နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts

Tuesday, June 02, 2015

ကိုရီးယား ရုပ်ရှင် ကုမ္မဏီမှ ရိုက်သည့် မြန်မာသမိုင်း




ကိုယ့်နိုင်ငံ သမိုင်းကို ကိုရီးယားက ရိုက်တာ တော်တော် ကောင်းတယ် ပြောကြလို့ အားလုံး ကြည့်လို့ ရအောင် ပြန်တင်ပေး လိုက်ပါတယ်။












အောက်ကလင့်မှာတော့ my.pcloud မှာ နှစ်ပိုင်းခွဲ တင်ပေးထားတာပါ။ ဒေါင်းယူပြီး အေးအေး ဆေးဆေး ကြည့်ရအောင်ပါ။

မှတ်ချက်။။ မြန်မာစာတန်းမထိုးပါ။

Part - 1
OR
Part - 2

Original link - https://www.facebook.com/Mushin969



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, April 20, 2015

ရုပ်ရှင် ဝါသနာအိုးများ အတွက် Fast And Furious 7 (2015)




ဒီဇာတ်ကား ကိုတော့ မိတ်ဆက် စရာ မလိုဘူး ထင်ပါတယ်..

Vin Diesel ၊ Paul Walker ၊ အပြင် Jason Statham ပါ ဒီ ဇာတ်ကားမှာ ပါဝင် ပါတယ်.. Furious 7 (2015) ကတော့ ရုံတင် တာတောင် ရက်ပိုင်းပဲ ရှိသေး တာမို့
cam အဆင့်မှာ ကြည့်လို့ အဆင်ပြေ ဆုံးကို ရွေးပြီး တင်ပေး လိုက်ပါတယ်..

ဦးဦး ဖျားဖျား ကြည့်ချင် သူတွေ ကျေနပ် ကြမယ်လို့ မျှော်လင့် ပါတယ် ...

အောက်မှာ ပေးထားတဲ့ လင့်တွေမှ သွားရောက် ကြည့်ရှု ဒေါင်းယူ နိုင်ပါတယ်။

userscloud.com
OR
my.pcloud.com



From : www.patheinit.com
Payephyokyaw(ပုသိမ်အိုင်တီ)



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, February 18, 2015

မြန်မာစာတန်းထိုး ရုပ်ရှင်များ The Lord Of The Rings;The Two Towers (2002)



လူကြိုက်များပြီး တောင်းဆိုနေ ကြတဲ့ ကားလေးပါ အခု ဒုတိယ ကားကို ဆက်တင်ပေး လိုက်
ပါတယ် ပထမကား ဖြစ်တဲ့ The Lord of the Rings: The Fellowship of the Ring (2001) ကို
မြန်မာစာတန်းထိုး နဲ့ မကြည့် ရသေး သူများ ဒီလင့်မှာ ကြည့်ပါ..။

ဒီကားက လူကြီးလူငယ် မရွေးကြည့်နိုင်ပြီး၊ မိသားစု တူတူကြည့်ဖို့ လည်း အစဉ်ပြေ ပါတယ်။

ဇာတ်ကားကောင်း တစ်ကားဖြစ်သလို၊ ကြည့်ပြီးသားကို ပြန်ကြည့် ရင်တောင် မရိုး ရအောင်
ကောင်းတဲ့ ကားဖြစ်ပြီး၊ မကြည့်ဖူးသေးဖူး ဆိုရင် အခုပဲ ဒေါင်းပြီး ကြည့်ကြ ဖို့ တိုက်တွန်းလိုက်
ပါတယ်။

နံပါတ် ( ၃ ) ကိုလဲ နောက် အပါတ်မှာ ဆက်တင်ပေး သွားပါ့မယ်။

ရုပ်ရှင်က ၄ နာရီ နီးပါး ရှည်တာမို့ ဖိုင်ဆိုဒ်က ပုံမှန် ထက်တော့ နည်းနည်း ပိုကြီးပါတယ်..

pCloud ကနေ ဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေး လိုက်ပါတယ်။

Download 2.5 GB
OR
Download 961 MB

ကျေးဇူးတင်ပါတယ် ...

By : ချမ်းငြိမ်း-မှော်ဝန်း
From : http://www.channyein.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

မြန်မာ စာတန်းထိုး ရုပ်ရှင်များ The Lord of the Rings : The Fellowship of the Ring (2001)



ဒီကား ကတော့ တစ်ချိန်မှာ လူကြိုက်များ နာမည် ကြီးလာမယ့် The Lord of the Ring Trilogy ရဲ့
အစ၊ Middle Earth ကို ရုပ်ရှင် ကြည့် ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေး ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်
ပါတယ်။

နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့ အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ
့ကြပါဘူး။ Harry Potter လို ကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ ပရိတ်သတ်တွေ သိပ်
မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်
အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာ
မက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်း
အကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့
အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်က
အကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အ
တတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။

ဒီကားမှာတော့ The Dark Lord, Sauron ရဲ့ Spirit က တစ်ဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်
စွပ်ကို ပြန်ရှာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ Bilbo Baggins ကလည်း တစ်ချိန်တုန်းက
သူအသုံးပြုခဲ့တဲ့ ကိုယ်ပျောက်လက်စွပ်ကို သူရဲ့ တူဖြစ်တဲ့ Frodo ကို အမွေပေးခဲ့ပါတယ်။

ဒါကို Gandalf က သတိထားမိသွားပါတယ် ဒီလက်စွပ်ဟာ တစ်ချိန်တုန်းက Middle Earth ရဲ့ ရန်
သူ Orc တွေရဲ့ခေါင်းဆောင် Sauron ရဲ့ လက်စွပ်ဖြစ်မှန်းသိသွားခဲ့ပြီး Sauron က သူ့ရဲ့ တပည့်
တွေကို စေလွှတ်ပြီး လိုက်ရှာနေတာကြောင့် Frodo ကို သူတို့ရဲ့မြို့ကနေ အမြန်ဆုံးထွက်ခွာပြီး
Bree ကို အရောက်သွားဖို့ စေလွှတ်လိုက်ပြီး၊ သူကိုယ်တိုင်ကတော့ သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့
Saruman ကိုသွားပြီး တိုင်ပင်ဖို့ ထွက်ခွာခဲ့ပါတယ်။

Frodo နဲ့ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ Sam, Marry, Pippin တို့က Bree မရောက်ခင်မှာ Sauron
ရဲ့ တပည့်တွေဖြစ်တဲ့ Nazgul (Undead Human Kings) တွေလက်က လက်မလေးတင် လွတ်ခဲ့ပြီး၊
ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်လာမယ့် Aragorn နဲ့ ဆုံတွေ့ခဲ့ပြီး၊ Nazgul တွေလက်
က လွတ်အောင်ပြေးရင်းနဲ့ Rivendell ကိုရောက်သွားခဲ့ပါတယ်။

ဒီလက်စွပ်က သူ့ကိုယ်ပိုင် အစွမ်းရှိသလို Sauron ကိုပဲ သစ္စာရှိပြီး၊ Sauron ထံပြန်ရောက်ဖို့ ကြိုးစား
နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်သူ့ကိုမဆို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Frodo ကတော့
ဒီလက်စွပ်ကို စိတ်ဝင်စားမှုမပြသလို၊ သူ့အပေါ်ကို သိပ်ပြီး သက်ရောက်မှုမရှိတဲ့အတွက်၊ လက်စွပ်
ကို Frodo ကိုပဲ ပေးထားပြီး၊ ဖျက်ဆီးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီလက်စွပ်ကို ဘယ်လက်နှက်နဲ့ မှ
ဖျက်စီးလို့ မရပါပဲ လက်စွပ်ကို ပန်းထိမ်လုပ်ခဲ့တဲ့ Mount Doom လို့ခေါ်တဲ့ မီးတောင်ထဲကို ပစ်ချ မှ
ပဲ ဖျက်ဆီးလို့ရမှာဖြစ်ပါတယ်။

ဒီလို သွားရာမှာ Frodo ကိုလမ်းပြဖို့ Gandalf က တာဝန်ယူသလို၊ မင်သား Aragornရယ် Legolas
(Elf), Gimli (Dwarf) နဲ့ Boromir (Human) တို့က လိုက်ပါစောင့်လျှောက်ဖို့တာဝန်ယူခဲ့ပါတယ်။
ဒါ့အပြင် Frodo ရဲ့ သူငယ်ချင်းသုံးယောက်ကလည်း လိုက်ပါမှာဖြစ်တာကြောင့် 9 members of
the Fellowship of The Ring ဆိုပြီး တာဝန်ပေးလိုက်ပါတယ်။ ဒီကနေစလို့ သူတို့ရဲ့ ခရီးစဉ်စတင်
မှာဖြစ်ပြီး စိတ်ဝင်စားစရာ Action/Adventure ဇာတ်ကားကောင်း တစ်ကားဖြစ်လာမှာဖြစ်ပါတယ်။

ဒီကားက လူကြီးလူငယ်မရွေးကြည့်နိုင်ပြီး၊ မိသားစုတူတူကြည့်ဖို့လည်းအစဉ်ပြေပါတယ်။ No Sex,
No Nudity ဖြစ်ပြီး၊ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ ကြည့်ပြီးသားကိုပြန်ကြည့်ရင်တောင်
မရိုးရအောင် ကောင်းတဲ့ကားဖြစ်ပြီး၊ မကြည့်ဖူးသေးဖူးဆိုရင် အခုပဲဒေါင်းပြီးကြည့်ကြ ဖို့ တိုက်တွန်း
လိုက်ပါတယ်။

နံပါတ် ( ၂ )ကိုလဲ နောက် အပါတ်မှာ ဆက်တင်ပေး သွားပါ့မယ်။ ရုပ်ရှင်က ၄ နာရီ နီးပါရှည်တာမို့
ဖိုင်ဆိုဒ်က ပုံမှန်ထက်တော့ နည်းနည်းပိုကြီးပါတယ်.. pCloud ကနေ တင်ပေးလိုက်ပါတယ်..

pCloud ကနေ ဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေး လိုက်ပါတယ်။

Download 2.4 GB
OR
Download 913 MB

ကျေးဇူးတင်ပါတယ်။

By : ချမ်းငြိမ်း-မှော်ဝန်း

From : http://www.channyein.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, January 22, 2015

John Carter (2012) မြန်မာစာတန်းထိုး



ဇာတ်ကားအမည် ၊ John Carter
ဒါရိုက်တာအမည် ၊ Andrew Stanton
အရည်အသွေး ၊ အကြည်
စာတန်းထိုးသူ ၊ ငြိမ်းစေရာအောင်

စစ်မှုထမ်းဘ၀နဲ့ ဘ၀ကို နိုင်ငံအပေါ် ပေးဆပ်ခဲ့ပြီး တပ်မှ ထွက်ပြီးသည် အထိ မိမိ ဘ၀ အတွက် ဘာ
တစ်ခုမှ ဖြစ်မလာတဲ့ အခါမှာ ပုံပြင်တစ်ခု သဖွယ် ဖြစ်နေသည့် ရွှေပင့်ဂူဆိုတဲ့ ရွှေလှိုင်ဂူ တစ်ခုကို ယုံ
ကြည်မှုအပြည့်နဲ့ ရှာဖွေနေခဲ့ရင်းက ပြသနာတက်ရင်း ကနေ ပြေးလွှားရင်းနဲ့ ရွှေပင့်ဂူရွှေလိုဏ်ဂူကို
aရာက်လာခဲ့တယ်။

အဲ့ဒီ့မှာ စနေဂြိုဟ်က အစွမ်းထက်ဂြိုဟ်သား တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံရင်းနဲ့ ဂျွန်ကာတာ
တစ်ယောက် ဂြိုဟ်သားကို သေနတ်နဲ့ ပစ်မိရင်း ဂြိုဟ်သား သေဆုံးသွားခဲ့တယ်။ ဂြိုဟ်သားမသေ
ဆုံးခင် သူ့လက်တွင်းက ထူးဆန်းတဲ့ လည်ပတ်တစ်ခုကို အသုံးပြုပြီး စနေဂြိုဟ်ကို ပြန်ဖို့လုပ်နေ
တုန်း စကားမဆုံးခင် အဲ့ဒီ့လည်ပတ်ကို ဂျွန်ကာတာက ယူမိရာကနေ ကမ္ဘာဂြိုဟ်ကနေ စနေဂြိုဟ်
ကို ရောက်သွားခဲ့တယ်။

ရောက်ခါစမှာ ကမ္ဘာဂြိုဟ်ရဲ့ ဆွဲအားနဲ့ သူရဲ့ အရိုးသိပ်သည်းဆ မတူညီမှုတို့ကြောင့် ဂျွန်ကာတာဟာ
အမြင့်ကို ခုန်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်သွားခဲ့တယ်။ အဲ့နိုင်ငံမှာ မတူညီတဲ့ မျိုးနွယ်စု ၂ ခုရှိ
တယ်. တစ်ဦးနဲ့တစ်ဦး စစ်ပွဲတွေ ဖြစ်ရင်းကနေ တိုင်းပြည်တွေ လုကြတဲ့အထိ ဖြစ်နေတဲ့ တိုင်းပြည်
၂ ခုထဲမှာ ဘယ်လိုမျိုး ရင်ဆိုင်မလဲ။ ဘာသာစကားနားလည်မှုရအောင် ဘယ်သူကကူညီမှာလဲ။

ကမ္ဘာမြေကိုကော သူပြန်လာနိုင်ပါ့မလား။ အဲ့နိုင်ငံ ၂ နိုင်ငံမှာ ဘယ်နိုင်ငံဖက်က ရည်တည်မှာလဲ။
ထပ်ပြီးတော့ကော ဂျွန်ကာတာ အစွမ်းပိုထက်လာနိုင်မလား ဆိုတာကို ကြည့်ရှုအားပေးကြပါဦး ......

my.pcloud.com

From :ဝင်းကမ္ဘာကျော် {Full Version & Free Download} by ညီနေမင်း(နည်းပညာ)


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, January 18, 2015

Broken City (2013) မြန်မာစာတန်းထိုး




ဒီကားကတော့ Crime | Drama | Thriller အမျိုးအစား ဇာတ်ကားလေးပါ..

မင်းသား Russell Crowe နဲ့ ထရမ်စဖာမာ ကားထဲက လူကြိုက် များတဲ့ မင်းသား Mark Wahlberg
တို့ ပါဝင် သရုပ်ဆောင် ထားတာပါ ။

မြန်မာစာ တန်းထိုးနဲ့ မို့လို့ အညွှန်း မရေးပေး တော့ပါဘူး IMDb မှာ Ratings: 6.2 အထိ အောင်
မြင်ခဲ့တာပါ ။

စာတန်းထိုးလေးနဲ့ တင်ပေးလိုက် ပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

Download 1.2 GB
OR
Download 443 MB

ကျေးဇူးတင်ပါတယ်

ချမ်းငြိမ်း-မှော်ဝန်း
From : http://www.channyein.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Unknown (2011) မြန်မာစာတန်းထိုး




မင်းသားကြီး Liam Neeson ရဲ့ Action | Mystery | Thriller အမျိုးအစား ဇာတ်ကား ဟောင်းလေးပါ..

တောင်းဆိုထားတဲ့ Liam Neeson ပရိတ်သတ်တွေ ကျေနပ်ကြမယ် မျှော်လင့်ပါတယ်..

င်္File size အကြီး နဲ့ အသေး နှစ်မျိုးလုံး တင်ပေးထားပါတယ်။ ကြိုက်ရာဒေါင်းယူနိုင်ပါတယ်။

Download 1.2 GB
OR
Download 460 MB

ကျေးဇူးတင်ပါတယ်

ချမ်းငြိမ်း-မှော်ဝန်း
From : http://www.channyein.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Gravity (2013) မြန်မာစာတန်းထိုး




ဇာတ်ကား ကတော့...ကြည့်ကို ကြည့်သင့်တဲ့ ကားပါ..။ ကဲ စထဲကပြောထား လိုက်ပြီ။ မကြိုက်တဲ့
သူတွေက ဘာလို့ မကြိုက်ကြလည်းတော့ မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲ
မှာ ဒီကားလည်း ပါပါတယ်။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်း
တူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။

အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။

Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေတွက်
ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။

ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။

အမေရိက နိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကကြောင်းရင်းကတော့ Cold War (1947-1991)
အမေရိက နဲ့ ရုရှားတို့ စစ်အေး တိုက်ပွဲကာလ (ကုလ သမဂ္ဂ ဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့
Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလ တုန်း
က သူတို့ နှစ်နိုင်ငံ က စစ်ရေးတင် မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ ဂြိုလ်ထုတွေ လွှတ်
တင်နိုင် ဖို့ကိုပါ ပြိုင်ဆိုင်ခဲ့ကြပါတယ်။

အဲ့ဒီ ကစလို့ အမေရိကန်လူမျိုးတွေက အာကာသကို သွားဖို့က သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက်
ဖြစ်ခဲ့ပါတယ်။ (မြန်မာ နိုင်ငံမှာ ၁၀တန်းပြီးရင် ဆေးကျောင်းတက်ရမယ် ဆိုသလို၊အမေရိကား
မှာလည်း လူငယ်တော်တော်များများက အာကာသကိုသွားတဲ့ Astronaut ဖြစ်ချင်ခဲ့ ကြပါတယ်။
( ဖြစ်ဖို့လည်း မလွယ်ပါဘူး။)

ဒါကြောင့်လည်း ဒီကားက အမေရိကား မှာ လူကြိုက်များနာမည်ကြီးပြီး အောင်မြင်မှုတွေလည်း
ရရှိနေပါတယ်။ ဒါပေမယ့် ဒီတချက်တည်းတင်မဟုတ်ပါဘူး။ ဒီကားက Action, Drama, Thriller
အစရှိတဲ့ ရသပေါင်းစုံခံစား နိုင်အောင် ရိုက်ကူးတင်ဆက်ထားပြီး အာကာသထဲ စွန့်စားခန်းတွေ
ကိုပရိတ်သတ်တွေ ရင်သက်ရှုမော ခံစားနိုင်အောင် ရိုက်ကူးထားတဲ့ ကားကောင်း တစ်ကားဖြစ်
ပါတယ်။

ဇာတ်ကားရဲ့ ဆောင်ပုဒ် က Life in Space is impossible ဆိုတဲ့အတိုင်း အာကာသ ထဲက လူတွေ
ရဲ့ဘ၀ကို ဖော်ပြထားပါတယ်။

အာကာသထဲကို သွားရင် အမြဲတမ်း အာကာသယာဉ်မောင်း ပိုင်းလော့ ၂ယောက် (အမေရိကန်
လေတပ် က အရာရှိတွေကိုပဲ ပိုင်းလော့ခန်း ပါတယ်)။ ပညာရှင် ၂ယောက်၊ ယေဘူယျအားဖြင့်
ပါလေ့ ရှိပါတယ်။ ဇာတ်လမ်း ကတော့ George Clooney က Pilot ဖြစ်ပြီး ဒီ Mission ရဲ့ ခေါင်း
ဆောင်လည်းဖြစ်ပါတယ်။ Sandra Bullock ကတော့ ဂြိုလ်ထုကို ပြင်ဖို့ လိုက်ပါလာတဲ့ ပညာရှင်
တွေထဲက တစ်ယောက်ပါ။ သူတို့က အာကာသထဲမှာ ရောက်နေတာ ၁ပတ်လောက်ရှိနေပြီဖြစ်
ပြီး ဂြိုလ်ထုကို ပြင်လို့ မရသေးပါဘူး။

အဲ့ဒီ အချိန်မှာပဲ ရုရှားက Cold War အတွင်းက လွှတ်တင်ထားတဲ့ ဂြိုလ်ထုဟောင်းတစ်လုံးကို ဒုံး
ကျည်နဲ့ ဖျက်ဆီးလိုက်ရာကနေ ဂြိုလ်ထုအပိုင်းအစ တွေက ဂြိုလ်ပတ်လမ်း ထဲမှာ လွင့်နေပြီး ရှိ
သမျှ အရာ တွေကို ပျက်ဆီးစေတာကြောင့် သူတို့ရဲ့ Mission ကို ရပ်ပြီး ပြန်လာဖို့ ကမ္ဘာပေါ်က
ဌာနချုပ် Houston (အမေရိကန်နိုင်ငံ တက္ကဆက်စ် ရှိ အာကာသ စခန်း) က အမိန့်ပေးပါတယ်။

အဲ့ဒီအချိန်မှာပဲ ဂြိုလ်ထု အပိုင်းအစတွေ ထိမှန်ပြီး သူတို့ရဲ့ အာကာသယဉ်လည်း ပျက်ဆီးသွား
သလို George Clooney နဲ့ Sandra Bullock တို့ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ Sandra Bullock
အာကာသထဲမှာ မျောသွားတာကို George Clooney က လိုက်ကယ်ရမှာဖြစ်ပြီး အနီးနားမှာ မ
ပျက်ဆီးပဲ ကျန်ခဲ့တဲ့ ရုရှား နဲ့ တရုတ် တို့ရဲ့ အာကာသ စခန်းကနေ သူတို့ရဲ့ အရေးပေါ် ကမ္ဘာကို
ပြန်ဆင်းတဲ့ ယဉ်ပျံနဲ့ ပြန်ဆင်းဖို့ ကြိုးစားရမှာပါ။

ဒါပေမယ့် အာကာသ ထဲမှာ မျောနေတာက ကမ်းမမြင် လမ်းမမြင်နဲ့ ပင်လယ်ထဲမှာမျောနေရ
သလိုပါပဲ။ ပိုဆိုးတာက အာကာသက လေဟာနယ်ဆိုတော့ ရေကူးသလိုမျိုးတောင် ကိုယ်လို
ရာကို သွားလို့မရပါဘူး။ အာကာသသွားတဲ့သူတွေက သူတို့ရဲ့ကျောကုန်းမှာ သူတို့လိုရာကို
သွားနိုင်ဖို့ Jet တတ်ထားရပြီး လောင်စာကုန်တာနဲ့ အာကာသထဲမှာ မျောနေဖို့ပဲ ရှိပါတယ်။
ဂြိုလ်အပိုင်းအစတွေက Communication Satellite ကိုဖျက်ဆီးသွားလို့ သူတို့ရဲ့ဌာနချုပ်နဲ့က
လည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ဒီအပြင် အသက်ရှုဖို့ အောက်ဆီဂျင်က
လည်း အကန့် အသတ်နဲ့ မို့လို့ သူတို့ နှစ်ယောက် လိုရာကို ဘယ်လို ရောက်အောင် သွားမ
လည်း၊ ရောက်ရော ရောက်ပါမလား၊ ဂြိုလ်ပတ်လမ်းထဲက အပိုင်းအစတွေ ကရော ကမ္ဘာကို
ပတ်ပြီး နောက်တစ်ကြိမ်ပြန်လာ ဦးမှာလား၊ George Clooney နဲ့ Sandra Bullock တို့ ရဲ့စွန့်
စားခန်းတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

မင်းသားနဲ့ မင်းသမီး နှစ်ဦးအဓိကသရုပ်ဆောင်ထားလို့ ဇာတ်လမ်းက ထူးထူးခြားခြား ဖြစ်နေ
ပါတယ်။ အာကာသထဲက စွန့်စားခန်းတွေကို ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားသလို သဘာ
ဝကျကျ ရိုက်ကူးထားတာကြောင့် ကျွန်တော်တို့ မသွားနိုင်တဲ့ အာကာသကို ပိတ်ကား ထက်
မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ Drama ကားတစ်ကားအနေနဲ့ ဒီကားမှာ ပါတဲ့ Action က သာမန်
Action ကား တွေလောက်နီးနီး ကောင်းပါတယ်။ Action, Suspense, Thriller တွေကြောင့် မိ
နစ်၉၀ လုံး မပျင်းမရိပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် နှစ်ဦးကြားက ဆက်ဆံရေး၊ စ
ကားပြောခန်းတွေကလည်း ရုပ်ရှင်ကို ပိုမိုအသက်ဝင်စေပါတယ်။ (ဇာတ်ကားတစ်ကားလုံး
Communication မရပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဟယ်လို ကြားလားနဲ့ တင် အချိန်ကုန်
နေလို့ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။)

ဒရမ်မာကား ကောင်းတစ်ကားဖြစ်သလို၊ ထူးခြားတဲ့ အာကာသကား ကောင်းတစ်ကားပါ။ အ
ထူးသဖြင့်ကျွန်တော်တို့ မရောက်ဖူးသေးလို့ ဒီကားကို 3D နဲ့ ကြည့်ရှုတာပိုကောင်းပါတယ်။
ကြည့်ဖြစ်အောင် 3D နဲ့ကြည့် ကြပါ။ ဒီကားက 3D အတွက်အဓိက ရိုက်ကူးထားပြီး၊ တတ်နိုင်
ရင် Real 3D နဲ့ ကြည့်တာပိုကောင်းပါတယ်။ Digital 3D နဲ့တင် ပြီးပြည့်စုံနေပြီဖြစ်ပေမယ့်
ပြည်ပရောက်နေတဲ့သူတွေ၊ Real 3D ရှိတဲ့ ရုံမှာသွားကြည့်ကြပါ။ ကြည့်ဖြစ်အောင်ကြည့်ပါ၊
3D နဲ့ကြည့်ပါခင်ဗျာ.။ ကြည့်သင့်ပါတယ်။ တန်ပါတယ်။

မိသားစုလည်း တူတူကြည့်နိုင်ပါတယ်။ Rated ကတော့ PG-13 ပါ။ (No Sex, No Nudity,
No Gory, No Blood, Not even Kiss nor romantic scene). မိသားစုတူတူကြည့်သင့်ပါတယ်။
ကလေးတွေ၊ လူငယ်တွေ ပါမကျန်၊ လူကြီးတွေလည်း ကြည့်သင့်တဲ့ကားတစ်ကားပါ။ မိဘ
တွေ သားသမီးတွေကို ရုံမှာ 3D နဲ့ ပြကိုပြသင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။

အညွန်းကို #Sololay ရုပ်ရှင်မိတ်မှ ကူးယူဖော်ပြပါသည်.. ။

Cloud ကနေ ဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့ တင်ပေးလိုက်ပါတယ်...

Download 985 MB
OR
Download 370 MB

ကျေးဇူးတင်ပါတယ် ... ။

ချမ်းငြိမ်း-မှော်ဝန်း
http://www.channyein.org/

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

3 idiots full movie (မြန်မာစာတန်းထိုး)




ကျနော် ကြည့်ဖူး သမျှ အိန္ဒိယ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံး ဇာတ်ကားပါ..

အန္ဒိယ လူ့ အဖွဲ့အစည်းနှင့် ပညာရေး စနစ်ကို သာမက အာရှတိုက် တခုလုံးရဲ့ ပညာရေး စနစ်
တခုလုံးကိုပါ.. မေးခွန်းထုတ် သရော် ထားတဲ့ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကား
တကားလည်း ဖြစ်ပါတယ်..

မကြည့်ရ သေးတဲ့ သူငယ်ချင်းတွေ ကြည့် ဖြစ်အောင် ကြည့်ပါ အရင်က ၂ ကြိမ် လောက်
တင်ပေးဖူးပါတယ်။ ပျက်သွားလို့ အခု အသစ် တင်ပေး လိုက်ပါတယ်။

ဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုး တင်ပေး လိုက်ပါတယ်။

အဆင်ပြေ တာနဲ့ ကြည့်ရှု ဒေါင်းယူ နိုင်ပါတယ်.. ။

Download 1.8 GB
OR
Download 670 MB

ကျေးဇူးတင်ပါတယ် ...

From : ချမ်းငြိမ်း-မှော်ဝန်း
http://www.channyein.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, January 12, 2015

PK (2014) မြန်မာ စာတန်းထိုး



PK သူဟာ ကိုယ်လုံးတီးနဲ့ ကမ္ဘာမြေ ပေါ်ကို ရောက်ရှိ လာခဲ့ပြီး.. ခဏ အတွင်းမှာပဲ လူသား တို့ရဲ့
ပညာရပ် တခုနဲ့ မိတ်ဆက် ခံလိုက် ရတယ်..

အဲဒါကတော့ သူ့ယာဉ်ပျံနဲ့ ပြန်လည် ဆက်သွယ်ရာမှာ အသုံးပြုတဲ့ remote control အဖြစ် သူ့လည်
ပင်းမှာ ဆွဲထားတဲ့ အလင်းရောင်တွေ ထွက်နေတဲ့ အဝိုင်းပြား တစ်ပြားကို သူနဲ့ ပထမ ဆုံး တွေ့တဲ့
လူသားက လုယူ သွားတာ ပါပဲ..

သူပြန်လည် ရယူဖို့ ကြိုးစား ပေမယ့် သူရလိုက် တာကတော့ ကက်ဆက် တလုံးပါပဲ...
အဲဒီနောက် မှာတော့ ကိုယ်လုံးတီးနဲ့ လူတယောက် ကက်ဆက် တလုံးကို လွယ်ပြီး သူ့ရဲ့ remote
control ကို ပြန်လည် ရရှိဖို့ ရှာဖွေနေရင်း ကနေ... အိန္ဒိယရဲ့ များပြားလှတဲ့ ဘုရားတွေနဲ့ PK စ
တွေ့ပါတော့တယ်..

အဲဒီနောက်မှာ သတင်းထောက် မလေး Jaggu, ဘုရားတွေနဲ့ လုပ်စား ဘာသာရေး ခေါင်းဆောင်
တွေနဲ့ အဲနောက်.....PK ရဲ့ အလွဲ အလွဲတွေ.. နောက်ဆုံး လူသားတွေ ဆီကနေ PK ဘာတွေ
သင်ယူသွားနိုင်ခဲ့လဲ..

ဇာတ်လမ်းက ၂၀၁၂ တုန်းက နာမည်Bကီးခဲ့တဲ့ O M G နဲ့ ဘာမှ မဆိုင်အောင် ကောင်းပါတယ်..
ဒီဇာတ်ကားကို ကျနော့်ရဲ့ ချစ်လှစွာသော Admin:K.M.A ကိုယ်တိုင် ကြိုးစားပြီး မြန်မာ ဘာသာ
ပြန်ပေးထားပါတယ်...

မူရင်းနဲ့ လွဲချော်မှု မရှိအောင် ကြိုးစား ထားပေမယ့် လွဲချော်မှု ရှိရင် ကျနော် ချမ်းငြိမ်း-မှော်ဝန်း ရဲ့
ညံ့ဖျင်းမှုဟု သာမှတ်ပါ..

ဖိုင်ဆိုဒ်အသေး အကြီးနှစ်မျိုးနဲ့တင်ပေးလိုက်ပါတယ်...

Download 1.6 GB
OR
Download 620 MB

From : ဘလော့ခရီးသည် by ချမ်းငြိမ်း-မှော်ဝန်း


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, January 11, 2015

Pathfinder Unrated ဇာတ်ကား ကြမ်းကြမ်း (1.61GB) (HD)



ဇာတ်ကား ကြမ်းကြမ်း ကြည့်မယ် ဘော်ဒါတို့ HD ထုပ်ထားတယ် Pathfinder (ရှေ့ဆောင်လမ်းပြသူ)
ဆိုတဲ့ ဇာတ်ကားကို တင်ပေးလိုက်ပါတယ်။

ဒီကောင်လေး ကိုတော့ အကြည်ဖြင့် ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာစာ (OR) အင်္ဂလိပ်စာတော့
အချိန်က မရှိလို့ မထိုးပေး လိုက်တော့။ အချိန် ရရင်တော့ မြန်မာစာ ထိုးပေးမယ်ဗျာ။

အခုတော့ အကြည် ကြည့်ရအောင် HD ထုပ်ထားတယ် ဇာတ်ကား ကြမ်းကြမ်းကို ကြည့်မယ် ဆို
ရင်အောက်မှာဒေါင်းနိုင်ပါတယ်။

Download or watch here

From : ဝင်းကမ္ဘာကျော် {Full Version & Free Download} by Win Hlaing


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, January 08, 2015

The Interview မြန်မာ စာတန်းထိုး



ဒီဇာတ်ကားကို မြန်မာ စာတန်းထိုးနဲ့ တောင်းဆို ကြသူတွေ များလို့ ကသာသားလေး နဲ့ ကျွန်တော်
Nyeinsaeya Aung တို့ ကြိုးစား ဘာသာပြန် ခဲ့ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်လုံးက Professional Translator များ မဟုတ်ကြတဲ့ အတွက် (ဇာတ်ကား
ကလဲ ဗန်းစကားနဲ့ ညစ်ညမ်း စကားတွေ များလို့) ဘာသာပြန် အမှား အယွင်းနဲ့ လိုအပ်ချက်များ ရှိ
ခဲ့ ပါက နားလည် ခွင့်လွှတ်ပေးကြဖို့ အရင်ဆုံး စကားခံ ထားချင်ပါတယ်။

ဒီကားက လတ်တလော သတင်းကြီးနေပြီး Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေ
ရာကနေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသ
ရာကနေ အခု ရုံတွေမှာပါ တင်ပြီး ပြနေပြီ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့.....
James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။
သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူ
တွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။

တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်
တယ်လို့ သိသွားရာ ကနေ Interview လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီကနေ့ အားလုံးသိတဲ့ အတိုင်း
CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေး လာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယား
ကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့
ညာတာ ခံရပြီး အစီအစဉ်တွေ ပြောင်းသွား ပုံကို ဟာသ ဆန်ဆန် တင်ဆက် ထားပါတယ်။

သုံးသပ်ချက် အနေနဲ့..... ရုပ်ရှင်ထဲမှာ မနှစ်သက် စရာတွေ အနည်းငယ် ပါပေမယ့် လူသား အငွေ့
အသက်တွေ များစွာတွေ့ ရပြန်တယ်။ စကားဆို စိတ်ထဲ ပါပါ မပါပါ လျှာပေါ်လေဝဲပြောတဲ့ အမေ
ရိကန် စကားပြောပေါက်ကို ဘယ်သူမှ မမီပါဘူး။

တစ်ဦးတစ်ယောက်က ဘယ်လိုတွေ မမှန်တာတွေ လုပ်ခဲ့ လုပ်ခဲ့ လူချင်းကိုယ်တိုင်တွေ့တဲ့ အခါ “
မင်းလုပ်သလား ? ဟုတ်ရဲ့လား ? ” လို့ မေးပြီးမှ ယုံချင်တယ်။ ဒီလူက အခုကောင်းတာလုပ်ပြီဆို
ရင် ဒုတိယ အခွင့် အရေးပေးချင်တယ်။ အဲ .. သူတို့ လက်တွေ့မှာ ယုံပြီဆိုတဲ့ လူ လိမ်သွားပြီ ဆို
ရင်တော့ မခံမရပ်နိုင်အောင် ဆန့်ကျင်ကြတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ အမှန်ကို အမှန်
အတိုင်း ရင်ဆိုင်တာကို လိုချင်တယ်။ ပြီးတော့ သိတဲ့ အတိုင်း ဟောလီဝုဒ် ကားဆိုတော့ မိသား
စု အတူထိုင်ကြည့်ဖို့ ခက်တဲ့ လူကြီးကြိုက် အခန်း အနည်းငယ်တော့ မပါရင် မဖြစ်ပေဘူး။

ဇာတ်ဝင် ခန်းထဲမှာ နာမည်ကျော် အဆိုတော် Eminem နဲ့ အင်တာဗျူးမှာ “ ခင်များ ဘယ်လိုမျိုး
တွေကို Rap စာသားလုပ်ဆိုလဲ? မုန်းတဲ့ သူတွေကိုလား? ” ဆိုတဲ့ ဒေဗ့် ရဲ့ အမေးကို “ ကျွန်တော်
မုန်းတဲ့ သူတွေကို Rap လုပ် မဆိုပါဘူး။ ကျွန်တော်ကြောက်တဲ့ အရာတွေကိုသာ Rap စာသား
လုပ်ပြီး သီချင်းထဲ ထည့်ဆိုတာပါ ” ဆိုပြီး “ Hate ” နဲ့ “ Fear ” ကို ခွဲခြားပြသွားတဲ့ အဖြေကို နှစ်
သက်မိတယ်။ ထို့အတူပဲ .. သမ္မတကင်ရဲ့ အထူးအားကိုးရတဲ့ ဘယ် နဲ့ ညာ လက်ရုံး ၂ ယောက်
သေဆုံးသွားတဲ့ အခါ Kim ရဲ့ ဆောက်တည်ရာ မရတဲ့ “ Fear ” ကို ပုံဖော်ထားတာ ပီပြင်လှပါ
တယ်။

ဒီအင်တာဗျူးကို လက်ခံ မခံစဉ်းစားဖို့ အက်ရွန်တို့ ( ၂ ) ယောက်ကို အချိန် ( ၂၄ ) နာရီပဲ ပေးထား
တယ်။ မြောက်ကိုးရီးယား ဖက်က ကြိုတင်ချပေးတဲ့ မေးခွန်းကိုပဲ မေးရမယ်ဆိုတော့ ထုတ်လုပ်
သူက လက်မခံချင်ဘူး။ ဒီိအချိန်မှာ ဒေဗ့်က “ လက်ခံရမယ်။ ငါတို့ ဒီအင်တာဗျူးကို လက်ခံရမယ်။
ဒါဟာ ငါတို့သမိုင်းမှာ အကြီးအမားဆုံး မှတ်တိုင်ဖြစ်ရမယ်။

ဂျာနယ်လစ်တွေရဲ့ ပထမဆုံး လုပ်ရမယ့် အလုပ်က အင်တာဗျူးဖြေချင်အောင် ဖြေချင်တာ ဖြေခွင့်
ပေးတာပဲ ” ဆိုတဲ့ စကားဟာ လက်ရှိ အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီနေပြန်တယ်။

ဟုတ်ပါတယ် .. အစပိုင်းမှာ အမေရိကန်တွေ ဘယ် ကိစ္စကိုမှ သဘော မတူဘူးပြောလေ့ မရှိပါဘူး။
နောက်ပိုင်းကျမှသာ သူတို့ လိုရာကို ဆွဲဆောင်စည်းရုံးပြီး စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်တာ
မြင်ကြ သိလာကြရစမြဲပါ။

ဒီရုပ်ရှင်ကနေ ကြည့်ရှုသူတွေ ဘာရ လိုက်သလဲ? ရှင်းပါတယ်။ Facebook ဘာသာစကားနဲ့ ပြော
ရရင် ခံယူချက်အရ စည်းရုံလို့ မရတဲ့ အာဏာရှင်ကို “ Poke ” လုပ်လိုက်ခြင်းလို့ပဲ ရိုးသားစွာမြင်
မိတယ်။ အခုချိန်ဆို ဒီရုပ်ရှင်ကို ကြည့်ပြီးလောက်တဲ့ သမ္မတကင်လည်း ခုန်ဆွဆွ ဖြစ်နေလောက်
ပါပြီ။ သူ့လိုအာဏာရှင် - Dictator တစ်ယောက် ဟာလည်း လူသား ပါလားဆိုတာ ပါဝါစားလက်
တစ်ဆုပ်ရော၊ ( ၉၉% ) သော ဆင်းရဲသား များကိုပါ သိစေချင်တာ ပေါ်လွင်နေပါတယ်။

ဇာတ်လမ်း အကျဉ်းကို ရုပ်ရှင် မိတ်ဆက်မှ ကူးယူဖော်ပြပြီး သုံးသပ်ချက်ကို koko2yeye@gmail.com
ဆီမှ ကူးယူ ဖော်ပြပါသည်)

  • File size...924MB
  • Quality....WEB-DL Rip 480p
  • Format...mp4
  • Duration....01:52:10



Download and Watch(userscloud)


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read More »

Monday, January 05, 2015

JUST MARRIED FINAL (2003) မြန်မာ စာတန်းထိုး




တွေ့ဆုံပြီး ရက်ပိုင်းလေး အတွင်း ချစ်ကြ ကြိုက်ကြ အတွေ့ အထိ မှာ မက်မောမိတဲ့ ချစ်သူ နှစ်ဦး
ဖြစ်တဲ့ တွမ် နှင့် ဆာရာ တို့ဟာ မကြာ ခင် ရက်ပိုင်း လေးထဲ မှာပဲ လက်ထပ် လိုက်ကြ ပြီးနောက်
ဟန်းနီးမွန်း ထွက်တဲ့ ခရီင်္းမှာပဲ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း စိတ်ဓါတ်ချင်း မတူညီ
နိုင် တာတွေကို စတင်တွေ့ ရှိပြီး တစ်ဦးနဲ့ တစ်ဦး ကလန်ကဆန် အတိုက် အခိုက်တွေ လုပ်ကြပြီး
ကွာရှင်း ပြတ်ဆဲလု နီးနီး ဖြစ်လာတဲ့ အခါ...

အချစ်နဲ့ ဘ၀ တည်ဆောက်ဖို့ အတွက် အချိန်နှင့် လေ့လာမှု လိုအပ်ကြောင်း သင်ကြားပေးတဲ့ အ
ချစ် ဖန်စီ ဟာသ ရုပ်ရှင် ဇတ်ကားကောင်း ဖြစ်ပါတယ်...

my.pcloud.com

From : Pyae Phyo (MMiTD) by ဦးအာကာ -ဦးလေးကြီး

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Bang Bang (2014) မြန်မာ စာတန်းထိုး



မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့ အဓိက ပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်
ကားက Hollywood ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တစ်ကားကို မှီငြမ်း ထားတာဖြစ်ပါတယ်...။

နိုင်ငံ တော်တော် များများကို လှည့်ပတ်ပြီး ခမ်းနားစွာ ရိုက်ကူး ထားတာကြောင့် မြန်မာပြည်မှာ ရုံ
တင် ကတည်းက နာမည်ကြီး လူကြိုက် များခဲ့ပါတယ်...

မင်းသားရော မင်းသမီးရော ကျွန်တော့် အကြိုက် Bollywood Actor တွေပါ။

ဒါကြောင့်လဲ ဒီဇာတ်ကားကို ကိုယ်တိုင် မတတ် တခေါက် ဘာသာပြန် ထားတာဖြစ်ပြီး အမှား အ
ယွင်း နဲ့ လိုအပ်ချက်များ ရှိခဲ့ပါက ကျွန်တော့်ရဲ့ အားနည်းချက်သာ ဖြစ်ကြောင်းလဲ ကြိုတင် ဝန်ခံ
ထားချင်ပါတယ်။

Connection မကောင်း သူများ အတွက် Small File Size (389MB) ကိုပါ တင်ဆက် ထားပါတယ်။





ပုံမှန်ဆိုဒ်ဒေါင်းရန်
OR
ဆိုဒ်သေးဒေါင်းရန်

From : Pyae Phyo (MMiTD) by ဦးအာကာ -ဦးလေးကြီး


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, December 31, 2014

Chariot ( မြန်မာစာတန်းထိုး )



  • Director:Brad Osborne
  • Writer:Eric Vale
  • Stars:Anthony Montgomery

ဇာတ်ကား ကောင်းကောင်းလေး ကြည့်ချင်သူများ အတွက် မြန်မာ စာတန်း ထိုးပေး ထားပါတယ်။

ဇာတ်ကားဘော်ဒါများအတွက် အောက်မှာဒေါင်းနိုင်ပါတယ်။

my.pcloud.com

www.winhlaing.org
ဝင်းလှိုင်(နည်းပညာ)


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, December 28, 2014

Sunshine.2007 (မြန်မာ စာတန်းထိုး)



ဇာတ်ကားအမည် - Sunshine
ဒါရိုက်တာအမည် - Danny Boyle
အရည်အသွေး - အကြည်
Video Upload - Watch Myanmar Movies

အနာဂတ်ရဲ့ နှစ် ၅၀ အကြာမှာတော့ လောကကို အလင်းရောင် ပေးနေတဲ့ နေမင်းကြီးဟာ စတင်
ပျက်ဆီးစ ပြုနေလို့ အာကာသ ယာဉ်မှူး တစ်ဖွဲ့ကို ပျက်ဆီးမှုကို ပြုပြင်ရန် စေလွှတ်ခဲ့ပါတယ် ..

ဒါပေမယ့် အဆိုပါ စစ်ဆင်ရေး ဟာ မအောင်မြင် ခဲ့ပါဘူး။ နောက် ၇ နှစ် အကြာမှာတော့ နောက်
ထပ် အဖွဲ့တစ်ဖွဲ့ကို ထပ်မံစေလွှတ် ခဲ့ပါတယ် .. ။

အဲ့ဒီ့ ထပ်မံစေလွှတ်တဲ့ အဖွဲ့ဟာ တကမ္ဘာလုံးရဲ့ နောက်ဆုံး မျှော်လင့်ချက်ပါ ..

မအောင်မြင် ခဲ့ရင် ကမ္ဘာကြီး ပျက်ဆီး သွားမှာ ဖြစ်လို့ အဲ့ဒီ နောက်ဆုံး အဖွဲ့ရဲ့ ကြိုးပမ်း မှုဟာ
အောင်မြင် မလား မအောင်မြင် နိုင်ဘူးလား ဆိုတာကို ဆက်လက် ကြည့်ရှု လိုက်ကြပါဦး ...

my.pcloud.com
OR
===

From: ဝင်းကမ္ဘာကျော် {Full Version & Free Download} by ညီနေမင်း


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

This is 40 (2012) မြန်မာ စာတန်းထိုး



  • File size...1.1GB
  • Quality....Blu-ray Rip 480p
  • Format...mp4
  • Hour....02:17:03
  • Subtitle....Myanmar Subtitle(Hardsub)





အသက် ၄၀ အရွယ် အိမ်ထောင်သည် ဘဝကို ထင်ဟပ်စေတဲ့ Comedy အမျိုး အစား ဇာတ်ကားပါ...
ဟာသ ဆန်ဆန် တင်ပြ ထားပြီး အနောက်တိုင်း လူနေမှု ဘဝကို ရိုက်ပြ ထားတဲ့ အတွက် တချို့ အ
ခန်းတွေ ကတော့ ဆင်ဆာ ထိနိုင်ပါတယ်...

မင်းသား Paul Rudd နဲ့ မင်းသမီး Leslie Mann တို့ အဓိက ပါဝင် သရုပ်ဆောင် ထားပြီး Megan Fox
လဲ အားဖြည့် ပါဝင် ထားပါတယ်...

ကလေး သရုပ်ဆောင် အပါ အဝင် အားလုံးက ပီပြင်စွာ သရုပ်ဖော် ထားကြလို့ ကိုယ်တိုင် ဇာတ်
ကားထဲ စီးဝင် ခံစားမိမယ့် ဇာတ်ကားလေးပါ ....

IMDb Rating (6.2/10) ရရှိ ထားပါတယ်။

Connection မကောင်း သူများ အတွက် Small File Size (345MB) ကိုပါ တင်ဆက် ထားပါတယ်။

File Size (1.1GB)
OR
File Size (345MB)

Credit--channelmyanmar


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »