နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Tuesday, February 03, 2015

StarDict Dictionary ကို Ubuntu မှာ Install လုပ်မယ်



Ubuntu ကို သုံးနေရင်းနဲ့ Education ဖက်ကိုပါ စဉ်းစား မိတယ်။ Internet ပေါ်မှာ စာတွေ ဖတ်ရင်
English လို ဖတ်ရတာ များတာ ကလည်း တစ်ကြောင်း ပါတာပေါ့ဗျာ။

ABCD ကိုသိတယ် ဆိုပေမယ့် လည်း ကိုယ့်ဘာသာ စကား မဟုတ်တော့ အခက်တွေ့ တာပဲလေ။
အဲဒီမှာ Dictionary က လိုလာပြီလေ။

Windows မှာ တုန်းကတော့ Dictionary တွေက ပေါတယ်လေ။ Ubuntu မှာ Dictionary က နဲနဲ
ရှားတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ StarDict တို့ GoldenDict တို့ရှိပါတယ်။ ဘယ်ဟာက ပိုကောင်း
တယ် မကောင်းဘူးဆိုတာထက် လက်တွေ့အသုံးဝင်တာပဲလုပ်ကြရအောင်ပါ။

ကျနော်ကတော့ StarDict ကိုပဲရွေးလိုက်ပါတယ်။ကဲ ဒါဆို StarDict ကို Install လုပ်လိုက်ကြရ
အောင်ဗျာ။Terminal ကနေသွင်းမနေတော့ပါဘူး။ လွယ်လွယ်ကူကူပဲ Software Center ကနေ
သွင်းပါမယ်။ SC ကိုဖွင့်ပြီးရင် stardict လို့ရိုက်ထည့်ပြီးရှာလိုက်ရင် အောက်ကလိုတွေ့ရမှာပါ။


StarDict ဆိုတာလေးကို နှိပ်လိုက်ရင် More Info နဲ့ Install ဆိုတဲ့ Button တွေ တွေ့ပါလိမ့်မယ်။
ကျနော်က StarDict ကို Install လုပ်ပြီးသား ဆိုတော့ Remove ဆိုပြီး ပေါ်နေ တာပါ။ Install
လုပ်တော့မှာ ဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။ ဒါမှမဟုတ် MoreInfo ကိုနှိပ်ပြီးတော့ ရှင်းလင်း
ချက်အကျဉ်းကို လေ့လာချင်လေ့လာလို့ရပါသေးတယ် Version, Total size စတာတွေ ပေါ့ဗျာ။
Size သိတော့ Download ဘယ်လောက် ကြာကြာ လုပ်ရ မလဲခန့်မှန်းလို့ ရတာပေါ့ ။


Installation ပြီးသွား ရင်တော့ Installed ဆိုပြီး အောက်က အတိုင်းပြပါလိမ့်မယ်။


Installation ပြီးသွားပေမယ့်Dictionary တွေ မပါသေး ဘူးဗျ။ StarDict ကို ဖွင့်လိုက်ပါ။ အောက်ခြေ
ဘယ်ဘက်ဒေါင့်မှာ ခွေးသွားစိတ်ပုံ icon လးကိုနှိပ်လိုက်ပါ Manage Dictionaries ဆိုတဲ့ windows
ပွင့်လာ ပါလိမ့်မယ် Dictionaries တွေ Download လုပ်နိုင်မယ့် link ကိုတွေ့ရမှာပါ။


http://stardict.sourceforge.net/ ကနေပြီးတော့ Dictionaries တွေတော်တော် များများ ကို Down
load လုပ်နိုင်ပါတယ် tar.bz2 အမျိုး အစားတွေပါ (zip တို့ rar တို့လို file Type ပါပဲ) ကျနော် Down
ထားတာတောင် English - English တွေတင် Dictionaries (၆၀) လောက် ရှိပါတယ်။

ကဲဗျာ.. ဒေါင်းပြီး သွားပြီပဲ ထားလိုက် ပါတော့ ကိုယ်သုံးချင်တဲ့ ExampleDictionary.tar.bz2 ဖိုင်ကို
Extract လုပ်ပြီးဖြည်ထုတ် လိုက်ပါ ExampleDictionary ဆိုပြီး Folder တစ်ခု ရလာ ပါလိမ့်မယ်။

Alt + F2 နှိပ်ပြီး gksu nautilus ဆိုတဲ့ command လေး ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

Password တောင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။ အောက်ကလို window တစ်ခု ပွင့်လာပါလိမ့်မယ်။

File System => user => share => stardict => dic အထိ အဆင့်ဆင့် ဝင်သွား လိုက်ပါ။ ပြီးရင် ခုနက
Extract လုပ်ပြီးသား ExampleDictionary ဆိုတဲ့ Folder ကို copy & paste လုပ်လိုက်ပါ။

ပြီးရင် window ကို ပိတ်လိုက်ရင် ရပါပြီ ။



OK! ခင်ဗျားရဲ့ StarDict ကို Dictionary တွေ စုံစုံ လင်လင်နဲ့ စတင် အသုံးပြုလို့ ရပါပြီ။

English-Myanmar Dictionary သုံးချင်တယ် ဆိုရင်တော့ ornagai-stardict_1.0.0-1_all.deb ဆိုတဲ့
debian file လေးကို https://www.dropbox.com ကနေပြီး down ယူလိုက်ပါ။

ပြီးရင် Double Click နှိပ်ပြီး SC ကနေ Installation လုပ်ချင်လုပ် CLI ကနေပဲ sudo dpkg -i ornagai-stardict_1.0.0-1_all.deb ဆိုပြီး တော့ installation လုပ်လုပ် ခင်ဗျား သဘောပါပဲ။

Internet ကနေပြီး ခင်ဗျားရဲ့ လေ့လာမှုတွေ အတွက် ဒါဆိုကောင်းကောင်း အထောက်အပံ့ဖြစ်ပြီ
လို့ ထင်ပါတယ်။ စကားလုံး တစ်လုံးရဲ့ Definition ကို Dictionariy ပေါင်းစုံ ကနေ လေ့လာရင်း
အောင်မြင်မှုတွေ ရယူနိုင်ကြ ပါစေဗျာ..........။

Credit to X Magic World

From ; Myanmar IT Knowledge by Aung Ko Htet


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »