နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Recover. Show all posts
Showing posts with label Recover. Show all posts

Tuesday, September 01, 2015

SM-N900 Lollipop v 5.0 Custom recovery သွင်းနည်း။




Samsung Galaxy Note 3 ( Sm-N900 ) ကို version 5.0 မှာ Custom recovery သွင်းချင်လို့ တောင်းဆို ထားတဲ့ အကို အတွက် တင်ပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ် တာကို အောက်ကလင့်မှာ Download ရယူ လိုက်ပါ။

Custom recovery ကို ဒီမှာ ဒေါင်းယူပါ


Recovery သွင်းနည်း

  1. ဒေါင်းလို့ ရလာတဲ့ Odin ကို အရင် ဖွင့်လိုက်ပါ။
  2. Odin က PDA ဆိုတဲ့ နေရာမှာ n900-cwm-recovery-6.0.5.0-kk_L5.0(0812).tar ဖိုင်ကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. Download mode >>> volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီ ဆိုရင်တော့ computer နဲ့ ချိတ်ဆက် ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကို သိပြီ ဆိုရင် Odin က Start ဆိုတာလေး နှိပ်ပေး လိုက်ပါ။
  8. Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါ ပြန်တက် လာပြီ ဆိုရင်တော့ recovery mode သွင်းခြင်း ပြီးဆုံးပါပြီ။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, August 14, 2015

OnePlus 2 ဖုန်းကို TWRP Recovery သွင်းနည်း ၊ မြန်မာစာ ထည့်နည်း




OnePlus 2 ဖုန်း ၀ယ်ယူ ထားသူတွေ အတွက် TWRP Recovery သွင်းနည်း ၊ မြန်မာစာ ထည့်နည်း တို့ကို တင်ပြပေးလိုက် ပါတယ်။ စမ်းသပ် ပြီးသားပါ။ တစ်ဆင့်ချင်း အဆင်ပြေပြေ လုပ်ဆောင် ကြည့်နိုင် ပါတယ်။

အရင်ဆုံး ကွန်ပျူတာမှာ OnePlus2 Driver သွင်းရ ပါမယ်။ OnePlus2 ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး PC Suite တွေ သုံးတာတို့ ၊ Recovery သွင်းတာ ၊ Bootloader Lock / Unlock လုပ်ဖို့ ဆိုရင် ကွန်ပျူတာမှာ OnePlus2 ကို သိစေမယ့် Driver Package သွင်းထားမှ ကွန်ပျူတာနဲ့ ချိတ်ဆက် လုပ်ဆောင်လို့ ရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ Driver Software ကို အောက်က Link မှာ ရယူပါ။ ဒီ Driver Package ဟာ OnePlus ဖုန်း အတွက်တင် မဟုတ်ဘဲ အခြားသော Android ဖုန်းများ အတွက်ပါ အသုံးပြု နိုင်ပါတယ်။

Download ADB Installer

Download လုပ်လို့ ရလာတဲ့ exe file ကို ဖွင့်လိုက်ရင် “Do you want to install ADB & Fastboot Driver (Y/N)” ဆိုပြီး မေးပါ လိမ့်မယ်။ Y လို့ ရိုက်ပြီး Enter ခေါက်ပါ။

နောက်ထပ်တွေ မေးရင်လည်း Y တွေသာ ရိုက်ပြီး Enter တွေပဲ ခေါက်သွားပါ။ Driver သွင်းပြီး ရင်တော့ ကွန်ပျူတာရဲ့ C:\ အောက်မှာ adb ဆိုတဲ့ folder လေး ကိုလည်း တွေ့ရ ပါပြီ။

Driver သွင်းတဲ့ အဆင့်က ဒီမှာတင် မပြီးသေး ပါဘူး။ မိမိရဲ့ ဖုန်းကို ကွန်ပျူတာက သိအောင် ဆက်လုပ်ရ ပါဦးမယ်။

ပြီးလျှင် မိမိရဲ့ဖုန်း setting ထဲက Developer Option ထဲက USB Debugging ကို On ထားပါ။ ပြီးလျှင် ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးဖြင့် ချိတ်ဆက်ပါ။

ပြီးလျှင် My Computer icon ကို right click နှိပ်ပြီး Manage ကိုနှိပ်ပါ။ အောက်ပုံထဲက အတိုင်း ADB Interface နေရာမှာ “!” သင်္ကေတလေးနဲ့ ဖြစ်နေ ပါလိမ့်မယ်။



ယင်း “!” သင်္ကေတ နဲ့ ADB Interface ဆိုတာ ပေါ်မှာ right click နှိပ်ပြီး Update Driver Software ကိုနှိပ်ပါ။



Browse My Computer for Driver Software ကိုနှိပ်ပါ။



“Let me pick from a list of device drivers on my computer” ကိုနှိပ်ပါ။



Android Device ကို Select လုပ်ပြီး Next ကိုနှိပ်ပါ။



ADB Interface ကို Select လုပ်ပြီး Next ကိုနှိပ်ပါ။



ဒါဆိုရင်တော့ Driver သွင်းတဲ့ အဆင့် ပြီးပါပြီ။

အောက်မှာ ပေးထားတဲ့ zip file လေးကို Download လုပ်ပါ။

Download Total Solution Zip File

Download ရယူထားတဲ့ zip file လေးကို ဖုန်းရဲ့ Internal Storage ထဲကို Copy ကူးထည့် ထားပါ။

ဖုန်းကို Bootloader Unlock လုပ်ရပါမယ်။ C:\ ထဲက adb folder ထဲကို ၀င်ပါ။ adb folder ထဲက လွတ်နေတဲ့ တစ်နေရာမှာ Shift Key နဲ့ Right Click ကို တွဲနှိပ်ပါ။ Open Command Window Here ကို ရွေးပါ။ Command Box ပေါ်လာပါမယ်။ အဲဒီမှာ adb reboot bootloader လို့ ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။



ဖုန်းက Fastboot Mode ထဲကို ရောက်သွား ပါမယ်။ Fastboot mode ထဲကို ရောက်သွားပြီ ဆိုရင် fastboot oem unlock လို့ရိုက်ပါ။ ပြီးလျှင် enter ခေါက်ပါ။



ဖုန်းက auto reboot ကျသွား ပါမယ်။ ဖုန်းကလည်း bootloader unlock ဖြစ်သွားပါပြီ။ ဖုန်းက ပုံမှန် အတိုင်းပြန်တက် လာပြီ ဆိုရင် Setting > Developer Option ထဲကို ၀င်ပြီး USB Debugging ကို ပြန် On ထားပါ။ Bootloader Unlock ဖြစ်ပြီ ဆိုရင်တော့ TWRP Recovery သွင်းပါမယ်။ ဖုန်းကိုလည်း ကွန်ပျူတာ ကနေမဖြုတ် ပါနဲ့ဦး။ Command ရိုက်နေတဲ့ Command Box ကိုလည်း မပိတ်ပါနဲ့ဦး ။ ခဏထားလိုက်ပါ။

OnePlus2 အတွက် TWRP Recovery ကိုအောက်က Link မှာရယူပါ။

Download TWRP Recovery for OnePlus2

Download ရယူထားတဲ့ TWRP Recovery file လေးကို C:\ ထဲက adb folder ထဲမှာ သွားထည့် ထားပါ။ ပြီးရင် ခုနက Command ရိုက်လက်စ Command Box မှာ adb reboot bootloader လို့ ရိုက်ပါ။

ဖုန်းက fastboot mode ထဲ ရောက်သွားပြီ ဆိုရင် fastboot flash recovery oneplus2twrp_recovery.img လို့ရိုက်ပါ။ ဖုန်းထဲကို TWRP Recovery သွင်း ပါလိမ့်မယ်။

Recovery သွင်းပြီးပြီ ဆိုရင်တော့ fastboot reboot လို့ရိုက်ပြီး Enter ခေါက်ပါ။ ဖုန်းက reboot ကျသွားပြီး ပုံမှန် အတိုင်း ပြန်တက် လာပါမယ်။

ပြီးရင် ခုနက Command ရိုက်လက်စ Command Box မှာ adb reboot recovery လို့ရိုက်ပါ။

အောက်ပုံထဲက အတိုင်း TWRP Recovery ထဲကို ရောက်သွား ပါမယ်။ Install ကိုနှိပ်ပြီး အပေါ်ကအဆင့် တစ်ခုမှာ တုန်းက ဖုန်းရဲ့ Internal Storage ထဲကို ထည့်ထား ခဲ့တဲ့ total solution zip file လေးကို ရွေးပေးပြီး Bar လေးကို Swipe လုပ်လိုက်ပါ။ ဖုန်းထဲကို မြန်မာစာ သွင်းပါ လိမ့်မယ်။


ပြီးရင်တော့ Reboot System လုပ်လို့ ရပါပြီ။ ဖုန်းမှာ မြန်မာစာလည်း သွင်းပြီး ပါပြီ။

ဖုန်းက ပုံမှန် အတိုင်း ပြန်တက် လာပြီ ဆိုရင်တော့ မြန်မာလို ရေးထားတာ တစ်ခု ခုကို ဖုန်းထဲမှာ ဖတ်ကြည့်ပါ။ စာရိုက်ဖို့ ကတော့ Android မြန်မာ ကီးဘုတ် တစ်ခု ခု သွင်းပြီး မြန်မာလို ရိုက်ကြည့်ပါ။ OnePlus2 မှာတော့ Frozen Keyboard 2 လေးနဲ့ဆို တော်တော် လှပါတယ်။ ကျွန်တော့် OnePlus2 မှာတော့ Frozen Keyboard 2 ကို သွင်းထား ပါတယ်။

Frozen Keyboard 2 ကို ရယူလိုရင်တော့ အောက်က link မှာ ရယူနိုင်ပါတယ်။

Download Frozen Keyboard 2 for Android

အားလုံးပဲ အဆင်ပြေ ကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)

Original link - https://www.facebook.com/thetnaing.mmas



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, July 01, 2015

Coolmuster Android SMS + Contacts Recovery 2.1.4.24




ဒီတစ်ခါတေ့ Android အတွက် SMS နဲ့ Contacts များ မှားဖျက် မိရင် ပြန် Recovery လုပ်နိုင်ဖို့ အတွက် ပေါ့ပေါ့ ပါးပါးနဲ့ အဆင်ပြေနိုင်မယ့် Tool လေး တစ်ခု တင်ပေး လိုက်ပါတယ်။

ဖိုင်ဆိုဒ်ကလည်း MB ပဲရှိပါတယ်။



အောက်မှာ ယူသွားလိုက်ပါခင်ဗျာ...

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wondershare Dr.Fone for iOS 6.1.2.2 Multilingual




IPhone နဲ့ iPad အတွက် အကောင်းဆုံး Data Recovery Software လေး တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ iPhone, iPad and iPod touch တွေထဲ ကနေ contacts, messages, photos, notes စတဲ့ လိုအပ်တဲ့ အရာ မှန်သမျှကို Recover ပြန်လုပ်ပေး နိုင်ပါတယ်။

iTunes 12.1, iOS 8.3, iPhone 6 နဲ့ iPhone 6 Plus တွေကိုပါ အသုံးပြုနိုင်တဲ့ နောက်ဆုံး Update လေးပဲ ဖြစ်ပါတယ်။

ဖိုင်ဆိုဒ်ကတော့ 28 MB ရှိပါတယ်။



အောက်မှာ ယူသွားလိုက်ပါခင်ဗျာ...

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, April 26, 2015

ပျောက်ပျက် သွားတဲ့ ဓါတ်ပုံများကို ပြန်ယူ ပေးနိုင်တဲ့ Easy Photo Recovery v6.11 Build 1024 + Keygen




အကြောင်း အမျိုးမျိုးကြောင့် ဓါတ်ပုံ တွေကို မှားဖျက် မိကြ ပါလိမ့်မယ်။ ဒါမှ မဟုတ်လည်း Error တစ်ခုခု ဖြစ်ပြီး ဓါတ်ပုံတွေ ပျောက်ဆုံး သွားပါ လိမ့်မယ်။ အဲ့ဒီ အတွက် ပျောက်ဆုံး ပျက်စီး သွားတဲ့ ဓါတ်ပုံ များကို ပြန် လည် ရယူ ပေးနိုင်တဲ့ Easy Photo Recovery ဆိုတဲ့ Software လေးကို အသုံးပြုပြီး ပြန်လည် ရယူနိုင် ပါတယ်။

Computer မှာ Install လုပ်ပြီး အသုံးပြု ရမှာပါ။ ဖုန်းမှာ သုံးရမှာနဲ့ မှားနေကြမှာ စိုးလို့ပါ။ ကွန်ပြူတာ မှာ ပျက်စီး ပျောက် ဆုံး သွားတဲ့ ဓါတ်ပုံ များကို ရယူပေးနိုင် ရုံတင် မကပါဘူး အခြားသော Devices များ ဖြစ်တဲ့ Camera, Phone, External Hard Disk, Memory Card, အစ ရှိတဲ့ Device များမှ ပုံများ ကိုလည်း ပြန် လည် ရယူ ပေးနိုင်ပါတယ် လို့ ရေးထားပါတယ်။

ပျောက်ဆုံး သွားသမျှ ပုံများ အားလုံးကို ရယူနိုင် တယ်လို့တော့ အာမ မခံရဲ ပါဘူး။ ဒါပေမယ့် % တော်တော် များများ ကိုတော့ ပြန်လည် ယူပေးနိုင် မှာပါ။

အမြဲတမ်း အသုံးပြု နိုင်ဖို့ အတွက် Full Version အနေနဲ့ Key ကို ထည့်ပေး ထားပါတယ်ဗျာ။

အသေးစိတ် ကိုတော့ အောက်မှာ ဆက် လက် လေ့လာ နိုင်ပါတယ်။

Easy Photo Recovery guarantees safety of your photos and videos. Modern digital cameras and flash cards allow rewriting photo and video files many times and sometimes important files can be deleted or lost by mistake. The program will help you to restore deleted or unreadable photos and videos at once. Easy Photo Recovery recovers photos and video from various media storage devices, such as digital cameras, hard drives, mobile phones and all types of flash cards like CompactFlash (type I/II), IBM Microdrives, SmartMedia, MultiMedia (MMCs), Secure Digital (SD), SONY Memory Stick and others.

The program recovers files from damaged flash cards and even after formatting the media storage device. Like no other recovery tool, Easy Photo Recovery is easy in use, has a clear interface and detailed documentation. Featuring a step-by-step interface, it will guide you through several stages of data recovery. All you have to do is just make a few mouse clicks. First select the files that you need to recover and choose the disk and the folder where the files should be saved. Then click the "Start" button and wait till the disk scanning is over. You will get your lost photos or video back in seconds. All recovered files will be kept in the selected folder. Easy Photo Recovery is designed not only for digital camera enthusiast, but also professional photographers as well. It will be helpful in photo studios and digital photo printing services. Its numerous awards prove that the program is one of the best in its class.

Program features:
  • - Allows previewing photos before recovery;
  • - Performs sector-wise search of deleted files;
  • - Supports any photo and video file format;
  • - Ensures high probability of recovery;
  • - Offers 20 different interface languages;
  • - Features a simple step-by-step interface and detailed documentation;
  • - Supports all Microsoft Windows platforms;
  • - Provides professional-quality results;
- And much more...

Version 6.11 (2015-04-23)
  • + Support of exFAT implemented
  • + New language files (Czech, Turkish, Polish)
  • - Corrections and bug fixes

အသုံးပြုလို သူများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။

userscloud.com

From : www.pyaephyo.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, April 14, 2015

EaseUS Data Recovery Wizard 8.8.0 Full + Serial + Keygen Size(10.0MB)




အမှတ်တမဲ့ Delete လုပ်မိတဲ့ Photo, Mp3, Mp4, Date ဖိုင်များကို ပြန်လည် ရယူပေး နိုင်တဲ့ EaseUS Data Recovery ဆော့ဝဲ ကောင်း လေး တစ်ခုပါ။

USB drive, memory card, memory stick, camera card, Zip, floppy disk or other storage media နဲ့ FAT12, FAT16, FAT32, NTFS/NTFS5, EXT2/EXT3 ကဒ်တွေ ထဲမှ Date
များကို ပြန်ပြီး Recovery လုပ်ပြီး မိမိတို့ Delete လုပ်မိတဲ့ အရား အားလုံးကို ပြန်လည် ရယူ နိုင်ပါတယ်။

userscloud.com

From : ဝင်းကမ္ဘာကျော် {Full Version & Free Download} by AungKyawThu



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, April 11, 2015

ပျောက်ဆုံး ပျက်စီး သွားတဲ့ Data များကို ပြန်ယူပေးမယ့် - EaseUS Data Recovery Wizard Professional v8.8.0 (x86) + Crack




Data တွေ မဆုံးရှုံး ဖူးသေးတဲ့ သူတစ်ယောက် အတွက် ကတော့ ဒီ Software က အပို တစ်ခုလို ပါဘဲ။ ဆုံးရှုံး ဘူးတဲ့ သူတွေ ပြန်ပြီး Recovery လုပ်လို့ ပြန်ရဖူး သူတွေ ကတော့ ဒီ Recovery ရဲ့ တန်ဖိုးကို နားလည် ပြီးသားပါ။

ဒီဆော့စ်ဝဲလေး ကတော့ format recovery, unformat, deleted files နှင့် partition loss or damage တို့ အပါအ၀င် software crash, virus infection, unexpected shutdown စသည့် တို့မှ အကြောင်း အ မျိုးမျိုးကြောင့် ပျက်စီးပျောက်ဆုံး သွားပါက ပြန်လည် ရှာဖွေပေး နိုင်သော EaseUS Data Recovery Wizard ဆော့စ်ဝဲပဲ ဖြစ်ပါတယ်။

Supported လုပ်ပေးနိုင်တဲ့ file systems တွေ ကတော့ FAT12, FAT16, VFAT, FAT32, NTFS/NTFS5, EXT2 and EXT3 တို့ ပဲဖြစ် ပါတယ်။ floppy disks, USB flash drives, digital cameras, digital audio players စသည့် external storage မှလည်း Support လုပ်ပေး ပါတယ်။

EaseUS Data Recovery Wizard, completely safe and effective hard drive data recovery software, provides reliable data recovery solution to save all kinds of data loss scenarios. It enables you to recover unlimited types of files from PC/laptop, hard drive, lost or raw partition, USB drive, memory card, digital camera, music player or other storage devices due to deleting, formatting, partition loss, partition inaccessibility, virus attack or other unknown reasons. Just need 3 simple steps to retrieve all your lost data.

Best Hard Drive Data Recovery Software
  • - Completely recover lost data from PC/laptop, hard drive, server, digital device and storage media.
  • - Recover lost data due to deleting, formatting, partition loss, virus attacking, improper operation or other unknown reasons.

Quickly and Easily Retrieve All Lost Files
After program starts, it will automatically perform ‘quick scan’ to quickly scan your hard drive, lost hard drive or storage device to find the lost files in just 1 minute. You can conveniently preview and locate the files your need. If you don’t find the lost files you need, you can opt to click ‘deep scan’ to check your hard drive or storage sector by sector and find all the lost or hidden files.
  • - Quick scan finds deleted files and lost files emptied from Recycle Bin.
  • - Deep scan finds formatted, inaccessible or lost data completely.

Apply to All Data Loss Situation and Devices
The reliable hard drive data recovery software allows you to not only recover lost data from PC, laptop or hard drive, bust also recover lost data from USB drive, SD card, digital device or other storage media.
  • - Recover whatever you lost, such as images, documents, videos, music, emails, archives etc.
  • - Any Data Loss Situation: recover data due to deleting, formatting, inaccessibility or raw, virus attacking, improper operation etc.
  • - Recover data from PC, Laptop, hard drive, USB drive, SD/Memory Card, Digital Cameras or other storage media.
  • - Support large hard disk up to 8 TB.

Flexible & Precise and Time-saving
  • - Specify your recovery file types before scanning for precise searching results.
  • - Pause and restart the scanning process later when you have time.
  • - Preview before recovery: check the file details, quality before you decide to recover.
  • - Filter your search by file name, type, date to find files quickly.
  • - Save scanning result, and you can import it to perform another recovery without scanning again.

Reliable, Safe and Easy-to-Use
EaseUS Data Recovery Wizard have provided the best data recovery solution for helping millions of users retrieve lost data since 2004. Clear interface makes it very easy-to-use and suitable for any users.
  • - Read-only, risk-free and cost-effective data recovery software, trusted by millions of users.
  • - Retrieve lost data within only 3 simple steps.
  • - Easy-to-use, no prior recovery experience required.

System Requirements:
  • - Operating System: Windows 8.1, Windows 8, Windows 7, Windows Vista, Windows XP, Windows 2000, Windows Server 2012, Windows Server 2008, Windows Server 2003
  • - File System: FAT(FAT12, FAT16, FAT32), NTFS, NTFS5, ext2, ext3
  • - CPU: at least with x86.
  • - RAM: at least 128 MB.
  • - Disk Space: the minimum of the space for installing Data Recovery Wizard is 32 MB.

What's new in version 8.8.0:
  • - Improved algorithm increases search speed by 50%

သူငယ်ချင်းများ လိုအပ်မယ် ဆိုရင်တော့ အောက်က Link မှာ ဒေါင်း ယူနိုင်ပါတယ်။
အားလုံးဘဲ အဆင်ပြေကြ ပါစေနော်။

userscloud.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, April 07, 2015

မိုဘိုင်း ဖုန်းမှ Delete ဖျက်​မိ သွားတဲ့ Photo ပုံများ ပြန်​လည် ​ရှာ​ဖွေနည်း




မိမိ ၏ Android မိုဘိုင်း တွင်​ မိမိ ချစ်​ခင်​ ရသူ"(သို့)" မိမိ၏ အ​ရေး ကြီး​သော Photo ဓာတ်​ပုံ များကို လက်​လွန်​၍ ဖျက်​မိသည်​ ရှိ​သော်​ စိတ်​ထဲက နှ​မျော ၍ ပြန်​လို ချင် ပါက ဒီမှာ Appliction တစ်​ခုကို​ စမ်းသပ်​​တွေ့ရှိ ခဲ့ပါပြီ ဒါ​ကြောင့်​လည်း ​ဖော်​ပြ​ပေး လိုက်​တာပါ။

လွယ်​ကူပြီး မြန်​ဆန်​ လွန်း​ပါတယ်​ ဖျက်​မိသည့်ပုံ​ပေါင်း တစ်​ပုံ မကျန်​ အကုန်​ ပြန်​ရမှာလည်း ဖြစ်​ပါတယ်​။
အသုံးပြုရန်​ ဖုန်း Root ရှိရန်​လည်း မလို" ယခု Photo Recovery App သာလိုပါမည်​။
ပြထားသည့်​ ပုံ၌ ကီး နှစ်​ခု အား နှိပ်​ပါ။
ပြီးလျှင်​ ၁၀၀ ပြည့်​​အောင်​​စောင့်​​ပေးပါ။
Delete လုပ်​မိတဲ့ ပုံ များပြား ပါက အနည်းငယ်​ ကြာပါတယ်​။ ပုံ ၁၆၀၀ ​လောက်​ကို အလွန်ဆုံး​၂ မိနစ်​ခန့်​ ကြာပါတယ်​။ ​၁၀၀ ပြည့်​ရင်​​တော့ မိမိ ဖုန်း၏ My File ကို သွားပြီး ALL IMAGES ၌ မိမိ ဖျက်​မိ ထားသည့်​ Photo image များ အကုန်​ ပြန်​ရတာကို​ တွေ့မြင်​ ရပြီ ဖြစ်​ပါတယ်​။

Photo Recovery App အား​ဒေါင်းယူပါ။

userscloud.com
OR
mediafire.com




From : ဘလော့ခရီးသည် by အာကာ (Software Guide)



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, March 24, 2015

Starus Photo Recovery 4.2 portable by antan



Recover digital pictures from digital cameras, memory cards, and PC hard drives with just a few clicks! Starus Photo Recovery can undelete pictures you deleted bypassing the Recycle Bin and restore photos from all types of memory cards and USB drives. It can even recover digital images directly from most compact and digital SLR cameras connected to a PC with a USB cord. All that takes just a few clicks in a fully guided, step-by-step wizard.



