နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အော်ပရေတာ. Show all posts
Showing posts with label အော်ပရေတာ. Show all posts

Friday, February 03, 2017

တယ်လီနော ကုမ္ပဏီက အနှေးယာဉ် များအား ကူညီ ပြုပြင်ပေး




‘တယ်လီနော ကုမ္မဏီရဲ့ အနှေးယာဉ် များအား ကူညီ ပြုပြင် ပေးခြင်း’ အစီ အစဉ်ကို လှိုင်မြို့နယ်မှာ ပြုလုပ် ပေးခဲ့ ပါတယ်။

ဆက်သွယ်ရေး ကုမ္မဏီ တခုဖြစ်တဲ့ တယ်လီနော ကုမ္မဏီရဲ့ အနှေးယာဉ် များအား ကူညီ ပြုပြင် ပေးခြင်း အစီ အစဉ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်က ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမ ကျောင်းလမ်းမှာ ပထမဆုံး အကြိမ် စတင် လုပ်ဆောင်ပေး ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီ အစဉ်မှာ အနှေးယာဉ် ဆိုက်ကား ၂၅၀ အတွက် ဘီးကာဗာတွေ တပ်ဆင် ပေးတာ၊ ဆိုက်ကားတွေ အတွက် ထီးတွေ တပ်ဆင် ပေးတာ တွေကို လုပ်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

“လှိုင်မြို့နယ်မှာ ဆိုက်ကားပေါင်း ၁၅၀၀ လောက် ရှိတယ်။ အဲဒီလောက် ရှိတဲ့ အထဲက ရှေ့ပြေး အနေနဲ့ ၂၅၀ လောက်ကို အခု တယ်လီနော Branding တွေ လုပ်ပေး ခဲ့တယ်။

အကျိုးကျေးဇူးအနေနဲ့ ဆိုရင်တော့ လုပ်ရတဲ့ ရည်ရွယ်ချက်ပေါ့နော်။ ဆိုက်ကားလေး တွေလည်း သေသေ သပ်သပ် ဖြစ်သွားတယ်။ စီးတဲ့ လူတွေ၊ နင်းတဲ့ လူတွေလည်း နေအရိပ် ထဲက အေးအေး သက်သာ စီးရတယ်ပေါ့။

ရန်ကုန်မြို့တော် သာယာလှပရေး အတွက်လည်း တဖက် တလမ်းက အထောက် အကူပြုပါတယ်။ ကျနော်တို့ အနေနဲ့ ဒီလိုမျိုး ရည်ရွယ်ချက် တွေနဲ့ ဆောင်ရွက်
ပေးတာ ဖြစ်ပါတယ်” လို့ တယ်လီနော မြန်မာမှ Senior Expert, Corporate Communications ကိုအဲလက်စ် ညီညီအောင်က ပြောပါတယ်။

အနှေးယာဉ် လုပ်သားတွေကို ကူညီပြင်ဆင် ပေးတဲ့ အစီအစဉ်မှာ လှိုင်မြို့နယ်ထဲက အနှေးယာဉ် လုပ်သား အားလုံး မပါဝင်ခဲ့ တာကြောင့် အနှေးယာဉ် လုပ်သားတွေ ကြားမှာ ဝေဖန် မှုတွေလည်း ရှိပါတယ်။

ဒါ့အပြင် အနှေးယာဉ်တွေကို ပြင်ဆင်ပေး တာတွေ၊ အနှေးယာဉ် လုပ်သားတဦးကို ၅၀၀၀ ပေးတဲ့ ပုံစံကိုလည်း အတိအကျ မသိရဘူးလို့ အနှေးယာဉ် လုပ်သားတဦးက ဆိုပါတယ်။

“ဒီအတိုင်းပဲ ကပ်ပေးမယ်၊ စာရင်းပေး ဆိုပြီး စာရင်းပေး တဲ့သူ ကပ်ပေး သွားပြီးတော့ ပိုက်ဆံ ၅၀၀၀ ပေးသွားတယ်။ ကျနော်တို့ သိတာ ကတော့ ကြော်ငြာတဲ့ အနေနဲ့ပေါ့။ အဲဒီလောက်ပဲ သိတယ်။

အခု ၅၀၀၀ ပေးတယ်လို့ပြောတာ ၁ လကို ၅၀၀၀ ပေးတာလား။ အခုအစီးရေ ၂၅၀ ထဲမှာ လာတဲ့အစီးတွေပဲ ရပြီးတော့ စာရင်းထဲကျန်တာတွေက ဘယ်နေ့ကို ချိန်းမှာလဲ။ နောက်လကျမှပေါင်းပြီးတော့ ၁ သောင်း ပေးမှာလား။ အဲဒါကို ကျနော်တို့က သိချင်တာ” လို့ အနှေးယာဉ်လုပ်သား ဦးညွန့်ဟန်က ပြောပါတယ်။

အခုပြုလုပ်ပေးတဲ့ အစီအစဉ်ကို ၁ နှစ်တာကာလအနေနဲ့ သတ်မှတ်ပေးထားပြီး အနှေးယာဉ် လုပ်သားတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အပေါ် မူတည်ပြီး နောက်ထပ် အစီအစဉ်တွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by ဟိန်းကို

Originally published at - http://burmese.dvb.no/archives/187334


Read More »

Sunday, January 15, 2017

စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ကျေးလက်ဒေသကို အခြေခံမည်ဟုဆို




ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် Myanmar National Tele & Communications Co.,Ltd သည် အမျိုးသားပိုင် အော်ပရေတာဖြစ် သည့်အတွက် ကျေးလက် ဒေသများကို အခြေခံ ပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းမိုးမှု ရှိအောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မီဒီယာ များအားပြော ကြားခဲ့သည်။

MNTC အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယခုအခါMNTC အနေဖြင့် စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာအဖြစ်Star High Co.,Ltd. မှ ရှယ်ယာ ၂၈ ရာခိုင်နှုန်း၊Myanmar National Telecom Holding Public Ltd. မှ ရှယ်ယာ ၂၃ ရာခိုင်နှုန်းပူးပေါင်း၍ ပြည်တွင်းအစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုအဖြစ် ဗီယက်နမ်နိုင်ငံ Viettel Global Investment JSC မှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း လုပ်ငန်းဖွဲ့စည်းဆောင်ရွက်ခဲ့ပုံနှင့် မြန်မာ နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ဝန်ဆောင် မှုလုပ်ငန်းများကို မြို့ပြကျေးလက်နှင့် တောင်ပေါ်ဒေသများပါမကျန် နေရာ အနှံ့ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဒုတိယမြောက် မြန်မာအမျိုး သားပိုင် ဆက်သွယ်ရေးအော်ပရေတာ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ဗီယက်နမ် ချစ်ကြည်ရေး ကို ဖော်ဆောင်သော သဘောဆောင် သည့် အနေဖြင့် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com/myanmar/science-technology/8601-2017-01-15-04-28-35.html

Read More »

Thursday, January 12, 2017

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလိုင်စင် ပေးအပ်




မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့် ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနတို့ ဒီကနေ့ နေပြည်တော်မှာ လက်မှတ် ရေးထိုး လိုက်ပါတယ်။

လိုင်စင်ကြေး အဖြစ် Myanmar National Tele & Communications Co.,Ltd အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ပေးသွင်း ရတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

လိုင်စင်သက်တမ်းအနေနဲ့ ၁၅ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုစတုတ္ထမြောက် အော်ပရေတာက သူတို့ထက် နောက်ကျပြီးမှ ဝင်တဲ့ အတွက် ဈေးကွက် ရှယ်ယာကလည်း သူတို့ထက်စာရင် နည်းသွားတဲ့ အတွက် နိုင်ငံတော်က သန်း ၃၀၀ လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်” လို့ ဦးမျိုးဆွေက ဆိုပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မူဝါဒဖြစ်တဲ့ မိုလ်ဘိုင်းအော်ပရေတာ ၄ ဦး (ပြည်တွင်း အော်ပရေတာ ၂ ဦး)၊ ပြည်ပအော်ပရေတာ ၂ ဦးအရ ဒုတိယမြောက် ပြည်တွင်း (မြန်မာ) အော်ပရေတာလည်း ဖြစ်ပါတယ်။

ပြည်ပအော်ပရေတာတွေဖြစ်တဲ့ Telenor အနေနဲ့ လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၀၊ Ooredoo က သန်း ၁၀၅၀ နဲ့ ပေးသွင်းခဲ့ရပါတယ်။

စတုတ္ထမြောက်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd ကို Myanmar National Telecom Holding Public Limited က ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd က ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်းပြီး ပြည်တွင်းအစုရှယ်ယာအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဗီယက်နမ်က Viettel Company က ၄၉ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Myanmar National Tele & Communications Co.,Ltd ရဲ့ ပြင်ပဆက်သွယ်ရေးအမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက “ကျနော်တို့မှန်းထားတာက လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကို Network လွှမ်းမိုးမှုရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ Network ကွန်ရက်ကို အကောင်းဆုံး ဖြစ်အောင် တည်ထောင်သွားပြီး အဲဒီအပေါ်ကနေပြီးတော့ပဲ ဝန်ဆောင်မှုကို အကောင်းဆုံး ပေးသွားမှာ ဖြစ်ပါတယ်။

အကျိုးအမြတ်တွေကိုလည်း ပထမသက်တမ်း ၁၅ နှစ်အတွင်းမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ကို CSR အနေနဲ့ သုံးစွဲပေးသွားမှာပါ။ အဲဒါမှာ ဘာတွေပါမလဲဆိုတော့ Public Location ပေါင်း ၅၀၀၀ မှာ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေမှာ Internet Access တွေရအောင် အဓိကထားပြီး အင်တာနက်အခမဲ့ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ဆင်းကဒ် နာမည်ကိုတော့ ရွေးချယ်နေဆဲဖြစ်ပြီး ဖုန်းနံပါတ်တွေကိုတော့ 096 တွေနဲ့ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းကတ်တန်ဖိုးနဲ့ ဖုန်းခေါ်ဆိုခတွေကတော့ လက်ရှိ အော်ပရေတာတွေနဲ့ ဈေးနှုန်းအတူတူပဲလို့ ပြောပါတယ်။ လုပ်ငန်းစတင်လည်ပတ်ဖို့ ၁ နှစ်ခန့်ကြာဦးမယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by နေဖြိုးဝင်း

Originally published at - http://burmese.dvb.no/archives/183712

Read More »

Wednesday, December 21, 2016

မှတ်ပုံတင်ပြီး အမ်ပီတီ ဖုန်းဆင်းမ်ကတ်များ ထပ်မံမှတ်ပုံတင်ရန် မလို




မြန်မာ့ ဆက်သွယ်ရေး အမ်ပီတီ ဖုန်းတွေကို မှတ်ပုံ တင်ဖို့ လိုအပ်နေ တယ်လို့ ဖုန်းထဲကို စာတိုတွေ ပေးပို့နေ ပမယ့် မှတ်ပုံ တင်ပြီးသား ဆိုရင် မလိုအပ် ဘူးလို့ အမ်ပီတီရဲ့ ဒုတိယ စီးပွားရေး အရာချုပ် ဦးသိန်းဟုတ်က ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ အမ်ပီတီဆင်းမ်ကတ်တွေ သွားရောက်မှတ်ပုံတင်နေကြတဲ့ ကြားထဲက မှတ်ပုံတင်ဖို့ လိုအပ်နေတယ်လို့ စာတိုတွေ မိုဘိုင်းဖုန်းသုံးသူတွေထံ ထပ်မံဝင်ရောက်နေတာပါ။

“အခု မက်ဆေ့ဂ်ျကို စာပြင်ခိုင်းထားပါပြီ။ မှတ်ပုံမတင်ရသေးရင် ဆိုပြီး ထပ်ထည့်ခိုင်းထားပါတယ်” လို့ ဦးသိန်းဟုတ်က ဒီဗွီဘီကို ပြောပါတယ်။

ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံတင်မထားဘူးဆိုရင် ၂၀၁၇ မတ်လကုန်မှာ ယာယီဖြတ်တောက်သွားမယ်လို့ အစိုးရက ကြေညာထားတာဖြစ်ပြီး လက်ရှိအချိန်ထိ အမ်ပီတီ သုံးစွဲသူပေါင်း ၂၁ သန်းလောက်ရှိတဲ့အထဲ ၁၃ သန်းဝန်းကျင် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်တွေ၊ အမည်ပေါက်စာချုပ်နဲ့ ဝယ်ယူထားပြီး ကိုယ်တိုင်သုံးနေတဲ့ ဆင်းမ်ကတ်တွေကတော့ ထပ်ပြီး မှတ်ပုံတင်စရာမလိုဘဲ သုံးစွဲသူ ပြောင်းနေရင်တော့ မှတ်ပုံပြန်တင်ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် ကျောင်းသားကတ် တခုခုလိုမှာဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ပတ်စ်ပို့ ဒါမှမဟုတ် အစိုးရက ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားတခုခု လိုအပ်ပါတယ်။

အမ်ပီတီဖုန်းတွေအနေနဲ့ မှတ်ပုံမတင်ရသေးဘူးဆိုရင် အမ်ပီတီအိတ်ချိန်းတွေ၊ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေနဲ့ စီဘီဘဏ်၊ ကေဘီဇက်ဘဏ်တွေမှာ မှတ်ပုံတင်လို့ရမှာပါ။

ဒါ့အပြင်
  1. အမ်ပီတီ ဝက်ဘ်ဆိုက် https://care.mpt.com.mm/၊
  2. တယ်လီနောဝက်ဘ်ဆိုက် http://ecaf.telenor.com.mm နဲ့
  3. အမ်အီးစီဖုန်းတွေကတော့ www.mectel.com.mm ဝက်ဘ်ဆိုက် ကနေပြီး ကိုယ်တိုင် မှတ်ပုံတင်လို့ ရပါတယ်။

  • တယ်လီနောဆိုရင် *979*3*3#
  • အူရီဒူးဆိုရင် *666# ကိုနှိပ်ပြီးလည်း စစ်ဆေးနိုင် သလို မှတ်ပုံ မတင်ရသေး ရင်တော့ အွန်လိုင်းက မှတ်ပုံတင်ဖို့ နည်းလမ်းတွေကို တပါတည်း ပြသပေးမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ ဒီဗွီဘီ by ပိုင်စိုး

Originally published at - http://burmese.dvb.no/archives/180611

Read More »

Monday, July 25, 2016

အော်ရီဒူးမြန်မာရဲ့ ခုဖြေခုထော အစီအစဉ် ယာယီ ရပ်ဆိုင်း ခံရ




တယ်လီဖုန်း သုံးစွဲ သူတွေကြား ဝေဖန် မှုတွေ ရှိနေတဲ့ အော်ရီဒူး မြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီ ရပ်ဆိုင်းဖို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပရိုမိုးရှင်း အစီအစဉ် ပြုလုပ်မယ် ဆိုတာကို ကြိုတင် အကြောင်းကြား ခဲ့ခြင်း မရှိခဲ့ သလို ပြည်သူတွေ အကြား တုန့်ပြန်မှု မကောင်းတဲ့ အတွက် ယာယီ ရပ်ဆိုင်းဖို့ စာထုတ်တာ ဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။

အဲ့ဒီအစီအစဉ်ဟာ ဆက်သွယ်ရေး ဥပဒေနဲ့ ကိုက်ညီမှုရှိ / မရှိအပြင် တခြား ဥပဒေတွေနဲ့ ညီညွတ်မှုရှိ / မရှိ ကို စစ်ဆေး သွားမှာ ဖြစ်တယ် လို့လည်း ဦးမျိုးဆွေ က ပြောပါတယ်။

ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ဖုန်းခေါ်ဆိုခတွေနဲ့ပတ်သက်ပြီး ပြောင်းလဲကောက်ခံမယ် ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တစ်လ ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ကာလတို ပရိုမိုးရှင်းပြုလုပ်မယ်ဆိုရင် ၁၀ ရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေမှာ ပါရှိတာ ဖြစ်ပါတယ်။

"ခုဖြေခုထော" အစီအစဉ်ဟာ ကျပ်သိန်းသုံးထောင်ကျော်ဖိုး ဆုမဲတွေ ပါဝင်ပြီး ဖုန်းမက်ဆေ့ခ်ျ ကနေ ဥာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုရတာဖြစ်ပါတယ်။ အဖြေမှန်ရရတဲ့ အမှတ်ကို စုပေါင်းပြီး သတ်မှတ်ထားတဲ့ အမှတ်ကို ရောက်ရှိအောင် ဖြေဆိုရတာဖြစ်ပါတယ်။ ဥာဏ်စမ်းမေးခွန်းတွေကို ပြန်ဖြေတဲ့ မက်ဆေ့ခ်ျ တစ်စောင်ဟာ ငွေ ၂၀၀ ကျပ် ကျသင့်တာ ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့လောက်ကစတင်တာဖြစ်ပြီး အော်ရီဒူးဖုန်းသုံးစွဲသူတွေ ပါဝင်နိုင်တာဖြစ်ပါတယ်။ ပြည်သူတွေအကြား မှာ ဝေဖန်ပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဆုကြီးအနေနဲ့ ငွေကျပ်သိန်း ၃၀၀ ရရှိမှာဖြစ်ပြီး နေ့စဉ်အတွက် ငွေကျပ်သိန်း ၃၀ ပေးသွားမှာ ဖြစ်သလို အပတ်စဉ်အနေနဲ့ စမတ်ဖုန်းနဲ့တက်ဘလက်တွေ ကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ အော်ရီဒူးမြန်မာက ကြေညာထားတာ ဖြစ်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese/news

Read More »

Saturday, December 19, 2015

တစ်မိနစ် တစ်ကျပ်နှုန်း ပရိုမိုးရှင်း Telenor စတင်




တယ်လီနော မြန်မာမှ ည ၁၁ နာရီမှ နံနက် ၇ နာရီ အတွင်း အသုံးပြုသူများ အတွက် တမိနစ်လျှင် တကျပ်နှုန်းဖြင့် `စူပါဇီးကွက်`ပရိုမိုးရှင်းကို စတင် လိုက်ကြောင်း သိရသည်။



အဆိုပါ အစီအစဉ်တွင် ဖုန်းခေါ်ဆိုမှု၊ ဒေတာ အသုံးပြုမှုအတွက် တမိနစ် (သို့) 1 MB လျှင် တကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်ရန်အတွက် 500 သို့ T2500 ဟု ပေးပို့လျှင် ရက် ၃၀ စာအဖြစ်လည်းကောင်း၊ 500 သို့ T800 ဟု စာတိုပေးပို့ ခြင်းဖြင့် တပတ်စာအဖြစ်လည်းကောင်း ရယူနိုင်ကြောင်း သိရသည်။

ထို့အပြင် *802# (သို့) *803# ဖြင့်လည်း စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်သည်ဟု သိရသည်။

စူပါဇီးကွက် ပရိုမိုးရှင်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။၏

(News Watch)

https://www.facebook.com/NewsWatchJournal/?fref=ts

Original link -
Read More »

Tuesday, December 08, 2015

ကျပ်သိန်းချီ တန်ကြေးရှိ ဖုန်းနံပါတ်အလှ ၁၂၀ ကျော် MPT လေလံတင်မည်




ပြည်တွင်းရှိ လျှပ်စစ်မီး မရရှိ သေးသော ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများတွင် မီးအိမ်များ လှူဒါန်းရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နံပါတ် တစ်ခုလျှင် ကျပ် ၁၅ သိန်းခန့် ကြမ်းခင်းဈေးရှိ နံပါတ် ခုနစ်ခု အပါအဝင် ဖုန်းနံပါတ် အလှ ၁၂၀ ကျော်ကို လေလံတင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ထံမှ သိရသည်။

အဆိုပါ လေလံတင် ရောင်းချပွဲကို ဒီဇင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိကျင်းပ သွားမည်ဖြစ်ပြီး လေလံတင် ရောင်းချခြင်းမှ ရရှိသော ငွေအားလုံးကို မန္တလေး အခြေစိုက် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တစ်ဆင့် လှူဒါန်းမည် ဖြစ်ကြောင်း MPT က သတင်း ထုတ်ပြန်သည်။

"မှန်းထားတာ ကျပ်သိန်း တစ်ထောင်ကျော် လောက်ရနိုင်မယ် ထင်တယ်"ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Deputy Chief Commercial Officer ဦးသိန်းဟုတ်က ပြောဆိုသည်။

လေလံတင် ရောင်းချမည့် ဖုန်းနံပါတ် အလှများတွင် ဆင်တူနံပါတ် ခုနစ်လုံး ပါမည့် နံပါတ် ခုနစ်ခု၊ ဆင်တူ နံပတ် ခြောက်လုံးပါ ဖုန်းနံပါတ် ၄၉ ခုခန့် နှင့် ဆင်တူ နံပတ်ငါးလုံးပါ ဖုန်းနံပါတ် ၇၀ ခန့် ပါဝင်မည်ဖြစ်ပြီး လေလံ ဆွဲလိုပါက vanitynumbers@myanmaremc.com၊ ဖုန်းနံပါတ် ၀၁-၅၆၃၁၃၀ များသို့ဆက်သွယ်၍ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင် မိတ္တူ၊ အလုပ် အကိုင်နှင့် ဘဏ်ငွေ စာရင်းနံပါတ်များ ကိုပါ တင်ပြ၍ ပွဲတက်ရန် လျှောက်ထား ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

The Voice Weekly

Original link - https://www.facebook.com/thevoiceweekly

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, November 24, 2015

Shop.com.mm ၏ အွန်လိုင်းဈေးရောင်း ပွဲတော်နေ့တွင် အူရီဒူးက တစ်နေကုန် အင်တာနက် အခမဲ့ သုံးခွင့်ပေးမည်




ရန်ကုန်၊ နိုဝင်ဘာ ၂၄ ။။

နိုဝင်ဘာ ၂၇ရက်တွင် ကျင်းပမည့် Shop.com.mm၏ အွန်လိုင်း ဈေးရောင်း ပွဲတော်ဖြစ်သည့် Black Friday ပွဲတော်တွင် သတ်မှတ် ထားသော ကုန်ပစ္စည်းများကို ၇၀% ထိ လျှော့ဈေးဖြင့် ရောင်းချ သွားမည်ဟု Shop.com.mm၏ မန်နေဂျင်း ဒါရိုက်တာ Ms.Elin TORSTENSSON က နိုဝင်ဘာ ၂၄ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Sule Shangri-La Hotel ရှိ ပင်းယခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပွဲနေ့တွင် လူသုံးကုန် လျှပ်စစ်ပစ္စည်းများ နှင့် အလှကုန်ပစ္စည်းများကို ၇၀ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်သည်။ Black Friday တွင် Ooredoo Myanmar ၊ Maybelline NewYork နှင့် Phillips တို့ကလည်း ပါတနာအဖြစ် ဆောင်ရွက်ထားသည်။

Ooredoo Myanmar၏ လူမှုဆက်ဆံရေးဌာန အကြီးတန်းမန်နေဂျာနှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါ်သီရိကြာညို က " ပြည်သူအားလုံး ဒီBlack Friday ပွဲတော်ကို ဆင်နွှဲနိုင်အောင် အဲ့နေ့မှာ Shop.com.mm ကို Ooredoo sim card ရဲ့အင်တာနက်နဲ့သုံးမယ်ဆိုရင် တစ်နေကုန် ဘယ်လောက်သုံးသုံး ဖုန်းဘေလ်မဖြတ်တဲ့ ၀န်ဆောင်မှုကို ပေးမှာဖြစ်ပါတယ်" ဟု သတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။

နှစ်စဉ် နိုဝင်ဘာလတိုင်း၏ နောက်ဆုံးအပတ် သောကြာနေ့တွင် ကျင်းပလေ့ရှိသော Black Fridayပွဲတော်သည် အမေရိကန်နိုင်ငံတွင် စတင်ခဲ့ပြီး လက်ရှိတွင် ကမ္ဘာတစ်ဝှမ်း လုပ်ဆောင်နေပြီဖြစ်သည်။

စမတ်ဖုန်း နှင့် အင်တာနက် သုံးစွဲမှု မြင့်မားလာသည့် မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းမှ တစ်ဆင့် မှာယူကာ အိမ်တိုင်ရာရောက်စနစ်ဖြင့် ဝယ်ယူရသည်ကို နှစ်ခြိုက်မှုများလာ၍ Black Friday ကို ကျင်းပခြင်းဖြစ်သည်ဟု Ms. Elinက ပြောသည်။

ဆက်လက်၍ Shop.com.mm ကိုစီမံခန့်ခွဲနေသည့် Daraz Group၏ CEO ဖြစ်သူ Dr.Jonathan DOERRက ဤBlack Friday ပွဲတော်ကို ကျင်းပရန် လေးလခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။

အာရှနိုင်ငံများတွင် အောင်မြင်ခဲ့သည့် Black Friday သည် မြန်မာနိုင်ငံတွင်လည်း အောင်မြင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/7807

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 20, 2015

အူရီဒူးက အင်တာနက်(သို့) ငွေဖြည့်လက်ဆောင် တွေ အခမဲ့ ပေးနေ




မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Ooredoo ဟာ အင်တာနက် (သို့) ငွေဖြည့် လက်ဆောင် တွေ အခမဲ့ ပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အူရီဒူး ဆင်းမ်ကတ် သုံးစွဲ သူတိုင်းကို ပေးခဲ့တာတော့ မဟုတ်ပါဘူး။

အူရီဒူး ဆင်မ်းကတ်ကို ၀ယ်ယူ ထားပေမယ့် ၊ အသုံးပြု ဖူးပေမယ့် ၊ လက်ရှိမှာ အသုံး မပြုတော့တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ ဆင်းမ်ကတ်တွေကို အင်တာနက် (သို့) ငွေဖြည့် လက်ဆောင်တွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အင်တာနက် လက်ဆောင် ရရှိသူတွေကတော့ တစ်ယောက်ကို 500MB ဒေတာ သုံးစွဲခွင့် အခမဲ့ ရရှိခဲ့တာ ဖြစ်ပြီး ငွေဖြည့်လက်ဆောင်ရရှိသူတွေ အတွက် ကတော့ ဖုန်းဘေလ် ငွေကျပ် ၅၀၀ ဖြစ်ပါတယ်။

"ကျွန်တော့် အူရီဒူး ကတ်က မသုံးတာ ကြာပြီ။ တစ်ပတ်ကျော်ပြီ။ အဲဒါ လက်ဆောင်တွေပေးနေတယ်ကြားလို့ အူရီဒူး ဆင်းမ်ကတ် ပြန်သုံးကြည့်တာ အင်တာနက် 500MB လက်ဆောင်ရောက်နေတယ်။ အဆင်ပြေတာပေါ့ဗျာ။ 500MB ဆိုတာအများကြီးသုံးလို့ရတယ်လေ" လို့ အူရီဒူးဆင်မ်းကတ် သုံးစွဲသူ လူငယ်တစ်ဦးက ပြောပါတယ်။

တစ်ချို့ အသုံးပြုသူတွေကလည်း ငွေဖြည့်လက်ဆောင်နဲ့ အင်တာနက် အခမဲ့ မရခဲ့တဲ့အတွက် စောဒက တက်မှုတွေ ရှိခဲ့ပေမယ့် ဒီအစီအစဉ်ဟာ အူရီဒူး ဆင်မ်းကတ်ကို မသုံးပဲ အချိန်ကြာကြာ ထားရှိခဲ့သူတွေအတွက်တော့ အဆင်မပြေပဲ အချိန်တစ်ခုအထိ အသုံးပြုဖူးပြီး လက်ရှိမှာ မသုံးဖြစ်တော့တဲ့ သူတွေကိုသာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ အူရီဒူး ကုမ္မဏီ ထံမှ သိရပါတယ်။

မိမိ ဖုန်းထဲ လက်ဆောင်ရောက်/မရောက်ကို သိဖို့အတွက် အသုံးမပြုတာကြာပြီဖြစ်တဲ့ အူရီဒူး ဆင်းမ်ကတ် ကို ဖွင့်ကြည့်မှ သိနိုင်မယ်လို့လည်း ဆိုပါတယ်။

မကြာသေးမီကလည်း အူရီဒူး ကုမ္မဏီက 3 in 1 ဆိုတဲ့ ဖုန်းပြောဆိုခြင်း ၊ မက်ဆေ့ဂ်ျပေးပို့ခြင်း နဲ့ အင်တာနက် အသုံးပြုခြင်း ၃ မျိုးကို ဈေးနှုန်းသက်သာစွာ နဲ့ အသုံးပြုနိုင်မယ့် အစီအစဉ်သစ်တစ်ရပ်ကို မိတ်ဆက်ထားပါသေးတယ်။ ထို အစီအစဉ်မိတ်ဆက် အပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ အခုလို အခမဲ့ လက်ဆောင်တွေ ပေးအပ်ခဲ့တဲ့အတွက်လည်း အူရီဒူး ဆင်းမ်ကတ်ကို ပြန်လည် အသုံးပြုသူတွေ များလာခဲ့တယ်လို့ သိရပါတယ်။

( Mario )

Original link - http://technology.thithtoolwin.com/2015/11/blog-post_87.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 15, 2015

လွိုင်ကော်မြို့က တယ်လီနော ဖုန်းတိုင် ကန့်ကွက်ခံရ




ကယားပြည်နယ် လွိုင်ကော်မြို့ နောင်းယား (က) ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် (န/၃၂၄) နေအိမ် ခြံဝင်း အတွင်း တယ်လီနော ဖုန်းတိုင် စိုက်ထူ ခဲ့ရာမှာ ပတ်ဝန်းကျင် အိမ်တွေကို အသိ မပေး ခဲ့တာကြောင့် ရပ်ကွက် အတွင်း နေထိုင် သူတွေက ပြည်နယ် ဝန်ကြီးချုပ် ဆီကို လက်မှတ်ထိုး ကန့်ကွက်စာ တင်ခဲ့ ပါတယ်။

တယ်လီနော ဖုန်းတိုင်ကြောင့် စက်သံ ဆူညံတာ အပါအ၀င် နေအိမ် အချို့မှာ မွေးမြူ ထားတဲ့ ဝက်တွေ သေဆုံးတာနဲ့ ဇီးတင်ရာမှာ မအောင်မြင် တာဟာ ဖုန်းတိုင်ကြောင့်လို့ ဒေသခံ aတွက ယူဆ တာကြောင့် ကန့်ကွက် ခဲ့ကြတာပါ။

နောင်ယား (က) ရပ်ကွက်မှာနေထိုင်တဲ့ ဆရာမ နော်အားစေးက “သိတဲ့အတိုင်း ဒို့လူတွေက ဆင်းရဲတယ်။ အရက်ချက်၊ ၀က်မွေးပေါ့။ အဲဒီဟာနဲ့ သူတို့လုပ်ကိုင် စားသောက်လာတဲ့ အခါကျတော့ ၀က်တွေက အစု အပြုံလိုက် သေနေတဲ့ အခါကျတော့ အဲဒီနား တ၀ိုက်ပဲ သေတာ။ သေတဲ့ အခါကျတော့ သူတို့က လာပြောတဲ့ အခါကျတော့ ဒါမလုပ်လို့ မဖြစ်တော့ဘူး။

ဒါကြောင့်မို့ ဒီတိုင်က ကလေးတွေရဲ့ သားသမီး မြေး၊ မြစ်တွေနရဲ့ ကျန်းမာရေးကို ကြည့်ပြီးတော့မှ ဖြုတ်သင့်တယ်။ ဒါကြောင့်မို့ ဒီတိုင်ကို ဖြုတ်ဖို့ လုပ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ဒီလိုကန့်ကွက်မှုရှိတာနဲ့ပတ်သက်ပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း နဲ့ တယ်လီနော တာဝန်ခံ တွေက နောင်ယား (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့မနက် ၉ နာရီအချိန်မှာ တွေ့ဆုံဖြေရှင်းခဲ့ပါတယ်။

တယ်လီနော တာဝန်ခံ ကိုပိုင်သူစိုးက “မှန်ပါတယ်။ မီးစက်က အသံမထွက်ဘူး မဟုတ်ဘူး။ ထွက်ပါတယ်။ ကျနော်တို့ဒီမှာ မီးက မရရှိသေးသရွေ့ မီးစက် run ပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်က မခံနိုင်ဘူးဆိုရင် တာဝါကုမ္ပဏီကိုလည်း အမြန်းဆုံး ပါဝါမီတာနဲ့ run ပေးဖို့ ကျနော်တို့ မေတ္တာရပ် ခံထား ပါတယ်။

သူတို့လည်း လုပ်ပေးနေပါတယ်။ အဲတော့ဒီကြားထဲမှာ မီးစက်ဒဏ်မခံနိုင် ဘူးဆိုလို့ ကျနော်တို့ စက်ကိုတော့ ရပ်ထားလိုက်ပါတယ်။ ပါဝါမီတာနဲ့ run တဲ့အခါကျရင်တော့ အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။

အားလုံးအတွက်က ဒီဆက်သွယ်ရေးက မရှိမဖြစ်လိုအပ်နေ တာပဲ။ အဲတော့ ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေမရှိပါနဲ့။ တကယ်လည်း ကျန်းမာ ရေးအရ မထိခိုက်ပါဘူး။ အားလုံး စိုးရိမ်မှုတွေကိုလည်း လျော့စေချင်ပါတယ်” လို့ ပြောပါတယ်။

လွိုင်ကော်မြို့မှာ တယ်လီဖုန်းတာ ၀ါတိုင်တွေ တော်တော် များများး ဆောက်လုပ်ပြီး စီးသွားပြီဖြစ်ပြီး လက်ရှိ အကြမ်းဖြင့် တိုင် ၃၀ တော့ စတင်လည်ပတ်နေပြီလို့ ကိုပိုင်သူစိုးက ပြောပါ တယ်။

လွန်ခဲ့တဲ့ အပတ်တွေတုန်းက လည်း လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ အုပ်စု ထေးတမကျေး ရွာက အော်ရီဒူး ဖုန်းတိုင် ဆူညံလို့ဆိုပြီး ဖျက်ဆီးခံခဲ့ရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ခွန်းတူးတူးလေး

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/122560

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, November 10, 2015

မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန် အစီအစဉ် MPT Partner အဖြစ်ပါဝင်



မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်တဲ့ MPT က အောက်တိုဘာ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တယ်လီသွန် အစီအစဉ် အတွက် Official partner အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။

တယ်လီသွန်ဟာ ဒေသခံ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်း တွေအတွက် ရန်ပုံငွေ ရှာဖွေတဲ့ သီတင်းကျွတ် Coca cola ဂီတဖျော်ဖြေပွဲရဲ့ လှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်။ MPT က ဂီတပွဲတော်နဲ့ တယ်လီသွန်ရဲ့ ဆက်သွယ်ရေးကဏ္ဍ ၂ ခုစလုံးအတွက် Official partner အဖြစ် ကူညီဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ နေတိုး၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်၊ နန်းစုရတီစိုးတို့ကလည်း တယ်လီသွန် ပြုလုပ်ရာ ယာယီအဆောက်အဦးမှာ လှူဒါန်းမှုမှတ်တမ်းအတွက် အသိအမှတ်ပြုဖို့ ရှိနေခဲ့သလို၊ ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုခြင်း၊ လှူဒါန်းမှု ကတိကဝတ်များလက်ခံခြင်းတို့အတွက် အလှမယ်များဖြစ်ကြတဲ့ ထက်ထက်ထွန်း၊ မေဘရဏီသော်၊ ဟန်လေးနဲ့ ချိုချိုထွန်းတို့ကဆောင်ရွက်ပေးကြပါတယ်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံးတယ်လီသွန်ရန်ပုံငွေရှာဖွေပွဲက နိုင်ငံတဝှမ်းမှာ ရေဘေးသင့်ဒေသတွေအတွက် ကူညီထောက်ပံ့မှုတွေကို ပြုလုပ်နေတဲ့ MPT ရဲ့ လှုပ်ရှားမှုတွေထဲက တခုဖြစ်ပါတယ်၊ ရန်ပုံငွေဖျော်ဖြေပွဲ မှာလည်း ပျော်ရွှင်စရာအချိန်အခါတွေ ဖန်တီးပေးမှာပါ။ မိသားစုတွေ အများကြီးတစုတဝေးတည်း ပျော်ရွှင်နိုင်တယ်၊ မတူညီတဲ့ ဂီတမျိုးဆက်တွေနဲ့ ဂီတအမျိုးအစား အကုန်လုံးကိုလည်း တပေါင်းတစည်းတည်း ခံစားနိုင်တယ်ဆိုတော့ ဒီလိုပွဲကြီးမှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် MPT က အရမ်းဝမ်းသာဂုဏ်ယူပါတယ်” လို့ MPT-KSGM Joint Operationsရဲ့ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောခဲ့ပါတယ်။

လှူဒါန်းမှု တခုပြုလုပ်ရန် ပြောကြားပြီးပါက ငွေသားများကို Rebuild Myanmar Fund သို့ အဆင်ပြေ နှစ်သက်ရာ ရိုးမဘဏ် ဘဏ်ခွဲတွေကနေ လွှဲပေးနိုင်မှာဖြစ်ပြီးတယ်လီသွန်ဖုန်းခေါ်ဆိုမှုများမှာ မှတ်ယူထားမယ့် အချက်အလက်တွေမှာတော့ ခေါ်ဆိုသူအမည်၊ လှူဒါန်းမယ့် ပမာဏ၊ မှတ်ပုံတင်နံပါတ်၊ နေထိုင်တဲ့ မြို့နယ်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/11/mpt-partner.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

တယ်လီနောမှ မြန်မာနိုင်ငံတွင် အလင်းအိမ် စင်တာများ ဖွင့်လှစ်




တယ်လီနောမြန်မာမှ (၃၇) ခုမြောက် အလင်းအိမ်စင်တာ (Light House) ကို မန္တလေးတိုင်း၊ မြင်းခြံတွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ယခု ဖွင့်လှစ်လိုက်တဲ့ စင်တာအပါအဝင် တယ်လီနောမှ မြန်မာနိုင်ငံတဝန်းရှိ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် နေပြည်တော်စတဲ့ တိုင်းနှင့် ပြည်နယ် (၉) ခုမှာ ယင်းကဲ့သို့ အလင်းအိမ်စင်တာများ ဖွင့်လှစ်ပြီး သတင်းအချက်အလက် ဝန်ဆောင်မှုများနဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်သင်တန်းများ ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။



အဆိုပါ အလင်းအိမ်စင်တာများသည် မြန်မာတနိုင်ငံလုံးရှိ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအတွက် အင်တာနက်တွင် ရှာဖွေနိုင်သည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သတင်း အချက်အလက်များအကြောင်းကို အသိပညာပေးအပ်နိုင်ရန် ရည်ရွယ်ထားပြီး စင်တာများကို ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များက ဦးစီဆောင်ရွက်ထားကြောင်း သိရပါတယ်။



“ဒီအလင်းအိမ်စင်တာတွေက မြန်မာနိုင်ငံမှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာအသုံးပြုမှု၊ ကျေးလက်နဲ့ မြို့ပြမှာ မတူညီဘဲ ကွာခြားနေတဲ့ အနေအထားကို လျော့ချသွားနိုင်ဖို့ တည်ထောင်ထားတဲ့ လူမှုစီးပွားရေး လုပ်ငန်းတခု ဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုယ်တိုင် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု အတတ်သင်သင်ရိုးနဲ့ အလင်းအိမ်စင်တာတွေမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာမှ လူမှုအကျိုးပြုဌာနမှူး ကိုမင်းသူက ပြောပါတယ်။

ကိုမင်းသူက ဆက်ပြီး “အလင်းအိမ်စင်တာတွေမှာ လေ့ကျင်သင်ကြားပေးတဲ့ သင်တန်းအမျိုးအစားတွေကတော့ မိုဘိုင်းအခြေခံ အင်တာနက်ကျွမ်းကျင်မှုသင်တန်းတွေနဲ့ ကွန်ပျူတာသင်တန်းတွေပါ” လို့ ပြောပါတယ်။

မိုဘိုင်း အခြေခံ အင်တာနက် ကျွမ်းကျင်မှုသင်တန်းတွင် မိုဘိုင်းဖုန်းများကို ထိရောက်စွာ အသုံးပြုနည်း၊ မိုဘိုင်း အင်တာနက် အသုံးပြုနည်း၊ Viber၊ အီးမေးလ်နှင့် ဖေ့စ်ဘုတ် အသုံးပြုနည်း၊ လိုအပ်သော အချက်အလက်များကို အင်တာနက်တွင် ရှာဖွေနည်းနှင့် အင်တာနက်မှတဆင့် အင်္ဂလိပ်စာဘာသာရပ်ကို ကိုယ်တိုင်သင်ယူလေ့လာနည်း စသည်တို့ ပါဝင်ကြောင်းသိရပါတယ်။



ကွန်ပျူတာ သင်တန်းတွင် အခြေခံ ကွန်ပျူတာ အသုံးပြုနည်း၊ Microsoft Word, Excel နှင့် Powerpoint အသုံးပြု နည်းများကို သင်ကြားပေး တယ်လို့လည်း သိရပါတယ်။

တယ်လီနောဟာ Myanmar ICT for Development Organization (MIDO) နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အလင်းအိမ် စင်တာများကို တည်ထောင် ခဲ့ခြင်းဖြစ်ကာ၂၀၁၈ အကုန်တွင် အလင်းအိမ် စင်တာ အရေ အတွက် ၂၀၀ အထိ တည်ထောင်သွားဖို့ ရည်မှန်း ထားတယ်လို့ သိရပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/11/blog-post_54.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Tuesday, October 27, 2015

MPT မိုဘိုင်းဖုန်းများ သီတင်းကျွတ် လပြည့်နေ့တွင် အခမဲ့ SMS ပေးပို့နိုင်




သီတင်းကျွတ် ကာလ အထိမ်းအမှတ် အဖြစ် MPT သုံးစွဲ သူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှု များကို အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူ အားလုံး အတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂း၀၀ နာရီကျော် သည့် အချိန်မှ စတင်၍ အောက်တိုဘာလ ည ၁၂း၀၀ နာရီ တိတိ အချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်း ပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ ပေးပို့ ရရှိမည်ဖြစ်သည်။

တစ်နေ့တာအတွက် မိုဘိုင်းဖုန်း နံပါတ် တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။

လက်၇ှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်း ရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။

အဆင်ပြေပါစေ..

ref : Internet Journal

Original link - http://www.internetjournal.media/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »