နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Monday, May 25, 2015

Gmail အသုံးပြု သူများ အတွက် Tips (၇) ခု




အီးမေး အသုံးပြု မှုဟာ အခု ခေတ်မှာ တော်တော် တွင်ကျယ် လာပါပြီ။ အီးမေးလို့ ဆိုရင်တော့ Gmail ကိုပဲ အများစုက ပြေးမြင် မိကြ မှာပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း Gmail ကိုပဲ အများဆုံး အသုံးပြုနေ ကြတာပါ။

အထူးသဖြင့် အီးမေး အသုံးပြုတဲ့ ကိရိယာတွေ ထဲမှာလည်း မိုဘိုင်းဖုန်းကို အသုံးပြုသူ အများဆုံး ဖြစ်တဲ့ အတွက် Gmail ( Android App) ကို အသုံးပြုမှုဟာ ပိုများ တယ်ဆိုတာ ပြော စရာတောင် မလိုပါဘူး။ Google က Gmail ကို ပလက်ဖောင်းမျိုးစုံမှာ စွမ်းဆောင်ချက်တွေ ပိုကောင်းအောင် အစဉ်အမြဲပြုလုပ်ပေးနေပါတယ်။ ဒီ Tutorial မှာတော့ Gmail ( Android ) အသုံးပြုသူများအတွက် အသုံးဝင်တဲ့ နည်းလမ်း ခုနစ်ခုကို တင်ပြလိုက်ပါတယ်။

အခု Tutorial မှာ Gmail ( Android ) နောက်ဆုံးဗားရှင်းကို အသုံးပြုထားပါတယ်။

Inboxes များကို ပေါင်းစည်းပါ။

Gmail (Android) နောက်ဆုံး ဗားရှင်းမှာ Google Account များစွာမှ အီးမေးများကို တစ်နေရာထဲကနေ မြင်တွေ့နိုင်မယ့် All Inboxes ပါရှိလာပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အီးမေးနဲ့ အလုပ်အီးမေး အကောင့်နှစ်ခုမှ အီးမေးများကို All Inboxes တစ်နေရာထဲကနေ ဖတ်ရှုနိုင်ပါတယ်။

Gmail မှာ အကောင့်များ ထည့်သွင်းပြီးသွားရင် ဘယ်ဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ပြီး All inboxes ကို ရွေးချယ်ပါ။

အကောင့်တစ်ခုချင်းစီကို သီးခြား ကြည့်ရှုချင်ရင် Menu ကိုတစ်ချက်နှိပ် All inboxes အပေါ်မှ drop-down menu ကိုနှိပ်ပြီး ပြောင်းလဲနိုင်သလို profile picture ပေါ်ကနေ ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပြီး ပြောင်းလဲနိုင်ပါတယ်။



လျှင်မြန်စွာ အလုပ်လုပ်ပါ။

Gmail App ရဲ့ နေရာတိုင်းမှာ အလုပ်တွေကို လျှင်မြန်စွာ လုပ်နိုင်တဲ့ နည်းလမ်းများ ပါရှိပါတယ်။ အီးမေးတစ်ခုကို ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပြီး လျှင်မြန်စွာ Archive လုပ်နိုင်ပါတယ်။ Archive လုပ်ရင် အီးမေးကို Inbox ကနေ All mail ထဲပြောင်းပေးမှာ ဖြစ်တဲ့အတွက် လုံခြုံစွာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Inbox ကို ရှင်းလင်းပေးတာလည်း ဖြစ်ပါတယ်။
နောက်တစ်ခုက Profile Picture တွေကို တစ်ချက်စီနှိပ်ပြီး အီးမေးများစွာကို တစ်ပြိုင်နက် Select လုပ်နိုင်ပါတယ်။ ဒီလို Select လုပ်ရင် Profile Picture တွေကို Check Mark အနေနဲ့ ပြသပေးမှာပါ။ Select လုပ်ပြီးရင် ညာဘက်အပေါ်ထောင့်မှ More Menu (ဒေါင်လိုက် အစက်များ) ကနေ အီးမေးများကို Archive, Delete, Mark as Read/Unread စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်ပါတယ်။



Sync ပြုလုပ်မှုကို ထိန်းချုပ်ပါ။

Gmail မှာ အီးမေးအသစ်တွေကို မမြင်ရရင်တော့ Sync ပြုလုပ်ထားခြင်း မရှိလို့ ဖြစ်နိုင်ပါတယ်။ Settings ထဲသွားပြီး အကောင့်တစ်ခုကို ရွေးချယ်ပါ။ Data Usage အောက်မှ “ Days of email to sync” မှာ ရက် သုံးဆယ် ဒါမှမဟုတ် နှစ်သက်သလောက် သတ်မှတ်ပေးပြီး အိုကေ နှိပ်ပါ။

သူ့အောက်က Manage labels ထဲကို သွားရင် Label အားလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ Label တစ်ခုချင်းစီထဲသွားပြီး Sync message ကို နှိပ်ပါ။ ဒါဆိုရင် Sync ပြုလုပ်မယ့် Settings ကို သတ်မှတ်နိုင်ပါတယ်။ Label Settings မှာပဲ Notifications အောက်မှာ အဲဒီ Label နဲ့ အီးမေးအသစ်ဝင်လာရင် အသံ၊ တုန်ခါမှုနဲ့ အသိပေးဖို့ သတ်မှတ်နိုင်ပါတယ်။



စမတ်ကျစွာ ရှာဖွေပါ။

Gmail App မှာ Web Version လိုပဲ Search Function တွေ စုံလင်ပါတယ်။ ဥပမာအားဖြင့် “ older_than:1y” ဒါမှမဟုတ် “ older_than:1d” လို့ ရိုက်ပြီး ရှာရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော် ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်ရက်ကျော်က အီးမေးတွေကို ပြသပေးမှာပါ။ Web Version မှာ အသုံးပြုလို့ရတဲ့ ရှာဖွေမှုဖန်ရှင်အားလုံး နီးပါးကို Gmail App မှာ အသုံးပြုနိုင်ပါတယ်။ Google က Gmail အတွက် Search Function တွေကို အောက်ပါ Webpage မှာ တစ်စုတစ်စည်းထဲ ပြသပေးထားပါတယ်။

အသေးစိပ် လေ့လာချင်ရင် ဒီနေရာကို နှိပ်ပါ



Conversation များကို Mute လုပ်ပါ။

Gmail မှာ အလုပ်ကိစ္စအရ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စအရ တစ်စုံတစ်ယောက် သို့မဟုတ် လူများစွာနဲ့ အပြန်အလှန် အီးမေးပေးပို့ ဆက်သွယ်ဖူးကြမှာပါ။ ဒီလို အပြန်အလှန် ပေးပို့ကြတဲ့ အီးမေးတွေကို Thread or Conversation လို့ ခေါ်ကြပါတယ်။ အဲဒီ Thread or Conversation ဟာ သင့်အတွက် အသုံးမ၀င်တော့တဲ့ အချိန်ကြရင် Mute လုပ်နိုင်ပါတယ်။ Mute လုပ်လိုက်တဲ့ Thread တစ်ခုမှ အီးမေးအသစ်များ ၀င်လာရင် အလိုအလျှောက် Archive ထဲကို ပို့ပေးမှာ ဖြစ်တဲ့အတွက် Inbox မှာ မျက်စိမရှုပ်တော့ပါဘူး။ ( အဲဒီ အီးမေးများကို Unread အဖြစ် သတ်မှတ်ပေးထားပါတယ်။ )ဒီလိုလုပ်ဖို့ Thread or Conversation တစ်ခုထဲသွားပြီး More Menu ( ဒေါင်လိုက် အစက်များ) ကိုနှိပ်ပြီး Mute လုပ်ပါ။



Auto-Advance ကို အသုံးပြုပါ။

Auto-Advance က အီးမေးများစွာနဲ့ အလုပ်လုပ်ဖို့ လိုအပ်လာရင် အသုံးဝင်ပါတယ်။ အီးမေးတစ်ခုကို ဖတ်ပြီးလို့ Archive or Delete လုပ်ရင် သင်ဟာ Inbox ထံ ပြန်လည်ရောက်ရှိသွားမှာပါ။ အဲဒီအတွက် နောက်ထပ် အီးမေးတစ်ခုကို ဖတ်ချင်ရင် နောက်ထပ်ခလုတ်တစ်ချက်နှိပ်ရမှာ ဖြစ်ပါတယ်။ Auto-Advance ကို အသုံးပြုရင် Inbox ထံ ပြန်လည်ရောက်ရှိမှာ မဟုတ်ဘဲ နောက်ထပ် အီးမေးတစ်ခုကို ပြသပေးမှာပါ။

Settings ထဲမှ General Settings ထဲသွားပါ။ Auto-advance ကို နှိပ်ပြီး Newer or Older သတ်မှတ်နိုင်ပါတယ်။



သင့်အီးမေး များကို နေရာတကျ ဖြစ်အောင် Gmail ကို လေ့ကျင့် ပေးပါ။

Gmail မှာ Priority, Inbox , Spam စသဖြင့် Inbox များစွာ ပါရှိပါတယ်။ ဒါပေမယ့်လည်း အရေးမကြီးတဲ့ အီးမေးများဟာ Priority Inbox ထဲရောက်ရှိနေတတ်ပြီး အရေးကြီးတဲ့ အီးမေးများဟာ Spam ထဲရောက်နေတတ်ပါတယ်။ အဲဒီအတွက် သင်က Gmail ကို လေ့ကျင့်ပေးထားသင့်ပါတယ်။

ဥပမာအားဖြင့် အရေးမကြီးတဲ့အီးမေးတစ်ခုကို Important အဖြစ် သတ်မှတ်ထားရင် ညာဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ပြီး “ Mark as not important “ ကို သတ်မှတ်ပေးပါ။ Spam မှာ အရေးကြီးအီးမေးတစ်ခုကို တွေ့ရင် Menu ကိုနှိပ်ပြီး “ Mark important” ဒါမှမဟုတ် “ Report note spam “ ကို နှိပ်ပါ။ အခြား အီးမေးများကိုလည်း ဒီနည်းအတိုင်းပဲ သက်ဆိုင်ရာ ဖိုဒါသို့ ပြောင်းရွှေ့နိုင်ပါတယ်။ Gmail က ဘယ်အီးမေးကို ဘယ်နေရာမှာ သိမ်းရမလဲဆိုတာ လေ့လာသိရှိနိုင်ပြီး နောက်ပိုင်းမှာ အဲဒီ အမှားများ မဖြစ်အောင် စီမံပေးမှာ ဖြစ်ပါတယ်။




Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, January 09, 2015

Android ဖုန်းတွေမှာ Gmail အကောင့်သစ် ထပ်ဖွင့်လို့ မရ တော့တဲ့ ပြသာနာ ဖြေရှင်းနည်း




ကျွန်တော်တို့ Android ဖုန်းတွေမှာ အော်ရီဂျင်နယ် ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gappinstaller တွေ
နဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့ Gmail app ဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါ အကောင့် ဆယ်ခုလောက်
ဖွင့်ပြီးရင် အကောင့်သစ် ထပ်ဖွင့်လို့ မရတော့ပါဘူး။ တစ်ခါ တစ်လေမှာ လုပ်ပြီးသား အကောင့်ကို
sign in ဝင်တာတောင်မှ ဝင်လို့ မရတတ်တော့ပါဘူး။

အဲဒီလို ပြသနာမျိုးကို Gmail အကောင့်တွေ အများကြီး လုပ်တတ်တဲ့ သူတိုင်း ကြုံဖူးကြလိမ့်မယ်
ထင်ပါတယ်။ အဲဒီ ပြသနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ဖေ့ဘုတ်က နည်းပညာ Group တစ်ခုမှ
အကို တစ်ယောက်က ပြောပြတဲ့ အတွက် ပြန်လည် ဝေမျှ လိုက်ရ ပါတယ်။

Gmail အကောင့် သစ် ထပ်ဖွင့်လို့ မရတော့တဲ့ ပြသနာကို ဖြေရှင်းဖို့ အတွက် ပထမဆုံး အနေနဲ့
Setting ထဲက ACCOUNTS ဆိုတဲ့ ခေါင်းစဉ် အောက်က Google ဆိုတဲ့ အထဲကို ဝင်ပါ။ အဲဒီထဲ
မှာ လုပ်ပြီးသား Gmail အကောင့်တွေ ရှိတယ် ဆိုရင် အားလုံးကို Remove account လုပ်ပါ။

ဒုတိယ အနေနဲ့ ကတော့ Setting >>Manage apps >> ALL ကို သွားပါ။ Gmail app နဲ့ Google
Account Manager နဲ့ Google Services Framework တို့ကို Clear data လုပ်ပေး လိုက်ပါ။

တတိယ အနေနဲ့တော့ ဖုန်းကို Restart ချပေး လိုက်ပါ။ အဲဒါ ဆိုရင် Gmail အကောင့် အသစ်တွေ
ပြန်ဖွင့်ဖို့ အတွက် လုံးဝကို အဆင်ပြေ သွားပါပြီ ခင်ဗျာ။

အခု ရေးပြ ခဲ့တဲ့ နည်းလမ်းလေးကို မသိခင် ကပေါ့ဗျာ။ အဲဒီလို ပြသနာမျိုး ကြုံတာနဲ့ Gmail အ
ကောင့် သစ်တွေ ပြန်ဖွင့်နိုင်ဖို့ အတွက် ကျွန်တော် ဟာ Factory data reset ချတဲ့ နည်းနဲ့ပဲ ဖြေ
ရှင်းနေ ရပါ တယ်။ ကျွန်တော်ဟာ G mail အကောင့်တွေ အများကြီး လုပ် တတ်သူ ဆိုတော့
Gmail အကောင့်သစ် ဖွင့်လို့ မရတော့တဲ့ အခါတိုင်းပဲ ကျွန်တော့်ရဲ့ ဖုန်းကို reset ချနေရတော့
Contacts တွေ data တွေကို Backup ဆွဲရ Restore ပြန်ပြီး လုပ်ရနဲ့ ခဏ ခဏတိုင်းဒုက္ခများနေ
ခဲ့ရပါတယ်။

အခုတော့ Factorydata reset ချစရာ မလိုပဲ ဖြေရှင်းလို့ ရတဲ့ နည်းလမ်းကို သိရပြီ ဆိုတော့ အဲဒီ
ဒုက္ခတွေ မရှိတော့ ဘူးပေါ့ဗျာ။ ကျွန်တော့်လို Gmail အကောင့်တွေ အများကြီး လုပ်တတ် သူ
တွေ အတွက် ဒီပိုစ့်လေး ထဲကနည်းလမ်း လေးတွေက အကျိုးရှိစေမယ်လို့်မျှော်လင့်ပါတယ်။

အခုရေးပြခဲ့တဲ့ နည်းလမ်းလေးကို ပြောပြပေးခဲ့တဲ့ Facebook နည်းပညာ Group တစ်ခုမှ Arker
Linmg ဆိုတဲ့ အကောင့် ပိုင်ရှင် အကို့ကို ကျေးဇူး တင်ပါတယ် ခင်ဗျာ။

Post ရေးသူ / Zaw Myo Htet

Read More »

Friday, December 12, 2014

မိမိတို့ နေ့စဉ် ထိတွေ့နေတဲ့ Gmail အခု ဗာရှင်း အသစ်လေး ထွက်လာပါပြီ Gmail-5.0



ဒီတစ်ခါတော့ ဦးလေးကြီးကို တင်ပေးဖို့ ပြောထားတဲ့ မိတ်ဆွေရယ် တခြား တခြား မိတ်ဆွေများ အတွက်ပါ
တင်ပေးလိုက် ပါတယ်။

အခု ဗာရှင်းလေးဟာ Gmail အကောင့် အသစ် ဖွင့်ချင် သူများ အတွက် တော့ ရှယ်ပဲနော် ဘာလို့လည်းဆို
တော့ ပိုမိုမြန်ဆန် လာတာကြောင့်ပါ။

ဦးလေးကြီး အထူရှင်းပြ စရာမလိုဘူး ထင်ပါတယ် လူတိုင်းနေ့စဉ် ထိတွေ့ နေတဲ့ apk လေးမို့ပါ။

▼ mega.co ▼

From : Pyae Phyo (MMiTD) by ဦးအာကာ -ဦးလေးကြီး


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, November 01, 2014

Google Play store (5.0.37) & Gmail (5.0) Latest



နောက်ဆုံးထွက်ရှိလာတဲ့ Google Playstore (5.0.37) နဲ့ Gmail (5.0) Latest လေးကို ပြန်လည် မျှဝေပေး
လိုက်ပါတယ်။


အခု ထွက်ရှိလာတဲ့ Update တွေမှာ Material Design အဖြစ်ပြောင်းလဲ သွားပြီး လှပလာကာ အသုံးပြုရတာ
ပိုမို အဆင်ပြေလာပါတယ်။

▼ play store ▼
[And]
▼ Gmail ▼

အဆင်ပြေကြပါစေ

Aung Khaing (MMAS & MMUG)
http://www.myanmarmobileapp.com/< The Best Mobile Knowledge Sharing Website In Myanmar !

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 05, 2014

Gmail Account Password Change နည်း






မသိသေးသူတွေအတွက်ပါ.....

Credit : Kyaw San Lwin
https://www.facebook.com/kyawsan.lwin.524?fref=photo

Read More »

Saturday, July 26, 2014

iOS အတွက် "Gmail" App ကို Google က Update အသစ် ထပ်မံ ထုတ်ပေး လိုက်ပါပြီ



Version 3.1.4159 အဖြစ် ထွက်လာတဲ့ update မှာ အဓိက အားဖြင့် Google ရဲ့ Cloud service ဖြစ်တဲ့ Google Drive နဲ့
Gmail ကို တိုက်ရိုက် ချိပ်ဆက် အလုပ် လုပ်ဆောင်နိုင်ပြီး အခြား ပြောင်းလဲမှု အချို့ ကိုလည်း တွေ့ရ ပါတယ်..

Google Drive လို့ ခေါ်တဲ့ Cloud Storage ကို Gmail ရှိ သူတိုင်း မိမိရဲ့ mail password နဲ့ပဲ ဝင်ရောက် အသုံးပြုနိုင် ပါတယ်။
Gmail SignUp လုပ်လိုက်တာနဲ့ Cloud Storage 15GB Free ရရှိပြီးသား ဖြစ်လို့ Google Drive ထဲမှာ မိမိရဲ့ Files, Photos
စတာတွေကို သိမ်းထားနိုင် ပါတယ်။ လိုအပ် ရင်တော့ Cloud Storage ကို ထပ်မံ ဝယ်ယူနိုင် ပါတယ်။

ယခု update လုပ်ပေး လိုက်တဲ့ Gmail မှာ Drive ထဲမှာ သိမ်းထားတဲ့ Photos, Documents တွေကို တိုက်ရိုက် ပေးပို့ နိုင်သလို မိမိထံ ရောက်လာတဲ့ စာနဲ့ အတူ တွဲလာတဲ့ Attachment files တွေ ကိုလည်း Drive ထဲကို တိုက်ရိုက် သိမ်းနိုင် ပါတယ်။

ဒီနည်းလမ်းကြောင့် iDevice တွေရဲ့ Storage ကို သက်သာစေ ပါတယ်။


Gmail App မှာ မိမိရဲ့ Profile ပုံကို စိတ်ကြိုက် ပြောင်းနိုင် ပါတယ်။ အခြား Gmail account များကိုလည်း Hide လုပ်ထားနိုင်ပြီး လိုအပ်တဲ့ အခါမှာ ပြန်လည် ပြသ ထားနိုင် ပါတယ်။



Gmail App ကို အောက်ကလင့်မှာ Free Download ရယူ Update လုပ်နိုင်ပါပြီ...။

itunes.apple

မိုးသိကြား ဆိုဒ်မှ ကူးယူမျှဝေသည်။


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, July 05, 2014

မိုဘိုင်းဖုန်းနှင့် Gmail အသစ် ဖွင့်နည်း



အခု ကျွန်တော် ပြောပြ ပေးမဲ့ နည်းလေးက ကိုယ့်ရဲ့ ဖုန်းထဲမှာ Gmail အကောင့် ဖွင့်နည်းလေးပါ။

ဖုန်းထဲမှာ Gmail မဖွင့်တတ် သေးတဲ့ သူတွေ အတွက် အဆင်ပြေအောင်လို့ ကျွန်တော် ပုံလေးတွေနဲ့ ရှင်း
ပြပါ့မယ်ဗျာ အခုပဲ တစ်ခါထဲ လုပ်ကြည့် ရအောင်ဗျာ။

ပထမ ဦးဆုံး ဖုန်းရဲ့ Setting ထဲကို ၀င်ပါ အောက်မှာပြထားတဲ့ ပုံလေးတွေကို တွေ့ပါလိမ့်မယ်။


ပုံလေးထဲမှာ တွေ့တဲ့ အတိုင်း Add account ကို နှိပ်လိုက်ပါ။


ကျွန်တော် ပြထားတဲ့ ပုံအတိုင်း Google ဆိုပြီး တွေ့မှ Gmail အကောင့်ဖွင့်လို့ ရ ပါမယ် Google ဆိုပြီး မ
ပါတဲ့ သူတွေ ကတော့ Gmail ဖွင့်လို့ မရပါဘူးဗျာ ဆက်လုပ်ကြည့် ရအောင်ဗျာ


Add Account ကိုနှိပ်ပြီး Google ထဲ ၀င်လိုက်ရင် Existing နဲ့ New ကို တွေ့ပါလိမ့်မယ်

ကိုယ်က Gmail အသစ် ရှာမယ် ဆိုရင်တော့ New ကိုနှိပ်ပေး လိုက်ပါ


အထက်ပါပုံအတိုင်းFirst နဲ့ Last ကို တွေ့ရပါမယ်
  • ကိုယ့်နာမည်ကို အတည်ပြုချင်တဲ့ နာမည်ကို ရိုက်လိုက်ပါ
  • ရှေ့ကို ဆက်သွားမှာ ဖြစ်တဲ့ အတွက်> ဆက်သွားမဲ့ ပုံလေးကို နှိပ်ပြီးရှေ့ဆက် သွားပါဗျာ။


  • ပြီးရင် ကိုယ် လုပ်ချင်တဲ့ Gmail နာမည် ရိုက်ပါ
  • ဥပမာ yenihackerlay@gmail.com ပေါ့ဗျာ


ကိုယ်ရှာထားတဲ့ အကောင့်က ရရင်တော့ ဆက်သွား ပါလိမ့်မယ် ကိုယ်ရှာထားတဲ့ အကောင့်က မရရင်
တော့ ...
  • Touch For Suggestions ဆိုပြီးပေါ်လာပါလိမ့်မယ်
  • Touch For Suggestionsကိုနှိပ်လိုက်ပါ


  • သူတို့ ပေးထားတဲ့ အကောင့်တွေပဲ ရပါတယ်
  • ကိုယ့် ကြိုက်တဲ့ နာမည်ကို ရိုက်လိုက်ပါ
  • ပြီးရင် Try again ကို နှိပ်လိုက်ပါ


  • Create Password ဆိုတာ ထပ်ပြီးပေါ်လာပါလိမ့်မယ်
  • Password မှာကိုယ် ကြိုက်တဲ့ နာမည်ပေးနိုင်ပါတယ်
  • ပြီးရင် ကိုယ့်ရဲ့ စိတ်ထဲမှာ မှတ်ထားပါ
  • ပြီးရင် Retype Password နေရာမှာ ခုဏကထည့် ထားတဲ့ password ကို ပြန်ထည့်ပါ


ကိုယ့်ရဲ့ အကောင့်လေးကို လုံခြုံမှု ရှိအောင်မေးခွန်းလေးတွေ မေးတာပါ


  • ကိုယ့်က ဘာကိုရွေးပေး ရမလဲဆိုရင် Frist Phone Number? ကိုရွေးပေးလိုက်ပါ
  • ပြီးရင် Answer နေရာမှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်လေးကို ထည့်ပေး ထားလိုက်ပါ
  • Recovery Emailနေရာမှာ က ကိုယ့်မှာရှိပြီးသား Gmail ကို ထည့်ပါ
  • ဘာလို့ ထည့်ပေးရ တာလဲဆိုရင် ကိုယ့်အကောင့်ကို လုံခြုံမှု ရှိအောင်ပါ
  • ပြီးရင် ဆက်သွားပါ အောက်ကပုံ အတိုင်းတွေ့ပါလိမ့်မယ်


ကိုယ်ရှာထားတဲ့ အကောင့်ကို ရပါပြီဆိုပြီးပြတာပါ ပြီးရင်ဆက်သွားပါ


ပြီးရင် သူ့ထဲမှာ ထည့်ပေးထားတဲ့ စာလေးတွေကို မှန်အောင်ထည့်ပေးပါ
မှားနေရင်တော့ ဒီနေရာကို ပြန်ရောက်လာမှာပါ မှန်ရင်တော့ ဆက်သွားမှာပါ


ပြီးရင်ဆက်ပြီးနှိပ်ပါ


အပေါ်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်
ကိုယ်မှာက Credit Card မရှိသေးတဲ့ အတွက် Not Now ကိုနှိပ်ပေးလိုက်ပါ


  • ကိုယ့်ရဲ့အကောင့်ကိုback up လုပ်မှာ လားလို့မေးလိမ့်မယ်
  • ကိုယ်က လုပ်မည်ဖြစ်သောကြောင့် ဆက်ပြီးနှိပ်လိုက်ပါ
  • ပြီးရင်ခဏလေးစောင့်လိုက်ပါ


ဒါဆို ကိုယ်လိုချင်နေတဲ့ Gmail လေးရပြီပေါ့ဗျာ

ဘယ်လောက် လွယ်တဲ့ နည်းလေးလဲ အခုပဲ လိုချင်တဲ့ သူတွေ ရှာကြည့်ရအောင်ဗျာ

by: Thiha Htike (Mobile နည်းပညာ)


Read More »

Wednesday, January 15, 2014

Facebook စာတွေ Gmail မှာ များလွန်းလို့ စိတ်ညစ်နေသူများ အတွက်



မိမိ Gmail ကို Sing In ဝင်ပါ... ပုံလေးတွေကြည့်ပြီး နံပါတ်စဉ် အတိုင်း လုပ်ဆောင်ပေးသွားပါ...။




နံပါတ် (5) နေရာမှာ Facebook မှ ပို့လာတဲ့ Url (သို) Mail ကို ကူးထည့်ပါ..။




That All !!

နည်းလမ်း (၂)

www.facebook.com သို့ *Login* ၀င်လိုက်ပါ။

Account Settings ကို နှိပ်ပါ...


Notifications Tab ကိုနှိပ်ပါ

facebook+notifications

မရောက်စေချင်တာတွေကို... ဘေးနားက Edit ကိုနှိပ်ပြီး....


မိမိ မလိုချင်တာတွေ (သို့) မဝင်စေချင်တာတွေ ရွေးပြီး Uncheck (အမှန်ခြစ်ဖြုတ်ပေးပါ)

stop+facebook+notifications

Save and Change ကိုနှိပ်ပြီး Save လိုက်ပါ..။

ဝင်းကမ္ဘာကျော်ဆိုဒ်မှ ကူးယူမျှဝေသည်။
Read More »