နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Miui. Show all posts
Showing posts with label Miui. Show all posts

Monday, August 31, 2015

MIUI 7 Myanmar Font Apk




MIUI အမျိုးစား အတွက် မြန်မာဖောင့် ချိန်ချာ Apk လေးပါ မြန်မာမိုဘိုင်း ဂရုကနေ တွေ့လို့ တင်ပေး လိုက်တာပါ။

အသုံးလိုတဲ့ သူငယ်ချင်းတွေ အတွက် လိုအပ်ရင် အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်

အသုံးပြုမယ်ဆို Root ထားဖို့တော့ လိုမယ်ဗျာ ဖောင့်ထည့်မယ် ဆိုရင် Frozen Keybook ပါ တစ်ခါတည်း သွင်းပေး ထားပါတယ်။

Mi Note နဲ့ Redmi Note 3G အမျိုးစားကတော့ အိုကေတယ်တဲ့ဗျာ ...

userscloud မှာ ဒေါင်းယူပါ
OR
my.pcloud မှာ ဒေါင်းယူပါ

Ref>>>Myanmar Mobile Users Group

Original link - http://www.myanmarmobileapp.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, February 27, 2015

အသွင် သစ်နဲ့ သိပ်လန်း ချင်တယ် ဆိုတဲ့ ညီအကိုများ အတွက် Official MIUI ROM တင်နည်း




မင်္ဂလာပါ
အသွင် သစ်နဲ့ သိပ်လန်း ချင်တယ် ဆိုတဲ့ ညီအကိုများ အတွက် Official MIUI ROM တင်နည်းကို တင်ပေး လိုက်ပါတယ်။

MIUI ROM တင်နည်းကို နည်းလမ်း ပေါင်း မျိုးစုံဖြင့် ရှင်းလင်း ပြထား ပါတယ်။ အဆင်ပြေတဲ့ နည်းနဲ့ ROM Flash တစ်ခုကို အလွယ် တင်ယူနိုင် ပါတယ်။

Updater app ကို အသုံးပြု ပြီး MIUI ROM တင်နည်း

ဒီနည်းလမ်း ကတော့ Xiaomi ဖုန်း / Tablet တွေမှာ Built-in အနေဖြင့် ပါလာတဲ့ app ဖြစ်တဲ့ Updater app ကနေ တစ်ဆင့် ROM Flash တင်နည်း ဖြစ်ပါတယ်။

၁။ ပထမဆုံး သင့်ရဲ့ Xiaomi ဖုန်း / Tablet နဲ့ ကိုက် ညီမယ့် Official ရဲ့ နောက်ဆုံးထွက် MIUI ROM များကို အောက် ကလင့်မှာ အရင် ရယူ လိုက်ပါ။

en.miui.com

၂။ မိမိ ဖုန်းနဲ့ ကိုက် ညီတဲ့ ROM ကိုတွေ့ရင် တစ်ချက် နှိပ်လိုက်ပါ တိုက်ရိုက် ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက်လာ ပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide ဆိုပြီး မြင်နေ ရပါ လိမ့်မယ်။

ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက်တဲ့ အခါ ROM ကို ဒေါင်းလော့ ရယူချင် ရင်တော့ Download full Rom ဆို တာကို နှိပ်ပါ။ Flashing Guide သည် Flashing Rom ကို တင်ဖို့ရန် လမ်းညွှန် ဖြစ်ပါသည်။


၃။ ဒေါင်းလော့ ရလာတဲ့ ROM zip file ကို ဖုန်း / Tablet ရဲ့ SD Card ထဲသို့ ထည့်ထားပါ။


၎။ ဖုန်း Tablet များမှာ ပါလာတဲ့ Updater app ကို ဖွင့်ပါ။


၅။ ပြီးရင် ဖုန်းရဲ့ Menu Button ကိုနှိပ်ပါ။ Select installation pack ဆိုတာကို နှိပ်ပါ။


၆။ Select installation pack ဆိုတာကို နှိပ်ပြီး တာနဲ့ စောနားက ဖုန်းရဲ့ SD Card ထဲမှာ ထည့်ထား ခဲ့တဲ့ ROM file ကို ရွေးပေး လိုက်ပါ။


၇။ ပြီးရင် Update Now ဆိုတာကို နှိပ် လိုက်ပါ။


၈။ Update ဆိုတာ ကိုနှိပ် လိုက်ပြီး ရင်တော့ Reboot Now သို့မဟုတ် Reboot to New version ကို နှိပ်ပေး လိုက်ပါ။

