နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Friday, July 01, 2016

ဆုငွေ ၁၂ သိန်း ချီးမြှင့်မယ့် ဧရာဝတီ ကာတွန်းပြိုင်ပွဲ




ဧရာဝတီ သတင်း ဌာနကနေ “လွတ်လပ် အတွေး” အပျော်တမ်း ကာတွန်းပြိုင်ပွဲ (The Irrawaddy’s Amateur “Freedom of Thought” Cartoon Talent Competition) ကို ကျင်းပရန် စီစဉ်နေပြီး ချီးမြှင့်မယ့် ဆုငွေက ၁၂ သိန်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို ထင်ဟပ်တဲ့ ကာတွန်း ဖြစ်ရပါမယ်။

မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ မြန်မာပြည်သား အသက် ၂၀ မှ ၂၅ နှစ်အတွင်း လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

ပြိုင်ပွဲဝင် တဦးလျှင် A4 အရွယ်အစား စာမျက်နှာ ပြိုင်ပွဲဝင် ပုံတပုံသာ ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီကာတွန်းဟာ တခြား စာနယ်ဇင်းတွေမှာ ဖော်ပြပြီးတဲ့ ကာတွန်း၊ တခြားပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကာတွန်းများ မဖြစ်ရပါ။

ပြိုင်ပွဲဝင်သူများ ထဲမှ တဦးကိုသာ ရွေးချယ်ပြီး ဆုငွေ ကျပ် ၁၂ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
  • စတင်လက်ခံ မည့်နေ့ – ၂၀၁၆ ဇူလိုင်လ ၁ ရက်
  • ပြိုင်ပွဲ နောက်ဆုံးရက် – ၂၀၁၆ ဇူလိုင်လ ၃၁ ရက်

အီးမေးလ်မှ တဆင့် ပေးပို့လိုလျှင်

  • ပေးပို့ရမည့် ဖောမက် – 6MB မှ 8MB ကြားရှိ JPG ဖိုင်
  • ပေးပို့ရန် အီးမေးလ် – cartoon-contest@irrawaddy.org

တိုက်ရိုက် ပေးပို့လိုလျှင်


  • အမှတ် (၁၇၀/၁၇၅)၊ ၈ လွှာ၊ အခန်း (၈၀၆)၊ MGW တာဝါ၊ ဗိုလ်အောင်ကျော်လမ်း (အလယ် ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ပြိုင်ပွဲ ဝင်သူများ ထည့်သွင်းပေးပို့ရန် အချက်အလက်များ


ပြိုင်ပွဲဝင်သူ အမည် –

ကလောင်အမည် –

မှတ်ပုံတင် နံပါတ် –

အသက်၊ ကျား/မ –

လက်ရှိ နေရပ်လိပ်စာ –

ဆက်သွယ်ရန် ဖုန်းနံပါတ် –

အီးမေးလ် –

ဧရာဝတီ by Peter Aung

Originally published at - http://burma.irrawaddy.com/announcements/2016/06/30/117515.html

Read More »

Thursday, February 04, 2016

ဦးနေဝင်း၏ မအောင်မြင်သော ခေတ်ပြောင်းတော်လှန်ရေး (စိန်ဝင်းစိန် ဘာသာပြန်)




‘‘နိုင်ငံတော် တစ်ဝှမ်းလုံးရှိ ရဟန်း ရှင်လူ အပေါင်းတို့ ခင်ဗျား။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ယိုယွင်းလာသော အခြေအနေ ဆိုးကို ထိန်းသိမ်း စေခြင်းငှာ ဗမာ့ တပ်မတော်မှ တာဝန်ယူ စောင့်ရှောက် လိုက်ပြီ ဖြစ်ကြောင်း ကြေညာ အပ်ပါသည်။

ပြည်သူ လူထုသည် မိမိတို့ အလုပ် အကိုင်များ မပျက်စေရန် လုပ်မြဲ အတိုင်း ဆက်လက် လုပ်ကိုင်နေကြ စေလိုပါသည်။ အစိုးရ အမှုထမ်း၊ အရာထမ်း များသည်လည်း မိမိတို့ တာဝန်ရှိသည့် အတိုင်း ဆက်လက် လုပ်ကိုင်မြဲ လုပ်ကိုင်နေ ကြစေလို ပါသည်။

အထူးသဖြင့် ယခု ကျင်းပဆဲ စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုနေကြသော ကျောင်းသူ၊ ကျောင်းသား များကလည်း မည်သို့မှ အနှောင့် အယှက် မရှိဘဲ ဆက်လက် ဖြေဆိုမြဲ ဖြေဆို ကြစေလို ပါသည်။

တိုင်းသူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြစေခြင်းငှာ တပ်မတော်မှ အစွမ်းကုန် ကြိုးစား၍ တာဝန် ယူမည်။’’

၁၉၆၂ မတ်လ ၂ ရက် နံနက် ၈ နာရီ ၂၈ မိနစ် တွင် မြန်မာ့ အသံမှ တော်လှန်ရေး ကောင်စီ ကြေညာချက် အထက်ပါ အတိုင်း ထွက်ပေါ် လာပြီး လွတ်လပ်သော ပါလီမန် ဒီမိုကရေစီ နိုင်ငံတော်ကို ပြည်ဖုံးကား ချခဲ့သည်။

ထို့နောက် ၁၉၇၄ တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီကို တည်ထောင်ပြီး ကြိုးစား တာဝန်ယူ ခဲ့သော်လည်း ဆယ်စုနှစ် နှစ်ခုကျော်တွင် တိုင်းပြည်သည် ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားခဲ့သည်။

၁၉၆၂ မှ ၁၉၈၈ ကာလသည် တစ်ပါတီ အာဏာရှင် အုပ်စိုး ခဲ့သော ခေတ်ဖြစ်သည့် အလျောက် တိုင်းပြည်လည်း အမှောင်တွင်းသို့ ကျရောက် ခဲ့ရသည်။ ဦးနေဝင်းနှင့် ပတ်သက်သော စာအုပ် စာတမ်းများ၊ တစ်ဆင့်ပြော ပါးစပ် ရာဇ၀င်များကို ဖတ်ရှုကြားနာ ခဲ့ဖူးသော်လည်း ဘုန်းတော်ဘွဲ့များနှင့် အမနာပ များသာများ ခဲ့ပြီး စနစ်တစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးကို စနစ်တကျ ဝေဖန်ဆန်းစစ်မှုမျိုး ရှားပါး ခဲ့သည်။

ဤစာအုပ်သည် ဂျပန်စာရေးဆရာ ယိုရှီဟီဂိုနာကာနီရှီ ရေးသားသော Strong Soilders, Failed Revolution: စာအုပ်ကို စာရေးသူ စိန်ဝင်းစိန်က ဘာသာပြန် ရေးသားခြင်း ဖြစ်ပြီး ‘ဦးနေဝင်း၏ မအောင်မြင်သော ခေတ်ပြောင်း တော်လှန်ရေး’ ဟု အမည်ပေး ထားသည်။

စာအုပ်တွင် ၁၉၆၂ မှ ၁၉၈၈ ဦးနေဝင်း အုပ်ချုပ်ခဲ့သော ကာလအတွင်း မြန်မာနိုင်ငံ၏ အခြေ အနေကို သုတေသန ဆန်ဆန် ရေးသား ထား၍ စာဖတ်သူ အတွက် ကျိုးကြောင်းခိုင်လုံစွာ သိရှိနိုင်မည် ဖြစ်သည်။

စာအုပ်တစ်နေရာတွင် ‘‘ဤသို့ဖြင့် ဦးနေဝင်း၏ ပါတီ နိုင်ငံတော် တည်ဆောက်မှုသည် မအောင်မြင်ပါ။ သို့သော် ယင်းသည် အာဏာရှင် စနစ်နှင့် စစ်တပ် ကြီးစိုးမှုကို ဖုံးကွယ်ရန် ကြိုတင် စီစဉ် ထားသည့် မအောင်မြင်မှု မဟုတ်ချေ။ ဦးနေဝင်းသည် သူ့နိုင်ငံရေး အာဏာကို ဖြန့်ကြက်နိုင်ရန် အလို့ငှာ စစ်တပ်မှ ကင်းလွတ်သည့် ပါတီ တစ်ရပ် တီထွင်ရန် ရည်ရွယ်ခဲ့၏။

အာဏာရှင်၊ တပ်မတော်နှင့် ပါတီတို့ မျှဝေထားသည့် အာဏာ အပေါ်တွင် အစိုးရ အဖွဲ့ တစ်ဖွဲ့ ထူထောင်ရန် ဦးနေဝင်း စီစဉ်ခဲ့သည်။ သို့သော် သူ့ခြေလှမ်း များသည် ပါတီ အထက်လွှာ ကြားတွင် နိုင်ငံရေး မတည်ငြိမ် မှုများ ဖန်တီးပေး လိုက်ပြီး နောက်ဆုံးတွင် ပါတီ အမှုဆောင် များက သူ့အား ဆွဲချသည့် အဖြစ်သို့ တိုင်အောင် ရောက်သွား စေခဲ့သည်။

ဦးနေဝင်းအဖို့ ရွေးချယ်စရာ မရှိတော့ပါ။ နောက်ဆုံးတွင် ပါတီနိုင်ငံရေး လုပ်ငန်းကို ဦးနေဝင်း ရပ်ဆိုင်း လိုက်သည်။ အနီးကပ်ရှိနေသည့် လက်ထောက် အချို့နှင့်အတူ နိုင်ငံရေး ဆုံးဖြတ်ချက်များကို သူထိန်းချုပ်သည့် လမ်းစဉ် ပါတီကို တပ်မတော် အကျိုးစီးပွား ဖြန့်ဖြူး ပေးသည့် အဖွဲ့အစည်း အဖြစ်သို့ ပြောင်းလဲ ပစ်သည်။

နိုင်ငံတော်ကို ဦးဆောင်ရန် မည်သည့် နိုင်ငံရေး ပါတီမျှ ပေါ်ပေါက် မလာခဲ့။ တပ်မတော်ကို အကျိုးပြုသည့် အဖွဲ့အစည်း တစ်ခုအဖြစ် အာဏာရှင်က အသုံးချသည့် ပါတီနိုင်ငံတော် တစ်ပိုင်း တစ်စနှင့် ပါတီ အဖွဲ့အစည်း တစ်ခုသည် ရှိခဲ့ပေ၏’’ ဟု သုံးသပ်ရေးသား ထားသည်။

ဦးနေဝင်း အုပ်ချုပ်စဉ် ကာလကို အတွင်းကျကျ၊ အချက် အလက်စုံစုံ၊ ဇယားများနှင့် တကွ သုတေသနပြု ဖော်ပြထားသည့် စာအုပ်ဖြစ်၍ သမိုင်းကို လေ့လာလိုသူများ ဖတ်ရှုသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။

လောကသစ်စာပေက တန်ဖိုး ၄,၅၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။

Originally published at - http://www.7daydaily.com/story/57262


Read More »

Sunday, May 17, 2015

အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက




အင်တာနက်တွင် ခြိမ်းခြောက် အကျပ်ကိုင် ခံရပါက တွေဝေခြင်း မရှိပဲ ချက်ချင်း take action လုပ်ပါ။








အင်တာနက်တွင် ခြိမ်းခြောက် အကျပ်ကိုင် ခံရပါက တွေဝေခြင်း မရှိပဲ ချက်ချင်း take action လုပ်ပါ။

ဖုန်းနံပါတ် တောင်းပါက မပေးပါနှင့်။

Credit to Ko Ei Maung and Wiki How

From : Pyae Phyo (MMiTD) by ThanToeAung

Read More »

Friday, April 03, 2015

ဖားကန့်မြေရဲ့ အဖြစ်အပျက် အမှန်တွေကို ဖော်ပြထားတဲ့ "သွေးစွန်းတဲ့ ကျောက်စိမ်းမြေ"




ဖားကန့် ကျောက်စိမ်းမြေ အကြောင်း ပြင်သစ် စာရေး ဆရာမ ပါစကယ် မာရက် ရဲ့ သွေးစွန်းတဲ့ ကျောက်စိမ်းမြေ ၀တ္ထုကို စာရေး ဆရာမ သွေး (စစ်ကိုင်း) က ပြင်သစ် ဘာသာကို တိုက်ရိုက် ပြန်ဆို ထားတာ ထွက်ရှိ လာပါပြီ။

စာရေး ဆရာမ ပါစကယ် မာရက်ဟာ စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံကို လာရောက် ခဲ့ပြီး ဖားကန့် နယ်မြေမှာ ရှိတဲ့ ကျောက်မှော် အကြောင်း အသေး စိတ် ရေးဖွဲ့ ထားတဲ့ ဒီစာအုပ် ထဲမှာ အလို လောဘနဲ့ စွန့်လွှတ်ခြင်းများ၊ ချစ်ခြင်း မေတ္တာနဲ့ ကောက်ကျစ် ဗိုလ်ကျ ခြင်းများ၊ ကတိကို တန်ဖိုး ထားသူနဲ့ ကတိဖျက် စီးပွား ရှာသူများ၊ မိခင် မေတ္တာ၊ ညီအစ်ကို သံယောဇဉ် စတဲ့ အကြောင်း အရာတွေ ပါဝင် ပါတယ်။

ပြင်သစ် ဘာသာ ကနေ တိုက်ရိုက် ပြန်ဆိုတဲ့ စာရေး ဆရာမ သွေး (စစ်ကိုင်း) က

“မြန်မာနိုင်ငံက စာရေးဆရာ တယောက် ရေးသလား မှတ်ထင် ရအောင် မြန်မာမှုကို ပိုင်နိုင် သလို ကျောက်စိမ်းတွင်းနဲ့ ဆက်နွယ်နေတဲ့ အဖြစ် အပျက် တွေကို အသေးစိတ် ရေးသား ထားလို့ မူရင်း စာရေး ဆရာမကို မလေးစားဘဲ မနေနိုင် ပါဘူး။ ဒါကြောင့် မြန်မာ စာဖတ် ပရိတ်သတ် အတွက် ဘာသာပြန်ဆို မယ်လို့ ကျမ ယုံယုံ ကြည်ကြည် ဆုံးဖြတ် ခဲ့ပါတယ်” လို့ သူ့ရဲ့ အမှာစာမှာ ဖော်ပြပေး ထားပါတယ်။

နိုင်ငံ တကာ ဘာသာပြန် ရသစာပေ အားနည်းနည်း ပါးနေချိန်မှာ ထွက်ရှိလာတဲ့ သွေးစွန်းတဲ့ ကျောက်စိမ်းမြေ ၀တ္ထုဟာ အရမ်းလည်း မရှည်၊ အရမ်းလည်း မတိုဘဲ အချိန် နည်းနည်းယူ ဖတ်ရှု လိုက်တာနဲ့ ရသ မျိုးစုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို မြန်မာ့ခေတ် စာအုပ်တိုက်၊ အမှတ် ၁၇၊ ဦးဝိဇ္ဇာလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်က ထုတ်ဝေတာ ဖြစ်ပြီး၊ဖုန်း ၀၉ ၄၂၂၄ ၉၃၀ ၉၀၊ ၀၉ ၄၂၂၅ ၄၀၅၉၆ သို့ ဆက်သွယ်မှာကြားနိုင်ပါတယ်။

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2015/04/blog-post_3.html

Read More »

Sunday, March 15, 2015

လူပျောက် ကြော်ငြာ




ဤကလေး ပျောက်ဆုံးနေပါသဖြင့် ကူညီ၍ ရှာပေးကြပါရန် လေးစားစွာဖြင့် အကူ အညီ တောင်းခံ အပ်ပါသည်။

တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံ ပါသည်။

  • ၀၉၂၅ ၄၅၄ ၃၅၉၉
  • ၀၉၂၅ ၄၅၁ ၁၂၁၃
  • ၀၉၄၂ ၁၁၂ ၆၀၃၅

Read More »

Thursday, January 22, 2015

မြန်မာနှင့် ဖွံ့ဖြိုးဆဲ ဈေးကွက်များ ဒစ်ဂျစ်တယ် နည်းပညာ၏ ၀န်ဆောင်မှု


ဖွံ့ဖြိုးဆဲ ဈေးကွက် များဟာ တီထွင် ဆန်းသစ်မှု ရှိပြီး စီးပွားရေး ၀န်ဆောင်မှု များနှင့် ကုန် ပစ္စည်း
များကို အနောက် နိုင်ငံများနှင့် နှိုင်းယှဉ် ပါက ကုန်ကျ စရိတ် လျော့နည်းစွာ ထုတ်လုပ်ပြီး ဖွံ့ဖြိုး
ပြီး နိုင်ငံများကို စတင် စိန်ခေါ် လာလျှက် ရှိနေပါပြီ်။

ဥပမာအားဖြင့် လေ့လာ သုံးသပ်ချက် အရ အင်တာနက်ကို အခြေခံပြီး တဟုန်ထိုး တိုးတက်ဆဲ
ဖြစ်နေသည့်အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင် နိုင်ငံများ ကို နောက်ထပ်ရှေ့ဆောင် ဈေးကွက်သစ် နိုင်
ငံများ အဖြစ် အမည်ပေး ထားကြ ပါတယ်။

အရှေ့တောင် အာရှ၊ လက်တင် အမေရိက တို့မှ ကြိုးမဲ့ အင်တာနက် မိုဘိုင်း ကွန်ယက် ဖွံ့ဖြိုး
တိုးတက် မှုကို ပိုမို အာရုံစိုက် လုပ်ဆောင် လာလျက် ရှိပြီး IBM ၊ Google နှင့် Microsoft တို့
အပါအ၀င် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ အဖွဲ့များ ကလည်း ကင်ညာနှင့် နိုင်ဂျီးရီးယားတို့ ကဲ့
သို့သော ဖွံ့ဖြိုးဆဲ ဈေးကွက် များမှ ဖြစ်ပေါ်လာမယ့် တီထွင် ဆန်းသစ်မှု များအတွက် ရင်းနှီး
မြှုပ်နှံမှု ပြုရန် ဈေးကွက် ချဲ့ထွင်လာ ကြပါပြီ။



ဤပြောင်းလဲမှုနှင့် ပတ်သက်ပြီး ကမ္ဘာလုံး ဆိုင်ရာ တီထွင် ဆန်းသစ်မှု အေဂျင်စီ တစ်ခု ဖြစ်သည့်
2thinknow ၏ အမှုဆောင် အရာရှိချုပ် Christopher Hire မှ “စမတ်ဖုန်း နည်းပညာဟာ ကမ္ဘာ
တစ်ဝှမ်းလုံးမှာ ဖွံ့ဖြိုးဆဲ မြို့ကြီးတွေ၊ ပိုပြီး သေးငယ်တဲ့ မြို့ကလေးတွေ ဆီကို ဘဏ်လုပ်ငန်း ဆိုင်
ရာနဲ့ အခြားသော ၀န်ဆောင်မှုတွေ ရောက်ရှိ စေခဲ့ ပါတယ်” ဟု ပြောဆို ခဲ့သည်။

ဖွံ့ဖြိုးဆဲ ဈေးကွက်များ အတွင်း အင်တာနက် နည်းပညာ၏ တည်ငြိမ်သော ဖွံ့ဖြိုး တိုးတက် မှု
ကြောင့် အိမ်ခြံမြေ ဈေးကွက် လုပ်ငန်းရှင် များမှာလည်း ၎င်းတို့ ရဲ့ ၀န်ဆောင်မှု လုပ်ငန်း များကို
အွန်လိုင်းမှ တဆင့် လုပ်ဆောင် လာနေကြ ပါပြီ်။

ဖွံ့ဖြိုးဆဲ ဈေးကွက်တွေ ထဲက အိမ်ခြံမြေ ရှာဖွေသူတွေဟာ အွန်လိုင်း ကနေ ရှာဖွေ လာကြပြီး ၀ယ်ယူမှု နှင့် ရောင်းဝယ်မှုများ ပြုလုပ် လာကြ ပါတယ်။ အိမ်ခြံမြေ လုပ်ငန်း အကျိုးဆောင်တွေ
အနေနဲ့လည်း သုံးစွဲသူတွေရဲ့ တောင်းဆို မှုတွေကို ဖြည့်ဆည်း ပေးပြီး ဖြစ်နိုင် သမျှ အကောင်း
ဆုံး ၀န်ဆောင်မှု ပေးနိုင်ဖို့ အတွက် ဒီ အပြောင်း အလဲတွေနဲ့ အတူ အလိုက်သင့် ပြောင်းလဲ ရ
မှာပါ” ဟု Lamudi ၏ ပူးတွဲ တည်ထောင်သူနှင့် မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Kian Moini မှ
လည်း ထပ်မှန် မှတ်ချက်ပေး ပြောဆို ခဲ့သည်။

လွန်ခဲ့သည့် ကာလ အတွင်း ဖွံဖြိုးဆဲ ဈေးကွက်များ၏ အိမ်ခြံမြေ ရှင်းတမ်း သုတေသန မှ အင်တာနက် ဇယား၊ ဘယ်နေရာမှာ ကြော်ငြာမလဲ။



သုံးစနစ်နှင့် လျှင်မြန်မှုနှုန်း အနိမ့်ဆုံး ဖြစ်သည့် မြန်မာနိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးဆဲ ဈေးကွက် များမှာ
လည်း အင်တာနက် ကို အခြေခံ၍ လုပ်ဆောင်သော ရောင်းဝယ်မှု နှင့် ၀န်ဆောင်မှုများ ရှိနေ
ပြီ ဖြစ်ကြောင်း တင်ပြသွားပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အင်တာနက် မြန်နှုန်း အနှေးဆုံး နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ သို့သော်
လည်း ၂၀၁၁ ခုနှစ် အတွင်း အရပ်ဘက် အစိုးရ အာဏာ ရရှိလာချိန်မှ စ၍ အင်တာနက် သုံးစွဲမှု
ကန့်သတ်ချက် များကို ဖြေလျှော့ပေး ခဲ့ပါတယ်။ အမေရိကန် နိုင်ငံ အခြေစိုက် စည်းရုံး လှုပ်ဆော်
သူများအဖွဲ့ Freedom House ၏ အဆိုအရ ၂၀၁၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံရှိ အင်တာနက်
အသုံပြုသူ ဦးရေမှာ ၅၀၀,၀၀၀ ကျော် ရှိပြီး နိုင်ငံ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်း ခန့်သာ ဖြစ်တယ်လို့
ပြောဆို ခဲ့ပါတယ်။ ဤသုံးစွဲသူ ဦးရေမှာ ၂၀၀၉ ခုနှစ်တွင် သုံးစွဲ သူပေါင်း ၁၁၀,၀၀၀ (နိုင်ငံ့ လူဦး
ရေ၏ ၀.၂ ရာခိုင်နှုန်း) ရှိခဲ့ ရာမှ ပိုမို တိုးတက် လာခြင်း ဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်။



၂၀၁၄ မြန်မာနိုင်ငံတွင် အိမ်ရှာဖွေ ရာတွင် အင်တာနက်ကို အကြိမ်ရေ မည်မျှ သုံးစွဲကြ သနည်း။

ဇွန်လ On Device ၏ သုတေသန ပြုချက်မှ သတင်း ထုတ်ပြန်ချက် အရ နိုင်ငံ၏ လူဦးရေ ထက်
ဝက်ခန့်မှာ လာမည့်နှစ်များ အတွင်း မိုဘိုင်း အင်တာနက် ပိုမို သုံးစွဲ လာမည်ဟု ဖော်ပြ ထားပါ
တယ်။ မိုဘိုင်း အင်တာနက်ကို သုံးစွဲနိုင်ရန် အဓိက တွန်းအားပေးသော ဖြစ်စဉ်မှာ မိုဘိုင်းဖုန်းနှင့်
စပ်ဆိုင်သည့် ပစ္စည်း ကိရိယာများ ဈေးနှုန်း ကျဆင်းလာခြင်း၊ SIM ကဒ်များနှင့် အင်တာနက်နှုန်း
ထားများ ဈေးချို လာခြင်း တို့ကြောင့် ဖြစ်ပါတယ်။

- ပြည်တွင်း ဆက်သွယ်ရေးများ တိုးတက် လာခြင်းနှင့် ဆက်စပ် ပစ္စည်းများ ဈေးနှုန်း ကျဆင်း
တို့ကြောင့် ကွန်ပြူတာ များဖြင့် အင်တာနက် သုံးစွဲခြင်း အဆင့်မှ ခုန်တက် သွားနိုင်ချေ ရှိသည်
ဟု ဖော်ပြ ထားပါတယ်။ နိုင်ငံ၏ အင်တာနက် အွန်လိုင်း ဖွံ့ဖြိုး တိုးတက်ရန် အချိန်ယူ ရဦးမည်
ဖြစ်သော်လည်း အင်တာနက် သုံးပြီး ၀န်ဆောင်မှုများ ဖြစ်သည့် အိမ်ခြံမြေ ဈေးကွက် ရှာဖွေခြင်း
နှင့် အခြားသော Online မှ တဆင့်ရောင်းဝယ်မှုများ တိုးတက် များပြား လာသည်ကို တွေ့ရှိနိုင်
ပါတယ်။ ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင် များရဲ့ ပြောဆိုချက် များအရ အိမ်ရှာဖွေ သူများ
ဟာ အိမ်ခြံမြေ ရှာဖွေရေးမှာ အထောက် အကူ ဖြစ်စေသော အွန်လိုင်း များကို သုံးစွဲခြင်း ပိုမို
များပြား လာသည်ဟု ဆိုပါသည်။

အိမ်ခြံမြေ ရှာဖွေခြင်း ထုံးတမ်း စဉ်လာ ပုံစံမှာ သတင်းစာများ၊ လုပ်ငန်းနှင့် ဆိုင်သော စာစောင်၊
မဂ္ဂဇင်းများကို ကြည့်ရှု ရှာဖွေခြင်းများ ဖြစ်ပြီး လူကြိုက် အများဆုံးလည်း ဖြစ်နေသေး ပါသည်။
သို့သော် အွန်လိုင်း ဝန်ဆောင်မှု များဟာ လျင်မြန်ပြီး House.com.mm က စာရင်းကောက် ယူ
ထားသည့် ၈၆ % ၏ လေ့လာချက်များ အရ နောက်လာမည့် ဆယ်စုနှစ် တစ်ခုတွင် ပိုမို များပြား
လာမည် ဖြစ်ကြောင်း အကျိုးဆောင်များက ခန့်မှန်း ထားပါတယ်။ ယခုအခါ အိမ်ခြံမြေ အကျိုး
ဆောင် များသည် ကြော်ငြာ များကို အစဉ်အလာ အတိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နှင့် စာ
နယ်ဇင်းများ ပုံနှိပ်ထုတ်ဝေပြီး ကြော်ငြာ ခြင်းထက် အွန်လိုင်းမှ ပို၍ ကြော်ငြာ လိုကြပါတယ်။

ထို့အပြင် House.com.mm မှ လေ့လာ ဆန်းစစ် ထားသော အချက်အလက်များ အရ ၃ပုံ ၂ပုံ
ခန့်ရှိသော ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင် များဟာ ၂၀၁၅ နှစ်တွင်း အိမ်ခြံမြေ ဈေးကွက်
ပိုမို ကျယ်ပြန့်လာပြီး တိုးတက်မှု ရာခိုင်နှုန်း ၈ % ထက် ပိုမည်ဟု ခန့်မှန်း ထားပါတယ်။ ဈေး
ကွက်ရဲ့ အစိတ်အပိုင်း အားလုံးဖြစ်သော အိမ်၊ တိုက်ခန်းနှင့် ရုံးနေရာများမှာ ဝယ်ခြင်းနှင့် ငှား
ခေင်း နှစ်မျိုး စလုံး ၂၀၁၄ ခုနှစ်တွင် ပုံမှန် တိုးတက်နေ သည်ကို မြင်တွေ့ ရမည်ဟု အကျိုး
ဆောင် များကလည်း ပြောဆိုထား ပါတယ်။

ဤ သုံးသပ်ချက် များနှင့် မြန်မာနိုင်ငံ၏ အင်တာနက် ဆိုင်ရာ လုပ်ငန်းများကို အသေးစိတ်
သိလိုပါက House.com.mm ၏ www.house.com.mm/research-burမှာလည်း အသေးစိတ် လေ့လာနိုင်ပါ တယ်။

House.com.mm ဟာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဆိုင်ရာ အကြီးမားဆုံး ၀ဘ်ဆိုဒ် ဖြစ်ပြီး နေ
ထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းသုံး အိမ်ခြံမြေနေရာ ၂၀,၀၀၀ ကျော်ကို အိမ်ခြံမြေ ဝယ်ယူ
သူနင့် အိမ်ခြံမြေ အကျိုးဆောင် တို့မှ စာရင်းကောက် ယူပြီး အွန်လိုင်းတွင် လွှင့်တင် ထား
ခြင်း ဖြစ်ပါတယ်။ ဝဘ်ဆိုဒ် ကို ၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး အွန်လိုင်းပေါ်တွင်
အိမ်ခြံမြေ ဝယ်ခြင်း၊ ရောင်းခြင်းနှင့် ငှားရမ်းခြင်း များကို အလွယ်တကူနှင့် လုံခြုံ စိတ်ချစွာ
လုပ်ဆောင်နိုင်ရန် ဖွင့် ခဲ့ ပါတယ်။ ထို့အပြင် House.com.mm ဟာ global property network
Lamudi (ကမ္ဘာလုံး ဆိုင်ရာ အိမ်ခြံမြေ လုပ်ငန်း) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး Lamudi ဟာ
တဟုန်ထိုး ဈေးကွက်များ ဖြစ်သည့် အာရှ၊ အရှေ့ အလယ်ပိုင်း ဒေသ၊ အာဖရိကနှင့် လက်
တင် အမေရိက နိုင်ငံများမှာ အိမ်ခြံမြေ ဈေးကွက် ကို အထူးပြု လုပ်ဆောင် နေသော ကုမ္ပဏီ
ကြီး တစ်ခု ဖြစ်ပါတယ်။


Read More »

Wednesday, January 14, 2015

ဖုန်းငွေဖြည့်ကတ် ပို့ပေးမည့် Digital Life Quiz အစီအစဉ် (DL Quiz 2015jan3.1)




ဖုန်း ငွေဖြည့်ကတ် ပို့ပေးမည့် Digital Life Quiz အစီအစဉ် ထပ်လာပါပြီ။

ယခုမေးမြန်းထားသော မေးခွန်းကို ဇန်န၀ါရီ ၁၅ရက်နေ့ ထိ နောက်ဆုံးထား ဖြေဆိုနိုင် ပါသည်။

မေးခွန်းကိုဖြေဆိုရန် အောက်တွင် ပေးထားသောlink ကို နှိပ်၍ အချက်အလက်များ ထည့်သွင်း
ကာ ဖြေဆိုပါ။

(Comment ပေး၍ ဖြေဆိုခြင်းမပြုရပါ)

အဖြေမှန်ပြီး ကံထူးသူ တစ်ဦးကို လာမယ့် ဇန်န၀ါရီ ၁၅ရက် ကြာသာပတေးနေ့ တွင် ငွေဖြည့်ကတ်
ပို့ပေးပါမည်။

သင့်မိတ်ဆွေ အပေါင်းအသင်းများလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရန် ဤ post ကို share ပေးလိုက်ပါ။

ဖြေဆိုရန် ဒီမှာ နှိပ်ပါ။

From : http://www.myanmardigitallife.com/?page_id=1733

Read More »

Tuesday, January 13, 2015

ဆိုင်ပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ အစား အသောက် ဈေးရောင်း ပွဲတော် ပြုလုပ်မည်



MyLann (အွန်လိုင်းစားသောက်ဆိုင်လမ်းညွှန် ကုမ္ပဏီ) ကနေ စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော်
ပါဝင်တဲ့ “Food Fair” (အစားအသောက် အထူးဈေးရောင်းပွဲတော်ကြီး)ကို အခုလာမယ့် ဇန်နဝါရီ
လ ၂၄ ရက်ကနေ ၂၅ ရက်နေ့ထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမှာ ရှိတဲ့ ပြည်သူ့ရင်ပြင်
နှင့် ပြည်သူ့ဥယျာဉ်တို့မှာ ကျင်းပပြုလုပ် သွားမှာပါ။

ဒီပွဲတော်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ပြုလုပ်ကာ နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပသွား
ပါမယ်။ ဒါ့ထက် အစားအသောက်မျိုးစုံကို တနေရာတည်းမှာ တစုတစည်းတည်း ဆိုင်ပေါင်း ၁၀၀
ကျော် ဝယ်ယူစားသောက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပွဲတော်ကို လာရောက်ကြမယ့်သူတွေအတွက် ကံစမ်းမဲ အစီအစဉ်အနေနဲ့ မိုဘိုင်းဖုန်း ဟန်းဆက်
တွေ မဲဖောက်ပေးမှာဖြစ်ပြီး နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း
ပါဝင်မှာဖြစ်ပါတယ်။

ဒီပွဲတော်ကို ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်မှာရှိတဲ့ ဂိတ်ပေါက် ၃ ပေါက်လုံးက အနီးဆုံး ဝင်
ရောက်နိုင်ရန် စီစဉ်ထားပြီး ပွဲတော်ရက် အတွင်း ပျော်ရွှ င်စရာ အစီအစဉ်တွေကို အစီအစဉ်တင်
ဆက်သူတွေ အဖြစ် ရုပ်ရှင်ဟာသ သရုပ်ဆောင် ခင်လှိုင်၊ ဒိန်းဒေါင်၊ ပွင့် နှင့် MRTV-4 က အစီ
အစဉ်တင်ဆက်သူ ရဲဝင့်သူ တို့က ပါဝင် တင်ဆက်သွားမှာပါ။

“ဒီ အစားအသောက် အထူးဈေးရောင်းပွဲတော်ကြီးကနေ စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေ
ကြား ဘယ်လို အကျိုးဖြစ်ထွန်းလာမယ်လို့ ကျနော်တို့ MyLannအနေနဲ့ မျှော်လင့်မိလဲဆိုတော့
နံပါတ်တစ်ကတော့ ဒီဈေးရောင်းပွဲကြီးက ထူးခြားတယ်။ စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော်ပါ
ဝင်တဲ့ မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးပွဲဖြစ်တယ်။

စားသောက်ဆိုင်တွေကလည်း မျိုးမတူဘူး။ ထိုင်းစာ၊ မြန်မာဒံပေါက်၊ ဂျပန်စာ၊ မက္ကဆီကန်စာ စ
တဲ့ မတူညီတဲ့ အစားစာပေါင်း မျိုးစုံကို Outdoor တနေရာ တည်းမှာ တစုတစည်းတည်း စားသုံး
ခွင့်၊ မြည်းစမ်းခွင့် အခွင့်အရေးရမယ်” လို့ MyLann မှ Founder & Communications Director
ကို ကျော်စစ်နိုင်က ဧရာဝတီကို ပြောပါတယ်။

သူက ဆက်ပြီး “ပွဲတော်ရက် အတွင်းမှာ ကံစမ်းမဲ အစီအစဉ်တွေ ဖျော်ဖြေရေး အစီအစဉ်တွေ
အများကြီးပါတယ်။ စားသုံးသူတွေ အနေနဲ့ တနေရာတည်းမှာ အစားအစာ စုံစုံလင်လင်ကို ဈေး
နှုန်း ချိုချိုသာသာနဲ့ စားနိုင်သလို စားသောက်ဆိုင်တွေ အနေနဲ့ကလည်း တရက်ကို လူဦးရေ အများကြီးကို ရောင်းချနိုင်မှာ ဖြစ်တဲ့ အတွက် လူတွေကြားမှာ တကယ့်ကို Branding လည်း
ကောင်းမယ်။ Marketing Exposure ရမယ်။ နှစ်ဦးနှစ်ဖက် အဲဒီလို အကျိုးကျေးဇူးတွေရနိုင်မယ်
လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ပွဲတော် ပထမရက်မှာ နာမည်ကြီးအဆိုတော်တွေဖြစ်သော ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ဥာဏ်
လင်းအောင်၊ အိပ်မက်ဆုံရာမှ Leo၊ လွန်းဇောင်း နှင့် Fred တို့မှ သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး
အဲ့ဒီနေ့မှာ လာရောက် အားပေးသူတွေကို Huawei ဖုန်းဟန်းဆက် (၁၀) လုံး၊ ဒုတိယရက်မှာ
Model များ၊ အိပ်မက်ဆုံရာမှ Leo၊ လွန်းဇောင်း နှင့် Fred တို့ရဲ့ဖျော်ဖြေမှုများ၊ အဆိုတော်
Ar-T နှင့် Dancer တို့ရဲ့ သရုပ်ဖော် တင်ဆက်မှုတွေ အပြင် Samsung Note IV (၁၀) လုံးကို
ကံစမ်းမဲ ဖောက်ပေးသွားမှာပါ။

MyLann မှ စားသောက်ဆိုင်များနဲ့ စားသောက်သူတွေအကြား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အခု
လို ပျော်ရွှင် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အစီအစဉ်တွေကို လစဉ် ကျင်းပလျက်ရှိပြီး ဇွန်လ
မှာလည်း ရန်ကုန်မြို့လုံးကျွတ် ကြက်ကြော်စားသောက်ပြိုင်ပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ
ကျင်းပသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း ကိုကျော်စစ်နိုင်က ပြောပါတယ်။

ပွဲတော်အတွင်း နိုင်ငံတကာနဲ့ ရိုးရာအစားအသောက်ပေါင်း ၆၀ ကျော်ပါဝင်ရောင်းချသွားမှာပါ။
ရန်ကုန်မြို့ ရှိ နာမည်ကြီး စားသောက်ဆိုင်တွေဖြစ်တဲ့ YKKO (ကြေးအိုး)၊ ရွှေရှမ်းကန်စား
သောက်ဆိုင်၊ So Good… So Yummy! ကြက်ကြော်ဆိုင်၊ Thai 47 စားသောက်ဆိုင်၊ KYK ရေ
ခဲမုန့်၊ Alpine သောက်ရေသန့်၊ ကောင်းမွန် မုန့်တိုက် စတဲ့ နာမည်ကြီးဆိုင်တွေ ပါဝင်တယ်လို့
လည်း သိရပါတယ်။

MyLann ကို မြန်မာလူငယ် (၃) ဦးမှ ၂၀၁၄ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်
ကုန်မြို့ရှိ စားသောက်ဆိုင်ပေါင်း (၆၅၀) ကျော်ရဲ့ အချက်အလက်တွေကို မိုဘိုင်းနဲ့ အွန်လိုင်း
ကနေတဆင့် လျင်မြန်စွာ ရှာဖွေနိုင်အောင် ဝန်ဆောင်မှုပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး
စားသောက်ဆိုင်လမ်းညွှန် အွန်လိုင်း Website နှင့် Mobile Application တခု ဖြစ်ပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2015/01/blog-post_13.html

Read More »

Wednesday, November 19, 2014

မင်္ဂလာဆောင် အကြို စုံတွဲအလှ ဓာတ်ပုံ ရိုက်ကြမယ်


ဝါကျွတ်ပြီ ဆိုတာနဲ့ မင်္ဂလာ ပွဲတွေ ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြတာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ တခုပါပဲ။ ဒီလို
မင်္ဂလာချိန် ခါတွေမှာ အမှတ်တရတွေ ထင်ကျန် နေအောင် Pre-Wedding Photo (မင်္ဂလာမဆောင်မီ စုံတွဲ
အလှဓာတ်ပုံ ရိုက်ကူးခြင်း) က မင်္ဂလာစုံတွဲတွေ အတွက် အင်မတန်မှ အရေးပါ ပါတယ်။


မော်ဒယ် ထွန်းကိုကို၊ နန်းဆုရတီစိုး (ဓာတ်ပုံများ - Aroma)

နှစ်ဦးအမှတ်တရ ဓာတ်ပုံလေးတွေကို မင်္ဂလာမဆောင်ခင် ကြိုတင် ရိုက်ကူးထားပြီး မင်္ဂလာဆောင် အခမ်း
အနားမှာ ပရိုဂျက်တာနဲ့ ဆလိုက်ရှိုး ပြကြတာလည်း ခေတ်စားလာပါတယ်။

အခု နောက်ပိုင်း မင်္ဂလာ ဆောင်မယ့် စုံတွဲတွေ အနေနဲ့ Pre-Wedding Photo တွေကို အရင် တုန်း ကလို
Indoor မှာပဲ မဟုတ်ဘဲ Outdoor မှာ နောက်ခံ ရှုခင်း လှလှတွေ၊ Romantic ဆန်ဆန် နေရာ မျိုးတွေမှာ
အိုင်ဒီယာ ဆန်းဆန်းပြားပြားတွေနဲ့ အရိုက်များလာကြပါတယ်။

တိုးတက်တဲ့ နိုင်ငံ တော်တော် များများ မှာတော့ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား မကျင်းပ
ကြတော့ဘဲ Pre-Wedding ကိုပဲ သေသေချာချာ ဇောင်းပေးပြီး ရိုက်လာပါကြတယ်။

မင်္ဂလာပွဲကိုတော့ ခင်မင်ရင်းနှီးတဲ့ လူအနည်းငယ်နဲ့သာ ပါတီပေးတာလောက်နဲ့ ပြီးသွားကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီယဉ်ကျေးမှုက လွန်ခဲ့တဲ့ ၃ - ၄ နှစ် ဝန်းကျင်လောက်ကမှစပြီး တွင်တွင်ကျယ်ကျယ် ခေတ်
စားလာတာပါ။

ဒီနေ့ခေတ်ချိန်ခါမှာ မင်္ဂလာဆောင်ကြတဲ့ စုံတွဲ အများအပြား Pre-Wedding ရိုက်လာကြပါပြီ။

သတို့သား၊ သတို့သမီးက မင်္ဂလာဆောင်လာ ဧည့်သည်တွေကို ဧည့်ခံနေရတာကြောင့် စိတ်ဖိစီးမှု များနေ
နိုင်တဲ့အတွက် Pre-Wedding Photo တွေလောက် ပြည့်စုံကောင်းမွန် လှပဖို့ မဖြစ်နိုင်ပါဘူး။


မော်ဒယ် ထွန်းကိုကို၊ နန်းဆုရတီစိုး

Pre-Wedding မှာတော့ ဓာတ်ပုံရိုက်တာကိုပဲ သီးသန့် အာရုံစိုက်နေရတဲ့အတွက် ပိုပြီးတော့ ပုံကောင်း
ပုံလှတွေ ရနိုင်ပါတယ်။

မင်္ဂလာပွဲအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိသလို အရမ်းလည်း အရေးပါပါတယ်။

ဒီလို ရိုက်ခြင်း အားဖြင့် မင်္ဂလာသတို့ သမီးနဲ့ လိုက် ဖက်မယ့် မိတ်ကပ် အပြင် အဆင်၊ လိုက်ဖက်မယ့်
အင်္ကျီအရောင် စတာတွေကို ကြိုတင်သိရှိရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် တကယ့် မင်္ဂလာ ပွဲကြီးမှာ ဓာတ်ပုံ အရိုက်ခံတဲ့ အခါမှာလည်း Pre-Wedding မှာ ရိုက်ထားတဲ့
အတွေ့အကြုံကြောင့် မင်္ဂလာပွဲနေ့မှာ အလှဆုံးဓာတ်ပုံတွေ ရရှိနိုင်ပါတယ်။

မြင်နေကျမဟုတ်တဲ့ နောက်ခံရှုခင်းတွေ ရဖို့အတွက် ဝေးလံပြီး ရှားပါးတဲ့ နေရာမျိုး တွေမှာ ရိုက်လာကြ
ပါတယ်။

တချို့စုံတွဲတွေကတော့ ဝေးလံရှားပါးတဲ့ နေရာတွေကို သွားရတဲ့ စရိတ်စက များတာကြောင့် ရန်ကုန်မြို့
တွင်း ကရဝိက်၊ ကန် တော်ကြီး၊ ပြည်သူ့ရင်ပြင် စတဲ့ နေရာမျိုးတွေမှာ နန်းတွင်း အပြင်အဆင်၊ ပန်းခြံရှု
ခင်း စတာတွေနဲ့ ရိုက်ကြပါတယ်။


မော်ဒယ် ကောင်းပြည့်၊ သန္တာဗိုလ်

အကုန်အကျခံနိုင်တဲ့ စုံတွဲတွေကတော့ မန္တလေးနန်းတွင်း၊ ဦးပိန်တံတား၊ ရှေးဟောင်း ပုဂံမြို့တော်၊ ပုဂံ
နန်းတွင်း၊ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်၊ ရေတံခွန်တွေနဲ့ ကမ်းခြေလို နေရာမျိုးတွေမှာ
သွားရောက်ရိုက်ကူးလေ့ ရှိကြပါတယ်။

အရင်ကလို အဝါရောင်၊ အဖြူရောင်၊ ပန်းရောင် စတဲ့ သမားရိုးကျ မင်္ဂလာအရောင်တွေကိုသာ ဝတ်ကြ
တာမျိုး မဟုတ် တော့ဘဲ ပန်းဆီရောင်၊ စိမ်းပြာရောင်၊ ကျောက်စိမ်းရောင်၊ ခရမ်းဖျော့ ရောင် တို့လို
အရောင်ဆန်းတွေကိုပါ ဝတ်လာကြပါတယ်။

ဝတ်စုံဒီဇိုင်းကိုလည်း အပြင်မှာ ဝတ်လေ့ဝတ်ထ သိပ်မရှိတဲ့၊ ဆန်းသစ်တဲ့ ဒီဇိုင်းမျိုးတွေ၊ ဆန်းကြယ်တဲ့
အပြင်အဆင်တွေ ဝတ်ဆင်ရိုက်ကူးလာကြပါတယ်။

လိမ်းတဲ့ မိတ်ကပ်အပြင်အဆင်ကလည်း ကွာခြားပါတယ်။

 Pre-Wedding မိတ်ကပ်က ဓာတ်ပုံရိုက်ဖို့ သီးသန့် မီးထိုးမှန်ထိုးတဲ့အခါ ဓာတ်ပုံထဲမှာ လှနေအောင်
လိမ်းရတာဖြစ်ပြီး တကယ့်ပွဲကြီးနေ့မှာတော့ ပွဲလာပရိသတ်တွေ အမြင်မှာလည်း လှနေအောင် လိမ်းရတာ
မျိုး ဖြစ်ပါတယ်။

 အနိမ့်ဆုံး ကျပ် ၉ သောင်းတန် Package ကနေ တသိန်းခွဲ၊ နှစ်သိန်းကိုးသောင်း၊ လေးသိန်းခွဲ၊
အမြင့်ဆုံး ၇ သိန်းခွဲတန်အထိ အစားစား ရှိပါတယ်။

ဝတ်စုံအရေအတွက်ပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားတာ ဖြစ်ပါတယ်။ Package အမျိုးအစား ၇
မျိုး၊ ၈ မျိုးလောက် ရှိတယ်လို့လည်း သိရပါတယ်။


မော်ဒယ် ထက်အောင်ရှိုင်း၊ မေမြင့်မိုရ်

Package တခုစီတိုင်းမှာ ဝတ်စုံကြေး၊ ဓာတ်ပုံရိုက်ခ၊ မိတ်ကပ် အပြင်အဆင်၊ လက်ဝတ်ရတနာ၊ ဖိနပ် စတဲ့
ဆံစကနေ ခြေဖျားအထိ အစအဆုံး အကုန်ပါဝင်ပြီးသားမို့ လူချည်းသက်သက် လာရုံပါပဲ။

ဒါကြောင့် မို့လို့ ဒီတပတ် မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ် ပရိသတ်တွေ အတွက် တသက်မှာ တခါ
တမင်္ဂလာပြုရတဲ့ မင်္ဂလာပွဲကြီးမှာ တသက်လုံး အမှတ်တရဖြစ်စေဖို့ မင်္ဂလာစုံတွဲတွေ Pre-Wedding Photo
Trend ပုံစံ ပြောင်းလဲလာတဲ့ အကြောင်းကို အသိပေး တင်ပြလိုက်ရပါတယ်။

သီဟတိုး

Pre-Wedding ပုံတွေ၊ ဈေးနှုန်းအချက်အလက်တွေကို Aroma (Zulu Studio) wedding dress, photo & video studio, jewellery, hair & beauty spa ကနေ ရယူပါတယ်။

လိပ်စာက အမှတ် S 25, ဦးချစ်မောင်အိမ်ရာ၊ တာမွေမြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

The Irrawaddy's Blog by zarny win
http://blog.irrawaddy.org/2014/11/blog-post_19.html

Read More »

Monday, November 03, 2014

ပြည်သူများ အတွက် အလုပ်အကိုင် အလွယ်တစ်ကူ ရရှိစေမည့် အခွင့်အရေး တစ်ခု



ယနေ့ခေတ်မှာ လူတိုင်းအတွက် လုပ်စရာ အလုပ်တွေ ပေါများလာပါပြီ ဒီလိုပေါများလာတဲ့ခေတ်မှာ အလုပ်
အကိုင်နဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းများ ရှာဖွေပေးနေတဲ့ အေဂျင်စီအဖွဲ့တစ်ဖွဲ့နဲ့ မိတ်ဆက်ပေးမှာဖြစ်
သလို လက်ရှိခေါ်နေသော အလုပ်များအားလည်း တင်ပြပေးလိုက် ရပါတယ်။

★ ★ ★ ဖုန်း- ၀၁-၅၁၃၆၂၆ ★ ★ ★ ၀၉-၄၉၃၀၁၅၈၆

  1. Accountant (အမြန်အလိုရှိသည်) ကျား/ မ (၈) ဦး
  2. BE(civil) (အတွေ့အကြုံ ၃နှစ်အထက်)(လစာ ၄သိန်း+) ကျား/မ (၃)ဦး
  3. Admin Manager အရာရှိငြိမ်း ၊ ဦးစားပေး ကျား (၅) ဦး
  4. HR manager ကျား/မ (၅) ဦး အရောင်းစာရေး မ (၁၅) ဦး အထွေထွေ ကျား (၁၅) ဦး
  5. Sale / Driver (အမြန်အလိုရှိသည်) ကျား (၁၀) ဦး
  6. Sale and Marketing ကျား /မ (၅၀) ဦး
  7. Graphic Designer (အမြန်အလိုရှိသည်) ကျား/မ (၁၀) ဦး
  8. Sale Supervisor လစာကောင်းမည် ကျား/မ (၁၀) ဦး
  9. Office Staff (ဘွဲ့ရ) ကျား/မ (၁၀) ဦး
  10. Sale ကျား/မ (၁၀) ဦး
  11. Driver (အမြန်အလိုရှိသည်) ကျား/မ (၁၀) ဦး
  12. Sale Manager ကျား/မ (၁၀) ဦး
  13. Waiter (အမြန်အလိုရှိသည်) (စရိတ်ငြိမ်း) ကျား/မ (၂၀) ဦး
  14. စာရင်းကိုင် ( လက်စာရင်းကိုင် )စရိတ်ငြိမ်း ကျား/မ ( ၁၀) ဦး
  15. Security (လုံခြုံရေး) ကျား ( ၂၀) ဦး
  16. ၁၀ တန်းအောင် အမျိုးသား (အလုပ်သင်) ကျား (၁၂ ) ဦး
  17. အမျိုးသမီး Storekeeper (အလုပ်သင် ) မ (၄ ) ဦး
  18. Marketing (ဘွဲ့ရ) (၁သိန်း+အခြားခံစားခွင့်) ကျား/မ (၂၀)ဦး
  19. Business staff (စီးပွားရေး ဘွဲ့ရ ) ကျား/မ (၁၀)ဦး
  20. Cashier , Bar Staff , ဓားကိုင် ကျား ( ၁၅) ဦး
  21. Chief Account (အမြန်အလိုရှိသည်) ကျား/မ ( ၅ ) ဦး
  22. အိမ်အကူ (စရိတ်ငြိမ်း + ၄၀၀၀၀) မ (၁၀)ဦး
အလုပ်အကိုင်များစွာရှိသည်။ အလုပ်အတွက်ဖုန်းဆက်လိုက်ပါ။

★ ★ ★ ဖုန်း - ၀၁- ၅၁၃၆၂၆ ★ ★ ★ ၀၉-၄၉၃၀၁၅၈၆


ရန်ကုန်မှ အလုပ်လျှောက်ထားလိုသူများ
ဇွဲမာန် ရုံးခန်း (အခန်းအမှတ် ၂၁ ၊ တိုက်အမှတ် ၁ ၊ လှိုင်ရတနာအိမ်ယာ ၊ လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ )သို့
လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည် ။

ခရီးစဉ် အညွှန်း
ရန်ကုန် အင်းစိန် လမ်းမကြီး သုခမှတ်တိုင်နှင့် သံလမ်းမှတ်တိုင်ကြား။
လှိုင်ရတနာ အိမ်ယာ တိုက်အမှတ် (၁) ကိုလာခဲ့ပါ။

နယ်မှ အလုပ်လျှောက်ထားလိုသူများ
kwl161828@gmail.com သို့ မေးလ်ပို့ပြီးလျှောက်ထားနိုင်ပါသည် ။

အလုပ်လျှောက်ထားရာတွင် (မှတ်ပုံတင်မိတ္တူ ၊ လိုင်စင်ဓာတ်ပုံ ၊ ရပ်ကွက်/ရဲစခန်းထောက်ခံချက်၊ ပညာအရည်
အချင်း အထောက်အထား များ ၊ အိမ်ထောင်စုစာရင်း မိတ္တူ ) လိုအပ်ပါသည်။

ဝန်ထမ်း လိုအပ်နေသော လုပ်ငန်းရှင်များ ဇွဲမာန် ၀န်ဆောင်မှု လုပ်ငန်းသို့ ဆက်သွယ်ပေးပါ ။ ၀န်ထမ်း ကိစ္စ
အတွက် အခက်အခဲ မရှိအောင်ဆောင်ရွက် ပေးပါသည် ။

လုပ်ငန်းရှင်များ လိုအပ်နေသော ၀န်ထမ်းများအားချက်ချင်း အမြန်ခန့်ထားနိုင်အောင် ကူညီဆောင်ရွက်ပေးနေ
ပါသည်။

လုပ်ငန်းရှင်များ အနေဖြင့် www.zweman.com တွင် မိမိခေါ်ယူခန့်ထားလိုသော ၀န်ထမ်းများ ကို လာရောက်တင်
ထားနိုင်ပါသည်။

ဇွဲမာန် ၀န်ဆောင်မှုလုပ်ငန်း သည် အချိန်နှင့် တပြေးညီ အလုပ်အကိုင်နှင့် ပတ်သက်သော အကူအညီများ ပေး
နိုင်ရန် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရုံးဖွင့်ထားပါသည်။ ပိတ်ရက်မရှိဝန်ဆောင်မှုပေးနေပါပြီ။

From : Pyae Phyo (MMiTD) by Myanmar IT Helper

Read More »

Monday, October 20, 2014

အလိုတော်ပြည့် အခမဲ့ ဆေးကုသမည့် အစီအစဉ် အသိပေးခြင်း



ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ၏ သြ၀ါဒအရ
ဒေါက်တာ ဦးစောမြအောင် မိသားစု နှင့် ရခိုင် အမျိုးသား လူမူ ကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်) တို့မှ ဦးဆောင်ပြီး
နိုင်ငံတကာမှ Rotary အဖွဲ့ဝင်များနှင့် မိတ်ဆွေများ မှ ၃၁.၁၂.၂၀၁၄ မှ ၁.၁.၂၀၁၅ ထိ မြောက်ဦးမြို့ – မြောက်ဦး
ဟိုတယ်တွင် ၄င်း (၄.၁.၂၀၁၅) နေ့တွင် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် ၄င်း ဆင်းရဲနွမ်းပါးသော
မိဘပြည်သူများအား ဇီဝိတဒါန အခမဲ့ ဆေးကုသပေးမည် ဖြစ်ပါသဖြင့် သက်ဆိုင်ရာ မြို့နယ်များရှိအလိုတော်ပြည့်
ကျောင်းတိုက် တာဝန်ခံ ဆရာတော်များ ထံ အချိန်မှီ စာရင်းပေးသွင်း ကြပါရန် အသိပေး နိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန်ဖုန်း။
  • 095014500
  • 09421711199
  • 09421720469

နိဉ္စရာ-သတင်းဋ္ဌာန by admin

Read More »

Tuesday, October 07, 2014

နည်းပညာဒါန အဖြစ် အခမဲ့ ကွန်ပြူ တာ သင်တန်း ဖွင့်လှစ်ခြင်း



ကွန်ပြူ တာနဲ့ ဖုန်းပိုင်းဆိုင်ရာကို စိတ်ဝင်စားကြတဲ့ ထိုင်းနိုင်ငံ အတွင်းမှာရှိနေသော သူငယ်ချင်းတွေ အတွက် ကျွန်တော်
(ရန်ကုန်သား နည်းပညာမြို့တော်) မှ ကွန်ပြူ တာကို အခြေခံမှ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြု နိုင်အောင် အခကြေးငွေ
မယူပဲ ပညာဒါန အဖြစ် မိမိ တတ်သလောက် သင်ကြားပို့ချ ပေးမယ်ဖြစ်ပါတယ်။

ဖုန်းနှင့် ပတ်သက်လို့ ကိုင်တွယ် အသုံးပြုနည်းနှင့် ပြုပြင်နည်းတွေပါ ထည့်သွင်း သင်ကြားပေး သွားမည်ဖြစ်ပါတယ်။
လူဦးရေ ကန့်သက်ထားခြင်း မရှိပဲ တနေ့လျှင် မနက်ပိုင်း နှင့် ညနေပိုင်း အချိန် 2 ခု ခွဲထားမည်ဖြစ်ပါတယ်။
သင်တန်း အချိန်ပြီးလျှင် ထိုင်းစာ ရေး / ဖတ် တတ်အောင်လည်း ထိုင်းဘာသာ စကားကိုလည်း ထည့် သွင်း သင်ကြား
ပေး သွားမည်ဖြစ်ပါတယ်။

တစ်ပတ်လျှင် အလုပ်ပိတ်ရက် (တနင်္ဂနွေနေ့ ) တစ်ရက်သာ သင်ကြားပေး သွားမည်ဖြစ် ပါသောကြောင့် မည်သူ မဆို
စိတ်ဝင်စားမှု ရှိပါက သင်တန်းနှင့် နီးသူများ လာရောက် တက်နိုင်ပါတယ်။ သင်တန်းကာလကိုတော့ အချိန် ( 2 လခွဲ )
သက်မှတ်ထားပြီး အချိန်ပြည့် အထူးကျပ်မတ်ပြီး သင်ကြားပေးသွားပါမည်။

သင်တန်းတည်နေရာကတော့ ...
  • ဖလမ်ဆန် (Rama III)
  • စာထုပတီ - စွယ် 49 လမ်း
  • တလာနန်းထိုင်း

ဆက်သွယ်ရန် - - - - -
  • ဖြိုးဝေ - 099-060-0480 (or) 084-660-7955
  • ရန်ကုန်သား (နည်းပညာမြို့တော်) - 083-1118534

လာမည့် အပတ် တနင်္ဂနွေနေ့ တွင် စတင်မည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားပါက ကြိုတင်စုံစမ်းမေးမြန်းနိုင်ပါ
တယ်ခင်ဗျာ....။

From : Internet for Myanmar by ရန်ကုန်သား

Read More »

Friday, June 06, 2014

ကား အသစ် များနှင့် တပတ်ရစ် ကားများ Motors.com.mm တွင် ရောင်း/ ၀ယ် နိုင်



Motors.com.mm သည် မြန်မာ နိုင်ငံ၏ အွန်လိုင်း ကားဈေးကွက်တွင် အအောင်မြင်ဆုံးနှင့် အကောင်းဆုံး ၀က်ဘ်ဆိုဒ်ဖြစ်သည်ူ အားလျော်စွာ Hyundai, Mercedes, BMW စသော နာမည်ကျော် ကားများကို တစ်
နေရာ တည်းတွင် အမျိုးအစားစုံလင်စွာဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

ကားအသစ်များ ကိုသော် လည်းကောင်း၊ တစ်ပတ်ရစ် ကားများကိုသော် လည်းကောင်း၊ Nissan, Honda,
Toyota မှအစ ကား အမျိုးအစား အားလုံးကို Motors.com.mm တွင် ရှာဖွေနိုင်ပါသည်။

သင့်အတွက် ကားကို အွန်လိုင်းမှ ၀ယ်ယူရန် လွယ်ကူပါသည်။ သင့်စိတ်ကြိုက် ကားကို ရှာဖွေ ရွေးချယ်ပါ။
မြန်မာ နိုင်ငံ အတွင်းရှိ တရားဝင် လုပ်ငန်း လိုင်စင်ရှိသော ကား အရောင်း လုပ်ငန်းရှင် များနှင့် ဆက်သွယ်
ပါ။ သင့်စိတ်ကူး ဈေးနှုန်းအား ညှိနှိုင်းဝယ်ယူနိုင်ပါသည်။သင့်တတ်နိုင်သော ငွေကြေးပမာဏနည်းနည်းဖြင့် သင့်အတွက် မြန်မာနိုင်ငံတွင် ကားတစ်စီး ရှာဖွေနေပါသလား? မခက်ခဲပါ။ Sport ကား၊ ဆိုင်ကယ် အများ
သုံးကား စသော မည်သည့် ကား အမျိုး အစားကို မဆို သင့်တင့်သော ဈေးနှုန်း များဖြင့် Motors.com.mm
တွင် ရှာဖွေနိုင်ပါပြီ။

သင်ရှာဖွေ တွေ့ရှိသော ကား၏ ပူးတွဲပါ အသေးစိတ် အချက်အလက် များသည် သင်သိရှိသင့်သည့် အချက်
များ ဖြစ်သည့် အတွက် အထောက်အကူ ဖြစ်ပါလိမ့်မည်။ ထို့ပြင် limousine ဇိမ်ခံကားများ၊ Off-Road SUV
ကားများကဲ့သို့ တန်ဖိုးကြီး ကားများ ၀ယ်ယူရာ တွင်လည်း သင့် အတွက် လိုအပ်သည့် စိတ်ကျေနပ်မှုကို အ
ပြည့်အ၀ ရရှိစေမည် ဖြစ်ပါသည်။

ကျွန်ုပ် တို့၏ ၀က်ဘ်ဆိုဒ်သည် သင့်အတွက် ကားရှာဖွေ ရာတွင် ဈေး အသက်သာ ဆုံးနှင့် အရည်အသွေး
ကောင်းသော ကားများကို အချိန်ကုန်မခံစေရဘဲ ရှာဖွေရရှိနိုင်အောင် စီစဉ်ထားပြီး ဖြစ်ပါသည်။ သင်ကား
ဝယ်ယူရန် ကားမူရင်း ပိုင်ရှင်၊ ကားအရောင်း အ၀ယ် လုပ်ငန်းရှင်၊ သို့မဟုတ် ပြည်တွင်းသို့ကားတင် သွင်း
သူ လုပ်ငန်းရှင်တို့ထံမှ ကားဝယ်ယူရန် ရွေးချယ်နိုင်ပါသည်။

ကား ဈေးကွက်အား ရှာဖွေ၊ လေ့လာ လိုပါက Motors.com.mm ၀က်ဘ်ဆိုဒ် ကမ္ဘာလေးသို့ ချက်ချင်းဝင်
ရောက် လေ့လာလိုက်ပါ။ ၀ယ်သူ့ စိတ်ကြိုက် ကားသန့်သန့် ရှာဖွေရန် ထို့ထက် ပို၍ မလွယ်ကူခဲ့ပါ။

အကယ်၍ သင်သည် အွန်လိုင်းမှ ကားဝယ်လိုပါက Motors.com.mm သည် သင့်အတွက် အကောင်းဆုံး ၀က်ဘ်ဆိုဒ်ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကားဝယ်ယူလိုသူများအတွက် ကားအသစ်၊ တစ်ပတ်ရစ်ကား
များ ၀ယ်ယူနိုင်ရန် အကောင်းမွန်ဆုံး စုစည်းပေးထားသည့်အပြင် ၀ယ်သူ၊ ရောင်းသူများအားလုံးအား အ
ကောင်းမွန်ဆုံး ၀န်ဆောင်မှုလည်း ပေးလျက်ရှိပါသည်။

ကားရှာဖွေရာတွင် အရောင်၊ အသုံးပြုထားသော ခရီးမိုင် ၊ ကားအခြေအနေစသော အသေးစိတ်အချက်အ
လက် များဖော်ပြထားသည့် အပြင်၊ ကားတည်ရှိရာမြို့၊ ထုတ်လုပ်သောကုမ္ပဏီ၊ ဈေးနှုန်း တို့ဖြင့်လည်း ရှာ
ဖွေနိုင်ပါသည်။

အသုံးပြုရန်လည်း အလွန်လွယ်ကူရှင်းလင်း ပါသည်။ ကားရောင်းသူများကလည်း ကားရောင်းရန်ကြော်ငြာ
နိုင်ပြီး ကားဝယ်လိုသူများကလည်း အကောင်းဆုံး ၊အတန်ဆုံးကားများကို ရှာဖွေဝယ်ယူနိုင်ပါသည်။

Motors.com.mm အားအသုံးပြုသည်မှာ လုံးဝအမှားမ ဖြစ် စေရပါ။ သင့်အတွက် ကားအသစ်၊ တပတ်ရစ်
ကား ဆိုင်ကယ် အများသုံးကား အိမ်စီးကားနှင့် မော်တော် ယာဉ်များကို အခုချက်ချင်းရှာဖွေကြည့်လိုက်ပါ။

Read More »

Sunday, May 25, 2014

မြန်မာ သီချင်း သီးသန့် ယူရန် အတွက် သင့်တော်သော Website



မင်္ဂလာပါ။
ကျွန်တော်လည်း ပိုစ့် အသစ်တွေ မရေးတာလည်း ကြာပါပြီ။

အခုတော့ မြန်မာ သီချင်းများ သီးသန့်နှင့် နောက်ဆုံးထွက် သီချင်း ရှာဖို့ သီးသန့်ဆိုဒ် တစ်ခု တွေ့ထား
ပါတယ်။

ကောင်းကျိုး တစ်ခု ကတော့ ဆိုဒ်ဝင် ရတာ ပေါ့ပါးပြီး အခြားဆိုဒ် တွေလို adf.ly မခံထားတာ တွေ့ပါ
တယ်။

ဝင်ရမည့်ဆိုဒ်ကတော့ - (Myanmar Music Zone) ဖြစ်ပါတယ်။

အဆိုတော် နာမည် များကို A to Z ရှာလို့ရခြင်း


A ကနေ Z အထိ အဆိုတော် နာမည်တွေ ရှာလို့ရအောင် သေချာ စီမံထား ပါတယ်။ ဒါကြောင့် အားလုံး
အတွက် အဆိုတော် သီးသန့် ရှာရတာ လွယ်ကူ ပါတယ်။ မြန်မာ သီချင်း များကို နေ့စဉ်နှင့် အမျှ သေ
သေချာချာ တင်နေ ပါတယ်။

Alphabet သီးသန့် တစ်လုံး တည်းဖြင့် အဆိုတော် အချို့ကို ရှာဖွေနိုင်ခြင်း


ဥပမာ - Z Artist ကို ရှာရင် Zay Ye, ဇော်ပိုင်, ဇော်ဝင်းထွဋ်တို့ ထွက်လာ ပါတယ်။ တခြား အဆိုတော်တွေ
ကိုလည်း ဒီလိုလေး ထောက်ပြီး ရှာကြည့်ပေါ့။

One-click download service (No adf.ly)


ကြိုက်တဲ့ သီချင်းကို ဒေါင်းလုပ်ယူပါ။ Adf.ly ကို မ၀င်ဘဲ အထက်ပါ ပုံလို တိုက်ရိုက် ဆွဲရတာကို မြင်ရပါ
လိမ့်မယ်။ Album တစ်ခုလုံး ယူချင်သူများ အတွက်လည်း ပေးထား ပါသေးတယ်။

Interview များကို အလွယ်တကူ ယူဖတ်နိုင်ခြင်း


ဒါကတော့ အလွယ်တကူ ၀င်ကြည့်လို့ ရပါတယ်။ လိုရာကို ၀င်ဖတ်ချင်ရင် လင့်တွေကို ကလစ်ပြီး ၀င်ဖတ်ပါ။

Facebook သုံးရင်း သီချင်း အလွယ်တကူ ရှာမယ်


Facebook သုံးရင် သီချင်း အလွယ်တကူ ရှာချင်ရင် LIKE ခလုတ် ကလေးသာ တစ်ခါပဲ ကလစ်လိုက်ပါ။

အောက်က လင့်လေးကို ကလစ် လိုက်ပါ။ သို့မဟုတ် Myanmar Music Zone ဆိုပြီး Facebook မှာ ရှာ
လိုက်ပါ။

https://www.facebook.com/mmmusiczone

အားလုံးပဲကျန်းမာပါစေ ချမ်းသာပါစေ။

by Pyae Phyo

Read More »

Thursday, April 10, 2014

ရေစိုစို သင်္ကြန် ဖက်ရှင်


ရက်ပိုင်းအတွင်း မြန်မာတို့ရဲ့ မဟာသင်္ကြန် အတာရေသဘင် ပွဲတော် အစပြု ပါတော့မယ်။


(ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)

သင်္ကြန်ရက်မှာ လည်မယ့် ခေတ်ရေစီး ထဲက လူငယ်တွေနဲ့ မဏ္ဍပ် ထိုင်ပြီး ရေကစား ကြမယ့် ကိုကို
မမတွေ အတွက် သင်္ကြန်မှာဝတ်ဖို့ အနေနဲ့ ကတော့ ရေစိုစိုမှာလည်း ထင်ရှားပေါ်လွင် နေစေနိုင်တဲ့
သင်္ကြန် ဝတ် ဖက်ရှင် ဂျင်းကုတ်၊ လည်သာကုတ်၊ ခေါင်းစွပ် Hoddy အင်္ကျီ အစ ရှိတဲ့ မထူလွန်း မပါး
လွန်းတဲ့ လက်ရှည် အင်္ကျီ တွေကို သင်္ကြန် အရောင်လို့ ပြော ရမယ့် ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင် တောက်
တောက် စွပ် ကျယ်၊ လက်ပြတ်၊ တီရှပ်မျိုးစုံနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

ဒါမှလည်း သင်္ကြန်မဏ္ဍပ်တွေ အပြိုင်အဆိုင် ကဲကြ ပက်ကြမယ့် မီးသတ်ပိုက် ခပ်ကြမ်းကြမ်းတွေရဲ့ ရေ
ပက်ဒဏ်နဲ့ ဧပရယ်နွေလယ်ရဲ့ ရှိန်ပြင်းပြင်း နေပူဒဏ်တွေကို ကောင်းကောင်း ခံနိုင်ရည် ရှိမှာအမှန်ပါ။

ဒါတင်မကသေးပါဘူး။ အမုန်းကဲပြီး ခုန်ကြ ကကြမယ့် လူငယ်တွေအတွက် All Star Boots လန်းလန်း
လေးလေး တရန်လောက်လည်း ရှိသင့်ပါတယ်။

သင်္ကြန်မှာဆိုရင် မဏ္ဍပ်ထိုင်တာပဲဖြစ်ဖြစ် လည်တာပဲဖြစ်ဖြစ် သင်္ကြန်ဖက်ရှင်ဆိုပြီး အတိုအပြတ်ချည်း သီးသန့်ဝတ်မယ်ဆိုရင်တော့ တနေကုန် ရေစိုတဲ့ဒဏ်၊ နေလောင်တဲ့ ဒဏ်တွေကြောင့် သင်္ကြန်ပြီးတာ
နဲ့ အသားအရေက ကောင်းကောင်းကြီး ပျက်စီးသွားနိုင်ပါတယ်။

ဒီတော့ သင်္ကြန်တွင်းလေးရက်စလုံး ရေပက်တာပဲဖြစ်ဖြစ် ရေပက်ခံ အလည်သွားတာပဲ ဖြစ်ဖြစ် အသား
အရေကို ဆိုးဆိုးဝါးဝါး မပျက်စီး ရအောင် Skin Care တွေသာမက အဝတ်အစားနဲ့ လည်း အသားအရေ
ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် မဏ္ဍပ်ထိုင်မယ့်သူတွေထက် ရေပက်ခံအလည်ထွက်ကြမယ့် သူတွေက အဝတ်အစားဝတ်
တဲ့အခါ ဖက်ရှင်နဲ့အတူ အသားအရေနဲ့ ကျန်းမာရေးအတွက်ကိုလည်း ပိုပြီး ဂရုစိုက်သင့်ပါ တယ်။

ဒီတပတ်မှာတော့ လူငယ်တွေအတွက် ဒီနှစ် ၂၀၁၄ သင်္ကြန်မှာ ဖက်ရှင်ကျကျ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့
ပါးပါး လန်းနေနိုင်မယ့် အပြင် ပူပြင်းပြီး ခရမ်းလွန် ရောင်ခြည် UV လွန်ကဲတဲ့ နေရောင်ဒဏ်ကို ခံနိုင်ဖို့နဲ့ ခပ်ကြမ်းကြမ်း ရေပက်တဲ့ ဒဏ်ကို ခံနိုင် ရည်ရှိစေမယ့် ယောကျာ်းလေးဝတ် ဂျင်းကုတ်၊ Hoddy ခေါင်း
စွပ်အင်္ကျီ၊ ပန့်ခ်ဒီဇိုင်း လယ်သာကုတ်၊ ကွန်မန်ဒို ပြောက်ကျား ခေါင်းစွပ်ကုတ်၊ All Star ဖိနပ်တွေနဲ့ မိန်း
ကလေးဝတ် ဂျင်းလက်ရှည်၊ လည်သာအင်္ကျီနဲ့ ဂျင်းကုတ်အစရှိတဲ့ သင်္ကြန်ဝတ် ဖက်ရှင်အဝတ်အစား ဒီ
ဇိုင်းအချို့ကို ခေတ်ရေစီး စာဖတ် ပရိသတ်ကြီး အတွက် ဈေးနှုန်းနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။

(ပုံမှာပြထားတဲ့ သင်္ကြန်ဖက်ရှင်တွေကို တော်ဝင်စင်တာ ဒုတိယထပ်က BLANCO အမျိုးသားဝတ် ဖက်ရှင်
ဆိုင်နဲ့ Bangkok Fashion အမျိုးသမီးဝတ် ဖက်ရှင်ဆိုင်တို့မှာ သွားရောက် ရိုက်ယူထားတာပါ။)

သီဟတိုး


ဒါက ၃၈,၈ဝဝ


အင်္ကျီ ၂၂,၅ဝဝ - အောက်က ၈,၈ဝဝ


အင်္ကျီ ၁၅,၃ဝဝ - စကပ် ၁ဝ,၅ဝဝ


အင်္ကျီ ၁၃,၃ဝဝ - ဘောင်းဘီကတော့ ၈,၈ဝဝ


အင်္ကျီ ၂၂,၈ဝဝ - တီရှပ် ၁၁,၈ဝဝ - ဘောင်းဘီ ၁၂,၈ဝဝ


အင်္ကျီ ၁၉,၈ဝဝ - ဘောင်းဘီကတော့ ၁၉,၈ဝဝ



ဂျင်းအင်္ကျီ ၃၇,၈ဝဝ - တီရှပ် ၇,၈ဝဝ - ဘောင်းဘီ ၂၁,၈ဝဝ



၃၈,၈ဝဝ


၂၉,၈ဝဝ

(ဧပြီလ ၁၃ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)

The Irrawaddy's Blog by zarny win

Read More »