နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ရုပ်/သံ-မှတ်တမ်း. Show all posts
Showing posts with label ရုပ်/သံ-မှတ်တမ်း. Show all posts

Monday, April 10, 2017

မြန်မာ့ အမျိုးသမီး လေယာဉ်မှူးများ




အခု လက်ရှိ အနေ အထားကို ကြည့်လိုက်မယ် ဆိုရင်လည်း ကမ္ဘာ့လေယာဉ်မှူး ဦးရေ စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

အထူးသဖြင့် ကျားမ ရေးရာနဲ့ ပတ်သက်လို့ ရှေးရိုးစွဲ အယူအဆ ကိုင်စွဲ ထားနေဆဲ နေရာတွေမှာ အမျိုးသမီး တစ်ယောက် အနေနဲ့ အမျိုးသား အများစု လွှမ်းမိုးရာ နယ်ပယ် တစ်ခုမှာ ခြေချနိုင်ဖို့ ဆိုတာ အိပ်မက် တစ်ခု အဖြစ်သာ ရှိနေကြဆဲပါ။

မြန်မာနိုင်ငံမှာတော့ ဒီအိပ်မက်တွေကို အမျိုးသမီးတွေ အကောင် အထည် ဖော်ခွင့် ရခဲ့ ကြပါပြီ။



From : Mizzima TV

Originally published at - https://youtu.be/hbDAVgC66jA?list=TLGGaKac4E3wiSEwOTA0MjAxNw

Read More »

Sunday, April 02, 2017

ပန်းချီ ထင်လင်းနိုင်ရဲ့ ဘ၀ တစ်စိတ် တစ်ပိုင်း




ပုံတူ ပန်းချီ ရေးဆွဲပြီး အသက်မွေး ၀မ်းကျောင်း ပြုနေတဲ့ ပန်းချီ ထင်လင်းနိုင်ရဲ့ ဘ၀ တစ်စိတ် တစ်ပိုင်းကို ရုပ်သံ မှတ်တမ်း အနေနဲ့ ရှုစားကြ ရမှာပဲ
ဖြစ်ပါတယ်။



From : Myanmar Cable News

Originally published at - http://www.mcntv.biz

Read More »

Wednesday, March 15, 2017

ဝါးဖောင်ကို အိမ်လုပ်၊ ရုန်းကန်ဖြတ်သန်း ဝမ်းရေး ဖြေရှင်းနေကြသူများ




“ဒီရေ ဖောင်ပေါ်မှာ နေလာတာ ကိုးနှစ်ရှိပြီ။ ဘယ်လို ဖြစ်ပြီး ဒီဝါးဖောင်ပေါ်မှာ နေဖြစ်လဲ ဆိုတော့ တောလုပ်ငန်းတွေ မလုပ်ချင်လို့ ဒီဘက်ကို တက်လာတာ၊ ဒီဘက်ကို ထွက် လာတော့ ဝင်းထရံ ရက်တတ်တော့ ဖောင်ပေါ်တင် တဲထိုးနေလို့ ရတယ် ဆိုတော့ ဖောင်ပေါ်မှာတင် တဲထိုးနေလိုက် တာပေါ့။ မြို့ထဲ အိမ်ငှားနေဖို့ ကျတော့လည်း မတတ်နိုင်ဘူးလေ၊ ဒီဘက်ကို ကျူးမြေပဲ ပြောပါတော့။”

ဝါးဖောင်ပေါ်က အိမ်အများစုရဲ့ အကျယ်ဟာ ၈ ပေပတ်လည်လောက်ပဲ ရှိတာပါ။ မိသားစုများရင်တော့ နှစ်အိမ်တွဲ၊ သုံးအိမ်တွဲဆိုသလို ဆောက်နေကြပါတယ်။

“ဒီနားမှာ တီဗွီဘာညာကြည့်၊ ညနေကြ နားကြတာပေါ့။ ဟိုဘက်မှာ အိပ်ကြတယ်။ ဒီလိုမျိုး ဝါးဖောင်ပေါ်မှာ နေသူအများစုဟာ ဝါးကပ်၊ ဝါးထရံရက်တဲ့လုပ်ငန်းနဲ့ အသက်မွေးကြတာပါ။”

ဝါးတွေကို ရေထဲကနေ ဟိုကောင်လေးထမ်းသလို ထမ်းတင်ရတာ၊ ထမ်းတင်ပြီး ဒီလိုချပြီးရင် လွှနဲ့ ဖြတ်ရသေးတယ်။ ငါးပေဖြင့် ငါးပေ၊ ခြောက်ပေဖြင့် ခြောက်ပေ၊ အဲ့လိုလေးတွေ ဖြတ်ရတယ်။ ဝါးဖြတ်ပြီးရင် ခွဲရတယ်၊ ခွဲပြီးရင်ပေါက်၊ ပေါက်ပြီးမှ တိုင်ပင်ပြန်ထိုး တိုင်ပင်ထိုးပြီးမှ ရက်ရတာ။ ရက်ရတာမကြာဘူး၊ ဒီလို ခွဲတာ၊ စိတ်တာ၊ ပေါက်တာက ကြာတာ။

ယောကျာ်းသားတွေက ဝါးထမ်း၊ မိန်းမသားတွေက ဝါးကပ်ထရံရက်နဲ့ တနေ့စာတနေ့ ဖြေရှင်းနေကြရတဲ့သူတွေက များပါတယ်။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။



From : ဒီဗွီဘီ by မျိုးမင်းဦး

Originally published at - http://burmese.dvb.no/archives/195140

Read More »

Thursday, February 02, 2017

RPG ဒုံးကျည် တင်ပါး စိုက်ဝင်သော်လည်း သေကံ မရောက်ခဲ့သူ




ဒီလူဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူတွေ ထဲမှာ တစ်ယောက် အပါ အ၀င်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ သူဟာ ရန်သူ့ RPG-32 က ပစ်လွှတ် လိုက်တဲ့ TB-32V Thermobaric Rocket ကြီး တင်ပါးကို ထိမှန်၊ စိုက်ဝင် ခံခဲ့ရတဲ့ ယီမင် သူပုန် တစ်ယောက် ဖြစ်ပြီး ကံကောင်း ထောက်မ စွာနဲ့ပဲ ဒုံးကျည် ထိပ်ဖူးဟာ အသက်ဝင် ပေါက်ကွဲမှု မရှိ ခဲ့ပါဘူး။ (တင်ပါးထဲ ရော့ကတ် ၀င်သွားအောင် ဒီလူ ဘယ်လို လုပ်နေလဲ ဆိုတာကတော့ ပညာရှင်များ သုံးသပ် ကြည့်ကြပါ )

တင်ပါးထဲ ၀င်နေတဲ့ Rocket ကြီးကို ဆေးပညာ ရှင်တွေက အောင်အောင် မြင်မြင် ခွဲထုတ် ပေးနိုင်ခဲ့လို့ သူဟာ အခုဆိုရင် အသက် ဆက်ရှင်နိုင် ခဲ့ပါပြီ။ RPG-32 ဟာ ရုရှားနဲ့ ဂျော်ဒန်တို့ ပူးတွဲ ထုတ်လုပ် ထားတဲ့ RPG တစ်မျိုး ဖြစ်ပြီး ၎င်း Thermobaric ထိပ်ဖူးဟာ ဆိုရင် ၁၅ မီတာ (၄၉ ပေ) ပတ်လည်က လူနဲ့ တိရစ္ဆာန် တွကို ပြာ
ဖြစ် သွားနိုင် စေလောက်အောင် ပြင်းထန် ပါတယ်။



Yint Lu Shein ဖေ့စ်ဘုတ် စာမျက်နှာမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။

From : MOMOLAY

Originally published at - http://www.momolay.com

Read More »

Friday, September 30, 2016

ဂျပန်တွင် ငလျင်လှုပ်အပြီး အပျက်အစီးဖြစ်နိုင်ချေ ဖန်တီးထားသည့် ရုပ်သံ ဖြန့်ချိ




ဂျပန်နိုင်ငံ အတွင်း ငလျင် အကြီး စားတွေ ဘယ်အချိန် မဆို လှုပ်ခတ်နိုင် တယ်လို့ သိပ္ပံ ပညာရှင် တွေက ဟောကိန်း ထုတ်လိုက် ပါတယ်။

ငလျင် ကြီးတွေ လှုပ်ခတ် အပြီး မြို့တော် တိုကျို ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ ပျက်စီးမယ်လို့ ခန့်မှန်းထားတဲ့ အခြေအနေကို သရုပ် တူအောင် ဖန်တီး ထားတဲ့ ကွန်ပျူတာ ဂရပ်ဖစ် ရုပ်သံ တွေကိုလည်း ဂျပန် အစိုးရ ကပ်ဘေး စီမံခန့်ခွဲရေး အဖွဲ့က ဖြန့်ချိ လိုက်ပါတယ်။

နိုင်ငံသားတွေကိုလည်း အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ပန်ကြားလိုက်ပါတယ်။

ဂျပန်မြို့တော် တိုကျိုမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်ခဲ့ရင် ကျန်ခဲ့မယ့်အခြေအနေကို ကွန်ပျူတာဂရပ်ဖစ်နဲ့ သဏ္ဌာန်တူအောင် ဖန်တီးထားတဲ့ ရုပ်သံကို ဂျပန်အစိုးရ အင်တာနက်စာမျက်နှာမှာ ပြသထားပါတယ်။

၁၃ မိနစ်ကြာတဲ့ ဒီရုပ်သံထဲမှာ တိုကျိုမြို့ နေရာအသီးသီးကို ချယ်မှုန်းထားပါတယ်။

ငလျင်လှုပ်ခဲ့ရင် ငလျင်နဲ့ မီးလောင်မှုတွေကြောင့် ခန့်မှန်းခြေ လူ ၂ သောင်း ၃ ထောင် သေဆုံးမယ်လို့ မျှော်လင့်ထားပါတယ်။

အဆောက်အဦနဲ့ အိမ်ခြေ ၆ သိန်း ၁ သောင်းကျော်လည်း ပျက်စီးမယ်လို့ ခန့်မှန်းထားပါတယ်။

ငလျင်လှုပ်ပြီးပြီးချင်း မြို့ခံ ၁၃ သန်းရဲ့ တဝက်လောက် ရေမရှိဘဲ ဖြစ်မယ်၊ လက်ကိုင်ဖုန်း ကွန်ရက်တွေ ၉၀ ရာခိုင်နှုန်း ပျက်စီးမယ်၊ အခြေခံ အဆောက် အဦတွေကို ပြန်တပ် ဆင်ဖို့ သီတင်းပတ်နဲ့ ချီပြီး အချိန်ယူ ရမယ်၊ လူ ၇ ဒသမ ၂ သန်းဟာ ရေနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ ဘေးကင်းရေး ဌာနတွေမှာ ခိုလှုံ ရလိမ့်မယ်လို့ ခန့်မှန်း တွက်ချက် ထားပါတယ်။

ငလျင်ကြောင့် စီးပွားရေး ထိခိုက်ပျက်စီးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၉၅၀ ရှိမယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ အင်အား ရစ်ခ်ျတာစကေး ၉ ထိရှိတဲ့ ငလျင်ဟာ လာမယ့် နှစ် ၃၀ အတွင်း လှုပ်ခတ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာက ခန့်မှန်း ထားပါတယ်။

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ အရှ့မြောက် ကမ်းရိုးတန်းမှာ ပြင်းအား ရစ်ချတ်တာစကေး ၉ ထိ ရှိတဲ့ ငလျင်ကြောင့် ကြီးမားတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။

ဒါကြောင့် လူအယောက် ၁၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖူကုရှီးမား နျူကလီးယားကပ်ဘေး သင့်ခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/170288

Read More »

Sunday, May 29, 2016

လျှပ်စီးလက်ပြီး မိုးကြိုးပစ်ချမှု ရုပ်သံ သုတေသီများ ဖြန့်ချိ




အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ နည်းပညာ အင်စတီကျူ က သုတေသီ တွေက မိုးကြိုးပစ်တဲ့ ဖြစ်စဉ်ကို ရုပ်သံနဲ့ မှတ်တမ်းတင် ရိုက်ကူး ထားပါတယ်။

ဒီရုပ်သံ မှာတော့ ကောင်းကင် ပေါ်က ဖြာကျလာတဲ့ လျှပ်စစ် စီးကြောင်းတွေ မြေပြင်ကို ထိမှန်ပြီး အလင်းဖြာကာ မိုးကြိုး ပစ်တဲ့ ဖြစ်စဉ်ကို ရိုက်ကူး တင်ပြ ထားတာ ဖြစ်ပါတယ်။

စက္ကန့် အနည်းငယ်သာ ကြာတဲ့ ရုပ်သံဖိုင်မှာ လျှပ်စီးကြောင်းတွေ ကောင်းကင်ပေါ်က ဖြာကျ လာတာကိုလည်း အနှေးပြကွက်နဲ့ သရုပ်ဖော် ထားတာ ဖြစ်ပါတယ်။

မေ ၂၄ ရက် ရက်စွဲနဲ့ ဖလော်ရီဒါ နည်းပညာ အင်စတီကျူ ဖေ့ဘွတ်ခ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/152148

Read More »

Sunday, December 06, 2015

ပျော်ရွှင် ချမ်းမြေ့ဖွယ် ကျိုက်ထီးရိုး ဘုရားဖူး ခရီး




မြန်မာနိုင်ငံရဲ့ ခရီးသွား အစီစဉ်တွေ ထဲမှာ ဘုရားဖူး ခရီးသွား အစီစဉ်ဟာ တခြား ထူးခြား ဆန်းသစ် လှပတဲ့ သဘာဝဒေသ ခရီးစဉ်တွေ နည်းတူ အရေးပါတဲ့ ခရီးစဉ် အမျိုးအစား ဖြစ်ပါတယ်။ ဒီအထဲက ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ် အကြောင်း မိတ်ဆက် ပေးလိုပါတယ်။

ကျိုက်ထီးရိုးဘုရားဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ပေါင်းလောင်းတောင်ကြောပေါ်မှာ ရှိပါတယ်။ ခရီးစဉ်အစကိုပြောပါဆိုရင် ကျိုက်ထိုမြို့ တောင်ပေါ်ခရီး မော်တော်ယာဉ်စခန်းက စရပါလိမ့်မယ်။ ဒီနေရာက ကင်ပွန်းစခန်းလို့လည်း ခေါ်ပါတယ်။ ကားမောင်း ကျွမ်းကျင်တဲ့သူတွေ မောင်းပြီး အင်မတန် ကောင်းတဲ့ စက်အင်ဂျင်တပ် မော်တော်ယာဉ် များနဲ့ တောင်ပေါ် တက်ကြရမှာပါ။

ဒီနေရာကနေ ခရီးသည်လိုင်းကားနဲ့ တက်မယ်ဆိုရင် ကျိုက်ထီးရိုးဘုရားရင်ပြင်အနားကို ၄၅ မိနစ်ခန့်နဲ့ ရောက်တယ်လို့ သိရပါတယ်။ တောင်ပေါ်တက်မယ်ဆိုရင် ဘုရားကိုရောက်ဖို့ လမ်း နှစ်သွယ်ရှိပါတယ်။ တစ်လမ်းက ကားနဲ့တက်တဲ့ လမ်းဖြစ်ပြီး နောက်တစ်လမ်းကတော့ ခြေလျင်လမ်းခရီး ဖြစ်ပါတယ်။ ခရီးသည်တချို့က ကားနဲ့တက်ကြပြီး တချို့ကတော့ ခြေလျင်တက်ကြတာကို တွေ့ရပါတယ်။

မိုးအကုန်ဆောင်းဝင်စ ဖြစ်တာကတကြောင်း တောင်ခြေမြို့ကလေးတမြို့ ဖြစ်တာမို့လည်း ကျိုက်ထိုမြို့ ကလေးက အနည်းငယ်တော့ ချမ်းအေးစ ပြုနေတာတွေ့ရပါတယ်။ မြို့လည်တ၀ိုက်နဲ့ ကားဆိပ်မှာ ဘုရားဖူး ခရီးသည်တွေ စည်ကား နေတာကိုလည်း တွေ့ရပါတယ်။

တောင်ပေါ်တက်မယ့် ခရီးသည်တင်ကားပေါ်ကိုတက်တော့ အလုအယက်တက်ကြ နေရာဦးကြရပါတယ်။ ချော်မလဲ ချော်မကျအောင်လည်း ဂရုစိုက်ရပါတယ်။ ခရီးသည်အကန့်အသတ်နဲ့ စီးရတာဖြစ်လို့ နေရာရဖို့ အရေးကြီးပါတယ်။

ဒီလိုမှ အလုအယက် နေရာမဦးလို့ နောက်ကျနေမယ်ဆိုရင် နောက်ကားကို စောင့်စီးကြရမယ့် သဘောဖြစ်ပါတယ်။ ကျွန်တော်တို့စီးမယ့်ကားပေါ်မှာ ခုံတန်းတစ်တန်းကို လူခုနှစ်ယောက်စီးလို့ရပါတယ်။ ကားနောက်ခန်းက အမိုးအကာတော့မပါပါဘူး။

ကားခက ခရီးသည်တစ်ယောက် ၂၅၀၀ ကျပ်ပေးရပါတယ်။ ကားခေါင်းထဲမှာ စီးမယ်ဆိုရင်လည်း ရပါတယ်။ ကားခေါင်းကစီးမယ်ဆိုရင်တော့ ၃၀၀၀ ကျပ်ပေးစီးရပါတယ်။ ချက်ချင်းဆိုသလိုပဲ ခရီးသည် ၅၀ ကျော်ခန့်နဲ့ လူပြည့်သွားတာကိုကြည့်ပြီး ဒီမော်တော်ယာဉ်စီးပွားရေးဟာ တော်တော်လေးအကျိုးရှိတဲ့ စီးပွားရေးလို့ ပြောနိုင်မယ် ထင်ပါတယ်။

ကျိုက်ထီးရိုးဘုရား တောင်ပေါ်လမ်းခရီးဟာ ဟိုယခင် နှစ်နှစ်ဆယ်လောက်တုန်းက ဆိုရင် ခြေလျင် ခရီးသာဖြစ်ပြီး လမ်းမှာတစ်ညအိပ်ရတဲ့ ခရီးဖြစ်ပါတယ်။ အခုတော့ ကားလမ်းခရီးဖြစ်လာပြီဖြစ်တဲ့အပြင် လမ်းကလည်းကောင်းတော့ တစ်နာရီနဲ့တောင်ပေါ်ရောက်အောင်သွားနိုင်တဲ့ ခရီးဖြစ်လို့ တော်တော်လေးကို အဆင်ပြေလှပါတယ်။

ကင်ပွန်းစခန်းကနေပြီး ဘုရားခြေရင်းအရောက် ခုနှစ်မိုင်ခွဲခန့်ခရီးဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ပေါ်ဘုရားရဲ့အမြင့်ဟာ ပင်လယ်ရေပြင်အထက် ပေပေါင်း ၃၆၀၀ လောက်မြင့်ပါတယ်။

ကင်ပွန်းစခန်းက ကျွန်တော်တို့ကားထွက်လာ ပြီးပြီးချင်း သိပ်မကြာခင်မှာပဲ အရင်ဆုံး လူအရေအတွက် စစ်ဆေးတဲ့ ဂိတ်တစ်ခုကို ရောက်ပါတယ်။

ဒီဂိတ်က သတ်မှတ်ထားတဲ့လူဦးရေအရ ခရီးသည်အရေအတွက် စစ်ဆေးတဲ့ဂိတ်ဖြစ်ပါတယ်။ တောင်တက်လမ်းဖြစ်လို့ လမ်းခရီးအန္တရာယ် လုံခြုံရေးအတွက် တိတိကျကျ လိုက်နာကြတာကို တွေ့ရပါတယ်။ အဲဒီ ဂိတ်လွန်တော့ တောင်ပေါ်စတက်ပါတယ်။

လမ်းမှာ ရေမြောင်လေးစခန်းဆိုတဲ့နေရာမှာ ကျွန်တော်တို့ကား ခဏရပ်ပါတယ်။ တောင်ပေါ်က ဆင်းချလာနေတဲ့ကားကို စောင့်ပြီး လမ်းဖယ်ပေးတဲ့ သဘောပါပဲ။ ကားရပ်ထားတုန်း လမ်းခရီးပြုပြင်ရန် ဆိုပြီး ဖလားကိုင်ပြီးတက်လာတဲ့ လူတစ်ယောက်က အလှူခံပါသေးတယ်။

တောင်အထပ်ထပ်ကို ကျော်ဖြတ်လာပြီး သိပ်မကြာခင်မှာပဲ ဘုရားအနီးမှာ ရှိတဲ့ စခန်းကို ကျွန်တော်တို့ ကားက ရောက်လာပါတယ်။ ဘုရားကို ရောက်ပြီလို့ ပြောလို့ရပြီ။ ဒါပေမယ့်လည်း ဘုရားကုန်းတော်က နည်းနည်းလေး မြင့်တာမို့ အထမ်းသမားငှားဖို့ဖြစ်လာပါတယ်။ ကျွန်တော်တို့အဖွဲ့ပါလာတဲ့ပစ္စည်းတွေက ခြင်းတစ်ခြင်းထဲနဲ့ လုံလောက်ပါတယ်။ ရင်ပြင်တော်ပေါ်အရောက် ထမ်းခ ၄၅၀၀ ပေးရပါတယ်။

အထမ်းသမားတွေရဲ့ အခြေအနေကိုလည်း တီးခေါက်ကြည့်ပါသေးတယ်။ ဒီနှစ်က အထမ်းသမား အရေအတွက် များလွန်းလာတယ်လို့ သိရပါတယ်။ အထမ်းသမားအဖွဲ့ ၂ ဖွဲ့ရှိတာရယ် တစ်ဖွဲ့မှာ အထမ်းသမား ၃၀၀ ရှိလို့ စုစုပေါင်းအထမ်းသမား ၆၀၀ ရှိတယ်လို့ဆိုရမှာပါ။ ဒါကြောင့်မို့လည်း အထမ်း လုပ်ငန်းက ယခင်နှစ်တွေလောက်တော့ မကိုက်တော့ဘူးလို့သိရပါတယ်။



ရင်ပြင်တော်တ၀ိုက်မှာ ဘုရားဖူးခရီးသည်တွေ တော်တော်များပါတယ်။ ဒေသအသုံးအနှုန်း အရပြောရရင် ဆောင်းဝင်စ တောင်ဖွင့်စ ဖြစ်တာမို့ လူတွေ ပိုပြီးစည်ကားနေသလားလို့ တွေးမိပါသေးတယ်။ ခရီးသည် အသီးသီး ယုံကြည်ကိုးကွယ်မှုအဖုံဖုံနဲ့ ရောက်လာကြတာပါ။ ဥပမာ ကျိုက်ထီးရိုးကို သုံးခေါက်အထိ ဘုရားဖူးလာပြီးရင် ချမ်းသာကြွယ်ဝသူ ဖြစ်လာနိုင်တယ်ဆိုတာမျိုး ယုံကြည်ကြတာလည်း ရှိပါတယ်။

ရင်ပြင်တော်ပေါ်မှာ ရွှေသင်္ကန်းကပ်သူတွေ၊ သစ်သီး၊ ဆွမ်း၊ ပန်းကပ်သူတွေ ဥဒဟိုသွားလာနေကြပါတယ်။ ဒီအထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အလှူဒါနတစ်ခုက ခေါင်းလောင်းလေးတွေမှာ ကိုယ့်နာမည်ရေးထွင်းပြီး ကပ်လှူလို့ရတဲ့ ဒါနမျိုးဖြစ်ပါတယ်။ ခေါင်းလောင်းအမျိုးအစား အကြီးအသေးအပေါ်မူတည်ပြီး ဈေးအမျိုး မျိုးနဲ့ ၀ယ်ယူလှူဒါန်းကြရပါတယ်။

အခုတော့ ကျိုက်ထီးရိုးရင်ပြင်တော်နဲ့ တောင်ပေါ်ဒေသက အရင်နှစ်တွေကနဲ့ မတူပဲ ခေတ်စနစ်ရဲ့ တောင်းဆို မှုအရ အပြောင်းအလဲတွေတော့ ဖြစ်လာနေပါတယ်။ ပြောရရင်တော့ ဒီဘက်ခေတ် ကျိုက်ထီးရိုးက အပြောင်းအလဲတွေ များစွာနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို မြင်တွေ့နေရပါတယ်။ အဆောက်အဦးပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုတွေကတော့ ကျိုက်ထီးရိုးရဲ့ ထင်သာမြင်သာအရှိဆုံး တိုးတက်မှုတွေတော့ ဖြစ်လာနေ ပါတယ်။

တစ်ဖက်မှာတော့ အခြေခံ အဆောက်အဦး တိုးတက်မှု အပိုင်း၊ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ ဖွံ့ဖြိုး တိုးတက်လာသလိုပဲ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကလည်း ကျိုက်ထီးရိုး ဘုရားဖူးတွေ အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေလည်း ဖြစ်နေပါတယ်။ တည်းခိုနေထိုင်ရေး အခက်အခ၊ဲ ရေအခက်အခဲ တွေက လက်ရှိအချိန်ထိ အဓိက အခက်အခဲတွေ ဖြစ်နေပါတယ်။

မနှစ်ကဆိုရင် ရေလုံးဝ မလောက်ဘူးလို့သိရတယ်။ ခုလည်း ဒီလလောက်အထိတော့ အဆင်ပြေ နေသေးတယ်။ ဒီ ဒီဇင်ဘာနောက်ပိုင်းဆိုရင် ရေဟာ အဆင်မပြေချင်တော့ဘူး။ အဓိက ကတော့ ရေပြဿနာ ပါပဲ။ ဒါကလည်း ဘုရားဖူး ဧည့်သည် အရေအတွက် တော်တော်များတာရယ်၊ တောင်ပေါ်ဒေသ ဖြစ်တာကြောင့် အခုလို ရေ ပြတ်လပ်တာပါပဲ။

ကျိုက်ထီးရိုးဘုရားပွဲကို အမှီပြုပြီးတော့ အရောင်းအ၀ယ်လုပ်ငန်းတွေ တိုးလာတာနဲ့ စီးပွားရေး ဆန်မှုတွေကိုလည်း ပိုပြီးတွေ့လာရပါတယ်။ ကျိုက်ထီးရိုးရဲ့ ဘုရားဖူးရာသီက သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ အထိ ၇ လရှိပါတယ်။ အခုလိုအချိန် ရာသီ အဖွင့်မှာတောင်မှ တည်းခိုခန်း စရိတ်တေ၊ွ စားသောက်စရိတ်တွေဟာ ပိုပြီးတော့ ကြီးမြင့်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တည်းတဲ့ တည်းခိုခန်းမှာဆိုရင် နှစ်ယောက်ခန်း တစ်ခန်းကို တစ်သိန်းနှစ်သောင်း ပေးရပါတယ်။ ရေဆိုရင်လည်း ၀ယ်သုံးရတဲ့ အခြေအနေမှာ ရှိတယ်။ အဲဒါတွေက ကျိုက်ထီးရိုးရဲ့ တဖြည်းဖြည်း စီးပွားရေး ဆန်လာတဲ့ အပိုင်းတွေ၊ ဈေးနှုန်းကြီးမြင့်လာတာတွေပါပဲ။

ဘုရားစောင်းတန်းပေါ်မှာ ထမင်းဆိုင် ၁၈ ဆိုင် ရှိပါတယ် ။ ဒီဆိုင်တန်းတွေ မီးမလောင်ခင်တုန်းကဆိုရင် ၀ါးတဲလေးတွေ ဖြစ်ပါတယ်။ မီးလောင်ပြီးချိန်မှာတော့ တာဝန်ရှိသူတွေက ဒီလိုမျိုး ကွန်ကရစ် အဆောက် အဦးတွေ အဖြစ် တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထမင်းဆိုင် လေလံဈေးတွေက တစ်နှစ်ထက် တစ်နှစ် ကြီးမြင့်လာတယ်လို့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

လေလံဈေးက တစ်နှစ်ကို တစ်ဆယ်ရာခိုင်နှုန်းဆိုတော့ နည်းတာမဟုတ်ဘူး၊ တက်လာတာလည်း တော်တော် များနေပြီ ဆိုတော့လေ အခန်းဈေးကလည်း ဒီပိတ်ရက်လေးတွေပဲ ရှာရတယ်။ ကြားရက်ဆိုရင်တော့ အလကားပဲ။ တနင်္လာကနေ သောကြာ ရက်အထိဆိုရင်တော့ ထမင်းစားအားပေး အလကားတည်းပေါ့နော်။ ဒီရက်ကတော့ ညီမတို့ ရှာရတာပေါ့။ အဲဒီလေလံစရိတ် သိန်း ၈၀ ကို ဒီရက်မှာ ရှာရတယ်လို့ ရှင်းပြပါတယ်။

ဒီမှာက ဘုရားဘက်နဲ့ နီးလေလေ ဆိုင်ခန်းစရိတ်က ပိုကြီးမြင့်လေလေပါပဲ။ ခုဆိုရင် လက်ရှိဖြစ်နေတဲ့ လေလံဈေးက သိန်း ၁၀၀ ကျော်ရှိပါတယ်။ ဒီအတိုင်းဆိုရင် နောက်နှစ်တွေမှာလည်း ဈေးနှုန်းက ဆက်တက် နေဦးမှာပါပဲ။

ဆက်သွယ်ရေးတွေ တိုးတက်လာတော့ လူတိုင်းလိုလို မိုဘိုင်းဖုန်း တစ်လုံးကိုင်နိုင်မယ်လို့ မြင်ပါတယ်။ ဒီ ကျိုက်ထီးရိုး စေတီမှာတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာတဲ့ လူတိုင်းမှာ တစ်ဦးကိုတော့ ဖုန်း တစ်လုံးစီ ပါလာမယ်လို့ မြင်ပါတယ်။ တစ်ခုရှိတာက ဖုန်းအားသွင်းဖို့တော့ သူတို့မှာ အခက်အခဲ ရှိမယ်လို့ မြင်ပါတယ်။ အတော်များများက ရင်ပြင်မှာပဲ သူတို့တွေ တည်းခိုပြီးအိပ်စက်ကြတယ်။ တည်းခိုဖို့ စရိတ်ကြီးမြင့်တာကြောင့်လည်း တည်းခိုဆောင်တွေမှာ တည်းခိုမှာလည်း မဟုတ်ကြပါဘူး။

ပြီးတော့ တည်းခိုဆောင် အရေအတွက်ကလည်း ဘုရားဖူးအရေအတွက်နဲ့ စာရင် အရမ်းကို နည်းပါးတဲ့ အတွက်ကြောင့် အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဖုန်းအားသွင်းတဲ့ အချိန်ကျရင် အခက်အခဲ ဖြစ်လာမယ်။ ထမင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဖုန်းအားသွင်းဖို့ ကျတော့လည်း ထမင်းဆိုင်တွေက ခွင့်မပြုထားဘူးလို့ သိရတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ လူအရမ်းများတဲ့ အတွက်ကြောင့်မို့ ဖုန်းတွေအများကြီးသွင်းမယ်ဆိုရင် ဆိုင်တိုင်း ဆိုင်တိုင်းမှာ မီတာ ကုန်ကျစရိတ်တွေက ရှိလာမယ်ဆိုပြီးတော့ ပြောကြပါတယ် ။

အဲဒီတော့ ဒီဘက်ခေတ် နောက်ပိုင်းမှာက ဖုန်းအားသွင်းဖို့အတွက် ဖုန်းအားသွင်းတဲ့ ဆိုင်တွေကလည်း ကျိုက်ထီးရိုးမှာ ဈေးကွက် တစ်ခု အနေနဲ့ ပီပြင်လာတာကို တွေ့ရပါတယ်။ ဖုန်းတစ်လုံးကို အားပြည့်အောင်သွင်းမယ်ဆိုရင် ဘယ်ဖုန်းအမျိုးအစားကိုမဆို ငွေ ၅၀၀ ကျပ်ပေးရပါတယ်။ ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာက ဘက်ထရီ အားသွင်းတဲ့ ဆိုင်ပေါင်း ၁၆ ဆိုင်လောက် ရှိပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကို လာရောက်ကြသူတိုင်းလိုလို သွားရောက်ကြလေ့ရှိတဲ့နေရာကတော့ ကျီးပါးစပ်လှိုဏ်ဂူဖြစ်ပါတယ်။ ကျီးပါးစပ်ကို သွားဖို့ဆိုရင် မုဆိုးတောင် ဘုရားလမ်းကနေ ဆင်းပြီးတော့ သွားရမှာပါ။ အဆင်းလမ်းတစ်လျောက်မှာတော့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ ရှိနေပါတယ်။

လာတဲ့လမ်းမှာဆိုရင် အမှတ်တရ ပစ္စည်းဆိုင်ပေါင်း ၄၀ လောက်ကို ဖြတ်သန်းပြီး လာခဲ့ရတာပါ။ ကျိုက်ထီးရိုးစေတီကနေ ကျီးပါးစပ် လှိုဏ်ဂူကို မိနစ် ၂၀ ကျော်လောက် အချိန်ယူပြီးတော့ လျှောက်ရမှာ ဖြစ်ပါတယ်။

ကျီးပါးစပ် လှိုဏ်ဂူရှိရာမှာ ပရိသတ်တွေ အများကြီး တွေ့ရတယ်။ အားလုံးက ကျီးပါးစပ်ထဲကို အကြွေစေ့တွေ ပစ်ထည့်ပြီး ဆုတောင်းတဲ့ အဓိဋ္ဌာန်တွေ အောင်မြင်ဖို့ဆိုပြီး ဆုတောင်းတာကို တွေ့ရပါတယ် ။

ဒီမှာက အကြွေစေ့ ငါးစေ့ကိုငွေကျပ် ငါးရာနဲ့ ရောင်းပါတယ်။ ဒါကတော့ ယုံကြည်မှုနဲ့ ဆက်နွယ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အလေ့အထ တစ်ခုလို့လည်း မြင်ပါတယ်။ ဘုရားဖူးတွေကို မေးကြည့်တဲ့ အချိန်မှာလည်း အဓိဋ္ဌာန်အောင်ဖို့ ဒီကျီးပါးစပ်ထဲကို အကြွေစေ့တွေ ပစ်တာလို့ ကျွန်တော့်ကို ပြောကြပါတယ်။

ကျီးပါးစပ်လှိုဏ်ဂူတော်ကိုလာတဲ့မုဆိုးတောင် ဘုရားလမ်းမှာ နောက်ထပ် ထူးထူးခြားခြားတွေ့ရတာကတော့ အမှတ်တရ ပစ္စည်းဆိုင်တွေ အပြင် ဒီဒေသမှာထွက်တဲ့ သစ်မြစ် သစ်ဥတွေကနေ ရရှိတဲ့ ဆေးမြစ်တွေ ရောင်းချတဲ့ ဈေးဆိုင်တွေပါပဲ။

ကျိုက်ထီးရိုး ရဲ့ မနက်ခင်းအချိန်ကို ကျော်လွန်လာပြီး ညဘက် အချိန်ရောက်လာတော့ တောင်ပေါ်လေတွေ တိုက်ခိုက်နေတဲ့ အထဲမှာပဲ ဘုရားဖူးဧည့်သည်တွေက ရင်ပြင် အပြည့်မှာ နားနေအိပ်စက်ဖို့ နေရာထိုင်ခင်း ပြင်နေကြပါပြီ။

ဒီနေ့မနက်ခင်း အချိန်ကနေ ညပိုင်းအထိ တောင်တက် ကားလမ်းတွေကနေ ရောက်လာကြတဲ့ ဘုရားဖူးဧည့်သည်တွေ အနေနဲ့ကတော့ ကျိုက်ထီးရိုး ရဲ့ညက လှပလို့ နေပါတယ်။

အကြိမ်ကြိမ် ကျိုက်ထီးရိုး စေတီတော်ကိုလာရောက်ဖူးမျှော်ဖူးတဲ့ ဘုရားဖူးတွေကို တွေ့ဆုံမေးမြန်းတဲ့ အခါမှာ ခုခေတ်မှာ ကျိုက်ထီးရိုး စေတီတော်ရဲ့ အဆောက်အဦး ဖွံ့ဖြိုးမှု အပိုင်းက တိုးတက် ဖွံ့ဖြိုးမှုတွေ ရှိတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် တစ်ချို့ဘုရားဖူးတွေကတော့ လူတန်းစားအားလုံးကို အခြေခံပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ အပိုင်းမှာ အားနည်း ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားဆိုတာ ကျောက်စွန်းတစ်ခုပေါ်မှာ အလွန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခု ဆန်းကျယ် အံ့သြဖွယ်တင်နေပြီး အဲဒီ တင်နေတဲ့ ကျောက်တုံးကြီးပေါ်မှာမှ စေတီတစ်ဆူ တည်ထား ကိုးကွယ်ထားတဲ့ နေရာဖြစ်ပါတယ်။ ပေါင်းလောင်း တောင်ကြောပေါ်မှာရှိပြီး လှပပြန့်ပြောတဲ့ အပေါ်စီးမြင်ကွင်းတွေ၊ လှည့်ပတ် သွားလာ ကြည့်ရှုဖူးမျှော်စရာ ဘုရားစေတီတွေ၊ ဈေးဆိုင်တွေ၊ တည်းခိုခန်းတွေနဲ့ စည်ကား သိုက်မြိုက်လွန်းလို့ မည်သူမဆို နှစ်စဉ်သွားရောက် ကုသိုလ်ယူသင့်ပါတယ်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8156

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, July 20, 2015

တို့ဗိုလ်ချုပ်ကို အမှန်တကယ် ဘယ်သူသတ်ခဲ့သလဲ





(အပိုင်း ၁)




ဗမာ့ တပ်မတော်မှာ အရာရှိ အဖြစ် သင်တန်းပေး နေတဲ့ သူရ ဦးတင်ဦးဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက မေမြို့မှာ တပ်တွေကို စစ်ဆေး ခဲ့ချိန် မြန်မာ့ လွတ်လပ်ရေး ဖခင် ကြီးကို နောက်ဆုံး တွေ့မြင် ခဲ့ရပါတယ်။ ကာကီရောင် စစ်ဝတ်စုံ ခပ်ပွပွနဲ့ ဖော့ဦးထုပ် ဆောင်းထားပြီး ခပ်တည်တည် အနေအထားနဲ့ တပ်တွေကို စစ်ဆေး ခဲ့ချိန်မှာတော့ ဗိုလ်ချုပ်နဲ့ အတူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်လည်း ပါဝင်ခဲ့ ပါတယ်။






(အပိုင်း ၂)




ဦးနေမင်းဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလမှာ ဘီဘီစီ သတင်းဌာနကို သတင်း ပေးပို့လို့ စစ်ထောက်လှမ်းရေး တွေရဲ့ဖမ်းဆီးမှုကို အကြိမ်ကြိမ် ခံခဲ့ရသူ ဖြစ်ပြီး ၂ဝ၁၁မှာ ပြန်လည် လွတ်မြောက် လာခဲ့သူ သတင်းသမား တစ်ဦး ဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ ရင်းနှီးတဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်စက်ရောင်က ဂဠုန်ဦးစော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရ အဖွဲ့ကို လုပ်ကြံဖို့ ဗမာပြည် ဆိုရှယ်လစ် ပါတီက ဇာတ်လမ်း ဆင်ခဲ့တာလို့ အင်းစိန်ထောင်ထဲမှာ သူ့ကိုပြော ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမင်းက ပြောပါတယ်။

From : Kamayut Online TV - YouTube
https://www.youtube.com/channel/UC54srUSa4PlMKozEyzLDX3Q

Read More »

အာဇာနည်နေ့ ရုပ်သံမှတ်တမ်း




  • အာဇာနည်နေ့ ရုပ်သံမှတ်တမ်း
  • တင်ဆက် - မောင်တူး
  • ရိုက်ကူး - လေးလေးမွန်၊ စောဖိုးစီ၊ စည်သူဇေယျနှင့် DVB သတင်းထောက်များ



DVB Youtube မှ ကူးယူ မျှဝေသည်။

Original link - https://youtu.be/B0apTQ-zdkY

Read More »

Sunday, July 19, 2015

အာဇာနည်နေ့




ဇူလိုင် ၁၉ ရက်ဆိုလျှင် အာဇာနည် ခေါင်းဆောင် ကြီးများ တိုင်းပြည် အတွက် အသက်ပေး သွားခဲ့ ရသည်မှာ (၆၈) နှစ် ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အတွက် အာဇာနည်နေ့မှာ နှစ်တစ်နှစ်တွင် ဝမ်းနည်းစရာ အကောင်းဆုံးနေ့ဟု ဆိုလျှင်လည်း မမှားပေ ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ ခေါင်းဆောင်ကြီးများ လုပ်ကြံ သတ်ဖြတ် ခံရသည် ၊့

ယနေ့ထက်တိုင် မမေ့ရက်နိုင် သေးသော အာဇာနည်နေ့ အထိမ်း အမှတ် ရုပ်သံ မှတ်တမ်း တစ်ခုကို တင်ဆက် လိုက်ပါသည်။



7DayDaily

Original link - http://www.youtube.com/attribution_link?a=djyU_aspvgc&u=/watch%3Fv%3DUylWLnG1CVs%26feature%3Dem-uploademail

Read More »

Thursday, May 28, 2015

၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ် ပြည့်ပြီ




DVB TV - ၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ် မှတ်တမ်း
ရိုက်ကူး - ဒီဗွီဘီ သတင်းထောက်များ
တည်းဖြတ် / တင်ဆက် - မောင်တူး



From: DVB Burmese - YouTube
https://www.youtube.com/channel/UCuaRmKJLYaVMDHrnjhWUcHw

Read More »

Thursday, May 14, 2015

မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ




မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၁)



မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၂)



မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၃)



မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၄)



မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၅)



မန္တလေး တက္ကသိုလ် သမိုင်း ပုံရိပ်များ အပိုင်း(၆)



From: DVB Burmese - YouTube
https://www.youtube.com/channel/UCuaRmKJLYaVMDHrnjhWUcHw

Read More »

Tuesday, March 24, 2015

လောက်ကိုင် ရုပ်သံ မှတ်တမ်း




  • DVB TV - လောက်ကိုင် ရုပ်သံမှတ်တမ်း
  • ရိုက်ကူး၊ တည်းဖြတ်- ခွန်ဇော်ဦး
မှတ်တမ်းဆိုတာ အနာဂတ် အတွက် သမိုင်း တစ်ခု ဖြစ်သလို ပစ္စုပ္ပန် အတွက် သက်သေတွေပါ။



From: DVB Burmese - YouTube မှ ကူးယူမျှဝေသည်။

ဆိုင်မွန်စာကြည့်ဆိုဒ်
http://www.simon-vlog.com
သတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ မျှဝေခြင်း

Read More »

Sunday, March 08, 2015

(Tasty Trip) ရသများနဲ့ ခရီးစဉ် 7 March 2015




မိုးကုတ်မြို့ - အပိုင်း ၃



မိုးကုတ်မြို့က ကျောက်မျက် ရတနာ ရောင်းဝယ် ကြတဲ့ နေရာကို ထာပွဲလို့ ခေါ်ပါတယ်။ အဖိုးတန် ကျောက်မျက် ရတနာ ပေါင်း များစွာ ရောင်းဝယ် နေကြတဲ့ ထာပွဲဈေးနဲ့ ကျောက်သွေး လုပ်ငန်းတွေ ကျောက်မျက် ပန်းချီ လုပ်ငန်းတွေ အကြောင်းကို ရသများနဲ့ ခရီးစဉ်မှာ တွေ့ရ မှာပါ။




မိုးကုတ်မြို့ - အပိုင်း ၎



လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် ကတည်းက ရှိခဲ့တဲ့ ဒီရွာ aလးဟာ မက်မွန်သီးတွေ၊ မက်မွန်ပင်တွေ aပါများခဲ့ တာကို အစွဲပြုပြီး မက်မွန် ရွာလို့ ခေါ်ခဲ့ရာ ကနေ ဒီနေ့ အချိန်မှာတော့ ဗမွန်ရွာ ဆိုပြီး ခေါ်နေကြတဲ့ ရွာလေး ဖြစ်ပါတယ်။ ဒီရွာလေး မှာတော့ လက်ဖက် စိုက်ခင်းတွေကို တွေ့ရမှာ ဖြစ်သလို ပလောင် တိုင်းရင်းသား တိုင်းရင်းသူ တွေရဲ့ ရိုးရာ ဓလေ့ တွေကို လည်း တွေ့ရမှာ ဖြစ်ပါတယ်။

အပိုင်း ၁ နှင့် အပိုင်း ၂ ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

(Tasty Trip အစီအစဉ် ကို MRTV ရုပ်သံလိုင်းမှ တဆင့် အပတ်စဉ် ပြသ ပေးနေ ပါပြီ။)

Mizzima Channel - YouTube မှ ကူးယူမျှဝေသည်။

Read More »

Thursday, March 05, 2015

(Tasty Trip) ရသများနဲ့ ခရီးစဉ် 4 March 2015




မိုးကုတ်မြို့ - အပိုင်း ၁



ရသများနဲ့ ခရီးစဉ် အတွက် မိုးကုတ်မြို့ကို သွားနေ ပါပြီ။ မိုးကုတ် မြို့ဟာ မြန်မာ့ ပတ္တမြား မြေ ဖြစ်သလို ကမ္ဘာ ကပါ သိနေတဲ့ ပတ္တမြားမြေ ဖြစ်ပါတယ်။ နောက်ပြီး ရိုးရာ ဓလေ့ ယဉ်ကျေးမှု တွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ အများ အပြား တွေ့နိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။




မိုးကုတ်မြို့ - အပိုင်း ၂



မိုးကုတ် မြို့မှာ ပတ္တမြားတွေ၊ ကျောက်မျက် ရတနာ တွေကို ဘယ်လို ပုံစံတွေနဲ့ တူးဖော်နေ ကြသလဲ ?

ဒါတွေကို သိဖို့ ဆိုရင်တော့ Tasty Trip ရဲ့ မိုးကုတ် ခရီးစဉ်ကို လေ့လာ ကြည့်လိုက်ပါ။ မိုးကုတ်မြို့ ဆိုတာ ရတနာ မြေပေါ်မှာ ရှိတဲ့ မြို့ တစ်မြို့ ဆိုတာ ကိုလည်း သိလာ ပါလိမ့်မယ်။

(Tasty Trip အစီအစဉ် ကို MRTV ရုပ်သံလိုင်းမှ တဆင့် အပတ်စဉ် ပြသ ပေးနေ ပါပြီ။)

Mizzima Channel - YouTube မှ ကူးယူမျှဝေသည်။

Read More »

Friday, October 24, 2014

အပျိုဟိုင်းကြီး မိုမု­ိ



မိုမိုရေ... ၀ူး ဆိုတဲ့ အသံက တစ်နိုင်ငံလုံးမှာ ရေပန်းစား ခဲ့ဖူးပါတယ်။ အခုအချိန် ထိလည်း မိုမိုလို့ ဆိုရင် ဆင်
မကြီးမိုမိုကို ဆိုလိုမှန်း ကလေးတွေက သိကြမြဲပါ။ လူစကားမပြောတတ်တဲ့ အဟိတ်တိရိစ္ဆာန်ဖြစ်ပေ­မယ့် လူ
စကားကို အနီးစပ်ဆုံး နား လည်ပြီ­း ပြည်သူကို ဖျော်ဖြေ ခဲ့တဲ့ ဆင်မကြီး မိုမိုကို ရန်ကုန် တိရိစ္ဆာန် ဥယျာ­ဉ်သို့
ရောက်ဖူးတဲ့ သူတိုင်းက မမေ့မလျော့ သွားရောက်ကြည့်ရှုကြလေ­့ရှိပါတယ်။ ချစ်ချစ် ခင်ခင်နဲ့ အစာကျွေးကြ
လေ့ရှိပါတယ­်။

ဆင်မကြီး မိုမိုဟာ အခု အခါမှာ အသက် (၆၁) နှစ် တိတိ ပြည့်ခဲ့ ပါပြီ။ မိုမိုရဲ့ မွေးနေ့ပွဲကို ရန်ကုန်တိရိစ္ဆာန် ဥ
ယျာ­ဉ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က တခမ်းတနား ကျင်းပခဲ့ပါ­တယ်။ မွေးနေ့ပွဲကို မိုမိုကိုချစ်တဲ့ ပြည်
သူပေါင်း တစ်ထောင်ကျော်တက်ရောက­်အားပေးခဲ့ကြတာဖြစ်ပြ­ီး မိုမိုနဲ့ အတူနေထိုင်တ­ဲ့ ဆင်ကြီးတွေလည်း
ပါဝင်ဆင်နွှဲခဲ့ကြတာပါ။


မိုမိုအပါအ၀င် တိရိစ္ဆာန်ဥယျာဉ်က ဆင်တွေက မွေးနေ့ကိတ်ပုံစံပြုလု­ပ်ထားတဲ့ အသီးအနှံပေါင်းစုံကို အားပါး
တရ စားသုံးရင်း ဆင်နွှဲ ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မိုမိုကိုချစ်တဲ့ လူထုက ဟက်ပီးဘတ်ဒေးသီချင်းက­ို ပြိုင်
တူသီဆိုပြီး ချီးမြှင့်ခဲ့ကြတာပါ။

http://7daydaily.com/story/23313#.VEkWk9aqeJd

Read More »

Thursday, September 25, 2014

(ဦးခန်း) သက်ရှိ ပင်လုံမှတ်တမ်း



အနားယူသည့် အခန်းအတွင်းမှ အသက်ကိုးဆယ်ကျော် အဘိုးအိုတစ်ဦး တုတ်ကောက်အကူအညီမလို၊ လူတွဲ
စရာမလိုဘဲ ဖြေးဖြေးမှန်မှန် လမ်းလျှောက်ထွက်လာသည်။ အဘိုးအို၏အသက်ကို မှန်းဆလျှင် ကိုးဆယ်စွန်း
စွန်းဟု ထင်ရသော်လည်း အမှန်က လာမည့် ၂၀၁၅ မတ်လတွင် အသက်တစ်ရာပြည့်မည် ဖြစ်သည်။

ထိုအဘိုးအိုကား ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးရန် ရှမ်းပြည်သို့ လာရောက်စဉ်က တောင်
ကြီးမှ ပင်လုံ၊ ပင်လုံမှ တောင်ကြီးသို့ သူ့ကိုယ်ပိုင်ဂျစ်ကားဖြင့် အကြိုအပို့လုပ်ခဲ့သူ ဦးဖရွတ်ခန်းခေါ် ဦးခန်းပင်။


From: 7DayDaily - YouTube


Read More »

Saturday, September 13, 2014

မီးလျှံကြားက ပန်းကလေး တစ်ပွင့်



လူ့ အသိုင်းအ၀ိုင်းနဲ့ အနီးကပ်မှာ ရှိနေတဲ့ အိမ်နံရံတွေရဲ့ အခြားတစ်ဖက်မှာ ချောင်ပိတ်နှိပ်စက် ခံေ­နရတဲ့ အိမ်
အကူ ကလေးငယ်တွေရှိနေတယ်ဆိ­ုတာကို အသက် ၁၄ နှစ်အရွယ် မသန်းသန်းစိုးရဲ့ အဖြစ်ဆိုးက မီးမောင်း
ထိုးပြလိုက်­ပါပြီ။

မသန်းသန်းစိုးလေးဟာ မွေးရာပါ နှုတ်ခမ်းကွဲသူလို ပုံစံပျက်သွားတဲ့ နှုတ်ခမ်း၊ ရိုက်နှက်မှုကြောင့် ကျိုးသွားတဲ့
လက်၊ အနာရွတ်တွေ ထင်ထင်ရှား­ရှားမြင်နေ ရတဲ့ မျက်နှာပိုင်ရှင်ဘ၀ ရောက်သွား ခဲ့ရတာပါ။ မြို့ပြရန်ကုန်ရဲ့
ပညာတတ်အလွှာ ဆရာဝန် ဇနီးမောင်နှံအိ­မ်မှာ အိမ်အကူလုပ်ရင်း တစ်နှစ်နဲ့ရှစ်လကြာအေ­ာင် မိဘ၊ ဆွေမျိုး
ပတ်ဝန်းကျင်နဲ­့ အဆက်အသွယ် လုပ်ခွင့်မရ­ခဲ့တဲ့ မသန်းသန်းစိုးဟာ အဲဒီကာလ အတွင်း အိမ်ရှင်တွေရဲ့ ရိုက်
နှက်မှုဒဏ်ကြောင် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ တစ်ယောက်­ ဘ၀ကို ရောက်သွား ခဲ့ရပါတယ်။

သူက မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ မြောက်ဥက္ကလာပ ဆေးရုံဝန်ထ­မ်း ဆရာဝန်လင်မယား အိမ်မှာ ၂၀၁၂
ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လ အထိ အိမ်အကူ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။


http://7daydaily.com/story/20250

From: 7DayDaily - YouTube


Read More »

Tuesday, August 12, 2014

မြောက် ကိုရီယား တိုက်ခိုက်ရေး သမား တို့ရဲ့ အစွမ်းပြ ချက်များ


အ ခု ဖော် ပြ ထား တဲ့ ဗီ ဒီ ယို မှတ် တမ်း ဟာ ကြည့် ရ သူ တို့ အ ဖို့ အ လွန် အံ့ သြ တုန် လှုပ် သွား ပါ လိမ့် မယ်။ ဒီ ရုပ် / သံ မှတ်
တမ်း ဟာ အ ထီး ကျန် သီး ခြား ကမ္ဘာ တ ခု ဖြစ် တဲ့ မြောက် ကို ရီး ယား နိုင် ငံ က ပေါ် ထွက် လာ တာ ဆို ရင် ပို အံ့ သြ သွား ကြ
မယ် ထင် ပါ တယ်။


ဒီ ဗွီ ဒီ ယို မှတ် တမ်း ဟာ မြောက် ကို ရီး ယား နိုင် ငံ က တိုက် ခိုက် ရေး သ မား တွေ ကို ကိုယ် ခံ ပညာ လေ့ ကျင့် မှု တွေ နဲ့
စွမ်း ဆောင် မှု ပြ ကွက် တွေ ပါ ပဲ။

လက် ရှိ မြောက် ကို ရီး ယား ခေါင်း ဆောင် ကင် ဂျုံ အန်း က လည်း သူ့ ရဲ့ တိုက် ခိုက် ရေး သ မား တွေ ကို အား ပေး ကြည့် ရှု
တဲ့ ပြ ကွက် တွေ လည်း ဒီ ရုပ် / သံ ဖိုင် မှာ မြင် ကြ ရ ပါ မယ်။

-မြောက် ကို ရီး ယား တိုက် ခိုက် ရေး သ မား တွေ ဟာ သူ တို့ ကိုယ် ခန္ဓာ တွေ ကို တ ကယ့် ကျောက် စိုင်၊ ကျောက် သား တွေ
လို ဖြစ် အောင် လေ့ ကျင့် ကြ သ လို ခံ နိုင် ရည် စွမ်း အား တွေ မြင့် သည် ထက် မြင့် အောင် လေ့ ကျင့် ကြ တယ်။

တ ဖက် က လည်း သူ တို့ ရဲ့ ကိုယ် ခံ ပ ညာ တိုက် ခိုက် ရေး စွမ်း ရည် တွေ ကို အ စွမ်း ထက် အောင် လေ့ ကျင့် ကြ တယ်။

လူ သာ မန် တွေ မ စွမ်း နိုင် တာ တွေ ကို စွမ်း နိုင် အောင် ဘယ် လောက် လေ့ ကျင့် ထား တယ် ဆို တာ ထင် ထင် ရှား ရှား သိ
နိုင် ပါ လိမ့် မယ်။

ဒီ လို လေ့ ကျင့် မှု တွေ ရဲ့ နောက် ကွယ် မှာ မြောက် ကို ရီး ယား နိုင် ငံ သား ဘယ် နှစ် ယောက် ဟာ အ သက် စ တေး ခဲ့ ရ ပြီး
မှ ဇ ကာ တင် ကျန် ရှိ နေ တဲ့ တိုက် ခိုက် ရေး သ မား တွေ လည်း လို့ အ တွေး ဝင် မိ ကြ မယ် ထင် ပါ တယ်။


The Irrawaddy's Blog by အိမ့်သံစဉ်

Read More »

Thursday, July 31, 2014

အမေရိကန်ရောက် မြန်မာ စပါးကြီး မြွေ အောင်လ အန် ဆန်



အောင်လ အန်ဆန် သည် အမေရိကန် နိုင်ငံ တွင် ထင်ရှားသော Mix Martial Art ခေါ် သိုင်း ပေါင်းစုံ နပန်းပွဲ တွင် နိုင်ပွဲ များ ဆက် လာ ပြီး အောင်
မြင် ကျော် ကြား လာ သူ ဖြစ် သည်။


From: 7DayDaily - YouTube


Read More »