Information:
Date: 2015
Requires: Windows XP/Vista/Windows 7/8
Language: Eng
Size: 11.3 MB
Adjustment: Spoon Studio

dfiles.ru
OR
junocloud.me
OR
turbobit.net


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, March 07, 2015

ဖုန်းမှာတင် တစ်ချက်နှိပ်ရုံနဲ့ Recovery Mode နိုင်တဲ့ Apk များ



မင်္ဂလာပါ
ဒီနေ့တော့ Android ချစ် ပရိတ်သတ် ကြီးများ အတွက် ဖုန်းမှာ Recovery Mode မ၀င် တတ်တဲ့ သူများ အတွက် ဖုန်းမှာ တင် တစ်ချက် နှိပ်ရုံနဲ့ Recovery Mode နိုင်တဲ့ Apk များကို စုစည်းပြီး တင်ပေး လိုက်ပါတယ်။

Quick Boot (Reboot) v4.7 Apk


ဒီကောင်လေး ကိုတော့ အသုံးပြု ဖူးတဲ့ သူတိုင်း နာမည် လေးကို မြင်တာနဲ့ ဘာဆိုတာ ကိုသဘော ပေါက်ကြမှာပါ

ဒီဆော့ဝဲ လေးကို ဖုန်းမှာ အင်စတော လုပ်ထားပြီး One Click နဲ့ တင် Reboot, Recovery, Bootloader, Power Off
အလွယ် တကူ လုပ်ယူ နိုင်မှာ ဖြစ်ပါတယ်။

အထူးပြောချင် တာလေး ကတော့ ဒီဆော့ဝဲလေးကို မိမိ ဖုန်းမှာ အသုံးပြု ဖို့ရန် အတွက်ကတော့ ဖုန်းဟာ
Root Access ရှိထား ပြီးသား ဖုန်း တစ်လုံး ဖြစ်ရပါမယ်၊

ဖုန်းကလစ် သူနဲ့ Service သမားများ အနေဖြင့် လုံးဝ ဆောင်ထား သင့်တဲ့ စပါယ်ရှယ် ဆော့ဝဲကောင်း ဖြစ်ပါကြောင်း ခင်ဗျာ...


Size 1.1 MB သာရှိပါတယ်၊ ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

userscloud.com
OR
usersfiles.com

ROM Manager v+5.5.3.7 Apk


ဒီ Rom Manager ဆော့ဝဲ ကတော့ Root Access ရရှိ ထားပြီးသား ဖုန်း တစ်လုံး အတွက် လုံးဝ ရှိထား ရမယ့် ဆော့ဝဲ ဖြစ်ပါတယ်။

ဖုန်း တစ်လုံးကို ဗားရှင်း မြှင့်တော့ မယ် ဆိုရင် မိမိ ဖုန်းက Root ရှိ ထားပြီး သားလည်း ဖြစ်တယ် ဆိုရင်တော့
Firmware တင်ရန် အတွက် ClockworkMod recovery ပဲ တင်မလား Android ဖုန်း တစ်ခု လုံးကို backups and restores ပဲ လုပ်မလား SC Card ထဲကနေ Recovery Mode ကိုဝင်ပြီး Firmware တစ်ခုကို အလွယ် တကူ Install လုပ်ယူနိုင်မှာ
ဖြစ်ပါတယ်။

ဒီဆော့ဝဲကို အသုံးပြု ဖို့ရန် အတွက် ကတော့ မိမိ ဖုန်းဟာ Root Access ရရှိ ထားပြီး သား ဖုန်း တစ်လုံး တော့ ဖြစ်နေ ရပါမယ်။


3.6 MB ပဲရှိ ပါတယ်။ 2.2 အထက် ဖုန်း အားလုံးမှာ အဆင်ပြေ ပါတယ်။

usersfiles.com
OR
zippyshare.com


TWRP Manager (ROOT) v+7.4.6 Apk



ဒီဆော့ဝဲ ကတော့ ဖုန်းထဲမှာ အကြောင်း အမျိုးမျိုး ကြောင့် ဆုံးရှုံး ပျက်စီး သွားသော Data များကို Backup, Restore လုပ် ယူဖို့ရန် အကောင်းဆုံး ထဲက တစ်ခု ဖြစ်ပါတယ်။

Firmware တင်ယူ ဖို့ရန် အတွက် အထူးသဖြင့် official TWRP တင်ဖို့ရန် အရမ်းကောင်းတဲ့ ဆော့ဝဲ ဖြစ်ပါတယ်။

Recovery Mode ကို ၀င်ဖို့ရန် အတွက် ကတာ့ ဒီဆော့ဝဲက Root Access မလိုပါ တစ်ချက်တည်း နှိပ်လိုက် ရုံနဲ့
Flash recovery Mode ထဲကို တန်းရောက် သွားမှာပါ။


2.3 MB ပဲရှိပါတယ်။ 3.0 အထက် ဖုန်းအားလုံးမှာ အဆင်ပြေ ပါတယ်။

usersfiles.com
OR
zippyshare.com

Official Recovery Mode ၀င်နည်း ကိုတော့ အောက်က လင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။

Samsung Galaxy ဖုန်း Tablet အားလုံးကို Recovery Mode ၀င်နည်း

အားလုံးပဲ အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ်။ အသုံးပြုနည်း ကိုတော့ မရှင်းပြ တော့ပါ စိတ်ကြိုက် ကလိကြည့် နိုင်ပါပြီ။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Thursday, March 05, 2015

Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း




မင်္ဂလာပါ
Samsung Galaxy ဖုန်း အားလုံးကို Recovery Mode ၀င်နည်း လေးကို အားလုံး အတွက် ပြန်လည် မျှဝေ လိုက်ပါတယ်။

ကျနော် ဒီပိုစ့်လေးကို တင်ပေးမယ် တင်ပေးမယ် နဲ့ အခုမှ တင်ပေး ဖြစ်တော့တယ်။ သိပြီးသား ညီအကိုတွေ ကတော့
ကျော် သွားလိုက်ပါ မသိသေးတဲ့ ညီအကိုတွေ ကတော့ လုံးဝ သိထားရမယ့် အပိုင်းပါ။
  • - ဒီ Recovery Mode ၀င်နည်း ဆိုတာက အထူး သဖြင့် Samsung ဖုန်း Tablet တွေမှာ Odin ကို အသုံးပြု ပြီး Stock Rom စသည်ဖြင့် Rom အသစ် တင်တဲ့ အခါ Recovery Mode ၀င်ပြီး Wipe Data/factory reset ပြုလုပ် ရတဲ့ အခါပဲ ဖြစ်ဖြစ်
  • - Lock Pattern ဖြေမရတဲ့ အခါ Reset Factory လုပ်ယူတာမျိုး ပြီးတော့ ဖုန်းတစ်ခုလုံးကို Reset Factory ချလိုတဲ့ အခါပဲ ဖြစ်ဖြစ်
  • - Root လုပ်ပြီး မြန်မာဖောင့် အမှန် မထည့်မိတဲ့ အခါ အကြောင်း အမျိုး မျိုးကြောင့် ဖုန်းက ပြန်တက် မလာတော့ပဲ Logo မှာ ရပ်နေတဲ့ အခါမျိုးမှာ အရေးပေါ် Recovery Mode ထဲကို ၀င်ပြီး Reset Factory လုပ်ယူ ရတာမျိုး တို့မှာ အင်မတန် ကို အသုံးဝင် ပါတယ်။
အပေါ်က ကျနော် ပြောပြ ခဲ့သလိုပါပဲ ဒီ Recovery Mode ဟာ ဖုန်း တစ်ခုလုံးရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဘယ်လောက် ထိ အသုံး ၀င်သလဲ ဆိုတာကို သဘောပေါက် လောက်ပါပြီ၊ ဆိုရင်တော့ ဒီလောက် အရေးပါနေတဲ့ Recovery Mode ၀င်နည်းကို အလွယ် တကူပြု လုပ်နိုင်မယ့် နည်းလမ်းကို လေ့လာ ထားသင့်တာပေါ့။

ကဲဗျာ တကယ်လို့ သင့်အတွက် အရေးပေါ် Recovery Mode ၀င်ရမယ် ဆိုတဲ့ အခါ မှာတော့ Samsung ဖုန်းတွေ တော်
တော် များများ Tablet တွေ အတွက် ကတော့ ဒီနည်းနဲ့ Recovery Mode ထဲ ၀င်လို့ရ ပါတယ်။

Samsung Galaxy ဖုန်း အားလုံးကို Recovery Mode ၀င်နည်း

၁။ Phone ကို ပါဝါ ပိတ်လိုက်ပါ။ သေချာ သွားအောင် Battery ကို ၁၀ စက္ကန့်လောက် ဖြုတ်ထား လိုက်ပါ။ ပြီးရင် ပြန်တပ်ပါ။

၂။ ပြန်တပ် ပြီးရင် "Volume Up + Home + Power Button" ကို ပြိုင်တူနှိပ်ပါ။



၃။ ပြိုင်တူနှိပ် လိုက်တာနဲ့ ပါဝါပွင့် လာမယ်။ Samsung Galaxy ဘာညာပေါ့လေ။

၎။ အဲ့ဒီ အချိန်ကျရင် Power button ကို လွှတ်လိုက်ပါ။

၅။ ကျန်တဲ့ နှစ်ခု ကိုတော့ နောက်ထပ် ၅စက္ကန့် လောက် ဖိထားပေးပါ။ ၅စက္ကန့် ပြည့်ရင် အကုန်လုံး လွှတ်လိုက်ပါ။
ခဏကြာတာနဲ့ Android ရုပ်လေးနဲ့ ပေါ်လာတဲ့ နေရာ ရောက်ရင်တော့ Recovery Mode ထဲ ရောက်သွားတာ ဖြစ် ပါတယ်။

အောက်ကပုံလေးကို ကြည့်လိုက်ပါ။



(မှတ်ချက်) အပေါ်က ပုံ အတိုင်း တက်လာမှ Recovery Mode ၀င်တာ မှန်တယ်လို့ မပြောလိုပါဘူး ပုံစံ အမျိုးမျိုး တက်လာ တတ်ပါတယ်။ ဒါပေမယ့် Samsung Device မှန်ရင်တော့ နည်းလမ်း ကတော့ အားလုံး နည်းပါး တူကြ ပါတယ်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org

Read More »

Sunday, March 01, 2015

ဖုန်းထဲမှ အရေးကြီး data တွေ ဓာတ်ပုံတွေ contact တွေ အားလုံးကို မှားဖျက် မိရင် recovery ပြန်ယူ နိင်တဲ့ software လေး




သူငယ်ချင်း တို့ရဲ့ ဖုန်းကို reset ချလိုက်လို့ပဲ ဖြစ်ဖြစ် ဓာတ်ပုံတွေ မှားဖျက်လို့ပဲ ဖြစ်ဖြစ် contact တွေ
မှားဖျက်မိ လို့ပဲ ဖြစ်ဖြစ် ဒီ software လေးနဲ့ ပြန်ပြီး recovery ခေါ်ပြီး ပြန်ယူ နိုင်ပါတယ်။

ကဲ အောက်မှာလည်း ပုံလေး တွေနဲ့တကွ ပြပေး ထားပါတယ်။ computer နဲ့ တော့ တွဲပြီး အလုပ်
လုပ်ရ မှာပါ။

၁။ ပထမ ဦးဆုံး Recovery Software ကို အောက်က လင့်မှာ ရယူ လိုက်ပါ။ ပြီးရင် ကွန်ပျူတာမှာ
အင်စတော ပြု လုပ် လိုက်ပါ။

remosoftware.com

၂။ ဆော့ဝဲကို ဖွင့်လိုက်ပါ၊ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက် လိုက်ပါ။ အောက်က ပုံလေးကို ကြည့်
လိုက်ပါ ကွန်ပျူတာ က ဖုန်းကို Device ကို သိပြီးလို့ အသင့် ဖြစ်နေ ပါစေ။



၃။ အောက်ပုံ အတိုင်း ပေါ်လာ ခဲ့ရင်တော့ အနီရောင် လေးနဲ့ ၀ိုင်းပြ ထားတဲ့ “Recover Lost Files
ဆိုတာကို နှိပ်လိုက်ပါ “Recover Deleted Files” ကို နှိပ်ရင်လည်း ရပါတယ်။



၎။ အောက်က မြင်နေ ရတဲ့ ပုံလေး ကတော့ မိမိ ဖုန်းမှာ Recovery လုပ်နိုင်တဲ့ Android storage နဲ့
External Storage ဆိုပြီး နှစ်ခုပါ၊ အခုက Factory Reset ချပြီး ပျက်စီး နေတာမို့ Android storage
ဖုန်း မာမိုရီ ထဲမှ ပြန်လည် ရယူမှာ ဖြစ်လို့ Android storage ကို တစ်ချက် ထောက်ပြီး Next ကို နှိပ်
ပေး လိုက်ပါ။ ပြီးရင် သူ့ အလိုလို scanning process မိမိ ဖုန်းမှ ပျောက်ဆုံး သွားသော Data ဖိုင်
များ အားလုံးကို ရှာနေ ပါလိမ့်မယ်။



၅။ Data ဖိုင်များ အားလုံးကို ပြန်လည် ရှာဖွေပြီးလို့ အောက်က ပုံလို မြင်နေ ရရင်တော့ Recovery
ကိစ္စ ပြီးဆုံး သွားပါပြီ မိမိ ဖုန်းမှာ Factory Reset ချပြီးလို့ ပျောက်ဆုံး သွားတဲ့ အရင် အရေးကြီးတဲ့
Data အားလုံးကို မြင်နေ ရပါပြီ။ ပြန်လည် ရှာဖွေအောင်မြင် ပြီးတဲ့ Data ဖိုင်များ ကိုတော့ views
နှစ်မျိုးနဲ့ ကြည့်လို့ ရပါတယ်။ “File Type View” and “Data View” ဆိုပြီး မြင်နေ ရပါလိမ့်မယ်
ကြိုက်တဲ့ Views နဲ့ စမ်းကြည့် နိုင်ပါတယ်။




၆။ မိမိ ဖုန်းမှာ ပျောက်ဆုံး ပျက်စီး သွားတဲ့ Data ဖိုင်များနဲ့ ဓာတ်ပုံ များ၏ အရေ အတွက် ဘယ်
လောက် ဆိုပြီး အတိ အကျ ဖေါ်ပြ ထားတဲ့ အပြင်၊ အဲဒီ ဖိုင်များကို ကွန်ပျူတာရဲ့ မိမိ သိမ်းဆည်း
ထားလိုသော နေရာမှာ တစ်ချက် ထောက်ပြီး Save လုပ်ယူ နိုင်ပါတယ်။



ဇူးနစ်(နည်းပညာ) http://www.zunite.org/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »