
iOS 8.4 ထွက်ရှိပြီး မကြာခင် အချိန်မှာပဲ တရုတ် ဟက်ကာ အဖွဲ့ တစ်ဖွဲ့က PP ဆိုတဲ့ Jailbreak Tool တစ်ခုကို ထုတ်လုပ် ပေးခဲ့ ပါတယ်။ iOS 8.4 ကို Jailbreak ပြုလုပ်ဖို့ အတွက် TaiG v2.2 နှင့် PPGhost ဆိုတဲ့ Jailbreak Tool များကို အသုံး ပြုနိုင်မှာ လည်း ဖြစ်ပါတယ်။
PPGhost ကို အသုံးပြုပြီး Jialbreak ပြုလုပ်မယ် ဆိုရင် Windows အတွက်သာ ရရှိအုံးမှာ ဖြစ်ပါတယ်။
PPGhost ကို ဒီနေရာ ကနေ Download ပြုလုပ်နိုင်မှာ ဖြစ်ပြီး ဖိုင် အရွယ် အစား ကတော့ 46.27 MB ခန့်ရှိမှာ ဖြစ်ပါတယ်။
PPGhost Jailbreak Tool ကို Download ပြုလုပ်ပြီးပါက ကွန်ပျူတာတွင် အရင်ဆုံး Run လိုက်ပါ။ နောက်တစ်ဆင့်ကတော့ PP Check box မှာ အမှန်ခြစ်လေးထားပြီး အပြာရောင် ခလုတ်လေးကို နှိပ်ရမှာဖြစ်ပါတယ်။
Jailbreak ပြုလုပ်မယ့် iPhone မှာ Find My iPhone အစရှိတဲ့ Service တွေကို Disable ပြုလုပ်ထား ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် အစိမ်းရောင် ခလုတ်ကို နှိပ်ပြီး Jailbreak လုပ်ငန်းစဉ် ပြုလုပ်ဖို့ အတွက် လုပ်ငန်း စတင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ခလုတ်ကို နှိပ်လိုက်ရင် နောက်ထပ် Screen တစ်ခုကိုရောက်သွားပြီး iDevice အတွင်းမှာရှိတဲ့ အချို့သော Service တွေကို Disable ပြုလုပ်ဖို့အတွက် Confirm ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Confirm Button ကို နှိပ်လိုက်ရင် Jailbreak လုပ်ငန်းစဉ် စတင်မှာဖြစ်ပါတယ်။
Jailbreak ပြုလုပ်နေစဉ်အတွင်းမှာ Device ကို မည်သည့် အကြောင်း နဲ့မှ ဖြုတ်ခြင်း၊ အခြားလုပ်ငန်း လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်း မပြုဘဲ Display Screen မှာ Restore ပြုလုပ် သွားသည် အထိ စောင့်ပေး ရမှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာ PP Tool ကနေ Jailbreak လုပ်ငန်းပြီးဆုံးကြောင်း Message ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါ Message ပြပြီးလျှင် Jailbreak ပြုလုပ်တဲ့ iDevice ဟာ Reboot ပြုလုပ် သွားမှာ ဖြစ်ပြီး Boot ပြန်တက်လာတဲ့ အခါမှာ Cydia ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Ref: iDownloadBlog
internet journal
Original link - http://internetjournal.com.mm/