ဖုန်းပြန် တက်လာတဲ့ အခါ မှာတော့ သင့် Xiaomi ဖုန်းလေး ဟာ Features အသစ်နဲ့ နောက်ဆုံး ဗားရှင်း လေးကို အောင်
မြင်စွာနဲ့ ပိုင်ဆိုင် နိုင်ပါပြီ။

တကယ်လို့ သင့်ဖုန်းမှာ Update App ပါ မလာ ခဲ့ဖူး ဆိုရင်တော့ အောက်က လင့်မှာ အလွယ် တကူ ဒေါင်းလော့ ရယူ နိုင်ပါတယ် ပြီးရင် ဖုန်းမှာ အင်စတော လုပ်လိုက်ပါ။

MIUI ROM များ အလွယ်တကူ တင်ပေးနိုင်တဲ့ Updater App Beta 26 apk




Recovery Mode ကို အသုံးပြု ပြီး Flash MIUI ROM တင်နည်း

ဒီတစ်ခါ Recovery Mode ကို အသုံးပြု ပြီး Flash MIUI ROM တင်နည်းကို လေ့လာ ကြည့်ရ အောင်ပါ။
၁။ ပထမဆုံး သင့်ရဲ့ Xiaomi ဖုန်း / Tablet နဲ့ ကိုက်ညီမယ့် Official ရဲ့ နောက်ဆုံးထွက် MIUI ROM များကို အောက်က လင့်မှာ အရင် ရယူ လိုက်ပါ။

en.miui.com

၂။ မိမိ ဖုန်းနဲ့ ကိုက် ညီတဲ့ ROM ကို တွေ့ရင် တစ်ချက် နှိပ်လိုက်ပါ။ တိုက်ရိုက် ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက် လာ ပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide ဆိုပြီး မြင်နေ ရပါ လိမ့်မယ်။

ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက်တဲ့ အခါ ROM ကို ဒေါင်းလော့ ရယူ ချင်ရင်တော့ Download full Rom ဆိုတာကို နှိပ်ပါ။ Flashing Guide သည် Flashing Rom ကို တင်ဖိုရန် လမ်းညွှန် ဖြစ်ပါသည်။




၃။ ဒေါင်းလော့ ရလာတဲ့ ROM Zip ဖိုင်ကို Xiaomi ဖုန်း / Tablet ရဲ့ SD Card ထဲသို့ ကူးထည့် လိုက်ပါ။




၎။ Xiaomi ဖုန်း / Tablet မှာ ပါလာတဲ့ Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကို နှိပ်ပါ။ Reboot to recovery mode ကို ရွေးပါ ။


၅။ Reboot ကျပြီး Recovery Mode ထဲသို့ ရောက်သွား ပါမယ်။ တကယ်လို့ Updater App ကို အသုံး မပြု ပဲ ရိုးရိုး သွားနေကျ အတိုင်း Recovery Mode ၀င်ချင်တယ် ဆိုရင်တော့ ဖုန်းကို ပါဝါပိတ် လိုက်ပါ။

Volume+ key and the Power button တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Recovery Screen ပေါ်လာသည့် အချိန် အထိ တွဲနှိပ် ထားပေးပါ။

၆။ အောက်ပုံ အတိုင်း ဖုန်းက Recovery Mode ကို ရောက်ပြီး သွားတဲ့ အခါ English ဆိုတာကို ရွေးပေးပါ အနီရောင် လေးနဲ့ ၀ိုင်းပြ ထားပါတယ်။

အပေါ်အောက်ကို သွားဖို့ရန် အတွက် Volume Key များကို နှိပ်ပါ။ ရွေးချယ် ဖို့ရန် အတွက်တော့ Power Button ကိုနှိပ်ပါ။



၇။ English ကိုရွေးပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ “Install Update Zip” option ဆိုတာ ကို ရွေးပေး လိုက်ပါ။



၈။ ဖုန်းမှာ Update process ကိစ္စပြီး သွားရင်တော့၊ Recovery main menu ကို ပြန်သွားပြီး ထွက်လိုက် ဖို့ရန် အတွက် Reboot to system one ဆိုတာကို နှိပ်ပေး လိုက်ပြီး ထွက်နိုင် ပါတယ်။

Recovery Mode ကိုအသုံးပြု ပြီး Flash MIUI ROM တင်နည်း အောင်မြင် ပြီးစီး ပါပြီ။




ADB Download.bat ကို အသုံးပြု ပြီး MIUI ROM တင်နည်း

ဒီ တစ်ခါတော့ ADB Download.bat ဖိုင်ကို အသုံးပြု ပြီး MIUI ROM တင်နည်းကို လေ့လာ ကြည့်ရ အောင်ပါ

ဒီနေရာ မှာ ကျနော် ပြောစရာ တစ်ခု ရှိပါတယ်။ adb download.bat ကို မိမိ ကွန်ပျူတာ မှာ အင်စတော လုပ်ပြီးသား ဖြစ်နေ ရပါမယ်။ တကယ်လို့ adb download.bat ဖိုင် ကိုသာ အင်စတော လုပ်ထား ပြီးသား ရှိမနေ ခဲ့ဘူး ဆိုရင်တော့ ဒီနည်းလမ်း အတိုင်း Miui Rom ကို install လုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

အခုတော့ ကျနော် ကွန်ပျူတာမှာ Android ADB & Fastboot Drivers Setup Guide ကို မပြောပြ သေးပါ နောက်ပိုင်း သူ့ကို အခန်း ကဏ္ဍ တစ်ခု အနေဖြင့် တင်ပေး သွားဖို့ ရှိပါတယ်။

၁။ ပထမဆုံး ADB Command bat ဖိုင်ကို အောက်ကလင့်မှာ ဒေါင်းလော့ ရယူ လိုက်ပါ။

zippyshare.com
OR
solidfiles.com

၁။ ADB Commonad ကို အသုံးပြု ပြီး Recovery ကို ၀င်မှာ ဖြစ်လို့ ပထမဆုံး Settings > Applications > development
> USB debugging ကို Enable ပေးရမှာ ဖြစ်ပါတယ်။


၂။ ဖုန်းနဲ့ ကွန်ပျူတာ ကို ချိတ်ဆက် လိုက်ပြီး ရင် Enable the USB debugging mode ပေးလိုက်ပါ။

မလုပ် တတ်သေး ရင်တော့ အောက်က လင့်မှာ ၀င်ကြည့် ပေးပါ။

Root ဖောက်နည်း များကို စတင် လေ့လာ တော့မယ် ဆိုရင် ပထမဆုံး သိထား ရမယ့် USB debugging on & Off ဆိုတာ

၃။ ဖုန်းနဲ့ ကွန်ပျုတာကို ချိတ်ဆက် လိုက်ပါ။ ပြီးရင် ADB Command Folder ထဲကို ၀င် လိုက်ပါ။
ပြီးရင် ကီးဘုတ်မှာ “Shift + Right click” ကို တွဲနှိပ် လိုက်ပါ။ (Shift ကို အရင် နှိပ်ပြီးမှာ Right Click ကို နှိပ်ပါ)
အောက်ပုံ အတိုင်း ပေါ်လာတဲ့ အခါ Open command window here ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။


၎။ Open command windows here ကို နှိပ်ပြီးလို့ ADB command box လေး အောက်ပါ အတိုင်း ပွင့်ပါ လိမ့်မယ်
မိမိ ဖုန်းနဲ့ ကွန်ပျူတာ အသင့် ချိတ်ဆက် မိထားပြီး ဆိုရင်တော့ ဖုန်းကို ကွန်ပျူတာ ကနေ Command ပေးရန် အသင့် ဖြစ်နေ ပါပြီ။ adb devices လို့ ရိုက်ထည့် ပြီး Enter ကို ခေါက် လိုက်ပါ။ အောက်က ပုံအတိုင်း ဖြစ်နေ ပါလိမ့်မယ်။



၅။အပေါ်က bootloader / fastboot mode ပုံ အတိုင်း ဖြစ်နေ ခဲ့ပြီး ရင်တော့ adb reboot bootloader ဆိုပြီး
ရိုက် ထည့် လိုက်ပါ ပြီးရင် Enter ကီးကို ခေါက်လိုက်ပါ။ ဖုန်းက သူ့ အလိုလို Reboot ကျသွား ပါလိမ့်မယ်။



၆။ အပေါ်က နည်းလမ်းကို အသုံး မပြု ချင်ဘူး ပုံမှန် အတိုင်းပဲ Recovery Mode ၀င်ချင် တယ် ဆိုရင်တော့၊ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။

VOLUME UP + HOME + POWER ကို တွဲနှိပ်ပေး ထားလိုက်ပါ။ Recovery Screen ပေါ်လာသည့် အချိန် အထိ တွဲနှိပ် ထားပေးပါ။

အောက်ပုံ အတိုင်း ဖုန်းက Recovery Mode ကို ရောက်ပြီး သွားတဲ့ အခါ အောက်မှာ ပေးထားတဲ့ စာတွေကို တစ်ခု ချင်းစီ နှိပ်သွား လိုက်ပါ။

wipe data/factory reset>>>Yes>>delete all user data. wipe cache partition>>>Yes-Wipe Cache

မလုပ်တတ် သေးရင် ပုံလေးတွေကို ကြည့်ပြီး တစ်ဆင့်ချင်း လုပ်သွား လိုက်ပါ။


အပေါ် အောက်ကို သွားဖို့ရန် အတွက် Volume Key များကို နှိပ်ပါ။ ရွေးချယ် ဖို့ရန် အတွက်တော့ HOME Button ကို နှိပ်ပါ။

ဖုန်းက Restart ကျ ပြီးလို့ ပြန်တက် လာတဲ့ အခါ မှာတော့ ADB Download.bat ကို အသုံးပြု ပြီး MIUI ROM တင်နည်း
ကိစ္စ အောင်မြင်စွာ ပြီးဆုံး သွားပါပြီ။




ဖုန်းရဲ့ SD Card မှာ အလွယ် တကူ MIUI ROM တင်နည်း

ဒီ တစ်ခါတော့ ကျနော် Android user တွေ အတွက် မိမိ ဖုန်းထဲ မှာတင် SD Card ထဲမှာ Miui Rom တစ်ခုကို
အလွယ် တကူ တင်ယူ နည်းကို ရှင်းပြ ပေးသွားမှာ ဖြစ်ပါတယ်။

၁။ မိမိ ဖုန်း အတွက် ကိုက် ညီမယ့် Miui Rom များကို အောက်က လင့်မှာ ဒေါင်းလော့ ရယူ လိုက်ပါ။

en.miui.com

၂။ မိမိ ဖုန်းနဲ့ ကိုက် ညီတဲ့ ROM ကို တွေ့ ပြီးလို့ တစ်ချက် နှိပ်လိုက်ပါ။ တိုက်ရိုက် ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက် လာ ပါလိမ့်မယ်။

အောက်က ပုံလေးကို ကြည့်ပါ Download Full Rom & Flashing Guide ဆိုပြီး မြင်နေ ရပါ လိမ့်မယ်။

ဒေါင်းလော့ ရယူမယ့် လင့်ကို ရောက်တဲ့ အခါ ROM ကို ဒေါင်းလော့ ရယူ ချင်ရင်တော့ Download full Rom ဆိုတာ ကို နှိပ်ပါ။

Flashing Guide သည် Flashing Rom ကို တင် ဖို့ရန် လမ်းညွှန် ဖြစ်ပါသည်။


၃။ ဒေါင်းလော့ ရလာတဲ့ ROM Zip ဖိုင်ကို Xiaomi ဖုန်း / Tablet ရဲ့ SD Card ထဲသို့ ကူးထည့် လိုက်ပါ။


၎။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။ ပြီးရင် VOLUME UP+HOME+POWER ကို တွဲနှိပ် ပေးထား လိုက်ပါ Recovery Screen ပေါ် လာသည့် အချိန် အထိ တွဲနှိပ် ထားပေးပါ။

အောက်ပုံ အတိုင်း ဖုန်းက Recovery Mode ကို ရောက် ပြီးသွား တဲ့ အခါ အောက်မှာ ပေးထားတဲ့ စာတွေကို တစ်ခု ချင်းစီ နှိပ် သွား လိုက်ပါ။

  • install zip from sdcard.
  • choose zip from internal sdcard.
  • miui_miui_GalaxyS2_2.X.X_gdiqrbqkgr_4.0.zip
  • Yes-install miui XXXXX

