နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Phone Application. Show all posts
Showing posts with label Phone Application. Show all posts

Friday, June 10, 2016

Titanium Backup 7.3.0.2 (379) Latest APK Download BY CHAN LAY



Image result for Titanium Backup Latest apk



Image result for Titanium Backup Latest apk  Image result for Titanium Backup Latest apk
Image result for Titanium Backup Latest apk

နောက်ဆုံးထွက် ဗားရှင်းလေးမို့လို့ Feature တွေပိုပြီး စုံလင်လာပါတယ်...။

သူရဲ့ ပါဝင်လာတဲ့ Feature လေးတွေကိုတော့ ဖတ်ကြည့်ပေးပါနော်...။



[✔] 0-click batch restores
[✔] Keep multiple backups per app
[✔] Backup/restore SMS,MMS,calls,bookmarks,Wi-Fi AP as XML
[✔] Multi-user app data
[✔] Apps freezer
[✔] Sync to/from Dropbox (manual/scheduled)
[✔] Sync to/from Box (manual/scheduled)
[✔] Sync to/from Google Drive (manual/scheduled)
[✔] TB Web Server: download/upload your backups as a single ZIP on your computer
[✔] Convert user apps <=> system apps
[✔] Integrate system app updates into ROM
[✔] Encryption
[✔] Market Doctor (relink apps to Market)
[✔] “Destroy all Market links” feature
[✔] Hypershell speed
[✔] Backup apps without closing them!
[✔] Create your own update.zip containing apps+data!
[✔] Restore individual apps+data from non-root ADB backups!
[✔] Restore individual apps+data from CWM backups!
[✔] Restore individual apps+data from TWRP backups!
[✔] Market “auto updating” manager
[✔] Dalvik cache cleaner
[✔] Integrate Dalvik cache system elements into ROM
[✔] Unlimited schedules
[✔] Load/Save a Filter and use it in Widgets/Schedules
[✔] Change the device’s Android ID, restore it from a backup or after a factory reset
[✔] Protect backup against deletion
[✔] Send backup (to e-mail/cloud) and import it in 1 click
[✔] Backup→Verify→Un-install an app in one shot
[✔] Freeze/defrost/launch apps in a single click
[✔] CSV export any app DB (e-mail or Google Docs)
[✔] Convert app data to/from fast WAL format
[✔] WAY MORE!



CHAN LAY (MCMM)

www.mcmm.ga
===
Heading 1 Heading 2 Heading 3
Table A Table B Table C
Blogger Wordpress Joomla
CSS3 HTML5 Javascript
Sylesheet Script Coding
Originally published at -
Read More »

Wednesday, June 01, 2016

Android ဖုန်းတိုင်းကိုမြန်မာစာသွင်းနိုင်တဲ့ App (14) မျိုးစုစည်းမူ By CHAN LAY (MCMM)




ယခု App (14) ခု လုံးဟာ မြန်မာဖောင့် ထည့်သွင်းဖို့ အတွက် အသုံးဝင်မယ့် App တွေသာ ဖြစ်တယ်။ ဒီ App လေးတွေကို အသုံးဖို့ Root လုပ်ထားဖို့ သာလိုပါတယ်။ လိုက်ရှာနေစရာ မလိုအောင် Font Changer တွေကို တစ်ခါတည်း စုစည်းပေး ထားပါတယ်။

  1. Download MM Font Full
  2. DownloadSmart Zawgyi Pro
  3. Download MPPG Font Tool
  4. DownloadMi Fonts Changer
  5. Download MM Mobile Font Changer
  6. Download Samsung Zawgyi Enabler
  7. DownloadMM Aio Font Changer Pro
  8. DownloadZawgyi Font Changer
  9. DownloadMMSD Smart Zawgyi Installer
  10. Download Zawgyi Installer (Root)
  11. DownloadMUA Font Changer
  12. Download
    MM Aio Font Changer
  13. Download LolliZwaper
  14. Download MM Unicode Installer

"သူငယ်ချင်းတွေကို "Share" လုပ်ခြင်းဖြင့်ပြန်ပြီး မျှဝေနိုင်ပါတယ်။

www.mcmm..ga

My Facebook Wall- (HERE)

Credit To... (Original Uploader)

Read More »

Tuesday, May 31, 2016

♪ ကွန်ပျူတာ နဲ့ Mobile နည်းပညာကို စိတ်ဝင်စားသူတွေအတွက် Knowledge Box Application (By: CHAN LAY) ♫



ဒီ Applications လေးကတော့ နည်းပညာကို စိတ်ဝင်စားသူတွေအတွက် လက်ကိုင်ဖုန်းကတဆင့် အလွယ်တကူ လေ့လာနိုင်အောင် ဖန်တီးထားတာပါ..။

 Application လေးထဲမှာ Computerဆိုင်ရာ, Mobile ဆိုင်ရာ, အခြား IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့ အတ္ထုပတ္တိအကျဉ်း စတဲ့ အကြောင်း အရာ ဗဟုသုတပေါင်း ၂၄၅ ခု ပါ ပါတယ်။


Or

My Facebook Wall- (HERE)

Credit To... (La Min Soe)

CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
(or)
www.chanmyaemaung.tk


Read More »

Sunday, September 27, 2015

စမတ်ဖုန်းမှာ လက်ချောင်းများနဲ့ စာရေးနိုင်မယ့် Google Handwriting Input



စမတ်ဖုန်းမှာ On-Screen Keyboard တွေနဲ့ စာရိုက် ရတာကို မနှစ်သက်ဘဲ လက်နဲ့ စာရေး ရတာကို နှစ်သက် သူများ အတွက် Google က Google Handwriting Input App ကို ဖြန့်ချီပေး ထားပါတယ်။

ဘာသာစကား ၈၂ မျိုးနဲ့ စာရေး သားနိုင် ပါတယ်။ လက်ချောင်း အပြင် Stylus နဲ့ပါ ရေးသားနိုင်တဲ့ အတွက် Stylus ပါတဲ့ ဖုန်းများမှာ ဆိုရင် ပိုမို အဆင်ပြေ ပါတယ်။

စာသားများ အပြင် Emojis များကိုပါ လက်နဲ့ ရေးသားနိုင် တာက ပျော်စရာ ကောင်းပါတယ်။ Voice Input လည်းပါရှိပြီး စကားပြောပြီး စာရေးသား နိုင်ပါတယ်။ Google Handwriting Input ရဲ့ လက်ရေးများကို စာသားများ အဖြစ်ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းရည်က အလွန်ကောင်းမွန်ပြီး တိကျပါတယ်။ အနည်းငယ်သာ အမှားအယွင်း ရှိတာကို တွေ့ရပါတယ်။

Google Handwriting Input ကို ပထမဆုံး အကြိမ်ဖွင့်ရင် Google Terms of Services and Privacy Policy ကို သဘော တူညီဖို့ Box တစ်ခု ကျလာပါမယ်။

အိုကေကို နှိပ်ပြီးရင် ပြုလုပ် ရမယ့် အဆင့် သုံးဆင့်ကို လမ်းညွှန်ပေး ထားပါတယ်။ Google Handwriting Input ကို သင့်ဖုန်းမှာ Enable လုပ်ခိုင်း တာဖြစ်ပြီး အဆင့် တစ်ကို နှိပ်ပြီး Enable လုပ်ပါ။ သင့်ဖုန်းရဲ့ System Language ဟာ English ဖြစ်နေရင် အဆင့်နှစ်ဖြစ်တဲ့ Language ကို ဒေါင်းလုပ် ပြုလုပ်တဲ့ အဆင့်ကို အလိုအလျှောက် ပြုလုပ် ပေးမှာပါ။ အဆင့်သုံးမှာတော့ Google Handwriting Input ကို သင့်ဖုန်းရဲ့ Default Keyboard အဖြစ် သတ်မှတ် ခိုင်းတာ ဖြစ်ပါတယ်။


ပြီးရင်တော့ Google Handwriting Input ကို စမ်းသပ်အသုံးပြုဖို့ အဆင့်သုံးအောက်မှ Text Box ကို တစ်ချက်နှိပ်ပါ။ Write here ဆိုတဲ့ Box မှာ လက်ချောင်းနဲ့ စာများရေးသား ရမှာ ဖြစ်ပါတယ်။

ရေးသားရမယ့် ပုံစံကတော့ စကားလုံး တစ်ခုချင်း စီကို ရေးသား ရမှာပါ။ ဥပမာ အားဖြင့် “ How are you? “ လို့ ရေးသား ချင်တယ်ဆိုရင် How လို့ရိုက်ပြီး ခဏစောင့်ပါ။ App က အပေါ်မှာ အကြံပြုချက် သုံးခုကို ပြသပေးမှာ ဖြစ်ပြီး အလယ်မှ အကြံပြုချက်ကို အလို အလျှောက် ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ သူရွေးချယ်တာ မှားနေရင် အကြံပြုချက် ထဲမှ အခြား တစ်ခုကို တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင် ပါတယ်။

How လို့ ရိုက်ပြီး ခဏစောင့်ရတဲ့ အချိန်ဟာ အလွန်မြန်တဲ့ အတွက် စောင့်ရတယ် လို့တောင် မထင်ရ ပါဘူး။ How လို့ ရိုက်ပြီးတဲ့ နောက်မှာ အဲဒီ စကားလုံးကို ရှေ့ဘက်ကို ရွှေ့ပြီး Box မှ ဖယ်ရှားပေးလိုက်တဲ့ အတွက် Box မှာ စာရေးသားဖို့ နေရာကျဉ်းကျပ်တဲ့ ပြဿနာကို မတွေ့ရပါဘူး။

နောက်စကားလုံးတစ်ခုအနေနဲ့ are လို့ ရိုက်ရင် အလယ်မှ အကြံပြုချက်မှာ Space သင်္ကေတနဲ့ are ကို ကပ်လျက်ပြသပေး ထားပါတယ်။ App က How နဲ့ are ကြားမှာ Space ခြားရမယ် ဆိုတာကို အလို အလျှောက်သိပြီး ရွေးချယ်ပေးမှာပါ။


ရေးသားပြီးတဲ့ စကားလုံး တစ်ခုကို ဖျက်ချင်ရင် အောက်ခြေရှိ Space Bar ရဲ့ ညာဘက်မှ Backspace Key ကို နှိပ်နိုင် ပါတယ်။ ဒါမှ မဟုတ် Input Box မှာ ညာဘက် ကနေ ဘယ်ဘက်သို့ အလျားလိုက် ပွတ်ဆွဲပြီး လျှင်မြန်စွာ ဖျက်နိုင် ပါတယ်။ စကားလုံး တစ်ခုမှ အက္ခရာ တစ်ခုကိုသာ ဖျက်ချင် ရင်တော့ အောက်ခြေရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Back Button ကို နှိပ်ပါ။ ဒါဆိုရင် ရေးသား ပြီးတဲ့ စကားလုံးကို ပြန်လည်ပြသ ပေးမှာ ဖြစ်ပြီး အက္ခရာ တစ်ခုကို ဖျက်ချင်ရင် Back Button ကို တစ်ချက်စီနှိပ်ပြီး ဖျက်နိုင်ပါတယ်။


ညာဘက် အောက်ထောင့်စွန်းမှ Emojis ခလုတ်ကို နှိပ်ပြီး Emojis များ ထည့်သွင်းနိုင် ပါတယ်။ စာရေးသူရဲ့ ဖုန်းမှာတော့ Emojis များထည့်သွင်း ကြည့်တာ အဆင် မပြေပါဘူး။ အွန်လိုင်းမှ Video Review တွေမှာ ကြည့်တဲ့ အခါမှာတော့ အဆင်ပြေ တာကို တွေ့ရပါတယ်။ Emojis များကို လက်နဲ့ ဆွဲပြီး ထည့်သွင်းနိုင် ပါတယ်။ ဥပမာ အားဖြင့် အောက်က ပုံမှာလို ရေးဆွဲ လိုက်ရင် Emoji သုံးခုကို အကြံပြု ပြသပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။


အောက်ခြေမှ ကမ္ဘာလုံးပုံကို နှိပ်ရင် ကီးဘုတ်ကို ပြောင်းနိုင်ပါတယ်။ ဒါမှမဟုတ် Space Bar ကို ဖိထားနိုင်ပါတယ်။

Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားရင် Input Language နဲ့ Theme ကို ပြောင်းလဲနိုင်ပါတယ်။ Auto selection ကတော့ စကားလုံးများကို App က အလိုအလျှောက် ရွေးချယ်ပေးတာဖြစ်ပါတယ်။ Default အားဖြင့် ၄၀၀ မီလီစက္ကန့်ကို ထားရှိပေးထားပြီး အဲဒီ Setting က အဆင်ပြေတာကိုတွေ့ရပါတယ်။


Google Handwriting Input ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

myanmardigitallife

Original link - http://www.myanmardigitallife.com/?p=4559



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, September 19, 2015

Apple ရဲ့ ပထမဆုံး Android App ကို Google Play ပေါ်မှာရယူနိုင်ပြီ




စက်တင်ဘာလ ၁၆ ရက်နေ့မှာ iOS 9 ကိုထုတ်ပေး လိုက်ခြင်းနှင့် အတူ Apple ရဲ့ ပထမဆုံး Android Application ဖြစ်သည့် “Move to iOS” app ကိုလည်း Google Play ပေါ်မှာ Android ဖုန်း အသုံးပြု သူများ ရယူနိုင် စေရန် တင်ပေး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“Move to iOS” app သည် Android ဖုန်း အသုံးပြု သူများအနေဖြင့် ၄င်းတို့ရဲ့ contacts, messages, mail settings, photo libraries, browser bookmark စသည်တို့ကို iPhone ဆီသို့ ရွေ့ပြောင်းပေးမည် ဖြစ်ပြီး မိမိရဲ့ Android ဖုန်းပေါ်မှာ အမြဲ အသုံးပြုနေသည့် App များအား Apple App Store ပေါ်တွင် ရယူနိုင်ရန် ပြုလုပ်ပေး ထားမည်ဖြစ်သည်။



“Move to iOS” app ကို အသုံးပြုရန် Move to iOS app သွင်းထားသည့် Data ရွေ့ပြောင်းမည့် Android ဖုန်းနှင့် Data လွှဲပြောင်း ရယူမည့် iPhone တို့အား တူညီသော Wifi Network တစ်ခု တည်းတွင် ချိတ်ဆက် ထားရမည် ဖြစ်သည်။

Android ဖုန်း အသုံးပြု သူများအား iPhone ဆီသို့ မိမိတို့ အမြဲအသုံးပြု နေသော Data များအား လွယ်ကူစွာရွှေ့ပြောင်းပေးမည့် Apple ၏ ဆွဲဆောင်မှု တစ်ရပ် လည်းဖြစ်သည်။

“Move to iOS” app ကို Android ဖုန်းမှာ စမ်းသပ် အသုံးပြု လိုပါက အောက်က link တွင် ရယူနိုင်မည် ဖြစ်သည်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

သက်နိုင်စိုး

Original link - http://www.myanmarmobileapp.com/author/mdymyanm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, September 09, 2015

Android နဲ့ iOS အတွက် Ad-Blocker Browser ထွက်ရှိ




Website တွေမှာ ကြော်ငြာတွေ တက်လာရင် ဖတ်ရတဲ့ သူလည်း စိတ်ရှုပ်စရာ ဖြစ်တတ် ပါတယ်။ အခုတော့ Android နဲ့ iOS အတွက် Ad-Blocker Browser ထွက်ရှိ လာပါတယ်။ ဒီ Browser app လေးကို သုံးပြီး Website တွေကို ကြည့်ရှုမယ် ဆိုရင် ဘယ် website ကိုပဲ ၀င်ကြည့်ကြည့် ကြော်ငြာပုံတွေ ပေါ်တော့မှာ မဟုတ်ပါဘူး။

အခြားကြော်ငြာနဲ့ ပတ်သက်တာ မှန်သမျှ ကိုလည်း ဒီ browser app လေးက ဖျောက်ထား ပေးမှာပါ။ ကြော်ငြာတွေကို မတက်စေတော့တဲ့ အတွက် website တွေကို ကြည့်ရှု ရာမှာ သာမန် browser တွေနဲ့ ကြည့်ရှု တာထက် သုံးဆလောက် ပိုမို မြန်ဆန် သွားစေပါတယ်။

အခြား အားသာချက်တွေ အနေနဲ့ကတော့ သာမန် browser နဲ့ website တွေ ကြည့်တာထက် Data သုံးစွဲနှုန်း အဆ ၅၀ ခန့်သက်သာ စေမှာဖြစ်ပြီး၊ Battery ကိုလည်း ၂၃ ရာခိုင်နှုန်းလောက် ချွေတာစေမှာ ဖြစ်ပါတယ်။




Android နဲ့ iOS အတွက် Ad-Blocker Browser ကို ရယူလိုတယ် ဆိုရင်တော့ အောက်က link များမှာ ရယူနိုင် ပါတယ်။

Ad-Blocker Browser for iPhone
OR
Ad-Blocker Browser for Android

Original link - http://www.myanmarmobileapp.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

ဗေဒင်ဆရာတွေ ထက်တောင် သင့် အကြောင်းကို မှန်အောင် ဟောပေးနိုင်တဲ့ App




ဗြိတိန် အခြေဆိုက် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်မှ ပညာရှင် များဟာ လူ့ အကြောင်းကို မှန်ကန်အောင် ဟောပေးနိုင်တဲ့ App တစ်မျိုးကို တီထွင် ခဲ့ပါတယ်။ ယင်းကို Apply Magic Sauce လို့ အမည်ပေး ထားပြီး လူတိုင်း အခမဲ့ သုံးနိုင် ပါတယ်။ Link ကတော့ http://applymagicsauce.com/test.html ဖြစ်ပါတယ်။

ယင်း App မှာ မိမိရဲ့ Facebook account နဲ့ log in ဝင်လိုက်ပြီ ဆိုရင် မိမိရဲ့ စိတ် ခံစားချက်နဲ့ အကျင့် စရိုက်များ၊ ဥာဏ်ရည် ဥာဏ်သွေး များကို ဝေဖန် ခွဲခြား ပေးသွား ပါလိမ့်မယ်။

နိုင်ငံတကာမှ ရေးသား ဖော်ပြချက် အရတော့ သူဟာ မိမိရဲ့ မိခင်၊ ဖခင်နဲ့ စိတ်ပညာရှင်၊ ဗေဒင် ဆရာတို့ ခန့်မှန်းတာ ထက်တောင် ပိုမှန်အောင် ပေးနိုင်ကြောင်း ရေးသား ဖော်ပြနေ ကြပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့ရဲ့ ဥာဏ်ရည်ကို ၇၀ ရာခိုင်နှုန်းသော လူတွေထက် ပိုကောင်း တယ်လို့ ပြောကတည်းက မယုံတော့ဘူး။

ကျွန်တော်နည်းတာ မဟုတ်ပေမယ့် အလုပ် မရနိုင်ပဲ ဂိမ်းပဲဆော့နေတဲ့ ကျွန်တော့ ညီလေးကျတော့ တက္ကသိုလ် ကျောင်းသားလေး ကျတော့ ၉၀ ရာခိုင်နှုန်းသော လူတွေထက် တော်တယ်တဲ့ဗျ။ အဟီး။ ရှက်တာပေါ့ဗျာ။ ဒါပေမယ့် အချက် အလက် အတော် များများက မှန်ပါတယ်။

မိမိဟာ သီးသန့်ဆန်ဆန် နေတတ်သူလား၊ လွတ်လပ်မှုကို ကြိုက်တတ် သူများ၊ ဘယ်ဘာသာ ကိုးကွယ်မှုကို နှစ်သက်သူလည်း၊ ယောက်ျားစစ်စစ်လား၊ မိန်းမစိတ် ဝင်နေလား၊ မှုခင်း ကျူးလွန် တတ်သူ ဖြစ်လား အစရှိ သဖြင့် စုံနေအောင် report ထုတ်ပေးပါတယ်။

ယင်း App ဟာ စီးစွားရေး လုပ်ငန်းရှင် များ အနေနဲ့ ၎င်းတို့ရဲ့ target customer တွေကို သိအောင် reserach ပြုလုပ်ရန် သုံးနိုင်သလို ရဲတွေအတွက်လည်း မှုခင်း ထောက်လှမ်းရေး၊ ပြစ်မှု လေ့လာ စောင့်ကြည့်ရေးများ အတွက် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။

ယင်း App ဟာ Facebook ကနေ Data များကို API တစ်ခုကနေ ထုတ်ပြီး JASON format ဖြင့်လည်း ရယူနိုင်ပါတယ်။ မိမိဘာ မိမိ စိတ်ကြိုက် visualize လုပ်ချင် သူများ အတွက် ဖြစ်ပါတယ်။

http://applymagicsauce.com/test.html

အောင်ခမ်း (MMA)

Original link -http://www.myanmarmobileapp.com/2015/09/07/applymagic/

Read More »

Saturday, September 05, 2015

Xiaomi Lollipop MM & COC Font installer




ဈေးကွက်ထဲ ၀င်လာတဲ့ Xiaomi Device တွေထဲက Lollipop version ပါရှိတဲ့ စမတ်ဖုန်းတွေ အတွက် Myanmar Zawgyi နဲ့ COC Zawgyi Font ထည့်သွင်း ပေးမယ့် Tool လေးပါ။

ကျွန်တော် Redmi Note 2, Mi Note Pro နဲ့ Mi4i တို့မှာ စမ်းသပ် အဆင်ပြေပြီး ပါပြီ။

အဆိုပါ ဖောင့်သွင်းဖို့ Phone မှာ Root Access ရှိဖို့ လိုအပ် ပါတယ်။

Download Xiaomi Lollipop MM & COC Font installer

Down ရတဲ့ zip ကို ဖြည်ပါ ပြီးရင် Folder ထဲမှ Computer ပုံ .exe လေးကို Double Click အသုံးပြုပြီး ဖွင့်ပေးပြီး ကြိုက်နှစ်သက်ရာ ခလုတ်ကို နှိပ်ပေးပါ

Reboot ကျပြီး ပြန်တက် လာရင် မြန်မာစာရော COC မှာပါ အဆင်ပြေနေ ပါလိမ့်မယ်။

Created by Aung Khaing (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Friday, September 04, 2015

ဖုန်းထဲမှနေ ကမ္ဘာပေါ်က နေရာစုံကို လျှောက်သွား ချင်သူတွေ အတွက်




ကမ္ဘာပေါ်က အထင်ကရ နေရာစုံကို ဖုန်းထဲကနေ အပြင်မှာ တကယ် သွားလာနေရ သလို လျှောက်သွား ကြည့်လို့ ရမယ့် Google Street View app ထွက်ရှိ လာပါပြီ။ ဒီ app လေးဟာ Android အတွက်တော့ ထွက်ရှိ ထားတာ နည်းနည်း ကြာနေပြီ ဖြစ်ပေမယ့်

ယခု အခါမှာတော့ Android အတွက်ရော iOS အတွက်ရော Feature အသစ်တွေ ထပ်မံ ထည့်သွင်းပြီး ထွက်ရှိ လာတာပါ။



ကမ္ဘာ့နေရာ အနှံက ကိုယ်သွားချင်တဲ့ အထင်ကရ နေရာတွေ ၊ မြို့ကြီးတွေကို ဒီ Street View app လေးထဲ ကနေ ၀င်ပြီး ၃၆၀ ဒီဂရီ View နဲ့ ဟိုဟို ဒီဒီ လမ်း လျှောက်ပြီး ကြည့်ရှုနိုင် မှာပါ။

နောက်ပြီး ကိုယ် ကိုယ်တိုင်လည်း လက်ရှိ ကိုယ်ရောက် နေတဲ့ ရှုခင်း မြင်ကွင်း နေရာကို ဒီ Google Street View app ကို အသုံးပြုပြီး 360 Degree View နဲ့ရိုက် ၊ ပြီးရင် Google Maps ထဲမှာ တိုက်ရိုက် ပြန်တင်နိုင် ပါတယ်။ တခြား သူတွေလည်း ကိုယ်ရောက်နေတဲ့ နေရာကို သူတို့ရဲ့ ဖုန်းထဲ ကနေ လာရောက် လည်ပတ်လို့ ရတာပေါ့။



Google Street View app ကို မိမိတို့ရဲ့ iOS, Android ဖုန်းတွေမှာ စမ်းသပ် အသုံးပြုလို သူများ အတွက် အောက်က link များမှာ Download ရယူနိုင်ပါမယ်။

Google Street View for iOS
OR
Google Street View for Android

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)

Original link - https://www.facebook.com/thetnaing.mmas



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, September 01, 2015

SM-N900 Lollipop v 5.0 Custom recovery သွင်းနည်း။




Samsung Galaxy Note 3 ( Sm-N900 ) ကို version 5.0 မှာ Custom recovery သွင်းချင်လို့ တောင်းဆို ထားတဲ့ အကို အတွက် တင်ပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ် တာကို အောက်ကလင့်မှာ Download ရယူ လိုက်ပါ။

Custom recovery ကို ဒီမှာ ဒေါင်းယူပါ


Recovery သွင်းနည်း

  1. ဒေါင်းလို့ ရလာတဲ့ Odin ကို အရင် ဖွင့်လိုက်ပါ။
  2. Odin က PDA ဆိုတဲ့ နေရာမှာ n900-cwm-recovery-6.0.5.0-kk_L5.0(0812).tar ဖိုင်ကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. Download mode >>> volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီ ဆိုရင်တော့ computer နဲ့ ချိတ်ဆက် ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကို သိပြီ ဆိုရင် Odin က Start ဆိုတာလေး နှိပ်ပေး လိုက်ပါ။
  8. Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါ ပြန်တက် လာပြီ ဆိုရင်တော့ recovery mode သွင်းခြင်း ပြီးဆုံးပါပြီ။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, August 19, 2015

HTC Desire 820 Root Easily Method




HTC Desire 820 ကို Root လုပ်ချင်သူတွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။

အရင်ဆုံး လိုအပ်တာလေး aတွကို Download ရယူလိုက်ပါ။

  1. TWRP Recovery >>> https://drive.google.com/file/d/0BxzJlxl7MESUbm84RFJnODVfT28/view
  2. Super SU zip >>> https://download.chainfire.eu/696/SuperSU/UPDATE-SuperSU-v2.46.zip

အရင်ဆုံး ဖုန်းကို Bootloader Unlock လုပ်ပေးရပါမယ်။ Bootloader Unlock လုပ်နည်းလေးကို အောက်ကလင့်ကနေ လေ့လာလိုက်ပါ။

Bootloader Unlock Link >>> http://www.phonehorn.com/2014/10/unlock-bootloader-htc-devices/



Video From >>> https://www.youtube.com/watch?v=33UDfztt2No

  • Bootloader Unlock လုပ်ပြီးပါက အောက်က အဆင့်လေးတွေ အတိုင်း ဆက်သွားပါမယ်။
  • အရင်ဆုံး SuperSU.zip လေးကို SDcard လေးထဲ ထည့်ထား လိုက်ပါ။
  • Down လို့ ရလာတဲ့ Recovery.zip လေးကို Extract လုပ်လိုက်ပါ။ ထွက်လာတဲ့ Folder ထဲက Flash-recovery.bat လေးကို run လိုက်ပါ။
  • ဖုန်းကို Fastboot mode သွင်းပြီး Computer နဲ့ connect လုပ်လိုက်ပါ။
  • bat file လေးမှာ အလုပ်လုပ်ပြီး TWRP recovery လေး သွင်းပေး သွားပါမယ်။ recovery mode ကို ရွေးပေးလိုက်ပါ။
  • recovery mode ထဲရောက်သွားပြီ ဆိုရင် SDcard ထဲထည့်ထားတဲ့ SuperSU.zip လေးကို install လုပ်ပေးလိုက်ပါ။
  • ပြီးရင် Reboot System now လေးနှိပ်ပေး လိုက်ပါ။ power ပြန်တက်လာရင်တော့ Root accept လေးရနေတဲ့ SuperSU လေးကိုမြင်တွေ့ရပါပြီ။
  • Myanmar Font ထည့်ချင်ရင်တော့ mmaio pro apk တို့ mmsd smartzawgyi installer apk တို့နဲ့ ထည့်သွင်း လိုက်ပါ။

Original Link >>> http://forum.xda-developers.com/desire-820/

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, August 17, 2015

သွေးလိုအပ် သူများနဲ့ သွေးအလှူရှင် များကို ချိတ်ဆက်ပေးမဲ့ Myanmar Blood




ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ ပရဟိတ အနေနဲ့ ကူညီ ပံ့ပိုးမှုမှာ ကမ္ဘာ့ နံပါတ်တစ် ရရှိ ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နေရာ မျိုးစုံကနေ ပရဟိတ အလုပ်တွေ လုပ်နေကြတဲ့ ကျွန်တော်တို့ တွေဟာ သွေးလှူခြင်း ကိုလည်း တစ်ဖက် တစ်လမ်း ကနေ အဖွဲ့အစည်း အမျိုးမျိုးနဲ့ ဖွဲ့စည်း ဆောင်ရွက်နေ ကြပါတယ်။ သွေးလှူခြင်း ဆိုတာ မိမိသွေးနဲ့ အခြားသူ တစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခြင်း ဖြစ်တဲ့ အတွက် တကယ် မွန်မြတ်တဲ့ အလှူ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ကြုံတွေနေ ရတဲ့ ပြဿနာ တစ်ခုတော့ ရှိပါ တယ်။

သွေးဆိုတာ ခုချက်ချင်းလို ခုချက်ချင်း ဖောက်ပြီး လှူလို့ရတဲ့ အရာ မဟုတ်သလို မိမိသွေး အမျိုးစားနဲ့ ကိုက်ညီမှု ရှိပြီး သန့်စင်တဲ့ သွေးအမျိုး အစားမှသာ လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ရံဖန်ရံခါမှာတော့ တကယ် သွေးလိုအပ် နေချိန်မှာ သွေးလှူရှင် ရှာမရတဲ့ ပြဿနဲ့ သွေးလှူဒါန်းမှု ကြာချိန် ၄ လ ပြည့်နေ ရတာတွေကို ကြုံရ တတ်ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်း ပေးနိုင်ဖို့ အတွက် အခုဆိုရင် နေရာဒေသ အသီးသီးမှာ ပရဟိတ အဖွဲ့အစည်း အသီးသီး ဖွဲ့စည်းပြီး သွေး လိုအပ် သူတွေကို လိုက်လံ ကူညီကာ သွေး အလှူရှင် ရှာပေးခြင်းနှင့် သွေး အလှူရှင်များနဲ့ ချိတ်ဆက် ပေးခြင်း တို့ကို ပြုလုပ်ပေးလျက် ရှိပါတယ်။ ဒါတွေကို ပိုမိုလွယ်ကူ စေရန် အတွက် Mobile App လေး တစ်ခု မိမိ ဖုန်းထဲကို ထည့်သွင်း ထားရုံနဲ့ သွေး အလှူရှင်များ နှင့် သွေးလိုအပ် နေသူများကို ရှာဖွေ လှူဒါန်းခြင်း ၊ အလှူခံခြင်းတို့ ပြုလုပ်နိုင် ပါတယ်။

ဒီ Application ဟာ တည်နေရာကို အထူးပြုပြီး ဖန်တီး ထားတာဖြစ်တဲ့ အတွက်ကြောင့် အင်တာနက်တော့ လိုအပ်ပါတယ်။ ဒါ့အပြင် အလှူရှင်များကို သွေး အမျိုး အစားလိုက် ရှာဖွေနိုင်ခြင်း ၊ တည်နေရာ (တိုင်းဒေသ ၊ မြို့နယ်) ကို အခြေခံပြီး ရှာဖွေခြင်းများ ပြုလုပ်နိုင် ပါတယ်။

သွေးအလှူရှင် များကို ဖော်ပြရာမှာ ဖုန်းနံပါတ် ၊ မြို့နယ်တို့နဲ့ ဖော်ပြ ထားတာဖြစ်တဲ့ အတွက်ကြောင့် ဖုန်းဆက်ပြီး ဆက်သွယ်နိုင် ပါတယ်။ ဖုန်းဆက်ဖို့ အဆင်မပြေ သူများ အတွက်လည်း အလှူရှင်များကို Application ပေါ်မှာတင် သွေးလိုအပ်သူ ရှိနေကြောင်း အသိပေးနိုင် ပါတယ်။

ဒါ့ကြောင့် MM Blood Application လေးက မိမိသွေး လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ တကယ်ကို ဆောင်ထား သင့်တဲ့ Application ဖြစ်ပါတယ်။



အသုံးပြုလို သူများ အတွက် Android နှင့် iOS နှစ်မျိုး ဖန်တီးပေး ထားပါတယ်။

အောက်က Link တွေမှာ Download ပြုလုပ်နိုင် ပါတယ်။


Aung Ko Htet (MMAS)

#akh_mmas

Original link - http://www.myanmarmobileapp.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »