နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Factory reset. Show all posts
Showing posts with label Factory reset. Show all posts

Monday, August 17, 2015

SC8620 အမျိုးအစားသုံး ဖုန်းများအတွက် Reset ချနည်း။




SC8620 သုံးထားတဲ့ China Hanset များအပြင် Recovery ၀င်မရတဲ့ ဖုန်းတွေ အတွက် Pattern Lock တို့ Pin Lock တို့ ကျနေတဲ့ အချိန် reset ချနိုင်ရန် တစ်ခါ တင်ပေး ထားဖူး ပါတယ်။

အခု နောက်ပိုင်း SC8620 အမျိုးအစား သုံးထားတဲ့ My Phone တို့ Mobilo စတဲ့ ဖုန်းတွေ ထွက်လာတဲ့ နောက်ပိုင်း Screen Lock မေ့နေကြတဲ့ အခါ ပြန်ဖြည်ဖို့ တော်တော် အဆင်မပြေ တွေ့ရ ပါတယ်။

PC နဲ့ ချိတ်ပြီး software တွေနဲ့ ဖြည်ဖို့ အတွက် ကျတော့လဲ Debugging on မထားမိလို့ အဆင်မပြေ။ Recovery mode ၀င်ဖို့ အတွက် ကျပြန်ရင်လဲ Android ကောင်လေး ပေါ်လာပြီး recovery mode ကို မရောက်နဲ့ အဆင်မပြေ တာတွေတွေ့ နေလို့ပာ အရင် တင်ထားဖူးတဲ့ post အပောာင်းလေးကိုပြန်တင်ပေး လိုက်ပါတယ်။

သူ့ကို reset ချရန် အတွက် လိုအပ်တာ ကတော့ Wipe_userdata လေးပါပဲ။ ကျတော်လဲ အရင် က သူများဆီက ရထား တာလေးပါ။ တော်တော်လေး အဆင်ပြေပါတယ်။

လုပ်ပုံ လုပ်နည်း ကလဲ လွယ်ကူပါတယ်။
  • အရင်ဆုံး Computer ကနေ ResearchDownload ဆိုတဲ့ Downloader file လေးကို ဖွင့်လိုက်ပါ။
  • ပြီးရင် Wipe_userdata ကို ထည့်ပေး ရပါမယ်။ ResearchDownload ရဲ့အပေါ်ဆုံးက အရင်ဆုံးတွေ့ရတဲ့ စက်သွားပုံလေးကို Click လိုက်ပါ။
  • Box လေးတစ်ခု ကျလာ ပါမယ်။ အဲဒီ ကနေပြီး မိမိ Download ရယူထားတဲ့ Wipe_userdata လေးကို လမ်းကြောင်းလေး ရွေးပြီး ထည့်ပေး လိုက်ပါ။
  • ပြီးရင်တော့ Play logo လေးကို နှိပ်လိုက်ပါ။
  • ဒီအဆင့်ထိ ပြီးပြီ ဆိုရင်တော့ Screen Lock ကျနေတဲ့ C8620 အမျိုး အစားသုံး Handset ကို Power ပိတ်ပြီး Battery ခဏဖြုတ် လိုက်ပါ။
  • 30 seconds လောက် နေရင် Battery ပြန်တက်ပြီး volume down ကို ဖိထားရက်နဲ့ Computer နဲ့ ဖုန်းကို ချိတ်ဆက် လိုက်ပါ ( USB ကြိုးထိုးလိုက်ပါ။ )
  • ResearchDownload မှာ အလုပ်လုပ်နေပြီ ဆိုရင် volume down ကို လွှတ်လိုက်ပါ။
  • ResearchDownload မှာ အလုပ် လုပ်နေ တာပြီးသွားလို့ PASS ဆိုပြီး ပြလာရင်တော့ Reset ချတာပြီးပါပြီ။
  • Battery လေးပြန်ဖြုတ် / ပြန်တက် ပြုလုပ်ပြီး Power ဖွင့်လိုက်ပါ။ 
  • Screen Lock ပြုတ်ပြီး ဖုန်းကို reset ချထားတာတွေ့မြင် ရပါပြီ ခင်ဗျာ။

အပေါ်က data လေးတွေကို လိုအပ်မယ် ဆိုရင်တော့ အောက်ကလင့်လေး တွေမှာ Download ရယူလိုက်ပါ။

SC8620_Wipe_userdata >>> http://www.solidfiles.com/d/f5e50ef5c8/
ResearchDownload        >>> http://www.solidfiles.com/d/bccb5b9520/
SPD Driver                    >>> http://www.solidfiles.com/d/b44f098887/

Remark >>> Driver မသိခဲ့ပါက SPD Driver လေးကို Run ပေးလိုက်ပါ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, March 03, 2015

Pattern Lock ကျနေတဲ့ Sony Xperia ဖုန်းတွေကို ဘာ tools မှ မသုံးဘဲ Factory reset ပြန်ချနည်း




Pattern Lock ကျနေတဲ့ Sony Xperia ဖုန်းတွေကို ဘာ tools မှ မသုံးဘဲ Factory reset ပြန်ချ ကြည့် ရအောင် ဒီနည်းက service သမား တော် တော် များများ သိကြမှာပါ မသိသေး တဲ့ user တွေ အတွက် တင်ပေး လိုက်တာပါ။



အရင်ဆုံး ပုံထဲ ကလို Lock ကျနေတဲ့ မျက်နှာပြင် အောက်က Emerency Call ကို နှိပ်ပေး လိုက်ပါ။



ပြီးရင် *#*#7378423#*#* ကို ရိုက်နှိပ် ပေးလိုက်ပါ။



ပြီးရင် Customization Settings ကိုရွေးပေးလိုက်ပါ။



ပြီရင် Reset customization and reboot ကို ရွေးပေး လိုက်ပါ ဖုန်းက Reboot ကျပြီး ပြန်တက် လာရင် ပုံမှန် အတိုင် ပြန်လည် အသုံး ပြုလို့ ရနေ ပါပြီ။

Post by SmartGhost

by ထိုင်းရောက် IT လူငယ်များ
http://thaiinmyanmarit.blogspot.com/2015/03/pattern-lock-sony-xperia-tools-factory.html

Read More »