မလုပ်တတ် သေးရင် ပုံလေး တွေကို ကြည့်ပြီး တစ်ဆင့်ချင်း လုပ်သွား လိုက်ပါ။


၅။ အားလုံး ပြီး ရင်တော့ ပြန်ထွက် ဖို့ရန် အတွက် “Back” ကီး နောက် ပြန်ဆုတ်တဲ့ ကီးကို တစ်ချက် နှိပ်လိုက်ပါ
ပြီးရင် Reboot system now ဆိုတာကို နှိပ်ပေး လိုက်ပါ။ ခနလေး စောင့်နေ လိုက်ပါ။

Update process ကိစ္စပြီးလို့ ဖုန်းပြန် တက်လာတဲ့ အခါ ဖုန်းရဲ့ SD Card မှာ အလွယ် တကူ MIUI ROM တင်နည်း ကိစ္စ
အောင်မြင်စွာ ပြီးဆုံး သွားပါပြီ။

Features အသစ်နဲ့ သင့် အတွက် နောက်ဆုံး ဆိုတဲ့ ဘယ် ဗားရှင်းကို မဆို ပိုင်ဆိုင် နိုင်ပါပြီ။




Flash Mode ကို အသုံးပြု ပြီး MIUI ROM တင်နည်း

ဒီ တစ်ခါတော့ ကွန်ပျူတာမှ Flash Mode ကို အသုံးပြု ပြီး Miui Rom တစ်ခုကို အလွယ် တကူ တင်ယူ နည်းကို ရှင်းပြပေး သွားမှာ ဖြစ်ပါတယ်။

၁။ မိမိဖုန်း အတွက် ကိုက် ညီမယ့် MIUI ROM များကို Official ဆိုက်မှာ စိတ် ကြိုက် ရွေး ဒေါင်းလော့ ယူလိုက်ပါ။

MIUI ROM FOR ALL ANDROVID VERSION HERE

၂။ ကွန်ပျူ တာ အတွက် လိုအပ်မယ့် Phone Driver ကို aအာက်က လင့်မှာ ဒေါင်းလော့ ရယူ လိုက်ပါ။ မိမိ ဖုန်းနဲ့ ကိုက် ညီမယ့် Driver ကိုသာ ရွေးပြီး ရယူပါ။ ပြီးရင် ကွန်ပျူ တာမှာ အင်စတော လုပ်လိုက်ပါ။

Usb driver for All Android

၃။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။


၎။ ဖုန်းကို Download Mode ၀င်ပေး ရမှာ ဖြစ်ပါတယ်။ Volume Down Key, Home Button and Power key ကို တွဲနှိပ် ထားပါ။ အနည်းဆုံး 5 to 8 မိနစ် လောက် တွဲနှိပ် ပေးလိုက်ပါ။



၅။ ကွန်ပျူတာမှာ အင်စတော လုပ်ဖို့ Odin ဖုန်း ဗားရှင်း အားလုံးကို တစ်နေရာ တည်းမှာ ဒေါင်းလော့ ရယူ လိုက်ပါ။

Odin ဗားရှင်း အားလုံးကို တစ်နေရာ တည်းမှာ ရယူနိုင် ပါပြီ

၆။ ဒေါင်းလော့ ရလာတဲ့ Odin ကို Run as administer ဖြင့် ဖွင့် လိုက်ပါ။ Auto Reboot ဆိုတဲ့ နေရာမှာ အမှန် ခြစ် ပေး ထားပါ။

၇။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက် လိုက်ပါ။ ပြီးရင် PAD ဆိုတာကို နှိပ်လိုက်ပါ၊ စောနားက ဒေါင်းလော့ ရထားတဲ့
Rom tar.file ကို ရွေးပေး လိုက်ပါ။ (ဖုန်း Firmware အမျိုးအစား အလိုက် tar.file တွေ ကွဲပြားနေ ပါလိမ့်မယ်)
ID: COM နေရာမှာ အပြာလေး ပြထာနဲ့ Message ဆိုတဲ့ နေရာမှာ စာတန်း အနည်းငယ် ပေါ်လာ ပါလိမ့်မယ်။ အောက်က ပုံကို အသေအချာ ကြည့်ပါ၊ အားလုံး အသင့် ဖြစ်ပြီ ဆိုရင်တော့ Start ဆိုတာကို နှိပ်ပေး လိုက်ပါ။ အောက်က ပုံကို အသေအချာ ကြည့်ပါ။



၈။ အောက်ပုံ သည်ကား Firmware ရဲ့ အပေါ်မှာ မူတည်ပြီး tar.files များကို သူ့ နေရာ နဲ့သူ မှန်အောင် တစ်ခု ချင်းစီ
ဂရု စိုက်ပြီး ထည့်ပေး ရမည် ဖြစ်ပါသည်။ ကျန်တဲ့ အပိုင်း ကတော့ အပေါ်က နည်းလမ်း အတိုင်းသာ ဖြစ်ပါသည်။



၉။ Update Process ကိစ္စပြီးလို့ ဖုန်းက Reboot တစ်ကြိမ် ကျ သွား ပါလိမ့်မယ်။ ဒီ အတိုင်း ထား လိုက်
ပါ ဘာမှ လုပ်ပေး စရာ မလိုပါ။ ဖုန်းပြန် တက်လာ တဲ့ အခါ မှာတော့ Official ရဲ့ နောက်ဆုံးထွက် ဆို
တဲ့ ဗားရှင်း အသစ်နဲ့ Feature တွေကို သင် လုံးဝ ပိုင်ဆိုင် နေပါပြီ။

တကယ်လို့ ဖုန်း / Table တွေ အတွက် Firmware ကို ဖုန်းကနေ တိုက် ရိုက် တင်နည်း ကွန်ပျူတာ
ကနေ တင်နည်း များကို အောက်က လင့်မှာ အသေးစိပ် လေ့လာနိုင် ပါတယ်။

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်း မြှင့်တင် နည်းနဲ့ ကွန်ပျူတာမှ တင်နည်းများ အပြည့် အစုံ

အားလုံးပဲ ဆအင်ပြေ ကြလိမ့် မယ်လို့ မျှော်လင့် ပါတယ်။ နည်းပညာ ချစ်ပရိတ် များ အတွက် ကျနော်
အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါဦးမယ်။

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

From : www.zunite.org - By : ဇူးနစ်(နည်းပညာ)


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, December 13, 2014

Mi Paid Theme များကို WSM Tool သုံးပြီး အလွယ်တကူ ဒေါင်းမယ် !



" Miui " ဖုန်းများနှင့် အခြား " Miui Version " အသုံးပြု ထားသော ဖုန်းများ အတွက် Credit ပေးရသော Theme
များကို အလွယ်တကူ ဒေါင်းတဲ့ နည်းလမ်းလေး တင်ပေး လိုက်ပါတယ်။

လိုအပ်ချက် - Require Root Permission

ပြီးပြီ ဆိုလျှင် လိုအပ်တာလေးတွေ ဒေါင်းလိုက် ပါအုန်းဗျာ....... ။

▼ WSM Tool ▼
OR
▼ Paid Theme ▼
OR
▼ Theme Auth ▼

ဒေါင်းလို့ ပြီးပြီ ဆိုရင် သွင်းလိုက်ပါအုန်း အားလုံးပြီးရင် WSM Tool ကို ဖွင့်ပါ ဒီလိုလေးပေါ့ဗျာ။


အဲ့မှာ အောက်က Install ဆိုတာလေး နှိပ်လိုက်ပါ ဒီလိုလေး ထပ်ပေါ်လာပါ လိမ့်မယ်။


Reboot တောင်းရင် Ok နှိပ်ပေး လိုက်ပါ ဖုန်းက ပါဝါပိတ်ပြီး ပြန်တက် လာပါလိမ့်မယ်။

ပြန်တက်လာရင် WSM Tool ကို ပြန်ဖွင့်ပြီး သွင်းထားတဲ့ apk နှစ်ခုကို ဖွင့်ပေးပါ ဒီလိုမျိုးပေါ့။


ပြီးပြီ ဆိုရင် ကိုယ်ဒေါင်းမယ့် Theme ထဲသွားပါ ကိုယ့် စိတ်ကြိုက် Credit တောင်းတာတွေ ဒေါင်းလိုက်ပါ။


ပြီးပြီဆိုရင် ကိုယ်ဒေါင်းထားတဲ့ Theme လေးတွေကို ပြောင်းလိုက်ပါ ဒါဆိုရင် Paid Theme လေးတွေကို
လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါပြီ အဆင်မပြေရင် ဖုန်းကို Reboot တခေါက် ချပြီးပြန်လုပ်ပေးပါ။


အားလုံးအဆင်ပြေကြပါစေဗျာ..........nyipaing39@gmail.com :) :)

From : Internet for Myanmar by ညီ ပိုင်


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »