နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Letter. Show all posts
Showing posts with label Letter. Show all posts

Thursday, April 26, 2012

သတင်းမွှေးနေတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် (ပေးစာ)



ဒီသတင်းကတော့ အနှိပ်စက်ခံ ၀န်ထမ်းများ သာမက မှီခိုမိသားစုနှင့်အတူ ဆက်နွယ်တဲ့ လူအားလုံး ပညာသားပါပါ နှိပ် စက်ခံနေရတဲ့ ဖြစ်ရပ်များကိုတိုင်ကြားပေးပို့တာ ဖြစ်ပါတယ်။
Read More »

Thursday, April 12, 2012

အငှားကျွန်လုပ်ငန်းတိုးချဲ့မည့်သတင်းနှင့် ပတ်သတ်၍နိုင်ငံတော်သမ္မတသို့ မေတ္တာရပ်ခံခြင်း


(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ
 တွေ့ဆုံဆွေးနွေးရာတွင်မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား
 အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..
Read More »

Saturday, March 31, 2012

ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....




ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်းခင်ဗျား.
.ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊
တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊

တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်တော်ပြောချင်တာ ပြစ်ဒါဏ်
 မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
Read More »

Saturday, March 24, 2012

ရဟန်းတော်နှင့် နိုင်ငံရေး



ရဟန်းတော်နှင့် နိုင်ငံရေး
ပေးစာကဏ္ဍ
မတ်လ ၂၃၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။

ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။

သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။

မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။
Read More »

Saturday, March 17, 2012

လူလိမ်ဇော်လတ်သို့ပေးစာ



zawlat

from We Fight We Win by Moethee Zun
Read More »

ရဲတပ်ဖွဲ့ ဝင်တဦး၏ ရင်ဖွင့်သံ (ပေးစာ)



ကိုသစ်ထူးလွင် ခင်ဗျာ....
ကျွန်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်....
ပြောရရင်တော့ဗျာ မြိုသိပ်ထားတာတွေကို ရင်ဖွင့်တဲ့သဘောပါ .... ကျွန်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုဝင်ရောက်ခဲ့တာ အခုဆိုရင်
 ၈ နှစ်ကျော်သွားပါပြီ.... စစချင်း ၀င်တဲ့ ကနဦးလစာက ၃၀၀၀ ပေါ့.... ထောက်ပံ့ကြေးဆိုတဲ့ မသထာရေစာကလဲ နည်းတယ်လေ.... စုစုပေါင်းမှ
တစ်လ ၈၀၀၀၀ ပဲရတဲ့ခေတ်ပေါ့ဗျာ....
ကျွန်တော် အခြေခံသင်တန်းဆင်းပြီးလို့မှ ဘာမှ မကြာပါဘူး.. တောင်ပေါ်ဒေသကို သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုပေါ့ဗျာ.... ဝေးလံသီခေါင်ပြီး ဆက်သွယ်ရေးခက်ခဲ့တဲ့ နေရာဒေသတစ်ခုမှာ နေခဲ့ရပါတယ်....
စာရှည်သွားရင်လည်း ခွင့်လွတ်ပါဗျာ... ကျွန်တော်မနေနိုင်လို့ပါ..... တကယ်ဆိုရင် အဲ့ဒီတုံးက
ဝေးလံတဲ့ဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ ရှိပါတယ်... ပြဌာန်းထားတာလဲရှိပါတယ်... ဒါပေမယ့် အဲ့ဒီဝန်ထမ်းတွေ ခံစားခွင့်မရကြဘူးဗျာ...
ကျွန်တော်အပါအ၀င်ပေါ့.... ခရမ်းချဉ်သီး တစ်လုံးကို တစ်ရာပေးစားရတဲ့ နေရာမှာ နေနေရတဲ့ မိသားစုတွေအတွက် ငွေ ၈၀၀၀၀ တည်းနဲ့ စားလောက်ပါ့မလားဗျာ.... သူများဆီမှာ ကူလီဝင်
လုပ်ပြီး စားရတဲ့ ၀န်ထမ်းမျိုး နိုင်ငံတကာမှာ ကိုသစ်ထူးလွင် မြင်ဖူးပါသလားခင်ဗျာ....ကျွန်တော်
က ကိုယ်တိုင်လုပ်ခဲ့ရတာပါ...
Read More »

Wednesday, March 14, 2012

အကူအညီပေးနိုင်မည့်သူများထံမှ အကူအညီပေးပါရန် အနှုးအညွတ်တောင်းခံအပ်ပါသည်။



သို့

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာ
ကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီး ကိုယ်ပိုင်အမှတ်-36303/တပ်ကြပ် အဆင့်ဖြင့်တပ်မတော်ရေတွင်
တာဝန်ထမ်းဆောင်နေရင်း လူမှုဒုက္ခရောက်နေပါသဖြင့်
အကူအညီပေးနိုင်ပါရန်လေးစားစွာဖြင့်တင်ပြအပ်ပါသည်။

ကျွန်တော်၏ဖြစ်စဉ်မှာ-

ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5နှစ်သက်တမ်းအာမခံစာချုပ်ဖြင့်
တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှလာရောက်ခေါ်ဆောင်သဖြင့်စတင်အမှုထမ်း
ဆောင်ခဲ့ပါသည်။

တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာရေပိုင်နက်ပင်လယ်များတွင်
သက်စွန့်ဆန်ဖျားဖြင့်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
Read More »

Monday, March 12, 2012

အလုံမြို့နယ်သစ်တောလမ်းထောင့်ရှိဖုန်းခများဆောင်သောရုံး-ရုံးတံခါးကို၁၀နာရီထိုးမှဖွင့်




ရန်ကုန်မြို့ရှိအလုံမြို့နယ်သစ်တောလမ်းထောင့်ရှိဖုန်းခများဆောင်ရွက်သောအစိုးရရုံးရှိဝန်ထမ်းများမှာရုံးဖွင့်ချိန်ရုံးတံခါးကို၁၀နာရီထိုးခါနီးမှဖွင့်ပါသည်။
ရုံးပြင်တွင်သက်ကြီးရွယ်အိုများရဟန်းသံဃာများပါအချိန်ကြာကြီးရပ်စောင့်နေရပါသည်။ယခုလိုနွေရာသီပူပြင်းချိန်မှာစဉ်းစားသာကြည့်ကြပါ။
တယ်လီဖုန်းစာအုပ်တအုပ်၅၀၀ကျပ်နှုန်းဖြင့်ပေးဆောင်သူများကိုဦးစားပေး၍အရင်လုပ်ဆောင်ပြီးမှတန်းစီသောလူများ၏စာအုပ်ကိုလုပ်ပေးပါသည်။
ဒါကြောင့်၁နာရီခွဲလောက်တန်းစီစောင့်ဆိုင်းနေရပါသည်။လစဉ်တယ်လီဖုန်းသွားဆောင်ရမှာကြောက်နေမိပါသည်။
ဒါ့အပြင်နောက်ကျမှလာသောလူများကလဲအရင်တန်းစီနေသောလူများကိုအားမနာကြားဖြတ်ဝင်ပြီးနေရာယူနေကြပါသည်။
ပုံမှန်တန်းစီနေကြသောလူများမကျေမနပ်ဖြစ်ပြီးရန်ဖြစ်ကြတာလည်းအမြဲဖြစ်နေပါသည်။
ဒါကြောင့်ဒါတွေကိုအမြန်ပြောင်းလဲပစ်ဖို့မျှော်လင့်ပါတယ်

အမည်မဖေါ်လိုသူ
Read More »

Monday, March 05, 2012

မြ၀တီ-ဘားအံလမ်းမှ ဒုက္ခအဖုံအဖုံ




သို့

နိုင်ငံတော်သမ္မတကြီးနှင့်တကွ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ အလုပ်သမားအကျိုးဆောင်အဖွဲ့အစည်းများ။

Read More »

Wednesday, February 29, 2012

သမ္မတဦးသိန်းစိန်ထံပြည်သူတဦးမှပေးစာ



from We Fight We Win by KO
Read More »