နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မော်တော်ကားသတင်း. Show all posts
Showing posts with label မော်တော်ကားသတင်း. Show all posts

Tuesday, May 02, 2017

၂၀၁၇ မော်ဒယ် တိုယိုတာ ကိုရိုလာနဲ့ ကမ်မရီ ပြည်တွင်းမှာ မိတ်ဆက်




ရန်ကုန်၊ ဧပြီ ၂၉ – ဂျပန် အခြေစိုက် တိုယိုတာ ကား ကုမ္မဏီဟာ ပြည်တွင်းမှာ ကိုရိုလာ (Corolla) နဲ့ ကမ်မရီ (Camry) အသစ် စက်စက် နှစ်မျိုးကို စတင် မိတ်ဆက် ပါတယ်။

ပြည်တွင်းက တရားဝင် အရောင်း ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ရန်ကုန်မှာ Toyota Aye & Sons နဲ့ Toyota Mingalar မန္တလေးမှာ Toyota GW Lion တို့မှာ စတင် ဘွတ်ကင် လုပ်နိုင် ပါတယ်။ ဝယ်ယူသူတွေ အနေနဲ့ သုံးနှစ် ဒါမှမဟုတ် ကီလိုမီတာ ၁၀ဝ,ဝ၀ဝ အာမခံ ရရှိပါမယ်။

တိုယိုတာကိုရိုလာအသစ်မှာ မွမ်းမံထားတဲ့ သက်သောင့်သက်သာရှိစေခြင်းနဲ့ ထိပ်တန်းအဆင့်ရှိ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေနဲ့အတူ ပေါ်လွင် ထင်ရှားတဲ့ ကားအပြင် ပိုင်းနဲ့ အတွင်းပိုင်းတွေကို သပ်ရပ်ကျနအောင် ပေါင်းစပ်ထားပါ တယ်။ ကိုရိုလာအော်တိုအမျိုးအစားရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၃,၉၀ဝ နဲ့ မန်နျူရယ်အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၂၉,၄၀ဝ ဖြစ်တယ်။



ကမ်မရီ (Camry) ကား အသစ်ဟာ လည်း ကျော့မော့ပြီး အမြန် မောင်းနှင် နိုင်တဲ့ ခေတ်ဆန်တဲ့ အသွင် အပြင်ကို မြှင့်တင် ထားတယ်။ ဆွဲဆောင်မှု ရှိတဲ့ ပုံပန်း သွင်ပြင်ကို ကိုယ်စားပြုနိုင်ဖို့ အနုစိတ် ဖန်တီး ထားပါတယ်။ ၂၀၁၇ မော်ဒယ် ကမ်မရီရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၅၂,၅၀ဝ ဖြစ်တယ်။

၂၅ ရာခိုင်နှုန်းက စတင်ပြီး ကနဦး ပေးသွင်းကာ အရစ်ကျပေးသွင်းတဲ့ စနစ် နဲ့ ဝယ်ယူနိုင် ပါတယ်။ အမှတ် (၈၇) အေ ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Toyota Aye and Sons ဖုန်း ဝ၁ ၄၀ဝ၉၅၀၊ အမှတ် (၆) ဘုရင့် နောင်၊ (၂) ရပ်ကွက်၊ လှိုင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Toyota Mingalar ဖုန်း ဝ၁ ၅၁၄၉၄၀ နဲ့ အမှတ် ၃၅ လမ်းနှင့် ၃၇ လမ်းကြား၊ ဘလောက် ၅၄၂၊ ဦးပိုင် – ၁၀/ ၃၃၉ မန္တလေး – ပြင်ဦးလွင်လမ်း၊ အောင်ပင်လယ်ရပ်၊ မန္တ လေးမှာ ဖွင့်လှစ် ထားတဲ့ Toyota GW Lion ဖုန်း ဝ၉ ၉၆ ၉၇၀ဝ၀ဝ ၁   တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်ထွန်းဦး

Originally published at - http://www.kumudranews.com

Read More »

Monday, April 03, 2017

စလစ်ဈေးကျဆင်းပြီး ကားအရောင်း အ၀ယ် ပြုလုပ်သူ နည်းပါးနေ


ထောက်ကြန့် ကညန ရုံးတွင် လိုင်စင်ဝင်ရန် စောင့်ဆိုင်း နေသော ကားများ (ဓာတ်ပုံ − ကျော်ဇင်သန်း)


စလစ်ကပ် ကားများကို ကြိုတင် ၀င်ငွေခွန် ကောက်ခံမှု စတင် နေပြီ ဖြစ်သော ကြောင့် ပြည်တွင်း ကား ဈေးကွက်၌ စလစ်ဈေး နှုန်း စတင် ကျဆင်း နေကြောင်း အရောင်း အ၀ယ် ပြုလုပ် သူများ ထံမှ သတင်း ရရှိသည်။

စလစ် ၀ယ်လို အားသည် ပြီး ခဲ့သည့် မတ်လ နောက်ဆုံး ပတ်တွင်းက ကျဆင်း လာသောကြောင့် စလစ်ဈေးပါ ကျဆင်း လာသည်ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ယာဉ် အရောင်း အ၀ယ် ပြုလုပ်သူ များက ပြောသည်။

၂၀၁၆ ဇန်န၀ါရီနှင့် ဖေဖော် ၀ါရီအတွင်း ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာသော စလစ်ဈေးသည် ၂၀၁၇ ဧပြီပထမပတ်တွင် စတင် ကျဆင်းတော့မည့် အခြေ အနေရှိသည်ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းဦးကြီးမြင့်က ပြောသည်။

မတ်လနောက်ဆုံးပတ်တွင် သက်တမ်း နှစ်၂၀ စလစ်ဈေးများ ကျဆင်းသွားပြီး အခြားစလစ်များဖြစ်သော စက်မှုဇုန်စလစ်၊ တိုက်ကြေစလစ်နှင့် ဘတ်စ်ကားစလစ်များပါ ကျဆင်းလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ကားဈေးတန်းက မာပြီး စလစ်က ဈေးထပ်ကျသွားဖို့ပဲရှိ တယ်။ ဧပြီတစ်လလုံးက ကားဈေးတက်နေပြီး အရောင်းအ၀ယ်က လည်း တောက်လျှောက်အေးနေ မှာ’’ဟု မြယမင်းကားအရောင်းစင်တာပိုင်ရှင်က ခန့်မှန်းသည်။

ယခု တစ်လလုံးတွင် ပြည် ပမှ ကားတင်သွင်းသူသည် ပိုမိုနည်းပါးနိုင်ပြီး ပြည်တွင်း၌ ရှိပြီး သားကားများသာ အရောင်းအ ၀ယ်ဈေးကွက်တွင် လည်ပတ်နေ မည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

နှစ် ၂၀ အမည်ပေါက်စလစ် တစ်စောင်လျှင် ကျပ် ၉၅ သိန်းနှင့် သိန်း ၁၀၀ ခန့်ကြား ဈေးကွက်ဖြစ်ပေါ်နေပြီး အ၀ယ်နည်းပါးနေ ကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ဇုန်ထုတ်ကား စလစ် တစ်စောင်လျှင် အမည် ပေါက် ကျပ် ၁၀၂ သိန်းအထိ ဈေးတက်နေသော်လည်း ပြည်ပမှ ကားတင်သွင်းသူ နည်းပါးနေသဖြင့် စလစ်အမျိုးအစား အားလုံးအရောင်းအ၀ယ်နည်းနေသည်။

လက်ရှိကားဈေးကွက်သည် အရောင်းအ၀ယ် ပါးနေသော် လည်း သင်္ကြန်ကာလအပြီး အ ရောင်းအ၀ယ် ပြန်လည်ကောင်း လာရန် မော်တော်ယာဉ်တင်သွင်း ရောင်းချသူများက မျှော်လင့်နေ သည်။

From : 7 Day Daily News - By: မိုးညို

Originally published at - http://www.7daydaily.com/story/93308

Read More »

Friday, September 09, 2016

၂၀၁၆ အထိ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် ၅ သောင်းကျော် ထုတ်ပေးပြီး ဟုဆို




၂၀၁၆ ခုနှစ် အတွင်း လူစီးယာဉ် အပါအ၀င် ယာဉ် ယန္တရားပေါင်းစုံ စုစုပေါင်း အစီးရေ ၅ သောင်း ကျော်အား တင်သွင်းခွင့် ပါမစ် ထုတ်ပေး ထားပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သတင်း ရရှိသည်။

ရန်ကုန် လိုင်စင် ကားများအား တင်သွင်းခွင့် ပါမစ် ရပ်ဆိုင်းထားခြင်းကြောင့် လူစီးယာဉ် တင်သွင်းမှုမှာပြီးခဲ့သည့် နှစ်များကထက် နည်းပါးသွားသော်လည်း ၊ လုပ်ငန်းသုံး ထရပ်ကားတင်သွင်းမှု အရေအတွက်မှာ များပြားလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများ မှဖော်ပြလျှက်ရှိသည်။

ဧပြီ ၁ ရက်မှ သြဂုတ်လ တတိယပတ်အထိ လူစီးရေ ၂၈,၂၃၃ စီး၊ ဘတ်စ်ကား ၂,၃၆၂ စီး၊ Truck ကား ၂၃,၄၉၈ စီး၊ ယန္တရား ၁,၆၆၁ စီးတို့အတွက် တင်သွင်းခွင့်ပါမစ် ထုတ်ပေးထားပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ဖရီးပါမစ် တင်သွင်းခြင်းကို ရပ်ဆိုင်းထားခြင်းနှင့် အတူ စလစ်ကပ်တင်သွင်းသော မော်တော်ယာဉ်များတွင်လည်း မူဝါဒ မတည်ငြိမ်ခြင်း ဈေးနှုန်း အတက်အကျ များပြားသောကြောင့် ယခုကဲ့သို့ တင်သွင်းသည့် ပမာဏမှာ လျော့နည်းလာခြင်းဖြစ်နိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများကသုံးသပ်သည်။

From : 7 day cars

Originally published at - http://www.7daycars.com/story/763

Read More »

Thursday, June 30, 2016

အသက်ကယ်လေအိတ် ပြသနာတက်နေသည့် ကား ၁ သန်းခွဲခန့် ပြန်အပ်ရန် တိုယိုတာပြော




ဂျပန်ကား ကုမ္ပဏီကြီး ဖြစ်တဲ့ တိုယိုတာ ကားကုမ္ဗဏီက ကမ္ဘာ တ၀ှန်းက အသက်ကယ် လေအိတ် ပြသနာ တက်နေတဲ့ ကား ၁.၄၃ သန်းကို ပြန်အပ်ဖို့ ခေါ်ယူ ထားတယ်လို့ ဇွန် ၂၉ ရက်နေ့က ပြောဆို ပါတယ်။

ပရီးရပ်စ် မော်ဒယ်နဲ့ လက်ဆက်ဇ် မော်ဒယ်တွေ ဖြစ်ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အတွင်း ထုတ်လုပ်တဲ့ ကားတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေ အတွင်း တကာတာ ကုမ္ပဏီထုတ် အသက်ကယ် လေအိတ်တွေမှာ ပြသနာတွေ ရှိခဲ့တဲ့ အတွက် တိုယိုတာ ကားကုမ္ဗဏီ အပါအ၀င် ကားကုမ္ပဏီ အတော်များများ ကားအစီးရေ သန်းနဲ့ ချီပြီး ပြန်အပ် ခိုင်းခဲ့ကြ ရတာပါ။

အခု တိုယိုတာကားတွေ ပြန်အပ်ဖို့ ခေါ်ထားတဲ့ ကိစ္စမှာ တကာတာလေအိတ် ကုမ္ပဏီနဲ့ မသက်ဆိုင် သလို အဲ့ဒီလေအိတ်တွေကြောင့် ကားမောင်းသူတွေ ထိခိုက်သေဆုံးမှုတွေလည်း မရှိသေးပါဘူး။

မြောက်အမေရိကနိုင်ငံတွေက တိုယိုတာ ကားအစီး ၅ သိန်းနီးပါး၊ ဂျပန်နိုင်ငံက ကား ၇ သိန်းခွဲနီးပါးနဲ့ ဥရောပ၊ တရုတ်နဲ့ တခြားနိုင်ငံတွေက တိုယိုတာကားတွေ ပါဝင်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157097

Read More »

Monday, May 23, 2016

ပြည်တွင်းမှာ ရောက်ရှိနေပြီဖြစ်တဲ့ လျှပ်စစ်ကား Nissan Leaf


Nissan Leaf

ပြည်တွင်း ကားဈေးကွက်မှာ လျှပ်စစ် ကားတွေရဲ့ နေရာ ရမှု ဆိုတာ ရာခိုင်နှုန်းနဲ့ ပြောမယ် ဆိုရင်တောင် ၁ ရာခိုင်နှုန်းတောင် မရှိတဲ့ အနေ အထား ဖြစ်ပေမယ့် နိုင်ငံတကာ အနေ အထားမှာ ပြောင်းလဲ လာတဲ့ ကား ဈေးကွက် အရွေ့အနေ အထားမှာတော့ Hybridတွေ လျှပ်စစ် ကားတွေရဲ့ ဈေးကွက် တော်တော်လေး အား ကောင်း လာတာပါ။

နိုင်ငံတော်တော် များများ၊ အထူး သဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံ အများစုမှာ ဒီလို ကားတွေအတွက် အလေးပေးမှုပါ အားကောင်း လာနေသလို ပုံမှန် ပေါက်ကွဲ အင်ဂျင်တပ် မော်ဒယ်တွေ နေရာ ပျောက်လာဖို့တောင် ရှိနေပါ တယ်။

၂၀၁၀ခုနှစ် ၀န်းကျင်လောက်ကနေ စပြီး ခေတ်စားလာတဲ့ လျှပ်စစ်ကားတွေရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ Nissan Leafတွေ ပြည်တွင်းကို ၀င်ရောက်လာပါတယ်။ဒါပေမယ့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှု အားနည်းချက်တော့ ရှိပါတယ်။

မြို့တွင်း သီးသန့်လောက်ပဲ သုံးမယ်၊ မြန်နှုန်းမြင့်စရာ မလိုဘူး၊ ၀န်တင်ခိုင်းဖို့လည်း မဟုတ်ဘူး၊ ရုံးတက် ရုံးဆင်းလောက်ပဲ သုံးမယ် ဆိုရင်တော့ Leafက အဆင်ပြေမှာပါ။ ပြည်တွင်းကို ၀င်ရောက်နေတဲ့ လျှပ် စစ်ကားတွေက အသစ်တွေမဟုတ်ဘဲ တပတ်ရစ်ကားတွေဖြစ်ပါတယ်။

ဒါကြောင့် လျှပ်စစ်ကား ၀ယ်မယ်ဆိုရင် ကားကို ဘယ်လောက် ခိုင်းထားသလဲ ဆိုတဲ့ မောင်းနှင်ပြီး ကီလိုကို တစ်ချက်ကြည့်မယ်။ နောက်တစ်ချက် ဘက်ထရီ သက်တမ်း၊ တချို့က ခရီးဘယ်လောက် မောင်းနှင်နိုင်မလဲ စစ်ကြတယ်၊ တချို့က ဘယ်လောက် အားသွင်းရင် ဘယ်လောက် အချိန်ကြာ ပြန်ခံနိုင်မလဲ ကြည့်ကြတယ်။

အကောင်းဆုံး နည်းလမ်း တစ်ခု ပြောရရင်တော့ ညဖက် အားတစ်ခါ သွင်းထားတိုင်း ဘက်ထရီက ဘယ်လောက် အချိန်ကြာအောင် အားထိန်းထားပေးနိုင်မလဲ ဆိုတာ စစ်ဆေးသင့်သလို အားအပြည့် သွင်းထားတိုင်း ဘယ်နှစ်မိုင်လောက် စီးနိုင်မလဲ စစ်ဆေးပါ။ ဒီအတွက် စစ်ဆေးဖို့ အချိန် နည်းနည်းပေးရပါတယ်။

လျှပ်စစ်ကားရောင်းမယ် ရောင်းလက်တိုင်း စိတ်ရှည်ပေးကြပါတယ်။ ကိုယ်ထည်တွေ၊ ဆေးသားတွေ၊ အောက်ဖက်အထိုင်တွေ၊ အပြင်အဆင်တွေ၊ အကူစနစ်တွေ၊ စသဖြင့်ပေါ့ စိတ်ကြိုက် ဖြစ်နေပြီ ဆိုရင် တရက်လောက် အချိန်ပေးပြီး ကားကို အားအပိုင်းနဲ့ ပတ်သက်ပြီး စစ်ပါ။

ဈေးကွက်မှာတော့ မောင်းနှင်ပြီး ကီလို ၂သောင်း ၀န်းကျင်ကနေ ၅သောင်းကျော်လောက်ထိအောင် ရှိတဲ့ မော်ဒယ်တွေ အတွေ့ရများပါတယ်။ ကီလို အပေါ်မှာ ဈေးစကား နည်းနည်း ပြောတာ တွေ့ရသလို အရောင် အပေါ်မှာလည်း ဈေးကွာပါတယ်။ ပြည်တွင်းမှာတော့ အဖြူဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။

Autoစနစ်နဲ့ မောင်းနိုင်မယ်၊ ညာမောင်း မော်ဒယ် အဖြစ်လာတယ်၊ ခရီးသည် ၅ယောက်ထိအောင် စီးနင်း နိုင်မယ်၊ အတွင်းခန်း တပ်ဆင် ပစ္စည်း အစုံပါမယ်၊ Air Con ပါမယ်။ TVပါမယ်၊ DVDလောက် ထိအောင်ပါ ထည့်ထားပေးကြတယ်။ ဈေးကွက်မှာ အတွေ့ရ အများဆုံးကတော့ ၂၀၁၁ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေ ဖြစ်ပြီး သူတို့က သိန်း ၁၇၀လောက် ဈေးခေါ်တာ တွေ့ရပြီး အဖြူ မဟုတ်တဲ့ အရောင်လေး တစ်ခုကို လက်ခံနိုင်မယ် ဆိုရင် ဈေးနည်းနည်း ပိုပြီး ချိုနိုင်မှာပါ။

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/05/23/114669.html

Read More »

Saturday, April 02, 2016

အဆင့်မြင့် လျှပ်စစ်ကား မော်ဒယ် နံပါတ် ၃ ကို ပြသ




တက်စ်စလာ Tesla ကား ကုမ္ပဏီက သူတို့ အတော့်ကို မျှော်မှန်း ထားတဲ့ တန်ဖိုးနည်း၊ အဆင့်မြင့် လျှပ်စစ်ကား မော်ဒယ် နံပါတ် ၃ ကို ပွဲထုတ် လိုက်ပါတယ်။



ဈေးနှုန်း သက်သာပြီး လူ ၅ ဦး စီးနှင်းနိုင်တဲ့ ဒီကားသစ်ဟာ ကားဝါသနာ ရှင်တွေကို ဆွဲဆောင်နိုင် လိမ့်မယ်လို့ မျှော်လင့် ထားပြီး လျှပ်စစ်ကားတွေ အပေါ်မှာ လူအများ ပိုမို စိတ်ဝင်စား လာအောင် ဆွဲဆောင်နိုင် လိမ့်မယ် လို့လည်း ကားကုမ္ပဏီက မျှော်လင့် ထားပါတယ်။



တက်စ်စလာကားကုမ္ပဏီ အရာရှိချုပ် အယ်လမ် မက်(စ်) Elon Musk ကတော့ သက္ကရာဇ် ၂၀၂၀ မှာ ဒီမော်ဒယ်ကို တနှစ် ကားအစီးရေ ၅ သိန်းလောက် ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။



အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် တက်စ်စလာကားကုပ္ပဏီဟာ ဈေးကွက်ထဲမှာ ဆက်လက်ရပ်တည်နိုင်ဖို့ ဒီကားကို လူကြိုက်များ၊ အရောင်း သွက်အောင် ထုတ်လုပ်ဖို့ လိုပါတယ်။



ဒီလျှပ်စစ်ကားတွေကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲ စတင်ဖြန့်ဝေမှာ ဖြစ်ပေမယ့် ဗြိတိန်၊ အိုင်ယာလန်၊ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ နယူးဇီလန်တို့မှာ ကြိုတင် မှာယူနိုင်ပြီဖြစ်ပါတယ်။



အနိမ့်ဆုံးမော်ဒယ်ကိုတော့ အမေရိကန် ဒေါ်လာ ၃ သောင်းခွဲရောင်းချမှာဖြစ်ပြီး တခါအားသွင်းထားရင် အနည်းဆုံး ၂၁၅ မိုင် မောင်းနှင်းနိုင်ပါမယ်။

တက်စ်လာကားကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က နစ်ဆန်းကုမ္ပဏီက ထုတ်လုပ်တဲ့ လိ(ဖ်) လျှပ်စစ်အားကို ကျော်ပြီး လျှပ်စစ်ကားအစီးရေ စုစုပေါင်း ၅ သိန်း ၅၀၀ ကျော်ကို ရောင်း ချနိုင်ခဲ့တဲ့ အတွက် ရောင်းအား အကောင်းဆုံး လျှစစ်ကား စစ်စစ် ထုတ်လုပ် aရာင်းချနိုင်တဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142731


Read More »

Saturday, March 19, 2016

ဆွီဒင်ထုတ် Volvo အိမ်စီးကားတွေ ပြည်တွင်းမှာ ရောင်းတော့မယ်




ဆွီဒင် နိုင်ငံထုတ် Volvo ကား တွေကို ပြည်တွင်းမှာ တင်သွင်း ရောင်းချနိုင်ဖို့ အတွက် ပြည်တွင်း က Performance Auto Inter-national ကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုး ခဲ့ပါတယ်။

‘‘၂၀၁၂ လောက် ကတည်း က UMG ကုမ္ပဏီအနေနဲ့ Volvo လုပ်ငန်းသုံးနဲ့ ယန္တရားတွေကို ပြည်တွင်း ဈေးကွက်ထဲမှာ ဖြန့် ဖြူး ရောင်းချ လာခဲ့တာပါ။

အခုက တော့ လုပ်ငန်းသုံး ကားတွေ အပြင် အိမ်စီးကားတွေ ကိုပါ ရောင်းချ ပေးဖို့ စီစဉ်နေပါတယ်။ လာမယ့် ဇူလိုင်လနဲ့ သြဂုတ်လတွေ အတွင်း စတင်ရောင်းချ ပေးနိုင်မှာပါ’’လို့ Performance Auto Internati-onal ကုမ္ပဏီမှ Chief Financial Officer ဒေါ်နွေးနွေးလှိုင်က ပြော ပါတယ်။



ပြည်တွင်းဈေးကွက်ထဲမှာ Volvo တံဆိပ်ဆိုရင် လုပ်ငန်းသုံး ယန္တရား၊ ကွန်ကရစ် Mixer နဲ့ လုပ် ငန်းသုံးအကြီးစား ထရပ်ကားတွေ အဖြစ် လူသိများ ကြပါတယ်။

၂၀၁၂ လောက်နဲ့ ၂၀၁၀ အစော ပိုင်းကာလတွေမှာကတည်းက UMG အုပ်စုက Volvo ယန္တရားတွေ ကို တင်သွင်းရောင်းချခဲ့တာဖြစ် ပါတယ်။ ၂၀၁၂ လောက်ကစပြီး လုပ် ငန်းသုံးအကြီးစား Truck တွေနဲ့ ဘတ်စ်ကားတွေကိုပါ တင်သွင်း ရောင်းချခဲ့ပါတယ်။

ယင်းလုပ်ငန်း သုံးကားနဲ့ ယန္တရားတွေကို တရုတ် နိုင်ငံ Volvo စက်ရုံထုတ်ကားတွေ ကို တင်သွင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ ရောင်းချပေး သွားမယ့် ကားတွေကတော့ Volvo Suv ကိုယ်ထည် XC90 နဲ့ Luxury Sedan ကိုယ်ထည် S90 တို့ကို စတင်ရောင်းချပေးသွားမှာ ဖြစ်ပါ တယ်။

အရောင်းပြခန်းဖွင့်လှစ်ပြီး နောက်ပိုင်းမှာ Sub-Brand ငါးမျိုး ခန့်ကို ထပ်မံရောင်းချနိုင်ဖို့အ တွက်လည်း စီစဉ်ထားတယ်လို့ Volvo မှ တာဝန်ရှိသူတွေက ဒီနေ့ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်တဲ့ စာ နယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါ တယ်။

Volvo က ထုတ်လုပ်တဲ့ကား တွေကတော့ ဥရောပဈေးကွက် အတွင်းမှာ လုံခြုံရေးစနစ်နဲ့ ယာဉ် အန္တရာယ်ကာကွယ်ရေးကဏ္ဍ တွေအတွက် နာမည်အရဆုံး အ မှတ်တံဆိပ်တစ်ခု ဖြစ်တာတွေ့ရ ပါတယ်။

အောင်ဖြိုးမွန်

Originally published at - http://www.7daycars.com/story/270


Read More »

Monday, February 22, 2016

ဆော့ဖ်ဝဲ ချွတ်ယွင်းမှုကြောင့် Volvo ကုမ္ပဏီ ကားအစီးရေ ၅၉၀၀၀ ပြန်သိမ်းယူမည်




ကားအင်ဂျင်နှင့် အီလက်ထရွန်းနစ် စနစ်တို့ကို ခေတ္တပိတ် သွားစေနိုင်သည့် ဆော့ဖ်ဝဲ ချွတ်ယွင်းမှုနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံရှိ ကားအစီးရေ ၇၀၀၀ အပါအ၀င် Volvo ကုမ္ပဏီက ကားအစီးရေ ၅၉၀၀၀ ကို ပြန်သိမ်း ယူမည် ဖြစ်သည်။


ယင်းဆော့ဖ်ဝဲ ချွတ်ယွင်း မှုကြောင့် ကားမတော် တဆ ဖြစ်ပွားမှုများ မရှိကြောင်း Volvo ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူ စတီဖန် အယ်လ်စထရွန်းက ပြောသည်။

Volvo ကုမ္ပဏီက ပြန်သိမ်း ယူနေသော ကားများတွင် ၂၀၁၆ ဒီဇင်မော်ဒယ် ငါးမျိုးဖြစ်သည့် S60၊ XC 60၊ V60၊ V70 နှင့် XC 70 ကား အမျိုးအစားများ ပါဝင်သည်။

Volvo ကုမ္ပဏီက ယင်းကား အမျိုးအစား ပိုင်ဆိုင်ထား သူများထံသို့ စာရေး ဆက်သွယ်ထားပြီး အဆိုပါ ချွတ်ယွင်းမှုကို အခမဲ့ ပြင်ဆင်နီုင်ရေး ပြည်တွင်း လုပ်ငန်းခွဲများနှင့် ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း အသိပေး ထားသည်။

Volvo ကုမ္ပဏီက ယင်းချွတ်ယွင်းချက် ဖြစ်ရသည့် အဓိက အကြောင်းရင်းကို ဖော်ထုတ်ကာ ဆော့ဖ်ဝဲ ပြဿနာကို ဖြေရှင်းထားသည့် ဆော့ဖ်ဝဲ အသစ်တစ်မျိုး ထုတ်လုပ် ထားသည်။

Volvo ကုမ္ပဏီက ဈေးကွက်ပေါင်း ၄၀ ရှိ ကားများကို ပြန်သိမ်း ယူမည် ဖြစ်သော်လည်း ကားပေါင်း ၅၉၀၀၀ ၏ ထက်ဝက်ခန့်မှာ ဆွီဒင်နိုင်ငံတွင် ရောင်းထားသော ကားများဖြစ်ပြီး ကျန်ကားများကို ဗြိတိန်နှင့် ဂျာမနီတွင် ရောင်းချထားသည်။

အမြန်နှုန်းဖြင့် မောင်းနှင် နေချိန်တွင် ယာဉ်မောင်းများ ယင်းပြဿနာကို သတိ မပြုမိနိုင်ကြောင်းနှင့် အင်ဂျင်နှင့် အီလက် ထရွန်နစ်စနစ်တို့ ရပ်သွားပြီး ချက်ချင်း ဆိုသလို ပြန်ပွင့် လာကြောင်း Volvo ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

—Ref: UPI

Originally published at -


Read More »

Saturday, October 31, 2015

မော်ဒယ်မြင့် Alto တွေ စွမ်းဆောင်ရည် ကောင်းလာတယ်



photo - autoexpress.com

ကျနော်တို့ ရန်ကုန်မှာတော့ Alto တွေကို အတွေ့ရဆုံး ပုံစံကTaxi တွေ အနေနဲ့ ပါပဲနော်။ အိမ်စီးတွေ အနေနဲ့ တွေ့ရပေမယ့် တော်တော်လေးကို ရှားပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ဘူးလေ။ မိသားစု ငါးယောက်စီး အနေအထား လောက်ထိအောင် ဖန်တီး ထားတာ မှန်ပေမယ့် Alto က Air-con တွေ ထည့်လိုက်၊ ဖျော်ဖြေရေး စနစ်တွေပါ တိုးလိုက်တော့ သူ့မှာ တပ်ဆင်ထားတဲ့ အင်ဂျင်လေးနဲ့ ဘယ်လိုလုပ် နိုင်တော့မှာလဲ။

ကျနော်တို့ မြန်မာလူမျိုးတွေ ကလည်း ခက်သားလားဗျ၊ ကားလေး တစ်းစီး ၀ယ်ပြီးပြီ ဆိုတာနဲ့ ရန်ကုန်မှာ နေတယ် ဆိုရင်တောင် ရန်ကုန်မှာပဲ သွားဖို့ လာဖို့ သုံးရုံတင် မဟုတ်ပဲ၊ တခါတလေ ဘုရားဖူးလေး၊ အပန်းဖြေလေး ထွက်လိုက်ရင် ဒီကားနဲ့ပဲ သွားချင် တာကို၊ ဒီမှာ City အတွက်လောက်ပဲ အဆင်ပြေတဲ့ အင်ဂျင် အသေးတပ် Alto ကအိမ်စီး မော်ဒယ်အနေနဲ့ အံမ၀င်တော့ဘူး။

ဒါနဲ့ ရန်ကုန်မှာပဲ အလုပ်ဖြစ်တဲ့ Taxi အနေနဲ့ Alto တွေဖြစ်နေ ရတော့တာပါ။ ဒါပေမယ့် အခုကျနော်ပြောမယ့် Alto လေးတွေကတော့ မော်ဒယ်မြင့်လေးတွေ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ဥရောပဈေးကွက်မှာတင် မော်ဒယ်ရဲ့ အောင်မြင်မှုနဲ့ အတူ ၂၀၂၀ မှာ ဥရောပတ၀ှမ်း ဓါတ်ငွေ့ ထုတ်လွှတ်မှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ပြန်ပြီး သတ်မှတ်ချက်နဲ့ မညီတဲ့ မော်ဒယ်တွေကို တင်သွင်း ခွင့်တွေ ပိတ်တော့ မယ်လေ။ ဒီတော့ ဥရောပမှာ ကားသေးလေးတွေ အ၀ယ်လိုက်၊ လူကြိုက်နေသဗျ။ ဒါနဲ့ Suzuki က Swift ကို အဆင့်မြှင့်တင်၊ နောက် Alto ကိုပါ မြှင့်လာတယ်။

ဒါကြောင့် မော်ဒယ်မြင့် Alto တွေက ကောင်းလာတယ်၊ မြင့်လာတယ် ဆိုတဲ့ စကားလေးပြောချင်လို့ အထက်က စာလေးက စကားခံလိုက်တာပါနော်။ ပြည်တွင်းမှာတော့ အရမ်းမြင့်တဲ့ မော်ဒယ်တွေ မတွေ့ရသေးပေမယ့် ၂၀၁၀-၁၁ ခုနှစ် ၀န်းကျင်ထုတ် Alto တွေ အ၀င်များ လာတာပါ။ အင်ဂျင်ပိုင်းကတော့ အရင်ကမော်ဒယ်တွေလိုပဲ ၆၆၀ စီစီအင်ဂျင်ကိုပဲ တပ်ဆင် ထားသေးတာ ဖြစ်ပေမယ့် အင်ဂျင်ပိုင်းက စွမ်းဆောင်ရည် တော်တော်လေး တက်လာတာ တွေ့ရသလို ဆီစားနှုန်း ပိုချိုလာပါတယ်။

ဈေးကွက်ဝင် မော်ဒယ်မြင့် Alto လေးတွေက ကီလို ၅သောင်း ၀န်းကျင်လောက် မောင်းနှင်ထားပြီး ဖြစ်တာကြောင့် သက်တမ်းအရ လေးချိုးတစ်ချိုးတော့ ကုန်နေပြီပေါ့ဗျာ။

ဒါပေမယ့် ဈေးနည်းနည်းလေးနဲ့ ရနိုင်မယ့် မော်ဒယ်မြင့်အတွက် သက်တမ်းသုံးချိုးတစ်ချိုးဆိုတာက နည်းတာမှ မဟုတ်တာ။ နောက်ပိုင်း Auto စနစ်တွေက ရှေ့ထွက် မော်ဒယ်လေးတွေထက် သွက်လာတယ်၊ ပျော့လာတယ်၊ မောင်းနှင်ရတာ ကောင်းလာတယ်၊ တော်တော်တန်တန် ခရီးဝေး စွမ်းဆောင်ရည်ပါ ပြလာနိုင်တယ်၊ ဒါပေမယ့် ခရီးဝေး မောင်းရင်တော့ Air-con မဖွင့်နဲ့ပေါ့ဗျာ။

အရောင်ပိုင်းကတော့ အရင်လိုပါပဲအဖြူတွေပဲအတွေ့ရများပါတယ်။ အတွင်းခန်းပိုင်း ထူးခြားမလာပေမယ့် ထိုင်ခုံပိုင်းလေးတွေတော့ အရင်ကထက် ပိုကောင်းလာတဲ့ Alto တွေကဈေးနှုန်းအရ ၈၅သိန်း လောက်ထိအောင် ခေါ်နေတာမှန်ပေမယ့် ကျနော်ကတော့ ၈၀ လောက်ပဲ အလွန်ဆုံးသင့်တယ်လို့ မြင်မိနေတာပါ။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/alto.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 30, 2015

မောင်းသူမဲ့ မာစီဒီး ဇိမ်ခံကား Tokyo Vision




ဂျာမနီ အခြေဆိုက် မာစီဒီး ကုမ္ဗဏီ အနေနဲ့ တိုကျိုမြို့က ကားပြပွဲ တစ်ခုမှာ ၎င်းတို့ ထုတ်လုပ် aတာ့မယ့် မောင်းသူမဲ့ ကား တစ်မျိုးကို မိတ်ဆက် jပသ လိုက် ပါတယ်။ ယင်း ကားကို တိုကျိုမြို့မှာ စတင် ပြသ တာကြောင့် Tokyo Vision လို့ အမည် အမည်ပေး ထား ပါတယ်။

သူ့ကို Concept အဆင့် တည်ဆောက်မှုသာ ရှိသေးပြီး အပြီးသတ် ထုတ်လုပ် ဖန်တီးဖို့ ကတော့ လိုအပ် ပါအုံးမယ်။ ဒီဇိုင်း အားဖြင့် ထူးခြားပြီး အတွင်းမှာ ထိုင်စရာ ခင်းကျင်း ထားမှုဟာ ခါးရှည် ဇိမ်ခံ ကားများနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဘေးပတ်လည် ဝိုင်းပတ် ထိုင်ရတဲ့ ပုံစံ ဖြစ်ပါတယ်။ လူထိုင် မောင်းစရာ နေရာ တစ်ခု ရှိပေမယ့် လူမမောင်းပဲ အလိုအလျာက် သွားဖို့ ပိုရည်ရွယ် တဲ့ကား ဖြစ်ပါတယ်။

အတွင်းမှာ ထူးခြားချက် အနေနဲ့ အင်တနက်နဲ့ နည်းပညာ ပစ္စည်း အသုံးပြုဖို့အတွက် 3D ပုံရိပ်များပေါ်လာမှာ ဖြစ်ပါတယ်။ ကင်မရာ ဖွင့်မှာလား အင်တာနက် အသုံးမှာလား အစရှိသဖြင့် icon 3D ပုံရိပ်များကို ဖိနှိပ်ရုံနဲ့ ဝင်ရောက် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

ဖန်သားပြင် မပါပါဘူး။ ကားမှာတော့ ဘေးပတ်လည်း ကင်မရာများ တပ်ဆင်ထားပြီး ဂြိုလ်တု မြေပုံ နဲ့လည်း ချိတ်ဆက် ထားတာကြောင့် အဝေးက အတားအဆီး အဟန့်အတားများကို သိနိုင်ပါတယ်။ ကင်မရာနဲ့ အာရုံခံ များ တပ်ထား တာကြောင့် အနီးပတ်လည်က အတားအဆီး အဟန့်အတားများကို သိနိုင်ပါတယ်။

အန္တရာယ်ကို ရှောင်တိမ်းနိုင်ပြီး ရှောင်တိမ်းရန် ခက်ခဲရင် သူ့ပါသူ ရပ်ပြီးတော့ စောင့်ပါတယ်။ မောင်းသူမဲ့ ကားများကို ကုမ္ဗဏီ အများစု ထုပ်လုပ်ရန် ကြိုးစားနေပြီး ယင်းထဲမှာ Apple တောင် ပါဝင် ပါသေးတယ်။

၂၀၁၆ တစ်နှစ်ဟာ ဆိုရင် ကုမ္ဗဏီအများစုရဲ့ မောင်းသူမဲ့ကား Sample များကို ပိုမို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: theverge

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/10/28/tokyovision/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 02, 2015

ဆူညံသံများကို ဖျောက်ပစ်မည့် ခေတ်လွန် လျှပ်စစ်ကား (ရုပ်သံ)




ဖူးရှိုး ကားကုမ္ပဏီဟာ ဖရန့်ဖာ့တ် ကားပြပွဲမှာ သူတို့ရဲ့ ခေတ်လွန် ကားသစ် တစီးကို ပြသ ခဲ့ပါတယ်။ ဖူးရှိုး ဖရက်တယ် တံခါး ၂ ပေါက်ပါ လျှပ်စစ် ကားဟာ ကားမောင်း ရတဲ့ အတွေ့ အကြုံမှာ အဓိက ဖြစ်တဲ့ အင်ဂျင်သံ ကိုပါ ဖြည့်စွက်ပေး ထားပါတယ်။ ဒါဟာ လျှပ်စစ် ကားတွေမှာ ပျောက်ဆုံးနေတဲ့ အင်္ဂါရပ် ပဲလို့ ဖူးရှိုး ကားကုမ္ပဏီက ယုံကြည် ထားပါတယ်။

“ဖူးရှိုး ကုမ္ပဏီ အဖို့ အနာဂတ်မှာ လျှပ်စစ်ကား ဆိုရင် ဒီလိုရော ဖြစ်နိုင် သလားဆိုပြီး စူးစမ်း ကြည့်တဲ့ သဘောပါ။ ဒီအတွေးပေါ် အခြေခံပြီး လျှပ်စစ်ကား မောင်းရတဲ့ အရသာ တခုကို ပေးနိုင်ဖို့ အားထုတ် တာပါ။ ဘာလို့လဲ ဆိုတော့ လျှပ်စစ်ကား တွေမှာက အသံမှ မပါတာ။ အရင်ကဆိုရင် ကားမောင်းတဲ့ အတွေ့အကြုံမှာ အသံက အဓိကကိုး။”

ကားအတွင်း ပိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကို 3D ပရင်တာနဲ့ ထုတ်ထား တာဖြစ်ပြီး ဒီလို ထိုးထိုး ထောင်ထောင် ကြွတက်နေတဲ့ ပုံစံ ရာချီနဲ့ ကွပ်ထား တာမို့ လမ်းရဲ့ ဆူညံ သံတွေနဲ့ ကားတွင်းက အသံတွေကို စုပ်ယူနိုင်ပါတယ်။

“ဒီပုံသဏ္ဌာန် တွေကို ဒီဇိုင်နာတွေရဲ့ တီထွင်မှု တစိတ်တပိုင်း ပါဝင် ပါတယ်။ ဒါပေမယ့် အကန့်အသတ်ထဲ ၀င်မယ့် ပုံစံလောင်း ညီမျှခြင်း နဲ့သာ ထုတ်လုပ် ထားတာပါ။ ကိုယ်က အသံ လာရာကို ပြောပြပြီး ဖျောက်ပစ် ချင်ကြောင်း ကွန်ပျူတာကို ပြောပြ ရတယ်။ ဒီပုံသဏ္ဌာန် တွေက သိပ်ကို ရှုပ်ထွေးတယ်။ ဒါတွေကို ပလတ်စတစ်နဲ့ မိုလောင်းလို့ မရဘူး။ ဒီတော့ မိုမသွင်းဘဲ ထုတ်ရ တာပေါ့။ ဒီတော့ ရှုပ်ထွေးပြီပေါ့။”

အန္တရာယ်ကင်း ပစ္စည်း အသစ်တွေကို လျှပ်စစ်နဲ့ လျှပ်စစ်နဲ့ အင်ဂျင် ဖက်စပ် ကားတွေမှာ တပ်ဆင် လာမှာဖြစ်ပြီး လမ်းသွား လမ်းလာတွေနဲ့ စက်ဘီး သမားတွေကို အသံပြု အချက်ပြ ပေးမှာပါ။ ကားတွင်းမှာ ပြိုင်ဘက်ကင်း အသံ ဖန်တီး ထားသလို ကားပြင်မှာလည်း သွားနေတဲ့ အရှိန်နှုန်း အလိုက် ပြောင်းပေးတဲ့ အသံစနစ်တွေ ဖူးရှိုးဖရက်တယ်ကားမှာ တပ်ဆင် ထားပါတယ်။ ခုလက်ရှိ ဖူးရှိုး ဖရက်တယ် ကားကို ဈေးကွက်မှာဖြန့်မှာ မဟုတ်ပေမယ့် ဒီပုံစံက နောင်ထုတ်လုပ်မယ့် ကားမော်ဒယ်တွေကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။

“ဒီခေတ်လွန်ကားကို နမူနာယူပြီး နောက်ထုတ်လုပ်လာမယ့် ကျနော်တို့ကားတွေမှာ ထည့်သွင်းလာမယ့် အမယ်တွေက အများကြီးပဲ။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာအရ ခုထုတ်မယ့် ကားပုံစံက သိပ်ကို ပြောင်စပ်စပ်ဖြစ်နေတယ်။ ကျနော်ကတော့ ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတာ ဆိုတော့ ဒီကားလေးကို နေ့တိုင်းမောင်းချင်တယ်။”

ဒီကားကို လစ်သီယမ်ဘက်ထရီနဲ့ လည်ပတ်တာဖြစ်ပြီး မိုင် ၂၈၀ ထိ ခရီးနှင်နိုင်ပါတယ်။ ရပ်ရာကနေ ၆ ဒသမ ၈ စက္ကန့်အတွင်းမှာ တနာရီ ၆၂ မိုင်နှုန်းထိ အရှိန်တင်နိုင်ပါတယ်။

video

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114444

Read More »