နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

Sunday, May 28, 2017

Android ဖုန်းတွေရဲ့ Version အဆင့်မြှင့်နိုင်ဖို့ Google က ဖြေရှင်းပေးမည်




Android စနစ် ဖုန်းတွေဟာ ဒီနေ့ ကမ္ဘာမှာ လူသုံး အများဆုံး ဖုန်းတွေ ဖြစ်နေ ပေမယ့် သူတို့မှာ ကြီးမားတဲ့ ပြဿနာ တခု ရှိနေ ပါတယ်။

အဲဒါကတော့ Android စနစ်သစ်တွေ မကြာခဏ အဆင့်မြှင့်နေ သလို လက်ရှိ ဖုန်းတွေမှာ ပါရှိနေ တဲ့ Version ကနေ အသစ် ထွက်လာတဲ့ Version ကို အဆင့်မြှင့်တင် အသုံးပြုနိုင်ဖို့ ခက်ခဲနေခြင်းပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လက်ရှိ ကိုင်ဆောင်နေတဲ့ Android ဖုန်းမှာ Version 5.0 ကို သုံးထားပေမယ့် Version 6.0 ထွက်ရှိလာ ချိန်မှာ Version အသစ်ကို မြှင့်တင် အသုံးပြုနိုင်ဖို့ ခက်ခဲတာပဲ ဖြစ်ပါတယ်။

အချို့သော ဖုန်းတွေမှာတော့ အဆင့်မြှင့်နိုင်ဖို့ လုပ်ဆောင် နိုင်တယ်လို့ ဆိုထားပေမယ့် အဆိုပါ Android Version အဆင့်မြှင့်နိုင်တဲ့ ဖုန်းဟာ v6.0 ကို သုံးထားပြီး လက်ရှိ နောက်ဆုံး ထွက်ထားတဲ့ v7.0 ကို မြှင့်ချင်တယ် ဆိုရင် မြှင့်နိုင်တယ် လို့ပဲ ဆိုထားတာပါ။ တကယ်လို့ v8.0 ထွက်လာရင်တော့ အဆင့်မြှင့်နိုင် ဦးပါ့မလား။

ဒီလို အားနည်းချက် အတွက် Google ကနေ Chip တွေ ထုတ်လုပ် ဖန်တီးမှု လုပ်ငန်း OEMs နဲ့ ပူးပေါင်းပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစား လာခဲ့ရင်း ကနေ အခုတော့ အဖြေ ထွက်လာ ပါပြီ။

Project Treble လို့ အမည်ရှိ နည်းပညာ သစ်ပါ။ အဲဒီ စနစ်ပါရှိတဲ့ ဖုန်းတွေ အနေနဲ့ လက်ရှိ ဖုန်းမှာ Android Version ဘယ်လောက်ပဲ ထည့်ထားသည် ဖြစ်စေ နောက်ထွက် Version တွေကို အဆင့်မြှင့်နိုင်မယ့် အားသာချက် ဖြစ်လာပါတယ်။

Google အနေနဲ့တော့ သူ့ရဲ့ App တွေနဲ့ရော ဖုန်းမော်ဒယ်တွေ မှာပါ အဆိုပါ နည်းပညာသစ်နဲ့ ပတ်သတ်တဲ့ စမ်းသပ်ချက်တွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။



ဒါပေမယ့် လက်ရှိမှာ ဈေးကွက်အတွင်းမှာ ရှိနေတဲ့ ဖုန်းတွေတိုင်းမှာ သုံးနိုင်အောင်တော့ ပြီးပြည့်စုံတဲ့ အဆင့် မရောက်သေးဘူး လို့ ဆိုပါတယ်။ Google က လတ်တလောမှာ အချိန်ပေး စမ်းသပ်ရဖို့ ရှိနေသေးသလို စရိတ် ကုန်ကျမှု အပိုင်းကိုလည်း တွက်ချက်နေရဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။

တကယ်လို့ အခု Project Treble စနစ် သုံးနိုင်လာရင်တော့ Version Update အသစ် လာတိုင်း Google ကနေ ဖုန်း ထုတ်လုပ်သူတွေဆီကို Code အသစ် ပို့မယ်၊ အဆိုပါ ဖုန်းထုတ်လုပ်သူတွေကနေ သူတို့ ရောင်းချ ထားသမျှ ဖုန်းတွေ ဆီကို အဆိုပါ Code တွေ ထပ်မံ ပို့ဆောင်ပြီး Version Update လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာပါ။

အဲဒီလိုဆို တကယ် သဘောကျ စရာပါ။ မသေချာတဲ့ Source တွေကနေ Update လုပ်တာကြောင့် Malware ကူးစက်မှု ကိုလည်း အကောင်းဆုံး ဟန့်တားစေ နိုင်ပါလိမ့်မယ်။

ဒီလို Update လုပ်နိုင်ဖို့ အတွက် အချိန် အကန့်အသတ် ဘယ်လောက် ရလာ နိုင်ပါသလဲ။ Android စနစ်ရဲ့ အဓိက ပြိုင်ဖက် iOS စနစ်မှာတော့ အချိန် ၅ နှစ် သက်တမ်း ရှိပါတယ်။ အခု Project Treble မှာတော့ သက်တမ်း ၂ နှစ် အတွင်း Update လုပ်နိုင် လာဖို့ ရှိနေပါတယ်။ ဒီလိုဆိုရင်တော့ Google ရဲ့ ဖန်တီးမှု အသစ် Project Treble အနေနဲ့ Android စနစ်သုံး ဖုန်းတွေကို နောက်ထွက် OS Version တွေ အဆင့်မြှင့် သုံးနိုင်လာစေမှာပါ။

တခုတော့ ရှိပါတယ်။ အခုချိန်မှာ Google အနေနဲ့ စနစ်သစ်ကို စမ်းသပ်နေဆဲ ဖြစ်ပြီး လက်ရှိ ဈေးကွက်အတွင်း ဖုန်းတွေမှာတော့ ဒီစနစ်သစ် ပါရှိမှာ မဟုတ်ဘဲ နောက်ထွက် မော်ဒယ်တွေမှာ Project Treble ပါရှိလာပါလိမ့်မယ်။

ဒီစနစ်ပါတဲ့ ဖုန်းတွေ အတွက်ကတော့ Version အသစ်တွေ အချိန်နဲ့ တပြေးညီ သုံးနိုင် လာမှာပါ။ Google ရဲ့ နောက်ထုတ်မယ့် Pixel နဲ့ Pixel XL မော်ဒယ်တွေမှာ Project Treble ပါရှိ အသုံးပြုနိုင်လာဖို့ ရှိနေပါတယ်။

Ref: www.forbes.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL)

Originally published at - https://burma.irrawaddy.com

Read More »

Friday, September 04, 2015

ဖုန်းထဲမှနေ ကမ္ဘာပေါ်က နေရာစုံကို လျှောက်သွား ချင်သူတွေ အတွက်




ကမ္ဘာပေါ်က အထင်ကရ နေရာစုံကို ဖုန်းထဲကနေ အပြင်မှာ တကယ် သွားလာနေရ သလို လျှောက်သွား ကြည့်လို့ ရမယ့် Google Street View app ထွက်ရှိ လာပါပြီ။ ဒီ app လေးဟာ Android အတွက်တော့ ထွက်ရှိ ထားတာ နည်းနည်း ကြာနေပြီ ဖြစ်ပေမယ့်

ယခု အခါမှာတော့ Android အတွက်ရော iOS အတွက်ရော Feature အသစ်တွေ ထပ်မံ ထည့်သွင်းပြီး ထွက်ရှိ လာတာပါ။



ကမ္ဘာ့နေရာ အနှံက ကိုယ်သွားချင်တဲ့ အထင်ကရ နေရာတွေ ၊ မြို့ကြီးတွေကို ဒီ Street View app လေးထဲ ကနေ ၀င်ပြီး ၃၆၀ ဒီဂရီ View နဲ့ ဟိုဟို ဒီဒီ လမ်း လျှောက်ပြီး ကြည့်ရှုနိုင် မှာပါ။

နောက်ပြီး ကိုယ် ကိုယ်တိုင်လည်း လက်ရှိ ကိုယ်ရောက် နေတဲ့ ရှုခင်း မြင်ကွင်း နေရာကို ဒီ Google Street View app ကို အသုံးပြုပြီး 360 Degree View နဲ့ရိုက် ၊ ပြီးရင် Google Maps ထဲမှာ တိုက်ရိုက် ပြန်တင်နိုင် ပါတယ်။ တခြား သူတွေလည်း ကိုယ်ရောက်နေတဲ့ နေရာကို သူတို့ရဲ့ ဖုန်းထဲ ကနေ လာရောက် လည်ပတ်လို့ ရတာပေါ့။



Google Street View app ကို မိမိတို့ရဲ့ iOS, Android ဖုန်းတွေမှာ စမ်းသပ် အသုံးပြုလို သူများ အတွက် အောက်က link များမှာ Download ရယူနိုင်ပါမယ်။

Google Street View for iOS
OR
Google Street View for Android

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)

Original link - https://www.facebook.com/thetnaing.mmas



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, August 21, 2015

Website Version ထွက်လာတဲ့ Google Hangout




မကြာသေးခင်ကမှ Version အသစ်ထုတ်ပြီး အသုံးပြု သူတွေကို ဝန်ဆောင်မှု အသစ်တွေ aပးခဲ့တဲ့ Google Hangout ဟာ အခု ဆိုရင် Website မှာပါ ဆက်သွယ် စကားပြော ဆိုနိုင်ပါပြီ။ Google Hangout ဟာ Mobile Application တွေမှာ ပါဝင်တဲ့ Feature တွေ အတိုင်းပဲ Website မှာလည်း ထည့်သွင်းပေး ထားပါတယ်။ ဒါပေမဲ့ မိမိရဲ့ Friend List ကို Website Interface ရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးမှာ ဖြစ်ပြီး ဗီဒီယို Chat ခြင်း ၊ အသံဖြင့် Chat ခြင်းနဲ့ မက်ဆေ့စ် စာသားများ ပို့ခြင်း တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Hangout Website ရဲ့ ထူးခြားချက် ဖြစ်တဲ့ နောက်ခံ Background ပုံများ သူ့အလို အလျောက် ပြောင်းလဲခြင်းနဲ့ User တွေကို ဆွဲဆောင် ထားပါတယ်။ Website ရှိလာတဲ့ အတွက်ကြောင့် ကြည်လင်စွာ စကားပြော ဆိုနိုင်ခြင်း ၊ မက်ဆေ့ခ်ျ ပို့ခြင်းတို့ကို လျင်မြန် တွင်ကျယ်စွာ ပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင် ပါတယ်။ ဒါ့အပြင် Google Hangout ကို Chrome Extension နဲ့ Chrome Desktop Application တွေမှာ လည်း အသုံးပြုနိုင် ပါတယ်။

Google Hangout ကို Website ကို အသုံးပြုချင်တယ်ဆိုရင်တော့ ဘာ account မှ Create ထပ်လုပ်စရာ မလိုပဲ မိမိရဲ့ Gmail သို့မဟုတ် Google + တို့နဲ့ပဲ အသုံးပြုနိုင် ပါတယ်။ Google Hangout Website ကို အသုံးပြု လိုပါက အောက်က link ကနေ သွားရောက် အသုံးပြုနိုင် ပါတယ်။

https://hangouts.google.com/

Ref : Google+

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Sunday, July 26, 2015

Google+ အကြောင်း မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်




အခုတလော ကျွန်တော် social website အသစ် တစ်ခု ဖြစ်တဲ့ Google+ ကို တော်တော်လေး သုံးရတာ အကြိုက် တွေ့နေ ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုး အများစုက Gmail နဲ့ မစိမ်းကြ ပါဘူး။

ဒါပေမယ့် Google+ နဲ့တော့ တော်တော်လေး မရင်းနှီး ကြဘူးလို့ ထင်မိတယ်။ သိပြီးသား သူတွေ ကတော့ ကျော်သွား ကြပေါ့။ မသိသေးတဲ့ သူတွေ ကတော့ စိတ်ရှည်ရှည်နဲ့ ဖော်စား အဲလေ
ဆက်ပြီး ဖက်ကြည့် ကြပေါ့နော် အားလုံး အတွက် ကောင်းကွက် လေးတွေ ရှိလို့ မျှဝေပေး တာပါ။ ဆရာကြီး လုပ်တယ်လို့တော့ မထင်ပါနဲ့ဗျာ။

Google+ ဆိုတာဘာလဲ???

google+ ဆိုတာက အားလုံး သိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခု ဖြစ်ပါတယ်။ ဒီထက် နဲနဲ ပိုခက်အောင် ပြောရရင် Google+ ဆိုတာ Facebook, Twitter, VZO (skype), Gtalk အဲ့ဒါတွေ အားလုံးကို ပေါင်းစည်း ထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလား မသိဘူး။ မရှုပ် ပါနဲ့အုံး လွယ်လွယ် လေးပါ။ ဒီလိုမှတ်ထား လိုက် Facebook အငယ်စား လေးပေါ့။

တကယ်ပဲ Facebook အငယ်စား လေးလား?? Facebook Killer လား???

G+ မှာ FB နဲ့ လုံးဝ နီးပါး ချွတ်စွတ် တူနေတဲ့ နေရာတွေ ရှိနေ ပါတယ်။ ဒါပေမယ့် FB အတု ဒါမှ မဟုတ် FB ကို copy လုပ်ထားတာ ဆိုပြီး ကမ္ဘာပေါ်က ဘယ် user ကမှ အထင် မသေးရဲ ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ FB ဆီက copy လုပ် ထားတယ် ဆိုတာထက် FB တောင် နောက်ကောက် ကျသွားနိုင်တဲ့ အားသာ ချက်တွေ များစွာနဲ့ users တွေ ဆီကို feature အသစ်တွေနဲ့ ဝင်ရောက် လာခဲ့ တာပါ။

အခုဆို feature အသစ် အသစ်တွေ ဆက်တိုက် ထွက်လာပြီး ဟိုတလောက FB ပိတ် တော့မယ် ဆိုတဲ့ သီတင်း တကယ်မှန် သွားစေနိုင် လောက်အောင် လျှင်လျှင် မြန်မြန်နဲ့ အောင်မြင် လာခဲ့ပါတယ်။

Google+ ဆိုပြီး တရားဝင် မလွှင့်တင်ခင် အထိ Google+ Project ဆိုပြီး Google company က ၀န်ထမ်းတွေကို စပြီး အသုံးပြုခွင့် ပေးခဲ့ ပါတယ်။ အဲ့ဒီ Trial ကာလ အတွင်းကတော့ G+ ကို လက်ရှိ အသုံးပြုနေတဲ့ သူတွေက invite လုပ်ပေး မှ အကောင့် မရှိသေးတဲ့ သူတွေ အသုံးပြုခွင့် ရတဲ့ ကာလပါ။ အံ့သြ စရာ ကောင်းလောက် အောင်ပါပဲ Trial ကာလ (June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူ ဦးရေ သန်း ၅၀ ကျော်တဲ့ အထိ အောင်မြင် ခဲ့ပါတယ်။

အတိ အကျ ပြောရ ရင်တော့ Trial စလွှင့် တင်ပြီး ၂ပတ် အတွင်း မှာတင် အသုံးပြုသူ ၁၀ သန်း၊ ၁လ အတွင်း ၂၅သန်း (ဒါတောင် တရုတ်မှာ Block လုပ်ထား ခဲ့လို့) အထိ အောင်မြင် ခဲ့ပါတယ်။ ထပ်ပြီး အတိ အကျ ပြောရရင် Facebook စတင် လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ ပါတယ်။ G+ က FB ရဲ့စံချိန်ကို ချိုးပြ ခဲ့ပါတယ်။

ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???

