နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ရေဒီယိုသတင်း. Show all posts
Showing posts with label ရေဒီယိုသတင်း. Show all posts

Friday, May 18, 2012

ဗုဒ္ဓဟူးနေ့ညပိုင်း ဘီဘီစီ အစီအစဉ်



စစ်ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံရသူ အာဏာရှင်ဟောင်းတွေက နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို မာမာတင်းတင်း ဆက်ဆံ၊ စိတ်ကူးယဉ် ၀တ္ထုရေးရင် စိစစ်ရေး တင်စရာ မလို၊ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ရင် မကန့်ကွက်၊ ဒီမိုကရေစီ ခေတ်မှာတောင် အိမ်သိမ်း၊ မြေသိမ်း ဖယ်ရှားတာတွေ ဖြစ်နေဆဲ၊ ညီမျှအောင် ဘယ်လို ရှင်းကြမလဲ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ် အပါအ၀င် မေ ၁၆၊ ဗုဒ္ဓဟူးနေ့ညပိုင်း ဘီဘီစီ အစီအစဉ်ကို နားဆင်နိုင်ကြပါတယ်။

မလာဒစ်ရှ်ကို စစ်ဆေးတဲ့ ခုံရုံးပြန်စ
စစ်ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ရှ်
ဒုတိယကမ္ဘာစစ်ပြီး ကထဲက အရက်စက်ဆုံး စစ်ရာဇဝတ်မှု ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဘော့စနီးယား ဆာ့ဘ် စစ်ခေါင်းဆောင် ရက်ကို မလာဒစ်ရှ်ကို စစ်ဆေးတဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်က နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို မေ ၁၆ မှာ ပြန်လည် စတင်လိုက်ပါတယ်။
စွပ်စွဲခံထားသူ ဗိုလ်ချုပ်ကြီး မလာဒစ်ရှ်က တရားခွင်ထဲ ဝင်လာတဲ့အချိန်မှာ လက်မကို ထောင်ပြခဲ့သလို လက်ခုပ်လက်ဝါးတီးခဲ့တာလည်း တွေ့ရပါတယ်။ ၁၉၉၅ ခုနှစ် ဘောလကန် စစ်ပွဲအတွင်း ဆာဘရန်နီကာမှာ မွတ်ဆလင် အမျိုးသားကြီးငယ် ခုနစ်ထောင်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုပေါင်း ပြစ်ချက် ၁၁ ချက်နဲ့ မလာဒစ်ရှ်ကို စွပ်စွဲထားကြတာ ဖြစ်ပါတယ်။
Read More »