေးကို စီစဉ်ဖြစ်တာပါ။”

ဒီဆပ်ကပ်အဖွဲ့ဟာ ရန်ကုန်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ဖျော်ဖြေသွားမှာပါ။

ရွှေလိပ်ပြာဆပ်ကပ်အဖွဲကိုတော့ ပြည်သစ်နိုင်ငံဆပ်ကပ်ပညာရှင်ကဦးဆောင်ပြီး အာဂျင်တီးနား၊ အီတီယိုပီးယား၊ ကနေဒီယမ်း၊ မြန်မာ စတဲ့ နိုင်ငံတကာမှ ဆပ်ကပ်ပညာရှင် ၂၀ ကျော်ပါဝင်ပါတယ်။

“အရင်တုန်းက ဆပ်ကပ်အဖွဲ့တွေက စီးပွားရေးမကောင်းတဲ့အခါကျတော့ သူတို့အနေနဲ့ ပြန်ကြည့်ရင်လည်း စီးပွားရေးအရ လုံးပမ်းနေရတဲ့အခါကျတော့ နည်းပညာပိုင်းဆိုင်ရာတွေ မှာ ကြိုးစားအားထုတ်နိုင်မှု စွမ်းရည်တွေ၊ ရုံအပြင်အဆင်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးတိုးတက်အောင် လုပ်နိုင်မှု စွမ်းရည်တွေ သူတို့လည်း လျော့ကျ ပါတယ်။

ဒါလည်း လက်ရှိနိုင်ငံရဲ့ အခြေအနေ ပေါ့လေ။ ပရိသတ်ရဲ့အခြေအနေတွေကြောင့် ဖြစ်တာပါ။ ပရိသတ်ရဲ့ အခြေအနေဆိုတာ နိုင်ငံ ရဲ့အခြေ အနေပေါ့။

နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ တဖြည်းဖြည်း ပညာရပ်ပိုင်းဆိုင်ရာ တွေလည်း လျော့ကျလာတယ်။ နည်းပညာပိုင်းပေါ့ နည်းပညာ ပိုင်းတွေလည်း
လျော့ကျလာ တယ်။ စီးပွားရေးတွေလည်း လျော့ကျလာတယ်။ အခုဒါပြန်ပြီးတော့ စတင်လာတာပါ။

လာတဲ့ ပညာရှင်တွေအားလုံးကလည်း ကျနော်တို့ တသက်မှာကြည့်ခဲ့ရတဲ့ ဆပ်ကပ်တင်ဆက်မှုပိုင်း ဆိုင်ရာတွေနဲ့ တခါမှာ မမြင်ဖူးတဲ့ဟာတွေပေါ့နော်။

အဲဒီအဖွဲ့တွေ အားလုံးပါပါတယ်။ ကျနော် လည်း သူတို့နဲ့အတူတူ ရောပြီးတော့ လေ့ကျင့်နေရပါတယ်။” လို့ မျက်လှည့်ပညာရှင် ဦးခိုင်မြဲ ကပြောပါတယ်။

ရွှေလိပ်ပြာဆပ်ကပ်အဖွဲ့ဟာ ပြည်တွင်း ၆ လကြာ ဖျော်ဖြေပေးသွားမှာဖြစ်ပြီး ရန်ကုန်၊ မကွေး၊ မိတ္ထီလာ၊ မန္တလေး၊ တောင်ကြီး စတဲ့ မြို့တွေမှဖျော်ဖြေ သွားမယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/173137

Read More »

Saturday, July 09, 2016

ဖေ့စ်ဘုတ်က ဖြစ်ရပ်မှန် ဟာသတွေကို ပုံဖော်ထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင်ကားကြီး ရုံတင်ပြီ




ဒီတပတ် မှာတော့ ရုံတင် လာတဲ့ ဟာသ ရုပ်ရှင် ကားကြီး တကား ရှိပါတယ်။ ဒါကတော့ နာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်တဲ့ “ဖေ့စ်ဘုတ်ရွာ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြီးပါ။ ကလိထိုး ရယ်နေရတဲ့ ဟာသ ကားတွေထက် လတ်တလော အဖြစ် အပျက် ပေါ်မှာ မူတည်ပြီး ရိုက်ကူး ထားတဲ့ ဖေ့စ်ဘုတ်ရွာ ဟာသ ကားကြီးက ကြည့်ရှူ့မယ့် ပရိသတ် တွေကို သဘာဝ ကျကျနဲ့ ရယ်ခိုင်းမှာ ဖြစ်တဲ့ အတွက် စိတ်ကျေနပ် စေမယ့် ကားကြီး တကားလို့ ပြောချင် ပါတယ်။

ဒီဇာတ်ကားကြီး ကတော့ လက်ရှိ မြန်မာ့ လူမှု ကွန်ယက်မှာ ခေတ်စားနေတဲ့ ဗန်းစကားတွေ၊ အဖြစ် အပျက်တွေကို အခြေခံပြီး တောရွာ တရွာမှာ ဖြစ်ပျက်တဲ့ အကြောင်း အရာ များကို ပျော်စရာ အဖြစ် ရိုက်ကူး ထားခြင်းပါ။

တရွာလုံးဖေ့စ်ဘုတ် သုံးပြီး စတေးတပ်တင် ရန်တွေ ဖြစ်ကြ၊ မီးလောင်တဲ့ အခါ မီးငြိမ်းဖို့ထက် ဖေ့စ်ဘုတ် တင်ဖို့ ဓာတ်ပုံတွေ အလု အယက် ရိုက်ကြနဲ့ တချိန်လုံး ဆဲလ်ဖီ (Selfie) ရိုက်ချင်တဲ့ သူတွေ အကြောင်း ၊ ဖက်ရှင် ရူးသွပ် သူတွေ အကြောင်းကို ရိုက်ကူး ထားတဲ့ “ဖေ့စ်ဘုတ်ရွာ” ရုပ်ရှင် ဇာတ်ကားက လတ်တလော ဖေ့စ်ဘုတ် ပေါ်က အကြောင်း အရာ တွေကို ထင်ဟပ်မြင်သာ စေအောင် ဟာသနှော ပုံဖော် ထားတာ ဖြစ်ပါတယ်။



ဒီဇာတ်ကား ကြီးမှာ ဖေ့စ်ဘုတ် ရွာသားကြီး ကွီးမြတ်မင်း အဖြစ် ကျော်ရဲအောင်၊ လူပျိုကြီး ကွီးကြာရိုး အဖြစ် လူမင်း၊ အချစ်ကို ကိုးကွယ်တဲ့ လူငယ်လေး မင်းဗလ အဖြစ် သူရိယ၊ အရူးမ လေဒီဂါဂါ အဖြစ် ခိုင်သင်းကြည်၊ ချက်စ်ဘောက်မှာ ကြူတတ်တဲ့ မွီးပန်းနွယ် အဖြစ် မြတ်ကေသီအောင်၊ မြို့ကျောင်းတက် နေတဲ့ ဥက္ကဌ သမီး စိမ်းကြာဖြူ အဖြစ် ယုသန္တာတင် တို့က ပါဝင် သရုပ်ဆောင် ထားကြ ပါတယ်။

ပထမကတော့ ဗီဒီယို ဇာတ်ကား အဖြစ် ရိုက်ကူးဖို့ စီစဉ် ထားပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင် ကားကြီး ဖြစ်သွားတဲ့ ဒီဇာတ်ကားကို မကြာခင် သေးခင် ကမှ ရိုက်ကူး ပြီးစီး ထားတာလို့ သိရပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ ရေပန်းစားနေတဲ့ အကြောင်း အရာ များကို ခေတ်နဲ့ အညီ ရိုက်ကူး ထားတာဖြစ်တဲ့ အတွက် အချိန်နဲ့ သိပ်မကွာ စေရန် ရိုက်ကူးပြီး မကြာခင် ရုံတင်ပြသ တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်တန်းစီ ရုံတင် စနစ်အရ သမ္မတ၊ သွင် ရုံကြီးတွေမှာ ရုံတင် ပြသမယ် ဆိုရင် အချိန် ၂ နှစ်ကျော် နီးပါးစောင့်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် တခြားရုံမှာ ရုံတင် ပြသ ဖြစ်တယ် လို့လည်း သိရ ပါတယ်။



ဖေ့စ်ဘုတ်ရွာ ဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ ရာဇ၀င်ကို က ရိုက်ကူးပုံဖော်တာဖြစ်ပြီး အောင်သိရီ ထုတ်လုပ်ရေးက ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားကို ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ၊ မဟာမြိုင် (အင်းစိန်)၊ ရွှေဗဟို (တာမွေ) တွေမှာ ဇူလိုင် ၈ ရက်နေ့က ရုံတင် ပြသနေတာ ဖြစ်ပြီး နဲ့ Junction Square နဲ့ Junction Mawtin တွေမှာ ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး ပြသမှာ ဖြစ်ပါတယ်။

တခြားမြို့ကြီးတွေ ကတော့ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လာရှိုး၊ ပြင်ဦးလွင်၊ ပုသိမ် အစ ရှိတဲ့ မြို့ကြီး တွေမှာလည်း ဇူလိုင် ၈ ရက် နေ့က စတင်ပြီး ပြသနေပြီ ဖြစ်ပါတယ်။

ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/09/118085.html

Read More »

Tuesday, June 07, 2016

တကိုယ်တော်ဖျော်ဖြေပွဲ ထပ်လုပ်ဦးမယ့် အဆိုတော် တင်ဇာမော်



အဆိုတော် တင်ဇာမော် (ဓာတ်ပုံ – တင်ဇာမော် ဖေ့စ်ဘုတ်မှ)

တကိုယ်တော် ဖျော်ဖြေပွဲ များကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ကျင်းပ ပြုလုပ် ခဲ့ပြီး အောင်မြင် မှုတွေ ရရှိ ထားတဲ့ အဆိုတော် တင်ဇာမော်ဟာ တတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲကို တောင်ကြီး မြို့မှာ ကျင်းပပြုလုပ် ဦးမှာပါ။

တောင်ကြီးမှာ ပြုလုပ်မယ့်တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သတ်လို့ တင်ဇာမော်က “ကျမရဲ့တကိုယ်တော်ဖျော်ဖြေပွဲတွေ တပွဲပြီးတပွဲလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ပထမဆုံးဖျော်ဖြေခဲ့တဲ့ ရန်ကုန်ပွဲပြီးတဲ့နောက်မှာမှ တပွဲပြီးတပွဲ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။

အခုတောင်ကြီးပွဲကလည်း ကမ်းလှမ်းလာတာကြာပေမယ့် ဆိုသင့် မဆိုသင့်၊ ဆိုမယ် မဆိုဘူး ဆိုတာနဲ့ ဖြစ်နေတုန်း နောက်ဆုံးဆိုမယ်လို့ ဆုံးဖြတ်လိုက်တာကတော့ လွန်ခဲ့တဲ့ တလခွဲလောက်ကပါ။ တောင်ကြီးပွဲကို ကျမတို့ စီစဉ်တဲ့အခါ အဓိက စီးပွားရေးဘက်ကို ဦးတည်မထားပါဘူး။

တောင်ကြီးမြို့နဲ့ အနီးတ၀ှိုက်မှာ ကျမ ပရိသတ်ဘယ်လောက်ရှိမယ်ဆိုတာ ကျမ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ လက်တဆုပ်စာလည်းဖြစ်ချင်ဖြစ်မယ်။ အများကြီးလည်း ဖြစ်ချင်ဖြစ်မယ်” လို့ ဆိုပါတယ်။


အဆိုတော် တင်ဇာမော်နဲ့ ချောစုခင် (ဓာတ်ပုံ – ယုမွန်ကျော်/ဧရာဝတီ)

တင်ဇာမော်က ပွဲမှာ ဖန်တီးမယ့် အနုပညာများကို အဓိက လာအားပေမယ့် ပရိသတ်များအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဆက်ပြီးပြောပါတယ်။

တင်ဇာမော်ရဲ့ ဖျော်ဖြေပွဲတွင် စည်သူလွင်၊ ဟန်ထွန်းနဲ့ ချောစုခင် တို့လည်း ပါဝင်ဖျော်ဖြေပေးကြမှာပါ။

ဒီဖျော်ဖြေပွဲကို တောင်ကြီးမြို့ အဝေရာကွင်း(မီးပုံပျံကွင်း)မှာ လာမယ့် ဇွန်လ ၁၈ ရက်နေ့ ညနေ ၆နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကိုတော့ ၁၀၀၀၀၊ ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/06/06/115737.html

Read More »

Sunday, May 15, 2016

ပရိသတ်ကို ပွဲကျစေခဲ့တဲ့ ရှင်သန်ခြင်းနှင်းဆီ




ပြည်သူ့ ကျန်းမာရေး ရန်ပုံငွေပွဲ အဖြစ် မေလ ၁၃ရက်က အမျိုးသား ကဇာတ် ရုံတွင် ပြုလုပ် ခဲ့သည့် ရှင်သန်ခြင်း နှင်းဆီ အငြိမ့် ဖျော်ဖြေပွဲ၌ နှင်းဆီ အငြိမ့်များ၏ ထုံးစံ အတိုင်း လတ်တလော ရေပန်းစား နေသည့် အကြောင်း အရာများ အပေါ် ပြက်လုံးများ ထုတ်၍ ဖျော်ဖြေ ခဲ့ကြသည်။

ယခု တစ်ကြိမ် ဖျော်ဖြေပွဲ တွင် နှင်းဆီ အဖွဲ့နှင့် ကင်းကွာခဲ့ သော ရဲလေးက လူရွှင်တော် အဖြစ် ပြန်လည် ပါဝင်ခဲ့ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းတို့နှင့် အတွဲ ညီညီ ဖျော်ဖြေပေး ခဲ့သည်။

ယင်းဖျော်ဖြေပွဲအဖွင့်တွင် ဧည့်သည်အဆိုရှင်အချို့က သီ ချင်းများပါဝင်သီဆိုပေးခဲ့ပြီး အ ဆိုတော်များသီဆိုပြီးချိန်၌ အငြိမ့် ဖျော်ဖြေမှုကိုစတင်ခဲ့သည်။

ခွန်းတောက်သီဆိုသည့်အစီ အစဉ်တွင် ကျော်ကျော်ဗိုကယခင် သီဆိုနေကျ ခွန်းတောက်များကို ရွတ်ဆိုခဲ့ရာ ကျန်လူရွှင်တော်များ က အဟောင်းကြီးဟုပြောဆိုကြ၍ လွှမ်းပိုင်၏ ဘိုကေသီချင်းဖြင့်ခွန်း တောက်သီဆိုခဲ့သည်။ ယင်းသီ ချင်းကိုပင် လွှမ်းမိုးပုံစံ၊ သင်္ကြန်ပုံ စံစသည်ဖြင့်တင်ဆက်ပေးခဲ့ကြ ပြီး ရဲလေးက အကယ်ဒမီပေးပွဲ တွင်ပြောကြားသည့် မိန့်ခွန်းပုံစံ ပြက်လုံးထုတ်ခဲ့သည်။ နေတိုးက အကယ်ဒမီနှင့်ပတ်သက်၍ ခင် လှိုင်အင်တာဗျူးတစ်ခုတွင် ဖြေ ကြားသည့်ပုံစံကို ရဲလေးပြက်လုံး အပြီး၌ ပြက်ခဲ့ရာ ပရိသတ်များ ပွဲကျသွားခဲ့သည်။

ဖျော်ဖြေပွဲတွင် လူရွှင်တော် များက ပြက်လုံးခွင်ခြောက်ခုတင် ဆက်ပေးခဲ့ပြီး နှင်းဆီအိုင်ဒေါ ပြက်လုံးခွင်မှာ ပရိသတ်အားပေး မှုအများဆုံးရရှိခဲ့သည်။ နှင်းဆီ အိုင်ဒေါပြက်လုံးခွင်တွင်ကျော် ကျော်ဗိုက အစီအစဉ်တင်ဆက် သူအဖြစ် ပါဝင်ခဲ့ပြီး မင်းမော်ကွန်း၊ ထွန်းထွန်းနှင့် ရဲလေးတို့က ဒိုင်များအဖြစ် ပါဝင်ခဲ့ကာ နေတိုး ကစရိုက်သုံးမျိုးနှင့် သီချင်းသီဆို ဖျော်ဖြေခဲ့သည်။

ကရင်တိုင်းရင်းသားပုံစံဖြင့် ဒုံးယိမ်းသီချင်းသီဆိုခဲ့သကဲ့သို့ ရော့ခ်သီချင်းများအ ဖြစ် ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်နှင့် ဒိုးလုံးတို့၏ သီချင်းများ တင်ဆက်ခဲ့သည်ကိုလည်း လာရောက် ကြည့်ရှုသည့် ပရိသတ်အားလုံးက လက်ခုပ်တီး၍ အားပေးခဲ့ကြ သည်။

မြန်မာသံတင်ဆက်မှုအစီ အစဉ်တွင်လည်း တွံတေးသိန်း တန်၏ ဟန်ဖြင့် သီချင်းများသီဆို မှု၊ ဒိုင်အဖြစ်ပါဝင်သော ထွန်း ထွန်း၏ မင်းကံကောင်းပါစေဟု အသံနေ အသံထားနှင့်ပြောသည့် ပုံစံကိုလည်း ပရိသတ်များက သ ဘောကျခဲ့သကဲ့သို့ ကျော်ကျော်ဗို၏ အစီအစဉ်တင်ဆက်သူအိုက်တင်များကိုလည်း ပရိသတ်များနှစ်ခြိုက်ခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် မင်းသ မီးများအဖြစ် ဖူးစုံ၊ မေကဗျာ၊ မိုး ပြည့်ပြည့်မောင်နှင့် မိုးယုစံတို့ပါ ၀င်ကပြခဲ့ကြပြီး တစ်ဦးချင်းဖျော် ဖြေမှုအစီအစဉ်များသာမက နှစ် ဦးတွဲ ဖျော်ဖြေသည့်အစီအစဉ်ကို လည်း တင်ဆက်ပေးခဲ့သည်။

ထို့အပြင် ယခုဖျော်ဖြေပွဲ၌ အငြိမ့်မင်းသမီးများ၏ သီချင်း များကို ဂီတမှူးခင်မောင်ကြီး၏အ ဖွဲ့နှင့်အတူ အဆိုတော်များက Live သီဆို၍ ကပြခဲ့ကြသည်။

မင်းသမီးတစ်ဦးချင်းနှင့်မိတ် ဆက်သည့်အစီအစဉ်တွင် ကျော်ကျော်ဗိုက Forgiveness သီချင်းအမ်တီဗီပုံစံဖြင့်ဖျော်ဖြေမှု၊ G Fatt ၏ ပြည်ပသို့ပေးစာသီချင်းဖြင့် မင်းသမီးကို နှုတ်ဆက်သည့်နေတိုး၏ တင်ဆက်မှုများကိုလည်း ပရိသတ်များကြိုက်နှစ်သက်ခဲ့သည်။

ယင်းဖျော်ဖြေပွဲကို မေလ ၁၃ ရက်နှင့် ၁၄ရက် ညများတွင် အ မျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့ပြီး ယင်းပွဲမှ ရရှိသည့်အလှူ ငွေအားလုံးကို ကျန်းမာရေး ထောက်ပံ့မှု အဖြစ် ဆေးရုံ တစ်ရုံဆောက်လုပ်လှူဒါန်းရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။

ထို့အပြင် လက်ရှိကြုံတွေ့ နေရသည့် အယ်လ်နီညိုနှင့် ပတ် သက်သည့်ပြက်လုံး၊ မိုးသီးကြွေသည့်ကိစ္စနှင့်ပတ်သက်သည့်ပြက်လုံးများကို နောက်ဆုံးပြက် လုံးခွင်တွင် ထည့်၍ ဖျော်ဖြေပေးခဲ့သည်။ ထို့အတူ လာရောက်ကြည့်ရှုသည့်ပရိသတ်များ၏ အပူဒဏ်ခံစားနေရသည်ကိုလည်း ချွေးထုတ်ခန်းနှင့်နှိုင်းယှဉ်၍ပြောကြားခဲ့သည်။

By - ဇွဲဉာဏ်

ဓာတ်ပုံ-ဇွဲဉာဏ်

Originally published at - http://www.7daydaily.com/story/64922

Read More »

Saturday, May 14, 2016

MWD Documentary ရုပ်သံလိုင်း တွင် မြန်မာ ဇာတ်လမ်းတွဲများ ထုတ်လွှင့် ပြသမည်




ရန်ကုန် ၊ မေ ၁၄

MWD Documentary ရုပ်သံ လိုင်း မှ လက်ရှိ ပြသလျက် ရှိသည့် အစီ အစဉ်များ အပြင် ပရိသတ်များ အတွက် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲ ၂ကား နှင့် ဗီယက်နမ် ဇာတ်လမ်းတွဲ များ ၊ ထိုင်း ဇာတ်လမ်း တွဲများကို ပါ ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲရင့်သူ၏နှလုံးသား အမည်ရှိ ထိုင်း ရုပ်သံ ဇာတ်လမ်းတွဲကို မေ ၁၇ရက် မှ စတင်ပြီး ပြသမှာဖြစ်ပြီး ဗီယက်နမ် ဇာတ်လမ်းတွဲ များကိုတော့ မေလကုန်တွင် ပြသမည် ဖြစ်ကာ မြန်မာ ဇာတ်လမ်းတွဲ များကိုတော့ စက်တင်ဘာလ တွင် စတင် ပြသ သွားမည် ဖြစ်သည်။

လက်ရှိတွင် MWD Documentary ရုပ်သံလိုင်း၌ အစီအစဉ်ပေါင်း ၂၆ခု ပြသလျက် ရှိပြီး ကိုရီးယား ဇာတ်လမ်းတွဲများ ၊ ထိုင်း ဇာတ်လမ်းတွဲများ နှင့် ဂိမ်းအစီအစဉ်များ ၊ တေးဂီတ အစီအစဉ်များ အပြင် တခြား အစီအစဉ်များကို ပြသလျက် ရှိသည်။

Myanmar Media United ကုမ္ပဏီလီမိတက်မှ ဦးကျော်ဆန်း က "ကျွန်တော် ရုပ်မြင်သံကြား စတင် လုပ်ဆောင်ကတည်းက မြန်မာဇာတ်လမ်းတွဲ လုပ်ဖို့ စိတ်အားထက်သန် တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အရင်းအနှီး အများကြီး ကုန်ကျတဲ့ အတွက် မလုပ်ဖြစ်ခဲ့ဘူး။ အခုချိန်မှာ ရုပ်မြင်သံကြား ဈေးကွက်ကလည်း ဖွံ့ဖြိုးလာပြီ။ ပရိသတ်ကလည်း နိုင်ငံခြား ရုပ်သံ ဇာတ်လမ်းတွဲကို ကြည့်တာ ရိုးအီ လာပြီ ဖြစ်တဲ့ အတွက် ပြီးတော့ Free To Air ရုပ်သံလိုင်း ကလည်း ၂၀ကျော်လောက် ရှိလာပြီ ဆိုတော့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ ပြမယ် ဆိုရင် ထိုင်း ပြရင်လဲ လူတိုင်းက ထိုင်းလိုက်ပြမှာပဲ အဲ့ဒီတော့ ကိုယ့်နိုင်ငံရဲ့ ဇာတ်လမ်းတွဲ ကိုသာ ကိုယ်တွေက ရေရှည် တည်တံ့ပြီး ကြည့်နိုင်မယ့် အတွက်မို့လို့ ကျွန်တော် တို့ကတော့ မြန်မာဇာတ်လမ်းတွဲ ကို ဆက်လက် တင်ဆက် ထုတ်လွှင့်သွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ပြောသည်။

လတ်တလောတွင် MWD Documentary ရုပ်သံလိုင်း၌ ထုတ်လွှင့် ပြသမည့် ရုပ်သံ ဇာတ်လမ်းတွဲ အသစ်များမှာ ထိုင်း ရုပ်သံ ဇာတ်လမ်းတွဲ ဖြစ်သည့် ရဲရင့်သူ၏နှလုံးသား ၊ မြန်မာဇာတ်လမ်းတွဲ များ ဖြစ်သည့် ချစ်ခြင်းကိုဖန်ဆင်းသူ နှင့် ဤသို့ပြုရ အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲ နှင့် ဗီယက်နမ် ရုပ်သံ ဇာတ်လမ်းတွဲများဖြစ်သည်။

မြန်မာ ဇာတ်လမ်းတွဲ များ ဖြစ်သည့် ချစ်ခြင်းကိုဖန်ဆင်းသူ ရုပ်သံ ဇာတ်လမ်းတွဲကို ဒါရိုက်တာ မေတင် မှ ရိုက်ကူး ထားပြီး သရုပ်ဆောင်များ အဖြစ် ကောင်းပြည့် ၊ ရွှေမှုံရတီ နှင့် သရုပ်ဆောင်များစွာမှ ပါဝင် သရုပ်ဆောင် ထားကြသည်။

ဤသို့ပြုရ ရုပ်သံ ဇာတ်လမ်းတွဲ ကိုဒါရိုက်တာ ဘုဏ်းမျိုးကျော် ကရိုက်ကူးထားပြီး သရုပ်ဆောင်များ အဖြစ် ထွန်းထွန်း ၊ ဧရာ ၊ ဖူးပွင့်သခင် နှင့် ဂွမ်းပုံကြီး တို့မှ ပါဝင် သရုပ်ဆောင် ထားကာ မြိုင်ရာဇာတွတ်ပီ ရုပ်ပြ ကာတွန်းကို အခြေခံပြီး ရိုက်ကူး ထားခြင်း ဖြစ်သည်။


မဇ္ဈိမသတင်း by ပန်းမြတ်ဇော်

Originally published at - http://mizzimaburmese.com/article/14195

Read More »

Wednesday, May 11, 2016

ဒေါ်စု၏ မွေးနေ့အတွက် လှူဒါန်းမည့် တစ်ကိုယ်တော် ဓာတ်ပုံပြပွဲ ကျင်းပမည်




ရန်ကုန်၊ မေ ၁၁

ဒေါ်အောင်ဆန်း စုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုကာ Suu’s Solo Photo Showကို မေလ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပမည် ဖြစ်သည်။

“ပွဲကနေ ရလာတဲ့ အကျိုး အမြတ်တွေ အားလုံးကို အခုချိန်မှာ ခက်ခဲနေတဲ့ ဒေသတွေနဲ့ အချို့လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်း သွားမှာ ဖြစ်တယ်။" ဟု Suu’s Solo Photo Show၏ ဓာတ်ပုံဆရာ ကိုစောဖိုးခွားက မဇ္ဈိမကို ပြောသည်။

သွားရောက်လှူဒါန်းမည့် နေရာကိုမူ မရွေးချယ်ရသေးဘဲ မကြာမီ ပြန်လည် ကြေငြာသွားမည်ဟု ၎င်းက ပြောသည်။

ဇွန်လ၁၉ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသည့် တစ်ကိုယ်တော် ဓါတ်ပုံပြပွဲကို မေလ ၁၃-၁၅အထိ နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ထိ ရန်ကုန်မြို့၊ နဝဒေးလမ်းရှိ Think Art Gallery ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှ ယခုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်အထိ မှတ်တမ်း ဓါတ်ပုံများ ပါရှိမည် ဖြစ်ပြီး ဓါတ်ပုံ ဆရာ စောဖိုးခွား၏ တစ်ကိုယ်တော် လက်ရာများ ဖြစ်ကြောင်း သိရသည်။

၇၁နှစ်မြောက်မွေးနေ့ ဖြစ်သောကြောင့် ဓါတ်ပုံပေါင်း ၇၁ ပုံဖြင့် ပြသမည်ဟု ၎င်းက ပြောသည်။

ယင်းဓါတ်ပုံများအားလုံးကို ပြသပြီး ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါပြပွဲသို့ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး မေလ ၁၃ရက်နေ့ ဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

မဇ္ဈိမသတင်း by - ဂျာဆိုင်းပန်

Originally published at - http://mizzimaburmese.com/article/14074

Read More »

အိန္ဒိယ ရိုးရာ ရုပ်သေးပြပွဲ ကျင်းပမည်




မေ ၁၀

ရန်ကုန်မြို့ အိန္ဒိယ သံရုံးမှ ရုပ်သေးနှင့် မျက်နှာဖုံး တပ် ဖျော်ဖြေပွဲကို မေ ၁၅ ရက်၊ ည ၇ နာရီ တွင် ပြုလုပ် မည်ဟု သိရသည်။ ရန်ကုန်၊ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်မည့် အဆိုပါ ဖျော်ဖြေပွဲကို အမခဲ့ လာရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ယင်းပွဲကို မြန်မာအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာတို့နှင့် ပူးပေါင်းကျင်းပခြင်းဖြစ် ပြီး "Images of Truth" ဟု ခေါင်းစဉ်ဖြင့် နယူးဒေလီရှိ The Ishara Puppet Theatre Trust မှ Dadi D. Pudumjeeက စီစဉ်ပြသမည် ဖြစ်သည်။

အိန္ဒိယသည် လက်အိတ်၊ ကြိုးနှင့် ရုပ်သေးရုပ်အရိပ်ကို အသုံးပြု၍ ရုပ်သေးရုပ် ပြလာသည်မှာ နှစ်နှစ်ဆယ်နီးပါး ရှိပြီဖြစ်သည်။

အိန္ဒိယရုပ်သေးရုပ်သည် ၎င်း၏ ပြည်နယ်ဒေသ ရိုးရာပြရုံကိုလိုက်၍ ဆက်သွယ်မှုရှိနေသည်။ ရိုးရာရုပ်အနေနှင့် Ramayana, Mahabharata နှင့် Puranas ကဲ့သို့သော ရိုးရာဒဏ္ဏာရီ ပုံပြင်မှ နတ်ဘုရား၊ သူရဲကောင်းတို့၏ အကြောင်းကို ရုပ်သေးရုပ်ဖြင့် ကသည်။ ယင်းသည် ပွဲတော်များ၊ ရိုးရာ အခမ်းအနားများအပြင် မိုးနတ်မင်းထံ မိုးခေါ်ခြင်းစသော ပွဲလမ်းသဘင်တို့တွင်လည်း တစိတ်တဒေသ ပါဝင်သည်။

မဇ္ဈိမသတင်း by - အမ်ရှန်း

Originally published at - http://mizzimaburmese.com/article/14061

Read More »

Saturday, May 07, 2016

Sister အဖွဲ့ အပါအဝင် K-Pop အဖွဲ့များ လာရောက် ဖျော်ဖြေမည်




ရန်ကုန် ၊ မေ ၆

ကိုရီးယား နိုင်ငံမှ နာမည်ကြီး sister အဖွဲ့ အပါ အဝင် K-Pop အဖွဲ့များ ပါဝင်သည့် INNO CITY Love Sharing Concert ဇွန် ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယား နိုင်ငံမှ နာမည်ကြီး K-Pop အဖွဲ့များ ဖြစ်သည့် Sister အဖွဲ့ ၊ MONSTA X အဖွဲ့ ၊ SO CHAN WHEE ၊ BADKIZ ၊ Jeong Seon Ariang A-PERA Team စသည့် အဖွဲ့များမှ လာရောက် ဖျော်ဖြေ ကြမည် ဖြစ်သည်။

ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့ အကြား ချစ်ခင် ရင်းနှီးမှုကို ပိုမို တိုးတက် ခိုင်မြဲစေရန် ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ပိုမို ထိတွေ့ ဆက်ဆံခြင်းဖြင့် ချစ်ကြည် ရင်းနှီးမှု နှင့် ပိုမို နားလည်မှု ရရှိလာရေး ၊ တောင်ကိုရီးယားနိုင်ငံတွင် ရေပန်းစားလျက် ရှိသည့် ဂီတအဖွဲ့အား မြန်မာနိုင်ငံမှ ခံစားနားဆင်နိုင်ရေး ၊ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ အနေဖြင့် နိုင်ငံခြားဂီတ အဖွဲ့အား ခံစား နားဆင်ခွင့် ရပြီး စိတ်အပန်း ဖြေ နိုင်ရေး အတွက် စသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပ ပြုလုပ် ခြင်း ဖြစ်သည်။

Love Sharing Concert မှ INNO Group စတင် ခဲ့သည့် ၁ဝနှစ် မြောက် အထိမ်းအမှတ် အဖြစ် လူမှုရေး လုပ်ငန်းများတွင် ဒုက္ခ ရောက်နေသူများ အတွက် ရန်ပုံငွေ ပွဲ အဖြစ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကာ ပွဲမှ ရရှိသည့် အမြတ်ငွေများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ကို လှူဒါန်း သွားမည် ဖြစ်သည်။

INNO Group သည် မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်မှ စတင်ပြီး ဟံသာဝတီဂေါက်ကလပ် နှင့် အပန်းဖြေ လုပ်ငန်းမှ စတင် ရင်းနှီး မြှပ်နှံ ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

လက်ရှိတွင် INNO Group အနေဖြင့် မြန်မာနိုင်ငံတွင် စက္ကူ ပုံး စက်ရုံ ၊ အထည်ချုပ် လုပ်ငန်းများ ၊ ဟံသာဝတီဂေါက်ကလပ် နှင့် အပန်းဖြေ စခန်း တို့တွင် မြန်မာနိုင်ငံသူ ၊ နိုင်ငံသား အလုပ်သမား ၄ဝဝဝ ခန့်အား အလုပ် အကိုင် အခွင့်အလမ်းများ ရှာဖွေ ပေးလျက် ရှိသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို ရောင်းချ သွားမည် မဟုတ်ပဲ INNO Group နှင့် ဆက်စပ်သည့် ကုမ္ပဏီ များကို အလှူငွေ ကောက်ခံကာ ဖိတ်စာ များဖြင့် ဖိတ်ကြား သွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ကြည့်ရှု ခံစားနိုင်ရန် အတွက် MRTV-4 ၏ Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည်ဖြစ်ပြီး Tiger Fate ကုမ္ပဏီ ၏ ဖေ့ဘုတ် စာမျက်နှာ နှင့် Mrtv-4 ဖေ့ဘုတ် စာမျက်နှာ များတွင်လည်းဖော်ပြ ပေးသွားမည် ဖြစ်သည်။

မဇ္ဈိမသတင်း by - ပန်းမြတ်ဇော်

Originally published at - http://mizzimaburmese.com/article/13908

Read More »

Thursday, May 05, 2016

ရှင်သန်ခြင်းနှင်းဆီ အငြိမ့် ပြုလုပ်မည်




ရန်ကုန်၊ မေ ၅

ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု အလှူပွဲ အနေဖြင့် ရှင်သန်ခြင်း နှင်းဆီ အငြိမ့်ကို မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံစသည့် အနုပညာရှင်များ ပါဝင်တင်ဆက်မည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများမှာ ၁၀၀၀၀၊ ၃၀၀၀၀ နှင့် ၅၀၀၀၀ကျပ်တို့ဖြစ်ပြီး မန်းသီရိတေးသံသွင်း၊ NOBODY ရန်ကင်းစင်တာ၊ ဒဂုံစင်တာ၊ စိန်ပန်းဗီဒီယိုထုတ်လုပ်ရေးတို့တွင် ၀ယ်ယူနိုင်ပြီး ၀၉-၄၉၂၆၁၄၄၄၊ ၀၉-၇၈၅၀၄၄၄၃၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်

မဇ္ဈိမသတင်း by - နှင်းအဉ္ဇလီ

Originally published at - http://mizzimaburmese.com/article/13859

Read More »

ရော့ခ်အဆိုတော်ကြီးများ အမေရိကန် တေးဂီတဖျော်ဖြေပွဲကြီး




နယူးယော့ခ်၊ မေ ၎

ရော့ခ် အဆိုတော်ကြီး ပူးလ်မက်စ်ကာနေး၊ ရိုလင်းစတုန်းနှင့် ဘော့ဒေလန်တို့သည် ယခုနှစ် အောက်တိုဘာတွင် ကျင်းပပြုလုပ်မည့် အမေရိကန် တေးဂီတ ဖျော်ဖြေပွဲကြီးတွင် ဖျော်ဖြေ သွားမည်ဖြစ် ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

“Desert Trip” ဖျော်ဖြေပွဲကို ကာလီဖိုးနီးယားပြည်နယ် အင်ဒီအိုမြို့ရှိ Empire Polo Field တွင် အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

ဖျော်ဖြေတင်ဆက်မည့် အစီစဉ်တွင် ရော့ခ်တေးဂီတအဖွဲ့ The Who၊ ရိုဂါဝါးတားနှင့် Neil Young တို့လည်း ပါဝင်သည်။

ဒေလန်နှင့် ရိုလင်းစတုန်းအဖွဲ့တို့သည် အောက်တိုဘာ ၇ ရက်တွင် ဖျော်ဖြေကာ ဂီတဖျော်ဖြေ ပွဲကို ဖွင့်လှစ်သွားရန် မျှော်မှန်းထားပြီး အောက်တိုဘာ ၈ ရက်တွင် မက်စ်ကာရေးနှင့် Neil Young တို့က ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၉ ရက်တွင် ရိုဂါဝါးတားနှင့် ရော့ခ်တေးဂီတအဖွဲ့ The Who တို ဖျော်ဖြေသွားမည်ဖြစ်ကြောင်း LA Times တွင် ဖော်ပြ ထားသည်။

လက်မှတ်များကို မေ ၉ ရက် ပစိဖိတ်စံတော်ချိန် နံနက် ၁၀ နာရီအချိန်တွင် Desert Trip ဝက်ဆိုက်ဘ်မှ ရောင်းချပေးသွားမည် ဖြစ်သည်။

မဇ္ဈိမသတင်း by - ဘီဘီစီ

Originally published at - http://mizzimaburmese.com/article/13847

Read More »