G+ မှာ circle, photo, stream, hangout, game, spark ဆိုတဲ့ အဓိက features တွေ ပါရှိ ပါတယ်။

Circles

G+ ကို အောင်မြင်စေတဲ့ အဓိက feature ပါ။ Circle တွေ ဘယ်လို အလုပ်လုပ်လဲ ကြည့်ရအောင် ...

Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့ လုံးဝ ကွာပါတယ်။ G+ မှာ user အတွက် friends, family, acquaintances, following ဆိုတဲ့ circles တွေ ပါပြီး သားပါ
သင်လုပ်ရ မှာက သင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့ စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊ မိသားစု ဝင်တွေ ဆိုရင်တော့ Family ဆိုတဲ့ စက်ဝိုင်း ထဲကိုပေါ့။

Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်က သူ့ကို friend circle ထဲ ထည့်လို့ ရပါတယ်၊ သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာ သူနဲ့ တကယ် သူငယ်ချင်း မဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requests တွေထဲက သင့်ရဲ့ request ကိုမှ ရွေးပြီး သူ့ရဲ့သူငယ်ချင်း စက်ဝိုင်းထဲ ထည့်မှာ မဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profile ကို သင်ဝင်ကြည့်လို့ ရမှာ မဟုတ်ပါဘူး။ အဲ့တော့ သင်သူ့ကို Follow လုပ်လိုက်ပါ။ သင်ဟာသူ့ရဲ့ ပရိတ်သတ် တစ်ယောက် ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကို သင်မြင်တွေ့ နိုင်ပါပြီ။

Pages တွေ ဥပမာ မှော်ဆရာ group ရဲ့ page ဆိုပါတော့ group ထဲက မန်ဘာတွေနဲ့ သူငယ်ချင်းဖြစ်လို့ ရပေမယ့် group ကြီးနဲ့တော့ သူငယ်ချင်း ဆိုတာ မဖြစ်နိုင်ပါဘူး အဲ့တော့ ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်။ ဒီသဘောပါ။

Circles တွေရဲ့ အသုံးဝင်ပုံ

ဘာလို့ ဒီလို စက်ဝိုင်းတွေ ရှိနေရတာလဲ??? အဖြေရှင်းဖို့ အတွက် Facebook နဲ့ သတ်သေပြ ရမှာပါ။ ဥပမာဗျာ ကျွန်တော် တက္ကသိုလ် တက်တုန်းက အတန်း တက်ဖို့ နေနေသာသာ ကန်တင်းမှာ ကြီးပဲ ၃နှစ် ကုန်ခဲ့တာ အဲ့အကြောင်းတွေ ကျွန်တော် ပြန်တွေး ဖြစ်တော့ တက္ကသိုလ်ကြီးကို လွမ်းမိ တာပေါ့၊ အဲ့လိုနဲ့ ကျွန်တော် Facebook ပေါ် တင်မယ် ဆိုပါတော့။ တင်လိုက် ပါပြီ။ ဖြစ်ချင်တော့ ကျွန်တော့် အမေကြီးလဲ FB သုံးတယ်လေ သူကလည်း ကျွန်တော့်ထဲမှာ family member တစ်ယောက် အနေနဲ့ ရှိနေတယ် အဲ့တော့ ကျွန်တော် တင်တာကို
သူမြင်နေ ရတာပေါ့။ သူ မဆူရင်တောင် ဘယ်စိတ်ကောင်း ပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလည်း လေပြီး သွားပြီ FB ပေါ် တင်ချင်တာလည်း အရမ်းပဲ အမေ တစ်ယောက် ထဲကို မတွေ့ အောင် ဖန်တီးပြီး တင်လို့ ရပေမယ့် ကိုယ့်သူငယ်ချင်း ဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ ဒါဥပမာပဲ ရှိသေးတာနော်။

ကျွန်တော်တို့ ဆီမှာ လူတိုင်း မသိစေချင်တဲ့ ခံစားချက်လေးတွေ ရှိတာပဲ အဲ့ခံစားချက် လေးတွေ အတွက် ထွက်ပေါက် အဖြစ် ကိုယ်သိစေချင်တဲ့ သူတွေ ကိုပဲ သိစေ လိုတာမျိုးတွေ လည်းရှိတာပေါ့၊ FB ကဒါမျိုးတွေ ဖန်တီး မပေးနိုင်ပါဘူး။ လူ တစ်ယောက်ကို သင်သူငယ်ချင်း အဖြစ် လက်ခံ လိုက်ပြီ ဆိုရင် သင်တင်သမျှ ပိုစ်တွေကို သူမြင်ချင် မမြင် ချင်ချင်
တွေ့နေ ရမှာပါပဲ။ G+ ရဲ့circles တွေက အဲ့ပြဿနာကို လွယ်ကူတဲ့ အဖြေနဲ့ ရှင်းပေး ထားပါတယ်။

circle တွေပါ။ ခုနက ကျွန်တော့ ဥပမာ အတိုင်း ဆိုရင် ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့ စက်ဝိုင်း ဆောက်လိုက် မယ်ဗျာ။ ပြီး တက္ကသိုလ်က သူငယ်ချင်းတွေ ချည်းပဲ ထည့်ထား နောက်ကို ရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကို တွေ့စေချင်တဲ့ circles တွေ ကိုပဲ ရွေးပြီး share လိုက်။ Public ထဲ တင်ချင်ရင် Public ဆိုတာကို ရွေးပြီး share လိုက်။
အလွန် လွယ်ကူပြီး သင့်ရဲ့ privacy ကိုလည်း မထိခိုက် ပါဘူး။

Circles တွေ အကြောင်းက ပြောရင်တောင် ကုန်ပါ့မလား တစ်ခု ကျန်သေးတယ် friend တွေ အချင်းချင်း the whole circle လုံး share လို့ ရသေး သဗျာ။ ကျွန်တော့် ဆီမှာကျွန်တော် လေးစားတဲ့ စာရေးဆရာတွေ ချည်းပဲ ရှိတဲ့ စက်ဝိုင်း ရှိတယ်ဗျာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က အဲ့စာရေးဆရာ တွေကို follow လုပ်ချင်တယ် FB ထဲမှာသာ ဆိုရင် ကျွန်တော့် friends တွေ ဗြောက်သောက်တွေ ထဲကတစ်ယောက် ချင်းစီကို လိုက်ပြီး Add ရမှာ စက်ဝိုင်း တွေ ရှိနေခြင်းက လူတွေကို သူ့အပိုင်းနဲ့သူ စုစည်းထား လို့ရတယ် အခုလို ကျွန်တော့် သူငယ်ချင်းက တောင်းဆိုတာ မျိုး ရှိလာပြီ ဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာ တွေပဲရှိတဲ့ Friend circle ကို သူငယ်ချင်းဆီ Share ပေးလိုက် ရုံပဲ။ သူလည်း အချိန်ကုန် သက်သာတယ် စံနစ်တကျလည်း ဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။

ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲ ခဏရပ်ထား လိုက်ရအောင်။

နောက်မှပဲ မေးလ်တစ်စောင်နဲ့ ထပ်ရှုပ်တော့မယ်ဗျာ

ကျွန်တော့်ကို Google+ ထဲမှာ +chan myat oo ဆိုပြီးတွေ့နိုင်ပါတယ်။ circle တွေထဲလဲ add နိုင်ပါတယ်ဗျာ။

သုတ-မီဒီယာ by myanmarmobile mad

Original link - http://www.thutamedia.com/2015/07/google.html

Read More »

Thursday, May 28, 2015

Google က မိုဘိုင်းဖုန်းမှ ကုန်ပစ္စည်း ရှာဖွေမှု ရလဒ်များတွင် Buy ခလုတ်ကို ထည့်သွင်းမည်




The Wall Street Journal က Google သည် မိုဘိုင်းဖုန်းမှ ကုန် ပစ္စည်း ရှာဖွေမှု ရလဒ် များတွင် Buy ခလုတ်ကို လာမည့် ရက် သတ္တပတ် အနည်းငယ် အတွင်း ထည့်သွင်း ပေး မည်ဟု ရေးသား ထားပါသည်။ ထို့ အတွက် ကုန်ပစ္စည်း ရှာဖွေ သူများသည် မိုဘိုငိးဖုန်းမှ နေ၍ အလွယ် တကူ ၀ယ်ယူ နိုင်မည် ဖြစ်သည်။

Google က Amazon နှင့် eBay တို့ကဲ့သို့ အွန်လိုင်း အရောင်းဆိုင်များကို ယှဉ်ပြိုင်ရန် ရည်ရွယ်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်ပါသည်။

သို့သော် Google တွင် ကြော်ညာ ထည့်သွင်း ထားသည့် ကုမ္ပဏီ များ၏ ထုတ်ကုန် များတွင်သာ Buy ခလုတ်ကို ထည့်သွင်းပေး မည်ဖြစ်သည်။ Buy ခလုတ်ကို နှိပ်လျှင် Google Product Page သို့ ရောက်ရှိ မည် ဖြစ်ပြီး ထုတ်ကုန်၏ အရောင်များ၊ အရွယ် အစားများ၊ ငွေပေးချေမှု နည်းလမ်းများ၊ သယ်ယူ ပို့ဆောင်ရေး နည်းလမ်း များကို ရွေးချယ်နိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Bandwidth ကို သက်သာစေမည့် Chrome extension အသစ် တစ်ခုကို Google ဖြန့်ချိ



Google သည် သုံးစွဲ သူ၏ ဝက်ဘ် data usage ကိုလျှော့ချ နိုင်မည့် Chrome browser extension သစ်ကို ဖြန့်ချိပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ extension ၏ အမည်မှာ Data Saver ဖြစ်ပြီး brow-ser တွင် ဝက်ဘ် စာမျက်နှာရှိ အချက် အလက် များကို ချုံ့ထားသည့် proxy ဝန်ဆောင်မှုကို အသုံးပြု ထားသည်။

၎င်း extension ကိုအသုံးပြုရန် Chrome 41 နှင့် အထက် အသုံးပြုထားရန် လိုအပ်ပြီး install ပြုလုပ် ပြီးနောက် အဆင်သင့် အသုံးပြုနိုင်မည် ဖြစ်သည်။



Data Saver ကို Android နှင့် iOS ရှိ Chrome များတွင်လည်း အသုံးပြု နိုင်မည်ဖြစ်ပြီး settings အတွင်းသို့ ဝင်ရောက်ကာ Data Saver ကို enable ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

Google သည် ၂၀၁၃ ခုနှစ် မတ်လတွင် browser များအတွက် အချက်အလက်များ ချုံ့ထားသည့် ဝန်ဆောင်မှုကို စတင်စမ်းသပ်ခဲ့သည်။

ယခုအခါ Google မှဖြန့်ချိလိုက်သော Data Saver beta ဗားရှင်းသည် အနာဂတ် Chrome ဗားရှင်းများတွင် တစ်ပါတည်း ပါဝင်လာနိုင်ကြောင်း သိရသည်။

Data Saver beta ဗားရှင်းကို အောက်ကလင့်တွေမှာ ဒေါင်းယူနိုင်ပါတယ်။

chrome.google.com
OR
4shared-china.com

Ref: TheNextWeb internetjourna

Original link - http://www.pyaephyo.com/2015/05/bandwidth-chrome-extension-google.html



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, March 03, 2015

Play Store ကို မြန်မာနိုင်ငံ ကနေပြီး ကိုယ်ကြိုက်တဲ့ application ကို ကျော်ခွ စရာ မလိုပဲ ဒေါင်းလို့ ရအောင် လုပ်နည်း




မြန်မာနိုင်ငံ ကနေပြီး Google Play store ထဲကို ဝင်လိုက်ရင် ဒေါင်းလို့ မရတဲ့ application က ခပ်များများ ဖြစ် နေတယ် အဆိုးဆုံး ကတော့ လူသုံး များတဲ့ facebook, Clash of clans လို ဂိမ်းတွေတောင် ပေး မဒေါင်းဘူး ဒီလိုမျိုး ပြသနာ တွေကို မဖြစ်အောင် This item is not available in your country ဆိုတာမျိုး မဖြစ်အောင် လုပ်နည်းပါ..

ပိုက်ပိုက်နဲ့ ဝယ်ရတဲ့ application တွေကို ရအောင် ဒေါင်းနည်း မဟုတ်ပါ... ဒီနိုင်ငံ အတွက် မဟုတ်ဘူး ဆိုတဲ့ ဟာ လေး ပျောက် အောင် ဖြောက်နည်းပါ။

https://wallet.google.com/manage ကို browser ကနေ သွားပါ ။ Play Store တွင် မိမိ အသုံးမည့် gmail ဖြင့် login ဝင်ပါ။

wallet မှာ ထည့်ပေး ရမည့် လိပ်စာ ရယူဖို့ အတွက်.. www.fakenamegenerator.com ကို browser နဲ့ ဖွင့်ပါ။
Gender မှာ male / female ရွေးပြီး Generate လုပ်ပါ..

အောက်က ပုံကို ကြည့်ပါ


အပေါ်က generate လုပ်ထားတဲ့ zip code ကို copy ကူးထည့်ပါ zip code ဆိုတာက Lubock, TX ဘေးက 79401 ကို ပြောတာပါ။ ပြီးရင် add a payment method later ကို marking လုပ်ပါ။
Send me Google Wallet ..... ကို marking ပေး ။
Accept and create ကိုနှိပ်..




အဲဒီလို အထဲရောက် သွားရင် setting ကိုနှိပ် ပုံမှာ ပြထား ပါတယ်...



Edit ကိုနှိပ်


အပေါ်က generate လုပ် ထားတဲ့ address တွေကို ကူးထည့်ပါ ပုံမှာ ပြထားတဲ့ အတိုင်းပဲ တစ်ကယ်လို့ generate မလုပ် ချင်ဘူး ဆိုရင် ဒီ အတိုင်းသာ ကူးချ လိုက်တော့ ဖုန်း နံပါတ် တော့ ပြောင်းထည့်ပါ။



ဒီလို ပေါ်လာရင် ပြီးပါပြီ။
  • - နောက် တစ်ဆင့် အတွက် ကတော့ ဖုန်းထဲ ကနေ သွား ရမှာပါ။
  • - ဖုန်းထဲမှာ Google play store နဲ့ Google play services ကို Clear data လုပ်ပါ။
  • - Setting / manage app / အထဲမှာ ရှိတယ်။
  • - google account ကို လဲ remove လုပ် ထားပါ။
  • - ပြီးရင် hotspot Shield apk လေးကို အောက်ကလင့်မှာ အရင်ဒေါင်းပြီး ဖုန်းထဲ ထည့်ထားပါ။
usersfiles.com

hotspot Shield ကိုအရင် ဖွင့်ပြီး ကျော်ပါ status bar မှာ သော့ ပုံလေးနဲ့ စိမ်းနေပြီ ဆိုရင် gmail account ကိုထည့် ပြီးရင် play store ကိုဖွင့်


အဲလို ပေါ်နေ ပါတယ် ဒါက နိုင်ငံ ကျော်ပြီး ဖွင့်ထားတဲ့ ပုံပါ။

အောက်က ပုံကို ကြည့်ပါ ...


