နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Messenger. Show all posts
Showing posts with label Messenger. Show all posts

Thursday, July 30, 2015

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု




Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက် ပိုပြီး စွမ်းဆောင် ချက်တွေ စုံလင် လှပါတယ်။ စွမ်းဆောင် ချက်တွေ များပြားတဲ့ အတွက် လူတစ်ယောက် ချင်းစီ အပေါ် မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ် အနှောင့် အယှက် ဖြစ်စရာ တွေလည်း ရှိပါတယ်။ ဒီတစ်ပတ် မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ချက်များကို အသုံးပြုနည်းနှင့် တကွ စိတ် အနှောင့် အယှက် ဖြစ်စရာ တွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်း များကို ရေးသားပေး လိုက်ပါတယ်။

Conversation တစ်ခု အတွက် Notifications များကို ပိတ်နည်း

ဈေးရောင်းသူ တစ်ယောက်က Messenger မှာ Group တစ်ခု ပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်း များစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက် မပြတ် ပေးပို့နေ ရင်တော့ စိတ်ပျက် စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထား မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့် မချင်း ပိတ်ထား ချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။



Conversation အားလုံးအတွက် Notification များကို ပိတ်နည်း

Messenger ကိုဖွင့်ပြီး ညာဘက် အပေါ် ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက် အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက် အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထား နိုင်ပါတယ်။



တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း

သင့်ရဲ့ တည်နေရာကို သူငယ်ချင်း တစ်ယောက်ထံ ပေးပို့ ချင်ရင် Messenger ကိုပဲ အသုံးပြု နိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်း များက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကို ဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင် ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက် နှိပ်ရင် အောက်မှာ မြေပုံနဲ့ တကွ ပြသပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင် ရင်တော့ Settings ထဲမှာ ပိတ်ထား နိုင်ပါတယ်။



Big Thumbs Up တစ်ခု ပေးပို့နည်း

Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက် အောက်ခြေမှာ ပြသပေး ထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေး ထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ် ပါတယ်။ လက်မ အကြီးကြီး ပေးပို့ ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေ အထား ရောက်မှ လွှတ်လိုက်ပါ။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3831

Read More »

Saturday, July 04, 2015

SMS ကို မြန်မာစာနဲ့ စာလုံးရေ များများ ပို့ချင် သူများ အတွက်



SMS ကို မြန်မာစာနဲ့ စာလုံး အရေ အတွက် များများ ပို့လို သူများ အတွက် Cloud Myanmar ရဲ့ App တစ်ခုနဲ့ မိတ်ဆက် ပေးချင် ပါတယ်။
.
SMS မှာ English စာနဲ့ဆိုရင် စာလုံး ၁၆၀ ပို့လို့ရပါတယ် ဒါပေမဲ့ မြန်မာလို ဆိုရင်တော့ စာလုံး ၇၀ သာပို့လို့ ရပါတယ်။
.
ဒီ App လေးက မြန်မာကိုလဲ English စာလို စာလုံး ၁၆၀ ထိ ပို့လို့ရအောင် လုပ်ပေးထားပါတယ်။
.
မြန်မာစာတွေကို English စာတွေ အဖြစ်ပြောင်းလဲ ပေးပို့တာ ဖြစ်တဲ့ အတွက် **ပို့တဲ့ ဘက်ရော လက်ခံတဲ့ ဘက်မှာပါ ဒီ App လေး ရှိဖို့ တော့ လိုပါတယ်**
.
GSM,WCDMA တွေမှာ အောင်အောင် မြင်မြင် စမ်းသပ် ခဲ့ပြီး ပါပြီ။

CDMA တွေ ကတော့ ရှေ့က နှစ်ခုနဲ့ အနည်းငယ် ကွဲပြား တာကြောင့် bug နည်းနည်း ရှိနေ ပါသေးတယ်။ လိုအပ်တွေ သူတွေ အသုံးပြုနိုင် အောင်လို့ အခု version မှာ bug ကို မရှင်းသေးဘဲ ထုတ်ပေး လိုက်တာပါ။

'ဒီနေရာမှာ နှိပ်ပြီး ဒေါင်းယူပါ

Original link - www.koye9992.blogspot.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, May 29, 2015

Facebook Messenger တွင် Video Call အသုံးပြုနိုင်ပြီ




Facebook က ဧပြီလမှာ Video Call စွမ်းဆောင် ချက်ကို Messenger မှာ ထည့်သွင်း ပေးခဲ့ ပေမယ့် နိုင်ငံ အနည်းငယ် မှာသာ အသုံး ပြုခွင့်ပေး ခဲ့ပါတယ်။ အခုတော့ Video Call ကို တစ် ကမ္ဘာ လုံးမှာ အသုံးပြု နိုင်ပြီလို့ Facebook က ကြေညာ လိုက်ပါတယ်။ iOS နဲ့ Android ပလက်ဖောင်း နှစ်ခု စလုံးမှာ Video Call ကို အသုံးပြု နိုင်ပါပြီ။

Facebook Messenger ကို လစဉ် အသုံးပြု သူဟာ သန်းခြောက်ရာ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ Facebook က အခြား Messenger များမှာ မပါ ရှိတဲ့ စွမ်းဆောင်ချက် များကို သူ့ရဲ့ Messenger မှာ တီထွင် ဆန်းသစ်ပြီး ထည့်သွင်း ပေးနေ ပါတယ်။ မကြာမှီ ကလည်း အခြား Apps များမှ Content များကို Messenger မှာ မျှဝေနိုင်တဲ့ စွမ်းဆောင် ချက်ကို ထည့်သွင်း ပေးခဲ့ပါတယ်။

Facebook က Messenger ကို Platform တစ်ခုအဖြစ် အသက်သွင်းနေပါတယ်။ အဲဒီအတွက် Developer များက Messenger နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ Apps များကို တီထွင်နိုင်ပြီ ဖြစ်ပါတယ်။ Facebook က Messenger မှာ သူငယ်ချင်းများနဲ့ ဂိမ်းကစားနိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း မကြာမီ ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်နေပါတယ်။



Original link - http://www.myanmardigitallife.com/

Read More »

Wednesday, May 27, 2015

Facebook Messenger ကို Desktop တွင် အသုံးပြုနည်း နှစ်နည်း




Facebook က ပြီးခဲ့ တဲ့နှစ်မှာ Facebook Mobile App ကနေ Messenger ကို ခွဲထုတ် လိုက်ပါတယ်။ အခုလည်း Messenger.com ၀က်ဆိုက်ကို ပြုလုပ် aပးခြင်းဖြင့် Laptop နဲ့ Desktop Computer များမှာ Messenger ကို သီးခြား အသုံးပြု နိုင်အောင် ပြုလုပ်ပေး လိုက်ပါတယ်။ အခု ဆိုရင် Message ပေးပို့ ရယူဖို့ အတွက်ပဲ ဆိုရင်တော့ News Feed နဲ့ အခြား Facebook မှ အနှောင့် အယှက်များကို မြင်တွေ့ စရာ မလိုတော့ ပါဘူး။

www.messenger.com ကို သွားပြီး သင့် Facebook အကောင့်နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ရဲ့ ဒီဇိုင်းဟာ Messenger Mobile App နဲ့ ဆင်တူအောင် ပြုလုပ်ပေး ထားတဲ့ အတွက် အကျွမ်း တ၀င်ရှိနေ မှာပါ။ ဒါပေမယ့် ၀က်ဆိုက်မှာ ကော်လံ သုံးခု ပါတဲ့ Layout ကို အသုံးပြု ထားပါတယ်။ ဘယ်ဘက် မှာတော့ Settings Button , Message အသစ် တစ်ခုရေး သားဖို့ ခလုတ် တစ်ခုနဲ့ အတူ Conversations များကို ပြသပေး ထားပါတယ်။

အလယ်ကော်လံမှာ လက်ရှိ ဒါမှ မဟုတ် ရွေးချယ် ထားတဲ့ Conversation ကို ပြသပေး ထားပါတယ်။ Conversation မှာ သင်နဲ့ စကားပြော နေသူကို ညာဘက်မှာ ပြသပေး ထားပြီး အဲဒီ Conversation အတွက် Notifications တွေကို Mute လုပ်ဖို့ Check Box တစ်ခု ပါရှိပါတယ်။ Settings ထဲမှာ Notifications နဲ့ အသံ အားလုံးကို Disable လုပ်နိုင်ပါတယ်။ Message တစ်ခုကို ရေးသားရင် Mobile App မှာလိုပဲ Emoji, Stickers, Photos , Thumbs-Up တို့ကို ထည့်သွင်း နိုင်ပါတယ်။



Messenger အတွက် Browser Tab တစ်ခု မဖွင့်ချင်တဲ့ Mac User များအတွက် Messenger for Mac App ရှိပါတယ်။ အဲဒီ App ကို Facebook က ပြုလုပ်ပေး ထားတာ မဟုတ်ပါဘူး။ Open Source Project အနေနဲ့ Messenger ပရိသတ် တစ်ယောက်က ပြုလုပ်ပေး ထားတာပါ။ အဲဒီ App ကိုလည်း Facebook ရဲ့ Messenger Mobile App နဲ့ ဒီဇိုင်း ဆင်တူအောင် ပြုလုပ်ပေး ထားပါတယ်။

App ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်က Menu Bar ကနေ အသုံးပြုနိုင်တာပါ။ လိုအပ်ချက်နှစ်ခုက Notification နဲ့ Badges မပါရှိသေးတာပါ။ Developer ကတော့ မကြာမီ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Messenger for Mac App ကို အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။

Messenger for Mac

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Wednesday, May 13, 2015

အင်တာနက် မလိုဘဲ Message ပေးပို့နိုင် Chat နိုင်တဲ့ FireChat v6.0.5 Apk




ဒီနေ့ခေတ်မှာ ဆက်သွယ်ရေး အတွက် Messenger တွေကို လူတွေ စွဲလမ်းစွာ အသုံးပြုနေ ကြပါတယ်။ ဒါပေမယ့် Messenger တွေကို အသုံးပြုရင် အင်တာနက် ဆက်သွယ်မှု ရှိဖို့ လိုအပ် ပါတယ်။ အင်တာနက် ဆက်သွယ်မှု မရှိဘဲ အသုံးပြုလို့ ရပြီး ဆန်းသစ်တဲ့ နည်းပညာ ပါရှိတဲ့ Messenger က FireChat ဖြစ်ပါ တယ်။ ပေနှစ်ရာ အတွင်းမှာ ရှိတဲ့ FireChat User အချင်းချင်း Message, Photo ပေးပို့ ရယူနိုင်ဖို့ အတွက် အင်တာနက် မလိုအပ် ပါဘူး။ အင်တာနက် ချိတ်ဆက် ထားရင်တော့ တစ်ကမ္ဘာလုံးမှ FireChat အသုံးပြု သူတွေနဲ့ စာပေးပို့ ရယူနိုင် ပါတယ်။

FireChat ကို အင်စတော လုပ်ပြီးရင် Signup လုပ်ဖို့ အတွက်တော့ အင်တာနက် ခဏတာ ဖွင့်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Username, Email တို့ကို ဖြည့်ပေးပြီး Signup လုပ်ပါ။ နောက် အဆင့် မှာတော့ တစ်ကမ္ဘာလုံးမှ FireChat User တွေကို ပြသပေးမှာ ဖြစ်ပြီး Follow လုပ် နိုင်ပါတယ်။ ပြီးရင်တော့ FireChat ရဲ့ Main Screen ကို ရောက်ရှိမှာပါ။

ဒီ Tutorial မှာတော့ အနီး အနားမှ FireChat User တွေနဲ့ Message တွေ ၊ ဓါတ်ပုံတွေ ပေးပို့ရယူ နည်းကိုသာ အဓိက ပြသပေးမှာ ဖြစ်ပါတယ်။ FireChat ကို သင့် အလုပ်မှ လုပ်ဖော် ကိုင်ဖက်များ ဒါမှမဟုတ် နေအိမ်မှ မိသားစု ၀င်များရဲ့ ဖုန်းမှာလည်း အင်စတော လုပ်ပြီး အထက်ပါ နည်းအတိုင်း Signup လုပ်ပေး ရမှာပါ။ ပြီးရင် အင်တာနက် ဆက်သွယ် မှုကို ပိတ်နိုင် ပါပြီ။

FireChat မှာ Signup လုပ်ပြီးရင် အနီးအနားမှ FireChat User အချင်းချင်း ဆက်သွယ်ဖို့ အတွက် အင်တာနက် ဆက်သွယ်မှု မလိုအပ် တော့တဲ့ အတွက် Mobile Data ကို ပိတ်ပါ။ ဖုန်းတွေ အားလုံးမှာ WiFi နဲ့ Bluetooth ကို ဖွင့်ပါ။ အချိန် အနည်းငယ် ကြာရင် အနီး အနားမှာ FireChat User တွေ ရှိကြောင်း Notification တစ်ခု ရရှိမှာ ဖြစ်ပါတယ်။


Notification ကို တစ်ချက်နှိပ်ပြီး နောက်ပေါ်လာတဲ့ Screen မှာ Nearby ကို ရွေးပေးပါ။ ဒါဆိုရင် အနီးအနားမှာ ရှိတဲ့ လူတွေနဲ့ Message ပေးပို့ ရယူနိုင်ပါပြီ။


Message သာမက ဓါတ်ပုံ များကိုလည်း ပေးပို့ ရယူနိုင် ပါတယ်။


FireChat ကို Android , iPhone တို့မှာ အသုံးပြုနိုင် ပါတယ်။ တစ်ခု မှတ်ထား ရမှာက FireChat မှာ ပေးပို့တဲ့ Message များကို အနီး အနားမှ FireChat User အားလုံးက တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ FireChat မှာ Chatroom တွေ ပြုလုပ်နိုင်ပြီး Online ရော Offline ပါ အသုံးပြုနိုင် ပါတယ်။ Chatroom တစ်ခုမှာ လူတစ်သောင်းကျော် ပါဝင်နိုင် ပါတယ်။

စာရေးသူရဲ့ အတွေ့ အကြုံ အရ ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ကြည့်တဲ့ အခါမှာ FireChat ဟာ တည်ငြိမ်မှု သိပ် မရှိသေး ပါဘူး။ FireChat ဟာ လူရာပေါင်း၊ ထောင်ပေါင်း များစွာ အုပ်စုဖွဲ့ အသုံးပြုတဲ့ အခါမှာ ဆက်သွယ် မှုဟာ အလွန် ကောင်းမွန် တယ်လို့ သိရ ပါတယ်။ အဲဒီ အတွက် လူများလေ ပိုမိုကောင်းလေ ဖြစ်ပါ တယ်။

FireChat ကို Android 2.3.3 နဲ့ သူ့ အထက်မှာ အသုံးပြုနိုင် ပါတယ်။

play.google.com
OR
1mobile.com

From : www.pyaephyo.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, April 23, 2015

LINE Free Calls & Messages 5.1.2 APK




LINE Free Calls & Messages ဆိုရင် ပြောစရာတောင် မလိုလောက် တော့ဖူးလို့ ထင်ပါတယ် ဒီနေ့ ထွက်ထား တာလေးပါ သတိရလို့ တင်ပေး လိုက်တာပါ။ Free Calls တွေမှာ တော့ Viber ပြီးရင် ဒီကောင် လေးကို အကြိုက်ဆုံး ပဲဗျာ။ Video Call ဆိုရင် Screen အပြည့် မြင်ရပြီး ရုပ်သံ ထွက် တအား ကြည်လင် ပါတယ်ခင်ဗျာ။ ဒီကောင်းလေး ကတော့ Android OS အားလုံး သုံးနိုင်ပြီး ဖိုင်ဆိုဒ်လေး ကတော့ 23.4MB ဖြစ်ပါတယ်။




အသုံးပြုမယ် ဆိုရင် အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။

shared.com

From : ဘလော့ခရီးသည် by Win Hlaing



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, February 15, 2015

Internet မလိုပဲ facebook လို ပုံ လေးတွေ ဖေါဖေါသီသီ ပို့နိုင်တဲ့ apk




အဲဒါလေး ကတော့ Magic sms ဆိုတဲ့ software လေးပါ သူက ကိုယ့် ဖုန်းကော ကိုယ်ပို့မယ့်
ဖုန်းမှာပါ ဒီ software လေး run ထားမှ ဖြစ်မှာပါ ဘယ် internet ဘယ် network မှ မလိုပါဘူး
အရမ်းကောင်းတဲ့ software လေးပါ။

ကိုယ့်ချစ်သူ မွေးနေ့ပဲ ဖြစ်ဖြစ် ကိုယ့် သူငယ်ချင်း တွေကို သင်္ကေတ လေးတွေနဲ့ ပြောချင်လို့
ပဲဖြစ်ဖြစ် ပုံလေးတွေနဲ့ ပို့လို့ရတဲ့ apk လေးပါ အနီးစပ်ဆုံး ပြောရရင် ကျန်တော်တို့ Facebook
မှာ ပုံလေးတွေနဲ့ မက်ဆေ့ပို့ သလိုအဲ့ဒါထက် မိုက်တဲ့ ပုံ အရှင်လေးတွေ ပို့နိုင်ပါတယ်ခင်ဗျာ။

ကဲပြောနေတာ ကြာမယ် ထင်တယ် လိုတဲ့ သူငယ်ချင်းများ ဒေါင်းလိုက်ကြ ပါခင်ဗျာ။




zippyshare.com

မောင်ပေါက်< Knowledge Note >
www.maungpauk.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, January 05, 2015

Facebook Messenger v19.0.0.1.42 apk




Android ဖုန်း နှင့် Tablet ကိုင်ထားတဲ့ ဘော်ဒါတွေ အတွက် Facebook Messenger v19.0.0.1.42
apk ကို တင်ပေးလိုက် ပါတယ်။ ဒီကောင်လေးမှာ ထပ်ပြီး ပိုလာတာ ကတော့ stickers ဒီဇိုင်းသစ်
(ချစ်စရာလေး) တွေ ပါဝင်းလာတာ တွေ့ရပါတယ်ဗျာ။

Record voice messages ပို့နိုင် သလို photos and videos တွေပါ ပို့နိုင် ပါတယ်။phone book ထဲက
သူငယ်ချင်းတွေ ကိုပါ တိုက်ရိုက် contact လုပ်နိုင် ပါတယ်။ ဒီကောင်လေးရဲ့ အသုံးဝင်းပုံ အသုံးပြု
ပုံ တွေ ကိုတော့ အောက်မှာ Screen Shot တွေ ပြထား ပါတယ်ဗျာ။

ဖိုင်းဆိုဒ်လေး ကတော့16.5MB ဖြစ်ပြီး Andiod ဖုန်း Tablet များ အားလုံးမှာ သုံးနိုင် ပါတယ်ဗျာ။




shared.com

From : Pyae Phyo (MMiTD) by Win Hlaing


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, December 28, 2014

Couple Tracker.apk




အခု တင်ပေးမဲ့ ဆော့ဝဲလေး က ချစ်သူ စုံတွဲတွေ ကိုယ့်ရဲံ ချစ်သူကို ဘယ်သူ မက်ဆေ့ ပို့လည်း
ဘယ်သူ ဖုန်းခေါ် ထားလည်း ဆိုတာကို သိရ မှာပါ၊



ဒါပေမဲ့ နှစ်ဦး သဘောတူ ထားမှ ရမယ်ဗျ ဘာလို့လည်း ဆိုတော့ ကိုယ့်ခေါ် ထားတဲ့ Call Log တွေ
ရော Message တွေရော အပြန် အလှန် ရောက်နေမှာပါ။ လိုချင်တယ် ဆိုရင်တော့ အောက်ကလင့်
မှာဒေါင်းပါဗျာ။

usersfiles.com
OR
zippyshare.com

Admin....ရေနီသားဖြိုးလေး
Gmail...myanmarcredogroup1@gmail.com
Website...www.myanmarcredogroup.blogspot.com
Facebook Name...Myanmar Credo

အဆင်ပြေပါစေ..

From : မောင်ပေါက် ( Maung Pauk ) by ရေနီသားဖြိုးလေး


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, December 24, 2014

Android နဲ့ iPhone တွေ အတွက် Facebook မှ ထပ်မံ ထုတ်ဝေ လိုက်တဲ့ Stickered for Messenger app




Android နဲ့ iPhone တွေ အတွက် Facebook ကနေ Stickered for Messenger လို့ ခေါ်တဲ့ app
တစ်ခုကို ထပ်မံ ထုတ်ဝေပေး လိုက်ပါပြီ။ ဒီ app လေး ကတော့ ဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့
Facebook မှာ ပါဝင်တဲ့ Sticker လေးတွေကို စိတ် ကြိုက် ထည့်သွင်း အလှဆင်ပြီး Facebook
ပေါ်က ကိုယ်ပေးပို့လိုတဲ့ သူငယ်ချင်း ဆီကို Facebook Messenger ကနေတစ်ဆင့် တိုက်ရိုက်
ပေးပို့ နိုင်အောင်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။




Sticker အသစ်တွေ အများကြီး ထည့်သွင်း နိုင်ပါတယ်။ Stickered for Messenger ဆော့ဝဲလေး
ကိုအသုံးပြုဖို့ ဖုန်းမှာ Facebook Messenger ဆော့ဝဲသွင်း ထားပြီးသားတော့ ဖြစ်ဖို့ လိုပါမယ်။

iOS နဲ့ Android Device တွေ အတွက် Stickered for Messenger app ကိုအောက်က link မှာရ
ယူနိုင်ပါတယ်။

▼ for iOS ▼
OR
▼ for Android ▼

Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။
http://www.myanmarmobileapp.com/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, December 12, 2014

Facebook Messenger v18.0.0.25.14 apk



ဖုန်း နှင့် Tablet ကိုင်ထားတဲ့ ဘော်ဒါတွေ အတွက် Facebook, Messenger v18.0.0.25.14 apk updated ကို
တင်ပေး လိုက်ပါတယ်။ ဒီကောင်လေးမှာ ထပ်ပြီးပိုလာတာ ကတော့ stickers ဒီဇိုင်း အသစ် (ချစ်စရာလေး)တွေ
ပါဝင်းလာတာတွေ့ရပါတယ်ဗျာ။Record voice messages ပို့နိုင်သလို photos and videos တွေပါပို့နိုင်ပါတယ်။

phone book ထဲကသူငယ်ချင်းတွေ ကိုပါ တိုက်ရိုက် contact လုပ်နိုင်ပါတယ်။ ဒီကောင်လေး၏ အသုံးဝင်းပုံ
(ပုံစံ) အသုံးပြုပုံ တွေကိုတော့အောက်မှာ Screen Shot တွေပြထားပါတယ်ဗျာ။

ဖိုင်းလေးဆိုဒ်လေးကတော့14.5MB ဖြစ်ပြီးAndiod ဖုန်း Tablet များအားလုံးမှာ သုံးနိုင်ပါတယ်ဗျာ။



▼ solidfiles ▼

From : ဝင်းကမ္ဘာကျော် {Full Version & Free Download} by Win Hlaing


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »