နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Oxygen. Show all posts
Showing posts with label Oxygen. Show all posts

Sunday, April 05, 2015

OnePlus One ဖုန်းအတွက် Official OS အဖြစ် Oxygen OS ထွက်ရှိလာ [Oxygen OS သွင်းနည်း]




OnePlus One ဖုန်းဟာ ယခင်က Cynogenmod ရဲ့ ROM များ ကိုသာ ဖုန်းရဲ့ Built-in OS အဖြစ် အသုံးပြု ခဲ့ရာက ယခု အခါ ၄င်းတို့ရဲ့ ကိုယ်ပိုင် OS အဖြစ် Oxygen OS အမည်ဖြင့် OS တစ်ခုကို ထုတ်လုပ် ပေးလိုက်ပါပြီ။

Oxygen OS ဟာ Android 5.0 Lollipop ကို အခြေခံ ထားပြီး Oxygen OS ရဲ့ ဒီဇိုင်း အသွင် အပြင် ပိုင်း ကတော့ Google ရဲ့ Android 5.0 Stock ROM ရဲ့ ဒီဇိုင်း အသွင် အပြင် အတိုင်း ပါပဲ။ ဒီဇိုင်း ပိုင်းနဲ့ ပတ်သက်လို့ ထူးထွေ ပြာင်းလဲ ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် Google ရဲ့ Android 5.0 Stock ROM ထက် လိုအပ်တဲ့ Setting တစ်ချု့်နဲ့၊ Oppo ဖုန်းကဲ့သို့ Screen Guesture သတ်မှတ် နိုင်တာတွေ ၊ Quick Setting ပိုင်းနဲ့ File Manager တွေမှာ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေး ထားတာတွေ ပါဝင် လာပါတယ်။

အခုပြော ခဲ့တာ ကတော့ Oxygen OS ရဲ့ အဓိက အချက်တွေ ဖြစ်ပါတယ်။ ကျန်တာတွေ ကတော့ သုံးရင်းနဲ့ ဆက်ကလိ ကြည့်ပါ။ အခု OnePlus One ဖုန်း ကိုင်ဆောင် ထားသူတွေ အတွက် Oxygen OS ကို ရယူနိုင်မယ့် Download Link နဲ့ Oxygen OS ကို OnePlus One ဖုန်းမှာ တင်နည်းကို ဆက်လက် ပြောပြ ချင်ပါတယ်။

အရင်ဆုံး Oxygen OS for OnePlus One ကို ရယူပါ။
Download

အခုလက်ရှိ OnePlus One ဖုန်းတွေကို Oxygen OS တင်ချင်တယ် ဆိုရင်တော့ Recovery Mode ကနေ တင်ရမှာပါ။ OnePlus One ကတော့ Teamwin Recovery ကဲ့သို့သော Custom Recovery ကနေ တင်ဖို့ပဲ Recommend လုပ်ထားတာ တွေ့ရ ပါတယ် ။ နောက် ပိုင်းထွက် လာမယ့် OnePlus One ဖုန်းတွေ မှာတော့ Oxygen OS က Built-in ပါဝင် လာနိုင် ပါတယ်။

အဆင့် (၁)
လိုအပ်တဲ့ Custom Recovery file ကို ရယူပါ။

OnePlus One အတွက် TWRP Recovery ဖိုင်အားရယူရန်

twrp-2.8.6.0-bacon.img ဆိုတဲ့ ဖိုင်လေး ရလာပါမယ်။

Fastboot Command တွေ ရိုက်ရန် လိုအပ် သော ကြောင့် ကွန်ပျူတာမှာ Fastboot folder မရှိသေး ပါက အောက်က link မှာရယူပါ။

adb+fastboot zip ဖိုင်အားရယူရန်

ယင်း zip ဖိုင်ထဲမှ folder ကို Desktop ပေါ်မှာ ထုတ်ထား လိုက်ပါ။ ယင်း Folder ထဲသို့ အပေါ်မှာ တုန်းက download ရယူ ခဲ့တဲ့twrp-2.8.6.0-bacon.img ဆိုတဲ့ ဖိုင်လေးကို သွားထည့် ထားပါ။

ဖုန်းကို Fastboot Mode သို့ဝင်ရန် အရင်ဆုံး Power ပိတ် လိုက်ပါ။ ပြီးလျှင် Power Button နဲ့ Vol up ခလုတ်ကို တွဲနှိပ်ပါ။ ဖုန်းမှာ Fastboot logo ကို မြင်ရပြီ ဆိုရင် ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပါ။

Desktop ပေါ်မှာ ထုတ်ထား ခဲ့တဲ့ Fastboot folder ထဲသို့ဝင်ပြီး Shift+Right Click ကို တွဲနှိပ်ပါ။ Open Command Windows Here ကို ရွေးပါ။ Fastboot Command တွေ ရိုက်လို့ ရတဲ့ Command Window ပေါ်လာပါမယ်။

အောက်ပါ command တွေကို ရိုက်ပါ။
  • fastboot oem unlock လို့ ရိုက်ပါ။
  • ပြီးလျှင် fastboot flash recovery twrp-2.8.6.0-bacon.img လို့ ရိုက်ပါ။
  • ပြီးလျှင် fastboot reboot လို့ ရိုက်ပါ။
  • ဒါဆိုရင်တော့ Recovery သွင်းတဲ့ အဆင့်ပြီးသွား ပါပြီ။

အဆင့် (၂)
Download ရယူ ထားတဲ့ oxygens-1.0.0.zip file ကို ဖြည် လိုက်ပါ။ oxygenos-1.0.0.flashable.zip ဖိုင်လေး ရလာ ပါမယ်။ ယင်း ဇစ်ဖိုင်လေးကို ဖုန်းရဲ့ Internal Storage ရဲ့ Main Directory ထဲသို့ Copy ကူးထည့်ထားလိုက်ပါ။

အဆင့် (၃)
Recovery Mode ထဲသို့ ၀င်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပါ။ ပြီးလျှင် volume down key နဲ့ the power button ကို တွဲနှိပ်ပါ။

အဆင့် (၄)
Recovery Mode ထဲသို့ ရောက်ရှိ သွားပြီ ဆိုရင် Wipe Option ထဲသို့ဝင်ပြီး Delete/Wipe Cache, Dalvik cache and data ကို ရွေးလိုက်ပါ။

အဆင့် (၅)
wipe လုပ်ပြီး သွားပြီ ဆိုရင်တော့ Recovery Mode ထဲမှာပဲ Choose Zip from SD Card ထဲသို့ဝင်ပါ။ ခုနက ထည့်ထား ခဲ့တဲ့ oxygenos_1.0.0.flashable.zip ကိုရွေးပေးပြီး install လုပ်ပါ။ (Confirm flash) ။ Oxygen OS ကို ဖုန်းမှာ စတင် flash လုပ်ပါလိမ့်မယ်။

အဆင့် (၆)
Flashing Process ပြီးဆုံး သွားပြီ ဆိုရင်တော့ ဖုန်းကို Reboot ပြန်လုပ် နိုင်ပါပြီ။ ဖုန်းဟာ OxygenOS နဲ့ လန်းနေပြီ ဖြစ်ပါတယ်။



အားလုံးပဲ အဆင်ပြေ ကြပါစေ။

Posts by သက်နိုင်စိုး
http://www.myanmarmobileapp.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »