နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label AddOn. Show all posts
Showing posts with label AddOn. Show all posts

Sunday, September 27, 2015

Firefox ပေါ်တွင် PDF ဖိုင်များကို အလွယ်တကူ ပြုလုပ်ခြင်း




အင်တာနက် အသုံးပြုရင်း pdf ဖိုင်တွေကို အလွယ် တကူနဲ့ ပြုလုပ် ချင်တယ် ဆိုရင် Soda PDF ဆိုတဲ့ add-on ကို ထည့်သွင်း သုံးစွဲနိုင် ပါတယ်။ soda pdf ဟာ document file တွေကို convert ပြုလုပ်ဖို့ အတွက် စီစဉ်ပေး ထားတဲ့ add-on တစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ add-on ကို ထည့်သွင်းဖို့ အတွက် ဒီနေရာ ကနေ ရယူ နိုင်ပါတယ်။

အဆိုပါ add-on page ကိုရောက်ပြီ ဆိုရင် Add to Firefox ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Install now ဆိုတဲ့ button ကို နှိပ်ပြီး အဆိုပါ add-on ကို install ပြုလုပ် ရပါမယ်။ Install ပြုလုပ် ပြီးရင် Firefox browser ကို Restart ပြုလုပ်ပေးရမှာ ဖြစ်တဲ့ အတွက် Restart ဆိုတဲ့ button လေးကို နှိပ် လိုက်ပါ။

ပြီးသွားရင် Soda pdf converter ကို အသုံးပြုဖို့ အတွက် Firefox browser ရဲ့ ညာဘက်ထောင့် အပေါ်နားလေးမှာ Soda PDF online service ဆိုတဲ့ logo လေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် document တွေကနေ PDF ကိုပြောင်းမှာလား PDF ကနေ Document တွေကို ပြောင်းမှာလား ဆိုတာတွေကို ရွေးချယ် နိုင်ပါတယ်။

အဆိုပါ add-on ဟာ Word, Excel, Power Point, Image, HTML File, Text File များကို ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ပေး ထားပါတယ်။ ဒါ့အပြင် Pdf ဖိုင်များကိုလည်း ခွဲနိုင်၊ ဆက်နိုင်စေရန် အတွက်လည်း စီစဉ်ပေးနိုင်မယ့် နည်းပညာတွေကို ထည့်သွင်းပေး ထားပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းဟာ PDF ဖိုင်တွေကို ပြုလုပ်ဖို့ အတွက် နဲ့ convert ပြုလုပ်ဖို့ အတွက် အခြားသော ဆော့ဖ်ဝဲတွေ ထည့်သွင်း စရာမလိုဘဲ Firefox browser ပေါ်ကနေ အလွယ်တကူနဲ့ ပေါ့ပေါ့ ပါးပါး လုပ်ဆောင်ပေး နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

Ref: maketecheasier

internetjournal

Original link - http://www.internetjournal.media/how-to/3694

Read More »

Thursday, May 28, 2015

Bandwidth ကို သက်သာစေမည့် Chrome extension အသစ် တစ်ခုကို Google ဖြန့်ချိ



Google သည် သုံးစွဲ သူ၏ ဝက်ဘ် data usage ကိုလျှော့ချ နိုင်မည့် Chrome browser extension သစ်ကို ဖြန့်ချိပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ extension ၏ အမည်မှာ Data Saver ဖြစ်ပြီး brow-ser တွင် ဝက်ဘ် စာမျက်နှာရှိ အချက် အလက် များကို ချုံ့ထားသည့် proxy ဝန်ဆောင်မှုကို အသုံးပြု ထားသည်။

၎င်း extension ကိုအသုံးပြုရန် Chrome 41 နှင့် အထက် အသုံးပြုထားရန် လိုအပ်ပြီး install ပြုလုပ် ပြီးနောက် အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်သည်။



Data Saver ကို Android နှင့် iOS ရှိ Chrome များတွင်လည်း အသုံးပြု နိုင်မည်ဖြစ်ပြီး settings အတွင်းသို့ ဝင်ရောက်ကာ Data Saver ကို enable ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

Google သည် ၂၀၁၃ ခုနှစ် မတ်လတွင် browser များအတွက် အချက်အလက်များ ချုံ့ထားသည့် ဝန်ဆောင်မှုကို စတင်စမ်းသပ်ခဲ့သည်။

ယခုအခါ Google မှဖြန့်ချိလိုက်သော Data Saver beta ဗားရှင်းသည် အနာဂတ် Chrome ဗားရှင်းများတွင် တစ်ပါတည်း ပါဝင်လာနိုင်ကြောင်း သိရသည်။

Data Saver beta ဗားရှင်းကို အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါတယ်။

chrome.google.com
OR
4shared-china.com

Ref: TheNextWeb internetjourna

Original link - http://www.pyaephyo.com/2015/05/bandwidth-chrome-extension-google.html



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, December 08, 2014

Facebook ၏ ကြိုက်ရာ နေရာတွင် Facebook Sticker ကွန်မန့်ပေးနည်း (PC Only)




အရမ်း လွယ်ကူ ပါတယ် မိမိ Browser မှာ ထည့်ပေးရမည့် Add နှစ်ခုကို မူရင်းလင့်မှာ သွားရောက် ဒေါင်းယူလိုက်ပါ။

လင့်များကို အောက်မှာ ပေးထားပါတယ်။

ဒေါင်းပြီးတာနဲ့ အင်စတော လုပ်ပေးပါလိမ့်မယ် ပြီးရင် မိမိ FB အကောင့်ကို ထွက်ပြီး ပြန်ဝင်လိုက်ပါ။ ကွန်မန့်ပေးရ
မည့် အကွက်မှာ ပုံထဲက အတိုင်း မျက်နှာ ပုံလေးပေါ် လာပါမယ် နှိပ်၍ မိမိ ကြိုက်နှစ်သက်ရာ အရုပ်များကို မန့်နိုင်
ပါပြီ :)

ပေးထားတဲ့ Hola Unlock Add လဲ အပေါ်ကနည်း အတိုင်းပါပဲ နိုင်ငံကိုတော့ Australia ကို ရွေးချယ်ပေးရမည်ဖြစ်
ပါတယ် ။ မူရင်းဆိုက်မှာ ပုံနှင့် တကွ ပြသထားလို့ မရှင်းပြတော့ပါဘူး ကလစ်တစ်ချက်နှိပ်ပေးယုံပါပဲ :)



Emoji အရုပ် အတွက် Facebook Secret Emoticons Add ကို အောက်မှာ ဒေါင်းယူပါ။

▼ Mozilla Firefox အတွက် ▼
OR
▼ Google Chrome အတွက် ▼



Facebook Sticker အတွက် Hola Unlock Add ကို အောက်မှာ ဒေါင်းယူပါ ။

▼ Hola Unlock Add ▼

Credit to maungpauk.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, October 21, 2014

Facebook မှာ Funny Photo တွေ လုပ်မယ်



Facebook က သင့်သူငယ်ချင်းတွေ ရဲ့ ပုံတွေကို ရုပ်ပြောင်လေးတွေ လုပ်ချင်ရင် အရင်ဆုံးပုံကို ဒေါင်းလုပ်လုပ်၊
photo editor software တစ်ခု ခုနဲ့ ပြုပြင်၊ ပြီးရင် upload ပြန်လုပ်ရတာ အလုပ်ရှုပ်ပါတယ်။

Coolpic က Facebook Application or Web Application တစ်ခု ဖြစ်ပြီး Facebook က သူငယ်ချင်း တွေရဲ့
ပုံတွေကို ရုပ်ပြောင်လေးတွေ အလွယ်တကူ လုပ်ပေးနိုင်ပါ တယ်။ Facebook တင်မက Picasa ,Flickr တို့မှာ
လည်းလုပ်ပေးနိုင်ပါတယ်။ Coolpic က browser မှာ အင်စတောလုပ်ရမယ့် extension or add-on တစ်ခုပါ။
Chrome, Firefox, IE browsers တွေမှာသုံးနိုင်ပါတယ်။

Coolpic ဆိုက်ကိုသွားပြီး DOWNLOAD FREE ! ကိုနှိပ်ပြီး အင်စတောလုပ်ပါ။

Coolpic က Facebook မှာတင် အသုံးပြုရတာဖြစ်တဲ့ အတွက်ဆင်ပြေပါတယ်။ Facebook မှ သင်ရုပ်ပြောင်တွေ
ထည့်ချင်တဲ့ ပုံကို နှိပ်ပါ။ ဒါဆိုရင် ဘယ်ဘက်ဘေးမှာ အစိမ်းရောင် dock လေးပေါ်လာပါမယ်။ အဲဒါကို နှိပ်ပါ။


ပုံမှာမြင်တဲ့ အတိုင်းပဲ headgear, facial hair, eyewear, props စတာတွေကို ထည့်ပြီး ရုပ်ပြောင်လေးတွေ ပြု
လုပ်နိုင်ပါတယ်။ ရုပ်ပြောင်လေးတွေကို နေရာပြန်ချနိုင်ပြီး resize လုပ်နိုင် rotate လုပ်နိုင်ပါတယ်။


Speech bubbles တွေလည်းပြုလုပ်နိုင်ပြီး နှစ်သက်ရာစာသားထည့်နိုင်ပါတယ်။ပြီးရင်တော့ save your work ကို
နှိပ်ပြီး အဲဒီပုံကို သင် share လုပ်နိုင်ပါပြီ။ Photo Comment အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။


Facebook မှာရုပ်ပြောင်ပုံတွေလုပ်ချင်တဲ့သူတွေ အတွက် တစ်ခြား ဆော့ဝဲတွေ သုံးစရာမလို ဘဲ Facebook မှာ
တင် ပြုလုပ်ပေးနိုင်တဲ့ အတွက် Coolpic က အသုံးဝင်ပါတယ်။

Coolpic ကို အောက်ကလင့် ကနေ အင်စတော လုပ်ပါ။

▼ coolpic.me ▼

From : အောင်ကျော်ခိုင်(ပုသိမ်) by Paye PhyoKyaw


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 19, 2014

Firefox Browser မှာ လင့်တွေနှိပ်ရင် ဝင်းဒိုး အပိုတွေ မပေါ်စေရန် နည်းလမ်း


Mozilla Firefox မှ Website တွေဝင်ရင် ကြောငြာ ကို Block နည်းပါ။ (Web Page တွေကို တချက် ကလစ်
လိုက်ရင် ကြော်ငြာ ၃ခု ၄ခု တက်လာတာကို ပိတ်နည်းပါ။)


ကျနော်တို့ Website တွေဝင်ရင် တချို့ နိုင်ငံခြား ဆိုဒ်တွေမှာ Web Page ကို တချက် ကလစ်လိုက်ရင် Website
၃ခု ၄ခု အထိ ကြေငြာတွေက တတ်လာလို့ အာရုံ နောက်ရပါတယ်။

အဲတာတွေကို တက်မလာအောင် ကြော်ငြာတွေကို Block လုပ်နည်းပဲ ဖြစ်ပါတယ်။ တော်တော် များတော့ သိပြီး
သား ထင်ပါတယ်။ အခုနည်းလမ်းကို အသုံးပြုခြင်းအားဖြစ် Internet Speed နှေးမသွားပါဘူး။ စိတ်ညစ်တာက
ကြော်ငြာ Web Page တွေ တတ်မလာတော့ အာရုံနောက် သက်သာတာပေါ့။ စိတ်ဝင်စားရင် အောက်မှာ ပုံနှင့်
တကွပြထားပါတယ်။ လိုက်လုပ်ကြည့်ပါ။

အရင်ဆုံး မိမိ အသုံးပြုနေတဲ့ Mozilla Firefox မှ Tool / Add-Ons ကိုဝင်လိုက်ပါ။


ပြီးရင် Ddd-Ons Page တက်လာပါမယ်။ အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ Search နေရာမှာ Adblock Edge
ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း Adblock တက်လာရင် ညာဘက်က မြားပြ ထားတဲ့ Install
ကို နိပ်လိုက်ပါ။


ပုံကစာကို သေချာမမြင်ရင် မောက်နဲ့ ကလစ်ပြီး ချဲ့ ကြည့်လိုက်ပါ။ Install ကိုနိပ်ပြီး ရင် Add-ons က Download
တက်နေပါပြီ။ ပြည့်ရင် Mozilla Firefox ကို (Restart) ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ အဲတာပြီးရင်တော့ မိမိ သွင်းထား
တဲ့ Adblock Edge က ကောင်းကောင်း အလုပ် လုပ်ပါပြီ။ ဘယ် Web Page ၀င် ၀င် အာရုံနောက် စရာ ကြေငြာ
တွေ တက်မလာတော့ပါဘူး။ ဒီလောက်ဆို အားလုံး လုပ်တတ်လောက်မယ်လို့ ထင်ပါတယ်။


အားလုံးအဆင်ပြေပါစေ.......။
ဇော်မင်းသန်း
www.zawminthan.com
ဘလော့ခရီးသည် by ဇော် မင်း သန်း

Read More »

Monday, July 28, 2014

How to Post Audio Comments on Facebook ? [Guide]



Talk and Comment

Today I found an interesting Chrome extension to Publish Audio Comments on Any Facebook status update of your choice. Yeah, this is a new Trick that not many Facebook users know. You might be the 1st one to know this trick amongst your Friends. Perform this trick on your friend’s Status and see them praise you.

All you will need is Chrome Browser which many of you might be already using it(I am not sure if such add on is available for Firefox). And a working Microphone because you will need to Record your Voice(Comment) which you want to publish as your Comment.

This is actually done with the help of a Chrome extension called Talk and Comment. You can not only Publish audio comments but also Send Audio message to your friends in Facebook chat with this extension.

Once again this trick works only for Google Chrome. But any browser can show and play the Audio comments you make via Google Chrome

How to Publish Audio Comments/Messages on Fb ?

Open Google Chrome browser.( If you do not have it installed then Download & Install )
Now install Talk and Comment extension
If you have installed any extensions earlier then Step 2 would be kind of No explanation needed Step. Once the extension is successfully Installed in your Browser, it will automatically open new Tab where it will ask for your permission to use your MIC. Click on Allow.
Till now extension Installation part is Complete, Now the real fun begins. So Login to Facebook. You will see Mic Icon added to your Comment box and Chat box. if you see it then you are on right track.
To publish your Audio comment on your Friend’s Facebook status or to send them Audio message Simple Click and hold that MIC icon, Now Speak to Record your Comment/Message.
Once you are done with Recording part, Simply Release the MIC icon to Upload the audio. You will see a Link, Press Enter to Publish your Comment or Send your Audio message to your Friend.
Cross check by Clicking on Play icon to hear your recorded message/Comment which others will See.
Done :)


Download Google Chrome
Download Talk Comment extension

From: Registered softwares free download latest version by Fun Mujja


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, May 07, 2014

Register မလုပ်ချင်တဲ့ ၀က်ဆိုက်များတွင် ကျော်၍ အသုံးပြု ခြင်း



အင်တာနက် အသုံးပြုတဲ့ သူတွေ အနေနဲ့ တစ်ခါ တလေမှာ Download တွေ ပြုလုပ်ချင် တာပဲ ဖြစ်ဖြစ် အ
ခြားသော ၀က်ဆိုဒ်စာမျက်နှာ များစွာမှာ အကြောင်း အရာတစ်ခုကို သိရှိလိုတဲ့အခါမှာပဲ ဖြစ်ဖြစ် Register
ပြုလုပ်ခိုင်းတဲ့ အခါမျိုးမှာ မပြုလုပ်ချင်ဘဲ Download ဆွဲချင်သူတွေ၊ စာဖတ်ချင်သူတွေအတွက် Firefox က
နေ Add-on ထည့်သွင်းပြီး ကျော်၍ အသုံးပြုနိုင်ပါတယ်။

4Share လို Download Site တွေပဲဖြစ်ဖြစ်၊ အခြားသော ဆိုက်တစ်ခုမှာပဲဖြစ်ဖြစ် Register မလုပ်ချင်တဲ့အ
ခါမှာ ဒီအဆင့်ကို ကျော်လွှားဖို့အတွက် Log in with BugMeNot ဆိုတဲ့ Add-on ကို ထည့်သွင်းပြီးအသုံးပြု
နိုင်ပါတယ်။ ဒီ Add-on ဟာ ကိုယ် အသုံးပြု ချင်တဲ့ ဆိုက်မှာ ယာယီ အကောင့် တစ်ခုကို အလို အလျောက်
ထည့်ပေးပြီး ယာယီအသုံးပြုခွင့်ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Log in with BugMeNot ကို Install ပြုလုပ်ဖို့အတွက်ဆိုရင် အောက်ကလင့်ကို နှိပ်ကာ သွားပြီးရယူ ရမှာ
ဖြစ်ပါတယ်။

BugMeNot 3

အဲဒီ Add-on လေးကို ထည့်သွင်းဖို့ Add to Firefox ဆိုတဲ့ Button ကို နှိပ်လိုက်ရင် ဒေါင်းလုတ် ပြုလုပ်ပြီး
ထည့် သွင်းပေးသွားမှာဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ကိုယ် Log in ၀င်ရမယ့်နေရာက User Name Box နေရာလေးမှာ Right Click ကို နှိပ်
လိုက်ပါ။ ဒါဆို ရင် Popup Menu ရဲ့ အောက် ဆုံးမှာ Log in with BugMeNot ဆိုတဲ့ Button လေး ကို
တွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒါလေးကို ရွေးချယ် လိုက်ရင် Random Account တစ်ခု ချပေးမှာ ဖြစ်ပါတယ်။

ကလစ် တစ်ချက်နှိပ်ပြီး ကိုယ် အသုံးပြုချင်တဲ့ ဆိုက်ကို ကျော်ပြီး ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေ
မဲ့ ဒီ Add-on ကို ဆိုက်ဒ်တိုင်းမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ဘဲ အချို့သော ဆိုက်တော်တော်များများမှာ
သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

7Day Daily


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read More »

Wednesday, March 19, 2014

Firefox မှာ Bookmark တွေကို စီမံ ခန့်ခွဲမယ်



Internet အသုံးပြု သူတွေ အနေနဲ့ မိမိနှစ်သက်တဲ့ web sites တွေကို မှတ်သား ထားကြတဲ့ အတွက်
အချိန် ကြာလာတာနဲ့ အမျှ bookmarks တွေ များပြားလာပြီး organize လုပ်ဖို့ လိုလာပါတယ်။

ဒီဆောင်းပါး မှာ firefox bookmarks တွေကို alphabetically sort လုပ်ပေး နိုင်တဲ့ auto-sort book
marks နဲ့  duplicate bookmarks တွေကို ရှာပြီးဖျက်ပေးနိုင်တဲ့ bookmark deduplicator ဆို တဲ့
add-on နှစ်ခု အကြောင်းရေးပါမယ်။

Auto-Sort Bookmarks


Auto-Sort Bookmarks ကို အင်စတော လုပ်ပြီးရင် add-on manager ထဲက auto-sort bookmarks
ရဲ့ options ထဲမှာ Autosort မှာ အမှန်ခြစ်နဲ့ တွေ့မြင်နိုင်ပြီး bookmarks တွေကို alphabetically အလို
လို sort လုပ်ပေးမှာပါ။

Autosort မလုပ်ချင်ရင် အမှန်ခြစ်ဖြုတ်ပြီး manual လုပ်နိုင်ပါတယ်။ Manual လုပ်ဖို့  Add-on bar က
auto-sort bookmarks အိုင်ကွန်ကို နှိပ်ရမှာပါ။ Sort bookmark bar ကတော့ Bookmark bar က
bookmarks တွေကို sort လုပ်ဖို့ မလုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

Sort Order မှာ folder , bookmarks တွေရဲ့  sort order ကို drag and drop လုပ်ပြီး ပြောင်းလဲနိုင်
ပါတယ်။

