နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts

Thursday, May 11, 2017

သာမန်ထက် ကိုးဆပိုမြန်တဲ့ ဘာသာပြန် နည်းစနစ်ကို Facebook မှာ သုံးတော့မယ်




Facebook မှာ ဘာသာ စကား ၄၅ မျိုးကို ဘာသာ ပြန်ပေးတဲ့ စနစ် ရှိပါတယ်။ ဒီတစ်ခါ မှာတော့ လက်ရှိ ဘာသာပြန်တဲ့ နည်းစနစ် များထက် ကိုးဆ ပိုမို မြန် ဆန် တိကျတဲ့ ဘာသာပြန် နည်းတစ်ခုကို သုံးသွား တော့မယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဂျာမန် ၊ ပြင်သစ် ၊ ဂျပန် စတဲ့ ဘာသာ စကား တစ်ခုခုနဲ့ တင်လိုက်တဲ့ ပို့ စ်ကို အများ နားလည်တဲ့ အင်္ဂလိပ်စာ သားနဲ့ ကြည့်ဖို့ အောက်ခြေမှာ See Translation ဆိုပြီး လင့်ခ်တစ်ခုနဲ့ ဘာသာ ပြန်ပေးတဲ့ နည်းစနစ်ကို Facebook မှာ အသုံးပြု နေတာပါ။

ယခုတစ်ခါမှာတော့ Facebook ရဲ့ AI သုတေသန အဖွဲ့ FAIR ဟာ neural network ကို သုံးပြီး ဘာသာပြန်တဲ့ နည်းသစ် တစ်ခုကို ဖန်တီး ထားပါတယ်။

လက်ရှိဘာသာပြန်စနစ်များဟာ စကားလုံးအလိုက် ဘာသာပြန်ပြီး ဒီဝါကျဟာ ဘယ်လို အဓိပ္ပါယ်ရမလဲဆိုပြီး ပြန်ပြသွားတာပါ။

ဒီအတွက် ဘာသာပြန်ရလဒ်ထွက်ဖို့ လည်း အချိန်ပိုပေးရပါတယ်။

FAIR ကနေ တီထွင်တဲ့ နည်းလမ်းသစ်မှာတော့ ဝါကျတွေကို ဘယ်ကနေ ညာဘက်လိုက်ပြီး တစ်ခုချင်း ဖတ်သွားမှာမဟုတ်ဘဲ တစ်ချိန်တည်းမှာ ဒေတာ အားလုံးကို ဖတ်သွားမှာပါ။

ရိုးရိုးဘာသာပြန် translator များဟာ ဝါကျတစ်ကြောင်းမှာ ပထမ စကားလုံး ၅ လုံးပဲ ပြန်ဖို့ ကြည့်သွားတယ်ဆိုရင် ဒီနည်းသစ်မှာတော့ တစ်ချိန်တည်းမှာ ဝါကျတွေပေါ်က စကားလုံး ၆ လုံးစီးကို တစ်ပြိုင်တည်း ဖတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ နည်းပညာ သစ်ဟာ နမူနာ prototype အဆင့်မှာ ပဲ ရှိသေးတာ ဖြစ်လို့ Facebook မှာ လောလောဆယ် သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။

Facebook မှာ တင်သမျှ ပို့ စ်တိုင်းဟာ စာကျပေကျ တင်သွားတာ မဟုတ်ဘဲ အရပ်သုံး စကားများ ၊ ဗန်းစကားများနဲ့ တင်ကြတာ ပိုများ တာကြောင့် Facebook ရဲ့ ဘာသာပြန် စနစ်ဟာ အဓိပ္ပါယ် ပိုမို ထိမိအောင် ပြန်ဆိုပေးနိုင် မလား ဆိုတာကို စောင့်ကြည့် ရဦးမှာပါ။

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm

Read More »

Tuesday, May 09, 2017

Facebook အတွက် မသင့်လျော်တဲ့ Post တွေ တားဆီး ဖြတ်တောက်မည်




ကမ္ဘာမှာ အသုံးပြုမှု အများဆုံး လူမှု ကွန်ယက် စနစ် ဖြစ်လာတဲ့ Facebook က လက်ရှိ အချိန်မှာ ကမ္ဘာနဲ့ အဝှမ်း အသုံးပြုသူ ၁ ဒသမ ၉၄ ဘီလီယံ ထိအောင် ရှိလာတယ်လို့ စစ်တမ်းတွေ အရ သိရပြီး အဆိုပါ တိုးတက် မှုနှုန်းဟာ မိုဘိုင်းဖုန်း အသုံးပြုမှု တွင်ကျယ် လာခြင်းရဲ့ အကျိုး ဆက်ကြောင့် ဖြစ်တယ်လို့ ဆိုပါ တယ်။

ကုမ္ပဏီ ကတော့ အခုနှစ်ရဲ့ ပထမ ၄ လ အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၈ ဘီလီယံ ရှိတယ် လို့ ဖော်ပြထားပြီး အဆိုပါ ဝင်ငွေ တိုးတက်နှုန်းဟာ Facebook ကနေ Live Video တွေ ရိုက်တင် လာနိုင်မှုကြောင့် ဝင်ငွေ တိုးတက် မြန်ဆန် လာတာ ဖြစ်သလို ဒီရလဒ်ကြောင့် Facebook က လက်ရှိ ဝန်ထမ်းတွေရဲ့ ဝင်ငွေရနှုန်း ကလည်း နှစ်ဆခန့် တိုးတက် လာနိုင်တာပါ။

အထူးသဖြင့်တော့ Video Post တွေဘက်မှာ စောင့်ကြည့်ရတဲ့ ဝန်ထမ်းတွေရဲ့ တာဝန် ပိုကြီး လာနိုင်ပြီး မပျံ့နှံ့စေချင်တဲ့ Post တွေကို အချိန်မီ တားနိုင်အောင် စောင့်ကြည့်မှုတွေ လိုအပ်လာ သလို အဆိုပါ လိုအပ်ချက် အတွက် ဝန်ထမ်း စရိတ်ကိုလည်း ပိုသုံးဖို့ ရှိလာနေတာပါ။

Facebook ရဲ့ တာဝန်အရှိဆုံး Mark Zuckerberg ကတော့ နောက်ဆက်တွဲ ဆိုးကျိုး မရှိနိုင်တဲ့ လွတ်လပ်တဲ့ Post တွေကိုပဲ ဖန်တီး ဆက်သွယ်သွားနိုင်စေဖို့ လိုလားနေတာ ဖြစ်ပြီး သူကပဲ “Facebook ကို တကမ္ဘာလုံး အတိုင်းအတာ ထိအောင် လွတ်လပ်စွာ ဆယ်သွယ်နိုင်တဲ့ ဆိုးကျိုးမဲ့ လူမှု ကွန်ရက် တခု ဖြစ်လာ အောင် ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Facebook ကနေ လိုလားနေတဲ့ Video ထုတ်လွှင့်မှု ဆိုတာက မိမိရဲ့ လွတ်လပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးမဲ့ Live ဖြစ်စေ၊ Clip Videoတွေ ဖြစ်စေ၊ ကြော်ငြာ ပုံစံ အနေအထား ဖြစ်စေ တင်စေချင်နေတာပါ။

ဒါပေမယ့် အခု နောက်ပိုင်းမှာ Facebook သုံးသူ များလာတာနဲ့ အမျှ Live ထုတ်လွှတ်မှု အပိုင်းမှာရော Clip တင်မှု အပိုင်းမှာပါ လူတွေကို အမြင်မှား စေနိုင်မယ့် Video တွေ တင်လာ တာကြောင့် Facebook အနေနဲ့ စောင့်ကြည့် တာဝန်ယူမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တချို့ Video တွေ ဆိုရင် လွန်ခဲ့တဲ့ လတွေ၊ နှစ်တွေထဲက ဖြစ်ပွားခဲ့တဲ့ သေကြောင်း ကြံစည်မှုတွေ၊ မုဒိန်းမှု ကျူးလွန်ခြင်း တွေ၊ ကလီဗလင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လို လူတဦးက သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်လည် အဆုံး စီရင်မှုတွေကို Live လွှင့်တာတွေ ရှိလာနေတာပါ။ ဒီလို အနေအထားတွေကြောင့် Facebook အနေနဲ့ အရင်ဆုံး ဝန်ထမ်း ၃၀၀၀ ထောင်ကို ခန့်ထားပြီး အသုံးပြုသူတွေ ဆီကနေ Report တင်လာမယ့် မသင့်လျော်တဲ့ Post တွေကို စိစစ်၊ ဖြတ်တောက်ခြင်းမျိုး လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဇူကာဘက်က ပြောပါတယ်။

နောက်ပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဝန်ထမ်း ၇၅၀၀ ထိအောင် ခန့်အပ်သွားဖို့လည်း ပြင်ဆင်နေတာပါ။ Facebook အနေနဲ့တော့ လူမှု ဆက်ဆံရေး ကွန်ရက် အနေနဲ့ပဲ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး သေကြောင်း ကြံစည်မှုလို အရာတွေကနေ ဥပဒေကို ဆန့်ကျင်တဲ့ Post မှန်သမျှ ကန့်ကွက် ပယ်ဖျက်သွားမယ် လို့ ဆိုပါတယ်။ သို့သော်လည်း မသင့်လျော်တဲ့ Post တွေကို ချက်ချင်း ဖြတ်နိုင်မှာလား ဆိုတဲ့ မေးခွန်းအပေါ်ကိုတော့ ဇူကာဘက်က ဝန်ထမ်း ဘယ်လောက်ပဲ ထားရှိသည် ဖြစ်စေ ချက်ချင်း ဖြတ်နိုင်၊ တားနိုင်မှာတော့ မဟုတ်ပါဘူး လို့ ပြန်ဖြေပါတယ်။

လက်ရှိမှာတော့ Facebook မှာ တရက်ကို Video တင်သူ ဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ မပြောပေမယ့် တင်တဲ့ Video ၅ ခုမှာ ၁ခုကတော့ Live တင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူကာဘက် အနေနဲ့ကတော့ ဘယ်လောက်ပဲ ဝန်ထမ်းထားပြီး စောင့်ကြည့်သည် ဖြစ်စေ၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ တင်မယ် မသိနိုင်တဲ့ မသင့်လျော် Video တင်မှုကို ချက်ချင်း ရပ်တန့်နိုင်မှာ မဟုတ်ပေမယ့် အခု ဝန်ထမ်းသစ် ၃၀၀၀ နဲ့ စပြီး တာဝန်ယူ စောင့်ကြည့်မှာ ဖြစ်တယ် လို့ ဆိုတာပါ။ Facebook အနေနဲ့လည်း Live တင်နိုင်တဲ့ ဝန်ဆောင်မှု ပေးခဲ့ပြီး နောက်ပိုင်းမှာ ရာဇဝတ်မှုနဲ့ မသင့်လျော် Video ပျံ့နှံ့မှုတွေ တိုးတက်မြင့်မားလာနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ပြင်သစ်ရဲတပ်ဖွဲ့ကနေ လူငယ် ၄ ဦးကို Live ထုတ်လွှင့်မှုကနေ ပြစ်မှု ကျူးလွန်လို့ ဖမ်းဆီးခဲ့ရ ပါသေးတယ်။ အဲဒီ လူငယ် ၄ ဦးက ဇန်နဝါရီလအတွင်းမှာ အခြား လူတဦးကို ဝိုင်းဝန်း ရိုက်နှက်နေတာကို Live တင်ခဲ့တာကြောင့်ပါ။ ပြီးတော့ ချီကာဂို ရဲတွေလည်း မတ်လအတွင်းက အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို လိင်မှု ဆက်ဆံနေတဲ့ Video တွေ တက်လာတာကြောင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လအတွင်းကလည်း ထိုင်းအမျိုးသား တဦးက သူ့ရဲ့ နို့စို့ အရွယ်သမီးကို သတ်နေပုံတွေ Live တင်ခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွား ခဲ့တာမျိုးတွေ ဖြစ်လာခဲ့တာပါ။ ဒီလို မသင့်လျော် Video တင်တာတွေ ပျံ့နှံ့လာတာက Facebook ရဲ့ ရည်ရွယ်ရင်း လွတ်လပ် ကောင်းမွန်တဲ့ လူမှု ကွန်ရက် အတွက် အဟန့်အတား ဖြစ်နေစေပါတယ်။

Facebook ရဲ့ ဝန်ထမ်းသစ် အဖွဲ့ အနေနဲ့က ၂၄ နာရီလုံး စောင့်ကြည့်မှုတွေ လုပ်ဆောင်နေမှာ ဖြစ်ပြီး အထူးသဖြင့်တော့ အသုံးပြုသူတွေဆီကနေ Report တွေ အပေါ်ကို မူတည်ပြီး ဟန့်တားမှုတွေ လုပ်ဆောင် သွားမှာ ဖြစ်ပေမယ့် အချို့သော နေရာ၊ ဒေသ အလိုက် သဘောထား ကွဲလွဲမှုတွေကြောင့် Post တိုင်းကိုတော့ သင့်တော်သည်၊ မသင့်တော်သည် ဆုံးဖြတ် ဟန့်တားနိုင်ဖို့ ခက်ခဲနေဦးမှာလည်း ဖြစ်တယ် လို့ သိရပါတယ်။

အမြန်ဆုံး ဟန့်တားနိုင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ချီကာဂို ဖြစ်ရပ်မှာ Post ပါ Video ဟာ မိနစ် ၃၀ကြာ လိုင်းပေါ်မှာ ရှိခဲ့ပြီး အဆိုပါ ဖြစ်ရပ်မျိုး အတွက် အခု ဝန်ထမ်း အင်အားသစ် အဖွဲ့ကနေ ပိုမို မြန်ဆန်စွာ ဟန့်တားတာတွေ လုပ်နိုင်လာဖို့ လည်း ရှိနေပါတယ်။

ကုမ္ပဏီကနေ လူသား ဝန်ထမ်းနဲ့ စောင့်ကြည့်မှု အပြင် AI (မှတ်ဉာဏ်တု) ကွန်ပျူတာ စနစ်နဲ့လည်း စောင့်ကြည့်မှု ရှိတယ် လို့ ဆိုပေမယ့် ဘယ်လို ဆုံးဖြတ်ချက် ရယူသလဲ ဆိုတာတော့ မသိရပါဘူး။ အဆိုပါ စနစ်နဲ့ ပတ်သတ်လို့ ဇူကာဘက်က နောက်ထပ် နှစ်အတော်ကြာအောင် ပြီးပြည့်စုံတဲ့ နည်းပညာ စနစ် ရဖို့ ကြိုးစား ဖန်တီးရဦးမှာပါ လို့ ပြောပါတယ်။

စောင့်ကြည့်လေ့လာသူတွေ ကတော့ အခုလို ဝန်ထမ်း အဖွဲ့နဲ့ ထားရှိ ကြပ်မတ်မှုကို လက်ခံကြိုဆိုကြပြီး Live ထုတ်လွှင့်မှု အပိုင်းမှာ ပိုကောင်းလာမယ်လို့ သုံးသပ်နေကြပါတယ်။ ရုပ်သံ ထုတ်လွှင့် မီဒီယာအပိုင်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင် တဦး ဖြစ်တဲ့ လတ်ဗီးဂက်ရှိ နီဗာဒါ တက္ကသိုလ်က လက်ထောက် ပါမောက္ခဖြစ်သူ Benjamin Burroughsင က သူ့ အနေနဲ့ Facebook Live အပေါ်မှာ စိုးရိမ်မှု ရှိနေဆဲ ဖြစ်ကြောင်းနဲ့ အဆိုပါ Live ထုတ်လွှင့်မှုဟာ ပိုမို ကောင်းမွန်တဲ့ လူမှု ဆက်သွယ်ရေး နဲ့ ဘဝရပ်တည်ရေးကို အထောက်အကူ ဖြစ်စေဖို့ မရှိနိုင်ဘူး လို့ သုံးသပ်တာ တွေ့ရပါတယ်။

Ref: www.washingtonpost.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL)

Originally published at - https://burma.irrawaddy.com/lifestyle/2017/05/09/134500.html

Read More »

သြစတြေးလျနှင့် အာရှဒေသနိုင်ငံအချို့တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပြတ်တောက်




သြစတြေးလျ နိုင်ငံနဲ့ အာရှ ဒေသ နိုင်ငံ တချို့မှာ ဒီကနေ့ မနက် အစော ပိုင်းက ကမ္ဘာ့ အင်တာနက် လူမှု ကွန်ရက် စာမျက်နှာ ဝက်ဘ်ဆိုက် တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့ မရခဲ့ဘဲ ပြတ်တောက် သွားခဲ့ ပါတယ်။

သန်းနဲ့ချီတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြု သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အကောင့်တွေဆီ ဝင်ရောက်လို့ မရဘဲ ရှိနေ ခဲ့တာလို့ ဒေးလီးမေးလ် သတင်း တပုဒ်က ဆိုပါတယ်။

ထောင်နဲ့ ချီတဲ့ အင်တာနက် အသုံးပြု သူတွေဟာ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာပေါ်မှ တဆင့် ဒါကို ဖြေရှင်းပေးနိုင်ဖို့ ဖြေရှင်း ချက်တွေ တောင်းခံ ခဲ့ကြတာကို တွေ့ရ ပါတယ်။

Downdetector.com အင်တာနက် စာမျက်နှာပေါ်မှာတော့ ပြတ်တောက် သွားခဲ့တဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှ အင်တာနက်အသုံးပြုသူတွေ ဆီကိုတော့ “တစုံတခု မှားယွင်းနေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ ဒါကို အမြန်ဆုံး ပြန်လည်ပြုပြင်ဖို့ ကျနော်တို့ ကြိုးစား လုပ်ဆောင်နေ ပါတယ်” ဆိုတဲ့ မက်ဆေ့ခ်ျတွေ ပေးပို့ ခဲ့တာပါ။

အဲဒီနောက် မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ အသုံးပြု သူတွေဆီက တုံ့ပြန်မှုတွေ ဆက်တိုက် ထွက်ပေါ် လာခဲ့ပါတယ်။

တယောက်ကတော့ “ဘုရားသခင် ဒီမှာတော့ ကမ္ဘာပျက်နေပြီ။ တယောက်ယောက်နဲ့ မျက်နှာချင်းဆိုင် ဘယ်လိုစကားပြော ဆက်သွယ်နိုင်တော့မလဲ” လို့ ရေးခဲ့ပါတယ်။

နောက်တယောက်ကတော့ အပြောင်အပျက် သဘောနဲ့ “ဖေ့စ်ဘွတ်ခ် လိုင်းကျသွားခဲ့တဲ့ အခါ အွန်လိုင်းပြန်တက်နိုင်ဖို့ Refresh ပြန်လုပ်ပြီး တက်လာတဲ့ထိ စောင့်ရုံပဲပေါ့။ ငါသိတာ ဒါအကုန်ပဲ” လို့ ရေးခဲ့ တာကို တွေ့ရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205590

Read More »

Wednesday, November 11, 2015

ဖေ့စ်ဘုတ်ကို စွန့်လွှတ်လိုက်မှ ပိုမိုပျော်ရွှင်သော ဘ၀ကို ရမည်ဟု သုတေသန တစ်ရပ်က ဆို




ကိုပင်ဟေဂင်၊ နိုဝင်ဘာ-၁၁ ။။

အမြဲတမ်း မနာလို ဖြစ်နေ ရပါသလား။ တကယ် မရှိတဲ့ လူမှု ဘ၀ကို ရနေပြီး အာရုံစိုက်ဖို့ ရုန်းကန်နေ ရပါသလား။ ဒါတွေ အားလုံးဟာ ဖေ့စ်ဘုတ် (Facebook)ကြောင့် ဖြစ်နိုင် တယ်လို့ သင်ယုံကြည် ရင်တော့ လူမှုကွန်ရက်ကို ရက်သတ္တ တစ်ပတ်လောက် မသုံးဘဲ နေသူတွေဟာ သုံးသူ များထက် ပိုမိုပျော်ရွှင် ရသည်ဟု သုတေသန တစ်ရပ်က သက်သေပြ ထားပါသည်။

ပျော်ရွှင်မှုသုတေသနအင်စတီကျု (Happiness Research Institute)က ပြုလုပ်သည့် သုတေသနတစ်ရပ်တွင် ဒိန်းမတ်မှ လူပေါင်း ၁၀၉၅ယောက်ကို တစ်ဝက်က ဖေ့စ်ဘုတ်ကို ဆက်လက်သုံးစွဲနေသူနှင့် ကျန်တစ်ဝက်က ဆက်မသုံးဘဲ ရပ်ထားလိုက်သူဟူ၍ အုပ်စုနှစ်စုခွဲပြီး စစ်တမ်းပြုစုခဲ့သည်။

‘အရွယ်စုံလူများစု အသုံးပြုနေတဲ့ လူမှုမီဒီယာဖြစ်နေတော့ ဖေ့စ်ဘုတ်ကိုပဲ အခြေပြုခဲ့တာပါ’ဟု HRI အမှုဆောင်ချုပ် မစ္စတာ မိုက် ၀ီကင်းက အင်္ဂါနေ့က ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်တွင် ပြောကြားခဲ့သည်။

ရက်သတ္တတစ်ပတ်အကြာတွင် ဖေ့စ်ဘုတ်ကို ဆက်မသုံးတော့သူများက ကိုယ့်ဘ၀ကိုယ် ပိုမိုကျေနပ်နှစ်သိမ့်လာကြောင်း ပြောကြားကြပြီး ဖေ့စ်ဘုတ်ကို ဆက်လက်သုံးစွဲနေသည့် ဒုတိယအုပ်စုမှ ၈၁ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက မသုံးစွဲတော့သည့် အုပ်စုမှ ၈၈ရာခိုင်နှုန်းမှာ ယခင်ကထက် ပိုမိုပျော်ရွှင်နေကြောင်း ပြောကြသည်ဟု ဆိုသည်။

မသုံးစွဲတော့သည့်အုပ်စုမှ ၈၄ရာခိုင်နှုန်းက ဘ၀ကို ကျေနပ်ပျော်ရွှင်နေကြောင်း ပြောကြရာတွင် သုံးစွဲသည့်အုပ်စုတွင်မူ ၇၅ရာခိုင်နှုန်းသာလျှင် ကျေနပ်ပျော်ရွှင်နေကြသည်ဟု ဆိုသည်။ တစ်ဖန် မသုံးစွဲသည့် အုပ်စုတွင် ၁၂ရာခိုင်နှုန်းကသာလျှင် ဘ၀ကို မကျေနပ်ကြောင်း ပြောကြရာတွင် သုံးစွဲသည့်အုပ်စုဘက်တွင်မူ ၂၀ရာခိုင်နှုန်းက ဘ၀ကို မကျေမနပ်ဖြစ်နေကြသည်ဟု ဆိုသည်။

သုတေသနအပြီးတွင် ဖေ့စ်ဘုတ်ရှောင်ကြဉ်သူများမှာ ပိုမိုသာယာဝပြောသော လူမှုရေးဘ၀ကို ရရှိပြီး အာရုံစိုက်ရာတွင်လည်း အခက်အခဲ အနည်းအကျဉ်းသာ ရှိနေချိန်တွင် ဖေ့စ်ဘုတ်သုံးစွဲသည့် အခြားအုပ်စုတွင်မူ ထိုသို့သော ပြောင်းလဲမှုမျိုးကို မတွေ့ရချေ။

‘ကျနော်တို့ အမှန်တကယ် ဘာလိုအပ်နေလဲဆိုတာကို အာရုံစိုက်ရမယ့်အစား တခြားလူတွေမှာ ဘာတွေရှိနေလဲဆိုတာကို အာရုံစိုက်လေ့ရှိကြတယ်’’ဟု သုတေသီများက ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူများမှာ မသုံးစွဲသူများထက် ၃၉ရာခိုင်နှုန်း လျော့နည်း၍သာ ပျော်ရွှင်နိုင်သည်ဟု ဆိုသည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/7288

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Saturday, November 07, 2015

ဖေ့စ်ဘွတ်ခ် ကြော်ငြာများမှတဆင့် ၃ လအတွင်း ကန်ဒေါ်လာ ၈၉၁ သန်း ရရှိ



ဓာတ်ပုံ - ရိုက်တာ

အခုနှစ်ဘဏ္ဍာရေး တတိယပတ် အတွင်း ဖေ့စ်ဘွတ်ခ်(Facebook) လူမှု ကွန်ရက်ဟာ ကြော်ငြာတွေ ကနေ အမြတ် အစွန်း အတော်ရ ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန် ပါတယ်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လပတ်မှာ အသားတင် ၀င်ငွေ ၁၁ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၉၁ သန်း ရရှိတယ်လို့ ဆိုပါတယ်။

အရင်နှစ် ဒီ ၃ လပတ်မှာတော့ ၈၀၆ သန်းရရှိခဲ့ပြီး ဈေးကွက်သစ်တွေ ချဲ့ထွင်နိုင်ခဲ့လို့ အခုလို အမြတ်အစွန်းမြင့်တက် ခဲ့တာလို့ပြော ဆိုပါတယ်။ Facebook စီအီးအို ကတော့ ကုမ္ဗဏီဟာ ဆန်းသစ်တီထွင်မှုနဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အဓိကထားခဲ့တယ်လို့ ပြောဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် ဟာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးဖြစ်ပြီး ဒီတတိယ ၃ လပတ်အတွင်း တလကို သုံးစွဲသူ သန်း ၆၀ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာလုံး Facebook သုံးစွဲသူ ၁.၅၅ ဘီလီယံရှိပါတယ်။ Facebook မှာ သုံးစွဲသူ လစဉ်တိုးပွားမှုဟာ ကြော်ငြာရှင်တွေအတွက်လည်း ဖေ့စ်ဘွတ်ခ်မှာ ပရိသတ်တိုးပွားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တတိယပတ်အတွင်း ကြော်ငြာတွေက အဓိက၀င်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြော်ငြာက ရရှိတဲ့ဝင်ငွေ ၄၅ ရာခိုင်နှုန်းတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ မိုဘိုင်းဖုန်းတွေကနေ ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ သိသိသာသာ တိုးတက်နေတယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာလက မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၈၉၄ သန်းရှိခဲ့ပါတယ်။

by ဒီဗွီဘီ


Original link - http://burmese.dvb.no/archives/120577

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Saturday, September 26, 2015

ယနေ့ မှစပြီး Facebook မှာ ဗီဒီယိုတွေကို ၃၆၀ဒီဂရီ လှည့်ပတ်ကြည့်နိုင်



Facebook ဟာ ခေတ်စား နေတဲ့ virtual ကမ္ဘာထဲကို ပထမဆုံး ခြေလှမ်း ချလိုက်ပါပြီ။

ဆိုရှယ်နက်ဝပ်ခ် Facebook ဟာ မနေ့ က ၂၃ ရက်နေ့ မှာ မောက်စ်ကို အသုံးပြုပြီး ၃၆၀ ဒီဂရီ အပြည့် လှည့်ပတ် ကြည့်ရှုနိုင်မယ့် ဗီဒီယိုတွေကို စတင် တင်ဆက် လိုက်ပါတယ်။

ဒီ စနစ်ဟာ Facebook ရဲ့ Oculus Rift Virtual-Reality headset မှာ ထည့်သွင်းအလုပ်လုပ်ဖွယ်ရှိ တယ်လို့ ခန့် မှန်းထားပါတယ်။

“ ဒီနေ့ ကစပြီးတော့ News Feed မှာ ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်နိုင်တဲ့ဗီဒီယိုတွေကို တွေ့ ရမှာပါ” ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာလည်း Youtube ဟာ အလားတူစနစ်မျိုးကိုထုတ်လုပ်ခဲ့ပြီး VR ဗီဒီယိုတွေကို ဖန်တီးတဲ့ ဗီဒီိယိုဖန်တီးသူတွေက အသုံးပြုလျက်ရှိပါတယ်။

မြင်ကွင်း ၃၆၀ ဒီဂရီကြည့်ရှုနိုင်မယ့် ဗီဒီယိုကို ရိုက်ကူးဖို့ အတွက် အထူးပြုပြင်ထားတဲ့ကင်မရာအစုံလိုက် လိုအပ်ပြီး အဆိုပါကင်မရာက မြင်ကွင်းတစ်ခုရဲ့ ၃၆၀ ပတ်လည်ဒီဂရီကို တစ်ပြိုင်တည်းရိုက်ကူးပေးနိုင်ပါတယ်။

၃၆၀ ဒီဂရီကြည့်နိုင်ဖို့ အတွက် web မှာဆိုရင် ဗီဒီယိုမှာ မောက်စ်ကို drag ပတ်လည်ဆွဲပြီး နှစ်သက်သလို ကြည့်နိုင်မှာပါ။ မိုဘိုင်းဖုန်းတွေ မှာတော့ လက်ချောင်းနဲ့ ဆွဲပြီးကြည့်ရှုလို့ ရသလို ဖုန်းကို လှည့်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။ လောလောဆည်မှာတော့ iOS နဲ့ တစ်ချို့ Android version တွေမှာ ကြည့်လို့ မရနိုင်သေးပါဘူး။ ဒီစနစ်ကို ကြည့်နိုင်ဖို့ အတွက် web ဆိုရင် နောက်ဆုံးဗားရှင်း Firefox ဒါမှမဟုတ် Chrome၊ Android ဆိုရင် နောက်ဆုံးဗားရှင်း Facebook app တို့ ရှိဖို့ လိုအပ်ပါတယ်။

Facebook ဟာ ဒီ ၃၆၀ဒီဂရီစနစ်ကို ထုတ်လုပ်ပေးဖို့ အတွက် Star Wars၊ Discovery ၊ GoPro ၊ NBC’s Saturday Night Live စတဲ့ ရုပ်သံထုတ်လွှင့်သူအများအပြားကို ဖိတ်ခေါ်ထားပါတယ်။

Disney နဲ့ Lucasfilm တို့ ကလည်း ၃၆၀ ဒီဂရီလှည့်ကြည့်နိုင်မယ့် Star Wars: The Force Awakens ရဲ့ နမူနာတစ်ပိုင်းကို Facebook မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Original link - technology.thithtoolwin.com

Read More »

Wednesday, September 16, 2015

“မကြိုက်” ခလုတ် ဖေ့စ်ဘွတ်ခ်တွင် တွေ့ရမည်




လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ “မကြိုက်” တဲ့ ခလုတ်ကို မကြာမီမှာ စမ်းသပ် aတာ့မှာ ဖြစ်ပါတယ်။

ဒီခလုတ်ကို ထည့်သွင်းဖို့ အသုံးပြု သူတွေက နှစ်ပေါင်းများစွာ ဖိအားပေး တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် အမှုဆောင် အရာရှိနဲ့ တည်ထောင်သူ မတ်ခ် ဇူကာဘတ်က နောက်ဆုံးတော့ ဒီတောင်းဆိုမှုကို သူတို့ ကြားပြီလို့ ပြောပါတယ်။

ဒီအတွက် ဒီခလုတ်ကို စမ်းသပ်တော့မှာ ဖြစ်တယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။

လူတွေရဲ့ ပို့စ်ကို ကြိုက်မကြိုက် ပြသလို့ရနိုင်တဲ့ ဖိုရမ်တခုလို ဖေ့စ်ဘွတ်ခ်ကို မပြောင်းလဲချင်တဲ့အတွက် အချိန်ယူနေတာလို့ သူက ပြောပါတယ်။

လူတဦးရဲ့ မိသားစုတဦးဦး သေဆုံးသွားတာ၊ လက်ရှိ ဒုက္ခသည်အရေး ဆိုင်ရာတွေမှာတော့ ကြိုက်တယ်ဆိုတာကို နှိပ်တာက ကြောင်တောင်တောင် ဖြစ်တယ်လို့ နားလည်ကြောင်း ဆိုပါတယ်။

အသုံးပြုသူတွေက ဖေ့စ်ဘွတ်ခ်မှာ “ကျနော်စိတ်မကောင်းပါဘူး”၊ “စိတ်ဝင်စားစရာပါ”၊ “မကြိုက်ဘူး” ဆိုတဲ့ ခလုတ်တွေ ဘာကြောင့် မထည့်ထားသလဲ ဆိုတာကို လူတွေက မကြာခဏ မေးမြန်းလေ့ရှိတယ်လို့ ဆိုပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112251

Read More »

Monday, September 14, 2015

Facebook Safety Rules & Community Standards




ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ Facebook အနေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိ သူတွေနဲ့ ပေါင်းပြီး Responsible Online Sharing Initiative for Myanmar ဆိုတဲ့ အလုပ်ရုံ aဆွးနွေးပွဲကို နေပြည်တော်နဲ့ ရန်ကုန်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ တွေရဲ့ ရည်ရွယ်ချက် တွေကတော့ မြန်မာနိုင်ငံမှာ Facebook ကို ဘယ်လို ကျယ်ကျယ် ပြန့်ပြန့် အကျိုးရှိရှိ သုံးနိုင်ဖို့၊ ဆိုးကျိုး ပေါ်ပေါက် စေနိုင်တဲ့ အသုံးချမှု တွေကို လျော့နည်းစေဖို့ ဖြစ်ပါတယ်။

လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ အကြံပြုချက် တွေကို Phandeeyar နဲ့ Joosk တို့နဲ့ ပေါင်းပြီး သရုပ်ဖော်ပုံတွေ ရေးဆွဲပြီးတော့ Facebook Safety Page ကတစ်ဆင့် မြန်မာ ပြည်သူတွေကို မျှဝေပေး သွားမှာ ဖြစ်ပါတယ်။

Facebook မိတ်ဆွေများ သိရှိနိုင်စေဖို့ မျှဝေပေး လိုက် ရပါတယ်။ မိတ်ဆွေများ အားလုံး လွတ်လပ်စွာ ရယူခြင်း၊ မျှဝေခြင်းများ ပြုလုပ်နိုင် ပါတယ်။











Ref : Hmuu Zaw facebook

Original link - https://www.facebook.com/profile.php?id=100008433137276&fref=ts

Read More »

Friday, August 28, 2015

တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ




တစ်ရက်တာ အတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်) ထိ ပထမဆုံး အကြိမ် ရောက်ရှိ ခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြား လိုက်သည်။

အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက် ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာ ခဲ့သည်။

Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။

Facebook သည် ဝက်ဘ်ဆိုက်သို့ လာရောက်ချိတ်ဆက်သူ အရေအတွက် တစ်ဘီလီယံ ပြည့်မြောက်သည့် အောင်မြင်မှုကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ရရှိထားသည်။

ဇူကာဘာ့ဂ်သည် ဟားဗက်တက္ကသိုလ် ကျောင်းသားတစ်ဦး ဘဝတွင် ၂၀၀၄ ခုနှစ်က Facebookကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက တစ်နေ့တည်း အသုံးပြုသူ တစ်ဘီလီယံ အမှတ်ထိ ရောက်ရှိခဲ့သည့်နောက် Facebook၏ ကြီးထွားမှု အရှိန်အဟုန် ဆက်လက် မြင့်တက်နေဦးမည်ဟုလည်း ခန့်မှန်းခဲ့သည်။

ဩဂုတ် ၂၇ ရက်တွင် ၎င်းရေးသားထားသည့် ပို့စ်၌ ဇူကာဘာ့ဂ်က “တစ်ရက်တာမှာ ဒီလို ကိန်းဂဏန်း အောင်မြင်မှုမျိုး ရလာတာ ဒါပထမဆုံးပဲ။ ပြီးတော့ ဒါဟာ တစ်ကမ္ဘာလုံးကို ဆက်သွယ် ချိတ်ဆက်ပေးနေမှုမှာ ခြေလှမ်းအစပဲ ရှိသေးတယ်”ဟု မှတ်ချက်ပြုထားသည်။

Facebookသည် ဇူလိုင်လ အတွင်းက ကမ္ဘာပေါ်၌ အင်တာနက် အသုံးပြုသူ စုစုပေါင်း၏ ထက်ဝက်သည် အနည်းဆုံး တစ်လတွင် တစ်ကြိမ်မျှ မိမိတို့ ဝက်ဘ်ဆိုက်သို့ Log Inဝင်ကြောင်းလည်း ကြေညာခဲ့ဖူးသည်။

_Ref: CNET

Original link - http://www.7daydaily.com/story/45124

Read More »

Thursday, August 27, 2015

Facebook တွင် အလှူငွေ တောင်းခံသည့် Donate Button ကို တောင်းခံစရာ မလိုတော့ပဲ ထည့်ပေးတော့မည်




ကမ္ဘာပေါ်မှာ နေ့စဉ် facebook အသုံးပြုသူပေါင်း ဘီလီယံနဲ့ ချီပြီးရှိကြတာ အားလုံး အသိပါ။ ဒါကြောင့် Facebook ကို မိမိ ကိုယ်ကျိုး စီးပွား အတွက် အသုံးပြုကြတဲ့ လူတွေရှိ ကြသလို ကိုယ်ကျိုး အတွက် မပါပဲ အများ အကျိုး အတွက် အသုံးပြုကြ သူတွေလည်း ရှိပါတယ်။ ကိုယ်ကျိုး စီးပွား အသုံးပြုကြသူတွေ အတွက် Facebook မှ ဝန်ဆောင်မှု အမျိုးမျိုးပေး ထားသလို ကိုယ်ကျိုး အတွက် မဟုတ်ပဲ အများအကျိုး အတွက် အသုံးပြုကြသူများ အတွက် အခမဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Donate Now Button ကို ထည့်သွင်း ပေးတော့မှာ ဖြစ်ပါတယ်။



Facebook ဟာ နီပေါမှာဖြစ်ပွားသွားတဲ့ မြေငလျင် ဒုက္ခသည်များ နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့် ပြည်သူတွေ အတွက် ရပ်ဝေး ရပ်နီးမှ စေတနာရှင်တွေ အလှူငွေ လှူဒါန်းနိုင်အောင် Donate Button ကို Facebook မှာထည့်သွင်းပေး ခဲ့ပါတယ်။

ဒါတွေကလည်း Facebook Book အသုံးပြုသူတို့ရဲ့ တောင်းဆိုချက် တွေကြောင့် Facebook က သူတို့ရဲ့ မတည်ငွေနဲ့ အတူ Donte Button ကို ထည့်သွင်း ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်ကျိုး မဖက် အများအကျိုး ဆောင်ရွက်သူတို့ အနေနဲ့ Facebook မှတစ်ဆင့် ရပ်ဝေးရပ်နီးမှ လူများထံသို့ အလှူငွေ ကောက်ခံတဲ့ အခါ Facebook ကိုတောင်းဆို စရာ မလိုတော့ပါဘူး။



Facebook မှာ အဆင်သင့် ထည့်သွင်း ပေးပြီးသား ဖြစ်တဲ့ Call to Action ဆိုတဲ့ Button ထဲတွင် Donate Now Button ကို ထည့်သွင်း နိုင်ပါပြီ။ ဒါပေမဲ့ စတင်ကြေငြာတဲ့ အခါမှာတော့ အများ အကျိုးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ ဖြစ်တဲ့ UNICEF, Red Cross နဲ့ DonorsChoose.org စတဲ့ အဖွဲ့အစည်းတွေ အတွက်ပဲ ကန့်သတ်ပေး ထားအုံးမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှသာ Facebook အသုံးပြုသူတို့ အကုန်လုံး အသုံးပြုနိုင်ဖို့ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ အလှူရှင်တို့ အနေနဲ့ ငွေလှူတဲ့ အခါ Pay Pal သို့မဟုတ် Credit Card တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : Mashable

အောင်ကိုထက်(MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Wednesday, August 19, 2015

Facebook က တိုက်ရိုက် ဗီဒီယို ရိုက်ကူး ထုတ်လွှင့်သည့် ၀န်ဆောင်မှုကို ပြုလုပ်




Facebook က သူ၏ လူမှု ကွန်ရက်တွင် တိုက်ရိုက် ဗီဒီယိုများ ရိုက်ကူး ထုတ်လွှင့်နိုင်သော စွမ်းဆောင်ချက်ကို ထည့်သွင်းပေး လိုက်ပါသည်။ သို့သော် အဆိုပါ စွမ်းဆောင်ချက်ကို Celebrities များသာ လက်ရှိတွင် အသုံးပြု နိုင်ပါသည်။

Facebook Live ဟု အမည်ပေးထားသည့် စွမ်းဆောင်ချက် အသစ်သည် နာမည်ကျော်များ၊ ဂီတတီးဝိုင်းများ၊ ရုပ်ရှင် မင်းသား ၊ မင်းသမီးများအနေဖြင့် သူတို့၏ ပရိသတ်နှင့် တိုက်ရိုက် ထိတွေ့နိုင်မည် ဖြစ်သည်။

Live သည် ယခင်နှစ်က ဖြန့်ချီပေးခဲ့သော Mentions App ကို အဆင့်မြှင့်ပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ Mentions တွင် Celebrities များသည် ပရိသတ်များအတွက် ပို့စ်များတင်နိုင်ပြီး ကွန်းမန့်များကို လွယ်ကူစွာ တုန့်ပြန်နိုင်ပါသည်။ ယခုမူ ဗီဒီယိုများ တိုက်ရိုက်ထုတ်လွှင့်နိုင်သည့်အတွက် ပရိသတ်နှင့် ထိတွေ့မှုသည် ပိုမိုကောင်းမွန်မည် ဖြစ်သည်။

Live Streaming စွမ်းဆောင်ချက်များကို လူမှုကွန်ရက်များတွင် အပြိုင်အဆိုင် ထည့်သွင်းလာကြပါသည်။ Twitter ကလည်း Periscope ကို ၀ယ်ယူပြီး သူ၏ လူမှုကွန်ရက်တွင် Live Streaming စွမ်းဆောင်ချက်ကိုထည့်သွင်းပေးထားပါသည်။ Periscope ကို နာမည်ကျော်များသာမက သာမာန်လူများလည်း အသုံးပြုနိုင်ပါသည်။

Digital Life Journal

Original link - http://www.myanmardigitallife.com/?p=4197

Read More »

Facebook မှာ စာရှည်ရှည် ရေးချင်သူများ အတွက် အသစ်ဖြစ်လာမယ့် Note




Facebook Note ကို ၂၀၁၀ ခုနှစ်နောက်ပိုင်း ကတည်းက Update အကြီးစားများ မလုပ်ဖြစ်တာ အတော်လေး ကြာပါပြီ။ Facebook အနေနဲ့ မေ့ထားတဲ့ အရာ တစ်ခု ပမာ ဖြစ်နေပြီး ဗီဒီယိုနဲ့ အခြားသော UI အပိုင်းများ အပေါ်မှာ အာရုံထား ခဲ့ခြင်း ဖြစ်ပါတယ်။

ယခု ပုံမှာ မြင်တွေ့ရတာကတော့ Facebook Note ရဲ့ ပုံစံ အသစ် ဖြစ်ပါတယ်။ Cover Photo အရွယ် ပုံတင်လို့ ရမယ်။ ဗီဒီယိုလည်း တင်လို့ရမယ်။ ဘေးမှာ ကြော်ငြာလေး တွေပါ ထိုးလို့ ရမယ် ဆိုတာ Blog တစ်ခု ပမာ အသုံးပြုလို့ ရမယ့် Note ဖြစ်ပါတယ်။

လက်ရှိ Twitter က လုပ်ထားတဲ့ medium.com ထပ် ပိုသာတဲ့ platform တစ်ခု ဖြစ်ကြောင်းတောင် ဆိုထားကြ ပါတယ်။ စမ်းသပ်မှုကို လူနည်းစုနဲ့ အသုံးပြုခွင့် ပေးခဲ့ပြီး အောင်မြင်မှု ရရှိ တာကြောင့် ယင်း Note ကို လူတိုင်း အသုံးပြုနိုင်ရန် ချပေး တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Personal account ကနေ Note ရေးတာ ကနေ ငွေရှာလို့ ရနိုင်သလို၊ Page ထဲကနေ Note ရေးခြင်းဖြင့်လည်း ငွေရှာနိုင် တော့မယ် အနေအထား တစ်ခု ရောက် လာတော့မှာ ဖြစ်ပါတယ်။ Note ကို Blog တစ်ခု အနေနဲ့ upgrade ပြုလုပ်မှုကို ယခုနှစ် အတွင်း ပြုလုပ်နိုင်ချေ များကြောင်း သိရ ပါတယ်။

Ref: Mashable

အောင်ခမ်း (MMAS)

Original link - http://www.myanmarmobileapp.com/2015/08/18/note/

Read More »

Saturday, August 15, 2015

Facebook ပေါ်မှာ ရယ်နည်းများ




ရယ်နည်းပေါင်းစုံ ရှိရာ Facebook ပေါ်မှာ ရယ်နည်းများကို Facebook က သုတေသန ထုတ်လို့ ဖော်ပြခဲ့ ပါတယ်။ ကမ္ဘာ တစ်လွှား Facebook ပေါ်မှာ လူသုံး အများဆုံး ရယ်နည်း ကတော့ haha ဖြစ်ပါတယ်။

ဒုတိယ လူသုံးများ တာကတော့ emoji များကို ထည့်သွင်း ရယ်ခြင်း ဖြစ်ပါတယ်။ တတိယ လူသုံး များကတော့ hehe ဖြစ်ပြီး စတုတ္တ ကတော့ Lol ဖြစ်ပါတယ်။ haha ကို လူသုံး အများဆုံး ၅၀ ရာခိုင်နှုန်း ကျော်ကို ယူထားပြီး ရယ်တဲ့ icon လေးတွေ ဖြစ်တဲ့ emoji အမျိုးမျိုးက ၃၀ ရာခိုင်နှုန်းလောက် ယူထား ပါတယ်။ ပြီးတော့ hehe နဲ့ Lol အပြင် Lolz, Lmafo, lolll အစရှိ သဖြင့် လိုက်ပါတယ်။

မြန်မာပြည်မှာ လူသုံး အများဆုံး ရယ်နည်းများ ကရော ဘာဖြစ်လိမ့်မလဲ ခမျ။ ခန့်မှန်းကြည့်ရအောင်နော်.. အောက်ပါ ရယ်နည်းကနေ ပြန်ရွေး ပေးပါ။

ဟတ်ဟတ်
ဟဟ
ဟားဟား
ဟား
haha
lol
up
up up
အပ်
ဟဲဟဲ
ဟီးဟီး
ဒချိဒချိ

Ref: Facebook

အောင်ခမ်း (MMAS)

Original link - http://www.myanmarmobileapp.com/2015/08/12/facebook-smile/

Read More »

Friday, August 14, 2015

အလုပ်သင်ဝန်ထမ်း ဟာဗက်ကျောင်းသားကို အလုပ်ထုတ် လိုက်တဲ့ Facebook




ကမ္ဘာမှာ ကြီးမားတဲ့ နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တာနဲ့ အညီ ဝန်ထမ်း အများကြီးကို ပိုင်ဆိုင်ထားတဲ့ Facebook ဟာ ကုမ္ပဏီမှာ တာဝန် ထမ်းဆောင်မဲ့ နောက်ထပ် မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသား ဝန်ထမ်းငယ် များကိုလည်း အလုပ်သင် ဝန်ထမ်း အဖြစ် ခန့်အပ် ထားပါတယ်။

အားလုံး သိထားတဲ့ အတိုင်းပဲ အလုပ်သင် ဝန်ထမ်းကိုတောင် အခြားကုမ္ပဏီရဲ့ အခြေခံ ဝန်ထမ်း လစာထက် ကျော်လွန်တဲ့ သာမန် ဝန်ထမ်း တစ်ယောက် ရတဲ့လစာနဲ့ အညီပေး ထားပါတယ်။ ဒါကြောင့် Facebook မှာအလုပ်နေ လုပ်ကြတဲ့ အမြဲတမ်း ဝန်ထမ်းတင် မကပဲ အလုပ်သင် ဝန်ထမ်း ကတောင် အလုပ်လုပ်တဲ့ အခါ ကြိုးစားကြ ပါတယ်။



ဒါပေမဲ့ အရမ်း ကြိုးစား လွန်သွားတဲ့ ဟာဗတ်ကျောင်းသား Facebook ရဲ့ အလုပ်သင် ဝန်ထမ်း ကတော့ ကုမ္ပဏီရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်ခဲ့တဲ့ အတွက် အလုပ်ထုတ်ခြင်း ခံလိုက် ရပါတယ်။ ၄င်းကျောင်းသားဟာ Facebook Messenger နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Software တစ်ခုကို ဖန်တီး ခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook Messenger အသုံးပြုသူများ တစ်ယောက်နဲ့ တစ်ယောက် တည်နေရာကို သိရှိစေမဲ့ Software ပဲဖြစ်ပါတယ်။

ကွန်ပျူတာ ဘာသာ နဲ့ သချာင်္ဘာသာ အထူးပြု ယူထားတဲ့ Harvard ကျောင်းသား Facebook အလုပ်သင် ဝန်ထမ်းဟာ သူ့ရဲ့ မြေပုံ ဆော့ဖ်ဝဲ (Marauder’s Map ) ကို Google Chrome Plugin တစ်ခု အဖြစ် ထုတ်လုပ် ခဲ့ပြီး Reddit Website မှာ Blog ရေးသားကာ မျှဝေခဲ့တဲ့ အတွက်ကြောင့် အသုံးပြုသူပေါင်း 85,000 ကျော် Download ပြုလုပ် ခဲ့ကြပါတယ်။ ဒါကိုသိတဲ့ Facebook မှ တာဝန်ရှိ သူတွေက ချက်ချင်းပဲ အလုပ် ထုတ်ပယ် အရေးယူ ခဲ့ပါတယ်။

တကယ်တော့ Facebook ဟာ ကုမ္ပဏီရဲ့ စည်းကမ်းအချို့ကို ဝန်ထမ်းတစ်ယောက် အနေနဲ့ မလိုက်နာနိုင် ခဲ့ရင်တောင် သူ့ကို အလုပ်ပယ်ခြင်း မပြု လုပ်ပါဘူး။ ဒါပေမဲ့ Facebook အသုံးပြု သူတွေရဲ့ လုံခြုံရေး ဆိုင်ရာကို ထိပါးစေမဲ့ စည်းကမ်းချက် တွေကို ချိုးဖောက် ခဲ့ခြင်းကြောင့်သာ သူ့ရဲ့ အလုပ်သင် ဝန်ထမ်း တာဝန်ကို ရပ်ဆိုင်းကာ အလုပ် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ref : Sky

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Sunday, August 09, 2015

မြန်မာ့ ရေဘေး အတွက် ကူညီ လှူဒါန်းနိုင်ရန် ဖေ့စ်ဘွတ်ခ်က စီစဉ်ပေး




တနိုင်ငံလုံး နီပါး ရေကြီးခဲ့တဲ့ မြန်မာနိုင်ငံကို ကူညီ လှူဒါန်းနိုင်ဖို့ အတွက် လူမှု ကွန်ရက် တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်က စီစဉ်ဆောင်ရွက် ပေးလိုက်ပြီ ဖြစ်ပါတယ်။

Donate to Myanmar Flood Relief ဆိုတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်လိုက်တာ ဖြစ်ပါတယ်။

Visa ကတ်၊ Master Card တွေနဲ့ ငွေပေးချေရမှာဖြစ်ပြီး အနည်းဆုံး ၁၀ ဒေါ်လာကနေ ဒေါ်လာ ၅ သိန်းအထိ လှူဒါန်းနိုင်မှာပါ။

အဲဒီလိုပဲ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော တို့ကလည်း ဖုန်းဘီတွေကတဆင့် လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။

အမ်ပီတီက တဆင့်လှူဒါန်းချင်ရင် ကုတ်နံပါတ် ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာပါ။ မက်ဆေ့ဂ်ျမှာတော့ ဘာမှ ရေးပေးစရာမလိုပါဘူး။

တယ်လီနောကတဆင့် လှူချင်ရင်လည်း ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာဖြစ်ပါတယ်။

အော်ရီဒူးကတဆင့် လှူဒါန်းချင်ရင်တော့ ၄၅၄၈ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၁၀ ကျပ်ကနေ ၁ သိန်းကျပ်အထိ လှူဒါန်းနိုင်ပါတယ်။

မက်ဆေ့ဂ်ျပို့ရာမှာတော့ အင်္ဂလိပ်စာလုံးအကြီးနဲ့ HELPMM လို့ ရိုက်ပြီး ကွက်လပ်တခုနောက်မှာ လှူဒါန်းလိုတဲ့ ပမာဏကို ရိုက်ထည့်ရမှာပါ။

ဖေ့စ်ဘွတ်ခ်မှ လှူဒါန်းရန်လင့်ခ် - https://www.facebook.com/myanmarfloodrelief

DVB by ပိုင်စိုး

Original link - http://burmese.dvb.no/archives/106820



Read More »