နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Restore. Show all posts
Showing posts with label Restore. Show all posts

Saturday, March 28, 2015

Samsung Galaxy S6 ရဲ့ EFS Partition ကို Backup / Restore လုပ်တဲ့ Tool



Samsung Galaxy S6 တွေကို မကြာ ခင်မှာ ဈေးကွက် ထဲမှာ စတင် ရောင်းချ တော့မှာပါ။ ဖုန်းကို ကလိရင်း ROM တွေ ပြောင်း တင်လို့ နဂို မူရင်း EFS Partition data တွေ ပျက်သွား တာမျိုး မဖြစ် ရအောင် Samsung Galaxy S6 ရဲ့ EFS Partition ကို Backup/Restore လုပ်လို့ ရမယ့် Tool လည်း ထွက်ရှိ လာပါတယ်။

EFS Partition ထဲမှာ IMEI number, WiFi and Bluetooth Mac address, Radio signal info နဲ့ Network နဲ့ ဆိုင်တဲ့ အခြား အချက် အလက် တွေကို သိမ်း ဆည်း ထားပါတယ်။

ဒါကြောင့် ကိုယ့်ဖုန်းမှာ မူရင်း ပါတဲ့ EFS Partition ကို Backup လုပ်ထား ခြင်းဖြင့် နောက်ပိုင်း ဖုန်းမှာ EFS Partition ပိုင်းနဲ့ ပတ်သက်လို့ တစ်ခုခု ဖြစ်ရင် Backup လုပ်ပြီး သိမ်းထား ခဲ့တဲ့ EFS Partition ကိုပဲ ဒီ Tool လေး အသုံးပြုပြီး ပြန်လည် Restore လုပ် လိုက် ရုံပါပဲ။



Samsung Galaxy S6 ရဲ့ EFS Partition ကို Backup / Restore လုပ်လို့ ရမယ့် Tool ကို အောက်က link မှာ ရယူနိုင် ပါတယ်။

Download EFS Partition Backup and Restore tool

ယခု Tool ကို အသုံး ပြုဖို့ ဖုန်းမှာ Root Access ရရှိ ထားဖို့ လိုပါတယ်။ Samsung Galaxy S6 ကို root လုပ်နည်း ကိုတော့ အောက် link မှာ ဖတ်ရှုနိုင် ပါတယ်။

Samsung Galaxy S6 SM-G920F ကို Root လုပ်နည်း

by သက်နိုင်စိုး
http://www.myanmarmobileapp.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, March 09, 2015

Android ဖုန်းမှာ System တစ်ခု လုံးကို Backup and Restore အလွယ်တကူ လုပ်ယူနည်း



မင်္ဂလာပါ
အမေးများ လာတဲ့ ဆော့ဝဲတွေ ထဲမှာ တကယ့် တန်ဖိုး ရှိမယ့် အသုံးတည့် ဆော့ဝဲလေး တစ်ခုကို အားလုံး အတွက် တင်ပေး လိုက်ပါတယ်။

ဒီဆော့ဝဲလေး ကတော့ ဖုန်း crash ဖြစ်ပြီး ပျက်စီး ဆုံးရှုံး သွားတဲ့ Text Message အားလုံးကို ပြန်လည် ရယူနိုင်တဲ့ အပြင်
အထူး သဖြင့် ဖုန်း တစ်လုံးကို Firmware အသစ် မတင်မှီ ဖုန်းထဲမှာ ရှိတဲ့ Data အားလုံးကို Backup & Restore ပြုလုပ် ဖို့ရန်
အကောင်းဆုံး ဆော့ဝဲ ဖြစ်ပါတယ်။

ကျနော့် အထင်တော့ ဖုန်းအတွက် Backup လုပ်နိုင်တဲ့ ဆော့ဝဲတွေ အများကြီး ရှိကြတဲ့ အနက် Play store Official ဆိုက်ထဲ မှာတော့ ဒီဆော့ဝဲ လေးဟာ သေးငယ်ပြီး ဖုန်းတိုင်းမှာ အသုံးပြု လို့ ရတဲ့ အတွက် အားလုံးထက် ပိုကောင်း တယ်လို့ ထင်ပါတယ်။

ဖုန်းမှာ Backu လုပ်နည်း

ဖုန်း တစ်လုံးကို Backup & Restore မလုပ်မှီလေး သူ့ အတွက် သက်ဆိုင်တဲ့ Apk လေးရဲ့ Feature လေးတွေ ကိုတော့
သိထား တာက ပိုကောင်း တာပေါ့ ဒီဆော့ဝဲလေးရဲ့ Feature လေးတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

MS Backup & Restore Features
Backup SMS messages in XML format.
Automatic scheduled backups – Automatically backup text messages.
View backup contents on the phone.
Option to backup selected conversations.
Email a backup file.
Delete all SMS messages on the phone.

၁။ Feature လေး တွေကို သိပြီးပြီ ဆိုရင်တော့ Apk လေးကို အရင်ဆုံး ဒေါင်းလော့ ရယူ လိုက်ပါ။
ပြီးရင် ဖုန်းမှာ Install လုပ်လိုက်ပါ။

userscloud.com
OR
shared.com

၂။ Apk လေးကို ဖွင့်လိုက်ပါ။


၃။ မိမိဖုန်းကို Backup လုပ်လိုတယ် ဆိုရင်တော့ Backup button လေးကို နှိပ်လိုက်ပါ၊


၎။ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ မိမိ ဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို ရေးထည့်ပေး ရမှာ ဖြစ်ပါတယ် အားလုံး ပြီးသွားရင်တော့ OK ဆိုတာကို နှိပ်ပေးလိုက်ပါ။


၅။ OK ကို နှိပ်လိုက် ပြီးရင် အောက်က ပုံလေးကို ကြည့်လိုက်ပါ မိမိ Backup လုပ်လိုက်တဲ့ ဖိုင် တစ်ခုလုံးကို
Backup စတင် အလုပ် လုပ်နေတာ ဖြစ်ပါတယ်။ ခနလေး စောင့်နေပေး လိုက်ပါ။


၆။ မိနစ် အနည်းငယ် ကြာပြီးလို့ Backup လုပ်ခြင်းကိစ္စ အောင်မြင် ပြီးစီးကြောင်း အောက်က ပုံအတိုင်း ပြပေးနေ ပါလိမ့်မယ်။


ဖုန်းကို Restore လုပ်နည်း

Restore လုပ်နည်းလည်း Apk လေးကိုပဲ အသုံးပြုမှာ ဖြစ်တဲ့ အတွက် ဖုန်းမှာတင် အလွယ်တကူ Restore လုပ်ယူမှာ ဖြစ်ပါတယ်။

သိပ် မခက်ခဲပါ အောက်မှာ ပုံလေးတွေနဲ့ တကွ လေ့လာ ကြည့်လိုက်ပါ။

၁။ Apk လေးကို ဖွင့်လိုက်ပါ။


၂။ မိမိဖုန်းကို Restore လုပ်မှာ ဖြစ်တဲ့ အတွက် Restore button လေးကို နှိပ်လိုက်ပါ။


၃။ အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ မိမိ ဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို ရေးထည့် ပေးရမှာ ဖြစ်ပါတယ် အားလုံး ပြီးသွား ရင်တော့ OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။


၎။ OK ကို နှိပ်လိုက် ပြီးတဲ့ အခါ အောက်က ပုံလေးကို ကြည့်လိုက်ပါ မိမိ Restore လုပ်လိုက်တဲ့ ဖိုင်တစ်ခုလုံးကို
Restore လုပ်နေ ပါလိမ့်မယ်။ ခနလေး စောင့်နေ ပေးလိုက်ပါ။


၅။ မိနစ် အနည်းငယ် ကြာပြီးလို့ Restore လုပ်ခြင်းကိစ္စ အောင်မြင် ပြီးစီးကြောင်း အောက်က ပုံအတိုင်း ပြပေးနေ ပါလိမ့်မယ်။

OK လေးကို နှိပ်ပေးလိုက်ပါ။


တစ်ခြားသော ဖုန်း တစ်ခုလုံးကို Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံ များနဲ့ အရေး ကြီးတဲ့ Data များကို
ပြန်လည် ရယူနည်း ကိုတော့ အောက်ကလင့်မှာ ၀င်ဖတ် ကြည့်ပေးပါ။

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည် ရယူနည်း

အားလုံးပဲ အဆင်ပြေ ကြလိမ့်မယိလို့ မျှော်လင့် ပါတယ် ... အားလုံး အတွက် ကျနော် ကြိုးစားနေ ပါဦးမည်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန် အကောင်းဆုံး ဆော့ဝဲ များနဲ့ အသုံးပြုနည်း



မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို တင်ပေး ချင်နေ ခဲ့တာ ကြပါပြီ ဖြစ်နိုင်ရင် တစ်ခုချင်း စီရဲ့ အသုံးပြု နည်းကို အသေးစိပ်
ရှင်းပြ သွားချင် တာပါ အခုတော့ အချိန် သိပ်မရ တော့တာနဲ့ အားလုံး ပေါင်းပြီး ပိုစ့် တစ်ခု တည်းမှာ ဖတ်လို့ ရအောင်
ကျိုးစားပေး လိုက်ပါတယ်။

အခု ကျနော် ပြန်လည် မျှဝေလိုက်တဲ့ နည်းပညာ လေးဟာ စမတ်ဖုန်းကို ကိုင်ဆောင် ထားတဲ့ သူတိုင်း လုံးဝ သိထား သင့်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ကျနော့် ရင်ထဲမှာ တော့ဗျာ ဆိုဒ်ကလေးကို လာရောက် အားပေးကြတဲ့ ချစ်ပရိတ်သတ် ကြီးများနဲ့ ၀ါသနာတူ လာရောက် ကြည့်ရှု ကြတဲ့ညီအကို တွေကို တကယ် သိစေချင်တယ် တတ်စေချင် ပါတယ်။

တကယ် သိစေချင် တတ်စေ ချင်တယ် ဆိုပေမယ့် ပြောပြရုံ လောက်နဲ့ ပြီးတော့ ပုံလေး တွေကို Tutorial အဖြစ် ရှင်းပြ ထားရုံ လေးနဲ့ တော့ လေ့လာ ခါစ သူတွေ အတွက် မလုံလောက် သေးဖူးလို့ ထင်ပါတယ်။

မိမိ အတွက် တကယ် လိုအပ်တဲ့ ပညာရပ် တစ်ခု ဖြစ်တယ် ပြီးတော့ သိထား ရမယ့် အပိုင်း တတ်ထားမှ ရမယ်လို့
သဘော ထား ခဲ့ရင်တော့ မအားတဲ့ ကိုင်ပိုင် အချိန်လေးတွေ ထဲက ပေးဆပ်မှု ကြိုးစားမှု ထပ်ခါ တလဲလဲ လေ့လာ အားထုတ် မှုတွေက ပိုပြီး အရေးကြီး လိမ့်မယ်လို့ ကျနော် အကြံပြု ချင်ပါတယ် ခင်ဗျား...

အခုကျနော် ရှင်းပြသွားမယ့် Tutorial လေး ကတော့ ဖုန်း System တစ်ခုလုံးကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး Backup & Restore လုပ်နိုင်တဲ့ ဆော့ဝဲတွေနဲ့ အလွယ်တကူ Backup & Restore လုပ်ယူနည်း ဖြစ်ပါတယ်။

ဘာကြောင့် Backup & Restore လုပ်ရ သလဲ?

ဒီနေရာမှာ Official ရဲ့ Original Description ကို ဘာသာ ပြန်ပြီး မရှင်းပြ နေတော့ပါ ကျနော် နားလည် သလို ရမ်းသန်း
ရှင်းပြ သွားမှာပဲ ဖြစ်ပါတယ်။

ဖုန်းနဲ့ / Tablet ကို Backup လုပ်တယ် ဆိုတာ မိမိ အသုံးပြု နေတဲ့ ဖုန်းက မိမိ လိုချင်တဲ့ ပုံစံ အတိုင်း အနေ အထား
မျိုး ဖြစ်နေတယ် ဆိုပါတော့ ... အဲဒါကို ဘယ်လို အကြောင်း မျိုးကြောင့်ပဲ ဖြစ်ဖြစ် ပျက်စီး ဆုံးရှုံး မသွားစေ ချင်ဘူး တကယ်လို့ ပျက်စီး ဆုံးရှုံး သွားမယ် ဆိုရင်လည်း ပြန်လည် ရယူနိုင်အောင် ဆိုပြီး Backup လုပ်ထားကြခြင်း ဖြစ်ပါတယ်။
နားလည်အောင် ပြောရရင်တော့ မူရင်း ပစ္စည်း တစ်ခုကို Copy ပွါးယူ ထားပြီး လုံခြုံ မယ့် တစ်နေရာမှာ သိမ်းဆည်း ထားခြင်း တစ်မျိုး ဖြစ်ပါတယ်။

အခုကျနော်တို့ ရေးနေတဲ့ Blogger Template ဆိုရင်လည်း ဒီလိုပါပဲ Backup မကြာခန လုပ်ထား ရပါတယ် ဘာကြောင့်လဲ ဆိုတော့ တကယ်လို့ ကိုယ်က လှချင် လွန်းလို့ ဟိုပြင် ဒီပြင် လုပ်လိုက်တော့ ဘယ် အချိန် မဆို ပုံပျက် ပန်းပျက်နဲ့ ဖြစ်သွား တတ် သလို အကြောင်း အမျိုးမျိုး ကြောင့်ပေါ့လေ ပျက်စီး သွားတဲ့ အခါ အရင် မိမိ Backup လုပ်ယူ ထားတဲ့ ပုံစံ အဟောင်း လေးကို ပြန်လည် Upload လုပ်ပြီး မူလ ပုံမှန် အတိုင်း ရယူနိုင်တာပေါ့...

ဒီလောက် ဆိုရင် Backup လုပ်တယ် ဆိုတာ ဘယ်လောက်ထိ အရေးပါ အရာရောက်တယ် ဆိုတာကို သိပြီး ရင်တော့ မိမိ ဖုန်းထဲမှ Apk များကို မှားဖျက် မိသည် ဖြစ်စေ အသုံးပြု နေရင်း ကလစ်တာ မှားသွားလို့ Root လုပ်တဲ့ အခါ အခန့် မသင့်ပဲ Firmware ကျသွားလို့ အသစ် ပြန်တင် ရတဲ့ အခါမျိုး ပြီးတော့ ဖုန်းကို Software Update လုပ်လိုက်တဲ့ အခါ ဖုန်းက ကြောင် အမ်း သွားပြီး ဘာမှ သုံး မရတဲ့ အခါမျိုး မှာတော့ သင့်ဖုန်းကို ကြို တင်ပြီး Backup လုပ်ထား ပါက ဖုန်းထဲက မိမိပြန်လည်
ရယူလိုတဲ့ Data များနဲ့ apk စသည်များကို အလွယ် တကူ ပြန်လည် Restore လုပ်ပြီး ရယူနိုင်မှာ ဖြစ်တာကြောင့် သင့် ဖုန်းကို backup လုံးဝ လုပ်ထား သင့်ပါတယ်။

Restore က ဘာလို့ လုပ်ရ သလဲ?

ရှင်းပါတယ် စောနက ကျနော် ပြောခဲ့ သလို မိမိ ဖုန်းနဲ့ / Tablet များကို Backup လုပ်ထား ပြီးသား ရှိနေတယ်၊ ပြီးတော့ အရင်တုန်း ကတော့ ဖုန်းက အသုံးပြု လို့ အရမ်း ကောင်း နေခဲ့ပြီး အခုတော့ ပျက်စီး သွားပြီ ဆိုပါတော့ အဲဒီ အခါ သင့်ဖုန်းကို Restore လုပ်ယူ ရတော့မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ Restore လုပ်တဲ့ အပိုင်းက ပုံစံ မျိုးစုံ ရှိပါတယ်။ Backup လုပ်ထား ပြီးသား Data အဟောင်း များကို ပြန်လည်
Restore လုပ်နည်းနဲ့၊ ဖုန်းကို Restore လုပ်ယူနိုင်တဲ့ ဆော့ဝဲနဲ့ အရေးပေါ် လုပ်ယူ တာမျိုး ပြီးတော့ Recovery Mode ထဲကနေ Recovery လုပ်ယူ တာမျိုး စသည်ဖြင့် မိမိ ကျွမ်းကျင်တဲ့ အပိုင်း ကနေ ပြန်လည် ရယူနည်းကို Restore လုပ်
တယ်လို့ ခေါ်ပါတယ်။

အခုလောက် ဆိုရင်တော့ ဘာကြောင့် Restore လုပ်သလဲ ဆိုတာနဲ့ ကျန်တဲ့ technical အပိုင်းကို သိမြင်လောက် ပြီလို့ ထင်ပါတယ်။ သင့်ဖုန်း တစ်ခုလုံး သုံးစား မရတော့တဲ့ အချိန်မှာ အရင် အသုံပြု နေတဲ့ ပုံစံ အဟောင်း အတိုင်း ပြန်လည် ရ
ယူလိုတဲ့ အခါ သင့်ဖုန်းကို Restore လုပ်ရမှာ ဖြစ်ပါတယ်။

ကဲဗျာ Android လောက ထဲကို ရောက်လာပြီ ဆိုမှတော့ သင့် အတွက် လုံးဝ သိထား သင့်တဲ့ အပိုင်းကြီး နှစ်ခု လုံးကို
သိထား ရမှာ ဖြစ်တဲ့ အတွက် အောက်မှာသာ ဆက်လေ့လာ ကြည့်လိုက်ပါ။

Samsung Kies 3 ကို အသုံးပြု ပြီး Backup ပြုလုပ်နည်း



ဒီ အပိုင်းကို ကျနော် မရှင်းပြမှီ Samsung Kies ဆော့ဝဲနဲ့ ကွန်ပျူတာမှာ အင်စတော လုပ်ယူ နည်းနဲ့၊ ပြီးတော့ ဘာကြောင့် အသုံးပြု သင့်တယ် ဆိုတာကို ဟို အရင် ကျနော် တင်ပေးဖူး ပါတယ်။

အောက်ကလင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။

Samsung Phone & Tablet တွေ အတွက် မရှိ မဖြစ်တဲ့ Entertainment ဆော့ဝဲ

၁။ Samsung Kies ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတော လုပ်ပြီး တာနဲ့ ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ
ကို ချိတ်ဆက် လိုက်ပါ။

၂။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက် ပြီးတဲ့အခါ Backup & Restore ဆိုတာကို တစ်ချက်နှိပ် လိုက်ပါ ပုံကို ကြည့်ပါ။



၃။ ပြီးရင် Data backup ဆိုတာကို တစ်ချက်ထပ်နှိပ်လိုက်ပါ။



၎။ အောက်က ပုံအတိုင်း ပြနေတဲ့ အခါမှာတော့ မိမိ အတွက် တကယ် လိုအပ်မယ့် အရေး ကြီးတယ် ဆိုတဲ့ Apk များကို တစ်ခု ချင်းစီ အမှန်ခြစ်ပြီး Backup လုပ်ယူနိုင်သလို အားလုံးကို တစ်ခါတည်းနဲ့ လုပ်ယူ ချင်တယ်ဆိုရင်တော့
Select all items ဆိုတာကို အမှန်ခြစ် ပေးပြီး၊ Backup ဆိုတာကို နှိပ်ပေးလိုက်ပါ။ ပြီးရင် ခနလေး စောင့်နေလိုက်ပါ။



၅။ Backup ဆိုတာကို နှိပ် လိုက်ပြီး တာနဲ့ အောက်က ပုံအတိုင်း Backup လုပ်ခြင်း ကိစ္စ ပြီးစီး အောင်မြင်ပြီ ဖြစ်ကြောင်း
နေ့ရက်နဲ့ တကွ ပြနေ ပါလိမ့်မယ် Complete ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် သင့်ကွန်ပျူတာရဲ့ Document ထဲမှာ သွား ကြည့်လိုက်ပါ။ သင့်ဖုန်း ပါတ်နဲ့ တကွ Backup လုပ်ထား ပြီးသား အပြည့်အစုံ Folder အသစ်လေး ရောက်နေ ပါလိမ့်မယ်။

Samsung Kies ကို အသုံးပြုပြီး သင့်ဖုန်းနဲ့ / Tablet များကို Backup လုပ်ခြင်း ကိစ္စ ပြီးဆုံး ပါပြီ။



Samsung Kies 3 ကို အသုံးပြု ပြီး Restore ပြု လုပ်နည်း

ဒီအပိုင်းကို လေ့လာတော့မယ် ဆိုရင်တော့ အပေါ်မှာ ကျနော် ရမ်းသမ်းပြီး ရှင်းပြ ထားခဲ့တဲ့ ဘာကြောင့် Restore လုပ်ရ သလဲ ဆိုတာကို အရင် ဖတ်ကြည့် စေချင် ပါတယ် အားလုံး အဆင်ပြေတယ် ဆိုရင်တော့ ဆက်လေ့လာ ကြည့်လိုက်ပါ။

၁။ Samsung Kies ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးတာနဲ့ ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၂။ ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ပြီးတဲ့အခါ Backup & Restore ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ ပုံကို ကြည့်ပါ။



၃။ အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ Restore ဆိုတာကို တစ်ချက်နှိပ် လိုက်ပါ။



၎။ အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ Select the backup file to restore စာတန်း မှာတော့ မိမိဖုန်း data တည်ရှိနေတဲ့ File & Folder နေရာကို ရွေးပေး ရမှာ ဖြစ်ပါတယ်။

ပြီးတော့ Select all items အောက်မှာတော့ မိမိ အတွက် Restore လုပ်လိုတဲ့ Data များနဲ့ Apk များကို ရွေးပြီး အမှန်ခြစ် ပေးနိုင် သလို အားလုံးကို ပြု လုပ်ချင် တယ် ဆိုရင်တော့ Select all items နေရာမှာ အမှန်ခြစ် ပေးလိုက်ပါ။

တကယ်လို့ အချို့သော File များကို ရှာမတွေ့ သေးရင်တော့ Find Files ဆိုတာကို နှိပ်ပြီး ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။



၎။ အားလုံး အသင့်ဖြစ်ပြီး စိတ်ကြိုက် ရွေးပြီးပြီ ဆိုရင်တော့ Restore ဆိုတာကို နှိပ်ပေး လိုက်ပါ။ ဘာမှ ထပ်လုပ်ပေး စရာ မလိုတော့ပဲ Restore ပြု လုပ်နေတုန်း ခနလေး စောင့်နေ လိုက်ပါ။



၅။ Restore လုပ်ပြီးလို့ အောင်မြင် ပြီးစီးကြောင်း အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ သင့်ဖုန်းကို Restore လုပ်ခြင်း ကိစ္စပြီး ဆုံးသွား ပါပြီ။



Wondershare MobileGo ဆော့ဝဲကို အသုံးပြု ပြီး Backup လုပ်နည်း



Wondershare MobileGo ဆိုတာ ဖုန်းနဲ့ / Tablet တို့မှာ Data များနဲ့ Apk များကို ကွန်ပျူ တာမှာ One Click နဲတင် Backup & Restore လုပ်ဖို့ရန် အတွက် အကောင်းဆုံး ဆော့ဝဲ တစ်ခု ဖြစ်ပါတယ်။

ဘယ်လို အကြောင်း အမျိုးမျိုး ကြောင့်ပဲ ဖြစ်ဖြစ် ဆုံးရှုံး သွားတဲ့ Data များ အတွက် ဒီဆော့ဝဲကို အသုံးပြု ပြီး သင့်ဖုန်းနဲ့ / Tablet တွေကို Backup & Restore ပြုလုပ်တဲ့ အခါ contents: app data, contacts, SMS, calendars, call logs, music, video and photos စတာတွေ အားလုံးကို တစ်ချက်တည်း နှိပ်လိုက်ရုံနဲ့ ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ ပထမဆုံး Wondershare MobileGo ဆော့ဝဲကို ဒီဆိုက်မှာ ဒေါင်းလော့ ရယူ လိုက်ပါ။ ပြီးရင် ဆော့ဝဲကို ကွန်ပျူတာ မှာ အင်စတော ပြု လုပ်လိုက်ပါ။

Wondershare MobileGo 7.0.0.14 Multilingual | 45.60 MB

၂။ ဆော့ဝဲကို အင်စတော လုပ်ပြီး တာနဲ့ ဖွင့်လိုက်ပါ။ ဖုန်းနဲ့ ကွန်ပျူတာကို USB ကြိုးဖြင့် ချိတ်ဆက် လိုက်ပါ။
အောက်က ပုံအတိုင်း ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက် လိုက်တဲ့ အခါ ဖုန်းမှာ လုပ်ပေး ရမယ့် အချက်အလက် ကို ပြပေးနေ ပါလိမ့်မယ့် ပုံလေးကို ကြည့်ပြီး လုပ်ပေး လိုက်ပါ။



၃။ လိုအပ်တဲ့ USB ကြိုးအတွက် ချိတ်ဆက် မှုတွေ ပြီးသွားတဲ့ အခါ မှာတော့ အောက်ကပုံ အတိုင်း မိမိဖုန်းနဲ့ ကွန်ပျူတာ
Connect လုပ်နေပါ လိမ့်မယ် ခနလေး စောင့်နေ လိုက်ပါ။



၎။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေ သွားပြီ ဆိုင်ရင်တော့ မိမိဖုန်းရဲ့ Device နာမည်နဲ့ အထင်းသား ဖေါ်ပြနေ ပါလိမ့်မယ်။

မိမိဖုန်း အတွက် ကွန်ပျူတာမှာ Backup လုပ်ယူမှာ ဖြစ်တဲ့ အတွက် ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတဲ့ One Click Backup ဆိုတာကို နှိပ်လိုက်ပါ။ တကယ်လို့ အခြားသော Option တွေကို ကြည့်ချင် သေးတယ် ဆိုရင်တော့ More Tools ဆိုတာကို နှိပ်ပြီး ၀င်ကြည့်နိုင် ပါတယ်။



၅။ Backup ဆိုတာကို နှိပ်လိုက် ပြီးတဲ့ အောက်က ပုံအတိုင်း ပြနေ ပါလိမ့်မယ်၊ အဲဒီမှာ “Browse” နေရာ မှာတော့
ကွန်ပျူတာရဲ့ မိမိ သိမ်းဆည်း ထားလိုတဲ့ နေရာ သို့မဟုတ် Folder ကို ရွေးပေး ရမှာဖြစ်ပါတယ်။

Contact ဆိုတဲ့ စာတန်းရဲ့ အောက်မှာတော့ မိမိအတွက် Backup လုပ်လိုတဲ့ data များနဲ့ Apk များကို တစ်ခုချင်း ရွေးပြီး အမှန်ခြစ် ပေးနိုင် သလို အားလုံးကို လုပ်လိုတယ် ဆိုရင်လည်း အားလုံးကို အမှန်ခြစ် ပေးပြီး Backup ဆိုတာကို နှိပ်ပေး လိုက်ပါ။



၆။ Backup ဆိုတာကို နှိပ်လိုက် ပြီးရင်တော့ အောက်ကပုံ အတိုင်း Backup လုပ်နေ ပါလိမ့်မယ်။
ဘာမှ ထပ်လုပ်ပေး စရာ မလိုတော့တဲ့ အတွက် ပြီးအောင် စောင့်နေ လိုက်ပါ။



Wondershare MobileGo ဆော့ဝဲကို အသုံးပြု ပြီး Restore လုပ်နည်း

၁။ ပထမဆုံး Wondershare MobileGo ဆော့ဝဲကို Official ဆိုက်မှာ ဒေါင်းလော့ ရယူလိုက်ပါ။ ပြီးရင် ဆော့ဝဲကို
ကွန်ပျူတာမှာ အင်စတော ပြု လုပ်လိုက်ပါ။

Wondershare MobileGo

၂။ ဆော့ဝဲကို အင်စတော လုပ်ပြီး တာနဲ့ ဖွင့်လိုက်ပါ။ ဖုန်းနဲ့ ကွန်ပျူ တာကို USB ကြိုးဖြင့် ချိတ်ဆက် လိုက်ပါ။
အောက်ကပုံ အတိုင်း ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက် လိုက်တဲ့ အခါ ဖုန်းမှာ လုပ်ပေးရမယ့် အချက် အလက်ကို ပြပေးနေ ပါလိမ့်မယ့် ပုံလေးကို ကြည့်ပြီး လုပ်ပေး လိုက်ပါ။



၃။ လိုအပ်တဲ့ USB ကြိုးအတွက် ချိတ်ဆက် မှုတွေ ပြီးသွားတဲ့ အခါမှာတော့ အောက်က ပုံအတိုင်း မိမိဖုန်းနဲ့ ကွန်ပျူတာ
Connect လုပ်နေပါ လိမ့်မယ် ခနလေး စောင့်နေ လိုက်ပါ။



၎။ ဖုန်းနဲ့ ကွန်ပျူ တာ ချိတ်ဆက်မှု အဆင်ပြေ သွားပြီ ဆိုရင်တော့ မိမိ ဖုန်းရဲ့ Device နာမည်နဲ့ အထင်းသား ဖေါ်ပြနေ ပါလိမ့်မယ်။

ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတဲ့ မိမိဖုန်းရဲ့ Device ပြနေတဲ့ နေရာကို တစ်ချက်နှိပ် လိုက်ပါ။ ပြီးရင် အောက်မှာ ၀ိုင်းပြ ထားတဲ့ More tools ဆိုတာကို တစ်ချက် ထပ်နှိပ် လိုက်ပါ။



၅။ မိမိဖုန်း အတွက် ကွန်ပျူတာမှာ Restore လုပ်ယူမှာ ဖြစ်တဲ့ အတွက် ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတဲ့ Restore ဆိုတာကို နှိပ်လိုက်ပါ။



၆။ Restore ဆိုတာကို နှိပ်လိုက် ပြီးတာနဲ့ အောက်က ပုံအတိုင်း ပြနေ ပါလိမ့်မယ် အဲဒီမှာ မိမိ ဖုန်းကို အရင် Backup လုပ်ထား ပြီးသား Data များနဲ့ Apk များ ကို ရွေးပေး လိုက်ပြီးတော့ Restore ဆိုတာ ကိုသာ နှိပ်ပေး လိုက်ပါ။



၇။ Restore ကို နှိပ်လိုက် ပြီးတဲ့ အခါမှာတော့ အောက်က ပုံအတိုင်း Data များကို Restore လုပ်နေ ပါလိမ့်မယ် ပြီးအောင် စောင့် ပေးလိုက်ပါ။

Restore လုပ်ခြင်း ကိစ္စ ပြီးဆုံး သွားရင်တော့ သင့်ဖုန်းနဲ့ / Tablet များကို ဆိုင်က ၀ယ်လာသည့် အတိုင်း သို့မဟုတ် အရင် ပုံစံဟောင်းလေး အတိုင်း Data အားလုံးနဲ့ apk များကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။



အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ်။ အားလုံး အတွက် ကျနော် အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါဦးမည်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, January 05, 2015

AppMonster Pro Backup Restore 3.5.0 Cracked APK [Latest]




Android Users တွေ အတွက် မိမိရဲ့ ဖုန်းကို Backup နှင့် Restore လုပ်ပေးတဲ့ Pro apk လေး တစ်ခု
တင်ပေး လိုက်ပါတယ်။ Cracked ပြီးသား Full အဖြစ် အသုံးပြုနိုင်ပါတယ်။

အောက်မှာ Play Store link နဲ့ shared.com လင့် နှစ်ခု တင်ပေးထားပါတယ်။ Play Store link မှာ
ကတော့ ပိုက်ပိုက်ပေးဝယ်ရမှာ ဖြစ်ပြီး shared.com link မှာတော့ အခမဲ့ ဒေါင်းယူ နိုင်ပါတယ်။

AppMonster is an application manager for Android smartphones and tablets, that provides anything regarding installed Android Apps (like backup, restore, manage), by simple and powerful user interface.

With AppMonster you can easily manage, backup and restore your apps. Enjoy features like batch backup, batch restore, uninstall, install from SD card, share and much more. Simple, fast, easy to use, stable.

Let the AppMonster support you after phone reset or switch to a new phone.

It does not need ROOT, all features like backup, restore and other work without ROOT. But if you have ROOT on your phone or tablet, you get more features.

How to Install?
  • Save the downloaded .apk on your android phone’s SD card
  • Run and install it
  • That’s it,Enjoy! :)



Additional information
  • Updated : November 20, 2014
  • Size : 2.0M
  • Installs : 50,000 - 100,000
  • Current Version : 3.4.7
  • Requires Android : 2.1 - 4.4

play.google.com
OR
shared.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, November 17, 2014

Shadow Defender 1.4.0.566 Final



Shadow Defender 1.4.0.566 Final | 3.61 MB

Shadow Defender is an easy-to-use security solution (for Windows operating systems) that protects your PC / laptop real environment against malicious activity and unwanted changes.

Shadow Defender can run your system in a virtual environment called ‘Shadow Mode’.

‘Shadow Mode’ redirects each system change to a virtual environment with no change to your real environment.

If you experience malicious activity and/or unwanted changes, perform a reboot to restore your system back to its original state, as if nothing happened.

With Shadow Defender, you have the flexibility to specify which files and folders are permanently saved to the real environment.

This ensures important files and folders are kept after a reboot.Try Shadow Defender for the most effective and easy-to-use security solution.

Shadow Defender Features:
1. Prevent all viruses and malware.
2. Surf the internet safely and eliminate unwanted traces.
3. Protect your privacy.
4. Eliminate system downtime and maintenance costs.
5. Reboot to restore your system back to its original state.

Shadow Defender Users:
1. Maintain a system free from malicious activity and unwanted changes.
2. Test software and game installations in a safe environment.
3. Protect against unwanted changes by shared users (suitable for workplaces and educational institutions).

Home page – http://www.shadowdefender.com/

▼ tusfiles ▼
OR
▼ yonzy ▼

From: Cyber2day.com by Speed_Up


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, November 16, 2014

How To Backup & Restore Your Pc ( ကွန်ပျူတာမှာ ဘက်အပ် လုပ်ယူနည်း နှင့် ပြန်သွင်းနည်း)



မင်္ဂလာပါ ကျွန်တော် ကွန်ပျူတာမှာ ဘက်အပ် လုပ်ဆောင်ခြင်း ကဏ္ဍကို အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေ
ရန်အတွက် အသေးစိတ် တစ်ဆင့်ချင်းကို ပုံလေးတွေနဲ့ တကွ ရှင်းလင်း ဖေါ်ပြပေး ထားတာပါ။

ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲ ဆိုတာကို အရင် သိသလောက် ပြောပြပါ့မယ်နော်....

ကွန်ပျူတာ တွေရဲ့ ဝင်းဒိုး ပြသနာတွေ ခဏခဏ တက်နေတဲ့ အတွက် အစကနေ ပြန်ပြန်ပြီး Windows မတင်ချင်
တာရယ်၊ ကိုယ် ထည့်သွင်း ထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြား ပြသနာ တစ်
ခု ခုကြောင့် ဖြစ်စေ မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန် တင်စရာမလိုဘဲ အဲဒီ
back up Image ဖိုင်ကို ပြန်ထည့် လိုက်တာနဲ့ Windows လည်း တင်ပြီးသား ဖြစ်သလို Software တွေလည်း
တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

တကယ်တော့ Windows Partition အပိုင်း တစ်ခုလုံးကို Image file အဖြစ် copy ကူးယူ လိုက်ခြင်းဖြစ်ပါတယ်
ဒါလေးကို ကျွန်တော် စတင်လုပ်ခဲ့စဉ်က နေမင်းမောင် ဆိုဒ်မှာ တွေ့ပြီး လေ့လာလုပ်ဆောင် ခဲ့ဘူးပါတယ်...

သိထားရမှာကတော့ back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ
ထည့်ပြီးတဲ့ အချိန်မှာ လုပ်ထား တာပိုကောင်း ပါမယ်နော်...

အချိန်ကာလ ကြာလာမှ လုပ်ကြမယ်ဆို ဝင်းဒိုးထဲမှာလဲ program တွေ များလာမှာ ဖြစ်တဲ့ အတွက် ဒီအချိန် ကြမှ
back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်
ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီး
တဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ၊ program တွေ၊ Driver တွေ ထည့်သွင်း
ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။

အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့ program
ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့ back up လုပ်တဲ့ အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်
ရှိတာကို ရွေးချယ်ပေး ခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင် တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။

restore ပြန်လုပ်မယ် ဆိုရင်လဲ မိမိ အသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။

သည်လို နည်းလမ်းလေးတွေ ကိုလည်း ကျွန်တော်ကိုယ်တိုင် စတင်လေ့လာစဉ်က မှတ်သား ခဲ့ဖူးတာလေးတွေကို
ယခုချိန် ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်...

မူပိုင်နည်းပညာတွေ မဟုတ်ပေမယ့် လက်ဆင့်ကမ်းတဲ့အနေနဲ့ မှတ်သား ထားမိသလောက်တော့ ပြန်လည် ဝေမျှ
သွားမှဖြစ်ပါတယ်နော်...

လေးစားစွာဖြင့်....ဘလော့ခရီးသည်

How To Backup Your Pc

ပုံနှင့် တစ်ကွ ကျွန်တော် လုပ်ထားတာ လေးတွေကို တဆင့်ခြင်း ရှင်းသွား ပါ့မယ်နော်..
စဖို့ရာ အတွက် မိမိတို့ ကွန်ပျူတာမှ Contropanel ကို သွားလိုက်ပါ

အဆင့် (၁) အနေနဲ့ Backup and Restore ဆိုတာကို ကလစ် လိုက်ပါ။


အဆင့် (၂) အနေနဲ့ ဆက်လက်ပြီး Set Up Backup ကို ကလစ် လိုက်ပါ။


အဆင့် (၃) အနေနဲ့ ကတော့ အပိုင်းတွေ မြင်နေရပါမယ် မိမိတို့ သိမ်းလိုသော အပိုင်းကို ရွေးချယ်ပေး ရမှာ
ဖြစ်ပါတယ်။


အဆင့် (၄) အနေနဲ့ ကတော့ Let Me Choose ဆိုတာ အမှတ်ပေးကာ အောက်မှ Next ဆိုတာ ကလစ်ပါ။

အဆင့် (၅) အနေနဲ့ ကတော့ မိမိတို့ Backup လုပ်လိုသော အပိုင်းတွေ ဖိုင်တွေ ကို ရွေးချယ်နိုင်ပါတယ်။


အဆင့် (၆) အနေနဲ့ Change schedule ဆိုတာ ကလစ်ပြီး ဆက်သွားပါ။


အဆင့် (၇) အနေနဲ့ အချိန်ကာလ နေ့ရက်တွေ ရွေးချယ်နိုင် ပါတယ်။


အဆင့် (၈) အနေနဲ့ မိမိတို့ Backup လုပ်ငန်း စတင်နေပါပြီ....စောင့်နေလိုက်ပါနော်။


အချိန် အသင့်တင့်တော့ ကြာပါမည်... စောင့်နေရ ပါမယ်နော်...ဒါဆို မကြာခင်မှာ မိမိတို့ ကွန်ပျူတာမှ Backup
ကို ရရှိမှာ ဖြစ်ပါတယ်..... သည်လောက်ဆို Backup လုပ်ဆောင်ခြင်း ကို နားလည် လိမ့်မယ်လို့ မျှော်လင့် ပါ

အဆင့် (၈) အနေနဲ့ မိမိတို့ Backup လုပ်ငန်း စတင်နေပါပြီ....စောင့်နေလိုက်ပါနော် ...... ။

Restore လုပ်နည်း ကိုလည်း ဆက်လက် ရေးသား ပေးပါ့မယ်...နော်..

ကွန်ပျူ တာမှာ RESTORE ပြုလုပ်နည်း

အဆင့် ( ၁ ) အနေနဲ့ မိမိတို့ ကွန်ပျူတာနဲ့ Contropanel ကိုဝင်ပြီး Backup and restore ကိုဝင်ပါ။


အဆင့် ( ၂ ) အနေနဲ့ Recover system setting or your computer ကို Click ပါ။


အဆင့် ( ၃ ) အနေနဲ့ ကတော့ Advance recovery method ကိုရွေးချယ်လိုက်ပါ


အဆင့် ( ၄ ) အနေနဲ့ ဆက်လက်ပြီး ( Choose Advance recovery method ) တွင် မိမိ သိမ်းထားခဲ့ တဲ့
Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့ အတွက် Use a system image you created earlier
to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။


အဆင့် ( ၅ ) ကတော့ Restart ဆိုတာ ကလစ်လိုက်ပါနော်.


အဆင့် ( ၆ ) မှာဆက်လက် ပြီးတော့ Next ဆိုတာ ကလစ်ပါ။

အဆင့် ( ၇ ) ကတော့ အောက်က ပုံအတိုင်း back up လုပ်ထားတဲ့ image file တည်နေရာကို အလိုအလျောက်
ဖေါ်ပြပေး ပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။


အဆင့် ( ၈ ) မှာက Next ဆိုတာနဲ့ဆက်သွား လိုက်ပါ။


အဆင့် ( ၉ ) ကိုဆက်လက် ကြည့်လိုက်ပါ အောက်ကတိုင်း Finish ဆိုတာပေါ့ဗျာ..


အဆင့် ( ၁၀ ) အနေနဲ့ လုပ်ဆောင်ချက် နောက်ဆုံး ဖြစ်ပါတယ် Restore လုပ်ငန်း စတင်နေပါပြီ..

စောင့်နေလိုက်ပါတော့နော်...အိုကေ


From : ဘလော့ခရီးသည် by ဘလော့ခရီးသည်

Read More »