Manual လုပ်တဲ့သူတွေ အတွက် Add-On Bar က Auto-Sort Bookmarks အိုင်ကွန်ကို နှိပ်ပါ။ အိုင်
ကွန်ကို ရှာမတွေ့ ရင် Alt နှိပ်ပြီး Menu Bar က View>Toolbar>Customize ထဲဝင်ပြီး အိုင်ကွန်ကို
drag and drop လုပ်ပြီး Add-on bar ပေါ်တင်ပါ။

https://addons.mozilla.org/en-US/firefox/addon/auto-sort-bookmarks/

Bookmark Deduplicator


Bookmard Deduplicator ကို အင်စတောလုပ်ပြီးရင် add-on manager ထဲက Bookmark Dedupli
cator Options ထဲကိုသွားပြီး Start ကိုနှိပ်ရင် duplicates bookmarks တွေကို ရှာပေးပြီးဖျက်နိုင်ပါ
တယ်။

https://addons.mozilla.org/en-US/firefox/addon/bookmark-deduplicator/

Digital Life Journal မှ ကူးယူ မျှဝေသည်။
Read More »

Thursday, March 06, 2014

YouTube Player ရဲ့ အရွယ် အစားကို နှစ်သက် သလို ပြောင်းလဲ နိုင်မယ့် YouTube Resize



YouTube မှာ ဗီဒီယို ကြည့်တဲ့ အခါမှာ Player ရဲ့ အရွယ်အစား ကို Small, Medium, Full
Screen စသဖြင့် သုံးမျိုးပြောင်းလဲကြည့်နိုင်ပါတယ်။ Player ရဲ့ အရွယ်အစား ကို နှစ်သက်
သလို ပြောင်းချင်ရင် YouTube Resize ဆိုတဲ့ Extension ကို အသုံးပြုနိုင်ပါတယ်။

YouTube Resize ကို Chrome, Firefox နှစ်မျိုှးမှာ အသုံးပြုနိုင်ပါတယ်။

Extension ကို အင်စတော လုပ်ပြီးရင် Player ရဲ့ ထောင့်စွန်း တွေ အပေါ် Mouse Cursor
တင်ကြည့်ရင် မျှားပုံသဏ္ဍာန် ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Drag ဆွဲပြီး နှစ်သက်ရာ အရွယ်
အစား ကို ပြောင်းလဲနိုင်ပါတယ်။ Page ရဲ့ အပေါ်ဆုံးမှာ Video Player ကို ပြပေးမှာ ဖြစ်ပါ
တယ်။ Related Video တွေကို Player ရဲ့ အောက်မှာ ပြပေးမှာ ဖြစ်ပါတယ်။

Resize Extension က Embedded Videos တွေမှာ အလုပ်မလုပ်ဘဲ YouTube ၀က်ဆိုက်
မှာ ပဲ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခြား ၀က်ဆိုက်တွေက YouTube Video Player တွေ
ကို Resize မလုပ်ပေးနိုင်တာဖြစ်ပါတယ်။ နောက်ပြီး YouTube ရဲ့ Flash Player နဲ့ ပဲ အ
လုပ်လုပ်ပြီး HTML 5 Player နဲ့ အလုပ်မလုပ်ပါဘူး။

Resize Extension ကို Chrome နဲ့ Firefox တို့အတွက် အောက်က လင့် မှာ ရယူနိုင်ပါတယ်။

Chrome
Firefox

Digital Life Journal မှကူးယူမျှဝေသည်။
Read More »

Saturday, January 18, 2014

Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်း



ကျွန်တော် ဒီနေ့ Google Play Store က App တွေကို Google Chrome နဲ့ ဒေါင်းယူနည်းလေး
ပြောပြပေးပါမယ်။

ကွန်ပျူတာ အသုံးများတဲ့ သူတွေ ဆိုရင် ဖုန်းကို အသုံးပြု ပြီး ကိုယ်သိချင်တာ လိုချင်တာ ရှာရတာ
နည်းနည်းခက်ပါတယ်။

ဒီနည်းလေးကတော့ Google Chrome ကို Add On လေးတစ်ခု ထည့်ပြီး Play Store က App
တွေကို ဒေါင်းယူတာပါ။

အဲဒီတော့ သင့်မှာ Google Chrome ရှိဖို့ လိုအပ်ပါတယ်။ မရှိသေးဘူးဆိုရင်တော့ ဒီနေရာလေး သွားပြီး ဒေါင်းပါ။

ကဲ ပထမဦးဆုံး APK Downloader1.4.3 Add On လေးကို ဒီနေရာလေးမှာ ဒေါင်းယူလိုက်ပါ။
ပြီးရင် Chrome ကို ဖွင့်ပါ။

ညာဘက် အပေါ်ဆုံး က Customize and Control ခလုတ်ကို ကလစ်ပြီး Tools >>
Extensions ကို နှိပ်သွားလိုက်ပါ။


ပြီးရင် ဒေါင်းထားတဲ့ APK Downloader 1.4.3 ကို Extensions ထဲကို ဆွဲထည့်ပြီး Add ပြီး
ရင် Options ကိုထပ်နှိပ်ပါ။


Options မှာ သင့် Email , Password နဲ့ Android Device ID ကို ဖြည့်ပြီး Login ဝင်လိုက်ပါ။
ကိုယ့်ဖုန်းရဲ့ Device ID ကို အလွယ်သိချင်ရင် ဒီနေရာလေးမှာ Apk လေး ဒေါင်းယူလိုက်ပါ။ ပြီး
ရင် သင့်ဖုန်းမှာ Install လုပ်ပြီး ဖွင့်ကြည့်လိုက်ပေါ့။


Device ID App Screenshot


ကဲ အပေါ်က အဆင့်တွေ အားလုံး လုပ်ပြီး သွားပြီ ဆိုရင် Google Play Store ကို သွားပြီး ကိုယ်
လိုချင်တဲ့ App လေးတွေ ရှာပြီးဖွင့်လိုက်ပါ။ ဒေါင်းယူမယ်ဆိုရင် Navigation Toolbar ကအောက်
မှာ မြားထိုးပြထားတဲ့ ပုံလေးကို နှိပ်လိုက်ပါ။


အောက်မှာ အနော် SWF Player လေးကို ဒေါင်းကြည့် ထားတာပါ။ ပုံအကြီးကြည့်ချင်ရင် ပုံကို
ထပ်နှိပ်ကြည့်လိုက်ပါ။

အပေါ်ဘက်မှာ မြားထိုးပြထားတာက အဲဒီစာမျက်နှာက Apk ကို ဒေါင်းတာပါ။ အောက်ဘက်က
တော့ ဒေါင်းနေတာပေါ့။


ဒီနည်းလေးကို အနော်စမ်းသပ်ပြီး အဆင်ပြေလို့ ပြန်ရှယ်ပေးလိုက်တာပါ။ သူငယ်ချင်းတို့ အဆင်
ပြေတယ်ဆိုရင် ဒီပို့စ်ကို ရေးရကျိုး နပ်ပါပြီ။ ဒီပို့စ်လေးကို ကြိုက်နှစ်သက်လို့ ပြန်ရှယ်မယ်ဆိုရင်
ကျွန်တော့်ဆိုဒ်ကို Credit ပြန်ပေးပါ။

Thurainlin ဘလော့ဂ်မှ ကူးယူမျှဝေသည်။
Read More »

Tuesday, January 14, 2014

Unfriend Notify for Facebook



Facebook မှာ လူတစ်ယောက်က မိမိထံ Friend Request ပို့ရင် Notification ပြပေမယ့် မိမိသူငယ်ချင်း
တစ်ယောက်က မိမိကို Unfriend လုပ်သွားရင် တော့ အချက်ပြ အသိပေးခြင်း မရှိပါဘူး။

အဲဒီလို Unfriend လုပ်ခံရရင် Notification ပြပေးစေချင်ရင် Unfriend Notify For Facebook ဆိုတဲ့
Extension ကို သုံးနိုင်ပါတယ်။ Firefox , Chrome နှစ်မျိုးမှာ အသုံးပြုနိုင်ပါတယ်။

Extension ကို အင်စတော လုပ်ပြီးတာနဲ့ Unfriend လုပ်ခံရရင် အချက်ပြပေးမှာဖြစ်ပါတယ်။သင့် Facebook
Wall က Friends Section ကို ၀င်ကြည့်ရင် Lost Friend ဆိုတဲ့ Tab တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Tab
ကနေ သင့်ကို Unfriend လုပ်သွားတဲ့ သူငယ်ချင်းတွေကို သိနိုင်ပြီး အရေအတွက်ကိုပါပြပေးထားပါတယ်။ ဒါ့
အပြင် System Tray ကနေလည်း အချက်ပြပေးနိုင်ပါတယ်။

Unfriend Notify for Facebook ကို အောက်က လင့် ကနေ အင်စတော လုပ်နိုင်ပါတယ်။

ဒီနေရာမှာ အင်စတော လုပ်ပါ

Ref: MYANMAR DIGITAL LIFE JOURNAL
Read More »

Monday, December 09, 2013

Firefox မှာ Duplicate Tabs တွေ မဖွင့်မိစေဖို့



Browser တွေမှာ Tab တွေ အသုံးပြုလို့ ရစေတဲ့ အတွက် ၀က်ဆိုက်တွေ အများကြီး ကို Browser တစ်ခုထဲ
ကနေကြည့်လို့ ရပါတယ်။ Tab တွေအများကြီး ဖွင့်ပြီး အသုံးပြုခြင်းဟာ သင့်ကွန်ပြူတာကို လေးလံစေတာ
ကို သတိပြုပါ။ အထူးသဖြင့် RAM Memory နည်းတဲ့ စက်တွေမှာဆို သိသာပါတယ်။

ဝက်ဆိုက် တစ်ခုထဲကို Tab နှစ်ခုမှာ ဖွင့်ကြည့်မိတဲ့ အဖြစ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို Duplicate Tab
တွေကို မဖွင့်မိအောင် ကာကွယ်ပေးမယ့် Firefox Add-on တစ်ခုဖြစ်တဲ့ Duplicate Tab Blocker ကို အသုံး
ပြုရင် အဲဒီ ပြသနာကို ကင်းဝေးစေမှာပါ။

Duplicate Tab Blocker ကို အင်စတော လုပ်ပြီးရင် Restart လုပ်စရာ မလိုပါဘူး။

ဒါ့အပြင် အသုံးပြုသူက Configure လုပ်စရာ မလိုပါဘူး။ ဖွင့်ထားပြီးသား ၀က်ဆိုက် တစ်ခုကို ထပ်ပြီး ဖွင့်မိ
ရင် နောက်ထပ် Tab တစ်ခု ဖွင့်ပေးမှာ မဟုတ်ဘဲ ဖွင့်ထားပြီးသား Tab ကို ပြပေးမှာပါ။

အသုံးပြုမယ်ဆိုရင် အောက်ကလင့်ခ်ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။

https://addons.mozilla.org/en-US/firefox/addon/duplicate-tab-blocker/

Ref to Digital Life Journals

ကိုလတ်(ကျွဲဆင်း)


Read More »

Saturday, November 09, 2013

သင့် Favorite Websites တွေကို Google Chrome မှာ လွယ်လွယ် ကြည့်မယ်



Chrome မှာ tabs တွေ အများကြီး ဖွင့်ပြီး ၀က်ဆိုက်တွေ ကြည့်လို့ ရသလို၊ ၀င်းဒိုးတွေ အများကြီး
ဖွင့်ပြီးလည်း ၀က်ဆိုက်တွေ ကြည့်လို့ ရပါတယ်။

Picture in Picture Viewer ဆိုတဲ့ Chrome Extension ကို အသုံးပြုရင် နောက်ထပ် ရွေးချယ်စရာ
တစ်ခုရှိပါတယ်။ ဒီ Extension က Facebook လို သင်အမြဲကြည့်နေကျ ၀က်ဆိုက်တွေကို Panel
အနေနဲ့ အသုံးပြုလို့ ရပါတယ်။

Panel အနေနဲ့ ကြည့်တယ် ဆိုတာ ကတော့ ဘယ် ၀က်ဆိုက်ကို ကြည့်နေသည် ဖြစ်စေ Facebook
ကို ညာဘက် အောက်နားမှာ Mobile Version လို ပုံစံမျိုးနဲ့ အသုံးပြုလို့ ရတာဖြစ်ပါတယ်။

Picture in Picture Viewer ကို Chrome မှာ အင်စတော လုပ်ပြီးရင် URL Bar ညာဘက် ဘေးမှာ
Button တစ်ခုကို မြင်တွေ့ ရမှာပါ။ သင့် Favorite Website ကို Panel အနေနဲ့ ကြည့်ဖို့ အဲဒီ button
ကိုနှိပ်ရမှာပါ။

ဒါပေမယ့် အဲလို ကြည့်လို့ ရအောင် ပြုလုပ် စရာတစ်ခု ရှိပါသေးတယ်။ Chrome ရဲ့  Address Bar
ကနေ chrome://flags/#enable-panels ကို ကော်ပီကူး Paste လုပ်ပြီး Enter နှိပ်ပါ။ Enable
Panels ကို Enable လုပ်ပေးပါ။ Chrome ကို restart လုပ်ပေးပါ။


ပြီးရင်တော့ Facebook ကိုဖွင့်ပြီး Picture in Picture Viewer Button ကို နှိပ်ပါ။ Mobile, Embed View နှစ်မျိုး ရွေးချယ်လို့ ရပါတယ်။ ပြီးရင် Open in PIP ကိုနှိပ်ပါ။ ဒါဆို အောက်က ပုံမှာလို မျိုး ၀င်းဒိုး အသေးလေး ပေါ်လာမှာ ဖြစ်ပြီး Facebook ကို Mobile or Embed View နဲ့ ကြည့်လို့ ရပါပြီ။ Moible နဲ့ Embed နှစ်ခုကို အောက်မှာ နှိုင်းယှဉ်ပြထားပါတယ်။

ဒါဆိုရင် Chrome မှာ ဘယ် ၀က်ဆိုက်ကို ကြည့်နေသည် ဖြစ်စေ Facebook ကို သင်အသုံးပြုလို့ ရပါပြီ။ Browser ကို Minimize လုပ်ထားလည်း အဲဒီ Panel တွေကို အသုံးပြုလို့
ရပါတယ်။ Panel လေးကို အလွယ် တကူ Minimize လုပ်လို့ ရတဲ့ အတွက်လည်း အလုပ်မှာ Facebook ခိုးသုံးနေရတဲ့ သူတွေ အတွက် အဆင်ပြေ စေပါတယ်။


Embed View ကို အသုံးပြု ပြီး YouTube က Video တွေ ကြည့်ရ တာလည်း အဆင်ပြေပါတယ်။


Chrome Web Store က Picture in Picture Viewer ရဲ့ Page မှာ သတိပေး ထားတာ တစ်ခုက Panel ထဲမှာ right click မနှိပ်ဖို့ ဖြစ်ပါတယ်။ Right click နှိပ်ရင် Chrome က Crash ဖြစ်တတ်ပါတယ်။

Firefox User တွေက ဒီလို မျိုး အသုံးပြု ချင်ရင် TabCross ကို သုံးနိုင်ပါတယ်။

Install Picture in Picture Viewer

အောင်ကျော်ခိုင်(ပုသိမ်) by thu ya
Read More »

သင့် Favorite Websites တွေကို Sidebar ကနေ လွယ်လွယ် သုံးမယ်



Facebook, Gmail, Google စတဲ့ ၀က်ဆိုက်တွေကို နေ့စဉ်နေ့တိုင်း အကြိမ်ကြိမ် အသုံးပြုတဲ့ သူတွေ
အတွက်တော့ TabCross ဆိုတဲ့ Firefox Add-On ကို နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

TabCross က Tab Management Add-On တစ်ခု ဖြစ်ပြီး တစ်ခြား Add-On တွေနဲ့ မတူဘဲ နည်းနည်း
ထူးခြားပါတယ်။ တစ်ခြား ၀က်ဆိုက်တွေ ကြည့်နေရင်းနဲ့ ပဲ သင့် Favorite Site တွေကို Sidebar ကနေ
အသုံးပြုနိုင်တဲ့ အတွက် Multitasking လုပ်ဖို့ အဆင်ပြေစေပါတယ်။

TabCross ကို အင်စတော လုပ်ပြီးရင် ညာဘက် မှာ Sidebar တစ်ခု တွေ့မြင်နိုင်ပြီး Google, Gmail,
Facebook, YouTube, Dropbox, Yahoo, Favorites စတာ တွေကို တွေ့ နိုင်ပါတယ်။ Favorites က
တော့ သင်နှစ်သက်တဲ့ တစ်ခြား ၀က်ဆိုက် တွေကို Add လုပ်ဖို့ အတွက် အသုံးပြုနိုင်ပါတယ်။ အဲဒီအ
တွက် Tab မှာ ၀က်ဆိုက် တစ်ခုကို အသုံးပြုနိုင် သလို Sidebar မှာလည်း သင်နှစ်သက်တဲ့ ၀က်ဆိုက်
တွေကို Mobile Version ပုံစံမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။


TabCross က Favorite တွေကို Cloud နဲ့ Sync လုပ်ပေးနိုင်ပြီး တစ်ခြား Device တွေ ကနေ အသုံး
ပြုရင်လည်း သင်ပြုလုပ် ထားတဲ့ Customization အတိုင်း အသုံးပြုနိုင်မှာပါ။

Sync လုပ်ဖို့ အတွက် Facebook အကောင့်နဲ့ Integrate လုပ်ပေးရပါမယ်။ ၀က်ဆိုက်တွေ Add လုပ်
ဖို့ အတွက် + Button ကိုနှိပ်ပြီး အောက်က ပုံအတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။


ဒါ့အပြင် Sidebar ကို အဖွင့် အပိတ် လွယ်လွယ် ကူကူ လုပ်နိုင်ပါတယ်။


နောက်ထပ် ကောင်းမွန်တဲ့ Feature တစ်ခု ကတော့ Sidebar ကို အကျယ်ချဲ့ ပြီးကြည့်နိုင် ပါတယ်။
ဘယ်ဘက် အောက်က မျှားပုံကို နှိပ်ရမှာပါ။


TabCross က အခု လောလောဆယ်တော့ Firefox မှာသာ အသုံးပြုလို့ ရနိုင်ပြီး Chrome User
တွေ အတွက်တော့ ဒီနေရာကို သွားရောက် ဒေါင်းယူ ရမှာပါ။

Install Tab Cross

မူရင်းဆိုဒ် မှာ လေ့လာနိုင်ပါတယ်။

ကိုသူရဘလော့ဂ် မှကူးယူမျှဝေသည်။
Read More »

Saturday, November 02, 2013

FireFox သုံးသူများ ဝဘ်ဆိုဒ်တွေ ပွင့်တာ ပိုမြန်စေမယ့် Tweak Network 1.6 Add ons




Chrome သမားတွေ အတွက်တော့ မဟုတ်ပါဘူး အင်တာနက်သုံးတဲ့ အချိန်မှာ မိမိ ဖွင့်တဲ့ Web
page တွေရဲ့ loading time ကို မြန်စေမယ့် Network Tweak ဖြစ်စေဖို့ Add on လေး တစ်ခုပါ
လက်ရှိတော့ rate က 4 stars ရထားပါတယ်။

ကဲ လိုချင်သူများ install လုပ်လိုက်ပါအုံးဗျာ။

လုပ်နည်းကတော့ ကျွန်တော်ပေးထားတဲ့ ဒီလင့်ကိုသွားကာ Add to firefox - install - restart
firefox အစဉ်တိုင်း Follow လေး လုပ်ပေးရုံပါဘဲ။


အောင်ကျော်ခိုင်(ပုသိမ်) by Aung Kyaw Pathein
Read More »