ဒီပုံက hotspot shield ပြန်ပိတ်ပြီး ဖွင့်ထားတာ ဒါဆိုရင် အားလုံး အိုကေ ပါပြီ နောက် အခေါက်တွေ ဆိုရင် internet ဖွင့်ပြီး playstore ကို တန်းဖွင့် သုံးရုံ ပါပဲ... အဆင်ပြေ ကြပါစေ ...

Credit : Thazin Ko Ko


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, February 24, 2015

Google Installer Apk for Redmi Note 3G & 4G




ကဲ…… ” Redmi Note ” ကိုင်ဆောင် ထားတဲ့ ဘော်ဒါများ အားလုံး အတွက် အဆင်ပြေ စေမယ့်
ဆော့ဖ်ဝဲလ်လေး တခု တင်ပေး လိုက်ပါတယ် ဒီကောင်လေး ကတော့ ” Google Application ”
Gapps မပါ ၀င်တဲ့ ” Redmi Note ” များကို အလွယ် တကူ ” Click ” လေး တချက် နှိပ်တာနဲ့ 
” Google play Store ” ၀င်သွားမှာ ဖြစ်ပြီး အခြား ” Google Service ” ဆော့ဖ်ဝဲလ် များကိုလည်း
အလွယ် တကူ သွင်းယူနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော် ကတော့ ” Redmi Note 3G နဲ့  Redmi Note 4G ” နှစ်မျိုးမှာ စမ်းသပ် ပြီးပါပြီ
အခြား ဘာတွေ ရသေးလည်း ဆိုတာလည်း ” Feedback ” လေးလည်း ပြန်လည် ပြောစေချင်
ပါတယ်ဗျာ…….

တခုတော့ ကြိုပြော ချင်ပါတယ် ကျွန်တော် ထွင်တာ မဟုတ်ပါဘူး အားလုံးသုံးလို့ အဆင်ပြေ
အောင် ” English ” လို ဘာသာပြန် ပေးထား တာပါ …..

တီထွင်သူကို ” Credit ” ပေးပါတယ်ဗျာ……အားလုံး အဆင်ပြေ ကြပါစေဗျာ…..




Credit ; Ko Nyi Paing { Learns For News Blospot.com }

userscloud.com
OR
solidfiles.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, January 21, 2015

အရေးကြီးတာတွေ သိမ်းဘို့ လုံခြုံ စိတ်ချ ရတဲ့ Google Drive




မိမိရဲ့ ကိုယ်ရေး ကိုယ်တာ ဖိုင်တွေ ဓာတ်ပုံ သီချင်း စာအုပ် တွေကို လုံလုံခြုံခြုံ နဲ့ စိတ်ချစွာသိမ်း
ထားနိုင်တဲ့ Online Cloud Drive တစ်ခုပါ။ သုံးရတာ အဆင်ပြေ လွယ်ကူပါတယ်... ။

ရှိသမျှ ဖိုင်တွေကို ဖုန်းထဲပဲ ထည့်ထား မယ် ဆိုရင် တကယ်လို့ ကိုယ့် ဖုန်းကို Reset လုပ်မယ်သို့
မဟုတ်..တစ်ခုခု မှားခဲ့ရင်..ဖိုင်တွေ အကုန် ပျက်စီးသွားနိုင် ပါတယ်..

ပြီးတော့ မိမိ ဖုန်းမှာ Dropbox နှင့် Google Drive တို့လို အွန်လိုင်း ဖိုင်သိမ်းတဲ့ ၀န်ဆောင်မှုတွေ
ကို သုံးရင် မိမိဖုန်း Memory ကုန်တာလည်း သက်သာတာပေါ့ဗျာ။ Google Drive ထဲမှာ ထည့်
ထားမယ်ဆိုရင်တော့ ဒီ Google ရဲ့ ၀န်ဆောင်မှု ရှိနေသမျှ ကာလပတ်လုံး ကိုယ်သိမ်း ထားတာ
တွေက ကျန် နေမှာပါပဲ။

Google ကစိတ်ချ ရပါတယ်… ဟက်ကာတွေလည်း Google ကို ဟက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်
မိမိဖုန်း Memory လည်းသက်သာ လုံခြုံ စိတ်ချမှုလည်း ရရှိလေအောင် Google Drive Apk လေး
ကို ဒေါင်းယူပြီး..ကိုယ့် ဖုန်းလေးထဲ ထည့်ထားရင် တစ်ဖက် တစ်လမ်း ကနေ အကူညီဖြစ်နေမယ်
လို့ ထင်မိပါတယ်။



Description
Get started with Google Drive for free and have all your files within reach from any smartphone, tablet, or computer. All your files in Drive – like your videos, photos, and documents – are backed up safely so you can’t lose them. Easily invite others to view, edit, or leave comments on any of your files or folders.

With Drive, you can:
* View documents, PDFs, photos, videos, and more
* Search for files by name and content
* Easily share files and folders with others
* Set files or folders so anyone with a link can view, comment, or edit
* Quickly access recent files
* See file details and activity
* Enable viewing of files offline



Additional information
  • UpdatedDecember 15,2014
  • Size10.03MB
  • Downloads141,404
  • Current Version2.1.495.05.33
  • Requires AndroidAndroid 4.0 or higher

play.google.com
OR
1mobile.com
OR
usersfiles.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
From : www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, January 10, 2015

Video Call ပါ အသုံးပြုနိုင်တဲ့ Gtalk တစ်ဖြစ်လဲ Hangouts v2.5.83281670




မင်္ဂလာပါ
ဒီနေ့မှ အသစ်ထပ် တက်လာတဲ့ Gtalk ကနေ နာမည်ပြောင်း လဲပြီး Video Call ပါ အသုံးပြု နိုင်ပြီဖြစ်
တဲ့ Hangouts လေးကို တင်ပေး လိုက်ပါတယ်။

အားလုံးလည်း သိကြမယ် ထင်လို့ အထူး မိတ်ဆက် မနေတော့ပါဘူး။

Gtalk တစ်ဖြစ်လဲ Hangouts လေးကို အသုံးပြု လိုတဲ့ ဘော်ဒါတွေ ကတော့ အော်ကလင့်မှာ ဒေါင်း
လော့ ရယူနိုင်ပါပြီ။

usersfiles.com
OR
userscloud.com
OR
solidfiles.com

အဆင်ပြေပါစေ

From : ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, December 08, 2014

Facebook ၏ ကြိုက်ရာ နေရာတွင် Facebook Sticker ကွန်မန့်ပေးနည်း (PC Only)




အရမ်း လွယ်ကူ ပါတယ် မိမိ Browser မှာ ထည့်ပေးရမည့် Add နှစ်ခုကို မူရင်းလင့်မှာ သွားရောက် ဒေါင်းယူလိုက်ပါ။

လင့်များကို အောက်မှာ ပေးထားပါတယ်။

ဒေါင်းပြီးတာနဲ့ အင်စတော လုပ်ပေးပါလိမ့်မယ် ပြီးရင် မိမိ FB အကောင့်ကို ထွက်ပြီး ပြန်ဝင်လိုက်ပါ။ ကွန်မန့်ပေးရ
မည့် အကွက်မှာ ပုံထဲက အတိုင်း မျက်နှာ ပုံလေးပေါ် လာပါမယ် နှိပ်၍ မိမိ ကြိုက်နှစ်သက်ရာ အရုပ်များကို မန့်နိုင်
ပါပြီ :)

ပေးထားတဲ့ Hola Unlock Add လဲ အပေါ်ကနည်း အတိုင်းပါပဲ နိုင်ငံကိုတော့ Australia ကို ရွေးချယ်ပေးရမည်ဖြစ်
ပါတယ် ။ မူရင်းဆိုက်မှာ ပုံနှင့် တကွ ပြသထားလို့ မရှင်းပြတော့ပါဘူး ကလစ်တစ်ချက်နှိပ်ပေးယုံပါပဲ :)



Emoji အရုပ် အတွက် Facebook Secret Emoticons Add ကို အောက်မှာ ဒေါင်းယူပါ။

▼ Mozilla Firefox အတွက် ▼
OR
▼ Google Chrome အတွက် ▼



Facebook Sticker အတွက် Hola Unlock Add ကို အောက်မှာ ဒေါင်းယူပါ ။

▼ Hola Unlock Add ▼

Credit to maungpauk.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, December 07, 2014

Google Application & Latest App များ စုစည်းမှု




Google App Latest version 5 မျိုး ကို လက်လှမ်းမှီ သလောက် ရှာဖွေ စုစည်းပေး ထားပါတယ်။
Google Play Store, Messenger , Google +, Play Games , YouTube တို့ ပါဝင် ပါတယ်။

လိုအပ်နေသူများ အောက်မှာ ဒေါင်းလော့ ရယူနိုင်ပါတယ်။

▼ Play Store 5.1.11 ▼
OR
▼Play Services 6.5.85 ▼
OR
▼ Google Camera ▼

▼ Messenger▼
OR
▼ Google Search ▼
OR
▼ Google + 4.8.0.8 ▼

▼ News & Weather ▼
OR
▼ Play Games ▼
OR
▼ YouTube 6.0.11 ▼

▼ Google Maps▼
OR
▼ Gmail 5.0.1 ▼
OR
▼ Play Music ▼

▼ Fb Messenger ▼
OR
▼ FbGroups 3.0.0 ▼
OR
▼ Blogger app ▼

အဆင်ပြေပါစေ

Aung Khaing (MMAS)
Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။
http://www.myanmarmobileapp.com/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »