(ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ)
 |
ရှစ်လေးလုံး လူထု အုံကြွမှုကြီး မပေါ်ပေါက်မှီ သီတင်း တစ်ပတ်ခန့် အလိုတွင် ချယ်ရီ မဂ္ဂဇင်း၌ ကြိုတင်ဖော်ပြ ခဲ့သည့် ကာတွန်း ဦးဖေသိန်း၏ ပုံ |
(၁)
လွန်ခဲ့သော (၂၈) နှစ် ၇-၈-၈၈ (တနင်္ဂနွေ)
ကျွန်တော် စီးလာသော အင်းစိန် - ဗိုလ်တထောင် နံပါတ် (၈) ဟီးနိုးကားသည် ပြည်လမ်း ပေါ်၌ တဂျိန်းဂျိန်း တဂျောင်း ဂျောင်းပြေးနေ၏။ ပုံမှန် အိမ်စီး ကားငယ် ဆိုပါက တငြိမ့်ငြိမ့် ပြေး နေမည် ဖြစ်သော်လည်း ချုံးချုံးကျ နေသော ခရီးသည်တင် ဟီးနိုးဖြစ် ၍ ဆူညံသည့် ကားစက်သံနှင့် အတူ မှန်တံခါး ရိုက်သံများ အော် မြည် နေခြင်း
ဖြစ်သည်။
ဟီးနိုး ကားပေါ်တွင် ခရီးသည် ခုနစ် ယောက်၊ ရှစ်ယောက် မျှသာ ပါ သဖြင့် ယာဉ်မောင်းက ဖိမောင်း နေဟန်ရှိ၏။ ခရီးသည်ဆင်းမည့် မှတ်တိုင် ကြိုမေး ထားပြီးဖြစ်၍ ဒုန်းပြေးမောင်းနေပုံလည်းရ၏။
အကြောင်းအရာ တစ်ခု ကလည်း ရှိသေးသည်။ အခြားမဟုတ်။ ရန်ကုန်တစ်မြို့လုံး တိတ်ဆိတ် ခြောက်ကပ်နေ၍ ဖြစ်မည် ထင်ပါ သည်။ ကားကို မြန်မြန်သိမ်းပြီး အိမ်ပြန် ချင်ပုံ ရသော ယာဉ်မောင်း နှင့် စပယ်ယာ တို့သည် ဗိုလ်တ ထောင်ရောက်အောင်သာ စိတ် ထက်သန် နေပုံ ရလေသည်။
ကျန် သည့်လူများကော၊ ကားပေါ်ပါ ခရီးသည်အချို့ကို ဝေ့၀ဲကြည့် လိုက်တော့ အားလုံးမျက်လုံးမှာ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေ သည့်အလား သောကငွေ့ကလာ ရိုက်၏။ ကျွန်တော်လည်း အိမ် အမြန်ပြန်ရောက် ချင်ပါပြီ။ မိုး တဖွဲဖွဲရွာနေသော ပြည်လမ်းမထက် ကားများက သိသိသာသာ ရှင်းလွန်းနေ၏။
လူစည်ကားရာ ဘုန်းကြီးလမ်းအတွင်း ၀င်ရောက် လာသော်လည်း စားသောက်ဆိုင် များ၊ ဈေးဆိုင်များ အတော်လေး ရှင်းနေကြောင်း သတိထားမိပြန် သည်။
တနင်္ဂနွေရုံးပိတ်ရက်ဖြစ် ၍ လူရှင်း၊ကားရှင်းသည့် ကြားထဲ လူအများသည် စိုးရိမ်ပူပန်စိတ် အချို့ကြောင့် အိမ်ထဲမှ အိမ်ပြင် သို့ သိပ်မထွက်ကြ။
အိမ်တွင်း အောင်းနေကြဟန်ရှိပါသည်။ ရုတ်တရက် ကျွန်တော်သည်ကား ပေါ်မတက်မှီ ကမာရွတ် ဘူတာရုံ လမ်း၌ ဆုံခဲ့သော ကျောင်းက သူငယ်ချင်း တစ်စုကို သတိရ သွားသည်။
ဘာပဲဖြစ်ဖြစ်၊ ဘယ် လိုအတား အဆီးပဲရှိရှိ မနက်ဖြန် သပိတ်မှောက် ကြမည်ဟု တက် တက်ကြွကြွ ပြောနေသော သူငယ်ချင်း တစ်ယောက်၏ စကားသံကို ကြားယောင် လာပြန်သည်။
လူ ချင်းဆုံ ဆွေးနွေးပြီး လမ်းခွဲပြန် လာသော အခါ ကမာရွတ် စံရိပ် ငြိမ် ထိပ်ကစ၍ ဖြန့်ကြက်ချထား သော စစ်သံချပ်ကား (ဘရင်း ကယ်ရီယာ)နှင့် စစ်သားများ အ ပြည့် တင်ဆောင် ထားသော တီအီးကား အစိမ်းရောင် များကို မြင် ခဲ့ရ၏။
လှည်းတန်း မီးပွိုင့်က အ ဖြတ် တက္ကသိုလ် ဓမ္မာရုံ ထဲကနေ ရန်ကုန် တက္ကသိုလ်ဘက် ဆီသို့ ချိန်ရွယ်ထားသော တင့်ကားကြီး များကို မြင်လိုက် ချိန်မှာတော့ သွေးတို့ ပွက်ပွက် ဆူလာသည်။
ထိုမြင်ကွင်းသည် ယနေ့တိုင် စွဲ ထင်နေသော မြင်ကွင်း တစ်ခု လည်းဖြစ်ခဲ့သည်။ ဓမ္မာရုံတည်း ဟူသော မြင့်မြတ်သည့် ပရ၀ဏ် ထဲမှ လက်နက်ဟူ၍ တုတ်တစ် ချောင်း၊ ဓားတစ်လက်မျှ မပါသော မိမိတို့ ကျောင်းသားများဆီသို့ ပစ် မလွဲ ချိန်ထားသည့် အမြောက်ကြီး များကိုကြည့်ရင်း အသည်းက နာ လာသည်။
ကျွန်တော်သည် ရစ်ဝဲ လာသော မျက်ရည်စတို့ကို လက် မောင်းဖြင့် အသာပွတ်ရင်း အဆို ပါ ဟီးနိုးပေါ်၌ ဗလောင်ဆူဝေကာ လိုက်ပါခဲ့ရ၏။ အိမ်ပြန်ရောက် တော့ စိတ်ပူနေသော အမေနှင့် အစ်မများကို တွေ့ရသည်။
ထိုနေ့က တစ်မြို့လုံးခြောက် ကပ်နေပါသည်။
(၂)
၈.၈.၈၈(တနင်္လာ)
ထိုမနက်က မိုး သဲသဲမဲမဲ မရွာ၊ တဖွဲဖွဲသာ ရွာလျက် ရှိသော် လည်း ကောင်းကင် တစ်ခုလုံး အုံ့ ဆိုင်းညို့မှိုင်း နေပါသည်။ ရုံးပြန် ဖွင့်သည့် ရက်ဖြစ်၍ ရန်ကုန်မြို့ ထဲ ၌ ပုံမှန် အတိုင်း ပြန်လည် စည်ကားစ ပြုလာသည်။
သို့သော် လူ တို့သည် တစ်နေရာရာ၌ တစ်ခုခု ဖြစ်လိမ့်နိုး၊ ဘယ်နေရာမှ ဘာပေါ် ထွက်လာ လိမ့်နိုးဖြင့် ကျီးကြည့် ကြောင်ကြည့် ကြည့်ကြ၏။
တစ် ယောက်နှင့်တစ်ယောက် စကား တီးတိုးပြောကြ၏။ ရန်ကုန်လမ်းမ များပေါ်တွင်မူ တူညီသော မြင် ကွင်းတစ်ခုမှာ စစ်အစိမ်းရောင် များ ပြည့်နေခြင်းဖြစ်သည်။ သံ ချပ်ကာ ကားအချို့ ဘီးလှိမ့်သံနှင့် အတူ တ၀ူးဝူးမောင်းလာသော တီအီးကားတန်းများကို မပြတ် တွေ့ရသော်လည်း သည့်ထက်ပို သည့် မြင်ကွင်းတစ်ခုကိုလူအများ က ငံ့မျှော်နေကြဟန် ရှိပါသည်။
ကျွန်တော်သည် မနေ့က သူငယ်ချင်းများနှင့် တိုင်ပင်ထား သည့်နေရာသို့ မယောင်မလည် အိမ်မှ လစ်ထွက်ခဲ့သည်။ ထိုနေ ရာသည် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့် ကျန်းမာရေးဦးစီးရုံး ရှေ့ဖြစ်သည်။
အမှန်မှာ ထိုအချိန် က ကျွန်တော်တို့လို တက္ကသိုလ် ကျောင်းသား အများ အပြားသည် တစုတဝေးတည်း စုစည်းမှု မရှိ သေး။ တစုတဝေးတည်း စုစည်းရ လောက်အောင် လည်း အခြေအ နေမပေးသေးပါ။
ကျောင်းသား အခွင့်အရေး တောင်းဆိုသော၊ ဒီမိုကရေစီရေး တောင်းဆိုသော၊ အစိုးရကို ဆန့်ကျင်သည့် တက္က သိုလ်ကျောင်းသူ၊ ကျောင်းသား အများစုသည် ဆိုင်ရာ အဖွဲ့ငယ် များဖြင့်သာ လှုပ်ရှားနေတုန်းဖြစ် ပါသည်။
မတ်လ ၁၃ ရက်ဖုန်းမော် အရေးအခင်း၊ မတ်လ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ဖြစ်ပေါ်ခဲ့ သော အင်းလျားကန်ပေါင်နှင့် ကျောင်းဝင်းအတွင်း ရိုက်နှက်ဖမ်း ဆီးမှုများ၊ ဇွန်လ၌ ဖြစ်ပွားခဲ့သော မြေနီကုန်း မဟာမြိုင် အရေးအ ခင်းများကြောင့် လက်ရှိတစ်ပါတီ အစိုးရအပေါ် နာကြည်းနေသည့် ကျောင်းသူ၊ ကျောင်းသားများ သည် ဆိုင်ရာ ဆိုင်ရာ အစုအဝေး အဖွဲ့ကလေးများဖြင့် အစိုးရကို အန်တုဖက်ပြိုင်နေဆဲကာလဖြစ် သည်။
စက်မှုတက္ကသိုလ်ကျောင်း သားများ၊ ရန်ကုန်နှင့် ဗိုလ်တ ထောင်၊ ကြည့်မြင်တိုင်၊ လှိုင် တက္ကသိုလ်နယ်မြေများမှကျောင်း သားများ၊ အင်းစိန်ဂျီတီအိုင်နှင့် လမ်းမတော်
ဆေးတက္ကသိုလ်တို့ မှ ကျောင်းသူ၊ ကျောင်းသားများ သည် ကိုယ့်သက်ဆိုင်ရာ သူငယ် ချင်းအစုအဝေးလေးများဖြင့် အစိုးရကို တတ်စွမ်းသမျှ အန်တုဖက် ပြိုင်နေခြင်း
ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်သည်လည်း တက္ကသိုလ် ကျောင်းသားတစ်ဦးပီပီ ထိုလှုပ် ရှားမှုကြီးထဲ မလွဲမသွေ ပါဝင်လာ ခြင်းဖြစ်ပါသည်။ တက္ကသိုလ် ကျောင်းများ ပိတ်လိုက် ပြီဖြစ်၍ ၈ ရက်နေ့မတိုင်မှီ နေ့များကမူ ကျောင်းသား အစုအဖွဲ့များသည် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ စု ဝေးကာ အစိုးရ ဆန့်ကျင် လှုပ်ရှား မှုများ ကိုယ်စီဆောင်ရွက် ခဲ့ပြီးဖြစ် သည်။
ထိုကာလက ထောက်လှမ်း ရေးကို အလွန်သတိထားရသဖြင့် အဖမ်းမခံရလေအောင် မျက်နှာ ၌ အ၀တ်စည်း၊ နဖူး၌ ခွပ်ဒေါင်းပုံ ပါ အနီရောင်အ၀တ်စကို စည်း နှောင် ကြသည်။
ကျောင်းသားဆို ပါက အင်္ကျီအိတ်ကပ်ထဲ၊ ပုဆိုး ခါးပုံစထဲ ခွေလိပ်ထည့်ထားသော ခေါင်းစည်းအနီပါသည်။ လက် ကိုင်ပ၀ါကြီးကြီးတစ်ခုပါသည်။ အဓိက ဦးဆောင် လှုပ်ရှားသူ၊ တ စိုက်မတ်မတ် ခေါင်းဆောင်နေသူ အချို့ရှိသော်လည်း အားလုံး မ ချိတ်ဆက်မိသေး။ အများစုမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ လှုပ် ရှားနေကြသည်။
ဤသည်မှာ ရှစ် လေးလုံး အရေးတော်ပုံကြီးမတိုင်မှီက အခင်းအကျင်းဖြစ်ပါသည်။
ထိုရက်ပိုင်းအတွင်း ထွက် လာသော ချယ်ရီ မဂ္ဂဇင်းပါ ကာ တွန်း ဦးဖေသိန်း၏ ကာတွန်းပုံက လည်း လူပြော များလျက်ရှိသည်။ သန်မာ၊သန်စွမ်းသော ယောက်ျား ကြီး တစ်ဦး ရုပ်တုက ရှစ်ဂဏန်းများ ဖြင့် တုပ်နှောင် ထားသည့် သံကြိုး ကို အားမာန် ပါပါ ဖြတ်တောက် နေသည့်ဟန်၊ အစိုးရ၏တင်းကျပ် သော စာပေစိစစ်မှုအောက်မှ လူ ထုလက်ထဲ ရောက်လာသည့် ထို ကာတွန်းအကြောင်း ပြော၍မဆုံး ကြ။
ရှေ့ပြေးနိမိတ်အဖြစ်လည်း လူတွေကယူဆနေကြသည်။ (ထို ကာတွန်းပုံကို ယခုပြန်လည်ဖော် ပြလိုက်ပါသည်။) ထိုနေ့ ထိုမနက် ကမူ လူအများသည် ဘယ်နေရာ တွင်ဘာဖြစ်လာလိမ့်နိုးဖြင့် စောင့် မျှော်နေသော်လည်း လှုပ်ရှားမှု သိသိသာသာ မတွေ့ရ၍ အချို့ စိတ်ပျက် အားလျော့လာကြသည်။
စစ်တပ်က လူမဆန်အောင် ပစ် သတ်ပြထား၍ ကြောက်သွားကြ ပြီလောဟု သို့လော သို့လော ယူဆကြသည်။ မနက်လင်းချိန်မှ နေ့မွန်းလွဲအထိ မည်သည့်အဖြစ် အပျက်မျှ ပေါ်မလာသောအခါ အေးအေးဆေးဆေး ဖြစ်သွားပြီ ဟု ယူဆသူလည်းမနည်း၊ ဘာမျှ မဖြစ်နိုင်တော့ဟု တွက်ဆကာ စိတ်ဝင်စားမှု လျော့ကျလာပြီး ဆိုင်ရာ ကိစ္စများဘက်သို့သာ အာရုံလှည့်သွားကြသည်။
(၃)
လူအများနည်းတူ ကျွန်တော် တို့လည်း ဘာလုပ်ရမှန်း မသိ။ စု ရပ်သို့သာ မနေ့က တိုင်ပင်ထား သည့် အတိုင်း ကျောင်းသားဆယ့် လေးငါးယောက် ရောက်လာကြ သည်။
နှစ်ယောက်တွဲ၊ သုံး ယောက်တွဲ မသိမသာ ဖြန့်ကြက် နေရာယူ ထားကြသည်။ အချို့ ပလက်ဖောင်းပေါ်ထိုင်လျက်၊ အချို့ကားမှတ်တိုင်မှာ၊ မည်သူမျှ မစလျှင် ကျွန်တော်တို့ အထဲက တစ်ယောက်က စမည် ဟူ၍ကား သဘောတူ ထားကြသည်။
ကျွန် တော်တို့စုရပ်သည် မြို့ထဲဒက်ထိ မကျသော်လည်း နေရာကောင်း ဖြစ်၏။ သာကေတ၊ ဒေါပုံ၊ ပုဇွန် တောင်ဘက်က လာရာလမ်းဖြစ် သလို တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်းဘက်က လူတွေ အတွက်လည်း လမ်းကျ၏။ တစ်ဖက်တွင် စည်းလုံးညီညွတ်မှု အားကောင်းသော ရေကျော်ရပ်ကွက်ရှိသည်။
တစ်ခုခုဖြစ်လျှင် ရေကျော်လမ်းတွေသည် ရှောင်၍ တိမ်း၍ အကောင်းဆုံး။ ကျန်းမာ ရေးရုံး နောက်ဘက် လမ်းသွယ်ထဲ ၀င်လိုက်ရုံဖြင့် ရေကျော် ရပ်ကွက် ထဲရောက် သွားမည်။
သို့သော် အချိန်က လင့်လာ သည်။ မနက်လင်းကတည်းက ထီးတစ်ချောင်းဖြင့် မတ်တတ် မတ်တတ် ဖြစ်နေသော လူကြီးပိုင်းများ အိမ်သို့ အလျှိုလျှိုပြန် သွားကြပြီ။
ရုံးဝန်ထမ်းအချို့၏ ‘တဟေးဟေး တဟားဟား’ နောက်ပြောင်သံ ကပင် ဗိုလ်ချုပ်လမ်းမပေါ် လျှံကျ လာ၏။ ညနေဈေးသည် အချို့ ခင်းကျင်းရောင်းချရန် လှုပ်ရှား လာ ကြသည်။
ကျွန်တော်တို့အုပ်စု ထဲက တစ်ယောက်က စတင်ဖို့ရာ မျက်ရိပ်ပြနေသည်။သို့သော်မည် သူက စ၍ ဖောက်ခွဲ ရမှန်းမသိ။ ထို စဉ် သိမ်ဖြူကုန်းပေါ်မှ ကားတွေ သူ့ထက်ငါ အလုအယက် မောင်း ဆင်းလာကြသည်။ သေချာပြီ။ တစ်ခုခုဖြစ်နေပြီ။ အပြင်းမောင်း သွားသော ဘတ်စ်ကားတစ်စီးပေါ် က စပယ်ယာက နောက်ကိုလက် ညှိုး ထိုးပြကာ ‘‘ကျောင်းသားတွေ ... ကျောင်းသားတွေ’’ဟုအော်သွား သည်။
ကျွန်တော်တို့အားလုံး မ တိုင်ပင်ရဘဲ ပလက်ဖောင်းပေါ်မှ ထကာ ပုဆိုးပြင် ၀တ်သူဝတ်၊ အိတ်ကပ်ထဲရှိ ခေါင်းစည်း နီကို ထုတ်သူကထုတ်၊ သိမ်ဖြူကုန်း ပေါ်သို့ အလျင်စလို သွားလိုသူ တစ်ဦးက ဟန်ပြင်နေ၍ အချင်း ချင်း လူစု မကွဲအောင် တစ်ယောက် နှင့်တစ်ယောက် သတိပေးရ သည်။
ထိုသို့ သတိပေးနေသည့် ကြားထဲ သူငယ်ချင်းတစ်ယောက် က ‘‘မင်းတို့ဘာလုပ်နေကြတုံး’’ ဟုပြောကာ ရုန်းထွက်ပြီး ၀ှက်ယူ လာသော ခွပ်ဒေါင်းအလံကို လွှင့် ထူလေသည်။
ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ၊ လူသံတွေ ဝေါခနဲ ညံလာသည်။ တစ်ယောက်က ခပ်လှမ်းလှမ်းတွင် ရှိသော လှံစွပ် တပ် ဂျီ-သရီး သေနတ်ကိုင်ထား သည့် စစ်သား တစ်ဦးကို လှမ်း ကြည့်ကာ ‘‘ဒီမိုကရေစီ ရရှိရေး’’ဟု ကျယ်လောင်စွာ အော်ဟစ်လိုက် သောအခါ ကျွန်တော်တို့အားလုံး ‘‘ဒို့အရေး’’ဟု သံပြိုင် ပွင့်ထွက် သွားသည်။
တိုက်ပွဲကား စချေပြီ။
တိုက်ခန်းများဆီမှ လက်ခုပ် သံ‘တဖြောင်းဖြောင်း’ ထွက်ပေါ် လာသော အခါ ကျွန်တော်တို့ အစု အဖွဲ့လေးသည် အစိုးရ ဆန့်ကျင် ရေး ကြွေးကြော် သံများကို ညီညီ
ညွတ်ညွတ် သံပြိုင် ဟစ်ကြွေးနေ ကြပြီဖြစ်သည်။
ထိုစဉ်မှာပင် သိမ်ဖြူကုန်းဘက်၌ ကားများရှင်း သွားပြီး ခွပ်ဒေါင်း အလံများ တ လူလူ လွှင့်ထူတက် လာသော လူစု လူဝေးကြီး ဘွားခနဲ ပေါ်လာ၏။
ကျောင်းသားများ ခေါင်းဆောင် သော ထိုလူစု လူဝေးကြီးထဲ ရဟန်း သံဃာများ ပါ၏။ ရပ်ကွက်နေ ပြည်သူများ ပါ၏။ အမျိုးသမီးကြီး များ ပါလာ၏။
လက်လုပ် လက်စား များပါ၏။ လူမျိုးကွဲ တရုတ်၊ အိန္ဒိယ သားများပါ ပါလာကြ သည်။
၎င်းတို့သည် ကျယ်လောင် သောကြွေးကြော်သံများကို လက် သီးလက်မောင်းတန်းကာ အော် ဟစ်လာကြသည်။ သိမ်ဖြူကုန်း ပေါ်မှ အလုံးအရင်းဖြင့် ဆင်းလာ သော လူထုသည် ကျွန်တော်တို့ စုရပ် အနီးရှိလူများနှင့် ရောထွေး သွားကြပြီး ကြီးမားသော အင်အား စုကြီး ဖြစ်လာသည်။
မိုးကား စဲ သွားလေပြီ။ နေကလေးမပြူတပြူ လင်းလာချိန် အလွန်ကောင်းမွန် သော အခါသမယတွင် လူထု အုံ ကြွမှုကြီး ပေါ်ထွက် လာပါသည်။
ဒီမိုကရေစီ ရရှိရေး... ဒို့အရေး။
တစ်ပါတီစနစ် ဖျက်သိမ်းရေး... ဒို့အရေး။
အာဏာရှင်စနစ် ... အလိုမရှိ။
ဖက်ဆစ်ဝါဒ ... ကျဆုံးပါစေ။
ဘ၀ဂ် ညံအောင် ထွက်ပေါ် လာသော အသံတို့သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းထိပ်၌ ခြိမ့်ခြိမ့် တုန် မြည်ဟည်းလျက် ရှိသည်။ နေအိမ် တိုက်ခန်းများဆီမှ လူအ များသည် အလျင် အမြန် လမ်းမ ပေါ် ရောက်လာကြသည်။
ရုံးဝန် ထမ်းများက အခြေအနေ အရ ပါ ၀င်ခွင့် မရသေးသော်လည်း ရုံး လုံးကျွတ် နီးပါး ထွက်လာကာ လမ်းလုံးညွှတ်မျှ လက်ခုပ်လက် ၀ါးတီး၍ ကျောင်းသားများ ဦး ဆောင်သော လူထုကြီးကို အား ပေးလေသည်။
ဝန်းကျင် တစ်ခုလုံး ဖွေးဖွေး လှုပ်လှုပ်၊ ရုတ်ရုတ် သဲသဲ၊ အသော မသတ်နိုင်သော လူအုပ် ကြီးကိုကြည့်၍ စစ်သား အချို့ ကြက်သေ သေနေကြသည်။ မနက် ပိုင်း ကတည်းက စောင့်မျှော်နေသူ များ ဘာမျှ မဖြစ်တော့ဟု ထင်နေ ချိန်မှ အံ့မခန်းဖြစ်လာ၍ တစ် ယောက်နှင့် တစ်ယောက် ဘာ ပြောရမှန်း မသိ။
အငေးသားကြည့် နေကြသည်။ ကျွန်တော်တို့သည် ဦးဆောင် ကျောင်းသား အချို့နှင့် ရင်းနှီးပြီးဖြစ်၍ အတူ ချီတက်လာ ကြသည်။ လမ်းတစ်လျှောက် စစ် သားများနှင့် စစ်ကား များကို မြင်ရ သော်လည်း ၎င်းတို့ကို မည်သို့ အ မိန့်ပေး ထားသည်မသိ၊ ပစ်လား ခတ်လား မလုပ်၍ လူစုလူဝေးကြီး မှာ အလွန် ကြီးထွား လာပါသည်။
ဒီမိုကရေစီ အရေးတော်ပုံကြီး အမှန်တကယ်ဖြစ်လာပြီဟူသော ၀မ်းသာပီတိဖြင့်အားလုံး တက် ကြွနေကြသည်။ ရင်တို့ လှိုက်ဖို နေကြသည်။
အသံများတုန်ယင် နေကြကာ အချို့ဟစ်ကြွေးရင်း မျက်ရည်ဖြိုင်ဖြိုင်ကျသည် အထိ အမြင့်မားဆုံးသော စိတ်လှုပ်ရှား မျိုးကြုံ ရပါသည်။ (၂၆)နှစ် လုံးလုံး နှိပ်စက်သတ်ဖြတ် ချုပ်ချယ် ဖိနှိပ် မှုများကို လူထုက မကြောက်မရွံ့ တော်လှန် လိုက်ခြင်း ဖြစ်ပေ သည်။
တစ်စတစ်စ များပြားလာ သော လူအုပ်ကြီးသည် ဗိုလ်ချုပ် လမ်း၊အောက်ပုဇွန်တောင်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ထိုမှ အနော်ရထာ (ဖရေဇာ) အတိုင်း ပြန်တက်ကာ ရန်ကုန်မြို့လယ် မြို့တော် ခန်းမ ဆီ စည်းကမ်းတကျ ချီတက်လာ ကြသည်။
စစ်သားများသည် ဤ မျှ များပြားသည့် လူထုကို မတား ဆီးကြဘဲ အငေးသားကြည့်နေကြ သည်။ နောက်မှ ပြန်သိ ရသည်မှာ ထိုသို့သော လူစု လူဝေးကြီးမျိုး သည် ရန်ကုန်မြို့တွင် တစ်နေရာ တည်း ပေါ်ထွက် လာခြင်းမဟုတ်။ မြို့အနှံ့ အလျှို အလျှို ပေါ်ထွက် လာရာ အာဏာပိုင်များ ချက်ချင်း မည်သို့ နှိမ်နင်း ရမည် မသိ ဖြစ် သွားပုံ ရသည်။
ကျွန်တော်တို့ ပူး ပေါင်းမိသော အစုအ ဖွဲ့ကြီးသည် တောင်ဥက္ကလာပ မြို့နယ်က စခဲ့ ကြောင်း နောင်မှ သိရပါသည်။ အရပ်လေးမျက်နှာမှ ချီတက်လာ သော ဒီမိုကရေစီ အရေး တောင်း ဆိုသည့် လူစု လူဝေး ကြီးများ ရန်ကုန်မြို့လယ်၌ ဆုံကြသည့် အခါ လူပင်လယ်ကြီးဖြစ်သွား သည်။
လူလှိုင်းလုံးကြီးများသည် မြို့တော်ခန်းမဆီသို့ တစ်လုံးပြီး တစ်လုံး ၀င်ရောက်ဆောင့်ပစ်ကြ သည်။ မြို့တော်ခန်းမရှေ့ ကျယ် ပြန့်သော နေရာကြီးသည် ဆန္ဒပြ တောင်း ဆိုသည့် လူလှိုင်းလုံးကြီး များဖြင့် တဒင်္ဂအတွင်း ပြည့်လျှံ သွားသည်။ နောက်ထပ်လည်း တဖွဲဖွဲရောက်လာတုန်း။
မြို့တော် ခန်းမ၀န်းကျင် လမ်းများတွင်မူ စစ်တပ်က လုံခြုံရေး အပြည့်ချ ထားသည်။ သံဆူးကြိုး အကာ များဖြင့် အထပ်ထပ်ပိတ်ဆို့ထား သလို လည်စည်းနီစစ်သားတွေက လည်း အပြည့်။ အရာရှိတွေက ဝေါ်ကီတော်ကီခေါ် စကားပြော စက်များဖြင့် သတင်းတွေ ပို့နေကြ သည်။
အဓိကမြင်တွေ့ရသည်မှာ တပ်မ(၂၂) တံဆိပ်တပ် စစ်သား ရဲဘော်များ ဖြစ်သည်။ တပ်မ (၂၂) သည် နာမည်ကြီး ဖြစ်ပြီး ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆင်နွှဲနေသည့် တပ်ဖြစ်၏။ယခုမူ မြို့ကြီးပေါ်ရောက်လာပြီ။ တွေ့ရ သည့် စစ်သားအများအပြားမှာ အသက်ပြည့်ပုံမရ၊ ဆယ့်လေး၊ ငါးနှစ်မျှရှိကြဦးမည်။
စစ်သား အ တော်များများသည်၎င်းတို့ ထက် ရှည်လျားသော လှံစွပ်တပ် ဂျီ-သရီး၊ ဂျီ-ဖိုးသေနတ်များကိုလွယ် ပြီး အသင့်အနေအထားဖြင့်နေရာ ယူထားကြသည်။ သို့သော် လူထု ကြီးကား ထိုစစ်သားများကို မမှု တော့ပြီ။
အရပ်ရှစ်မျက်နှာမှ ဒီမို ကရေစီအရေး တောင်းဆိုသည့် အော်သံများက သောသောညံနေ ၏။ ထိုအခိုက် တမင်းထုပ်တွေ ကားပေါ်တင်ကာ ရောက်လာကြ သည်။
တစ်စီးပြီးတစ်စီး...၊ ဆန္ဒ ပြတောင်းဆိုနေသူများကို လက် ဆင့်ကမ်းဝေငှကြသည်။ ကျောက် တံတားမြို့နယ် အတွင်းရှိ တိုက် ခန်းများ ထက်ကလည်း ထမင်း ထုပ်တွေ မပြတ်ရောက်လာသည်။ ညနေ နေရောင်သည် ဘယ်ဆီ မသိ၊ အမှောင်ထုက ချင်းနင်းဝင် ရောက်လာပါသည်။
ကျွန်တော်တို့ကျောင်းသား တစ်စုသည် သပိတ် တပ်ကြီးနှင့် တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံရပြီးနောက် လူစုမကွဲအောင် သတိထားနေသည့် ကြားကပင်
နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ကွဲထွက် သွားကြသည်။
များပြား လှသော လူတွေကြားထဲ တစ် ယောက်နှင့်တစ်ယောက်ပြန်တွေ့ ဖို့ရာ မလွယ်၊အချိန်က ည ၈ နာရီ နီးလာသည်။ မြို့တော်ခန်းမထဲက လည်း တုံ့ပြန်မှု တစ်စုံ တစ်ရာ မ ထွက်ပေါ်သေး။ ဆန္ဒပြ လူအုပ်ကြီး ကား ဇွဲကောင်းကောင်းဖြင့် စခန်း ချကောင်းနေတုန်း။ ကျွန်တော်နှင့် တစ်မြို့နယ် တည်းနေ သူငယ်ချင်း တို့သည် အိမ်ပြန်ပြီး မနက်ဖြန်မှ သပိတ်ကို ဆက်လက် ဆင်နွှဲရန် ဆုံးဖြတ်လိုက်ကြသည်။
(၄)
ညက မောမောဖြင့်အိပ်ပျော် သွားသော ကျွန်တော်သည် ထို သူငယ်ချင်း ခေါင်းလောင်းကြိုး လာဆွဲမှ နိုးလေ၏။ အိမ်ပေါ်သို့အ မောတကော တက်လာသော သူ ငယ်ချင်းက ညက မိမိတို့ပြန်သွား ပြီး ညဥ့်နက်ခါမှ ဆန္ဒပြ လူအုပ် ကြီးကို မီးမောင်းထိုးကာ သေနတ် များဖြင့် ပစ်ခတ်သည့်အကြောင်း ပြောသည်။
တစ်နေ့လုံးသွေးထွက် သံယိုတစ်ခုမျှ မဖြစ်ပွားခဲ့ဘဲ ညဥ့် သန်းခေါင် လူခြေတိတ်ချိန်မှ ရက် ရက်စက်စက် ပစ်သတ်သည့် လုပ် ရပ်ကို ကြားသော အခါ ဒေါသ အ လိပ်လိပ် ထွက်ကာ သွေးများပွက် ပွက်ဆူသွားသည်။ ချက်ချင်းပင် ကျွန်တော်တို့နှစ်ယောက်ဆုံးဖြတ် လိုက်ကြသည်။ ပြီးတော့ ... လမ်း ပေါ် ထွက်လိုက်ကြသည်။
တိုက်ပွဲက ရှေ့မှာစောင့်ကြိုနေလေသည်။
From : By : ချမ်းငြိမ်း
Originally published at - http://www.7daydaily.com/story/72249
