နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Asus. Show all posts
Showing posts with label Asus. Show all posts

Sunday, September 13, 2015

ZenFone Series Root Toolkit




Asus Company ထုတ် Zenfone Series တွေကို Root ပြုလုပ်နိုင်မယ့် ToolKit လေးပါ Zenfone 4/5/6 (KITKAT) နဲ့ (Lollipop) သာမက Zenfone 2 (ZE500CL / ZE550ML / ZE551ML) တွေကို Root ပြုလုပ် ပေးနိုင်ပါတယ်။

Zip ကို Download လုပ် ဖြည်ချပြီး Root ဆိုတဲ့ bat လေးကို Double Click ပေးလိုက်ရင် Root Process စတင်ပြီး Reboot ကျပြီး ပြန်တက် လာရင်တော့ သင့်ဖုန်းမှာ Root Access ရရှိ နေပါပြီ။

Already Test with Zenfone 2 ZE550ML !

Download Zenfone Root Toolkit Here !

Refer – Zenfone Blogspot

Aung Khaing (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Friday, July 10, 2015

Zenfone 5 / 6 ကို လွယ်လွယ် ကူကူ Bootloader Unlock ဖြည်မယ်




Asus က ထုတ်လုပ်တဲ့ mid-range ဖုန်းတွေ ထဲမှာ နာမည် ရပြီးသားဖြစ်တဲ့ Zenfone 5 နဲ့ 6 အတွက် bootloader unlock ကိုလွယ်လွယ် ကူကူ ဖြည်ဖို့ ပါ။

အောက်မှာ လိုအပ်တဲ့ Application ကို Down ယူပါ။

For Zenfone 5
OR
For Zenfone 6

အဆိုပါ app ကို install ပြုလုပ်ပြီး Bootloader Unlock ဖြည်နိုင်ပါပြီ။

Source – Zenfoneblog

Aung Khaing (MMAS)

Original link - http://www.myanmarmobileapp.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, March 25, 2015

ASUS Fonepad 8 K016 , Android 4.4.2 Kitkat ကို Root လုပ်နည်း




ASUS Fonepad 8 ကို Root လုပ်ချင် သူတွေ အတွက် ပြန်လည် မျှဝေပး လိုက်တယ်။

ASUS FONEPAD 8 FE380CG ROOT TOOL

DOWNLOAD ပြီးရင် folder ထဲမှာ FB recovey Luncher / adb-setup-1.3 နဲ့ UPDATE-SuperSU-v2.46 တို့ ပါဝင် ပါတယ်။ UPDATE-SuperSU-v2.46 ကိုတော့ ဖုန်း SD Card ထဲမှာ ထည့်ထား လိုက်ပါ....

အရင်ဆုံး adb-setup-1.3 ကို PC မှာ install လုပ်ထားပါ။ oneclick installer ပါ လုပ်တတ်မယ် ထင်ပါတယ်။ ပြီးရင် ဖုန်းမှာ Developer Option ဖော်ပြီး USB Debugging မှာ အမှန် ခြစ်ထား ပေးပါ။ adb driver လဲရပြီ USB Debugging လဲ လုပ်ပြီး သွားပြီ ဆိုရင် ဖုန်းကို pc နဲ့ ချိတ်လိုက်ပါ။

အောက်က ပုံမှာလို FB recovey Luncher ဆိုတဲ့ Folder ကို ဖွင့်ပါ။ luncher လို့ ရေးထားတဲ့ Windows Batch File ကို run လိုက်ပါ။



အောက်က ပုံမှာလို CMD တက်လာရင် ACCEPT လို့ စာလုံး အကြီးနဲ့ ရိုက် Enter ခေါက်ပေးပါ။



Enter ခေါက်ပြီးလို့ အောက်က ပုံလို ပေါ်လာရင် သတိ ထားရမှာ ဖုန်းနဲ့ ချိတ်ထားတဲ့ USB ကြိုးကို မပြုတ်ဖို့ ဂရု စိုက်ပါ။ သူက CWM Recovery ကို ခဏလေးပဲ အသုံးပြုလို့ ရအောင် လုပ်ပေး မှာပါ။



ပြီးရင် T3 ဆိုပြီး စာလုံး အကြီးနဲ့ ရိုက်ပြီး Enter ခေါက် လိုက်ပါ။ ခဏနေရင် အောက်က ပုံတွေလို တွေ့ရမှာပါ။ ဘာမှ မလုပ်ပါနဲ့ သူလုပ် စရာ ရှိတာ လုပ်ပြီး သွားရင် CWM Recovery ထဲကို ရောက်သွား တာကို တွေ့ရမှာပါ။




CWM recovery ထဲကို ရောက်သွားရင် install Zip / Choose Zip from SDcard / UPDATE-SuperSU-v2.46 / Yes - UPDATE-SuperSU-v2.46 / Reboot system now ဆိုပြီး အဆင့်ဆင့် သွား လိုက်ရင် ASUS Fonepad 8 K016 မှာ root ရသွား ပါပြီ။

by ဝင်းကမ္ဘာကျော်
http://feedproxy.google.com/~r/blogspot/YoKiT/~3/KBkGvACTh_Q/asus-fonepad-8-k016-android-442-kitkat_25.html



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, March 19, 2015

Asus Fonepad 7 Model 170CG ဖုန်းများကို One Click နဲ့ Root လုပ်ပြီး မြန်မာစာ ထည့်နည်း



မင်္ဂလာပါ
ဒီပိုစ့်လေးကို တင်ပေးမယ် တင်ပေး မယ်နဲ့ တစ်လ ကျော်လောက် ကြာခဲ့ပြီ ထင်ပါတယ်။ ကွန်ပျူတာရှေ့ ရောက်လို့ Blog ပိုစ့်တွေ ရေးပြီ ဆိုရင် သတိကို မရ တစ်ခြားသော နည်းပညာတွေ ကိုသာ တင်ပေး ဖြစ်နေတယ်။

ဒီနေ့တော့ ဖုန်းကို သန့်ရှင်းရေး လုပ်ရင်းနဲ့ ဒီပုံလေးကို တွေ့တော့မှ သတိ ရတော့ နှစ်လုံး တောင် ရှိပါပြီ လုံးလုံး မေ့နေတာ ကံကောင်း လို့ တွေ့ဖြစ် တယ်ပြော ရဦးမယ်။

ဒီဖုန်းကို ဘော်ဒါ တစ်ယောက်မှာ ၀ယ်လာ တယ် ကြားတယ် တစ်ခြား ဖုန်းကလိ သူတွေ စုံတယ် လို့တော့ ပြောတယ် မရဖူးပေါ့ ကွန်ပျူတာ မှာလည်း Root Tool တွေ သာ စုံတယ် ဘယ်လိုမှ အဆင် မပြေဘူးပေါ့ ကျနော်ဆီ ရောက်လာတယ် ကျနော်က http://www.asus-zenfone.com ကို ခနခန ကြည့် ဖြစ်
နေတော့ Root Apk လေးနဲ့ ရင်းနှီးနေ ပြီးသား ဖြစ်နေတော့ Apk လေးကို ဒေါင်းလော့ ရယူပြီး ဖုန်းမှာ တင် One Click နဲ့ Root Access ရှိပြီး မြန်မာစာကို အလွယ် ထည့်နိုင် လိုက်ပါတယ်။

အခု ကျနော် စမ်းသပ် အောင်မြင် ထားတာ ကတော့ 4.4.2 ဗားရှင်း ဖြစ်ပါတယ်။ အခု နောက်ပိုင်း ဒီ Tablet တွေမှာ 4.4.2 ဗားရှင်းတွေ များပါတယ်။ ကွန်ပျူ တာက Root လုပ်နည်း ကိုတော့ နောက်ပိုင်း တင်ပေး သွားဖို့ ရှိပါတယ်။

၁။ Root လုပ်ဖို့ရန် အတွက် Official ရဲ့ RootZenFone-1.4.4r apk လေးကို အောက်ကလင့်မှာ အရင် ဒေါင်းလော့ ရယူလိုက်ပါ။

userscloud.com
OR
shared.com

၂။ ဒေါင်းလော့ ရလာတဲ့ Apk လေးကို ဖုန်းမှာ အင်စတော လုပ်ပါ ပြီးရင် ဖွင့် လိုက်ပါ။ Root ဆိုပြီး ပြနေ ပါလိမ့် မယ် နှိပ် လိုက်ပြီး ခနလေး စောင့်နေ လိုက်ပါ Done ဆိုပြီး ပြနေ ပါလိမ်မယ်၊ ပြီးတော့ Reboot ချ ခိုင်း ပါလိမ့်မယ်၊ ချပေး လိုက်ပါ။

၃။ ဖုန်းပြန်တက် လာတဲ့ အခါ မှာတော့ SuperSu Apk ရောက်နေ ပါလိမ့်မယ်။ သင့်ဖုန်းမှာ Root Access ရှိလား မရှိလား သိချင်တယ် ဆိုရင်တော့ Root Checker လေးနဲ့ စမ်းသပ် ကြည့်လိုက်ပါ အောက်မှာ ရယူပါ။

play.google.com
OR
1mobile.com


Root Access ရရှိ ထားပြီးသား ဖုန်း တစ်လုံး အတွက်တော့ မြန်မာစာ ကတော့ လွယ် ပါတယ်။

၃။ FrozenKeyboard နဲ့ MM Aio Font Changer apk ကို install လုပ်ပါ။ (install လုပ်ရန် အတွက် setting / security / unknown source အကွက် လေးကို အမှန်ခြစ် ပေးပါ)

Frozenkeyboard လေး ကိုတော့ အာက်က လင့်မှာ ရယူ လိုက်ပါ။

userscloud.com

MM aio font changer Apk လေး ကိုတော့ အာက်က လင့်မှာ ရယူ လိုက်ပါ။

userscloud.com

အခု နောက်ပိုင်း MM Aio Font Changer apk က မြန်မာစာ အတွက် အထောက် အကူ မပြု တာတော့ Apk လေးကို ဖွင့်ပြီး Font ကို ထည့်သွင်း ခါနီး Changer ထဲမှာ ဘာစာမှ မမြင် ရပဲ ဖြစ်နေ တတ်ပါတယ်။ အထူးသဖြင့် 4.4.2 အထက် ဖုန်းတွေ သိပ် အလုပ် မလုပ်တော့ တာကို သတိ ထားမိ ပါတယ်။

4.4.2 ဗားရှင်း အထက် မြန်မာစာ လုံးဝ အမှန် ထည့်ပေးနိုင်တဲ့ Apk လေး နှစ်ခု ရှိပါ သေးတယ် MM Font installer Djjoe Man.apk နဲ့
ICSMMFontinstaller.apk တို့ ဖြစ် ပါတယ်။ လုံးဝ စိတ်ချ လိုက်ပါ အထက်ပါ MM Aio Font Changer apk လုံးဝ အလုပ် မလုပ်ဖူး
မြန်မာစာ မမှန် အကွင်း လိုက်ပြနေ တယ် ဆိုရင်တော့ အပေါ်က Apk လေး တွေနဲ့ စမ်းသပ် ကြည့်လိုက်ပါ မြန်မာစာ ၀ိုင်းစက် နေအောင်
ပိုင်ဆိုင် သွားမှာ ဖြစ်ပါတယ်။

MM Font installer Djjoe Man.apk လေးကို အောက်က လင့်မှာ ရယူ လိုက်ပါ။

userscloud.com

ICSMMFontinstaller.apk လေးကို အောက်က လင့်မှာ ရယူပါ။

userscloud.com


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

ခေါင်းမာနေတဲ့ Asus FonePad 7 Model K102 v4.3 Version အားလုံးကို အလွယ် တကူ Root လုပ်ပြီး မြန်မာစာ ထည့်နည်း



မင်္ဂလာပါ
ဒီနေ့တော့ Asus FonePad 7 Model K102 v4.3 Version အားလုံးကို အလွယ်တကူ Root လုပ်ပြီး မြန်မာစာ ထည့်နည်း aလးကို အသေး စိပ်
ရှင်းပြ လိုက် ပါတယ် ခင်ဗျား...

ဒီ Tablet ကို Root လုပ်ဖူး တာဆို နှစ်လုံး ရှိပါပြီ။ ပထမ တစ်လုံးကို Root လုပ် တုန်း ကတော့ အထာ မသိတာနဲ့ ည ၃ နာရီကျော် သွားတယ်၊ ရှိရှိ သမျှ ဆရာကြီး ပါဆိုတဲ့ Root Tool တွေသာ ကုန်သွားတယ် Google တစ်ခွင် လိုက်ရှာ တာလဲ နှံ့နေတာပဲ ဒါပေမယ့် မျက်လုံးသာ နောက်ရောက် မတတ်ပါ
ဘယ်လိုမှ Root လုပ်လို့ အဆင် မပြေဘူး ဖြစ်နေတယ်။

လက်မြောက် ရတော့ မယ်လို့ တောင် ထင်နေတာ အဆင်ပြေ ချင်တော့ လည်း Youtube လင့် တစ်ခုမှာ Tutorial လေး တစ်ခု သွားတွေ့တယ် အဆင်ပြေ မယ်တောင် မထင် ထားဘူး နောက်ဆုံး အကြိမ် အဖြစ် လုပ်ကြည့် ပါဦးမယ် ဆိုပြီး စွန့်စား ကြည့်လိုက်တော့ ဟော ... တွပ်ပီ ကံကောင်း သွား တာပေါ့ဗျာ...

ရလည်း ရရော့ လွယ် လိုက်တာဆို အထာ မသိတော့ အစရှာ ရ ခက်တယ် ဆိုတာ ဖြစ်နိုင်တယ်...အဟီး

ကဲဗျာ Asus FonePad 7 Model K102 v4.3 Version မှာ လပေါင်းများစွာ ဟိုလူကို သွားပြ လိုက် အဆင် မပြေ ပြန်လာ လိုက် မြန်မာစာ လည်း ရနိုးနိုးနဲ့ Play store တစ်ခွင် လည်း Changer apk တွေနဲ့ ကီးဘုတ် Apk တွေကို ထည့် သုံးကြည့် လိုက် အများ ပြောတဲ့ One Click ကများ အဟုတ် ကြီးလား မသိဖူး လုပ်ကြည့် လိုက် ဘယ်လိုပဲ လုပ်လုပ် Root Access အတွက် အရာတောင် မထင်ဘူး ဖြစ်နေလို့ စိတ်ညစ် နေပါသလား နည်းလမ်း ရှာတွေ့ ပါပြီခင်ဗျား...

ဒီ Asus FonePad 7 တွေထဲမှာ Asus Fonepad 7 Model 170CG ဖုန်း 4.4.2 များကိုတော့ တကယ် One Click နဲ့ Root လုပ်ပြီး မြန်မာစာ ထည့်နိုင် ပါတယ်၊
ကွန်ပျူတာကို မလို တာပါ အောက်က လင့်မှာ လေ့လာ ကြည့်လိုက်ပါ။

Asus Fonepad 7 Model 170CG ဖုန်း 4.4.2 များကို One Click နဲ့ Root လုပ်ပြီး မြင်မာစာ ထည့်နည်း

ဒီ Asus FonePad 7 Model K102 v4.3 Version ကိုတော့ One Click တွေ ထိုင်ငို ရလောက် ပါတယ် Official က ပေးထားတဲ့ Root Apk တွေ လည်း ဒီဖုန်းကို မြင်ရင် ထွက်များ ပြေးမလား အောက်မေ့ရ လုံးဝ လုံးဝ Root Access မရပါ ခင်ဗျား

အဲလောက်တောင် ခေါင်းမာ နေတဲ့ Asus FonePad 7 Model K102 v4.3 Version အားလုံးကို အလွယ် တကူ Root လုပ်ပြီး မြန်မာစာ အမှန် ထည့်ကြည့် မယ်ဗျာ။ ပထမဆုံး ဒီဖုန်းကို Root လုပ် တော့မယ် ဆိုရင်တော့ ကွန်ပျူတာတော့ လိုအပ် ပါမယ်။ ရှိတယ် ဆိုရင်တော့ စလို့ ရပါပြီ။

အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

ကွန်ပျူတာ အတွက် Driver ကို အောက်က လင့်တွေမှာ ဒေါင်းလော့ ရယူလိုက်ပါ။

solidfiles.com
OR
usersfiles.com
OR
pclink.asus.com

ဆော့ဝဲကို ဖုန်းမှာရော့ ကွန်ပျူတာမှာပါ အင်စတော လုပ်နည်းကိုတော့ အောက်က လင့်မှာ ၀င်ဖတ်ပေးပါ။

Asus ဖုန်းများနဲ့ အခြားသော ဖုန်း Device များအတွက် အကောင်းဆုံး PC Link ဖုန်းဆော့ဝဲ Drivers

Pc Link ဆော့ဝဲကို အင်စတော လုပ်ပြီးပြီ ဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက် နည်း ကိုတော့ ပုံလေး ကိုပဲ ကြည့် လုပ်လိုက် ပါခင်ဗျား





ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အားလုံး ပြီးရင်တော့ Root လုပ်နည်းကို အောက်က Video Tutorial လေးကို ကြည့် လိုက်ပါ။။



ဖုန်းကို Root လုပ်ခြင်း ကိစ္စ ပြီးလို့ Root Access ရရှိ ပြီးရင်တော့ မြန်မာစာ အတွက် ဖောင့်နဲ့ ကီးဘုတ်ကို အောက်က လင့်တွေမှာ ဒေါင်းလော့ ရယူ လိုက်ပါ။

FrozenKeyboard နဲ့ ICSMMFontinstaller.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security / unknown source အကွက် လေးကို အမှန်ခြစ် ပေးပါ)

အောက်က လင့်တွေမှာ Frozenkeyboard ကို ဒေါင်းယူ နိုင်ပါတယ်။

userscloud.com
OR
my.pcloud.com
OR
zippyshare.com

ICSMMFontinstaller.apk လေးကို အောက်က လင့်တွေမှာ ရယူပါ။

shared.com
OR
userscloud.com

မြန်မာစာ အတွက် ဖောင့်နဲ့ ကီးဘုတ် ထည့်နည်း ကိုတော့ အောက်က Video Tutorial လေးမှာ ကြည့်လိုက်ပါ။



အားလုံးပဲ အဆင်ပြေ ကြ လိမ့်မယ်လို့ ထင်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်

ဇူးနစ်(နည်းပညာ) www.zunite.org



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, March 12, 2015

Asus Smartphone Firmware Collection




Asus ထုတ် စမတ် ဖုန်းများကို Firmware ပြန်တင် လိုသူများ အတွက် Asus Smartphone များရဲ့ Firmware များကို စုစည်းဖော်ပြပေး လိုက်ပါတယ်။

Asus Zenfone 4 firmware v6.6.3_WW (Global)

Asus Zenfone 5 firmware v2.21.40.44

Asus Zenfone 6 firmware v2.21.40.39:

Posts by သက်နိုင်စိုး
Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, February 23, 2015

ASUS Zenfone 5, 4.4.2 T00K ကို Root ဖေါက်နည်း




ASUS Zenfone 5 တွေ ထဲက T00K တစ်မျိုး ကတော့ ဘယ်လိုမှ Root ဖေါက်လို့ မရခဲ့ ပါဘူး
ကျန်တဲ့ ASUS Zenfone 5 , 4.4.2 Model တွေ အားလုံး အဆင်ပြေ ပါတယ်... T00K တစ်မျိုးပဲ Root မပေါက်ပဲ ဖြစ်နေ တာပါ...

တရုတ် နှစ်သစ်ကူး ပိတ်ရက် တုန်းက လာလိုက်တဲ့ Zenfone 5 တွေ T00K တွေ ချည်းပဲ ...တစ်လုံးမှ အဆင် မပြေ လိုက်ဘူး...

ဒီ Model ပါ...



ကဲ..... အခုတော့ FB က Bro Myint Aung ရဲ့ ကူညီ မှုကြောင့် အဆင်ပြေ သွားပါပြီ... :)

Root ဖေါက်နည်း ကတော့ အရင်ဆုံး Driver ရှိရပါမယ်...

မရှိရင် အောက်မှာ Driver တွေ ဒေါင်းပြီး Install လုပ်ထားပါ...။

  1. ADB Driver
  2. Intel USB Driver
  3. PC Link optional
  4. Root Tools

ADB Driver
Intel USB Driver
PC Link optional
Root Tools

ပြီးရင် ဖုန်းမှ USB Debugging ကို ON ထားပေးပါ...
ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက် Zenfone-launcher ဆိုတဲ့ Bat ဖိုင်လ် ကို RUN ပါ...



  • နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ..
  • နောက်တစ်ခါ နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ...
  • ဖုန်းပြန် တက်လာလို့ SuperUser မပေါ်သေးဘူး ဆိုရင်တော့
  • နံပါတ် (4) ကို နှိပ်ပြီး Enter ခေါက်ပေး လိုက်ပါ...
  • နံပါတ် (4) ကို နှိပ်ပြီး Enter ခေါက်တာက အသေချာ ဆုံးပါ.....



အောက်က ပုံအတိုင်း Superuser လေး ပေါ်လာ ရင်တော့ Root ဖေါက်တာ အောင်မြင် သွားပါပြီ။



မြန်မာစာ အတွက် ကတော့ ညီလေး Phyo Chan ရဲ့ MM Aio Font Changer နဲ့ အလွယ် တကူ
ထည့်သွင်း ပေးနိုင် ပါတယ်..

MM Aio Font Changer ကို အောက်ကလင့်မှာ ဒေါင်းယူပါ။

MM Aio Font Changer

အဆင်ပြေကြပါစေ....

Ref: http://www.asus-zenfone.com

Thank to : Myint Aung

by ဝင်းကမ္ဘာကျော်
www.winkabarkyaw.net


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, February 14, 2015

ASUS ZenFone5 T00j Version-4.4.2 ကို Root ဖေါက် မြန်မာစာ သွင်းနည်း




မင်္ဂလာပါ ကျွန်တော် သည် အပါတ် ဆောင်းပါးမှာ ရေးသားဖြစ်တဲ့ နည်းပညာ လေးကတော့
ASUS ဖုန်း ( ZinFone5 ကို မြန်မာစာ ထည့်သွင်းတဲ့ နည်းလေးဘဲ ဖြစ်ပါတယ်...

သည်နည်းလေး ကိုတော့ ကျွန်တော် ဖုန်းတလုံးကို လက်တွေ့ လုပ်ဆောင်ပြသထားပြီး အဆင်
ပြေစွာ မြန်မာစာကို အသုံးပြုနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။

နည်းလမ်းနဲ့ လိုအပ်သော ဆော့ဝဲလ်တွေကို အောက်မှာ လုပ်ဆောင်နည်းနဲ့ အတူ ပြသပေး
ထားပါတယ်နော်... အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

ZenFone တွေမှာ အမျိုး မျိုး ရှိကြပါတယ် ဒါကြောင့် Root ဖေါက်တဲ့ နေရာမှာလည်း ကွာခြားသွား
တတ်ပါတယ် တချို့ APK နဲ့ အောင်မြင်တာတွေ ရှိသလို ခုလို ကွန်ပျူတာနဲ့ လုပ်ဆောင် ရတာ
လည်း ရှိပါတယ်..

ဒါကတော့ ASUS T00j ( Version . 4.4.2 ) ကို ကျွန်တော်လက်တွေ့ လုပ်ဆောင်ပြသ ထားခြင်း
ဖြစ်ပါတယ် လိုအပ်တာလေးတွေ ကိုတော့ အောက်မှာ ကြည့်လိုက်ပါနော်..

လိုအပ်သောဆော့ဝဲလ်များ
  1. IntelAndroidDrvSetup
  2. RootZenFone5KitKat.zip
  3. MM Aio Font Changer

IntelAndroidDrvSetup
RootZenFone5KitKat
MM Aio Font Changer

အပေါ်မှာ ပေးထားတဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ အတွက် USB Driver နံပါတ် ( ၁ ) ဆော့ဝဲလ်ကို
မိမိတို့ ကွန်ပျူတာမှာ Install ပေးလိုက်ရမှာ ဖြစ်ပါတယ်...



နောက် မိမိတို့ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေး လိုက်ပါနော် ပြီးတာနဲ့Root ဖိုင်ဒေါင်းထားတဲ့
Zip File လေးကို ကွန်ပျူ တာမှာ ဖြည်ပေး လိုက်ကြရအောင်



ဒေါင်းလို့ ရထားတဲ့ Zip ဖိုင်ကို မောင့်တင်ပြီး ညာကလစ်ပြီး Extract File ဆိုတာကို နှိပ်ပေးလိုက်ပါ။
ဘောက်လေး တစ်ခု တက်လာမှာ ဖြစ်ပါတယ် အဲဒီဘောက်လေးမှာ OK ကိုဘဲ ကလစ်လိုက်ပါ။
ဖိုင်ပြေသွားတာနဲ့ Floder အ၀ါလေး တခု ထွက်လာမှာ ဖြစ်ပါတယ် အဲဖိုင်လေးကို ၂ ချက် ကလစ်
ဖွင့်ပေးလိုက်ပါ။



အိုကေ ဖိုင်လေး ပွင့်လာတာနဲ့ အထဲမှာ ရှိတဲ့ Root-ZenFone5-en ဆိုတာလေးကို ရှာပြီး Double
ကလစ်ပေးလိုက်ပါနော်...



ဒါဆို မိမိတို့ ကွန်ပျူတာမှာ CWM လေး တက်လာပြီး အလုပ် စတင် လုပ်ဆောင်နေ ပါပြီ။
Press any Key ဆိုတာ ပေါ်လာတာနဲ့ ကွန်ပျူတာမှာ နံပါတ် ( ၁ ) ခလုပ် (သို့ ) Enter တခု
ခုကို တချက် နှိပ် ပေးလိုက်ပါ။



ကွန်ပျူတာ မှာရော ဖုန်းမှာပါ ဘာမှ လုပ်စရာ မလိုပါဘူး ထိုင်ကြည့် နေရုံလေးပဲ။ မိမိရဲ့ ကွန်ပျူ
တာမှာ အောက်က ပြထားတဲ့ ပုံလေး အတိုင်းပေါ်နေမှာ ဖြစ်ပါတယ်။ CWM recovery တွေ
Auto Install လုပ်နေမှာ ဖြစ်ပါတယ်ဗျာ။ Install လုပ်ပြီးသွားတာနဲ့ ဖုန်းဟာ အော်တို ပါဝါ ကျ
လာမယ် နောက်တခါ ပါဝါ ပြန်တက်လာမှာ ဖြစ်ပါတယ် USB မဖြုတ် ပါနဲ့အုံး သည်တိုင်းဘဲ
ဆက်ကြည့်နေ လိုက်ပါနော်။



နောက် တစ်ခါ Reboot ( ပါဝါ ) ကျအုံးမှာ ဖြစ်ပါတယ်။

Reboot ၂ ခါကျသွားပြီး ပြန်တက် လာပြီ ဆိုရင်တော့ SuperSU လေး မြင်ရပြီ ဖြစ်ပါတယ် ဒါဆို
ဖုန်းတခုကို Root လုပ်ဆောင်ခြင်း အောင်မြင်ပြီလို့ ပြောလို့ ရပါပြီ။

အိုကေ ဖုန်းမှာ ၂ ကြိမ် တိုင်တိုင် ပါဝါ အော်တိုကျ ပြန်တက်လာပြီ ဆိုတာနဲ့ ကြိုးတွေ ဖြုတ်လို့
ရပါပြီ။

ဖုန်းကိုကြည့်လိုက်နော်။


သည်လောက်ဆို အဆင်ပြေ aလာက်ပြီလို့ ထင်ပါတယ်.. မြန်မာစာ အတွက် ကိုတော့ မိမိတို့ သုံးနေ
ကျ မြင်နေကြ ဖြစ်တဲ့ MM Aio Font Changer ဆိုတာလေးနဲ့ အသုံးပြု လိုက်လို့ ရပါပြီ။

By : ဘလော့ခရီးသည် ( နည်းပညာမျှဝေသူ )
From : www.aungsanmks.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, February 09, 2015

Asus Zenfone 4, 5, 6 တို့ကို Firmware တင်နည်း




လတ်တလော အသုံးများ လာတဲ့ Asus Zenfone 4, Zenfone 5, Zenfone 6 တို့ကို Firmware
တင်နည်း အကြောင်း တင်ဆက်ပေး ချင်ပါတယ်။

Asus Zenfone များကို Firmware တင်ဖို့ အတွက် လိုအပ်တဲ့ ကွန်ပျူတာ Tool ဖြစ်တဲ့ Asus
FlashTool Installer ကို အောက်က link ကနေ အရင် ရယူပါ။

Asus Flash Tool v1.0.0.7 အားရယူရန်

ပြီးရင် Asus Zenfone 4, 5, 6 တို့ အတွက် Firmware ကိုရယူပါ။

မိမိဖုန်းနဲ့ သက်ဆိုင်ရာ Firmware ကိုသာ ရယူပါ။

Asus Zenfone 4 (A400CG)

Firmware v4.3.11-WW-JellyBean
OR
Firmware v6.5.27_WW_KitKat

Asus Zenfone 5 (A500CG)

Firmware v1.17.40.16_WW (Download Link)

Asus Zenfone 6 (A600CG)

Firmware v1.17.40.19_WW
OR
Firmware v1.17.40.19_CN

  • ပြီးရင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကို ၀င်ပြီး USB Debugging ကို on ထားပါ။
  • ပြီးရင် ခုနက Download လုပ်ထားတဲ့ Asus Zenfone Flash Tool ကို ဖွင့်ပါ။
  • ပြီးရင် ဖုန်းကို USB ကြိုး အသုံးပြုပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်ပါ။
  • အောက်ပုံထဲက အတိုင်း Asus Flash Tool ဟာ ကွန်ပျူတာမှာ ဖုန်းကို ချိတ်ဆက် လိုက်တာကို
    သိပါလိမ့်မယ်။
  • Asus Flash Tool ထဲမှာ ဖုန်းရဲ့ Serial Number နဲ့ ပြပေးပါလိမ့်မယ်။
အောက်ပုံထဲကအတိုင်းပါ။



အောက်ပုံမှာပြထားတဲ့ နံပါတ်စဉ် အတိုင်း ဆက်လုပ်ပါ။
  • ကိုယ့်ဖုန်းရဲ့ Model နံပါတ်ကိုရွေးပေးပါ။
  • ဥပမာ - Zenfone 4 ဆိုရင် A400CG ။ Wipe Data မှာ Yes (or) No တစ်ခုခု ရွေးပါ။
  • ဖုန်းကို လုံးဝ အသစ် အနေထား အတိုင်း Firmware တင်ချင်တယ် ဆိုရင်တော့ Yes ကို
    ရွေးပေးပါ။
  • Box icon လေးကိုနှိပ်ပြီး ခုနက Download ရယူခဲ့တဲ့ ကိုယ့်ဖုန်းနဲ့ သက်ဆိုင်တဲ့ Firmware
    ဖိုင်ကိုရွေးပါ။
  • ပြီးရင် Asus Flash Tool ထဲမှာ Device List ထဲမှာ ကိုယ့်ဖုန်းရဲ့ Serial Number နဲ့ Device ကို
    Select လုပ်ပါ။
  • ပြီးရင် Start ကိုနှိပ်ညပီး Firmware စတင်လို့ ရပါပြီ။



Firmware တင်ချိန်ဟာ ခြောက်မိနစ်ခန့် ကြာမြင့်နိုင်ပါတယ်။ Firmware တင်ပြီးသွားပြီ ဆိုရင်
တော့ Flash Image Successfully ဆိုပြီးပေါ်ပါမယ်။

အောက်က ပုံထဲက အတိုင်းပါ။



ဒါဆိုရင်တော့ Asus Zenfone 4, 5, 6 ကို Firmware တင်ပြီး သွားပြီ ဖြစ်ပါတယ်။ ဖုန်းကို ပါဝါဖွင့်ပြီး
စသုံးလို့ ရပါပြီ။

အားလုံးပဲ အဆင်ပြေ ကြပါစေ။

Ref: Asuszenfoneblog

Thet Naing Soe (Myanmar Mobile App)

http://www.facebook.com/thetnaing.mmas"


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »